← Chapters

#လုချန်ရှန်း၊ ၀င်ပေါက်တစ်ခုဖန်တီးတဲ့နည်းကို ပြောင်းပေးလို့ရမလား#

Vol. 91 Ch. 1281

#လုချန်ရှန်း၊ ၀င်ပေါက်တစ်ခုဖန်တီးတဲ့နည်းကို ပြောင်းပေးလို့ရမလား#

Vol. 91 Ch. 1281

နဂါးငွေ့တန်းကြယ်စင်စုအထက်တွင် ဆန့်ထွက်လာသည့်အစီအရင်က မြင်နိုင်သော်လည်း အဆုံးမရှိပေ။

လူတိုင်းမော့ကြည့်လိုက်ကြစဉ် သူတို့၏ အကြည့်များက အံ့ဩသင့်မှုနှင့် သံသယဖြင့် ပြည့်နှက်နေသည်။

ဒီအတားအဆီးတွင် တိုက်ခိုက်လိုသည့် ဂုဏ်သတ္တိများမရှိသည့်တိုင် တခြားအရာအားလုံးကနေ ဝိဉာဉ်များကို ကာကွယ်ကာ သီးသန့်ဖယ်ရှားထားနိုင်သည့် အော်ရာတစ်ခုရှိသည်။

နတ်ဘုရားသံတမန်၏ အမူအရာပင်လျှင် အနည်းငယ်ပြောင်းလဲသွားပြီး ကောင်းကင်မှ ဖြန်းကျနေသည့် ရွှေရောင်အလင်းက အတားအဆီး၏ ဖုံးလွှမ်းမှုအောက်၌ လုံး၀ပျောက်ကွယ်သွားရသည်။

တစ်စုံတစ်ရာကို မှန်းဆမိသွားသဖြင့် နတ်ဘုရားသံတမန် ဝိဉာဉ်ဆက်သွယ်မှုတစ်ခု ပို့လွှတ်ရန် ကြိုးစားသော်လည်း အတားအဆီးကို ထိမိသည်နှင့် ချက်ချင်းပျက်စီးသွားရသည်။

နတ်ဘုရားသံတမန်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားရသည်။

သူ့ဝိဉာဉ်ဆက်သွယ်မှုကို နတ်အသိက ကာကွယ်ပေးထားလေရာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုပါ ပေါင်းစပ်လိုက်ပါက ဒီကမ္ဘာထဲတွင် သူ့ဝိဉာဉ်ဆက်သွယ်မှုအား ဖြတ်တောက်နိုင်သည့် အရာတစ်ခုရှိသည်ဟု ဆိုလိုနေခြင်းပင်။

"ဘယ်သူလဲ"

နတ်ဘုရားသံတမန် ဝိဉာဉ်အသိကို အားအပြည့်နှင့်ထုတ်လွှတ်ရင်း ပတ်၀န်းကျင်တစ်ခွင်၌ ရေလွှမ်းမိုးလာသည့်အလား နတ်အသိအား ပျံ့စေသည်။

ဒီနတ်အသိ၏ တည်ရှိမှုသက်သက်ကပင် လူတိုင်း၏ ဝိဉာဉ်များကို တုန်ယင်စေသည်။

သို့သော် သူ့နတ်အသိကို အပြည့်အ၀ ဖွင့်လှစ်ထားသည့်နိုင် နတ်ဘုရားသံတမန် ပုန်းလျှိုနေသည့် မည်သည့်တည်ရှိမှုကိုမှ ရှာမတွေ့ပေ။

နတ်ဘုရားသံတမန် နှလုံးသားထဲ၌ မသေချာသလိုခံစားနေရစဉ် ထိုဧရာမလက်ဖဝါးချက်ကမူ အင်မော်တယ်ဘိုးဘေးသုံးဦးနှင့် နတ်ဆိုးဘုရင်ပေါ် ကျရောက်လာပေတော့မည်။

ဒီလက်ဖဝါးချက်က ဘိုးဘေးနယ်ပယ်စွမ်းအားရှင်လေးဦး လုံး၀မခုခံနိုင်သည့် အရာတစ်ခု‌ဖြစ်ပြီး သူတို့နောက်တွင် ယဲ့ချိုးပိုင်တို့ အုပ်စုရှိသည်။

အကယ်၍ တခြားအရေးပေါ်ကိစ္စရပ်များသာ မရှိပါက ဒီလူများက ကြမ္မာဆိုးဆိုက်ရောက်နေပြီဟု ဆို၍ရသည်။

သို့သော် ဒီအခိုက်အတန့်မှာပင် သူတို့ရှေ့တည့်တည့်၌ အာကာသအက်ကြောင်းတစ်ခု ရုတ်တရက်ပွင့်သွား၏။

ဖြူဖွေးလှပသည့်လက်တစ်ချောင်းက အထဲကနေ ထွက်လာပြီး ထိုဧရာမလက်ဖဝါးချက်အပေါ် လက်ညိုးညွှန်လိုက်သည်။

နတ်ဘုရားသံတမန်၊ မိစ္ဆာသခင်၊ နတ်ဆိုးဘုရင်၊ အင်မော်တယ်ဘိုးဘေးသုံးဦး၊ ငရဲနတ်ဆိုးဒေသ၏စစ်တပ်၊ သေမျိုး‌နယ်မြေ၊ အင်မော်နယ်နယ်မြေနှင့် တခြားသူများ၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် လက်ဖဝါးချက်က အမှုန်များအဖြစ် တိတ်တဆိတ်ပြိုကွဲကာ သူတို့၀န်းကျင်က အာကာသ၌ ပျောက်ကွယ်သွားကြ၏။

လေထုထဲသို့ စိမ့်၀င်နေသည့် ဖိနှိပ်ခြင်းအော်ရာကလည်း ဒီအခိုက်အတန့်၌ မိုးကြိုးပစ်ခတ်သံအလား ပျောက်ကွယ်သွားရသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ နတ်ဘုရားသံတမန်၏ အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း စိတ်သက်သာရာရသွားကြပြီး သူတို့မျက်နှာ၌ အေးဆေးသွားသည့် အမူအရာများ ပျံ့သွားသည်။

မျှော်လင့်ထားသကဲ့သို့ပင် ဆရာက ကြည့်မနေနိုင်ပေ။

တခြားတစ်ဘက်တွင် မိစ္ဆာနယ်မြေစစ်တပ်အတွင်း ရှင်းဟုန်ယီ၏မျက်သူငယ်အိမ်များက ပြင်းထန်စွာတုန်ယင်နေပြီး နတ်ဘုရားသံတမန်၏ တိုက်ခိုက်မှုက တိုက်ရိုက်ပိတ်ဆို့ခံလိုက်ရတာကို မြင်သောအခါ ထိုလူ၏ပုံရိပ်က သူမစိတ်ထဲ ပေါ်လာသည်။

သေမျိုးနယ်မြေဘက်တွင် အင်မော်တယ်ဧကရာဇ် စိတ်သက်သာရာရသွားသည့်အသွင် သက်ပြင်းရှည်ကြီးမှုတ်ထုတ်သည်။

"ဒီလူက အစွန်းနားမှာ ကစားရတာကို ဒီလောက်ကြိုက်တာလား၊ အမြဲဒီလိုလုပ်နေတာက ငါတို့နှလုံးသားအတွက်လည်း မကောင်းဘူး"

မစ္စတာ၏ပါးစပ်က အနည်းငယ်ကွေးညွတ်သွား၏။

"ဒါပေမယ့် ကြည့်ရတာ ဒီနတ်ဘုရားသံတမန်က တာအိုမိတ်ဆွေလေးလုရဲ့ ပြိုင်ဘက်မဟုတ်ပုံပဲ၊ ဒီလိုဆိုတော့ ငါတို့ ယာယီသက်သာသွားတာပေါ့"

"ယာယီသက်သာသွားတာလား" အင်မော်တယ်ဧကရာဇ်မေးလိုက်စဉ် ပဟေဠိဖြစ်နေသည်။

မစ္စတာရှင်းပြသည်။

"တကယ်လို့ နတ်ဘုရားသံတမန်က တာအိုမိတ်ဆွေလေးလုရဲ့ သတင်းအချက်အလက်ကို နတ်ဘုရားနယ်မြေကို ပြန်ယူသွားတာဖြစ်ဖြစ်၊ နတ်ဘုရားသံတမန် သေမျိုးနယ်မြေထဲမှာ သေသွားတာဖြစ်ဖြစ် နတ်ဘုရားနယ်မြေက သေချာပေါက် ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူး"

ဒီစကားလုံးများအပေါ် အင်မော်တယ်ဧကရာဇ်၏ မျက်ခုံးများက ထပ်မံတင်းကျပ်စွာ ကျုံ့သွားရပြန်သည်။

မှန်ပေသည်။ နတ်ဘုရားနယ်မြေက ထိုအချိန်က သေမျိုးနယ်မြေ သူတို့ကို ခြိမ်းခြောက်လာနိုင်သည်အထိ မြင့်တက်လာမည်ကို စိုးရိမ်သည့်အပေါ် ဖျက်ဆီးခဲ့သဖြင့် ဒီလိုခြိမ်းခြောက်မှုမျိုးအား ပြန်ပေါ်လာမည်ကို ခွင့်ပြုမည်မဟုတ်။

ဒီအခိုက်အတန့်၌ နတ်ဘုရားသံတမန်၏ အသံက နဂါးငွေ့တန်းကြယ်စင်စုတစ်ခွင် ပျံ့သွားသည်။

"သေမျိုးနယ်မြေမှာ ဒီလိုအစွမ်းထက်ပုဂ္ဂိုလ်မျိုးတည်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ စီနီယာက ခေးအောစ့်နယ်မြေကများလား"

"ခေးအောစ့်နယ်မြေက တခြားနယ်မြေတွေရဲ့ ကိစ္စရပ်တွေမှာ မပါ၀င်မပတ်သက်ဘူးမလား"

ထိုသို့ပြောဆိုရင်း နတ်ဘုရားသံတမန် အာကာသအက်ကြောင်းကနေ ဆန့်ထွက်လာသည့် လက်အပေါ် စူးစိုက်စွာ ကြည့်နေသည်။

လက်က ဖြည်းဖြည်းချင်းဆုတ်ခွာသွားပြီး အာကာသအက်ကြောင်းက တဖြည်းဖြည်း ကျယ်ပြန့်လာကာ အဖြူရောင်၀တ်စုံ၀တ်ထားသည့် လူတစ်ဦး အထဲကနေ ဖြည်းညင်းစွာ ထွက်လာသည်။

ထိုလူထွက်လာသည့်အချိန်တွင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ချက်ချင်းပြောလိုက်ကြသည်။

"ဆရာ"

ဆရာလား!

နတ်ဆိုးဘုရင်ရော မိစ္ဆာသခင်တို့ပါ အနည်းငယ် ထိတ်လန့်သွားကြ၏။

ထန်ကျုံ့ကျောက်၏မျက်လုံးများက တောက်ပသွားပြီး လုချန်ရှန်းအား လှည့်ကြည့်လိုက်သည်။ နယ်ပယ်အသီးသီးက ပါရမီရှင်များစွာကို ဘယ်သူသင်ကြားပေးနိုင်မလဲဆိုတာ သူအမြဲသိချင်နေခဲ့ခြင်းပင်။

ယခုတွင်မူ ထိုလူက ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးဖြစ်နေပုံပင်။

သူတို့နောက်တွင် ကျိချန်းယောင် လက်နှစ်ဖက်နှင့် ပါးစပ်လေးကိုဖုံးရင်း သူမ၏ မျက်လုံးများက အနည်းငယ်တုန်ယင်သွားပြီး လုချန်ရှန်းနောက်ကျောကို စိုက်ကြည့်နေသည်။

သူမဘေးတွင် ကျိလျိုချီ ကျိချန်းယောင်အား ယခုလိုမြင်ရသောအခါ ခေါင်းခါယမ်းလိုက်မိသည်။

ဒီမိန်းကလေးက အနာဂတ်၌ စမ်းသပ်မှုတစ်ခုအတွက် ကံပါလာပုံပင်။

ဒါက နှလုံးသားအတွက် စမ်းသပ်မှုတစ်ခုပေတည်း။

သူ့တပည့်များ၏ခေါ်သံကို ကြားရသောအခါ လုချန်ရှန်းအားကိုးရာမဲ့စွာ လှည့်လာပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအား ပြောသည်။

"မင်းတို့မတူညီတဲ့ပုံစံတစ်ခုနဲ့ လာလို့ရမလား၊ ငါ၀င်လာပြီးတဲ့အကြိမ်တိုင်း မင်းတို့က 'ဆရာ' လို့ခေါ်ကြတယ်၊ မင်းတို့မငြီးငွေ့ကြဘူးလား"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်ရယ်မောသည်။

"ဒီလိုဆိုရင်ရော၊ အခုကနေစပြီး ကျွန်တော်တို့အားလုံးဒူးထောက်ပြီး 'ဆရာ' လို့ အော်ခေါ်မယ်လေ၊ ဒါကပိုစိတ်၀င်စားစရာ ကောင်းတယ်မလား"

လုချန်ရှန်း "....ငါတို့ပြန်သွားတဲ့အခါကျရင် ထာ၀ရသက်တမ်းကမ္ဘာကို သန့်ရှင်းရေးလုပ်ပြီး မင်းရဲ့ဂျူနီယာညီလေးရှောင်ဟိုင်ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးရမယ်"

ယဲ့ချိုးပိုင်ထိတ်လန့်စွာ ပြောသည်။

"ဘာလို့လဲ"

လုချန်ရှန်း ဒီနှလုံးသားမဲ့သည့်ကောင်နှင့် ထပ်ဆက်ဆံရန် ရည်ရွယ်ချက်မရှိတော့ဘဲနတ်ဘုရားသံတမန်အား လှည့်ကြည့်လိုက်၏။

ဒီအခိုက်အတန့်၌ နတ်ဘုရားသံတမန်၏ မျက်သူငယ်အိမ်များက ကျုံ့နေပြီး သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေကာ လုချန်ရှန်းအား ကြည့်နေသည်။

မည်သူမှသူ့ကို ယခုလိုလျစ်လျူမရှုရဲပေ။

ဒီလိုအခြေအနေမှာတောင် သူက သူ့တပည့်တွေနဲ့ ဟာသလုပ်နေတာလား၊ ဒါက သူ့လိုနတ်ဘုရားသံတမန်တစ်ဦးကို ခပ်ပေါ့ပေါ့ယူဆနေသည် မဟုတ်ပေလော။

နတ်ဘုရားသံတမန် လုချန်ရှန်းကို စိုက်ကြည့်ရင်း ဒေါသကိုဖိနှိပ်ကာ မေးသည်။

"မင်းက သေမျိုးနယ်မြေက လူတစ်ယောက်လား"

"မဟုတ်ဘူး" လုချန်ရှန်းပြတ်သားစွာပင် ပြန်ဖြေသည်။

သူ့နောက်ကလူများအတွင်း ယဲ့ချိုးပိုင်တို့အပါအ၀င် အင်မော်တယ်ဧကရာဇ်၊ မစ္စတာနှင့် လုချန်ရှန်းကို သိကြသော ကျန်သောသူများက တိတ်ဆိတ်နေကြ၏။

သို့သော် လုချန်ရှန်းတစ်ယောက်တည်းသာလျှင် သူအမှန်တကယ်ပင် ဒီကမ္ဘာက မဟုတ်တာကို သိပေသည်။

ငါက ကမ္ဘာမြေကနေ ကူးပြောင်းလာတာလေ၊ ဟုတ်တယ်မလား၊ ဒါကပြဿာနာမရှိဘူးမလား!

နတ်ဘုရားသံတမန် အနည်းငယ်မျက်မှောင်ကြုတ်သည်။

"ခေးအောစ့်နယ်မြေလား၊ ခေးအောစ့်နယ်မြေက အင်အားစုတွေက ဒီလောက်၀င်ရောက်စွက်ဖက်ရတာကို ဘယ်တုန်းက ကြိုက်သွားကြတာလဲ"

လုချန်ရှန်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို လက်ညိုးထိုးပြရင်း နတ်ဘုရားသံတမန်အား အရူးတစ်ယောက်အား ကြည့်နေသည့် အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။

"သူတို့ကငါ့တပည့်တွေပဲ၊ မင်းကသူတို့ကို သတ်ချင်နေတော့ ငါကထိုင်ကြည့်နေနိုင်မယ်လို့ ထင်လား၊ ဒါက မင်းပြောတဲ့ မလိုအပ်ဘဲ ၀င်စွက်ဖက်တာမျိုးလား"

"ဒါမှမဟုတ် ဒီလိုဆိုရင်ရော၊ မင်းအခုလှည့်ထွက်သွားမယ်ဆိုရင် ဒီလိုအပ်တဲ့လုပ်ငန်းမှာ ငါ၀င်စွက်ဖက်နေတာကို ရပ်လိုက်မယ်"

နတ်ဘုရားသံတမန် အေးစက်စွာရယ်မောသည်။

"သူတော်စင်နတ်ဆိုးသွေးဆက်တွေက သေရမယ်၊ သူတို့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုက ဝိဉာဉ်ကို နတ်ဘုရားနယ်မြေကို လွှဲပြောင်းပေးမလား ဒါမှမဟုတ် အသေခံမလားဆိုတာပဲရှိတယ်"

လုချန်ရှန်းအနည်းငယ် သက်ပြင်းချရင်း ခေါင်းခါယမ်းသည်။

"ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့်ကိစ္စမရှိပါဘူးလေ၊ မင်းကို ငါဘယ်နည်းနဲ့မှ ပြန်သွားခွင့်ပြုမှာမှမဟုတ်တာ"

လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ နတ်ဘုရားသံတမန်တစ်ခဏမျှ အံ့ဩသင့်သွားပြီးနောက် မျက်နှာကိုဖုံးကာ ရင်ဘတ်တုန်ယင်နေသည်အထိ အူလှိုက်သည်းလှိုက်ရယ်မောရင်း လုချန်ရှန်းအားကြည့်သည်။

"မင်းငါ့ကိုပြန်သွားခွင့်မပြုဘူးလား၊ ဆိုလိုတာက မင်းငါ့ကိုသတ်တော့မှာပေါ့"

လုချန်ရှန်းခေါင်းညိတ်သည်။

"ငါပြောတာကရှင်းနေတာပဲလေ"

မူလက လုချန်ရှန်းအရိပ်ထဲတွင် အမြဲပုန်းနေခဲ့သော်လည်း နတ်ဘုရားသံတမန် အမှန်တကယ် ဘယ်လောက်ထိ တတ်စွမ်းနိုင်သလဲဆိုတာ ဆုံးဖြတ်ရန်အတွက် အမှောင်ထုထဲကနေ သူအခြေအနေကို အတော်ကြာကြာ စောင့်ကြည့်နေခဲ့သည်။

ဒါကအကြောင်းရင်းတစ်စိတ်တစ်ပိုင်းသာဖြစ်သည်။

နတ်ဘုရားသံတမန်သတ်ပြီး အကျိုးဆက်များကို စဉ်းစားပြီးနောက် လုချန်ရှန်း သေမျိုးနယ်မြေ နတ်ဘုရားနယ်မြေကို မစော်ကားမိစေဘဲ သူ့ကို ဘယ်လိုသတ်ရမလဲဆိုတာကို တွေးနေခဲ့သည်။

အချိန်အတောကြာတွေးနေပြီးနောက် ခေးအောစ့်နယ်မြေအကြောင်း ပြောဆိုလာတာကို ကြားရသောအခါ လုချန်ရှန်း တဖြည်းဖြည်း အစီအစဉ်တစ်ခုရေးဆွဲခဲ့သည်။

နတ်ဘုရားနယ်မြေက ခေးအောစ့်နယ်မြေကို အင်မတန်သတိထားပုံပင်။

ထို့ကြောင့်သူလုပ်ဖို့လိုတာက ခေးအောစ့်နယ်မြေဆီသို့ အပြစ်အားလုံးလွှဲချရန်အတွက် နည်းလမ်းတစ်ခုရှာခြင်းပင်။

ဒီအခိုက်အတန့်၌ ထန်ကျုံ့ကျောက်ပေါ်လာသဖြင့် သူ့အစီအစဥ်အတွက် အကောင်းဆုံးကိုယ်စားလှယ်ဖြစ်သွားရသည်။

ထို့ကြောင့် သေမျိုးနယ်မြေအကြောင်း သတင်းအချက်အလက်အားလုံးကို သူပိတ်ဆို့ပစ်ရန်သာ လိုအပ်သည်။

တကယ်တမ်းတွင် သေမျိုးနယ်မြေကို သီးသန့်ဖယ်ရှားပစ်မည့်ဒီလုပ်ရပ်ကို မိုးမခပင်လုပ်ခဲ့ခြင်းဖြစ်သည်။

အပိုင်း(1282) coming။

All Chapters