← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း၁‌၇‌၅-ကောင်းကင်ဘုံဒုက္ခရဲ့ မိုးကြိုး တိမ်တိုက်ကြီးတွေက ဆယ့်နှစ်မိုင်အထိ ဖြန့်ကျက်သွားတယ်..

~ ဤမျှထိတ်လန့်စရာကောင်းသော သွေးချီစွမ်းအားကို ခံစားလိုက်ရသဖြင့် နတ်ဘုရားအသွင် နယ်ပယ်မှ အဓိပတိ အကြီးအကဲများပင်လျှင်

သူတို့၏ မျက်နှာများထက်ဝယ် အရောင်ပြောင်းလဲသွားသည်။

"ဒီကလေး တကယ်ပဲ ကြောက်ဖို့ကောင်းလိုက်တာ။ သူ တကယ်ပဲ ကောင်းကင်မိုးကြိုးရဲ့ စွမ်းအားကို လုံးဝစုပ်ယူလိုက်ပြီး ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် အသုံးပြုခဲ့တာပဲဟေ"

"သူ့ရဲ့ သွေးချီစွမ်းအားက လှိုင်းလုံးကြီးတွေ ပြိုကျနေသလိုပဲ..အရိုင်းသားရဲဆန်တယ်.. ဒီကလေးက ဓားစိတ်ဆန္ဒမှာ မဟာ အောင်မြင်မှု အဆင့်နဲ့ ကျင့်ကြံခြင်းမှာ

အံ့သြဖွယ်ကောင်းလောက်အောင် ပါရမီပါနေတာ လုံလောက်နေပြီ၊ ဒါပေမယ့် သောက်ကျိုးနည်း..သူ ခန္ဓာကိုယ် သန့်စင်တဲ့ ဒီလိုအဆင့်ကိုတောင် ရောက်နေပြီလား။ ဒီကမ္ဘာပေါ်မှာ တရားမျှတမှုရော ရှိရဲ့လားဟ" အကြီးအကဲ ချီလင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့ဘေးတွင် အကြီးအကဲ ရွှမ်က ချီလင် ကို ငုံ့ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။

" ဟေး..မင်း..အခြေတည် ဝိဉာဉ် ပါရမီရှင် တစ်ယောက်နဲ့တောင် ယှဉ်နိုင်တဲ့ ရွှေအူတိုင်အဆင့် ကောင်းကင်ဘုံဒုက္ခ လှုံ့ဆော်တဲ့ ရှေးဟောင်းနတ်ဆိုးကို တရားမျှတမှု အကြောင်း သွားပြောနေတာလား၊ မင်း

စိတ်လွတ်သွားပြီလား"

ထိုအခါ ချီလင်က ပါးစပ်ကို ဖွင့်ထားသော်လည်း မည်သို့ ပြန်ပြောရမည်ကို မသိ တော့ပေ။

အခြေတည် ဝိညာဉ် အကြီးအကဲများ မဆိုထားနှင့်။ နတ်ဘုရား အသွင်ပြောင်း အကြီးအကဲများပင်လျှင် အံ့ဩမှင်သက်ကြရလေသည်။လင်းလောင် တောငမထိပ်မှ အခြေတည် ဝိညာဉ်အကြီးအကဲအများစုသည် ဤနေရာတွင် ရှိကြပြီး၊ ဤအခိုက်အတန့်တွင် သူတို့အားလုံးသည်

ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ဟန်ဖြင့် လုရီအား ဆွံ့အစွာ အကြောင်သား ငေးကြည့်နေကြသည်။

ခေါက်ယပ်တောင်အား သုန်ဝမ်လျန်၏ လက်က တောင့်တင်းသွားပြီး သူသည် ချောက်ခြားစွာ ‌ရေရွတ်လာ၏။

"ဒီခန္ဓာကိုယ်က နတ်ဘုရား နတ်ဆိုးမျိုးရိုးနဲ့တူတယ်။ ဒီကလေးဆီက အငွေ့အသက်ကက ငါ့အသက်ကို ဆွဲနှုတ်မလို ခံစားနေရတယ်

"မိုးနတ်မင်း...တရားမျှတမှု မရှိလိုက်တဲ့ ဒီလောက... လွန်ခဲ့တဲ့နှစ် အနည်းငယ် ဒီကလေး.. တောင်ထိပ် စရောက်လာတုန်းက ငါက သူ့ဆရာဖြစ်ဖို့ စဉ်းစားနေတုန်းပဲ လေ" ဟု သူ့ဘေးနားက ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းသည့် အဘိုးကြီးတစ်ယောက်က ခပ်ပြုံးပြုံးနှင့် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင်ပင် သူသည် သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသော အကြည့်အား ခံစားလိုက်ရရင်း လင်းလောင်တောင်ထိပ် သခင်မ က သူ့ကို တိတ်တဆိတ် ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

အဘိုးအိုသည် ချက်ချင်းပင် ‌အနေကျုံ့လာပြီး ရှက်ရွံ့စွာ ပြုံးပြကာ ပါးစပ်ပိတ်သွားရှာတော့သည်။

လှပပြီး ဆွဲဆောင်မှုရှိသည့် အခြေတည် ဝိညာဉ်အကြီးအကဲ အမျိုးသမီး တစ်ဦးက ကြံ့ခိုင်သော ခန္ဓာကိုယ်မှ တက်ကြွသည့့်သွေးစွမ်းအင်တွေ ဖြာထွက်နေသော လုရီ ကို ကြည့်ပြီး မထိန်းချုပ်နိုင်ဘဲ သူမ မျက်လုံးထဲမှာ စွဲမက်ဖွယ် အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ကာ တစ်ကိုယ်တည်း ညည်းညူသည်။

"ဟွန့်.. ဒီလူငယ်ရဲ့ ဆရာ.. ဖြစ်လာနိုင်တာက လုံးဝ မကောင်းတဲ့ အရာ မဟုတ်ဘူး။ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အရမ်း သန်မာတယ်..."

ဤအတောအတွင်း အဝေးမှ အပြင်စည်းဂိုဏ်းအကြီးအကဲများနှင့် အဆောင်မှူးများသည်လည်း စိတ်လှုပ်ရှားမှုကို တွေ့ကြုံ ခံစားရန် လာရောက်ခဲ့ကြသည်။ထိုအထဲမှာ လုကောင်းယန် နှင့် ဝမ်စီးချီတို့ ပါဝင်သည်။

သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦး၏ အရှိန်အဝါသည် ရွှေအူတိုင် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနှစ်များတလျှောက်လုံး၌..လုရီသည် နှစ်သစ်ကူးပွဲတော်အတွက် နှစ်စဉ်နှစ်တိုင်း အိမ်ပြန်လေ့ရှိပြီး အားလပ်ချိန်မှာလည်း အဘိုးကြီးလုနှင့် သူ့အမေအတွက် အရင်းအမြစ်အချို့ကို ယူသွားတတ်ကာ အလည်အပတ်သွားလေ့ ရှိပါသည်။

သူတို့နှစ်ဦးသည် မူလက အထူးကောင်းမွန်သောစွမ်းရည်များမရှိခဲ့ကြသော်လည်း နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်နှင့် နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက်ပမာဏများစွာကို သုံးစွဲခြင်းဖြင့် အလယ်အလတ်စွမ်းရည်များပင်လျှင် သာမန်လူများ၏ မျက်စိရှေ့မှောက်တွင် ပါရမီရှင်များ ဖြစ်လာနိုင်သည် မဟုတ်ပါလော။

လွန်ခဲ့သည့်နှစ်များက အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး၊ ဤကဲ့သို့ ခိုင်မာသော အရင်းအမြစ်များ ထောက်ပံ့မှုဖြင့် သူတို့သည် ကောင်းကင်ဘုံရှိ တာအိုကန့်သတ်ချက်ကို ချိုးဖျက်ရန် ရည်ရွယ်ချက် မရှိခဲ့ဘဲ ရွှေအူတိုင်နယ်ပယ်သို့ သဘာဝအတိုင်း အဆင့်တက်လာခဲ့သည်။

ရွှေအူတိုင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သူတို့နှစ်ဦးအား အတွင်းစည်းဂိုဏ်းတွင် ပြန်လည် ကျင့်ကြံရန် ဝူချင်းဖုန်း၏ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခံခဲ့ရသော်လည်း ကံမကောင်းစွာဖြင့်၊ သူတို့သည် အပြင်စည်းဂိုဏ်းတွင်သာ ကျင့်သားရလာသောကြောင့် အလုပ်ရုံခန်းမဆောင်တွင် ဆက်လက်နေထိုင်ခဲ့ပြီး အကြီးအကဲများအဖြစ် ရာထူးတက်လာခဲ့သည်။

သူတို့၏ ဘေးမှာ အပြင်စည်းဂိုဏ်း ၏ အလုပ်ရုံခန်းမ တာဝန်ခံ ချီဖေးယွီ၊ ပြင်ပ အလုပ်ရုံခန်းမ၏ မဟာ အကြီးအကဲ

တုကူးဖန်းနှင့် အခြား ပြင်ပဂိုဏ်း အကြီးအကဲများစွာလည်း လိုက်ပါလာပါသည်။

ဤအကြီးအကဲများသည် လုကောင်းယန် နှင့် ဝမ်စီးချီ၏ အနီးတစ်ဝိုက်တွင် သိမ်မွေ့စွာ စုရုံးကြပြီး မဟာ အကြီးအကဲ

တုကူးဖန် တုကူးဖန်းး၏ တည်ရှိမှုသည်ပင်

ပြင်ပဂိုဏ်းတွင် လုကောင်းယန် နှင့် ဝမ်စီးချီလောက် မထင်ရှားခြင်းက ပြင်ပဂိုဏ်းတွင် သူတို့၏ အဆင့်အတန်းကို ဖော်ပြနေ၏။

ကောင်းကင်မိုးကြိုးကို စုပ်ယူထားသည့် အဝေးက လုရီအား ချီဖေးယွီ တစ်ယောက် မျက်လုံးပြူးထွက်လုနီးပါး ငေးကြည့်နေပြီး သူ့မျက်လုံးတွေက အဆက်မပြတ် တုန်လှုပ်နေကာ

"ဒီလို ကောင်းကင်မိုးကြိုးက ပုံမှန်အားဖြင့် ငါဆို ခဏလေးနဲ့ ပြာကျသွားနိုင်ပေမယ့်

လုရီက တိုက်ရိုက် စုပ်ယူလိုက်တာပဲ!"

သူ့ဘေးတွင် တုကူးဖန်းလည်း ထပ်တူထပ်မျှ အံ့အားသင့်နေပြီး ရေရွတ်၏။

"သွေးချီရဲ့ စွမ်းအား၊ အဝေးမှာ ရပ်နေတဲ့တိုင် အပူလှိုင်းတွေ ငါခံစားနိုင်တယ်၊ချီသန့်စင်အဆင့်ပဲ ရှိတဲ့ လူငယ်လေးဟာ နှစ်အနည်းငယ်အတွင်း ဒီလိုသန်မာတဲ့ ပုဂ္ဂိုလ်အဖြစ် ကြီးထွားလာပါလား... ညီလေးလု၊ ညီဝမ်..မင်းတို့ သားကောင်းကို ပြုစုပျိုးထောင်ပေးခဲ့တာပဲကွ.."

အခြားအကြီးအကဲများ အားလုံးက ပြင်းပြင်းထန်ထန် သဘောတူကြပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်ကြသည်။

မူလက လုကောင်းယန် နှင့် ဝမ်စီးချီ တို့သည် သူတို့ထက် ငယ်သော မျိုးဆက်မျှသာ ဖြစ်သော်လည်း ယခုအခါ နှစ်ဦးစလုံးသည် ရွှေအူတိုင်နယ်ပယ်သို့ ဖြတ်ကျော်သွားကြပြီး စီနီယာ အစ်ကိုအစ်မများအဖြစ် ခေါ်ဆိုခြင်းခံရသည်မှာ ရှုပ်ထွေးလွန်းလှသည့်ပုံမပေါ်ဘဲ သူတို့နှင့် ပိုမိုရင်းနှီးလာခဲ့ပါသည်။

လုကောင်းယန် နှင့် ဝမ်စီးချီ တို့သည် သူတို့၏ နှလုံးသားထဲတွင် ထပ်တူထပ်မျှ အံ့သြသွားကြသည်။

လုရီ ၏အမည်ပြောင်မှာ မသေမျိုး ဓားမျိုးစေ့ဟူ၍ ဖြစ်ပြီး အပြင်ဂိုဏ်းတွင် ကျော်ကြားသည်။ လုရီ အလွန်အစွမ်းထက်ကြောင်း သူတို့သိသော်လည်း ၎င်းနှင့် ပတ်သက်သည့် ခိုင်မာသော အယူအဆ မရှိပေ။

အိမ်ပြန်ရောက်သောအခါ သူသည် ယခင်ကကဲ့သို့ ရွှင်မြူးပြီး စနောက်တတ်ကာ ဝမ်စီးချီ မှ သင်ကြားပြသကာ လုကောင်းယန် မှ သင်ခန်းစာများ သင်ကြားပေးနေဆဲဖြစ်သည်။

ယခု လုရီ ကောင်းကင်ဘုံ ဒုက္ခကို ရင်ဆိုင်နေရသည်ကို မြင်လိုက်ရသောအခါမှ၊ သူတို့သည် နောက်ဆုံးတွင် သူတို့သား၏ ခွန်အားကို အခိုင်အမာ ခံစားလိုက်ရသည်။

လုကောင်းယန်၏ မျက်လုံးများသည် အပြင်သို့ ကျွတ်ကျမတတ် ပြူးကျယ်နေကာ နှုတ်ခမ်းများ လှုပ်ရွလိုက်သည်။

"အလိုလေး... ဒီကလေးက ပြင်းထန်မှန်း ငါ အမြဲတမ်း ရိပ်မိတယ်... ဒါပေမယ့် သူ့ကို ဒီလောက် လွန်ကျူးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"

ထိုအခိုက်အတန့်တွင် ဝမ်စီးချီသည် စိတ်ခံစားမှုများ တဟုန်ထိုး ခံစားရသော်လည်း တုကူးဖန်းနှင့် ချီဖေးယွီတို့ကို ပြုံးပြကာ

ဖြေရှင်းသည်။

"စီနီယာနှစ်ယောက်က ကျွန်မတို့ကို မြှောက်လွန်းနေပါပြီရှင်။ ရီအာကို ဒီလောက်အထိ မကူညီနိုင်ခဲ့ပါဘူး၊ သူ့ကို ဒီအဆင့်အထိ စွမ်းဆောင်ပေးခဲ့တာက သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ အရည်အချင်းပါပဲ... တစ်ခုခုဆိုရင်၊ လုရီကသာ မိဘတွေကို မကြာခဏ ကူညီပေးတဲ့သူပါပဲရှင်"

လုရီ အလာ်လာတတ်သော အကြိမ်တိုင်း ပြန်ယူလာသည့် အရင်းအမြစ်တွေကို တွေးကြည့်တိုင်း ဝမ်စီးချီ၏ နှလုံးသားမှာ အလွန် တုန်လှုပ်နေဆဲ ဖြစ်ပါသည်။

ထိုကဲ့သို့သော အရင်းအမြစ်များသည် ရွှေအူတိုင် ကျင့်ကြံသူအား ရူးသွပ်သွားစေနိုင်ပြီး အခြေတည် ဝိဉာဉ် ကျင့်ကြံသူပင်လျှင် မနာလို ဖြစ်ရလိမ့်မည်။

သူ့မုတ်ဆိတ်မွေးအား သပ်ရင်း တုကူးဖန်း က သူ့မျက်နှာထက်ဝယ် နွေးထွေးသော အပြုံးတစ်ခုပေါ်လာရင်း..ညင်သာစွာ ပြောလာ၏။

"ဒါလည်း ညီလေးလုနဲ့ ညီမဝမ်ရဲ့ ကိုယ်ပိုင်ကံကောင်းမှုနဲ့ ကံကြမ္မာကြောင့်ပါပဲ"

တခြားသူတွေကလည်း တုကူးဖန်းစကားအား ထောက်ခံကာ ခေါင်းညိတ်ပြပြီး စိတ်ထဲမှာ မနာလိုဖြစ်သွားကြပါတော့သည်။

သူတို့မှာ လုရီလို သားတစ်ယောက်ရလျှင် သူ့အတွက် ဘာမဆို လုပ်ပေးနိုင်ပါသည်။

တိမ်တွေအကြား စုစည်းနေသော မိုးကြိုးလုံးကြီးကို ကြည့်ပြီး ဝမ်စီးချီက ဆုတောင်းသည်။

"ရီအာ ကောင်းကင်ဘုံဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

သူမသား၏ ခွန်အားကို သူမ ကောင်းကောင်းသိသော်လည်း မိခင်တစ်ယောက်အနေဖြင့် ဝမ်စီးချီ သည် စိုးရိမ်ပူပန်မှုကို မထိန်းနိုင်ပေ။

အခြားသူများကလည်း သူတို့အား နှစ်သိမ့်ကာ၊ စစ်မှန်သော နွေးထွေးမှုနှင့် ချစ်ခင်မှုတို့ဖြင့် ပြည့်နေသော စကားများဖြင့် အားပေးကြသည်။

ထိုသို့ စကားစမြည် ပြောနေကြစဉ်တွင် တိမ်များအတွင်း၌ လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး အောက်သို့ အဟုန်ပြင်းပြင်း ပစ်ခွင်းသည်။

ဤမိုးကြိုးသည် ယခင် အကြိမ်ထက် ပိုမိုသန်မာသော်လည်း လုရီ၏ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမို သန်မာလာခဲ့ပေသည်။ သို့တိုင် ထိုမိုးကြိုးသည် သူ့ကို မထိခိုက်စေနိုင်ပါ။

လုရီ လေးလေးနက်နက် တွေးတောကြံဆကာ ကောင်းကင် မိုးကြိုးကို ဆွဲငင်ကာ ၎င်း၌ ပါရှိသော အဖျက်စွမ်းအားနှင့် မိုးကြိုး စိတ်ဆန္ဒကို ဆင်ခြင်ကာ သူ့ကိုယ်ပိုင် ကျင့်ကြံ နည်းစနစ်ကို အဆက်မပြတ် သန့်စင်နေလေသည်။ များမကြာမီပင် ကောင်းကင်

မိုးကြိုး၏ တတိယမြောက် မိုးကြိုး ပစ်ချလာသော်လည်း လုရီသည် မတုန်လှုပ်ဘဲ ရှိနေလေသည်။ ကောင်းကင်မိုးကြိုးကို အရေးတယူ မပြုဘဲ သူ့ကိုယ်ပိုင်ဆင်ခြင်မှု၌ နစ်မြုပ်နေခဲ့သည်။

ကျင့်ကြံသူအုပ်စုကြီးသည် မြင်ကွင်းအတွက် ထုံကျင်လာတော့သည်။

"နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဒီအဘိုးကြီး သက်တမ်းမှာ ဒီလို ကောင်းကင်ဘုံဒုက္ခ ကျော်ဖြတ်ပုံကို တစ်ကြိမ်တစ်ခါမှ

မမြင်ဖူးခဲ့ဘူး။ သူ့ကိုယ်ခန္ဓာနဲ့ ဖြတ်ကျော်တာကို နားလည်နိုင်သေးတယ်ပဲထား.. ဒါပေမယ့် ဒီကလေးက ဘာကြောင့် အမြဲတမ်း ရုတ်ချည်း ဉာဏ်အလင်းရနေတာလဲ။ သူ့ခန္ဓာကိုယ်က အရင်ကထက် အဆပေါင်းများစွာ ပိုသန်မာလာတယ်၊ မိုးကြိုးတစ်ခုစီကလည်း အဲ့ဒီလို တူညီနေပုံရတယ်။ ဒီနေ့တော့ တကယ်ကို မျက်စိပွင့်စေတာပဲ။"ဟု အကြီးအကဲ ချီလင်က

မထိန်းချုပ်နိုင်ဘဲ ချီးကျူးလာသည်။

အခြားတစ်ဖက်တွင်မူ ဝူချင်းဖုန်းက ရယ်မောရင်း

"တစ်ခါက တောင်ပိုင်းပြည်နယ်ကို လှည့်လည်ခဲ့တုန်းကပေါ့.. ကြောက်စရာကောင်းလောက်အောင် သန်မာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ လူငယ်တစ်ဦးကို ကျုပ် တွေ့ဖူးတယ်။ သူ့ရဲ့ ခွန်အားဟာ အရမ်းကြောက်မက်ဖွယ်ကောင်းပြီး သူလည်း သူ့ခန္ဓာကိုယ်ကို ကောင်းကင်ဘုံဒုက္ခကို ဖြတ်ကျော်ပြီး သန့်စင်ခဲ့တယ်။ ဒါပေမယ့် သူ ဖြတ်ကျော်နေတဲ့ အဆင့်က အခြေတည် ဝိညာဉ်အဆင့် ကောင်းကင်ဘုံ ဒုက္ခလေ.. ကလေးလုနဲ့ ယှဉ်လို့ မရဘူး.."

အကြီးအကဲမင်က ခေါင်းယမ်းပြီး

ဝေဖန် ထောက်ပြသည်။

"ဟားဟား..ဒါက မနှိုင်းယှဉ်လောက်ပါဘူး ..ကလေးလု ဟာ ကောင်းကင်ဘုံဒုက္ခခံယူနေတဲ့ကြားက သမာဓိ ကျင့်ပြီး သူ့ခန္ဓာ သန့်စင်နည်းစနစ်ကို တိုးတက်စေတယ်။ အခုချိန်မှာတော့ ဒီခန္ဓာ သန့်စင်နည်းက နတ်ဘုရား အသွင်ပြောင်း နယ်ပယ်ကို ရောက်နေလောက်ပြီ ..ဟုတ်တယ်..မဟုတ်လား"

ဤစကားအား ကြားတော့ လူတိုင်းပင်

ခဏတာ စကားလုံးများ ပျောက်ဆုံးသွားကြသည်။

ရွှေအူတိုင် နယ်ပယ် အတွင်းသို့ ဝင်ရောက်ကာစ ကျင့်ကြံသူ တစ်ယောက်က နတ်ဘုရား အသွင်ပြောင်း နယ်ပယ်ရှိ ခန္ဓာသန့်စင် နည်းစနစ်အား တိုးတက်စေသည်လား။၎င်းက အခြားမည်သူ့ကိုမဆို ရူးသွပ်သွားမည့် သတင်းကြီး ဖြစ်သည်။

လူတိုင်းစကားပြောနေစဉ်တွင် ကောင်းကင် မိုးကြိုးသုံးကြိမ်တိုင်တိုင် ပစ်ချပြီးနောက် ကောင်းကင်ယံမှ မိုးကြိုး တိမ်တိုက်များ ပျက်ပြယ်သွားကာ ကြည်လင်သော ကောင်းကင်ကြီး ပေါ်ထွက်လာသည်။

လုရီ သည် ဉာဏ်အလင်းရရာမှ နိုးထလာပြီး သူ့မျက်လုံးများသည် မိုးကြိုးအရိပ်အမြွက်များဖြင့် ခပ်ဖျော့ဖျော့ တောက်ပနေ၏။

သူသည် သက်ပင့်တစ်ချက် မှုတ်ထုတ်လိုက်ရာ သူ့ခန္ဓာကိုယ် ငြိမ်သက်သွားသောအခါတွင် သူ၏ သွေးချီသည်လည်း ပြန်လည် အခြေကျသွားသည်။

ဤအခိုက်အတန့်တွင်၊ သူသည် နောက်ဆုံးတွင် ရွှေအူတိုင်နယ်ပယ်သို့ အပြည့်အဝဖြတ်ကျော်သွားခဲ့ပါပြီ။

ရွှေအူတိုင်နယ်ပယ်သို့ ဖြတ်ကျော်ခြင်းအတွက် ဆုကြေးကို ရင်ခုန်ပြီး လုရီ နှုတ်ခမ်းများသည် ကွေးညွှတ်သွားကာ သူ့ရင်ထဲ၌… အပျော်များဖြင့် ပြည့်နှက်လာသည်။

အခြေခံအုတ်မြစ် တည်ထောင်ခြင်း ဆယ့်သုံးလွှာတွင်၊ လုရီသည် ရွှေအူတိုင်နယ်ပယ်သို့ ဖြတ်ကျော်ရန် သူ့ကိုယ်သူ အလုပ် ချမှတ်ခဲ့သည် ဖြစ်သည့်အလျောက်.. ထိုဆုကြေးသည် သူက်ိုယ်တိုင်ပင် ငေးယူရလောက်အောင် အလွန် ရက်ရောပါလိမ့်မည်။

----------------

အခန်း၁၇၆-ဓားစိတ်ဆန္ဒ...

~ [အလုပ်]

ရွှေအူတိုင်နယ်ပယ်သို့ အဆင့်ချိုးဖျက်ပါ။ (ပြီးမြောက်ပါပြီ)

ဆုကြေး- အဆင့်မြင့် အဆင့် ရတနာ

'အေးခဲဖန်ဓား'၊ထိပ်တန်း အဆင့် ရတနာ 'အနီရောင် မီးတောက် ခရမ်းကြေးနီမီးဖို'၊ ဉာဏ်အလင်း လက်ဖက်ခြောက် တစ်ကတ်တီ၊

(ကတ်တီ-တရုတ်ပြည်နဲ့ တချို့နိုင်ငံတွေမှာ အသုံးပြုတဲ့ အလေးချိန်ပါ)၊ သတ်မှတ်ထားသော စွမ်းရည်အဆင့်တိုးမြှင့်ခြင်း +၂။

ဆုကြေးများကို ယခုတောင်းဆိုပါ- လက်ခံမည်လား/ငြင်းမည်လား။

အဆင့်မြင့် အဆင့် ရတနာ နှင့် ထိပ်တန်း အဆင့် ရတနာ များသည် အလွန်အဖိုးတန်သောကြောင့် နတ်ဘုရား အသွင်ပြောင်း နယ်ပယ်ရှိ ကျင့်ကြံသူများသည်ပင် ၎င်းတို့ကို မပိုင်ဆိုင်နိုင်ပေ။

လုရီသည် ယခင်က ဉာဏ်အလင်းလက်ဖက်ခြောက်များကို ဆုများအဖြစ် ရရှိခဲ့သော်လည်း ၎င်းတို့ကို တစ်ကြိမ်လျှင် အရွက်အနည်းငယ်သာ ထုတ်ပေးခဲ့သည်

မဟုတ်ပါလား။ သည်တစ်ခါတော့ တစ်ကတ်တီပင် ချီးမြှင့်ခံရသည်။ မယုံနိုင်လောက်အောင်ပါပဲ။

ဉာဏ်အလင်း လက်ဖက်ခြောက်၏ အကျိုးသက်ရောက်မှုသည် ကြီးမားပါသည်။ ယခုအချိန်အထိ လုရီသည်လက်ဖက်ရွက် အနည်းငယ်မျှသာ ကြိုချက်၍ သောက်ခဲ့ရသော်လည်း သူ၏ နားလည်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။

.. ဒီတစ်ခါတော့ ကတ်တီဆိုတော့ တွက်ကြည့်တော့ နေ့တိုင်း သောက်နိုင်လောက်

မလား... မဟုတ်ဘူး၊ နေ့တိုင်း သောက်တာက အရမ်းများမယ်.. လစဉ် သောက်တာက သက်သာတယ်။..

ဉာဏ်အလင်း လက်ဖက်ခြောက်များ၏ စွမ်းပကားဖြင့် သူ၏နားလည်နိုင်စွမ်းသည် စိတ်ကူးမယဉ်နိုင်သော နယ်ပယ်တစ်ခုသို့ မြင့်မားလာနိုင်ပြီး တာအိုတေးသံနှင့်အတူ၊ သူ၏ တာအိုကို ဖမ်းဆုပ်ထားမှုမှာ အဆင့်အသစ်တစ်ခုသို့ တိုးလာမည်မှာ သေချာပါသည်။

..သတ်မှတ်ထားတဲ့ စွမ်းရည် အဆင့် တိုးမြှင့်ခြင်း +၂...။

..ဒီ နောက်ဆုံးဆုကတော့ အရမ်း အဖိုးတန်ဆုံးပါပဲ။..

ယခု သူသည် ရွှေအူတိုင် နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ မသေမျိုး ဓားကျမ်း၏ ရွှေအူတိုင် အခန်းကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီခဲ့လေပြီ။ စွမ်းရည် အဆင့်ကို တိုးမြှင့်ခြင်း ဆုကြေးမှာ ကျင့်ကြံချိန်ကို များစွာ သက်သာစေပါတော့မည်။

...

ထိုသို့ အတွေးရေယာဉ်ကြော၌ မျောပါနေစဉ်..

သူ့ဆရာသည် စီနီယာ အစ်မနှင့် ဂျူနီယာ

ညီမလေးနှင့်အတူ သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသောကြောင့် လုရီသည် သူ့အလုပ်အတွက် ဆုကြေးကို ချက်ချင်း မထုတ်ယူခဲ့ပေ။

သုန်းကုန်းမင်ယွဲ့သည် တောက်ပသော အပြုံးဖြင့် လုရီ၏ နံဘေးသို့ လာကာ ဂုဏ်ပြုလာသည်။

"ဂုဏ်ယူပါတယ် စိီနီယာအစ်ကို၊ ရွှေအူတိုင်နယ်ပယ်ကို အောင်မြင်မှု ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"

လုရီက ခပ်ဖွဖွ ပြုံးပြီး စိတ်အားထက်သန်စွာ ပြောလေသည်။

"အခု ငါ ရွှေအူတိုင် အဆင့်တက်သွားပြီ‌ဆိုတော့ မင်းလည်း ကြိုးစားရမယ် ဂျူနီယာ ညီမလေး။"

သူ၏ မိုးကြိုးစိတ်ဆန္ဒ နယ်မြေ ပိုမိုမြန်ဆန်စွာ တိုးတက်လာစေရန်နှင့်

နှစ်တစ်ရာ ဝိဉာဉ် ခြင်ဆီကိုလည်း ရိတ်သိမ်းနိုင်စေရန် မကြာမီ ရွှေအူတိုင် နယ်ပယ်သို့ ဖြတ်ကျော်ဖို့ သုန်းကုန်းမင်ယွဲ့အား အားကိုးရပါမည်။

စင်စစ်တွင် ယွင်ရှီးနှင့် ဟန်ယွီဆီက နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီကို ရရှိရန်မှာ သည်လူတွေက တိမ်ဖြူဂိုဏ်းတွင် မရှိခဲ့သောကြောင့် လွယ်ကူသည် မဟုတ်ပေ။

လုရီ၏ စကားကို ကြားသောအခါ

သုန်းကုန်းမင်ယွဲ့၏ အပြုံးသည် လေထဲမှာ တောင့်တင်းသွားကာ သူမသည်

အတော်လေး မျက်နှာ မကြည်မလင် ဖြစ်သွားရှာ၏။

ထိုစဉ်..လျိုနင်ရွှမ်းက ခပ်ဖျော့ဖျော့ ပြုံးကာ

"ဂုဏ်ယူပါတယ်၊ ဂျူနီယာ မောင်လေး၊

မသေမျိုး လမ်းစဥ်ကို အမြန်..လျှောက်လှမ်းနိုင်ပါစေ"

လုရီက ပြုံးပြီး လျိုနင်ရွှမ်းကို ကြည့်ကာ...

"စီနီယာအစ်မ.. ကျွန်တော့်ကို စောင့်နေပါ။ အနာဂတ်မှာ ခင်ဗျားရဲ့ ဂျူနီယာမောင်လေး.., မလွဲမသွေ အမီလိုက်လာမယ်ဗျ၊ကျွန်တော်တို့ အတူတူ မသေမျိုး လမ်းစဥ်ကို လျှောက်သွားကြမယ် နော်"

လျိုနင်ရွှမ်း ညင်သာစွာ ခေါင်းညိတ်ပြပြီး သူမ၏ အေးစက်သော မျက်နှာကလေးထက်ဝယ် မှိန်ဖျော့သော အပြုံးတစ်ခု ဖြစ်တည်လာသည်။

ထိုအခိုက်အတန့်တွင် လင်းလောင်တောင်ထိပ်သခင်မသည် အလွန် အိပ်ချင်နေသည့်ဟန်ဖြင့်..ပါးစပ်ဟလာသည်။

"မင်းရဲ့ ကျင့်ကြံမှုက တိုးတက်ကောင်းမွန်ပြီး မင်းရဲ့ အခြေခံအုတ်မြစ်က ခိုင်မာတယ်။ ဒါကို ဆက်ထိန်းပြီး မသေမျိုးတစ်ယောက်ဖြစ်အောင် ကြိုးစား.."

လုရီသည် ‌အလွန် ဆွံ့အသွားတော့သည်။

...မသေမျိုးတစ်ပါး ဖြစ်လာဖို့ကို.. သူ့ဆရာက နောက်နေ့ မနက်မှာ ဟင်းကောင်းကောင်း တစ်ခွက် စားရသလိုမျိုးပဲ အလွန် ရိုးရိုးရှင်းရှင်း ပြောနေသည်လေ။

မည်သို့ပင်ဆိုစေကာမူ သူက ခေါင်းညိတ်ပြီး နာခံလိုက်သည်။

"တပည့် သေချာပေါက် ကြိုးစားပါမယ် ...ဆရာ.."

အကြီးအကဲမင်၊ဝူချင်းဖုန်းနှင့် အခြားသူများလည်း နတ်ဘုရား အသွင်ပြောင်းနယ်ပယ်နှင့် အခြေတည် ဝိညာဉ်နယ်ပယ်ရှိ အကြီးအကဲများအပါအဝင် အခြားသူများလည်း သူ့နံဘေးသို့ ပျံသန်းလာခဲ့ကာ ရွှေအူတိုင်နယ်ပယ်သို့ သူ၏ အောင်မြင်မှုအတွက် ဂုဏ်ပြုလာကြပါသည်။

ဤအကြီးအကဲများအားလုံးသည် သူ့အထက်က စီနီယာများ ဖြစ်သောကြောင့် သူသည် အပြုံးများဖြင့် တုံ့ပြန်ခဲ့ပြီး စိတ်မရှည်သော အမူအရာ မပြသခဲ့ပေ။

....

သို့သော်ငြားလည်း စိတ်မရှည်တော့သူက လုရိီ မဟုတ်ပေ။

လင်းလောင် တောင်ထိပ်သခင်မသည် သူ့ထက် ပို၍ စိတ်မရှည်တော့ပုံ ရသည်။

မကြာခင်မှာပဲ လင်းလောင်တောင်ထိပ်သခင်မက လူတိုင်းကို မျက်လုံးဝေ့ကြည့်ရင်း

နှင်လွှတ်သည်။

"ကောင်းပါပြီ၊ ဒီကလေးက အဆင့်ချိုးဖျက် တက်ရောက်ထားပြီး သူ့ရဲ့ ကျင့်ကြံမှု အခြေခံကို တည်ငြိမ်အောင် လုပ်ဖို့ လိုနေပြီ၊ သူ့ကို မနှောင့်ယှက်ကြနဲ့တော့၊ အားလုံး သွားလို့ ရပြီ"

လင်းလောင်တောင်ထိပ်သခင်မက လူတွေကို နှင်ထုတ်တာကို မြင်တော့ ဝူချင်းဖုန်းနှင့် တခြားသူတွေက အကြည့်ချင်း ဖလှယ်ခဲ့ကြသော်လည်း သူတို့က ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်ပင်။

လူများက လုရီအား နှုတ်ဆက်ပြီးနောက် လုရီ၊လင်းလောင် တောင်ထိပ်သခင်မ၊

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် လင်းလောင် တောင်ထိပ်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။

လမ်းတွင် လင်းလောင်တောင်ထိပ်သခင်မက သမ်းဝေပြီး မကြည်မလင် ပြောလာ၏။

"ငါ အရမ်းပင်ပန်းနေပြီ... ဘယ်သူမှ ငါ့ကို ကောင်းကောင်း အနားယူခွင့် မပေးကြဘူး"

ထိုအခါ လုရီ၏ အမူအရာသည် တောင့်တင်းသွားသည်။

သူ့ဆရာက အိပ်ချင်နေတာကြောင့် တခြားသူတွေကို မောင်းထုတ်ခဲ့တာ ဖြစ်မည်ဟု သူ ခန့်မှန်းခဲ့မိသေးသည်။

သူ့ကိုယ်ပိုင်ဂူအိမ်သို့ ပြန်ရောက်သောအခါ သူ့ဂိမ်းစနစ်မှ အလုပ်ဆုကြေးများကို ထုတ်လိုက်တော့သည်။

အဆင့်မြင့် အဆင့် ရတနာ -'အေးခဲဖန်ဓား'....။

၎င်းသည် ရွှမ်ပင်း ကျောက်စိမ်းပြာနှင့်

သဏ္ဍာန်တူ ဓားရှည်ကြီး ဖြစ်ပြီး အရိုးခိုက်အောင် အေးလှသော အအေးဒဏ်ကို ထုတ်လွှတ်သည်။

နက်နဲ နေမင်းဓားနှင့်လည်း ဆင်တူသော ရတနာတစ်ခုအဖြစ် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထား၏။အထူးသဖြင့် အေးခဲဖန်ဓားသည် အလွန်အစွမ်းထက်သော ရေခဲဒြပ်စင် နည်းစနစ်များကို ဖော်ဆောင်သောကြောင့် ပြောင်မြောက်သောအစွမ်းထက် လက်နက်တစ်ခု ဖြစ်စေသည်။

ရေခဲဒြပ်စင် နည်းစနစ် တစ်စွန်းတစ်စမျှ

မလေ့လာရသေးတာ နှမြောဖို့ ကောင်းလေစွ။သူ့အတွက်ကတော့ အသုံးပြုရသည်မှာ နက်နဲ နေမင်းဓားနှင့် သိပ် မကွာခြားပါချေ။

အနီရောင်မီးတောက် ခရမ်း ကြေးနီ မီးဖိုမှာမူ ထိပ်တန်း အဆင့် ရတနာ တစ်ခု ဖြစ်သည့်အတွက်၊ ၎င်းသည် သဘာဝအတိုင်း ပို၍ပင် အားကောင်းသည်။

၎င်းသည် မယုံနိုင်လောက်အောင် ခိုင်မာသည်။ ပြိုင်ဘက်များကို ချိတ်ပိတ်နိုင်သည်။ မိမိကိုယ်ကို ကာကွယ်ရေးအတွက် အသုံးပြုရန်၊ နေရာများကို ချိတ်ပိတ်ထားနိုင်သည်။

ထိုအနီရောင်မီးတောက် ခရမ်း ကြေးနီ မီးဖို၏ အတွင်းပိုင်းရှိ အလွန် ပူပြင်းသော မီးတောက်များက လုံလောက်သော ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်ကာ မယုံနိုင်လောက်အောင် အစွမ်းထက်သော ကျင့်ကြံသူများကို သန့်စင်ပေးနိုင်သေးသည်။၎င်းသည် မိမိကိုယ်ကို ကာကွယ်ရေးရော..,ရန်သူအား ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက်ပါ.., အသုံးပြုနိုင်သည့် စွယ်စုံရ.. အစွမ်းထက် လက်နက်ဖြစ်လေရာ လုရီ ၎င်းကို အလွန် နှစ်သက်ပါသည်။

ဉာဏ်အလင်းလက်ဖက်ရွက် တစ်ကတ်တီကို လုံခြုံစွာ သိမ်းထားပြီးနောက် ဉာဏ်အလင်းလက်ဖက်ရွက် သုံးရွက်ပါသော လက်ဖက်ရည်တစ်အိုးကို သဘောတွေ့စွာ ကျိုလိုက်သည်။ထို့နောက် မသေမျိုး ဓားကျမ်းစာ၏ ရွှေအူတိုင်အခန်းကို စတင်ဆင်ခြင်သုံးသပ်ရင်း ဉာဏ်အလင်းလက်ဖက်ရည်ကို ပျော်ပျော်ရွှင်ရွှင် သောက်သုံးလိုက်ပါသည်။

မသေမျိုး ဓားကျမ်း၏ ရွှေအူတိုင် အခန်းသည် အခြေခံအုတ်မြစ် တည်ထောင်ခြင်းအခန်းထက် ပို၍လျှို့ဝှက်ဆန်းကြယ်သည်။ သို့သော်၊ မသေမျိုး ရည်ရွယ်ချက်အား နားလည်မှုအချို့.., အလုပ်ဆုလာဘ်များနှင့် ဉာဏ်အလင်းလက်ဖက်ရည်၏ အကူအညီဖြင့် လုရီမှာ

၎င်းတွင် ခြေကုပ်ရရန် အချိန်အကြာကြီး

မယူလိုက်ရပေ။

ထို့နောက်တွင်မူကား သူ၏ ရည်စူးထားသော ကျင့်ကြံမှုကို ပြန်လည်စတင်ခဲ့သည်။ ရွှေအူတိုင် နယ်ပယ်သို့ အောင်မြင်မှုများနှင့်အတူ၊ သူ၏ ခန္ဓာ ကျင့်ကြံစွမ်းရည်များ ပိုမိုအားကောင်းလာခဲ့သည်။ ထို့အပြင် မသေမျိုးဓားကျမ်း၏ ရွှေအူတိုင် အခန်းကို ကျင့်ကြံခြင်းဖြင့် ဝိညာဉ်စွမ်းအားကို စုပ်ယူရာတွင် သူ၏ စွမ်းဆောင်ရည်သည် တစ်ဖန်ပြန်လည်တိုးတက်လာသည်။အသခ်ျေ

ဝိဉာဉ်နှင်းစက်တွင် ပါရှိသော အစွမ်းထက်သော ဝိညာဉ်စွမ်းအားကပင် သူ၏ ကျင့်ကြံမှု နာရီပေါင်းများစွာကို လိုက်မမီနိုင်ပေ။ ကံကောင်းထောက်မစွာ၊ ဂိုဏ်းသုံးဂိုဏ်း ဖလှယ်ပွဲအတွင်း နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီ အများအပြားကို ရရှိခဲ့၍သာ။ မဟုတ်လျှင် အရင်းအမြစ်တွေ ကုန်သွားနိုင်လေသည်။

နှစ်တစ်ရာ ဝိဉာဉ်ခြင်ဆီကို အသုံးပြု၍

လုရီသည် တည်ငြိမ်စွာ အားစိုက် ကျင့်ကြံလိုက်သည်။ ရက်ကို လက တိုက်စား...လကို နှစ်က တိုက်စားလာသည်နှင့်အမျှ တစ်နှစ် ဟူသော အချိန်ပမာဏသည်

မျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားလေသည်တကား။

လုရီသည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ဆယ့်သုံးလွှာကို ကျော်ဖြတ်ပြီး တာအို ရွှေအူတိုင်ကို ဖွဲ့တည်လိုက်ပြီးနောက် သူ၏ အခြေခံမှာ ပြိုင်ဘက်ကင်း ဖြစ်၍ သူ၏

ရွှေအူတိုင် နယ်ပယ် ကျင့်ကြံမှု အရှိန်အဟုန်သည်လည်း အလွန် မြန်ဆန်လွန်းနေတော့သည်။

------------------

အခန်း၁၇၇-ဓားစိတ်ဆန္ဒ...

~ တစ်နှစ်အတွင်းမှာပဲ လုရီဟာ နယ်ပယ် အသေး နှစ်ခုကို ဖြတ်ကျော်ပြီး ရွှေအူတိုင် တတိယအလွှာသို့ ရောက်ရှိသွားပါသည်။

သူ၏ ကျင့်ကြံမှု အခြေခံကို မြှင့်တင်ခြင်းအပြင် လုရီအတွက် အကြီးမားဆုံးတိုးတက်မှုမှာ သူ၏ ဓားစိတ်ဆန္ဒဖြစ်သည်။

အကြီးအကဲမင်သည် ဟင်းလင်းပြင် ဥမင် နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက်လာသည် ဖြစ်သည့်အလျောက် သူ၏ ဓားစိတ်ဆန္ဒသည်လည်း အလွန်တိုးတက်လာခဲ့ပြီး လုရီသည် သူနှင့် ဆွေးနွေးခဲ့သော ဂိုဏ်းအလုပ်များအတွက် သိသိသာသာ ပိုမိုကောင်းမွန်သော ဆုကြေးများ ရရှိခဲ့သည်။

ထို့အပြင် အကြီးအကဲမင်သည် ယခုအခါ အငြိမ်းစားယူပြီး သိုင်းကျမ်းဆောင်အား

မကြီးကြပ်တော့သဖြင့် လုရီအတွက် အချိန်ပိုရကာ အကြီးအကဲမင်နှင့် တာအို အကြောင်း မကြာခဏ ဆွေးနွေးခဲ့သည်။

ယင်းကြောင့် လုရီ၏ ဓားစိတ်ဆန္ဒသည် အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ လွန်ခဲ့သည့်

ရက်အနည်းငယ်ကပင် သူ၏ဓားစိတ်ဆန္ဒသည် ကိုးဆယ့်ကိုး ရာခိုင်နှုန်း ပြည့်မီပြီး ပြီးပြည့်စုံမှု အဆင့်သို့ ခြေတစ်လှမ်းသာ ကွာတော့သည်။

ဓားစိတ်ဆန္ဒက ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိလာသောအခါ ဓားစိတ်ဆန္ဒအား ဓားတာအို ပိုင်နက် တစ်ခုအဖြစ် စုစည်းနိုင်ပြီး ထိုအချိန်မှာ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ တိုးလာပါလိမ့်မည်။

ကံမကောင်းစွာပဲ၊ ဤနောက်ဆုံးအဆင့်သည် မယုံနိုင်လောက်အောင် ခက်ခဲပြီး မကြာသေးမီက အကြီးအကဲမင်နှင့် သူ၏ ဆွေးနွေးမှုများမှ ဓားစိတ်ဆန္ဒမှာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။ ထိုအချက်က လုရီကို စိတ်ဖိစီးစေခဲ့သည်။

ထို့အပြင် မိုးကြိုးစိတ်ဆန္ဒတွင်လည်း တိုးတက်မှုကို ချီးကျူးထိုက်သည်၊ အထူးသဖြင့် သူ့ဂျူနီယာညီမသည် လုံ့လဝီရိယရှိရှိ လေ့ကျင့်ကာ ကောင်းစွာလုပ်ဆောင်နေသောကြောင့် သူမနှင့် လေ့ကျင့်ပြီးနောက် မိုးကြိုးစိတ်ဆန္ဒကို တသမတ်တည်းနှင့် မှန်မှန်နားလည်လာစေသည်။

သို့သော် သူ၏ ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသော ကွာဟချက်ရှိသေးသည်။ ယနေ့အထိ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ရှိပါသေး၏။ ကောင်းကင်မိုးကြိုး၌ ရုတ်ချည်း ဉာဏ်အလင်းရရှိပြီးနောက်တွင်ပင် ၎င်းကို သိသိသာသာ မြှင့်တင်ပေးခဲ့

သည့်အခါ၌ပင် ရှစ်ဆယ့်ငါး ရာခိုင်နှုန်းသာ ဖြစ်၏။

ရေ စိတ်ဆန္ဒနယ်ပယ် အတွက်မူ စီနီယာ အစ်ကိုကျန့်ဖန်သည် အရင်းအမြစ်များစုဆောင်းသည့် ဂိုဏ်းအလုပ်များတွင် အမြဲထွက်ခွာနေသောကြောင့် ၎င်း၏တိုးတက်မှုမှာ အတော်လေး နှေးကွေးသွားသည်။ လောလောဆယ် ငါးဆယ် ရာခိုင်နှုန်းသာ ရှိသ်ေလည်း ရေခဲ နှလုံးသားနှင့် သဘာဝ နယ်ပယ်ထက် အနည်းငယ် သာလွန်ပါသေးသည်။ယွင်ရှီနှင့် ဟန်ယွီကို တွေ့ဖို့က ရှားပါးပြီး လွန်ခဲ့သည့်နှစ်တွင် သူသည် သူတို့နှင့်

လုံးဝ မတိုက်ခိုက်ခဲ့ရပေ။

၎င်းအပြင်မှာတော့ သူ၏ ကျင့်ကြံခြင်း

စွမ်းရည် တိုးတက်မှုသည် အတော်လေး မြန်သည်။ ယခင်က ရရှိခဲ့သောလောင်ကျွမ်းသွေး လျှို့ဝှက် သိုင်းနည်းစနစ်ကို အဆင့် ရှစ်အထိ ကျင့်ကြံခဲ့လေပြီ။ လောင်ကျွမ်းသွားသည့် သွေး အနှစ်သာရပမာဏဟာ သိသိသာသာ လျော့ကျသွားပြီး၊ ပေးအပ်သော စွမ်းအားက သိသိသာသာ တိုးလာလေပြီ။

လွန်ခဲ့သည့်တစ်နှစ်က မြှင့်တင်ထားသော ကောင်းကင်မိုးကြိုးအစစ်အမှန်နဂါးသိုင်း နည်းစနစ်အသစ်သည် အဆင့် ခြောက် သို့ တိုးလာခဲ့သည်။ ယခုအချိန်တွင် လုရီ၏ ကိုယ်ကာယ ခွန်အားမှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး တောင်များကို ဖြိုကာ ပင်လယ်များကို မှောက်ပစ်ဖို့ သူ့အတွက် အားစိုက်ထုတ်စရာ မရှိလောက်ပေ။

ရွှေအူတိုင် စွမ်းရည် ဖြစ်သည့် 'ဆန်းကြယ် ဓား ခုနစ်လက်'သည် လွန်ခဲ့သော နှစ်ပေါင်း ကြာမြင့်စွာကပင် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိခဲ့ပြီး အသွင်ပြောင်းနည်းစနစ်အတွက်လည်း အလားတူပင် ဖြစ်သည်။

ထို့အပြင် ဒုက္ခဓားပုံစံအား ပြည့်စုံစေရင်း အဆင့်ခုနစ်သို့ ရောက်ရှိသွားခဲ့လေပြီ။

မကြာသေးမီက သူ ရရှိခဲ့သော အခြေတည် ဝိဉာဉ် စွမ်းရည် ဖြစ်သော 'အစိမ်းရောင် သစ်သား ဝိဉာဉ် စွမ်းရည်'ကိုပင် လုရီက အဆင့်ခြောက်အထိ ကျင့်ကြံခဲ့သည်။

လုရီ၏ တိုးတက်မှုသည် ဘက်ပေါင်းစုံမှ သိသာထင်ရှားသော တိုးတက်မှုများဖြင့် ပြည့်စုံသည်ဟု ဆိုနိုင်သည်။ ဒီနှစ်မှာလည်း အဖြစ်အပျက်တွေ အများကြီး ကြုံဖူးတယ်။ မကြာခဏဆိုသလို သူ့ဆရာအတွက် တောက်တိုမည်ရ အလုပ်ကလေးများ လုပ်ပေးကာ ယွီလန်း

စားသောက်‌ဆောင်တွင် ကိတ်မုန့်နှင့် ဝိုင်များ သွားဝယ်ကာ သတင်းများ စနည်းနာတတ်သေးသည်။

ဂိုဏ်းသုံးဂိုဏ်း ဖလှယ်ပွဲ အပြီးတွင် ဂိုဏ်းသုံးဂိုဏ်းသည် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တောင်တန်း ဂိတ်တံခါးများကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟူ၍ လုရီ ကြားသိခဲ့ရလေသည်။

တိုက်ပွဲဝင်သူတို့အနက် အကြီးအကဲမင်ကတော့ ဟင်းလင်းပြင် ဥမင်နယ်ပယ် ပုဂ္ဂိုလ်အဖြစ် အဓိက ဗဟို အင်အား ဖြစ်ချေ၏။လွန်ခဲ့သည့် ကိုးလက အကြီးအကဲ မင်သည် ဂိုဏ်းသုံးဂိုဏ်း၏ မဟာမိတ်တပ်များအား ဦးဆောင်၍ သွေးဝိညာဉ်ဂိုဏ်း၏ တောင်တံခါးဆီသို့ စစ်ချီခဲ့‌လေသည်။

ကျင့်ကြံသူများအနက် ဂိုဏ်းသုံးခုမှ နတ်ဘုရား အသွင်ပြောင်း အဓိပတိ အကြီးအကဲ အများအပြား၊ အခြေတည်ဝိညာဉ် အကြီးအကဲ ဆယ်ဂဏန်းနှင့် ထုံးစံအတိုင်းပင် .. အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် နောက်ထပ် ကျင့်ကြံသူများလည်း စုရုံးကာ ချီတက်လာကြလေသည်။

သို့သော် သွေးဝိညာဉ်ဂိုဏ်း၏ တောင် ဂိတ်တံခါးသို့ မရောက်ရှိမီတွင် တပ်စုကြီးအား ကြားဖြတ် ပိတ်ဆို့ခံခဲ့ရသည်။

မလွဲမသွေပင်....။ ပိတ်ဆို့သူများသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့မှ စွမ်းအားရှင်များ ဖြစ်ပြီး အခြားသောဂိုဏ်းနှစ်ခုဖြစ်သည့် တောင်ဝါ ဂိုဏ်းနှင့် ယူလျို ဂိုဏ်းတို့လည်း ပါဝင် ပတ်သက်နေသည်။

သွေးချောင်းစီးသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့သည်။

တိုက်ပွဲကြီး၌..အလွန်ကြောက်မက်ဖွယ် ကောင်းသည့် ယူလျို ဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်အဆင့် သရဲအိုကြီး တစ်ကောင် ထွက်ပေါ်လာပြီး အကြီးအကဲမင်အား ရင်ဆိုင်ခဲ့သည်။

အကြီးအကဲမင်၏ မယုံနိုင်လောက်အောင် အစွမ်းထက်သော ဓားတာအိုကြောင့်..ဟင်းလင်းပြင်ဥမင်အဆင့် သရဲအိုကြီးထက် အနည်းငယ် နှာတစ်ဖျားသာနေပြီး နောက်ဆုံးတွင် သွေးဝိဉာဉ် ဂိုဏ်း၏

ဂိုဏ်းလေးဂိုဏ်း ညွန့်ပေါင်း တပ်စုမှ ဆုတ်ခွာသွားစေရန် တွန်းအားပေးနိုင်ခဲ့၍သာ။ထိုသို့သာ မဟုတ်ပါက... အကျိုးဆက်များသည် မျှော်မှန်း၍ မရနိုင်အောင် ခါးသီးပါလိမ့်မည်။

သို့တိုင် ဂိုဏ်းကြီးများ၏ စစ်သည်များသည် ကြီးလေးသော အဖိုးအခဖြင့် ပေးဆပ်ရဆဲပင်။ ရွှေအူတိုင်ကျင့်ကြံသူများ.. အခြေခံအုတ်မြစ် တည်ထောင်ခြင်း ကျင့်ကြံသူ ဒုနှင့်ဒေး သေကြေ ပျက်စီးကြရှာ၏။အခြေတည်ဝိဉာဉ် အကြီးအကဲများစွာလည်း ကြွေလွင့်ကာ အေးခဲ ဆောင်းရာသီ တောင်ကြားမှ နတ်ဘုရား အသွင်ပြောင်း အဓိပတိ အကြီးအကဲ တစ်ယောက်ပင် အသက်ပေးခဲ့ရလေသည်။ အလားတူပင် သွေးဝိညာဉ်ဂိုဏ်း၏ ညွန့်ပေါင်း ဂိုဏ်းလေးဂိုဏ်း တပ်စုသည်လည်း ပြင်းထန်စွာ ခံစားခဲ့ရလေသည်။

တိုက်ပွဲသည် ကြောက်ခမန်းလိလိ ရက်စက် ကြမ်းကြုတ်သည်။ ယွီလန် စားသောက်‌ဆောင်တွင် ဂိုဏ်းသူ၊ဂိုဏ်းသားများ မျှဝေသည့် ကိုယ်တွေ့အတွေ့အကြုံ အတိုအထွာ ကလေးများအရ.. တိုက်ပွဲ မြေပြင်သည် နီရဲသော သွေးတို့ မြင်မကောင်း ရှုမကောင်းစွာ စီးဆင်းလာပြီး တုန်လှုပ်ချောက်ခြားဖွယ် ကောင်းသည်ဟူ၍။ သွေးများသည် စီးဆင်း၍ မြေပြင်အား.. ညှီစို့သော သွေးအိုင်ကြီးများ ဖြစ်ပေါ်စေသည်။ အခြေခံ အုတ်မြစ် တည်‌ထောင်ခြင်း အဆင့်နှင့် ရွှေအူတိုင်အဆင့် တပည့်များမှာ ခုခံနိုင်စွမ်း ကင်းမဲ့သွားကြသည်။

ရှင်သန်ခြင်းမှာ နှစ်ဖက်စလုံးမှ စွမ်းအားရှင်များ၏ ဆုတ်ခွာမှုများကြောင့်သာ ဖြစ်သည်။ သို့မဟုတ်ပါက ရွှေအူတိုင် အဆင့်နှင့် အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့်မှ ကျင့်ကြံသူ တစ်ဦး

တစ်ယောက်မျှ အသက်ရှင် ကျန်ရစ်မည် မဟုတ်ပါ။

"ပြန်လာနိုင်တယ်ဆိုတာ.. ကံကောင်းခြင်းသက်သက်ပဲ"

ထိုဂိုဏ်းသူ၊ဂိုဏ်းသားများသည် ဤတိုက်ပွဲအကြောင်းပြောသောအခါတွင်

သူတို့၏ မျက်နှာများသည် တုန်ယင်ထိတ်လန့်နေကြဆဲပင်.. တိုက်ပွဲမှာ

မည်မျှ ကြောက်စရာကောင်းသည်ကို ၎င်းက ထင်ဟပ် ပြသနေပါသည်။

ဂိုဏ်းခုနစ်ဂိုဏ်းလုံးသည် ယင်းကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီးနောက်... အစောပိုင်းကထက် ပို၍ အမုန်းတရားများ နက်ရှိုင်းလာကြတော့သည်။ ခဏတာ ဘေးဖယ်ထားသော ဂိုဏ်းကြီးငါးဂိုဏ်း စစ်ပွဲကြီးသည် ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ ယခုတစ်ကြိမ်က ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ ယခင် အကြိမ်က ဂိုဏ်းငါးခုသာ ပါဝင်ခဲ့၏။ဤတစ်ခါတော့ ခုနစ်ဂိုဏ်း အပြည့်နှင့်ပင်။

တိမ်ဝါဂိုဏ်းသည် တိမ်ဖြူဂိုဏ်း အပါအဝင် မဟာမိတ် ဂိုဏ်းသုံးဂိုဏ်းထက် အားနည်းလှသည် မဟုတ်ပါ။ပိုမိုအားကောင်းသော ယူလျို ဂိုဏ်းနှင့်အတူ၊ တိမ်ဖြူဂိုဏ်း အပါအဝင် မဟာမိတ် ဂိုဏ်းသုံးဂိုဏ်းမှာ တဖြည်းဖြည်း ဖိနှိပ်ခံလာရပြီး...အခြေအနေမှာ သိပ် အဆင်မပြေလှပေ။

အကြီးအကဲမင်၏ အလွန်အမင်း လက်ဖျားခါလောက်သော ဓားစိတ်ဆန္ဒကြောင့်သာ...ယခင်တိုက်ပွဲ၌..သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ် ဂိုဏ်းလေးဂိုဏ်းအား အလွန်သတိထားစေ၍ အပြင်းအထန် ဖိနှိပ်ဖို့ ဝန်လေးစေခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူတို့၏ ရန်လိုမှုက ပို၍ပင် ကြီးမားလိမ့်မည်။

သို့တိုင်အောင် ဤတိုက်ပွဲများတွင်၊ ဂိုဏ်းကြီးသုံးဂိုဏ်းသည် တပည့်များစွာအား ဆုံးရှုံးခဲ့ရဆဲ ဖြစ်ပြီး အစွမ်းထက်သော ရွှေအူတိုင် အဆင့်နှင့် အခြေတည် ဝိဉာဉ် ကျင့်ကြံသူများပင် ကြွေလွင့်ခဲ့သည်။

ထိုသို့သော အခြေအနေမျိုး၌...တိမ်ဖြူဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲ ဆောင်းရာသီ တောင်ကြားတို့သည်

ထုံစံအတိုင်း.. ၎င်းတို့၏ ကံဆိုးမိုးမှောင်ကျမှုကို အေးအေးလူလူ စောင့်မျှော်နေနိုင်မည် မဟုတ်။ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့သည်လည်း အခြားသော ဂိုဏ်းကြီးများနှင့် ဆက်လက် မဟာမိတ် ဖွဲ့နိုင်သကဲ့သို့ ၎င်းတို့သည်လည်း ဂိုဏ်းကြီးများနှင့် မိတ်ဖွဲ့ရမည် ဖြစ်ပါ၏။

ကျယ်ပြောလှသော ချင်းကျိုး ဒေသသည် မရေမတွက်နိုင်သော ဂိုဏ်းဂဏများ တည်ရှိရာ နေရာဖြစ်ပြီး ၎င်းတို့အကြားတွင်... အင်အား တောင့်တင်းသော ထိပ်တန်းဂိုဏ်း ဆယ့်သုံးဂိုဏ်း ကြီးစိုးသည်။

----------------

All Chapters