← Chapters

#နတ်ဆိုးနယ်မြေအတွင်း ပုန်ကန်မှု၊ အဆုံးအဖြတ်ပေးတိုက်ပွဲကြီး#

Vol. 91 Ch. 1276

#နတ်ဆိုးနယ်မြေအတွင်း ပုန်ကန်မှု၊ အဆုံးအဖြတ်ပေးတိုက်ပွဲကြီး#

Vol. 91 Ch. 1276

ရှောင်ဟိုင်ဂူထဲက ထွက်လာသောအခါ ရှောင်ဟိုင်အရင်ကနှင့်စာပါက ကမ္ဘာတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ခဲ့ရတာကို နတ်ဆိုးဘုရင် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

သူ့ရုပ်ခန္ဓာနယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်ကို တက်လှမ်းသွားသည်သာမက သွေးကြောစွမ်းအားကလည်း အရင်ကထက် သိသိသာသာ ပိုတိုးလာခဲ့သည်။

ဒါ့အပြင် ထာ၀ရနတ်ဆိုးခန္ဓာကလည်း ရှစ်ခုမြောက်အဆင့်ကို အောင်မြင်စွာ ၀င်ရောက်သွားလဲ့သည်။

ထာ၀ရနတ်ဆိုးခန္ဓာက အဌမအဆင့်ကို ရောက်သွားသောအခါ သူ့ကိုယ်ထဲက ပေါက်ကွဲမှုစွမ်းအား၌ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ရှောင်ဟိုင်ခံစားရသည်။ သတ္တမအဆင့်နှင့် ယှဉ်ပါက အဌမအဆင့်က အစွန်းတစ်ခုနှင့် ပိုတူပြီး ဖြတ်ကျော်ပြီးတာနှင့် ယူဆောင်လာသည့် တွန်းအားက သိသာစွာပင် ကြီးမားပေသည်။

ရှောင်ဟိုင် ထာ၀ရနတ်ဆိုးခန္ဓာ၏ အကူအညီနှင့်အတူ အစစ်အမှန်နတ်ဘုရားနယ်ပယ် နောက်ပိုင်းအဆင့်စစ်သည်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဆို၍ရသည်။

နတ်ဆိုးဘုရင်စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာသည်။

"ကြည့်ရတာမင်းအောင်မြင်သွားပုံပဲ၊ ဘယ်လိုခံစားရလဲ"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ကျုပ် လေးခုမြောက်စွမ်းရည်ကို မဖွင့်လှစ်ရသေးပေမယ့် သွေးကြောစွမ်းအားကတော့ သိသိသာသာတိုးတက်လာခဲ့တယ်"

ဒီနေရာတွင် ရှောင်ဟိုင်တွေးလိုက်မိသည်။

သွေးကြောစွမ်းရည်အသစ်တစ်ခုဖွင့်လှစ်ပြီးတိုင်း ဝိဉာဉ်အပိုင်းအစတစ်ခု ပေါင်းစပ်ပြီးနောက်မှသာ ဖြစ်ပျက်ခဲ့သည်။

ထို့ကြောင့် ယုတ္တိတန်စွာဆိုရပါက အကြွင်းအကျန် စိတ်ဝိဉာဉ်အပိုင်းအစများကို စုပ်ယူခြင်းဖြင့်နောက်တစ်ခု ဖွင့်လှစ်နိုင်သည်။

သို့စေကာမူ ရှောင်ဟိုင်ကို ပဟေဠိဖြစ်စေတာက အရင်ဘ၀၌ သူ သူတော်စင်နတ်ဆိုးသွေးကြောကို မဖွင့်လှစ်နိုင်ခဲ့ပေ။

ထို့ကြောင့် ဒီစိတ်ဝိဉာဉ်အပိုင်းအစများက အရင်ဘ၀၌ ကောင်းကင်နတ်ဆိုးပြိုကွဲနည်းကြောင့် ပျံ့သွားခဲ့ပြီး ၎င်းတို့ကို စုပ်ယူခြင်းက သူ့အရင်ပုံစံကို ပြန်လည်တည်ဆောင်ရန်သာ။ ဒီလိုဆိုပါက ဒီဝိဉာဉ်အပိုင်းအစများက မည်သည့်အတွက်ကြောင့် သူ့၏ သူတော်စင်နတ်ဆိုးသွေးကြောကို အသက်၀င်စေပြီး စွမ်းရည်အသစ်များကို ယူဆောင်လာရလေသနည်း။

ဒီအခိုက်အတန့်၌ နတ်ဆိုးဘုရင် ရှောင်ဟိုင်၏အတွေးများကို ကြားဖြတ်လိုက်သည်။

"မင်းသိချင်မယ်လို့ ငါထင်တဲ့ သတင်းတစ်ခုရှိတယ်"

ရှောင်ဟိုင်မော့ကြည့်လိုက်၏။

နတ်ဆိုးဘုရင်ဆက်ပြောသည်။

"အခုသေမျိုးနယ်မြေက ပျက်စီးလုနီးပါးအခြေအနေမှာရှိနေပြီ၊ မိစ္ဆာနယ်မြေက ကုန်ကျတာတွေကို ဂရုမစိုက်ဘဲ အကြီးစားတိုက်ခိုက်မှုတစ်ခုစတင်ခဲ့ပြီး အခု သေမျိူးနယ်မြေက တံခါး၀ကို ရောက်နေပြီ၊ တကယ်လို့ ကျသွားမယ်ဆိုရင် သေမျိုးနယ်မြေ လုံး၀သိမ်းပိုက်ခံရနိုင်တယ်"

ဒါကိုကြားသောအခါ ရှောင်ဟိုင်၏ မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီးနောက် နတ်ဆိုးဘုရင်ဆီလှည့်ကာ မေးသည်။

"နတ်ဆိုးနယ်မြေရဲ့အရင်းအမြစ်တွေကို ကျုပ်သုံးလို့ရမလား"

နတ်ဆိုးဘုရင်တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

"သေချာပေါက်ရတာပေါ့"

"ဒါဆိုကျေးဇူးပြုပြီး သေမျိုးနယ်မြေကို ကူညီထောက်ပံ့ပေးပါ"

နတ်ဆိုးဘုရင်ထပ်ခေါင်းညိတ်ပြီး ရှောင်ဟိုင်ကို ဂူထဲကထွက်လာစေကာ ချောက်ကမ်းပါးထိပ်တွင် ရပ်စေသည်။ သူတို့အောက်တွင် နတ်ဆိုးနယ်မြေက လူအုပ်ကြီးက မျက်စိတစ်ဆုံးကျယ်ပြန့်နေသည်။

နတ်ဆိုးဘုရင် ကျယ်လောင်စွာ ကြေညာသည်။

"အစီအစဉ်တွေကိုပြောင်းမယ်၊ သူတော်စင်နတ်ဆိုးနေထိုင်တဲ့ သေမျိုးနယ်မြေက အရမ်းအန္တရာယ်ရှိနေပြီ၊ လူတိုင်းပဲ၊ သူတော်စင်နတ်ဆိုးကို ကူညီဖို့အတွက် သေမျိုးနယ်မြေကို သွားပြီး မိစ္ဆာနယ်မြေကို တွန်းလှန်ကြမယ်"

နတ်ဆိုးနယ်မြေကလူများက သူတော်စင်နတ်ဆိုးက သူတို့အတွက် ဘာကိုဆိုလိုသလဲဆိုတာ သိကြသည်။

သူတို့တဒင်္ဂလေးပင် တုံ့ဆိုင်းမနေဘဲ တညီတညာတည်း အော်ဟစ်လိုက်ကြ၏။

"တိုက်ခိုက်မယ်"

ဒီမြင်ကွင်းက ရှောင်ဟိုင်ကို အံ့ဩသင့်စေသည်။ သဘောထားလျင်မြန်စွာ ပြောင်းလဲခြင်းက နတ်ဆိုးနယ်မြေက ဘယ်လိုဖိနှိပ်ခံထားရပြီး ဒီရေများကို ပြောင်းပစ်ရန် မျှော်လင့်ချက်ဖြင့် ဘယ်လောက်ထိ တက်ကြွလာသလဲဆိုတာကို ပြသနေသည်။

.....

ဒီအခိုက်အတန့်၌ နဂါးငွေ့တန်းကြယ်စင်စုက စစ်ပင်လယ်တစ်ခုထဲ ကျရောက်နေသည်။

ယခုသေမျိုးနယ်မြေ၏ နောက်ဆုံးကာကွယ်ရေးလိုင်းအဖြစ် တစ်ချို့က စိတ်ပျက်အားငယ်မှုကို ပြသကြသော်လည်း အများစုက ဘယ်လောက်ပင် ကုန်ကျပါစေ သေသည်အထိ တိုက်ခိုက်ပြီး ကာကွယ်ရန် အသင့်ဖြစ်နေကြသည်။

သို့သော် အတွင်းဘက်တွင် သံသယများမြင့်တက်လာကြ၏။

အကြောင်းရင်းက မိစ္ဆာနယ်မြေ ကောင်းကင်မြင့်ပိုင်နက်ကို သိမ်းပိုက်ပြီးနောက် သုံးရက်နီးပါးမှာပင် နဂါးငွေ့တန်းကြယ်စင်စုကို အမြန်တွေ့သွားခဲ့ပြီး ဧရာမစစ်တပ်များက ချဉ်းကပ်လာခဲ့သောကြောင့်ပင်။

သေမျိုးနယ်မြေ၏ အစီအစဉ်ကိုပင် မသိပါက အမှောင်ပိုင်နက်ပင်လျှင် ဒီလောက်မြန်မြန် မလှုပ်ရှားနိုင်ပေ။

ထို့ကြောင့်ရှင်းလင်းချက်တစ်ခုတည်းသာ ရှိသည်။ သေမျိုးနယ်မြေအတွင်း သတင်းအချက်အလက်များကို မိစ္ဆာနယ်မြေအား ပို့ဆောင်ပေးသည့် အဆင့်မြင့်သူလျှိုများရှိနေခြင်းပင်။

သို့သောမည်သူဖြစ်နိုင်မည်နည်း။

အတွင်းဘက်တွင် သံသယတိမ်တစ်ခု ဖြစ်တည်လာခဲ့သည်။

ဒီအခိုက်အတန့်၌ မြို့ရိုးထိပ်တွင် နတ်သခင်ဖုတျန်း ခေးအောစ့်အနှစ်သာရဓားသခင်အနားသို့ ချဉ်းကပ်သွား၏။

"မင်းကိုကြည့်ရတာ နည်းနည်းဒုက္ခရောက်နေပုံပဲ"

သူခေးအောစ့်အနှစ်သာရဓားသခင်ဘေးတွင် ရပ်နေစဉ် ကျန်သောအဆင့်မြင့်အရာရှိများကလည်း နတ်သခင်ဖုတျန်းပြောတာကို ကြားရသည်။

သူတို့က ခေးအောစ့်အနှစ်သာရဓားသခင်အား အံ့ဩစွာ လှည့်ကြည့်ကြသည်။

ခေးအောစ့်အနှစ်သာရဓားသခင်၏ အမူအရာက အေးစက်နေပြီး တစ်ကိုယ်လုံးကို အနက်ရောင်၀တ်ရုံအောက်တွင် ဖုံးထားသည့် နတ်သခင်ဖုတျန်းအား ကြည့်ရင်း ပြောသည်။

"ဒီလိုနည်းဗျူဟာမျိုးက နည်းနည်းရှေ့ရိုးဆန်လွန်းတယ်မလား"

နတ်သခင်ဖုတျန်းပြန်ပြောတာကိုပင် စောင့်မနေတော့ဘဲ ခေးအောစ့်အနှစ်သာရဓားသခင် ခေါင်းခါယမ်းသည်။

"ဒါပေမယ့် အတော်လေးတော့ အသုံး၀င်ပါတယ်"

ယခုလိုပြင်ရန်သူများရှိနေသည့် အရေးပေါ်အခြေအနေမျိုးတွင် သေမျိုးနယ်မြေ၌ အတွင်းက သူလျှိုများအား အမြစ်ဖြတ်ပစ်ရန်အတွက် အပိုစွမ်းအားမရှိပါ။

နတ်သခင်ဖုတျန်းပြောလိုက်သည့် စကားလုံးများက အလွန်အမင်းဆွပေးနေသည့်အသွင်။ သာမန်အခြေအနေများအောက်တွင် ရည်ရွယ်ချက်က အရမ်းရှင်းပြီး ခြေရာများက သိသာထင်ရှားမည်သာ။

သို့သော် ဒီလိုအရေးကြီးအချိန်အခါတွင် လူတိုင်း၏စိတ်ထဲ၌ သံသယ၏ အစေ့တစ်စေ့က သူတို့ကို သံသယ၀င်စေပြီး အားလုံး၏ မျက်လုံးများက အနည်းနှင့်အများဆိုသလို ခေးအောစ့်အနှစ်သာရဓားသခင်အား အာရုံစိုက်နေကြမည်သာ။

အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာတို့၏ အကြည့်များက ဒီနှစ်ဦးအကြား ရွေ့နေကြ၏။

ကလန်!

လူတိုင်း၏အကြည့်ကို သတိထားမိသောအခါ ခေးအောစ့်အနှစ်သာရဓားသခင် ရှင်းလင်းချက်သိပ်မပေးဘဲ ဓားမြည်သံနှင့်အတူ သုံးပေရှည်ဓားကို ထုတ်လိုက်၏။

"အဲဒီအချိန်ကျရင် ငါက ရှေ့ကနေဦးဆောင်ပေးမယ်၊ မင်းတို့ကတော့ အားလုံးကိုသိလာရမှာပါ" ထို့နောက် သူဓားထိပ်နှင့် နတ်သခင်ဖုတျန်းအား ညွှန်ပြပြီး သူ့အသံက တဖြည်းဖြည်းခက်ထန်လာသည်။

"သွေးလွှမ်းတိုက်ပွဲဖြစ်လာမယ်ဆိုရင်တော့ လူတိုင်းသူ့ကို ဖြုတ်ချနိုလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

တကယ်တမ်းတွင် ဒါကအကောင်းဆုံး အဖြေပေတည်း။

သို့သော်ပေးဆပ်ရမည်က သူ့ဘ၀ကိုယ်တိုင်ဖြစ်လောက်သည်။

ဒီအခိုက်အတန့်၌ ခေးအောစ့်အနှစ်သာရဓားသခင် သေမျိုးနယ်မြေစစ်တပ်ရှေ့သို့ တိုက်ရိုက်၀င်သွားပြီး သူ့၏သုံးပေရှည်ဓားက ပြင်းထန်စွာ ပိုင်းဖြတ်ပစ်သည်။

သူ့တွင် တစ်နည်းနည်းဖြင့် အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ခွန်အားကို ရယူနိုင်ခဲ့သည်။

နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်တဖြစ်လဲ ခေးအောစ့်အနှစ်သာရဓားသခင်က ဒီလိုပြင်းထန်သည့်သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးတွင် ယဲ့ချိုးပိုင်၏ လုပ်ရပ်များကနေ လှုံ့ဆော်ခြင်းကိုလည်း ခံရသဖြင့် သူ့နယ်ပယ်က သိသာစွာ တိုးလာခဲ့သည်။

ဒါကိုမြင်သော် သေမျိုးနယ်မြေ၏ အဆင့်မြင့်ပုဂ္ဂိုလ်များက သူတို့အကြည့်ကို နတ်သခင်ဖုတျန်းထံ အာရုံစိုက်လိုက်ကြ၏။

ယင်းနောက် နတ်သခင်ဟောင်တျန်း နတ်သခင်ဖုတျန်းနောက်တွင် တိုက်ရိုက်ပေါ်လာပြီး သူကျောကို ပုတ်ရန်အတွက် လက်ကို ဆန့်လိုက်သည်။

"ကြည့်ရတာ ပြဿာနာက....."

သို့စေကာမူ သူစကားပြော၍ မပြီးသေးခင်မှာပင် နတ်သခင်ဟောင်တျန်း၏ လက်က အနက်ရောင်၀တ်ရုံကို ထိမိသောအခါ ၎င်းက မြေပေါ်သို့ ချက်ချင်းပင်ကျသွားသည်။

နတ်သခင်ဟောင်တျန်း မျက်တောင်ခတ်လိုက်မိပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။

ကောင်းကင်ထက်တွင် အဆုံးမဲ့မိစ္ဆာအော်ရာနှင့် လွှမ်းခြုံထားသည့် ပိန်လှီနေသော လူတစ်ယောက်က လူတိုင်းခေါင်းအထက်တွင် လွင့်မြောနေပြီး ဆိုးယုတ်သည့်အပြုံးဖြင့် အားလုံးကို ငုံ့ကြည့်နေသည်။

ယခုတော့အရမ်းကို ရှင်းသွားလေပြီ။

နတ်သခင်ဖုတျန်းက တကယ်တမ်းတွင် ငရဲနတ်ဆိုးဒေသမှ လူတစ်ယောက်ပေတည်း။

နတ်သခင်ဖုတျန်း စာလိပ်တစ်လိပ်ကို ပစ်လိုက်စဉ် ဧရာမအစီအရင်တစ်ခုက မြို့ရိုးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အစီအရင်ထဲတွင် မရေမတွက်နိုင်လောက်သည့် မိစ္ဆာအော်ရာများက မြှားများအဖြစ် ကျုံ့သွားသည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနယ်မြေစစ်တက်အတွင်း ဦးဆောင်နေသည့်အကြီးအကဲ ဒီမြင်ကွင်းကိုမြင်သောအခါ ညွှန်ကြားသည်။

"အားအပြည့်နဲ့တိုက်ခိုက်၊ အရှိန်မြှင့်တင်ကြ"

အစစ်အမှန်နတ်ဘုရားအဆင့်အစီအရင် အော်ရာနှင့် အလျင်အမြန် ချဉ်းကပ်လာနေသည့် မိစ္ဆာနယ်မြေစစ်တပ်ကို မြင်ရသောအခါ လူတိုင်းစိတ်ပျက်အားငယ်သွားကြ၏။

အင်မော်တယ်ဧကရာဇ် စိတ်ထဲကနေ သက်ပြင်းချရင်း အင်မော်တယ်ဘိုးဘေးများ တည်ဆောက်ထားသည့် ယာယီလမ်းကြောင်းတစ်ခုကနေတဆင့် နောက်ဆုတ်ပြီး သေမျိုးနယ်မြေကို စွန့်လွှတ်ရန်အတွက် ခေါ်တော့မည့်အချိန်တွင် ကောင်းကင်က ထူထပ်သည့်တိမ်များနှင့် စတင်မှောင်မိုက်လာသည်။

မိစ္ဆာနယ်မြေစစ်တပ်နောက်တွင် ကြီးမားသည့်နတ်ဆိုးချီတစ်ခု ထိုးထွက်လာသည်။

မိစ္ဆာနယ်မြေစစ်တပ်၏အရှိန်က နှေးကွေးသွားပြီး နောက်ကနေ ပြင်းထန်သည့် တိုက်ပွဲများနှင့် အော်ဟစ်သံများစွာ ထွက်လာသည်။

လေထဲတွင် မိစ္ဆာသခင်၏ပုံရိပ် ရုတ်တရက်ပေါ်လာစဉ် တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင်ကလည်း သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်။

အလားတူစွာ အရိပ်တစ်ခုက မြို့ရိုးအထက်က ကောင်းကင်ကို ဖြတ်သန်းသွားပြီး လက်သီးချက်တစ်ချက်နှင့်အတူ နတ်သခင်ဖုတျန်းထံ တည့်တည့်ဦးတည်သွား၏။

အပိုင်း(1277) coming။

All Chapters