← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း၁၅၇- အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ့်တစ်လွှာ ...

~ ငါးရက်အကြာတွင် လုရီသည် နောက်ဆုံးတွင် အဟန့်အတား အနည်းငယ်ကို ဖြတ်ကျော်ခဲ့ပြီး ဆယ်ရက်အကြာတွင် သူသည် ကောင်းကင်တာအို ကန့်သတ်ချက်ကို လုံးလုံးလျားလျား ဖြိုခွဲကာ အခြေခံအုတ်မြစ်တည်ထောင်ခြင်း ဆယ့်တစ်လွှာသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။

အခြေခံ အုတ်မြစ် တည်ထောင်ခြင်း

ဆယ့်တစ်လွှာသို့ ရောက်ရှိပြီးနောက် သူ၏ ကျင့်ကြံမှု အခြေခံသည် တစ်ဖန် ပြန်လည်မြင့်တက်လာပြီး သူ့ခွန်အားကလည်း ကြီးမားစံာ တိုးတက်လာသည်။ ကံမကောင်းစွာဖြင့်၊ သူသည် ဂိုဏ်းအပြင်ဘက်တွင် စွန့်စားခြင်း မဟုတ်သလို စစ်ဆေးရေးမျှော်စင်သို့လည်း မထွက်သောကြောင့် ယခုအချိန်တွင် သူ့ခွန်အားကို အပြည့်အဝ စမ်းသပ်ရန် ပြိုင်ဘက် မရှိပေ။

အခြေခံအုတ်မြစ် တည်ထောင်ခြင်း

ဆယ့်တစ်လွှာသို့ အဆင့်တက်နိုင်ပြီးနောက် လုရီသည် ပုံမှန်အတိုင်း ငြိမ်သက်နေခဲ့ပြီး ဆက်လက် မကျင့်ကြံမီ ကျောက်စိမ်းဝိုင်အား ခွက် အနည်းငယ် သောက်သုံးလိုက်သည်။

သုံးလအကြာတွင် လင်းလောင်တောင်ထိပ် တစ်ဝှမ်းလုံးမှ ပြင်းထန်သော အရှိန်အဝါကို ရုတ်တရက် ခံစားလိုက်ရသည်။

လောကတွင် မိုးကြိုးသာ ကျန်ရှိနေတော့သလိုပင်။

လုရီ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့မျက်လုံးများမှ ရွှေရောင်ဓားအလင်းတန်းများ ဝေ့ဝဲလာသည်။

သူသည် ခပ်ဖျော့ဖျော့ အပြုံးကို ထုတ်ဖော်ပြသကာ ခြေတစ်လှမ်းလှမ်းကာ သူ့ဂူအိမ်ကြီးမှ ပျောက်ကွယ်သွားသည်။

သုန်းကုန်းမင်ယွဲ့၏ လှိုဏ်ဂူအပြင်ဘက်တွင် လုရီ ရုတ်တရက် ပြန်ပေါ်လာပြီး တစ်ခဏအကြာတွင် ဓားအလင်းတန်း

တစ်ခုလည်း လင်းလက်လာပြီး လျိုနင်ရွှမ်း ပေါ်လာသည်။

လုရီကို မြင်တော့ လျိုနင်ရွှမ်းက အသာအယာ ပြုံးပြပြီး မေးသည်။

"ဂျူနီယာ မောင်လေး၊နင်လည်း ဒီကို ရောက်လာတာလား"

ထိုအခါ လုရီက ကြည်လင်စွာ ပြုံးပြီး ပြန်ဖြေသည်။

"ဂျူနီယာညီမလေး အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို အဆင့်ချိုးဖျက်သွားပြီ၊ သူ့ရဲ့ စီနီယာအစ်ကို အနေနဲ့ ကျွန်တော် လာပြီး ဂုဏ်ပြုရမှာပေါ့"

လျိုနင်ရွှမ်းသည် သုန်းကုန်းမင်ယွဲ့ ၏

လှိုဏ်ဂူအတွင်း စီးဆင်းနေသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရင်း ဖျော့တော့စွာ ပြုံးကာ

"နင်.. မင်ယွဲ့လေးကို မိုးကြိုး ဆေးလုံး တချို့ပေးလိုက်တယ်လို့ ငါကြားတယ်" ဟု မေးလာသည်။

လုရီက ခေါင်းညိတ်ပြီး

"ဟုတ်ပါတယ်၊ ကျွန်တော်က အခြေခံ အုတ်မြစ် ဖွဲ့တည်ပြီးပါပြီ၊ မိုးကြိုး ဆေးလုံးက ကျွန်တော့်အပေါ် ဂျူနီယာ ညီမလေးလောက် ကြီးကြီးမားမား သက်ရောက်မှု

မရှိဘူး လေ။"

ထိုအခါ လျိုနင်ရွှမ်းသည် သက်ပြင်းချလိုက်ပြီး

"မင်ယွဲ့လေးက တကယ်ကံကောင်းတယ်။ ငါ့အခြေခံအုတ်မြစ်ကို ဖွဲ့တည်တုန်းက ကောင်းကင်နဲ့ မြေကြီးရတနာတွေ အများကြီး မရှိခဲ့ဘူး"

လုရီက လျိုနင်ရွှမ်းကို ကြည့်လိုက်ပြီး

တစ်ချက် ရယ်ကာ

"အစ်မအတွက် သင့်တော်တဲ့ ကောင်းကင်နဲ့ မြေကြီးရတနာတွေ ရှိခဲ့ရင် ကျွန်တော် လက်ဆောင် ပေးဖို့ မတွန့်တိုပါဘူးဗျာ..."

ထိုအခါ..လျိုနင်ရွှမ်းသည် လုရီကို ကြည့်ကာ နူးညံ့သော အပြုံးဖြင့် တုံ့ပြန်သည်။

"ဟုတ်ပါပြီ၊ ဒီအစ်မ ဒါကို မှတ်ထားမယ်နော်"

ထိုအချိန်တွင် ဂူအိမ် တံခါး ပွင့်လာပြီး

သုန်းကုန်းမင်ယွဲ့၏ မာနကြီးသော ရယ်သံထွက်ပေါ်လာသည်။

"ဟားဟား၊ ငါက ကောင်းကင်ဘုံက မျက်နှာသာပေးသူ တစ်ယောက်ပဲ..အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို အရမ်း မြန်မြန် အဆင့်တက်ခဲ့တာပဲ..ဟီးဟီး..."

မည်သို့ပင်ဆိုစေကာမူ လုရီ နှင့်လျိုနင်ရွှမ်းတို့ ဂူအိမ်အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ သုန်းကုန်းမင်ယွဲ့ ၏ အပြုံးသည် ရုတ်ချည်း အေးခဲသွားသည်။

သူမက ရှက်ရွံ့သွားပြီး မေးခွန်းထုတ်သည်။

"စီနီယာအစ်မ ..စီနီယာအစ်ကို.. ရှင်တို့

ဒီမှာ ဘာလုပ်နေကြတာလဲ"

သူမစကားကို လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး

"ထုံးစံအတိုင်းပဲ၊ အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို အဆင့်တက်သွားတဲ့အတွက် ဂျူနီယာညီမလေးကို ဂုဏ်ပြုဖို့ လာခဲ့တာပေါ့.."

လုရီက သုန်းကုန်းမင်ယွဲ့အား လက်မထောင်ပြပြီး စိတ်ရင်းမှန်ဖြင့် ပြောသည်။

"ဂျူနီယာညီမလေးက ကောင်းကင်ဘုံက မျက်နှာသာပေးတဲ့ ပါရမီရှင် တစ်ယောက်ပါ။ မင်းရဲ့စိီနီယာ အစ်ကို အရမ်း အထင်ကြီးမိတယ်!"

ဒါကို ကြားတော့ သုန်းကုန်းမင်ယွဲ့၏

အပြုံးသည် မဖုံးဖိနိုင်တော့ဘဲ သူမ၏ မျက်လုံးတွေကို မှေးစင်းထားရင်း ခပ်ကြွားကြွား ပြောသည်။

"ဟမ့်!ဒီလိုပဲ ဖြစ်ရမှာပေါ့.."

လုရီသည် ပြုံးပျော်နေသော

သုန်းကုန်းမင်ယွဲ့ကို ကြည့်ရင်း

..ငါ သုန်းကုန်းမင်ယွဲ့ကို အနိုင်ယူရမယ်..

ဟု ကြိတ်၍ အလုပ်ပေးလိုက်သည်။

[အလုပ်]

သုန်းကုန်းမင်ယွဲ့ ကို အနိုင်ယူပါ။

ဆုကြေး- အသေခ်ျေ ဝိဉာဉ်နှင်းစက် သုံးဆယ် ၊ မိုးကြိုး စိတ်ဆန္ဒ နယ်ပယ်ကို မြှင့်တင်ခြင်း

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီသည် အလုပ်အား ကြည့်ကာ ပြုံးသည်။ ဆုလာဘ်များ ပိုကောင်းသော်လည်း မလုံလောက်သေးပါ။

"ဂျူနီယာညီမလေးအနေနဲ့ ဆက်ပြီးကြိုးစားပြီး ရွှေအူတိုင်နယ်ပယ်ကို အမြန်ဖြတ်ကျော်ဖို့ မျှော်လင့်ပါတယ်"ဟု သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။

သုန်းကုန်းမင်ယွဲ့၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း အေးခဲသွားပြီး

မျက်လုံးပြူးလိုက်ကာ လုရီအား မယုံနိုင်သလို ကြည့်၍ အော်ဟစ်သည်။

"ငါက အခုမှ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို ဖြတ်ကျော်ထားတာ၊ ရွှေအူတိုင်နယ်ပယ်ကို ဘယ်လို မြန်မြန်ဆန်ဆန် တက်နိုင်မှာလဲ၊ စီနီယာအစ်ကို.. နင်...ဘာတွေ တွေးနေတာလဲ ၊နင်ကိုယ်တိုင်တောင် ဒိီလောက် မြန်မြန်အဆင့်တက်နိုင်မှာ မဟုတ်ဘူး..."

ဒါကို ကြားတော့ လုရီက ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ပြီး ထုတ်ပြောလိုက်သည်။

"ငါက အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဆယ့်တစ်လွှာကို ရောက်နေပြီ"

သုန်းကုန်းမင်ယွဲ့: "???"

သူမ၏ အမူအရာသည် တောင့်တင်းသွားပြီး လုရီအား နတ်ဆိုးတစ်ကောင်အား မြင်နေရသကဲ့သို့ မယုံကြည်နိုင်စွာ ပြူးပြဲကြည့်နေသည်။

အနားမှာ ရပ်နေသည့် လျိုနင်ရွှမ်းပင်လျှင် သူမ၏ အစက်သော အမူအရာ မရှိတော့ဘဲ လုရီကို အနည်းငယ် အံ့အားသင့်နေသော လေသံဖြင့် မေးသည်။

" ဂျူနီယာမောင်လေး၊ နင်က အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ဆယ့်တစ်လွှာကို ရောက်နေပြီလား"

လုရီ ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်၊ ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဆင့်တက်ခဲ့တာပါ"

"ဘာလို့ ထူးဆန်းတဲ့ အရှိန်အဝါ တစ်ခုမှ

မခံစားရတာလဲ"

ထိုအခါ လုရီက ပြုံးလိုက်ပြီး

"မကြာသေးမီက ကျွန်တော် အခင်းအကျင်းတွေအကြောင်း လေ့လာနေခဲ့တယ်လေ၊ ကျွန်တော် တိုးတက်မှုတချို့ လုပ်ခဲ့ပြီး အရှိန်အဝါအချို့ကို ပိတ်ဆို့ဖို့ ဂူအိမ်ကြီးထဲမှာ အခင်းအကျင်း စီရင်ခဲ့တာ"

သုန်းကုန်းမင်ယွဲ့ : "???"

လျိုနင်ရွှမ်းသည် တုန်လှုပ်ချောက်ချားနေသော သုန်းကုန်းမင်ယွဲ့ကို ဝေ့ဝဲကြည့်လိုက်ပြီး မကူညိီနိုင်ဘဲ သက်ပြင်းတစ်ချက် ချသည်။

"ဂျူနီယာ မောင်လေးက ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ဉာဏ်ကြီးရှင်ပဲ"

လုရီက နှိမ့်ချစွာ ပြုံးလိုက်ပြီး

"ကျွန်တော် နည်းနည်း ကြိုးစားထားတာ

.. ဒီလောက်ပါပဲ"

သုန်းကုန်းမင်ယွဲ့သည် စကားမပြောရဲတော့ဘဲ ဘေးဘက်တွင် တိတ်တဆိတ် ရပ်နေကာ စိတ်ဓာတ်ကျနေပုံ ပေါ်သည်။

လျိုနင်ရွှမ်းက သူမကို ကြည့်ကာ ကရုဏာသက်စွာ အနည်းငယ် ပြုံးမိသည်။

ထိုအခိုက်အတန့်၌..လုရီသည်

သုန်းကုန်းမင်ယွဲ့ကို စူးစိုက်ကြည့်လိုက်ပြီး

ပြုံး၍

"ဂျူနီယာညီမလေး အဆင့်တက်သွားပြီ၊ ငါတို့ ဂုဏ်ပြုရမယ်။ စားပွဲတစ်ခုခုကို ငါပြင်ဆင်လိုက်မယ်"

"ဟဲဟဲ..ကောင်းတယ် ၊ဟုတ်တယ်!"

သုန်းကုန်းမင်ယွဲ့သည် အားအင်အပြည့်ဖြင့် ရုတ်တရက် ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာသည်။

.....

သို့နှင့် လုရီက သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်တွင် ဝိညာဉ်အစာ အချို့ကို ချက်ပြုတ်ခဲ့ပြီး ကျောက်စိမ်းဝိုင်အိုးကိုလည်း ထုတ်ယူခဲ့သည်။

ယခု သုန်းကုန်းမင်ယွဲ့သည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်သွားသောကြောင့် သူမသည်လည်း ဤဝိုင်ကို အရသာ ခံနိုင်ပြီ ဖြစ်သည်။

ကျင့်ကြံမှု လမ်စဥ်အား လျှောက်လှမ်းသူများသည် တံခါးပိတ် ကျင့်ကြံခြင်းနှင့် လေ့ကျင့်ရေးတွင် အချိန်ဖြုန်းကြပြီး အလွန်တိတ်ဆိတ်သော ဘဝတွင် နေထိုင်ကြသည်။

သူငယ်ချင်းများနှင့် မိသားစုများနှင့် စုဝေးရန် အချိန်ဖြုန်းဖို့က ရှားပါးသောကြောင့် အတူတကွ ပျော်ပါးစားသောက်ခြင်းသည် ပျော်ရွှင်မှု တစ်ခုဖြစ်ပါသည်။

ဟုတ်ပါသည်။ လုရီနှင့် သူ့အဖော်

နှစ်ယောက်အတွက် ရင်းနှီးသော ဆရာတူ တပည့်တွေ ဖြစ်သည့်အတွက် တွေ့ဆုံရမည့် အချိန်က ပို၍ပင် ဆုံဖြစ်သော်လည်း သူတို့ချင်း ဆွေးနွေးဖို့ အဆုံးမရှိနိုင်သော အကြောင်းအရာတွေ ရှိပါသေးသည်။

ဆွေးနွေးမှုအများစုသည် ကျင့်ကြံခြင်းအကြောင်းဖြစ်သော်လည်း မကြာသေးမီက အဖြစ်အပျက်များအကြောင်းလည်း ပြောဆိုခဲ့ကြပါသည်။

လျိုနင်ရွှမ်းက ပြောပြလာသည်။

"မကြာသေးမီက၊ ငါတို့ တိမ်ဖြူဂိုဏ်းက တခြားဂိုဏ်းနှစ်ခုနဲ့ မဟာမိတ်ဖွဲ့ပြီးတဲ့ နောက်မှာ၊ ငါတို့က သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းရဲ့ ပေါင်းစပ်အင်အားတွေကို တဖြည်းဖြည်း နှိမ်နှင်းလာခဲ့တယ်။ အခုတော့ သွေးဝိညာဉ်ဂိုဏ်းက မလှုပ်သာ၊မလွန့်သာ ဖြစ်နေပြီ။ ငါတို့တိမ်ဖြူဂိုဏ်း နယ်မြေအတွင်း ပြဿနာ ဖြစ်စေဖို့ အခွင့်အလမ်း ရှားသွားပြီ။"

လုရီက ဝိုင် တစ်ငုံသောက်ပြီး ရယ်မောလိုက်ကာ

"ဒါ သတင်းကောင်းပါပဲဗျာ၊ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေက ကျွန်တော်တို့

တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေအတွင်း ဆိုးယုတ်တဲ့ လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့ကြတယ်။ အခု ကျွန်တော်တို့ရဲ့ နယ်မြေဟာ နောက်ဆုံးတော့ ပြန်လည် ဘေးကင်းလာပြီး အားဖြည့်ဖို့ အခွင့်အရေး ရလာပြီပေါ့"

ထိုအခါ သုန်းကုန်းမင်ယွဲ့က မျက်မှောင်

ဖွဖွ ကြုတ်ပြီး အထင်တသေး ရှုတ်ချသည်။

"ငါတို့အနေနဲ့ သူတို့ရဲ့ ဂိုဏ်းအမြစ်အထိ ရိုက်နှက်ပြီး တစ်ဂိုဏ်းလုံး ချေမှုန်းနိုင်ရင် အကောင်းဆုံးပဲ.."

သို့သော် လျိုနင်ရွှမ်းက ခေါင်းယမ်းကာ

"သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းရဲ့ ခွန်အားဟာ ငါတို့တိမ်ဖြူဂိုဏ်းထက် အားမနည်းဘူး၊ သူတို့ရဲ့ အကာအကွယ် အခင်းအကျင်းတွေဟာ အရမ်းအစွမ်းထက်တယ်၊ ဂိုဏ်းသုံးခုရဲ့ မဟာမိတ်ဖွဲ့မှုနဲ့တောင် သူတို့ တောင်ရဲ့တံခါးကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။"

အခင်းအကျင်းလား...

လုရီ၏ အတွေးများ ဖျတ်ခနဲ လွင့်ပျံလာသည်။ သူသည် အခင်းအကျင်းများစွာကို ကျင့်ကြံခဲ့ပြီး သူ၏ အခင်းအကျင်း ပညာ ကျွမ်းကျင်မှု အဆင့်သည် အတော်လေး လက်ခံနိုင်စရာ ကောင်းသည်ဟု ခံစားခဲ့ရသည်။

ဂိုဏ်း၏ အကာအကွယ်အခင်းအကျင်း၏ အဆင့်ကို သူ သေချာ မသိရုံသာ ဖြစ်သည်။

အကယ်၍ သူသည် အကာအကွယ်အခင်းအကျင်းကို ဖြတ်ကျော်နိုင်လျှင် သွေးဝိဉာဉ်ဂိုဏ်း နှင့် ကောင်းကင်မြွေဂိုဏ်း ၏ တောင် တံခါးများကို ပြားချပ်စေဖို့ စဉ်းစားနိုင်ပေမည်။

လုရီက ဖြောင့်မတ်မှုဖြင့် မကျေနပ်ချက်ကို ပေးဆပ်သော သူတော်စင် မဟုတ်ပေ။

သွေးဝိဉာဉ်ဂိုဏ်း နှင့် ကောင်းကင်မြွေဂိုဏ်းနှစ်ခုလုံးက သူ့အသက်ကို ရှာသောကြောင့်၊ သူသည် တန်ပြန်တိုက်ခိုက်ဖို့ ဝန်မလေးပါ။

သူတို့ကို အသေ သတ်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်မည်။

အခွင့်အလမ်း ပေါ်လာသောအခါတွင် သူသည် သူ့ကိုယ်ပိုင်ဂိုဏ်း၏ အကာအကွယ်ဂိုဏ်းအခင်းအကျင်းကို စမ်းသပ်ရန် ကြိုးစားနိုင်ပြီး သူ့နှလုံးသားထဲတွင် အခြေခံအချက်တစ်ခုရရန် ကြိုးစားနိုင်သည်။

လုရီက ဒီကိစ္စကို သူ့စိတ်ထဲမှာ မှတ်သားထားလိုက်သည်။သို့သော် လက်ရှိတွင် သူသည် ဂိုဏ်းမှ မထွက်ခွာနိုင်သေးပေ။

နောက်ဆုံးတွင်၊သွေးဝိဉာဉ်ဂိုဏ်း နှင့် ကောင်းကင်မြွေဂိုဏ်းမှ လူများသည် တိမ်ဖြူဂိုဏ်း၏ မသေမျိုး မျိုးစေ့ဖြစ်သော သူ့ကို အမြဲ စောင့်ကြည့်နေကြသည် မဟုတ်ပါလော။

အပြင်မှာ တစ်ယောက်ယောက်က သူ့ကို စောင့်နေမည်လားပင် မပြောနိုင်ပါ။

သူ့ဆရာနှင့် နတ်ဘုရားအသွင်ပြောင်း အကြီးအကဲများသည် မတော်တဆမှု ဖြစ်ပွားမည် စိုးရိမ်၍ သူ့အား ဂိုဏ်းမှထွက်ခွာ ခွင့်ပြုရန် ဆန္ဒ မရှိကြပေ။

လုရီသည် သူတို့၏ စိုးရိမ်မှုများကို နားလည်နိုင်ပါသည်။ ထို့အပြင် သူသည် ယခုအချိန်တွင် အလျင်စလို မဖြစ်သေးပါ။ ယခုအချိန်အထိ အ‌သခ်ျေ ဝိညာဉ်နှင်းစက်များ ကျန်နေသေးသည်။ သူရထားသော နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီ အစက်ထောင်ပေါင်းများစွာနှင့် အရင်းအမြစ်တွေမဆင်းရဲပါချေ။

သူ့အား ကျင့်ကြံခြင်း နည်းစနစ်နှင့် သိုင်းပညာအရလည်း ကောင်းစွာ ‌အထောက်အပံ့ ရထားသည်။ အပြင်တွင် အလုပ်များကို ထမ်းဆောင်ရန် မလိုအပ်ဘဲ ဂိုဏ်းမှ ထွက်ခွာရန် သူ စိတ်ကူး မပေါ်သေးပေ။

ပထမဦးစွာ သူသည် သူ၏ ကျင့်ကြံမှုအခြေခံကို တိုးတက်စေရန် အရင်းအမြစ်များကို အသုံးပြုမည် ဖြစ်သည်။

ထို့နောက် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် စဉ်းစားနိုင်သည်။

ထိုသို့..., သူတို့ သုံးယောက် ရောက်တတ်ရာရာ ပြောဆိုနေကြစဉ် အဝေးက တန်ခိုးကြီးသော တည်ရှိမှု တစ်ခု ရုတ်တရက် ထွက်ပေါ်လာမှုအား ခံစားလိုက်စဉ် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ ရိတယ်လို့ ကြားခဲ့လို့ ဒီနေ့ ငါက သိုင်းပညာ ဖလှယ်ချင်တယ်.."

ဤအသံကိုကြားတော့ လုရီအပါအဝင် အခြားလူများ၏ မျက်နှာများသည် အနည်းငယ် လှုပ်ယမ်းသွားပြီး

သူတို့၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

တိမ်ဖြူဂိုဏ်း၏ အပြင်ဘက်တွင် ကျယ်လောင်စွာ ကြွေးကြော်ခြင်းသည် အရိုအသေ ကင်းမဲ့သော လုပ်ရပ် ဖြစ်ပြီး မိမိတို့၏ ဂိုဏ်းကို ရှင်းရှင်းလင်းလင်း ထည့်မတွက်ခြင်းပင် မဟုတ်ပါလော။

----------------

အခန်း၁၅၈- ကြီးကျယ်သော ဓားစိတ်ဆန္ဒက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို ဖြုံသွားစေတယ်...

~ သုံးယောက်သား အကြည့်ချင်းဖလှယ်ကြပြီး

လျိုနင်ရွှမ်းက ပြောလာသည်။

"သွားကြည့်ရအောင်"

လုရီက ခေါင်းညိတ်သည်။

"ဟုတ်ကဲ့.."

သုန်းကုန်းမင်ယွဲ့က တအံ့တသြ အော်သည်။

"ဘာလို့ ဒီလို မလေးမစား အော်ဟစ်ရဲတာလဲ..တိမ်ဖြူဂိုဏ်းကို ထည့်မတွက်တာလား..."

သုံးယောက်သား ဂူအိမ်ကြီးမှ ထွက်သွားပြီး ဆူညံသံ၏ အရင်းအမြစ်ဆီသို့ ပြေးသွားကြသည်။

တိမ်ဖြူဂိုဏ်း၏ ဂိတ်တံခါး အပြင်ဘက်.. ကောင်းကင်ယံဝယ် လူသုံးယောက် ရပ်နေသည်။ အဘိုးအို နှစ်ဦးနှင့် လူငယ်တစ်ဦး။

အဘိုးအိုနှစ်ဦးသည် အလွန် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် နက်နဲလှသည့် တည်ရှိမှုကို ထုတ်လွှတ်သည်။

လူငယ်သည် ရုပ်ရည် ချောမောပြီး မောက်မာသည့် ဟန် ရှိသည်။ သူ၏မျက်လုံးများသည် စူးရှထက်မြက်ပြီး ပြင်းထန်သော အလင်းတန်း ထွက်ပေါ်နေကာ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ငါ့ရဲ့ တိမ်ဖြူဂိုဏ်း ဂိတ်တံခါးအပြင်ဘက်မှာ ဒီလို အော်ဟစ် သောင်းကျန်းနေတာလဲ။"

တိမ်ဖြူဂိုဏ်းမှ အခြေတည် ဝိညာဉ်နယ်ပယ် အကြီးအကဲသည် ကောင်းကင်သို့ ပျံတက်သွားစဉ် သူ၏ ဩဇာအာဏာ ရှိသော အသံမှာ ပဲ့တင်ထပ်လာသည်။

အကြီးအကဲ နှစ်ယောက်ကို မြင်လိုက်ရတော့ အခြေတည် ဝိညာဉ်အကြီးအကဲသည် အမူအရာ အနည်းငယ် ပျက်ယွင်းသွားကာ ရေရွတ်လိုက်သည်။

"နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ..."

အခြေတည် ဝိညာဉ် အကြီးအကဲ၏ အမူအရာသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်ရင်း ဆိုးရွားလာကာ တစ်ဖန် အလယ်ဗဟိုရှိ လူငယ်ထံ အကြည့်များ ရောက်ရှိသွားပြီး မျက်မှောင်ကြုတ်ကာ

"စီနီယာ နှစ်ယောက်က ကျုပ်တို့ရဲ့ တံခါးဝမှာ တိမ်ဖြူဂိုဏ်းကို နှိုးဆော်ဖို့ ဂျူနီယာ

တစ်ယောက်ကို ခွင့်ပြုထားတာလား..."

ထိုအခါ အလယ်ဗဟိုရှိ လူငယ်သည် အခြေတည် ဝိညာဉ်အကြီးအကဲကို ကြည့်ကာ

"ကျုပ်က မင်လင်တောင်ကြားက

ကျူးကောရှုံ့၊ တိမ်ဖြူဂိုဏ်းမှာ ချီသန့်စင်နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခကို နှိုးဆွတဲ့ ပါရမီရှင် ပေါ်ထွက်လာတယ်လို့ ကြားရတဲ့အတွက် သူ့ကို စိန်ခေါ်ဖို့ လာခဲ့တာ၊ ခင်ဗျားတို့ ဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ကို တိုက်ပွဲအတွက် ထွက်လာခိုင်းလေ!"

ထိုသို့ ကြေညာမှုကို ကြားသိလိုက်ရသောအခါ အခြေတည် ဝိညာဉ်အကြီးအကဲ၏ မျက်နှာသည် အနည်းငယ် တင်းမာသွားသည်။

"ချင်ကျိုးရဲ့ မင်လင်တောင်ကြား"

[ချင်ကျိုး နှင့် ချင်းကျိုး~မတူပါ...]

ကျူးကောရှုံ့သည် အလွန်ဂုဏ်ယူခဲ့သည်၊

"မမှားပါဘူး"

ကျူးကောရှုံ့၏ မောက်မာမှုကို မြင်လိုက်ရသဖြင့် အခြေတည် ဝိညာဉ် အကြီးအကဲသည် မျက်မှောင်ကြုတ်ကာ မကူညီနိုင်ဘဲ မျက်တောင်မခတ်ခဲ့ပေ။

ချင်ကျိုး..မင်လင်တောင်ကြား၏ အင်အားသည် ထိုမသေမျိုး ဂိုဏ်းများ ၊မြင့်မြတ် နယ်မြေများနှင့် မယှဉ်နိုင်သော်လည်း၊ ၎င်းသည် တိမ်ဖြူဂိုဏ်းထက် များစွာ အားကောင်းနေဆဲပင်။

ဟင်းလင်းပြင်ဥမင် အဆင့် နတ်ဆိုးအိုကြီးများ တစ်ယောက်ထက်မက တည်ရှိနေကြသည်ဟူ၍ ကောလာဟလများပင် ရှိခဲ့သည်။

သို့သော်၊ လုရီ၏ စွမ်းရည်သတင်းသည် ချင်းကျိုး၏ နယ်နမိတ်ထက် ကျော်လွန်၍ ခပ်မြန်မြန် သတင်းမွှေးလာမည်ဟု အခြေတည် ဝိညာဉ် အကြီးအကဲသည်

မမျှော်လင့်ထားပေ။

ခဏလောက်တော့ သူက ပြတ်ပြတ်သားသား ပြောလာသည်။

"တူလေး လုရီက လောလောဆယ် တံခါးပိတ်ကျင့်ကြံနေတယ်၊ ငါ သွားမေးဖို့ လိုတယ်"

ဒါကို ကြားတော့ ကျူးကောရှုံ့၏ မျက်ခုံး တန်းများ အနည်းငယ် ကျုံ့သွားပြီး

"ကျုပ်မှာ အချိန်အများကြီး ဖြုန်းတီးစရာ မရှိဘူး၊ သူ့နာမည်က လုရီမလား"

ကျူးကောရှုံ့သည် သူ၏ ဝိညာဉ်စွမ်းအားအား စုစည်းကာ အသံလှိုင်းထုတ်လွှတ်၍ အော်ဟစ်လိုက်သည်။

"လုရီ! တိုက်ပွဲဝင်ဖို့ ထွက်လာစမ်း.. တံခါးပိတ်ပြီး ပုန်းမနေနဲ့"

"မိုက်ရိုင်းလိုက်တာ!"

အခြေတည် ဝိညာဉ်အကြီးအကဲ၏ အမူအရာသည် မည်းမှောင်သွားကာ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထုတ်ဖော်လာသော်လည်း အခြားနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦး၏ အရှိန်အဝါကြောင့် ပိတ်လှောင်ခံထားရသဖြင့်

မဆင်မခြင် မလုပ်ရဲပေ။

ထိုအချိန်တွင် ဝိညာဉ် အလင်းတန်းတစ်ခု လင်းလက်လာပြီး နောက်အခိုက်အတန့်တွင် ဝူချင်းဖုန်းသည် ကောင်းကင်တွင် ပေါ်လာသည်။

ဂိုဏ်းသုံးခု ပူးပေါင်းပြီးနောက်၊ ဝူချင်းဖုန်းသည် သွေးဝိညာဉ်ဂိုဏ်း၏ အနောက်ဘက်တွင် ပြဿနာ မတက်တော့ဘဲ ပြန်လာရန် အချိန်ရခဲ့သည်။

သူ ပေါ်လာသည့် အခိုက်အတန့်တွင် သူ၏ လွှမ်းမိုးနေသော တည်ရှိမှုသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှစ်ဦးကို ဖိနှိပ်ကာ ကျူးကောရှုံ့၏ အသားအရေကို ဖြူဖျော့သွား‌စေ၍ အသက်ရှူ ကြပ်သွားစေသည်။

မင်လင်တောင်ကြားမှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ တစ်ဦးက ဝူချင်းဖုန်းကို အံ့အားသင့်စွာ ကြည့်ကာ

"တိမ်ဖြူဂိုဏ်းဂာ အမှန်တကယ်ပဲ အစွမ်းထက်တဲ့ နတ်ဘုရား အသွင်ပြောင်း ပုဂ္ဂိုလ် ရှိနေတယ်"

မင်လင်တောင်ကြားမှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် စကားတစ်ခွန်းမှ ဆက်မပြောဘဲ ကျူးကောရှုံ့အရှေ့တွင် သူ့ကိုယ်သူ အကာအကွယ် ပိတ်ဆို့လိုက်သည်။

ဝူချင်းဖုန်းက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ကြိမ်းမောင်းလိုက်၏။

"မင်းတို့ သုံးယောက်က ငါ့ရဲ့ တိမ်ဖြူဂိုဏ်းကို ဘာလို့ လာခဲ့တာလဲ၊ ထိပ်တိုက်ရင်ဆိုင်ဖို့ လမ်းစရှာနေတာလား။"

ထိုသို့ ကြောက်စရာကောင်းသည့် အသွင်အပြင်ကို မြင်လိုက်ရတော့ ကျူးကောရှုံ့က အလွန်အမင်း ထောင်လွှားရဲခြင်း မပြုတော့။သို့သော် သူက မောက်မာနေဆဲသာ ဖြစ်ပြီး ပြောသည်။

"ဒီမှာ အဘိုးကြီး၊ခင်ဗျားတို့ ဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ကို စိန်ခေါ်ဖို့ ကျုပ် ဒီကို ရောက်နေတာ။ သူ့ကို ထုတ်ပေး"

အဝေးမှ စွမ်းအားကြီး အကြီးအကဲများနှင့် တပည့်အများအပြားသည် အခြေအနေကို စစ်ဆေးရန် ကောင်းကင်သို့ပျံသန်းလာကြသည်။

ကျူးကောရှုံ့၏ စကားကိုကြားတော့ တပည့်ငယ်များစွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်လာကြသည်။

"ဒီကောင်က ဘယ်သူလဲ၊ မောက်မာလှပါလား"

"သူပြောခဲ့တာက သူ့နာမည် ကျူးကောရှုံ့တဲ့၊ မင်လင် တောင်ကြားရဲ့ တပည့်

တစ်ယောက် ဖြစ်မယ်။"

"မင်လင် တောင်ကြားက ချင်ကျိုးမှာ

ရှိတဲ့ အရမ်း အစွမ်းထက်တဲ့ ဂိုဏ်းမဟုတ်ဘူးလား။"

"ကျူးကောရှုံ့၊ ဒီနာမည်ကို ငါကြားဖူးတယ်။"

လူအုပ်ထဲ၌ ပိုင်လင်ဖုန်းလည်း ရှိနေသည်။ ပိုင်လင်ဖုန်းက မျက်ခုံးကို အနည်းငယ် တွန့်ကာ သူသိထားသည့် ဗဟုသုတကို ဖောက်သည်ချလာသည်။

"ငါ့မှာ ချင်ကျိုးကို ခရီးထွက်သွားတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ချင်ကျိုး ရဲ့ ကျူးကောရှုံ့ ဟာ အလွန်အစွမ်းထက်တဲ့ ဉာဏ်ကြီးရှင်ဖြစ်ပြီး ရွှေမီးနှစ်ပါး ဝိဉာဉ် ခန္ဓာကို ပိုင်ဆိုင်ထားတယ်လို့ သူက ပြောခဲ့တယ်။ မင်လင် တောင်ကြားရဲ့ ထောင်စုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းနိုင်မယ့်ပါရမီရှင်တစ်ဦးလို့ ချီးကျူးကြတယ်၊ ဆယ့်ရှစ်နှစ်သား အရွယ်မှာ သူက အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အထွတ်အထိပ်ကို ရောက်ရှိပြီး ကောင်းကင် တာအို ကန့်သတ်ချက်ကိုတောင် ဖြတ်ကျော်သွားခဲ့တယ်။ လူငယ် ပါရမီရှင် အဆင့်မှာ ထိပ်တန်းတစ်ယောက်ပဲ..."

"အဲ့ဒီလောက် သန်မာတာလား?"

တပည့်များစွာသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဒီကောင်လေးက ညီလေးလုရဲ့ အရည်အချင်းတွေကို ကြားပြီး လာစိန်ခေါ်တာလား။ ညီလေးလု ရဲ့ ဂုဏ်သတင်းက ချင်ကျိုးအထိ ပျံ့နှံ့သွားခဲ့ဖို့ ငါ မမျှော်လင့်ထားဘူး။"

သူတို့အထဲမှာ လင်းရှောင်ရှောင်လည်း ရှိနေသည်။ သူမသည် မျက်ခုံးပင့်ကာ စကားဝိုင်းထဲသို့ ဝင်ရောက်ပြောဆိုလာသည်။

"နောက်ဆုံးအကြိမ် အရှေ့တောအုပ် အပျက်အစီးမှာ ဂျူနီယာ မောင်လေးလုက သဘောထားကြီးစွာနဲ့ တကိုယ်တော် ကျင့်ကြံသူ တချို့ကိုလည်း ကယ်တင်ခဲ့တယ်လေ၊ တကိုယ်တော် ကျင့်ကြံသူတွေက ဒီစွန့်စားခန်းတွေကို ပြန်ပြီး ဖောက်သည်ချကြတာ နေမယ်..."

ထိုအခါ အံ့အားသင့်နေသော လူအုပ်ကြီးသည် ကြွက်စီ၊ကြွက်စီ ဆွေးနွေးခဲ့ကြသည်။

"ဂျူနီယာ ညီလေးလု ရဲ့ လက်ရှိခွန်အားက ဘယ်လိုဖြစ်မလဲ ငါ သိချင်လိုက်တာ ..ဒီကျူးကောရှုံ့က အရမ်းသန်မာပုံရတယ်။ ငါ့ရဲ့ရွှေအူတိုင် ကျင့်ကြံမှုနဲ့တောင် သူ့ကို

ကြည့်ရင် ငါ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သလို ခံစားရတယ်။"

ဒါကို ကြားတော့ လင်းရှောင်ရှောင်၏ အမူအရာက ထူးဆန်းသွားပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

အရှေ့တောအုပ်အပျက်အစီးတွင် ရွှေအူတိုင် အဆင့် မှော် သားရဲများကို လုရီက တို့ဟူးပိုင်းသလို သတ်ဖြတ်ခြင်းကို သူမ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်လေ။

ကျူးကောရှုံ့သည် မယုံနိုင်လောက်အောင် ထက်မြက် နေနိုင်သည်။

ဟန်ယွီနှင့်ယွင်ရှီးထက်ပင် သူက အရည်အချင်း မြင့်မားတာ ဖြစ်နိုင်သည်။

သို့သော် လုရီ၏ အရှေ့တွင်မူ သူသည် ပြိုင်ဘက်အဖြစ် မထိုက်တန်သေးပါ။

ထိုအချိန်တွင် ဝိဉာဉ် အလင်းတန်းသုံးခုသည် ကောင်းကင်ယံသို့ လျင်မြန်စွာဖြတ်ကျော်လာသည်။ဤအလင်းများက လုရီနှင့် သူ့အဖော် နှစ်ယောက် ဖြစ်သည်။

သုံးယောက်သားကို မြင်လိုက်ရတော့ အားလုံးက မျက်လုံးတွေ တောက်ပလာသည် ။

"ဟိုးမှာ...ညီလေးလု ရောက်ပြီ!"

"ဂျူနီယာညီလေးလုကို မတွေ့ရတာ ကြာပြီ၊ ပိုချောလာသလိုပဲ..သူက ရုပ်ရည် ချောမောမှုမှာတော့ ပ်ြိုင်စံရှားပဲကွာ"

"အကြီးတန်းအစ်မ လျိုနင်ရွှမ်းနဲ့

ဂျူနီယာညီမလေးလည်း သူနဲ့အတူ ပါလာတယ်.."

လူအုပ်သည် လုရီနှင့် အခြားနှစ်ယောက်အတွက် လမ်းကြောင်း ရှင်းရန် နေရာ ဖယ်ပေးလိုက်ကြသည်။

ကျူးကောရှုံ့၏ အကြည့်များက သူတို့အပေါ်ကို လွှမ်းခြုံသွားသည်။

လုရီနှင့် ကျန် နှစ်ယောက်။

အထူးသဖြင့် သုန်းကုန်းမင်ယွဲ့နှင့်

လျိုနင်ရွှမ်းတို့၏ ရွှန်းစိုသော ပြိုင်ဘက်ကင်း အလှတရားကို မြင်လိုက်ရသောအခါ သူသည် ခဏတာ ထိတ်လန့်သွားသည်။

ထို့နောက် သူသည် လုရီဘက်သို့ လှမ်းကြည့်ကာ ခေါင်းကို အနည်းငယ်မော့ကာ ဆောင့်ကြွားကြွား မေးလိုက်တော့သည်။

"မင်းက လုရီလား"

------------

အခန်း၁၅၉- ကြီးကျယ်သော ဓားစိတ်ဆန္ဒက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို ဖြုံသွားစေတယ်...

~လုရီက ကျူးကောရှုံ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး ပြောသည်။

"မမှားဘူး၊ ငါပဲ"

"ကောင်းပြီ! တိုက်ပွဲတစ်ခု တိုက်ကြရအောင်။ တစ်စုံတစ်ယောက်က ချီသန့်စင် နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခကို လှုံ့ဆော်ပေးတာကြောင့် တခြားသူတွေထက် ပိုသန်မာတယ်လို့ မဆိုလိုဘူးဆိုတာ ဒီနေ့

ငါ ..ကျူးကောရှုံ့က လောကကို သက်သေပြမယ်..."

ကျူးကောရှုံ့၏ မျက်လုံးများသည် ရှည်လျားသော ဓားတစ်လက်ကဲ့သို့ ထက်မြက်သော ဝိဉာဉ် အလင်းကို ထုတ်လွှတ်ပြီး လုရီ ဆီသို့ မထီမဲ့မြင် ကြည့်နေသည်။

လုရီ၏ အမူအရာသည် ငြိမ်သက်နေသော်လည်း စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသည်။

.. ဘာလဲ၊ အခု ငါက တကယ်နာမည်ကြီးနေပြီလား။..

"မင်း ချင်ကျိုးက မဟုတ်ဘူးလား။ ချီသန့်စင် နယ်ပယ်မှာ ငါက ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်ခဲ့တယ်လို့ မင်း ဘယ်လိုသိတာလဲ"

"ဒါနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်နေတာပဲ၊ ဘာလို့ မသိရမလဲကွ။ လေပေါတာ လုံလောက်ပြီ၊ လာတိုက်ခိုက်"

ကျူးကောရှုံ့သည် စိတ်မရှည်ပါ။

လုရီက ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်ပြီး တပြိုင်နက် သူ့စိတ်ထဲ၌ ကြုံးဝါးလိုက်သည်။

..ငါ ကျူးကောရှုံ့ ကို အနိုင်ယူရမယ် ..

[အလုပ်] ကျူးကောရှုံ့ကို အနိုင်ယူပါ။

ဆုကြေး- အဆင့်နိမ့်ရတနာ'ရွှေမီးရောင် လက်ကောက်'

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

ဟမ်..

လုရီ လန့်သွားပြီး သူ့ရှေ့မှာ မောက်မာသည့် ကျူးကောရှုံ့ကို ထူးဆန်းသည့် အကြည့် ဖြင့် ကြည့် ပေးလိုက်သည်။

.. ဒီကောင့်ရဲ့.. ဆုကြေးက အရမ်းရက်ရော နေပါလား။

လေ့ကျင့်တဲ့ အလုပ်တစ်ခုလေးနဲ့ ရတနာတစ်ခုကို တကယ်ကြီး ဆုချလာတယ်။..

..လုံးဝ မဆိုးပါဘူး။ ..

ရုတ်တရက် လုရီခေါင်းထဲ၌ နောက်ထပ် စိတ်ကူးကောင်းတစ်ခု ဖျတ်ခနဲ ပွင့်လင်းလာသည်။

ချင်းကျိုးမှ ပြောင်မြောက်သော စိန်ခေါ်မှုကို ဆွဲဆောင်ရန် သူ မမျှော်လင့်ထားသော်လည်း ထိုသို့သော စိန်ခေါ်မှုကို လက်ခံခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပါ။

နောက်ဆုံးတော့၊ သူ့ကို စိန်ခေါ်သူတွေဟာ ကိုယ့်ငိုယ်ကို ယုံကြည်မှု မြင့်မားသည့် ဉာဏ်ကြီးရှင်တွေချည်းဖြစ်ရမည် မဟုတ်ပါလား။

ထိုဉာဏ်ကြီးရှင်တွေ၏ ဆုကြေးတွေက အတော် မက်မောဖို့ ကောင်းသည်။

ထိုသို့ ဆိုလျှင် သူက သည်အတိုင်း ထိုင်နေရုံနဲ့ ဆုကြေးတွေက သူ့အိမ်တံခါးရှေ့ လာချပေးနေကြမှာပေါ့။

လုရီ၏ မျက်လုံးများ အရောင် တောက်ပလာသည်။

..အဟဲဟဲ။

နာမည်ကြီးတာက သိပ်မဆိုးဘူးပဲ။..

လုရီ အေးအေးလူလူပင် ရယ်မောလိုက်ပြီး

သဘောတူလိုက်သည်။

"ဒါဆို တိုက်ခိုက်ကြရအောင်"

လုရီစကားကို ကြားတော့ ကျူးကောရှုံ့က

ဟင်ဟက်ပက်ပက် ရယ်ကာ

"ကောင်းပြီ၊ ဒီလို လက်ခံတာမျိုး ကြိုက်တယ်!"

"ဂိုဏ်းဝင်ပေါက်မှာ မတိုက်ဘဲ အပြင်ထွက်မယ်"

ဤသို့ ပြောပြောဆိုဆိုနှင့် လုရီသည် အဝေးဆီသို့ ပျံသန်းနေသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျူးကောရှုံ့က သဘာဝအတိုင်း သူ့နောက်သို့ ပျံဝဲ၍ လိုက်သွားခဲ့သည်။

သူ့ကို စောင့်ကြပ်နေသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးသည်

ကျူးကောရှုံ့ မလိုလားအပ်သည့် ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်မည်ကို ကြောက်ရွံ့ကာ နောက်မှ အနီးကပ် လိုက်လာခဲ့သည်။

ဝူချင်းဖုန်း၊လျိုနင်ရွှမ်း နှင့် အခြားသူများလည်း သူတို့နောက်သို့ လိုက်သွားကြသည်။

တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားပြီးနောက် သူတို့သည် ရပ်တန့်သွားကြသည်။

လုရီနှင့် ကျူးကောရှုံ့တို့သည် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်တွင် မားမားမတ်မတ် ရပ်နေသည်။

သူတို့အား အခြား ကျင့်ကြံသူများက ဝိုင်းအုံကြည့်နေကြသည် ။

ကျူးကောရှုံ့က လုရီကို ခေါင်းအစ..ခြေအဆုံး အကဲခတ်ပြီး

"မင်းက ချီသန့်စင် နယ်ပယ် မိုးကြိုးဒဏ်ကို ဆင့်ခေါ်ပြီး ရှေးနတ်ဆိုး တစ်ကောင်လို အရှိန်အဝါ ရှိတယ်လို့ ငါ ကြားဖူးတယ်။

အဲ့ဒါ တကယ် ဟုတ်ရဲ့လားလို့ ငါ ဒီနေ့ ကြည့်မယ်!"

ကျူးကောရှုံ့သည် တစ်ချက် မာန်သွင်းလိုက်ပြီး သူ့လက်ကို

တစ်ချက် လှုပ်လိုက်တော့ သူ့ပတ်ဝန်းကျင်တွင် ရွှေရောင် ဓားပျံ လေးချောင်း ပေါ်လာသည်။ ဓားသွားများပေါ်တွင် ကြက်သွေးရောင် မီးတောက်များလောင်မြိုက်နေသည်။

ဓားသွားများက တဝီဝီ လည်ပတ်၍ ကျယ်လောင်သောအသံကို ထုတ်လွှတ်ရင်း မီးတောက်များ တဟုန်းဟုန်း တောက်လောင်ကာ လေထုကို အနည်းငယ် ပုံပျက်သွားစေသည်။

အခြေခံ အုတ်မြစ်တည်ထောင်ခြင်း၏ အထွတ်အထိပ်တွင်သာ ရှိသော

ကျူးကောရှုံ့၏ အရှိန်အဝါသည် ယခုအခါ ရွှေအူတိုင် အဆင့်ရှိ ယွင်ရှီးနှင့် ဟန်ယွီတို့နှင့် ယှဉ်နိုင်လုနီးပါး ပြင်းထန်လာသည်။

လုရီသည် ကြိတ်၍ အံ့သြသွားသည်။

ကျူးကောရှုံ့သည် အမှန်တကယ်ပင်

ချင်ကျိုး၏ ကျွမ်းကျင်သူ တစ်ဦးပင်။

အလွန် အထင်ကြီးစရာကောင်းသည်။

ချင်းကျိူး တစ်ခုလုံးအကြောင်း ပြောဖို့ခက်ပေမယ့် ကျူးကောရှုံ့ကို ဂိုဏ်း ငါးခုထဲမှာ ပေါက်ဖွားလာခဲ့လျှင် ကျူးကောရှုံ့ဟာ မျိုးဆက်သစ် လူငယ် ပါရမီရှင်တွေအကြား နံပါတ်တစ်အဖြစ် ရပ်တည်နေမှာ သေချာပါသည်။

အင်း။ဒါက သူ လုရီအား ထည့်မတွက်လျှင်ပေါ့။

ကျူးကောရှုံ့က လုရီ ငြိမ်ငြိမ်လေး ရပ်နေတာကို သတိထားမိပြီး သူ့မျက်လုံးတွေ စူးရှလာသည်။

"မင်းရဲ့လက်နက်ကို ထုတ်! မင်းငါ့ကို အထင်သေးနေတာလား" ဟု တင်းမာသည့် အသံဖြင့် ပြောလိုက်သည်။

လုရီက ပေါ့ပေါ့ပါးပါး ရယ်မောပြီး ခေါင်းယမ်းလိုက်သည်။

"လက်နက်တွေ မလိုဘူး၊ မင်းသာ တိုက်ကွက် ထုတ်လိုက်"

"ဟမ့်၊ မင်းက သေလမ်း ရှာချင်နေတာကိုး!"

ကျူးကောရှုံ့၏ မျက်လုံးများသည် ကြမ်းတမ်းသော အရိပ်အမြွက်ဖြင့် တောက်ပနေသည်။ ရွှေရောင် ဓားပျံ လေးချောင်းအား လုရီဆီသို့ ပစ်လွှတ်လိုက်ကာ လေထဲတွင် ရွှေရောင် လမ်းကြောင်းလေးခုချန်ရစ်ကာ နေရာလပ်ကို ပုံပျက်၍ အပူလှိုင်းများ ဖြစ်တည်စေသည်။ ၎င်းတို့၏ အရှိန်အဟုန်သည် အလွန်ပင် ကြောက်စရာကောင်းသည်။

ကျင့်ကြံမှုအခြေခံ အားနည်းကြသည့် အဝေးမှ ကျင့်ကြံသူများသည် အပူလှိုင်းများကို ခံနိုင်ရည်မရှိနိုင်ဘဲ ‌ဒယိမ်းဒယိုင် အနောက်သို့ ဆုတ်ခွာသွားကြသည်။

ထိုအချိန်တွင် လုရီသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အောက်ဘက်သို့ ပွတ်ဆွဲလိုက်ရာ မီတာဆယ်နှင့်ချီရှည်သော ရွှေဓားအလင်းတန်းသည်ရွှေရောင် ဓားပျံ လေးချောင်းအား မိတ်ဆက်သည်။

ဓားအလင်းသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော အရှိန်အဟုန်ကို သယ်ဆောင်ကာ ကောင်းကင်ကို ဖြတ်ပိုင်းသော ဓားကဲ့သို့ အလွန် ပြင်းထန်သည်။ ထိပ်တန်းရွှေအလင်း ရွှေရောင် ဓားပျံ နှစ်ချောင်း သည် ဓားအလင်းနှင့် ချက်ချင်းနီးပါး တိုက်မိကာ မှိန်ဖျော့၍ ပြုတ်ကျသွားခဲ့သည်။

ကျူးကောရှုံ့၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး ကျန်ရွှေအလင်း ဓားဘီးနှစ်စင်းကို အလျင်အမြန် ထိန်းချုပ်ကာ လေထဲမှ တဆင့် သူ့ထံ တန်းတန်းမတ်မတ် တိုးဝင်လာသော ရွှေဓားအလင်းအား ရှောင်တိမ်းရတော့မည်။

ကျူးကောရှုံ့သည် မာန်သွင်းပြီး သူ့ခန္ဓာကိုယ်အား အလင်းတန်း တစ်ခုအသွင် ပြောင်းလဲလိုက်ပြီး ဓားအလင်းကို ကျင်လည်စွာ ရှောင်ထွက်သည်။

ဓားအလင်းသည် သူ့နံဘေးမှ ဖြတ်သွားကာ ဖြစ်တည်လာသော ဓားစိတ်ဆန္ဒမှာ

ကျူးကောရှုံ့အနီးတစ်ဝိုက်ရှိ ဝိညာဉ်စွမ်းအားကို တုန်လှုပ်သွားစေပြီး သူ၏ မှော်ဝတ်ရုံပေါ်သို့ ပြင်းထန်သော စွမ်းအားများ ကျရောက်လာသည်။မှော်ဝတ်ရုံသည်

အပျက်အစီး မရှိဘဲ

တောက်ပနေသော်လည်း ဓားစိတ်ဆန္ဒမှာ

ကျူးကောရှုံ့၏ ခန္ဓာကိုယ်ကို ကျူးကျော် ဝင်ရောက်လာကာ တုန် လှုပ်စေသည်။ ကျူးကောရှုံ့သည် သွေးများ အန်ထုတ်လိုက်ရသည်။

ထို့နောက်တွင်မှ ရွှေဓားအလင်းသည် မြေပြင်ပေါ်သို့ ကျသွားပြီး အသံမထွက်ဘဲ အောက်ခြေ မရှိသော အက်ကွဲကြောင်းကြီး ခုတ်ပိုင်းလိုက်သည်။

"အလို..ဒါ ဘယ်လို ဖြစ်နိုင်တာလဲ?!"

နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးသည် မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ ထိတ်လန့်သွားသည်။

"ငါတို့ရှုံ့အာက ဓားတစ်ချက်တည်း

တောင် မတားနိုင်ဘူးလား?"

"ရွှေနေရောင်ဝတ်ရုံက အဆင့်နိမ့် မှော်ရတနာတစ်ခုဖြစ်ပေမယ့် လုရီဆီက ထုတ်လွှတ်တဲ့ ဓားစိတ်ဆန္ဒကို အပြည့်အဝ မခုခံနိုင်ဘူး"

နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးသည် အလွန်တုန်လှုပ်သွားကြသည်။

သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်များ ပြည့်နှက်နေကာ တစ်ယောက်နှင့် တစ်ယောက် အကြည့်များ ဖလှယ်ကြသည်။

ကျူးကောရှုံ့သည် ပို၍ပင် ကြောက်လန့်သွားပြီး သူ့နောက်ကျောရှိ ဓားအလင်းဖြင့် ဖြတ်ထားသော ဓားခြေရာကို လှည့်ကြည့်ကာ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ အကယ်၍ ထိုဓားချက်သာ ထိမှန်ခဲ့လျှင် အဆင့်နိမ့်သော ရတနာတစ်ခုဖြင့် အကာအကွယ် ပြုထားသော်လည်း သူ သည် အသက်ရှင်နိုင်မည် မဟုတ်ပေ။

ဓားစိတ်ဆန္ဒသည် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

တိမ်ဖြူဂိုဏ်း၏ အရေးပါအရာ ရောက်သော ပုဂ္ဂိုလ် နှစ်ယောက်ဖြစ်သော ဝူချင်းဖုန်းနှင့် အကြီးအကဲ ချူးယွင်တို့သည်ပင် အံ့အားသင့်သွားကြသည်။

ဝူချင်းဖုန်း၏ ပါးစပ်သည် တုန်လှုပ်သွားပြီး လုရီ၏ ဓားလမ်းကြောင်းကို ကြည့်လျက် သဘောတကျ ပြုံးကာ

"အကြီးအကဲမင်က လုရီရဲ့ ဓားစိတ်ဆန္ဒက ဒီလောက်အဆင့်ကို ရောက်နေပြီလို့ ငါ့ကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူး!"

အကြီးအကဲ ချူးယွင်က လုရီကို ကြင်နာသောမျက်နှာဖြင့် ကြည့်ရင်း သဘောကျစွာ ခေါင်းတညိတ်ညိတ် ရှိနေသည်။

"အရမ်းကောင်းတာပဲ၊ အရမ်းကောင်းတယ်! ဒီလိုဓားစိတ်ဆန္ဒက မဟာအောင်မြင်ခြင်း အဆင့်နဲ့ နီးစပ်နေပြီ။ အခွင့်အရေး ရရင် ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို မတက်လှမ်းခင် သူက သူ့ကိုယ်ပိုင်ဓား တာအို နယ်ပယ်ကို ဖန်တီးနိုင်တယ်။ မဟာယာနဘုံရှေ့က ချောမွေ့တဲ့လမ်းကြောင်းပဲ!"

----------------

All Chapters