← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း၁၇၂- ရွှေအူတိုင် နယ်ပယ်ကို အဆင့်ချိုးဖျက်ပြီ...

~ သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားလှိုင်းလုံးသည် အသွင်ပြောင်းသွားသည်နှင့်အမျှ၊ အထက် မသေမျိုးဓားမျိုးစေ့သည် တာအို တေးသံအောက်တွင် ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော မသေမျိုး တာအိုပုံစံများသည် အဆက်မပြတ် မှိတ်တုတ် မှိတ်တုတ် လင်းလက်နေ၏။

ကြောက်စရာ ကောင်းသော ဓားစိတ်ဆန္ဒသည် လုရီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝိုင်းရံထားသည်။ ဓားစိတ်ဆန္ဒသည် ခုနစ်ရောင်ခြယ် မြူထုများကြားတွင် လူးလာ လှည့်ပတ်နေသော နဂါးတစ်ကောင်ကဲ့သို့ စောင့်ကြပ်ထား၏။ လုရီသည် သူ၏ ခွန်အားကို စုစည်းပြီး ပိတ်ဆို့နေသော အဟန့်အတားကို ဖြတ်ကျော်ရန် ထပ်မံ ကြိုးစားခဲ့၏။

အက်..အက်…

ပြောင်းလဲလာသော ဝိညာဉ်စွမ်းအားသည် မရပ်မနားဖြင့် အဟန့်အတားကို ပြင်းထန်စွာ ရိုက်ခတ်ပြီး ပြင်းထန်သော ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

မြည်ဟည်းသံတစ်ခုနှင့်အတူ လုရီသည် စကြဝဠာ အသစ်စက်စက်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ကမ္ဘာကြီး ပွင့်သွားသလို ခံစားလိုက်ရ၏။

ကောင်းကင်နှင့် မြေကြီးသည် သူ့အတွက် တံခါးအသစ်ကို ဖွင့်ပေးခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အယူအဆ အမျိုးမျိုးတို့သည် လက်တစ်ကမ်းအကွာတွင် ရှိနေပုံရသည်။

လုရီက သူသည် အဟန့်အတားကို ဖြတ်၍ ရွှေအူတိုင်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြောင်း နားလည်သွား၏။

မဆိုင်းမတွဘဲ အခြား တာအို ဝိညာဉ်ပုလဲများကို ချက်ချင်း ထုတ်ကာ တစ်လုံးပြီးတစ်လုံး မျိုချကာ သူ၏ ရွှေအူတိုင်ကို

ဖွဲ့တည်စေတော့သည်။

တာအိုမှ ဖွဲ့တည်သော ရွှေအူတိုင် ဖြစ်၏..။

တာအို ဝိညာဉ် ပုလဲတစ်လုံးသည် တစ်လုံးပြီးတစ်လုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ကြွယ်ဝပြီး လေးနက်သော

တာအိုစွမ်းအားများအဖြစ် ပြောင်းလဲကာ လုရီ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားစဉ် နက်နဲစွာ လျှို့ဝှက်ဆန်းကြယ်ပြီး လုရီ၏ နားလည်မှုထက် ကျော်လွန်သော တာအို ပုံစံများကို သယ်ဆောင်လာ၏။

ပြန့်ကျဲနေသော တာအိုပုံစံ အချို့သည် သူ့အသားနှင့် အသွေးများကြားတွင် စီးဆင်းလာပြီး လုရီ၏ အရေပြားအား

မျက်စိကျိန်းစပ်မတတ် တောက်ပစေကာ

မွှေးရနံ့ ဖျော့ဖျော့ ထွက်ပေါ်လာပြီး တောက်ပသော ရတနာ အလင်းရောင်ကို ထုတ်ပေးသည်။

တာအိုပုံစံများ၏ သက်ရောက်မှုအောက်မှာ သူ့ခန္ဓာကိုယ်ဟာ ရှင်းမပြနိုင်သော အသွင်ကူးပြောင်းမှုကို ခံစားခဲ့ရပါသည်။

လုရီသည် သူ၏ ဝိညာဉ် စွမ်းအားကို ဖော်ထုတ်နိုင်စွမ်းသည် ယခင်ကထက် အဆများစွာ တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။

ဤနေရာတွင် လုရီသည် ထိုကာလအတွင်း စိတ်ဝိညာဉ် နှင်းစက်ဖြင့် ကျင့်ကြံခဲ့ပြီး သူ၏ စွမ်းရည်ကို အဆင့်တစ်ခုအထိ မြှင့်တင်ခဲ့ကြောင်း သတိချပ်ရပါမည်။

စစ်ဆေးမှု ဝိညာဉ်ခန္ဓာနှင့် မညီမျှသော်လည်း သေမျိုး ခန္ဓာ၏ အတိုင်းအတာအတွင်းတွင် သူ၏ တည်ရှိမှုသည် ထိပ်တန်း ဖြစ်သည်ဟု သေချာပေါက် ယူဆနိုင်ပါသည်။ အနာဂတ်တွင် နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီနှင့် ဆက်၍ ကျင့်ကြံပါက၊ သူ၏ သေမျိုးခန္ဓာကို စစ်ဆေးမှု ဝိညာဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲဖို့က အလွယ်ကလေး ဖြစ်မည်မှာ သေချာပါ၏။

သို့သော်ငြားလည်း ယခုမူ ထိုတာအိုပုံစံများ ပြန့်ကျဲနေသဖြင့် သူ့အသားသည် အမျိုးအမည်မသိ အသွင်ပြောင်းသွားကာ သူ၏ ကျင့်ကြံနှုန်းသည် သိသိသာသာ တိုးလာကာ သေမျိုး ခန္ဓာကို ကျော်လွန်သွား၍ သာမန် စစ်ဆေးမှုဝိဉာဉ်ခန္ဓာကိုယ်ထက် များစွာ အားကောင်းလာခဲ့သည်။

ဤသည်မှာ တာအိုပုံစံများ ပြန့်ကျဲခြင်းမျှသာ ဖြစ်၏။ မသေမျိုး တာအို ပုံစံအများစုကို တာအို၏ စွမ်းအားဖြင့် ဖုံးအုပ်ထားပြီး လုရီ ဖွဲ့တည်ထားသည့် အဆီနှင့် တူသော ရွှေအူတိုင်ထဲသို့ ဝင်ရောက်သွားသည်။

ရွှေအူတိုင်ထဲသို့ ကြွယ်ဝပြီး တုနှိုင်းမရသော တာအို၏ စွမ်းအား ဝင်ရောက်မှုနှင့်အတူ အဆီနှင့် တူသည့် အူတိုင်ဟာ ခုနစ်ရောင်ခြယ် နှင်းဆီရောင် တိမ်တိုက်တွေနှင့် တောက်ပနေပြီး လုရီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တောက်လျှောက် အလင်းပေးနေ၏။

သူ၏ ခန္ဓာကိုယ်တွင် မူလက တောက်ပနေသော ရတနာအလင်းရောင်နှင့်အတူ ယခုအခါတွင် ခုနစ်ရောင်ခြယ် နှင်းဆီရောင် တိမ်တိုက်များ အနှံ့အပြား ထွက်ပေါ်လာပြီး သူ့ကိုယ်တဝိုက်ရှိ ဆန်းကြယ်မှုများကို ပို၍ ကြီးမားလာစေသည်။

ကျောက်စိမ်းကြာပန်းများသည် တညီတညွတ်တည်း ပွင့်လန်းကာ ရနံ့များဖြာထွက်လာပြီး နှင်းဆီရောင်တိမ်တိုက်များ စီးဆင်းလာ၍ လုရီ၏ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖုံးအုပ်ကာ မှော်ဆန်ဆန် ဆန်းကြယ်လာသည်။ သူ့စိတ်ထဲတွင် တည်ရှိသော ရွှေရောင် ကွင်းသည် ရွှေရောင်အလွှာတစ်ခုအား ထုတ်လွှတ်ကာ နှိုင်းယှဥ်၍ မရနိုင်အောင် ကြီးကျယ်ခမ်းနား၏။

တာအို တေးသံများပင် သူ့၏ ခန္ဓာကိုယ်အတွင်းမှ ရိုက်ခတ်ကာ ကျင့်ကြံခန်း

တစ်ခုလုံး ပဲ့တင်ထပ်နေပုံရသည်။

လုရီ၏ ခန္ဓာကိုယ်အတွင်းတွင် အဆီနှင့်တူသော ဒန်တျန်သည် မြန်မြန်ဆန်ဆန် ဖွဲ့တည်သွားပြီး ၎င်း၏ ဂျယ်လီလို အနေအထားမှ အစိုင်အခဲပုံစံသို့ ပြောင်းသွားပြီး မူလက ပုံမမှန်သည့် ပုံသဏ္ဍာန်သည် ပုံမှန် လည်ပတ်နေသည့် စက်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် သူ၏ ဒန်တျန်တွင် အခြေချပြီး ဧရိယာတစ်ခုလုံးကို ၎င်း၏ ဝိညာဉ်အလင်းရောင်ဖြင့် တောက်ပစေသော နေလုံးတစ်ခုလို ဖြစ်လာသည်။

ဤရွှေအူတိုင်သည် ဖန်သားများကဲ့သို့ ကြည်လင်နေပြီး ၎င်း၏အတွင်းပိုင်းတွင် ခုနစ်ရောင်ခြယ် နှင်းဆီရောင်တိမ်တိုက်များဖြင့် တန်ဆာဆင်ထားပုံမှာ သေမျိုးလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားအရောင်များကဲ့သို့ပင်။ထိုခုနစ်ရောင်ခြယ် နှင်းဆီရောင် တိမ်တိုက်များအား လုရီက စုပ်ယူလိုက်၏။

ရွှေအူတိုင်သည် ပုံသဏ္ဍာန် ပေါ်ပေါက်လာသည်နှင့်အမျှ လုရီ၏ စိတ်ထဲတွင် ပို၍ ကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော

တာအို တေးသံများ ထွက်ပေါ်လာသည်။ သူသည် ဥာဏ်ပညာကို အပြည့်အ၀ နား

မလည်သေးသကဲ့သို့ နက်နဲမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို အာရုံပြု၍ ဉာဏ်အလင်း၏ အစွန်း ရောက်နေသလို ခံစားရသည်။

လုရီ၏ စိတ်ထဲတွင် သူ လေ့ကျင့်ခဲ့သော ကျင့်ကြံမှုစွမ်းရည်များနှင့် သူနားလည်လာခဲ့သည့် တာအိုနှင့် နိယာမများကို အမှတ်တမဲ့ ပြန်သတိရကာ ၎င်းတို့ကို ပိုမိုပွင့်လင်းမြင်သာစွာ ရှာဖွေ တွေ့ရှိခဲ့သည်။

တာအို တေးသံများ ထွက်ပေါ်လာပြီး ထိုကြည်လင်သော ရွှေအူတိုင်အတွင်း များပြားလှသော တာအို ပုံစံများ ထွက်ပေါ်လာပြီး ခုနစ်ရောင်ခြယ် အလင်းတန်းအတွင်း ပျောက်ကွယ်သွားခဲ့၏။

ရွှေအူတိုင်၏ ပတ်ဝန်းကျင်သည် တွန့်လိမ်နေပြီး လုရီ၏ ဒန်တျန် တစ်ခုလုံးကို ပြည့်စေသော နှင်းဆီရောင် အလင်းတန်းများ ထုတ်လွှတ်လာသည်။ မကြာခင်မှာပဲ အလင်းရောင်က နေရာတစ်ခုလုံးသို့ တောက်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ဖော်မပြနိုင်သော ကျက်သရေရှိမှုဖြင့် ခုနစ်ရောင်ခြယ် နှင်းဆိီရောင် အလင်းတန်းအတွင်း ရွှေရောင်အူတိုင်တစ်ခု ပေါက်ထွက်နေသည်။ ထိုမှသာ လုရီသည် သူ၏ ရွှေအူတိုင်ကို အပြည့်အဝ ဖွဲ့တည်ပြီး ရွှေအူတိုင် နယ်ပယ်သို့ ဖြတ်သွားခဲ့သည်။

သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ခုနစ်ရောင်ခြယ် နှင်းဆီရောင် အလင်းတန်းတွေ တဖျတ်ဖျတ်တောက်ပြီး ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးတွေက ချောက်နက်ကြီးတခုလို နက်နက်ရှိုင်းရှိုင်း စွဲမက်စရာကောင်းပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်က ကွဲလွဲမှုတွေ ပျောက်ကွယ်သွားခဲ့၏။

တစ်ချိန်က နတ်ဘုရားနှင့်တူသော အမူအရာသည် ရိုးရှင်းမှုဆီသို့ ပြန်သွားခဲ့သည်။လုရီသည် ထ၍ ခန္ဓာကိုယ်ကို အညောင်း ဆန့်တန်းကာ သူ့ကိုယ်၌ အဆက်မပြတ် အရှိန်အဟုန် ပြင်းပြင်း စွမ်းအားကို ခံစားရင်း ပြုံးယောင်သမ်းသွားသည်။

နောက်ဆုံးတွင် သူသည် ရွှေအူတိုင် နယ်ပယ်သို့ ကျော်ဖြတ်သွားခဲ့သည်။သူ့ကိုယ်မှ ရွှေအူတိုင်ဟာ သာမန် ကျင့်ကြံသူတွေနှင့် မတူပါချေ။

ယေဘူယျအားဖြင့်၊ ကျင့်ကြံသူ၏ရွှေအူတိုင် နယ်ပယ်သည် သူတို့ တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်အရ ဖြစ်တည်သည်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်တွင် သူတို့ ဖမ်းဆုပ်မိသော တာအို နှင့် နိယာမများနှင့် သူတို့ ကျွမ်းကျင်သော မှော်စွမ်းရည်နှင့်အတူ ရွှေအူတိုင်၏ မျက်နှာပြင်ပေါ်တွင် တာအိုပုံစံများရေးထိုးထား၍ ဖွဲ့တည်သည်။

တာအိုပုံစံ များလေလေ အခြေခံအုတ်မြစ်ကို ပိုခိုင်မာလေဟု ယူဆရလေ.. သူတို့၏ ခွန်အားကို သဘာဝအတိုင်း ခိုင်ခံ့လာစေသည် ဖြစ်ပါ၏။ သို့သော် သူ၏

ရွှေအူတိုင်ကတော့ မတူပါချေ။ ၎င်းအပေါ်မှာ တာအိုပုံစံတွေ မရှိပါပေ။

နောက်ဆုံးတွင်၊ သူ၏ ရွှေအူတိုင်သည်

တာအို၏ စွမ်းအားမှ အပြည့်အဝ ဖွဲ့တည်ခဲ့သည်။အခြားသူများနှင့် မယှဉ်နိုင်အောင် ထူးခြားသည်ဟု ဆိုနိုင်လေ၏။

ယခု အခိုက်အတန့်တွင် လုရီသည် သူ့ရင်ဘတ်တွင် ဖိနှိပ်လာသော ခံစားချက်ဖြင့် ရင်တုန်သွားသည်။

ရင်းနှီးသော ဖိအားများ ပေါ်လာပြီး သူ့အား ဂူအိမ်ကြီး၏ အထက် ကောင်းကင်အား မျှော်ကြည့်ရန် လှုံ့ဆော်ပေးခဲ့သည်။

ကောင်းကင်ဘုံ တာအို ဖိအား..။

ဒါဟာ ကောင်းကင်ဘုံ ဒုက္ခပဲ။

လုရီသည် ပြုံးပြီး အရှေ့ကို တိုးလာကာ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်တွင် သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ မြင့်တက်လာပြီး မသေမျိုး ဓားမျိုးစေ့ထဲသို့ စီးဝင်ကာ ရွှေဓားချီ အဖြစ် ဖော်ဆောင်သည်။ လုရီသည် သူ့ကိုယ်သူ ရွှေဓား အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ မူလ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကာ အဝေးသို့ ပျံသန်းသွားတော့လေ၏။

ယခင်အကြိမ်တွင် ကြိုတင်ပြင်ဆင်မှုမရှိဘဲ သူက လင်းလောင်တောင်ထိပ်တွင်သာ ကောင်းကင်ဘုံ ဒုက္ခ ဖြတ်ကျော်ခဲ့သည်။ ဤတစ်ကြိမ်တွင် သဘာဝအတိုင်းပင် သူသည် လင်းလောင်တောင်ထိပ်တွင် ပျက်စီးမှုများအား ရှောင်ရှားရန် ကောင်းကင်ဘုံ ဒုက္ခအား နောက်တစ်ကြိမ် ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

သို့ဆိုလျှင် သူ့ဆရာ စိတ်ဆိုးမည်မဟုတ်ဟု အာမ,မခံနိုင်ပေ။ ဆရာ ဒေါသ ထွက်လာလျှင် အမှန်ပင် ကြောက်စရာကောင်းလိမ့်မည် မဟုတ်ပါလော။

.....

လွန်ခဲ့သော မိနစ်များစွာ အကြာက အချိန်အား ပြန်သွားရလျှင်မူ...

လင်းလောင် တောင်ထိပ်တွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ထစ်ချုန်းလာစဉ် မမျှော်မှန်းနိုင်သည့် ပြင်းထန်သော အရှိန်အဝါတစ်ခု ဖြည်းညှင်းစွာ စိမ့်ထွက်လာသည်က လင်းလောင်တောင်ထိပ်၏ အတွင်းစည်းဂိုဏ်း၌ ဂိုဏ်းဝင်များ တိတ်တဆိတ် တံခါးပိတ် ကျင့်ကြံနေသော ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။

ကျင့်ကြံသူများသည် လေထဲသို့ ဝရုန်းသုန်းကား ခုန် ထွက်လာကြပြီး အံ့သြ ထိတ်လန့်မှုနှင့် သံသယများဖြင့် ပြည့်နှက်ကာ ကောင်းကင်တွင် ပျာယာခတ်စွာ စုရုံးကြသည်။

"ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါက.. ဘယ်ကျင့်ကြံသူက အဆင့်ချိုးဖျက်နေတာလဲ..."

"ဟေး..ဒါ လင်းလောင်တောင်ထိပ်က လာတာ။ ဉာဏ်ကြီးရှင်တွေစုဝေးရာနေရာကကိုး.. မျှော်လင့်ထားသလိုပဲ၊ ကျင့်ကြံသူ နောက်တစ်ယောက်လည်း အဆင့်ချိုးဖျက်နိုင်တော့မယ်။"

လင်းလောင်တောင်ထိပ်တွင်

လင်းလောင်တောင်ထိပ် သခင်မသည် သူမ၏ နူးညံ့သော အိပ်ရာပေါ်တွင် အိပ်ပျော်နေပါသည်။ သူမသည် ဖရိုဖရဲ အိပ်စက်နေပြီး ကျောက်စိမ်းလို ကြည်စင်သော ပေါင်တံများနှင့် လက်မောင်းများက ထင်ရှားစွာ ပေါ်လွင်နေ၏။

ကျယ်လောင်လှစွာသော မိုးခြိမ်းသံက လင်းလောင်တောင်ထိပ် သခင်မကို နှိုးဆော်လိုက်ပြီး၊ သူမ၏ အိပ်မှုန်စုံမွှား မျက်လုံးများအတွင်း အံ့အားသင့်မှု အရိပ်အယောင်ကလေး ထင်ဟပ်လာသည်။

"ဒီအရှိန်အဝါ... ထပ်ပြီး ဒီကလေးပဲလား..., သူ အဆင့်ချိုးဖျက်သွားပြီလား.."

သူမ၏ ပုံရိပ်သည် နေရာမှ မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသည့်အသွင် ပျောက်ကွယ်သွားပြီး လုရီ၏ ဂူအိမ်ကြီးအပြင်ဘက်တွင် ပြန်ပေါ်လာသည်။ မကြာခင်မှာပဲ လျိုနင်ရွှမ်းလည်း သူမအနီး.. ရောက်ရှိလာသည်။ လျိုနင်ရွှမ်းက လုရီ၏ ဂူအိမ်ကြီးကို ကြည့်လိုက်ရင်း ပြောလာ၏။

"ဆရာ.. ဂျူနီယာမောင်လေး.. အဆင့်ချိုးဖျက်သွားပြီ နော်.."

"အင်း.. "

လင်းလောင်တောင်ထိပ်သခင်မက အနည်းငယ် ခေါင်းညိတ်ပြသည်။

"အချိန်ကို စဉ်းစားကြည့်တော့ ဒီကလေးက အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှာ နှစ်အနည်းငယ် ကြာအောင် နေခဲ့တယ်လေ.. ဒါကြောင့် အောင်မြင်မှုရဖို့ အချိန်တန်ပြီ။"

ခဏကြာတော့ သုန်းကုန်းမင်ယွဲ့လည်း ပျံသန်းရောက်ရှိလာသည်။သူမ၏ ကျင့်ကြံမှုသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်း၏ နဝမအလွှာသို့ ရောက်ရှိသွားကာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဆယ်လွှာနှင့် တစ်လှမ်းသာ ဝေးတော့ပြီး သူမ၏ ကျင့်ကြံနှုန်းသည် မြန်မြန်ဆန်ဆန် တိုးတက်နေပါသည်။

သို့သော် ၊အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ရှိ အစစ်အမှန် အခက်အခဲမှာ ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်။ ၎င်းက အမှန်ပင် အချိန်ယူရလေသည်။ လုရီသည် ပထမအလွှာ ဆယ်လွှာတွင် နှစ်နှစ်ခန့်သာ ကုန်ဆုံးခဲ့သည်။

သူမ ရောက်လာပြီး လင်းလောင်တောင်ထိပ်သခင်မနှင့် လျိုနင်ရွှမ်းကို တွေ့လိုက်သည်နှင့် သုန်းကုန်းမင်ယွဲ့က အလျင်အမြန် အရိုအသေ ပေးလိုက်သည်။

"ဆရာ..စိီနီယာ အစ်မ၊ ဒီမှာ ရောက်နေကြတာလား"

ထိုအချိန်တွင် ရွှေဓားအလင်းတန်း တစ်ခုသည် ကောင်းကင်ယံသို့ ရိပ်ခနဲ ပျံတက်ကာ ဂိုဏ်းအပြင်သို့ ဦးတည်သည်။

"အိုး..ဒါ စီနီယာအစ်ကိုပဲ!"

သုန်းကုန်းမင်ယွဲ့က အော်ဟစ်လိုက်သည်။

လင်းလောင် တောင်ထိပ်သခင်မက ဖြည်းညင်းစွာ စုဝေးလာသော တိမ်မည်းများကို ဝေ့ဝဲ ကြည့်လိုက်ပြီး

"ကောင်းကင်ဘုံဒုက္ခ လာနေပြီ... တကယ်ပဲ၊ ဒီကောင်လေးက ရွှေအူတိုင်ကို ဖြတ်ကျော်သွားပြီး ကောင်းကင်ဘုံ ဒုက္ခကို ဆွဲဆောင်နေပြီ... သွားကြည့်ကြရအောင်.."

သူမသည် လျိုနင်ရွှမ်း နှင့် သုန်းကုန်းမင်ယွဲ့ကို လက်ဝှေ့ရမ်းကာ သူမနှင့်အတူ တပါတည်း ခေါ်ဆောင်လိုက်ပြီး လုရီ၏ ဦးတည်ရာသို့ လိုက်သွားခဲ့သည်။

-----------------

အခန်း၁‌၇၃-ကောင်းကင်ဘုံဒုက္ခရဲ့ မိုးကြိုး တိမ်တိုက်ကြီးတွေက ဆယ့်နှစ်မိုင်အထိ ဖြန့်ကျက်သွားတယ်..

~ လင်းလောင်တောင်ထိပ်သခင်မတို့ သုံးယောက် ပေါ်ထွက်လာရုံသာမက အကြီးအကဲမင်သည်လည်း သူတို့နောက်မှ လိုက်လာခဲ့သည်။ ထို့အပြင် ဝူးချင်းဖုန်းကဲ့သို့သော ကျင့်ကြံသူများလည်း ရောက်လာကြလေသည်။

များမကြာမီတွင်၊ လုရီသည် လေထုအလယ်တွင် နေရာယူထားရင်း အကြီးအကဲမင် ယခင်က ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ခဲ့သည့် အနေအထားသို့ ရောက်လာလေ၏။

လင်းလောင်တောင်ထိပ်သခင်မတို့ ဆရာတပည့်သုံးယောက်ဟာ လုရီနှင့် ခပ်ဝေးဝေးမှာ နေရာယူလိုက်ကြသည်။အကြီးအကဲမင်လည်း ရပ်လိုက်ပြီး လင်းလောင်တောင်ထိပ်သခင်မအား အရိပ်အ‌ခြေပြ

သလို အနည်းငယ် ခေါင်းညိတ်ပြရင်း

ဝူချင်းဖုန်းနှင့် အခြားသူများထံ လှည့်ကာ အော်ဟစ်သည်။

"ကလေးလုကို ကာကွယ်ကြမယ်..."

ဝူချင်းဖုန်းက ခေါင်းညိတ်ပြီး

"ဟုတ်ကဲ့ပါ!"

နတ်ဘုရား အသွင်ပြောင်း နယ်ပယ် အဓိပတိ အကြီးအကဲများနှင့် အခြေတည်ဝိညာဉ်အကြီးအကဲများ အုပ်စု တစ်စုသည် လုရီကို ကာကွယ်ရန် လူစု ခွဲခဲ့ကြသည်။

တိမ်မည်းများ စုစည်းကာ ဖြည်းညှင်းစွာ ဖြန့်ကျက်လာသည်။ လူတိုင်းသည် အုံ့မှိုင်း၍ လာသော ကောင်းကင်ကြီးအား မျှော်ကြည့်လျက် လုရီ၏ ကောင်းကင်ဘုံဒုက္ခ၏ ပြင်းထန်မှုကို စိတ်ဝင်တစားရှိနေကြသည်။

သူတို့ ထိုသို့ ကောင်းကင်ဘုံဒုက္ခအား စောင့်ဆိုင်းနေစဉ်တွင် လာရောက်၍ စောင့်မျှော်ကြသော ကျင့်ကြံသူများ

ပိုမို များပြားလာခဲ့တော့သည်။

၎င်းက တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်သည့် အဓိကဖြစ်ရပ်တစ်ခု မဟုတ်ပါလော။

အနှစ် နှစ်ဆယ်၊ သုံးဆယ်အတွင်း

တစ်ကြိမ်မျှပင် မပေါ်ပေါက်နိုင်ပေ။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူများပင်လျှင် ကြည့်ရှုရဖို့ စိတ်လှုပ်ရှားစွာ လာကြပေလိမ့်မည်။

"ကောင်းကင်ဘုံ ဒုက္ခကို ဘယ်သူ ခံယူနေလဲ"

“ဟမ်… ဂိုဏ်းခေါင်းဆောင်တောင် ရောက်နေပြီလား။ ကောင်းကင်ဘုံ ဒုက္ခ ခံယူနေရတဲ့ ကျင့်ကြံသူရဲ့ တည်ရှိမှုက

အံ့မခန်း ဖြစ်ရမယ်..."

ထိုသို့ ဂိုဏ်းခေါင်းဆောင်ကို တွေ့တော့ လူအုပ်ကြီးက တအံ့တဩ အော်ဟစ်ကြသည်။

ထို့နောက် မှောင်မိုက်သော တိမ်တိုက်များအောက်တွင် လုရီကို လူအများက မြင်

လိုက်ကြရပါ၏။ သူ့ကို မြင်သောအခါတွင် ကျင့်ကြံသူအများအပြားသည် ပြူးကျယ်သော မျက်လုံးအစုံဖြင့် အံ့သြသွားကြသည်။

တစ်ယောက်က အထိတ်တလန့် အော်သည်။

"ဒါ က ဂျူနီယာညီလေး လုရီ

မလား..ဟေး..မင်းတို့တွေ မြင်လား..

ဂျူနီယာညီလေး လုရီ ကောင်းကင်ဘုံ ဒုက္ခဖြတ်သန်းနေတာပဲ!"

နောက်တစ်ယောက်ကလည်း ပါးစပ်အဟောင်းသားဖြင့်..

"အလိုလေး.. ဂျူနီယာညီလေး လုရီက အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ဖြတ်သွားတာ ဘယ်လောက်ကြာသေးလို့လဲ၊ ခြောက်နှစ်၊ ခုနစ်နှစ်ပဲ ရှိသေးတာလေ.. မိုးနတ်မင်းရေ..အခု သူ ရွှေအူတိုင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီပေါ့..."

သာမန် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူများအတွက်၊ ခြောက်နှစ်၊ ခုနစ်နှစ် မျှသော အချိန်အတိုင်းအတာ ကာလသည် နယ်ပယ် အသေးလေး တစ်ခုအားဖြင့် ဖြတ်ကျော်

ဝင်ရောက်နိုင်ခွင့် ရှိပြီး သူတို့သည် နယ်ပယ်အကြီးတစ်ခုသို့ လုံးဝ အဆင့် ချိုးဖျက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ထို့အပြင် လုရီသည် ကောင်းကင်ဘုံ ကန့်သတ်ချက်သုံးခုကို ချိုးဖျက်ပြီး အခြေခံ အုတ်မြစ် တည်ထောင်ခြင်း

ဆယ့်သုံးအလွှာ ကျင့်ကြံမှုဖြင့် ကောင်းကင်ဘုံ ဒုက္ခကို ဖြတ်ကျော်ခဲ့လေသည်။

ထိုသို့သော ကျင့်ကြံမှု အရှိန်သည် အလွန်မြန်ဆန်သည်ဟု ယူဆရပါမည်။

သို့သော် လျိုနင်ရွှမ်း တိုးတက်လာချိန်နှင့် နှိုင်းယှဉ်ပါက ဤအမြန်နှုန်းသည် အနည်းငယ် နှေးကွေးသည်။

လုရီသည် ထိုသို့ နှေးကွေးခြင်း၏အကြောင်းပြချက်ကို နားလည်သည်။ သူ၏ အခြေခံအုတ်မြစ်သည် အလွန် ခိုင်မာသည်။

လုရီသည် သူ၏ အခြေခံအုတ်မြစ်ကို အပြီးသတ်ရန်အတွက် တာအို စွမ်းအားမျှင်ရှစ်ခုလုံးကို သုံးစွဲခဲ့ရပြီး၊ သူ

ဖွဲ့တည်ထားသော ဝိညာဉ်စွမ်းအား

လေပွေငယ်တွင် တာအိုတေးသံ ပါ၀င်သောကြောင့် အဆင့်တက်မှု တစ်ခုစီတိုင်းသည် သာမန် ကျင့်ကြံသူများထက် ဝိညာဉ်စွမ်းအား ပိုမိုလိုအပ်သည်မှာ မလွဲမသွေပင်ဖြစ်ချေ၏။

မည်သို့ပင် ဆိုစေကာမူ လုရီမှာ နောင်တရစရာ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူအများကြီး စားသုံးသော်လည်း သူ၏ ဝိညာဉ်စွမ်းအား သိုလှောင်မှုသည် သာမန်ကျင့်ကြံသူများထက် များစွာသာလွန်နေသောကြောင့် ဖြစ်သည်။

လောလောဆယ်တွင် ရွှေအူတိုင်ကျင့်ကြံသူပင်လျှင် လုရီ၏ ဝိညာဉ်စွမ်းအား သိုလှောင်မှုလောက် များများစားစား ရှိမည် မဟုတ်ပါ။

အရေးအကြီးဆုံး အချက်မှာ တာအို စွမ်းအားမှ ဖွဲ့စည်းထားသော တာအို အခြေခံအုတ်မြစ် ဖြစ်သည်။ သူ့အခြေခံအုတ်မြစ်တွင် စိတ်ကူးမယဉ်နိုင်သော

တာအိုတေးသံများပါဝင်ကာ လုရီအား တာအိုနှင့် ပိုမိုလိုက်လျောညီထွေ ရှိစေသည်။ ၎င်းက အစားထိုး၍ မရနိုင်ပါချေ။

သူ့တွင် ထိုသို့သော အခြေခံအုတ်မြစ် မရှိပါက ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါးနည်းစနစ် သို့မဟုတ်.. ဒုက္ခဓားပုံစံ စသည့်ကျင့်ကြံနည်းများကို ဖန်တီးရန် လုရီ အတွက် ခက်ခဲပေလိမ့်မည်။ တာအို

တေးသံ၏ အကူအညီဖြင့်သာ အောင်မြင်စွာ ဖန်တီးနိုင်ပေသည်။

ထို့အပြင်၊ ဤအခြေခံအုတ်မြစ်သည်

မမှန်းဆနိုင်သော လေးနက်မှု ရှိသည်။

အရှေ့တောအုပ်အပျက်အစီးများတွင်ရှိစဉ်၊ သွေးသတ်ဖြတ် ပုံရိပ်ယောင်သည် အစွမ်းထက်သော ကျင့်ကြံသူများကို ထင်ယောင်ထင်မှားဖြစ်မှု၌ နှစ်မြှုပ်သွားစေသော်လည်း သူသည် လုံးဝ မထိခိုက်ခဲ့ပါ။

လုရီသည် ဤအခြေခံအုတ်မြစ်တွင် အခြားလုပ်ဆောင်ချက်များ ပါရှိသည်ဟု သံသယရှိသော်လည်း ၎င်းတို့ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

ကျင့်ကြံမှုအရင်းအမြစ်များကို များပြားစွာသုံးစွဲသော်လည်း ၎င်းအတွက် လုံးဝထိုက်တန်သည်ဟု ခံစားမိသည်။ တိမ်မည်းများစုဝေးမှုသည် အလွန်တရာ မြန်ပြီး၊

တစ်မိုင်ကျော် အကွာသို့ လျင်မြန်စွာ ချဲ့ထွင်လာပြီး ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။

ဝူချင်းဖုန်း မျက်မှောင်ကြုတ်ကာ

ခပ်တိုးတိုး ရေရွတ်ခဲ့သည်။

" အခြေတည် စိတ်ဝိညာဉ် နယ်ပယ်ရဲ့ ကောင်းကင်ဘုံဒုက္ခဟာ အများအားဖြင့် ဆယ်မိုင်အတွင်း ဖြန့်ကျက်တယ်.. ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တချို့သာ ဆယ်မိုင်ထက် ကျော်လွန်ပြီး ဖြန့်ကျက်နိုင်တယ်။

လုရီဟာ ရွှေအူတိုင်ကို ချိုးဖျက်သွားတော့ သူ့အတွက် မိုးကြိုးတိမ်တိုက်က ဘယ်လောက် ကြီးမားလိုက်မလဲ..ငါ သိချင်မိတယ်

အကြီးအကဲမင်က သူ့မုတ်ဆိတ်မွေးကို သပ်ကာ ထင်မြင်ချက်ကို ထုတ်ဖော်လာသည့်။

"ကျုပ်အထင် ခြောက်မိုင်လောက် ကျယ်ပြန့်မယ် ထင်တယ်။ အမှန်တော့ ကလေးလုရဲ့ ခွန်အားက အခု ရွှေအူတိုင် ကျင့်ကြံသူတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ပြီ၊ ဒါပေမယ့် အခြေတည် ဝိဉာဉ်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ သူကပြိုင်ဘက် မဟုတ်နိုင်ဘူး၊ အကြောင်းကတော့... သူဟာ အခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်သာ ရှိသေးလို့ပဲ"

အကြီးအကဲမင်၏ စကားကို ကြားတော့

ဝူချင်းဖုန်းနှင့် အခြားလူများက ခပ်ဆတ်ဆတ် ခေါင်းညိတ်ပြကြသည်။

အကြီးအကဲမင်၏ ထင်မြင်ယူဆချက်ကြောင့် မဟုတ်ပါက၊ အကွာအဝေးသည် ပို၍ပင် သေးငယ်လိမ့်မည်ဟု သူတို့က ထင်မှတ်ထားကြသည်လေ။

မကြာမီတွင် မိုးကြိုးတိမ်တိုက်သည် သုံးမိုင်အကွာတွင် စုဝေးလာပြီး အရှိန်မလျှော့ခဲ့ပေ။ ငါးမိုင်လောက်၌လည်း အရှိန်မလျော့သေးပါ။

ဤအခြေအနေကို မြင်တွေ့ရသည့်အခါ

လူတိုင်း၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ အကြီးအကဲမင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ

"အိုး..ခြောက်မိုင် ကျော်သွားပုံ ရတယ်"

ဝူချင်းဖုန်း နှင့် အခြားသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများသည်

တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့်လိုက်ကြကာ ထိတ်လန့်သွားကြသည်။

"အခြေခံ အုတ်မြစ်တည်ထောင်ခြင်းကနေ ရွှေအူတိုင်ကို ဖြတ်ကျော်သွားခဲ့တဲ့ ဒီကလေးက ဒီလိုကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံဒုက္ခကို တွန်းလှန်နိုင်တယ်.. မိုးကြိုးတိမ်တိုက်ကွာအဝေးဟာ ကျင့်ကြံသူတွေအတွက် ပုံမှန် အခြေတည် ဝိဉာဉ် ကောင်းကင်ဘုံဒုက္ခနဲ့တောင် နှိုင်းယှဉ်နိုင်နေပြီ..."

"ဒါ မကောင်းဘူး၊ မိုးကြိုးတိမ်တိုက်ရဲ့ ချဲ့ထွင်မှုက နှေးကွေးမသွားသေးဘူး။ ဒီနှုန်းနဲ့ဆိုရင် ရှစ်မိုင် ကိုးမိုင်လောက် ရောက်တော့မယ်..."

လူတိုင်း၏ နှလုံးသားများ စိုးရိမ်တကြီး ခုန်ပေါက်သွားကြ၏။

ရှစ်မိုင် သို့မဟုတ် ကိုးမိုင်အထိ ရှည်လျားသော ကောင်းကင်ဘုံဒုက္ခတစ်ခု....

အားနည်းသော အခြေတည် ဝိညာဉ်ကျင့်ကြံသူအချို့ပင် ယင်းကို ကြံ့ကြံ့မခံနိုင်ပေ။ လုရိီဆိုလျှင်...။

လုရီသည် ရွှေအူတိုင်သို့ ဖြတ်ကျော်ကာစသာ ဖြစ်ပြီး အပြည့်အဝပင် အဆင့် တက်မှု မပြီးမြောက်ခဲ့ပေ။

သူသည် ခံနိုင်ရည်ရှိပါမည်လား။

ဤလုရီမှာ မိမိတို့တိမ်ဖြူဂိုဏ်း၏ မသေမျိုး မျိုးစေ့ဖြစ်သည်။ ကောင်းကင်ဘုံဒုက္ခထဲမှာ သူ သေသွားခဲ့လျှင် ဒါဟာ တကယ်ကို ဟာသဖြစ်လိမ့်မည်။

လူတိုင်း၏ စိုးရိမ်ပူပန်သော အမူအရာများကို မြင်လိုက်သောအခါ လင်းလောင် တောင်ထိပ်သခင်မ၏ ပျင်းရိသော အသံ ထွက်ပေါ်လာသည်။

"စိတ်မပူကြပါနဲ့..ဒီကလေးမှာ ကျွန်မပေးခဲ့တဲ့ အခင်းအကျင်းပြား ရှိတယ်။ဒါက အခြေတည်ဝိဉာဉ် အဆင့် ကောင်းကင်ဘုံ ဒုက္ခကို တောင် ခံနိုင်ရည် ရှိစေတယ်.."

ဒါကို ကြားတော့ လူတိုင်းက နောက်ဆုံးမှာ စိတ်ချလက်ချ သက်ပြင်းချလိုက်ကြ၏။သို့သော် မကြာမီ သူတို့၏ အမူအရာများ

မသက်မသာ ဖြစ်လာပြန်သည်။

လုရီ၏ ဦးခေါင်းအထက်တွင် မိုးကြိုးတိမ်တိုက်များသည် ရှစ်မိုင်သို့ ရောက်ရှိခဲ့သော်လည်း တိုးလာနေဆဲ ဖြစ်သည်။

ကိုးမိုင်၊ ဆယ်မိုင်တွင်သာ မိုးကြိုးတိမ်တိုက်များ ချဲ့ထွင်မှု နှေးကွေးသွားခဲ့၏။

နောက်ဆုံးတွင် မိုးကြိုးတိမ်တိုက်များ၏ အကွာအဝေးသည် ဆယ့်နှစ်မိုင်အကွာအထိ... ရောက်ရှိသွားလေသည်။ မှောင်မိုက်သော မိုးကြိုးတိမ်တိုက်များအတွင်း၌ ကြောက်မက်ဖွယ် မိုးကြိုးများ တဂျုုန်းဂျုန်း ထစ်ချုန်းကာ ရင်တုန်ဖွယ် အရှိန်အဝါကို ထုတ်ပေးသည်။

ဝူချင်းဖုန်းနှင့် အခြားသူများမှာ ထုံထိုင်း‌ နေသော အမူအရာများ ရှိခဲ့ကြပြီး အကြီးအကဲ မင်သည်ပင် ပြောစရာ စကားများ ပျောက်ရှနေခဲ့သည်။

"မိုးကြိုးတိမ်တိုက် တစ်ဆယ့်နှစ်မိုင်... မိုးကြိုးတိမ်တိုက်ရဲ့ ဆယ့်နှစ်မိုင်... ဒီကလေး..ရွှေအူတိုင်နယ်ပယ်ကိုသာ ဖြတ်ကျော်ခဲ့တာကို မိုးကြိုးတိမ်တိုက်ကအခြေတည်ဝိဥာဉ်

နယ်ပယ် နတ်ဆိုး

တစ်ကောင်နဲ့ ယှဉ်နိုင်နေပါလား..."

----------------

အခန်း၁‌၇၄-ကောင်းကင်ဘုံဒုက္ခရဲ့ မိုးကြိုး တိမ်တိုက်ကြီးတွေက ဆယ့်နှစ်မိုင်အထိ ဖြန့်ကျက်သွားတယ်..

~ "ရွှေအူတိုင် နယ်ပယ်မှာသာရှိပြီး ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးကြိုးတိမ်တိုက်တွေ ဖြစ်နေပြီ၊ ဒီကလေး အခြေတည် ဝိဉာဉ်နယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အခါ မိုးကြိုးတိမ်တိုက်က ဘယ်လောက်တောင် အားကောင်းနေမလဲ။"

"ကလေးလုအတွက် အခင်းအကျင်းပြား ကို ကြိုတင်ပြင်ဆင်ဖို့ လင်းလောင်က ကြိုမြင်ထားလို့ တော်သေးတယ်၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက မှန်းလို့မရနိုင်ဘူး"

နတ်ဘုရားအသွင်ပြောင်းနယ်ပယ် အကြီးအကဲ တော်တော်များများက

တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်ကြလေသည်။

မိုးကြိုးတိမ်တိုက်များ တည်ငြိမ်လာသည်နှင့်အမျှ မိုးကြိုးများ လိမ့်ဆင်းလာကာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို ဖိအားများ အောက်သို့ သက်ဆင်းလာသည်။

ထို့နောက် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင်မိုးကြိုးသည် ကောင်းကင်မှ ဆင်းသက်ကာ မည်းမှောင်သော ကောင်းကင်ကြီးကို

အလင်းတိုင်များ ထွန်းညှိပေးလိုက်သည့်အသွင်။

နတ်ဓားကဲ့သို့ ကောင်းကင်မိုးကြိုးသည် တဟုန်ထိုး ဖိအားများ လှိမ့်ဆင်းလာပြီး

လုရီအား တည့်တည့် ပစ်ခွင်းလာနေသဖြင့် အနီးနားတွင် စောင့်ကြည့်နေသော အခြေခံအုတ်မြင့် တည်ထောင်သူများမှာ မျက်နှာ ဖြူဆုတ်ကာ အဆက်မပြတ် ဆုတ်ခွာသွားကြ၏။

မိုးကြိုး၏ ပတ်ပတ်လည်ရှိ နေရာသည် တသိမ့်သိမ့်တုန်ခါကာ လိမ်ကွေးနေပုံက ကောင်းကင်မိုးကြိုး မည်မျှ ပြင်းထန်လှသည်ကို ပြသနေပါသည်။

ဤကဲ့သို့သော ကောင်းကင်ဘုံဒုက္ခကို ရင်ဆိုင်ရသည့် လုရီသည် သူ့ကိုယ်သူ လုံး၀ မကာကွယ်ခဲ့ပါ။ သူသည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေကာ ကောင်းကင်မိုးကြိုးအား သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားစေသည်။

အစောပိုင်းက သက်ပြင်းချခဲ့ကြသော အကြီးအကဲအဖွဲ့သည် ယခုအခါ မျက်လုံးများ ပြူးကျယ်လာကာ ကရုဏာဒေါသဖြင့် အော်ဟစ်နေကြသည်။

"ဒီသောက်ကလေး ဘာလုပ်နေတာလဲဟ..ဆယ့်နှစ်မိုင်လောက် ထူထပ်တဲ့ မိုးကြိုးဒုက္ခကို မခုခံဘဲ ရင်ဆိုင်နေတာလား.."

"ပြီးပြီ၊ ပြီးသွားပြီ၊ ဒီသောက်ကလေးက

ဒါကြီးကို ချီသန့်စင်နယ်ပယ်ရဲ့ ကောင်းကင်ဘုံ ဒုက္ခလို့ ထင်နေသေးတာလားဟ"

"တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုး မျိုးစေ့က ဒီမှာပဲ ပျောက်ကွယ်သွားတော့မယ်..နှမြောဖို့ကောင်းလိုက်တာ.."

အဓိပတိ အကြီးအကဲ၏ မျက်နှာများသည် နာကျင်ခြင်းနှင့် ပူပင်သောကများဖြင့် ပြည့်နှက်နေကာ စိတ်နှလုံးသား လေးလံသွားသည်။

ဝူချင်းဖုန်းလျှင် သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး

မည်းမှောင်သော အမူအရာ ရှိနေသည်။

အခြေအနေကို ဂရုတစိုက် အာရုံခံလိုက်ရင်း အကြီးအကဲမင်၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းလာကာ သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး..

"အော်နေတာ ရပ်ကြစမ်း.. ကလေးလုက

မသေသေးဘူးကွ။ အာရုံခံကြည့်ကြစမ်း။"

ထိုစကားများကို ကြားလိုက်ရသောအခါတွင် သူတို့၏ စိတ်နှလုံးတွင် အေးစိမ့်မှုကိုခံစားနေရသော အဓိပတိ အကြီးအကဲများ တုန်လှုပ်သွားပြီး ဂရုတစိုက် အာရုံခံကြည့်ကြသည်။

ထို့နောက်တွင်၊ ကောင်းကင်မိုးကြိုး၏ အရူးအမူး ဒေါသ အတက်အကျများကြားတွင် လုရီ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။

လုရီ၏ အရှိန်အဝါသည် အနည်းငယ်မျှ ကွဲလွဲမှု မရှိဘဲ တည်ငြိမ်နေသည်။

အကြီးအကဲများစွာတို့သည် တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ထားဘဲ ပြန်ကြည့်မိကြကာ သူတို့၏ အမူအရာမှာ အံ့အားသင့်သွားကြသည်။

"...ဒီလို ကောင်းကင်မိုးကြိုးတောင်မှ သူ့ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ဘူးလား..ဘယ်လို သောက်ကျိုးနည်း

ဘီလူးလဲ..မသေမျိုး သားရဲတစ်ကောင် ပြန်ဝင်စားလာတာလားဟ"

အကြီးအကဲ ချီလင်က သူ့ကိုယ်သူ ရေရွတ်ကာ ဗလုံးဗထွေး ကျိန်ဆဲလိုက်သည်။

အစကတည်းက ငြိမ်သက်နေခဲ့သော

လင်းလောင် တောင်ထိပ်သခင်မသည် သူမ၏ မျက်လုံးများတွင် ပျင်းရိသောအရိပ်အမြွက်များနှင့်အတူ ခပ်တိုးတိုး ညည်းသည်။

"ဒီအဆင့်က ရိုးရိုးရှင်းရှင်းပဲ သူ့ကို ဒုက္ခမပေးနိုင်ဘူး..."

သုန်းကုန်းမင်ယွဲ့သည် အကြီးအကဲများနှင့် သူမ၏ ဆရာအားလုံး သူမ အစ်ကို အဆင်ပြေကြောင်း ပြောနေကြသည်ကို ကြားသိရသဖြင့် နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။မိန်းကလေးသည် စိတ်သက်သာရာရသွားရှာကာ ယခင်က ဖြူဖျော့နေသော မျက်နှာသည် သွေးရောင်ပြန်တက်လာသည်။

လျိုနင်ရွှမ်းသည် ကောင်းကင်မှ မြေကြီးဆီသို့ ရောက်ရှိလာသည့် မိုးကြိုးတိုင်ကို ကြည့်လိုက်ရာ သူမ၏ အေးစက်သော မျက်လုံးများ ဖျတ်ခနဲလက်သွား၏။

"ဂျူနီယာမောင်လေးက တကယ်ကို ယုံကြည်မှု ရှိတာပဲ"

"ဒီကလေးက တကယ်ကို ယုံကြည်မှုလွန်ကဲတယ်"

လင်းလောင် တောင်ထိပ်သခင်မပင်လျှင် သက်ပြင်းချကာ..ထပ်လောင်း ပြောသည်။

"သူ့ကိုယ်ခန္ဓာကို ကောင်းကင်ဘုံဒုက္ခကို ခံနိုင်ရည်ရှိလောက်အောင် သန်မာတယ်လို့ ယုံကြည်တယ်...ဒါပေမယ့်..."

လင်းလောင် တောင်ထိပ်သခင်မသည် ခဏ ရပ်လိုက်ပြီး သူမ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားကာ ရေရ‌ွတ်လိုက်သည်။

"ဒီကလေးက ရုတ်ချည်း ဉာဏ်အလင်းရလာပြန်တာတော့ မဟုတ်ဘူးမလား.. "

ထိုစကားအား ကြားတော့ အခြားကျင့်ကြံသူတွေ ငြိမ်ကျသွားပြီး သူတို့၏ အမူအရာတွေက ထူးခြားသွားစဉ် မိုးကြိုးတိုင်ကြားထဲက လုရီကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။

ကောင်းကင်မိုးကြိုးအတွင်းတွင် လုရီ၏ ကိုယ်ခန္ဓာသည် လျှပ်စီးကြောင်းများဖြင့် ဝန်းရံထား၏။ သူ၏ ကြံ့ခိုင်သော ကိုယ်ထည်သည် တောက်ပနေပြီး မိုးကြိုးပုံစံများက သူ့အပေါ်သို့ စုစည်းကာ၊ လျှို့ဝှက်ဆန်းကြယ်သော မျဉ်းများ

လှုပ်ရှားနေသည်။

ဤပုံစံများတွင် အစစ်အမှန် နဂါးကိုယ်ထည်မှ မွေးရာပါ တာအို ပုံစံများနှင့် ယခင် တာအိုစွမ်းအား ပေါင်းစပ်မှုမှ လျှို့ဝှက်ဆန်းကြယ် တာအို ပုံစံများ ပါဝင်သည်။ ဤပုံစံများသည် ကောင်းကင်မိုးကြိုးအောက်တွင် သူ၏ရုပ်ခန္ဓာနှင့် ရောယှက်ကာ တောက်ပနေပြီး နတ်ဆိုးနှင့် နတ်ဘုရား ရောယှက်သော အရှိန်အဝါကို ထုတ်လွှတ်ပေးသည်။သို့တိုင်အောင် လုရီ သူ့အရေပြားမှာ ကျိန်းစပ်သော နာကျင်ကိုက်ခဲမှုကို ခံစားမိတုန်းပင်။သူသည် ကြိတ်၍ ‌အထင်ကြီးမိသည်။ ယင်းက ကောင်းကင်မိုးကြိုးဟု ခေါ်ဆိုရန် အမှန် တကယ် ထိုက်တန်လှပေသည်။

သူ၏ခန္ဓာကိုယ်သည် မူလက အလွန်သန်မာပြီး တာအိုစွမ်းအင်မှ ပုံစံများကို စုပ်ယူပြီးနောက် အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်လာခဲ့သည်။ ရွှေအူတိုင်သို့ဖြတ်ကျော်ပြီးနောက်၊ ၎င်းသည်တစ်ဖန်ပြောင်းလဲခဲ့သည်။ အခြေတည် ဝိဥာဉ် ကျင့်ကြံအရှိန်အဝါသူများနှင့် တိုက်ခိုက်သည့်တိုင် လုရီသည် သူ၏ ရုပ်ခန္ဓာသက်သက်ဖြင့် ထိုသူတို့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့တိုင်၊ ကောင်းကင်မိုးကြိုးသည် မည်မျှ အစွမ်းထက်ကြောင်း ပြသသည့် နာကျင်မှု အရိပ်အမြွက်ကို သူ ခံစားနေရဆဲဖြစ်သည်။

လုရီသည်လုရီသည် ကောင်းကင်မိုးကြိုးမှ ထွက်လာသော လျှို့ဝှက်ဆန်းကြယ်သော အနှစ်သာရကို နားလည်သဘောပေါက်ရန် အာရုံစိုက်ကာ အာရုံထွေပြားမှုအားလုံးကို ဘေးဖယ်ထားလိုက်၏။ ကောင်းကင်မိုးကြိုးသည် ကျင့်ကြံသူများ၏ အဆင့်တက်မှုအတွက် ဂြိုဟ်ဆ်ိုးဖြစ်သော်လည်း ၎င်းတွင် ပါရှိသော တာအိုနှင့် အခြေခံနိယာမများသည် ကျင့်ကြံသူများ၏ ဘဝတလျှောက် လိုက်စားနေသည့်အရာများဖြစ်သည်။

ဤလိုက်စားမှုအတွက်၊ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တာအိုကို ရှာဖွေရင်း တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ကြလေသည်။ လုရီသည် ကောင်းကင်မိုးကြိုးတွင် နှစ်မြုပ်နေပြီး ကောင်းကင်မိုးကြိုး၏ အဖျက်စွမ်းအားအား လက်ခံသည်။ သူ၏ ဒန်တျန်အတွင်းမှ ခုနစ်ရောင်ခြယ် မြူခိုးများအပြင်းအထန် လှုပ်ရှားကာ ဖန်သား အရောင် ရွှေအူတိုင်မှာ လည်ပတ်လာသည်နှင့်အမျှ တာအို၏ တေး သံများသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ရှိ အခြားသူထက် ပို၍ ကျယ်ပြန့်လာကာ လုရီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

သူသည် ရုတ်ချည်း ဉာဏ်အလင်းရရန် ကျန်ရှိနေသော အခွင့်အရေးများကို အသုံးပြုကာ နက်နဲသော ဆင်ခြင်မှုအခြေအနေသို့ နောက်တစ်ကြိမ် ကျရောက်သွားသည်။ ကောင်းကင်မိုးကြိုး၏ ပြင်းထန်သည့် အဖျက် စွမ်းအားကို တွေးတောကာ မိုးကြိုးစိတ်ဆန္ဒအား နားလည် သဘောပေါက်နေစဉ် သူ၏ ကောင်းကင်မိုးကြိုး အစစ်အမှန် နဂါးနည်းစနစ်ကို အဆက်မပြတ် ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့သည်။

အစစ်အမှန် နဂါး တာအို ပုံစံကို နားလည်ပြီးနောက်၊ ကျောက်စိမ်း ခန္ဓာနည်းစနစ်ဖြင့် စတင်ခဲ့သော မူလ ကောင်းကင်မိုးကြိုး ကျောက်စိမ်း ၏ အခြေခံမူဘောင်သည် အစစ်အမှန် နဂါး တာအို ပုံစံဖြင့် ပြောင်းလဲသွားကာ ကောင်းကင်မိုးကြိုးမှ မွေးထုတ်သော ပျက်စီးခြင်းနှင့် ရောယှက်နေသည်။ အဓိကကျသော အချက်မှာ ပိုမိုအားကောင်းလာသော်လည်း ပျက်စီးခြင်း၏ ရောယှက်မှုစွမ်းအားမှာ အနည်းငယ်မျှ တစုံတစ်ခု ကင်းမဲ့သေးသည်။ ယခုအခါ၌ လုရီက ၎င်းကို နောက်တစ်ကြိမ် ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့လေပြီ။

လုရီသည် ၎င်းကို ပြီးပြည့်စုံအောင် ဆက်လက် လုပ်ဆောင်နေချိန်တွင်၊ ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်မိုးကြိုးလုံးများသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူ၏ အရှိန်အဝါအား ပိုမိုလေးနက်ပြီး ကြောက်စရာကောင်းစေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုး ပုံစံများသည် ပို၍ပင် အရောင် တောက်ပလာသည်။ သူ့နဖူးပေါ်ရှိ မိုးကြိုး ပုံစံသည် ယခုအခါ မရပ်မနား တုန်ခါနေပြီး မျဉ်းကြောင်းများ ပြောင်းလဲလာရင်း သာမန်လူတစ်ဦးကို တစ်ချက် ကြည့်ရုံဖြင့် မူးဝေသွားစေလောက်အောင်ပင် ပိုမိုလျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးလာလေ၏။

လုရီက ကောင်းကင်မိုးကြိုးကို စုပ်ယူလိုက်ရာ ၎င်း၏အလင်းရောင်သည် တဖြည်းဖြည်း မှိန်လာပြီး တဖြည်းဖြည်း

ပိုပါးလွှာလာပြီးနောက် ကောင်းကင်မိုးကြိုးက ချုပ်ငြိမ်းသွားခဲ့သည်။

သူသည် လေထဲတွင် ရပ်တည်နေကာ သူ့ခန္ဓာကိုယ်သည် မိုးကြိုး ပုံစံများဖြင့် ထုလုပ်ထားပြီး သွေးချီ၏ ရှေးကျသော စွမ်းအားကို ထုတ်လွှတ်လျက်...။

လုရီ၏ နက်မှောင် ရှည်လျားနေသော ဆံပင်များက တဟူးဟူး လွင့်မျောကာ

ဆံချည်တစ်မျှင်တိုင်း၌ မိုးကြိုးစီးကြောင်းများ စိမ့်ဝင်သည်။လုရီ၏ သွေးချီမှာ ဒီရေကဲ့သို့ တဟုန်ထိုး မြင့်တက်လာကာ ပတ်ဝန်းကျင် လေထုအား တဖြည်းဖြည်း တွန့်လိမ်နေစေသည်။

----------

All Chapters