← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း၁၅၁-နဂါးရဲ့အရှိန်အဝါ...

~ဒီစကားကြားတော့ လုရီ၏ ထူထပ်သော မျက်ခုံးတန်းများ တွန့်ချိုးသွားရကာ သူ့မျက်နှာက အနည်းငယ် အေးစက်သွားသည်။

"အခြေတည် ဝိညာဉ်အကြီးအကဲတွေတောင် ဒီရုန်းရင်းဆန်ခတ်ထဲမှာ ပါဝင်ပတ်သက်လာကြတယ်.. သွေးဝိညာဉ်ဂိုဏ်းက တကယ်ကို ရူးနေပြီပဲ။ ကျွန်တော်တို့ တိမ်ဖြူဂိုဏ်းက .. သွေးဝိညာဉ်ဂိုဏ်းထက်မပျော့ညံ့ဘူး။ ဒီလို စစ်ပွဲမှာ အပြန်အလှန်ပျက်စီးမှာကို သူတို့ မကြောက်ကြဘူးလား။"

သုန်းကုန်းမင်ယွဲ့၏ လှပသော မျက်နှာ ကလေးသည် အနည်းငယ် နီရဲလာသည်။သမာဓိ စိတ်ဝိဉာဉ်နှင်းစက်ဝိုင်အား အတော် သောက်ထားသောကြောင့် အနည်းငယ် မူးနေသဖြင့် အနည်းငယ် ရီဝေဝေ ဖြစ်နေပုံရသည်။

သူမသည် လုရီ၏လက်မောင်းကို မှီကာ

ဒယိမ်းဒယိုင်ဖြင့် ညည်းညူသည်။

"သွေးဝိညာဉ်ဂိုဏ်းက အစကတည်းက အရူးတွေပဲဟာ..သူတို့ဟာ အဲ့ဒီလို မဆင်

မခြင်လုပ်တတ်တာ သူတို့စရိုက်ပဲ"

ထိုအခါ လျိုနင်ရွှမ်းက အသာ ခေါင်းညိတ်ကာ

"ဒီအချိန်မှာ တင်းမာမှုတွေကို ဖြေလျှော့ဖို့ နည်းလမ်းမရှိဘူး၊ စောစောပိုင်းက..ဂိုဏ်းခေါင်းဆောင်က သူ့ကိုယ်သူ လှုပ်ရှားခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းရဲ့ နယ်မြေမှာရှိတဲ့ အဓိပတိ အကြီးအကဲ နှစ်ယောက်ကို သတ်ပစ်ခဲ့တယ် လေ၊အခု..ဂိုဏ်းခေါင်းဆောင်ကို သွေးဝိညာဉ်ဂိုဏ်းရဲ့ ခေါင်းဆောင်နှင့် ထိပ်တန်းအကြီးအကဲတွေ အများကြီး လိုက်ဖမ်းတာကို ခံနေရတယ်။"

ထိုအခါ လုရီသည် သူ ပြန်လာတုန်းက အချိန်ကို ပြန်တွေးမိပြီး ဂိုဏ်းခေါင်းဆောင်၏ ဒေါသအမျက်ကို ပြန်သတိရကာ သူ့နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဂိုဏ်းခေါင်းဆောင်သည် သူ့ဒေါသကို အမှန်တကယ် သွား၍ ဖြေဖျောက်ရန်

သူ မမျှော်လင့်ထားပေ။ လှုပ်ရှားပြီးသည်နှင့် ဂိုဏ်းခေါင်းဆောင်သည် အဓိပတိ အကြီးအကဲ နှစ်ဦးကို တိုက်ရိုက် သတ်ပစ်ခဲ့သည်။

သိထားသင့်သည်မှာ၊ နတ်ဘုရားအသွင်ပြောင်း အဆင့် ပုဂ္ဂိုလ်ကြီးများသည် အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် အလွန် ရှားပါးသည်။

နတ်ဘုရားအသွင်ပြောင်း အဆင့် ပုဂ္ဂိုလ် နှစ်ဦး ဆက်တိုက်သေဆုံးသွားသဖြင့် သွေးဝိညာဉ်ဂိုဏ်းသည် ပြင်းထန်စွာ နာကျင်ခဲ့ရပေမည်။

ဂိုဏ်းခေါင်းဆောင်က အရမ်း ရှိန်လောက်တယ်။

လုရီက အတွင်းစိတ်က အော်ပြောလိုက်ပြီး သူ့ဂိုဏ်းခေါင်းဆောင်ရဲ့ လက်ရှိအခြေအနေကို စိုးရိမ်ကာ ထုတ်မေးသည်။

"ဒါဆို ဂိုဏ်းခေါင်းဆောင်က ဒုက္ခရောက်နေပြီ ပေါ့"

လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး

"စိတ်မပူပါနဲ့၊ ဂိုဏ်းခေါင်းဆောင် အကျွမ်းကျင်ဆုံးက အန္တရာယ်ကို လွတ်မြောက်ဖို့ လွတ်မြောက်ဖို့ နည်းစနစ်တွေပဲလို့ ငါတို့ဆရာက ပြောတယ်"

လုရီ : "..."

ဒါကို ကြားတော့ သူ့ စိုးရိမ်မှုတွေ ပြေလျော့သွားခဲ့သည်။

လွတ်မြောက်ရေးနည်းပညာကို အထူးပြုသည့် ကျင့်ကြံသူတွေဟာ သတ်ဖို့ မလွယ်တာကြောင့်ပါ။

လုရီ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး

"ဒါဆို တော်ပါသေးတယ်"

"ဒါပေမယ့်လည်း ဂိုဏ်းခေါင်းဆောင်က အခု ဂိုဏ်းကို ပြန်မလာနိုင်ဘူး၊ သူက သွေးဝိညာဉ်ဂိုဏ်းရဲ့ နယ်မြေအတွင်း သွေးဝိညာဉ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေအများကြီးကို ဟန့်တားထားရတယ်။ သူ ပြန်လာမယ်ဆိုရင် သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေရဲ့ စိတ်နေစိတ်ထားအရ သူတို့တွေ အလုံးအရင်း ကျူးကျော်နိုင်တယ်၊ ဂိုဏ်းထဲမှာ၊ ငါတို့မှာ အကာအကွယ် အခင်းအကျင်း ဖွဲ့စည်းထားတယ်၊

ဒါကြောင့် ပြဿနာမရှိဘူး၊ ဒါပေမယ့် အပြင်မှာ ကပ်ဆိုးဖြစ်သွားမှာကို ငါကြောက်မိတယ်" ဟု လျိုနင်ရွှမ်းက ပြောသည်။

ဒါကို ကြားတော့ လုရီသည် ဂိုဏ်းခေါင်းဆောင်အတွက် ကရုဏာသက်သွားသည်။

အမှန်တော့ ခေါင်းဆောင်သည် ခက်ခဲနေရမည်။

သူတို့ဘေးနားက သုန်းကုန်းမင်ယွဲ့ကတော့ တော်တော်မူးနေလေပြီ။

သူမက လုရီ၏ အင်္ကျီလက်နှင့် သူမမျက်နှာကို ပွတ်သပ်ပြီး ‌မပီမသ ပြောသည်။

"မနေ့က အလုပ်ရုံမှာ ငါ ကြားခဲ့တာက ကောင်းကင်မြွေဂိုဏ်းက အခုတလော လှုပ်ရှားနေကြတယ်တဲ့၊ ငါတို့ကို တိုက်ခိုက်ဖို့ သူတို့က သွေးဝိဉာဉ်ဂိုဏ်းနဲ့ ပူးပေါင်းထားတာ၊ပြောရမယ်ဆိုရင် သူတို့ဂိုဏ်းရဲ့ ရွေးချယ်ထားတဲ့ ဂိုဏ်းသားတွေထဲက တစ်ယောက်က စီနီယာအစ်ကိုက သတ်လိုက်တာမလား.."

လုရီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ

"ကောင်းကင်မြွေဂိုဏ်းရဲ့ နယ်နမိတ်ဂာ တိမ်ဖြူဂိုဏ်းနဲ့ မနီးစပ်ဘူး၊ ကြားမှာ ပန်းတစ်သောင်းဂိုဏ်း ရှိသေးတယ်လေ.. သူတို့တွေ ဒီကို ဘယ်လို ရောက်လာနိုင်မှာလဲ"

လျိုနင်ရွှမ်းသည် လုရီကို ကြောင်ကလေးကဲ့သို့ တကျီကျီ ပြောနေသော သုန်းကုန်းမင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး

ဝိုင်တစ်ငုံအား သောက်လိုက်ကာ...အမူမရာ ကင်းမဲ့စွာ ပြောလိုက်သည်။

"ငါလည်း ဒီသတင်းကို အတော်ကြားနေရတယ်။ကောင်းကင်မြွေဂိုဏ်းနဲ့ ပန်းတစ်သောင်းဂိုဏ်းကြားမှာ နယ်စပ်တစ်ခု တည်ရှိတယ်၊ ဂိုဏ်းနှစ်ခုကြားမှာ ပေါ်ပေါက်လာတဲ့ မဟာမိတ်တစ်ခုရှိတယ်၊ဒါဟာ ကောင်းကင်မြွေဂိုဏ်းက တပည့်တွေက သွေးဝိဉာဉ်ဂိုဏ်းကနေတဆင့် ငါတို့ တိမ်ဖြူဂိုဏ်းကို ဝင်ရောက်နိုင်ချေ ရှိတယ်..."

ထိုသို့ ကြားလိုက်ရသောအခါ လုရီ အနည်းငယ် ရင်မောသွားပြီး မေးသည်။

"ဒါဆို ဂိုဏ်းက ဘာလုပ်ဖို့ အစီအစဉ်ရှိလဲဗျ"

တိမ်ဖြူဂိုဏ်း၏ စွမ်းအားသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ယှဉ်နိုင်သည်မှာ မှန်ပါသည်။

သို့သော်ငြားလည်း အကယ်၍ ကောင်းကင်မြွေဂိုဏ်းပါ လက်တွဲလာမည် ဆိုပါက

တိမ်ဖြူဂိုဏ်းအတွက် ခံနိုင်ရည် ရှိရန် ခက်ခဲနိုင်သည်။

လျိုနင်ရွှမ်းက ‌ပြောပြလာသည်။

"ဂိုဏ်းတွင်းက စိတ်ကူးက သူတို့ လက်တွဲနိုင်ရင် ငါတို့လည်း ဒီလို တတ်နိုင်တယ်။ အင်အားကြီး အကြီးအကဲ တစ်ယောက်က

ပန်းတစ်သောင်းဂိုဏ်းနဲ့ အေးခဲ ဆောင်းရာသီတောင်ကြားကို သွားပြီး မဟာမိတ်ဖွဲ့ဖို့ ပန်ကြားနေတယ်.."

"ဒီဂိုဏ်းနှစ်ခုက သဘောတူပါ့မလား‌"

ဟု လုရီ စိုးရိမ်တကြီး မေးသည်။

ထိုအချိန်တွင် သူသည် သုန်းကုန်းမင်ယွဲ့က သူ့အား ဖက်ထားသလို ခံစားလိုက်ရပြီး ကြီးမားသော နူးညံ့အိစက်မှုကို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး တကိုယ်လုံး ထုံကျင်သွားသည်။

..သေစမ်း။ ငါက နဂါးသွေး လွှမ်းမိုးမှုအောက်မှာ ရှိနေတာ။..

ဒါက ငါ့ရဲ့သမာဓိကို တကယ်စမ်းသပ်နေတာလား။

လုရီ သည် ထုံကျင်နေပြီး ထိုနေရာတွင် ထိုင်နေကာ ခဏတာပင် မလှုပ်ရဲ။

.. တွေးကြည့်ရရင် ဂျူနီယာညီမလေးက ဒီနှစ်တွေမှာ အရမ်း ကြီးပြင်းလာခဲ့တာလား။..

လုရီသည် သုန်းကုန်းမင်ယွဲ့၏ မူးယစ်နေသော အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်က အလိုအလျောက် တုန်လှုပ်သွားသည်။

သူ ဘာကြောင့်လဲဆိုတာ သေချာမသိပေမယ့် အခုတလော ဂျူနီယာညီမလေးသည် မူးလာတိုင်း သူ့ကို တွယ်ကပ်ချင်နေပုံ ရသည်။

ဂျူနီယာညီမလေးသည် သူ့ကို ချစ်မိသွားသလားဟု တွေးမိလာသော်လည်း

အလုပ်က မပြီးမသတ်သည်ဟု မပြသလာသေးတာကြောင့် လုရီသည် အခြေအနေအား အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပါသည်။

သူ့ဂျူနီယာညီမလေးက ပြသနာရှိနေသလား။

သို့မဟုတ် အလုပ် မျက်နှာပြင်ကိုယ်တိုင်က ချို့ယွင်းနေသလား မပြောတတ်ပါ။

ဒီကိစ္စက လုရီ ခေါင်းကိုက်စေသည်။

ထိုအချိန်တွင် လျိုနင်ရွှမ်း၏ အေးစက်သောအသံ ထွက်ပေါ်လာ၏။

"မင်ယွဲ့၊ မင်းခန္ဓာကိုယ်ထဲက ဝိညာဉ်ဝိုင်ကို အရင်ထုတ်ပစ်သင့်တယ်။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ၊ လူမိုက်လို အရက်မူးနေတာလား။"

"အူး.. ဝူး..."

သုန်းကုန်းမင်ယွဲ့သည် သတိ ကင်းမဲ့စွာ ညည်းညူသံကို ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို လူးလွန့်လိုက်ရာ လုရီ ချက်ချင်းပင် တောင့်ခဲသွားခဲ့သည်။

လျိုနင်ရွှမ်းသည် သူမ၏ ဝိုင်ကို သောက်ရင်း မျက်နှာထားမှာ အေးစက်နေသည်။

လျိုနင်ရွှမ်း၏ ကိုယ်တစ်ဝိုက်တွင် ဝိညာဉ်စွမ်းအင်အမျှင်များ လှည့်ပတ်လာပြီး

သုန်းကုန်းမင်ယွဲ့၏လည်ပင်းနောက်ဘက်တွင် ရေခဲတုံး တစ်ခု ရုတ်တရက်

ဖြစ်တည်သည်။

ရေခဲတုံးက လေထဲမှ ပြုတ်ကျပြီး

လည်ပင်းအနောက်ဘက်မှ သုန်းကုန်းမင်ယွဲ့၏ ဝတ်စုံအတွင်းသို့ ချော်ကျသွားသည်။

လုရီသည် သုန်းကုန်းမင်ယွဲ့၏ ခန္ဓာကိုယ် တုန်ရီလာသည်ကို ခံစားလိုက်ရသည်။

သူ့လက်မောင်းကို ထိလိုက်သည့် အထိအတွေ့မှာပင် ပို၍ ကြည်နူးဖွယ် ကောင်းလာသည်။

လုရီ : "..."

သူ့နဖူးတွင် အေးစက်သော ချွေးသီးများ စို့လာသည်။

သူ အတော်လေး မှင်သက်ရသည်။

...ဒါက ဘယ်လို နှိပ်စက်မှုမျိုးလဲ။...

...

ထိုအချိန်တွင် သုန်းကုန်းမင်ယွဲ့သည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး

ခုန်ထကာ လျိုနင်ရွှမ်းအား စိတ်ရှုပ်ထွေးစွာကြည့်ရင်း

"အစ်မ၊ ဘာလုပ်နေတာလဲ"

လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးပြပြီး

"မင်းကို နှိုးလိုက်ရုံပါပဲ။ မင်းရဲ့ စီနီယာအစ်ကိုရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်ကို

မဖြုန်းတီးမိစေဖို့ ဝိညာဉ်ဝိုင်ကို အရင်သွားပြီး သန့်စင်.."

"အိုး..."

သုန်းကုန်းမင်ယွဲ့က တချက် အော်ကာ

လုရီ၏ ကျင့်ကြံခန်းဆီသို့ အပြေးကလေး လှမ်းသွားသည်။

သုန်းကုန်းမင်ယွဲ့ ထွက်သွားပြီးနောက်လုရီ သည် သက်ပြင်းတစ်ချက် ချကာ

ပေါ့ပါးသွားသည်။

အခုလေးတင် သူ့ခန္ဓာကိုယ်အတွင်းက ထူးဆန်းသော လှုပ်ရှားမှုများအား ချုပ်ထိန်းနိုင်စွမ်း ကင်းမဲ့တော့မလို့ပင်။

လုရီသည် အနည်းငယ် ထူးဆန်းနေသည်ကို မြင်လိုက်ရသဖြင့် လျိုနင်ရွှမ်းက

ပူပန်စွာ မေးသည်။

"ဂျူနီယာမောင်လေး၊ နင့်ကို ကြည့်ရတာအဆင်ပြေပုံမပေါ်ဘူး။ ပြဿနာ ရှိလို့လား"

ထိုအခါ လုရီက ခြောက်ကပ်စွာ ရယ်မောပြီး ခေါင်းယမ်းကာ

"ဘာမှမဟုတ်ပါဘူး၊ အခုမှ ဂရုမစိုက်တဲ့ အမှား ဖြစ်တော့မလို့..ဒါပါပဲ"

လျိုနင်ရွှမ်းသည် စိတ်ရှုပ်ထွေးမှုအချို့ဖြင့် မျက်ခုံးပင့်ကာ

" ဂရုမစိုက်တဲ့ အမှားလား။ ဘာကိုဆိုလိုတာလဲ"

လုရီသည် သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ မသိမသာ ငြိမ်သက်စေပြီး

ပြုံးကာ

"ကျွန်တော်တို့ဂိုဏ်းက ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက အဲဒီ ယုတ်မာတဲ့ နှစ်ယောက်ကို သတ်လိုက်မိလို့

ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားရတယ်"

ထိုအခါ သူ့စကားအား လျိုနင်ရွှမ်းက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး

" ဂျူနီယာမောင်လေး အဲ့လို မပြောသင့်ဘူး။ နင်ဟာ ငါတို့ရဲ့ တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ပဲဟာ..နင် ကြီးပြင်းလာတဲ့အထိ ငါတို့က နင့်ကို ကာကွယ်ရမှာပေါ့။ နောက်ပြီး သူတို့က ဂျူနီယာမောင်လေးကို အရင်သတ်ဖို့ ကြိုးစားတဲ့ သူတွေပဲလေ။

သူတို့ကို သတ်သင့်တယ်"

လုရီက

"ခင်ဗျားရဲ့ နှစ်သိမ့်စကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ.. ကျွန်တော် နားလည်ပြီ၊ ဒီအရက်က အစ်မအတွက် ဂုဏ်ပြုတာပဲ"

လုရီသည် လျိုနင်ရွှမ်း၏ ခွက်ကို ဖြည့်ရန် သူ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်လိုက်သည်။

ဝိုင်ခွက်အား သောက်ပြီးနောက် လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး

"ဒါ့အပြင် ပန်းတစ်သောင်းဂိုဏ်းက မသေမျိုး ကောင်မလေးက မင်းအတွက် သူမရဲ့ ဝိဉာဉ် ခန္ဓာ အနှစ်သာရကို ဖျက်ဆီးပစ်ဖို့ ဆန္ဒ ရှိနေတယ်၊ ပန်းတစ်သောင်းဂိုဏ်းနဲ့ ငါတို့တိမ်ဖြူဂိုဏ်း မဟာမိတ်ပြုဖို့ ‌ဖြစ်နိုင်ချေ အရမ်းမြင့်တယ် နော်"

ထိုစကားအား ကြားလိုက်ရသောအခါ ခုရီသည် ထပ်ခါတလဲလဲ ချောင်းဆိုးသွားကာ

အလျင်အမြန် ကာကွယ်လိုက်သည်။

" အော်..တာအို ရောင်းရင်းယွင်ရှီးလား..ကြင်နာမှုကို ကြင်နာမှုနဲ့ ပြန်ဆပ်တဲ့ ကို ကျွန်တော် အရမ်းလေးစားမိတယ်..အဲ..

တာအို ရောင်းရင်း ဟန်ယွီကိုလည်း လေးစားပါတယ်"

ထိုအခါ လျိုနင်ရွှမ်းက ခပ်လွင်လွင်ကလေးရယ်မောလိုက်ကာ

"ငါလည်း သူတို့နှစ်‌ယောက်ကို သဘောကျတယ်.."

သူတို့ နှစ်ယောက်သား အကြောင်းအရာမျိုးစုံအား စကားစမြည် ပြောကြပြီး သိပ်မကြာခင်မှာပဲ သုန်းကုန်းမင်ယွဲ့က ကျင့်ကြံခန်းထဲက ထွက်လာသည်။

သူမ၏ ကျင့်ကြံမှုအခြေခံသည် တိုးတက်လာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။မကြာသေးမီက သုန်းကုန်းမင်ယွဲ့သည် ဝိညာဉ်အစာနှင့် ဝိညာဉ်ဝိုင်များကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ သန့်စင်ခဲ့ပြီး လုရီ နှင့် လျိုနင်ရွှမ်း နှစ်ယောက်တည်း ကုန်ဆုံးသည့် အချိန်သည် တိုတောင်းလာသည်။

သုန်းကုန်းမင်ယွဲ့ ထွက်လာပြီးနောက်

လျိုနင်ရွှမ်းသည် လုရီအား နှုတ်ဆက်ပြီး သုန်းကုန်းမင်ယွဲ့နှင့်အတူ ဂူစံအိမ်ကြီးမှ ထွက်ခွာသွားခဲ့သည်။

......

သို့နှင့် နောက်ထပ် တစ်လ ကုန်သွားတော့ လုရီသည် အပြင်ဘက်မှာ ရင်းနှီးသောအသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

"တာအို ရောင်းရင်းလုရီ..

ယွင်ရှီး..လာလည်တယ်။ ကျေးဇူးပြုပြီး ငါ့ကို တွေ့ဖို့ ထွက်လာပါ.."

--------------

အခန်း ၁၅၂- အစားအသောက်ကာကွယ်သော သုန်းကုန်းမင်ယွဲ့...

"ယွင်ရှီးလား..."

ဒီအသံကို ကြားတော့ လုရီ တွေဝေသွားပြီး သူ့အမူအရာက ရှုပ်ထွေးသွား၏။

ယွင်ရှီးသည် ပန်းတစ်သောင်းဂိုဏ်း၏ ချစ်လှစွာသော ရတနာလေး ဖြစ်သည်။

သူမ ဘာကြောင့် တိမ်ဖြူဂိုဏ်းကို လာတာလဲ။

ထို့နောက် လုရီ သူ၏ စီနီယာအစ်မနှင့် ယခင် စကားပြောဆိုမှုကို ပြန်သတိရမိသည်။

အကယ်၍ ယွင်ရှီး ရောက်ရှိလာပါက ပန်းတစ်သောင်းဂိုဏ်း၏ အဓိပတိအကြီးအကဲလည်း လိုက်ပါလာဖွယ် ရှိသည်။

၎င်းက ဂိုဏ်းနှစ်ဂိုဏ်းကြား မဟာမိတ်ဆွေးနွေးပွဲများ တိုးတက်လာသည်ဟု ဆိုလိုနိုင်ပါသလား။

ရွှင်မြူးမှုကို ခံစားလိုက်ရပြီး လုရီမျက်နှာပေါ်တွင် အပြုံးအနည်းငယ် ပေါ်လာသည်။

သူ၏ ဂူအိမ်ကြီး၏ အဝင်ဝသို့ လျှောက်သွား၍ တံခါးကိုဖွင့်လိုက်ရာ အစိမ်းရောင်ဂါဝန်ရှည် ဝတ်ထားသည့် ယွင်ရှီး ဝင်ပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ယွင်ရှီးသည် အေးအေးဆေးဆေး လှည့်ပတ်ကြည့်ရင်း သူမ၏အမူအရာသည် ‌သက်တောင့်သက်သာ ရှိနေသည်။

လုရီက တံခါးကို ဖွင့်ပေးလိုက်တော့ သူမက တချက်ကြည့်ကာ ပြုံးပြီး

"လုရီ..ငါတို့ နောက်ဆုံးတွေ့ခဲ့တာကြာပြီ။ နင်ရော..ဘယ်လိုနေလဲ"

ထိုအခါ လုရီက ပြုံးပြီး

"အားလုံး အဆင်ပြေပါတယ်၊ အဝေးကလာလည်တဲ့ သူငယ်ချင်းကို မကြိုဆိုရင် အိမ်ရှင်တစ်ယောက်ဟာ လျစ်လျူရှုရာ ကျတယ်တဲ့၊ ကျေးဇူးပြုပြီး အရင် ဝင်လာခဲ့ပါ၊ ငါတို့စကားပြောကြမယ်လေ"

ယွင်ရှီး ခေါင်းညိတ်ပြပြီး လုရီ၏ ဂူအိမ်ကြီးထဲသို့ လိုက်သွားခဲ့သည်။

ယွင်ရှီး ထိုင်ပြီးသည်နှင့် လုရီက တစ်ချက် ရယ်ပြီး ဖိတ်ခေါ်သည်။

"ဝိုင် သောက်မလား..ငါ့မှာ ဝိုင်ကောင်းကောင်းလေး ရှိတယ်"

ထိုအခါ ယွင်ရှီး၏ မျက်လုံးများက တောက်ပလာခဲ့ပြီး သိလိုစွာ မေးသည်။

"အရှေ့တောအုပ်အပျက်အစီးမှာ နင် ငါ့ကို ပေးခဲ့တဲ့ ဝိုင်လား။ ငါ အဲ့ဒါကို လိုချင်တယ်"

လုရီက ဆန်းကြယ်စွာ ပြုံးပြီး

"ဟင့်အင်း၊ အဲ့ဒါတော့ မဟုတ်ဘူး။ ဒီတစ်ခုက ပိုတောင် ကောင်းသေးတယ်"

ဒီစကားကြောင့် ယွင်ရှီး မျက်လုံးတွေက တောက်ပနေပြီး

"အဲဒါထက်တောင် ပိုကောင်းတာလား၊ခစ်ခစ်.. ငါအရမ်းသိချင်နေပြီ"

လုရီက ကျောက်စိမ်းဝိုင်ကို ယူရင်း ပြုံးလိုက်သည်။ သူ ဖွင့်လိုက်တာနှင့် ယွင်ရှီးက

ချီးကျူးတော့သည်။

"ဒါက အရင်တခါက ဝိုင်ထက် အများကြီးသာလွန်နေပြီလို့ ငါ ပြောနိုင်တယ်!"

ထိုပခါ လုရိီက သူမအား

"အိုး..၊တာအိုရောင်းရင်းယွင်ရှီး ၊မင်းရဲ့ဝိညာဉ်အာရုံကတော့ အံ့ဩစရာပဲ" ဟု ပြုံးပြီး ချီးကျူးလိုက်၏။

သူက ယွင်ရှီး အတွက် ခွက်တစ်ခွက်

ဖြည့်ပေးသည်။

တစ်ငုံသောက်ပြီး သူမ၏ဝိညာဉ်ရေးစွမ်းအားပြောင်းလဲမှုကို ခံစားပြီးနောက်

ယွင်ရှီးသည် အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကာ

"ဒီဝိုင်... ဒါက ဝိညာဉ်စွမ်းအားကိုလည်း မြှင့်တင်ပေးတယ်၊ ပြီးတော့ အကျိုးသက်ရောက်မှုက နောက်ဆုံးတစ်ခုထက် အများကြီး ပိုကောင်းတယ်"

လုရီ အသာ ပြုံးပြီး သူ့ဝိုင်ကို တငုံသောက်ကာ

"ဒါက ကံကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုကြောင့် ငါရခဲ့တဲ့ ရွှေအူတိုင် ဝိညာဉ်ဝိုင်ပဲ၊ မင်းကို အရင်က ငါပေးခဲ့တဲ့ ဝိုင်နဲ့ ယှဉ်လို့

မရပါဘူး"

" တာအိုရောင်းရင်းလုရီ..နင်က တကယ်ကံကောင်းလိုက်တာ"

ယွင်ရှီး သည် အရှေ့တောအုပ် အပျက်အစီးထဲ၌ လုရီ ရှေးဟောင်း လက်နက်တစ်ခုကို ကောက်ယူရရှိခဲ့သည်ကို မှတ်မိနေသေးသည်။ (ဒါက လုရီ လျှောက်ဖြီးထားတာပါ။)

လုရီသည် ယွင်ရှီးကို တစ်ချက်ကြည့်လိုက်ပြီး ဝိုင်အိုးနှစ်လုံးကို ထုတ်ကာ

"ငါတို့က သူငယ်ချင်းတွေမို့ ဒီကျောက်စိမ်းဝိုင်အိုးနှစ်လုံးကို ယူပြီး ပျော်ပျော် သောက်လိုက်ပါ"

ယွင်ရှီး၏ မျက်လုံးများ တောက်ပလာပြီး အားနာမနေဘဲ သူမက ပြုံးပြီး

"ကောင်းလိုက်တာ၊ နင့်လိုမျိုး သူငယ်ချင်းတစ်ယောက်ရှိတာက တကယ်ကို ကံကောင်းတာပဲ..."

ယွင်ရှီး၏ အမူအကျင့်ကို နားလည်နိုင်စွာ ရင်းနှီးနေသော သူမ၏ တည့်တိုး ဆန်မှုကို အမှုမထားပါ။

သူက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။

"အရှေ့ တောအုပ်အပျက်အစီး အပြင်ဘက်မှာ အကြီးအကဲ တုချင်ကို အကူအညီတောင်းပေးတဲ့အတွက် မင်းကို ကောင်းကောင်း မကျေးဇူးတင်ရသေးဘူး။ မင်းရဲ့ပန်းတစ်သောင်း ဝိဉာဉ် ခန္ဓာရော အခု ဘယ်လိုနေလဲ၊ ထိခိုက်မှု ခံစားရသေးလား.."

ယွင်ရှီးက တစ်ချက်ရယ်ကာ

"အဲဒီအချိန်က သက်ရောက်မှုတချို့ရှိခဲ့တယ်၊ ဒါပေမယ့် အဘွားက ငါ ပြန်ကောင်းလာဖို့အတွက် ရတနာတချို့ သုံးပေးခဲ့တယ်၊အဆင်ပြေသွားပါပြီ"

ယွင်ရှီးက ဒါကို ပေါ့ပေါ့ပါးပါးပဲ တုံ့ပြန်လာသည်ကို မြင်လိုက်ရတော့ လုရီ၏ နှလုံးသား အနည်းငယ် နွေးထွေးသွားသည်။

စင်စစ်ဆိုရပါက ယွင်ရှီးသည် ကလေးတစ်ယောက်၏ နှလုံးသား ရှိသည်ဟု ဆိုရပေမည်။

သူမသည် ကျေးဇူးတရားနှင့် ရန်ငြိုးအပေါ် ရှင်းရှင်းလင်းလင်း သိထားသည်။သေချာပေါက် မိတ်ဖွဲ့ထိုက်သူပင်။

လုရီ ဒီကိစ္စကို ဆက်မမေးတော့ဘဲ သူ့ကိုယ်ပိုင် စူးစမ်းချင်စိတ်ကို ထုတ်ဖော်လိုက်သည်။

"တာအိုရောင်းရင်းယွင်ရှီး..တိမ်ဖြူဂိုဏ်း ကို ဘာကိစ္စလေး ရှိလို့ ရောက်လာပါလိမ့်.."

ထိုအခါ ယွင်ရှီးသည် တိတ်တိတ်ဆိတ်ဆိတ် ဝိုင်သောက်ရင်း ကျောက်စိမ်းရောင် ပါးပြင်များတွင် ပန်းနုရောင်အနည်းငယ် သမ်းသွားကာ

"ငါ အကြီးအကဲ တုချင် နဲ့ လာခဲ့တာ။

တိမ်ဖြူဂိုဏ်းရဲ့ အဓိပတိ အကြီးအကဲက ငါတို့ ပန်းတစ်သောင်း ဂိုဏ်းကို ရောက်လာတယ်၊ဆွေးနွေးမှုတွေ ပြီးသွားတော့ တိမ်ဖြူဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ဒီနေရာကို လာဖို့ စီစဉ်ခဲ့ကြတာပဲ.. ."

သူမ၏ စကားကြောင့် လုရီသည် စိတ်သက်သာရာရပြီး ရယ်မောကာ

"ပန်းတစ်သောင်း ဂိုဏ်းက တိမ်ဖြူဂိုဏ်း နဲ့ မဟာမိတ်ဖွဲ့ဖို့ အမှန်တကယ် ဆန္ဒရှိတာလား"

ယွင််ရှီးက အသာ ခေါင်းညိတ်ကာ

"ဟုတ်တယ် ၊ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်ဆိုတော့ ဖြစ်နိုင်ပါတယ်။ ငါ ဒီမှာ ရှိနေတာက ပန်းတစ်သောင်းဂိုဏ်းရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်လေ"

ဒါကို ကြားတော့ လုရီက ပြုံးပြီး မှတ်ချက်ပေးသည်။

"မင်းမှာ သူတို့ကို ဆွဲဆောင်နိုင်ဖို့ လက်တဖက် ရှိနေပြီ ထင်တယ်..

တာအိုရောင်းရင်းယွင််ရှီး.."

မထင်မှတ်ပဲ ယွင််ရှီးက ခေါင်းကို အနည်းငယ်ခါယမ်းကာ ပြောပြလာသည်။

"အဘွားက အရှေ့တောအုပ် အပျက်အစီး မှာ ဖြစ်ပျက်ခဲ့တာတွေကို သိလိုက်ရတော့ နင်က အနာဂတ်မှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တဲ့ အံ့မခန်း ပါရမီရှင်တစ်ယောက်လို့ ပြောခဲ့တယ်။ အခုအချိန်ဟာ ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ဖို့ အချိန်တန်ပြီတဲ့.."

ထိုအခါ လုရီသည် စကား ပြန်မပြောဘဲ ရယ်မောနေခဲ့သည်။

ထိုစကားများသည် အများအားဖြင့် တပါးစူအား ပြန်ပြောလေ့ မရှိသည့်အပြင် ယွင််ရှီးလို ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဖြစ်၍သာပင်။

သူက ပြုံးပြုံးရွှင်ရွှင်နှင့် မေးလိုက်သည်။

"မင်းအဘွားက ပန်းတစ်သောင်းဂိုဏ်းမှာ အရမ်းမြင့်တဲ့ အနေအထား ရှိပုံ ရတယ်"

"ဟုတ်ပါတယ်၊ အဘွားက ပန်းတစ်သောင်းရဲ့ ဂိုဏ်းခေါင်းဆောင်ပါ။"

လုရီ သဘောပေါက်သွားသည်။

ဒါက အံ့သြစရာ မဟုတ်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ ပန်းတစ်သောင်းဂိုဏ်း ဂိုဏ်းခေါင်းဆောင်၏ အမြင်သည် အမှန်တကယ်ပင် ချီးကျူးစရာပင်။

သူ့အရည်အချင်းကို သိသည်ပင်။

သူသည် သူ့အလုပ် မျက်နှာပြင်ကို ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနေသရွေ့၊ ခြွင်းချက်မရှိဘဲ သေမျိုး တစ်ပါး ဖြစ်လာဖို့ရာက ပြဿနာ မရှိသင့်ပေ။

သူက ခပ်ပြုံးပြုံးဖြင့်

"ငါ့ကိုယ်စား ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ကျေးဇူးတင်ကြောင်း ပြောပေးနော်"

ယွင််ရှီးက ညင်သာစွာ ခေါင်းညိတ်ပြသည်။

" အင်း.."

ထို့နောက်တွင် သူတို့နှစ်ဦး စကားစမြည်ပြောဆိုကြသည်။

ယွင််ရှီး၏အဆိုအရ ပန်းတစ်သောင်းဂိုဏ်းနှင့် တိမ်ဖြူဂိုဏ်းကြား မဟာမိတ်ကိစ္စများသည် အသေးအဖွဲကိစ္စ မဟုတ်သဖြင့် ဆွေးနွေးရန် အချိန်အနည်းငယ်ကြာနိုင်သည်။

ဤကာလအတွင်း သူမသည် ဤနေရာတွင် နေနိုင်သည် ။

သူ့ အတွက်၊ ဒါက ပျော်ရွှင်စရာ ကိစ္စပါ။ နောက်ဆုံးတွင်၊ ယွင််ရှီး နှင့် လေ့ကျင့်ခြင်းအတွက် ဆုလာဘ်များသည် နည်းပါးမည် မဟုတ်ပါ။

ထိုအချိန်တွင် လုရီ အံ့အားသင့်သွားကာ အော်ဟစ်လိုက်သည်။

"တာအိုရောင်းရင်းယွင်ရှီး

မင်း ရွှေအူတိုင် နယ်ပယ်ကို ချိုးဖျက်ပြီးပြီလား.."

ယွင််ရှီးက အနည်းငယ် ခေါင်းညိတ်ပြီး

ဖြေရှင်းသည်။

"ဟုတ်တယ်၊ ငါ လွန်ခဲ့တဲ့ သုံးနှစ်လောက်

ကတည်းက အဆင့်တက်နိုင်ခဲ့တယ်၊ ဒါပေမယ့် အရှေ့တောအုပ်အပျက်အစီးကို မျှော်မှန်းပြီး ငါ့ရဲ့ ကျင့်ကြံမှုအခြေခံကို ဖိနှိပ်ခဲ့တာ"

ထိုအခါ လုရီက ရယ်လိုက်ပြီး

ဖိတ်ခေါ်လိုက်သည်။

"ဒါဆို တာအိုရောင်းရင်းယွင််ရှီး.. မင်း

ငါတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ လေ့ကျင့်ပေးမယ့် ပွဲလေးတစ်ပွဲအတွက် အပန်းမကြီးဘူးမလား"

သူ့စိတ်ထဲမှာ ကြွေးကြော်လိုက်သည်။

..ငါ ယွင််ရှီးကို အနိုင်ယူရမယ်..

[အလုပ်]

ယွင်ရှီးကို အနိုင်ယူပါ။

ဆုကြေး- နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီ တစ်စက်၊ သဘာဝနယ်ပယ် သန္ဓေတည်မှု မြှင့်တင်မှု။

အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

ထိုသို့ ..အလုပ်မျက်နှာပြင်တွင် အလုပ်ဆုလာဘ်ကို မြင်လိုက်ရသည်။

သူ့ မျက်လုံးများ တောက်ပလာပြီး သူ့နှလုံးသားက အံ့အားသင့်စရာများဖြင့် ပြည့်နေသည်။

အမှန်စင်စစ် ယွင်ရှီးက ရွှေအူတိုင် နယ်ပယ်သို့ အဆင့် ချိုးဖျက်ပြီးနောက်တွင် သူမ၏ ခွန်အားသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက များစွာ တိုးလာသည် ဖြစ်သည့်အလျောက် တိုက်ခိုက်ခြင်း အလုပ်အတွက် ဆုကြေးများသည် ပို၍ပင် အမိုက်စား ဖြစ်လာခဲ့သည်။

-------------

အခန်း ၁၅၃- အစားအသောက်ကာကွယ်သော သုန်းကုန်းမင်ယွဲ့...

~ ဝိညာဉ်ခြင်ဆီ။

ဝိညာဉ်ခြင်ဆီဆိုသည်မှာ အဘယ်အရာနည်း။

ဝိညာဉ်စွမ်းအား အလွန်သိပ်သည်းသောကောင်းကင် လှိုဏ်ဂူ ကောင်းချီးနယ်မြေထဲတွင်ပင် ဖြစ်တည်ရန် အခွင့်အလမ်း တစ်ခုသာ ရှိပြီး ၎င်းအား အနှစ်တစ်သောင်း သက်တမ်းရှိ ဝိဉာဉ်နို့ရည်ဖြင့်ပင် ထုတ်လုပ်နိုင်မည် မဟုတ်ပေ။

ဤဝိညာဉ်ခြင်ဆီသည် မည်မျှ တန်ဖိုးရှိလိုက်ပါသလဲ.. စိတ်ကူးကြည့်နိုင်ပါသည်။

ဝိညာဉ် ခြင်ဆီ တစ်စက်သာ ဖြစ်‌ပါစေ။ ၎င်း၏ တန်ဖိုးသည် အသေခ်ျေ ဝိညာဉ်နှင်းရည်အစက်ပေါင်း ရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာကိုပင် ကျော်လွန်နေပါသည်။

သူ၏ သဘာဝနယ်ပယ်နှင့် ပတ်သက်၍ ပြောရလျှင်မူ အရင်ကလိုပဲ ပြောင်းလဲမှု

မရှိသေးချေ။

ဘေးမှ ယွင်ရှီးက လုရီ၏ ကမ်းလှမ်းမှုကိုကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။

"တာအိုရောင်းရင်းလုက ငါနဲ့ တိုက်ခိုက်ဖို့ စိတ်အား ထက်သန်နေတယ်လို့ ငါ အရင်တည်းက ခံစားနေရပါတယ်လို့.."

လုရီသည် လန့်သွားသည်။ ယွင်ရှီး၏ ပင်ကိုယ်သိစိတ်သည် ဤမျှ အားကောင်းမည်ဟု သူ မမျှော်လင့်မိပါ။

သူက တဟဲဟဲရယ်ပြီး

"တကယ်တော့ ငါ စိတ်အားထက်သန်တယ်။ တာအိုရောင်းရင်း ယွင်ရှီးက

မပျော့ညံ့ဘူးလေ၊ မင်းနဲ့ တိုက်ခိုက်ပြီး

တာ ငါ တစ်ခုခု ရချင်တာပေါ့.."

ယွင်ရှီးက ပြုံးပြီး

"တာအိုရောင်းရင်းလုရဲ့ ခွန်အားက တွက်ချက်ရရင် စစ်မှန်တဲ့ စွမ်းအားပဲလေ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတောင် နင့်ရဲ့ ခွန်အားက အခု ငါပိုင်ဆိုင်ထားတဲ့အရာထက် ကျော်လွန်နေတာ၊ နင်နဲ့ ယှဉ်ပြိုင်ရင် ငါ့ရဲ့ အမြတ်တွေက အကြီးကျယ်ဆုံးပဲ ဖြစ်မှာပေါ့။ ငါနင့်ကို လျော်ကြေးပေးရမလား"

ထိုအခါ လုရီ တဟားဟား ရယ်ပြီး

"ဒီလို ပြောစရာ မလိုပါဘူး၊ တာအိုရောင်းရင်း ယွင်ရှီး ငါတို့က သူငယ်ချင်းတွေ လေ၊သူငယ်ချင်းတွေက အတူတူ တိုက်ခိုက်လေ့ကျင့်ကြတယ်၊ လျော်ကြေးဆိုတာ ဘယ်လို ရှိမလဲ"

လျော်ကြေးကို အမှန်တကယ်လက်ခံခဲ့မည်ဆိုလျှင် သူ ရှက်သေရလိမ့်မည်။ စင်စစ်တော့ အလုပ်ဆုလာဘ်က များပြားနေပါပြီ...။

လုရီ၏ ဒီလိုပုံစံကို မြင်တော့ ယွင်ရှီး ချက်ချင်းဆိုသလို ရွှင်မြူးသည့် အပြုံးဖြင့် ပြောလာသည်။

"အင်း၊ ငါတို့က သူငယ်ချင်းပဲ၊ ငါလည်း နင်နဲ့ အတူတိုက်ခိုက်ချင်တယ်

"ဒါဆို အခုက အကောင်းဆုံးပဲ၊ အပြင်ထွက်ရအောင်!"

၎င်းကို စောင့်မျှော်နေသော လုရီသည်

ယွင်ရှီးအား သုန်းကုန်းမင်းယွဲ့နှင့် မကြာခဏ လေ့ကျင့်လေ့ရှိသော မြေရိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ဘက် နေရာယူလိုက်ကြသည်။

လုရီ ခဏလောက် စဉ်းစားပြီး သူ့လက်ချောင်းကို ညင်သာစွာ ညွှန်ပြလိုက်သည်။

အခင်းအကျင်း ပုံစံများသည် သူ့လက်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ထောင့်များပေါ်တွင် ဆင်းသက်သည်။

များမကြာမီတွင် ပွင့်လင်းမြင်သာသော အတားအဆီးတစ်ခု ပေါ်လာပြီး သူတို့ကို အတွင်းတွင် ဖုံးအုပ်ထားတော့သည်။

ယွင်ရှီး၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားကာ

" ဟင်းလင်းပြင်ဖွဲ့စည်းခြင်းအခင်းအကျင်း။ အခင်းအကျင်း ပညာရပ်ရဲ့ အရမ်းလေးနက်တဲ့ နယ်ပယ်ကို ဆုပ်ကိုင်နိုင်မှသာ ဒီနည်းပညာကို ကျွမ်းကျင်နိုင်မှာ၊ တာအိုရောင်းရင်းလု.. နင်က ဒါကို တကယ်ကို ကျွမ်းကျင်နေပြီလား"

ထိုအခါ လုရီက အနည်းငယ်ပြုံးကာ

"အရှေ့သစ်တောအပျက်အစီးရဲ့ လွတ်မြောက် နယ်မြေပေါ်က ကျောက်တုံးတွေပေါ်မှာ ရေးထိုးထားတဲ့ အခင်းအကျင်း ပုံစံတွေကို မြင်လိုက်ရတော့ စူးစမ်းချင်စိတ်တွေ ပေါ်လာတယ်။ ပြန်လာတော့ အခင်းအကျင်း အကြောင်း စပြီး လေ့လာတော့ မထင်မှတ်ပဲ ငါ့မှာ အရည်အချင်းတွေ ရှိနေတာ‌ပါ"

ဤကာလတွင် လုရီသည် အခင်းအကျင်းကို လျစ်လျူမရှုဘဲ မကြာခဏ လေ့ကျင့်နေဆဲ ဖြစ်သည်။

ကံမကောင်းစွာပဲ၊ သူသည် တိမ်ဖြူဂိုဏ်း၏အခင်းအကျင်း

ကျမ်းအများစုကို မွှေနှောက်ခဲ့သော်လည်း အရှေ့ တောအုပ် အပျက်အစီးမှ ကမ္ပည်းစာများက သူ့အတွက် လျှို့ဝှက်နက်နဲနေဆဲပါပင်။

ယွင်ရှီးသည် ခဏမျှ တိတ်ဆိတ်သွားပြီး လုရီအား မျှော်လင့်သလို ကြည့်ကာ

"တာအိုရောင်းရင်းလုရီ ၊ နင် ဒီလိုပြောရင် ငါ့ရဲ့ ကျင့်ကြံမှု နှလုံးသားကို ဟန်ချက်မညီအောင် လုပ်ဖို့ အရမ်းလွယ်ကူစေတယ်"

လုရီ ခဏလောက် ထိတ်လန့်သွားပြီး

တစ်ချက် ရယ်ကာ တုံ့ပြန်သည်။

"တာအိုရောင်းရင်း ယွင်ရှီးမှာ တည်ကြည်တဲ့ နှလုံးသား ရှိတယ်၊ ဒီလို မဖြစ်သင့်ဘူး"

ရိုးရိုးသားသားပြောရလျှင် ယွင်ရှီး၏ စိတ်နေစိတ်ထားကြောင့် သူမ၏ ကျင့်ကြံမှု နှလုံးသားသည် အားနည်းဖွယ် မရှိပေ။

လုရီသည် သူ့စီနီယာ အစ်မ လျိုနင်ရွှမ်း၏ ကျင့်ကြံမှုနှလုံးသားက ယွင်ရှီးနှင့် နှိုင်းယှဉ်နိုင်သည်ဟု တွေးမိသည်။

ယွင်ရှီး က ပြုံးပြီး

"စကြရအောင်"

ဝိညာဉ်စွမ်းအားသည် သူမပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး အံ့ဖွယ်နည်းဖြင့် ခုနစ်ရောင်ခြယ် ပန်းများသည် သူမပတ်ဝန်းကျင်ရှိ မြုံနေသောမြေမှ တဖြည်းဖြည်း ကြီးထွား ရှင်သန်လာပြီး မွှေးရနံ့ကို ထုတ်လွှတ်သည်။

လုရီသည် ပန်း ရနံ့ကို ရှူရှိုက်လိုက်ရသည်နှင့် အနည်းငယ် မူးနောက်နောက် ဖြစ်သွားသလို ခံစားလိုက်ရသည်။

သူ့အမူအရာက ငြိမ်သက်နေပြီး သူ့ကိုယ်ထဲမှ မသေမျိုးဓားချီက မငြိမ်သက်သော ခံစားချက်များကို ဖယ်ထုတ်ကာ သူ့စိတ်ထဲတွင်း ကြည်လင်ပြတ်သားမှုကို ပြန်လည် ရရှိစေသည်။

လုရီ သူ့လက်ညှိုးကို ညွှန်ပြပြီး ကောင်းကင်မှ ဆင်းသက်လာသော ကောင်းကင်ဓားကဲ့သို့ ရွှေဓားအလင်းတန်းတစ်ခု ပစ်လွှတ်သည်။

ရွှေဓားအလင်းတန်းက ယွင်ရှီးဆီသို့ တိုးဝင်လာသည်။

တဆက်တည်း၌ ယွင်ရှီး၏နောက်ကွယ်မှ၊ သစ်ပင်ကြီးတစ်ပင်သည် မြေဆီလွှာအား ဖြတ်၍ ပေါက်ထွက်လာပြီး ၎င်း၏ပင်စည်မှာ နဂါးအိုကြီး တစ်ကောင်လို ရစ်ခွေကာ ဓားအလင်းကို မျက်နှာမူသည်။

ထန်...

ဓားအလင်းသည် ပင်စည်ကို ဖြတ်၍ ပင်စည်၏သစ်သားပြားများအား ကြွေကျ လွင့်စင်စေ၍ လေထုသို့ ဆက်လက် တိုးဝင်သွားသောအခါ သိသိသာသာ မှေးမှိန်သွားခဲ့သည်။

သို့ရာတွင်၊ ဓားအလင်းသည်

မသေမျိုး စိတ်ဆန္ဒဖြင့် နစ်မြုပ်နေခဲ့သည်။ မှိန်ဖျော့သွားသော်လည်း ယွင်ရှီး၏ အသားအရေကို အနည်းငယ်ပြောင်းလဲသွားစေသည့် စူးရှသော အရှိန်အဝါကို သယ်ဆောင်လာသေးသည်။

ယွင်ရှီးသည် ရွှေဓားအလင်းကို လုံးဝချေဖျက်ရန် သူမ၏ဝိညာဉ်စွမ်းအား တိုးမြှင့်၍ ထုတ်ဖော်သည်။

လုရီက ဝိုးတဝါး ပြုံးပြီး နောက်ထပ် ရွှေဓားအလင်းတန်းကို ပစ်လွှတ်လိုက်ပြန်သည်။

ယွင်ရှီးက သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူမ၏ နှင်းဆီရောင် နှုတ်ခမ်းကလေးမှ ခုနစ်ရောင် ပန်းပွင့်လေး ထွက်လာသည်။

ချွင် ..

ပန်းသည် လှပသော်လည်း ၎င်းသည်

မယုံနိုင်လောက်အောင် ထက်ရှပြီး ရွှေဓားအလင်းနှင့် တိုက်မိကာ သတ္တုသံချောင်းမြည်သံအား ထုတ်လွှတ်သည်။

ခဏ ရပ်ပြီးနောက် ပန်းသည် ရွှေဓားအလင်းကို ဖြိုခွဲလိုက်ပြီး လုရီဆီသို့ တွန်းထုတ်လိုက်သည်။ လုရီ၏ အမူအရာသည် ခုနစ်ရောင်ရှိသော ပန်းကို ရင်ဆိုင်ရန် ရွှေဓားကြိုးမျှင်ကို တစ်ဖန် ပြန်လွှတ်လိုက်စဉ် ငြိမ်သက်သွားခဲ့သည်။

ချွင် ..ချွင်.. ချွင်...

သတ္တုသံများ ကြားနေရစဉ် ခုနစ်ရောင်ရှိသော ပန်း၏တောက်ပမှုသည် သိသိသာသာ မှိန်သွားကာ ၎င်းကို တွန်းလှန်ပစ်လိုက်သည်။ ယွင်ရှီးသည် သူမ၏ အသက်ရှုသံများ တုန်ခါလာကာ အနည်းငယ် အားနည်းသွားသည် ။

ယွင်ရှီးသည် ခုနစ်ရောင်ရှိသော ပန်းတစ်ပွင့်ကို သူမထံပြန်ခေါ်ကာ သူမကိုယ်၌ဝိညာဉ်စွမ်းအားများ လည်ပတ်စေပြီး စူးရှစွာ မာန်သွင်းလိုက်သောအခါ မြေပြင်ပေါ်ရှိ ပန်းပွင့်များသည် လေထဲသို့ ဝေ့ဝဲသွားကာ လုရီ ဆီသို့ လွင့်ပျံလာသည်။

လွင့်မျောနေသည့် များပြားလှသော ပန်းပွင့်များသည် လှပသော်လည်း ပန်းတစ်ပွင့်စီမှာ ပြိုင်ဘက် မရှိသော.. ချွန်ထက်သည့် အစွန်းများကို ဆောင်ကာ ကျက်သရေရှိမှုအား သေစေသော ရည်ရွယ်ချက် အရိပ်အမြွက်ဖြင့် ပေါင်းစပ်ထားသည်။

၎င်းသည် အလွန်အစွမ်းထက်သော မန္တန်တစ်ခုဖြစ်ပြီး ၎င်းသည် သာမန်ရွှေအူတိုင် ကျင့်ကြံသူဖြစ်ပါက၊ ရွှေအူတိုင် ခြောက် လွှာ.. ခုနစ်လွှာများတွင်ပင် ၎င်းကို ခုခံရန် ခက်ခဲမည် ဖြစ်သည်။

သို့သော် လုရီ၏ အမူအရာသည် အေးအေးလူလူသာ။

သူ့ကိုယ်သူ ကာကွယ်ရန် ရွှေဓားအကာအကွယ်လွှာကို ဖန်တီးလိုက်သည်။

များပြားလှသော ပန်းများ ထိမှန်လာသောကြောင့် ဓားအလွှာသည် တုန်ခါသွားသော်လည်း ၎င်းက မကွဲအက်သေးပေ။

မသေမျိုးဓားချီ၏ ဖြစ်တည်မှုဖြင့် ဖွဲ့စည်းထားသော ဓားအလွှာသည် သဘာဝအတိုင်း အလွယ်တကူ ဖောက်ဖျက်နိုင်သည် မဟုတ်ပေ။

ပန်းပွင့်များ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လုရီသည် ရွှေရောင်ဓားအလင်းတန်းများကို ထုတ်လွှတ်ကာ လျင်မြန်စွာ ညွှန်ပြလိုက်သည်။

ယွင်ရှီး၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏ သွယ်လျသောလက်များက စည်းတံဆိပ်များအာ အလိင်အမြန် ဖော်ဆောင်လိုက်သည်။

သူမ နောက်တွင် အစိမ်းရောင် ကြာပန်းကြီး ပေါ်လာသည်။

ကြာပန်းသည် ယိမ်းနွဲ့သွားကာ ရွှေဓားအလင်းတန်းနှင့် ထူထပ်စွာ တိုက်မိသည့် အခါ စိမ်းပြာရောင်အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။

မရပ်မနား ဆူညံလှသည့် ပေါက်ကွဲသံများကြားတွင် ပြင်းထန်သော ဓားအလင်းတန်းများသည် မြေပြင် နေရာအနှံ့အား ထိမှန်သွားသည်။

သို့သော်၊ မြေပြင်ပေါ်တွင် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားအလင်းကို ပိတ်ဆို့ကာ သိသာထင်ရှားသော ပျက်စီးမှုကို ကာကွယ်ပေးသည်။

မဟုတ်ပါက၊ ဓားအလင်းတန်းတစ်ချက်မျှသည်ပင် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေနိုင်ပေလိမ့်မည်။

----------------

All Chapters