#ရှောင်ဟိုင်၊ ခင်ဗျားရူးနေတာလား#
Vol. 91 Ch. 1278
သေမျိုးနယ်မြေ၌ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းထဲတွင် နတ်သခင်ဖုတျန်း၏ခွန်အားက အဆန်းကြယ်ဆုံးဖြစ်သည်။
နတ်သခင်ဖုတျန်းလှုပ်ရှားတာကို မည်သူမှ မမြင်ဖူးသလို နတ်သခင်ဖုတျန်းနှင့် တွေ့ဆုံသူတိုင်း မည်သူမှ အသက်မရှင်သန်ခဲ့ပါ။
အတိတ်တွင် တစ်ချို့က နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းအနက် နတ်သခင်ဖုတျန်းကို နောက်ဆုံးတွင် ထားသင့်သည်ဟု သတ်မှတ်အကြံပြုခဲ့ကြသော်လည်း တကယ်တမ်းတွင် နတ်သခင်ဖုတျန်းက နတ်သခင်အဆင့်စွမ်းအားရှင်များအနက် ထိပ်ဆုံးဟု အများစုက ယုံကြည်ကြသည်။
ယခုတွင်မူ လူတိုင်းမှားသွားကြပုံပင်။
နတ်သခင်ဖုတျန်း... တစ်နည်းအားဖြင့် အစစ်အမှန်နတ်ဘုရားဖုတျန်းက လူတိုင်းကို လှည့်စားနိုင်လောက်သည်အထိ သူ့ခွန်အားကို နက်နက်ရှိုင်းရှိုင်းကို ဖုံးကွယ်ထားခဲ့သည်။
ဒီအခိုက်အတန့်၌ အစစ်အမှန်နတ်ဘုရားဖုတျန်း လေထဲတွင်လွင့်မျောနေပြီး ရှောင်ဟိုင်ကို ကြည့်သည်။
"သူတော်စင်နတ်ဆိုးသွေးကြောက တကယ်ကို ဂုဏ်သတင်းနဲ့ကိုက်ညီပါပေတယ်၊ သူ့ရဲ့ ကြီးထွားနှုန်းက တကယ်အံ့ဩစရာပဲ"
ရှောင်ဟိုင် အစစ်အမှန်နတ်ဘုရားဖုတျန်းကို လှမ်းကြည့်သည်။
"ခင်ဗျား သူတော်စင်နတ်ဆိုးသွေးကြောအကြောင်းကို သိနေမှတော့ ဒါက ခင်ဗျားက အစကတည်းက မိစ္ဆာနယ်မြေကလို့ ဆိုလိုနေတာမလား"
အစစ်အမှန်နတ်ဘုရားဖုတျန်းမငြင်းဘဲ ညင်သာစွာရယ်မောသည်။
"ဘာလဲ၊ မင်းဒေါသထွက်နေတာလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ခင်ဗျားကြောင့်ပဲ သေမျိုးနယ်မြေက ပိုကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားခဲ့ရတယ်၊ ခင်ဗျားကသေဖို့ထိုက်တန်ပါတယ်"
"ကောင်းတာပေါ့၊ သူတော်စင်နတ်ဆိုးသွေးကြောက ဘယ်လောက်ထိသွားနိုင်သလဲဆိုတာ ငါကြည့်ပါရစေ" ထိုသို့ဆိုရင်းအစစ်အမှန်နတ်ဘုရားဖုတျန်း ရှောင်ဟိုင်အား တိုက်ခိုက်သည်။
သူရှေ့သို့ပြေးသွားစဉ် မိစ္ဆာဝိဉာဉ်အမျှင်စများက အစစ်အမှန်နတ်ဘုရားဖုတျန်းတစ်ဝိုက်၌ ငရဲတစ္ဆေများပမာ ပူးကပ်နေကြ၏။ အစစ်အမှန်နတ်ဘုရားနယ်ပယ် နောက်ပိုင်းအဆင့်အော်ရာက ပေါက်ကွဲသွားသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်ကလည်း လုံး၀နောက်မဆုတ်ဘဲ အစစ်အမှန်နတ်ဘုရားဖုတျန်းကို ထိပ်တိုက်တွေ့ဆုံရသောအခါ မည်သည့်အားနည်းချက်ကိုမှ မပြသပေ။
သူတို့၏ထိပ်တိုက်တွေ့ဆုံမှုက မရေမတွက်နိုင်လောက်သော ပရိသတ်များ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။
မိစ္ဆာသခင်ကလည်း ရှောင်ဟိုင်ကို အသေအချာစောင့်ကြည့်ရင်း သူတော်စင်နတ်ဆိုးသွေးပြောက ဘယ်လိုမယုံနိုင်စရာရှုထောင့်မျိုးကို ပိုင်ဆိုင်ထားသလဲဆိုတာ သိချင်နေမိသည်။
ဒါကနယ်ပယ်အကြားကွာဟချက်ကို အလွယ်တကူအစားထိုးနိုင်မည်လား!
ယင်းနောက်တွင် အစစ်အမှန်နတ်ဘုရားဖုတျန်း၏ လက်များက ရှောင်ဟိုင်ရှေ့က ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်ပြီး ရုတ်တရက် ရှောင်ဟိုင်ရှိရာနေရာသို့ မိစ္ဆာဝိဉာဉ်စီးကြောင်းတစ်ခု ဦးတည်လာသည်။
ဒီဟစ်ကြွေးနေသည့်မိစ္ဆာဝိဉာဉ်များကို ရင်ဆိုင်ရစဉ် အသံလှိုင်းများက ရှောင်ဟိုင်ကို လုံး၀သက်ရောက်ခြင်းမရှိပါ။
ရှောင်ဟိုင်အေးစက်သည့်အမူအရာတစ်ခုကို ဆင်မြန်းထားသေးပြီး သူ့ကိုယ်ပေါ်၌ ပုံစံအဆင်းရှစ်ခုက တစ်ပြိုင်နက်တည်း တောက်ပလာပြီး သွေးအလင်းက ကိုယ်မျက်နှာပြင်၌ ရစ်ပတ်နေသည်။
ဒီသွေးကြောအော်ရာက ရှောင်ဟိုင်ကိုယ်၌ သဘာ၀အတားအဆီးတစ်ခုကို ဖြစ်စေပြီး အရာတိုင်းကို ခုခံနိုင်စွမ်းရှိပုံပင်။
ဒါကိုမြင်သောအခါ အစစ်အမှန်နတ်ဘုရားဖုတျန်းအနည်းငယ် မျက်ခုံးကျုံ့ရင်း ရှောင်ဟိုင်အနားသို့ရောက်သွားသောအခါ သူ့လက်များက ရုတ်တရက် အတူတကွရောက်ရှိလာကြ၏။
ဧရာမမိစ္ဆာအော်ရာလက်ဖဝါးချက်နှစ်ခုက ရှောင်ဟိုင်ကိုယ်နှစ်ဘက်စလုံးတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ရှောင်ဟိုင်အား ဖိသိပ်နေသည်။
မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်နတ်ဘုရားနယ်ပယ် နောက်ပိုင်းအဆင့်စွမ်းအားရှင်တစ်ဦးဖြစ်သည့်အပေါ် ရှောင်ဟိုင် ပြိုင်ဘက်၏တိုက်ခိုက်မှုကို လုံး၀လျစ်လျူရှုထား၍မရပေ။
ရှောင်ဟိုင်ရပ်ကာ လေထဲတွင်ရပ်နေပြီး လက်သီးဆုပ်ရင်း ဘေးက လက်ဖဝါးချက်များဆီသို့ ထိုးနှက်ပစ်သည်။
ဘန်း.......!
မိစ္ဆာအော်ရာနှင့် နတ်ဆိုးချီတို့က အချင်းချင်းတိုက်ခိုက်နေကြသည်။
သို့သော် အစစ်အမှန်နတ်ဘုရားဖုတျန်း ဖန်တီးသည့်လက်ဖဝါးချက်များပေါ်၌ မိစ္ဆာအော်ရာက ကြောက်နေသည့်အလား အစွန်းတစ်ဝိုက်တွင် ပျောက်ကွယ်သွားတာကို ရှင်းလင်းစွာမြင်နိုင်သည်။
ဒါကသွေးကြောမှ အကြွင်းမဲ့ဖိနှိပ်မှုပေတည်း။
ရှောင်ဟိုင်၏လက်သီးချက်များ အနည်းငယ် တုန်ယင်သွားစဉ် လက်ဖဝါးချက်ကြီးနှစ်ချက်ကလည်း ကြေမွပြိုကွဲသွားရသည်။
ဒီအခိုက်အတန့်မှာပင် အစစ်အမှန်နတ်ဘုရားဖုတျန်း၏ပုံရိပ်က ရှောင်ဟိုင်မျက်သူငယ်အိမ်ထဲတွင် ချက်ချင်းကြီးလာပြီး လက်အစုံက လက်သည်းများပမာကွေးသွားကာ ရှောင်ဟိုင်ထံ ဆန့်တန်းလာသည်။
"ကောင်းကင်ခွဲခြမ်းလက်သည်း"
ရုတ်ချည်းဆိုသလို အစစ်အမှန်နတ်ဘုရားဖုတျန်း၏ လက်သည်းများက ဆန့်ထွက်လာပြီး အလွန်အမင်းထက်ရှကာ အနက်ရောင်သို့ပြောင်းသွားသည်။
သူအာကာသအတွင်းဖြတ်သွားစဉ် လက်သည်းနက်အမှတ်အသားများ ပေါ်လာသည်။
ဒီတိုက်ခိုက်မှုကို အစစ်အမှန်နတ်ဘုရားဖုတျန်းနှင့် နယ်ပယ်တူကလူများပင်လျှင် ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်။
သို့စေကာမူ ရှောင်ဟိုင်က တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရတာကို ပိုကြိုက်သည်။ သူ့ကိုယ်ကို နတ်ဆိုးဘုရင်ချပ်၀တ်က ဖုံးလွှမ်းသွားပြီး သွေးကြောအော်ရာက ရုတ်တရက် ထိုးထွက်လာခဲ့သည်။
၎င်းက ပြင်းထန်သည့်နတ်ဆိုးချီနှင့် ပေါင်းစည်းသွားသောအခါ ရှောင်ဟိုင်နောက်တွင် ကြီးမားခိုင်ခံ့သည့် နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ဖြည်းဖြည်းချင်း စတင်ဖြစ်တည်လာသည်။
ဒီအခိုက်အတန့်၌ သွေးကြောများက ရှောင်ဟိုင်ညာလက်မောင်းတစ်ဝိုက်တွင် စတင်အဆက်မပြတ်ရစ်ပတ်နေသည်။
နောက်ကပုံရိပ်ယောင်နှင့်အတူ သူ့၏ကြီးမားသည့်ညာလက်မောင်းကလည်း သွေးနီရောင်အမျှင်များနှင့် ဆက်စပ်သွား၏။
သွေးကြောအရှုပ်အထွေး!
သွေးကြောကို အပြည့်အ၀အသက်သွင်းပြီးနောက် ရှောင်ဟိုင်၏ သွေးကြောအရှုပ်အထွေးစွမ်းရည်တိုးတက်မှုကလည်း အဆပေါင်းများစွာ တိုးလာခဲ့သည်။
ထို့နောက် ရှောင်ဟိုင်ညာလက်မောင်းကို မြှောက်ပြီး လက်ဖဝါးကို လက်သီးချက်အဖြစ်ပြောင်းကာ အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ကောင်းကင်ခွဲခြမ်းလက်သည်းနှင့် တွေ့ဆုံစေသည်။
လက်သည်းက လက်သီးနှင့်တွေ့ဆုံမိသည်။
ဒီနှစ်ခုမထိတွေ့ခင်မှာပင် ဗဟိုချက်တွေ့ဆုံမည့်နေရာရှိ လေဟာနယ်က စက္ကူစအဖြစ်ကနေ မီးရှို့ခံလိုက်ရသည့်အလား ပြာအဖြစ် ပြန့်ကျဲသွားကြ၏။
ဒီမြင်ကွင်းကို ကြည့်နေကြသည့် ပရိသတ်များ၏ အမူအရာက ပိုပို၍ပင် လေးနက်လာသည်။
မိစ္ဆာသခင်ကလည်း ဒီမြင်ကွင်းကို စူးစိုက်စွာကြည့်နေသည်။
ဘိုးဘေးနယ်ပယ်က စွမ်းအားရှင်တစ်ဦးဖြစ်သည့်အပေါ် သူတခြားသူများထက် ပိုမြင်နိုင်သည်။
ရှောင်ဟိုင်၏ လက်သီးချက်က အစစ်အမှန်နတ်ဘုရားဖုတျန်းထက် ဘယ်နည်းနှင့်မှ မနိမ့်ကျဘဲ တစ်ချို့ရှုထောင့်များ၌ ပို၍ပင် အားကောင်းသည်။
ဒါကရှောင်ဟိုင်၏ အကန့်အသတ်မဟုတ်တာကို သူပြောနိုင်သည်။
အားအပြည့်မထုတ်ဘဲ သူတော်စင်နတ်ဆိုးသွေးကြော၏ စွမ်းရည်ကိုးခုကို မပြည့်အ၀မဖွင့်ဘဲနှင့် ဒီလိုစွမ်းအားမျိုးကို သုံးနိုင်သည့်အပေါ် အကျိုးဆက်က အတော်လေး အံ့ဩစရာကောင်းသည်ဟု ဆို၍ရသည်။
ယင်းနောက်တွင် မိစ္ဆာသခင် အကြည့်ကို ရုတ်သိမ်းလိုက်၏။
နောက်ထပ်ဆက်ကြည့်နေစရာမလိုတော့။
အစစ်အမှန်နတ်ဘုရားဖုတျန်း ရှုံးနေလေပြီ။
တကယ်တမ်းတွင်လည်း ရှောင်ဟိုင်၏ လက်သီးချက်က အစစ်အမှန်နတ်ဘုရားဖုတျန်း၏ လက်သည်းပေါ် ကျရောက်လာသောအခါ အစစ်အမှန်နတ်ဘုရားဖုတျန်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့မျက်ခုံးများက တင်းကျပ်စွာ ကွေးညွတ်သွားသလို မျက်သူငယ်အိမ်များကလည်း ပြင်းထန်စွာ ကျုံ့သွားသည်။
ထိုလက်သည်းနက်တစ်ချောင်းချင်းစီက ကွေးကာကျိုးနေသည်။
လက်ချောင်းတိုင်းနှင့်အတူ လက်ကောက်၀တ်တစ်ခုလုံးနှင့် လက်မောင်းပင်လျှင် ပုံမှန်မဟုတ်သည့် အနေအထားအတိုင်း ကွေးညွတ်သွားရပြီး လက်ထဲက အရိုးများကလည်း လုံး၀ကျိုးပဲ့သွားသလို မရီဒျန်များပင်လည်း ကြေမွသွားရသည်။
သဘာ၀ရတနာများ၏ အကူအညီနှင့် သူပြန်ကောင်းမွန်အောင်လုပ်လျှင်ပင် အရင်က ရှိခဲ့သည့်အတိုင်း ပြန်သုံးမရတော့ဟု ဆို၍ရသည်။
အစစ်အမှန်နတ်ဘုရားဖုတျန်း ဆက်တိုက်နောက်ဆုတ်နေရပြီး ရှောင်ဟိုင်ကို ချွေးအေးအပြည့်အမူအရာဖြင့် ကြည့်ရင်း သူ့မျက်နှာက ထိတ်လန့်မှုကို ပြသနေသည်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ"
ဒီမေးခွန်းကိုမေးပြီးနောက် အစစ်အမှန်နတ်ဘုရားဖုတျန်းပင်လျှင် သူအရူးလုပ်ခံရတာကို သဘောပေါက်သွာစရသည်။
သူတော်စင်နတ်ဆိုးသွေးကြော၏ နက်ရှိုင်းလှသည့်စွမ်းအားက သူကိုယ်တိုင်ရှင်းလင်းစွာ အသိအမှတ်ပြုခဲ့သည်။
သူကပြိုင်ဘက်ထက် နယ်ပယ်သေးတစ်ခုပိုနေသည့်တိုင် ယခုလိုကြီးမားသည့်ကွာဟချက်မျိုးကို မျှော်လင့်မထားခဲ့ခြင်းပင်။
အစစ်အမှန်နတ်ဘုရားဖုတျန်း နောက်ဆုတ်တော့မည့်အချိန်တွင် ရှောင်ဟိုင် ချက်ချင်းဆိုသလို အနီနက်ရောင်သွေးအရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး သူ့ရှေ့ရောက်လာကာ အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ခေါင်းထိပ်ကို တိုက်ရိုက်ဖမ်းကိုင်လိုက်သည်။
အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရှောင်ဟိုင် မျက်လုံးထဲ၌ အေးစက်သည့်အမူအရာနှင့်အတူ ခက်ထန်သည့်အကြည့်ဖြင့် ပြောသည်။
"ကျုပ်ခင်ဗျားကို လွတ်မြောက်ခွင့်မပေးနိုင်သလို လွယ်လွယ်နဲ့ သေခွင့်လည်း မပေးနိုင်ဘူး၊ သစ္စာဖောက်တွေက ပိုခံစားရမယ်"
အစစ်အမှန်နတ်ဘုရားဖုတျန်း အမှန်တကယ် ပြောချင်နေသည်။
ငါကသစ္စာဖောက်မဟုတ်ရပါဘူးကွာ၊ ငါက လျှို့ဝှက်စွာ လုပ်ကိုင်နေခဲ့သူတစ်ယောက်ပါဟ၊ ဟုတ်ပြီလား!
သို့စေကာမူ ဒီစကားလုံးများ သူ့ပါးစပ်က မထွက်လာနိုင်သေးခင်မှာပင် ရှောင်ဟိုင်၏ လက်ဖဝါးမှ သွေးကြောစွမ်းအား ပွင့်ထွက်လာပြီး အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ခေါင်းထိပ်သို့ တိုက်ရိုက်စိမ့်၀င်သွား၏။
ခေါင်းထိပ်ကိုဗဟိုပြုရင်း ၎င်းက ခြေလက်အင်္ဂါများနှင့် အရိုးများထိပါ ပျံ့နေသည်။
ဒီသွေးကြောစွမ်းအားက အတွင်းဘက်တွင် ပေါက်ကွဲကာ အစစ်အမှန်နတ်ဘုရားဖုတျန်း၏ အင်္ဂါငါးခုနှင့် ဒွာရခြောက်ခုကို ဖိသိပ်နေသည်။
မကြာမီ အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ဒွာရခုနှစ်ပေါက်ကနေ သွေးများစီးကျလာပြီး သူ့မျက်နှာက အသူရာချောက်ကနေ တွားတွားတက်လာသည့် တစ္ဆေသရဲတစ်ကောင်အလား အလွန်အမင်းရှုံ့တွပုံပျက်ကာ ၀မ်းနည်းစွာအော်ဟစ်နေသည်။
သူ့ဝိဉာဉ်ကလည်း လုံး၀ကို ဖိနှိပ်ခံခဲ့ရသည်။
ဒီအချိန်မှာပင် မိစ္ဆာသခင် ရုတ်တရက် စကားပြောလာသည်။
"လူငယ်လေး၊ မင်းသူ့ကို လွှတ်ပေးဖို့ အကြံပေးချင်တယ်၊ မဟုတ်ဘူးဆိုရင် မင်းငါ့လက်ထဲ ကျသွားတဲ့အခါကျရင် မင်းရဲ့ သေခြင်းတရားက ဒီထက်ပိုဆိုးသွားလိမ့်မယ်"
ရှောင်ဟိုင်လှမ်းကြည့်လိုက်စဉ် မိစ္ဆာသခင်၏ အမူအရာက လုံး၀ပြောင်းလဲမသွားတာကို မြင်ရသဖြင့် သူရုတ်တရက် ပြုံးလိုက်လေသည်။
"ခင်ဗျားဆိုလိုချင်တာက ကျုပ်ကိုသတ်ချင်နေတဲ့သူတစ်ယောက်ကို ကျုပ်က လွတ်ပေးသင့်တယ်ပေါ့"
မိစ္ဆာသခင်အနည်းငယ်မျက်ခုံးကျုံ့သည်။
"ခင်ဗျားရူးနေတာလား"
ရှောင်ဟိုင်၏စကားလုံးများ ကျဆင်းသွားသည်နှင့် သူ့လက်ဖဝါးကနေ စီးဆင်းလာသည့် သွေးကြောစွမ်းအားက ရုတ်တရက် ပြင်းထန်သွား၏။
အစစ်အမှန်နတ်ဘုရားဖုတျန်း၏ ကိုယ်ကလည်း လျင်မြန်စွာဖောင်းလာပြီး နောက်ဆုံးတွင် အတွင်းဘက်ကနေ ပေါက်ကွဲသွားသည်။
ရှောင်ဟိုင် လက်နှစ်ဖက်ကိုသပ်ရင်း မိစ္ဆာသခင်အား ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"အခုကျုပ်သူ့ကိုသတ်လိုက်ပြီ၊ ခင်ဗျားဘာလုပ်မလဲ"
အပိုင်း(1279) coming။