← Chapters

#နတ်ဘုရားသံတမန်#

Vol. 91 Ch. 1279

#နတ်ဘုရားသံတမန်#

Vol. 91 Ch. 1279

ဒီမြင်ကွင်းကိုမြင်တွေ့ရသောအခါ မိစ္ဆာသခင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုသည့်ဆန္ဒအမျှင်စတစ်ခုစိမ့်ထွက်လာကာ ရှောင်ဟိုင်အား စိုက်ကြည့်သည်။

"မင်းအခုလုပ်လိုက်တဲ့အရာအတွက် အကျိုးဆက်ကိုရောသိလား"

အကယ်၍ တခြားတစ်ယောက်သာ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦး၏ သတ်ဖြတ်ခြင်းအော်ရာကို ရင်ဆိုင်ရပါက သူတို့၏စိတ်အခြေအနေက ပြိုကွဲသွားမည်ဖြစ်ကာ ဝိဉာဉ်ကလည်း ပျံ့သွားလောက်သည်။ သို့စေကာမူ ရှောင်ဟိုင် သူတော်စင်နတ်ဆိုးသွေးကြောကို ပိုင်ဆိုင်ထားသည့်အပြင် နယ်ပယ်၌ ကြီးမားသည့် ကွာဟချက်တစ်ခုရှိသည့်တိုင် သူ့သွေးကြောမှ ကာကွယ်မှုက ရှောင်ဟိုင်အား မိစ္ဆာသခင်ကို တိုက်ရိုင်ရင်ဆိုင်နိုင်စေသည်။

သူအနည်းငယ်မျှပင် နောက်ဆုတ်သွားခြင်းမရှိသလို မိစ္ဆာသခင်၏ အကြည့်ကိုလည်း ရှောင်ရှားခြင်းမရှိပေ။

ရှောင်ဟိုင် မိစ္ဆာသခင်ကို ကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"အကျိုးဆက်တွေလား၊ ကျုပ်တစ်ခုခုလုပ်တဲ့အချိန် အကျိုးဆက်တွေကို တစ်ခါမှ မတွေးတတ်ဘူး၊ ဒါ့အပြင် ကျုပ်မလှုပ်ရှားဘူးဆိုရင်တောင် ခင်ဗျားကျုပ်ကို မသတ်ဘဲ နေမှာမှမဟုတ်တာ"

ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ မိစ္ဆာသခင် အူလှိုက်သည်းလှိုက်ရယ်မောသည်။

"ဟားဟားဟား၊ မှန်တယ်၊ မင်းပြောတာမှန်တယ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ မင်းသေခြင်းတရားကနေ မလွတ်မြောက်နိုင်ပါဘူး"

ထိုသို့ပြောလိုက်စဉ် မိစ္ဆာသခင်၏လေသံက ရုတ်တရက်ခက်ထတ်လာပြီး သူ့၏လင်းယုန်ကဲ့သို့ မျက်လုံးများက ရှောင်ဟိုင်အား သားကောင်အလားစိုက်ကြည့်ရင်း အပြုံးတစ်ပွင့်က သူ့မျက်နှာအား ဖြတ်သန်းသွားသည်။

"အမှန်ပြောရမယ်ဆိုရင်တော့ ငါမင်းကို တကယ်သတ်ချင်စိတ်မရှိတော့ဘူး၊ မင်းဝိဉာဉ်ကို ငါတို့အသုံးပြုဖို့အတွက် ကမ်းလှမ်းမယ်ဆိုရင်ရော၊ မင်းရဲ့စွမ်းရည်တွေနဲ့ ကြီးကျယ်တဲ့အနာဂတ်တစ်ခုက မင်းကို စောင့်နေတုန်းပဲ၊ နတ်ဆိုးနယ်မြေနဲ့ ပတ်သက်နေစရာမလိုဘူး"

"နတ်ဘုရားနယ်မြေက အရင်းအမြစ်တွေကို အဲဒီအသေးစားနတ်ဆိုးနယ်မြေနဲ့ သေမျိုးနယ်မြေက အရင်းအမြစ်တွေနဲ့ ယှဉ်လို့မရပါဘူး၊ ဘယ်လိုလဲ၊ ပြန်တွေးကြည့်ချင်လား"

နတ်ဆိုးဘုရင်၏ အကြည့်ကခက်ထန်လာပြီး မိစ္ဆာသခင်ကို အေးစက်စွာ စိုက်ကြည့်နေသည့်တိုင် သူ့မျက်လုံးများက ရှောင်ဟိုင်အား တစ်ခါတစ်ရံလှမ်းကြည့်ကာ ပူပန်မှုတစ်ချို့ကို ဖော်ပြသည်။

နတ်ဘုရားနယ်မြေ၏ အရင်းအမြစ်များနှင့် အမွေအနှစ်ကို တခြားနယ်မြေများက လုံး၀မယှဉ်နိုင်ပေ။

ဒါ့အပြင် လူတိုင်း သူတို့ကိုယ်ပိုင်အတွက် တိုက်ခိုက်ရသည့် နေရာတစ်ခုဖြစ်သည့် ခေးအောစ့်နယ်မြေပင်လျှင် အရင်းအမြစ်များ ပေါင်းစပ်ထားသည့် နတ်ဘုရားနယ်မြေနှင့် မယှဉ်နိုင်ပေ။

သို့စေကာမူ ရှောင်ဟိုင်၏ နောက်ဆက်တွဲစကားလုံးများက နတ်ဆိုးဘုရင်၏ ပူပန်မှုကို လျော့သွားစေသည်။

"ကျုပ်မှာ တစ်ခြားတစ်ယောက်ယောက်ရဲ့ နောက်လိုက်ခွေးဖြစ်တတ်တဲ့ အလေ့အကျင့်မျိုးမရှိဘူး"

ရှောင်ဟိုင်မထီမဲ့မြင်ပြုသည့် လေသံနှင့်အတူ အထင်အမြင်သေးသည့် မျက်လုံးများကို ကြည့်ရင်း မိစ္ဆာသခင်၏မျက်လုံးထောင့်စွန်းများက အထိန်းအချုပ်မဲ့ တုန်ယင်နေပြီး လည်ပင်းသွေးကြောများပင် အရူးအမူးထိုးထောင်နေသည်။

သတ်ဖြတ်ခြင်းဆန္ဒက ပျောက်ကွယ်မသွားပေ။

နတ်ဆိုးဘုရင်နှင့် အင်မော်တယ်ဘိုးဘေးသုံးဦး ရုတ်တရက်အကြည့်ပြောင်းလိုက်ကြပြီး ရှောက်ဟိုင်အား မိစ္ဆာသခင်၏ ရုတ်တရက်လှုအ်ရှားမှုတစ်ခုခုကနေ ကာကွယ်ရန်အတွက် အနည်းကပ်စောင့်ကြည့်နေကြ၏။

အခွင့်အရေးမရှိတာကို မြင်ရသောအခါ မိစ္ဆာသခင် အေးစက်စွာသာနှာမှုတ်သည်။

"ငါမလှုပ်ရှားဘူးဆိုရင်တောင် မင်းရဲ့ကြမ္မာဆိုးက အချိန်တစ်ခုပါပဲ"

နတ်ဆိုးဘုရင်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး မိစ္ဆာသခင် ဒီနေရာက ကိစ္စများအား နတ်ဘုရားနယ်မြေကို အသိပေးလိုက်ပြီဆိုတာကို သဘောပေါက်သွားသည်။

နတ်ဘုရားနယ်မြေ၏ သတိထားတတ်သည့် သဘာ၀ကို ထောက်ဆပါက သူတို့မည်သည့်ခြိမ်းခြောက်မှုကိုမှ မသည်းခံချင်သဖြင့် မကြာခင် လှုပ်ရှားဆောင်ရွက်လာနိုင်သည်။

သူတို့ဒီကို ရောက်နှင့်နေပြီးတာလည်း ဖြစ်လောက်သည်။

နတ်ဆိုးဘုရင်ဒါကိုတွေးနေစဉ်မှာပင် ရုတ်တရက် သူကောင်းကင်သို့ ပြင်းထန်စွာ မော့ကြည့်လိုက်၏။

အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် ရှိနေသောသူတိုင်းကလည်း ကောင်းကင်သို့ အကြည့်ပို့လွှတ်လိုက်ကြသည်။

ကောင်းကင်အထက်တွင် တိမ်များက စတင်ပျံ့သွားပြီး ရှင်းသွားစဉ် ရွှေရောင်သူတော်စင်အလင်းတန်းများက တောက်ပလာသည်။

ရွှေရောင်အလင်းက အာကာသတစ်ခုလုံး၌ ပြည့်နှက်သွားစဉ် ဆန်းကြယ်သည့်အော်ရာအမျှင်စများက တဖြည်းဖြည်းစတင်ပျံ့လာသည်။

ဒီအော်ရာက တာအိုနိယာမမူလအစ၏ အနှစ်သာရကို သယ်ဆောင်ထားပုံရသည်။

မိစ္ဆာသခင်မော့ကြည့်လိုက်စဉ် သူ့မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေပြီး မျက်လုံးများက တက်ကြွမှုနှင့်အတူ တောက်ပနေသည်။

"လာနေပြီ...ဒီမှာလာနေပြီ...." ထိုသို့ပြောရင်း မိစ္ဆာသခင် ဟင်းလင်းပြင်၌ ဒူးထောက်ကာ ဒူးနှင့်မြေကို ထိထားပြီး ဦးခေါင်းကို တိမ်များအား ထိုးခွဲထားသည့် ရွှေရောင်အလင်းရှိရာသို့ ညွှတ်ရင်း ကျယ်လောင်စွာ ပြောဆိုသည်။

"နတ်ဘုရားသံတမန်ကို ကြိုဆိုပါတယ်"

ရှောင်ဟိုင်နှင့် ကျန်သောသူများကလည်း လေးနက်သည့် အမူအရာများဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။

နတ်ဘုရားသံတမန်လား!

နတ်ဘုရားနယ်မြေက လူတစ်ယောက်လား!

သေမျိုးနယ်မြေက လူတိုင်း စိတ်ရှုပ်ထွေးနေကြသည်။

နတ်ဘုရားသံတမန်၊ နတ်ဘုရားနယ်မြေ!

ထန်ကျုံ့ကျောက်နှင့် ခေးအောစ့်နယ်မြေက ကျန်သောသူများကလည်း အတူတကွစုစည်းနေကြပြီး အထက်ကမြင်ကွင်းကို ကြည့်ရင်း သူတို့မျက်နှာများက လေးနက်နေကြ၏။

သူတို့ မိစ္ဆာသခင်နှင့် နတ်ဆိုးဘုရင်တို့ကြားက စကားဖလှယ်မှုကို ကြားခဲ့ကြသည်။

တစ်ယောက်ကမေးသည်။

"အစ်ကိုထန်၊ ကြည့်ရတာ နတ်ဘုရားနယ်မြေရဲ့မိတ်ဆွေက မင်းမိတ်ဆွေအတွက် ရောက်လာပုံပဲ၊ အခြေအနေက ဆိုးဝါးပုံပဲ"

"မှန်တယ်၊ ဒီအခြေအနေမှာ ငါတို့ဘာလုပ်သင့်လဲ၊ နတ်ဘုရားနယ်မြေက လူတွေက ငါတို့ကိုင်တွယ်နိုင်တဲ့အရာတစ်ခု မဟုတ်လောက်ဘူး"

ထန်ကျုံ့ကျောက်အနည်းငယ် မျက်မှောင်ကြုတ်ရင်း ရှောင်ဟိုင်ရှိရာဘက်သို့ စိုက်ကြည့်ပြီးပြောသည်။

"ဒီနေရာက ခေးအောစ့်နယ်မြေမဟုတ်တော့ နတ်ဘုရားနယ်မြေက မဆင်မခြင်လုပ်နိုင်တယ်"

"အချိန်ကျလာတဲ့အခါကျရင် အခွင့်အရေးတစ်ခုရှိတာနဲ့ သူတို့ကို ခေးအောစ့်နယ်မြေကို ခေါ်သွားကြရအောင်၊ ဒီလိုနည်းနဲ့ပဲ သူတို့အသက်ကို ကယ်တင်နိုင်မယ်"

လူတိုင်းအနည်းငယ်ခေါင်းညိတ်ကြသည်။ ရှောင်ဟိုင်နှင့်ကျန်သောသူများ၏ ပါရမီနှင့် စွမ်းအားကို သူတို့အသိအမှတ်ပြုပြီးဖြစ်လေရာ မည်သည့်အတွက်ကြောင့် ထန်ကျုံ့ကျောက် ဒီအတိုင်းအတာအထိ သွားနေသလဲဆိုတာ မေးခွန်းထုတ်ခြင်းမရှိပါ။

ဒီအခိုက်အတန့်၌ နတ်ဆိုးဘုရင် ရှောင်ဟိုင်အနားသို့ချဉ်းကပ်ပြီးပြောသည်။

"တကယ်လို့တစ်ခုခုမှားသွားရင် ငါမင်းနောက်ဆုတ်ဖို့အတွက် ကာကွယ်ပေးမယ်၊ မင်းအင်မော်တယ်နယ်မြေ ဒါမှမဟုတ် သေမျိုးနယ်မြေမှာ နေလို့မရဘူး၊ အချိန်တန်တာနဲ့ ခေးအောစ့်နယ်မြေကို ဦးတည်သွားတာက အကောင်းဆုံးပဲ၊ ဒီနေရာက နတ်ဘုရားနယ်မြေ ဆန္ဒရှိသလို ၀င်မစွက်ဖက်နိုင်တဲ့ တစ်ခုတည်းသောနေရာပဲ"

ရှောင်ဟိုင် နတ်ဆိုးဘုရင်ကိုကြည့်သည်။

"ခင်ဗျားကရော"

နတ်ဆိုးဘုရင်ပြုံးသည်။

"ငါ့တာ၀န်က သူတော်စင်နတ်ဆိုးသွေးကြောကို ရှာပြီး ကြီးထွားလာမှုကို ကာကွယ်ပေးဖို့အတွက်ပါပဲ၊ ငါမင်းကို ဘေးကင်းစေပြီး အောင်မြင်တဲ့ဖွံ့ဖြိုးမှုတစ်ခုအတွက် သေချာအောင် လုပ်ပေးနိုင်သရွေ့ ဒါက တခြားအရာတွေထက် ပိုအရေးကြီးပါတယ်"

ရှောင်ဟိုင်ပြုံးရင်း ခေါင်းခါယမ်းသည်။

"မစိုးရိမ်ပါနဲ့၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး"

ရှောင်ဟိုင်၏အပြုအမူကို မြင်သောအခါ နတ်ဆိုးဘုရင်အနည်းငယ် အံ့ဩသင့်သွားပြီး မေးသည်။

"မင်းမှာတခြားအစီအစဉ်တွေရှိလား"

သို့သော် ဘယ်လိုအစီအရင်မျိုးက နတ်ဘုရားနယ်မြေက လူများကို ခုခံတားဆီးနိုင်နည်နည်း။

ရှောင်ဟိုင်ခပ်ပေါ့ပေါ့ပြုံးသည်။

"စောင့်ကြည့်လိုက်ပါဦး"

အချိန်ကျလာလေပြီ။

ဆရာကသေချာပေါက် လှုပ်ရှားမည်သာ။

ရှောင်ဟိုင်အပါအ၀င် စံအိမ်တော်က တပည့်များ၏ မျက်လုံးထဲတွင် ဆရာက တခြားသူများထက် သာလွန်သည့် တည်ရှိမှုတစ်ခုဟု သူတို့ယုံကြည်ကြသည်။ မည်သူမှ သူ့ပြိုင်ဘက်မဟုတ်။

ဒါ့အပြင် သူအရေးယူဆောင်ရွက်သည့်အကြိမ်တိုင်း ဆရာက သူ့အစစ်အမှန်စွမ်းအားကို အကြိမ်တိုင်းလိုလို နည်းနည်းစီ ဖုံးကွယ်ထားသည့်အလား နောက်ဆုံးအကြိမ်ကထက် ပိုအားကောင်းလာတတ်သည်။

ရုတ်တရက် ရွှေရောင်မြင့်မြတ်အလင်းထဲတွင် ၀တ်ရုံရှည်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပေါ်လာသည်။ ဒီလူက မောက်မာသည့်အသွင်အပြင်နှင့်အတူ နည်ငြိမ်သည့်အမူအရာဖြင့် လှမ်းကြည့်ကာ မေးသည်။

"သူတော်စင်နတ်ဆိုးသွေးကြောမျိုးဆက်ဘယ်မှာလဲ"

အင်မော်တယ်ဘိုးဘေးသုံးဦး ဒီလူကို လေးနက်သည့်အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

ဒီလူ၏နယ်ပယ်၏နက်ရှိုင်းမှုကို သူတို့နားမလည်နိုင်ကြပေ။ ဒီလူက ဘိုးဘေးနယ်ပယ်ကို ကျော်လွန်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်နေလောက်သည်။

နတ်ဘုရားသံတမန်ပေါ်ပေါက်လာခြင်းက နတ်ဆိုးနယ်မြေ၏ ပရမ်းပတာဖြစ်မှုများကိုပင် ရပ်သွားစေသည်။

မိစ္ဆာသခင် ရှောင်ဟိုင်အား လက်ညိုးထိုးရင်း ပြောသည်။

"ဒီလူက သူတော်စင်နတ်ဆိုးသွေးကြောမျိုးဆက်ပါ"

နတ်ဘုရားသံတမန်၏အကြည့်က ရှောင်ဟိုင်ထံကျရောက်လာသည်။

သို့သော်သူ့အကြည့် ကျရောက်လာသည့် အခိုက်အတန့်မှာပင် သူ့၀န်းကျင်က လေဟာနယ်ရှိ လေထုအားလုံးနှင့် နိယာမစွမ်းအားများက ပျောက်ကွယ်သွားသလို သူခံစားလိုက်ရသည်။

အသက်မရှုနိုင်တော့သလို သူ့သွေးကြောထဲက သွေးများပင်လျှင် တစ်ခဏကြာ စီးဆင်းမှုရပ်သွားခဲ့သည်။

ရုတ်တရက်ပုံရိပ်များစွာက ရှောင်ဟိုင်ရှေ့တွင်ပေါ်လာသဖြင့် ပစ်မှတ်ထားခံရသည့်ခံစားချက်နှင့် ဖိနှိပ်ခံရသည့် ခံစားချက်က အနည်းငယ်မျှလျော့ပါးသွားသော်လည်း အနည်းအကျဉ်းလေးသာဖြစ်သည်။

ခေါင်းမော့လိုက်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သူ့ရှေ့တွင်ရပ်နေတာကို တွေ့လိုက်ရသည်။

ရှောင်ဟိုင်၏ ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး နှလုံးသားထဲကနေ နွေးထွေးမှုကို ခံစားလိုက်ရသည်။

အကြီးဆုံးစီနီယာအစ်ကိုအဖြစ် ယဲ့ချိုးပိုင်ရှေ့ဆုံးတွင်ရပ်ကာ ဓားတာအိုနိယာမက သု့ပတ်လည်တွင် ဝဲလည်နေရင်း ဖိနှိပ်ခြင်း၏ တည်ရှိမှုကို အစွမ်းကုန်ခုခံနေသည်။

သူနတ်ဘုရားသံတမန်၏ အကြည့်ကို ရင်ဆိုင်ကာ ဖြည်းဖြည်းချင်းရှေ့တက်ပြီး လေးနက်စွာပြောသည်။

"အကြီးအကဲ၊ ကျွန်တော်ရဲ့ဂျူနီယာညီလေးက ခင်ဗျားနဲ့ ဘာအဆက်အဆံမှမရှိသလို နတ်ဘုရားနယ်မြေနဲ့လည်း ဘာပဋိပက္ခမှ မရှိဘူးမလား"

နတ်ဘုရားသံတမန် ယဲ့ချိုးပိုင်ကို စိုက်ကြည့်လိုက်သော်လည်း တိုက်ရိုက်အဖြေမပေးဘဲ ယင်းအစား အနည်းငယ်ခေါင်းညိတ်သည်။

"အမွေအနှစ်ပြတ်တောက်သွားတဲ့ခေတ်မှာ သေမျိုးနယ်မြေက မင်းလိုဓားသမားတစ်ယောက်ကို ထုတ်လုပ်ပေးနိုင်ဦးမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ဒီနေရာက တကယ်ပဲ မဟာကံကောင်းခြင်းရဲ့မြေတစ်ခုဖြစ်ပုံပဲ"

ထို့နောက် အကြောင်းအရာကို ခပ်ပေါ့ပေါ့ပင် ပြောင်းပစ်ကာ သူခပ်ပြတ်ပြတ်ပြောသည်။

"ငါနဲ့ဘာရန်ငြိုးမှမရှိပေမယ့် သူတော်စင်နတ်ဆိုးသွေးကြောမျိုးဆက်က အထက်ကနေ အနီးကပ်စောင့်ကြည့်နေတဲ့ မျိုးဆက်တစ်ခုပဲ၊ ဒီလိုတည်ရှိမှုမျုးကို ကြီးထွားလာပြီး နောက်ပိုင်း နတ်ဘုရားနယ်မြေဆီကို ပြဿာနာတွေယူခာခြင်းကနေ တားဆီးကာကွယ်ဖို့အတွက် မကြီးထွားလာခင်ကတည်းက ဖယ်ရှားပစ်တာ ပိုကောင်းပါတယ်"

အပိုင်း(1280) coming။

All Chapters