အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အခန်း၁၈၇ - မကြုံစဖူး ရက်ရောသော အလုပ်ဆုများ...
~ သို့သော်လည်း နောက်ဆုံးတော့ သူတို့၏ နောက်ကွယ်တွင် အခြေတည် ဝိညာဉ် ကျင့်ကြံသူ ဆယ့်သုံးယောက်နှင့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ
တစ်ယောက် ရှိကြောင်း လုရီ တွက်ချက်လိုက်သည်။ သူတို့ကို သတ်ခြင်းသည် အလုပ် ပြီးမြောက်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သောကြောင့် ဆုကြေးသည် များပြားလှသည်မှာ သဘာဝကျပါသည်။
လုရီ အနည်းငယ်မျှပင် ပြန်မတွေးဘဲ ထိုအလုပ်ကို လက်ခံလိုက်သည်။
...
လျိုနင်ရွှမ်းသည် လုရီ၏ မျက်နှာ အမူအရာ ပြောင်းလဲမှုအား မြင်လိုက်တော့ ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်သည်။
"မောင်လေးလု၊ ဘာဖြစ်လို့လဲ"
ထိုအခိုက်အတန့်မှာ လုရီ သတိ ပြန်ဝင်လာပြီး ပြုံးကာ
"စီနီယာအစ်မ၊ ကျွန်တော်တို့အတူ ပူးပေါင်းပြီး သူတို့ အကုန်လုံးကို သတ်လို့ ရတယ်ဗျ" ဟု ပြောလိုက်တော့သည်။
ဒါကို ကြားတော့ လျိုနင်ရွှမ်း အံ့အားသင့်သွားပြီး သူမ၏ ကြည်လင် အေးစက်သော မျက်နှာလေး၌ အံ့သြ ထိတ်လန့်သော အရိပ်အယောင်တို့ ယှက်သန်းလာသည်။
"သတ်ပစ်ဖို့လား..."
လုရီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်၊ ကျွန်တော်တို့အတူ ပူးပေါင်းပြီး အားလုံးကို သတ်နိုင်ပါတယ်"
လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်ပြီး သူမ၏ အမူအရာမှာ တည်ငြိမ်ဖို့ ခက်ခဲနေသည်။
" ဂျူနီယာ မောင်လေး..နင် အတည် ပြောနေတာလား..နတ်ဘုရား အသွင်ပြောင်း ပုဂ္ဂိုလ် တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲဆိုတာ...နင် သိရဲ့လား.."
လုရီ ခေါင်းညိတ်ပြီး ...
"ကျွန်တော်တို့ သူတို့ကို မသတ်နိုင်ရင်တောင် ထွက်ပြေးနိုင်သေးတယ်လို့ ကျွန်တော် ယုံကြည်တယ်"
ထိုသို့ ပြောဆိုနေရင်း လုရီ ခေါင်းထဲ၌ ရုတ်ချည်းပင် အကြံဉာဏ်တစ်ခု ရိုက်ခတ်လာသည်။သူက လျိုနင်ရွှမ်းကို ကြည့်ပြီး ပြုံးပြပြီး
"စီနီယာအစ်မအတွက် လက်ဆောင်တစ်ခု ရှိတယ်ဗျ"
လျိုနင်ရွှမ်း၏ အတွေးများသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား သတ်ပစ်မည်ကို စိတ်ကူးနေဆဲ ရှိသေး၏။ ထိုစကားကို ကြားတော့ သူမက "ဘာလက်ဆောင်လဲ" ဟု အလိုလို မေးလိုက်သည်။
လုရီက ကြည်လင်စွာ ပြုံးပြီး အေးစက်နေသော အငွေ့အသက် လွှမ်းခြုံနေသော ဓားရှည် တစ်ချောင်းကို လေထဲမှ ရုတ်တရက် ထုတ်ယူလိုက်လေသည်။
ဤသည်မှာ သူ ယခင် ရွှေအူတိုင် နယ်ပယ်သို့ အဆင့်တက်စဉ်က ရရှိခဲ့သော ဆုကြေး ဖြစ်သည့် အဆင့်မြင့်ရတနာ အေးခဲဖန်ဓား ဖြစ်လေ၏။
သူ့မှာ ရတနာတွေ လုံလောက်သည်ထက် ပိုနေလေပြီ။ တိုက်ပွဲဝင်ရန်အတွက် နက်နဲ နေမင်းဓားနှင့် အနီရောင် မီးတောက် ခရမ်းကြေးနီမီးဖိုတို့ ရှိပြီး ၎င်းတို့က အသုံးပြုရန် လုံလောက်သည်။ဤအဆင့်မြင့် ရတနာသည် ရေခဲ အခြေပြု သိုင်း စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်သည်။ အေးခဲဖန်ဓားသည် သူ့လက်ထဲမှာထက် သူ့စီနီယာအစ်မ လက်ထဲမှာက ပို၍ ကြီးကျယ်စွာ အသုံးတည့်ပါမည်။
စီနီယာအစ်မသည် သူ့အား ထွက်ပြေးနိုင်စေဖို့ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား တိုက်ခိုက်၍ နောက်ချန်နေခဲ့ရန် ဆန္ဒရှိခဲ့သည်။ ၎င်းသည် အတော်လေး စွန့်စားရမည့် ကိစ္စတခု ဖြစ်သည်။ စီနီယာအစ်မက သူ့ဘက်မှ ရပ်တည်၍ ကာကွယ်ပေးသည့်အလျောက် သူသည်လည်း တွန့်တိုနေသည် မဟုတ်ပေ။သို့ဖြစ်လေရာ ဤအေးခဲဖန်ဓားကို စီနီယာအစ်မအား ပေးဖို့ ဆုံးဖြတ်ခဲ့လေသည်။ စင်စစ်မှာတော့ သူ့ရင်ထဲက မျှော်လင့်ချက်ရေးရေး တစ်ခု လည်း ပါဝင်ပါသေးသည်။
အဟဲ။ ထိုအရာကတော့ သူ့စီနီယာ အစ်မ သူ့ကို ချစ်လာအောင် လုပ်ရမယ့် အလုပ်ပါပဲ။
ဂျူနီယာညီမနှင့် ကြိုးစားရသော အလုပ်က လွဲချော်မှု တစ်ခုလိုပင်။ဘယ်သောအခါမှ
မပြီးမြောက်နိုင်ပါချေ။
စီနီယာအစ်မနှင့် အလုပ်အား ဦးစွာ ပြေလည်အောင်သာ လုရီ စဉ်းစားနိုင်ခဲ့သည်။ ကံကောင်းလျှင် သူ့စီနီယာအစ်မနှင့် အလုပ် ပြီးသွားနိုင်သည် မဟုတ်ပါလား။
လုရီ အေးခဲဖန်ဓားကို ထုတ်ယူလိုက်ချိန်တွင် လျိုနင်ရွှမ်းသည် ချက်ချင်းပင် ၎င်းအား မျက်စိကျသွားတော့သည်။
မွေးရာပါ ရေခဲ ဝိဉာဉ် ခန္ဓာရှိသူ
တစ်ယောက်အနေနှင့် ဤမှော်လက်နက်သည် သူမနှင့် မည်မျှ လိုက်ဖက်မှု ရှိလိုက်သလဲ.. သဘာဝကျကျ သိပါသည်။
သူမ၏ လှပသော မျက်နှာသည် အံ့ဩမှု အရိပ်အယောင် ပေါ်လွင်နေသည်။
"ဒီရေခဲဓာတ်က အရမ်း ပြင်းထန်တယ် ..ဂျူနီယာမောင်လေး ..ဒီကျင့်ကြံမှု ရတနာက ... အဆင့်မြင့် ရတနာ မဟုတ်လား။"
လုရီ ပြုံးပြီး ခေါင်းညိတ်ပြကာ...
"ဟုတ်ပါတယ်၊ ဒါက အဆင့်မြင့် ရတနာ၊ အေးခဲဖန်ဓားပါ ..ဂျူနီယာမောင်လေးက ဒါကို အရင်က မတော်တဆ တွေ့ပြီး ကံကောင်းခဲ့တာလေ၊ ဒီဓားက စီနီယာအစ်မအတွက် အသင့်တော်ဆုံးပဲဗျ..."
လျိုနင်ရွှမ်း၏ ငြိမ်သက်နေသော မျက်လုံးများသည် တုန်ခါနေသော ကန်ရေပြင်ကဲ့သို့ပင်အနည်းငယ် လှိုင်းထသွားသည်။ သူမသည် ခေါင်းကလေးမော့ကာ ရှုပ်ထွေးမှုတို့ ဝေ့ဝဲသော အကြည့်ဖြင့် လုရီကို ရင်ဆိုင်လိုက်သည်။
"ဂျူနီယာ မောင်လေး... အဆင့်မြင့် ရတနာတစ်ခုက ဘယ်လောက် အဖိုးတန်လိုက်လဲ.. နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတောင်မှ သူတို့မှာ ရှိသမျှ အရာအားလုံးနဲ့ လဲလှယ်ချင်ကြလိမ့်မယ်။ဒါကို နင် ငါ့ကို တကယ် ပေးချင်တာလား။"
လုရီသည် ပေါ့ပေါ့ပါးပါးဖြင့် ခေါင်းညိတ်လိုက်ပြီး
"ဒါပေါ့...ကျင့်ကြံမှု ရတနာက အဖိုးတန်ပေမယ့် ဂျူနီယာ မောင်လေးရဲ့ နှလုံးသားထဲမှာ ရှိတဲ့ စီနီယာအစ်မရဲ့ တည်ရှိမှုနဲ့တော့ ဘယ်လို နှိုင်းယှဉ်လို့ ရနိုင်မလဲဗျာ...
ကျွန်တော့်ရဲ့ အမြင်အရတော့ နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကတောင် စီနီယာအစ်မရဲ့ ပျော်ရွှင်မှုလောက် အရေးမကြီးဘူးပဲ..." ဟု ခပ်ချွဲချွဲ ပြောလိုက်တော့သည်။
ထိုအခိုက်အတန့်၌... လျိုနင်ရွှမ်းသည် အသက်ရှုသံ အနည်းငယ် ပုံမမှန် ဖြစ်သွားပြီး သူမသည် လုရီထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလာသည်။
"ဂျူနီယာ မောင်လေး...ဒီလို ချိုမြိန်တဲ့ စကားတွေ ပြောတတ်ဖို့... ဘယ်တုန်းက သင်ယူခဲ့တာလဲ... "
ထိုအခါ... လုရီ၏ ပါးစပ်သည် အနည်းငယ် တွန့်သွားပြီး သူ့ကိုယ်သူ အနည်းငယ်... သံသယ ဝင်လာသည်။
..ငါ မြှောက်ပင့်လိုက်တာ တစ်နည်းနည်းနဲ့များ... မှားနေသလား..
သူသည် အစောပိုင်း ရက်အနည်းငယ်က
မိန်းကလေးများအား ပိုးပန်းရာ၌ ဆရာကျသော ပိုင်ယွီလုံနှင့် အခြားညီအစ်ကိုများထံ သွားရောက် ပညာယူခဲ့သော်လည်း ယခုလို အဆင်မပြေသော အစပြုမှု တစ်ခု ဖြစ်လာခဲ့သည်လား။
လုရီ ကယောင်ကတမ်း ရယ်လိုက်ပြီး...
ဖြေရှင်းလိုက်သည်။
"ဂျူနီယာ မောင်လေးက စိတ်ရင်းမှန်အတိုင်း ပြောနေတာပါ...ဒီအေးခဲဖန်ဓားကို စီနီယာအစ်မကို တကယ်ပေးဖို့ စီစဉ်ထားတာဗျ"
ထိုအခါ..လျိုနင်ရွှမ်းမှာ တစ်ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပေါ့ပေါ့ပါးပါး ပြုံးပြီး
"ဒါဆို စီနီယာအစ်မ လက်ခံလိုက်ပါမယ်.."
သူမလက်ထဲတွင် ဓားရိုးကို ထည့်ပေးစဉ်..လုရီ၏ လက်ချောင်းများက
လျိုနင်ရွှမ်း၏ ကျောက်စိမ်းလို နူးညံ့သော လက်များနှင့် အမှတ်တမဲ့ ထိတွေ့မိသည်။ သူမ၏ လက်များသည် သူမ၏ စိတ်နေစိတ်ထားကဲ့သို့ ရေခဲတမျှ အေးစက်နေသည်။
လျိုနင်ရွှမ်းသည် ဓားကို ကိုင်ကာ ..လုရီဘက်သို့ လှည့်ကာ နောက်ကွယ်မှ အသေအကြေ လိုက်လံ ဖမ်းဆီးနေကြသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများကို မျက်နှာမူကာ သူမ၏ အေးစက်သော အသံဖြင့် စိန်ခေါ်လိုက်တော့သည်။
"ကောင်းပြီလေ...ဂျူနီယာ မောင်လေးက ...ယုံကြည်ချက် ရှိနေတယ် ဆိုတော့
စီနီယာအစ်မက သူတို့ကို သတ်ဖို့ နင်နဲ့အတူ ပူးပေါင်းပါမယ်.."
ထိုသို့ ပြောဆိုနေစဉ်တွင် လျိုနင်ရွှမ်း၏ ကိုယ်တစ်ဝိုက်တွင် လေအေးများ ဝေ့ဝဲလာပြီး သူမ၏ ကိုယ်တွင် နှင်းခဲများ တောက်ပလာကာ ..သူမ၏ အရှိန်အဝါသည် ယခင်ကထက် ပိုမို အားကောင်းလာသည်။
အေးခဲဖန်ဓားကို ကိုင်ထားရုံမျှဖြင့်
လျိုနင်ရွှမ်း၏ အရှိန်အဝါသည်အလွန်အမင်း ကြီးထွားလာခဲ့သည်။
... တကယ့်ကို အဆင့်မြင့် ရတနာတစ်ခု ဖြစ်ဖို့ ထိုက်တန်လိုက်တာ...
..လုရီ၏ အတွင်းစိတ်တွင် ကျယ်လောင်စွာ အော်ပြောခဲ့တော့၏။
ထို့နောက် လုရီ ရွှင်မြူးစွာ ရယ်လိုက်ပြီး
"ဟားဟားဟား... ဒီနေ့ ကျွန်တော်တို့ ဆရာတူမောင်နှမတွေ အတူတူ အောင်ပွဲခံကြတာပေါ့ဗျ..."
သူ့စကားမဆုံးမီတွင် လုရီသည်လည်း နက်နဲနေမင်း ဓားကို ဆွဲထုတ်ကာ
လျိုနင်ရွှမ်းနှင့်အတူ ယှဉ်တွဲကာ ရပ်ပြီး သူတို့နောက်သို့ လိုက်လာသော ကျင့်ကြံသူ အမြောက်အမြားကို မျက်နှာမူလိုက်သည်။
ပထမဦးစွာ သူတို့အား လိုက်၍ မီလာ သော သူမှာ မလွဲမသွေပင် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ ဖြစ်သည်။
သူသည် သွေးနီရောင် ၀တ်စုံဝတ်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ပိန်လှီကာ ဆံပင်ပါးသည်။အဘိုးအို၏ ကိုယ်ခန္ဓာမှပြင်းထန်သော သွေးရနံ့ ထွက်ပေါ်နေသည်။ သူ၏ အရှိန်အဝါသည် မတည်မငြိမ်ဖြစ်နေကာ အားနည်းသွားပုံရသည်။
အကြီးအကဲမင်၏ ပိတ်ဆို့ခြင်းကို ဖြတ်ကျော်နိုင်ရန် ဟင်းလင်းပြင် ဥမင်ကျင့်ကြံသူ ယူယင် နှင့် အခြားသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ နှစ်ဦးက သူ့အတွက် လမ်းရှင်းပေးခဲ့သော်လည်း၊ သူသည် ထူးထူးခြားခြား တန်ဖိုး ပေးဆပ်ခဲ့ရသေးသည်။
လုရီ နှင့် လျိုနင်ရွှမ်းသည် အမှန်တကယ် ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့်
အဘိုးအိုက မိုက်မဲသော အပြုံးကို ထုတ်ပြကာ
"ကောင်စုတ်လေးတွေ...မပြေးတော့ဘူးလား။ ဘာလို့ အခု မပြေးတာလဲ၊ မင်းတို့ ဘယ်လိုပဲ ပြေးနေပါစေ ဒီနေ့ သေဖို့ ကံပါလာပြီးသားပဲ..."
လျိုနင်ရွှမ်းသည် ကိုင်စွဲထားသော အေးခဲဖန်ဓားဖြင့် သွေးနီရောင်ဝတ်စုံဝတ် အဘိုးအိုအား တိုက်ရိုက် ညွှန်ပြပြီး သူမနှုတ်ခမ်းဖျားမှ အေးစက်သော စကားသံတို့ ထွက်ကျလာသည်။
"သေရမယ့်သူက ရှင်ပဲ"
အေးခဲဖန်ဓားမှ ဖြာထွက်လာသော ကြောက်ခမန်းလိလိ အအေးဓာတ်ကို မြင်လိုက်ရသည့် အချိန်မှာ အဘိုးအို မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီး သူ့မျက်လုံးတွေမှာ လိုချင်တပ်မက်သော အရိပ်အယောင်များ ပြည့်နှက်၍ လာတော့သည်။
"ကျင့်ကြံမှု ရတနာ... အဆင့်မြင့်အဆင့်ပါလား...ဟားဟားဟား၊ ကောင်းကင်က ငါ့အတွက် ကံကောင်းစေတာပဲ၊ ဒီနေ့က ငါ
ရှဲ့ယွီ အတွက် အခွင့်အရေးကောင်းပဲ"
ထို့နောက် သူက ခေါင်းကို လှည့်ကာ လုရီ ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော နက်နဲ နေမင်းဓားကို တွေ့လိုက်ရပြန်ရာ သူ့မျက်လုံးများအတွင်း လောဘရိပ်တို့ လက်သွားပြန်သည်။
"အို..အလယ်အလတ်အဆင့် ကျင့်ကြံမှုရတနာ.. ကောင်းတယ်၊ သိပ်ကို ကောင်းတယ်၊ မင်းတို့ကြွက်စုတ်လေးတွေကို
ဒီအဘိုးကြီးက တကယ်ကို ကျေးဇူးတင်တယ်..ဟီးဟီး..."
ထိုသို့ တဟီးဟီး ရယ်မောနေသည့် အခိုက်အတန့်မှာပင် အဘိုးအို၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားများ ရုန်းကြွလာကာ သွေးအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သွေးလှိုင်းလုံးအသွင် ဝရုန်းသုန်းကား လှုပ်ခတ်လာလေသည်။
နောက်အခိုက်အတန့်တွင် ရှဲ့ယွီသည် ဧရာမ သွေးရောင် လက်ဖဝါးကြီး တစ်ဖက် ဖန်တီးပြီး လုရီနှင့် လျိုနင်ရွှမ်းတို့ထံ ဦးတည်၍ အရှိန်ပြင်းပြင်း ပစ်ခွင်းသည်။
ထိုသွေးရောင်လက်ဖဝါးကြီးက
သွေးဝိညာဉ်ဂိုဏ်း၏ အစွမ်းထက်သိုင်းပညာ တစ်ခု ဖြစ်သော ကောင်းကင်သွေးလက်ဖဝါးသိုင်းပင်။
၎င်းကို လုံလောက်စွာ နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ထားသောအခါတွင် ကောင်းကင် ပိုက်ကွန်တစ်ခုသဖွယ် နေရာလပ်ကို ပိတ်ဆို့နိုင်ပြီး ၎င်းအတွင်းမှ ကျင့်ကြံသူ မှန်သမျှကို သူတို့၏ ထွက်ပြေးလမ်းကြောင်းကို ပိတ်ဆို့ကာ ထောင်ချောက်ဆင်နိုင်သည်။
ထိုအချိန်တွင်ပင် အေးစက်သော လေပြင်းများ တဟုန်ထိုး တိုက်ခတ်ကာ ကောင်းကင်သွေးလက်သည် လေထုအလယ်တွင် ရုတ်တရက် တောင့်တင်းလာသည်။ နောက်တစ်စက္ကန့်တွင် သွေးရောင်ရေခဲတုံးများ အဖြစ် အစိတ်စိတ်အမြွာမြွာ ကွဲအက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဟင်..."
ရှဲ့ယွီသည် လျိုနင်ရွှမ်းကို
ထိတ်လန့်တကြားအမူအရာဖြင့် ကြည့်ပြီး သူ့မျက်လုံးများ၌ အရူးအမူး သတ်ဖြတ်လိုစိတ်များ မြင့်တက်လာသည်။
"တိမ်ဖြူဂိုဏ်းက လျိုနင်ရွှမ်းက ထူးခြားတဲ့ ပါရမီရှင်ဆိုတာ တကယ်အမှန်ပဲ၊ မင်း သာ သန်မာလာရင် လင်းလောင်တောင်ထိပ်က မင်းဆရာလို ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်။ ဒီနေ့ မင်းကိုလည်း ငါ သတ်ပစ်မယ်!"
လျိုနင်ရွှမ်းမှာ စကားမပြောဘဲ ရှေ့ကို
ခြေတစ်လှမ်း တိုးလာကာ နေရာမှ ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်တွင် ရှဲ့ယွီ၏ ဦးခေါင်းထက်တွင် အဆုံးမဲ့ ရေခဲဓားကြီး တစ်လက် ဖွဲ့တည်လာ၍ သည်းထန်သော ရေခဲမိုးကြီး ရွာသွန်းသလိုမျိုး သူ့အား တဟုန်ထိုးပင် ခုတ်ပိုင်းလိုက်သည်။
ထိုအခါ..လျိုနင်ရွှမ်းနှင့်အတူ ရပ်နေသော ရှဲ့ယွီ ယမ်းပုံမီးကျဖြစ်ကာ သူ၏ ဝိညာဉ်စွမ်းအားများအား အရူးအမူး ထုတ်ဖော်လိုက်သည်။
လုရီသည် အရှေ့သို့ မတက်ခဲ့ပေ။ ၎င်းအစား သူက သူတို့လာရာ လမ်းဘက်သို့ မျက်နှာမူသည်။
သက်တန့် ရောင် အလင်းတန်းဆယ့်သုံးခုသည် ခပ်မြန်မြန် နီးကပ်လာပြီး၊ အခြေတည်ဝိညာဉ် နယ်ပယ်၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ မြင့်တက်လာကာ လေထုအား မုန်တိုင်းထန်စေသည်။
လုရီက မထီတရီ ပြုံးသည်။ သူ့မျက်လုံးများက ရေခဲလို အေးစက်မှုနှင့် ပြည့်နှက် နေသည်။
နတ်ဘုရား အသွင်ပြောင်း ပုဂ္ဂိုလ်အား
စီနီယာ အစ်မက လတ်တလော ကိုင်တွယ်ပေးထားသဖြင့်၊ သူက ဤအဖော်အနည်းငယ်ကို ဦးစွာ ချေမှုန်းမည် ဖြစ်၏။
--------------
အခန်း၁၈၈- မသေမျိုး ဘုရင်ငယ်လေး...
~အခြေတည် ဝိညာဉ် ကျင့်ကြံသူများ၏ အရှိန်သည် အလွန်အမင်း မြန်ဆန်ပြီး မိုးကုပ်စက်ဝိုင်းမှ လုရီတို့နှင့် မဝေးသော အရပ်သို့ ရောက်ရှိလာစေရန် အသက်ရှုချိန် အနည်းငယ်မျှသာ ကြာလေသည်။
အခြေတည် ဝိဥာဉ်ကျင့်ကြံသူတစ်ဖွဲ့သည် တိုက်ပွဲ ဝင်နေသော လျိုနင်ရွှမ်းနှင့် ရှဲ့ယွီကို အကဲခတ်လိုက်ကြပြီးနောက် လုရီဆီသို့
အကြည့်များ ရောက်ရှိ သွားကြသည်။
"မင်း လွတ်မြောက်ဖို့ အခွင့်အရေး မယူခဲ့ဘူးလား.. သေခြင်းတရားကို မသိတဲ့ အရူးပဲ.."
ဖုထစ်သော ကြွက်သားများနှင့် အားကောင်းသန် လူတစ်ယောက်က လုရီအား အထင်တသေး လှောင်ပြောင်လာသည်။
ကျန်အခြေတည် ဝိညာဉ် ကျင့်ကြံသူများသည် ဖြည်းဖြည်းချင်း သတိရှိစွာ ဝန်းရံကာ လုရီအား ညှပ်ပူးညှပ်ပိတ် ပိတ်ဆို့လိုက်ကြသည်။
သူတို့အုပ်စုထဲမှ လှပပြီး စွဲမက်ဖွယ်ကောင်းသည့် အခြားအမျိုးသမီးသည်လည်း လုရီကို စိုက်ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"သနားစရာ ကောင်းလိုက်တာ၊ မှားယွင်းတဲ့ ဂိုဏ်းကို ရွေးခဲ့လို့ပဲ.. မဟုတ်ရင် မင်းရဲ့ အရည်အချင်းနဲ့ မင်းက တကယ့် ဂုရုကြီး ဖြစ်လာနိုင်တယ်"
လုရီ၏အမူအရာမှာ ပကတိ တည်ငြိမ်နေပြီး သူက ခနဲ့ပြုံးနှင့် စိုက်ကြည့်ရင်း
"စီနီယာ..ခင်ဗျားက ကျုပ်ရဲ့ အရှုံးကို ကျိန်းသေပေါက် မြင်နေရပြီလို့ ထင်နေတာလား..သေချာပေါက် ဒီလို ဖြစ်မလာနိုင်ဘူး.."
လုရီ၏ စကားကြောင့် အားလုံး ကြောင်သွားပြီးနောက် ဟားတိုက်လိုက်ကြသည်။
"ဟားဟား၊ ငချွတ်လေး.. ငါတို့လက်ထဲကနေ လွတ်နိုင်မယ် ထင်သလား"
"ရယ်စရာကောင်းလိုက်တဲ့ ဟာသကြီး။ မင်းက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက် ဆိုလည်း သောက်ဂရုစိုက်စရာလားကွ..ငါတို့သာ အရေအတွက်နည်းရင် မင်းတကယ် လွတ်မြောက်နိုင်ပေမယ့်
ကံမကောင်းစွာပဲ၊ ငါတို့အုပ်စုက ဆယ့်သုံးယောက်ကွ ...ဟီးဟီးဟီး"
"ထူးခြားတဲ့ စွမ်းရည်တွေ ရှိရင်တောင် မင်းရဲ့ ကျင့်စဉ်အဆင့်က ရွှေအူတိုင်လေးပဲ..
ဟမ့်..ငါတို့အခြေတည်ဝိဥာဉ် ကျင့်ကြံသူဆယ့်သုံးယောက် ရှေ့မှာ ထွက်ပြေးဖို့ ကြံနေတာလား..."
သူတို့သည် သူတို့ကိုယ်မှ ဝိဥာဉ် စွမ်းအားများအား ထုတ်ဖော်၍ လုရိီအား ထွက်မပြေးနိုင်စေရန် ထိုအားလှိုင်းများဖြင့် ဖိနှိပ်လိုက်သည်။
လုရီသည် မူမမှန်သည့် တစ်စုံတစ်ခုပြုလုပ်ခဲ့ပါက ပြင်းထန်စွာ တိုက်ခိုက်ခံရမည်ဖြစ်သည်။
လုရီက ခပ်ဟဟ ရယ်မောကာ
"ကိုယ့်လူတို့ အထင်မှားနေပြီ။ကျုပ် ထွက်ပြေးဖို့ ဘယ်တော့မှ မတွေးဘူး...ခင်ဗျားတို့ အကုန်လုံးကို သတ်ဖို့ပဲ"
သူ့စကားအဆုံးမသတ်မီတွင် လုရီသည် လက်ထဲမှ နေလုံးကြီး တစ်လုံးကဲ့သို့ ပူလောင်ပြင်းပြနေသော နက်နဲနေမင်းဓားကို ဝှေ့ယမ်းလိုက်သည်နှင့်တပြိုင်နက် ထက်ရှသော ဓားစိတ်ဆန္ဒ ဖြစ်တည်လာပြီး အရပ်မျက်နှာအသီးသီးသို့ တောက်ပသော အပူလှိုင်းများ ဖြာထွက်သွားသည်။
ခြေတစ်လှမ်း လှမ်းကာ အရှေ့တက်ရင်း သူ့အရှေ့တည့်တည့်မှ အခြေတည်ဝိဥာဉ် ကျင့်ကြံသူ တစ်ယောက်အား ဓားချက်တစ်ချက် ပစ်ခွင်းလိုက်သည်။ နက်နဲနေမင်းဓားသည် ကျယ်လောင်သော ဆူညံသံနှင့်အတူ လေထုတွင်း တိုးဝင်ပြီး သတ္တုကိုပင် အငွေ့ပျံသွားစေနိုင်သော မြင့်မားသည့် အပူချိန်ဖြင့် မီတာတစ်ရာ ရှည်သော အနီရောင်ဓားအလင်းတန်းကြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ထိုဓားအလင်းတန်းသည် ရန်သူတို့၏ မျက်နှာများကိုပင် လင်းဖြာသွားစေသည့်အခါ ကနဦး ပြုံးရယ်နေသော
သူတို့၏ မျက်နှာများပေါ်မှ အပြုံးများတောင့်တင်းသွားကာ ခန္ဓာကိုယ်များအေးစက်လာသည်။အထူးသဖြင့် ၎င်းဓားအလင်းတန်းအား တိုက်ရိုက် ရင်ဆိုင်ရသော အခြေတည် ကျင့်ကြံသူက ပို၍ ဆိုးရွားလေသည်။
ထိုလူသည် သာမာန်ပုံစံ အနက်ရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် တစ်ဦးဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့်ကတော့ အခြေတည် ဝိဥာဉ် ခြောက်လွှာပင်...။
ထိုလူ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားကာ ခပ်တိုးတိုး မာန်သွင်းလိုက်ရင်း သူ့လက်ထဲတွင် မည်းနက်နေသော ဒိုင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
အနက်ရောင် ဒိုင်းသည် ဆယ်စတုရန်းမီတာကျော်ရှိသော ဧရိယာအား လွှမ်းခြုံစေလောက်အောင် တမဟုတ်ချင်း အရွယ်အစား ကြီးမားလာခဲ့ပြီး ၎င်းအပေါ်တွင် နက်မှောင်သော သတ္တုအမှုန်အမွှားများ ဝိုးတဝါး တောက်ပနေသည်။
ဝုန်း…
ဓားချီသည် ဒိုင်းအပေါ်သို့ ထိမှန်၏။
ထန်…
နားအူသော သတ္တုမြည်သံနှင့်အတူ ဒိုင်းသည် ရုတ်ချည်းပင် ထက်ပိုင်း ကျိုးသည်။ အတားအဆီး ကင်းမဲ့သော ဓားချီသည် လူလတ်ပိုင်းလူဆီသို့ တဝီဝီ ပျံသန်းနေတော့သည်။
ထိုသူက အထိတ်တလန့်အော်ဟစ်ကာ သူ့ကိုယ်၌ ဝိညာဉ်စွမ်းအားများ လည်ပတ်၍ နောက်သို့ တဆုတ်တည်း ဆုတ်နေရသည်။
သူသည် အစွမ်းထက်သော တိုက်ကွက်များဖြင့် ဓားချီအား ပြင်းထန်စွာ ခုခံနေသော်လည်း ၎င်းအား တားဆီးနိုင်စွမ်း ကင်းမဲ့ရှာသည်။
ဓားချီသည် လူလတ်ပိုင်းအရွယ် လူအား ချက်ချင်း ဝါးမြို၍ သူသည် ဟစ်အော်ရန် အခွင့်အရေးပင် မရှိခဲ့ဘဲ အသက်ခန္ဓာကင်းမဲ့ကာ မီးသွေးတုံးဘဝ ပြောင်းသွားရလေသည်။
ဓားအလင်းတန်း ဖြတ်ပြေးသွားစဉ် လူသား မီးသွေးတုံးမှာ ပြာအဖြစ် ပြိုကျပျက်စီးကာ လေထဲသို့ ပျောက်ကွယ်သွားသည်။
အခြေတည်ဝိညာဉ် ကျင့်ကြံသူအားလုံးသည် အပူလှိုင်းကြားတွင် ရပ်နေသော်လည်း ပူလောင်ရမည့်အစား တစ်ချိန်တည်းတွင် သူတို့၏ ကျောရိုးများ စိမ့်၍ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
သူတို့သည် ရုတ်ရုတ်သဲသဲဖြစ်သွားကာ
လုရိီကို ထ််ိတ်လန့်မှု အတိုင်းသားဖြင့် ပြန်
ကြည့်လာသည်။
"ဒါက ဘယ်လို ဓားစိတ်ဆန္ဒလဲ ..ဘာလို့
ဒီလောက်တော့ အစွမ်းထက်နိုင်တာလဲ.."
"လင်းရီကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား၊ လင်းရီက ပျော့ညံ့တဲ့ကောင်မဟုတ်ဘူးလေ!"
ထိုအခိုက်အတန့်တွင်
"ဟေ့လူတွေ..၊ ဒီကောင်လေး လက်ထဲက ဓားရှည်ကို သေချာ ကြည့်ကြ!"
ဆံပင်ဖြူ အဘိုးအို သည် လုရီ၏လက်ထဲမှ နက်နဲ နေမင်းဓားကို စေ့စေ့ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကာ သူ့အဖော်များအား အော်ဟစ်ပြောလာခြင်းပါ။
ထိုအဘိုးအို၏ သတိပေးမှုကြောင့် ထိတ်လန့်သွားသော အခြားသူများသည် လုရီ၏ နက်နဲ နေမင်းဓားကို သတိပြုမိလိုက်ကြသည်။
ရုတ်တရက်ပင် လူတိုင်း စိတ်ထဲ သွေးဆူလာပြီး လောဘအကြည့်တွေ ပေါ်လာသည်။
"အလို..အလယ်အလတ်အဆင့် ရတနာပါလား... တကယ်တော့ ဒါက အလယ်အလတ်အဆင့် ရတနာပဲ"
"ဒီကောင်လေးရဲ့ ဓားချီ အရမ်းသန်မာနေတာ အံ့သြစရာတော့ မဟုတ်တော့ဘူး၊ သူ့လက်ထဲမှာ ကိုင်ထားတာ အလယ်အလတ်တန်းစား ရတနာတစ်ခုကိုး။"
ထိုသို့ အခြေတည် ဝိဉာဉ် ကျင့်ကြံသူအများအပြား၏ လောဘဇောကို မြင်လျှင် လုရီ က ပြုံးတုံ့တုံ့ဖြင့် သူ့လက်ထဲမှ ဓားရှည်ကို လေပေါ် မြှောက်ပြလ်ိုက်ကာ စိန်ခေါ်သည်။
"ခင်ဗျားတို့မှာ အရည်အချင်းရှိရင် လာယူ"
ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ အခြေတည် ဝိဉာဉ် ကျင့်ကြံသူများ အချင်းချင်း အကြည့်ချင်း ဖလှယ်ကြပြီး သူတို့ထဲမှ အခြေတည် ဝိဉာဉ် အထွတ်အထိပ် အဆင့် အမျိုးသမီး
တစ်ယောက်က နှိုးဆော်လာသည်။
" ငါတို့ သူ့ကို အတူ သတ်ကြမယ်"
အမျိုးသမီးသည် ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ လည်ပတ်လိုက်စဉ် သူမ၏ခန္ဓာကိုယ်မှ သွေးရောင်ကြာပွတ် တစ်ချောင်း ပေါက်ကွဲထွက်လာသောအခါ အားလှိုင်း သက်ရောက်ခံရသော တောင်ထိပ်သည် အမှုန့်ကြေပြီး တိတ်တဆိတ် ပြိုကျသွားသည်။
ထိုမြင်ကွင်းအား မြင်တော့ တခြား ကျင့်ကြံသူတွေလည်း သူတို့၏ အစွမ်းထက် သိုင်းကွက်များအား စတင် ထုတ်ဖော်ကာ လုရီကို တိုက်ခိုက်ကြသည်။
ရန်သူတစ်ယောက်သည် အလင်းကဲ့သို့ လျင်မြန်သော ဓားတစ်လက်ကို ထိန်းချုပ်ကာ လုရီ ဆီသို့ ပြေးဝင်သည်။ နောက်တစ်ယောက်သည် လုရီကို မီးမြိုက်ရန် မီးဖိုကြီး တစ်ခုအား ဆင့်ခေါ်၏။ နောက်တစ်ဦးသည် လက်ဟန်များဖော်ထုတ်၍ လေထဲတွင် မန္တန်တစ်ခုအား ရေးဆွဲကာ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးအား ဆင့်ခေါ်လိုက်သည် ။
အခြေတည် ဝိညာဉ်ကျင့်ကြံသူများအနေဖြင့် ရန်သူများထဲက မည်သူမျှ အားမနည်းသလို ဉာဏ်နည်းသူများလည်း မဟုတ်ကြပေ။သူတို့၏ အရည်အချင်းများ
မလုံလောက်လျှင် အခြေတည် ဝိညာဉ်နယ်ပယ်သို့ အဘယ်သို့ တက်လှမ်းလာနိုင်မည်နည်း။
သူတို့၏ သိုင်းပညာသည် အလွန်အစွမ်းထက်ပြီး တိုက်ခိုက်မှုတိုင်းသည် တောင်တစ်တောင်ကို ဖြစ်စေ..ရွာတစ်ရွာ ဖြစ်စေ အလွယ်တကူ ဖြိုလှန်နိုင်စွမ်း ရှိ ချေသည်။
ဤတိုက်ခိုက်မှုများကြားတွင် လုရီမှာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်၏ အရှိန်အဟုန်ကို ခံစားခဲ့ရသော်လည်း မျက်နှာ တစ်ချက်မျှ
မပျက်ယွင်းပေ။
နောက်အခိုက်အတန့်တွင် သူ့ ခန္ဓာကိုယ်သည် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး မူလ လွတ်မြောက်ဓားအား ထုတ်ဖော်၍ နေရာမှ ချက်ချင်း ပျောက်ကွယ်သွား တော့သည်။
တစ်ဆက်တည်း၌ အားနည်းသော အခြေတည် စိတ်ဝိညာဉ် တတိယအလွှာ ရှိ ကျင့်ကြံသူအမျိုးသမီး၏ နောက်ကွယ်တွင် ပြန်လည် ပေါ်ထွက်လာသည်။
သူမသည် အနက်ရောင်ဆံပင်ရှည်နှင့်
ခန္ဓာ ကောက်ကြောင်း လှပသော ခပ်ချောချော အမျိုးသမီး တစ်ဦးဖြစ်ပြီး အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည်။
နက်နဲ နေမင်းဓားကို အားဖြင့် လွှဲခုတ်လိုက်ရာ ချက်ချင်းပင် ကြောက်စရာကောင်းသော ဓားချီသည် ဆံပင်အနက်ရောင် အမျိုးသမီး မတုံ့ပြန်နိုင်မီ နောက်တစ်ကြိမ် ပြန်လည်စုရုံးလာကာ သူမကိုယ်သည် ဓားချီဖြင့် ဖုံးလွှမ်းသွားလေသည်။
ဤဆံပင်အနက်ရောင် အမျိုးသမီး၏ ကျင့်စဉ်အဆင့်သည် ယခင်က ရှုံးနိမ့်ခဲ့သော အခြေတည်ဝိဥာဉ် ဆဋ္ဌမအလွှာရှိ လင်းရီကဲ့သို့ပင် မသန်မာလေရာ သူမသည် ဓားချီဖြင့် ဝါးမြိုခံရသည်နှင့် တပြိုင်နက် ပြာအသွင် လုံးလုံးလျားလျား ပြောင်းလဲကာ လေထဲ၌ ပြန့်ကျဲသွားသည်။
"ဝမ်ချင်း"
အနီးနားရှိ အခြေတည်ဝိဥာဉ်ရှစ်လွှာ ကျင့်စဉ်အဆင့်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကြေကွဲသော အသံနက်ကြီးဖြင့် အော်ဟစ်ကာ လုရီကို စူးစူးဝါးဝါး ကြည့်ရင်း အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။
ထိုလူက သူ၏ ကျင့်ကြံမှု ရတနာများ ထုတ်ဖော်ကာ လုရီကို ပစ်မှတ်ထားပြီး အသည်းအသန် တိုက်ခိုက်လေတော့သည်။
သို့သော် ကျင့်ကြံမှု ရတနာများ သူ့ဆီ
မပျံသန်းလာမီတွင် လုရီသည် ထိုနေရာမှ တစ်ဖန် လျှပ်တပြက် ပျောက်ကွယ်သွားပြန်ကာ အခြေတည် စိတ်ဝိညာဉ် ပဉ္စမအလွှာ ကျင့်စဉ်အဆင့်ရှိ ကျင့်ကြံသူ နောက်ကွယ်၌..တစ္ဆသရဲလို ပေါ်ထွက်လာပြီး ထိုသူ့ထံ ဓားချီတစ်ခု ပစ်လွှတ်လိုက်လေသည်။
------------
အခန်း၁၈၉- မသေမျိုး ဘုရင်ငယ်လေး...
~ကျင့်ကြံသူများ၏ မျက်နှာများသည် အမူအရာများ ထပ်တလဲလဲ ပြောင်းလဲသွားသည်။ အရာအားလုံးသည် မြန်ဆန်လွန်းပြီး သူတို့အနေနှင့် တုံ့ပြန်ဖို့ လိုက်မမိီနိုင်အောင် ဖြစ်ရသည်။
ထိုစဉ်.. အခြေတည်ဝိဉာဉ် အထွတ်အထိပ်ကျင့်စဉ်အဆင့်ရှိ လှပသော အမျိုးသမီးက သတိပေး၏။
"ဒီမကောင်းဆိုးဝါးလေးက အရမ်းမြန်တယ်။ အားလုံးပဲ လူစုကြ ၊ သူ့ကို အခွင့်အရေး မပေးနဲ့"
ဒါကို ကြားတော့ ကျန်သည့် အခြေတည် ဝိညာဉ် ကျင့်ကြံသူ ကိုးဦးက လုရီကို သတိထား၍ စုစည်းလိုက်ကြသည် ။
ရွှေအူတိုင် ကျင့်ကြံ ကိုးဦးက ရွှေအူတိုင် ကျင့်ကြံသူလေးအား အလွန်အမင်း သတိထားနေသည့် အဖြစ်အား ပြန်ပြောင်း ပြောဆိုပါက အခြားသော ကျင့်ကြံသူများ ယုံနိုင်လောက်မည် မဟုတ်ချေ။
၎င်းကို မြင်တော့ သူတို့ရှေ့ လုရီက နက်နဲနေမင်းဓားကို ကိုင်ထားပြီး ခပ်ဟဟ ရယ်မောလိုက်သည်။
"ခင်ဗျားတို့ ကျုပ်ကို လိုက်ဖမ်းချင်နေတာမဟုတ်ဘူးလား။ ဒီလိုပုံစံနဲ့ ခင်ဗျားတို့ ကျုပ်ကို ဘယ်လိုသတ်မှာလဲ။"
သူ၏ လှောင်ပြောင်မှုကြောင့် အခြေတည်ဝိဉာဉ်ကျင့်ကြံသူ အများအပြား၏ မျက်နှာများသည် အရောင်များ ထပ်တလဲလဲ ပြောင်းလဲသွားကာ သူတို့၏ အမူအရာများမှာ လွန်စွာ ရှက်ရွံ့သွားသည်။
ထိုသူတို့သည် ဂိုဏ်းငယ်များတွင် ဘိုးဘေးများဟု ယူဆကြသည့် အခြေတည်ဝိဉာဉ်ကျင့်ကြံများ ဖြစ်ခြင်းကြောင့် ရွှေအူတိုင် ကျင့်ကြံသူအား စုပေါင်း၍ ခုခံကာကွယ်နေရခြင်းမှာ သူတို့အတွက် အလွန်အရှက်ရစေပါသည်။
"မကောင်းဆိုးဝါးလေး။ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့!"
အခြေတည် ဝိဉာဉ် အထွတ်အထိပ်အဆင့်ရှိ အမျိုးသမီးက ဒေါသတကြီး အော်လိုက်ပြီး
လက်ကို ဆန့်ထုတ်ကာ ကြက်သွေးရောင် ပိုက်ကွန်ကို ပစ်ချလိုက်သည်။
ပိုက်ကွန်သည် လေနှင့် ထိတွေ့သည်နှင့်အမျှ အရွယ်အစား တိုးလာကာ ကောင်းကင်ကို ဖုံးအုပ်ထားသော ကြီးမားသော ပိုက်ကြီးအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ လုရီအား ပိတ်လှောင်လိုက်သည်။
အနီးနားတွင် အခြေတည် ဝိဥာဉ်ကျင့်ကြံသူသည် မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။
"ဒါက သွေးဝိညာဉ်ဂိုဏ်းရဲ့ ကောင်းကင်ဘုံပိုက်ကွန်လား"
အမျိုးသမီးက နှာခေါင်းရှူံ့လိုက်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ၊ ကောင်းကင်ဘုံပိုက်ကွန်က ငါတို့ရဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းရဲ့ အကာအကွယ် ကျင့်ကြံရေး ရတနာပဲ၊ ဒါက ကောင်းကင်ဘုံပိုက်ကွန်ကို ပုံတူကူးထားတာ။ ဒါတောင်မှ အဆင့်နိမ့်ရတနာအဆင့်ကို ရောက်လုနီးနီးပဲ။ နတ်ဘုရား အသွင်ပြောင်းနယ်ပယ်အောက်က ကျင့်ကြံသူတွေ ဘယ်သူကမှ ဒီပိုက်ကွန်ကို မရှောင်လွှဲနိုင်ဘူး..ဒီကောင်လေးရဲ့ တိုက်ခိုက်မှုနဲ့တောင် မချိုးဖျက်နိုင်ဘူး."
ဒါကို ကြားတော့ အခြေတည် ဝိဉာဉ် ကျင့်ကြံသူ အများအပြား၏ မျက်လုံးတွေ တောက်ပလာကာ လုရီအား စူးစူးရဲရဲကြည့်ပြီး အူမြူးစွာ ရယ်မောလိုက်ကြသည်။
"ကောင်းလိုက်တာ၊ ဆက်ပြီး လေကြီးဦးလေ၊ မကောင်းဆိုးဝါးလေး..ဟားဟားဟား "
"မင်းအရမ်း မြန်ဆန်တယ် မဟုတ်လား၊ ဒါက ပုံတူကူးတဲ့ လက်နက်တစ်ခုဆိုရင်တောင် ကောင်းကင်ဘုံပိုက်ကွန်အောက်မှာ မင်း..ဘယ်လိုလုပ် လွတ်နိုင်မလဲ။"
ထိုအခိုက်တွင် မှော်လက်နက်သည် အတန်ငယ် ထူးဆန်းနေသည်ကို လုရီ သတိပြုမိလိုက်သည်။
သွေးဝိညာဉ်ဂိုဏ်း၏ ရှဲ့ယွီကဲ့သို့ပင်၊ အသက်ဝင်လာသောအခါတွင်၊ ၎င်းသည် နေရာလပ် နယ်မြေတစ်ခုကို ချိတ်ပိတ်ခဲ့ပြီး သူ၏ တိုက်ခိုက်မှု အကွာအဝေးကို အလွန်အမင်း လျှော့ချလာသည်။ ကောင်းကင်ဘုံ ပိုက်ကွန်လိုပင် ၎င်းက သူ့ကို ပိတ်လှောင်လိမ့်မည်။ သို့သော်...၎င်းက သာမန်လူတွေအတွက်သာ။
လုရီ၏ မျက်လုံးများအတွင်း ဓားအလင်းတန်းတစ်ချက် ဝင်းလက်လာပြီး ဓားစိတ်ဆန္ဒ ရုတ်ချည်းပင် ဖြစ်တည်လာပြီး သူ့ရှေ့တွင် ရွှေရောင်ဓားရိပ်များစွာ ဖြစ်ပြေးစေသည်။
သူ၏ ဓားစိတ်ဆန္ဒ ထိန်းချုပ်မှုအောက်တွင် နက်နဲ နေမင်းဓားသည် တုန်လှုပ်သွားသည်။ လုရီက ရှေ့တစ်လှမ်းတိုး၍ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ကျယ်လောင်သော မြည်ဟည်းသံ တစ်ခုနှင့်အတူ ရွှေရောင်ဓား အလင်းတန်းသည် အရာအားလုံးကို လောင်ကျွမ်းစေမည့် နတ်မီးအသွင် ကောင်းကင်သို့ ပျံတက်သည်။
ဓားအလင်းက ကြက်သွေးရောင် ကောင်းကင်ဘုံပိုက်ကွန်ကို ထိမှန်သွားတယ်။ ကြက်သွေးရောင်တောက်ပနေသော ပိုက်ကွန်သည် ဓားအလင်းကို ခံနိုင်ရည်ရှိရန် ကြိုးစားသော်လည်း ချက်ချင်း စုတ်ပြဲသွားကာ ဓားအလင်းကြောင့် အလယ်မှ ထက်ခြမ်း ကွဲသွားသည်။
"ဟင်...ဘယ်လို ဖြစ်ရတာလဲ.."
အမျိုးသမိီး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲကာ ဖျော့တော့သွားသည်။
သူမသည် ကောင်းကင်ပိုက်ကွန် လက်နက် ပုံစံကို ခက်ခက်ခဲခဲ သန့်စင်ခဲ့ရသည် ဖြစ်ရာ ယခုအခါ အဆိုပါ လက်နက် ပျက်စီးသွားသဖြင့် တန်ပြန်သက်ရောက်မှု ခံစားလိုက်ရသည်။
အခြား အခြေတည်ဝိဥာဉ် ကျင့်ကြံသူများလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ.. အလယ်အလတ်အဆင့် ရတနာ တစ်ခု ပိုင်ဆိုင်ထားရင်တောင် လုံလောက်တဲ့ ခွန်အား မရှိဘဲ ဒီလို မှော်လက်နက်ကို
ဖျက်ဆီးလို့ မရဘူးလေ"
"သူ့ရဲ့ဓားစိတ်ဆန္ဒက အရင်ကထက် ပိုကြောက်စရာကောင်းလာတာ..
. ဒီလိုဓားချီကိုကြည့်၊ သူ့ရဲ့စွမ်းအားက သာမန် အခြေတည်ဝိဉာဉ် ကျင့်ကြံသူ အထွတ်အထိပ် အဆင့်ထက် သန်မာတယ်။"
အဆိုပါ အထွတ်အထိပ် အဆင့်အခြေတည်ဝိဉာဉ် ကျင့်ကြံသူများပင်လျှင် အလွန် အရုပ်ဆိုးသော အမူအရာများ ရှိခဲ့သည်။ အခြေအနေမှာ သူတို့
ထင်ထားသည်ထက် ပိုမို၍ ဒုက္ခပေးခဲ့သည်ပင်။
ကောင်းကင်ဘုံ ပိုက်ကွန်ကို ထက်ပိုင်းခွဲပြီးနောက်၊ လုရီ၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ မြင့်တက်သွားသည်။ သူ၏ အနက်ရောင်ဆံပင်ရှည်များက လေထဲတွင်
တဟူးဟူး လွင့်မျောနေကာ သူ၏ အရှိန်အဝါသည် နတ်ဆိုးနှင့် နတ်ဘုရား ရောယှက်နေသည်။ လုရီသည် မူလလွတ်မြောက်ဓားကို ထုတ်ဖော်ပြီး နေရာကနေ ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်သည်။
"သတိထား"
အခြေတည်ဝိဉာဉ် ကျင့်ကြံသူ အကြီးအကဲသည် လေသံနှိမ့်၍ သတိပေးလိုက်ပြီး သူ့လက်မှ ဓားရှည်တစ်ချောင်းကို ထုတ်ကာ အမျိုးသမီး၏ အရှေ့ လေထဲသို့ ခုတ်လွှဲလိုက်သည်။
ထိုအချိန်တွင် လုရီသည် ထိုနေရာ၌
ရုတ်ချည်း ပြန်ပေါ်လာပြီး ဓားရှည်သည် သူ့ရင်ဘတ်အနီး ရှိနေပြီ ဖြစ်သည်။
လူတိုင်း၏ နှလုံးသားများ ရွှင်မြူးစွာ ခုန်ပေါက်သွားသည်။
သို့သော် ပါးစပ်ထောင့်များ ကွေးညွတ်လာသည်နှင့်အမျှ အေးခဲသွားကြသည်။
လုရီသည် သူ့ဘယ်လက်ဖြင့် ဆန့်ထုတ်လိုက်ပြီး ခံစားချက်မဲ့ပုံဖြင့် ဓားရှည်ကြီးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သောအခါ သတ္တုနှင့် ထိမိသလို ထန်ခနဲ မြည်သံထွက်ပေါ်လာသည်။
လုရီ၏ ခန္ဓာကိုယ်မှ မိုးကြိုးပုံစံများ ပေါ်ထွက်လာပြီး သူ့နဖူးမှ လျှို့ဝှက်ဆန်းကြယ် မိုးကြိုးပုံစံများ ဖြစ်တည်လာသည်။ သူ့အသားအရည်သည်
ကျောက်စိမ်းကဲ့သို့ တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော တာအိုပုံစံများမှိန်ဖျော့စွာ ထင်ဟပ်လာသည်။
သူ၏ရုပ်ခန္ဓာသည် ရွှေအူတိုင် နယ်ပယ် ကိုဖြတ်ကျော်ပြီးကတည်းက ကောင်းကင်ဘုံဒုက္ခ၏ အခြေတည်ဝိဉာဉ် အဖျက်စွမ်းအားကို ခံနိုင်ရည်ရှိခဲ့ပြီ ဖြစ်ရာ ယခုအချိန်ကာလများစွာကြာပြီးနောက်၊ ၎င်းသည် သဘာဝအတိုင်းပင် ပိုမိုအားကောင်းလာခဲ့ခြင်း ဖြစ်သည်။
"ဒါ..ဒါ မဖြစ်နိုင်ဘူး.., အကြီးအကဲယွမ်ရဲ့ နှလုံးသားမဲ့ဓားက အခြေတည် ဝိဉာဉ်အထွတ်အထိပ် တစ်ယောက်ကိုတောင် အလွယ်တကူ ပိုင်းဖြတ်နိုင်တယ်၊ ဒီမကောင်းဆိုးဝါးလေး နှလုံးသားမဲ့ဓားကိုဘယ်လိုလက်ဗလာနဲ့ ဖမ်းလိုက်တာလဲ.."
"သူ ..သူက ဘယ်လို နတ်ဆိုးမျိုးလဲ.. သူ့ရုပ်ခန္ဓာက အခြေတည် ဝိဉာဉ်အထွတ်အထိပ်နဲ့ ယှဉ်နိုင်တာလား..."
လူတိုင်း မကူညီနိုင်ဘဲ ကျောချမ်းသွားကြသည်။
လုရီက ခေါင်းကိုလှည့်ကာ ထိုလူကြီးဘက်ကြည့်၍ ခပ်ပြုံးပြုံး ဆိုလာသည်။
"အလျင်လိုမနေနဲ့၊ ခင်ဗျား အလှည့်ရောက်တော့မယ်"
ပြောပြောဆိုဆိုနှင့် လုရီက သူ့လက်ကို ဖျစ်ညှစ်လိုက်ရာ ထိပ်တန်း ကျင့်ကြံမှု ရတနာ
ဖြစ်သော ဓားရှည်သည် တစ်လက်မချင်း အစိတ်စိတ်အမြွာမြွာ ပဲ့ကျသွား
တော့သည်။
အခြေတည် စိတ်ဝိညာဉ်ကျင့်ကြံသူများ၏ မျက်နှာများသည် သေမင်းတမန်အား တွေ့လိုက်ရသလို အကြီးအကျယ် ဖြူဖျော့သွားကြသည်။သူတို့၏ ရုပ်ခန္ဓာသည် အဆင့်အမြင့်ဆုံး ကျင့်ကြံမှုရတနာကဲ့သို့ မာကျောသည့်အဆင့်တွင် မရှိနေပေ။
" ကိုယ့်လူတို့..သူ့ကို အတူ တိုက်ခိုက်ကြမယ် ၊ သူ့ခန္ဓာကိုယ်က ဖျက်ဆီးလို့မရတဲ့ အရာလို့ ငါ မယုံဘူး"
ခန္ဓာကိုယ် ထွားကျိုင်းသော လူတစ်ဦးက ထိုသို့ နှိုးဆော်ကာ တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ လေသည်။
အခြားသော ကျင့်ကြံသူများကလည်း လုရီ ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
လုရီ၏ခန္ဓာကိုယ်သည် ဓားရိပ်တစ်ခုလိုတစ်ဖန်ပြောင်းလဲသွားပြီး မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
မူလအားဖြင့် အခြေတည်
ဝိဉာဉ်ကျင့်ကြံသူများသည် လုရီ၏ ကြောက်မက်ဖွယ် အရှိန်ဖြင့် လျင်မြန်စွာသတ်ခြင်းမှ တားဆီးရန် စက်ဝိုင်းတစ်ခုအသွင် နေရာယူထားခဲ့သည် ဖြစ်သည်။ သို့သော် သူတို့အားလုံး လုရီကို တိုက်ခိုက်ပြီးသည်နှင့် သူတို့၏ အားနည်းချက်တွေကို သဘာဝအတိုင်း ပြန်ဖော်ထုတ်လိုက်သည်။
လုရီက အခြေတည်
ဝိဉာဉ်ကျင့်ကြံသူ အများအပြား၏ နောက်ကွယ်တွင် ပြန်လည် ပေါ်ထွက်ခဲ့ပြီး၊ နက်နဲနေမင်းဓားအား အထပ်ထပ်အခါခါ ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို ထုတ်လွှတ်သည်။ ဓားချီသည် ကောင်းကင်ယံတွင် ဖြတ်ကျော်ကာ အခြေတည် ဝိဉာဉ်ကျင့်ကြံသူအားလုံးကို သိမ်းကျုံးတိုက်ခိုက်ခဲ့သည်။
လုရီ အတော်လေး စိတ်ကြည်နေခဲ့သည်။ ဒီအဖော်တွေက အစက အဝေးမှာ ရပ်နေပါက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံ သတ်ဖြတ်နေရဦးမည် ဖြစ်သည်။ ယခု အတူရှိနေတာက သူ့အတွက် တကယ်ကို ပိုလွယ်ကူစေတာပဲ မဟုတ်ပါလား။
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ဓားချီသည် ရပ်တန့်မသွားနိုင်ဘဲ ၎င်း၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးအား ပြာကျစေခဲ့သည်။
လုရီ၏ ဓားချက်များစွာ ထိမှန်သော အောက်ဘက်ရှိ တောင်များသည် ပြိုကျကာ ရောယှက်နေသော တောင်ကြားများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။
ဓားအလင်း ပျောက်ကွယ်သွားသောအခါတွင် အထွတ်အထိပ်အဆင့်အခြေတည်
ဝိဉာဉ် ကျင့်ကြံသူ သုံးဦးသာ ကျန်ရှိတော့သည်။ တစ်ဦးက အဘိုးကြီး၊ နောက်တစ်ဦးက လှပသော အမျိုးသမီးတစ်ဦးနှင့် နောက်တစ်ဦးမှာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ထွားကျိုင်းသော လူ ဖြစ်သည်။
----------------