← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း၁၆၀- ကြီးကျယ်သော ဓားစိတ်ဆန္ဒက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို ဖြုံသွားစေတယ်...

~လုရီ ခေါင်းယမ်းကာ ကျူးကောရှုံ့အားရှုတ်ချသည်။

"မင်းက အရမ်းအားနည်းတယ်၊ ဓားချက်တစ်ခုတောင် မပိတ်ဆို့နိုင်ဘူး"

အကယ်၍ ယွင်ရှီးနှင့် ဟန်ယွီ ကို ရင်ဆိုင်ရလျှင် သူသည် စာနာ ထောက်ထားရမည်မှာ သေချာပါသည်။

သူတို့သည် သူငယ်ချင်းများဖြစ်သောကြောင့် သူတို့၏ ကျင့်ကြံမှုလမ်းကြောင်းကို ပျက်စီးစေမည်ကို သူ စိုးရိမ်သဖြင့် ဖလှယ်မှုတိုင်းအား သူ သတိကြီးစွာ ထားသည်။

သို့သော် ကျူးကောရှုံ့နှင့် ရင်ဆိုင်ရတော့ သူသည် ဤသို့ ပြုမူမည် မဟုတ်ချေ။ နောက်ဆုံးတွင်၊ ဤလူဆိုးသည် သူတို့

တိမ်ဖြူဂိုဏ်း၏ တံခါး အပြင်ဘက်တွင် အော်ဟစ် သောင်းကျန်းရဲပြီး မိမိတို့၏ ဂိုဏ်းကို မလေးမစား ဆက်ဆံခဲ့သည် မဟုတ်ပါလော။ ထုံးစံအတိုင်း သူသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို အဖတ်ဆည်ရမည်။

ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများက သူ့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး အရင်းအမြစ် မျိုးစုံနှင့်ကျင့်ကြံနည်းစနစ်များနှင့် ကျင့်ကြံမှုစွမ်းရည်တို့ကို ပံ့ပိုးပေးခဲ့သည်။

သူသည် အရှေ့ တောအုပ် အပျက်အစီးများတွင် ဝိုင်းရံခံရလုနီးပါးဖြစ်နေသည့်တိုင် တိုက်ခိုက်မှုအားလုံးကို တန်ပြန်နိုင်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင်သည် သွေးဝိညာဉ်ဂိုဏ်းဆီသို့ ထွက်ခွာသွားကာ သူ၏ ဒေါသကို ဖြေဖျောက်ရန် နတ်ဘုရား အသွင်ပြောင်း အဓိပတိအကြီးအကဲနှစ်ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။

သူ ..လုရီသည်လည်း စိတ်ခံစားမှု ရှိသည့် လူသားတစ်ယောက်ပင် ဖြစ်၏။

ဂိုဏ်းက သူ့ကို ကောင်းကောင်း ဆက်ဆံလျှင် သဘာဝအတိုင်း ဂိုဏ်း၏ ရှုထောင့်ကနေ ရပ်တည်ရမည်။

လုရီ၏ ရှုတ်ချမှုကို ကြားသောအခါ

ကျူးကောရှုံ့၏မျက်နှာသည် ပြိုတော့မည့်မိုးလို မည်းပုပ်သွားသည်။

ပါးစပ်ကို ဖွင့်၍ ငန်ကျိသော သွေး

တစ်လုတ်ကို အန်ထုတ်လိုက်၏။

ယခင်က သက်ရောက်မှု ပြီးနောက်

ဓားစိတ်ဆန္ဒ သူ့ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်လာပြီးနောက်တွင် သူသည် အလွန်အမင်းအားနည်းနေပြီး ပြင်းထန်သော စိတ် စွမ်းအားဖြင့်သာ ရပ်တည်နေနိုင်ခဲ့ခြင်းသာ။

ဤမြင်ကွင်းကြောင့် မင်လင် တောင်ကြားမှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးသည် မျက်နှာ ပျက်သွားကြပြီး

ကျူးကောရှုံ့အား ကာကွယ်ရန် လျင်မြန်စွာ ရှေ့သို့ တိုးလာခဲ့သည်။

"ရှုံ့အော်"

နှစ်ယောက်စလုံးက လုရီကို အေးစက်စွာကြည့်ရင်း တစ်ယောက်က အေးစက်စက်ပြောသည်။

"အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်မှာ ဒီလိုဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားတယ်.. ဒါက တကယ့်ကို ကောင်းတဲ့ နည်းစနစ်တစ်ခုပါပဲ၊ ကြည့်ရတာ ...

မင်လင်တောင်ကြားရဲ့ ဉာဏ်ကြီးရှင်တွေက အရည်အချင်း မပြည့်မီဘူး ထင်ပါတယ်"

လုရီက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"နောက်တစ်ခါ ခင်ဗျားတို့ ဂိုဏ်းကို လာလည်ရင် နည်းနည်းတော့ ယဉ်ကျေးရမယ် ၊ ဒါဆို ခင်ဗျားတို့ကို သက်ညှာပေးမယ်"

"မင်း!"

နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ

နှစ်ဦး၏ အမူအရာများသည် ချက်ချင်းပင် အေးခဲသွားကာ လုရီကို ဒေါသတကြီး စူးစူးဝါးဝါး ကြည့်နေကြသည်။

ဝူချင်းဖုန်းနှင့် အကြီးအကဲ ချူးယွင်တို့သည် လုရီ အနားတွင် အေးဆေးစွာ ရပ်နေကာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦး၏ ရုတ်တရက် တိုက်ခိုက်ခြင်းမှ တားဆီးရန် အသင့် ဖြစ်နေပြီဖြစ်သည်။

ဝူချင်းဖုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့်

"တိုက်ပွဲဆိုတာက အောင်နိုင်သူနဲ့ အရှုံးသမားရှိမှာ မျှော်လင့်ပြီးသာပဲ၊ ဒီတစ်ခါတော့ ကျုပ်တို့ဘက်က တောင်းပန်ရမယ်.."

နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ

နှစ်ဦးသည် လူသုံးယောက်ကို မှုန်ကုပ်စွာကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့၍ သတိလစ်နေသော ကျူးကောရှုံ့ကို

အမြန်ထူမလိုက်ကာ ခပ်သုတ်သုတ်ထွက်ခွာသွားတော့သည်။

လေလို အလျင်နှင့် သူတို့ထွက်သွားတာကိုမြင်တော့ ဝူချင်းဖုန်း ဟက်ဟက်ပက်ပက် ရယ်မောပြီး လုရီအား ပခုံးပုတ်ကာ

"ကောင်းတယ်၊ ကလေးလု၊သိပ် ကောင်းတယ်၊ဒီလူအိုကြီးတွေက သူတို့တပည့်ကို ငါတို့တိမ်ဖြူဂိုဏ်းကို စော်ကားဖို့ သင်ပေနေတာ၊ သင်ခန်းစာ ပေးသင့့်တယ်.."

ထိုအခါ လုရီက ပြုံးပြီး ..

"ဂိုဏ်းခေါင်းဆောင်က ကျွန်တော့်ကို ဂိုဏ်းအတွက် ရန်သူတွေ တိုးအောင် လုပ်နေတယ်လို့ မအောက်မေ့သရွေ့တော့ အဆင်ပြေပါတယ်"

ဝူချင်းဖုန်းက သူ့လက်ကို လုံးဝ ဂရုမစိုက်ဘဲ ဝှေ့ယမ်းလိုက်သည်။

"ဟမ့်! သူတို့က ဒီလို လုပ်တာလေကွ။ လက်တုံ့မပြန်ဘဲ ငြိမ်ခံနေရင် ငါတို့ တိမ်ဖြူဂိုဏ်းကို အားနည်းပြီး အနိုင်ကျင့်လို့ ရတယ်လို့ တခြားသူတွေက သတ်မှတ်သွားကြတော့မှာပေါ့ကွ"

အခြားတစ်ဖက်တွင်မူ အကြီးအကဲ

ချူးယွင်က အနည်းငယ်စိုးရိမ်နေသည့်

ဟန်ဖြင့်

" ဘယ်လိုပဲဖြစ်ဖြစ် မင်လင်တောင်ကြားက ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတွေ ကြီးစိုးတဲ့ဂိုဏ်းကြီးတစ်ခုပဲ၊ နည်းနည်း အန္တရာယ်ရှိနိုင်တယ်"

ဝူချင်းဖုန်း ဂရုမစိုက်ဘဲ သူ့လက်အား ဝှေ့ယမ်းပြီး

"မင်လင် တောင်ကြားက တကယ်ကို အားကောင်းပေမယ့် ချင်ကျိုးမှာ အင်အားကြီးတဲ့ ရန်သူတွေလည်း ရှိပြီး ချင်ကျိုးနဲ့ ချင်းကျိုးတို့ဟာ မိုင်သန်းချီကွာဝေးပါတယ်။ ဒီလို တိုက်ခိုက်ပွဲလေး တစ်ခုအတွက်နဲ့ သူတို့ ဒီလောက် ကြီးကျယ်တဲ့ အင်အားကို အသုံးမချနိုင်ဘူး၊

ဒါ့ထက်မက..ကျုပ်တို့ တိမ်ဖြူဂိုဏ်းမှာလည်း သန်မာတဲ့ သမိုင်းအုတ်မြစ်တွေ ရှိတာပဲ၊ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ယောက်က အမှန်တကယ် တိုက်ခိုက်လာရင်တောင် ကျုပ်တို့ ဂိုဏ်းကို အမှန်တကယ် ချေမှုန်း

နိုင်ပါ့မလား။ "

အကြီးအကဲ ချူးယွင် ဒါကို တွေးပြီး

ဝူချင်းဖုန်း ပြောတာ နည်းလမ်း ကျသည်ဟု ခံစားလိုက်ရသည်။

သူမသည် စကားထပ် မဆိုဘဲ ညင်သာစွာသာ ခေါင်းညိတ်လိုက်သည်။

ဝူချင်းဖုန်း၏ နောက်ကွယ်မှ နားထောင်နေသော တပည့်များအားလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်ကာ သွေးဆူနေကြတော့သည်။

ဂိုဏ်းသည် ၎င်း၏တပည့်များကို ကာကွယ်ရန် ဆန္ဒရှိခဲ့သည်။

ဘယ်သူက မလုံခြုံဘူးလို့ ခံစားရမှာလဲ။

သူတို့ အကြောက်ဆုံးအရာမှာ ဒုက္ခ၏

ပထမ အရိပ်အယောင်တွင် တပည့်များကို စွန့်လွှတ်မည့် ဂိုဏ်း တစ်ခု ဖြစ်သည်။

ထိုသို့သော ဂိုဏ်းများသည် ကျောချမ်း စေသည်။

လုရိီသည် ချင်ကျိုးမှ ပါရမီရှင် တစ်ဦးကို အမှန်တကယ် အနိုင်ယူထားသည်ကို မြင်လိုက်ရသဖြင့် တပည့်များလည်း အလွန်တုန်လှုပ်သွားကြသည်။

"ဂျူနီယာညီလေးလုရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာတယ်၊ သူ့ဓားစိတ်ဆန္ဒက ကြီးကျယ်ပြီး မခုခံနိုင်ဘူး"

"ဟုတ်တယ်၊ အကြီးအကဲ ချူးယွင် ပြောတာ မကြားလိုက်ဘူးလား၊ သူ့ရဲ့ ဓားစိတ်ဆန္ဒက မဟာအောင်မြင်ခြင်းကို နီးကပ်နေပြီတဲ့၊ ဂျူနီယာ မောင်လေးလုက အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် မှာသာ ရှိသေးတယ်၊ ဒါပေမယ့် သူ့ရဲ့ ဓားစိတ်ဆန္ဒက ဟင်းလင်းပြင်ဥမင် ပညာရှင်ကြီး တွေနဲ့ ယှဉ်နိုင်နေပြီ၊ ဟုတ်တယ်မလား"

"တကယ် ကြောက်စရာကောင်းတာက ဂျူနီယာ ညီလေးလုဟာ လက်ရှိ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှာ ရှိနေတယ် ဆိုတဲ့ အချက်ပဲ၊ သူက ဓားတာအိုကျင့်ကြံခြင်းက ရွှေအူတိုင်နဲ့ အခြေတည်

ဝိဉာဉ် နယ်ပယ်ကို အဆင့်တက်သွားရင် တကယ်ပဲ ဘယ်လို အဆင့်မှာ ရှိနေမှာလဲ နော်.. သူက ဓားတာအို ပိုင်နက် တစ်ခုကိုတောင် ဖွဲ့စည်းနိုင်လောက်တယ်..တကယ့်ကို ထိတ်လန့်စရာ ကောင်းတယ်။"

"ဂျူနီယာ ညီလေးလုဟာ ရှေးခေတ် ပါရမီရှင် တစ်ပါးရဲ့ ဗီဇပါနေတာ သေချာတယ်"

...

ကျူးကောရှုံ့ ထွက်ခွာသွားပြီး ပြသနာ အပြီးသတ်သွားတော့ တခြားလူတွေလည်း အလျှို အလျှို ထွက်သွားကြသည်။

လုရီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့ တို့သည် လင်းလောင် တောင်ထိပ်ဆီသို့ အတူတကွ ပျံသန်းခဲ့ကြသည်။

လျိုနင်ရွှမ်းသည် လုရီကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အံ့အားသင့်သော လေသံဖြင့် ထုတ်ပြောလာသည်။

"ဂျူနီယာ မောင်လေးရဲ့ ဓားစိတ်ဆန္ဒ ဟာ တကယ့်ကို အစွမ်းထက်ပါပေတယ်၊ ဒါက မဟာအောင်မြင်ခြင်းအဆင့် ရောက်ရှိတော့မှာ မဟုတ်လား"

လုရီ ပြုံးကာ ဝန်ခံလိုက်သည်။

"တကယ်တော့ ဟုတ်ပါတယ်။"

ဤကာလအတွင်း လုရီသည် အကြီးအကဲမင်၏ဓား တာအို ပို့ချချက်ကို နားထောင်ရန် လစဉ်လတိုင်း သိုင်းကျမ်းဆောင်သို့ သွားရောက် လည်ပတ်ခဲ့သည်။

အစကတော့ သူ နားထောင်ရုံမျှသာ..

အချိန်ကြာလာသည်နှင့်အမျှ သူ့ဓားတာအိုက သန်မာဘာ၍ အကြီးအကဲမင်နှင့် ဆွေးနွေးနိုင်လာပါသည်။

ယခုအခါ သူ့ဓားစိတ်ဆန္ဒမှာ အကြီးအကဲမင် နှင့် တန်းတူနီးပါး ခြောက်ဆယ် ရာခိုင်နှုန်း ကျော်သို့ ရောက်ရှိခဲ့သည်။

၎င်းအချက်က လုရီအား အံ့အားသင့်သွားစေသည်။

အကြီးအကဲမင်က နတ်ဘုရား အသွင်ပြောင်း နယ်ပယ်တွင်သာရှိခဲ့ပြီး ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ပင် မဖြတ်ရသေးသော်လည်း ထိုကဲ့သို့ အစွမ်းထက်သော ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသည်။

အကြီးအကဲမင်အား ဓားသမား ဉာဏ်ကြီးရှင်တစ်ယောက်ဟု သတ်မှတ်ရမည် ဖြစ်ပါသည်။

ကံမကောင်းစွာပဲ၊ အကြီးအကဲမင်၏ ကျင့်ကြံမှု စွမ်းရည်က သိပ်မကောင်းနေပေ။

အကယ်၍ အကြီးအကဲမင်သည် ဟင်းလင်းပြင်ဥမင်သို့ ဖြတ်ကျော်နိုင်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန် ကြောက်စရာကောင်းပေလိမ့်မည်။

ဟင်းလင်းပြင်ဥမင် နယ်ပယ်တွင် အကြီးအကဲမင်သည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဖက် တစ်ဦးအဖြစ် သေချာပေါက် သတ်မှတ်ခံရမည်ဖြစ်သည်။ ယခု၊ လုရီ ၏ဓားတာအိုသည် ပိုမိုမြင့်မားလာသည်နှင့်အမျှ အကြီးအကဲမင် ၏ ‌ပို့ချမှုကို နားထောင်ခြင်းမှ ရရှိသော ဓားစိတ်ဆန္ဒသည် နှေးကွေးလာသည်။

ပြီးပြည့်စုံခြင်း နယ်ပယ် အဆင့် ရောက်ရှိရန်၊ အချိန်ကြာမြင့်နိုင်သေးသည်။

...

လုရီ ထိုသို့ တွေးတောနေစဉ် သူ့စကားကို ကြားတော့ လျိုနင်ရွှမ်းက မှတ်ချက်ပြုသည်။

"ဂျူနီယာ မောင်လေးရဲ့ တိုးတက်မှုက အရမ်းကြီးကျယ်တယ်၊ နင် ငါ့ကို လိုက်မီဖို့

သိပ်မကြာတော့ဘူး"

အနီးနားတွင် ရပ်နေသော သုန်းကုန်းမင်ယွဲ့သည် လုရီ၏ ပခုံးအား လက်ဖြင့် ပုတ်ကာ

ဂုဏ်ယူစွာ ပြောသည်။

"ငါ့ရဲ့ စီနီယာ အစ်ကို ဖြစ်ထိုက်တယ် ၊ အထင်ကြီးစရာပဲ ၊ စီနီယာ အစ်ကိုက ဓားစိတ်ဆန္ဒရဲ့ ပြီးပြည့်စုံခြင်း နယ်ပယ်ကို မြန်မြန်ဆန်ဆန် နားလည်ပြီး ဓားတာအိုပိုင်နက်ကို ဖြတ်ကျော်သွားနိုင်မှာပါ !"

ဒါကိုကြားတော့ လုရီသည် သူ၏ မိုးကြိုးစိတ်ဆန္ဒအခြေအနေအား တစ်ချက် အတွေး ရောက်သွားသည်။

၎င်းသည် ခြောက်ဆယ် ရာခိုင်နှုန်းကျော်အထိ ရောက်ရှိခဲ့ပြီး အားလုံးသည် ၎င်း၏ သုန်းကုန်းမင်ယွဲ့နှင့် လေ့ကျင့်ခြင်းဖြင့် တိုးတက်လာခဲ့ခြင်းပါ။

အကြီးအကဲမင်၏ ရှင်းလင်းချက်တစ်ခုကဲ့သို့ သူတို့၏ လေ့ကျင့်မှုသည် တိုးတက်မှုကို မပေးနိုင်သော်လည်း ပွဲစဉ်များ၏ အကြိမ်ရေကြောင့် သူ၏ မိုးကြိုးစိတ်ဆန္ဒသည်လည်း လျင်မြန်စွာ ကြီးထွားလာပါသည်။

သို့သော် ခြောက်ဆယ် ရာခိုင်နှုန်း သို့ရောက်ရှိပြီးနောက် ၎င်းသည်ကွဲပြားခြားနားသော နယ်ပယ်တစ်ခုသို့ ဝင်ရောက်လာပြီး တိုးတက်မှုသည် ပိုမို

စိန်ခေါ်စရာ ဖြစ်သည်။

သူ၏ မိုးကြိုးစိတ်ဆန္ဒကို ပြီးပြည့်စုံအောင် ကျင့်ကြံခြင်းသည်လည်း အချိန်အတော်ကြာပေလိမ့်မည်။ သူ၏ မိုးကြိုး စိတ်ဆန္ဒကို တွေးတောရင်း လုရီသည် သူ့ဂျူနီယာညီမလေး.. သူ့ကို ချစ်မိသွားစေရန် အလုပ်ကိုလည်း တွေးခဲ့သည်။

ဆုကြေးမှာ မိုးကြိုး စိတ်ဆန္ဒ၏ လေးဆယ် ရာခိုင်နှုန်း ဖြစ်သည်။ အကယ်၍ ဤအလုပ်ကို ပြီးမြောက်နိုင်လျှင် သူ၏ မိုးကြိုး စိတ်ဆန္ဒ နယ်ပယ်သည် တိုက်ရိုက် ပြီးပြည့်စုံသွားဖွယ် ရှိပြီးနောက် မိုးကြိုးပိုင်နက်ကို ဖွဲ့စည်းကာ ပြိုင်ဘက်ကင်း ဖြစ်နိုင်သည်။

အကယ်၍ သူသည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်တွင် မိုးကြိုး ပိုင်နက်တစ်ခုကို ဖွဲ့စည်းနိုင်လျှင် အခြေတည် ဝိညာဉ် ကျင့်ကြံသူများနှင့်အတူ ပုခုံးချင်း ယှဉ်နိုင်သည်။

သူသည် ရွှေအူတိုင်သို့ ဖြတ်ကျော်သွားပါက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံများနှင့် ရင်ဆိုင်ရလျှင် ကြောက်ရွံ့နေစရာ လိုမည် မဟုတ်ပေ။

ကံမကောင်းစွာဖြင့်၊ ၎င်းကို မည်သို့ပြီးမြောက်ရမည်ကို မသိသောကြောင့် အလုပ်သည် တန်းလန်း ဖြစ်သွားပုံ ရသည်။

လုရီက ဒါကို တွေးပြီး သုန်းကုန်းမင်ယွဲ့ကို အလွန် ရှုပ်ထွေးသည့် အမူအရာနှင့် ကြည့်လိုက်သည်။

သုန်းကုန်းမင်ယွဲ့က စိတ်ရှုပ်ထွေးမှုတွေနှင့် ပြည့်နှက်နေကာ မျက်လုံးတွေ ပြူးကျယ်သွားသည်။

"စီနီယာအစ်ကို.. နင် ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ"

လုရီ ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။

"ဘာမှမဟုတ်ပါဘူး"

ထိုအချိန်တွင် လုရီခေါင်းထဲ၌ သူ၏ဓားစိတ်ဆန္ဒကို ပိုမိုမြန်ဆန်စွာ တိုးတက်စေမည့် အရဲကိုးသော အကြံအစည် တစ်ခု လင်းလက်လာသည်။

--------------

အခန်း၁၆၁-ဓားနှလုံးသား နိုးထလာပြီ...

~စင်စစ်မှာ အကြီးအကဲမင်မင်နှင့် ပတ်သက်သည့် အလုပ်များ၏ ဆုကြေးများသည် များပြားသည် မဟုတ်ပါလော။

အကယ်၍ အကြီးအကဲမင်၏ ခွန်အားကို မြှင့်တင်ပေးနိုင်လျှင် အကြီးအကဲမင်နှင့် ပတ်သက်သော အလုပ်၏ ဆုကြေးများသည် ပို၍ပင် များပြားလာလေမလား။

ထိုအခြေအနေတွင် အကြီးအကဲမင်၏ ပို့ချချက်များကို နားထောင်ခြင်းသည် သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို မြန်ဆန်သော အရှိန်အဟုန်ဖြင့် မြင့်တင်ပေးနိုင်မည် မဟုတ်ပါလော။

ထို့အပြင်... အကြီးအကဲမင်သည် တစ်နှစ်ထက်တစ်နှစ် ပို၍ အိုမင်းလာပုံရသည်ကိုသူ သတိပြုမိခဲ့ပါသည်။ အကြီးအကဲမင်မှာ အသက်ရှင်သန်ဖို့ ဆယ်စုနှစ်တစ်ခု..

သို့မဟုတ်..အများဆုံးအားဖြင့် ဆယ်စုနှစ်အနည်းငယ်မျှသာ သက်တမ်း ကျန်ရှိတော့ရှာသည်။

နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအတွက် ထိုမျှ သက်တမ်းကလေးက အလွန် တိုတောင်းသော အချိန်ကာလ ဖြစ်လေသည်။

ဆန်းကြယ်သည့့် အဖြစ်အပျက် တစ်ခုသာ မကြုံတွေ့ရလျှင် အကြီးအကဲမင်သည် အိုမင်းသော အသက်အရွယ်ကြောင့် သေဆုံးရမည်သာ သေချာပါ‌သည်။ လုရီသည် ဤသို့ ဖြစ်ပျက်လာမည်အား

မလိုလားပါ။

အကြီးအကဲမင်သည် သူ့အတွက် လမ်းညွှန်ဆရာတစ်ဦးလို ဖြစ်ပြီး ငယ်ရွယ်သောတူသား တစ်ဦးလို သူ့အပေါ် ကြင်နာ၍ ဂရုစိုက်ပေးသည်။ အသက်ပိုရှည်နိုင်စေရန်အတွက် အကြီးအကဲ မင်ကို အဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးလိုပါသည်။

ယခင်က သူ့အနေနှင့် များစွာ မကူညီနိုင်ခဲ့သော်လည်း ယခုအခါ ထိုသို့ မဖြစ်နိုင်ပေ။ သူ၏ လက်ရှိဆုကြေးတွင် နှစ်တစ်ရာ

ဝိဉာဉ် ခြင်ဆီ ပါဝင်သည်။ ကျင့်ကြံခြင်းအတွက် ရတနာ တစ်ပါးဖြစ်သော

နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ တစ်ဦးအား ကျင့်ကြံမှုအခြေခံနှင့် မွေးရာပါ စွမ်းရည်ကို မြှင့်တင်ရန်ပင် ကူညီပေးနိုင်သည်။

အကယ်၍ နှစ်တစ်ရာဝိညာဥ်ခြင်ဆီ အလုံအလောက် ရှိလျှင် အကြီးအကဲမင် သည် သူ၏ ကျင့်ကြံမှုအခြေခံကို ဖြတ်ကျော်ပြီး ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ တက်လှမ်းနိုင်လောက်သည်။

အမှန်မှာ ဟင်းလင်းပြင်ဥမင် နယ်ပယ်ဟူသည်မှာ ကောင်းကင်နှင့် မြေကြီး၏ သန္ဓေတည်ခြင်းကို ပိုင်းခြား၍ နားလည်ရန် လိုအပ်ပြီး အကြီးအကဲမင်သည် စိန်ခေါ်မှု အဖြစ်ဆုံးအဆင့်ကို အောင်မြင်ပြီး ဖြစ်သည်။

အကြီးအကဲမင် အမှန်တကယ် ပိတ်မိနေသည့်အရာမှာ ဖြတ်ကျော်ရန် အတော်လေး လွယ်ကူသည့် သူ၏ ကျင့်ကြံမှုတွင် ပိတ်ဆို့နေသော အဟန့်အတား ဖြစ်သည်။

လုရီသည် သူ လက်ရှိပိုင်ဆိုင်ထားသော နှစ်တစ်ရာပြည့် ဝိညာဉ်ခြင်ဆီ ပမာဏအား

တွက်ဆကြည့်လိုက်၏။၎င်းက အစက်တစ်ထောင်ကျော် ရှိနေဆဲ ဖြစ်သည်။

ဝိညာဉ်ခြင်ဆီအချို့အား အကြီးအကဲမင် ထံ ယူဆောင်လာပြီး သက်ရောက်မှုများကို ကြည့်ရှုရန် အခွင့်အလမ်း ရှာဖွေရမည်ပင်။

..မနက်ဖြန်က အချိန်ကောင်းပဲ။

မနက်ဖြန်တွင် အကြီးအကဲမင်နဲ့ ငါ

ဓားတာအို ထပ်မံဆွေးနွေးရမယ့် ရက်ပဲ၊ ဝိညာဉ်ခြင်ဆီကို အကြီးအကဲဆီ တပါတည်း ယူသွားပေးရမယ်။ ..

လုရီသည် ထိုသို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။

...

သူတို့ သုံးယောက်သည် လင်းလောင်တောင်ထိပ်သို့ ပြန်သွားကြပြီး ကိုယ်စီကိုယ်စီသည် မိမိတို့ နေထိုင်ရာ

ဂူအိမ်ကြီးများဆီသို့ ခွဲခွာသွားကြသည်။

လုရီသည် သူ့ဂူအိမ်ကြီးသို့ ပြန်ရောက်သောအခါ ဤတစ်ကြိမ်တွင် သူ ရရှိခဲ့သော ဆုကြေးကို စစ်ဆေးကြည့်လိုက်ပါသည်။

ရွှေမီးရောင် လက်ကောက်...။

အရောင်မှာ အနီရောင်နှင့် ရွှေရောင်တို့ ရောယှက် ဖြစ်တည်သည်။

ရွှေမီးရောင် လက်ကောက်မှာ အလွန်ခမ်းနားပြီး ထူးကဲလှလေသည်။

ဤရှေးဟောင်းလက်နက် အရန်အမျိုးအစားသည် ရွှေဒြပ်စင် ခန္ဓာများနှင့် မီးဒြပ်စင် ခန္ဓာ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်ပြီး ရွှေနှင့် မီးဒြပ်စင်များအပေါ် သူတို့၏ အာရုံခံစားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။

ရွှေအခြေပြု တာအို စွမ်းရည်နှင့် မီးအခြေပြု တာအို စွမ်းရည်တို့ကို လေ့ကျင့်သည့် ကျင့်ကြံသူများအတွက်၊ ၎င်း၏ တန်ဖိုးသည် အဆင့်မြင့် ရတနာများထက်ပင် ကျော်လွန်နိုင်လေ၏။

ကံမကောင်းစွာဖြင့်၊ လုရီသည် နိယာမများစွာကို ကျွမ်းကျင်ခဲ့သော်လည်း ရွှေနှင့် မီးနိယာမများ မပါဝင်ပါ။

ထိုသို့ ဖြစ်‌လျှင်တောင်မှ ကျူးကောရှုံ့သည် အမှန်တကယ်ပင် ကံကြမ္မာကို ယူဆောင်လာသူပင် ဖြစ်သည်။

လုရီသည် အထင်ကြီး လေးစားမှုနှင့်အတူ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါ။ ထိုသို့သော ရတနာသည် မယုံနိုင်လောက်အောင် အဖိုးတန်လှသည်။

လုရီ ခေါင်းယမ်းပြီး ရွှေမီးရောင် လက်ကောက်ကို သိမ်းဆည်းကာ နောက်တစ်ကြိမ်မှ သုံးရန် စိတ်ကူးလိုက်သည်။

ထို့နောက် ဆက်လက်ကျင့်ကြံခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် လင်းလောင်တောင်ထိပ် မှထွက်ခွာပြီး သိုင်းကျမ်းဆောင်သို့သွားခဲ့သည်။

သိုင်းကျမ်းဆောင်တွင် အကြီးအကဲမင်တစ်ယောက် နောက်မှီထိုင်ခုံ တစ်လုံးပေါ်တွင် အေးအေးဆေးဆေး လဲလျောင်းနေသည်ကို မြင်လိုက်တော့ လုရီ ပြုံးကာ နှုတ်ဆက်လိုက်သည်။

"အကြီးအကဲမင်၊ ကျွန်တော် လာလည်ပါတယ်ဗျ"

တစ်ချိန်က အကြီးအကဲမင်၏ အဖြူရောင် ရောသောဆံပင်သည် ယခုအခါ လုံးဝ

ဖြူဖွေးသွားကာ သူ့မျက်နှာသည် အရေးအကြောင်းများ ပိုမိုများပြားလာကာ သူ၏ အရှိန်အဝါသည် ပျက်သုဉ်းခြင်း အရိပ်အမြွက်အား ပေါ်လွင်စေသည်။

ရှုထောင့်တိုင်းတွင်...

နတ်ဘုရား အသွင်ပြောင်းနယ်ပယ်၏ ဒဏ္ဍာရီလာ ဓားသမားသည် သူ၏ နေဝင်ချိန် နှစ်များအတွင်း တရားဝင်

ဝင်ရောက်လာခဲ့ပြီး သူ၏ယခင် အားမာန်နှင့် စိတ်ဓာတ်ကို မပိုင်ဆိုင်ရှာတော့ပါ။

လုရီကို မြင်တော့ အကြီးအကဲမင်၏ မျက်လုံးတွေ တောက်ပလာပြီး အိုမင်းသော မျက်နှာမှာ ကြင်နာသော အပြုံးရိပ် ထွက်ပေါ်လာသည်။

"ကလေးလု၊ အမြဲတမ်း အချိန်မှန်ပါလားကွ။ လာ၊ ဝိုင်တစ်ခွက်..အရင်သောက်။"

ထိုအခါ လုရီက ပြုံးပြီး အကြီးအကဲမင်အတွက် ကျောက်စိမ်းဝိုင် တစ်ခွက် ငှဲ့ပေးလိုက်သည်။

မွှေးရနံ့က အလွန်ပင်ပြင်းတာကြောင့် အနီးနားက ကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်ဘဲ မြင်ကွင်းအား ငေးကြည့်လာကြကာ မနာလိုအားကျသော ခံစားချက်များဖြင့် ဂလုခနဲ အသံမြည်အောင် တံတွေးများ မျိုချကြသည်။သို့ရာတွင် လုရီတို့အနားသို့ ချဉ်းကပ်ဖို့တော့ မဝံ့ရဲကြပါ။

လုရီသည် ဝိညာဉ်စွမ်းအားကို အသုံးပြု၍

ဝိုင်ခွက်အား လှိုင်းထမှု အနည်းငယ်မျှပင်

မရှိစေဘဲ အကြီးအကဲမင်ဆီသို့ ဝိုင်ခွက်ကို လွင့်မျောစေသည်။

အကြီးအကဲ မင်က ဝိုင်ခွက်ကို ယူကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး

"ကောင်လေး၊ မင်းရဲ့ ဝိညာဉ်စွမ်းအားထိန်းချုပ်မှုက တကယ်ကို ချီးကျူးစရာပဲ"

လုရီ ကူကယ်ရာမဲ့ ပြုံးလိုက်ကာ

"အကြီးအကဲမင်က ကျွန်တော့်က်ို အရမ်းမြှောက်ပင့့်နေပါပြီ၊ ဒါနဲ့ကျွန်တော် အကြီးအကဲကို ကျောက်စိမ်းဝိုင်တွေ ပေးထားပေမယ့် အကြီးအကဲ ပုံမှန်သောက်တာ မတွေ့ဖူးဘူးဗျ"

ထိုအခါ အကြီးအကဲမင်သည် သူ့ဝိုင်ခွက်ကို အရသာခံလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ

"အသက်ကြီးလာတာနဲ့အမျှ တစ်ယောက်တည်း သောက်တာဟာ အထီးကျန်တယ်လို့ ခံစားရတယ်ကွ။ ဝိုင်ကောင်းကောင်းတစ်အိုးကို စိတ်တူကိုယ်တူ ရှိတဲ့ အဖော်နဲ့ မျှဝေတာ အကောင်းဆုံးပဲ။"

လုရီက ပြုံးပြီး ထောက်ခံသည်။

"..ဒီလိုလား၊ အကြီးအကဲ!"

အကြီးအကဲမင်က သူ့ကိုယ်သူ နောက်ထပ်ဝိုင်တစ်ခွက်ကို လောင်းချလိုက်ပြီး

တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောလာသည်။

"မနေ့က ချင်ကျိုးက ကလေးကို ဓားတစ်ချက်တည်းနဲ့ မင်း အနိုင်ပိုင်းလိုက်တယ်လို့ ငါ ကြားလိုက်ရတယ်.."

လုရီက ခေါင်းညိတ်ပြပြီး

"ဒီကိစ္စလေးက အကြီးအကဲဆီ ရောက်လာပြီလား"

အကြီးအကဲမင်က တစ်ချက်ရယ်ကာ

တုံ့ပြန်၏။

" တိမ်ဖြူဂိုဏ်း ရဲ့ မသေမျိုး မျိုးစေ့ လှုပ်ရှားတဲ့ ကိစ္စက ဂိုဏ်းထဲမှာ အသေးအမွှား ကိစ္စမှ မဟုတ်ပဲကွ"

ထိုအခါ...လုရီသည် ဝိုင်အား တငုံ သောက်လိုက်ပြီးနောက် စိတ်အိုက်ဟန်ဖြင့်...

"ဟူး..လူသိများတာဟာ တကယ်တော့ ဒုက္ခတစ်မျိုးပါပဲဗျာ"

"ဟားဟားဟား၊ မင်းကတော့လေ..တခြားသူတွေက ..လူသိများတာကို ရူးသွပ်ကြတာကွ"

အကြီးအကဲမင်သည် ပြောဆိုနေရင်း

သက်ပြင်းချလိုက်ကာ...

"ကလေးလု..မင်းရဲ့ ဓားတာအို ပါရမီက ငါ မျှော်မှန်းနိုင်တာထက် မြင့်မားတယ်။

နှစ်အနည်းငယ်အတွင်း..မင်းဟာ

ငါ နှစ်ထောင်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ဉာဏ်အလင်းတွေကို ဖမ်းဆုပ်နိုင်နေပြီ..

တကယ့်ကို လက်ဖျားခါလောက်တဲ့ ပါရမီရှင်ပါပဲ..."

"ဓားသိုင်း လောကမှာ လူအနည်းငယ်ကိုပဲ ငါ သဘောကျခဲ့တယ်၊ ပထမလူက မသေမျိုး တစ်ပါးကို သတ်ဖို့ သစ်သားဓားကို

ကိုင်ဆောင်တဲ့ ဓား တာအိုသမား .., ဒုတိယလူက ကောင်းကင်မိစ္ဆာကို ကောင်းကင်တာအိုဓားနဲ့ နှိမ်နင်းခဲ့တဲ့ နတ်ဓား ဂိုဏ်းရဲ့

အရင်သခင်.. ။ အခု မင်းက တတိယလူပေါ့ကွာ။"

အကြီးအကဲမင်သည် ပြောဆိုရင်း သက်ပြင်းချလိုက်ပြန်သည်။

"ငါ၊ နန်လော့မင်၊ ဓားစွမ်းရည်မှာ ကိုယ့်ကိုကိုယ် ထူးခြားတယ်လို့ သတ်မှတ်ထားပေမယ့် မင်းနဲ့ ယှဉ်လိုက်ရင် ငါက သာမန်လူတွေနဲ့ မခြားပါလား..."

ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ လုရီသည် အနည်းငယ် ရှက်ရွံ့သလို ရယ်မောကာ

"အကြီးအကဲမင်က နှိမ့်ချတတ်တာပဲ၊ နတ်ဘုရား အသွင်ပြောင်းနယ်ပယ် မှာ ဓားစိတ်ဆန္ဒ ခြောက်ဆယ်ရာခိုင်နှုန်း ကို ကျွမ်းကျင်အောင် တတ်မြောက်ဖို့က မယုံနိုင်လောက်အောင်ကို ရှားပါးပြီး ဓားတာအို သားရဲကြီး တစ်ကောင် ဖြစ်နေပါပြီ.. အကြီးအကဲက ဟင်းလင်းပြင်ဥမင် နယ်ပယ်ထဲကို ဝင်လိုက်တာနဲ့

နေ့ချင်းညချင်း အသွင်ပြောင်းနိုင်ပါတယ်။ အကြီးအကဲရဲ့ ပတ်ဝန်းကျင်က ကမ္ဘာကိုရောပေါ့။"

"ဟူး...ဟင်းလင်းပြင်ဥမင် နယ်ပယ်လား... ပြောရတာက ပိုလွယ်တယ်"

အကြီးအကဲမင်က တိုးတိုးလေး ရယ်မောရင်း ကြေကွဲဆွေးမြည့်စွာ ရေရွတ်သည်။

"ဖြတ်ကျော်ရတာ အရမ်းလွယ်ရင် ငါ ဒီမှာ နှစ်ပေါင်း သုံးထောင်လောက် ပိတ်မိနေမှာ မဟုတ်ဘူးကွ။"

ထိုအခါ လုရီက ခေတ္တရပ်လိုက်ပြီး

ညင်သာစွာ ရယ်မောလိုက်ရင်း ပြောလိုက်တော့သည်။

"အကြီးအကဲမင်၊ အခုရက်ပိုင်းမှာအရှေ့ တောအုပ် အပျက်အစီးထဲမှာ ရလာခဲ့တဲ့ ကျွန်တော် အသုံးမပြုနိုင်သေးတဲ့ ရတနာတချို့ကို စစ်ဆေးကြည့်မိပါတယ်၊

ဒါပေမယ့် အကြီးအကဲအတွက်တော့ ဒီရတနာတွေက အသုံးဝင်နိုင်မှာပါ"

---------------

အခန်း၁၆၂-ဓားနှလုံးသား နိုးထလာပြီ...

~ဤစကားကြားတော့ အကြီးအကဲမင်သည် လန့်ဖျပ်သွားပြီး လုရီကို တစ်ချက်ကြည့်ကာ

"ကလေးလု၊ မင်းက တကယ့်ကို ကြင်နာတတ်တာပဲ၊ ဒါပေမယ့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို အဆင့် ဖြတ်ကျော်ဖို့အတွက် ကူညီပေးနိုင်တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာဆိုတာ အရမ်း ရှားပါးပါတယ်..မင်းကိုယ်မင်းအတွက်သာ စုထားပါ ..ကလေး။"

ထိုအခါ လုရီက ပြုံးပြီး အကြီးအကဲမင်အား လျှို့ဝှက်အသံဖြင့် ပေးပို့လိုက်သည်။

"နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီပါ..အကြီးအကဲ.. ဒါက နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်မလားဗျ"

သူ့စကားကို ကြားတော့ အကြီးအကဲမင်၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်လှုပ်သွားပြီး

လုရီကို ကြည့်ရင်း မယုံကြည်နိုင်သော ခံစားချက်တို့ဖြင့် မျက်လုံးအစုံ ပြူးကျယ်လာပြီး...တအံ့တဩ ပြန် မေးသည်။

"မင်း ဘာပြောလိုက်တာလဲ"

အကြီးအကဲမင်သည် မလှမ်းမကမ်းရှိ ကျင့်ကြံရန် သိုင်းကျမ်းများ ရွေးချယ်နေကြသော တပည့်များကို လှည့်ပတ်ကြည့်ကာ သူ့စိတ်ခံစားချက်များကို

တည်တည်ငြိမ်ငြိမ် ရှိစေဖို့ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လျှို့ဝှက်အသံဖြင့် ထပ်မေးသည်။

"ကလေးလု၊ မင်း ဘာပြောလိုက်တာလဲ..မင်း တကယ်ပဲ နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီကို ရလာတာလား..."

အကြီးအကဲမင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသဖြင့် လုရီ စိတ်ချသွားသည်။

နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ ၏ အကျိုးသက်ရောက်မှုသည် သူထင်ထားသည်ထက်ပင် ပိုကောင်းနေတာ ဖြစ်မလား..

သူသည် ဝိညာဉ်နှင်းစက်ကို အသုံးပြု၍

အမြဲကျင့်ကြံခဲ့ပြီး နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ သည် အလွန် ကောင်းမွန်သည်ဟု သူ

ထင်သော်လည်း အထူး ရှားပါးသည်ဟုတော့

..မထင်ခဲ့ပေ။

ယခုအခါတွင် သူ၏ ပုံမှန်ကျင့်ကြံမှု အရင်းအမြစ်များသည် အလွန်အဖိုးတန်နေသောကြောင့်၊ သူ့မှာ ထိုသို့ အမြင်ရှိခြင်း ဖြစ်နိုင်သည်။

သာမန် ကျင့်ကြံသူများအတွက်မူကား... နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများအတွက်ပင် နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ သည် အလွန် အဖိုးတန်သော ရတနာ ဖြစ်သည်။

လုရီ ဖျတ်ခနဲ ပြုံးလိုက်ပြီး လျှို့ဝှက်အသံဖြင့် အတည်ပြုလိုက်သည်။

"ဟုတ်ပါတယ်၊ ကံကောင်းစွာနဲ့ ရခဲ့တာပါဗျ"

ထိုသို့ ကြားသိလိုက်ရသောအခါ အကြီးအကဲမင်သည် အသက်ဝဝ

ရှူရှိုက်ကာ ခဏမျှ တုံ့ဆိုင်းသွားကာ လုရီ ကို ကြည့်လာရင်း

"မင်းမှာ ဘယ်လောက်ရှိလဲ၊ မလုံလောက်ရင် အများကြီး အသုံးမဝင်ဘူး"

လုရီက ၎င်းကို တွေးပြီး သွားများကို အံကြိတ်ကာ "အစက်တစ်ထောင်လောက်ပါ" ဟု လျှို့ဝှက်အသံဖြင့် ဖြေကြားလိုက်သည်။

သူ့ကိုယ်သူအတွက် နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီကဲ့သို့သော ကောင်းကင်နှင့် မြေကြီး ရတနာများကို အလိုရှိပါက အချိန်မရွေးပင် အလုပ်များမှ တစ်ဆင့် သိမ်းပိုက်နိုင်သည်။

နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အစက်တစ်ထောင်ဟူသည်မှာ အဖိုးတန်သော်လည်း၊ ၎င်းသည် အကြီးအကဲမင်ကို ဖြတ်ကျော်ရန် ကူညီပေးနိုင်လျှင် လိုလိုလားလား ကမ်းလှမ်းလိုသည့် အရာ ဖြစ်ပါသည်။

ဤစကားကို ကြားသောအခါ ၊ လုရီအားအလွန်အမင်း အံ့အားသင့်နေဟန်ဖြင့်

စူစူးရဲရဲ ကြည့်ရင်း အကြီးအကဲမင်၏ အသက်ရှုသံသည် မငြိမ်မသက် ဖြစ်လာကာ

"တစ်ထောင် ..အစက်တစ်ထောင်... မင်းမှာ နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အစက်တစ်ထောင်ကျော် ရှိနေတာလား"

အကြီးအကဲမင်၏ အကြည့်တွေက

မတည်မငြိမ် ဖြစ်နေပြီး သူ့အမူအရာက စိတ်လှုပ်ရှားနေပေမယ့် ချီတုံချတုံ ဖြစ်နေသေးသည်။

"... ကလေးလု၊နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ ဆိုတာ ဘယ်လောက် အဖိုးတန်လိုက်သလဲဆိုတာ..မင်း သဘောပေါက်ရဲ့လား။ နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အစက် တစ်ထောင်က သာမန် ကျင့်ကြံသူ တစ်ယောက်ကို စစ်ဆေးမှု ဝိဉာဉ်ခန္ဓာနဲ့ ဆင်တူတဲ့ ကျင့်ကြံမှု ဉာဏ်ကြီးရှင်အဖြစ် ဘဝ ပြောင်းပေးနိုင်တယ်ကွ။ အဲ့ဒီထဲမှာ ပါတဲ့ ဝိဉာဉ်စွမ်းအားက သေမျိုးတစ်ယောက်ကို အခြေတည် ဝိညာဉ်အထွတ်အထိပ်..၊ အဲ့ဒီထက် မကဘူး.. နတ်ဘုရားအသွင်ပြောင်း နယ်ပယ်ကို တက်လှမ်းနိုင်အောင် ဖန်တီးပေးနိုင်တယ်၊ ဒါကို ဒီအဘိုးကြီးကို မင်း အမှန်တကယ် ပေးဆောင်ဖို့ ဆန္ဒရှိရဲ့လား။ "

လုရီက ပေါ့ပါးစွာ ပြုံးလိုက်ပြီး

လျှို့ဝှက်အသံ ထုတ်လွှတ်လိုက်သည်။

"အကြီးအကဲမင်၊ ဓားတာအိုရဲ့ပို့ချချက်ကိုကျွန်တော် ပြန်ပြီး ကျေးဇူးဆပ်ချင်ပါတယ်၊ အကြီးအကဲမင်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြချက်မရှိရင် ကျွန်တော့်ဓား စိတ်ဆန္ဒက ဘယ်လိုဖြစ်ပြီး ချောချောမွေ့မွေ့ တိုးတက်နိုင်မှာလဲဗျာ.. အကြီးအကဲမင်ကကျွန်တော့်ကို အရမ်းဂရုစိုက်တာ.. ကျွန်တော်က ဘယ်လိုမှ မတုန်မလှုပ် နေနိုင်မှာလဲ။ဒါဟာ နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အစက်တစ်ထောင်လေးပါပဲ။ ကျွန်တော့်အရည်အချင်းနဲ့ အဲ့ဒါ မရှိရင်တောင်

အဟန့်အတားကို ကျော်လွှားပြီး ရှေ့ ဆက်နိုင်ပါတယ်၊ အကြီးအကဲမင်ကို ပေးအပ်ဖို့ ဝန်လေးနေရင် ကျွန်တော် ဒါကို ထုတ်ပြမှာ မဟုတ်ဘူးလေ။ ဒါက အကြီးအကဲမင်အတွက် အမှန်တကယ် အသုံးဝင်မယ်ဆိုရင် ကျေးဇူးပြုပြီး ယူပါ...,အကြီးအကဲ..။"

လုရီ၏ စစ်မှန်သော စကားကို ကြားတော့ အကြီးအကဲမင်က ခဏလောက် တိတ်ဆိတ်သွားပြီး အသက်ပြင်းပြင်းရှူရင်း သူ့မျက်နှာမှာ တင်းမာသည့် အကြည့် ပေါ်လာသည်။

သူက ခပ်လေးလေး အော်ဟစ်ပြီး သိုင်းကျမ်းဆောင်တစ်လျှောက်မှာ သူ့အသံက ပဲ့တင်ထပ်သွားသည်။

"သိုင်းကျမ်းဆောင် ပိတ်ပြီ၊ အားလုံးထွက်သွား!"

ပြော‌ဆိုနေစဉ် လက်တစ်ချက် ဝှေ့ယမ်းမှုနှင့်အတူ ပြင်းထန်လှသော စွမ်းအားသည် စိတ်ရှုပ်ထွေးနေသော အခြေတည် ဝိညာဉ်အကြီးအကဲနှစ်ဦးအပါအဝင် သိုင်းကျမ်းဆောင်အတွင်း သိုင်းကျမ်းများ ရွေးချယ်နေသော ကျင့်ကြံသူများအား ဆွဲထုတ်ကာ သိုင်းကျမ်းဆောင် အပေါက်ဝသို့ ရောက်စေလိုက်သည်။

ရင်တွင်း ပဟေဌိတို့ဖြင့် ပြည့်နှက်နေသော တပည့်များနှင့် အကြီးအကဲများအားလုံးသည် အကြီးအကဲမင်ကို ဇဇေဇဝါ အျက်နှာထားများဖြင့် ကြည့်နေကြသည်။

"ဟမ်...အကြီးအကဲမင် ..ဒါက ဘာသဘောပါလဲ.."

အခြေတည် ဝိညာဉ်အကြီးအကဲတစ်ဦးသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကာ မကြည်မလင် မေးသည်။

အကြီးအကဲမင်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး

"ငါ ဉာဏ်အလင်း နည်းနည်း ရထားတယ်၊ ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ လိုတယ်။ နောက်မှ ဂိုဏ်းခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြမယ်။ ကဲ..အားလုံး..အခုပဲ သွားကြတော့"

ထိုအခါ အခြေတည် ဝိညာဉ်အကြီးအကဲ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြပြီးနောက် အကြီးအကဲမင်အား ဦးညွှတ်ကာ

"ဒီလိုလားဗျာ..၊ ဉာဏ်အလင်းအတွက် အကြီးအကဲမင်ကို ဂုဏ်ပြုပါတယ်"

ထို့နောက် အခြေတည် ဝိညာဉ်အကြီးအကဲ နှစ်ဦးသည် အခြားတပည့်များကို ခေါ်ဆောင်ကာ ခပ်သုတ်သုတ် ထွက်သွားကြ တော့သည်။

စက္ကန့်ပိုင်းလေးအတွင်းပင် သိုင်းကျမ်းဆောင်အတွင်း လူများ ပြောင်သလင်းခါသွားကာ လုရီနှင့် အကြီးအကဲမင်သာ ကျန်တော့သည်။ အကြီးအကဲမင်သည် လုရီကို လေးနက်သောအမူအရာဖြင့်ကြည့်ကာ

"ကလေးလု၊ သေသေချာချာ စဉ်းစားပါ၊ ဒီအဘိုးကြီးကို နှစ်တစ်ရာဝိဉာဉ် ခြင်ဆီပေးဖို့ ဆန္ဒ ရှိလား" ဟု ထပ်မံ အတည်ပြုလေသည်။

လုရီက အသာပင် ပြုံးပြီး နှစ်တစ်ရာဝိဉာဉ် ခြင်ဆီ တည်ရှိနေသော ကျောက်စိမ်းပုလင်းလေးကို ထုတ်ပြီး အကြီးအကဲမင်ကို တရိုတသေ ‌လက်ကမ်းပေးလိုက်သည်။

အဖြူရောင် အရည် ဖြစ်သည့် ဝိညာဉ်နှင်းစက်နှင့်မတူဘဲ ဝိညာဉ် ခြင်ဆီမှာမူ အဖြူရောင်အနှစ်မှုန့်အဖြစ် အစိုင်အခဲအသွင် ရှိလေသည်။

ကျောက်စိမ်းပုလင်းမှတစ်ဆင့်ပင် ဝိညာဉ်စွမ်းအား၏ အရိပ်အမြွက်အား ခံစားရနေပြီး စိတ်ဝိညာဉ်ကို လန်းဆန်းသွားစေသည်။

လုရီဝိညာဉ်ခြင်ဆီ ထွက်လာသည်ကိုမြင်တော့ အကြီးအကဲမင်သည် ခဏမျှ တိတ်ဆိတ်သွားကာ ပြုံး၍ ရေရွတ်လိုက်သည်။

"ဒီအဘိုးုးကြီးက မင်းလောက် မပွင့်လင်းဘူး ၊ ကလေး"

အကြီးအကဲမင်သည် လုရီကို ကြည့်ကာဝိညာဉ်ခြင်ဆီကို ယူလိုက်ရင်း ရုတ်တရက် ဓားနှလုံးသား နိုးကြားလာသကဲ့သို့

သင်တုန်းဓားလို ထက်ရှသော ဓား အရှိန်အဝါတစ်ခု သူ့ကိုယ်မှ တဟုန်ထိုး ထွက်ပေါ်လာလေသည်။

"ဟားဟားဟား..,ဒီနှစ်တစ်ရာပြည့် ဝိညာဉ်ခြင်ဆီနဲ့ဆို ငါ သေချာပေါက် ဟင်းလင်းပြင်ဥမင်ကို တက်ရောက်နိုင်လိမ့်မယ်၊ သတင်းကောင်းကို စောင့်နေ..ကလေးလု"

လုရီသည် အကြီးအကဲမင်ထဲမှ ထွက်ပေါ်နေသည့် အံ့မခန်း ကြီးကျယ်လှသော ဓားစိတ်ဆန္ဒအား ခံစားမိလိုက်ရင်း ပြုံးကာ အကြီးအကဲအား ဂုဏ်ပြုစကားဆိုလိုက်သည်။

"ဒါဆို ကျွန်တော်က ဒီနေရာမှာ၊အကြီးအကဲမင်ကို ပထမဆုံး ဂုဏ်ပြုပါတယ်"

"မင်း သွားနိုင်ပါပြီ၊ ငါ အခုပဲ တံခါးပိတ် ကျင့်ကြံဖို့ လိုတယ်"

အကြီးအကဲမင်က ကျင့်ကြံရန် စိတ်စောနေတော့သည်။

လုရီက အသာ ခေါင်းညိတ်ပြပြီး သိုင်းကျမ်းဆောင်မှ ထွက်သွားတော့သည်။

အဆောက်အဦထဲမှ လှမ်းထွက်လာစဉ် အလင်းတန်းအစုအ‌ဝေးကြီး အဝေးမှ တရိပ်ရိပ် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

၎င်းတို့က ရင်ပြင်မှာ သက်ဆင်းလာကြတော့ ထိုအလင်းရိပ်တို့မှာ ဝူချင်းဖုန်းနှင့် အကြီးအကဲချူးယွင်နှင့် အခြားအကြီးအကဲများစွာ ဖြစ်ကြသည်ကို လုရီ တွေ့လိုက်ရသည်။

သူတို့၏ အရှိန်အဝါမှာ အသူရာတမျှ နက်ရှိုင်းလှသည့် ချောက်နက်ကြီးကဲ့သို့ပင်။ သူတို့အားလုံး၏ ကျင့်ကြံမှု အခြေခံမှာ နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ဖြစ်သည်။

လုရီကို မြင်တော့ သူတို့အားလုံး အံ့အားသင့်သွားကာ ဝူချင်းဖုန်းက ရှေ့ကို တိုးလာ၍ မျက်ခုံးပင့်ချီလိုက်ပြီး သိလိုစိတ်ကို ထုတ်မေးလိုက်တော့သည်။

" ကလေးလု အကြီးအကဲမင်က ဘာလို့ သိုင်းကျမ်းဆောင်ကို ပိတ်လိုက်တာလဲ၊ မင်း သိလား"

သိုင်းကျမ်းဆောင်သည် ဂိုဏ်းအတွက် အခြေခံ အကျဆုံး ဖြစ်သည့်အလျောက် သိုင်းကျမ်းဆောင်၏ အနည်းငယ်မျှသော အမှားအယွင်း၊ အတိမ်းအစောင်းမှန်သမျှသည် တိမ်ဖြူဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လေသည်။

----------------

All Chapters