← Chapters

တိုက်ပွဲ

Vol. 85 Ch. 845

တိုက်ပွဲ

Vol. 85 Ch. 845

“ဒါက… သတ္တမ… သတ္တမလက်စွပ်အဆင့် အာကင်နာနည်းစနစ်ပါလား”

နုပျိုပြည့်လျံ အံ့သြတကြီးနှင့် ရေရွတ်လိုက်မိ၏။ စုချန်း ဖော်ထုတ်လိုက်သည့် နည်းစနစ်ကို သူမ မသ်ိချေ။ သို့သော် စုချန်းထံမှ ထွက်ပေါ်လာသည့် မူလစွမ်းအင်ပမာဏကတော့ မိုးပြာရောင်မျက်နှာဖုံးသည် သတ္တမလက်စွပ်အဆင့်အာကင်နာပညာရှင်တစ်ဦးဖြစ်နေပြီဟု ရှင်းရှင်းလင်းလင်းပင် ဖော်ပြနေ၏။

သတ္တမလက်စွပ်အဆင့်အာကင်နာပညာရှင်များဟူသည် ကောင်းကင်နိုင်ငံတော်တွင် များစွာ တန်ခိုးကြီးမားသူများ ဖြစ်၏။ သို့သော် ပိုအရေးကြီးသည်မှာ သူသည် ဆဋ္ဌမလက်စွပ် အဆင့်ကို ယခုအချိန်မတိုင်မီလေးကမှ ရောက်ရှိခဲ့သည်မဟုတ်ပါလား။

စုချန်းတယောက် ပဉ္စမလက်စွပ်အဆင့်မှ ဆဋ္ဌမလက်စွပ်အဆင့်သို့ တက်လှမ်းသွားခြင်းကို နုပျိုပြည့်လျံ အံ့ဩသော်လည်း လက်ခံနိုင်၏။ သို့သော် အဆင့်တက်ပြီးပြီးချင်း ဆဋ္ဌမလက်စွပ်အဆင့် အာကင်နာနည်းစနစ်နှစ်မျိုးကို ချက်ချင်း အသုံးပြုနိုင်ခြင်းကပင် အလွန်အံ့သြစရာကောင်းလှပေပြီ။ ယခုတော့ သူက သတ္တမလက်စွပ်အဆင့်အာကင်နာနည်းစနစ်ကိုပင် အသုံးပြုနေသေးသည်ဆိုပါကလား။

လေမျိုးဆုံရာမျိုးနွယ်စုဝင်များအဖို့ကား အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်နေကြ၏။ ကျင့်ကြံခြင်းအဆင့်နှစ်ဆင့်ကို ဆက်တိုက်ဆိုသလို တက်လှမ်းနိုင်ခြင်းက လူတိုင်း၏ ကမ္ဘာကြီးအပေါ် နားလည်ထားမှုကို စိန်ခေါ်လိုက်ခြင်းပေတည်း။ သို့မဟုတ်လျင် စုချန်းသည် ကနဦးကတည်းက ဆဋ္ဌမလက်စွပ်အဆင့် အာကင်နာပညာရှင်အဆင့်သို့ ရောက်နေပြီးသား ဖြစ်ရပေမည်။

နောက်ဆုံးတွင်တော့ ဤတချက်သည်သာ ဖြစ်နိုင်ဖွယ်အရှိဆုံး အကြောင်းပြချက် ဖြစ်နေ၏။

ထိုအချိန်တွင်ကား စုချန်းသည် သူ့ ကိုယ်ပိုင်စိတ်ဝိညာဥ်စွမ်းအင်များကို လောင်စာအဖြစ်သုံးကာ စိတ်ဝိညာဥ်စွမ်းရည် အဆင့်မြှင့်တင်သည့် လုပ်ငန်းစဉ်ကို အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သည်။ ထိုသို့ စိတ်ဝိညာဉ်စွမ်းရည်အဆင့်မီလာသည့်အချိန်တွင် သူ၏ စိတ်စွမ်းအင်မှာလည်း ယူနစ်၂၃၀၀ ဝန်းကျင်မှ ယူနစ်၁၇၀၀ထိ ကျဆင်းသွားကြောင်း တွေ့လိုက်ရ၏။

ဆိုလိုသည်မှာ စိတ်ဝိညာဥ်စွမ်းအင် ယူနစ်ပေါင်း၆၀၀ခန့်ကို သူ မီးရှို့ပစ်လိုက်သည့်သဘောပင်။ ၎င်းမှာ ပမာဏအားဖြင့် အတော်လေး များပြားနေ၏။ စုချန်းကဲ့သို့သောလူစားမျိုးပင်လျင် နှမြောခြင်းကြီးစွာ ခံစားလိုက်ရလေသည်။

သို့သော် ပြန်ရလိုက်သည့်စွမ်းရည်အဆင့်ကလည်း ထိုက်တန်ပါ၏။ အထင်ရှားဆုံးပြယုဂ်မှာ လက်ရှိတွင် စုချန်းအနေနှင့် နတ်ဘုရားနန်းတော်များကို တည်ဆောက်နိုင်စွမ်းရှိလာခြင်းပေတည်း။

ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကို နတ်ဘုရားနန်းတော်များ တည်ဆောက်နိုင်စွမ်းဖြင့် သတ်မှတ်၏။ ဤနန်းတော်များ၏ အခြေခံမှာလည်း စိတ်ဝိညာဥ်စွမ်းအင်ပင် ဖြစ်လေသည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကျင့်ကြံသူများသည် မူလစွမ်းအင်ကို ထိန်းချုပ်နိုင်ရန် အဓိကထားကြ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ကျင့်ကြံသူများသည်ကား ရုပ်ပိုင်းဆိုင်ရာခွန်အားကို အဓိကထားလေ့ရှိကာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကျင့်ကြံသူများအဖို့တော့ ၎င်းတို့၏ စိတ်ခွန်အားကို အဓိကထားကြပေသည်။

ထို့ကြောင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ တိုးတက်မှုကို နတ်ဘုရားနန်းတော်ရှစ်ဆောင်ဖွဲ့စည်းခြင်းဖြင့် ပုံဖော်လေ့ရှိကြ၏။ ဤနတ်ဘုရားနန်းတော်ရှစ်ဆောင်သည် လူသားများအတွက် အစွမ်းထက်သောစိတ်စွမ်းအင်ထုတစ်ခု ဖွဲ့စည်းနိုင်ရန် အရေးကြီးသော အဆင့်ရှစ်ဆင့်နှင့်တူပေသည်။

စုချန်းအဖို့ကား အလွန်အင်အားကြီးမားသော စိတ်ဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်ထားပြီးဖြစ်၍ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းထက် များစွာ လွယ်ကူနေ၏။ သူ ဤမျှကြာအောင် စောင့်ဆိုင်းခဲ့ရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ထိုနယ်ပယ်သို့ဝင်ရောက်ရန် ပိုမိုထိရောက်သော နည်းလမ်းကို ရှာဖွေနေခြင်းကြောင့်ဖြစ်သည်။ သူသည် သွေးဗီဇစွမ်းအင်မပါပဲ ဝင်ရောက်နိုင်သည့်နည်းလမ်းကို ရှာဖွေနေသည်သာမကဘဲ သွေးဗီဇပိုင်ဆိုင်ထားသူတစ်ဦးထက် ပို၍ကြီးမားသော ခွန်အားကို ပေးစွမ်းနိုင်မည့် နည်းလမ်းကိုပါ ရှာဖွေနေခြင်းပေတည်း။

စိတ်ဝိညာဥ်စွမ်းရည် သတ္တမလက်စွပ်အဆင့်သို့ ရောက်သွားပြီးနောက် နတ်ဘုရားနန်းတော်များကို တည်ဆောက်ရန် သူ့ခန္ဓာကိုယ်က အလိုအလျောက် ပြင်ဆင်သွားမည်ဟု ကနဦးတွင် စုချန်း လုံးဝမျှော်လင့်ထားခဲ့သည်မဟုတ်။ သို့သော် ယခုတော့ သူ စိတ်ကူးလိုက်သည်နှင့် ပထမဆုံးနတ်ဘုရားနန်းတော်ကို တည်ဆောက်နိုင်တော့မည်ကဲ့သို့ စုချန်း ခံစားမိနေတော့၏။

သို့သော် တကယ်တမ်းတွင် စုချန်းကား အလင်းတုန်ခါခြင်းနယ်ပယ်ထိပ်ဆုံးအလွှာသို့ပင် မရောက်ရှိသေးချေ။

သူသည် ကြာပန်းအုတ်မြစ်လေးခုကိုသာ တည်ဆောက်ရသေး၏။

ကြာပန်းအုတ်မြစ်လေးခုသာရှိသည့် လူတယောက် နတ်ဘုရားနန်းဆောင်တစ်ဆောင်ကို တည်ဆောက်ခြင်းမှာ ဤလောကကြီးဝယ် တခါမှမကြားဖူးသောကိစ္စပင် ဖြစ်သည်။ ထို့ပြင် ကြာပန်းအုတ်မြစ်များဟူသည် လူတစ်ဦး၏ ခွန်အားကို တိုးစေရန်သာမက နတ်ဘုရားနန်းတော်များတည်ဆောက်ရန် အခြေခံအုတ်မြစ်အဖြစ်လည်း ဆောင်ရွက်ပေးသည်မဟုတ်ပါလား။

ယခုတော့ စုချန်း၏ လုပ်ရပ်က ဤအုတ်မြစ်ကို သိသိသာသာပင် ပြောင်းလဲသွားစေတော့မည်တည်း။ လက်ရှိ သူ့အနေအထားအရ စုချန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်အထွတ်အထိပ်အလွှာနှင့် လားလားမျှမနီးစပ်သေးသော်လည်း သူသာဆန္ဒရှိပါက ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ပင် ဝင်ရောက်နိုင်နေခဲ့လေပြီ။

အကယ်၍ ဤအကြောင်းကိုသာ တခြားသူများသိသွားပါက မူလကမ္ဘာကြီးတခုလုံး ဆူပွက်ကုန်ပေတော့မည်။

သို့ဆိုလျင် သူ ယခုပင် နတ်ဘုရားနန်းဆောင်တစ်ဆောင် တည်ဆောက်သင့်သလား။

သို့သော် ဤအတွေးကို စုချန်း ချက်ချင်းပင် ငြင်းပယ်လိုက်၏။ အကြောင်းမှာ ပို၍ကောင်းမွန်သောနည်းလမ်းကို သူ မရှာဖွေရသေးသောကြောင့်ပင်။ ထို့ပြင် ကျန်ရှိနေသေးသည့် ကြာပန်းအုတ်မြစ်များကို တည်ဆောက်ခြင်းတွင် အရေးပါသောတန်ဖိုးတရပ်ကလည်း ရှိနေသေး၏။

“အင်း ကြည့်ရသလောက် အာကင်နာနည်းစနစ်တွေက တကယ်ကြီး တန်ဖိုးရှိနေတာပဲကိုး”

စုချန်း ပြုံးရင်း ရေရွတ်လိုက်၏။

တချိန်က ရှီကိုင်းဟွမ်သည် အာကင်နာနည်းစနစ်များကို လေ့လာလိုက်စားသည့်အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ဖူး၏။ သို့သော် စုချန်းကတော့ အာကင်နာနည်းစနစ်များကိုပင် အခြေခံပြီး သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းမှာ ရှီကိုင်းဟွမ်အဖို့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်နှင့် တူ၏။ ယခုတကြိမ်တွင်ကား ဒုတိယအကြိမ် ဖြတ်ရိုက်ခံလိုက်ရခြင်းပင်။ သို့သော် ထိုအတွက် ရှီကိုင်းဟွမ် ပျော်နေမည်မှာ သေချာနေ၏။

သတ္တမလက်စွမ်အဆင့်သို့ရောက်သွားသည်နှင့် စုချန်းက ဝိညာဉ်ဆက်သွယ်မှုနည်းစနစ်ကို ချက်ချင်းလေ့လာပြီး အသက်သွင်းလိုက်၏။ ထို့နောက် သူက သူ့စိတ်ကို သတ္တုသတ္တဝါများနှင့် ချိတ်ဆက်လိုက်လေသည်။ ထိုခနအတွင်းမှာပင် သူ့စိတ်ထဲသို့ ရှုပ်ထွေးသော အတွေးများအများအပြား ဝင်ရောက်လာသည်ကို စုချန်း ခံစားလိုက်ရ၏။

ထိုသတ္တဝါများအားလုံးသည် တခုတည်းသော အတွေးကိုသာ တွေးနေကြ၏။

အရမ်းကြောက်ဖို့ကောင်းတယ်”

“ငါ မသေချင်ဘူး”

“လက်နက်ချမယ် လက်နက်ချမယ်”

အထက်ပါအတိုင်း များပြားလှသောအတွေးများ စုချန်း၏ ခေါင်းထဲတွင် ပလူပျံနေ၏။ စုချန်းအဖို့မှာလည်း ဘာမှမတတ်နိုင်တော့ပဲ ထိုအသံများကို အတိုင်းသား နားထောင်နေရတော့သည်။

ဤစွမ်းရည်သည် လွန်စွာ အစွမ်းထက်လှ၏။ သို့သော် သတ္တဝါများစွာ၏ အတွေးများကို တစ်ပြိုင်နက် စီမံခန့်ခွဲရခြင်းမှာလည်း ပင်ပန်းလှကြောင်း ထိုခနမှာပင် သူ သဘောပေါက်လိုက်သည်။

၎င်းမှာ သူ၏စိတ်ထဲသို့ အငြင်းပွားနေကြသော ဧည့်သည်အများအပြား ရုတ်တရက်ရောက်လာသည်နှင့်ပင် တူနေသေး၏။ စက္ကန့်ပိုင်းအတွင်းမှာပင် စုချန်း ရူးချင်လာလေသည်။ သူ့စိတ်ထဲတွင်လည်း အရှုံးသမားတစ်ဦးကဲ့သို့ ခံစားနေရ၏။ ထိုမျှလောက်သောအနေအထားထိသာ ခံစားရခြင်းမှာ ဤသတ္တဝါများသည် ရိုးရိုးရှင်းရှင်းသာ တွေးတတ်သောကြောင့်ပင်။ အကယ်၍ ဉာဏ်ရည်ထက်မြက်သော လူသားများ သို့မဟုတ် လူပျံတော်များနှင့်သာ ဆက်သွယ်ထားပါက စုချန်းတယောက် တကယ်ကြီး ရူးသွားပေလိမ့်မည်။

ဤအာကင်နာနည်းစနစ်ကို ပေါ့ပေါ့တန်တန် အသုံးမပြုသင့်ကြောင်း ထိုခနအတွင်းမှာပင် စုချန်း သဘောပေါက်သွား၏။

သတ္တုသတ္တဝါများ၏ အတွေးမှာ အချိန်ကြာလာသည်နှင့်အမျှ များစွာ ဒုက္ခပေးလာလေရာ ထိုအတွေးများကို ကိုင်တွယ်ရန် သူ့စိတ်ဝိညာဥ်ကျောက်ဆောင်၏ တစ်စိတ်တစ်ပိုင်းကို သီးသန့်ထားရှိမည်ဟု စုချန်း ဆုံးဖြတ်လိုက်၏။ နည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်လှ၏။

ဆူညံသံများ ချက်ချင်းပင် တိတ်ဆိတ်သွားကြောင်း စုချန်း တွေ့လိုက်ရ၏။ ထိုအတွက် စိတ်ဝိညာဥ်စွမ်းအင်ယူနစ်တချို့ကို သူ ထုတ်သုံးလိုက်ရလေသည်။ ထိုအခါ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ယူနစ်၁၇၀၀မှ နောက်ထပ် ၂၀၀ ကုန်ဆုံးသွားပြန်၏။

ရုတ်ချည်းပေါ်ပေါက်လာသောကိစ္စကို ဖြေရှင်းပြီးနောက် စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ လူပျံတော်အများအပြား သူ့ပတ်ပတ်လည်တွင် အတိုင်းသား ရှိနေကြလေသည်။

ထိုအချိန်မှာပင် နုပျိုပြည့်လျံက စုချန်းရှိရာသို့ ပျံသန်းလာပြီး ပြောလိုက်၏။

"သခင်...အစောပိုင်းတုန်းက…”

စုချန်း သူမအား ဆက်မပြောရန် လက်ကာပြလိုက်၏။

"မင်းတို့မျိုးနွယ်စုက ဘာတွေစီစဥ်ထားသလဲဆိုတာ ကျုပ်သိပြီးသားပါလေ ဒီတော့ မင်းအနေနဲ့ အသေးစိတ် ပြောပြဖို့ မလိုတော့ဘူး နောက်ဆုံးတော့ ကျုပ်တို့ရဲ့သဘောတူညီချက်က ပြီးဆုံးသွားပြီ ကျုပ် မင်းတို့ကို ကယ်လိုက်တယ် မင်းတို့ကလဲ ကျုပ်ကို ကျေးဇူးဆပ်လိုက်ပြီ ဒီတော့ ကျုပ်တို့ ဒီနေရာကပဲ လမ်းခွဲကြတာပေါ့"

နုပျိုပြည့်လျံ အံ့ဩသွား၏။

ဒါဆို ဒီအတိုင်းပဲ ပြီးသွားပြီလား...

ငါ သူ့နောက်ကို ဆက်မလိုက်ရတော့ဘူးလား...

ထို့နောက် သူမ ဝမ်းနည်းလာတော့၏။ သူမသည် စုချန်းနှင့် လမ်းခွဲလိုသော ဆန္ဒမရှိသေးကြောင်းကို ထိုခနမှာပင် နုပျိုပြည့်လျံ သဘောပေါက်လိုက်တော့သည်။

ထိုအခါ သူမက မနေနိုင်တော့ပဲ အော်ဟစ်ပြောဆိုလိုက်လေသည်။

"သခင် ကျွန်မ သခင့်နောက်က လိုက်ချင်တယ်"

စုချန်း ခေါင်းခါလိုက်၏။

“မင်းနဲ့ကျုပ်ဟာ ဆန့်ကျင်ဘက်လမ်းကို လျှောက်နေကြတဲ့သူတွေနဲ့တူတယ် ဒါကြောင့် မင်းအနေနဲ့ မူလနေရာဟောင်းကိုပဲ ပြန်သွားတာ ပိုကောင်းလိမ့်မယ်"

တဖန် စုချန်းက လေဓားပြများဘက်သို့လှည့်ပြီး ပြောလိုက်ပြန်သည်။

“မင်းတို့အနေနဲ့ ဓားပြတိုက်ချင်ရင် တခြားနေရာကို သွားတာပိုကောင်းလိမ့်မယ် ဒီမှာရှိတဲ့ လေမျိုးဆုံရာမျိုးနွယ်စုဟာ ကျုပ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ် အားလုံးနားလည်ကြသလား”

တောင်ပံမဲ့လူပျံတော် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ နားလည်ပါတယ်ခင်ဗျာ ကျွန်တော်တို့အားလုံး နားလည်ပါတယ်"

ထိုအချိန်တွင် နုပျိုပြည့်လျံသည် စုချန်းကို စိုက်ကြည့်နေ၏။ သူသည် သူမ၏ ရှေ့တွင်ရှိနေသော်လည်း ရုတ်တရက် အလွန်ဝေးကွာသွားသည်ဟု သူမ ခံစားလိုက်ရရှာသည်။ တချိန်တည်းမှာပင် ကြီးမားသောတစုံတရာကို လက်လွတ်ဆုံးရှုံးလိုက်ရပြီဟု သူမ နားလည်လိုက်၏။

ဝမ်းနည်းမှုကြောင့် သူမ၏ပါးပြင်မှမျက်ရည်များ တလဟောစီးကျလာလေသည်။ သူမ၏ ဖြစ်အင်ကို မြင်တွေ့နေရသော လေမျိုးဆုံရာမျိုးနွယ်စုဝင်များ သက်ပြင်းချရင်း ခေါင်းခါလိုက်ကြ၏။

သူတို့ကား အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့ကြလေပြီ။ သို့သော်

သို့သော် ထိုအမှားကို ပြန်လည်ပြင်ဆင်ရန်မှာကား များစွာနောက်ကျသွားလေပြီတည်း။

နုပျိုပြည့်လျံ ငိုယိုနေသည်ကိုကြည့်ရင်း စုချန်း သက်ပြင်းချလိုက်၏။

“ခနနေရင် ကျုပ်ကိုလာတွေ့ဖို့ ဧည့်သည်တွေရောက်လာလိမ့်မယ် မင်းတို့ ကြားမညှပ်ချင်ရင် ဒီကနေ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ"

စုချန်း၏ စကားကိုကြားသည်နှင့် လေမျိုးဆုံရာမျိုးနွယ်စုဝင်များ တယောက်မျက်နှာတယောက်ကြည့်ပြီး ထွက်ခွာသွားကြ၏။ နုပျိုပြည့်လျံသည်လည်း ဘာမှမတတ်နိုင်တော့ပဲ လိုက်ပါသွားရရှာသည်။

သူတို့အဖွဲ့ ဆုတ်ခွာသွားစဥ်မှာပင် အဝေးဆီမှ နောက်ထပ်လူပျံတော်အဖွဲ့တဖွဲ့ စုချန်းရှိရာသို့ ချည်းကပ်လာနေ၏။ ထိုအထဲတွင် လီတောက်ဟုန်လည်း ပါဝင်နေလေသည်။

သူတို့အားလုံး စုချန်းရှိရာသို့ အရှိန်အဟုန်ပြင်းစွာ ချီတက်လာကြ၏။ ၎င်းတို့ပုံစံကို ကြည့်ရသည်မှာ စုချန်း ဘယ်နေရာတွင် ရှိနေမှန်း အတိအကျ သိထားသည့်ပုံပင်။ ထိုလူပျံတော်အုပ်စုထဲတွင် လီတောက်ဟုန်အပြင် ညနေမင်းနှင့် ၎င်းတို့ဘက်တော်သားများ ပါဝင်နေ၏။ ထိုမျှသာမကသေး လျောင်ယဲ့နိုင်ငံတော်နှင့်မိခင်နတ်ဘုရားအဖွဲ့မှ ကျွမ်းကျင်သူ အများအပြားလည်း ပါဝင်နေသည်။ ထိုအုပ်စုထဲတွင် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကျင့်ကြံသူများနှင့် သတ္တမလက်စွပ်အဆင့်အာကင်နာပညာရှင်များလည်း အတော်များများ ပါဝင်နေလျက် ရှိ၏။

ဤမျှ အင်အားကြီးမားသော အဖွဲ့ကိုမြင်ရသော်လည်း စုချန်းကတော့ ပြုံးရုံမျှသာ ပြုံးလိုက်၏။

ထို့နောက် သူက ပြောလိုက်လေသည်။

"နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ”

ညနေမင်းကလည်း ပြုံးလိုက်၏။

“ကျုပ်ညနေမင်းက သခင်မိုးပြာရောင်မျက်နှာဖုံးကို နှုတ်ဆက်ပါတယ်ဗျာ မင်းနဲ့တွေ့ဖို့ ကျုပ် စောင့်နေရတာ အတော်လေး ကြာပြီ"

သို့သော် စုချန်းက ခေါင်းခါလိုက်၏။

"ကျုပ်က မင်းကို ပြောနေတာ မဟုတ်ဘူး”

ဟင်...

ညနေမင်း အံ့ဩသွား၏။

ထိုအခါ လီတောက်ဟုန်က ဝင်ပြောလိုက်ပြန်သည်။

“ဘာလဲ မင်းက ငါ့ကို စောင့်နေတာလား"

စုချန်း ထပ်မံခေါင်းခါပြလိုက်ပြန်၏။

“မင်းကိုလဲ ကျုပ် မဆိုလိုဘူး"

စုချန်း၏ စကားကြောင့် ညနေမင်းနှင့်လီတောက်ဟုန်တို့၏ မျက်နှာအမူအရာ သိသိသာသာပင် ပြောင်းလဲသွားလေသည်။

ထိုအချိန်မှာပင် စုချန်းက လီတောက်ဟုန်တို့၏ နောက်ရှိ ဟာလာဟင်းလင်းဖြစ်နေသော မြေကွက်ကို ကြည့်ရင်း ပြောလိုက်လေသည်။

“ဘာလဲ မင်းတို့ကို အဲဒီနေရာကနေ ကိုယ်တိုင်ဆွဲထုတ်မှ ထွက်လာမှာလား"

***

All Chapters