← Chapters

အိမ်ဆောက်လို့ပြီးပြီ

Vol. 5 Ch. 117

အိမ်ဆောက်လို့ပြီးပြီ

Vol. 5 Ch. 117

ထိုစဉ် လင်းရှောင်ကျစ် လျှောက်လာသည်။

"အစ်မ၊ ကျွန်တော် ထပ်စားဦးမယ်။" သူက လင်းရှောင်ယွဲ့ဘေးကိုလာပြီး ပန်းကန်ကမ်းပေးလိုက်သည်။

လင်းရှောင်ယွဲ့က လင်းရှောင်ကျစ်ကို ကြည့်လိုက်ပြီးနောက် ပန်းကန်ကိုင်ကာ သူမကိုကြည့်နေသော ရှောင်ချင်ကို တွေ့လိုက်သည်။

"ဒေါ်လေး။" သူက ရှက်ကိုးရှက်ကန်း ခေါ်လိုက်သည်။

အရင်က သူ သူမကို အစ်မဟုခေါ်ဖူးသော်လည်း အဖွားလျိုက ခေါ်ခွင့်မပြုခဲ့။

သူ့ဦးလေးကြောင့် သူမကို အစ်မဟုခေါ်မရသဖြင့် ဒေါ်လေးဟုသာ ခေါ်ရခြင်းဖြစ်သည်။

"မင်းလည်း ပန်းကန်ယူလာခဲ့လေ။" လင်းရှောင်ယွဲ့က ပြုံးပြီးပြောလိုက်သည်။

ဒီကလေးက အမြဲတမ်း လူကြီးလေးလို ဟန်ဆောင်နေတတ်ပေမဲ့ ဒီနေ့တော့ ကလေးတစ်ယောက်လို ဖြစ်နေသည်။

ထို့နောက် လင်းရှောင်ယွဲ့က လှည့်ပြီး လင်းရှောင်ကျစ်ကို ကောက်ညှင်းအေးတုံး ထပ်ထည့်ပေးလိုက်သည်။

"ဒါ သုံးပန်းကန်မြောက်နော်။ စားပြီးရင် ထပ်ထည့်မပေးတော့ဘူး။" သူမက ထည့်ပေးပြီး လင်းရှောင်ကျစ်လက်ထဲသို့ ပေးလိုက်သည်။

"သိပါတယ် မမ။" ကလေးက ပြုံးပြီးဖြေကာ ပန်းကန်ကိုင်ပြီး ထွက်သွားသည်။

တကယ်တော့ သူ ဗိုက်ပြည့်နေပြီ။ ကောက်ညှင်းအေးတုံးက အရသာရှိလွန်းလို့သာ ဆက်စားချင်နေခြင်းဖြစ်သည်။ ဒီနေ့မစားရလည်း ကိစ္စမရှိ။ သူ့အစ်မက ချက်တတ်တာပဲ။ နောက်တစ်ခါ အစ်မကို ထပ်လုပ်ခိုင်းရုံပေါ့။

လင်းရှောင်ကျစ်ထွက်သွားပြီးနောက် လင်းရှောင်ယွဲ့က ရှောင်ချင်ကို ကောက်ညှင်းအေးတုံးထပ်ထည့်ပေးလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်က အပြည့်အဝမကျန်းမာသေးဘူး။ ဒီတစ်ပန်းကန်စားပြီးရင် ထပ်မစားနဲ့တော့နော်။" သူမက မှာလိုက်သည်။

"ဟုတ်ကဲ့ ဒေါ်လေး။" ရှောင်ချင်က မျက်နှာနီရဲစွာဖြင့် လင်းရှောင်ယွဲ့ပေးသော ကောက်ညှင်းအေးတုံးကို ယူလိုက်ပြီးနောက် ထွက်သွားလေသည်။

လင်းရှောင်ယွဲ့ ပြုံးလိုက်သည်။ သူမက လျိုရှီနှင့် အဒေါ်ဝမ်တို့ကို ခုနကအကြောင်း ဆက်ပြောမည်ကြံရွယ်စဉ် အလုပ်သမားတစ်ယောက် လာနေသည်ကို တွေ့လိုက်သည်။

အလုပ်သမားအချို့က စားပွဲပေါ်မှာ ကောက်ညှင်းအေးတုံးတွေ ကျန်သေးတာတွေ့တော့ တောင်းပြီး တစ်ပန်းကန်ထပ်ထည့်စားကြသည်။

ထို့နောက် ကောက်ညှင်းအေးတုံးစားစရာရှိမှန်းကြားသည့် အခြားအလုပ်သမားများပါ ရောက်လာကြသည်။

နောက်ဆုံးတော့ ကောက်ညှင်းအေးတုံးတွေ မလောက်တော့ပေ။ လင်းရှောင်ယွဲ့က နောက်နှစ်ရက်နေရင် ထပ်လုပ်ပေးမည်ဟု အားလုံးကိုပြောလိုက်မှ လူစုခွဲသွားကြသည်။

အားလုံးစားသောက်ပြီး ပန်းကန်တွေပြန်ထားကြပြီးနောက် လင်းရှောင်ယွဲ့၊ လျိုရှီနှင့် အခြားသူများက ပန်းကန်တွေ သိမ်းဆည်းဆေးကြောကြသည်။

ကောက်ညှင်းအေးတုံးပန်းကန်က ဆီမပေသောကြောင့် ရေကြည်ဖြင့် ဆေးလိုက်ရုံနှင့် ပြောင်စင်သွားသည်။ အလွန်လွယ်ကူသည်။

သူတို့ပြန်သွားပြီးနောက် လျိုရှီနှင့် အဒေါ်ဝမ်တို့က လင်းရှောင်ယွဲ့နှင့် ကောက်ညှင်းအေးတုံးရောင်းဖို့ကိစ္စကို ဆွေးနွေးကြသည်။ သူတို့နှစ်ယောက်စလုံးက ဒီလုပ်ငန်းက လုပ်လို့ရနိုင်သည်ဟု ထင်ကြသည်။

"လောလောဆယ်တော့ ဒီအကြောင်းကို စဉ်းစားရုံပဲ စဉ်းစားထားလိုက်ဦးမယ်။ အိမ်ဆောက်နေတော့ ဒီဟာလုပ်ဖို့ အချိန်မရှိသေးဘူး။" လင်းရှောင်ယွဲ့က လျိုရှီနှင့် အဒေါ်ဝမ်ကို ကြည့်ပြီးပြောသည်။

"ဟုတ်တော့လည်းဟုတ်တာပဲ။ အခုအရေးအကြီးဆုံးက မင်းတို့အိမ်ဆောက်ပြီးဖို့ပဲ။" အဒေါ်ဝမ်က သဘောတူလိုက်သည်။

"ကောင်မလေး၊ မင်း တော်တော်စွမ်းတာပဲ။" ထို့နောက် သူမက လင်းရှောင်ယွဲ့ကို လက်မထောင်ပြလိုက်သည်။

"ဟီးဟီး၊ ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဒေါ်လေး။"

ပန်းကန်တွေဆေးပြီးနောက် လင်းရှောင်ယွဲ့က တဲငယ်ထဲဝင်ပြီး သူမဖယ်ထားသော ကောက်ညှင်းအေးတုံးပန်းကန်လုံးကြီးကို ယူလိုက်သည်။ ပြီးနောက် သကြားညိုရည်အနည်းငယ်ဆမ်းကာ ရွာသူကြီးအိမ်သို့ ပို့ပေးလိုက်သည်။

.........

အချိန်များ ကုန်လွန်သွားပြီး လျိုမိသားစု၏ မဆုံးနိုင်သော မျှော်လင့်ချက်များအောက်တွင် သူတို့အိမ်သည် ၁၈ ရက်အကြာ၌ နောက်ဆုံးတွင် ပြီးစီးသွားခဲ့သည်။

လင်းရှောင်ယွဲ့က အိမ်အတွင်းပိုင်းအတွက် လိုအပ်ချက်များ အလွန်မြင့်မားသောကြောင့် ဆောက်လုပ်ရေးကာလတစ်ခုလုံးသည် မျှော်မှန်းထားသည်ထက် ၇-၈ ရက် ပိုကြာသွားသည်။ မူလ ရက် ၂၀ ကျော်ကြာမည့် ဆောက်လုပ်ရေးကာလက ၃၂ ရက်အထိ ကြာမြင့်သွားသည်။

ဆောက်လုပ်ရေးအဖွဲ့က လင်းရှောင်ယွဲ့ထံမှ ငွေ စ၃၀ အပိုယူပြီး အိမ်ထဲတွင် အုတ်အိပ်ရာခင်းပေးခြင်း၊ မီးဖိုတည်ပေးခြင်းနှင့် အခန်းတွင်းနှင့် ခြံဝင်းထဲတွင် ကျောက်ပြားစိမ်းများ ခင်းပေးခြင်းတို့ကို ကူညီပေးခဲ့သည်။

အုတ်နှင့်ကျောက်ဖိုးများအပါအဝင် လင်းရှောင်ယွဲ့က နောက်ဆုံးတွက်ချက်ကြည့်သောအခါ အိမ်စဆောက်သည်မှ ပြီးစီးသည်အထိ လွန်ခဲ့သောတစ်လအတွင်း သူတို့မိသားစုသည် စုစုပေါင်း ငွေစ ၃၂၀ သုံးစွဲခဲ့သည်။

သူမအမေက ငွေစ ၂၀၀ လုံး ထုတ်သုံးခဲ့ပြီး သူမက စုစုပေါင်း ငွေစ ၁၂၀ စိုက်ထုတ်ခဲ့သည်။

အိမ်မဆောက်ခင်တုန်းက လျန်ချန်းချိုင်ပေးသော ငွေစ ၅၀ အပါအဝင် သူမလက်ထဲတွင် ငွေစ ၁၃၇ စခန့် ရှိခဲ့သည်။ ဒီကာလအတွင်း သူမက ရူယီစားသောက်ဆိုင်သို့ နေ့တိုင်းနီးပါး တောကောင်များရောင်းချပြီး ငွေရှာခဲ့သည်။ အိမ်ဆောက်စရိတ်များ နုတ်လိုက်ပြီးနောက် သူမလက်ထဲတွင် ငွေစ ၅၀ ခန့် ကျန်သေးသည်။

***

All Chapters