သောက်ကျိုးနည်း! Hostက တကယ့် နတ်ဘုရားပဲ
Vol. 2 Ch. 24
"အကြီးအကဲရဲ့ တပည့်ဖြစ်လို့ရလား..."
လီကျစ်ရွှမ်းသည် ချင်းယန်၏ စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ပါးစပ်ကိုတောင် အုပ်ထားမိသည်။ ပျော်ရွှင်မှု လှိုင်းလုံးတွေက စည်းစိမ်ဥစ္စာရဲ့ ရေပန်းတစ်ခုလို ရုတ်တရက်ရောက်လာပြီး သူမကို ထိတ်လန့်သွားစေခဲ့သည်။
"ဒါ တကယ်လား..."
သူမ ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်သည်။ သူမ အိပ်မက်မက်ခဲ့တဲ့ သခင်က သူမကို သူ့တပည့်အဖြစ် လက်ခံတော့မှာလား?
လရောင်သည် တောင်တန်းများတစ်လျှောက် လင်းလက်တောက်ပနေပြီး အနက်ရောင်ဝတ်ရုံကို သူမရှေ့တွင် အိပ်မက်တစ်ခုအဖြစ် ဖန်တီးပေးသည့်အလား ငြိမ်သက်ပြီး သဘာဝရှုခင်းကို ဖန်တီးထားလေသည်။
အရာအားလုံးက အိပ်မက်မက်နေသလိုပင်။
"မဟုတ်ဘူး... စိတ်အေးအေးထား... စိတ်အေးအေးရမယ်..."
လီကျစ်ရွှမ်းသည် သူမ၏ သွားများကို အနည်းငယ် ခွဲထုတ်လိုက်ပြီး သူမ၏ လျှာဖျားကို ကိုက်ကာ နာကျင်မှုဖြင့် သူမ၏ စိတ်လှုပ်ရှားမှုကို ငြိမ်းသက်စေခဲ့သည်။ တပည့်ဖြစ်ခြင်းက ကြီးကျယ်ခမ်းနားပြီး အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ သခင်ရှေ့မှာ ဣန္ဒြေပျက်လို့ မဖြစ်ချေ။
'လီကျစ်ရွှမ်း... လီကျစ်ရွှမ်း... ကျေးဇူးပြုပြီး အရိုအသေမဲ့တဲ့ လုပ်ရပ်မျိုး မလုပ်မိပါစေနဲ့... ဓားဆရာကြီး နင့်ကို အထင်သေးသွားလိမ့်မယ်"
ဒါကိုတွေးရင်း အသက်ပြင်းပြင်း ရှူထုတ်ကာ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားရင်း အနက်ရောင်ဝတ်ရုံရှေ့ကို ပြန်ကြည့်မိသည်။
"ကလေးမ ဘယ်လိုလဲ?"
ချင်းယန့ အသံကို လျှော့လိုက်ပြီး လက်နှစ်ဖက်ကို ခေါက်ကာ ရပ်လျက် သခင်တစ်ယောက်၏ အရိပ်အယောင်ကို ခံယူလိုက်သည်။ သူက ဖြည်းညှင်းစွာ ဆက်ပြောလိုက်သေးသည်။
"ငါက ဘယ်သူ့ကိုမှ သူတို့အလိုဆန္ဒကို ဘယ်တော့မှ မတွန်းလှန်ဘူး... မင်း မလုပ်ချင်ရင်လည်း ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ..."
"အ... အငယ်တန်း သေချာပေါက် ဆန္ဒရှိပါတယ်! ဒီအတိုင်း..."
လီကျစ်ရွှမ်း အလျင်စလို ပြောသော်လည်း ရုတ်တရက် တစ်ခုခုကို တွေးကာ တွန့်ဆုတ်စွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"အမှန်အတိုင်း ပြောရရင် ...တကယ်တော့ အငယ်တန်းမှာ ဆရာရှိတယ်"
သူမ ပြောရင်း မျက်လုံးများက မှေးမှိန်သွားကာ မျက်ရည်များဝဲလာသည်။ ဆရာကြီး၏ တပည့်ဖြစ်ရခြင်းသည် အခွင့်ကောင်းတစ်ခု ဖြစ်သော်လည်း သူမတွင် ဆရာတစ်ယောက် ရှိသည်ဟူသော အချက်ကို ဖုံးကွယ်ဝံ့ခြင်း မရှိပေ။
ဒီလိုမှမဟုတ်ရင် ဒီနေ့ တပည့်ဖြစ်လာပြီး တစ်နေ့နေ့မှာ အကြီးအကဲဆရာကြီး သိသွားရင်တော့ အကျိုးဆက်က မှန်းဆလို့တောင် မရလောက်ချေ။
ဒါပေမယ့် ပြဿနာက အကြီးအကဲကို အခုပြောပြရင် သူက ဆရာ မတင်တဲ့အတွက် မကြိုက်တာမျိုးတောင် ဖြစ်သွားနိုင်သည်။ ထို့နောက် သူ့တပည့်ဖြစ်ရန် ဤကြိုးစားအားထုတ်မှု အခွင့်အရေးအား ဆုံးရှုံးသွားနိုင်သည်။
"ဒါ ငါ့ကံကြမ္မာပဲလား... ငါလိုချင်တာကို မအောင်မြင်နိုင်ဘူး... နောင်တတွေနဲ့ပဲ သွားရတော့မယ်...."
လီကျစ်ရွှမ်းသည် သူမ၏အဝတ်ထောင့်များကို ဆုပ်ကိုင်ထားကာ မျက်လုံးများကို ငုံ့ကြည့်ကာ အကြီးအကဲ ဘာပြန်ပြောမလဲဆိုတာကို စောင့်မျှော်ရင်း အတွင်းစိတ်က မကျေမနပ်ဖြစ်မှုကို မျိုသိပ်ထားရသည်။
သို့သော် ဤစကားကို ကြားသောအခါ ချင်းယန် အံ့ဩသွားသည်။
မဟုတ်ဘူး!
ဒီကောင်မလေးရဲ့ ဆရာကို ငါဘယ်လိုလုပ် မေ့သွားတာလဲ။
'ကျစ်! ရှဟဲကို တွေ့ခဲ့တုန်းက ဒီမိန်းကလေးက ကိုယ်ခံပညာသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ဆီကနေ စစ်မှန်တဲ့ သွန်သင်ချက်တွေကို လက်ခံရရှိခဲ့တယ်လို့ ပြောပြဖူးတယ်'
ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြန်တွေးကြည့်တော့ ဒါဟာ ကြီးကြီးမားမား မဟုတ်မှန်း သိလိုက်သည်။ လီကျစ်ရွှမ်းမှာ ဆရာများစွာ ရှိတယ်ဆိုတာ အရေးမကြီးပါ။ သူနဲ့လည်း ဘာမှမဆိုင်။
တပည့်တစ်ဦးကို ရိုးရိုးသားသား လက်ခံပြီး ပေါက်ကွဲစေတတ်တဲ့ ခွေးစနစ်ဆီမှ ဆုလာဘ်များစွာ ရဖို့ကသာ အရေးကြီးသည်။
တပည့်တစ်ဦးကို လက်ခံခြင်းကနေ အကျိုးကျေးဇူးရရှိရန် မျှော်ကိုးရင်း သူ ဒီနေရာကို ရောက်လာခဲ့တာ ဖြစ်သည်။ ဒါ့ကြောင့် တခြားဘာတွေကို ဂရုစိုက်နေရဦးမှာလဲ။
ဒါကိုတွေးပြီးနောက် ချင်းယန်ရဲ့စိတ်က ရုတ်တရက် ကြည်လင်သွားသည်။ သူက လက်သီးကို နှုတ်ခမ်းရှေ့၌ တင်းတင်းဆုပ်ပြီး ငြိမ့်ညောင်းစွာ ချောင်းဆိုးလိုက်သည်။
"ကိစ္စမရှိပါဘူး ကလေးမ...ငါက မင်းမှာ ဆရာရှိလား မရှိဘူးလား မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအရ တပည့်လက်ခံမှာ..."
"အကြီးအကဲ တကယ်ပြောတာလား"
လီကျစ်ရွှမ်း ရုတ်တရက် ခေါင်းမော့လာပြီး သူမရဲ့ မျက်လုံးတွေက တောက်ပလာပြန်သည်။
"ဟုတ်တယ်.. ငါက ငါ့စကားကို အမြဲထိန်းပြီး ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူး...ဒီလို လောက ကျင့်ထုံးတွေကို ငါ မကြိုက်ဘူး... ကလေးမ မင်း ငါ့တပည့်ဖြစ်ချင်ရင် သတင်းမဖြန့်ပါနဲ့ ငါ့အတွက် ဒုက္ခတွေ များလာနိုင်တယ်"
"ဟုတ်ကဲ့... အငယ်တန်း နားလည်ပါတယ်.... အကြီးအကဲရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး ဒီကိစ္စတွေကို ဘယ်သူ့ကိုမှ ဖွင့်မပြောပါဘူး!"
လီကျစ်ရွှမ်း ဝမ်းသာပီတိ ဖြစ်သွားပြီး ကျေးဇူး အကြိမ်ကြိမ် တင်မိသည်။
အစောပိုင်းက ကိုယ်ခံပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်အောက်တွင် ပညာသင်ကြားသောအခါက သူမသည် ထိုသခင်များ၏ အကျင့်များအကြောင်း ပုံပြင်များကို မကြာခဏ နားထောင်ရလေ့ရှိသည်။
အများစုမှာ လေးနက်သော ကျင့်ကြံမှုမျိုး ရှိပြီး လောကီ လိုက်စားမှုများကို လျစ်လျူရှုကာ လောက၏ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာကို အနည်းငယ်မျှပင် ဂရုမစိုက်ဟု ဆိုကြသည်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း သာမန်လူတွေနဲ့ အတော်လေး ကွဲပြားတတ်သည်။
အခုအချိန်မှာတော့ ဝတ်ရုံနက်အမျိုးသားနဲ့ တွေ့ဆုံပြီးနောက် လီကျစ်ရွှမ်း သူမရဲ့ သံသယတွေကို နောက်ဆုံးမှာ အတည်ပြုနိုင်ခဲ့ပါပြီ။
"ဘာလဲ? မင်းငါ့ကို အကြီးအကဲလို့ ခေါ်နေသေးတာလား..."
ချင်းယန် သူ့မျက်လုံးများကို မှိတ်ထားပြီး လီကျစ်ရွှမ်းအား စိတ်ရှည်စွာ လမ်းညွှန်လိုက်သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ... မဟုတ်ဘူး ကျေးဇူးတင်ပါတယ် ဆရာ! ဆရာသာ တပည့်ကို မစွန့်ပစ်ဘူးဆိုရင် ဆရာ့ကို ဆရာအဖြစ် ထာဝရဂုဏ်တင်ချင်ပါတယ်"
ပြောပြီး လီကျစ်ရွှမ်း သူ့ကိုယ်သူ အမြန်ပြန်ပြင်လိုက်သည်။ သူမစကား ပြီးသည်နှင့် သူမ အနေအထိုင်ကို ချိန်ညှိကာ အနည်းငယ် ပိုထူသော သစ်ကိုင်းပေါ် လှမ်းတက်ပြီး ချင်းယန်ရှေ့မှာ လေးလေးနက်နက် လေးစားစွာ ဒူးထောက်လိုက်သည်။
သူမရဲ့ သုံးကြိမ်ဆက်တိုက် ကန်တော့သံက တိတ်ဆိတ်သော ချိုင့်ဝှမ်းထဲတွင် ပဲ့တင်ထပ်နေသည်။
"ဟမ်... ကောင်းပြီ တပည့်ကောင်းလေး ထတော့"
ချင်းယန် သက်ပြင်းတစ်ချက် ချလိုက်ပါ၏။ ဒါကို အောင်မြင်တဲ့ တပည့်အဖြစ် သတ်မှတ်သင့်ပြီ။ ဒါပေမယ့် စနစ်သတိပေးချက်ကို ဘာလို့ မကြားရသေးတာလဲ။
"ဟမ် ခြေလှမ်းတစ်လှမ်း လွဲသွားလား"
ချင်းယန်အတွေးများ လွင့်စင်သွားကာ ရှေးခေတ်က တပည့်လက်ခံခြင်း လုပ်ငန်းစဉ်သည် အတော်လေး ရှုပ်ထွေးပုံပေါက်ခဲ့ကြောင်း ရုတ်တရက် သတိရမိသည်။
အဝတ်အစား ချိန်ညှိခြင်း၊ လျှော်ဖွပ်ခြင်း၊ ဦးညွှတ်ခြင်း၊ လက်ဆောင်များ ပေးအပ်ခြင်း၊ အလွန်ပင်ပန်းသော အလုပ်များ လုပ်ပေးရခြင်း စသဖြင့်။ အခုခေတ်မှာ ဒါတွေအားလုံးကို ဖြတ်ကျော်လိုက်လို့ မရနိုင်ဘူးလား။
"မဟုတ်ဘူး... ငါ သူ့ကို မသင်ပေးရသေးဘူးလေ... ကျင့်စဥ် အမွေပေးရင် အနည်းဆုံးတော့ ဆရာ-တပည့် ဆက်ဆံရေးကို ထူထောင်နိုင်တယ်"
ချင်းယန် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီးနောက် ရုတ်တရက် လှုံ့ဆော်မှုတစ်ခုက သူ့ကို ထိမှန်သွားသည်။ သူက လီကျစ်ရွှမ်းကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတော့ မင်းကို လက်ဆောင်လေး တစ်ခုပေးမယ်"
"လက်ဆောင်လား?"
လီကျစ်ရွှမ်းသည် ချင်းယန်ကို မဝံ့မရဲကြည့်ကာ အနည်းငယ် အံ့ဩသွားသည်။ သို့သော် နောက်အခိုက်အတန့်တွင် ချင်းယန်က သူ့လက်ကို မြှောက်ကာ သူမ၏ နဖူးအလယ်ဗဟိုကို ညွှန်ပြလာ၏။
လှပသော ဓားမီးများတစ်ဖျပ်ဖျပ် တောက်ကာ သူမစိတ်ထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားသည်။
သူမစိတ်ထဲ တစ်စုံတစ်ခုက ပေါက်ကွဲထွက်လာပြီး မှတ်ဉာဏ် အပိုင်းအစတွေ ပြည့်လျှံလာကာ အသိစိတ်တွေ ထကြွလာသည်။ တာအိုဓားလမ်းစဥ်၏ ဖြူစင်ပြီး လေးနက်သော အဓိပ္ပာယ်များက အဆက်မပြတ် ပြေးလွှားနေသည်။
"ဒီဓားချက်ကို 'ဓားတစ်ချောင်းက ကောင်းကင်တံခါးကိုဖွင့်' လို့ ခေါ်တယ်... အတတ်နိုင်ဆုံး ကျွမ်းကျင်တဲ့သူတွေအတွက်တော့ ဓားတစ်ချောင်းတည်းနဲ့ ကမ္ဘာကြီးကို ပိတ်ထားနိုင်တယ်... ကောင်းကင်က အမတတွေတောင် ချွန်ထက်တဲ့ ဓားအစွန်းကို ခေတ္တရှောင်ရလိမ့်မယ် တဲ့...."
ချင်းယန်ရဲ့ ကျယ်လောင်တဲ့ ခေါင်းလောင်းလို ပဲ့တင်ထပ်နေတဲ့ အသံက လီကျစ်ရွှမ်းရဲ့ နားထဲမှာ ပဲ့တင်ထပ်နေ၏။
"ဒီနေ့ ဆရာ မင်းကို ဒီဓားသိုင်းကို လက်ဆောင်ပေးခဲ့မယ်... ကောင်းကောင်းလေ့လာပါ!"
သူ့စကားတွေ ကျသွားတာနဲ့ လီကျစ်ရွှမ်း ထိတ်လန့်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမစိတ်ထဲတွင် ဓားစွမ်းအင်များ တဟုန်ထိုး ခုန်တက်လာပြီး ၎င်း၏ လေးနက်သော နက်နဲမှုသည် သူမဘဝတစ်ခုလုံးတွင် သင်ယူခဲ့သမျှ အရာအားလုံးထက် များစွာ သာလွန်သွားခဲ့သည်။ ဆရာလီတောင် မနှိုင်းယှဥ်နိုင်တော့ပါ။
ပြင်ပကမ္ဘာမှာသာ ရှိခဲ့မယ်ဆိုရင် ဒါဟာ ဂိုဏ်းဂဏ္ဌတစ်ခုလို့ သတ်မှတ်ခံရတာ ကြာပါပြီ။ သို့တိုင် ထိုကဲ့သို့ လေးနက်သော ဓားသိုင်းပညာကို သူမဆရာမှ အစပြုခြင်းလက်ဆောင်အဖြစ် သူ့အား ပေးအပ်ခဲ့သည်။
"ဆရာက ဘယ်လောက်တောင် တန်ခိုးကြီးနေတာလဲ!"
ဒါကိုတွေးရင်း လီကျစ်ရွှမ်း ချင်းယန်ဆီ လေးလေးနက်နက် အကြည့်ပေးလိုက်သည်။ သို့သော် ယခုအချိန်က ၎င်းကို မှီခိုရမည့်အချိန်မဟုတ်ပေ။ ဓားစွမ်းအင်ကို နားလည်ရန် အာရုံထွေပြားတာတွေ မရှိဘဲ စိတ်က ငြိမ်သက်နေရမည်။
ထို့ကြောင့် သူမ ခေါင်းယမ်းကာ အတွေးများကို စွန့်လွှတ်လိုက်သည်။ မျက်လုံးမှိတ်ပြီး ဓားသိုင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို စိတ်ထဲမှာ ဂရုတစိုက် စုပ်ယူလိုက်သည်။
'ဒါဆို ရလောက်ပြီ မဟုတ်ဘူးလား?'
ချင်းယန့သည် ဉာဏ်အလင်းဝင်သွားသော လီကျစ်ရွှမ်းကို ကြည့်လိုက်ရင်း သူသည် ဓားပညာကို သူမထံ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဆရာ-တပည့် ဆက်ဆံရေး ထူထောင်ထားပြီးတာတောင် ဒီဆိုးဆိုးရွားရွား စနစ်က အခုထိ မထွက်လာသေးဘူးလား။
"စနစ်! စကားပြောစမ်း!"
သူ့စိတ်ထဲတွင် စနစ်တစ်ခုအား အော်ငေါက်ရင်း ရေရွတ်မိသည်။ အကြိမ်ပေါင်းများစွာ ခေါ်ဆိုပြီးနောက်၊ စနစ်၏ နောက်ကျသော တုံ့ပြန်မှုကို သူ နောက်ဆုံးကြားလိုက်ရသည်-
"အမိုက်စားပါပဲ.... အစွမ်းထက်ဧကရီက တကယ်တော်ပြီး hostရဲ့တပည့် ဖြစ်သွားတယ်! hostကတော့ တကယ် နတ်ဘုရားပဲ!"
စနစ်၏စက်သံကို ကြားတော့ ချင်းယန် အေးစက်စွာ ဟစ်အော်လိုက်သည်။
"သောက်ကျိုးနည်း လာကစားမနေနဲ့! မင်း အခုနက ဘာလို့ မတုံ့ပြန်တာလဲ"
"လူကြီးမင်းhost... အခုက သတင်းအချက်အလက် ပမာဏ အရမ်းများနေလို့ပါ... ဒီစနစ်လည်း ဘာလုပ်ရမှန်းမသိလို့ အခြေအနေကို ဆန်းစစ်နေတာပါ... hostက တကယ်ကို ရက်စက်တဲ့ လူဝင်စားပါပဲ..."
စနစ်၏ တုန်လှုပ်သောအသံ ထွက်ပေါ်လာသည်။
"ဒီစနစ်က hostရှေ့မှာ ဒူးထောက်နေပါပြီ!"