← Chapters

ငယ်ရွယ်တဲ့ ဧကရီကို တပည့်အဖြစ် လက်ခံမယ်ဆိုရင်ရော

Vol. 2 Ch. 19

ငယ်ရွယ်တဲ့ ဧကရီကို တပည့်အဖြစ် လက်ခံမယ်ဆိုရင်ရော

Vol. 2 Ch. 19

တစ်ဖက်တွင်ပင် ချင်းယန်သည် ရှဟဲဘက်သို့ ပြန်ရောက်သွားပြီး တစ်ခုခုလွဲမှားနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ ရှဟဲ မျက်လုံးများက သူ့ဆီသို့ စူးစူးစိုက်စိုက် စိုက်ကြည့်လျက် သူ့ပါးစပ်ထောင့်သည် ထိန်းထားနိုင်သည်ထက် ပိုခက်လာသည်။

"မင်း အိုကေသားပဲ ချင်းအိုကြီး!"

ရှဟဲက အပြုံးကို မျိုသိပ်ထားပြီး လက်မထောင်ပြကာ။

"ဒီလောက် ပျော်ပါးတတ်အောင် မင်း ဘယ်လိုဆေးမျိုး သောက်လာတာလဲ!"

ချင်းယန် : "..."

ချင်းယန် တိတ်ဆိတ်နေပြီး သူ့သူငယ်ချင်းကို မျက်စောင်းထိုးလိုက်ပါ၏။

"ဟစ်~ အဲဒီအကြည့်က ဘာကိုဆိုလိုတာလဲ... ချင်းအိုကြီး ငါ မင်းကို ချီးကျူးနေတာလေ..."

ရှဟဲသည် အသက်ပြင်းပြင်းရှူကာ လျှာကိုစုပ်ရင်း ချင်းယန်ပုခုံးကို လက်နှစ်ဖက်ဖြင့် ဘေးတိုက်ချိတ်ထားရန် မှီလိုက်သည်။

"ဒါက ချီးကျူးစရာပဲလေကွာ ငါ မင်းကို စော်ကားဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူး!"

"ထားလိုက်ပါတော့..."

ချင်းယန်မှာ တစ်ဖက်လူနှင့် တွဲကစားရန် စိတ်မ၀င်စားဘဲ ရှဟဲလက်ကို ပုတ်ထုတ်လိုက်သည်။ သူ့စိတ်က စနစ်အကြောင်း တွေးနေတုန်းပင်။ ပဟေဠိကို ယောင်ဝါးဝါးဖြင့် ဖြေရှင်းခဲ့သော်ငြားလည်း အနည်းငယ် မယုံနိုင်လောက်စရာပဲလို့ ခံစားနေရသေးသည်။

စနစ်၏ယခင် အချက်ပေးချက်များ အပေါ်အခြေခံပြီး ပြောရလျှင် သတ္တဝါတိုင်းက စနစ်ဆီက ဖမ်းယူမှုကို မရရှိကြချေ။ နှစ်ပေါင်းငါးရာကျော်အထိ အသက်ရှင်နေသေးနိုင်ခြေ ရှိသူများသာ စနစ်၏အချက်ပြမှုကို စတင်ရနိုင်မည် ဖြစ်သည်။

မသေဘဲ အနှစ်ငါးရာအထိ ရှင်သန်နိုင်သော သတ္တဝါသည် အလွန်ကြောက်စရာကောင်းသော တည်ရှိမှု ဖြစ်လာမှာတော့ သေချာပါသည်။ ဝက်တစ်ကောင်တောင် အနှစ်ငါးရာလောက်အသက်ရှင်ရင် သားရဲဘုရင် ဖြစ်သွားနိုင်လောက်၏။

မသေသောပိုးဟပ်၊ ခရမ်းရောင်ဝိညာဉ် မှော်ပင့်ကူနှင့် ရှေးခေတ်သွေးလိုင်းများ ပိုင်ဆိုင်ထားသည့် သွေးစုပ်မျှော့လို သတ္တဝါများအတွက်မူ အနှစ်ငါးရာကြာပြီးနောက် ၎င်းတို့သည် အင်အားကြီးမားသော ကြယ်သားရဲများ ဖြစ်လာနိုင်ပေသည်။

တခြားသာမန် ကြယ်သားရဲတွေ အတွက်ကတော့ သူတို့ရဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ အခွင့်အလမ်းတွေနဲ့တောင် သူတို့ဟာ အနှစ်ငါးရာအတွင်းမှာ သေဆုံးသွားပြီးသား ဖြစ်သွားမှာပင်။

ယနေ့ခေတ် တန်ခိုးကြီးသော သတ္တဝါတချို့လည်း အလားတူပင်။ ယခုအခါ ၎င်းတို့သည် ၎င်းတို့၏ နယ်ပယ်များကို စိုးမိုးပြီး သက်ရှိသတ္တဝါ အားလုံးကို ပုရွက်ဆိတ်ကဲ့သို့ ဆက်ဆံနိုင်သော်လည်း အချိန်ကို အနိုင်မယူနိုင်ရင် သူတို့အကြောင်း ဘာမှ ထည့်ပြောလို့ မရတော့ချေ။

နှစ်ပေါင်းငါးရာ ကြာပြီးနောက် ၎င်းတို့သေဆုံးသည်နှင့် ၎င်းတို့သည် စနစ်သတိပေးချက်များကို စတင်လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ဒါကြောင့် မိမိ သူတို့ကို အခုတွေ့ရင် စနစ်သတိပေးချက်တွေကို သဘာဝကျကျနဲ့ စတင်နိုင်စေမှာ မဟုတ်ချေ။ ထပ်ပြောရရင် စနစ်ဆီက သတိပေးချက်များက များစွာ မရှိပါ။

မိမိ သူတို့နှင့် ဆက်ဆံပြီးနောက် ဘောနပ်စ်များ ရရှိရန် အခွင့်အရေး မရှိတော့ပါ။

"မှန်တယ်...ဒီလိုပဲ ဖြစ်ရမယ်..."

ချင်းယန်သည် လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ဉာဏ်အလင်းများ ထွက်လာသည်။ သူ အခုမှတွေ့ဖူးတဲ့ ကောင်မလေးကို ပြန်တွေးမိပြန်၏။

မဟုတ်ဘူး၊ အနာဂတ်ဧကရီ။

"စနစ်ရဲ့ အကြောင်းကြားချက်အရ ဒီမိန်းကလေးကို တပည့်အဖြစ် လက်ခံခိုင်းလိုက်ရင် ဆုလာဘ်အသစ်တွေ ရလာလိမ့်မယ်"

ဒါပေမယ့် သူ့တပည့်ဖြစ်လာဖို့က တကယ်ကို ခက်ခဲလောက်သည်။ ဥပမာ ရှက်စရာဘေးက ချင်းယန်ဟာ မျက်နှာပျက်မယ့်ကိစ္စအား လုံးဝ မလုပ်နိုင်ပါ။ ထို့အပြင် ထိုငယ်ရွယ်သော ကလေးမက နောက်ဖွားနယ်ပယ် အဆင့်ရှစ်သာ ရှိသေးသည်။

သူမသည် ကံကြမ္မာ၏ ကလေးမ၊ သူများမျက်လုံးထဲက ပန်းသီးလေး ဖြစ်နေမှာလည်း သေချာသည်။ လှုပ်ရှားမှုတိုင်းကို မျက်လုံးပေါင်းစုံက စောင့်ကြည့်နေမှာ သေချာတာမို့ တပည့်ဖြစ်ရန် သူမကို အရူးအမူး ချဉ်းကပ်ခဲ့လျှင် ဒီနေ့ တပည့်ဖြစ်ရင်တောင် မနက်ဖြန် လီကျစ်ရွှမ်းကို စိတ်ဝင်စားတဲ့ သြဇာကြီးတဲ့ သူတွေ သတိထားမိသွားမှာကို ကြောက်ရသည်။

ချင်းယန်မှာ စိတ်ကူးယဉ်စေ့ဆော်မှုတွေ ရှိတယ်လို့ သူတို့ထင်ကုန်ရင် ဘယ်လိုလုပ်မလဲ။ တပည့်မဖြစ်ရုံသာမက ဒုက္ခလည်း ရောက်ဦးမည်။

တကယ်တမ်း တန်ခိုးကြီးသော ပုဂ္ဂိုလ်များ လာရောက်လည်ပတ်ခြင်းသည် အသေးအဖွဲ့ ကိစ္စသာ ဖြစ်သည်။ သူ့ရဲ့လက်ရှိအင်အားနဲ့ဆိုရင် သာမန်လူတွေက သူ့ကို ဘာမှလုပ်လို့မရချေ။

လာရဲတဲ့ သူကိုတော့ မတ်တတ်ရပ် လမ်းလျှောက်လာရင် တွားသွားပြီး ပြန်ခိုင်းလိုက်မည်။

ဒါပေမယ့် ပြဿနာက ရိုက်လွှတ်လိုက်ပြီးနောက် စာကြည့်တိုက်ကနေ အလုပ်ပြုတ်သွားရင် ဘယ်လိုလုပ်မလဲ။

"အရမ်းကောင်းတာက ကိုယ်ခံပညာလက်စွဲ စာအုပ်တွေကို ဖတ်နိုင်တယ် ဝန်ထမ်း ကော်ဖီဆိုင်တောင် ရှိတယ်... စာကြည့်တိုက်မှာ အရည်အချင်းရှိတဲ့ လူတွေနဲ့ ပြည့်နေတာ... ဒီအလုပ်ကို အဆုံးရှုံးမခံနိုင်ဘူး!"

ချင်းယန် လျှို့ဝှက်စွာတွေးကာ ခေါင်းကို ခါယမ်းလိုက်သည်။ ထို့အပြင် လီကျစ်ရွှမ်းသည် ကိုယ်ခံပညာအကယ်ဒမီမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့ပြီး သူမ၏ ကျောင်းသား ID လည်း ရှိသည်။

သူ့လို အရွယ်ရောက်သူ တစ်ယောက်က သူမတပည့် ဖြစ်ဖို့ တောင်းဆိုလာရင် ဘယ်သူမှ သဘောတူမှာ မဟုတ်သလို သူ့ကို ရူးနေပြီလို့တောင် ထင်ကြလိမ့်မည်။

ဒီနည်းနဲ့ စဉ်းစားကြည့်တော့ တပည့်ဖြစ်ဖို့ အခွင့်အလမ်းက လက်တွေ့မှာ သုညပါပဲ။

မဖြစ်နိုင်ဘူး!

လုံးဝ မဖြစ်နိုင်ဘူး!

"ဟင့်အင်း... လူမိုက်စနစ် မင်း ငါ့ကို ပေးခဲ့တဲ့ ဒီရယ်စရာကောင်းတဲ့ အလုပ်တွေကို ကြည့်စမ်းပါဦးဟ!"

ချင်းယန် အတွင်းကျကျ ကျိန်ဆဲလိုက်သည်။

နောက်အခိုက်အတန့် စနစ်၏ ခေါင်းမာသော အသံက ပဲ့တင်ထပ်လာပြန်၏။

"တင်း! ဧကရီ ထွက်ခွာသွားတာကို တွေ့ရှိရပါတယ်... host ကျေးဇူးပြုပြီး မင်းရဲ့ လုပ်ရပ်တွေကို ချက်ချင်း ပြန်စဉ်းစားပါ..."

ချင်းယန် : "..."

စနစ်၏ အချက်ပြသံကို ကြားတော့ ချင်းယန် ထုံကျင်သွားသည်။ ထိုအချိန်တွင် ချင်းယန် ယခင်က ပိုးဟပ်နှင့် ပင့်ကူတို့အဖြစ်ကို ပြန်သတိရသွား၏။

စနစ်၏ နားလည်မှု လွဲမှားမှုကြောင့် သူ ရုတ်တရတ် ကြောင်အသွားခဲ့ရသည်။

နောက်ဆုံးအကြိမ်တွင် ပိုးဟပ်နှင့် တွေ့စဥ်က ထွက်ပြေးရန် စနစ်က သူ့ကို တိုက်တွန်းခဲ့သည်။

ဒါပေမယ့် သူက ဆန့်ကျင်ဘက်ပြုပြီး ပိုးဟပ်ကို အသေ နင်းသတ်ပစ်လိုက်ပြီး ဒီကံဆိုးတဲ့စနစ်ကို ပိုလို့တောင် ဆုလာဘ်တွေ ထုတ်လွှတ်ပေးခဲ့၏။

"စနစ်ရဲ့မျက်လုံးထဲမှာ ငါက တန်ခိုးကြီးတဲ့ ဧကရီရဲ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်ပဲ... အဲဒါကြောင့် သူ့တပည့်ဖြစ်လာဖို့က ငါ့အတွက် အသင့်လျော်ဆုံးလို့ ထင်နေတာ.."

"ငါ တခြားနည်းနဲ့ လုပ်ရယရင်..."

ချင်းယန်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး။

"ဧကရီကို ငါ့တပည့်ဖြစ်အောင် လုပ်လိုက်ရင် ဆုလာဘ်က ပိုကြီးလာမှာ မဟုတ်ဘူးလား"

မှန်တယ်!

ဒါအမှန်တရားပဲ။

ဤအတွေးတစ်ချက်နဲ့ ချင်းယန် အရာအားလုံးကို ရုတ်တရက် နားလည်သွားသည်။ အနာဂတ် ဧကရီကို ငယ်ငယ်ကတည်းက သူ့တပည့်အဖြစ် ခေါ်ဆောင်နိုင်ခဲ့ပါက အပြန်အလှန်အားဖြင့် သူသည် စနစ်ဆီက ဆုများစွာကို ရရှိလိမ့်မည်။

ဒီလောက်ကောင်းတာကို ဘာလို့ မလုပ်ရမှာလဲ။

"ငါအနိုင်ရမှာပါ!"

ဒါကိုတွေးပြီး ချင်းယန်ရဲ့စိတ်က ရုတ်တရက် ကြည်လင်သွားပြီး ချက်ချင်း မျှော်လင့်ချက်အပြည့်နဲ့ သူ့ခြေလှမ်းများကို နောက်ပြန်ဆုတ်ကာ ကောင်မလေးရဲ့ ထိုင်ခုံဆီသို့ ဦးတည်သွားလိုက်သည်။

ဒါပေမယ့် ခြေလှမ်းအနည်းငယ် ကြာပြီးနောက် လီကျစ်ရွှမ်းရဲ့ ထိုင်ခုံက ဗလာဖြစ်နေတာ တွေ့လိုက်ရသည်။

"သူသွားပြီလား?"

ချင်းယန် လွတ်နေသော ထိုင်ခုံကို မြင်လိုက်ရတော့ ဝမ်းနည်းမှု တဟုန်ထိုး ခံစားလိုက်ရသည်။ အကယ်၍ သူသာ စောစောက သိခဲ့ပါက လီကျစ်ရွှမ်းရဲ့ ဖုန်းနံပါတ်ကို အရယူရန် စာကြည့်တိုက်ရဲ့ စီမံခန့်ခွဲသူ ရာထူးကို အသုံးချခဲ့ပါသည်။

"မဟုတ်သေးပါဘူး... လောင်ချင်း မင်း တကယ်ပဲ သူမကို မျက်စိကျသွားတာလား"

ဘေးမှာရပ်နေတဲ့ ရှဟဲက ချင်းယန့ရဲ့ ပုခုံးကို လှမ်းဆွဲပြီး ဆို၏။

"မင်းဒီလိုပုံစံကို လိုချင်မယ်လို့ ငါ မမျှော်လင့်ထားဘူး... ဒါပေမယ့် ဒီကောင်မလေးက လိုက်ဖို့ခက်တဲ့ပုံပဲကွ! သူမက အနားမကပ်ချင်တဲ့ ရေခဲတောင်ကြီး အတိုင်းပဲ"

"ဟူး..."

ချင်းယန် လေးလေးနက်နက် သက်ပြင်းချကာ သူ့မျက်နှာပေါ်မှ နောင်တရနေသည့် အကြည့်ဖြင့် သူလွမ်းခဲ့ရသော မိန်းကလေးကို တွေးနေမိသလို အမူအရာကြီး ပေါ်လာသည်။

ကောင်မလေးက အရေးမကြီးပါ။ အရေးကြီးတာက သူ လက်ခံရရှိလိုက်တဲ့ စနစ်ရဲ့ဆုလာဘ်ဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့ရှေ့က ထွက်ပြေးသွားခြင်းသာ။

ဒီကောင်မလေးကို ဘယ်တော့ ပြန်တွေ့ရမလဲတောင် မသိ။

ဘယ်တော့မှ ထပ်မလာတော့ရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် လီကျစ်ရွှမ်းကို နေ့တိုင်း ဒီမှာ ထိုင်စောင့်နေလို့မရဘူး။

"အမ်း... မင်းရဲ့ တုံ့ပြန်မှုက ဘယ်လိုကြီးလဲ... ချင်းအိုကြီး"

ရှဟဲသည် ချင်းယန်၏အမူအရာကို မြင်ပြီးနောက် ချက်ချင်းပင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ။

"တကယ်လို့ မင်းတကယ် စိတ်မဆိုးဘူးဆိုရင် ငါ မင်းအတွက် အဆက်အသွယ် အချက်အလက်ရဖို့အတွက် မီးနဲ့ရေကို ဖြတ်ပေးမယ်ကွာ!"

"တကယ်လား?" ချင်းယန် ရှဟဲကို အပေါ်အောက် ငုံ့ကြည့်ရင်း။

"ရိုးသားတဲ့လူကို မလိမ်စမ်းပါနဲ့"

ဒါကိုကြားတော့ ရှဟဲက မျက်ခုံးပင့်ပြီး။

"ဘာလို့ လိမ်ရမှာလဲ...မင်းကသာ ဒီစာကြည့်တိုက်မှာ အမြဲတမ်း အလုပ်ရှုပ်နေတာ... ငါက ဟိုဘက်မှာ လူတွေကို သိတယ် နာမည်တစ်ခု ပြောပြလိုက်တာနဲ့ မင်းအတွက် လူရှာတွေ့ဖို့ နည်းလမ်းရှာပေးနိုင်တယ်..."

"ကောင်းပြီ စမ်းကြည့်ရအောင်"

ချင်းယန်သည် လီကျစ်ရွှမ်း၏ အချက်အလက်နှင့် ကိုယ်ခံပညာအကယ်ဒမီအဖွဲ့ဝင်တစ်ဦးအဖြစ် ၎င်း၏အထောက်အထားတို့ကို ရှဟဲအား ပြောပြလိုက်သည်။

"ဒီအလှတရားလေး ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီရဲ့ ကျောင်းသူဟုတ်လား... လွယ်ပါတယ် စိတ်ရှည်ရှည်နဲ့ စောင့်ရုံပါပဲ ချင်းအိုကြီး ငါ မင်းကို အချက်အလက်တချို့ ပေးနိုင်မယ်လို့ ကတိပေးတယ်..."

All Chapters