← Chapters

#အန္တရာယ်လာနေပြီ#

Vol. 91 Ch. 1280

#အန္တရာယ်လာနေပြီ#

Vol. 91 Ch. 1280

နတ်ဘုရားသံတမန်၏အကြည့်က ကမ္ဘာကြီးအတွင်း ပျံ့သွားစဉ် အထင်အမြင်သေးသည့် အကြည့်တစ်ခုကို သယ်ဆောင်ထားသည်။ ဒီအကြည့်၌ ဒီနေရာရှိ လူများအား လုံး၀ဂရုမစိုက်ဘူးဟု ပြောနေသည့်အသွင်။

နတ်ဘုရားသံတမန်၏ အကြည့်အလယ်တွင် တခြားသူများက တောင်များကြားက စမ်းချောင်းနှင့်အတူ နေရာတိုင်းတွင် ပျံ့နေသည့် မြက်ခင်းရိုင်းကြီးအား မြင်နေရသည့်အသွင်။ နေရာတိုင်းတွင် မြင်နေရသော်လည်း ဒုတိယအကြိမ်ကြည့်ရန်တော့ မထိုက်တန်ပါ။

သင်တည်ရှိနေသော်လည်း မျက်စိကျစရာမဟုတ်သလို ရှေးဟောင်းကောင်းကင်သစ်ပင်နှင့်ပင်ယှဉ်၍မရ၊ အပြိုင်အဆိုင် လှပ‌နေသည့်ပန်းမန်များနှင့်လည်းမယှဉ်နိုင်ဘဲ ဒုတိယအကြိမ် ကြည့်ရန် မထိုက်တန်သည့်အသွင်။

နတ်ဘုရားသံတမန် နောက်ထပ်စကားလုံးများကို မဖြုန်းတီးချင်သည်မှာ ရှင်းနေပြီး လက်ကိုဆန့်ထုတ်ကာ ရှောင်ဟိုင်ရှိရာသို့ ဖျစ်ညှစ်လိုက်၏။

မမြင်ရသည့် လက်ဖဝါးချက်တစ်ခုက ရှောင်ဟိုင်ထံ ဖြည်းဖြည်းချင်း မျောလွင့်နေပြီး သိမ်မွေ့ပုံရသည့်တိုင် ယဲ့ချိုးနှင့် ကျန်သောသူများကို လုံး၀မရွေ့နိုင်ဖြစ်စေသည်။

ဒီမြင်ကွင်းကိုမြင်သော် နတ်ဆိုးဘုရင်နှင့် အင်မော်တယ်ဘိုးဘေးသုံးဦးက ချက်ချင်းဆိုသလို ရှောင်ဟိုင်ရှေ့တွင် ရပ်လိုက်ကြပြီး ဒီတိုက်ခိုက်မှုကို ခုခံရန်အတွက် အစွမ်းကုန် ထုတ်သုံးလိုက်ကြသည်။

ဘိုးဘေးနယ်ပယ်စွမ်းအားရှင်လေးဦးနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တို့ ထိပ်တိုက်တွေ့ဆုံသောအခါ နဂါးငွေ့တန်းကြယ်စင်စုတစ်ခုလုံးက စတင်ပြိုကွဲလာသည်။

မြေကြီးကကွဲသွားပြီး ကောင်းကင်က ကြေမွပျက်စီးသွား၏။

အင်အားစုမျိုးစုံက အားကောင်းသည့်ပုဂ္ဂိုလ်များ သူတို့၀န်းကျင်က လူများကို ကာကွယ်ရန်အတွက် အကြီးမားဆုံးစွမ်းရည်များကို အသုံးပြုလိုက်ကြသည့်တိုင် ပြန့်ကျဲကာ လွင့်စင်သွားရသည်။

သို့စေကာမူ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်လေးဦး အတူတကွတိုက်ခိုက်သည့်တိုင် နတ်ဘုရားသံတမန်၏ ပေါ့ပါးသောလက်ဖဝါးချက်က ခြောက်သွေ့သည့် ပေါင်းပင်များကို ခုတ်လှဲပြီး ဆွေ့မြေ့နေသည့်သစ်သားကို ချေမွပစ်သည့်တိုင် မည်သည့်အနှောင့်အယှက်မှ မရှိဘဲ လေးယောက်စလုံး၏ တိုက်ခိုက်မှုကို တိုက်ရိုက်ဟန့်တားနေသည့်အသွင်။

သို့သော် အလားတူပင် နတ်ဘုရားသံတမန်၏ သာမန်ကာလျှံမျှတိုက်ချက်ကလည်း လျော့ပါးသွားရသည်။

အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နတ်ဆိုးဘုရင်တို့မှာ မိုးကြိုးဖြင့် ရိုက်ခံရသည့်အလား သူတို့ကိုယ်ခန္ဓာများက ရုတ်တရက် တုန်ယင်လာပြီး ပါးစပ်အပြည့် လတ်ဆတ်သည့်သွေးတစ်လုပ် အန်ထုတ်ရင်း သူတို့၏အသက်ဓာတ်များက လျင်မြန်စွာ ကျဆင်းလာကြ၏။

နတ်ဘုရားသံတမန် ဘိုးဘေးနယ်ပယ်စွမ်းအားရှင်လေးဦးကို ကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"မင်းတို့ နတ်ဘုရားနယ်မြေနဲ့ ရန်သူဖြစ်ချင်ကြတာလား"

အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နတ်ဆိုးဘုရင်တို့၏ အမူအရာများက ခက်ထန်သွားသော်လည်း နောက်ဆုတ်မည့် ရည်ရွယ်ချက်ကို မပြသပေ။

အင်မော်တယ်ဘိုးဘေးသုံးဦးအတွက် ရှောင်ဟိုင်က လုချန်ရှန်း၏တပည့်ဖြစ်သည်။

နတ်ဆိုးဘုရင်အတွက်မူ ရှောင်ဟိုင်က သူတော်စင်နတ်ဆိုးသွေးစဉ်မြေးဆက်ဖြစ်သည်။

သူတို့အားလုံးတွင် နောက်ဆုတ်လို့မရနိုင်သည့် အကြောင်းရင်းများရှိသည်။

နတ်ဘုရားသံတမန် သူတို့လေးယောက်ထံမှ နောက်ဆုတ်မည့်လက္ခဏာကို မတွေ့ရသောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

အဆင့်နိမ့်နယ်မြေတွင် နတ်ဘုရားနယ်မြေ၏ ဆန္ဒကို စိန်ခေါ်ရဲသောသူဟူ၍ အရမ်းရှားပါးသည်။

ဒီလေးယောက်၏ လုပ်ရပ်များက မြင့်မြတ်ပြီးအစွမ်းထက်သည့် နတ်ဘုရားသံတမန်ကို ဒေါသနှင့် ရှင်းလင်းစွာပင် လောင်ကျွမ်းစေသည်။

နတ်ဘုရားသံတမန် အနည်းငယ် မျက်မှောင်ကြုတ်သွားတာကို မြင်ရသောအခါ အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နတ်ဆိုးဘုရင်တို့ စိတ်ဖိစီးသွားကြပြီး နတ်ဘုရားသံတမန်၏ နောက်ထပ်တိုက်ခိုက်မှုကို ခံနိုင်ရန်အတွက် သူတို့အသက်များကို လောင်ကျွမ်းပစ်ရန် အသင့်ရှိနေကြသည်။

ထိုစဉ် ရုတ်တရက် အတော်လေးခန့်ညားသည့် လူတစ်ယောက် သူတို့အရှေ့ နတ်ဘုရားသံတမန်အရှေ့တွင် ပေါ်လာသည်။

သူက ကျောက်စိမ်းဆွဲသီးတစ်ခုကို ကိုင်ထားပြီး သူ့ပတ်လည်၌ အဆက်မပြတ်လင်း၀င်းနေသည့်အော်ရာစီးကြောင်းတစ်ခုက အတားအဆီးတစ်ခုကို ဖန်တီးရင်း ဖိအားများရှိသော်လည်း လှိုင်းထသွားပြီး မကျိုးပဲ့သွားပေ။

ရှောင်ဟိုင် ဒီလူကိုမြင်သောအခါ တုန်ယင်သွားရသည်။

ထန်ကျုံ့ကျောက်!

ထန်ကျုံ့ကျောက် ကျောက်စိမ်းဆွဲသီးကို ကိုင်ရင်း နတ်ဘုရားသံတမန်အား ပြောသည်။

"နတ်ဘုရားသံတမန်၊ ကျွန်တော်က ဝိဉာဉ်အနှစ်သာရကျောင်းတော်ကဖြစ်ပြီး သူတော်စင်နတ်ဆိုးသွေးကြောပိုင်ရှင်က ကျွန်တော်တို့ကျောင်းတော်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်ပြီး ကျွန်တော်တို့ရဲ့.....မဟာအကြီးအကဲကိုယ်တိုင် ဖိတ်ကြားထားတာပါ၊ နတ်ဘုရားသံတမန် ကျွန်တော်တို့ကို မျက်နှာသာပေးပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်ကို ဒီယဉ်ကျေးမှုပေးမယ်လို့ မျှော်လင့်ပါတယ်"

ဒီအချိန်တွင် ထန်ကျုံ့ကျောက်ရှေ့ထွက်လာခဲ့သည်။

သူကရှောင်ဟိုင်တို့အဖွဲ့အပေါ် အကောင်းမြင်လွန်းသဖြင့် သူတို့အပေါ် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။

ဒီဆုံးဖြတ်ချက်ကိုချပြီးနောက် သူဒါကို လုံး၀ပြီးမြောက်အောင် လုပ်ရန် လိုအပ်သည်။

"ဝိဉာဉ်အနှစ်သာရကျောင်းတော်၊ ခေးအောစ့်နယ်မြေလား" နတ်ဘုရားသံတမန် နှာမှုတ်သည်။

"ဘယ်အချိန်ကစပြီး ခေးအောစ့်နယ်မြေက အင်အားစုတွေက တခြားနယ်မြေကြီးတွေရဲ့ အရေးကိစ္စမှာ ၀င်ရောက်စွက်ဖက်နိုင်သွားတာလဲ"

ဒါကိုကြားသော် ထန်ကျုံ့ကျောက်၏ နှလုံးသားက ဖိစီးသွားရသည်။

ထိုစဉ် နတ်ဘုရားသံတမန် ဆက်ပြောသည်။

"ဒါ့အပြင် ဒါကခေးအောစ့်နယ်မြေမဟုတ်ဘူး"

ဒီစကားလုံးများကျဆင်းလာသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားသံတမန်၏ အော်ရာက ပြင်းထန်စွာ ထိုးတက်လာသည်။

ထန်ကျုံ့ကျောက်အနီးက အတားအဆီးကလည်း ပြင်းထန်စွာတုန်ခါလာပြီး အက်ကြောင်းများပင် စတင်ပေါ်လာသည်။

ဒါကသူ့ဆရာသူ့ကို ပေးခဲ့သည့် အကာအကွယ်ပစ္စည်းဖြစ်ပြီး သေမျိုးနယ်မြေ၌ လုံလောက်ပြီဟု တွေးထင်ခဲ့သည်။

သို့သော် ဒီဖြစ်ရပ်များကို သူလုံး၀မျှော်လင့်မထားမိခဲ့သလို နတ်ဘုရားနယ်မြေကိုပင် နှောင့်ယှက်ခဲ့မိသည်။

"နတ်ဘုရားသံတမန်စီနီယာ၊ ကျွန်တော်ဒီကို ဆရာ့အမိန့်နဲ့လာတာပါ၊ နတ်ဘုရားသံတမန် ဆရာ့ကို ဒီလေးစားမှုနည်းနည်း ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ထန်ကျုံ့ကျောက်ဦးညွတ်ရင်းပြောသည်။

ဒါကိုကြားသောအခါ နတ်ဘုရားသံတမန် အေးစက်စွာနှာခေါင်းရှုံ့ရင်း ထူးမခြားနားစွာပြောသည်။

"ဒါဆိုရင် ဝိဉာဉ်အနှစ်သာရကျောင်းတော်က မဟာအကြီးအကဲကိုယ်တိုင်လာပြီး ငါနဲ့စကားလာပြောဖို့ပြောလိုက်"

ထန်ကျုံ့ကျောက် နောက်တစ်ခုပြောတော့မည့်အချိန်တွင် ရှောင်ဟိုင်စကားပြောသည်။

"ထန်၊ ဘာမှမဖြစ်ပါဘူး၊ မင်းဒီအတိုင်းအတာအထိ သွားနေစရာမလိုပါဘူး"

ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို လှည့်ကြည့်လိုက်စဉ် စကားပြောရန်အတွက် တွန့်ဆုတ်နေပုံရသည်။

"ပြဿာနာရှိလာမှာမဟုတ်ပါဘူး၊ စိတ်ချပါ"

ရှောင်ဟိုင်၏မျက်လုံးများမှ တည်ငြိမ်သည့် အကြည့်ကိုမြင်သောအခါ ထန်ကျုံ့ကျောက် နှလုံးသားထဲတွင် အနည်းငယ် ထိတ်လန့်သွားမိသည်။

ရှောင်ဟိုင်ကို သူအကြာကြီးမသိခဲ့သော်လည်း ဒီလူကချဲ့ကားပြောဆိုတတ်သောလူတစ်ယောက်မဟုတ်ဘူးဆိုတာ သူနားလည်ပါသည်။

ဒါကိုကိုင်တွယ်ဖို့အတွက် တကယ်ပဲ နည်းလမ်းတစ်ခုရှိတာလား!

သံသယများရှိနေသည့်တိုင် ထန်ကျုံ့ကျောက်နောက်ဘက်သို့ ဆုတ်သွားသည်။

နတ်ဘုရားသံတမန် အေးစက်စွာ လှောင်ပြောင်သည်။

"ဒီနေရာကဘယ်သူကများ မင်းကို ကယ်တင်နိုင်မှာလဲ"

"တိတ်တိတ်လေး လက်လျှော့ပြီး သေသွားမယ်ဆိုရင် တခြားသူတွေ ဒီဘေးဒုက္ခကနေ လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်တာပဲလေ"

ထိုသို့ဆိုပြီးနောက် နတ်ဘုရားသံတမန် လက်ဖဝါးဖြင့် ပြန်လည်ရိုက်ချလိုက်၏။

ဒီတစ်ကြိမ်တွင်မူ ခပ်ပေါ့ပေါ့လက်ဖဝါးချက်တစ်ခုမဟုတ်တော့။

အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နတ်ဆိုးဘုရင်တို့ကလည်း စိတ်ပျက်နေကြ၏။ သူတို့အသက်များကို လောင်ကျွမ်းပစ်လျှင်ပင် ဒီတိုက်ခိုက်မှုကို မခုခံနိုင်တာကို သူတို့သိကြသည်။

သူတို့နောက်ဘက်တွင် အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာတို့ စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြ၏။

လုချန်ရှန်းမလှုပ်ရှားတော့ဘူးလား၊ သူမကြာခင်မလှုပ်ရှားဘူးဆိုရင် ဒီတိုက်ခိုက်မှုအောက်မှာ လူတိုင်းသေသွားရလောက်တယ်!

သူ့‌တပည့်တွေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!

သူတကယ်ပဲဘာကိုစောင့်နေတာလဲ!

ပျက်စီးနေသည့်မြေကြီးပေါ်၌ ကျိလျိုချီနှင့် ကျန်သောသူများဘေးတွင် ရပ်နေသည့် ကျိချန်းယောက် ဒီမြင်ကွင်းကို နှလုံးသားထဲ၌ ကြီးမားသည့် စိုးရိမ်ပူပန်မှုနှင့်အတူ စောင့်ကြည့်နေသည်။

သူတို့က စီနီယာလု၏ တပည့်များဖြစ်ကြသည်။

စီနီယာလုသာ မလှုပ်ရှားပါက သူတို့အားလုံး ဒီ‌မှာသေသွားရလောက်သည်။

ဒါမှမဟုတ် စီနီယာလု တခြားတစ်ခုခုကြောင့် နောက်ကျနေသည်လား!

မိစ္ဆာနယ်မြေစစ်တပ်အလယ်တွင် သွေးစွန်းနေသည့်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ရှင်းဟုန်ယီ ဒီမြင်ကွင်းကို စိတ်လွင့်မျောနေသည့် အမူအရာဖြင့် ကြည့်နေသည်။

သူမအတိတ်က တစ်ခုခုကိုမှတ်မိသွားပုံရသည့်အသွင်။

သို့သော် သူမ၏အကြည့်က မကြာမီ မာကျောလာသည်။

ယုံကြည်မှာကွဲပြားခြင်းက ပူးပေါင်းဆောက်ရွက်မှုကို မဖြစ်နိုင်အောင် လုပ်ပေးပြီး သူမတို့၏ ကွဲပြားသည့် ရပ်တည်မှုများက မလွှဲရှောင်သာ ရန်သူများသာ ဖြစ်လာရမည်ဟု ဆိုလိုနေသည်။

သို့စေကာမူ ရှင်းဟုန်ယီကို မသက်မသာဖြစ်စေတာက ထိုလူမပေါ်လာသေးခြင်းပင်။

ယဲ့ချိုးပိုင်တို့၏ဆရာက အရေးယူဆောင်ရွက်သည်မှာ ရှားသော်လည်း သူလှုပ်ရှားသောအခါတိုင်း အမြဲလိုလို ဒီရေကို ပြောင်းပစ်ပြီး ပြိုင်ဘက်များကို ခုခံရန်အတွက် အခွင့်အလမ်းမရှိသည့် အခြေအနေတွင် ကျန်ရစ်စေခဲ့သည်။

ဒီလိုအချိန်မျိုးတွင် သူပေါ်လာဦးမည်လား။ သူဒီအကျပ်အတည်းကို အရင်ကကဲ့သို့ လွယ်လွယ်နဲ့ဖြေရှင်းပြီး ကြက်ပေါက်လေးတစ်ကောင်ကို ရိုက်ချိုးလိုက်သည့်အလား နတ်ဘုရားသံတမန်ကို အနိုင်ယူပစ်မည်လား!

ယဲ့ချိုးပိုင်တို့အုပ်စုကို ကြည့်သောအခါ သူတို့မည်သည့်ကြောက်စိတ်အရိပ်အယောင်ကိုမှ မပြသသလို ယခုလိုအစွမ်းထက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် သူတို့မျက်နှာ၌ စိတ်ပျက်အားငယ်သည့် အရိပ်အယောင်တစ်ခုကိုမှ မမြင်ရပေ။

သူတို့၏အမူအရာများကို မြင်ရသောအခါ မိစ္ဆာသခင်ပင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့ရဲ့ကံကြမ္မာဆိုးကိုသိနေတာမို့ ထပ်ပြီးခုခံမယ့်အတွေးတွေကို မထားတော့တာများလား!

သို့သော် ဒီအခိုက်အတန့်မှာပင် မိစ္ဆာသခင်နှင့် ရှင်းဟုန်ယီတို့၏ နှလုံးသားထဲက မသက်သာမှုကို အတည်ပြုပေးလိုက်ပုံရသည်။

အထက်ကပြန့်ကျဲနေသည့် ကြယ်ဒေသမှ အဆုံးမဲ့ဆန့်ထွက်လာနေသည့် အစီအရင်တစ်ခုက ကြယ်နယ်မြေတစ်ခုလုံးတင်သာမက သေမျိုးနယ်မြေတစ်ခုလုံးကိုပါ လွှမ်းခြုံတော့မည့်အလား စတင်ပျံ့နှံ့လာခဲ့သည်။

အပိုင်း(1281) coming။

All Chapters