← Chapters

#မဟာမိတ်၏ လျှို့ဝှက်ချက်များ#

Vol. 91 Ch. 1277

#မဟာမိတ်၏ လျှို့ဝှက်ချက်များ#

Vol. 91 Ch. 1277

သေမျိုးနယ်မြေတွင် လျှို့ဝှက်သူလျှိုများရှိမည်သာ။ ဒါက အထက်ပုဂ္ဂိုလ်များအကြား လူသိများသည့်အချက်ပေတည်း။

မဟုတ်ပါက သေမျိုးနယ်မြေ၏ သတင်းအချက်အလက်များကို ဒီလောက်မြန်မြန် သိမည်မဟုတ်။

စစ်ဆင်ရေးများစွာကို အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ်နယ်မြေမှ စီနီယာအရာရှိများ ဆွေးနွေးခဲ့ကြသည့် အတွက်ကြောင့်သာ ငရဲနတ်ဆိုးဒေသက လူများက သူတို့အကြောင်း ကြိုမသိကြခြင်းပင်။

သို့စေကာမူ သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေ၏ အထက်ပုဂ္ဂိုလ်များ ကိစ္စရပ်များကို အတူတကွဆွေးနွေးသောအခါ လမ်းကြောင်းရော သူတို့လုပ်ရပ်များ၏ အကြောင်းအရာများကိုပါ ရန်သူများက သိသွားခဲ့ကြသည်။

အမှောင်ပိုင်နက်က အတွင်းရေးစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး လှည့်စားခံရသူတစ်ချို့ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် သူတို့ထိုအချိန်က သတိနည်းနည်းလျှော့ပါးခဲ့ကြသည်။

ယခုတွင်မူ နတ်သခင်ဖုတျန်း၏ ရုတ်တရက်သစ္စာဖောက်မှုက လူတိုင်းကို နိုးကြားသွားစေသည်။

အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာစိတ်ထဲကနေ သက်ပြင်းချကြပြီး အဆိုးဆုံးအခြေအနေအပေါ် မမျှော်လင့်ထားသည့် ပြောင်းလဲမှုတစ်ခု မဖြစ်ပျက်လာသေးသရွေ့ သေမျိုးနယ်မြေကို စွန့်ခွာပြီး အင်မော်တယ်နယ်မြေသို့ထွက်ပြေးရန် အဆင်သင့်ပင်ဖြစ်နေကြသည်။

မိစ္ဆာစစ်တပ်နောက်ဘက်တွင် နတ်ဆိုးနက်စွမ်းအင်လှိုင်းလုံးကြီးထိုးတက်လာခဲ့သည်။

မိစ္ဆာနယ်မြေစစ်တပ်၏ တိုက်ခိုက်မှုကလည်း ဒီအခိုက်အတန့်၌ ရပ်သွားပြီး သူတို့နောက်မှ ကမ္ဘာတုန်လှုပ်ဖွယ်ရာအော်ဟစ်သံများ ထိုးထွက်လာခဲ့သည်။

လေထဲတွင် မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ပေါ်လာစဉ် သူတို့ဘေး၌ အင်မော်တယ်ဘိုးဘေးသုံးဦးကလည်း တစ်ပြိုင်နက်တည်း ပေါ်လာကြ၏။

မိစ္ဆာသခင် သုန်မှုန်သည့်အကြည့်နှင့်အတူ နတ်ဆိုးဘုရင်အား စိုက်ကြည့်လိုက်သည်။

"မင်းတကယ်ပဲငါ့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားပြီးပြီလား"

နတ်ဆိုးဘုရင် သာမန်ကိစ္စတစ်ခုခုကို ဆွေးနွေးနေသကဲ့သို့ပင် တည်ငြိမ်သည့် အမူအရာဖြင့် ပြန်ဖြေသည်။

"မင်းတို့အခုနောက်ဆုတ်မယ်ဆိုရင် နတ်ဆိုးနယ်မြေက မဟာမိတ်ဖွဲ့နိုင်ပါသေးတယ်"

သူတို့နှစ်ဦးအကြားက စကားပြောဆိုမှုက အင်မော်တယ်ဘိုးဘေးသုံးဦးကို အနည်းငယ် ဆွံအသွားစေသည်။

ဘာဖြစ်နေတာလဲ!

ကြည့်ရတာ နတ်ဆိုးနယ်မြေက ငါတို့နဲ့ပူးပေါင်းပြီး မိစ္ဆာနယ်မြေနဲ့ ပဋိပက္ခဖြစ်နေပုံပဲ!

နတ်ဆိုးဘုရင်၏ကမ်းလှမ်းမှုကို ကြားသောအခါ မိစ္ဆာသခင်မှာ ဒေါသထွက်လွန်းသဖြင့် ကျယ်လောင်စွာရယ်လိုက်မိသည်။

"ငါမင်းကိုအခွင့်အရေးမပေးခဲ့ဘူးလို့ မပြောနဲ့၊ အခွင့်အရေးကို လက်လွတ်ခံတဲ့လူက မင်းပဲ"

"မင်းရွေးချယ်မှုကြောင့် နတ်ဆိုးနယ်မြေက အဆုံးမဲ့သူရာချောက်ထဲ ဆွဲချခံရတော့မယ်"

မိစ္ဆာသခင်၏ စကားလုံးများကို ကြားသောအခါ နတ်ဆိုးဘုရင် အနည်းငယ် ခေါင်းညိတ်သည်။

"မင်းဒီလိုပြောလာပြီဆိုမှတော့ နောက်ဆုံးတော့ မင်းရဲ့မိစ္ဆာနယ်မြေက နတ်ဘုရားနယ်မြေနဲ့ ထိတွေ့ဆက်ဆံနေသေးတာကို ငါအတည်ပြုနိုင်သွားတာပေါ့၊ ဒါမှမဟုတ် ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့က နတ်ဘုရားနယ်မြေရဲ့ နောက်လိုက်ခွေးများလား"

နတ်ဆိုးနယ်မြေနှင့် မိစ္ဆာနယ်မြေတို့ နယ်မြေတစ်ခုတည်းအဖြစ် မဟာမိတ်ဖွဲ့ရသည့် အကြောင်းရင်းက သူတော်စင်တစ်၀က်လက်နက်ကြောင့်တင်မဟုတ်ဘဲ ပိုအရေးကြီးတာက မိစ္ဆာနယ်မြေက ပဏာမခြေလှမ်းလှမ်းခဲ့ပြီး မဟာနယ်မြေနှစ်ခုလုံးက သူတော်စင်တစ်၀က်လက်နက်စွမ်းအားနှင့် သူတို့အင်အားကို တိုးမြှင့်ရန်အတွက် မဟာမိတ်ဖွဲ့ရန် အဆိုပြုလာခဲ့ခြင်းပင်။

မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ လက်ရှိနယ်ပယ်အထိ ကြီးထွားလာခြင်းက ထိုသူတော်စင်တစ်၀က်လက်နက်ကြောင့်သာဖြစ်သည်။

သို့သော် သူတော်စင်စင်တစ်၀က်လက်နက်ကို မိစ္ဆာနယ်မြေက ပထမဆုံးတွေ့ခဲ့ခြင်းပင်။

ယေဘုယျအားဖြင့် ဆိုရပါက ယခုလိုနတ်ပစ္စည်းတစ်ခုကို ရပြီဆိုပါက ချုပ်ကိုင်ခြယ်လှယ်ရန်အတွက် ဘယ်လိုလုပ်မတွေးဘဲနေမည်နည်း။ မည်သည့်အတွက်ကြောင့် တခြားမဟာနယ်မြေများနှင့် မဟာမိတ်ဖွဲ့ပြီး မျှဝေရန်အတွက် ရွေးချယ်ရလေသနည်း။

ဒါက နတ်ဆိုးဘုရင်စိတ်ထဲတွင် အမြဲရှိနေသည့် သံသယတစ်ခုဖြစ်သည်။

နှစ်များစွာအကြာ၌ လုပ်ရပ်အမျိုးမျိုးက နတ်ဆိုးဘုရင်စိတ်ထဲ သံသယများကို ဖြည်းဖြည်းချင်း ဆောင်ကြဉ်းပေးခဲ့သည်။ ဒီမကြာသေးခင်က နောက်ဆုံးစကားလုံးများက နတ်ဆိုးဘုရင်အား မိစ္ဆာနယ်မြေက တကယ်တမ်းတွင် နတ်ဘုရားနယ်မြေ၏ နောက်လိုက်ခွေးဖြစ်နေတာကို အတည်ပြုစေခဲ့သည်။

ဒီလိုဆိုပါက မည်သည့်အတွက်ကြောင့် သူတို့နတ်ဆိုးနယ်မြေကို ချဉ်းကပ်ရလေသနည်း။

အကြောင်းက ဒီနည်းနှင့်ဆိုပါက နတ်ဘုရားနယ်မြေက နတ်ဆိုးနယ်မြေအား ကမ္ဘာကြီးထဲတွင် သူတော်စင်နတ်ဆိုးသွေးကြော ပြန်ပေါ်လာသလားဆိုတာကို ကြည့်ရန်အတွက် ကောင်းကောင်းစောင့်ကြည့်နိုင်မည်ဖြစ်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် သေမျိုးနယ်မြေအပေါ် တိုက်ခိုက်မှုကလည်း မိစ္ဆာနယ်မြေ၏ သွယ်ဝိုက်သောလှုပ်ရှားမှုဖြစ်သည်။

ဒီနည်းနှင့် နယ်မြေနှစ်ခုက တစ်ခါက မြင့်တက်လာခဲ့ပြီး နတ်ဘုရားနယ်မြေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေခဲ့သော သေမျိုးနယ်မြေကိုလည်း လုံး၀ဖယ်ရှားပစ်နိုင်ပေသည်။

ဒီနေရာတွင် အရာတိုင်းက အဓိပ္ပာယ်ရှိသွားလေပြီ။

မိစ္ဆာသခင် နတ်ဆိုးဘုရင်အား ပြန်လည်ချေပခြင်းမရှိဘဲ နှာခေါင်းရှုံ့သည်။

"ငှက်ကောင်းတစ်ကောင်က အသိုက်ဖွဲ့ဖို့ သစ်ပင်ကောင်းကို ရွေးသလို ပညာရှိက ခစားဖို့အတွက် အရှင်သခင်ကို ရွေးတယ်၊ နတ်ဘုရားနယ်မြေရဲ့စွမ်းအားနဲ့ဆိုရင် မိစ္ဆာနယ်မြေကို ပိုမြင့်မားတဲ့အမြင့်တစ်ခုကို တွန်းပို့နိုင်မှာပဲလေ၊ ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား"

ဒါနှင့်ပတ်သက်ပြီးဘာမှမမှားပါ။ သို့မဟုတ် နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်းတို့အတွက်လည်း ဘာကွဲပြားချက်မှမရှိပါ။

လူတိုင်း၏ ကြီးထွားရေးလမ်းကြောင်းက မတူပေ။ ဒီအဆင့်ကိုရောက်နေသရွေ့ အောင်မြင်နေသရွေ့ ကြီးထွားမှုသမိုင်းကို မည်သူက ဂရုစိုက်မည်နည်း။ မည်သူက ဒါကိုပြောရဲမည်နည်း။

"အခုသူတော်စင်နတ်ဆိုးသွေးကြော ပြန်ပေါ်လာပြီဆိုတော့ အကျိုးဆက်တွေကို မင်းသိမှာပါ" မိစ္ဆာသခင်နှာခေါင်းရှုံ့သည်။

"ဒါပေမယ့်အဖတ်ဆယ်ဖို့ အခွင့်အလမ်းမရှိဘူး၊ နတ်ဆိုးနယ်မြေက လူတိုင်းက နတ်ဘုရားနယ်မြေဆီမှာ ဝိဉာဉ်တွေကို ဆက်သမယ်ဆိုရင်တောင် အရင်းအမြစ်တွေ ပိုရရုံတင်မက ကောင်းကောင်း ရှင်ကျန်နိုင်သေးတာပဲလေ"

ဒါကိုကြားသောအခါ နတ်ဆိုးဘုရင်၏ မျက်လုံးထဲ အေးစက်သည့်အလင်းတစ်ချက် ဖြတ်သန်းသွား၏။

"နတ်ဘုရားနယ်မြေလား၊ နတ်ဘုရားနယ်မြေကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့နတ်ဆိုးနယ်မြေက လက်ရှိအခြေအနေကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ"

မိစ္ဆာသခင်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ သေခြင်းတရားအတွက်ပဲ စောင့်နေတော့"

သူတို့နှစ်ယောက်ဖော်ပြသည့် သတင်းအချက်အလက်များက အင်မော်တယ်ဘိုးဘေးသုံးဦး၏ အမူအရာကို လေးနက်သွားစေပြီး မျက်လုံးများက ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။

အစက နတ်ဆိုးနယ်မြေမှ ပုန်ကန်မှုက သူတို့အတွက် မျှော်လင့်ချက်လက္ခဏာတစ်ခုဟုသာ ထင်ခဲ့ပြီး သူတို့ကို မဖျက်ဆီးရန်အတွက် သေချာစေခဲ့သည်။

သို့သော် အဆုံးတွင် အင်မော်တယ်ဘိုးဘေးသုံးဦး၏ နှလုံးသားထဲတွင် မုန်တိုင်းထန်နေလေပြီ။

နတ်ဘုရားနယ်မြေက ကိုယ်တိုင်လှုပ်ရှားအရေးယူတော့မှာလား!

တကယ်တမ်း ဒီလိုဆိုပါက သူတို့တွင် ခုခံရန်အတွက် အခွင့်အလမ်းမရှိပေ။

နတ်ဘုရားနယ်မြေ!

နတ်ဆိုးနယ်မြေနှင့် သေမျိုးနယ်မြေတို့၏ ထိပ်တန်းကာလများအတွင်းပင်လျှင် နတ်ဘုရားနယ်မြေအား မယှဉ်နိုင်လေရာ ယခုဘယ်လိုလုပ် ဆန့်ကျင်နိုင်မည်နည်း။

ဘိုးဘေးနယ်ပယ်စွမ်းအားရှင်ငါးဦး အချင်းချင်းထိပ်တိုက်တွေ့နေစဉ် နတ်သခင်ဖုတျန်း အစီအရင်ကို သုံးလိုက်သည့် အခိုက်အတန့်၌ အရိပ်တစ်ခုက လေဟာနယ်ကို ချိုးဖျက်ကာ အရာတိုင်းကို လုံး၀အပိုင်းပိုင်းကွဲသွားစေပြီး နတ်သခင်ဖုတျန်းထံ ပြေး၀င်သွား၏။

နတ်သခင်ဖုတျန်း တစ်ခုခုမှားနေတာကို အလျင်အမြန် သတိထားမိကာ အရိပ်တိုး၀င်လာသည့် နေရာဘက်သို့ ရုတ်တရက်လှည့်လိုက်သည်။ သို့သော် သူခေါင်းလှည့်လိုက်သည်နှင့် အရိပ်ကအနီးတွင် ရောက်နေပြီဖြစ်ကာ လက်သီးက သူ့ရင်ဘတ်တည့်တည့်သို့ ကျရောက်လာသည်။

မိစ္ဆာအော်ရာဒိုင်းတစ်ခုက နတ်သခင်ဖုတျန်းရင်ဘတ်ရှေ့၌ ချက်ချင်းသိပ်သည်းလာသည်။

သို့စေကာမူ အလျင်အမြန်ဖွဲ့စည်းထားသည့်ဒိုင်းက ချက်ချင်းဆိုသလို အစိတ်စိတ်အပိုင်းပိုင်းကွဲသွားရပြီး သူ့ရင်ညွှန့်ရိုးကို တိုက်ရိုက်ထိမှန်းသည်။

ဒီအခိုက်အတန့်၌ အက်ကွဲသံများက ဗုံးတစ်လုံးကဲ့သို့ပင် ပေါက်ကွဲသွား၏။

နတ်သခင်ဖုတျန်း၏ရင်ဘတ်က မြင်သာစွာပင် ချိုင့်၀င်သွားပြီး သူ့ကျောရိုးတစ်ဝိုက်က နေရာကပွင့်ထွက်လာပြီး သွေးများပင် ထွက်လာသည်။

ဘန်း....ဘန်း.....ဘန်း.....!

နတ်သခင်ဖုတျန်း အမြောက်ဆံတစ်ခုပမာနောက်သို့လွင့်စင်သွားရသည်။

အရိပ်၏ပုံရိပ်ကလည်း ရပ်သွားစဉ် တဖြည်းဖြည်းစတင်ရှင်းလင်းလာသည်။

ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အလွန်ပျော်သွားကြသည်။

"ဂျူနီယာရှောင်ဟိုင်"

ရှောင်ဟိုင်ခေါင်းငုံ့ကာ လူအုပ်စုကို အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် ခေါင်းပေါ်က အစီအရင်ကို ချက်ချင်းကြည့်လိုက်၏။

ဒါက အစစ်အမှန်နတ်ဘုရားအဆင့် အစီအရင်တစ်ခုဖြစ်သော်လည်း ရုတ်တရက်ဆိုသလို ရှောင်ဟိုင်တစ်ကိုယ်လုံး၌ ပုံစံအဆင်းရှစ်ခုပေါ်လာသည်။

ဘုန်း......!

မိုးကြိုးကဲ့သို့နှလုံးခုန်သံက ရှောင်ဟိုင်၏ နှလုံးထဲကနေ ပေါက်ကွဲထွက်လာသည်။

ကြီးမားသည့်ရုပ်ခွန်အားက ရှောင်ဟိုင်အနီးတွင် ၀ဲလည်နေပြီး အာကာသကို အလွှာလိုက်ပြိုကွဲစေကာ အဆက်မပြတ်ပုံပျက်စေသည်။

အပေါ်သို့မော့ကြည့်လိုက်စဉ် ရှောင်ဟိုင် အထက်က အစီအရင်၏ ဗဟိုချက်တည့်တည့်သို့ တိုက်ရိုက်ထိုးနှက်ပစ်သည်။

ဒုန်း.....ဒုန်း.....ဒုန်း......!

ကြီးမားသည့်အသံများက မိုးနှင့်မြေအတွင်း ပဲ့တင်ထပ်သွားပြီး ဧရာမလက်သီးအားက အစီအရင်အား ပေါက်ကွဲစေသည်။

ရုတ်ချည်းဆိုသလို မိစ္ဆာအော်ရာမြှားများက ကျိုးပဲ့ကာ အစီအရင်ထဲက ကြီးမားသည့် အက်ကြောင်းများပေါ်လာပြီးနောက် ပျောက်ကွယ်သွားရသည်။

လက်သီးတစ်ချက်တည်းနှင့် သူအစစ်အမှန်နတ်ဘုရားအဆင့်အစီအရင်တစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။

ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ် ဖြူရော်နေပြီး ဒီမြင်ကွင်းကိုကြည့်ရင်း ရယ်မောသည်။

"ကြည့်ရတာ ဂျူနီယာညီလေးရှောင်ဟိုင်ရဲ့ ခွန်အားက အကြီးအမားတိုးတက်လာပုံပဲ"

ဟုန်ရင်ခေါင်းညိတ်သည်။

"ကျွန်မတို့လည်းကြိုးစားဖို့လိုနေပြီ၊ ဂျူနီယာမောင်လေးကို ကျွန်မတို့နဲ့ အရမ်းဝေးသွားအောင် လုပ်လို့မရဘူး"

နင်းချန်ရှင်း အပြုံးလေးနှင့်ပြောသည်။

"ဒါပေမယ့် အခုကြည့်ရတာ ညီလေးရှောင်ဟိုင်က ကျွန်တော်တို့ကို ကာကွယ်ပေးနေပုံပဲ"

ဒီအခိုက်အတန့်၌ ရှောင်ဟိုင် ရှေ့သို့ ကြည့်လိုက်သည်။

ထိုနေရာက နတ်သခင်ဖုတျန်းပစ်ချခံရသည့်နေရာပေတည်း။

နတ်သခင်ဖုတျန်းသူ့ခန္ဓာကို ကွေးညွှတ်ရင်း ဖြည်းဖြည်းချင်းထလာစဉ် သူ့တစ်ကိုယ်လုံးက တစ္ဆေများကဲ့သို့ မိစ္ဆာအော်ရာများက လွှမ်းခြုံရင်း ရစ်ပတ်ထားကြ၏။

ဒီအော်ရာက နတ်သခင်တစ်ယောက် ပြသနိုင်သည့်အော်ရာတစ်ခုမဟုတ်တာ ရှင်းနေသည်။

အပိုင်း(1278) coming။

All Chapters