ဧကရီရဲ့ တည်ရှိမှုကို တွေ့ရှိပါတယ် host သူမကို ဆရာတင်ပါ!
Vol. 2 Ch. 16
ကြယ်ပွင့်ရဲဌာန၊ အစည်းအဝေးခန်း။
ကျယ်ဝန်းသော အစည်းအဝေးခန်းသည် တောက်ပပြီး သန့်ရှင်းသော်လည်း လေထုကတော့ မယုံနိုင်လောက်အောင် ဖိနှိပ်ခံနေရသည်။
ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့် ရဲစစ်ဆေးရေးမှူးတွေကလည်း အစည်းအဝေး စားပွဲဝိုင်းမှာ စုရုံးနေကြ၏။
သူတို့တစ်ဦးစီသည် သပ်သပ်ရပ်ရပ် အံဝင်ခွင်ကျရှိသော ဝတ်စုံများကို ၀တ်ဆင်ကြပြီး ၎င်းတို့၏ ပုခုံးများကို ရွှေရောင်ကြယ်များဖြင့် ထုလုပ်ထားကာ ၎င်းတို့၏အဆင့်အတန်းကို ကိုယ်စားပြုနေသည်။ ၎င်းတို့သည် ထိပ်တန်း ကြယ်သားရဲမုဆိုးတွေ ဖြစ်ကြပြီး ၎င်းတို့၏ အမူအရာတိုင်းသည် ထည့်သွင်းစဉ်းစားရမည့် စွမ်းအားတစ်ခု ပါဝင်လျက် ရှိသည်။
ယခုမူကား လေးနက်သော ဝမ်းနည်းမှုတစ်ခုသည် သူတို့၏ ပုံမှန်လေးနက်နေခဲ့သော မျက်နှာများပေါ်တွင် လွှမ်းခြုံသွားသည်။
"ဦးစီးချုပ်... နောက်ထပ် အသေအပျောက် သတင်းစကားကို အခုပဲ ညီအစ်ကိုဆီက လက်ခံရရှိထားတယ်..."
စကားပြောသူက သက်ပြင်းချကာ ပင်မထိုင်ခုံရှိ တပ်မှူးအား လှမ်းပြောလိုက်သည်။
"ဒါက သတ္တမမြောက် ပြစ်မှုပဲ.. ဒီအတိုင်း ဆက်သွားရင် အလုပ်မဖြစ်နိုင်တော့ဘူး"
သက်ပြင်းတစ်ချက်ချရင်း အဝေးထိန်းခလုတ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်ရှိ ဟိုလိုဂရပ်ဖစ်ပြကွက်ကို အသက်သွင်းလိုက်သည်။ မကြာခင်မှာပဲ အပြာရောင်ဖလင်ပြားသည် ရာဇ၀တ်မှုများ၏ တည်နေရာကို အလင်းတန်းများစွာဖြင့် ဖန်တီး ပြသနေ၏။ အလင်းထဲတွင် ကျန်းဟိုင်မြို့ မြေပုံအသေးစားကို ပေါင်းစပ်ဖွဲ့စည်းထားခဲ့သည်။ တိုတောင်းသော သုံးရက်အတွင်း မြို့ထဲ၌ လူသတ်မှုများစွာကို တွေ့ခဲ့ရသည်။
ရာဇ၀တ်မှုအချို့ တစ်ပြိုင်နက် ဖြစ်ပွားခဲ့သည်။
ယင်းကြောင့် ကြယ်ပွင့်ရဲဌာနလည်း အဖြစ်မှန်တစ်ခုကို ကောက်ချက်ချနိုင်ခဲ့သည်။
ဒီသွေးဆာနေတဲ့ နတ်ဆိုးတွေဟာ တစ်ကောင်ထက်မကပေ။ သူတို့သည် ဂိုဏ်းတစ်ခုတည်းတွင် အလုပ်လုပ်နေသော အကောင်တွေ ဖြစ်ပေမည်။ ရဲမှူးကြီး ဖမ်းမိခဲ့သော နတ်ဆိုးသည် ရေခဲတောင်၏ အစွန်အဖျားသာ ဖြစ်နိုင်သည်။
"မင်းတို့ ပြောတာကို ငါနားလည်တယ်... "
ကြယ်ပွင့်ရဲဌာန ဦးစီးချုပ်လည်း သူ့မေးစေ့ကို လက်နှစ်ဖက်ပေါ်တင်ကာ မျက်လုံးနဲ့ သူ့အမူအရာက မည်းမှောင်သွားသည်။
ယခင် သွေးဆာနေသော နတ်ဆိုးကို ဖမ်းဆီးပြီးနောက် ကျန်းဟိုင်မြို့သည် လွန်ခဲ့သည့် သုံးရက်အတွင်း မငြိမ်မသက်မှုများဖြင့် ပြန်လည် တင်းမာနေခဲ့သည်။ အပြင်ပန်းမှာတော့ အရာအားလုံး ပြီးသွားသလိုပဲ။ သို့သော် ရေအောက်လှိုင်းများ လှုပ်ခတ်သွားပြီး အခြေအနေမှာ အလွန်အန္တရာယ်များနေသေးသည်။
နတ်ဆိုးတစ်ကောင်ကို ဖမ်းမိပြီးကတည်းက ကြယ်ပွင့်ရဲဌာန၏ ဖမ်းဆီးမှုသည် အခြားကြံရာပါများကို ဒေါသထွက်စေခဲ့ပြီး ၎င်းတို့၏ သတ်ဖြတ်မှုမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။
ရန်သူ၏ သတ်ဖြတ်ပစ်မှတ်များသည် သာမန်ပြည်သူများအတွက် အကန့်အသတ် မရှိတော့ပေ။ ယင်းအစား သူတို့သည် ကြယ်ပွင့်ရဲဌာနက ရဲများကိုပါ အထွေထွေတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
"ဒါက ပေါ်ပေါ်ထင်ထင် လက်စားချေမှုပဲ!"
စိတ်တိုဒေါသထွက်နေသော အကြီးတန်း ရဲအရာရှိက စားပွဲကို ဆောင့်ရိုက်ကာ ဒေါသတကြီး အော်လိုက်သည်။
"ဒီအကောင်တွေက ငါတို့ ရဲတွေကိုတောင် အလေးအနက်မထားဘူးကွ... မင်းတို့အားလုံးကြည့်စမ်း... သူတို့ညီအကိုတွေက ပြည်သူတွေကို သေတဲ့အထိ နှိပ်စက်နေတာ!"
သူပြောပြီးတာနဲ့ အခြေအနေကို တာဝန်ခံကောင်စီဝင်က တုံ့ဆိုင်းမနေဘဲ အဝေးထိန်းခလုတ်ကို အမြန်နှိပ်လိုက်သည်။
နောက်အခိုက်အတန့်၌ စားပွဲပေါ်ရှိ ဟိုလိုဂရပ်ဖစ် ပုံသဏ္ဍာန် ပြောင်းသွားသည်။ မြို့တော်မြေပုံ ပျောက်ကွယ်သွားကာ ကြယ်ပွင့် ရဲယူနီဖောင်းဝတ်ထားသော အလောင်းများဖြင့် အစားထိုးလိုက်သည်။ သေဆုံးသွားသော အရာရှိများ၏ မျက်နှာများမှာ ညှိုးနွမ်းကာ အသားများကြားက သွေးတွေ ယိုစိမ့်နေသည်။ သေဆုံးသွားပုံမှာ ကြောက်မက်ဖွယ်ကောင်းပြီး သွေးဆာနေသော နတ်ဆိုး၏ လက္ခဏာများ စွန်းထင်းနေခဲ့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုသည် အရည်အချင်းအရှိဆုံး ရဲအရာရှိပင် မမြင်ချင်ဘဲ လှည့်ထွက်သွားနိုင်လောက်အောင် လုပ်နိုင်ပေသည်။
"အားလုံး စိတ်အေးအေးထားပါ"
ရဲဦးစီးချုပ်၏ မျက်နှာမှာ မှောင်သွားကာ အတွေးထဲတွင် နစ်မျောသွားသလိုပင် ခေတ္တ ငြိမ်သွားသည်။ အခြားသူများကလည်း သူ့စကားကြားတော့ တိတ်တိတ်ဆိတ်ဆိတ်ပင် ထိုင်နေကာ သူ့နောက်ထပ်အမိန့်ကို စောင့်မျှော်နေကြသည်။
အစည်းအဝေးခန်း အတွင်းက လေထုမှာ ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဦးစီးချုပ်ရဲ့ အကြည့်များလည်း ရွေ့သွားပြီး သေဆုံးသွားသော ရဲအရာရှိဆီ စကင်န်ဖတ်လိုက်သည်။
သူက သဘာဝကျကျ နားလည်ပါသည်။ အခု အခြေအနေက စိုးရိမ်ရသည်။ သွေးဆာနေသော နတ်ဆိုးများက တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေပြီ။ လူဆက်သတ်နေရင် သူတို့ဘက်ကလည်း ရွေးချယ်စရာမရှိ ဖြစ်ကုန်မည်။
အကယ်၍ ၎င်းတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ပါက သူတို့ရဲချုပ်များသည် လူထုကို ရင်ဆိုင်ရန် အခက်အခဲများစွာ ကျန်ရစ်နေလိမ့်မည်။
"ဒါကို ပြည်သူတွေ ဘယ်လောက်ထိ သိနေပြီလဲ"
ရဲဦးစီးချုပ်က နီးစပ်ရာ အဆင့်မြင့် ရဲမှူးကို လှမ်းမေးလိုက်သည်။
"မသိသေးပါဘူး... တစ်ခါမှ မသိသေးဘူး စိတ်မပူပါနဲ့ ဦးစီးချုပ်... ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ကျွန်တော်တို့ ချက်ချင်း ပိတ်ဆို့ထားပါတယ်"
"အရမ်းကောင်းတယ်... သတင်းတွေကို ဆက်ပြီး ဖိနှိပ်ပြီး ကင်းလှည့်တဲ့ လူအင်အား ထပ်တိုးလိုက်...လက်ရှိအခြေအနေအရ ဒီနတ်ဆိုးတွေက ငါတို့ကို သတ်ပစ်ဖို့ ပြတ်ပြတ်သားသား အာရုံစိုက်နေကြပြီ... မကြာသေးခင်က သွေးဆာနေတဲ့ နတ်ဆိုးကို ဖယ်ထုတ်လိုက်ပြီဆိုတာ ပြည်သူတွေကို အသိပေးပြီးပြီ... သူတို့ ပြေလည်သွားပြီ... သူတို့ကို နောက်ထပ် မနှောင့်ယှက်လို့ မဖြစ်တော့ဘူး.."
"ဟုတ်ကဲ့ ကျွန်တော် ချက်ချင်း လုပ်လိုက်ပါ့မယ်"
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် အရေးတကြီးခေါ်ယူတဲ့ အစည်းအဝေးကို ဖျက်သိမ်းလိုက်သည်။
နောက်ရက်များတွင် မြို့ရှိ ကင်းလှည့်ရဲများသည် ၎င်းတို့၏ အင်အားကို တိတ်တဆိတ် နှစ်ဆတိုးခဲ့သည်။ နတ်ဆိုးများ ထိတ်လန့်သွားပုံပေါ်သည်ကို သတိပြုမိတော့ ဦးစီးချုပ်လည်း တိတ်တဆိတ် သက်ပြင်းချမိ၏။
အစည်းအဝေးအပြီးတွင် သွေးဆာနေသော နတ်ဆိုးများ ရာဇ၀တ်မှုကျူးလွန်ကြောင်း သတင်းများ မရှိတော့ပါ။
အရှုပ်အထွေးတွေ ပြေလျော့သွားသည့် အတိုင်းပင်။
...
ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန် အပြည့်ဖြင့် ကြယ်ပွင့်ရဲစခန်းထောင်က တောက်ပသော နေ့လယ်ခင်း နေရောင်သည် ပြတင်းပေါက်မှနေ၍ အကျဉ်းခန်းထဲသို့ ထွန်းတောက်လာသည်။
သွယ်လျသော အကျဉ်းသားတစ်ဦးသည် တောက်နေသော နေရောင်ကို မျက်နှာချင်းဆိုင်နေစဥ် ရုတ်တရက် တုန်လှုပ်သွားကာ သူ့မျက်နှာမှာ အရောင်အသွေးများ စွန်းထင်းသွားခဲ့သည်။
အကျဥ်းသားက အချုပ်ခန်းထဲမှာပဲ သေဆုံးသွားခဲ့သည်။
"တောက်! နောက်တစ်ယောက်!"
ထောင်စောင့်က ဒေါသတကြီး ကျိန်ဆဲပြီး ပြေးထွက်သွားသည်။ သေဆုံးမှုသည် ရဲစခန်းထောင်အတွင်း ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။
အကျဉ်းသားအများစုသည် ထူးထူးဆန်းဆန်း၊ တိုတောင်းသော မှော်ပညာမျိုးစုံကို လေ့ကျင့်ကာ လူဆိုးများ ဖြစ်ရာ တခါတရံ ရက်အနည်းငယ်ကြာအထိ သက်သာရာမရမီ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသည်။
ထောင်မှူးက အလောင်းကို တံတွေးထွေးပြီး စက္ကန့်ပိုင်းမျှ မတွေးဘဲ မီးသဂြိုလ်ဖို့ ရွှေ့လိုက်တော့၏။
ဒါက ထောင်ထဲက နေ့စဉ်ဘဝပါပဲ။
………….
အဲဒီအချိန်မှာ စာကြည့်တိုက် ပထမထပ်၌။
စာအုပ်ငှားနေတဲ့ လူတော်တော်များများက စင်ပေါ်ကို ဖြတ်လျှောက်လာရင်း ထောင့်တစ်နေရာမှာ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ချင်းယန်ကို သတိထားမိလိုက်ကြသည်။
"ဟေး... အဲဒီလူ မှိန်းနေပြန်ပြီ!"
"မကြည့်နဲ့... သူက အလယ်အလတ်လောက်ပဲ အရည်အချင်းရှိတာ ကျင့်ကြံသူ ဖြစ်လာမှာ မဟုတ်ဘူး တစ်သက်လုံး စီမံခန့်ခွဲသူ ဖြစ်နေရင်တောင် ကံကောင်း..."
"ဟေး... သူမျက်လုံးဖွင့်နေပြီ.. မြန်မြန် မြန်မြန် ထ!"
ထိုလူတို့သည် သူတို့ အပေါင်းအဖော်များကို တွန်းလှန်ရင်း ထွက်သွားကြသည်။ ဤစကားများကို ကြားတော့ ကိုယ်ခံပညာကို တွေးတောနေသော ချင်းယန်တစ်ယောက် မျက်လုံးများ ပွင့်လာပြီး ကူကယ်ရာမဲ့ ဖြစ်နေသည်။
သူ မှိန်းနေတာ ဘာမှားလို့လဲ။
ငါ မင်းတို့ထမင်းကို လုစားမိလို့လား !
ချင်းယန် မျက်လုံးပြူးသွားသည်။
စိတ်ဓာတ်ကျနေချိန်မှာပဲ...
"ချင်းအိုကြီး!"
သူ့နောက်ကနေ ရင်းနှီးတဲ့ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်းယန် လှည့်ကြည့်လိုက်တော့ ရှဟဲ သူ့ဆီ ပြေးလာနေတာ တွေ့လိုက်ရသည်။
"ဘာဖြစ်နေတာလဲ.. မင်းဘာလို့ဒီလောက် အလျင်လိုနေတာလဲ"
"အလှလေး ရှိတယ်... အလှလေး ရှိတယ်ကွ လာ!"
ရှဟဲသည် ချင်းယန်ကို စိတ်အားထက်သန်စွာ ဆွဲကိုင်လိုက်ပြီး တံခါးဆီသို့ ဆွဲခေါ်သွားသည်။
"လုံးဝကို အံ့မခန်းပဲပွ! အနက်ရောင် ခြေအိတ်ဝတ်ထားတဲ့ ပိန်ပိန်ပါးပါးလေးတွေထက် အဆ ရာနဲ့ချီ ပိုလှတာ!"
"ဒီလောက်ကောင်းတဲ့ ကိစ္စလည်း ရှိတယ်ပေါ့"
ချင်းယန် သူ့လက်ကို ခါလိုက်ပြီး ရှဟဲထက် ပိုမြန်စွာ လျှောက်သွားလိုက်သည်။
ရှဟဲ : "..."
မကြာပါ သူတို့ ပစ်မှတ်နေရာကို ရောက်သွားကြသည်။
စာကြည့်တိုက်ရဲ့ ဧည့်ခန်းထဲမှာ ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့် မိန်းကလေးတစ်ဦးသည် ငြိမ်သက်စွာ စာဖတ်နေ၏။
ပူနွေးသော နေရောင်ခြည်သည် သူမ၏ ပခုံးပေါ်သို့ သက်ဆင်းလျက် ရှိသည်။ သူမ၏ မျက်နှာသည် ဖြူစင်လှပပြီး ရိုးရိုးရှင်းရှင်း အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ ရှည်လျားသော အနက်ရောင် ဆံနွယ်များက ပြေပြစ်သော အထိအတွေ့ကို ပေးစွမ်းနေသည်။
ဓားခုတ်မှု အထွတ်အထိပ်ကို ဖြတ်ပြီးနောက် ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီကျောင်းအုပ်နှင့်အတူ လိုက်ပါခဲ့သည့် မိန်းကလေးမှလွဲ၍ အခြားမဟုတ်ချေ။
ချင်းယန်စိတ်ထဲတွင် စနစ်သတိပေးသံကို ရုတ်တရက်ကြားလိုက်ရသည်။
"တင်း! ဧကရီရဲ့ တည်ရှိမှုကို ရှာတွေ့ပါတယ်.. host ကျေးဇူးပြုပြီး သူမကို ဆရာတင်ပါ!"