အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း၁၆၃-ဓားနှလုံးသား နိုးထလာပြီ...
~သိုင်းကျမ်းဆောင်ကို ပိတ်ရန် ဆုံးဖြတ်လိုက်သောကြောင့် ဂိုဏ်းခေါင်းဆောင်နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ ဗြုန်းစားကြီး ရောက်ချလာခြင်းပါ။
လုရီကတော့ ၎င်းကို လုံးဝ မအံ့သြမိပါချေ။ သူက ပြုံးပြီး
"ဂိုဏ်းခေါင်းဆောင်၊ ဒါကို အကြီးအကဲမင်ကို တိုက်ရိုက် မေးသင့်ပါတယ်ဗျာ"
သူ့စကားအား ကြားလိုက်ရသောအခါ
ဝူချင်းဖုန်း လုရီကို နားမလည်နိုင်သော အမူအရာနှင့် ကြည့်ပြီး
"မင်း တစ်ခုခုကို သိနေတယ်မလား၊ ကလေး.."
သို့သော်၊ သူသည် ၎င်းကို အလွန်အကျွံ
မတွေးနေတော့ဘဲ အကြီးအကဲချူးယွင်နှင့် အခြား အကြီးအကဲအနည်းငယ်နှင့်အတူ သိုင်းကျမ်းဆောင်ထဲသို့ ဝင်ခဲ့သည်။
လုရီက အသာ ခေါင်းယမ်းပြီး လှည့်ထွက်လာသည်။
သူသည် နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အများအပြားကို မတွန့်မဆုတ်ဘဲ စွန့်လွှတ်ခဲ့သော်လည်း၊ သူသည် စိတ်ဆင်းရဲခြင်း အလျှင်းမရှိဟု ပြောရလျှင် လိမ်ညာရာ
ကျလိမ့်မည်။
ကံကောင်းထောက်မစွာ၊ သူ့တွင် အသခ်ျေဝိညာဉ်နှင်းစက်များ ရှိနေသေးသည်။
၎င်းသည် ရွှေအူတိုင်နယ်ပယ်သို့ ကျင့်ကြံရန် လုံလောက်သင့်သည်။
ထို့နောက်မှာတော့ ကျင့်ကြံမှု အရင်းအမြစ်များ ရရှိရန် စီနီယာအစ်ကို ရှဲ့ထျန်းမင် နှင့် အကြီးတန်းအစ်ကို နန်းကုန်းမိုယွီတို့ကဲ့သို့ ဉာဏ်ကြီးရှင်အနည်းငယ်ဖြင့် လေ့ကျင့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ဒါက ပြဿနာ မဖြစ်သင့်ပါချေ။
လုရီသည် သိုင်းကျမ်းဆောင်မှ ထွက်သွားပြီး မကြာမီတွင် အတွင်းမှ ပြင်းထန်သော အရှိန်အဝါကို ခံစားလိုက်ရသည်။
လုရီ လှည့်ကြည့်လိုက်တော့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အများအပြားသည် ကောင်းကင်ထက် ပျံလွှားရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။သူတို့၏ အရှိန်အဝါသည် တုန်လှုပ်နေပြီး စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။ ဂိုဏ်းခေါင်းဆောင်က သတင်းကို အကြောင်းကြားလိုက်လိုက်တာ ဖြစ်မည်။
အကြီးအကဲမင်သည် ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ဖြတ်ကျော်ရန် သူ့ကိုယ်သူ တံခါးပိတ် ကျင့်ကြံရန် စီစဉ်နေပါသလား။
အကယ်၍ အကြီးအကဲမင်သာဟင်းလင်းပြင်ဥမင်သို့ အမှန်တကယ် ဖြတ်ကျော်သွားပါက၊ တိမ်ဖြူဂိုဏ်း တစ်ခုလုံးအတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခု ဖြစ်လိမ့်မည်။ ဟင်းလင်းပြင်ဥမင်နယ်ပယ် ပုဂ္ဂိုလ်ကြီး တစ်ယောက် တည်ရှိသော ကျင့်ကြံခြင်း ဂိုဏ်းတစ်ဂိုဏ်းသည် သြဇာလွှမ်းမိုးမှု သိသိသာသာ မြင့်တက်လာမည် မဟုတ်ပါလော။
အနည်းဆုံးတော့၊ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့သည် တိမ်ဖြူဂိုဏ်းအား အစွယ်ထုတ်ပြရဲတော့မည် မဟုတ်တော့ပေ။
လုရီသည် သူ၏ ဂူအိမ်ကြီးသို့ ပြန်လာပြီး ဆက်လက် ကျင့်ကြံခဲ့သည်။
အချိန်သည် ငြိမ်းငြိမ်းချမ်းချမ်းသာ ကုန်ဆုံးသွားပြီး အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ့်တစ်လွှာသို့ ဖြတ်ကျော်ပြီးနောက် သူ၏ ကျင့်ကြံမှုအရှိန်သည် သိသိသာသာ နှေးကွေးသွားခဲ့သည်။
တစ်နှစ်ကျော် အကြာတွင် သူသည် နောက်ဆုံးတွင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ့်နှစ် လွှာသို့ ကျော်ဖြတ်သွားခဲ့သည်။
နှိုင်းယှဉ်ရလျှင်...သုန်းကုန်းမင်ယွဲ့သည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်းတွင်
ချီသန့်စင် ဆယ့်သုံးလွှာဖြင့် ရှိနေသောကြောင့် သူမ၏ အခြေခံအုတ်မြစ်သည် မယုံနိုင်လောက်အောင် ခိုင်မာသည်။
သူမသည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ဖြတ်ကျော်ပြီး တစ်နှစ်ကျော်အတွင်း အသေးစား အဆင့်သုံးဆင့်ကို ခုန်ပျံကျော်လွှားကာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း စတုတ္ထအလွှာသို့ ရောက်ရှိခဲ့သည်။ သူမ၏ ကျင့်ကြံမှု အရှိန်သည် အလွန် မြန်ဆန်သောကြောင့် သုန်းကုန်းမင်ယွဲ့သည် အလွန် သဘောကျနေတော့သည်။
အလုပ်တစ်ခုကို ချမှတ်ပြီး အလုပ်ဆုကြေးသည် များစွာ မပြောင်းလဲသေးပါပေ။
အသခ်ျေ ဝိညာဉ်နှင်းစက် အစက် အနည်းငယ်မျှသာ ဖြစ်သည်ဟု တွေ့ရှိရသည်။ ၎င်းသည် မရတာထက်တော့ အနည်းငယ် သာလွန်ပြီး သုန်းကုန်းမင်ယွဲ့ တစ်ယောက် ဆက်လက်တိုးတက်ပြီး ရွှေအူတိုင် နယ်ပယ်သို့ မကြာမီ ဖြတ်ကျော်နိုင်ပါစေဟုသာ လုရီ မျှော်လင့်နိုင်သည်။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်းဆယ့်နှစ်လွှာကို ဖြတ်ကျော်ခြင်းအတွက် ဆုလာဘ်မှာ တာအိုဝိညာဉ် ပုလဲ သုံးလုံးဖြစ်သည်။ ဆုကြေးသည် တန်းတူရည်တူ ရက်ရောပြီး လုရီ ဝမ်းသာအားရ လက်ခံခဲ့သည်။
ထို့နောက် ဆက်လက်၍ ကျင့်ကြံခဲ့သည်။ ရံဖန်ရံခါတွင်၊ လုရီသည် စီနီယာအစ်မ
လျိုနင်ရွှမ်းနှင့် ဂျူနီယာညီမလေး သုန်းကုန်းမင်ယွဲ့တို့နှင့်အတူ သူတို့၏ ခင်မင်ရင်းနှီးမှုကို တည်ဆောက်သောအားဖြင့် အတူ စားသောက်လေ့ ရှိသည်။
တစ်နေ့သ၌.. ကျန့်ဖန် နှင့် သူ့အပေါင်းအဖော်များသည် ဂိုဏ်းအပြင်ခရီးစဥ်မှ ပြန်လာကြပြီး လုရီထံမှ အစားအသောက်နှင့် ဝိုင်များအား ဂုန်းဆင်းရန် ရောက်လာကြသည်။
ဂူအိမ်ကြီးအပြင်ဘက်တွင် သူတို့ လေးယောက်သည် အသားကင်စားပြီး ဝိုင်သောက်ကာ ပြင်ပလောကအကြောင်း ဆွေးနွေးကြသည်။
ပိုင်ယွီလုံက ပြုံးကာ ပြောလာသည်။
"ဂျူနီယာညီလေးလု၊ အပြင်မှာ တကယ်ကို စိတ်လှုပ်ရှားစရာပဲ သိလား ၊ ဂိုဏ်းသုံးခုရဲ့ ပူးပေါင်းအားထုတ်မှုအောက်မှာ ငါတို့က သွေးဝိညာဉ်ဂိုဏ်းနဲ့ ကောင်းကင်မြွေဂိုဏ်းကို မလှုပ်သာအောင် ဖိနှိပ်ထားလိုက်ပြီ။အခု ငါတို့ဂိုဏ်းသားတွေ သူတို့ကို မောင်းထုတ်နေပြီ၊ ဆုလာဘ်တွေ ရိတ်သိမ်းမိဖို့ ဘာမှ အားစိုက်ထုတ်စရာတောင် လိုမနေဘူး..လမ်းမှာ ပိုက်ဆံ ကောက်တွေ့တာနဲ့တောင် တူသေးတယ်။ဟားဟား"
ထိုစဉ် အသားကင် တစ်ပိုင်းကို ကိုက်ဝါးနေသော ထျဲ့မန်လည်း ဗလုံးဗထွေး လေသံဖြင့် ဝင်ပြောလာသည်။
"ရှောင်ပိုင်.. ပြောတာ မှန်တယ်။ မကြာသေးခင်က ငါတို့ သုံးယောက် အရင်းအမြစ်တွေ..အတော်လေး.. စုဆောင်းမိလာတယ်၊ဟားဟား။ ဂျူနီယာညီလေးလု
တစ်ယောက်...အပြင်မထွက်နိုင်တာ သနားစရာပဲ"
(ရှောင်ပိုင်-ပ်ိုင်လေး~ပိုင်ယွီလုံအား အဖျားဆွတ်ခေါ်သော နာမည်ပါ။)
"ဟီးဟီး၊ဒါက အရင်းအမြစ်တွေရှာတာမဟုတ်ဘူးကွ၊ မင်း မသိဘူး နော်၊ ငါတို့တွေ မကြာသေးခင်က ပန်းတစ်သောင်းဂိုဏ်းရဲ့ တပည့်တွေနဲ့ လက်တွဲလုပ်ရတာကွ၊ ပန်းတစ်သောင်းဂိုဏ်းရဲ့ တပည့် ကောင်မလေးတွေက တကယ်ပဲ..အမိုက်စားနော်..." ပိုင်ယွီလုံက စပ်ဖြီးဖြီးနှင့် ပြန်လည် အောက်မေ့ရင်း ရီဝေစွာ ပြောလိုက်သည်။
ကျန့်ဖန်က သူ့ကို မညှာမတာ ထိုးနှက်လေ၏။
"မင်း ကောင်မလေးတွေကို ကြည့်ရုံပဲ
ကြည့်နေရတာပါကွာ၊ မင်းနဲ့ စကားပြောတိုင်း သူတို့က ဂျူနီယာ ညီလေးလု အကြောင်းပဲ မေးနေတာ"
သူ့မညှာမတာ ဝေဖန်ချက်ကြောင့်
ပိုင်ယွီလုံ၏ အပြုံးသည် အေးခဲသွားပြီး
"မင်း ဘာသိလဲ... ဆက်ဆံရေးနဲ့ ခံစားချက်တွေဆိုတာ တဖြည်းဖြည်းတိုးတက်လာမှာ.. အချစ်ဆိုတာ အချိန်ကြာလာတာနဲ့အမျှ ပေါက်ဖွားလာတယ်တဲ့ကွ.. ကြားဖူးလား"
ထျဲ့မန်က ဝင်ရောက်ပြောဆိုလာသည်။
"အဲ့ဒါကို ပြောရရင် ဂျူနီယာ ညီလေးလုက တော့ တကယ့်ကို အားကျစရာပဲ။မင်း အဲ့ဒီမှာ မရှိပေမယ့် ပန်းတစ်သောင်း ဂိုဏ်းရဲ့ တပည့် ကောင်မလေးတွေနဲ့ အတူတူ အလုပ် ပူးတွဲလုပ်တဲ့အခါတိုင်း၊ ငါတို့တွေကလဂျူနီယာ ညီလေးလုနဲ့ နီးစပ်တယ်ဆိုတာ သူတို့ သိတာနဲ့ မင်းအခြေအနေကို
မေးကြတော့တာပဲဟေး.."
ပိုင်ယွီလုံသည် မှုန်ကုပ်ကုပ်နှင့် စိတ်ပျက်လက်ပျက်ဖြစ်နေကာ..ငြူစူသည်။
"ဂျူနီယာ ညီလေးလု၊ မင်းကြောင့် ငါတို့အတွက် နေရာမရှိတော့ဘူး"
လုရီက အပြစ်ကင်းသည့် ပုံဖြင့် ပြန်မေးသည်။
" ဟောဗျာ၊ ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
ထျဲ့မန်က ဆက်လက်၍...
"နောက်တော့ ဂိုဏ်းသုံးဂိုဏ်း ပူးပေါင်းပြီး သွေးဝိဉာဉ်ဂိုဏ်းပိုင်နက်ထဲက ဝိညာဉ်ကျောက်တုံး မိုင်းတွင်း တစ်ခုကို သိမ်းပိုက်လိုက်တယ်။ အတော်ကြီး ပွတဲ့ အကျိုးအမြတ်ပေါ့"
ပိုင်ယွီလုံကလည်း ချီးကျူးလာသည်။
"အဲ့ဒီဝိညာဥ်ကျောက်တုံးမိုင်းထဲမှာ ဝိညာနှင်းစက်တွေတောင် ရှိတယ်လို့တောင် သတင်း ကြားတယ်။ ဒီတစ်ကြိမ်ကတော့ ဂိုဏ်းသုံးခုက အများကြီး အမြတ်ရပြီ"
ကျန့်ဖန်သည် ကျောက်စိမ်းဝိုင်ကို အရသာခံရင်း ခေါင်းကို ပေါ့ပေါ့ပါးပါး ခါယမ်းကာ ရယ်မောသည်။
"ဟဲဟဲ၊ ဂျူနီယာ ညီလေးလုက ငါတို့တွေကို နှစ်တစ်ရာ ဝိဥာဉ်ခြင်ဆီ လက်ဆောင် ပေးဖူးတယ်၊ ဂိုဏ်းက ပုံမှန်ကျင့်ကြံသူတွေဟာ ငါတို့လောက် အခြေအနေကောင်းတွေ မရှိကြရှာဘူး။"
ထိုအခါ ...ပိုင်ယွီလုံ နှင့် ထျဲ့မန် သည်လည်း လုရီကို အကြိမ်ကြိမ် ခေါင်းညိတ်ပြကာ သူ့အား ဝိုင်ခွက်များ ဂုဏ်ပြု၍ မော့ကြသည်။
လုရီ သည် သူတို့ သုံးယောက် သတင်းမျိုးစုံ ဆွေးနွေးနေသည်ကို နားထောင်ရင်း ပြင်ပ လောက၏ အခြေအနေကို အတော်လေး နားလည်သဘောပေါက်လာသည်။
လက်ရှိတွင် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့သည် အခြေအနေ မဟန်လှ။ ဂိုဏ်းနှစ်ဂိုဏ်းသည် တပည့်များစွာကို ဆုံးရှုံးခဲ့ရပြီး အခြေတည် ဝိညာဉ်အကြီးအကဲ ဆယ်ဦးကျော်ပင် သေဆုံးသွားရ၏။ ဤတိုက်ပွဲသည် ဂိုဏ်းနှစ်ဂိုဏ်းလုံးကို ပြင်းပြင်းထန်ထန် အရှိုက်ထိသွားသည်ဟု ဆိုနိုင်သည်။
သို့သော်ငြား .. ဂိုဏ်း ကျန်ရှိနေသရွေ့ ၎င်းတို့သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာကာ ၎င်းတို့၏ တောင်တန်းဂိတ်တံခါးများကို ဂိုဏ်းအခင်းအကျင်းဖြင့် အချိန်အတော်ကြာ ပိတ်ထားနိုင်သည်။ အကာအကွယ်လွှာ ဂိုဏ်းအခင်းအကျင်းဖြင့် ပုံမှန်အခြေအနေများအောက်တွင် ဂိုဏ်းတစ်ခုသည် အန္တရာယ် ကျရောက်နိုင်ဖို့ ခဲယဉ်းပါသည်။
ဤကာလအတွင်း လုရီသည် အခင်းအကျင်း ပညာကို အရှုံးမပေးခဲ့ပေ။
သူသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ ဂိုဏ်းအခင်းအကျင်း များကို ချိုးဖျက်ဖို့ အနာဂတ်တွင် အခွင့်အလမ်းကို ရှာဖွေမည်ဟု စိတ်ကူးထားသည်။ ၎င်းအခင်းအကျင်းတို့ကို စေ့စေ့စပ်စပ် မစွမ်းဆောင်နိုင်အောင် ဖျက်ဆီးပစ်မည်။
လုရီအား ပဟေဌိ ဖြစ်စေသည်က
သူသည် ကျူးကောရှုံ့ကို အနိုင်ယူလိုက်ပြီးကတည်းက စိန်ခေါ်ရန် အခြားပါရမီရှင်များ အား စောင့်မျှော်နေခဲ့သည်။
သို့သော်ငြားလည်း..
အချိန်များစွာ ကုန်လွန်သွားသော်လည်း
သူ့ကို စိတ်ပျက်စေရုံသာ။ အခြားမည်သည့်ပါရမီရှင်မှ သူ့ရှေ့သို့ မရောက်လာသေးပါ။
ကျန့်ဖန် နှင့် အခြားသူများကို တီးခေါက်ကြည့်ခဲ့ရာ သူ့အား စိန်ခေါ်သော ကျူးကောရှုံ့ အပြတ်အသတ် ရှုံးနိမ့်မှုနှင့်ပတ်သက်၍ အပြင်ဘက်တွင် ပျံ့နှံ့နေသည့် သတင်းအနည်းငယ်သာ ရှိကြောင်း သိလိုက်ရသည်။
တခြားဒေသတွေ မပြောနှင့်။ချင်းကျိုးမှာတောင် လူအနည်းစုသာ သိကြလေသည်။
လုရီအား စိန်ခေါ်သော ကျူးကောရှုံ့ ထိုကဲ့သို့ အရှက်ကွဲမှုမျိုးဖြင့် ပြန်လာခဲ့ပြီးကတည်းက မင်လင်တောင်ကြားသည် ထိုကဲ့သို့ ရှက်စရာကောင်းသည့် အဖြစ်အပျက်ကို ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ထုတ်ပြောမည်မဟုတ်ကြောင်း လုရီ ခပ်မြန်မြန်ပဲ သဘောပေါက်သွားခဲ့သည်။
တိမ်ဖြူဂိုဏ်းအတွင်းရှိ တပည့်များသည် ထိုသတင်းကို ဆွေးနွေးနိုင်သော်လည်း ၎င်းသည် အခြားဒေသများသို့ ခပ်မြန်မြန် ပေါက်ကြားလိမ့်မည် မဟုတ်ပေ။
ဒါကို နားလည်ပြီးနောက် လုရီ ခေါင်းထဲမှာ
အသိဥာဏ်တစ်ခု ရိုက်ခတ်လာသည်။
တခြား ဉာဏ်ကြီးရှင်တွေ အရှေ့ကိုရောက်လာပြီး သူ့ကို စိန်ခေါ်ဖို့က အချိန်အတော်ကြီး ကြာအောင် စောင့်ရပါတော့မည်။
"စကားမစပ်၊ ဒီရက်တွေမှာ ဂိုဏ်းသုံးခုစည်းလုံး ညီညွတ်ပြီး ဆက်ဆံရေးဟာ အရင်ကထက် ပိုရင်းနှီးလာတာကြောင့် ပန်းတစ်သောင်းဂိုဏ်းမှာ ဂိုဏ်း သုံးဂိုဏ်း လက်ရည်စမ်းပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေတယ် လို့ ငါ ကြားခဲ့တယ်၊ ဂျူနီယာညီလေးလု၊ မင်း ..သွားမလား။"
ကျန့်ဖန်က ရုတ်တရက် သတိရသွားပြီး
လုရီကို မေးလိုက်ခြင်းပါ။
ပိုင်ယွီလုံကလည်း ဒါကို တွေးပြီး စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလာ၏။
"ဂျူနီယာညီလေးလု၊ မင်း သေသေချာချာ စဉ်းစားပါ။ ဒါက ပန်းတစ်သောင်း ဂိုဏ်းကို သွားမယ့် ကိစ္စနော်။ မင်းသာ အဲ့ဒီကို သွားရင် လုံးဝကို ပွဲဆူသွားမှာ…!"
-------------
အခန်း ၁၆၄- မျက်စိရှေ့မှာ ကောင်းကင်နဲ့ မြေကြီး ကွဲအက်သွားရင်တောင်...
~"ဂိုဏ်းသုံးဂိုဏ်း လက်ရည်စမ်းပွဲလား..."
ဤစကားကို ကြားလိုက်ရတော့ လုရီ တွေးတောနေမိသည် ။
... ဒီစိတ်ကူးက အတော်လေး ဆွဲဆောင်မှုရှိတယ်။ ငါ ဟန်ယွီနဲ့ ယွင်ရှီးကို နောက်ဆုံးအကြိမ် တွေ့ခဲ့တာ ကြာပြီပဲ ။
လက်ရည်စမ်းပွဲမှာ ဟန်ယွီ ပေါ်လာမလား မသိဘူး၊ ဒါပေမယ့် ပန်းတစ်သောင်းဂိုဏ်းဆိုတဲ့အတွက် ယွင်ရှီးနဲ့တော့ သေချာပေါက် တွေ့မှာလေ၊ အချိန်ကျလာရင် ယွင်ရှီးနဲ့ လက်ရည်စမ်းပြီး အရင်းအမြစ်အချို့ကို ယူရမယ်...
သူ့တွင် နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီ အနည်းငယ်မျှသာ ကျန်တော့သည်ဖြစ်သောကြောင့် အချိန်ကိုက်ပဲ ဖြစ်လေ၏။
ကျန်သည့် နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီတွေက အကြီးအကဲမင်ကို ပေးခဲ့ခြင်းပါ။ ဒီအခွင့်အရေးကို ယူပြီး သူ့အရင်းအမြစ်များအား ဖြည့်တင်းနိုင်ပါပြီ။
ယခုတွင် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းတို့သည် ကိုယ့် ဒုက္ခနှင့်ကိုယ် အသက်ရှူမဝ ဖြစ်နေသောကြောင့် သူ့ကို ကိုင်တွယ်ရန် စိတ်မ၀င်စားကြတော့ပေ။
သူအား ရန်ရှာလိုလျှင်ပင် ဂိုဏ်းသုံးဂိုဏ်း လက်ရည်စမ်းပွဲသို့ မျိုးဆက်သစ်လူငယ်များသာမက အားကောင်းမောင်းသန်ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြမည် ဖြစ်သည်။ အစွမ်းထက်သော ကျင့်ကြံသူများ တည်ရှိနေပေရာ သူ ..လုရီအတွက် ဘာကိုမျှ စိုးရိမ်နေစရာ လိုမည် မဟုတ်ပေ။
ထိုသို့ သုံးသပ်လိုက်ရင်း "လက်ရည်စမ်းပွဲက ဘယ်တော့တဲ့လဲ" ဟု သူက မေးလိုက်သည်။
“မဆုံးဖြတ်ရသေးဘူး၊ တစ်နှစ် နှစ်နှစ်လောက်ကြာမှ ဖြစ်မယ် ထင်တယ်”
လုရီက အနည်းငယ်ခေါင်းညိတ်ပြီး
"အချိန်ကျရင် ကျွန်တော် သွားလိုက်မယ်!"
ပိုင်ယွီလုံ၏ မျက်လုံးများ တောက်ပလာပြီး လုရီအား ဝမ်းသာအယ်လဲ ကြည့်ကာ
ချွဲချွဲနွဲ့နွဲ့ ခေါ်လာသည်။
"ဂျူနီယာ..ညီလေး.. လု ~~~"
လုရီ: "???"
သူသည် ပိုင်ယွီလုံကို ကြည့်ရင်း ကြက်သီးမွှေးညှင်းထကာ ကျောချမ်းလာခဲ့ပြီး
ကူကယ်ရာမဲ့ ပြောလိုက်သည်။
"အစ်ကိုကြီး ပိုင်ယွီလုံ၊ ကောင်းကောင်းပြောပါဗျာ"
ထိုအခါမှသာ ပိုင်ယွီလုံက သူ့လက်တွေကို ပွတ်သပ်ကာ.. ရယ်ကျဲကျဲလုပ်ပြီး...
"အဟဲ..ညီလေးလု၊ အချိန်ကျရင် မင်းငါ့ကို ထောက်ခံပေးနော်.. ငါ့ဘဝရဲ့ အကြီးမားဆုံး အိပ်မက်က ပန်းတစ်သောင်းဂိုဏ်းက တာအိုလက်တွဲဖော်ကို ရှာတွေ့ဖို့ပဲ!"
လုရီမျက်နှာမှာ အတော်လေး နားမလည်နိုင်သော အမူအရာမျိုး ဖြစ်သွားသည်။
"ဟမ်... ပန်းတစ်သောင်းဂိုဏ်းက တာအို လက်တွဲဖော်ကို ရှာတွေ့ဖို့က ကျွန်တော်က ခင်ဗျားကို ထောက်ခံပေးစရာ လိုလို့လားဗျာ..."
ထိုအခါ ပိုင်ယွီလုံက ရွှင်မြူးစွာ ရယ်မောရင်း
"မင်းက ပန်းတစ်သောင်း ဂိုဏ်းမှာ အရမ်းနာမည်ကြီးတယ်လေကွာ..ငါ့ဘက်မှာ မင်းရှိပေးရင် .. ပန်းတစ်သောင်းဂိုဏ်းက ကောင်မလေးတွေက ငါ့ကို ပိုပြီး အထင်ကြီးကြလိမ့်မယ်..အဟဲ.."
လုရီ : "…"
လုရီ သည် ဝိဉာဉ်အစာနှင့်ဝိုင်များကို ဒကာခံခဲ့ပြီး သဘာဝအတိုင်း သူတို့အား အလကား မပြန်စေပါ။ သူသည် သူတို့သုံးယောက်ကို သိုင်းပညာ ဖလှယ်ပြီး သူ့စနစ်မှ ဆုကြေး တချို့ယူပြီးမှသာ ထွက်သွားခွင့်ပေးလိုက်သည်။
နောက်ရက်များတွင် လုရီသည် ဆက်လက် ကျင့်ကြံခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် သူ၏မသေမျိုး ဓားကျမ်းအား အဆင့်ကိုးသို့ တိုးမြှင့်နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံမှုအရှိန်သည် တစ်ဖန် တိုးလာသည်။
တစ်နှစ်ကျော် ကြာပြီးနောက်၊ မသေမျိုးဓားကျမ်းမှာ အဆင့့်ကိုးသို့ ရောက်ရှိသွားသောကြောင့် ကျင့်ကြံမှုအရှိန်သည် တစ်ဖန်တိုးလာကာ သူ၏ ကျင့်ကြံမှုအခြေခံသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း
ဆယ့်သုံးလွှာသို့ ရောက်ရှိသွားကာ ရွှေအူတိုင်သို့ ရောက်ရန် ခြေတစ်လှမ်းသာ
ဝေးတော့သည်။
သူသည် နောက်ထပ် တာအို ဝိညာဉ်ပုလဲငါးလုံးကိုလည်း ရရှိခဲ့ပြီး ရွှေအူတိုင်သို့ ဖြတ်ကျော်သွားသောအခါမှ သူ့ကိုယ်ပိုင် တာအို ရွှေအူတိုင်ကို ဖွဲ့တည်ဖို့ ၎င်းတို့ကို အသုံးပြုရန် စီစဉ်ခဲ့သည်။
နောက်ထပ်နှစ်လ ကြာပြီးနောက် ကျင့်ကြံနေရင်း ရုတ်တရက် လုရီနှလုံးသားထဲမှာ တစ်ခုခုကို ခံစားလိုက်ရပြီး မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာသည်။ သူ့ခန္ဓာကိုယ်သည် မူလနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး လင်းလောင် တောင်ထိပ် အထက် ကောင်းကင်ယံတွင် ပြန်လည် ပေါ်ထွက်လာသည်။
ကောင်းကင်ယံ၌ သူ့အပြင် အခြားသော ကျင့်ကြံသူ အများအပြားလည်း လေထဲသို့ တယောက်ပြီး တယောက် ပျံလွှား ရောက်ရှိလာကာ တောင်၏ အနောက်ဘက် ဦးတည်ရာဆီသို့ အံ့အားသင့်စွာ မျှော်ကြည့်နေကြသည်။
ဤကျင့်ကြံသူများသည် အဓိကအားဖြင့် အခြေတည် ဝိညာဉ်အကြီးအကဲများနှင့် တိုက်ရိုက် တပည့်များဖြစ်ကြပြီး အချို့မှာ ရွှေအူတိုင် ပါရမီရှင်များ ဖြစ်သည်။
လျိုနင်ရွှမ်းသည် သူ့ အနားတွင် ပေါ်လာပြီး
"ဂျူနီယာမောင်လေးလု..နင်လည်း ဒါကို ခံစားမိတာလား"
လုရီသည် အနည်းငယ် အံ့အားသင့်ကာ ခေါင်းညိတ်ကာ အနောက်ဘက်တောင်တန်းဆီသို့ မျှော်ကြည့်ရင်း
"ကောင်းကင်ကို လှုပ်ခါနိုင်တဲ့ ဓားစိတ်ဆန္ဒတစ်ခု..အဲ့ဒီလမ်းကြောင်းက မှိန်ဖျော့ဖျော့ ထွက်လာတယ်၊ ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်တဲ့ အရှိန်အဝါလဲဗျာ. ."
လုရီသည် ဤကဲ့သို့ အစွမ်းထက်သော တည်ရှိမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်ပြီး နတ်ဘုရား အသွင်ပြောင်းခြင်းအဆင့်ရှိ ဂိုဏ်းခေါင်းဆောင်ကပင်လျှင် သူ့အား ထိုကဲ့သို့ ခံစားမှုမျိုး မပေးပေ။
ထိုအချိန်တွင်၊ လင်းလောင်တောင်ထိပ်သခင်မသည် သူတို့ နှစ်ယောက်ရှေ့ တစ္ဆေသရဲလို.. ရုတ်တရက် ပေါ်လာသည်..။
သူမ၏ မျက်လုံးများသည် အိပ်ချင်မူးတူးအရိပ်အယောင်များဖြင့် မှုန်မှိုင်းနေသေးသည်။ သူမ၏ မျက်လုံးများသည် အနောက်တောင်ပေါ်သို့ မျှော်ကြည့်ရင်း အံ့အားသင့်သွားကာ
"တစ်စုံတစ်ယောက် ဟင်းလင်းပြင် ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်သွားတော့မှာပဲ..."
သူ့ဆရာ စကားကို ကြားတော့ လုရီ အံ့အားသင့်သွားပြီး သူ့မျက်နှာမှာ ကြည်နူးမှုတစ်ခု ပေါ်လာသည်။
"အကြီးအကဲမင်က ဟင်းလင်းပြင် ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်သွားတော့မှာလား။"
လွန်ခဲ့သည့်သုံးနှစ်ကျော်က သူက အကြီးအကဲမင်အား နှစ်တစ်ရာပြည့်ဝိညာဉ် ခြင်ဆီ လက်ဆောင်ပေးခဲ့ပြီးနောက်တွင် အကြီးအကဲ ချူးယွင်က သိုင်းကျမ်းဆောင် ကို ကွပ်ကဲရန် အကြီးအကဲမင်အစားတာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ အကြီးအကဲမင်သည် တံခါးပိတ် ကျင့်ကြံနေခဲ့သည်လေ။
အချိန်အတော်ကြာ အကြီးအကဲမင်းထံမှ သတင်း မရရှိသဖြင့် သူသည် ဆိုးဝါးသည့် တစ်စုံတစ်ရာ ဖြစ်ခဲ့မည်ကို ကြောက်ရွံ့နေခဲ့သည်။
မမျှော်လင့်ဘဲ အကြီးအကဲမင် ယနေ့ ဟင်းလင်းပြင် ဥမင်နယ်ပယ်သို့ အဆင့်ချိုးဖျက်သွားတော့မည် ဖြစ်သည်။
လျိုနင်ရွှမ်း၏ ပုံမှန်အားဖြင့် အေးစက်သော မျက်နှာပေါ်တွင် အံ့အားသင့်ရိပ်ကလေး ထင်ဟပ်လာသည်။
"အကြီးအကဲမင် သူ့ရဲ့ နေဝင်ချိန် နှစ်တွေ.. ရောက်နေပြီ၊ ဟင်းလင်းပြင် ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်သွားမယ်လို့ မထင်ခဲ့မိဘူး"
လင်းလောင်တောင်ထိပ် သခင်မက
လျိုနင်ရွှမ်းစကားကို ညင်သာစွာ.. ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။
"ကျိုးကြောင်းဆီလျော်တဲ့၊ အထူးအခွင့်အရေးမရှိရင်၊ အကြီးအကဲမင်အဆင့်ချိုးဖျက်ဖို့ ခက်လိမ့်မယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့တာ.. ဖြစ်နိုင်ပါတယ်"
ထို့နောက် လင်းလောင်တောင်ထိပ် သခင်မ က ပြုံးပြီး
"ဒါပေမယ့်၊ အကြီးအကဲမင် ရဲ့ ဟင်းလင်းပြင် ဥမင်နယ်ပယ် အောင်မြင်မှုက တိမ်ဖြူဂိုဏ်းအတွက် သတင်းကောင်းပဲ"
ထိုအခါ လျိုနင်ရွှမ်းနှင့် လုရီ နှစ်ယောက်စလုံး ခေါင်းညိတ် သဘောတူကြသည်။
အခြား အခြေတည် ဝိညာဉ် အကြီးအကဲများနှင့် ရွှေအူတိုင် တပည့်များသည်လည်း ဒီထုတ်ဖော်မှုကို ကြားသွားသောအခါ မယုံနိုင်လောက်အောင် အံ့သြသွားကြကာ
ထောက်ခံသည့်ဟန် ခေါင်းတဆတ်ဆတ်ညိတ်နေကြသည်။
ဟင်းလင်းပြင် ဥမင်နယ်ပယ် ပုဂ္ဂိုလ်ကြီး နစ်ယောက်အား ပိုင်ဆိုင်သည့် ဂိုဏ်းတစ်ခုနှင့် ထိုသို့ မရှိသော ဂိုဏ်းတစ်ခုကြား ကွာခြားချက်မှာ အလွန် ကြီးမားသည် မဟုတ်ပါလော။
ထိုအချိန်တွင်ပင် ဓားမြည်ဟည်းသံသည် ကောင်းကင်နှင့်မြေကြီးတစ်လျှောက် သိပ်သည်းစွာ ရိုက်ခတ်လာခဲ့ပြီး ဖိနှိပ်ထားရာမှ ဓားအိမ်မှ ထုတ်လိုက်သည့် ထက်ရှသော ဓားတစ်စင်းအသွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် သက်ဆင်းလာခဲ့သည်။
ဓားစွမ်းအင်များ ကောင်းကင်သို့တိုင် လွင့်ပျံလာသည်မှာ ကောင်းကင်နှင့် မြေကြီးအား နှစ်ခြမ်း ကွဲသွားစေနိုင်သည့် အသွင်။
အသွား ထက်ရှသော ဓားတစ်စင်းဖြင့်.. လည်ချောင်းအား ထောက်ထားခံရသကဲ့သို့ ခံစားလိုက်ရသည်ဖြစ်ရာ လူတိုင်း ကျောချမ်း၍ ထိတ်လန့်တုန်လှုပ်သွားကြသည်။
စောစောပိုင်းက သတိမထားမိခဲ့ကြသည့် ကျင့်ကြံသူတွေဟာ အခု ရုတ်တရက် နိုးလာပြီး သူတို့၏ ဂူအိမ်ကြီးထဲက
ကသောကမျော ပြေးထွက်လာကြတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ?! ဘယ်ပညာရှင်ကြီး ငါတို့ရဲ့တိမ်ဖြူဂိုဏ်းဆီ ရောက်လာတာလဲ။"
"ဂျူနီယာ ညီလေးလုကို စိန်ခေါ်ဖို့ နောက်ထပ် ဉာဏ်ကြီးရှင်တစ်ယောက် ရောက်လာတာလား။ ဒီကောင်တွေ ငါတို့ရဲ့ တိမ်ဖြူကို အလေးအနက်မထားတာပဲ။"
"…"
လင်းလောင် တောင်ထိပ်မှ တပည့်များသည် တိုက်ခိုက်ဖို့ ညာသံပေးကာ ကောင်းကင်သို့ ဒရောသောပါး ပျံလွှား ရောက်ရှိလာကြသည်။
သုန်းကုန်းမင်ယွဲ့လည်း ပြေးထွက်လာသည် ။ သူမ၏ ကျင့်ကြံမှု အခြေခံသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ခြောက်လွှာသို့ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။
သူမကိုယ်သူမ ကောင်းကင်သို့ ပျံဝဲလိုကိပြီးနောက် လုရီနှင့် အခြားနှစ်ယောက်ကို တွေ့လိုက်ရတော့ ချက်ချင်းပင် သူတို့ထံ
အမြန်ပြေးသွားကာ မေးလိုက်တော့သည်။
"ဆရာ၊ စီနီယာအစ်ကို၊ စီနီယာ အစ်မ။ ဒါက ဘာဖြစ်တာလဲဟင်"
ထိုစဉ်… လင်းလောင် တောင်ထိပ် သခင်မ၏ ပျင်းရိပျင်းတွဲ အသံသည် လင်းလောင် တောင်ထိပ်တခွင်.. ပဲ့တင်ထပ်လာတော့သည်။
"အားလုံးပဲ..မဆူကြနဲ့.. အကြီးအကဲမင် ဟင်းလင်းပြင် ဥမင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတယ်.. ရုန်းရင်းဆန်ခတ် လုပ်နေတာ ရပ်ပါ..ဒါက ဘယ်လို ပုံစံမျိုးလဲ"
-----------------
အခန်း ၁၆၅- မျက်စိရှေ့မှာ ကောင်းကင်နဲ့ မြေကြီး ကွဲအက်သွားရင်တောင်...
~ဤအမိန့်သံကို ကြားသောအခါ လူတိုင်းသည် ငြိမ်ကျသွားကာ ခဏကြာတော့ တစ်ဖန် ကြွက်စီ ကြွက်စီ..ဆွေးနွေးငြင်းခုန်သံများ ထွက်ပေါ်လာကြသည်။
"ဘာလဲ၊ အကြီးအကဲမင်လား.. သူ..တကယ်ပဲ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ဖြတ် ကျော်သွားတော့မှာလား။"
"အကြီးအကဲမင်ဟာ နှစ်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့တယ်လို့ ကြားခဲ့ရတယ်။ ဒီအတောအတွင်းမှာ သိုင်းကျမ်းဆောင်ကို အကြီးအကဲ ချူးယွင်က စောင့်ကြပ်ထားတာ..အလိုလေး.. အကြီးအကဲမင် က တံခါးပိတ် ကျင့်ကြံပြီး အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေခဲ့တာကိုး..."
"အံ့ဩစရာကြီး! ဓားစိတ်ဆန္ဒကို ကျွမ်းကျင်တဲ့ အကြီးအကဲမင်က အစွမ်းထက်တဲ့ ဓားသမား တစ်ယောက်ပဲ.. ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ဖြတ်ကျော်သွားရင်တော့ သူက တကယ့်အဓိပတိကြီး ဖြစ်လာတော့မှာ..ဒီလိုသာဆို.. ငါတို့တိမ်ဖြူဂိုဏ်းတော့ တန်ခိုးထွားတော့မယ်.. "
“…”
တပည့်များမျက်နှာတွင် အံ့သြရိပ်အပြည့်တောက်ပလာသည်။
သုန်းကုန်းမင်ယွဲ့၏ အမူအရာမှာလည်း တုံ့ဆိုင်းသွားပြီး
" အကြီးအကဲမင်က အမှန်တကယ်ပဲ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ဖြတ်ကျော်သွားတော့မှာလား" ဟု တအံ့တဩလေး အော်ဟစ်လာသည်။
လုရီက ညင်သာစွာ ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြီး အတည်ပြုလိုက်သည်။
"အင်း"
"ကောင်းလိုက်တာ၊ ငါတို့တိမ်ဖြူဂိုဏ်းဂာ မကြာခင်မှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်ပုဂ္ဂိုလ်ကြီး တစ်ယောက် ပိုင်ဆိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာတော့မှာပေါ့.. "
သုန်းကုန်းမင်ယွဲ့ အရမ်း ပျော်သွားတော့သည်။
...
ထန်!
ထိုသို့..သူတို့ အံ့ဩမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးစွာ ခံစားနေရစဉ်တွင် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး အလင်းလွှာကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ဂိုဏ်း အပြင်ဘက်သို့ ဆက်လက်ပျံသန်းသွားခဲ့သည်။
ဓားအလင်းတန်းက ဖြတ်သန်းလာသည်နှင့်အမျှ ကောင်းကင်သည် ရုတ်တရက် မှောင်ကျသွားတော့သည်။
တိမ်မည်း တိမ်ပုပ်များ အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် စုရုံးလာကာ ၎င်းတို့အတွင်း၌ မိုးခြိမ်းသံများ တဂျုန်းဂျုန်း မြည်ဟည်းလာသည်။
ဤမြင်ကွင်းအား မြင်လိုက်ရတော့ အားလုံးက ကြက်သေသေသွားပြီး တစ်စုံတစ်ယောက်က သတိဝင်လာကာ အော်ဟစ်လိုက်သည်။
"ကောင်းကင်ဘုံဒုက္ခကြီး...ဒါဟာ ကောင်းကင်ဘုံဒုက္ခကြီးပဲ၊ အကြီးအကဲမင် ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်တော့မယ်!"
"လာ၊ သွားကြည့်ကြရအောင်!"
ကျင့်ကြံသူအများအပြားသည် ကောင်းကင်ဘုံဒုက္ခ၏ ဦးတည်ရာဆီသို့
အမြန်ပျံသန်းသွားကြသည်။
လင်းလောင် တောင်ထိပ် သခင်မက သူတို့အား နှိုးဆော်လာသည်။
"အတူတူ သွားကြစို့..ကြီးကျယ်တဲ့ ကျင့်ကြံသူတစ်ယောက် ကောင်းကင်ဘုံဒုက္ခ ဖြတ်ကျော်တာကို ကြည့်ရှုတာဟာ .. ဉာဏ်အလင်းတချို့ တိုးပွားစေနိုင်တယ်.."
ထိုသို့ ပြောဆိုနေစဉ်တွင် လင်းလောင် တောင်ထိပ် သခင်မသည် ကောင်းကင်မိုးကြိုးအား ခံယူရင်း ကျင့်ကြံနည်းစနစ်များတွင် ရုတ်ချည်း ဉာဏ်အလင်း သိမြင်နိုင်သည့် လုရီအား တစ်ချက် ငဲ့ကြည့်လိုက်သည်။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့သည်လည်း လုရီ ဘက်သို့ လှည့်ကြည့်မိရုံမှ
တပါး မကူညီနိုင်ပေ။
လုရီက သူ့အား ဝိုင်းကြည့်နေသော သူမတို့၏ အကြည့်တွေကို ခံစားမိတော့ အူကြောင်ကြောင် ပြန်မေးလာသည်။
"ဘာဖြစ်လို့လဲဗျ"
သုံးယောက်သား တိတ်ဆိတ်နေကြ၏။
ထိုအချိန်တွင် လုရီသည် တစ်စုံတစ်ခုကို တွေးပြီး အသံတိတ် ကြွေးကြော်လိုက်သည်။
..ငါ အကြီးအကဲမင် ကောင်းကင်ဘုံ ဒုက္ခ ဖြတ်ကျော်တာကို သွားကြည့်မယ်...
[အလုပ်] အကြီးအကဲမင် ကောင်းကင်ဘုံ ဒုက္ခကို ဖြတ်ကျော်တာကို သွားကြည့်ခြင်း။
ဆုကြေး- ဓားစိတ်ဆန္ဒနှင့် မိုးကြိုးစိတ်ဆန္ဒဖြင့် အဆင့်တစ်ဝက်ကို တိုးပွားစေပါသည်။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
ဆုကြေးကို မြင်သောအခါ လုရီ အံ့အားသင့်သွားပြီး အလွန်ဝမ်းသာသွားသည်။
ယခုအချိန်တွင် ဓား စိတ်ဆန္ဒ နှင့် မိုးကြိုးစိတ်ဆန္ဒ၏အဆင့်တစ်ဝက်ကို တိုးမြှင့်ဖို့က အချိန်အတော်ကြာနေပြီ ဖြစ်သည်။
အလုပ်တစ်ခုတည်းဖြင့် တချက်တည်းအောင်မြင်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။
ဆုကြေးသည် အမှန်ပင် ရက်ရောလှပေ၏။ သူသည် ဤအလုပ်ကို အမြန်လက်ခံလိုက်တော့သည်။
ဓားအလင်းသည် တိမ်ဖြူတောင်တန်း၏ အပြင်ဘက်ရှိ လွင်တီးခေါင် မြေပြင်သို့ ရောက်ရှိခဲ့သည်။
၎င်းမှာ အကြီးအကဲမင် ဖြစ်၏။
အခြားသူများသည် ကောင်းကင်ဘုံ ဒုက္ခဖြင့် သုတ်သင်ခံရမည်ကို ကြောက်ရွံ့၍ အနားသို့ သိပ်မကပ်ရဲကြပါ။
ဟင်းလင်းပြင်ဥမင် နယ်ပယ် ကောင်းကင်ဘုံဒုက္ခက စနောက်စရာ ကိစ္စကလေး တစ်ခု မဟုတ်ပါ။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူပင်လျှင် ကောင်းကင်မိုးကြိုး စက်ကွင်းထဲသို့ ဝင်ရောက်မိလျှင် တိုက်ရိုက် ချေမှုန်းခံရမည် ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းနှင့် အခြားသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများလည်း ဤနေရာမှာ ရောက်နေကြပါသည်။
ဝူချင်းဖုန်းက "လူကြီးမင်းတို့၊ အကြီးအကဲမင်ကို အတူတူ ကာကွယ်ကြရအောင်!" ဟု နှိုးဆော်လိုက်သည်။
နတ်ဘုရား အသွင်ပြောင်း အကြီးအကဲများနှင့် အခြေတည် ဝိညာဉ် အကြီးအကဲများစွာသည် ခေါင်းငြိမ့်ပြကြကာ မည်းညှို့သော တိမ်တိုက်များ တစ်ဝိုက်တွင် တညီတညွတ်တည်း နေရာယူလိုက်ကြ၍ အတွင်းမှ အကြီးအကဲမင်ကို ဝန်းရံထားကြသည်။
တိမ်မည်းများသည် မီတာရာဂဏန်းမှ ကီလိုမီတာများစွာအထိ လျင်မြန်စွာ
စီးဆင်း ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကီလိုမီတာ ရှစ်ဆယ် အကွာအဝေးအထိ ချဲ့ထွင်ပြီးနောက်မှသာ ရပ်တန့်တော့သည်။
ကီလိုမီတာ ရှစ်ဆယ်လောက် ကျယ်ပြန့်
သည့် မိုးကြိုးဘေးဒဏ်အား ငေးကြည့်ရင်း ဝူချင်းဖုန်းသည် လေအေးတစ်ချက် ရှူရှိုက်လိုက်မိသည်။
"မိုးကြိုး တိမ်တိုက် ရှစ်ဆယ်ကိီလိုမီတာ..၊မိုးကြိုး တိမ်တိုက် ရှစ်ဆယ် ကိီလိုမီတာပါလား... ဒီကောင်းကင်ဘုံ ဒုက္ခက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်"
အကြီးအကဲရွှမ်သည်ပင် စစ်ဆေးရေး မျှော်စင်အား မစောင့်ကြပ်နိုင်တော့ရှာ။
ယခုအခါ ဤနေရာ၌ ပါဝင်နေပါသည်။ အကြီးအကဲရွှမ်၏ အိုမင်းရင့်ရော်သော မျက်နှာပေါ်တွင် အပြုံးရိပ် ပေါ်လာသည်။
"အကြီးအကဲမင်က ဓားစိတ်ဆန္ဒကို နက်နက်နဲနဲ နားလည်သဘောပေါက်သူပါ၊ တံခါးပိတ် ကျင့်ကြံနေချိန်မှာ သူ ပိုပြီးတိုးတက်ကောင်းမွန်လာတာ ဖြစ်နိုင်တယ်.. အကြီးအကဲမင်လို ခွန်အားနဲ့ နှိုးဆွတဲ့ ကောင်းကင်ဘုံဒုက္ခဟာ ထူးထူးခြားခြား ဖြစ်တော့မယ်။"
"အကြီးအကဲရွှမ် ..အကြီးအကဲမင်က ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ဖို့ အခွင့်အလမ်းရှိတယ်လို့ ခင်ဗျား ထင်လား။" ဟု ဝူချင်းဖန်းက မေးလိုက်သည်။
"စောင့်ကြည့်ရအောင်၊ ငါလည်း
အတပ်မပြောရဲဘူး..."
အကြီးအကဲရွှမ်သည် သက်ပြင်းချကာ မိုးကြိုးမုန်တိုင်း၏ အလယ်ဗဟိုတွင်
ဓားတစ်လက်လို ရပ်နေသော အသွင်အပြင်ထံ အကြည့်များ ရောက်ရှိသွားသည်။
လုရီသည် ဓားနှင့်တူသော ထိုရုပ်သွင်ကို ကြည့်ကာ အကြီးအကဲမင် မှ ထုတ်လွှတ်သော ဓားစိတ်ဆန္ဒကို ခံစားလိုက်ရပြီး အတော် အံ့အားသင့်သွားသည်။
"အကြီးအကဲမင်ရဲ့ ဓားစိတ်ဆန္ဒဟာ အတော်ကြီးကြီးမားမားပဲ တိုးတက်လာတယ်"
ခေါင်းညိတ်ကာ လင်းလောင်တောင်ထိပ် သခင်မကပင် ထိုစကားအား ထောက်ခံသည်။
"အမှန်ပဲ၊ တကယ့်ကို သိသိသာသာ တိုးတက်လာတာ..."
"စနေပြီ"
ရုတ်တရက် လုရီ၏ ခန္ဓာကိုယ်သည် ကျောက်သားပကတိပမာ တောင့်တင်းလာပြီး သူ့အပေါ် သို့ ကောင်းကင်ကြီး ပြိုကျ ဖိစီးလာသလို ခံစားလိုက်ရသည်။
ဂျုန်း...
မိုးခြိမ်းသံ ပဲ့တင်ထပ်နေပြီး သူ၏ အမြင်အာရုံသည် တိမ်မည်းများနှင့် ၎င်းတို့အောက်ရှိ အသွင်အပြင်ဖြင့်သာ ပြည့်နှက်နေသည်။
မည်းမှောင်သော တိမ်တိုက်များအတွင်းမှ ခရမ်းရောင် ကောင်းကင်ဘုံ မိုးကြိုး တစ်ခုသည် အောက်ဘက်ရှိ နတ်ဓားတစ်လက်အသွင် သေးငယ်သော ပုံသဏ္ဍာန်ဆီသို့ ပစ်ခွင်းလာသည်။
ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို ဖိအားကြောင့် အခြေခံ အုတ်မြစ်တည်ထောင်သူ အများအပြားသည် မိမိတို့၏ ဆောင်ဓားများကိုပင်
မြဲမြဲ မကိုင်ဆောင်နိုင်တော့ဘဲ တုန်လှုပ်သွားရင်း သူတို့တတွေမှာ ကောင်းကင်ယံမှ အောက်ဘက်သို့ ဝရုန်းသုန်းကားပြုတ်ကျသွားသည်။
ယခုအခါ၌... ကောင်းကင် တာအို ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သုန်းကုန်းမင်ယွဲ့သည်
လုရီ၏လက်မောင်းကို အတင်းဖက်ကာ မှီတွယ်ထားရင်း သူမ၏ မျက်နှာကလေးမှာ အကြီးအကျယ် ဖြူဖျော့သွားခဲ့သည်။
သူမသည် ကောင်းကင် တာအို ထံမှ ထိုသို့သော ဖိအားကို ခံနိုင်ရည်ရှိဖို့ ခက်ခဲနေသည်။
လုရီ ၏ အသိစိတ် တစ်ခုလုံးကိုမူ ကောင်းကင် မိုးကြိုးနှင့် အောက်ခြေရှိ အကြီးအကဲမင်တို့က သိမ်းပိုက်ထားသည်။
သုန်းကုန်းမင်ယွဲ့ ကိုယ်ကလေး၏ သိမ်မွေ့ နူးညံ့သော အထိအတွေ့ကိုပင် သူသည်
မခံစားရပေ။
ထိုအခိုက်အတန့်၌...အကြီးအကဲ မင်သည် သူ၏ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး စူးရှသော ဓားမြည်သံက ရှင်းရှင်းလင်းလင်းပင် မိုးခြိမ်းသံကို လွှမ်းမိုးသွားသည်ကို မြင်လိုက်ရသည်။
လရောင်ကဲ့သို့ အေးစက်သော အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်ကျော်၍ ကောင်းကင် မိုးကြိုးကို တိုက်ရိုက် ရင်ဆိုင်သည်။
ရုတ်ချည်း တိတ်ဆိတ် ငြိမ်သက်သွားမှုတွင် ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင် မိုးကြိုးသည် အလယ်မှ ထက်ပိုင်း ကွဲထွက်သွားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ ပစ်ချသွားကာ အကြီးအကဲ မင်အား လမ်းလွှဲသွားသည်။
အကြီးအကဲ မင်သည် ဓားချက် တစ်ချက်ဖြင့် ကောင်းကင်မိုးကြိုးကို ထက်ပိုင်းခွဲလိုက်ခြင်းပါပေ။
ဤမြင်ကွင်းသည် လူတိုင်း၏စိတ်နှလုံးကို ကြီးကြီးမားမား တုန်လှုပ်စေသည်။
ယခု မြင်ကွင်းသည် မျက်ဝါးထင်ထင် မြင်တွေ့နေရသော ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးတွင် တံခတ်ခတ်နှိပ်သကဲ့သို့ စွဲထင်စေသည်။
အထူးသဖြင့် ဓားတာအို ကျင့်ကြံသူများသည် အံကိုကြိတ်ကာ မိမိတို့၏ ဓားရှည်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။ ဓားများတွင် သူတို့၏ ပြင်းထန်သော ခံစားချက်များ ရိုက်ခတ်သွားနေသည်။
လုရီ၏ စိတ်နှလုံးအား ထိုလနှင့်တူသော ဓားက သိမ်းပိုက်သွားပြီး သူ့အား နေရာမှာ မှင်သက်စေခဲ့သည်။
သူ၏ ဒန်တျန်အတွင်း တည်ရှိသည့် ခုနစ်ရောင်ခြယ် ဝိညာဉ်စွမ်းအား လေပွေငယ်သည် တရကြမ်းလည်ပတ်နေပြီး တာအိုလှိုင်းသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
လုရီသည် ထိုဓားချက်အား ထပ်ကာ
ထပ်ကာ ဆင်ခြင်သုံးသပ်နေမိသည်။ ကန့်သတ်ချက်ကို ချိုးဖျက်ကာ ကောင်းကင် တာအို၏ ဖိအားကို ရင်ဆိုင်ခဲ့ရသည့်အချိန်များကိုပင် ပြန်အမှတ်ရသွားခဲ့သည်။
ကောင်းကင် တာအို၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်ပြီး ရှေ့သို့ တိုးနေဆဲ၊ ၎င်းသည် ထက်သန်လှသည့် ဇွဲနပဲ..
အလျှော့မပေးသော စိတ်ဓာတ်မျိုးဖြစ်သည်။
မဖြစ်နိုင်ဟု သိထားလျှင်တောင် ရှေ့ဆက်တိုးရဲသည့် ရဲစွမ်းသတ္တိနှင့် သေသည့် အချိန်မှာတောင် နောင်တ မရသည့် ပြတ်သားသော ဆုံးဖြတ်ချက် ခိုင်မာမှုမျိုး ဖြစ်ပါသည်။
---------------