← Chapters

#ထာ၀ရဝေဒနာ#

Vol. 91 Ch. 1288

#ထာ၀ရဝေဒနာ#

Vol. 91 Ch. 1288

ဒီအခိုက်အတန့်၌ ဘာကြောင့် နှစ်အနည်းငယ်အကြာတွင် ဖန်ချန်း လက်စားလာချေရဲသလဲဆိုတာ လူတိုင်းသိသွားကြသည်။

ယခုသူက လင်းတုံမြို့ရှိ အားအကောင်းဆုံးအင်အားစုနှစ်ခုကို ကိုယ်တိုင်ယှဉ်ပြိုင်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားလေပြီ။

ဒီအချိန်မှာပင် လေထဲတွင် ပုံရိပ်များစွာ ပေါ်လာသည်။

လူတိုင်းမော့ကြည့်လိုက်သောအခါ အနည်းငယ်ထိတ်လန့်သွားကြ၏။

"အဲဒါ ချင်းမိသားစုခေါင်းဆောင်ပဲ"

ချင်းမိသားစုက လင်းတုံမြို့၌ မြို့တော်၀န်စံအိမ်၊ အရှေ့စွန်းဂိုဏ်းတို့နှင့် ယှဉ်နိုင်သည့် တစ်ခုတည်းသောအင်အားစုဖြစ်သည်။

မြို့တော်၀န် ချင်းမိသားစုခေါင်းဆောင်အား စိုက်ကြည့်ရင်း အေးစက်စွာမေးသည်။

"မင်းဒီကိုဘာလာလုပ်‌တာလဲ"

ဒါကိုကြားသောအခါ ချင်းမိသားစုခေါင်းဆောင် ကျယ်လောင်စွာ ရယ်မောပြီး မုတ်ဆိတ်ဖြူများကို ပွတ်သပ်လိုက်၏။

"ပွဲကြီးပွဲကောင်းကြည့်ရတာ မကြိုက်တဲ့လူ ဘယ်သူရှိလို့လဲ၊ စိတ်မပူပါနဲ့၊ ငါဒီကို ဘယ်ဘက်ကိုမှ ကူညီပေးဖို့ရောက်နေတာ မဟုတ်ဘူး၊ ကြည့်ဖို့သက်သက်ပဲ" ထို့နောက် သူဖန်ချန်းအား ကြည့်ရင်းပြောသည်။

"ငါ့ကိုစိတ်ထဲမထားနဲ့၊ မင်းဆက်တိုက်လို့ရတယ်"

ချင်းမိသားစုက လင်းတုံမြို့၌ အမြဲလိုလို ကြားနေအနေအထားတွင်ရှိသည်။

ဖန်ချန်း ထိုအဖိုးကြီးကို စိုက်ကြည့်ပြီးနောက် သူ့အကြည့်က မြို့တော်၀န်နှင့် အရှေ့စွန်းဂိုဏ်းချုပ်တို့ထံ ကျရောက်သွား၏။

"ရေအတိမ်အနက်ကို စမ်းသပ်ဖို့အတွက် တစ်ယောက်ယောက်လိုသေးလား၊ ဒါပေမယ့် ကျုပ်ကတော့ မလိုအပ်တော့ဘူးထင်တယ်"

မြို့တော်၀န် အနည်းငယ်မျက်ခုံးပင့်လိုက်မိသည်။

"ငါတကယ်သိချင်မိတယ်၊ နှစ်အနည်းငယ်အတွင်း မင်းဘယ်လိုလုပ် ဒီအဆင့်အထိ အောင်မြင်ခဲ့တာလဲ၊ မင်းအင်အားစုတစ်ခုခုကို ၀င်ခဲ့တာလား ဒါမှမဟုတ် မယုံနိုင်စရာအမွေအနှစ်တစ်ခုခုကို ရခဲ့တာများလား"

သူတို့၏အမြင်အရ ဖန်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်အားလုံး၏ ပါရမီကို ထောက်ဆကြည့်ပါက သူတို့စွမ်းအားက ဒီလောက်မြန်မြန်တိုးပွားရန် မဖြစ်နိုင်တာ ရှင်းနေသည်။

ထို့ကြောင့်လည်း မြို့တော်၀န်က ဒီလိုမေးခွန်းများကို မေးလာခြင်းပင်။

အကယ်၍သူသာ အင်အားစုတစ်ခုခုတွင် ၀င်ခဲ့ပါက ဖန်ချန်း၏နယ်ပယ်ကို ဒီလောက်မြန်မြန်တိုးတက်စေနိုင်သည့်အပေါ် ထိုအင်အားစုက အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်ရပေမည်။

ဒီလိုဆိုပါက ဖန်ချန်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သူတို့စဉ်းစားရန် လိုမည်။ အကယ်၍ သူတို့မှားယွင်းစွာ ကိုင်တွယ်မိပါက သူ့နောက်ကအင်အားက သူတို့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်။

အကယ်၍ မယုံနိုင်စရာအမွေအနှစ် တစ်ခုသာဆိုပါက သူတို့သူ့ကိုသတ်ပြီး အမွေအနှစ်ကို သိမ်းပိုက်ရုံသာ။

မြို့တော်၀န်၏စကားလုံးများကို ကြားသောအခါ ဖန်ချန်းဘာတစ်ခုမှ မဖုံးကွယ်ဘဲ ရိုးရှင်းစွာသာပြောသည်။

"အဲဒါကတကယ် အမွေအနှစ်တစ်ခုပါ၊ ဒါပေမယ့် စွမ်းအားအတွက်တော့.... အစက ကျုပ်အင်အားစုတစ်ခုကို ၀င်ဖို့ကြိုးစားခဲ့ပေမယ့် ကံဆိုးချင်တော့ မအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့် ကျုပ်နောက်အင်အားစုတစ်ခုမှာ ၀င်ခဲ့ပါတယ်"

အမွေအနှစ်တစ်ခုလား!

မြို့တော်၀န်နှင့် အရှေ့စွန်းဂိုဏ်းချုပ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့မျက်လုံးများ၌ စိတ်လှုပ်ရှားမှုက သိသာနေသည်။

ဘယ်လိုအဖိုးတန်အမွေအနှစ်က ဖန်ချန်းကို ဒီအဆင့်အထိ မြှင့်တင်ပေးနိုင်တာလဲ!

သို့သော် ဖန်ချန်း၏နောက်ဆက်တွဲ စကားလုံးများကို ကြားသောအခါ အရှေ့စွန်းဂိုဏ်းချုပ်၏ နှလုံးသားက တင်းကျပ်သွားပြီး အလျင်အမြန်မေးသည်။

"ဘယ်အင်အားစုလဲ"

ဖန်ချန်း၏နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွား၏။

ဒီစကားပြောလိုက်သည့်အချိန်တွင် နောက်ထပ်လက်စားချေမည့် နည်းလမ်းတစ်ခုက သူ့နှလုံးသားထဲတွင် ပေါ်လာသည်။

သူတို့ကိုသတ်ပစ်ရုံမျှနှင့် အရမ်းကြီးထိခိုက်အောင် လုပ်နိုင်မည်မဟုတ်။

ဒါကသူတို့သေခြင်းတရားအတွက် တဒင်္ဂလေးအတွက်သာ နာကျင်စေလိမ့်မည်။

ဒီလိုဆိုပါက လက်စားချေရန်အတွက် အကောင်းဆုံးနည်းက ဘာဖြစ်လေသနည်း။

သူတို့၏စိတ်နှင့်ကိုယ်ခန္ဓာကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ပါကရော!

ပထမက စိတ်ပိုင်းဆိုင်ရာကာကွယ်မှုများကို အရင်ချေမွပစ်ပြီးမှ သတ်ပစ်ရမည်။ ယင်းနောက်တွင်သာ လက်စားချေခြင်း၏ သက်ရောက်မှုကို သူအောင်မြင်နိုင်ပေလိမ့်မည်။

"မင်းဘာလို့ရယ်နေတာလဲ" မြို့တော်၀န်မေးရင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဒါပေမယ့် ကျုပ်ဘယ်အင်အားစုမှာ ၀င်ခဲ့သလဲဆိုတာ ခင်ဗျားတို့သိချင်လား" သူတို့တုံ့ပြန်တာကိုပင် စောင့်မနေဘဲ ဖန်ချန်းဆက်ပြောသည်။

"လင်းတုံမြို့က လွတ်မြောက်ပြီးနောက်မှာ ကျုပ် အင်မော်တယ်နန်းတော်ကို တည့်တည့်သွားပြီး ၀င်ချင်ခဲ့တယ်"

အင်မော်တယ်နန်းတော်!

ဒီတစ်ကြိမ်တွင်မူ မြို့တော်၀န်နှင့် အရှေ့စွန်းဂိုဏ်းချုပ်တို့တင်မဟုတ်ဘဲ ချင်းမိသားစုခေါင်းဆောင်နှင့် ကြည့်နေကြသည့် တစ်ကိုယ်တော်ကျင့်ကြံသူများပင်လျှင် ပါးစပ်ဟနေပြီး မယုံနိုင်စွာဖြစ်နေကာ ဖန်ချန်းပြောစကားများကို နားထောင်နေကြ၏။

"ဒါပေမယ့် အင်မော်တယ်နန်းတော်တံခါးအပြင်ဘက်မှာ ရက်တစ်ရာကျော် ဒူးထောက်ခဲ့တာတောင် ကျုပ်ကျရှုံးနေဆဲပဲ"

ဒါကိုကြားသောအခါမှသာ မြို့တော်၀န်စံအိမ်နှင့် အရှေ့စွန်းဂိုဏ်းကလူများ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

အကယ်၍ ဖန်ချန်းသာ အင်မော်တယ်နန်းတော်သို့ ၀င်ခဲ့ပါက သူတို့ဘာလုပ်နိုင်မည်နည်း။

သူတို့ကိုယ်သူတို့ သတ်သေရလောက်သည်။

မြို့တော်၀န် စိတ်သက်သာရာရစွာ ရယ်မောရင်း ဖန်ချန်းအား လှောင်ပြောင်စွာ ကြည့်သည်။

"အင်မော်တယ်နန်းတော်က မင်းလိုအရည်အချင်းနဲ့လူတစ်ယောက်အတွင် မဟုတ်ဘူး"

အရှေ့စွန်းဂိုဏ်းချုပ်ကလည်း ကျယ်လောင်စွာ ရယ်မောသည်။

"အင်မော်တယ်နန်းတော်နဲ့ လိုအပ်ချက်နဲ့ မင်းအဆင့်က မိုးနဲ့မြေလိုပဲ အရမ်းကွာခြားတယ်၊ မင်းရေတွင်းထဲကနေ ယာယီတက်သွားနိုင်ရင်တောင် ရေတွင်းအပြင်ကို မြင်နိုင်ဖို့အတွက် မျှော်လင့်ချက်မရှိသေးပါဘူး"

"ဒါပေမယ့် အင်မော်တယ်နယ်မြေက အားကောင်းတဲ့ အင်အားစုဖြစ်တဲ့ အင်မော်တယ်နန်းတော်ကို မင်းတွေးဖို့အတွက် သတ္တိရှိပြီး သွားတောင်သွားခဲ့သေးတယ်"

ဖန်ချန်းသဘောတူသည့်အသွင် ခေါင်းညိတ်ကာ ထူးမခြားနားစွာပြောသည်။

"အဲဒီအချိန်က အင်မော်တယ်နန်းတော်က လူတွေက ကျုပ်ကိုမထီမဲ့မြင်ပြုကြတယ်၊ ဒါပေမယ့် အဲဒီနောက်မှာတော့ ကျုပ်ဆရာဖြစ်တဲ့ အင်မော်တယ်နန်းတော်က မဟုတ်တဲ့ တခြားတစ်ယောက် ကျုပ်ကိုခေါ်သွားခဲ့ပြီး အင်မော်တယ်နန်းတော်ကတော့ ဒါကို ပေးခဲ့တယ်"

ထို့နောက် ဖန်ချန်း တုံကင်တစ်ခုကို ထုတ်ယူလိုက်၏။

၎င်းထဲတွင် 'အင်မော်တယ်ဧကရာဇ်' ဟူသောစာလုံးများကို ရေးထွင်းထားသည်။

တုံကင်ပေါ်၌ အလွန်အမင်းသိပ်သည်းထူထဲသည့် အင်မော်တယ်အော်ရာစီးကြောင်းတစ်ခုရှိသည်။

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ အလိုအလျောက် ကြောက်စိတ်နှင့် အညံ့ခံလိုစိတ်ကို ခံစားရသည်။

အရှေ့စွန်းဂိုဏ်းချုင်နှင့် မြို့တော်၀န်တို့ကလည်း ခြွင်းချက်မဟုတ်။

သူတို့၏မျက်သူငယ်အိမ်များက ထုံထိုင်းနေရာကနေ ထိတ်လန့်သွားကြပြီးနောက် အကြီးအကျယ် ပြူးကျယ်သွားကြ၏။

ယခုတော့ မျှော်လင့်ချက်ကင်းမဲ့

လာလေပြီ။

အင်မော်တယ်ဧကရာဇ်တုံကင်!

မည်သူမှဒါကို အတုလုပ်ရဲမည်မဟုတ်။

မည်သို့ပင်ဆိုစေကာမူ ဒါကို အင်မော်တယ်ဧကရာဇ်ကိုယ်တိုင် ပေးခဲ့ခြင်းပင်။

အင်မော်တယ်ဧကရာဇ်ကိုယ်တိုင်တွင်သာ ဒီလိုတုံကင်မျိုးရှိသည်။

အင်မော်တယ်ဧကရာဇ်တုံကင်ကို မြင်ရခြင်းက အင်မော်တယ်ဧကရာဇ်ကိုယ်တိုင် ရောက်လာသကဲ့သို့ဖြစ်သည်။

ဒီစကားစုကလှည့်စားမှုသက်သက်မဟုတ်။ ချင်းမိသားစုခေါင်းဆောင် ဒီတုံကင်ကို မြင်ရသောအခါ ဟင်းလင်းပြင်ထဲတွင် ချက်ချင်းဒူးထောက်ကာ ခေါင်းငုံ့ရင်း လက်အစုံကိုမြှောက်ပြီးနောက် ကျယ်လောင်စွာပြောသည်။

"အင်မော်တယ်ဧကရာဇ်အရှင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်"

ချက်ချင်းဆိုသလို တခြားသူများက တစ်ဦးပြီးတစ်ဦးဒူးထောက်ပြီး ဖန်ချန်းအား ၀န်းရံကာအော်ဟစ်ကြသည်။

"အင်မော်တယ်ဧကရာဇ်အရှင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်"

ဖန်ချန်း အင်မော်တယ်ဧကရာဇ်တုံကင်ကို ကိုင်ပြီး ရှေ့တိုးကာ မြို့တော်၀န်နှင့် မျက်နှာချင်းဆိုင်လိုက်၏။

"ကျုပ်အင်မော်တယ်နန်းတော်ကို မ၀င်ခဲ့ပေမယ့် ကျုပ်ဆရာက အင်မော်တယ်ဧကရာဇ်နဲ့ စကားပြောနိုင်တယ်"

တောင်းပန်ပါတယ်ဆရာ၊ ဒီလက်စားချေမှုကို နည်းနည်းထိရောက်အောင်လုပ်ဖို့ ကျွန်တော် ဆရာ့ရဲ့ဩဇာလွှမ်းမိုးမှုကို နည်းနည်းသုံးလိုက်ပါတယ်!

ဖန်ချန်း၏စကားလုံးများကို နားထောင်ရင်း မြို့တော်၀န်နှင့် အရှေ့စွန်းဂိုဏ်းချုပ်တို့ ဟင်းလင်းပြင်၌ ဒူးထောက်လိုက်ကြပြီး ချွေးအေးများနှင့် စိုရွှဲသွားကြ၏။

အင်မော်တယ်ဧကရာဇ်နှင့် တိုက်ရိုက်စကားပြောနိုင်ပြီး အင်မော်တယ်ဧကရာဇ်ကိုယ်တိုင် ပေးခဲ့သည့် တုံကင်ရှိနေခြင်းက ဒီလိုလူမျိုးက သူတို့ရန်စနိုင်သည့် အတိုင်းအတာထက် သာလွန်နေသည်ဟု ဆိုလိုနေသည်။

ဖန်ချန်း နှစ်အနည်းငယ်အတွင်း ဒီအဆင့်ကို ရောက်သွားသည်မှာ အံ့ဩသင့်စရာမရှိတော့။

"ဖန်...မိတ်ဆွေလေး၊ အတိတ်မှာ ဖြစ်ပျက်ခဲ့တာက ငါတို့အမှားပါ၊ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ" မြို့တော်၀န် တုန်ယင်ကာ ထစ်ထစ်ငေါ့ငေါ့ပြောသည်။

"သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အဲဒီပစ္စည်းကို ငါမင်းကိုပေးပါမယ်"

သို့သော် ဖန်ချန်းခေါင်းခါယမ်းသည်။

"သွေးကြွေးကို သွေးနဲ့ပဲပြန်ဆပ်ရမယ်၊ တောင်းပန်ရုံနဲ့ မလုံလောက်ဘူး"

မြို့တော်၀န်၏ နှလုံးသားက အေးစက်သွားရပြီး နောက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဆီသို့ သွားလိုက်သည်။

"ဒါဆိုငါ့ကိုသတ်ပြီး မြို့တော်၀န်စံအိမ်က ကျန်တဲ့သူတွေကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ...."

"အဲဒီတုန်းက ဖန်မိသားစုက အပြစ်မဲ့တွေကို ခင်ဗျားချမ်းသာပေးခဲ့လား" ဖန်ချန်း၏ အမူအရာက အေးစက်နေသည်။ သူမြို့တော်၀န်ကို ငုံ့ကြည့်သည်။

"ဒါ့အပြင် မြို့တော်၀န်စအိမ်က ဘယ်သူကများ အဲဒီတုန်းက ဖန်မိသားစုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ မပါ၀င်ခဲ့တာရှိလို့လဲ"

ရုတ်တရက် အရှေ့စွန်းဂိုဏ်းခေါင်းဆောင် ထွက်လာပြီး ဖန်ချန်းခေါင်းဆီသို့ လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်၏။

"သေရမှာပဲဆိုမှတော့ အကောင်းဆုံးတိုက်ခိုက်ရမှာပေါ့"

သို့သော်ဖန်ချန်းသူ့ကို ကြည့်ပင်မကြည့်။ သူ့ကိုယ်၀န်းကျင်ရှိ အစီအရင်စွမ်းအင်မှ အတားအဆီးတစ်ခု မြှင့်တက်လာပြီး ဂိုဏ်းချုပ်၏လက်ဖဝါးချက်ကို ပိတ်ဆို့ပစ်သည်။

ထို့နောက် မြို့တော်၀န်နှင့် အရှေ့စွန်းဂိုဏ်းချုပ်တို့၏ မျှော်လင့်ချက်ကင်းမဲ့နေသည့် အကြည့်အောက်တွင် ဖန်ချန်း သိမ်မွေ့စွာပြောသည်။

"ဒီအကြောင်းကို တွေးမိပြီးနောက်မှာ အခုခင်ဗျားတို့ကို သတ်ပစ်တာက အရမ်းလွယ်လွန်းတယ်လို့ ကျုပ်ခံစားရတယ်"

"ဒီတော့ အထဲမှာ ထာ၀ရနာကျင်ခံစားရဖို့အတွက် ခင်ဗျားတို့ကို ပုံရိပ်ယောင်အစီအရင်ထဲ ၀င်ခွင့်ပေးရမှာပေါ့"

သူ့လက်အစုံကို ကျယ်ပြန့်စွာဖြန့်လိုက်စဉ် အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်က မြို့တော်၀န်စံအိမ်နှင့် အရှေ့စွန်းဂိုဏ်းမီ လူတိုင်းကို အထဲသို့ ရုတ်တရက် လွှမ်းခြုံပစ်သည်။

အပိုင်း(1289) coming။

All Chapters