← Chapters

#ဖန်ချန်း၏လက်စားချေမှု#

Vol. 91 Ch. 1286

#ဖန်ချန်း၏လက်စားချေမှု#

Vol. 91 Ch. 1286

လုချန်ရှန်း အမှောင်ပိုင်နက်ကို နတ်ဘုရားနယ်မြေအား သေမျိုးနယ်မြေကို အဆုံးသတ်ပစ်ရန်အတွက် တွန်းအားပေးနေသည့် လူအကြောင်းကို ရှာရန်အတွက် ယုံကြည်မှုပေးခဲ့သည်။

မူလကမျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားသော်လည်း သဲလွန်စတစ်ခု ဒီလောက်မြန်မြန်ရှာတွေ့လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ဒါကလုချန်ရှန်း၏ နှလုံးသားအတွက် ပျော်ရွှင်မှုအနည်းငယ်ကိုပင် ယူလာပေးသည်။ ဒီရက်ပိုင်းအတွင်း ဒါက တစ်ခုတည်းသော သတင်းကောင်းအပိုင်းအစတစ်ခုပင် မဟုတ်ပေလော။

သူအလျင်အမြန်မေးသည်။

"ဘာသဲလွန်စလဲ"

အမှောင်သခင် မဲ့ရွဲ့စွာပြုံးသည်။

"အလျင်မလိုပါနဲ့၊ ဒီသဲလွန်စက အဲဒီလူနဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆက်သွယ်မှုတစ်ခုကို ညွှန်ပြရုံပါပဲ၊ ပြီးတော့ ဒီလိုဆိုရင်တောင် လမ်းညွှန်ချက်တစ်ခုပဲပေးနိုင်တယ်"

လုချန်ရှန်းပြောသည်။

"ဘာမှမဖြစ်ဘူး၊ ဘာမှမရှိတာထက်စာရင် ပိုကောင်းတာပဲလေ၊ ပြောပါ"

ဒါကိုကြားသော် အမှောင်သခင်ခေါင်းညိတ်သည်။

"စီနီယာအမှောင်အဆင့်တွေအကြောင်း သိတယ်မလား"

လုချန်ရှန်း သူ့ဘေး၌ အသက်ပြင်းပြင်းရှူကာ ကြမ်းပြင်တွင် ပြိုလဲနေသည့် လျိုကျိယုအား ကြည့်လိုက်သည်။

လျိုကျိယု လူရိုင်းဒေသကိုလာပြီး ယခုလိုအခြေအနေ၌ အဆုံးသတ်သွားရခြင်းက သူကအမှောင်အဆင့်ထဲတွင် ရှိသောကြောင့်ပင်။

"ဒါကအမှောင်အဆင့်တွေနဲ့ ဘာဆိုင်တာလဲ"

"ကျုပ်နဲ့အတူလာခဲ့" ထိုသို့ပြောပြီးနောက် အမှောင်သခင် လုချန်ရှန်းကို မြက်ခင်းထူများရှိသည့် ကျောက်တုံးအိမ်အစုအဝေးများထံ ဦးဆောင်သွား၏။ အလယ်တွင် ကောင်းကင်ထိ ထိုးတက်နေသည့် ကျောက်ပြားနက်တစ်ခုရှိသည်။

ဒီကျောက်ပြားက အမှောင်အဆင့်များဖြစ်ပြီး အမည်နှစ်ဆယ်ရှိနေသည်။

လုချန်ရှန်းမော့ကြည့်လိုက်စဉ် သူ့နာမည်က ဒုတိယနေရာတွင် ရှိနေသေးတာကို တွေ့လိုက်ရသည်။

ပထမနေရာကို တိမ်နှင့်မြူများက ဖုံးထားဆဲပင်။

အမှောင်သခင်ရှင်းပြသည်။

"စီနီယာ့ခွန်အားနဲ့ သေချာပေါက်ပထမနေရာမှာ ရှိသင့်တာလေ၊ ဒါပေမယ့် အမှောင်အဆင့်တွေမှာ အထူးယန္တရားတစ်ခုရှိတယ်၊ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပေါ့"

စကားပြောနေရင်း အမှောင်သခင် လက်ဝှေ့ယမ်းသောအခါ ပထမနာမည်ကို ဖုံးထားသည့် ထူထပ်သည့်မြူများ ပျောက်သွားပြီး အက္ခရာတစ်လုံးကို ပြသလာသည်။

"ချူ"

ဒီအက္ခရာကို ကြည့်ရင်း လုချန်ရှန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။

"ဒါကအဲဒီလူရဲ့နာမည်များလား"

အမှောင်သခင်ခေါင်းခါယမ်းသည်။

"မသေချာဘူး၊ ဒီအက္ခရာက တစ်ချိန်တည်းမှာ အမှောင်အဆင့်မှာ ပေါ်လာခဲ့ပြီး ဘယ်အချိန်ကလဲဆိုတာ ဘယ်သူမှမသိဘူး၊ အဖိုးကြီးယန်တောင် မခန့်မှန်းနိုင်တော့ ဒါကဒီလူက အမှောင်အဆင့်မှာ ထိပ်ဆုံးမှာ ကျန်ရှိနေသေးတဲ့ အကြောင်းရင်းပဲ၊ ဒါပေမယ့် အမှောင်အဆင့်က သေမျိုးနယ်မြေထဲမှာ နေထိုင်သူတွေကိုပဲ ထည့်သွင်းထားတာ၊ ဒီတော့ ထိပ်ဆုံးနေရာက လူက စီနီယာပြောတဲ့လူဖြစ်လောက်တယ်လို့ ကျုပ်တို့သံသယဖြစ်မိတယ်"

ချူ.......!

လုချန်ရှန်းအနည်းငယ်မျက်မှောင်ကြုတ်မိသည်။ ဒီအက္ခရာက တကယ်ပဲ ဘာကို ကိုယ်စားပြုနေတာလဲ!

"တခြားသဲလွန်စတွေရှိသေးလား"

အမှောင်သခင်ခေါင်းခါယမ်းသည်။

"ဒီလူနဲ့ပတ်သက်ပြီး ကျုပ်တို့ဘာသတင်းအချက်အလက်မှ ရှာမတွေ့သေးဘူး၊ သူဘယ်သူလဲဆိုတာ ဝေးသေးတယ်၊ ဒါပေမယ့် လက်ရှိတော့ ဒါက ကျုပ်တို့ရဲ့ တစ်ခုတည်းသော သဲလွန်စပဲ"

လုချန်ရှန်းခေါင်းညိတ်သည်။

ဒီသဲလွန်စက အရမ်းကြီးအသုံးမ၀င်သေးသည့်တိုင် အနည်းဆုံးတော့ လမ်းညွှန်ချက်တစ်ချို့ပေးခဲ့သည်။

"သတင်းအချက်အလက်တွေ ဆက်စုဆောင်းပါ"

အမှောင်သခင်ခေါင်းညိတ်သည်။

.....

ဒီကာလအတွင်း သေမျိုးနယ်မြေ၏ အင်မော်တယ်နယ်မြေ၏ အကူအညီနှင့်အတူ အမြန်ပြန်လည်ထူထောင်ရာ၌ တိုးတက်လာခဲ့သည်။

အဇူရာကျောင်းတော်ပြန်လည်တည်ဆောက်မှုကို တခြားနေရာများသို့ ပြောင်းရွေ့ခြင်းမရှိဘဲ ရှေးဟောင်းစစ်မြေပြင်အတွင်းသာ တည်ဆောက်ခဲ့သည်။

အရာအားလုံးကို တည်ဆောက်ပြီးသည်နှင့် ဆုလာဘ်ကို အခြေခံသည့် အခမ်းအနားကြီးတစ်ခုကို ကျင်းပမည်ဖြစ်သည်။ ဒီစစ်ပွဲအတွင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ ထောက်ပံ့ကူညီမှုများက အလွန်အမင်း အရေးပါသည်။

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဗလာနတ္ထိပုံတူထဲတွင် ဆယ်နှစ်တာအသုံးပြုရင်း ဒီမဟာစစ်ပွဲမှ အတွေ့အကြုံများနှင့် ကျင့်ကြံခြင်းကို ချေဖျက်ခဲ့ကြသည်။

လူတိုင်း၏ ကျင့်ကြံခြင်းက သိသိသာသာပင် တိုးတက်လာခဲ့ကြသည်။

ယဲ့ချိုးပိုင် နှစ်ထပ်ကွမ်းအဆင့်တိုးမြှင့်မှုနှင့်အတူ နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့်ကို တက်လှမ်းသွားခဲ့သည်။

ဟုန်ရင်က အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်ဖြစ်သည်။

နင်းချန်ရှင်းကလည်း အစစ်အမှန်နတ်ဘုရားနယ်ပယ် တစ်၀က်အဆင့်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည်။

ရှောင်ဟိုင် အစစ်အမှန်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေဆဲဖြစ်ပြီး ဒီကာလအတောအတွင်း သူ့သွေးကြောကို အဆက်မပြတ် တည်ငြိမ်အောင် လုပ်ခဲ့သည်။

ရှီရှန်းက နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။

မုဖူရှန်းကမူ တစ်ယောက်တည်းကျင့်ကြံရန် နေရာတစ်နေရာတွေ့သွားခဲ့ပြီး သူဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများမသိပေ။

ဒီမဟာတိုက်ပွဲအတွက်း မု၀မ်အာ ဆေးလုံးပမာဏအများအပြားကို ဖော်စပ်ခဲ့သဖြင့် သူမ၏ အဂ္ဂိရတ်တာအိုက အလွန်လျင်မြန်စွာ တိုးခဲ့ပြီး ဆေးလုံးကျမ်းကျင့်ကြံခြင်းကနေတဆင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်၏ အစွန်းကိုပင် ရောက်ခဲ့သည်။

ကျောက်တုံးလေးကလည်း အလားတူပင်။

နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်ပြီးနောက် ဖန်ချန်း အင်မော်တယ်နယ်မြေသို့ တိုက်ရိုက်သွားလိုက်သည်။

......

အင်မော်တယ်နယ်မြေအတွင်း လင်းတုံမြို့က သာမညောင်ညနယ်စပ်မြို့တစ်မြို့ပင်။

ဒီနေရာတွင် အဓိကအင်အားစုသုံးခုသာရှိသည်။

မြို့တော်၀န်စံအိမ်၊ အရှေ့စွန်းဂိုဏ်းနှင့် ချင်းမိသားစုတို့ပင်။

မူလက အဓိကအင်အားစုလေးခု ရှိခဲ့သော်လည်း ဖန်မိသားစုက မြို့တော်၀န်စံအိမ်နှင့် အရှေ့စွန်းဂိုဏ်းတို့၏ စုပေါင်းအားထုတ်မှုကြောင့် အမြစ်ဖြတ်ခံခဲ့ရသည်။

ဖန်မိသားစု၏ ယခင်နေရာက ယခုစားသောက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။

စားသောက်ဆိုင်၏စားပွဲထိုးက အပြင်က ဖောက်သည်များကို ဆွဲဆောင်ရန်အတွက် အော်ဟစ်ခေါ်နေစဉ် ရုတ်တရက် လူတစ်ယောက် တံခါးနားတွင်ရပ်နေပြီး အဆောက်အဦးကို မမှိတ်မသုန်စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

စားပွဲထိုးအနည်းငယ် ကြက်သေသေသွားပြီးနောက် သတိထားစွာချဉ်းကပ်ရင်း မေးသည်။

"ဆရာ၊ သေရည်သောက်ဦးမလား၊ ကျွန်တော်တို့ရဲ့စားသောက်ဆိုင်က ဖွင့်တာမကြာသေးဘူးဆိုပေမယ့် ကျွန်တော်တို့ရဲ့ သေရည်ကတော့ လင်းတုံမြို့မှာ အကောင်းဆုံးလို့ အသိအမှတ်ပြုခံရပါတယ်"

ဖန်ချန်း စားပွဲထိုးကိုကြည့်ပြီးနောက် ညင်သာစွာခေါင်းညိတ်ပြသည်။

ဒါကိုမြင်သော် စားပွဲထိုး၏မျက်နှာက ‌ပီတိနှင့်အတူ လင်း၀င်းသွားပြီး အလျင်အမြန်ဖိတ်ခေါ်လေသည်။

"ကျေးဇူးပြုပြီး၊ ဒီဘက်ကလာပါ၊ ဆရာ"

ထိုင်လိုက်ပြီးနောက် ဖန်ချန်းပြောသည်။

"ဝိုင်တစ်အိုးယူလာပေး"

စားပွဲထိုးခေါင်းညိတ်ကာ တုံ့ပြန်သည်။

"ချက်ချင်းရစေရပါမယ်၊ ခဏလေးစောင့်ပေးပါ"

ဝိုင်ယူလာပေးသောအခါ ဖန်ချန်း စားပွဲထိုးအားတားပြီး မေးလိုက်သည်။

"ဒီစားသောက်ဆိုင်ရဲ့ပိုင်ရှင်က ဘယ်သူလဲ၊ မိတ်ဆွေဟောင်းတစ်ယောက် စကားလာပြောတယ်လို့ သူ့ကိုပြောလိုက်"

စားပွဲထိုးလန့်သွားကာ အနည်းငယ် သံသယဖြစ်နေသည့်တိုင် ပြုံးလိုက်သေးသည်။

"ကောင်းပါပြီ၊ ‌‌‌ကံကောင်းချင်တော့ ဘောစ့်ကလည်း ဧည့်သည်တွေကို ဖျော်ဖြေဖို့အတွက် ဒီမှာရှိနေတယ်၊ ကျွန်တော်သူ့ကို သွားအသိပေးလိုက်ပါမယ်"

ထို့နောက် သူအတွင်းဘက်သို့ လျင်မြန်စွာ ဦးတည်သွားသည်။

များမကြာမီ ဇိမ်ခံအ၀တ်အစားများကို ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက် ရုတ်တရက် ဖန်ချန်းနှင့် ဆန့်ကျင်ဘက်တွင် ပေါ်လာပြီး ထိုင်လိုက်၏။

ဒီလူ ဖန်ချန်းကို အသေအချာစိစစ်ကြည့်ပြီးနောက် ပြောသည်။

"မိတ်ဆွေ၊ မင်းက ငါ့ရဲ့ဘယ်မိတ်ဆွေဟောင်းများလဲ၊ ငါမင်းကို အရင်က မမြင်ဖူးသလို......"

တစ်၀က်မှာပင် ထိုလူ၏ အမူအရာက အံ့သြသင့်မှုနှင့် မရေရာမှုအဖြစ် ပြောင်းလဲသွား၏။

"မင်းက နည်းနည်းတော့ရင်းနှီးပုံရတယ်၊ မင်းဘယ်သူလဲဆိုတာ သိလို့ရမလား"

ဖန်ချန်း ဝိုင်ကို တစ်ခွက်တည်း တိတ်တဆိတ်မော့သောက်လိုက်သည်။ သူ့မျက်နှာ၌ ၀မ်းနည်းမှုနှင့် ပြည့်နှက်နေသည်။

"ဒီဝိုင်.....သူ့ရဲ့အရဿာကတောင် ပြောင်းလဲသွားပြီပဲ"

ပြောင်းလဲသွားတာလား!

ထိုလူလန့်သွားပြီးနောက် ဂုဏ်ယူ၀င့်ကြားစွာရယ်မောလေသည်။

"သေချာတာပေါ့၊ ဒီဝိုင်ကို အရင်က ဖန်မိသားစုက စီမံခန့်ခွဲခဲ့ပေမယ့် သူတို့ပျက်စီးသွားပြီးကတည်းက မြို့တော်၀န်စံအိမ်က ကိုယ်တိုင်ပြန်လည်ဖွဲ့စည်းပြီး အတိုင်းအတာတစ်ခုအထိ ပြန်လည်မွမ်းမံဖို့အတွက် စီမံကိုင်တွယ်ခဲ့တယ်"

ဒီဝိုင်က ဖန်မိသားစုလုပ်ငန်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဖန်မိသားစု၏ဝိုင်က လင်းတုံမြို့တွင်သာမက အနီးအနားက မြို့များစွာတွင်လည်း နာမည်ကြီးသည်။

၎င်း၏အရဿာကကောင်းမွန်ပြီး လူတစ်ဦး၏ စိတ်အခြေအနေကို တိုးတက်စေနိုင်သဖြင့် သဘာ၀အတိုင်းပင် ကျော်ကြားလာခြင်းပင်။

"ဟမ့်၊ အဆိုးဆုံးတုပထားတာတစ်ခုပဲ၊ ဒါကို ခွေးချေးလို့ ခေါ်ရမှာတောင် ရှက်မိတယ်"

ဖန်ချန်း၏စကားလုံးများကို ကြားသောအခါ ထိုလူ၏အမူအရာက ဖြည်းဖြည်းချင်းမှောင်မိုက်လာပြီး ထရပ်ကာ ဖန်ချန်းအား စိုက်ကြည့်ရင်း ဆိုးယုတ်သည့်အသံဖြင့်ပြောသည်။

"မိတ်ဆွေ၊ မင်းပီမှာပြဿာနာအစပျိုးဖို့ ရောက်နေပုံပဲ၊ ဒီလင်းတုံမြိုတစ်ခုလုံးမှာ ဘယ်သူမှ မြို့တော်၀န်စံအိမ်ကို စိန်မ‌ခေါ်ရဲ......"

သူမပြီးနိုင်သေးခင်မှာပင် ထိုလူမှာ ဖန်ချန်း၏မျက်လုံးများအားကြည့်ရင်း သူ့မျက်လုံးများက တဖြည်းဖြည်းပြူးကျယ်လာပြီး မျက်သူငယ်အိမ်များက ကျုံ့ကာ တုန်ယင်နေသည်။

သူ့ကိုကြည့်နေသည့် ဖန်ချန်းအား လက်ညိုးထိုးရင်း သူထစ်ငေါ့စွာ ပြောလိုက်၏။

"မင်း....မင်း.....မဖြစ်နိုင်ဘူး"

ဖန်ချန်းခေါင်းညိတ်ပြီးနောက် သစ်သားခုံတွင် ထိုးရင်း လက်ဖဝါးနှင့် ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်စဉ် ထိုလူ၏လည်မြို့က ချက်ချင်းဆိုသလို မမြင်ရသည့် လက်တစ်ဖက်၏ ဖမ်းကိုင်ခြင်းကို ခံရပြီး လေထဲ၌ ဖြည်းဖြည်းလေးလွင့်မျောနေသည်။ သူဘယ်လောက်ပင် ကြိုးစားရုန်းကန်ပါစေ အသုံးမ၀င်လေရာ ဖန်ချန်းအား အထိတ်တလန့်သာ ကြည့်နေနိုင်တော့သည်။

ဖန်ချန်း အေးစက်သည့်အသံဖြင့်ပြောသည်။

"အခုအကူအညီစခေါ်တော့၊ မြို့တော်၀န်စံအိမ်က လူတိုင်းကို ဒီမှာခေါ်လိုက်၊ မဟုတ်ဘူးဆိုရင် မင်းမှာနောက်အခွင့်အလမ်း မရှိတော့ဘူး"

အပိုင်း(1287) coming။

All Chapters