အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
အခန်း ၁၆၉-ဟင်းလင်းပြင် ဥမင် အဆင့်
ကာကွယ်စောင့်ရှောက်သူ...
~ ..ဟင့်အင်း..ဖြစ်နိုင်ရင် မင်းကို ငါ့ရဲ့
တာအိုလက်တွဲဖော်လေး ဖြစ်အောင် အတူတူ ကျင့်ကြံချင်တာကွ..
လုရီသည် လျိုနင်ရွှမ်းကို အပြုံးဖြင့်
မကြည့်မီ သူ့စိတ်ထဲတွင် ထိုသို့ မကျေမနပ် ရေရွတ်လိုက်၏။
"အစ်မတောင် တာအိုလက်တွဲဖော် မတွေ့သေးဘူး.. ဒီဂျူနီယာလေးက ဘယ်လို တွေ့ပါဦးမလဲ။"
ထိုအခါ လျိုနင်ရွှမ်း၏ ခပ်ဖျော့ဖျော့အပြုံးသည် တင်းမာလာပြီး လုရီကို တစ်ချက် ကြည့်ကာ စကားမပြောတော့ပါ။
သူတို့သုံးယောက် စကားပြောနေစဉ်တွင် ပန်းတစ်သောင်း ဂိုဏ်း အဖွဲ့သည် ရှေးဟောင်းသင်္ဘောဆီသို့ ပျံသန်းလာကြသည်။
ခေါင်းဆောင်အမျိုးသမီးသည် အထက်တန်းကျသော အသွင်အပြင်ဖြင့် လှပသူ ဖြစ်သည်။ သူမ၏ အနက်ရောင်ဆံပင်ကို မဟာဆန်ဆန် ထုံးဖွဲ့ထားပြီး အဖြူဆွတ်ဆွတ် နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားကာ သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်ခံ မှဲ့လေး တစ်ပွင့် ရှိသည်။
ထိုလှပသော အမျိုးသမီး၏ ဘေးတွင်
ယွင်ရှီးနှင့် လူလတ်ပိုင်းအမျိုးသမီးကျင့်ကြံသူ.. သက်ကြီးပိုင်းအမျိုးသမီး ကျင့်ကြံသူ အများအပြားနှင့် အတူ ပန်းတစ်သောင်းဂိုဏ်းမှ နူးညံ့သိမ်မွေ့သော မိန်းကလေးငယ် အချို့လည်း ပါလာသည်။
နင်ကောင်း ရှေးဟောင်းသင်္ဘောပေါ်သို့
လူတိုင်း ရောက်လာကြစဉ် အကြီးအကဲ
ချီလင်က နှုတ်ဆက်စကား ဆိုလိုက်၏။
"ဂိုဏ်းခေါင်းဆောင် ဟွား၊ မတွေ့ရတာ
ကြာပြီ နော်"
လုရီသည် အတန်ငယ် အံ့သြသွားပြီး
အုပ်စုကို ခေါင်းဆောင်လာသူမှာ
ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်သည်ကို သိလိုက်ရသဖြင့် အမျိုးသမီးကို တစ်ချက် ကြည့်လိုက်သည်။
ဂိုဏ်းခေါင်းဆောင် ဟွားက အနည်းငယ် နူးညံ့စွာ ပြုံးပြပြီး
"ဟုတ်ပါရဲ့...တာအိုရောင်းရင်း ချီလင်၊ ကျွန်မတို့ နောက်ဆုံး ဆုံတွေ့ခဲ့တာ နှစ်ပေါင်းရာချီနေပြီ မဟုတ်လား"
သူမ၏ အကြည့်များက လူအုပ်ကို လွှမ်းခြုံသွားပြီးနောက် လုရီ၊လျိုနင်ရွှမ်းနှင့် အကြီးအကဲမင်တို့ကို ကြည့်ပြီး နောက်ဆုံးတွင် လုရီအပေါ်မှာ ကျရောက်လာ
သည်။
နူးညံ့သိမ်မွေ့သော အပြုံးဖြင့် သူမက
ပြောလာ၏။
"ဒါဆို ဒါက တိမ်ဖြူဂိုဏ်းက လုရီလား... တကယ်ကို ထင်ရှားတဲ့ လူငယ် တစ်ယောက်ပဲ..."
လုရီက အလျင်အမြန် ဦးညွတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်ဟွားကို နှုတ်ခွန်းဆက်ပါတယ်"
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ အရမ်းတော်တဲ့ ကလေး၊ မင်းနဲ့
ယွင်ရှီးက သူငယ်ချင်းကောင်းတွေပဲ၊ ငါ့ကို အဘွားဟွားလို့ပဲ ခေါ်ပါ..."
ဂိုဏ်းခေါင်းဆောင်ဟွားက သူမ၏ စကားဖြင့် နွေးထွေးမှုနှင့် ဖော်ရွေမှုတို့ကို ပြသခဲ့သည်။
လုရီသည် ထိုအခေါ်အဝေါ်ကြောင့် အနည်းငယ် ထိမိသွားသည်။
သူသည် သူ့ဘေးနားရှိ ယွင်ရှီးကို စိုက်ကြည့်ပြီးနောက်
"အဘွားဟွားကို နှုတ်ခွန်းဆက်ပါတယ်ဗျာ" ဟု ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
ဂိုဏ်း ခေါင်းဆောင်ဟွားက ခေါင်းညိတ်ပြပြီး အကြီးအကဲမင်ဘက် လှည့်ကာ..
"သူ့ဓားကို နှစ်ရာနဲ့ချီပြီး ချိတ်ပိတ်ထားတဲ့ စီနီယာ နန်လော့မင်က ဟင်းလင်းပြင်ဥမင် နယ်မြေကို မယုံနိုင်လောက်အောင် တိုးတက်လာတယ်လို့ ကြားခဲ့ပါတယ်။ ဒီနေ့ မြင်လိုက်ရတော့ အကြီးအကဲမင်ရဲ့ တည်ရှိမှုက ချောက်ကမ်းပါး တစ်ခုလို လေးနက်တယ်၊ကျွန်မ တကယ်ကို လေးစားမိပါတယ်.."
အကြီးအကဲမင်က တစ်ချက် ရယ်ပြီး ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင် ဟွား ရဲ့ စွမ်းအားက တနေ့ထက်တနေ့ ပိုနက်ရှိုင်းလာတယ်၊ အနာဂတ်မှာ မင်းလည်း ဟင်းလင်းပြင်ဥမင် နယ်ပယ်ကို ချိုးဖျက်ဖို့ မျှော်လင့်ချက်မရှိတာမျိုး မဟုတ်ဘူး"
ဂိုဏ်းခေါင်းဆောင် ဟွား တခစ်ခစ်ရယ်ကာ ခေါင်းယမ်းသည်။
"ကျွန်မရဲ့ အလားအလာက ဝေးပါတယ်၊ အနာဂတ်ဟာ နောင်လာနောက်သားတွေအပေါ် မူတည်တာပေါ့...မိန်းကလေးလျိုနင်ရွှမ်း လည်း ဒီကို ရောက်နေပြီ၊ သူ့ရဲ့ အရည်အချင်းတွေနဲ့ သူ ဟင်းလင်းပြင်ဥမင် နယ်ပယ်ကို သေချာပေါက် ရောက်မှာပါ၊ ပေါင်းစည်းခြင်းနယ်ပယ် ဒါမှမဟုတ် မဟာယာန နယ်ပယ်တောင် တက်လှမ်းနိုင်ပါဦးမယ်ရှင်... တိမ်ဖြူဂိုဏ်းက တကယ့်ကို ကံကြမ္မာကောင်းရှိတာပဲ။"
လျိုနင်ရွှမ်းက ဂိုဏ်းခေါင်းတောင် ဟွားကို အနည်းငယ် ဦးညွှတ်ပြီး သူမမျက်နှာက တည်ငြိမ်ပြီး ရိုကျိုးကာ "ဂိုဏ်းခေါင်းဆောင် ဟွားကို နှုတ်ခွန်းဆက်ပါတယ်ရှင်" ဟု ပြောလိုက်ပါတော့သည်။
အကြီးအကဲမင်က ရယ်မောရင်း
"မင်းရဲ့ ပန်းတစ်သောင်းဂိုဏ်းက မိတ်ဆွေလေး ယွင်ရှီးမှာလည်း ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်၊ သူက ပန်းတစ်သောင်းဂိုဏ်းကို အနာဂတ်မှာ ပိုမြင့်မားစေမှာ သေချာတယ်"
"ဟားဟားဟား၊ စီနီယာရဲ့ ကောင်းမြတ်တဲ့စကားတွေအတိုင်း ပြည့်စုံပါရစေရှင်.. ကျေးဇူးပြုပြီး ကြွပါ.. ကျွန်မတို့ရဲ့ လေးစားအပ်တဲ့ တိမ်ဖြူဂိုဏ်းက ဧည့်သည်တွေကို ဧည့်ရိပ်သာဆီ ခေါ်သွားပေးပါမယ်" ဟုဂိုဏ်းခေါင်းဆောင်ဟွားက ပြောလိုက်ပါသည်။
နင်ကောင်း ရှေးဟောင်းသင်္ဘောပေါ်မှ ဆင်းသက်လာပြီးနောက် လူတိုင်းသည် ဂိုဏ်းခေါင်းဆောင်ဟွားနှင့်အတူ ပန်း
တစ်သောင်းဂိုဏ်း ဌာနချုပ်သို့ လိုက်သွားကြပါ၏။
ဂိုဏ်းခေါင်းဆောင်ဟွား၏နောက်တွင် ချစ်စရာကောင်းသော ပန်းတစ်သောင်းဂိုဏ်းမှ တပည့်မလေးများ အုပ်စုသည် တိမ်ဖြူဂိုဏ်းမှ လူများကို မကြာခဏ စိုက်ကြည့်နေကြသည်။ တပည့်မလေး အများအပြားသည် လုရီအား ရံဖန်ရံခါ ခိုးကြည့်ကြပြီး ခေါင်းငုံ့လိုက်ရင်း အချင်းချင်း တိုးတိုးတိတ်တိတ်.. တွတ်ထိုးကြကာ ရံဖန်ရံခါ ရှက်ရွံ့သဖြင့် တခစ်ခစ် ရယ်တတ် ကြသည်။
လုရီသည် သူတို့၏ အကြည့်များကြောင့် ရှက်ရွံ့နေကာ သူ့ဘေးရှိ ပိုင်ယွီလုံမှာမူ အားကျမှုအပြည့်ဖြင့် မျက်လုံးများ ကြေကွဲနေကာ ငိုမဲ့မဲ့ ပြောသည်။
"အင်း၊ ပန်းတစ်ထောင်ဂိုဏ်းက တပည့်မလေးတွေက ဂျူနီယာ ညီလေးလုအတွက်သာ မျက်လုံးတွေ ပါကြတာပဲ.."
ပိုင်ယွီလုံ အနီးနားရှိ အခြားသော တပည့်များကလည်း အလားတူ ကူကယ်ရာမဲ့ ဖြစ်နေသည်။
ယွင်ရှီးက လုရီအနားကို ချဉ်းကပ်ကာ ပြုံးပြီး
"တာအိုရောင်းရင်း လုရီ၊ ငါတို့ မတွေ့တာ ကြာပြီ၊ နင်ရော အဆင်ပြေရဲ့လား
ချက်ချင်းပင် သုန်းကုန်းမင်ယွဲ့က
လုရီအား သူမလက်ဖြင့် ကာကွယ်ပြီး
ယွင်ရှီးကို သတိထားသည့်ဟန်ဖြင့်
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
ယွင်ရှီးက သုန်းကုန်းမင်ယွဲ့ကို
အလေးအနက် ကြည့်လိုက်ပြီး ပြန်ဖြေသည်။
"ငါ.. တာအို ရောင်းရင်းလုရီကို မတွေ့ရတာ ကြာပြီ၊ငါ သူ့ကို လွမ်းတယ်၊ ဒါကြောင့် စကားပြောဖို့ လာခဲ့တာပေါ့.."
ဒါကိုကြားတော့ သုန်းကုန်းမင်ယွဲ့က မျက်နှာထား စူပုပ်ကာ စူးရှရှ ပြန်အော်လေတော့သည်။
"ငါ့အစ်ကိုကြီးကို လွမ်းဖို့ ဘယ်သူက ခိုင်းလို့လဲ။"
ထိုအခါမှာတော့ ပိုင်ယွီလုံ၏ မျက်လုံးများသည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေကာ ပို၍ပင် စိမ်းလန်းလာသည်။
အခြားသော တပည့်များပင်လျှင် သူတို့၏ အမူအရာ ရှုပ်ထွေးနေကာ လုရီကို လှည့်ကြည့်လာကြသည်။
သို့သော် လုရီသည် ယွင်ရှီး၏ သဘောသဘာဝကို ကောင်းစွာသိသောကြောင့် ငြိမ်သက်သွားခဲ့သည်။
ဤ 'လွမ်းတယ်' ဟူသော စကားသည် အခြားအဓိပ္ပာယ် မရှိသော သူငယ်ချင်းလို လွမ်းတာမျိုး ဖြစ်နိုင်သည်။
အလေးအနက် မျက်နှာထားဖြင့်ပင် ယွင်ရှီး က သုန်းကုန်းမင်ယွဲ့အား ပြန်ပြောလာသည်။
"ငါပဲ သူ့ကို လွမ်းတာလေ၊ တခြားဘယ်သူမှ မခိုင်းဘူး"
သုန်းကုန်းမင်ယွဲ့ အံ့ဩသွားပြီး "???"
ယွင်ရှီး၏ ထက်သန်သော အမူအရာနှင့် ရင်ဆိုင်ရသောအခါ သူမ အနည်းငယ် စိတ်တိုသွားသည် ။
လျိုနင်ရွှမ်းသည် သူမ၏ အေးစက်သော မျက်နှာပေါ်တွင် အံ့သြတကြီးနှင့် စူးစမ်းချင်စိတ် အရိပ်အမြွက်လေး ဖြတ်ပြေးသွားပြီး အတည်ပေါက်မျက်နှာထားနှင့် ယွင်ရှီးကို တစ်ချက် ကြည့်လိုက်ပြီးနောက်
တစ်ဖန်.. လုရီအား ကြည့်ပြန်ကာ ပြုံးလျက် လျှို့ဝှက်အသံ ပေးပို့လာ၏။
"ဒီ တာအို ရောင်းရင်း ယွင်ရှီးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ဂျူနီယာ မောင်လေးရဲ့ အချစ်ကံက မဆိုးဘူးနော်။"
လုရီ၏နှုတ်ခမ်း တစ်ချက်တွန့်သွားကာ လျိုနင်ရွှမ်းကို ကြည့်ရင်း ပြန်လည်၍ လျှို့ဝှက်အသံ ပေးပို့လိုက်သည်။
"အစ်မ..အထင်မှားနေပြီပဲ၊ တာအို
ရောင်းရင်းယွင်ရှီးက ဖြူစင်ပါတယ်၊ သူက ကျွန်တော်ကို သူငယ်ချင်းကောင်းလို့ပဲ မှတ်တယ်၊ ဒါပါပဲဗျ"
လျိုနင်ရွှမ်းက တိုးတိုးလေး ရယ်နေပေမယ့် အကြောင်းမပြန်တော့ပေ။
သူတို့အဖွဲ့ စကားပြောနေစဉ် မကြာမီပင် ပန်းတစ်သောင်းဂိုဏ်း၏ တောင်ကြားအနက်ပိုင်းရှိ နန်းဆောင်များဆီသို့ ရောက်ရှိလာကြပြီး တိမ်ဖြူဂိုဏ်း၏ တည်းခိုရာနေရာသို့ ဆက်လက် ရောက်ရှိသွားကြပါသည်။
၎င်းတို့ကို ထိုနေရာသို့ ပို့ဆောင်ပြီးနောက် ဂိုဏ်းခေါင်းဆောင် ဟွားသည် ချီလင် နှင့် အခြေတည် ဝိညာဉ်အကြီးအကဲအချို့နှင့်အတူ ထွက်ခွာသွားခဲ့ပြီး ပန်းတစ်သောင်းဂိုဏ်း၏ တပည့်မလေးများနှင့် တိမ်ဖြူဂိုဏ်းမှ တပည့်များအား အချင်းချင်း မိတ်ဖွဲ့စေဖို့ ထားခဲ့လေသည်။
ယွင်ရှီး၏ လမ်းညွှန်မှုအောက်တွင် လုရီ သည် သူ့အတွက် အခန်းတစ်ခန်းကို ရှာတွေ့ပြီးနောက် ယွင်ရှီးက ပြုံးကာ ပြောလာသည်။
" ငါတို့ ပန်းတစ်သောင်းဂိုဏ်းရဲ့ ခရမ်းရောင် လုအို ပန်းပင်လယ်က.. အံ့မခန်း လှတယ်နော်..၊ တာအိုရောင်းရင်းလုရီ ..နင် ငါနဲ့ လိုက်ကြည့်ချင်လား.."
လုရီပင် မတုံ့ပြန်နိုင်မီ သုန်းကုန်းမင်ယွဲ့က ကြားဖြတ် ဝင်ပြောသည်။
"ငါ..ငါလည်း လိုက်ချင်တယ်!"
ယွင်ရှီး က စိတ်ရှုပ်စွာဖြင့် ခေါင်းငဲ့ကြည့်လိုက်ပြီး
"တာအို ရောင်းရင်းသုန်းကုန်း၊ နင် ငါ့ကို သဘောမကျဘူးလေ၊ ငါနဲ့ ဘာလို့ လိုက်ချင်တာလဲ"
သုန်းကုန်းမင်ယွဲ့၏အမူအရာမှာ မည်းမှောင်သွားပြီး ယွင်ရှီးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ မကျေမနပ်ဆိုသည်။
"ငါ.. အစ်ကိုကြီးနဲ့ လိုက်မှာပဲဟာ!"
ဒါကိုမြင်တော့ ယွင်ရှီးက ခေါင်းညိတ်ပြီး "ကောင်းပြီ လေ"
သုန်းကုန်းမင်ယွဲ့က ယွင်ရှီးအား သဘောတူလိုက်တာကို မြင်တော့လုရီ ခေါင်းညိတ်ပြီး
"ဒါဆို သွားကြရအောင်"
အမှန်တော့၊ သူသည် ယွင်ရှီး နှင့် လက်ရည်ဖလှယ်ရန် စိတ်ကူးထားသော်လည်း ရောက် ပြီးပြီးချင်း စက္ကန့်မဆိုင်း တိုက်ခိုက်ဖို့ရန် ပင်ပန်းလွန်းနေမည်။
သူတို့ ဒီမှာ ခဏလောက် နေထိုင်ကြဦးမည် ဖြစ်ရာ အလျင်စလို မဖြစ်ခဲ့ပါပေ။
ပန်းတစ်သောင်းဂိုဏ်း၏ ရှုခင်းတွေက လှလွန်းသည်။ လမ်းလျှောက်ထွက်ရလျှင် ကောင်းပါသည်။
ထိုအချိန်တွင် လုရီ သူ့ကိုယ်သူ ကြုံးဝါးလိုက်သည်။
..ငါ ယွင်ရှီးနဲ့ ခရမ်းရောင် လုအို ပန်းပင်လယ်ကို သွားလည်မယ်..
ဂိမ်းစနစ် မျက်နှာပြင်ပေါ်တွင် တောက်ပသောစာသားများ ပေါ်ထွက်လာတော့သည်။
လုရီက ၎င်းကို ကြည့်လိုက်တော့ ဆုကြေးတွေက အတော် ရက်ရောနေသည့်အတွက် သူ့အမူအရာ အံ့အားသင့်သွားလေသည်။
------------
အခန်း၁၇၀- ရွှေအူတိုင် နယ်ပယ်သို့ အဆင့်ချိုးဖျက် ဝင်ရောက်ခြင်း...
~[အလုပ်]
ယွင်ရှီးနှင့်အတူ ခရမ်းရောင် လုအို ပန်းပင်လယ်ကို သွားလည်ပါ။
ဆုကြေး- အခြေတည် ဝိညာဉ် အဆင့်'အစိမ်းရောင် သစ်သား အသွင်ပြောင်းစွမ်းရည်'၊ နှစ်တစ်ရာ ဝိညာဉ် ခြင်ဆီ
ဆယ်စက်။
အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
...
...အလို.. အခြေတည် ဝိညာဉ် အဆင့် စွမ်းရည် ဖြစ်ဖို့ မမျှော်လင့်ထားမိဘူး၊ ဒါ့အပြင်
နှစ်တရာ ဝိဉာဉ် ခြင်ဆီ ဆယ်စက် အပြည့်တဲ့လား။
..ဒါက ယွင်ရှီးနဲ့ လေ့ကျင့်တဲ့ ဆုတွေထက် အများကြီး ပိုတန်ဖိုးရှိတာပဲ။
လုရီ တစ်ယောက် ထိုအလုပ်ကို ပျော်ပျော််ကြီး လက်ခံလိုက်တော့၏။
လုရီ သည် သူ့ဘေးနားရှိ လျိုနင်ရွှမ်းကိုကြည့်ရန် ခေါင်းလှည့်၍ ပြုံးကာ
"စီနီယာအစ်မ၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ချင်လား"
လျိုနင်ရွှမ်း ခဏလောက်တွေးပြီး ခေါင်းညိတ်ပြသည်။
" အင်း...ပန်းတစ်သောင်းဂိုဏ်းရဲ့ ခရမ်းရောင် လုအို ပန်းပင်လယ်ဟာ
ချင်းကျိုးရဲ့ အံ့ဖွယ်တွေထဲက တစ်ခုလို့ ကြားဖူးတယ်။ ဒီကို ရောက်တုန်းရောက်ခိုက်..လုအို ပန်းပင်လယ်ကို မြင်ဖူးချင်တယ်..."
ထို့ကြောင့် သူတို့လေးယောက်သည်
ယွင်ရှီး၏ ဦးဆောင်မှုအောက်တွင် ခရမ်းရောင် လုအို ပန်းပင်လယ်ဆီသို့ ဦးတည်သွားကြသည်။
ခရမ်းရောင်လုအို ပန်းပင်လယ်သည် ပန်းတစ်သောင်းဂိုဏ်း၏ တောင်ကြားအတွင်း နက်ရှိုင်းသော နေရာတွင် တည်ရှိသည်။
ခရမ်းရောင် လုအို ပန်းများသည် တောင်ကြားတစ်လျှောက်တွင် ပင်လယ်ကြီးလို မျက်စိတဆုံး.. ပွင့်နေပြီး အဝေးက တောင်တန်းများအား ခရမ်းရောင် တောက်တောက်ဖြင့် အဆက်မပြတ် ဖုံးလွှမ်းစေ၍.. အလွန်ပင် မျက်စိပသာဒ ရှိလှသည်။
ပန်းတစ်သောင်းဂိုဏ်းမှ တပည့်မလေးအများအပြားသည် ပန်းများကို နှစ်ယောက်တစ်တွဲ သို့မဟုတ် အုပ်စုလိုက် ထိုင်ကာ ထူးခြားသာယာသော ပတ်ဝန်းကျင်တွင် သိုင်းပညာအကြောင်း ဆွေးနွေးနေကြသည်။
ယွင်ရှီးကို မြင်သောအခါတွင် တပည့်မလေး အနည်းငယ်သည် လှမ်းကြည့်လိုက်ရာ သူမ ဘေးတွင် ရှိနေသည့် လုရီအား သတိထားမိသွားတော့ သူမတို့၏မျက်နှာထက်ဝယ် အံ့သြသွားသည့် အမူအရာများ ပေါ်လာသည်။ သူမတို့ အချင်းချင်း တွတ်ထိုးကြပြန်ပြီး တစ်ချို့က လုရီကို မှတ်မိကြသလို ကြည့်ရင်း မျက်လုံးတွေ တောက်ပလာကြသည်။
ယွင်ရှီးသည် ဤအရာ အားလုံးကိုလျစ်လျူရှုနေပြီး လုရီအား ခရမ်းရောင်
လုအို ပန်းပင်လယ်၏ မူလဇစ်မြစ်ကို မိတ်ဆက်ပေးရင်း ပြုံးနေခဲ့သည်။
သူမ မိတ်ဆက်စကားအရ..ပန်းတစ်သောင်းဂိုဏ်းကို တည်ထောင်သူသည် မတော်တဆမှုတစ်ခုတွင် သူမ ချစ်မြတ်နိုးရသူကို ဆုံးရှုံးခဲ့ရပြီး ပြုပြင်မွမ်းမံရန် ကွဲအက်သွားသော နှလုံးသား တစ်ခုနှင့်အတူ..ကျင့်ကြံခြင်း လမ်းစဉ်အား လိုက်စားရန် ဆန္ဒ မရှိတော့ကြောင်း အဆို ရှိသည်။ တည်ထောင်သူသည် သူမ၏ ကျန်ရှိသော နေ့ရက်များကို ကုန်ဆုံးရန် ဤတွင် ပန်းတစ်သောင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။
သူမ ချစ်ရသူက ခရမ်းရောင် လုအို ပန်းအား အနှစ်သက်ဆုံးဖြစ်၍ သူမသည် လုအို ပန်းလေးများအား စိုက်ခင်းကို ကိုယ်တိုင်ကိုယ်ကျ စိုက်ပြီး နှစ်တိုင်း လုံ့လစိုက် ပြုစုလေသည်။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မူကားကျယ်ပြန့်သော ပန်းပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဂိုဏ်းတည်ထောင်သူ မကွယ်လွန်မီက သူမသည် ဂိုဏ်းခေါင်းဆောင်အား ယနေ့တိုင် ထိန်းသိမ်းထားသည့် ဤပန်းပင်လယ်ကြီးကို ဆက်လက် ပြုစု စောင့်ရှောက်ရန် မှာကြားခဲ့သည်။
ယွင်ရှီးသည် သူမ၏ နောက်ကျောမှာ လက်နှစ်ဖက် ပစ်ကာ ပန်းပင်လယ်ပြင်ကို ဖြတ်လျှောက်လာရင်း ပေါ့ပါးသော အသံထွက် ပေါ်လာသည်။
"တည်ထောင်သူနဲ့ သူ ချစ်ရတဲ့သူကို ဒီပန်းပင်ပင်လယ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတယ်။ အသက်ရှင်နေတုန်းမှာ အတူတူ အချိန်မကုန်ဆုံးနိုင်ခဲ့တဲ့အတွက် သေဆုံးသွားတဲ့အခါမှာ တည်ထောင်သူဟာ သူတို့ရဲ့ အုတ်ဂူတွေကို ယှဉ်တွဲပြီးထားစေချင်ခဲ့တယ်"
သုန်းကုန်းမင်ယွဲ့က သူတို့ဘေးမှာ ရှိနေပြီး သူမ၏ မျက်လုံးတွေ နီရဲနေကာ မျက်ရည်တွေနှင့် အဆက်မပြတ် ငိုရှိုက်ရင်း
"နင်က လူကောင်းတစ်ယောက် မဟုတ်ပေမယ့် နင့်ရဲ့ ပန်းတစ်သောင်း ဂိုဏ်းတည်ထောင်သူရဲ့ အချစ်ဇာတ်လမ်းကတော့ တကယ့်ကို ကြည်နူးစရာပဲ"
လျိုနင်ရွှမ်း၏ အကြည့်သည် ပန်းပင်လယ်ပြင်ကို လွှမ်းခြုံသွားပြီး ပင့်သက်အနည်းငယ်ချသည်။
"ပန်းတစ်သောင်းဂိုဏ်းကို တည်ထောင်သူဟာ အမှန်တကယ်စိတ်ကူးယဉ်ဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ.."
လုရီလည်း တုန်လှုပ်သွားသည်။ သူ၏ ယခင်ဘဝရှိ ကွဲလွဲချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
တကယ်တော့ ဆက်ဆံရေးကို အလေးအနက်ထားလေ့ မရှိသောကြောင့် လူအများစုတို့သည် တဒဂ် ဆက်သွယ်မှုများ၌သာ အာရုံ ထက်သန်ကြ၏။ဆိုရှယ်အက်ပလီကေးရှင်းများ ရေပန်းစားလာကာ မိတ်ဆွေဖွဲ့ရန် ကုန်ကျစရိတ် အလွန်နည်းသောကြောင့် ဖြစ်သည်။ တစ်ညတာ ဇယား(one night stand)များက ရိုးနေပြီ ဖြစ်၏။
လုရီ ကောလိပ်တုန်းက အခန်းဖော် တစ်ဦးရှိပြီး ထိုလူက တစ်ပတ်အတွင်း မတူညီသော မိန်းကလေး ငါးဦးကို ခေါ်လာတတ်ကာ
နှစ်ရက်ကြာ အနားယူတတ်သည်။
လုရီသည် အစပိုင်းတွင် မနာလိုသော်လည်း ထိုအခန်းဖော်နှင့် စကားပြောပြီးနောက် ထုံကျင်သွားသည်ဟု ထိုသူက ရင်ဖွင့်လာသည်။ ထိုနေ့တွင် သူနှင့် အတူ အိပ်သည့်တိုင် ကောင်မလေးကို အလွယ်တကူ ဆွဲဆောင်နိုင်သော်လည်း သူ့နှလုံးသားက မတုန်လှုပ်ဘဲ အနည်းငယ်မျှသော ခံစားချက် အပိုင်းအစလေးပင် မရှိခဲ့ပေ။ ခံစားချက် ကင်းမဲ့သည့် တိရိစ္ဆာန်တစ်ကောင်လို လန်းဆန်းမှုနှင့် စိတ်လှုပ်ရှားမှုတွေကို ထာဝစဉ် လိုက်စားနေသည်က ပုံမှန် အလုပ်တစ်ခုလို ဖြစ်နေသည်။ ညတိုင်း ရမ္မက် ပျောက်ကွယ်သွားပြီးနောက်မှာ အထူး ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရ၍ သူ့ကိုယ်သူ မုန်းတီးနေမိသည် ဟူ၍..ထိုသူက ရင်ဖွင့်လေသည်။
"ဒီတစ်သက်မှာ အချစ်ဆိုတာ ငါ ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။ ငါ့နှလုံးသားက သေသွားပြီ" ဟု ထိုအခန်းဖော်က ဆိုပါသည်။
လုရီသည် သူ့အခန်းဖော်၏ စကားကို ပထမဆုံးကြားလိုက်သောအခါတွင် ထိုသူ ကြွားဝါနေသည်ဟု ထင်ရသော်လည်း ယခု ပန်းတစ်သောင်း ဂိုဏ်းတည်ထောင်သူ၏ ဇာတ်လမ်းကို ကြားလိုက်ရသောအခါ သူ့အခန်းဖော်၏ စကားကို ပြန်တွေးမိသွားပြီး သူ့ရင်ထဲတွင် လှုပ်လှုပ်ရှားရှား တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။
ဘယ်ဟာက ပိုကောင်းသည် ဆိုးသည်
ပြောဖို့ခက်ပေမယ့် ပန်းတစ်သောင်းဂိုဏ်းကို တည်ထောင်သူ၏ နက်ရှိုင်းသော ခံစားချက်များက သူ့အား ပိုပြီး ထိတ်လန့်စေပါသည်။
လုရီသည် တိုးတိုးလေး ရယ်မောပြီး သက်ပြင်းချကာ သူ့ယခင်ကမ္ဘာက ကဗျာ စာပိုဒ်တစ်ပိုဒ်ကို ရေရွတ်လိုက် လေသည်။
"ကမ္ဘာကြီးကို မေးကြည့်တယ်.. အချစ်ဆိုတာ ဘာလဲ၊ ဘဝနဲ့ သေခြင်းတရားကို
တစ်ယောက်နဲ့ တစ်ယောက် ကတိပေးတတ်ဖို့ တစ်ခုတည်းပဲတဲ့.."
ထိုစကားကို ကြားသောအခါ
သုန်းကုန်းမင်ယွဲ့၊ လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့အားလုံး ခေတ္တရပ်ကာ လုရီကို အံ့သြစွာကြည့်ကာ သူတို့၏ မျက်လုံးများသည် အမျိုးမျိုးသော ခံစားချက်များကို သယ်ဆောင်လာကြသည်။
လုရီသည် လေထုသည် အနည်းငယ် ကသိကအောက် ဖြစ်သွားသည်ကို သတိပြုမိပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ သူတို့ သုံးယောက်လုံး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
လုရီက အံ့ဩသွားပြီး
"ဘာဖြစ်လို့လဲ..."
သုံးယောက်သား ပြန်လည် အသိဝင်လာကြသည်။
သုန်းကုန်းမင်ယွဲ့၏ ပါးပြင်သည် အနည်းငယ် နီမြန်းလာပြီး လုရီ၏ အကြည့်ကို ရှောင်လွှဲကာ ပြောဆိုလိုက်၏။
"အစ်ကို့ကို ဒီလောက် ကဗျာ စာပေ မှာအရည်အချင်း ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"
လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"ဂျူနီယာမောင်လေးမှာ တာအိုလက်တွဲဖော် ရှိတာ မမြင်ဖူးသေးဘူး၊ အဲ့ဒီလို ကဗျာစာပိုဒ်တွေကို ဘယ်လို ရွတ်ဆိုနိုင်တာလဲ"
ထိုစဉ် ယွင်ရှီးက လုရီကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလာတော့၏။
"တာအို လုရီ၊ နင့်မှာ ငါတို့ရဲ့တည်ထောင်သူလို တာအို လက်တွဲဖော် ရှိတာလား"
လုရီက လုံးဝ တုန်လှုပ်သွားရသည်။
...ဘယ် လက်တွဲဖော်မှ မရှိဘူး၊ ငါ တကယ်ပဲ တာအိုလက်တွဲဖော် လိုချင်မိပါရဲ့…,
သူမတို့၏ တုံ့ပြန်မှုတွေကို မြင်လိုက်ရတော့ သူ့ရင်ထဲမှာ ထူးဆန်းသော ခံစားချက်
တစ်ခု ခံစားလိုက်ရသည်။
ပြောရလျှင် ဤကမ္ဘာနှင့် သူ၏ မော်ဒန်ကမ္ဘာသည် ခြားနားပါသည်။ ဤကမ္ဘာပေါ်တွင် ကဗျာနှင့် ကျမ်းများစွာ မရှိပါ။ အကယ်၍ သူသည် သေမျိုး ကမ္ဘာတွင် မွေးဖွားလာခဲ့ပါက သူသည် ဖွဲ့နွဲ့သည့် အသွင်အပြင်ရှိသော ကော်ပီကဗျာဆရာ ဖြစ်နိုင်သည် မဟုတ်ပါလား။
ကံမကောင်းစွာပဲ၊ သူသည် ကျင့်ကြံခြင်းကမ္ဘာတွင် မွေးဖွားခဲ့ပြီး မသေမျိုး တစ်ပါး ဖြစ်လာရန် ရည်မှန်းထားလေသည်။ ၎င်းသည် လုံးဝ ကွဲပြားသောဇာတ်လမ်း ဖြစ် နေသည်။
လုရီ ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး
ပြန်လည် ဖြေရှင်းလိုက်၏။
"ဒါက တာအို ရောင်းရင်း ယွင်ရှီး ပြောပြတဲ့ ဇာတ်လမ်းကို သူ့အလိုလို တုံ့ပြန်မှုတစ်ခုပါပဲ။ ကဗျာ စာပေ အရည်အချင်းရှိတာလား။
အဲ့ဒါက မွေးရာပါ ဖြစ်နယမလားပဲ..စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတို့ သိထားသလို ကျွန်တော့်ရဲ့ အရည်အချင်းတွေက စွယ်စုံရတယ်လေ။"
.. အမှန်တော့ သူက အရေထူပြီး လိပ်ပြာ
မလုံမှု တစ်စက်မှ မရှိဘဲ ပုံတူ ကူးချနေခြင်းပါပဲ။..
သူတို့လေးယောက်က ညနေအထိ လမ်းလျှောက်ပြီး အနားယူကြပါသည်။
သူ့အခန်းထဲ ပြန်ရောက်ပြီးနောက် သူ့ဆုကြေးကို ထုတ်ယူလိုက်သည်။
အံ့အားသင့်စရာမှာ "အစိမ်းရောင် သစ်သား အသွင်ပြောင်း စွမ်းရည်" သည် အင်မတန် ရှားပါးသော ကုသရေးနည်းပညာတစ်ခု ဖြစ်နေလေ၏။ ၎င်းသည် သစ်သားဒြပ်စင် ဝိဉာဉ် စွမ်းရည်ကို အသုံးပြု၍ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန်အတွက် အရှိန်မြှင့်ပေးသည်။ အကယ်၍ လူတစ်ဦးသည် သဘာဝ နယ်ပယ်ကို ပိုင်ဆိုင်ထားပါက သို့မဟုတ် ယွင်ရှီး၏ ပန်းတစ်သောင်းဝိညာဉ် ခန္ဓာနှင့် ဆင်တူပါက အကျိုးသက်ရောက်မှုက ပိုကောင်းပါသည်။
ဤစွမ်းရည်တွင် ထည့်သွင်းထားသည်က သဘာဝပန်းများ၊ အပင်များနှင့် သစ်ပင်များမှ ဒဏ်ရာများကို ကုသရန် အသက်အနှစ်သာရကို စုပ်ယူနိုင်စေမည့် လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်သည်။ သို့သော်၊ ဤလျှို့ဝှက် နည်းစနစ်သည် ဝိဉာဉ် စွမ်းအား များစွာ ကုန်ခမ်းသောကြောင့် ကျင့်ကြံသူများသည် ယေဘူယျအားဖြင့် ၎င်းကို ပေါ့ပေါ့ဆဆ အသုံးမပြုဝံ့ကြပေ။
-----------------
အခန်း၁၇၁- ရွှေအူတိုင် နယ်ပယ်ကို အဆင့်ချိုးဖျက်ပြီ...
~ လုရီအတွက်မူ ၎င်းသည် သူ့အသက်ကို ကယ်တင်ရန် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။
အခြေတည် ဝိဉာဉ်အဆင့် နည်းစနစ်များ သည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
နောက်တစ်နေ့ အစောပိုင်းတွင် ဟန်ယွီအပါအဝင် အေးခဲ ဆောင်းရာသီတောင်ကြားမှ ကျင့်ကြံသူများ ရောက်လာကြသည်။ ဟန်ယွီသည် အလုပ်များကို ထုတ်ပေးနိုင်ကာ ဆုကြေးများ ယခုပင် ရရှိနိုင်မည် ဖြစ်သောကြောင့် ဟန်ယွီကို မြင်လိုက်ရသည်က လုရီကို ပို၍ပင် ရွှင်လန်းစေပါသည်။
ထို့ကြောင့် နောက်ရက်များတွင် သူသည် ယွင်ရှီး နှင့် ဟန်ယွီတို့ကို တိုက်ခိုက်ရန် မကြာခဏ ဖိတ်ကြားခဲ့သည်။ ၎င်းတို့အပြင် သုန်းကုန်းမင်ယွဲ့သည်လည်း
ကျန့်ဖန်နှင့် ထျဲ့မန် တို့နှင့်အတူ သဘာဝအတိုင်း စိန်ခေါ်ခြင်းခံရမည် ဖြစ်သည်။
ပိုင်ယွီလုံကတော့ အစပိုင်းမှာတော့ လုရီနှင့်အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ပန်းတစ်သောင်းဂိုဏ်းက တပည့်မလေးများ၏ အလှကို စွဲလန်းလာပြီး သူ့နေ့ရက်များအား ရင်ခုန်စိတ်လှုပ်ရှားကာ အခြားအပေါင်းအဖော်တချို့နှင့် အတူ ပန်းတစ်သောင်းဂိုဏ်းက တာအို လက်တွဲဖော်ကို ရှာတွေ့ရမည်ဟု ကျိန်ဆိုခဲ့လေသည်။
လုရီသည် ဤလူကို အမှုမထားတော့ပေ။
ဂိုဏ်းသုံးဂိုဏ်းကြား အပြန်အလှန် ဖလှယ်မှုသည် တပည့်ငယ်များနှင့် လုရီတို့ကြား ဆက်ဆံရေးကို ရည်ရွယ်လေရာ လုရီသည် သူတို့အပြင် အေးခဲ ဆောင်းရာသီ တောင်ကြားနှင့် ပန်းတစ်သောင်းဂိုဏ်းမှ အခြား အရည်အချင်းရှိသူ လူငယ်များကို တိုက်ခိုက်ပြီး သူ့ဂိမ်းစနစ်မှ ရက်ရောလှသော ဆုကြေးများ ချီးမြှင့်ခံခဲ့ရသည်။မ
အဓိပတိ အကြီးအကဲများနှင့် အခြေတည် ဝိဉာဉ်အကြီးအကဲများအနေနှင့် ပထမနေ့ပြီးနောက်တွင် မကြာခဏဆိုသလို နေ့စဉ်နှင့်အမျှ အချို့သော ကိစ္စရပ်များကို စီမံဆောင်ရွက်ရန် ရှောင်ခွာသွားကြ၍ လူမြင်ကွင်း၌ မတွေ့ရတတ်ပါ။
နောက်ပိုင်းမှာ ဂိုဏ်းသုံးဂိုဏ်းကြား ဖလှယ်ပွဲ၏ မူလ ရည်ရွယ်ချက်မှာ လူငယ် ကျင့်ကြံသူများကြား ရင်းနှီးမှုအတွက်သာ ဖြစ်ကြောင်း လုရီ သိရှိလာခဲ့သည်။
သို့သော် တိမ်ဖြူဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ဓားသမား အကြီးအကဲမင် ပေါ်ပေါက်လာခြင်းကြောင့် အခြေအနေက ပြောင်းလဲသွားသည်။
ဂိုဏ်းသုံးစုသည် သွေးဝိညာဉ်ဂိုဏ်း သို့မဟုတ် ကောင်းကင်မြွေဂိုဏ်းကို တိုက်ခိုက်ရန် ဖြစ်နိုင်ချေကို စတင် ဆွေးနွေးခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဂိုဏ်းငါးဂိုဏ်းကြားတွင် ပြင်းထန်သော တိုက်ပွဲများသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းကြား ဂိုဏ်းသုံးဂိုဏ်းဆီသို့ ရန်ငြိုးအား နက်ရှိုင်းစေခဲ့သည်။ အခွင့်သာလျှင် ဂိုဏ်းသုံးဂိုဏ်းစလုံးက သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းကို တစ်ရှိန်ထိုး ထိုးနှက်ဖို့ မျှော်လင့်ထားပြီး ကစားပွဲအား အကွက်ရွှေ့ဖို့ အခွင့်အရေး
မပေးပါချေ။ ထိုကာလမှာ သူတို့ နေ့တိုင်းပင် ထိုကိစ္စတွေကို ဆွေးနွေးကြသည်။
ဒါကို သိပြီးနောက် လုရီက လုံးဝ ဂရု
မစိုက်ပါချေ။သူတို့ကို အနိုင်ယူတာ အကောင်းဆုံး ဖြစ်လေမည်။မဟုတ်လျှင် သူ့ခွန်အား ပိုကြီးလာသည်အထိ စောင့်ပြီး ဂိုဏ်းနှစ်ခု၏ အကာအကွယ် အခင်းအကျင်းတွေကို ဖြိုခွဲပစ်လိုက်ဖို့သာ စောင့်နိုင်လေမည်။
ဂိုဏ်းသုံးခုအကြား ဖလှယ်ပွဲသည် တစ်လကျော် ကြာခဲ့သည်။ ယွင်ရှီး နှင့် ဟန်ယွီ သည် ကျင့်ကြံမှုတွင် တိုးတက်လာပြီး ဆုကြေးများ တိုးလာသည်နှင့်အမျှ လုရီ သည် နေ့စဉ် နှစ်တရာ ဝိဉာဉ်ခြင်ဆီ အစက်ခြောက်ဆယ်ကျော်အား တစ်လကျော်
မှန်းချေဖြင့် စုစုပေါင်း ဝိဉာဉ်ခြင်ဆီ အစက်နှစ်ထောင်ကျော်အထိ ရယူနိုင်ခဲ့ပါသည်။
ဤပမာဏသည် သူယခင်က အကြီးအကဲမင်အား သူ ပေးခဲ့သော ပမာဏထက်
နှစ်ဆ ပိုများသည်။ ဂိုဏ်းသုံးဂိုဏ်းကြား အပြန်အလှန်ဖလှယ်ပွဲ အဆုံးတွင် လုရီ သည် အပြည့်အဝ ကျေနပ်သွား၏။
လူတိုင်းသည် တိမ်ဖြူဂိုဏ်းသို့ အေးအေးဆေးဆေး ပြန်လာကြပြီး လုရီ၊လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့ တို့သည် လင်လောင်တောင်ထိပ်သို့ အသီးသီး ပြန်သွားကြပြီး သူတို့၏ သက်ဆိုင်ရာ ဂူစံအိမ်များသို့ အသီးသီး ပြန်သွားကြသည် ။
ဂိုဏ်းသုံးဂိုဏ်းအကြား ဖလှယ်ပွဲ ပြီးနောက် ဂိုဏ်းသုံးဂိုဏ်းက ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းကို အရေးယူလိမ့်မည်ဟု မှန်းဆခဲ့သော်လည်း ယခုအချိန်တွင် ၎င်းသည် သူ့အတွက် စိုးရိမ်စရာမရှိသောကြောင့် လုရီသည် ကျင့်ကြံခြင်းမှာသာ အာရုံစူးစိုက်ခဲ့သည်။
အချိန်တွေ ကုန်ဆုံးလာပြီး တစ်နှစ်ခွဲကြာပြီးနောက်၊ မသေမျိုး ဓားကျမ်းကို အထပ်ထပ်အခါခါ ဥာဏ်အလင်းရရှိပြီးနောက် သူ၏ မသေမျိုး ဓားကျမ်းသည် နောက်ဆုံးတွင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အခန်း၏ 'ထူးကဲ'အဆင့်သို့ ရောက်ရှိသွားခဲ့၏။
ဤအဆင့်ကို အောင်မြင်ခြင်းဖြင့်
လုရီ၏ စိတ်ထဲတွင် တေးဆိုနေသည့်
တာအို တေးသံက သူ့ကို မသေမျိုး
ဓားမျိုးစေ့၏ မသေမျိုး နယ်မြေသို့
တစ်ချက် ကြည့်ခွင့် ပေးသည်။
ပို၍ ထိုးထွင်း သိမြင်လာလေလေ၊
မသေမျိုး လောကသည် မည်မျှလေးနက်ပြီး နက်နဲဆန်းကြယ်ကြောင်း လုရီ
ပို၍ နားလည်လာလေလေပါပဲ။
၎င်းသည် အလွန် အစွမ်းထက်သော နယ်ပယ်တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး ပျက်သုဥ်းသွားလျှင်ပင် သူဆက်လက် တည်ရှိနေမည့် ကြီးကျယ်ခမ်းနားမှုကို ပုံဖော်ထား၏။
လုရီသည် သဲလွန်စတစ်ခုကိုသာ ဆုပ်ကိုင်လိုက်ပြီး သူ၏ သိမြင်နားလည်မှုမှ သူ့အရေပြားထဲသို့ ရေးထွင်းလာသည့် မသေမျိုး တာအို ပုံစံဖြင့် သူ့ခန္ဓာကိုယ်အတွင်း ပိုမိုကောင်းမွန်လာသည်ဟု ခံစားရသည်။
လုရီ၏ ကိုယ်ပိုင် ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါး နည်းစနစ်သည် အလွန်အစွမ်းထက်သော ခန္ဓာကိုယ်သန့်စင်နည်းစနစ်တစ်ခု ဖြစ်နေပြီဟု ယူဆနိုင်ပါသည်။
မသေမျိုးတာအို ပုံစံကို ရေးထွင်းပြီးသည့်တိုင် သူ၏ ခန္ဓာကိုယ်သည် တိုးတက်နိုင်နေဆဲ ဖြစ်သည်။ဤမသေမျိုး လျှို့ဝှက်ဆန်းကြယ်ခြေရာသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို မှန်းဆကြည့်နိုင်ပါသည်။
ထို့ထက်ပင် လုရီသည် ထိခိုက်ဒဏ်ရာရပါက မသေမျိုးတာအို ပုံစံ၏ ကြီးမားသော အခန်းကဏ္ဍကြောင့် အမြန် ပြန်ကောင်းလာနိုင်သည်ကို တွေ့လိုက်ရ၏။သူသည် ပို၍ပင် အစွမ်းထက်လာမည့် မသေမျိုး
ဓားစိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် အလို့ငှာ..မသေမျိုး တာအို ပုံစံကို သူ၏ ဓားစိတ်ဆန္ဒထဲ၌ ရေးထိုးရန် ကြိုးပမ်းလာသည်။
ကံမကောင်းစွာပဲ၊ အယူအဆနှစ်ခုကို ပေါင်းစည်းခြင်းသည် အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်နေချေ၏။ လုရီ နေ့တိုင်းကြိုးစားသော်လည်း မအောင်မြင်ပါ။
သူသည် အလျင်လိုသည်တော့ မဟုတ်ပါ။ ထို့နောက်၊ ဖြည်းဖြည်းချင်း စမ်းသပ်ရန် အချိန်များစွာ ရှိခဲ့သည်။
မသေမျိုး ဓားကျမ်း၏ အခြေခံအုတ်မြစ်တည်ထောင်ခြင်း အခန်း၏ ကန့်သတ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် လုရီ၏ ကျင့်ကြံမှုအရှိန်သည် တစ်ဖန် တိုးလာသည်။ သုံးလ အကြာတွင် လုရီသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း ဆယ့်သုံးလွှာ၏ ကန့်သတ်ချက်သို့ ရောက်ရှိခဲ့သည်။
ဤအခိုက်အတန့်တွင် လုရီသည် အဟန့်အတား တစ်ခု ရှိကြောင်း ထပ်မံကြုံတွေ့ခဲ့ရသည်။ ရွှေအူတိုင်သို့ တက်လှမ်းရာ လမ်း၌..အဟန့်အတားပင်။
တုံ့ဆိုင်းနေစရာ အကြောင်းမရှိသဖြင့် အဟန့်အတားအား ချက်ချင်း စိန်ခေါ်လိုက်သည်။
လုရီသည် မတုန်မလှုပ်နှင့် ငြိမ်သက်နေကာ အဟန့်အတားကို ဝိညာဉ်စွမ်းအားဖြင့်
တစ်လခွဲကြာ တိုက်ခိုက်ခဲ့သည်။တစ်လခွဲကြာပြီးနောက် တင်ပျဉ်ခွေ ထိုင်လျက်အနေအထားဖြင့် သူ့နားထဲတွင် စူးရှသော အသံတစ်ခု တိုးဝင်လာသည်။
လုရီ၏ စိတ်ဝိဉာဉ်သည် ချက်ချင်း တုန်လှုပ်သွားပြီး အဆင့်ဖြတ်ကျော်လုနီး ဖြစ်နေပြီ ဖြစ်ပါသည်။သူသည် ဝိညာဉ်ခုနစ်ရောင်ခြယ် ဝိညာဉ် ပုလဲတစ်လုံးကို ချက်ချင်း စားသုံးလိုက်သည်။ ဤသည်မှာ ကောင်းကင်ဘုံတာအို ကန့်သတ်ချက်ကို ချိုးဖောက်သည့်အတွက် ချီးမြှင့်သော
တာအို ဝိညာဉ်ပုလဲ ဖြစ်သည်။
လုရီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ တာအိုဝိညာဉ်ပုလဲသည် လေးနက်ပြီး ကြီးမားသော စွမ်းအားမျှင်များ အသွင်ပြောင်းလဲသွားပြီး သူ့ကိုယ်၌ စီးဆင်းသွားသည်။ ဝိညာဉ်စွမ်းအားထက် ပိုမိုအားကောင်းသည့် ဤစွမ်းအားသည်
တာအို စွမ်းအား၏ ပိုမိုမြင့်မားသောအဆင့် ဖြစ်သည်။
တာအို၏ စွမ်းအားများ စီးဆင်းလာသည်နှင့်အမျှ တာအိုတေးသံက
လုရီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်ကာ ကျောက်စိမ်းရောင်ကြာပွင့်များ သူ့ကိုယ်တဝိုက်မှာ ပွင့်လန်းလာ၍ သူ့ခေါင်းနောက်တွင် ရွှေရောင် ကွင်းတစ်ခု ဖြစ်တည်သည်။
မထင်မှတ်ဘဲ ခုနစ်ရောင်ခြယ် မြူထုများ
မမျှော်လင့်ဘဲ ပေါ်လာကာ လုရီကို ၎င်းထဲ၌ ဖုံးအုပ်ထားသည်။
ထိုသို့သော ကွဲလွဲမှုများကြားတွင် တင်ပျဉ်ခွေ ထိုင်နေသော လုရီသည် နတ်တစ်ပါးအသွင်။
လုရီ၏ ကိုယ်တွင်းရှိ ခုနစ်ရောင်ခြယ် ဝိညာဉ်စွမ်းအား လေပွေသည် ပဲ့တင်ထပ်ကာ တာအို ဝိညာဉ်ပုလဲမှ ထုတ်လွှတ်သော
တာအို၏ စွမ်းအားကို တုံ့ပြန်ကာ လည်ပတ် နေလျက် လျင်မြန်စွာ တောက်ပလာသည်။
မကြာမီတွင် အရည်အဖြစ်မှ ပြောင်းလဲသော လုရီအတွင်းရှိ ဝိညာဉ်စွမ်းအားများသည် တဖြည်းဖြည်း ခိုင်မာလာပြီး အနှစ်ကဲ့သို့ အရာဝတ္ထု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝိညာဉ်စွမ်းအား၏ ဤအနှစ်နှင့် တူသော လေပွေငယ်သည် လည်ပတ်ကာ တဖြည်းဖြည်း လုံးပတ် ပုံသဏ္ဍာန်အဖြစ် ခဲလာသည်။
ဤ လုံးပတ် ၀ိညာဉ်စွမ်းအား ရင်းမြစ်တွင် စိတ်ကူးမယဉ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပါရှိသည်။ မသေမျိုးဂီတကဲ့သို့ စွဲမက်ဖွယ်ကောင်းသည့် တာအို အသံထုတ်လွှတ်လာပြီး ၀ိညာဉ်စွမ်းအား ရင်းမြစ် အပေါ်တွင် တာအိုပုံစံများ စီးဆင်းလာပြီး တဖျတ်ဖျတ် တောက်ပလာသည်။
--------------