← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း ၁၆၆-မျက်စိရှေ့မှာ ကောင်းကင်နဲ့မြေကြီး ကွဲအက်သွားရင်တောင်...

~၎င်းသည် ဓားသမားတစ်ယောက်၏အနိုင်မခံ အရှုံး မပေးသော စိတ်ဓာတ်လည်း ဖြစ်ပါသည်။

မျက်စိရှေ့မှာ ကောင်းကင်နှင့် မြေကြီးအား ဓားတချက်တည်းဖြင့် ခုတ်ပိုင်းမည်ဟူ၍။

လုရိီသည် ဉာဏ်အလင်း တချို့ ရသွားသလို ခံစားလိုက်ရသည်။တာအိုတေးသံသည် သူ့စိတ်ထဲတွင် ပဲ့တင်ထင်လာ၏။

မသေမျိုး ဓားမျိုးစေ့မှ လျို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများ မှာ ဆင့်ခေါ်ထားသလို တစ်ခုပြီးတစ်ခု ဖျော့တော့စွာ လင်းလက်လာသည်။

ဓားစိတ်ဆန္ဒ၏ အငွေ့အသက်သည်

သူ့ကိုယ်တွင် လှည်ပတ်နေကာ မှုန်ဝါးဝါး တောက်ပနေသည်။ ၎င်းတို့က အားနည်းပုံ ရသော်လည်း စိတ်ကူးမယဉ်နိုင်သော၊ အလျှော့မပေးသည့် မသေမျိုး စိတ်ဆန္ဒ ကိန်းအောင်းသည်။

လုရီဘေးရှိ လင်းလောင်တောင်ထိပ် သခင်မနှင့် လျိုနင်ရွှမ်းတို့ နှစ်ယောက်လုံး အေးခဲသွားကြသည်။ လုရီကို လှည့်ကြည့်နေရင်း သူမတို့၏ မျက်နှာထက်ဝယ် ထုံထိုင်းသော အမူအရာများ ဖြစ်ပေါ်လာလေ၏။

လင်းလောင်တောင်ထိပ် သခင်မသည် သူမ၏ ဆံပင်ကို သပ်လိုက်ကာ အလွန်ပင် ဩချသော အမူအရာဖြင့် သူမ၏ နှုတ်ခမ်းများအား လှုပ်ရွလိုက်သည်။

"တကယ်ကြီးလား..ငါက သာမန်ကာလျှံကာပဲ ပြောလိုက်တာ..ဒီကောင်လေးက တကယ်ကြီး ဉာဏ်အလင်းရနေတာလား..ဒီဓားစိတ်ဆန္ဒက...."

လင်းလောင်တောင်ထိပ် သခင်မ၏ ဘေးမှ ရေခဲ နတ်မိမယ်လေး လျိုနင်ရွှမ်းသည်လည်း သူမ၏ လှပသော မျက်နှာထက်ဝယ်..အံ့သြသော အမူအရာလေး ရှိနေသည်။လုရီအား အတော်လေး

မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ ဆိုသည်။

"ဂျူနီယာမောင်လေး..တကယ်ပဲ မှန်းဆလို့မရတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပါလား..."

လုရီကိုယ်အား တွယ်ဖက်ထားသည့် အားနည်းနေသော သုန်းကုန်းမင်ယွဲ့သည်

လုရီကိုယ်မှ ထုတ်လွှတ်လာသည့် ဓားစိတ်ဆန္ဒကြောင့် မသက်မသာ ဖြစ်လာသည်။

သို့သော်လည်း သူမသည် အားနည်းနေပေရာ မျက်ရည်များဝဲလျက် လျိုနင်ရွှမ်းအား အကူအညီတောင်းတော့သည်။

"စီနီယာအစ်မ..ကျွန်မကို ကူညီပါ..ကျွန်မ..မလှုပ်နိုင်တော့ဘူး..."

...

တစ်ဖက်တွင်လည်း...

"အလို...ဒါက ..ဘာဖြစ်နေတာလဲ..ငါ ထင်တဲ့အတိုင်း ဖြစ်နေတယ်လို့ ငါ့ကိုမပြောနဲ့နော်"

လင်းလောင်တောင်ထိပ်မှ တပည့်အုပ်စု၏ အလယ်တွင် ရှဲ့ထျန်းမင်က ထုံကျဥ်သောအမူအရာဖြင့် အော်ဟစ်သည်။

"ဒါက ဂျူနီယာညီလေးလု ဆိုတော့ မင်းထင်တဲ့အတိုင်း ဖြစ်နိုင်တယ်ကွ"

နန်းကုန်းမိုယွီသည်လည်း အလားတူပင် ထုံကျဉ်နေသော အသက်ကင်းမဲ့နေသလို အမူအရာဖြင့် ရေရွတ်လာ၏။

"သူက လူသားတော့ ဟုတ်ရဲ့လား...တစ်ယောက်ယောက် ကောင်းကင်ဘုံဒုက္ခ ကျော်ဖြတ်တာကို ကြည့်ပြီး သူ ဉာဏ်အလင်း ရသွားပြန်တာလား..ဟူး..မင်းပဲ ဉာဏ်အလင်းတွေ ရနေတယ်ကွာ..ငါ့ကိုလည်း နည်းနည်း ပေးပါဦး...ငါ့ရဲ့ ပါရမီကလည်း သိပ်မညံ့ပါဘူးကွာ.."

"ဟေး..ဟေး..ငါတို့က သာမန်လူတွေပဲ ..ကောင်းကင်ဘုံဒုက္ခ ကျော်ဖြတ်တာကို ကြည့်ပြီး ဉာဏ်အလင်း ရဖို့ ဘယ်လို အိပ်မက် မက်နိုင်မလဲကွ..."

"..."

မှိန်ဖျော့ဖျော့ တောက်ပမှု အလယ်မှာ လုရီသည် ထိုဓားအလင်းကို ဆင်ခြင်ပြီး အဆက်မပြတ် ကောက်နုတ်၍ ပြီးပြည့်စုံစေကာ အဟန့်အတားသို့ ရောက်ရှိသွားပုံ

ရသည်။သူ့မှာ ကျန်သေးသော ရုတ်ချည်း ဉာဏ်အလင်း ရရှိရန် နောက်ဆုံးအခွင့်အရေးကို မမေ့လျော့ဘဲ အသုံးပြုခဲ့၏။

ကောင်းကင်မိုးကြိုးဉာဏ်အလင်း နှင့် အစစ်အမှန် နဂါးသွေးဉာဏ်အလင်း ကို တွေ့ကြုံနေရသောကြောင့် အရေးပေါ်အသုံးပြုရန်အတွက် ရုတ်ချည်း ဉာဏ်အလင်း ရရန် အခွင့်အရေးတစ်ခုကို သိုလှောင်ခဲ့၏။

ယခု အသုံးချဖို့ အချိန်ရောက်လာပြီ။

ဉာဏ်အလင်းရပြီး ချက်ချင်းပင်

သူ့ အတွေးများသည် ကြည်လင်လာပြီး ဓား တာအို၊တာအို နှင့် ကောင်းကင်နှင့် မြေကြီးတို့ကို နားလည်မှုမှာ လေးနက်သော အသွင်ကူးပြောင်းမှုဖြင့် မြင်လာသည်။

သူသည် နောက်တစ်ကြိမ် ကောက်နုတ်၍ ပြီးပြည့်စုံစေသည်။ သူ့ခန္ဓာကိုယ် တစ်ဝိုက်ရှိ ဓား စိတ်ဆန္ဒသည် ပို၍ ပြင်းထန်လာ၏။

ရုတ်တရက်၊ ရွှေဓား အလင်းတန်းသည်ကောင်းကင်နှင့် မြေကြီးကြားတွင် မြင့်မားစွာ ရပ်နေသော ထောက်တိုင်တစ်ခုကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပြီး ၎င်း၏

ဓားစိတ်ဆန္ဒအောက်တွင် နှိုးဆော်ကာ

တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို ထိတ်လန့်စေသည်။

ဝူချင်းဖုန်းနှင့် အဝေးမှ အခြားအကာအကွယ် ပေးနေသူများပင်လျှင်

မနေသာဘဲ လှည့်ကြည့်ရ၏။

အလွန်အမင်း ခိုင်ခံ့သည့် ဓားစိတ်ဆန္ဒအား မြင်လိုက်ရသည့် အခါ..လုရီ၊ ဝူချင်းဖုန်းနှင့် အခြား နတ်ဘုရား အသွင်ပြောင်း နယ်ပယ်မှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။

"ဟိုမှာ ဘာဖြစ်နေတာလဲ ၊ ဒါက လုရီ

မလား၊ သူ ဘာဖြစ်နေပါလိမ့်..."

"... ကြည့်ရတာ.. သူ ရုတ်ချည်းဉာဏ်အလင်းရသွားတာ ထင်တယ်"

အကြီးအကဲရွှမ် အနည်းငယ် မသေချာပါ။

အခြားသော နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ရှိ ကျင့်ကြံသူများ : "..."

လူတိုင်းက နည်းနည်းတော့ မှင်သက်သွားကြသည်။

"နောက်ဆုံးအကြိမ်က ဒီကလေးဟာ

ရုတ်ချည်း ဉာဏ်အလင်း ရခဲ့တယ်၊ ဒါ ..နှစ်အနည်းငယ်လောက်ပဲ ကြာသေးတယ် မဟုတ်လား၊ သူ့ရဲ့ ချီသန့်စင်နယ်ပယ် ‌ကောင်းကင်မိုးကြိုးမှာ ဉာဏ်အလင်းရခဲ့ပြီး အရမ်း အစွမ်းထက်တဲ့ ခန္ဓာကိုယ် သန့်စင်စနစ်ကို သဘောပေါက်ခဲ့တာလေ.."

"နှစ်အနည်းငယ်အတွင်း ဒီကလေးက ရွှေအူတိုင် နယ်ပယ်တောင် မရောက်သေးဘူး၊ ဉာဏ်အလင်းနှစ်ခု ရနေတာလား...မတရားလိုက်တဲ့ လောကကြီး"

"ပိုပြီး ရက်စက်တာက ဒီတစ်ကြိမ်မှာ အကြီးအကဲမင် ဓားတစ်ချောင်းနဲ့ ကောင်းကင်မိုးကြိုးကို ခုတ်ပိုင်းတာကို မြင် ရုံနဲ့ ဒီကလေးက ဉာဏ်အလင်း ရနေတာပဲ..ဉာဏ်အလင်းဆိုတာ ဘယ်တုန်းက

အဲ့လောက် လွယ်ကူသွားတာလဲ..."

အကြီးအကဲများသည် လျှို့ဝှက်အသံပေးပို့ကာ အချင်းချင်း ပြောဆိုနေကြတော့သည်။

ထိုအခိုက်အတန့်တွင် ဝူချင်းဖုန်းက မေးလိုက်၏။

"ခင်ဗျားတို့ အားလုံး တစ်ခုခု နားလည်လိုက်ကြလား..."

"ကျုပ်..ကျုပ်.."

အကြီးအကဲ ချီလင်က ညည်းတွားသည်။

"ချီလင်.. ၊ အဘိုးကြီး... ခင်ဗျားရဲ့ စိတ်အခြေအနေ.. ဖရိုဖရဲ ဖြစ်နေတယ်" ဟု နောက်တစ်ယောက်က

စနောက်လိုက်သည်။

"ငါ... ငါ ဘာမှ နားမလည်ဘူး... မင်းရော ဘယ်လိုလဲ"

"ဟဲဟဲ..ကျုပ်လည်း အဲ့သလိုပဲ"

"ဟဲဟဲ..."

သူတို့သည် အရှက်ပြေ ရယ်မောနေကြစဉ်..

ထိုအခိုက်အတန့်တွင် ကျယ်လောင်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ဟားဟား! စိတ်လှုပ်ရှားလိုက်တာ။ ဘယ်လောက်ထိ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ၊ ကလေးလုလို ဂျူနီယာ

တစ်ယောက်ရဲ့ ဓားတာအိုဟာ ထာဝရတောက်ပနေပြီး ဘယ်တော့မှ မှေးမှိန်သွားမှာ မဟုတ်ဘူး.. ဒီနေ့ ဒီအဘိုးကြီးလည်း ငယ်ရွယ်တဲ့ ရူးသွပ်မှုကို ထုတ်လွှတ်ပြီး ကောင်းကင်ဘုံ ဒုက္ခကို စိန်ခေါ်မယ်။ကောင်းကင်ဘုံ ဒုက္ခ.. ငါ့ဓားချက်ကိုခုခံကြည့်..."

လကဲ့သို့ ဖြူစင်သော ငွေရောင် ဓားအလင်းတန်းတစ်ခုသည် လုရီ၏ ဓားအလင်းကို ပဲ့တင်ထပ်သကဲ့သို့ အကြီးအကဲမင်၏ အနီးအနားမှ ကောင်းကင်သို့ ပျံတက်သွားလျက် နိမ့်လိုက်၊မြင့်လိုက် ..

တလှည့်စီ ဆက်တိုက် ကျဆင်းလာကာ ပိုမိုအားကောင်းလာသည်။

"ဒါ..."

တူချင်းဖုန်း နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည် တုံ့ဆိုင်းသွားကာ မျက်နှာထားများ ပြောင်းလဲသွားသည်။

"ဒီအဘိုးကြီးရဲ့ ဓားစိတ်ဆန္ဒက ပိုအားကောင်းလာတယ်!"

"အဘိုးကြီးမင်မှာ ပြောင်မြောက်တဲ့ ဓားနှလုံးသား ရှိပေမယ့် သူ့ရဲ့ မွေးရာပါ ပင်ကိုယ်စွမ်းရည်က အကောင်းဆုံးအားဖြင့် သာမန်ပဲ ဖြစ်နေတယ်.. သူ့ရဲ့ ပါရမီနဲ့ဆို တခြား ဘယ်သူမဆို အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကိုတောင် ဖြတ်ကျော်ဖို့တောင် အနိုင်နိုင် ရုန်းကန်ရလိမ့်မယ်၊ ဒါပေမယ့်..သူဟာ

သူ့ရဲ့ ဓားတာအို ကျင့်ကြံမှုကို အားကိုးပြီး နတ်ဘုရား အသွင်ပြောင်း နယ်ပယ်ကို သူ့ကိုယ်သူ တွန်းအားပေးခဲ့တယ်။ အဲ့ဒီအချိန်က စပြီး တိုးတက်မှု မရှိတော့ဘဲ ဓားနှလုံးသားဟာ ဖုန်မှုန့်တွေနဲ့ ဖုံးကွယ်ခံခဲ့ရတယ်...ဖြိုခွဲပြီး.. အသစ်ဖြစ်လာပြီးနောက်.. သူ့ရဲ့ ဓားနှလုံးသားဟာ ဖုန်မှုန့်တွေ သန့်စင်လာခဲ့ပြီး အဲ့ဒီကလေး လုရီရဲ့ နှိုးဆွမှုနဲ့ ထပ်လောင်း အားဖြည့်ခဲ့တော့.. ကြည့်ရတာ..သူ့ဓားတာအိုဟာ မမျှော်မှန်းနိုင်တဲ့ ဘုံဆီကို မြှင့်တင်တော့မယ်..."

" ဒီအဘိုးကြီး.. ခါးသီးမှုတွေ အပြီးမှာ ...နောက်ဆုံးတော့ ချိုမြိန်မှုကို မြည်းစမ်းနိုင်ပြီပေါ့၊ ဒါ တကယ့်ကို မနာလိုစရာပဲ"

အကြီးအကဲ ချီလင်သည် ကမူးရှူးထိုး ကျိန်ဆဲလိုက်သည်။

အကြီးအကဲ ရွှမ်က တစ်ချက် ရယ်မောကာ ခေါင်းယမ်းသည်။

"ဟားဟား၊ ငါတို့မှာ ဒီလို ကံကောင်းတာမျိုး မရှိတာ ကံဆိုးတာပဲ"

အကြီးအကဲမင်၏ ဓားစိတ်ဆန္ဒသည် အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ သူသည် ကျယ်လောင် ပြတ်သားစွာ အော်ဟစ်ပြီး လေးနက်သော လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ဓားကို ခုတ်ထစ်ကာ မိုးကြိုး တိမ်တိုက်များကို ထက်ပိုင်းခွဲပလိုက်သည်။ လကဲ့သို့ ဓားအလင်းသည် လောကကို ငွေဖြူရောင်ဖြင့် လောင်းချပေးသည့်အသွင်.. အလွန်အမင်း..အေးစက်ပြီး ဝေးကွာလှသည်။

ဂျုန်း..

ဂျုန်း ...ဂျုန်း...

မိုးကြိုးတိမ်တိုက်များသည် အမျက်ထွက်လာသည် ထင်သည်။ ကြီးမားသော လျှပ်စီးကြောင်းများသည် အရူးအမူး လိပ်တက်လာပြီး ဓားအလင်းတန်းအား ရင်ဆိုင်ရန်တောင်တစ်ခုလို အရွယ်အစား ကြီးကျယ်သည့် မိုးကြိုး တစ်ခုအဖြစ်သို့ ဖွဲ့တည်သည်။

ဓားအလင်းနှင့် ကောင်းကင်မိုးကြိုးတို့ ရင်ဆိုင် တွေ့လေပြီ။ ဓားအလင်းသည် အနိုင်မခံ အရှုံးမပေးသော စိတ်ဆန္ဒကို သယ်ဆောင်လျက် ကောင်းကင်မိုးကြိုးကို မဆုတ်မနစ် လှီးဖြတ်၏။ ကြီးမြတ်သည့် ထက်ရှသော ဓားအလင်းသည် မိုးကြိုးတိုင်ကို ဖြတ်၍ လမ်းဖောက်ရင်း တိမ်များကို အစိတ်စိတ် အမြွှာမြွှာ...ဖြိုခွဲပစ်လိုက်သည်။ တဒဂ်လောက် အကြာမှာ.. မိုးကြိုးတိမ်တိုက်သည် နှစ်ခြမ်း ကွဲသွားပြီး ကြည်လင် သန့့်စင်သော ကောင်းကင်ယံကို ပေါ်လွင်စေ၏။

ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော မိုးကြိုးတိမ်တိုက်များကို မျက်ဝါးထင်ထင် ရှုငေးနေသော ကြည့်ရှုသူများသည် ပါးစပ်မှ ထုတ်ပြောစရာ စကားလုံးများ ဆုံးရှုံးခဲ့ရသည်။

ထောင်ပေါင်းများစွာသော နစ်မြုပ်.. ဖုံးလွှမ်းမှုများ ခါးစည်းခံခဲ့ရအပြီး..အကြီးအကဲမင် သည် သူ့ဓားကို တင်းတင်းဆုပ်ကာ ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့လေပြီ။ ကောင်းကင်မိုးကြိုး တိမ်တိုက်များကို ထက်ပိုင်းခွဲသော သူ့ဓားချက်က လူတိုင်းကို အကြီးအကျယ် တုန်လှုပ်စေ၍ စိတ်ကူးယဉ်ခြင်းထက် ကျော်လွန်သော သက်ရောက်မှုတစ်ခု ခံစားရစေခဲ့သည်။

ငွေဓားအလင်းတန်းသည် တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။ ထိုအခိုက်အတန့်မှာပဲ.. သတ္တု မြည်သံ တစ်ခုနှင့်အတူထူးဆန်းသော တာအိုပုံစံများဖြင့် ဖွဲ့တည်သော ဓားစိတ်ဆန္ဒ တစ်ခု.. ပျံ့နှံ့လာတော့၏။

လူအုပ်ကြီးသည် တအံ့တဩ လှည့်ကြည့်လိုက်ကြတော့ ပြင်းထန်လာသော ရွှေရောင်ဓားစိတ်ဆန္ဒကို တွေ့လိုက်ရသည်။ သူတို့မျက်နှာပေါ်က အမူအရာတွေက ပို၍ပင်

ရှုပ်ထွေးလာပါတော့၏။

...အဓိပ္ပာယ်မဲ့လိုက်တာ..ဒီနေရာမှာ တစ်စုံတစ်ယောက်က ပိုပြီးတော့တောင်.. အံ့သြဖွယ် ကောင်းနေတာလား။ ...

------------

အခန်း၁၆၇-ဟင်းလင်းပြင် ဥမင် အဆင့်

ကာကွယ်စောင့်ရှောက်သူ...

~အကြီးအကဲမင်၏ ကောင်းကင်ဘုံ

ဒုက္ခကြီး ပြီးလျှင်ပြီးချင်း အကြီးအကဲမင်အပါအဝင် ဝူချင်းဖုန်းနှင့် တခြားနတ်ဘုရား အသွင်ပြောင်း နယ်ပယ် ရှိ အဓိပတိ အကြီးအကဲတွေ..နှင့် တောင်ထိပ်သခင်တွေ အားလုံး လုရီ အနားသို့ တိုးသွားကြသည်။

ဤအခိုက်အတန့်တွင် လင်းလောင်တောင်ထိပ် သခင်မ၏ ပျင်းရိသော အသံ ထွက်ပေါ်လာသည်။

"သိပ်မကပ်နဲ့၊ သူ့ကိုမနှောင့်ယှက်ပါနဲ့"

လူအုပ်သည် အနည်းငယ် ခေါင်းညိတ်ပြကာ လုရီနှင့် မနီးမဝေးတွင် ရပ်သွားပြီး

သူတို့၏ မျက်ဝန်းများ၌ ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်ကာဖြင့် လုရီကို တိတ်တဆိတ် စောင့်ကြည့်နေကြတော့၏။

ဝူချင်းဖုန်းက သူ့ဘေးနားက အကြီးအကဲမင်ကို ကြည့်ပြီး

" အကြီးအကဲမက်..ခင်ဗျား ဘယ်လိုထင်လဲ " ဟု မေးသည်။

ကောင်းကင်ဘုံဒုက္ခ ခံယူပြီးနောက် အကြီးအကဲမင်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် သိသိသာသာ လျော့ကျသွားပြီး သူ၏ ဆံပင်ဖြူများသည် ပုံမှန်အတိုင်းပင် ရှိနေသော်လည်း သူ၏ အရှိန်အဝါသည် ယခင်ကဲ့သို့ မမှေးမှိန်နေတော့ပေ။

ကောင်းကင်မိုးကြိုးကို ဓားချက် တစ်ချက်ဖြင့် ခွဲထုတ်လိုက်သော ယခင်က ပြသခဲ့

သည့် အကြီးအကဲမင်၏ အရှိန်အဝါသည် ယခုမူကား လုံးဝ ဖုံးကွယ်ထားကာ သာမန် အဘိုးကြီး တစ်ယောက်ကဲ့သို့ပင် လျှော့ချထားခဲ့သည်။

လုရီက ပတ်၀န်းကျင်ရှိ ဓားကို ကြည့်ရင်း အကြီးအကဲမင်က

"ကလေးလုက ဓားတာအိုမှာ ကောင်းကင်ဘုံက ပေးပို့လိုက်တဲ့ ပါရမီရှင်တစ်ဦးပဲ၊ ဒီဓားစိတ်ဆန္ဒက လေးနက်ဆန်းကြယ်ပြီး တခြား နိယာမတွေနဲ့လည်း အတော်လေး ရောနှောနေတယ်၊ ကျုပ်တောင် အပြည့်အဝ နားမလည်နိုင်ဘူး။ ဒီလောက် လေးနက်တဲ့ အသိပညာနဲ့ သန့်စင်ထားတဲ့ ဓားစွမ်းရည်က တကယ်ပဲ..မြေကြီးတုန်လှုပ်နိုင်တယ်.."

ဤစကားကို ကြားသောအခါ၊ ဝူချင်းဖုန်းနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းအကြီးအကဲများအပါအဝင် ကျင့်ကြံသူအများအပြားသည် အဆက်မပြတ်

မှင်သက်ကုန်ကြ၏။

"ငါတို့ တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့ ပီသပါပေတယ်။ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်မှာတောင် ခုလို ဓားစွမ်းရည်ကို နားလည်နိုင်နေပြီ၊ တကယ့်ကို လက်ဖျားခါလောက်ပါတယ်..."

"ဒီဓားစွမ်းရည်က အပြည့်အ၀ မဖွဲ့စည်းရသေးပေမယ့်၊ ငါ့နှလုံးသားကို တုန်လှုပ်စေနေပြီ... ဒါကို အပြည့်အ၀ ဖွဲ့စည်းထားရင် အရမ်းကြောက်စရာကောင်းလိမ့်မယ်"

"..."

လူတို့သည် ထိုသို့ မယုံကြည်နိုင်သည့်အလား... ပြောဆို ဆွေးနွေးနေကြသည်နှင့်အမျှ လုရီ၏ နားလည်မှုသည် တဖြည်းဖြည်းနှင့် နိဂုံးချုပ်လုနီးပါး ဖြစ်ခဲ့သည်။

သူ့စိတ်တွင် မသေမျိုး ဓားမျိုးစေ့မှ မသေမျိုး တာအို ပုံစံ အပါအဝင် တာအိုပုံစံများ၊ ကောင်းကင်မိုးကြိုးမှ ဆင်းသက်လာသည့် ထူးခြားဆန်းပြားသော ပုံစံများနှင့် ဓားစိတ်ဆန္ဒမှ ဖွဲ့တည်သော ဓားပုံစံများ အပါအဝင် တာအိုပုံစံများနှင့် ပြည့်နှက်နေသည်။

ဤတာအို ပုံစံများ အားလုံးသည် ရောယှက်ပြီး နောက်ဆုံးတွင် တစ်ခုတည်းသော ဓားစွမ်းရည်အဖြစ် ပေါင်းစပ်သွားကြသည်။

ဤဓားစွမ်းရည်သည် မျက်စိရှေ့တွင် ကောင်းကင်နှင့်မြေကြီး ပြိုကျနေသော်လည်း ဓားကို ဆွဲ၍ တိုက်ခိုက်ဝံ့သော စွမ်းရည်ပင်။ ဓားကိုင်ထားသူ၏ ရဲစွမ်းသတ္တိ၊ ဇွဲနပဲနှင့် အနိုင်မခံ အရှုံးမပေးသော ဝိဉာဉ်ကို ရောင်ပြန်ဟပ်နေလေ၏။

ဓားစွမ်းရည် အသွင်သဏ္ဌာန် ဖြစ်တည်လာသည်နှင့်အမျှ လုရီ ပတ်၀န်းကျင်ရှိ ဓားစိတ်ဆန္ဒသည် တဖြည်းဖြည်း ပေါင်းစပ်သွားလေသည်။

လုရီ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လူအုပ်ကြီးကို မြင်လိုက်ရတော့ အသက် အတော် ငယ်သွားပုံ ရသည့် အကြီးအကဲမင်ကို သတိထားမိပြီး ခဏတာ အံ့ဩသွားရ၏။

.. ကောင်းကင်ဘုံဒုက္ခကြီး ပြီးသွားပြီလား။..

ထိုအချိန်တွင် လင်းလောင်တောင်ထိပ် သခင်မ၏အသံ ထွက်ပေါ်လာသည်။

"ကောင်လေး၊ မင်း ဘယ်လို ခံစားရလဲ"

ထိုအခါ လုရီ သူ့ကိုယ်သူ ပြန်သတိရပြီး ပြုံးကာ...ပြန်ဖြေလိုက်လေသည်။

"တပည့်အတွက် အရမ်းကောင်းပါတယ်။ အကြီးအကဲမင်ရဲ့ ကောင်းကင်ဘုံဒုက္ခကို သိမြင်ပြီး နက်နက်နဲနဲ နားလည်ပြီး ဓားစွမ်းရည် တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။"

အကြီးအကဲမင်က သူ့မုတ်ဆိတ်ကို သပ်ရင်း ရယ်မောကာ...

"ဟားဟား၊ ငါ့ရဲ့ ကောင်းကင်ဘုံဒုက္ခက မင်းရဲ့ ဉာဏ်အလင်း ဆီကို ဦးတည်သွားခဲ့တယ်၊ တကယ်ပါပဲ... မင်းကတော့

ရှေးဟောင်းနတ်ဆိုး တည်ရှိမှုရဲ့ ကောင်းချီးပေးခံရမယ့် ပါရမီရှင်

တစ်ယောက် ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ"

လုရီ နှိမ့်ချစွာ ပြုံးလိုက်ပြီး

"အကြီးအကဲ..ကျွန်‌တော့်ကို မြှောက်ပင့်နေပါပြီဗျာ။ အကြီးအကဲရဲ့ ဟင်းလင်းပြင်ဥမင် နယ်ပယ် အဆင့်ချိုးဖျက် ဝင်ရောက်မှုအတွက် ဂုဏ်ယူပါတယ်ဗျ။"

သူ့စကားကို ကြားတော့ အကြီးအကဲမင်က အနည်းငယ် ခေါင်းညိတ်ပြပြီး မျက်နှာမှာ ပြုံးယောင် ယမ်းလာသည်။

နတ်ဘုရား အသွင်ပြောင်းနယ်ပယ်တွင် နှစ်ထောင်ပေါင်းများစွာကြာအောင် အမြစ်တွယ်နေခဲ့ရပြီးနောက်... အဆင့်ချိုးဖျက်မှုတစ်ခုသည် အမှန်တကယ်ပင် သူ့အတွက် ပျော်ရွှင်စရာ အခါသမယ ဖြစ်လေ၏။

ထို့နောက် အကြီးအကဲမင်က လုရီကို ကြည့်ကာ ချီးကျူးလိုက်၏။

"ဒါက မင်း ကျေးဇူးကြောင့်ပဲ.. ကလေးလု။ မင်းကြောင့်သာ မဟုတ်ရင် ငါ အောင်မြင်နိုင်မယ် မထင်ဘူး။"

ဒါကို ကြားတော့ တခြားလူတွေအားလုံး ထိတ်လန့်သွားကြလေသည်။ လင်းလောင်တောင်ထိပ်သခင်မနှင့် လျိုနင်ရွှမ်းတို့တောင် အံ့ဩသွားပြီး လုရီကို အံ့အားသင့်စွာ ကြည့်နေကြသည်။

လင်းလောင်တောင်ထိပ်သခင်မသည်

လုရီကို သံသယမျက်လုံးဖြင့် ကြည့်၍ မေးလာ၏။

"ပြောပါ.. ကလေး၊ မင်းဘာလုပ်လိုက်တာလဲ"

လုရီ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး

"ကျွန်တော်က အကြီးအကဲမင်ကို အကူအညီ နည်းနည်းလောက် ပေးခဲ့တာပါ"

လူတိုင်း၏ အတွင်းစိတ်၌ အံ့သြသွားကြသည်။

အကူအညီ နည်းနည်းလောက်တဲ့လား .. ထိုသို့သော သေးငယ်သောအကူအညီနှင့်တော့ တန်ခိုးကြီးသော ဓားပညာရှင်အား နတ်ဘုရားအသွင်ပြောင်း နယ်ပယ်တွင်

အကြာကြီး ပိတ်မိနေသော ဟင်းလင်းပြင် ဥမင် နယ်ပယ်သို့ တက်လှမ်းရန် ခွင့်မပြုနိုင်ပေ။

ဘေးနားက အကြီးအကဲမင် ထုတ် ပြောလိုက်သည်က လူတိုင်းကို ပို၍ပင်

ပါးစပ်အဟောင်းသား ဖြစ်စေပါ၏။

အကြီးအကဲမင်၏ စကားမှာမူ...

"ကလေး၊ မင်းမှာ ထူးခြားတဲ့ ပါရမီနဲ့ မသေမျိုး အစွမ်းသတ္တိတွေ ရှိတယ်၊ ဒါပေမယ့် မင်းရဲ့ လက်ရှိ ခွန်အားက အားနည်းနေသေးတယ်။ လူကြီးတစ်ယောက်အနေနဲ့ ဟင်းလင်းပြင် ဥမင်နယ်ပယ်ကို အဆင့် ချိုးဖျက်နိုင်ခဲ့ရင် မင်း ငါ့ရဲ့ အစွမ်းအစကို

မကျော်လွန်မချင်း ငါ မင်းကို အနှစ်တစ်ထောင် အကာအကွယ်ပေးမယ်လို့ အဆင့်မချိုးဖျက်ခင်မှာတည်းက တွေးထားခဲ့တာကွ " ဟု သူက လုရီဘက် လှည့်ပြီး ပြောလိုက်ခြင်းသာ။

ထိုစကားလုံးများ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ကြီးသည် ရုတ်ချည်း ငြိမ်ကျ၏။

ဝူချင်းဖုန်းနှင့်အခြားသူများ ဖြစ်စေ.., လင်းလောင်တောင်ထိပ် သခင်မ၊

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့ဖြစ်စေ.. တခြားတပည့်များ ဖြစ်စေ... သူတို့အားလုံးက အကြီးအကဲမင်အား မယုံကြည်နိုင်သော မျက်လုံးများဖြင့် မမှိတ်မသုန် ကြည့်နေကြသည်။

အကြီးအကဲမင်သည် အဘယ်ပုဂ္ဂိုလ်

ပါနည်း။

ဟင်းလင်းပြင် ဥမင် နယ်ပယ်သို့ တက်လှမ်းရုံမျှမက အစွမ်းထက်သော ဓားစိတ်ဆန္ဒကို ကျွမ်းကျင်သည်။ ဟင်းလင်းပြင် ဥမင် နယ်ပယ် အတွင်း၌ပင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရမည်မှာ အသေအချာပင်။

ထိုသို့သော ကြီးမြတ်သော ကျင့်ကြံသူက လုရိီအတွက် အကာအကွယ် ပေးလိုသော ဆန္ဒရှိသည်တဲ့လား။

လူတိုင်း အကြီးအကျယ် ထိတ်လန့်သွားကြတော့သည်။

ဝူချင်းဖုန်း တုံ့ဆိုင်းသွားပြီး

"အကြီးအကဲမင်၊ ခင်..ခင်ဗျားက..."

အကြီးအကဲမင်က သူ့လက်ကို ဝှေ့ယမ်းပြီး ကြေညာသည်။

"ငါ စိတ်ပိုင်းဖြတ်လိုက်ပြီ။ လုရီ ဂိုဏ်းထဲမှာရှိတဲ့အခါ လင်းလောင်က သူ့ကို စောင့်ရှောက်လို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ သူ ဂိုဏ်းက ထွက်သွားတဲ့အခါ ငါ သူ့နောက်ကို လိုက်သွားမယ်။သိုင်းကျမ်းဆောင်ကို ချူးယွင်ကို ထိန်းထားခိုင်းလိုက်လေ..."

အကြီးအကဲမင်၏ ပြတ်သားသော

သံန္နိဋ္ဌာန်ကို မြင်လိုက်ရသဖြင့် ဝူချင်းဖုန်းမတတ်သာဘဲ ခေါင်းသာ ညိတ်ပြနိုင်သော်လည်း လုရီကို ကြည့်လိုက်ရင်း သူ့အမူအရာမှာ ပို၍ပင် စူးစမ်းလိုလာသည်။

သူ့ကို ကာကွယ်ဖို့ ဆုံးဖြတ်ထားသည်အထိ အကြီးအကဲမင်ကို ဒီကောင်လေးကဘယ်လို အကူအညီမျိုး ပေးခဲ့တာလဲ။

ဝူချင်းဖုန်းသာမကဘဲ တခြားလူတွေကလည်း အလွန်အမင်း သိချင်နေကြလေ၏။

အကြီးအကဲမင်၏ ဒုက္ခ ခံယူမှုအပြီးတွင် လူတိုင်းသည် လူစုခွဲသွားကြသည်။

လုရီကတော့ လင်းလောင် တောင်ထိပ်သခင်မ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်င်ယွဲ့တို့ ခြံရံကာ လင်းလောင်တောင်ထိပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

လေထဲတွင် ပျံဝဲနေစဉ် လင်းလောင် တောင်ထိပ်သခင်မက လုရီကို လှည့်ကာ ဆန်းစစ်ကြည့်ရင်း ထုတ်မေး၏။

" ကလေးလု..အကြီးအကဲမင်က မင်းကို ကာကွယ်လိုစိတ် ရှိအောင် မင်း အတိအကျ ဘာလုပ်ခဲ့တာလဲ၊ သူ အဆင့်ချိုးဖျက်ပြီးနောက်မှာ တိမ်ဖြူဂိုဏ်းရဲ့တစ်ယောက်တည်းသော ဟင်းလင်းပြင် ဥမင် နယ်ပယ် ကျင့်ကြံသူပဲ"

ထိုအခါ သုန်းကုန်းမင်ယွဲ့သည်လည်း အလွန်သိချင်စိတ် ပြင်းပြပြီး ကြယ်ပွင့်လို တောက်ပနေသော သူမ၏ မျက်လုံး များအား ပုတ်ခတ်ကာ..ပြောဆိုလာ၏။

"ဟုတ်တယ်..စီနီယာ အစ်ကို၊ အကြီးအကဲမင် က နင့်ကို ကာကွယ်ဖို့ ဆန္ဒ ရှိနေတာ၊ နင် သူ့အပေါ် လွှမ်းမိုးမှု ရှိရမယ်.. "

လျိုနင်ရွှမ်းမှာလည်း လုရီကို ကြည့်ရင်း စကားမပြောသော်ငြား.. သူမ၏ စူးစမ်းလိုစိတ်မှာလည်း ထက်သန်နေပါသည်။

-----------

အခန်း ၁၆၈-ဟင်းလင်းပြင် ဥမင် အဆင့်

ကာကွယ်စောင့်ရှောက်သူ...

~ လုရီသည် သူမတို့ သုံးယောက်၏ အမူအရာများရှိ စူးစမ်းချင်စိတ်ကို မြင်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောရင်း ရှင်းပြလာသည်။

"ကျွန်တော်.. အကြီးအကဲမင်ကို နှစ်တရာ ဝိဉာဉ်ခြင်ဆီ အစက် တစ်ထောင် ပေးခဲ့တာပါ"

ထိုစကားကို ကြားသောအခါ သုံးယောက်သား ခေတ္တ တိတ်ဆိတ်သွားကာ

လင်းလောင် တောင်ထိပ်သခင်မက အံ့အားသင့်ကာ ခေါင်းကုတ်လိုက်ရင်း

"မင်းမှာ နှစ်တရာ ဝိဉာဉ်ခြင်ဆီတွေ အများကြီး ရှိတာလား.."

လုရီက ပြုံးပြီး

"အရင်က အရှေ့ တောအုပ်အပျက်အစီးထဲက ရခဲ့တာပါ"

"မထူးဆန်းပါဘူး... သာမာန်အားဖြင့်၊ အကြီးအကဲမင် အဆင့်မတက်နိုင်ဘဲ၊ ဘာကြောင့် အကြီးအကဲမင် ဖြတ်ကျော်နိုင်ခဲ့လဲဆိုတာ ငါ နည်းနည်းတော့ အံ့ဩနေတာ။ အကြီးအကဲမင်ရဲ့ ဓားစိတ်ဆန္ဒနဲ့ နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီ အစက်တစ်ထောင်အကူအညီနဲ့ဆို အဆင့် ဖြတ်ကျော်နိုင်တာက ပုံမှန်ပဲ"

လင်းလောင် တောင်ထိပ်သခင်မက လောင် တောင်ထိပ်သခင်မက

မထိန်းနိုင်ဘဲ တအံ့တသြ သက်ပြင်းချလိုက်၏။

လုရီက ပြုံးပြီး တုံ့ပြန်သည်။

"အဲ့ဒါက အကြီးအကဲမင် ကိုယ်တိုင်က အစွမ်းထက်တဲ့အတွက် ဖြတ်ကျော်နိုင်ခဲ့တာလည်း ပါပါတယ်"

သူတို့လေးယောက် စကား တပြောပြောနှင့်လင်းလောင် တောင်ထိပ်သို့ ပြန်သွားကြသည် ။

လုရီသည် သူ့ကိုယ်ပိုင်ဂူအိမ်ကြီးသို့ ပြန်သွားပြီး ကျင့်ကြံခန်းထဲ ဝင်လိုက်ပြီးနောက် သူ့ဆုကြေးကို မစောင့်နိုင်တော့ပေ။

လေးနက်သော ဓားစိတ်ဆန္ဒနှင့် မိုးကြိုး၏ အသိသညာတို့သည် သူ့စိတ်ထဲတွင် ရောယှက်ကာ မြန်မြန်ဆန်ဆန် စုပ်ယူခံလိုက်ရ၏။

အကြီးအကဲမင်၏ ကောင်းကင်ဘုံ ဒုက္ခအတွင်း၊ သူ၏ ဓားစိတ်ဆန္ဒကို အကြီးအကဲမင်က ဆွဲထုတ်ခဲ့ပြီး ရုတ်ချည်းဉာဏ်အလင်း ရရှိခြင်းနှင့်အတူ ၎င်းသည် ခုနစ်ဆယ် ရာခိုင်နှုန်းခန့်အထိ တိုးတက်နေပြီ ဖြစ်သည်။ ဤအဆင့်တစ်ဝက်ကို ပေါင်းထည့်လိုက်ခြင်းဖြင့် လုရီ၏ ဓား

စိတ်ဆန္ဒသည် ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းတိုက်ရိုက် တိုးတက်လာသည်။

မဟာ အောင်မြင်မှု အဆင့် ဓားစိတ်ဆန္ဒကို အစစ်အမှန် ရရှိသော်ငြားလည်း ပြီးပြည့်စုံခြင်းနှင့် အနည်းငယ် အလှမ်းကွာနေသေး၏။

မိုးကြိုးစိတ်ဆန္ဒ အတွက် ကောင်းကင်ဘုံ ဒုက္ခကို ကြည့်ရှုခြင်းက တိုးတက်မှု အချို့ကို ပေးစွမ်းနိုင်သော်လည်း ဓားစိတ်ဆန္ဒကဲ့သို့ သိသာထင်ရှားခြင်း မရှိပေ။

ဤအဆင့်တစ်ဝက်ကို ပေါင်းထည့်ခြင်းဖြင့် ဓားစိတ်ဆန္ဒထက် အနည်းငယ်နည်းသော ခုနစ်ဆယ် ရာခိုင်နှုန်းမျှသာ ရောက်ရှိခဲ့၏။ သို့သော်လည်း အလုံးစုံ တိုးတက်မှုမှာ သိသိသာသာ ရှိနေဆဲ ဖြစ်သည်။

ထို့နောက် သူသည် ထိုဓားပုံစံ တစ်ခုနှင့် ပတ်သက်၍ နားလည်မှုကို ခိုင်မာအောင် ဆက်လက် လုပ်ဆောင်ခဲ့လေသည်။

၎င်းသည် သူကိုယ်တိုင် ဖန်တီးခဲ့သော ဓားစွမ်းရည် တစ်ခု ဖြစ်၏။ လောလောဆယ်တွင် ပုံစံ တစ်မျိုးတည်းသာ ရှိသော်လည်း အနာဂတ်တွင် ဒုတိယနှင့် တတိယပုံစံ ဖြစ်လာဦးမည်ကို လုရီ နားလည်ခဲ့သည်။

ဤပုံစံတစ်မျိုးတည်းသာ ဖြစ်လျှင်ပင်

လုရီ... အစစ်အမှန် နဂါး အကြေးခွံ၏ မွေးရာပါ ပုံစံများမှ နားလည် သဘောပေါက်ထားသော ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါး နည်းစနစ်ထက် စွမ်းအား မနိမ့်ကျဘဲ နတ်ဘုရား အသွင်ပြောင်း နယ်ပယ်သို့ ရောက်ရှိနိုင်သည်။

လုရီ၏ကိုယ်ပိုင် ဓားကျင့်ကြံမှု တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ၎င်းတွင် ချို့ယွင်းချက်အချို့နှင့် ကန့်သတ်ချက်များရှိနိုင်သော်လည်း၊ ၎င်းကို စဉ်ဆက်မပြတ် သန့်စင်ပေးနိုင်ခဲ့သည်။

အကြောင်းမူကား ဤသည်မှာ ကိုယ်တိုင်ဖန်တီးခဲ့သော ဓားတာအို စွမ်းရည်ဖြစ်၍ သူ့အတွက် အသင့်တော်ဆုံး ဖြစ်ပြီး ၎င်း၏ စွမ်းရည်ကို အကန့်အသတ်မရှိဟု ဖော်ပြနိုင်ပါသည်။

လုရီသည် ဤဓားစွမ်းရည် နည်းပညာကို ဒုက္ခဓားပုံစံ ဟု အမည်ပေးထားသည်။ ကောင်းကင်ဘုံ ဒုက္ခကို ကြည့်ရှုခြင်းဖြင့် ဖြစ်တည်သည့် ဓားပုံစံ ဖြစ်ပြီး မရေမတွက်နိုင်သော ဒုက္ခများကို ပျက်စီးခြင်း မရှိဘဲ ခံနိုင်ရည်ရှိနေသည်။

တစ်လအကြာတွင် သုန်းကုန်းမင်ယွဲ့က

မကြာမီတွင် ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်းသုံးဂိုဏ်း ဖလှယ်ပွဲအားကျင်းပတော့မည်..ဖလှယ်ပွဲတွင် ပါဝင်ရန် တိမ်ဖြူဂိုဏ်း၏ ပါရမီရှင်များကို ဖိတ်ကြားလာပြီ ဖြစ်ကြောင်း လုရီအား လာရောက်ပြောပြခဲ့သည်။

...

လုရီ၊သုန်းကုန်းမင်ယွဲ့ နှင့် လျိုနင်ရွှမ်းတို့ သုံးဦးစလုံးမှာ ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသောကြောင့် ထုံးစံအတိုင်း တက်ရောက်ကြမည် ဖြစ်သည်။

လျိုနင်ရွှမ်းသည် ချင်းကျိုး နယ်ပယ်ထက် သာလွန်သော ကောင်းကင်ဘုံမှ ဂုဏ်ယူရသည့် မိန်းကလေးဟုပင် သတ်မှတ်ခံရသူ ဖြစ်လေ၏။

သူတို့အပြင် လင်းလောင်တောင်ထိပ်မှ

စီနီယာ ညီအကို မောင်နှမ အများအပြား နှင့် အခြားသော တောင်ထိပ်မှ ညီအကို မောင်နှမ များလည်း အတူတူ သွားကြမည် ဖြစ်ပါသည်။

ထွက်ခွာသည့်နေ့တွင် ကျန့်ဖန်၊ပိုင်ယွီလုံနှင့် ထျဲ့မန် အပါအဝင် တပည့် တစ်ရာနီးပါး သွားရောက်ကြမည်ကို လုရီ တွေ့ရှိခဲ့သည်။

တပည့်များအပြင်၊ အခြေတည် ဝိဥာဉ်နယ်မြေ အကြီးအကဲများစွာနှင့် နတ်ဘုရား အသွင်ပြောင်း အကြီးအကဲ တစ်ဦးက အဖွဲ့အား ဦးဆောင်သည်။

နတ်ဘုရား အသွင်ပြောင်း အကြီးအကဲသည် အကြီးအကဲမင်၏ ကောင်းကင်ဘုံ ဒုက္ခအတွင်း လုရီ မြင်ဖူးခဲ့သော ချီလင်ဟု အမည်ရသည့် ကိုယ်လုံးကိုယ်ဖန် ကောင်းကောင်းနှင့် ထိပ်ပြောင် အကြီးအကဲတစ်ဦး ဖြစ်သည်။

လုရီကို ကာကွယ်ပေးမည်ဟု ကတိပြုထားသော အကြီးအကဲမင်လည်း လိုက်ပါခဲ့ပြီး လုရီကလည်း မငြင်းခဲ့ပေ။ နောက်ဆုံးတွင်၊ သူနှင့်အတူ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင်သူ့ဘေးကင်းရေးသည် အလွန်တိုးမြင့်လာပြီး လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိပါ။

လုရီ မျှော်လင့်ထားသည့်အတိုင်း အကြီးအကဲမင်သည် ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ ဖြတ်ကျော်သွားပြီးနောက်၊ အကြီးအကဲမင် နှင့် ဓားတာအို ဆွေးနွေးခြင်းမှ ရရှိသော ဆုကြေးများသည် သိသိသာသာ တိုးလာပြီး အလုပ်တစ်ခုပြီးမြောက်တိုင်း ဓားစိတ်ဆန္ဒမှာ ယခင်ကထက် ပိုမိုဉာဏ်အလင်း ရရှိလာခဲ့သည်။

ထို့အပြင်၊ အနီးနားရှိ အကြီးအကဲမင် ရှိလေရော လုရီသည် သူ အားလပ်ချိန်တိုင်းတွင် ဓား တာအိုအား အကြီးအကဲမင်နှင့် ဆွေးနွေးနိုင်သည်။ ထို့ကြောင့် သူ့ဓား အရှိန်အဟုန်သည် ယခင်ကနှင့် နှိုင်းယှဉ်၍ မရပေ။

...

သူတို့အဖွဲ့မှာ နင်ကောင်း ရှေးဟောင်းသင်္ဘောပေါ်တွင် ကောင်းကင်ယံ ငွေရောင်တိမ်စိုင်တိမ်လိပ်များကို တရိပ်ရိပ် ဖြတ်ကျော်၍ ပန်းတစ်သောင်း ဂိုဏ်းနယ်မြေဆီသို့ ချင်းနင်း ဝင်ရောက်လာကြပါပြီ။

နင်ကောင်း ရှေးဟောင်း သင်္ဘောပေါ်တွင် သုန်းကုန်းမင်ယွဲ့သည် ပျံသန်းရေး ယာဉ်ပျံ စီးနင်းဖူးသည်မှာ သူမ၏ ပထမဆုံး အကြိမ်အ ဖြစ်လေရာ.. စူးစမ်းစိတ်ဖြင့် ခုန်ပေါက်နေကာ နောက်ဆုံးတွင် လုရီနှင့် လျိုနင်ရွှမ်းတို့နှင့်အတူ အခြေချနေထိုင်ရန် ကပ်လျက် အခန်းများကို ရွေးချယ်ခဲ့သည်။

ပန်းတစ်သောင်းဂိုဏ်း၏ နယ်မြေသည် တိမ်ဖြူဂိုဏ်းနှင့် ကပ်လျက်ဖြစ်သော်လည်း အကွာအဝေးမှာ အလွန်ကျယ်ပြောနေသေးသဖြင့် ပန်းတစ်သောင်းဂိုဏ်းသို့ ရောက်ရန် လေးရက်ကြာ ပျံသန်းရန် လိုအပ်သည်။

ပန်းတစ်သောင်း ဂိုဏ်း တည်ရှိရာ နေရာသည် ရင်သပ်ရှုမောဖွယ် ကောင်းသော တောင်တန်းကြီး တစ်ခု ဖြစ်ပြီး မြင့်မားသော တောင်ထွတ်များသည်

ဘော်ငွေရောင် တိမ်စိုင်များကို ထိုးဖောက်ကာ တောင်ထွတ်များအား အဖြူရောင်

မြူထုတို့ ရစ်သိုင်းလျက် မသေမျိုးတို့ ဘုံအလားပင်။

ပန်းတစ်သောင်း ဂိုဏ်းသည် တောင်တန်းများအတွင်း အလွန်တရာ ကြီးမား ကျယ်ပြောသော တောင်ကြား တစ်ခု၌.. တည်ရှိ လေသည်။

ယခုအခါ..နင်ကောင်း ရှေးဟောင်းသင်္ဘောပေါ်မှ လှပသော အရောင်အသွေး စုံလင်လှသည့် ပန်းပွင့်တွေ အပြည့်နှင့် တောင်ကြားကို အပေါ်စီးမှ အုပ်မိုး၍ ရှုငေးနိုင်ပြီး ကောင်းကင်မှပင် သင်းပျံ့သော ပန်းရနံ့များ.. နှာခေါင်းဝသို့ ပွတ်သပ်ကျီစယ်လေသည်။

တောင်ကြားများနှင့် တောင်ထိပ်များကြားတွင် ရောင်စုံ ဂါဝန်ရှည်များ ဝတ်ဆင်ထားသော အမျိုးသမီး ကျင့်ကြံသူ အများအပြားသည် သူတို့၏ ဓားများ စီးနင်းကာ တိမ်ဖြူဂိုဏ်းမှ အမျိုးသား ကျင့်ကြံသူ အများအပြားတို့၏ အာရုံအား ဆွဲဆောင်လာခဲ့ကြ၏။

လုရီသည် ဖြူစင်သော ခပ်ချောချော ကောင်မလေး တစ်ဦး ပျံသန်းလာသည်ကို ကြည့်လိုက်ရသည်။ထိုစဉ် သူ့ဘေးမှ ထူးထူးခြားခြား အကြည့်တစ်ချက် ထွက်ပေါ်လာ၏။

မသိုးမသန့်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်တော့ သုန်းကုန်းမင်ယွဲ့က သူ့ကို မျက်လုံး

ပြူး၍ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

လုရီက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။

"ဂျူနီယာ ညီမလေး၊ ဘာကိစ္စ ရှိလို့လဲ"

"ဟွန့်..ပန်းတစ်သောင်းဂိုဏ်းက ဒီအမျိုးသမီး ကျင့်ကြံသူတွေက အတော် ကြီးမြတ်ပုံပဲ.. နင့်ရဲ့စိတ်ဝိညာဉ်တောင် သူတို့နဲ့ ကပ်ပါသွားတော့မယ်"

သုန်းကုန်းမင်ယွဲ့က မကျေမနပ်ဟန် နှုတ်ခမ်းစူလိုက်၏။

ခဏလောက် စဉ်းစားပြီးနောက် လုရီသည် သုန်းကုန်းမင်ယွဲ့အား စူးစူးစိုက်စိုက်ကြည့်‌လာသည်။ သုန်းကုန်းမင်ယွဲ့သည်

ချက်ချင်း...မျက်နှာ နီရဲသွားကာ

"စီနီယာအစ်ကို၊ ဘာလို့ ငါ့ကို ဒီလို စိုက်ကြည့်နေတာလဲ"

လုရီက ပြုံးပြီး...

"ငါ ဒီအတိုင်းပဲ ကြည့်လိုက်တာပါ၊ တကယ်တော့ ပန်းတစ်သောင်းဂိုဏ်းက

မသေမျိုး ကောင်မလေးတွေက ငါ့ဂျူနီယာညီမလောက် မလှဘူး"

လုရီ စကားအား ကြားလိုက်ရသောအခါသုန်းကုန်းမင်ယွဲ့၏ မျက်နှာသည် ပို၍ပင်

ရှက်သွေးရဲလာသော်လည်း သူမ၏ မျက်လုံးများက လခြမ်းလေးများ ဖြစ်တည်ကာ လက်နှစ်ဖက်ဖြင့် ဂုဏ်ယူစွာ ခါးထောက်ရင်း

"ခစ်ခစ်..ငါက သဘာဝအတိုင်း အလှတရားတစ်ခုပဲ!"

အနားမှာ ရပ်နေသည့် လျိုနင်ရွှမ်းက နူးညံ့စွာ ပြုံးကာ လုရီကို ကြည့်လိုက်ပြီး

" ဂျူနီယာ မောင်လေး.. ပန်းတစ်သောင်းဂိုဏ်းမှာ တာအို လက်တွဲဖော် ရှာပါလား။ ပန်းတစ်သောင်းဂိုဏ်းရဲ့ အမျိုးသမီး ကျင့်ကြံသူ တော်တော်များများမှာ တော်တော်လေး ကောင်းမွန်တဲ့ တူနှစ်ကိုယ် ကျင့်စဉ်တွေ ရှိတယ်လို့ ငါ ကြားဖူးတယ်၊ တာအို လက်တွဲဖော်အတွက် ရွေးချယ်မှုကောင်း ဖြစ်မယ်..."

------------------

All Chapters