← Chapters

#ဆန်းကြယ်မှုအလွှာများ#

Vol. 91 Ch. 1284

#ဆန်းကြယ်မှုအလွှာများ#

Vol. 91 Ch. 1284

မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက လုချန်ရှန်းကို ထင်မြင်ချက်များစွာနှင့်အတူ သံသယများနှင့် ကျန်ရစ်စေသည်။

အဖိုးကြီးကလည်း အရင်က ငရဲနတ်ဆိုးဒေသက အစသာရှိသေးပြီး ပိုအားကောင်းသည့် အင်အားစုများက ရှေ့တွင် တည်ရှိနေသည်ဟုပြောခဲ့သည်။

ယခုတွင်မူ လုချန်ရှန်း သတင်းအချက်အလက်အများကြီး လိုအပ်နေပြီး တစ်ခုမှ လွတ်သွား၍မရပေ။

လုချန်ရှန်း မိစ္ဆာသခင်ခေါင်းထိပ်တွင် လက်ကိုတင်လိုက်၏။

မိစ္ဆာသခင်၏ထိတ်လန့်နေသည့် အကြည့်အောက်တွင် လုချန်ရှန်း၏ဝိဉာဉ်စွမ်းအားက သူ့အသိစိတ်ပင်လယ်ထဲသို့ ၀င်သွားသည်။

ရုတ်တရက် သူ့မျက်လုံးများက တဖြည်းဖြည်းအသက်မဲ့လာသည်။

လုချန်ရှန်း မျက်လုံးအစုံမှိတ်ကာ မိစ္ဆာသခင်၏ဝိဉာဉ်မှ သတင်းအချက်အလက်အားလုံးကို စုပ်ယူလိုက်၏။

နတ်ဘုရားနယ်မြေ၏ ကိစ္စရပ်များကို ဘေးဖယ်ထားပြီး လုချန်ရှန်း ကျန်သောအရာအားလုံးကို စစ်ထုတ်ခဲ့သည်။

ယင်းကနေတဆင့် မိစ္ဆာနယ်မြေက နတ်ဘုရားနယ်မြေ၏ လက်အောက်ခံတစ်ခုဖြစ်နေတာကို သူသိသွားပြီး နတ်ဘုရားနယ်မြေ၏ အသေးစိတ်အချက်တစ်ချို့ကလည်း ပေါ်လာခဲ့သည်။

နတ်ဘုရားနယ်မြေတွင် တခြားဂိုဏ်းများဟူ၍မရှိဘဲ ဒီမဟာနယ်မြေကြီးကိုယ်တိုင်ကပင် အင်အားကြီးအရာတစ်ခုဖြစ်နေသည်။

သို့စေကာမူ အတွင်းပိုင်းတွင် ဂိုဏ်းများစွာအဖြစ် ခွဲခြားထားသည်။

နတ်ဘုရားသံတမန်များက နတ်ဘုရားနယ်မြေ၏ စောင့်ကြပ်ရေးဂိုဏ်းများမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နတ်ဘုရားနယ်မြေ၌ ၎င်းတို့၏စွမ်းအားက အဆင့်မြင့်သည်ဟု ယူဆ၍ရသည်။

ဂိုဏ်းတိုင်းတွင် နတ်ဘုရားနယ်ပယ်များရှိသည်။

နတ်ဘုရားသုံးဆယ့်နှစ်ဦးက ဂိုဏ်းသုံးဆယ့်နှစ်ဂိုဏ်းကို ကိုယ်စားပြုသည်။

သူတို့အထက်တွင် မူလနတ်ဘုရား၁၂ပါးရှိသည်။

မူလနတ်ဘုရားများအထက်တွင် ကမ္ဘာ့နတ်ဘုရားသုံးပါးရှိသည်။

သူတို့က နတ်ဘုရားနယ်မြေ၏ အားအကောင်းဆုံးတည်ရှိမှုများပင်။

ဒီအခိုက်အတန့်၌ လုချန်ရှန်း အနည်းငယ် ထိတ်လန့်သွား၏။

မိစ္ဆာသခင်၏ မှတ်ဉာဏ်များထဲကနေ သူအတော်လေးအရေးပါသည့် သတင်းအပိုင်းအစတစ်ခုကို ကြားသိခဲ့ရသည်။

ဒါကလည်း မိစ္ဆာနယ်မြေ သေမျိုးနယ်မြေအား တိုက်ခိုက်ရန်အတွက် နတ်ဆိုးနယ်မြေနှင့် ပူးပေါင်းရသည့်အကြောင်းရင်းပင်။

သူကြားသိခဲ့တာက မိစ္ဆာသခင်နှင့် နတ်ဘုရားသံတမန်တစ်ဦးတို့ကြားက စကားဝိုင်းတစ်ခုပင်။

"မင်းသေမျိုးနယ်မြေကို ကိုင်တွယ်နိုင်သရွေ့ ဒီသူတော်စင်တစ်၀က်အဆင့်လက်နက်က မင်းအတွက်ပဲ၊ ဒါ့အပြင် မင်းနတ်ဘုရားနယ်မြေကို ၀င်နိုင်ပြီး နတ်ဘုရားနယ်မြေကလည်း မင်းကို နတ်ဘုရားတပိုင်းနယ်ပယ်ကို ရောက်အောင် ကူညီပေးမယ်"

မိစ္ဆာသခင်စိတ်လှုပ်ရှားစွာပြောသည်။

"ကျွန်တော်နားလည်ပါပြီ"

ထို့နောက် မိစ္ဆာသခင် အနည်းငယ် စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် မေးသည်။

"ဘာလို့သေမျိုးနယ်မြေကို တိုက်ခိုက်ရတာလဲ၊ မကြာသေးခင်နှစ်တွေက သေမျိုးနယ်မြေ မြန်မြန်ကြီးထွားလာခဲ့ပြီး နတ်ဘုရားနယ်မြေနောက်က လိုက်တယ်ဆိုပေမယ့် နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်နိုင်တဲ့အဆင့်ထိတော့ မရောက်သေးဘူးမလား"

နတ်ဘုရားသံတမန်ထူးမခြားနားစွာပြောသည်။

"ငါလည်းအသေးစိတ်ကိုမသိဘူး၊ ဒါပေမယ့် နတ်ဘုရားအရှင်က သေမျိုးနယ်မြေမှာ လူတစ်ယောက်ပေါ်လာတယ်လို့ ပြောတာ ကြားခဲ့ရတာ၊ လူသားဘိုးဘေးတွေရဲ့ လျှို့ဝှက်ကာကွယ်ပေးမှုနဲ့ ပျိုးထောင်မှုအောက်မှာ ဒီလူက လျင်မြန်စွာ ကြီးထွားလာနေပြီး နတ်ဘုရားနယ်မြေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်စေတယ်၊ ဒါကြောင့် သေမျိုးနယ်မြေကို ဖျက်ဆီးဖို့အတွက် မင်းကို စေလွှတ်ရတာပဲ"

ဒါကိုကြားသောအခါ လုချန်ရှန်း အနည်းငယ် မျက်ခုံးကြုံ့လိုက်မိသည်။

လူတစ်ယောက်လား!

အဲဒီလူသားဘိုးဘေးလေးယောက်ရဲ့ လျှို့ဝှက်ကာကွယ်မှုအောက်မှာလား!

ယခုတွင်မူ မိစ္ဆာနယ်မြေက ထပ်မံတိုက်ခိုက်လာသဖြင့် ထိုတာ၀န်က မပြီးမြောက်သေးတာ ရှင်းနေသည်။ ထို့ကြောင့် နတ်ဘုရားသံတမန်ပြောခဲ့သည့်လူက အသက်ရှင်နေဆဲပင်။

ရှေးခေတ်ကတည်းကဆိုပါက နှစ်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လေရာ သူတို့ပြောသည့်လူကလည်း ကြီးပြင်းလာသင့်ပြီ။

ဒါဆိုရင် ဘာလို့သူမပေါ်လာရသေးတာလဲ!

ယင်းနောက်တွင် နတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်က အဆုံးသတ်သွားသည်။

မိစ္ဆာသခင်ခေါင်းထိပ်ပေါ်တင်ထားသည့် လုချန်ရှန်း၏လက်က အနည်းငယ် တုန်ယင်သွားရပြီး ရုတ်တရက် မိစ္ဆာသခင်၏ ခန္ဓာရောဝိဉာဉ်ပါ ပျက်စီးသွားကာ ခြေရာတစ်ခုမှ မကျန်ရှိတော့ပါ။

လူတိုင်းဒီမြင်ကွင်းကိုကြည့်ရင်း ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကြရသည်။

သေမျိုးနယ်မြေကို မဟာအကျပ်အတည်းတစ်ခုထဲ ပို့ဆောင်ခဲ့သည့် မိစ္ဆာနယ်မြေက ဒီလူရှေ့တွင် ယခုလိုပျောက်ကွယ်သွားကာ မည်သူမှ ရှင်ကျန်ရစ်ခြင်းမရှိချေ။

ဒီစွမ်းအားက နည်းနည်းကောင်းကင်ဘုံကို စိန်ခေါ်လွန်းရာကျမနေဘူးလား!

ဒီအချိန်တွင် လုချန်ရှန်း ရုတ်တရက် ခေါင်းမော့ရင်း ထန်ကျုံ့ကျောက်နှင့် ကျန်သောသူများအား ကြည့်ပြီးပြောသည်။

"ငါ့ရဲ့မသိတတ်တဲ့တပည့်တွေကို မင်းတို့ကူညီခဲ့တယ်ဆိုပေမယ့် ဘေးကင်းဖို့အတွက် မင်းတို့နားလည်မယ်လို့ ငါမျှော်လင့်ပါတယ်"

ထို့နောက် သူ့လက်ချောင်းများကို လှုပ်ရှားကာ ဝိဉာဉ်စွမ်းအားအမျှင်စများကို သူတို့အသိစိတ်ပင်လယ်ထဲ ပို့လိုက်၏။

ကျန်သောလူများ၏ အမူအရာများက ဖြူရော်သွားကြပြီး အနည်းငယ် မသက်မသာဖြစ်နေကြသည်။

ဒါက နတ်ဝိဉာဉ်ကန့်သတ်ချက်ဖြစ်ပြီး ဒီနေ့ဖြစ်ရပ်များအကြောင်း ပြောဆိုခြင်းကနေ တားဆီးရန်အတွက် ရည်ရွယ်ထားတာကို သူတို့သိကြသည်။

ခေးအောစ့်နယ်မြေ၏ ပါရမီရှင်များတဖြစ်လဲ ဒီလိုအရာများကို သူတို့အလိုလို ခုခံကြမည်သာ။

မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်က ကျင့်ကြံသူတစ်ယောက်၏ အသက်သွေးကြောများထဲက တစ်ခုဖြစ်သည်။

သို့စေကာမူ ထန်ကျုံ့ကျောက် လက်နှစ်ဖက်ပူးကာ ဦးညွတ်ရင်းပြောသည်။

"ကျေးဇူးပြုပြီးစိတ်ချပါ၊ စီနီယာ၊ ကျွန်တော်ဒီနေ့ဖြစ်ရပ်အကြောင်း ဘာမှမပြောပါဘူး"

သူ့စကားလုံးများတွင် သာမန်အသံတစ်ခုရှိသော်လည်း ဒါက လုချန်ရှန်းကို အလိုမတူဘဲ ခေါင်းညိတ်သည်။

ထန်ကျုံ့ကျောက်စိတ်ထဲတွင် အမှန်တကယ် ဘာတွေးနေသလဲဆိုတာ သူမသိသော်လည်း အပေါ်ယံ၌ ထန်ကျုံ့ကျောက်က ဒီကိစ္စကိုဆန့်ကျင်မနေတာကို ဖော်ပြပြီး နှုတ်ရေးကတိပင် လုပ်ခဲ့သည်။

တကယ်တမ်းတွင် ဒီလူငယ်၌ မြင့်မားသည့် ဉာဏ်ရည်ဉာဏ်သွေးတစ်ခုရှိသည်။ ဒါက သူ့အရင်ဘ၀က အရာရှိတစ်ယောက်အတွက် ကောင်းသောအရာတစ်ခုပင်။

ယင်းနောက် လုချန်ရှန်း နတ်ဝိဉာဉ်ကန့်သတ်မှုအောက်တွင် ရှိနေသည့် နတ်ဆိုးနယ်မြေဘက်သို့ ကြည့်လိုက်၏။

နတ်ဆိုးဘုရင် နတ်ဆိုးဘုရင်ကလူတိုင်းအား ယနေ့ဖြစ်ရပ်အကြောင်း မဖော်ထုတ်ရန် ကျယ်ကျယ်ပြန့်ပြန့်ပင် အမိန့်ပေးခဲ့သည်။

လုချန်ရှန်း၏စရိုက်အရ သေမျိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေက လူများကလည်း ရှောင်လွှဲ၍မရပေ။

ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်ရှန်း မစ္စတာထံလျှောက်သွားပြီး မိစ္ဆာသခင်၏ မှတ်ဉာဏ်ကနေ သူသိရခဲ့သည့် အရာအားမေးလိုက်၏။

မစ္စတာက ယခုသေမျိုးနယ်မြေ၌ အသက်အရှည်ကြာဆုံးလူပေတည်း။

မစ္စတာအဖြေပေးသည်။

"မင်းဘယ်သူ့ကိုရည်ညွှန်းနေမှန်း ငါမသိပေမယ့် တကယ်တော့ လူသားဘိုးဘေးတွေက ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်၊ သူတို့အတိအကျ ဘာပြောခဲ့သလဲဆိုတာကိုတော့ ငါမသိဘူး"

ဒါကိုကြားသောအခါ လုချန်ရှန်း အနည်းငယ်မျက်မှောင်ကြုတ်သည်။

နောက်ထပ်လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလား!

ပထမအကြိမ်ကြားတုန်းက ဒါက အရင်ကိစ္စရပ်များနှင့် မသက်ဆိုင်ဟု ထင်ရသော်လည်း လုချန်ရှန်း၏မသိစိတ်ကမူ ဒီဖြစ်ရပ်များနှင့် ဆက်စပ်နေသည်ဟု ခံစားနေရသည်။

သို့စေကာမူ သဲလွန်စမရှိသဖြင့် သူဒီအတိုင်း ထားရုံသာ တတ်နိုင်တော့သည်။

ဒီတဒင်္ဂ၌ အင်မော်တယ်ဧကရာဇ် ချဉ်းကပ်လာပြီး လုချန်ရှန်းအား အားကိုးရာမဲ့စွာပြောသည်။

"မင်းမှာဒီလိုခွန်အားမျိုးရှိနေရင် ဘာလို့အစကတည်းက မလှုပ်ရှားရတာလဲ၊ မင်း လက်ရှိဒီလိုအခြေအနေမှာ ရှိနေတဲ့ သေမျိုးနယ်မြေကို ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ဖျက်ဆီးခံရတာကို စောင့်နေရတာလဲ"

လုချန်ရှန်း အင်မော်တယ်ဧကရာဇ်အား ကြည့်ရင်း ပခုံးတွန့်သည်။

"ငါ့မှာရွေးချယ်စရာမရှိဘူးလေ၊ ငါ့တပည့်တွေကို တိုးတက်ဖွံ့ဖြိုးဖို့နဲ့ အတွေ့အကြုံရဖို့ ငါနေရာနည်းနည်းပေးရမယ်မလား"

ဒါကိုကြားသောအခါ အင်မော်တယ်ဧကရာဇ် ပို၍ပင်ဆွံအသွားလေတော့သည်။

တပည့်တွေအတွက် ‌လေ့ကျင့်ရေးကွင်းတစ်ခုအဖြစ် နယ်မြေကြီးတစ်ခုရဲ့ သေခြင်းရှင်ခြင်းကို သုံးတာလား.... ဒီလိုအလောင်းအစားမျိုး တခြားဘယ်သူကများ တတ်နိုင်မှာလဲ!

"ကောင်းပြီ၊ ပြဿာနာကလည်း ပြေလည်သွားပြီဆိုတော့ ငါအင်မော်တယ်နယ်မြေကို ပြန်သွားတော့မယ်" ထိုသို့ဆိုပြီးနောက် အင်မော်တယ်ဧကရာဇ် နောက်ထပ်နှောင့်နှေးမနေဘဲ အင်မော်တယ်နယ်မြေက လူများအား ထွက်ခွာရန် အရိပ်အမြွက်ပြလိုက်၏။

သေမျိုးနယ်မြေက အသက်ရှင်ကျန်ရစ်သူများကလည်း သူတို့၏နေအိမ်အသီးသီးကို ပြန်ကြသည်။

ငရဲနတ်ဆိုးဒေသ၏ ကြီးမားသည့်ဖျက်ဆီးမှုအောက်တွင် နယ်မြေမျိုးစုံက ကြယ်ပိုင်နက်များပျက်စီးထိခိုက်ခဲ့ရသဖြင့် သူတို့၏အင်အားစုများကို ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။

နတ်သခင်ဟောင်တျန်း ရှေ့တက်ကာ နှုတ်ဆက်ပြီးနောက် ဟောင်တျန်းနတ်ဂိုဏ်းမှ လူများကို သူတို့ဂိုဏ်းဆီသို့ပြန်ကာ ပြန်လည်တည်ဆောက်ရန် အမိန့်ပေးသည်။

ခေးအောစ့်အနှစ်သာရဓားသခင် လုချန်ရှန်းကို တစ်ချက်ကြည့်ရင်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်ကာ တိတ်တိတ်လေးထွက်သွားသည်။

ယခုအချိန်တွင် သေမျိုးနယ်မြေ၏ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းအနက် နတ်သခင်ဟောင်တျန်းနှင့် ခေးအောစ့်အနှစ်သာရဓားသခင်တို့သာ ကျန်ရှိတော့သည်။

ကျန်သောသူများက သေဆုံးခဲ့ကြရသည်။

ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့က လုချန်ရှန်း၏ နတ်ဘုရားသတ်ဓားအစီအရင်အောက်တွင် မိစ္ဆာနယ်မြေစစ်တပ်နှင့်အတူ အသတ်ခံခဲ့ရသည်။

ဒီတိုက်ပွဲအပြီးတွင် သေမျိုးနယ်မြေ၏ အာဏာခွဲဝေမှုက ပြောင်းလဲသွားတော့မည်ဟု ဆိုနိုင်သည်။

ဒါ့အပြင် ဒါက အမွေအနှစ်များ ကင်းမဲ့မေသည့် နယ်မြေတစ်ခု၏ ရှင်သန်မှုကိုလည်း ထပ်၍လျော့ကျသွားစေသည်။

ဒီအချိန်မှာပင် မစ္စတာ လုချန်ရှန်းအနား ချဉ်းကပ်ပြီးမေးသည်။

"တာအိုမိတ်ဆွေလေးလု၊ မင်းနောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

လုချန်ရှန်းခေါင်းခါယမ်းသည်။

"ကျုပ်မှာ အထူးအစီအစဉ်ရယ်လို့တော့ မရှိပါဘူး၊ အခုသေမျိုးနယ်မြေကို ကျုပ်သီးခြားထားပြီး ၀င်ပေါက်ကို ပိတ်ပစ်လိုက််ပြီ၊ ထွက်ပေါက်ရှိနိုင်တယ်ဆိုပေမယ့် နတ်ဘုရားနယ်မြေတောင် သေမျိုးနယ်မြေရဲ့ တည်ရှိမှုကို ရှာမတွေ့နိုင်ဘူး"

မစ္စတာအနည်းငယ် ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။

"ဒါအကောင်းဆုံးပဲ"

ထို့နောက်ပျက်စီးနေသည့် ပတ်၀န်းကျင်ကို ကြည့်ရင်း သူသက်ပြင်းချသည်။

"အမွေအနှစ်တွေတောင် ကင်းမဲ့နေတာ၊ အခုဒီကပ်ဘေးကို ခံစားလိုက်ရတော့ သေမျိုးနယ်မြေဘယ်အချိန် အသက်ပြန်၀င်လာမလဲဆိုတာ ဘယ်သူသိမလဲ"

ရုတ်တရက် မစ္စတာ အတွေးတစ်ခုရသွားသည့်အလား လုချန်ရှန်းကို ကြည့်သည်။

"တာအိုမိတ်ဆွေလေးလု၊ မင်းရဲ့အစွမ်းနဲ့ ဘာလို့သေမျိုးနယ်မြေကို မသင်ကြားပေးရတာလဲ၊ ဒီလိုဆိုရင် သေမျိုးနယ်မြေ ပိုပြီး မြန်မြန်ပြန်လည်သက်သာကောင်းမွန်လာနိုင်မယ်လေ"

အပိုင်း(1285) coming။

All Chapters