ဓားချိုင့်၊ ကိုယ်ခံပညာအတွက် မြင့်မြတ်သောနေရာ။
Vol. 2 Ch. 27
နောက်တစ်နေ့ မိုးလင်းသွားသည်။
ချင်းယန်ဘဝက ပုံမှန်အတိုင်းပဲ ဆက်သွားနေခဲ့သည်။
ချင်းယန် စောစောနိုးပြီး စာကြည့်တိုက်ကို ရောက်လာခဲ့သည်။ သူဝင်လာပြီးချင်းမှာပဲ လုပ်ဖော်ကိုင်ဖက်တော်တော်များများက သူတို့ဖုန်းထဲမှာ တိတ်တိတ်ဆိတ်ဆိတ် စကားတွေပြောနေကြတာကို သတိထားမိလိုက်သည်။
"နေဝင်ချိန် တောက်ပမှု" နှင့် "ဆင်ခြေဖုံးရပ်ကွက်များ" စသည့် စကားလုံးများကိုတော့ သူ ဖျတ်ခနဲ ကြားလိုက်ရသည်။ နှစ်ခါပြန် စဉ်းစားနေစရာ မလိုဘဲ မနေ့ညက သူလုပ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် အကြောင်းမှန်း သိပါ၏။
"တကယ်ကို တုန်လှုပ်စရာကြီး ဖြစ်သွားတာပဲ..."
ချင်းယန် ကူကယ်ရာမဲ့ ခေါင်းကုတ်ကာ ဖုန်းကိုဖွင့်ကာ ခေတ်စားနေသော ရှာဖွေမှုအသစ်များကို စစ်ဆေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူသည် ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးတွင် ထပ်ရောက်နေပြန်ပြီ။
မရေမတွက်နိုင်သော သတင်းချန်နယ်များကလည်း သတိပြုမိပြီး 'တာအိုဓားသခင်' ဟူသော အသုံးအနှုန်းကို ဇယားထိပ်သို့ တွန်းပို့ခြင်းဖြင့် အင်တာနက်သည် စိတ်လှုပ်ရှားမှုများဖြင့် တုန်လှုပ်ချောက်ချားသွားခဲ့သည်။
မှတ်ချက်ကဏ္ဍတွင် အင်တာနက်သုံးစွဲသူအများအပြားသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး မနေ့ညက ရိုက်ကူးခဲ့သော ကောင်းကင်ဘုံ ဓာတ်ပုံများကိုပါ ပြသလာခဲ့ကြသည်။ ဖြစ်ရပ်မှန်နှင့် မှားယွင်းသော ဇာတ်လမ်းများက ရောထွေးပြီး ထင်ကြေးများကတော့ ဝေဝါးနေသည်။
"တုန်လှုပ်စရာသတင်း! လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားသမား ကျန်းဟိုင်မြို့မှာ ပြန်ပေါ်လာပြီ!"
"ဓာတ်ပုံ... အဲဒီတုန်းက ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံပါ... ကောင်းကင်မှာ နှင်းဆီရောင် တိမ်တိုက်တွေ တောက်နေပြီး မြို့ထဲက ကြယ်စစ်သည်တွေ အားလုံးကလည်း ပြေးလွှားနေကြတာ!"
"သောက်ကျိုးနည်း! ငါ့သူငယ်ချင်းက ကြယ်သားရဲရဲ့ ဟောက်သံကို ကြားလိုက်ရတယ်တဲ့! အဲဒီသခင်က အဲဒါကြီးကို တကယ်တိုက်နေတာပဲကွ!"
လူပြောသူပြောကို အခြေခံ၍ မှတ်ချက်များ ပိုများလာကာ နောက်ဆုံးတွင် အမတကြီး ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသည့် ကောလာဟလများပင် ပျံ့နှံ့လာခဲ့သည်။
"ဝိုး... သူတို့က ငါ့ကို လူကိုယ်တိုင် မမြင်ဖူးကြပေမဲ့ အရမ်းချီးကျူးနေကြတယ်.. ဒီခေတ် အင်တာနက် သုံးစွဲသူတွေကတော့ ဘယ်လိုဝါကြွားရမလဲ ဆိုတာ သိလိုက်ကြတာ!"
ချင်းယန် သိသိကြီးနဲ့ ပြုံးပြီး သူ့ဖုန်းကို ပြန်သိမ်းလိုက်သည်။ နောက်ထပ် ဖတ်နေလည်း အဓိပ္ပာယ်မရှိတော့ပါ။
အကယ်၍ အင်တာနက်သုံးစွဲသူများ၏ ကြွားဝါမှုနှုန်းမှာ ဆက်လက် ရှိနေပါက လက်တွေ့ဘဝတွင် မအောင်မြင်မီတွင်ပင် သူသည် အွန်လိုင်းနတ်ဘုရား ဖြစ်သွားလိမ့်မည်။
သူ့ဖုန်းကို ဖယ်လိုက်ပြီး စာကြည့်တိုက်ထဲ လှမ်းဝင်လာစဥ် ရှဟဲနဲ့ တွေ့လေ၏။
"ဟေး.. လောင်ချင်း မင်းဒီနေ့တော်တော် စောနေသားပဲ..."
ရှဟဲ သူ့ကို ပင်ပန်းနွမ်းနယ်စွာ နှုတ်ဆက်လာသည်။ ပန်ဒါမျက်လုံးတွေက သူ့မျက်နှာပေါ်မှာ စိုက်ထူကာ မောပန်းနွမ်းနယ်နေပုံပေါ်၏။ ဒါတွေကတော့ မနေ့ညက ပိုင်ကျင်းဟန့်နဲ့ တိုက်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဆိုတာ ရှင်းပါသည်။
သူ့မျက်နှာက မွဲခြောက်ကာ၊ နှုတ်ခမ်းတွေက ဖြူဖျော့နေပြီး အချိန်မရွေး ပြိုလဲသွားနိုင်သလိုပင်။ ချင်းယန် တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး။
"မင်း အလုပ် မနားဘူးပေါ့လေ... နောက်မှ ငါ့ရှေ့မှာ လာမသေနဲ့"
"ငရဲပဲ သွားစမ်းပါ... ချင်းလူပျိုကြီး... မနေ့ညက မင်းကြောင့် ငါနှစ်ဆ စားလိုက်ရတယ်!"
ရှဟဲက ပြုံးပြပြီး ချင်းယန်နှင့် ဘေးချင်းကပ် လျှောက်သွားလိုက်သည်။ မနေ့ညက ခေတ်စားနေတဲ့ ရှာဖွေမှုတွေကို တွေးရင်း ရင်ဘတ်ကို ဖိလိုက်သည်။
"အဲဒီ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကိုတော့ လွတ်သွားတယ်ကွာ... အဲ့လိုမှန်းသိရင် ငါ ပိုင်ကျင်းဟန့်နဲ့ ခပ်ဝေးဝေးမှာ သွားနေလိုက်မှာ.."
ချင်းယန်: "ဒါပေမဲ့ ထားလိုက်ပါကွာ... တိုက်ပွဲဆိုတာ ဘယ်နေရာမှာမဆို ဖြစ်သွားနိုင်တယ်... မင်း ပိုင်ကျင်းဟန့်မှာ သွားပျော်တာပဲ ကောင်းတယ်"
ဒါကိုကြားတော့ ချင်းယန် ပုခုံးတွန့်ကာ တခစ်ခစ်ရယ်ရင်း ဆုလိုက်သည်။
အမှန်တော့ ရှဟဲ၏ နောက်ဖွားနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံမှုဖြင့် သူသည် ချိုင့်ထဲသို့ပင် မဝင်နိုင်တော့ပေ။ သူထုတ်လွှတ်လိုက်တဲ့ လှိုင်းထန်တဲ့ ဓားစွမ်းအင်ကြောင့် သူ့အသားတွေတောင် ကွဲသွားလိမ့်မည်။
ပျော်ရွှင်မှုမှာ ပါဝင်ရင်း အချိန်ဖြုန်းခြင်း၊ သူလုပ်နိုင်သမျှ မီတာထောင်ပေါင်းများစွာ အကွာအဝေးကနေ စောင့်ကြည့်နေတာကလည်း အဆင်ပြေသည်။
ချင်းယန် ရှဟဲရဲ့ နယ်ပယ်ကို ကြည့်လိုက်ရာ ရုတ်တရက် တစ်ခုခုလွဲနေတာကို သူ သတိထားမိလိုက်သည်။ ရှဟဲခန္ဓာကိုယ်မှ ထွက်လာသော ကြယ်စွမ်းအားကို သူ ဖျတ်ခနဲ မြင်လိုက်သည်။ အရမ်းအားနည်းနေသေးပေမယ့် အရင်ကထက် သိသိသာသာ အားကောင်းလာပြီ။
အမှန်တကယ်ပင် သူသည် နောက်ဖွားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ဟင်? ဒီကောင်လေး ထိုးဖောက်သွားတာလား?"
ချင်းယန် အနည်းငယ် အံ့သြသွားသည်။ နောက်ဖွားနယ်ပယ် တတိယအဆင့်သို့ ညတွင်းချင်း ဖြတ်ကျော်ခြင်းသည် သာမန်လူတစ်ဦးအတွက် အဓိပ္ပာယ်မရှိပေ။
ဒါပေမယ့် ရှဟဲ ဘယ်လို လုပ်လိုက်တာလဲ ။
ဒီလိုလုပ်တာက တကယ်အကျိုးရှိမှာလား။
ချင်းယန် အံ့သြနေစဥ်မှာပဲ ရှဟဲရဲ့ ယုံကြည်ချက်ရှိတဲ့ အသံက သူ့နားထဲကို ထပ်ရောက်လာပြန်သည်။
"လောင်ချင်း မင်း ဒါကို မယုံနိုင်လောက်ပေမယ့် ငါ မင်းကို မနေ့က သွားခိုင်းပေမယ့် မင်းငြင်းတယ် ငါ တစ်ညလုံး ပေါက်ကွဲပြီး အောင်မြင်မှုတောင် ရခဲ့သေးတယ်!"
ရှဟဲက ဗျူဟာကျကျ ပြုံးလိုက်ပြီး :"အခု ငါက တတိယအဆင့်ကို ရောက်နေပြီ... မင်းအကူအညီလိုရင် ငါ့ဆီလာ!"
"..."
ချင်းယန်၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးကောက်သွားပြီး အပြုံးကို ချုပ်တည်းရန် ကြိုးစားနေရသည်။ ကံကောင်းစွာဖြင့် သူသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုကို ရရှိခဲ့ပြီးပြီ။ မဟုတ်ပါက သူ ဒီလို ရယ်မောနေနိုင်မည် မဟုတ်ချေ။
"ဘာလဲ? မင်းငါ့ကိုမယုံဘူးလား" ဒါကိုမြင်တော့ ရှဟဲက သူ့လက်တွေကို လှန်လိုက်ပြီး။
"ငါ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးနော် လောင်ချင်း!"
ချင်းယန်: "ယုံတာပေါ့ ငါ ယုံပါတယ်ကွာ မင်းဘယ်လိုလုပ်လိုက်တာလဲ?"
"ဟမ့်... သိချင်တယ်ပေါ့ သိချင်ရင် မင်း ငါနဲ့ ပိုင်ကျင်းဟန့်ဆီ တစ်နေ့နေ့ ရောက်တဲ့အထိ စောင့်လေ... သိလိမ့်မယ်!"
ရှဟဲသည် အပြုံးဖြင့် ဝေ့လည်ကြောင်ပတ်လုပ်ရင်း ဖိတ်ခေါ်လိုက်သည်။
"နောက်တစ်ခါ သေချာတယ်... နောက်တစ်ခါ"
ချင်းယန် မျက်လုံးပြူးပြီး သူ့လက်ကို ကျေကျေနပ်နပ်နဲ့ ဝှေ့ယမ်းလိုက်သည်။
မေ့လိုက်တော့!
ဒီကောင်လေးက လျှို့ဝှက်လွန်းကာ သူ့ကို ပိုင်ကျင်းဟန့်ရောက်အောင် ဆွဲခေါ်သွားဖို့သာ အမြဲတမ်း ကြိုးစားနေသည်။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ အချိန်အများကြီး ရှိသေးတာကြောင့် အမှန်တရားက နောက်ဆုံးမှာ ထွက်လာလိမ့်မည်။
ပေါ့ပေါ့ပါးပါး စကားအနည်းငယ်ပြောပြီးနောက် နှစ်ယောက်သား အမြန်လမ်းခွဲကာ အလုပ်စရန် သက်ဆိုင်ရာ ဧရိယာများဆီသို့ ပြန်ခဲ့ကြသည်။
….
စာကြည့်တိုက်၏ ပထမအလွာက တိတ်ဆိတ်ငြိမ်သက်နေသည်။ မှင်နှင့် စာအုပ်များ၏ သင်းပျံ့သော ရနံ့တွေသာ လေထဲသို့ ပျံ့လွင့်သွားကာ စာရွက်များ၏ ပျော့ပျောင်းသော လှန်လှောသံများသာ ရံဖန်ရံခါ ကြားရသည်။
ရက်အတန်ကြာ အနားယူပြီးနောက် ချင်းယန်သည် စောင့်ကြည့်ရေးဧရိယာတွင် မျက်မမြင်ကွယ်ရာကို ကျွမ်းကျင်စွာ တွေ့ရှိခဲ့ပြီး ထိုနေရာတွင် ဝပ်နေခဲ့သည်။
"ငါ့ရဲ့ လက်ရှိအင်အားနဲ့ဆို သာမန် ဂိုဏ်းဆရာနယ်ပယ်က လူတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်နိုင်တယ်"
သူသည် သလက်ကို ဆန့်ထုတ်လိုက်ပြီး မနေ့ညက သူရခဲ့သော ကျင့်ကြံမှု အနှစ်ငါးဆယ်ကို တွက်ဆနေရာ သူ့လက်ချောင်းထိပ်များက ကြီးမားသော ကြယ်စွမ်းအားများ ဖြာထွက်နေသည်။
တစ်ညတည်းမှာပင် သူသည် တစ်ချက်ခုန်ပြီး ကောင်းကင်ဘုံသို့ တက်သွားသလိုမျိုး မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
အဲဒါကို ဧကရာဇ်အဆင့် ဓားနည်းစနစ်နဲ့ ကျစ်ဝေးနတ်ဓားတို့ကို ပေါင်းထည့်လိုက်ရင် သူ့ရဲ့ မွေးရာပါနယ်ပယ် ကျင့်ကြံသူက ဂိုဏ်းဆရာနယ်ပယ်က လူများကို အလွယ်တကူ နှိပ်စက်နိုင်သည် မဟုတ်လား။
သူတို့ကို ညီငယ်များဟု ခေါ်လိုက်ရင်တောင် ချဲ့ကားရာ မကျလောက်ချေ။
"ဟမ့်... ဒီခွေးစနစ်က ငါ့ကို အဆတစ်ရာ ချဲ့ထွင်ပြီး အနှစ်ငါးဆယ် ပေးတယ်... ဒါဆို...သူ အစက ငါ့ကို ဘယ်လောက် ပေးချင်ခဲ့တာလဲ..."
ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေပေမယ့် အသေးစိတ်ကို မစူးစမ်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။
သူသည် စိတ်လှုပ်ရှားစရာကောင်းသော အလုပ်သို့ ပြန်ဝင်လာခဲ့ပြီး စနစ်အပေါ် အားလျော့သွားခဲ့သည်။
…………….
နောက်ရက်များတွင် ကျန်းဟိုင်မြို့က ကမောက်ကမ ဖြစ်ခဲ့ရပြန်သည်။ ချိုင့်ဝှမ်းအထက်ရှိ ခရမ်းရောင် အခိုးအငွေ့များ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
ကောင်းကင်သည် ပုံမှန်အတိုင်း ညကောင်းကင်သို့ ပြန်သွားသော်လည်း "ချိုင့်ဝှမ်း" ၏ အခြေအနေက ဆက်လက်၍ ပြင်းထန်ပြီး ချဉ်စော်နံနေဆဲ။
ယခုအချိန်တွင် ချိုင့်ဝှမ်းအပြင်ဘက်တွင် ကြိုးဝိုင်းတစ်ခု စိုက်ထူထားပြီးဖြစ်သည်။ ကြယ်ပွင့်ရဲဌာနက ရဲကားတန်းများသည် အဝင်အထွက်များနေပြီး လက်နက်ကိုင် အစောင့်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
၎င်းတို့အထက်တွင် ရဲဦးစီးချုပ်နှင့် လောင်လီသည် အခြေအနေကို စူးစမ်းလေ့လာကာ အတွင်းတွင် အလုပ်ရှုပ်နေသော လူအများကို စောင့်ကြည့်နေကြသည်။
"လောင်လီ....ခင်ဗျားက ဒီချိုင့်ကို အများသူငှာအတွက် ဖွင့်ဖို့ အကြံပေးနေတာလား..."
ဦးစီးချုပ်သည် အောက်ခြေလူအုပ်ကို ငုံ့ကြည့်ကာ ဤကိစ္စကို အကြီးအကဲလီနှင့် လေးလေးနက်နက် အသံဖြင့် ဆွေးနွေးသည်။ လောင်လီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး။
"အင်း ဒီချိုင့်ဝှမ်းမှာရှိတဲ့ ဓားစွမ်းအင်က ပျံ့နှံ့နေတယ်... ဓားလမ်းစဥ်ကို ပြုစုပျိုးထောင်နေတဲ့ ကြယ်စစ်သည်တွေ အတွက်လည်း ဉာဏ်အလင်းရဲ့ ရတနာသိုက်ပဲ အဲဒီ အကြီးအကဲက ဖန်တီးထားတဲ့အတွက် ကျန်းဟိုင်မြို့က ဒါကို လက်ဝါးကြီးအုပ်ထားလို့ မရဘူး..."
"ကျုပ်မြင်ပါတယ်... ခင်ဗျားက တကယ်ကို ကြီးမြတ်တာပဲ လောင်လီ..."
ဦးစီးချုပ်က သက်ပြင်းချလိုက်သည်။
လောင်လီ: "မဟုတ်တာ.. ငါက အဲဒါနဲ့မထိုက်တန်ပါဘူး... ဒါတွေအားလုံးက အကြီးအကဲရဲ့ လက်ရာပါပဲ။ ငါတို့က သူ့ရဲ့ ကြင်နာမှုကို ဂုဏ်ပြုပြီး ကမ္ဘာကို လက်ဆင့်ကမ်းနေကြတာပါ..."
"ကောင်းပြီ ခင်ဗျားရဲ့ အဆိုပြုချက်ကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ အထက်အရာရှိတွေဆီ တင်ပြပြီး သူတို့ထင်မြင် ယူဆချက်တွေကို ကြည့်မယ်"
နောက်ရက်အနည်းငယ်ကြာပြီး အထက်အရာရှိများကြား ဆွေးနွေးပြီးနောက် ထိုချိုင့်ဝှမ်းကို "ဓားတောင်ကြား" ဟု အမည်ပေးခဲ့ကြသည်။ ကြွယ်ဝသော ဓားစွမ်းအင်ကြောင့် ဓားတောင်ကြားသည် သဘာဝအလျောက် ကျန်းဟိုင်မြို့၏ ကိုယ်ခံပညာဆိုင်ရာ သန့်ရှင်းသောနယ်မြေ ဖြစ်လာခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ကမ္ဘာတစ်ဝှမ်းမှ ဓားသမားများသည် အတွင်းက ဓားစွမ်းအင်၏ စစ်မှန်သောအဓိပ္ပာယ်ကို စူးစမ်းလေ့လာကာ လှပသောဒဏ္ဍာရီကို အတူတကွဖန်တီးရန် အဝေးကနေတောင် ရောက်လာခဲ့ကြသည်။