ဒီစနစ်ရဲ့ အချိန်ဇယားက နှစ်ငါးရာ ကျော်ရောက်နေတာလား
Vol. 2 Ch. 17
“???”
စနစ်သတိပေးချက်ကို ကြားသောအခါ ချင်းယန် အံ့ဩသွားသည်။
ဧကရီ?
ဘာလဲကွာ?
ပြီးတော့ သူ့ကို ကန့်တော့ခိုင်းပြီး တပည့်ဖြစ်အောင်တောင် လုပ်ခိုင်းလိုက်သေးသည်။ ချင်းယန် သံသယမျက်လုံးများဖြင့် သူ့ရှေ့မှ မိန်းကလေးကို စိုက်ကြည့်နေမိသည်။
သူမရဲ့ အသွင်အပြင်က သဘာဝအတိုင်း ချို့ယွင်းချက်မရှိ၊ ပြီးပြည့်စုံတဲ့ 10 ယောက်မှာ တစ်ယောက်ပင်။ သူနဲ့ လမ်းလျှောက်ရင် ချောမောလှပမှုကြောင့် ခေါင်းလှည့်ပြီး ပြန်ကြည့်မိမှာ သေချာသည်။
ဒါပေမယ့် ဒါက ဧကရီနဲ့ ဘာဆိုင်လဲ။
ဒီစနစ်က ငါ့ကိုလှည့်စားဖို့ ကြိုးစားနေတာလား။
ချင်းယန် အတွေးပျောက်နေချိန်မှာပဲ သူ့စိတ်ထဲမှာ အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာတယ်။
နာမည်- လီကျစ်ရွှမ်း
အသက် : ၅၁၆
ကျင့်ကြံမှု- ဧကရာဇ်နယ်ပယ် အထွတ်အထိပ်
ကိုယ်ခံပညာ- မဟာနေမင်းဓားသိုင်း၊ နဂါးဓားသတ်ကျင့်စဥ်
သက်တမ်း- နှစ်ငါးထောင်
???
ဖန်သားပြင်ပေါ်တွင် အချက်ပေးစာတန်းများ ပေါ်လာပြီးနောက် ချင်းယန် ထိတ်လန့်သွားသည်။
စနစ်က တကယ်ကြီး လုပ်နေတာလား?
ဒီမိန်းကလေးက တကယ်ပဲ ဧကရီတစ်ယောက် ဖြစ်နိုင်လား။
ဒါကိုတွေးရင်း ချင်းယန်ဟာ စိတ်မငြိမ်မသက်တွေ ဖြစ်သွားတော့သည်။ အခြားအကြောင်းကြောင့် ဒီဧကရီဆိုတဲ့ အရာက အရေးမကြီးပါ။
သူသည် ယခင်ကတည်းက ခွေးစနစ် လိုအပ်ချက်ကို ရိုးရှင်းစွာ မှတ်မိခဲ့သည်- ပိုးဟပ်တစ်ကောင်ကို နင်းမိခြင်းက သူ့ကို ကြီးမားသော ဆုလာဘ်တစ်ခု ရရှိစေခဲ့သည်။
အကယ်၍ သူသာ ဤတစ်ကြိမ်တွင် တပည့်ဖြစ်ရန် အမှန်တကယ် အောင်မြင်ခဲ့ပါက ပို၍ပင် မယုံနိုင်စရာ ခွန်အားကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလား။
ဒီအတွေးကြောင့် ချင်းယန် ရုတ်တရက် အရှေ့သို့ ပြတ်ပြတ်သားသား လျှောက်သွားကာ တစ်ဖက်လူ၏ အမည်ကို မေးမြန်းရန် အဆင်သင့် လုပ်လိုက်သည်။ ဆရာတင်တယ် ဆိုတာက ကြီးမားသော ကိစ္စဖြစ်ပြီး သူမ ဟုတ်မဟုတ် အတည်ပြုဖို့ လိုအပ်သေးသည်။
လူမမှားချင်ပါ။ မဟုတ်ရင် ဟာသဖြစ်ကုန်လိမ့်မည်။ ဒါပေါ့ ရှက်စရာကောင်းတာက ပြဿနာမဟုတ်ပါ။ ကြယ်သားရဲတွေ ကျင်လည်ကျက်စားတဲ့ ဒီကမ္ဘာကြီးမှာ အရှက်အနည်းငယ် ဆုံးရှုံးတာက ဘာအရေးလဲ။
ခွန်အားကသာ အဆုံးစွန်သော စံသတ်မှတ်ချက်ဖြစ်သည်။ တပည့်တစ်ယောက် ဖြစ်လာပြီး ဆုလာဘ်ကောင်းများ ရရှိမည်ဆိုပါက လက်မလွှတ်သင့်ချေ။
ချင်းယန် ကောင်မလေးဆီသို့ ရှေ့သို့ လျှောက်သွားနေစဥ် သူ့အငွေ့အသက်များ ဖြာထွက်နေပြီး သူ့အမူအရာ ငြိမ်သက်ကာနေလေသည်။ ရှဟဲမှာ အနီးနားတွင် ရပ်ကာ ကြည့်နေရာမှ ပါးစပ်ဟကာ အံ့အားသင့်သွားပြီး ဦးနှောက်များ တုန်ခါလုနီးပါး ဖြစ်နေသည်။
ဟင်?!
ချင်းလူပျိုကြီး ဘယ်သွားမလို့လဲ။
ဒီအတိုင်းပဲ ဝင်သွားမလို့လား။
မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ။
သူ နားမလည်နိုင်ပေမယ့် လေးလေးနက်နက် ထိတ်လန့်သွားမိသည်။
ဒါက သူသိတဲ့ ချင်းအိုကြီးရော ဟုတ်ရဲ့လား?
"ဒီနေ့လာတဲ့ ခပ်မိုက်မိုက် ကောင်မလေးက သူ့စိတ်ထဲ ရောက်နေတာ ဖြစ်နိုင်လောက်လား?!"
ရှဟဲ ဤလူနှင့် ပတ်သက်၍ ပို၍ စိတ်ရှုပ်လာသလို လန့်လည်း လန့်သွားခဲ့သည်။ သူ့အပြင် ဤစာကြည့်တိုက်ရှိ အခြားသော စူးစမ်းလိုစိတ်ရှိသူများလည်း သတိထားမိသည်။
ထို့နောက်တွင် ချင်းယန်သည် လမ်းလျှောက်လာရင်း မျက်လုံးကျယ်ကျယ် ဖွင့်ထားကာ ချောမောနေပြီး စာဖတ်နေသည့် မိန်းကလေးမှာလည်း ထပ်တူထပ်မျှ စွဲမက်ဖွယ်ကောင်းနေသည်။
ဤအခိုက်အတန့်တွင် ချောမောလှပသော ယောက်ျားချောလေးနဲ့ မိန်းကလေးတို့သည် စာကြည့်တိုက်ထဲတွင် အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်လာခဲ့သည်။
"ဟေး ကြည့်စမ်း... ပထမထပ်က စီမံခန့်ခွဲသူ လူချောလေးမလား"
"သူ ဘာလုပ်နေတာလဲ... ဘာလို့ ကောင်မလေးဆီ လာနေတာလဲ"
"သူအရမ်းချောတာပဲ... သူ တွဲဖို့ ကြိုးစားနေတာ မဟုတ်ဖို့ ငါမျှော်လင့်တယ်... ဒီရက်ပိုင်းအတွင်း သူ့ဖုန်းနံပါတ်တောင်းဖို့ တွေးနေတာကို..."
စကားတစ်ခွန်းမှမကျန် ချင်ယန်၏ နားထဲသို့ တိုးတိုးလေး တိုးဝင်လာသည်။ သူသည် မွေးရာပါနယ်ပယ် အဆင့်တွင်ရှိပြီး အရာအားလုံးကို ရှင်းလင်းစွာ ကြားနိုင်သည်။
ထို့ကြောင့် ယခုအချိန်တွင် သူ့စိုးရိမ်စိတ်များကလည်း တဟုန်ထိုး တက်လာသည်။
ဒီလိုထွက်လာတာက စာကြည့်တိုက်မှာရှိတဲ့ လူတိုင်းကို သိသွားစေမှာ မဟုတ်ဘူးလား။ ဒါဆို ပြီးပြည့်စုံသော လူမှုဘဝ နိဂုံးတစ်ခု ဖြစ်သွားလိမ့်မည်။
ယခုမူ မြှားက ကြိုးတန်းပေါ်တောင် ရောက်ရှိနေပြီ ဖြစ်သည်။
"ဟမ့် လူယုတ်မာစနစ်... ငါ ပိုအားကောင်းလာမှ မင်းကို သေချာလေး ရိုက်ပေးမယ်"
ချင်းယန် သူ့သွားတွေကို အံကြိတ်ကာ အတွင်းကျကျ ကျိန်ဆဲလိုက်သည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က နာခံနေဆဲ။ သူသည် တစ်ကြိမ်လျှင် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ကောင်မလေး၏ စားပွဲနားသို့ ရောက်သွားခဲ့သည်။
ချဉ်းကပ်လာသောအခါမှ အဝေးမှမြင်ရသည်ထက် သူမသည် ပို၍ပင်လှပနေမှန်း သိလိုက်သည်။
သူမရဲ့ အသားအရည်က ခရင်မ်လို ဖြူစင်သည်၊ ရင်သားတွေက အသင့်အတင့်၊ နှာတံက နုနယ်တယ်၊ နှုတ်ခမ်းကလည်း သေးသေး၊ တစ်ချက်ကြည့်လိုက်ရင် သူမဟာ ပြီးပြည့်စုံတဲ့ ရေခဲတောင်အလှလေးနဲ့ တူပေ၏။
ဒါပေမယ့် သူမရဲ့ အငွေ့အသက်က အနည်းငယ် အေးစက်လွန်းသည်။
မိုင်ထောင်ချီဝေးသော အရပ်မှလူတိုင်းကို တိုက်ထုတ်နေသော ချွန်ထက်အေးမြသော ဓားနှင့်တူသည်။ မီတာအနည်းငယ် အတွင်းမှာ ထိုင်ခုံတွေ လွတ်နေတာ အံ့သြစရာတော့ မရှိချေ။
ချင်းယန် လှည့်ကြည့်ကာ အကြောင်းပြချက်ကို နားလည်သည်။
"အဟမ်း..."
ချင်းယန် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သဖြင့် ကောင်မလေး၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်နိုင်သည်။ သူမ မျက်လုံးကို အနည်းငယ်မော့ယူကာ ချင်းယန်ကို စိုက်ကြည့်နေပေမယ့် ဘာမှ မပြောလာချေ။
လေထုက ချက်ချင်း တိတ်ဆိတ်သွားသည်။
အချိန်ကတောင် အေးခဲသွားသလိုပင်။
"အမ်..."
ဒါကိုမြင်တော့ ချင်းယန်ရဲ့စိတ်တွေ တဒိတ်ဒိတ်ခုန်ပြီး သူဘယ်လိုစလုပ်ရမလဲ စဉ်းစားရင်း သူ့ဦးနှောက်က တခဏတာ တုန်လှုပ်သွားခဲ့သည်။ သို့သော် အပျော်လာကစားတာ မဟုတ်မှန်း သိနေပါသေးသည်။
အဲဒီအတွက် ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရမှာလဲ။
“တောင်းပန်ပါတယ် မိန်းမလှလေး... မင်းနာမည်ဘယ်လိုခေါ်လဲ”
သူပြောပြီးတာနဲ့ ပတ်၀န်းကျင်ကပါ တိတ်ဆိတ်သွားတော့သည်။ ဖြတ်သွားဖြတ်လာများက နောက်ဘာဆက်ဖြစ်မည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ဒါကို အဝေးကနေ မြင်လိုက်ရတဲ့ ရှဟဲကလည်း တိတ်တဆိတ် လက်မထောင်ပြပြီး ချင်းယန်ဟာ အလွန်အထင်ကြီးစရာ ကောင်းကြောင်း ချီးကျူးလိုက်ပါ၏။
"ပိုင်တယ်ကွာ... ဒီလိုလူကိုတောင် ချဉ်းကပ်ဖို့ မင်းက အရမ်းသတ္တိရှိသားပဲ... ငါတောင် အဲဒီလို လုပ်ရမယ်လို့ တစ်ခါမှ မသိခဲ့ဘူး"
ဒီအချိန်မှာတော့ ချင်းယန် ပြောပြီးနောက် ကောင်မလေးက ဘာမှပြန်မပြောလာခဲ့။ ယင်းအစား သူမသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမအတွင်းစိတ်ထဲ၌ မကျေနပ်မှု တဖျပ်ဖျပ် တိုးလာသည်။
ချင်းယန်မေးခွန်းကြောင့် သူမ အနည်းငယ် အံ့သြသွားမိသည်။
ဒါက ဘယ်လို ခေတ်ဟောင်း ပိုးပန်းပုံကြီးလဲ?
ကိုယ်ခံပညာသင်တန်းကျောင်းမှာ ရဲရဲတောက် နောက်လိုက်သူတွေ ရှိခဲ့ပေမယ့် ချင်းယန်က သူမကို ပထမဆုံး တိုက်ရိုက် ချဉ်းကပ်ရဲသူ ဖြစ်သည်။
ဒီလိုအခြေအနေမျိုးမှာ သူမ တကယ်ကို အံ့သြ ဆွံ့အသွားတာကြောင့် တုံ့ဆိုင်းသွားခဲ့သည်။
ချင်းယန်သည် သူမ နှုတ်ဆိတ်နေသည်ကိုမြင်တော့ အနည်းငယ် လန့်သွားသလို ခံစားလိုက်ရကာ စားပွဲပေါ်က ကျောင်းသား ID ကိုသာ စူးစိုက် ကြည့်နိုင်ခဲ့သည်။
နာမည်- လီကျစ်ရွှမ်း
အသက်: ၁၆
အကယ်ဒမီ- ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ
စက္ကန့်အနည်းငယ် ကြာအောင် တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်းယန် အချက်အလက်ကို အလွတ်ကျက်လိုက်သည်။ စနစ်က အကြံပြုထားသည့်အတိုင်း အမည်တူ၏။ ဖော်ပြခဲ့သော စနစ်ဧကရီသည် အမှန်ပင် သူ့ရှေ့မှ မိန်းကလေးဖြစ်သည်။
ချင်းယန်၏ အကြည့်သည် ကျောင်းသား ID ပေါ်တွင် ငြိမ်ကျသွားပြီး သူ့အတွေးများ လွင့်ပျံလာသည်။ ထိုစဥ် သွယ်ဖျော့ဖျော့သော လက်တစ်စုံက ရုတ်တရက် ထွက်လာပြီး ID ၏ထိပ်ကို ဖုံးအုပ်လိုက်သည်။
ဒါကိုမြင်တော့ ချင်းယန်ရဲ့ နှလုံးခုန်သံလည်း မြန်သွား၏။ သူ့အကြည့်တွေကို အလိုလို ရှောင်သွားပေမယ့် မျှော်ကြည့်လိုက်တော့ မိန်းကလေးရဲ့ အကြည့်ကို တွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ?"
သူမ စိတ်မရှည်စွာ မေးလိုက်သည်နှင့် မျက်ခုံးများ တွန့်သွားသည်။ သူမ၏ အေးစက်သော အကြည့်များက ချင်းယန်အပေါ်သို့ လွှမ်းခြုံကာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော အရိပ်အမြွက်မျိုး ပြနေသည်။ သူမ ဒေါသထွက်နေမှန်း ချက်ချင်း သိလိုက်သည်။
သူ့လုပ်ရပ်များသည်လည်း အမှန်တကယ်ပင် မသင့်လျော်သောကြောင့် ချင်းယန် သူ့အလုပ်တံဆိပ်ကို အမြန်ညွှန်ပြပြီး ရှင်းပြခဲ့သည်-
"ခွင့်လွှတ်ပါ အတန်းဖော်...ငါက စာကြည့်တိုက်ရဲ့ စီမံခန့်ခွဲသူပါ...လူတစ်ယောက် သူငှားထားတဲ့ စာအုပ်ကို ပြန်လာမပေးတာ ကြာပြီ ဖုန်းလည်းမကိုင်ဘူး... ငါသူ့ကို လိုက်ရှာနေရင်း လူမှားသွားတာ... တောင်းပန်ပါတယ်"
ထိုစကားများ ဆိုပြီးနောက် လီကျစ်ရွှမ်း၏ မျက်ခုံးများ အနည်းငယ် ဖြေလျော့သွားသည်။
သေသေချာချာ တွေးကြည့်တော့ အဲဒီလူက တခြား ဘာမှ မမေးလာခဲ့ပေ။ သူက နာမည်ကို မေးဖို့ ရိုးရိုးလေးပဲ စကားပြောခဲ့သလို ရန်လိုသော ရည်ရွယ်ချက် မရှိပုံရသည်။
စာကြည့်တိုက်က စီမံခန့်ခွဲ့သူတစ်ယောက်နဲ့ ဘာကြောင့် စိတ်ဆိုးနေရမှာလဲ။
ဒါကိုတွေးပြီး လီကျစ်ရွှမ်း ခေါင်းခါပြလိုက်သည်။
"အဆင်ပြေပါတယ် ရှင်လည်း အလုပ်ကြိုးစားတာပဲလေ ကျွန်မ နားလည်တယ်"
"ကောင်းပြီ.. ငါတကယ် တောင်းပန်ပါတယ်။ ငါမင်းကို မနှောင့်ယှက်တော့ပါဘူး"
ချင်းယန် သူ့လက်သီးကို ဆုပ်ကာ နှုတ်ဆက် တောင်းပန်ပြီး ကောင်မလေးရဲ့ မြင်ကွင်းကနေ နောက်ပြန် ဆုတ်လာခဲ့သည်။ သူအရမ်း စိတ်မ၀င်စားပါ။
"သူ့ကျောင်းသားကဒ်မှာ အသက် 16 နှစ်လို့ ရှင်းရှင်းလင်းလင်း ပြသထားပါတယ် စနစ်က ဘာလို့ အသက် ၅၁၆နှစ်လို့ ပြောတာလဲ... ဧကန္တ.. ဒါက စနစ်ရဲ့ အချိန်ဇယားကို နှစ်ငါးရာလောက် တိုးလာတယ်လို့ ဆိုလိုတာလား..."
ရုတ်တရက် ချင်းယန်၏ စိတ်ထဲတွင် ထိတ်လန့်စရာ အတွေးတစ်ခု ပေါ်လာသည်။