← Chapters

#မိစ္ဆာနယ်မြေပျက်စီးခြင်း#

Vol. 91 Ch. 1283

#မိစ္ဆာနယ်မြေပျက်စီးခြင်း#

Vol. 91 Ch. 1283

ပျက်စီးနေသည့် အဆုံးမဲ့ဟင်းလင်းပြင်အတွင်း၌ တိတ်ဆိတ်မှုက ကြီးစိုးနေပြီး ဒီနေရာအား ဖြတ်သန်းတိုက်ခတ်နေသည့် အာကာသအရှုပ်အထွေးများ၏ ပရမ်းပတာစီးကြောင်းများသာရှိနေသည်။

မျက်နှာအားလုံးက ထိတ်လန့်မှုနှင့် ပြည့်နှက်နေပြီး လေထဲတွင် ရပ်နေသည့် လုချန်ရှန်းအား ရပ်ကြည့်နေကြသည်။

နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားသံတမန်တဖြစ်လဲ နတ်ဘုရားတပိုင်းနယ်ပယ်တစ်ယောက်က လုချန်ရှန်းရဲ့ အားထုတ်မှုတောင်မရှိဘဲ အသတ်ခံလိုက်ရတာလား!

ထန်ကျုံ့ကျောက် ရှောင်ဟိုင်ကို စိုက်ကြည့်ကာ မိန်းမောတွေဝေစွာမေးသည်။

"မင်းဆရုက ဘယ်အဆင့်ကိုရောက်နေပြီလဲ၊ ခေးအောစ့်နယ်မြေက ထူးခြားတဲ့ပုဂ္ဂိုလ်တွေပဲ ဒါကိုလုပ်နိုင်မှာ"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ငါမသိဘူး"

မင်းသိဘူးလား!

ဒါကဘာကိုဆိုလိုတာလဲ!

ရှောင်ဟိုင်အံ့ဩသင့်သွားပုံမရဘဲ ပြံးသည်။

"ငါတို့ဆရာရဲ့စွမ်းအားကို ငါတို့တောင် အပြည့်အ၀နားမလည်ဘူး၊ ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ကိုဇီဝိန်ခြွေဖို့အတွက် သူတစ်ခါမှအစွမ်းကုန် ထုတ်သုံးဖို့မလိုအပ်ခဲ့ဘူးလေ"

ဒါကိုကြားသောအခါ ထန်ကျုံ့ကျောက်နှင့် ခေးအောစ့်နယ်မြေက ကျန်သောသူများမှာ တစ်ခဏမျှ ကြက်သေသေနေကြပြီး ဘာပြောရမှန်းပင် မသိကြတော့။

နတ်ဆိုးဘုရင် လုချန်ရှန်းကို စိုက်ကြည့်ပြီးနောက် ရှောင်ဟိုင်ကို ကြည့်လိုက်၏။

သူတော်စင်နတ်ဆိုးသွေးကြောကို ပိုင်ဆိုင်ထားသည့် ရှောင်ဟိုင်က တခြားတစ်ယောက်၏ တပည့်ဖြစ်လာသည်မှာ အံ့ဩသင့်စရာမရှိတော့။ ဒီလိုအဆင့်မျိုးက စွမ်းအားရှင်တစ်ယောက်သာလျှင် သူတော်စင်နတ်ဆိုးကို သင်ကြားပေးရန် ထိုက်တန်သည်။

ဒီအခိုက်အတန့်မှာပင် အောက်တွင် အင်မော်တယ်ဧကရာဇ်နှင့် မစ္စတာတို့ကလည်း အကူအညီမဲ့စွာခေါင်းခါယမ်းကြသည်။

"နတ်ဘုရားသံတမန်တောင် သူအလွယ်တကူသတ်ဖြတ်တာကို ခံရတယ်၊ နောက်ဆုံးတော့ သူ့အားစိုက်ထုတ်မှုအပြည့်ကို မြင်ရပြီလို့ ထင်နေခဲ့တာ"

မစ္စတာပြုံးသည်။

"ဒီလိုလူမျိုးရောက်လာခြင်းက သေမျိုးနယ်မြေကို မကြုံစဖူးအမြင့်တစ်ခုဆီကို မြှင့်တင်ပေးနိုင်လောက်တယ်၊ ဘာပဲဆိုဆို လူသားဘိုးဘေးတွေကတောင် ဒီနတ်ဘုရားသံတမန်ကို မယှဉ်နိုင်ဘူး၊ အင်အားစုတွေ ပူးပေါင်းမှသာ သူတို့မှာ အခွင့်အလမ်းတစ်ခု ရှိနိုင်မယ်"

ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"ဒါဆိုဘာလို့ ‌နတ်ဘုရားနယ်မြေက သေမျိုးနယ်မြေကို လိုချင်စိတ်ပြင်းပြရတာလဲ၊ ယုတ္တိတန်စွာဆိုရရင် လူသားဘိုးဘေးနယ်ပယ် စစ်သည်လေးယောက် ပေါ်ပေါက်မှုကတောင် နတ်ဘုရားနယ်မြေအတွက် ခြိမ်းခြောက်မှုမဖြစ်စေဘူးမလား"

ဒီစကားလုံးများအပေါ် မစ္စတာ နူးညံ့စွာ သက်ပြင်းချသည်။

"ဒီကိစ္စက လူသားဘိုးဘေးလေးယောက်ပဲ သိတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ၊ ဒါပေမယ့် အဲတုန်းက သူတို့က တစ်ယောက်ယောက်နဲ့ တွေ့ခဲ့ပုံပဲ၊ သူတို့ အဲဒီလူရဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်၊ အဲဒါက ဒီကိစ္စနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေလောက်တယ်"

အင်မော်တယ်ဧကရာဇ် အနည်းငယ်ခေါင်းညိတ်သည်။

ဒီအခိုက်အတန့်မှာပင် မိစ္ဆာသခင် လုချန်ရှန်းကိုစိုက်ကြည့်ရင်း သူ့မျက်လုံးများက ကြောက်စိတ်နှင့် ပြည့်နှက်နေသည်။

နတ်ဘုရားသံတမန်ပင်လျှင် ဒီလူကို မယှဉ်နိုင်ဘူးဆိုတာကို သူမျှော်လင့်မထားခဲ့ပေ။

ထို့နောက် လုချန်ရှန်း သူ့အကြည့်ကို မိစ္ဆာသခင်ထံပို့လိုက်စဉ် မျက်လုံးနှင့် အနည်းငယ် ထိမိသည်နှင့် မိစ္ဆာသခင်တစ်ယောက် အလွန်အမင်းကြီးမားသည့် လက်တစ်ဖက်က သူ့နှလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အလား တုန်ယင်သွားရသည်။

ဒီလက်က သူ့အသက်ကို အချိန်မရွေး ယူသွားနိုင်သည်။

လုချန်ရှန်း မိစ္ဆာသခင်ကိုကြည့်သည်။

"မင်းဘာမှမပြောဘူးဆိုတာ ငါသိတယ်၊ ဒီတော့ ငါ့မှာမေးနေဖို့ရည်ရွယ်ချက်မရှိဘူး၊ အချိန်ကျလာတဲ့အခါကျရင် စိတ်ဝိဉာဉ်ရှာဖွေနည်းက လုံလောက်မှာပါ"

စိတ်ဝိဉာဥ်ရှာဖွေနည်း.....!

ဒီစကားလုံးများကို ကြားသောအခါ မိစ္ဆာသခင်၏မျက်နှာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။

သူ့နယ်ပယ်ရှိ လူတစ်ယောက်အတွက် စိတ်ဝိဉာဉ်ရှာဖွေနည်းက အင်မတန်ကို အရှက်တကွဲဖြစ်ရမည့် လုပ်ရပ်တစ်ခုပေတည်း။

သို့စေကာမူ မိစ္ဆာသခင် သနားညှာတာပေးရန်အတွက် မတောင်းဆိုဘဲ ယင်းအစား အေးစက်စွာပြောသည်။

"မင်းစွမ်းအားက ငါမြင်ဖူးသမျှထဲမှာ အကြီးကျယ်ဆုံးပဲ၊ ဒါပေမယ့် နတ်ဘုရားနယ်မြေကို စိန်ခေါ်တာက နည်းနည်းစိတ်ကြီး၀င်ရာကျမနေဘူးလား"

"နတ်ဘုရားနယ်မြေမှာ နတ်ဘုရားသံတမန်၆၄ယောက်ရှိပြီး တစ်ယောက်ချင်းစီက နတ်ဘုရားနယ်မြေထဲက နိမ့်ကျတဲ့နယ်မြေတွေရဲ့ ရှုထောင့်တစ်ခုစီဖြစ်သလို နတ်ဘုရားနယ်မြေထဲမှာ သူတို့ပုံရိပ်ကလည်း အတော်လေးမြင့်မားတယ်၊ နတ်ဘုရာသံတမန်တစ်ယောက်ကို သတ်လိုက်တာနဲ့ နတ်ဘုရားနယ်မြေက အရှက်တကွဲဖြစ်မှုကို မင်းခေါင်းပေါ်ရှိတယ်လို့ မှတ်ယူလိမ့်မယ်၊ နတ်ဘုရားနယ်မြေက အသက်ထက်မျက်နှာကို ပိုတန်ဖိုးထားတဲ့ အရူးတစ်ယောက်ဆိုတာကို မင်းလည်းသိမှာပါ"

လုချန်ရှန်းခေါင်းညိတ်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးပါ၊ ဒါပေမယ့် မင်းကိုကြည့်ရတာ အချိန်ဆွဲယူဖို့ ကြိုးစားနေပုံပဲ"

ထိုသို့ပြောရင်း လုချန်ရှန်း မိစ္ဆာသခင်ရှိရာသို့ လှမ်းပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်ပစ်သည်။

ချက်ချင်းဆိုသလို မိစ္ဆာသခင်ပတ်လည်က အာကာသက ပြင်းထန်စွာ ဖိသိပ်လာသည်။

ဒါကမိစ္ဆာသခင်၏ လှုပ်ရှားမှုအားလုံးကို ကန့်သတ်ပစ်သည်သာမက သူ့ကိုယ်ထဲက လှုပ်ရှားမှုအားလုံး၊ သွေးစီးဆင်းမှုနှင့် ဝိဉာဉ်လှုပ်ရှားမှုကိုပင်လျှင် ပိတ်ဆို့ပစ်သည်။

နိယာမစွမ်းအားအားလုံးကိုလည်း ဆင့်ခေါ်၍ မရနိုင်တော့။

မိစ္ဆာသခင်၏မျက်နှာက ချက်ချင်းဆိုသလို ပြာနှမ်းသွားရသည်။

မှန်ပေသည်။

သူအများကြီးပြောခဲ့ခြင်းက သူ့ဝိဉာဉ်အား ဖောက်ခွဲရန်အတွက် လုချန်ရှန်း၏အာရုံကို လွှဲပြောင်းရန် မျှော်လင့်ချက်ကြောင့်ဖြစ်သည်။

သူသာ ဝိဉာဉ်ကို ကိုယ်တိုင်ဖောက်ခွဲနိုင်ပါက ပြိုင်ဘက်က ဘယ်လောက်ပင် အားကောင်းနေပါစေ သူ့အပေါ် စိတ်ဝိဉာဉ်ရှာဖွေနည်းကို သုံးနိုင်မည်မဟုတ်။

"မင်းမှာသတ္တိရှိတယ်ဆိုတာ ငါတကယ်ပြောရမယ်၊ ငါတွေ့ခဲ့တဲ့တခြားရန်သူတွေဆိုရင် ငါ့ကိုခြိမ်းခြောက်ဖို့အတွက် သူတို့ရဲ့ နောက်ခံစွမ်းအားတွေကို အရင်ဆုံးထုတ်သုံးပြီး အချည်းနှီးဖြစ်နေတာကို မြင်တဲ့အခါ သနားညှာတာပေးဖို့အတွက် အရင်တောင်းဆိုကြတယ်၊ ပြီးမှ ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့ ရွေးချယ်ကြတာ" လုချန်ရှန်းပြောရင်း မိစ္ဆာသခင်အနားသို့ ဖြည်းဖြည်းချင်းချဉ်းကပ်သွား၏။

"မင်းကအခြေအနေကို ရှင်းရှင်းလင်းလင်းသိထားပုံပဲ"

လုချန်ရှန်း မိစ္ဆာသခင်ထံချဉ်းကပ်လာစဉ် မြေပေါ်က မိစ္ဆာနယ်မြေ၏ ကြီးမားသည့် စစ်တပ်က အော်ဟစ်ကြသည်။

"မိစ္ဆာသခင်ကိုကာကွယ်ကြ"

ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သည့် စစ်သားများက လုချန်ရှန်းက ကောင်းကင်ကစီးကြောင်းတစ်ခုအလား တက်လာကြသည်။

ထို့ထဲတွင် ငရဲအင်ပါယာအစောင့်တပ်မှ သိုင်းဧကရာဇ်နယ်ပယ်စစ်သည်တစ်ရာကျော်က သူတို့အသက်ဓာတ်နှင့် ဝိဉာဉ်စွမ်းအားကို ဒီတဒင်္၈၌ လောင်ကျွမ်းစေပြီး လုချန်ရှန်းကို တစ်ချိန်တည်းတွင် တိုက်ခိုက်ရန်အတွက် အစွမ်းကုန်ထုတ်လွှတ်ကြသည်။

ယခုလိုထူထပ်သိပ်သည်းလှသည့် တိုက်ခိုက်မှုများက ရှိနေသောသူတိုင်းကို ဦးရေပြားများပင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားစေသည်။

လုချန်ရှန်း ထူးမခြားစွာသာစိုက်ကြည့်ပြီးနောက် လက်ဖဝါးကိုညင်သာစွာ ဖိချရင်း ရေရွတ်သည်။

"နတ်ဘုရားသတ်ဓားအစီအရင်"

ရုတ်ချည်းဆိုသလို ဓားကိုးချောင်းက မတူညီသည့်နေရာကိုးခုသို့ရွေ့သွားပြီး မိစ္ဆာနယ်မြေစစ်တပ်အားလုံးကို အထဲတွင် ဝိုင်းရံပစ်သည်။

လုချန်ရှန်း လက်တံဆိပ်တစ်ခုဖန်တီးလိုက်စဉ် ဓားကိုးချောင်းမှ မူလဓားချီက ဒီရန်သူတပ်များတစ်ဝိုက်တွင် သားရဲအကျဉ်းထောင်တစ်ခုကို ဖန်တီးနေသည့်အလား စတင်ဆက်နွှယ်သွားကြ၏။

တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများ၏ ထိတ်လန့်အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် ၀န်းရံနေသည့်ဓားများကနေ ဖွဲ့စည်းထားသော သားရဲအကျဉ်းထောင်အထက်၌ ကောင်းကင်ကဲ့သို့ အသန့်အသတ်မဲ့ပုံရသည့် ဧရာမဓားတစ်လက် ဖြည်းဖြည်းချင်းဖြစ်တည်လာသည်။

ဧရာမဓားကြီးထိပ်တွင် မိုးနှင့်မြေကြားက နိယာမစွမ်းအားအားလုံး စုစည်းနေသည့်အသွင်။

ခေးအောစ့်အနှစ်သာရဓားသခင်ဖြစ်စေ၊ ယဲ့ချိုးပိုင် သို့မဟုတ် ရှိနေသောဓားသမားတိုင်းဖြစ်စေ ဒီဧရာမဓားကို တွေ့သောအခါ သူတို့ခါး၌ဖြစ်စေ သိုလှောင်လက်စွပ်ထဲတွင်ဖြစ်စေ ဓားများက ပြင်းထန်စွာ စတင်တုန်ခါလာကြ၏။

၎င်းတို့က ကြောက်စိတ်ကြောင့် တုန်ခါနေသည်ဟုထင်ရသော်လည်း စိတ်လှုပ်ရှားနေပုံရပြီး ဓားအိမ်ထဲကနေထွက်ကာ ဧရာမဓားကြီးထံ ပျံသန်းသွားချင်နေသည့်အလားပင်။

ဒါကအသေးစားဓားအစီအရင်လေးမဟုတ်ပါ။

ဒီမြင်ကွင်းကို ကြည့်နေကြသည့် ဓားသမားတိုင်းမှာ ဓားမူလအစက ဘာလဲဆိုတာ သူတို့တကယ်နားမလည်သည့်တိုင် ဒီဧရာမဓားကိုမြင်ရသောအခါ ဒါက ဓားမူလအစဟု ယုံကြည်သွားကြသည်။

ဒီအချိန်မှာပင် လုချန်ရှန်း၏လက်ချောင်းများက ခပ်ပေါ့ပေါ့ဆင်းသွားသည်။

ဧရာမဓားကြီးကလည်း အောက်က မိစ္ဆာနယ်မြေ၏ မဟာစစ်တပ်အပေါ် ပြင်းထန်စွာ ကျဆင်းသည်။

ဓားက ကောင်းကင်မှ ဥက္ကာခဲတစ်ခုအလား ကျသွားပြီး အောက်ကလူများထံ အရိပ်နက်တစ်ခုကို ဖြစ်စေသည်။

ပထမဆုံးက ငရဲအင်ပါယာစစ်တပ်မှ ထိုနတ်ဧကရာဇ်နယ်ပယ်စစ်သည်တစ်ရာကျော်ဖြစ်သည်။ သူတို့၏လက်သီးများက ဧရာမဓားပေါ် ကျရောက်သွားသော်လည်း လှိုင်းများကိုပင် မဖြစ်ပေါ်စေဘဲ သူတို့ကိုယ်ခန္ဓာများနှင့် ဝိဉာဉ်များက ဧရာမဓားကြီး၏ ဓားသွားထိပ်နှင့် ထိမိသွားသောအခါ ရေခဲစိုင်နှင့်ထိမိသည့်အလား ဖုန်မှုန့်များအဖြစ် ပြောင်းသွားကြသည်။

အောက်က ထူထဲသိပ်သည်းလှသည့် မိစ္ဆာနယ်မြေစစ်တပ်ကရော!

ဧရာမဓားအပြည့်အ၀ မဆင်းသက်လာသေးခင်မှာပင် ဓားချီက ကမ္ဘာ့ပျက်ကိန်းမုန်တိုင်းတစ်စင်းပမာ စစ်တပ်တစ်ခုလုံးကို သုတ်သင်ဖျက်ဆီးပစ်လိုက်လေပြီ။

မိစ္ဆာသခင် ဒီမြင်ကွင်းကို ဆွံအမှင်သက်စွာ ကြည့်နေမိသည်။ ဒီအခိုက်အတန့်၌ သူ့ခန္ဓာက မလှုပ်ရှားနိုင်လေရာ မျက်လုံးများကိုသာလှိမ့်ရင်း ၎င်းတို့က သွေးကြောများနှင့် ပြည့်နှက်ကာ မျက်လုံးထောင့်စွန်းမှ သွေးများပင် စီးကျလာသည်။

မိစ္ဆာနယ်မြေ!

ဒီလိုမျိုးဖျက်ဆီးခံလိုက်ရတာလား!

မိစ္ဆာနယ်မြေအတွင်း လူတစ်ချို့ရှိသေးသော်လည်း သူတို့က ကြီးထွားနေဆဲ သို့မဟုတ် သေမျိုးများသာဖြစ်သည်။

မိစ္ဆာနယ်မြေက နောက်ထပ်မတည်ရှိနိုင်တော့ဟု ဆိုနိုင်ပေသည်။

မိစ္ဆာနယ်မြေ၏ မဟာစစ်တပ်က မည်သောအခါမှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားသောအခါ လုချန်ရှန်း လက်ချောင်းကို ရုပ်သိမ်းလိုက်၏။

ဧရာမဓားကြီးက ပျောက်ကွယ်သွားပြီး ဓားကိုးချောင်းကလည်း ပျံ့သွားသည်။

ယင်းနောက်တွင်သာ သူမိစ္ဆာသခင်ဘက်သို့ လှည့်ပြီး လက်ကို ခေါင်းပေါ်တင်လိုက်၏။

"အခု၊ မင်းဘာသိထားသလဲဆိုတာ ကြည့်ကြရအောင်"

အပိုင်း(1284) coming။

All Chapters