အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အခန်း၁၉၃- နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူကို ချေမှုန်းခြင်း...
~ ထိုမြင်ကွင်းကို မြင်တော့ ရှဲ့ယွီ မျက်လုံးတွေ ပြူးကျယ်သွားပြီး
"ဒီမကောင်းဆိုးဝါးလေးက ဘယ်လို
အကျိုးနည်း အစွမ်းသတ္တိတွေ ရှိနေတာလဲ..သူ့ခန္ဓာကိုယ်က အမှန်တကယ်ပဲ လက်နက်တွေကို ခံနိုင်ရည်ရှိနေတယ်"
ရှဲ့ယွီသည် မယုံကြည်နိုင်စွာပင် မန္တန်ကို ဆက်လက် ထုတ်ဖော်ပြီး ခရမ်းရောင် လှံအား အဆ တိုးချဲ့ကာ လုရိိီအား အတွင်းထဲတွင် စုပ်ယူကာ အရှင်လတ်လတ်သန့်စင်ရန် ကြိုးစားသည်။
လုရိိီသည် ကြောက်မက်ဖွယ်ကောင်းသော စုပ်အားကို ခံစားလိုက်ရပြီး ငြိမ်သက်နေခဲ့သည်။ သွေးလောင်ကျွမ်းပညာကို အသုံးပြု၍ သူ၏ ခွန်အားသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက အလွန် တိုးတက်လာသည်။
သူသည် ခရမ်းရောင် လှံ ကို ခြေတစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ကန်ထုတ်ပြန်သည်။
ထန်!!
ခရမ်းရောင်လှံက ထပ်မံ တုန်ခါပြီး ပျံထွက်သွားသည်။
ဤတစ်ကြိမ်မှာတော့ ရှဲ့ယွီ နောက်ဆုံးမှာ လုရိိီ အင်အားကို ယုံကြည်သွားပါပြီ။
ရှဲ့ယွီ ဒေါသတကြီး မာန်သွင်းပြီး ခရမ်းရောင်လှံကို ထပ်မံ ထိန်းချုပ်ရန် ကြိုးစားသော်လည်း ထိုအခိုက်အတန့်တွင်လျိုနင်ရွှမ်းသည် မြန်ဆန်စွာ ပြေးဝင်လာကာ ရေခဲနတ်ဘုရား ချိပ်တံဆိပ်အား နောက်တစ်ကြိမ် ဖော်ဆောင်၍ သူ့အား ဖိနှိပ်လိုက်သည်။
ရှဲ့ယွီလည်း သူ၏ သိုင်းပညာကို ထုတ်ဖော်ကာ အသံနိမ့်၍ အော်လိုက်ပြီး ရေခဲနတ်ဘုရားချိတ်တံဆိပ်ကို တိုက်ဖျက်ရန်အတွက် သွေးရောင်သက်တန့် အလင်းတန်းများကို ပစ်လွှတ်လိုက်ပြန်ရာ သူတို့ နှစ်ဦးကြားတွင် မတည်မငြိမ် ဖြစ်ခဲ့ရသည်။
လျိုနင်ရွှမ်း သည် ယခုအခိုက်အတန့်တွင် အထူးအခြေနေတွင် ရှိနေသည်မှာ ထင်ရှားပါသည်။ သူမ၏ ခွန်အားမှာလည်း
သိသိသာသာ တိုးလာပြီး ထိုသို့သော ထိပ်တိုက်တွေ့မှုမျိုးတွင်ပင် သူမက
နောက်မဆုတ်သွားပါ။
၎င်းအား မြင်တော့ လုရိိီ အရှေ့သို့ ချီတက်လိုက်သည်။သူ့ခန္ဓာကိုယ်၏ သွေးချီသည်
သွေးရောင်ဥက္ကာပျံလို ပေါက်ကွဲလာပြီး
ရှဲ့ယွီဆီ ပြေးဝင်သွားလေသည်။
ရှဲ့ယွီ မျက်နှာသည် တင်းမာနေပြီး ခရမ်းရောင် လှံအား ထပ်မံဆင့်ခေါ်ကာ လှံဖြင့် လုရိိီအား အပြင်းအထန် ထိုးနှက်တော့သည်။
လုရိိီ၏ကိုယ်ခန္ဓာသည် နတ်တစ်ပါးကဲ့သို့ပင်။ပြင်းထန်လှသော သူ၏ လက်သီးချက်များက ခရမ်းရောင် လှံ ပေါ်တွင် အဆက်မပြတ် ကခုန်နေသည်။
ဒုန်း.. ဒုန်း..
ဒုန်း..ဒုန်း...
ကျယ်လောင်သော အသံများသည် အဆုံးမရှိနိုင်သလို...ခရမ်းရောင် လှံမှာ ထပ်ခါတလဲလဲ တုန်ခါနေတော့သည်။
ထိုအချိန်တွင် လုရိိီ၏ လက်သီးချက်များ ကျရောက်လာသည်နှင့်အမျှ ခရမ်းရောင် လှံ အတွင်းရှိ ရှိနှင့်ပြီးသား အက်ကွဲကြောင်းများ ကျယ်လာပြီး လုရီ လက်ချက်ဖြင့် တိုက်ရိုက် ကျိုးပဲ့သွားကာ ကြီးမားသော အက်ရာကြီး တစ်ခု ဖြစ်လာသည်။
ခရမ်းရောင် လှံ ကျိုးပဲ့သွားသဖြင့် ၎င်း၏အရှိန်အဟုန်သည် အလွန်ကျဆင်းသွားစဉ် ရှဲ့ယွီ မျက်နှာ သွေးဆုတ်ယုတ်ကာ သွေးစိမ်းများ ပါးစပ်မှ အန်ထွက်လာခဲ့သည်။
ရှဲ့ယွီသည် ဤခရမ်းရှောင်လှံကို လက်ဝယ် ပိုင်ဆိုင်ပြီးကတည်းက၊ သူသည် ၎င်းကို
နေ့ရောညပါ သန့်စင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ရှဲ့ယွီ၏ ဝှက်ဖဲ ဖြစ်ပြီး
သူ၏ စိတ်ဝိဉာဉ်ကို ခရမ်းရောင်လှံနှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။
အကြောင်းမူကား ဤခရမ်းရောင် လှံသည် ပျက်စီးနေသော အဆင့်မြင့် ရတနာ တစ်ခုမျှသာ ဖြစ်သော်လည်း၊ အဆင့်နိမ့်ရတနာတစ်ခုနှင့်သာ တူညီသော စွမ်းအား ရှိလေသည်။ ရှဲ့ယွီအတွက် အလွန်အရေးကြီးလေ၏။
လျိုနင်ရွှမ်းက.. အေးခဲဖန်ဓားကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသောအခါ ရှဲ့ယွီမှာ မည်မျှ ထိတ်လန့် အံ့ဩသွားလိုက်မည်နည်း ဟူသော အချက်ကို ဤအချက်ဖြင့် တွေးကြည့်နိုင်ပါသည်။
ခရမ်းရောင် လှံအား လုရီက ဖျက်ဆီးလိုက်သည့်အတွက် ရှဲ့ယွီယ၏ စိတ်ဝိဉာဉ်လည်း ပြင်းထန်စွာ ထိခိုက်သွားပြီး သူ့ခန္ဓာကိုယ်က သွေးမြူတွေတောင် အရောင် မှိန်ဖျော့သွားခဲ့လေပြီ။
ဟုတ်ပါသည်။လျိုနင်ရွှမ်းသည် ထိုသို့သော ရှားပါးအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ သူမ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားများ သိပ်သည်းလာခဲ့ပြီး ရေခဲနတ်ဘုရား ချိတ်တံဆိပ်သည် ပေါင်တစ်သောင်းရှိသော သံမဏိတုံးနှင့်အလားတူစွာ
ရှဲ့ယွီ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။
ရှဲ့ယွီသည် မြေကြီးထဲသို့ တစ်ဖန် ရိုက်ခတ်သွားပြန်ကာ တောင်တန်းများ ပြင်းထန်စွာ တုန်ခါသွားချိန်တွင် မြေပြင်က ဝရုန်းသုန်းကား တုန်လှုပ်သည်။
ရေခဲနတ်ဘုရား ချိတ်တံဆိပ်၏ ဖိအား
အောက်တွင် မြေပြင်သည် ဇလုံပုံစံ တွင်းနက်ကြီးအဖြစ် အသွင် ပြောင်းသွားသည်။
နောက်အခိုက်အတန့်တွင်၊ ရေခဲနတ်ဘုရားချိတ်တံဆိပ်သည် ကွဲအက်သွားကာ ၎င်းအထဲမှ သွေးရောင်အလင်းတန်းတစ်စင်း
ပျံဝဲလာသည်။၎င်းက ရှဲ့ယွီ ဖြစ်သည်။
ရှဲ့ယွီသည် ယခုအချိန်တွင် အထိနာပြီး သူ၏ ခန္ဓာကိုယ်သည် အအေးလှိုင်းမှ ရရှိသော ခရမ်းရောင် ဒဏ်ရာများ ဗရပွ ဖြစ်နေပြီး သူ၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ အားနည်းလာသည်။ရှဲ့ယွီ မဆိုင်းမတွဘဲ အဝေးဆီသို့ တန်းတနမတ်မတ် ပြေးသွားကာ လွတ်မြောက်ဖို့ ကြိုးစားသည်။
ဤအဘိုးကြီးက အလွန်လျင်မြန် လေသည်။
လျိုနင်ရွှမ်း ခေတ္တမျှ အငိုက်မိသွားချိန်မှာပင် အဝေးကြီးသို့ ရောက်ရှိသွားပြီး ဖြစ်သည်။ လျိုနင်ရွှမ်၏ လှပသော မျက်နှာလေး အနည်းငယ် ပျက်ယွင်းသွားသည်။
"သူ ထွက်ပြေးဖို့ ကြိုးစားနေပြီ..."
ထိုအခါ လုရိိီက လှောင်ပြောင်လိုက်သည်။
"အဟားဟား..ပြေးချင်တာလား"
သူ့စကားမဆုံးမီတွင် လုရိိီ၏ ခန္ဓာကိုယ်သည် ဓားအလင်းအသွင် ပြောင်းလဲသွားပြီး ထူးကဲအဆင့် မူလလွတ်မြောက်ဓားကို အသုံးပြုကာ နေရာမှ ချက်ချင်း
ပျောက်ကွယ်သွားခဲ့သည်။
ထူးကဲအဆင့် မူလလွတ်မြောက်ဓားသည်နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်တောင် နိမ့်ကျမည် မဟုတ်သော အသည်းထိတ်ဖွယ် အမြန်နှုန်းရှိလေသည်။ထိုမျှမကသေး.. လုရိိီသည် ယခုအချိန်တွင် သွေးလောင်ကျွမ်းပညာ၏ ကြီးစိုးသော အခြေအနေတွင် ရှိနေသည် မဟုတ်ပါလော။
လုရိိီ၏ ကိုယ်ခန္ဓာသည် နေရာ ရွှေ့ပြောင်းလိုက်သလိုပင် လေဟာနယ်ကို ဖြတ်ကျော်ကာ ရှဲ့ယွီ အရှေ့တွင် တဟုန်ထိုး ထွက်ပေါ်လာသည်။
ရှဲ့ယွီ သည် သူ့ရှေ့က လမ်းကို လုရိိီ ပိတ်ဆို့ထားသည်ကို မြင်လိုက်သည်နှင့် ရပ်တန့်ရန်ပင် အချိန်မရဘဲ ရှေ့တည့်တည့်သို့ တိုက်မိတော့မည် ဖြစ်သည်။
ရှဲ့ယွီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။သူ့မျက်နှာက ခက်ထန်သွားကာ "ငါ့လမ်းကနေ ဖယ်စမ်း" ဟု လုရိိီအား ငေါက်ငမ်းသည်။
တစ်ဆက်တည်း၌ ရှဲ့ယွီ၏ ဝန်းကျင်တွင်သွေးအလင်းရောင်များ လင်းလက်လာ ခဲ့ပြီး ကျင့်ကြံမှု ရတနာများစွာကို ဆက်တိုက် ဆွဲထုတ်ကာ လုရီဆီသို့
သည်းကြီးမည်းကြီး ပစ်ပေါက်တော့သည်။
လုရီ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသည်။ သူသည် ဤရတနာများကို လက်သီးဖြင့် ဖြိုခွဲကာ ရှဲ့ယွီထံသို့ ဆက်လက် ပြေးဝင်ခဲ့သည်။
ရှဲ့ယွီ၏ သိုင်းကွက်များသည် သွေးအလင်းရောင်နှင့် တစ်ဖုံ၊ သွေးဓားများ
အသွင်တစ်မျိုးနှင့်.. သွေးနီလက်ဖဝါးကြီးများ ဖြစ်ကာဖြင့် လုရီ၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေသည်။
လုရီ၏ ရုပ်ခန္ဓာသည် သွေးရောင်မီးတောက်များဖြင့် တောက်လောင်နေပြီး နိယာမ အားလုံးက မကျူးကျော်နိုင်သကဲ့သို့ မိုးကြိုးပုံစံ တောက်ပနေကာ
သိုင်းကွက်အားလုံးက ထိရောက်မှုမရှိဘဲ
လုရီ၏ တိုးတက်မှုကို မတားဆီးနိုင်သလို ထင်ရသည်။
သွေးလောင်ကျွမ်းပညာအား ထုတ်ဖော်မှုဖြင့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ
တစ်ဦး၏ တိုက်ခိုက်မှုကို လုရီ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ခံနိုင်ရည်ရှိမည်ဖြစ်သည်။ သူသည် ရှဲ့ယွီထံသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး ညာလက်သီးတစ်ချက် ပင့်ကာ ကျွေးလိုက်သည်။
သူ၏ လက်သီးများ ရွေ့လျား၍ လေဟာနယ်ကို လှုပ်ခါသွားစဉ် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော စွမ်းအားကို သယ်ဆောင်လာသည်။
ရှဲ့ယွီ ဒေါသတကြီးအော်ကာ လက်ဖြင့် ခုခံဖို့ အသည်းအသန် ကြိုးစားသော်လည်း
လုရီ ၏ လက်သီးချက်က သူ၏ လက်နှစ်ဖက်လုံးအား ထိမှန်သွားသည်။ရှဲ့ယွီ ၏ လက်များသည် ချက်ချင်းပင်
သွေးမြူသဏ္ဍာန် အရည်ပျော်သွားကာ
ရှဲ့ယွီသည် အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားတော့သည်။
လုရီသည် သူ့ကိုယ်အား လျှပ်ပြက်သလို လှုပ်ရှားလိုက်ပြန်သည်။ရုတ်ချည်းပင် ရှဲ့ယွီ အနောက်တွင် ပေါ်လာပြီး ရှဲ့ယွီ၏ ရင်ဘတ်ပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သောအခါ ရှဲ့ယွီ၏ ခန္ဓာကိုယ်မှာ သွေးအမှုန်များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွား တော့သည်။
သွေးအမှုန်များအတွင်းမှ သွေးရောင်အလင်းတန်း တစ်ခု လွင့်ထွက်သွားပြီး အဝေးဆီသို့ ဦးတည်သွားသည်။
လုရီ ယင်းကို ကြိုတင် တွက်ဆထားသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ထုတ်ဖော်၍ နေရာကို ချက်ချင်း ပိတ်လှောင်ကာ လေထုအလယ်တွင် ထိုသွေးအလင်းတန်းကို လက်ဖြင့် ကုပ်ဆွဲလိုက်တော့၏။
ယင်းက ရှဲ့ယွီ၏ အခြေတည် ဝိညာဉ် ဖြစ်လေသည်။
လုရီလက်ဖြင့် ကုပ်ဆွဲခံလိုက်ရစဉ် ရှဲ့ယွီ၏ အခြေတည်ဝိညာဉ်သည် ထိတ်လန့်မှုအပြည့် မျက်နှာကို ပြသလာသည်။
" ကောင်စုတ်လေး..ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ အဓိပတိ အကြီးအကဲ တစ်ယောက်ကွ.. မင်း ငါ့ကိုသတ်ရင် သွေးဝိညာဉ်ဂိုဏ်းနဲ့ တိမ်ဖြူဂိုဏ်းကြား ပြန်ပေါင်းစည်းဖို့ နေရာမရှိတော့ဘူးနော်.."
လုရီသည် “အခုချိန်မှာ ပြန်လည်သင့်မြတ်စရာ အနေမထား မရှိတော့ဘူး…” ဟု ခံစားချက်မဲ့စွာ သူ့ကိုယ်သူ ညည်းညူလိုက်ရင်း
သူ့လက်ထဲတွင် ဖမ်းဆုပ်ထားသောအခြေတည်သော ဝိညာဉ်အား အစအန
မကျန်အောင် ချေမှုန်းလိုက်တော့သည်။
ထိုအချိန်မှာပင် သူ့အနားသို့ အလင်းတန်းတစ်ခု ပျံတက်လာလေသည်။၎င်းက လျိုနင်ရွှမ်း ဖြစ်သည် ။
လျိုနင်ရွှမ်း၏ ဖြူဖွေးသော ဆံပင်ရှည်များမှာ လေထဲတွင် ကဗျာဆန်စွာ ကခုန်နေသည်။ လျိုနင်ရွှမ်း၏မျက်နှာမှာ
အေးစက်နေပြီး ခံစားချက် ကင်းမဲ့နေကာ သူမ၏ တည်ရှိမှုသည် လ နတ်သမီးနန်းတော်မှ မသေမျိုး နတ်မိမယ်လေးတစ်ပါးနှယ် ဖြစ်သည် ။
ဖြည်းညှင်းစွာ လွင့်ပြယ်သွားသည့် သွေးအမှုန်များအား ငေးကြည့်ရင်း လှပသော မျက်နှာကလေးတွင် ရှုပ်ထွေးမှုတို့ ယှက်သမ်းလာစဉ်..သူမက တိုးသက်က်စွာ မေးမြန်းလိုက်သည်။
"သူ သေပြီပေါ့"
လုရီ အနည်းငယ် ခေါင်းညိတ်ပြပြီး
ပေါ့ပေါ့ပါးပါး ရယ်မောကာ "ဟုတ်ပါတယ်" ဟု အတည်ပြုလိုက်သည်။
လျိုနင်ရွှမ်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အနည်းငယ် ပြုံးကာ ခေါင်းခါလိုက်ရင်း..
"ငါတို့နှစ်ယောက်က နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို တကယ်သတ်ခဲ့တာ ယုံဖို့ နည်းနည်းတော့ ခက်ပါတယ်။"
ထိုအခါ လုရီ ဟက်ဟက်ပက်ပက် ရယ်မောပြီး
"ညီအကိုမောင်နှမတွေ စည်းလုံးညီညွတ်ကြတဲ့အခါ၊ ကျွန်တော်တို့ဟာ သဘာဝအတိုင်းပဲ.. ရွှေကို ခွဲတဲ့ သတ္တုတွေလို အစွမ်းထက်တာပေါ့ဗျ"ဟု ခပ်မြူးမြူး ပြန် ပြောလိုက်တော့သည်။
လျိုနင်ရွှမ်းသည် လုရီ၏ ကိုယ် တစ်ဝိုက်တွင် လောင်ကျွမ်းနေသော သွေးစွမ်းအင်ကို ကြည့်ပြီး သူ့ထံ လွင့်ပျံလာကာ သူ့ကို ဂရုတစိုက် စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"နင်..,တကယ် အဆင်ပြေရဲ့လား"
လုရီ ခေါင်းညိတ်ပြပြီး သွေးလောင်ကျွမ်းပညာကို ရပ်တန့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောရင်း
"ကြည့်ပါ စီနီယာအစ်မ၊ စွမ်းအင်တွေအပြည့်နဲ့ ခုန်ပေါက်နေနိုင်တယ်လေ.. အခုပဲ ကျွန်တော် စားသုံးခဲ့တဲ့ ကောင်းကင်ဘုံနဲ့ မြေကြီး ရတနာတွေက သွေးအနှစ်သာရကို အစားထိုးပေးတယ်"
လုရီကိုယ်တိုင် လည်း သူ့စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသလို ခံစားလိုက်ရသည်။ သွေးလောင်ကျွမ်း လျှို့ဝှက် ပညာသည် သေးငယ်သော စွမ်းအား ကုန်ခမ်းရသည်တော့ မဟုတ်ပေ။ ဤတိုတောင်းသော အသက်သွင်းမှုကလေးကပင် ယခုအခါတွင် အနှစ် တစ်ထောင်ရှိ
ဂျင်ဆင်းသွေး၏ သုံးပုံတစ်ပုံကို ကုန်ခမ်းစေခဲ့သည်။ ဂျင်ဆင်းသွေးက သူ့မှာ စုစုပေါင်း နှစ်ခုပဲ ရှိသည် ဖြစ်လေရာ ခြောက်ကြိမ်သာ သုံး၍ ရမည် ဖြစ်ပါသည်။
ထို့အပြင်... သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ၊ သွေးလောင်ကျွမ်းလျှို့ဝှက်ပညာကို အသက်ဝင်စေသည့် အကြိမ်တိုင်း၌.. သုံးစွဲရသော သွေးအနှစ်သာရ ပမာဏသည် ပို၍ပင် ကြီးမားလာမည်လား လုရီ ကြောက်ရွံ့မိသည်။ဂျင်ဆင်းသွေးကို ခြောက်ကြိမ်တိုင်တိုင် အသုံးပြုရန်ပင်
မစွမ်းဆောင်နိုင်လောက်ပေ။
ထိုသို့ အတွေးရေယာဉ်ကြော၌ နစ်မြောနေချိန်တွင် လျိုနင်ရွှမ်းက စိတ်သက်သာရာ ရသော သက်ပြင်း တစ်ချက်ချလိုက်သည်။ လုရီ၏လက်များ သူမခါးတွင် ရစ်ပတ်ထားစဉ်တွင် ခံစားခဲ့ရသော နွေးထွေးမှုကို ပြန်လည် အမှတ်ရမိသည်။ထိုနွေးထွေးမှုက ယခုတိုင် ရှိနေသေးသလိုပင်။
သူမ၏ အကြည့်များသည် အနည်းငယ် တုန်ခါသွားကာ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်အား ဖယ်ထုတ်လိုက်ပြီးနောက် "အဆင်ပြေနေလို့ တော်ပါသေးတယ်" ဟု ပြောလာသည်။
လျိုနင်ရွှမ်း၏ဆံပင်ဖြူများသည်လည်း အနက်ရောင် အသွေးသို့ ပြန်လည်ရောက်ရှိကာ သူမ၏ မျက်နှာသည် အားစိုက်ထုတ်မှုကြောင့် ဖြူဖျော့သွားခဲ့သည်။
သူမ၏ လှပသော မျက်နှာထက်ဝယ် နူးညံ့သော အပြုံးတစ်ပွင့် ဖြစ်တည်လာကာ လုရီကို စူးစိုက်ကြည့်ရင်း ပြောဆိုလာသည်။
"ဒီနေ့ပြီးရင် ဂျူနီယာမောင်လေးရဲ့ နာမည်က အရှေ့ဒေသတခွင် နာမည်ကြီးနေတော့မှာပဲနော်..ရွှေအူတိုင် ကျင့်စဥ်အဆင့် ကျင့်ကြံသူ တစ်ယောက်က နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို သတ်နိုင်မယ်လို့ ဘယ်သူမှ တွေးရဲကြမှာ မဟုတ်ဘူး.."
-----------
အခန်း ၁၉၄- နာမည်ကြီးတော့မည်...
~သူမစကားကို ကြားတော့ လုရီ ရယ်မောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့အောင်မြင်မှုပဲ မဟုတ်ပါဘူး။ အစ်မလျိုသာ မရှိရင်၊ ကျွန်တော် ဒီနတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူကို ရင်ဆိုင်ဖို့ ဘယ်လို ရင်ဆိုင်နိုင်မလဲဗျာ..နောက်ပြီး နာမည်ကြီးရတာ
မကောင်းပါဘူး.."
လျိုနင်ရွှမ်းက ခပ်ဖျော့ဖျော့ ပြုံးပြီး
ဘာမှ ထပ်မပြောတော့ပါ။
သူမသည် သူမတို့၏ အနောက်ဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ ဝေးကွာသော အကွာအဝေးတွင် ဟင်းလင်းပြင်ဥမင် နယ်ပယ် စွမ်းအားရှင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလေသည်။ ကောင်းကင်ကြီးသည် မရေရာမှုနှင့်အတူ မှိန်ဖျော့ကာ တခါတရံတွင် မည်းမှောင်နေပြီး တခါတရံတွင်လည်း ငွေဖြူရောင် လင်းလက်နေတတ်သည်။ သူတို့ရပ်နေသည့်နေရာမှပင် ဝိညာဉ်စွမ်းအား၏ ကြောက်မက်ဖွယ်အတက်အကျများကို ခံစားနိုင်သည်။
လျိုနင်ရွှမ်းက
"သွားရအောင်၊ ဒီနေရာကနေ ငါတို့ အရင်ထွက်သွားသင့်တယ်" ဟု တိုးတိုးလေးပြောလာသည်။
လုရီ ခေါင်းညိတ်လိုက်သည်။ သူသည် ရုန်းရင်းဆန်ခတ် တိုက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် အရှိပေ။
ရယ်စရာ ကောင်းလေသည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများ အကြား မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသလဲ။
သူ၏ လှည့်ကွက်အားလုံး အသုံးပြုလုနီးပါး ဖြစ်နေပြီမဟုတ်ပါလား။
သူသည် တိုက်ပွဲများ၏ ဗဟိုဇုန်တွင် မရှိလျှင်ပင် ဟင်းလင်းပြင်ဥမင် တိုက်ခိုက်ရေးသမားများနှင့် ရင်ဆိုင်ရှင်သန်နိုင်မည်လား လုရီ သံသယဝင်မိလေသည်။
သူပြန်သွားပါက၊ အထူးသဖြင့် ယူယင်က သူ့ကို တချိန်လုံး ပစ်မှတ်ထားနေသောကြောင့် အကြီးအကဲမင်အားသာ ဒုက္ခများ တိုးစေမည် ဖြစ်သည်။
"ဟုတ်ကဲ့..ကျွန်တော်တို့ ချင်ကျိုးရဲ့
ထျန်းလူ မြို့ကို အရင်သွားပြီး အကြီးအကဲမင်ကို စောင့်ကြတာပေါ့" ဟု က ပြောသည်။
သူတို့နှစ်ဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ချင်ကျိုး သို့ ပျံသန်းသွားကြသည်။
အကြီးအကဲမင် သည်ဟင်းလင်းပြင်ဥမင် နယ်ပယ် စွမ်းအားရှင်ကို ချုပ်ကိုင်ထားခြင်းဖြင့် လုရီနှင့် လျိုနင်ရွှမ်းတို့ကို လွယ်ကူစွာ လွတ်မြောက်ခွင့် ပေးခဲ့သည်။
ထိုညနေခင်းတွင် လုရီသည် သူ ရရှိသော ဆုလာဘ်များကို စစ်ဆေးလိုက်၏။
အစစ်အမှန် နဂါးသွေးနှင့် နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီ အကြောင်းကတော့ ထပ်မံဖော်ပြရန် မလိုအပ်သော်လည်း အဓိကအကြောင်းအရာမှာ အဆင့်နိမ့် ဝိညာဉ်လက်နက် 'ငြိမ်သက် ဝိညာဉ်ပုလဲ'ဖြစ်ပါသည်။
ဤသည်မှာ နတ်ဘုရား ဝိညာဉ်ကို အာဟာရ ဖြည့်နိုင်သည့် ဝိညာဉ်ပုလဲဖြစ်သည်။ အသိစိတ် ပင်လယ်ထဲသို့ ထည့်ထားခြင်းဖြင့် အလွန် အစွမ်းထက်သော အာနိသင်များကို ပေးစွမ်းနိုင်ကာ နတ်ဘုရား ဝိညာဉ်ကို အာဟာရဖြည့်သွင်းပေးနိုင်သည်။
ယခုသောက်နေသည့် ကျောက်စိမ်းဝိုင်အား လုရီ၏ အာနိသင် ခံယူမှုမှာ ယခင်ကထက် သိသိသာသာ နည်းသွားသည်။ သူ၏ ဝိညာဉ်စွမ်းအားသည် သာမာန်နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများထက်ပင် ပြင်းထန်လွန်းသည် ဖြစ်သောကြောင့်ရွှေအူတိုင် အဆင့် ကျောက်စိမ်းဝိုင်သည် သူ့အတွက် အလွန်ထိရောက်မှုမရှိတော့ပေ။
ဤငြိမ်သက် ဝိညာဉ် ပုလဲသည် အချိန်နှင့်တပြေးညီ ရောက်ရှိလာခြင်းပင်။
ထို့အပြင်၊ အချို့သော တန်ခိုးကြီးသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၊ နှင့် ထို့ထက်ပို၍ သန်မာသော ကျင့်ကြံသူများသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော နတ်ဘုရား ဝိညာဉ် စွမ်းရည်များအား ပိုင်ဆိုင်သည်။ ထိုပုဂ္ဂိုလ်တို့သည် မှန်းဆမရနိုင်သော ဝိညာဉ်တိုက်ခိုက်ရေးနည်းပညာများ ပိုင်ဆိုင်ထားနိုင်သည်။ 'ငြိမ်သက် ဝိညာဉ်ပုလဲ'ဖြင့် ဤပြဿနာအတွက် စိတ်ပူစရာ မလိုတော့ပါ။
လျိုနင်ရွှမ်း သူ့အား သတိမထားနေသည့်အခိုက် ဆုလာဘ်များကို သိမ်းဆည်းလိုက်သည်။
သူသည် အစစ်အမှန် နဂါးသွေးနှင့် အနှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီအား သူ၏ သိုလှောင် လက်စွပ်အတွင်း သိမ်းဆည်းကာ ငြိမ်သက်ဝိဉာဉ်ပုလဲကို သူ၏ အသိစိတ် ပင်လယ်ထဲသို့ ရောက်ရှိစေလိုက်သည်။ သူ၏ ရွှေရေကန်အထက်ဝယ် ပုလဲသည် ပျံဝဲလျက်..ရွှေရေကန်အား ရောင်စုံအလင်း ထုတ်လွှတ်ပေးကာ လုရီ၏ ဝိညာဉ်ကို ငြင်သာသော နှုန်းဖြင့် အားဖြည့်ပေးနေသည်။
လုရီနှင့် လျိုနင်ရွှမ်းတို့သည် နက်နဲသော တောင်တန်းများနှင့် ထူထပ်သောသစ်တောများစွာအား ဖြတ်သန်းကာ လျင်မြန်စွာ လျှို့ဝှက် ရွေ့လျားခဲ့ကြသည်။ ရက်အတော်ကြာပြီးနောက်၊ သူတို့သည် နောက်ဆုံးတွင် ကောင်းကင်မြွေဂိုဏ်း၏ နယ်မြေမှ ထွက်လာကြလေပြီ။
ကောင်းကင်မြွေဂိုဏ်း နယ်မြေနှင့် ထိစပ်နေသော ငွေလမင်းတောင်ကြား၏ နယ်မြေသည် ချင်းကျိုး တိုက်ပွဲတွင် မပါဝင်ခဲ့သည့်အတွက် သူတို့အား စိတ်သက်သာရာရစေခဲ့သည်။
သို့သော်ငြားလည်း လုရီသည် သတိထားနိုင်ရန် အလို့ငှာ လျိုနင်ရွှမ်းအား အသွင်ပြောင်းပညာကို သင်ပေးခဲ့သည်။ သူမ၏ ထက်မြက်လွန်းသောအရည်အချင်း
ကြောင့် လျိုနင်ရွှမ်းသည် ရက်အနည်းငယ်အတွင်း အခြေခံများကို ဆုပ်ကိုင်နိုင်ခဲ့လေသည်။
သူတို့အသုံးပြုသည့် အခြေခံ အသွင်ပြောင်းပညာတွင် အပြစ်အနာအဆာ
များစွာရှိပြီး ရုပ်ပြောင်းရုပ်လွှဲအား အဆက်မပြတ်
ထိန်းသိမ်းမထားနိုင်သော်လည်း အားနည်းသော ကျင့်စဉ် ရှိသည့် ကျင့်ကြံသူများ၏ အရှေ့မှာတော့ ၎င်းက ရိပ်မိနိုင်သော ချို့ယွင်းချက်ကြီး မဟုတ်ပေ။
သူတို့၏ ရုပ်အသွင်အပြင်ကို အနည်းငယ်ပြောင်းလဲပြီးနောက် လုရီနှင့် လျိုနင်ရွှမ်းတို့သည် သတင်း စုဆောင်းရန် မြို့တစ်မြို့သို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့သည်
အကြီးအကဲမင်၏ လက်ရှိအခြေအနေကို စနည်းနာလိုကြသည် ဖြစ်သည်။
သိပ်မကြာခင်မှာပဲ စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ရောက်လိုက်ရာ ဧည့်သည်များ တိုက်ပွဲအကြောင်း တစ်ခုခု ပြောနေသည်ကို ကြားလိုက်ရတော့သည်။
တစ်ယောက်က အော်ဟစ်လာသည်။
"ဟေး..မင်းတို့..ကြားပြီးပြီလား။..တိမ်ဖြူဂိုဏ်းက မသေမျိုးက နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေးကို တက်ရောက်ဖို့ ထွက်ခွာလာတယ်..ဒါပေမယ့် လမ်းမှာ သွေးဝိညာဉ်ဂိုဏ်းအပါအဝင် ဂိုဏ်းလေးခုက စေလွှတ်ထားတဲ့ တန်ခိုးကြီး ကျင့်ကြံသူတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်တဲ့"
နောက်တစ်ယောက်ကလည်း တအံ့တဩ ပြန်အော်သည်။
"ဘာ..တကယ်လား၊တိမ်ဖြူဂိုဏ်းရဲ့ မသေမျိုးရဲ့ အရည်အချင်းနဲ့ စွမ်းအားက အံ့မခန်းပဲ။ မကြာသေးခင်က အရှေ့တောအုပ် အပျက်အစီး နယ်မြေမှာ တကိုယ်တော် ကျင့်ကြံသူတော်တော်များများကို သူတစ်ယောက်တည်း ကယ်တင်ခဲ့တာကွ။ သူ ငယ်ငယ်လေးနဲ့.. ဆုံးပါးသွားရတော့မှာလားး။ နှမြောစရာပဲ.. ဟူး..
တကယ့်ကို နှမြောစရာပဲ!"
ထိုအခါ ပထမလူက
"မင်း အထင်မှားနေပြီ၊ သူ..မသေဘူးကွ"
"ဟမ်..သူ မသေဘူးလား၊ ဂိုဏ်းလေးခုက တန်ခိုးကြီး ကျင့်ကြံသူတွေ ပူးပေါင်းတာတောင် ဘယ်လိုဖြစ်ပြီး အဲ့ဒီမသေမျိုးကို
မသတ်နိုင်ခဲ့ဘူးပေါ့၊ အားနည်းတဲ့ စွမ်းအားရှင်တွေမလို့လား... ဒါမှမဟုတ် ဂိုဏ်းလေးခုက ..ဒါကို ပေါ့ပျက်ပျက် လုပ်ဆောင်ခဲ့လို့လား"
"ဟင့်အင်း၊ သူတို့.. ဒီကိစ္စကို တကယ့်ကို အလေးအနက်ထားခဲ့တယ်၊ ယူလျို ဂိုဏ်းရဲ့ အဓိပတိ အကြီးအကဲ ယူယင်တောင် ပါဝင်လာခဲ့ပေမယ့် ကံမကောင်းစွာပဲ၊ တိမ်ဖြူဂိုဏ်းရဲ့ အဲဒီမသေမျိုးအပေါ် တန်ဖိုးထားမှုကို သူတို့ လျှော့တွက်ခဲ့တယ်။ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ဓားသမား နန်လုမင်က အဲဒီမသေမျိုး မျိုးစေ့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး လုပ်ကြံမှုက အောင်မြင်ခဲ့ဘူး။"
" အော်..ဒါဆို ငါ မအံ့သြတော့ပါဘူး။ အကြီးအကဲမင်က နှစ်ထောင်ချီကြာ ကျော်ကြားတဲ့ ဓားသမား ပဲဟာ..ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ သူ ပိုပြီး အစွမ်းထက်လာမှာ၊ မသေမျိုးကို အကာအကွယ် ပေးနိုင်မှာ သေချာပါတယ်။"ဟု ဒုတိယ လူက ပြန်လည် တုံ့ပြန်လေသည်။
" ထိတ်လန့်တုန်လှုပ်ဖို့ အကောင်းဆုံးကတော့ တိုက်ခိုက်သူတွေထဲမှာ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ သုံးဦးနဲ့ အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ဆယ့်သုံးဦး တောင် ပါ၀င်တယ်တဲ့။ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူနှစ်ယောက်က အကြီးအကဲယူယင်နဲ့ ပူးပေါင်းပြီး အကြီးအကဲ နန်လုမင်ကို ပိတ်ဆို့ပြီး အခြား နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူသူနဲ့ အခြေတည် ဝိဉာဉ် ဆယ့်သုံးယောက်က အဲ့ဒီမသေမျိုးကို လိုက်ဖမ်းကြတယ်..
ဒါပေမယ့် ..ဘယ်သူ ထင်ထား
မလဲ..အကြီးအကဲ ယင် သူတို့ကို တွေ့တဲ့အချိန်မှာ..ဘယ်လိုဖြစ်ခဲ့လဲ
ဆိုတော့… အဲ့ဒီ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူနဲ့ အခြေတည် ဝိဉာဉ် ကျင့်ကြံသူတွေအားလုံး သေပြီတဲ့ကွ..."
"ဟမ်"
"အလို ..တကယ်လား.."
သူတို့ပတ်ဝန်းကျင်ရှိ စားသောက်နေသူများ အားလုံး အံ့အားသင့်သွားကြသည်။
"အားလုံးသေကုန်တာလား.. သူတို့ကိုသတ်ခဲ့တဲ့ မသေမျိုးများလား.. သူက အသက် အရမ်း ငယ်သေးပေမယ့် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီး နေတာလား.."
"နန်လုမင်အပြင်၊ မသေမျိုး လျိုနင်ရွှမ်းလည်း ပါတယ်ကွ..မသေမျိုးနဲ့ လျိုနင်ရွှမ်းတို့ အတူတူ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်"
"အလိုလေး...မသေမျိုလျိုနင်ရွှမ်းလား ..လူငယ် ထိပ်တန်းပါရမီရှင်စာရင်းမှာ ပါတဲ့ ကောင်မလေးမလား.. သူ့ရဲ့ အရည်အချင်းတွေက ပြိုင်ဘက်ကင်းပေမယ့်..နတ်ဘုရား
အသွင်ပြောင်း ကျင့်ကြံသူကို သတ်ဖြတ်ဖို့က ... သူ့ရဲ့ စွမ်းရည်ထက် ကျော်လွန်နေပြီလေ..ဟုတ်တယ်မလား"
"ငါ့အထင်တော့ သူတို့နှစ်ယောက် အတူတကွ လုပ်ဆောင်ခဲ့တာ ဖြစ်မယ်..ဒါမှမဟုတ် သူတို့လက်မှာ လှည့်ကွက်တချို့ရှိနိုင်သေးတယ်"
"တကယ်လို့ မသေမျိုး လျိုနင်ရွှမ်နဲ့ လုရီတို့ဟာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနဲ့ အခြေတည် ဝိဉာဉ်ကျင့်ကြံသူအားလုံးကို အတူ ပူးပေါင်းပြီး သတ်ဖြတ်ခဲ့တဲ့ သတင်းသာ အမှန်ဆိုရင်၊ ဒီသတင်းဟာ အရှေ့ ဒေသ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။"
"အဟုတ်ပဲ... မသေမျိုးလုရီဟာ အခု ရွှေအူတိုင်အဆင့်မှာ ရှိနေတယ်လို့ ကြားရတယ်..သူက မသေမျိုးလျိုနင်ရွှမ်းနဲ့ ပူးပေါင်းပြီး နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနဲ့အခြေတည် ဝိဉာဉ်ကျင့်ကြံသူ ဆယ့်သုံးယောက်ကို သတ်ပစ်ခဲ့မယ်ဆိုရင်တောင် မကြုံစဖူး အံ့ဖွယ်ဖြစ်ရပ်ကြီးပဲ..."
ထိုသို့ ထက်သန်စွာ ဆွေးနွေးသံများ ပျံ့လွင့်နေတော့သည်။
--------------
အခန်း ၁၉၅-နာမည်ကြီးတော့မည်...
~ "ဒီအချက်ကို အတည်ပြုရရင် အဲ့ဒီ မသေမျိုး မျိုးစေ့က တိုက်ပွဲအောင်မြင်မှုတွေ ရှိတဲ့ ရှေးနတ်ဆိုးတစ်ပါးလို့ ငါ ကြားဖူးတာ ကြာပြီကွ..အခုအချိန်က စပြီး ဒါက အရှေ့ဒေသရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေဆီက သိသိသာသာ အာရုံစိုက်မှုခံရတော့မှာ အသေအချာပဲ"
"..."
ထိုစကားကိုကြားတော့ လုရီနှင့်
လျိုနင်ရွှမ်း အကြည့်ချင်း ဖလှယ်လိုက်သည်။ လုရီသည် ချောမောသော လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လျိုနင်ရွှမ်းသည် သာမန်ရုပ်ရည်ရှိသော မိန်းကလေးတစ်ဦး ဖြစ်လာခဲ့သည်။
လျိုနင်ရွှမ်း၏ လှပသော နှုတ်ခမ်းကလေးမှာ ကွေးညွတ်ကာ အပြုံးတစ်ပွင့်အဖြစ် ဖြစ်တည်သွားပြီး ...သူမက လုရီထံ လျှို့ဝှက်အသံ ပေးပို့လိုက်သည်။
"ဂျူနီယာမောင်လေး၊ နင့်ရဲ့နာမည်ကတော့
မကြာခင်မှာ အရှေ့ဒေသတစ်ခုလုံးကို ပျံ့နှံ့တော့မှာပဲနော်..."
လုရီက အားကိုးရာမဲ့ ပြုံးရုံသာ ပြုံးလိုက်ပြီး စောစောက ပြောဆိုနေသူအား မေးလိုက်သည်။
"ဗျို့..အစ်ကိုကြီး၊ နောက်တော့ အကြီးအကဲနန်လုမင် ဘာဖြစ်သွားသလဲဗျ"
သူ့မေးခွန်းကို ကြားတော့ ထိုကျင့်ကြံသူဟာ ရယ်မောပြီး ဖြေသည်။
"ဘာဖြစ်မလဲ ....သူ အလွယ်တကူနဲ့ ထွက်သွားတာပေါ့။ အဲ့ဒီအကြီးအကဲရဲ့ ဓားပညာက အရမ်း အံ့ဩဖို့ ကောင်းတယ်။ အကြီးအကဲ ယူယင်နဲ့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ နှစ်ယောက်က သူ့ကို တားလို့ မရခဲ့ဘူး"
အကြီးအကဲနန် လုံခြုံသွားပြီဟူသော သတင်းကြောင့် လုရီလည်း စိတ်အေးသွားပါသည်။
ထို့နောက် သူသည် ငွေရှင်းရန်အတွက် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို စားပွဲပေါ် တင်ပေးခဲ့ပြီး လျိုနင်ရွှမ်းနှင့်အတူ ဆိုင်ထဲမှ ထွက်ခွာလာခဲ့တော့၏။ ထို့နောက်
သူတို့နှစ်ဦးသည် ချင်ကျိုးနယ်သို့ ခရီးဆက်ခဲ့ကြသည်။
နှစ်ရက်အကြာတွင် ကျင့်ကြံသူ အုပ်စုတစ်စု ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူတို့၏ ကိုယ်မှ အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်နေပြီး သူတို့ထဲမှ အချို့မှာ သွေးရောင်ဝတ်ရုံများ ဆင်မြန်းထားကြသည်။ ၎င်းက မှားနိုင်စရာ မရှိသော သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိမှု ဖြစ်သည်။
ဤမြင်ကွင်းက လုရီနှင့် လျိုနင်ရွှမ်း
နှစ်ဦးလုံးအား မျက်မှောင်ကြုတ်သွားစေသည်။
"ဒါက ငွေလမင်း တောင်ကြားရဲ့ နယ်မြေလေ... သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ဘယ်လို ပြောင်ပြောင်တင်းတင်း ပေါ်လာနိုင်တာလဲ"
"သူတို့ရဲ့ အနေအထားကို ကြည့်ရတာ တစ်ခုခုကို ရှာနေတာ ဖြစ်နိုင်တယ်... ငါတို့ကို ရှာနေတာများ ဖြစ်နိုင်မလား"
လျိုနင်ရွှမ်းလည်း ခပ်ဖွဖွ မျက်မှောင်ကြုတ်သွားသည်။
နှစ်ယောက်သား တစ်ယောက်ကို
တစ်ယောက် ကြည့်လိုက်ကြပြီး
လျိုနင်ရွှမ်းသည် မျက်ခုံးတန်းလေးများ တွန့်ကာ ပြောဆိုလာသည်။
"ငွေလမင်းတောင်ကြားက သွေးဝိညာဉ်ဂိုဏ်းအပါအဝင် ဂိုဏ်းလေးခုနဲ့ ပူးပေါင်းခဲ့တာ ဖြစ်နိုင်မလား"
ထိုအခါ လုရီ၏ မျက်နှာ အမူအရာသည် တင်းမာလာတော့သည်။
"ဒီလိုသာ မှန်ရင် မကောင်းတော့ဘူးပဲ"
ဆွေးနွေးပြီးနောက် ထိုကျင့်ကြံသူ အုပ်စုကြီး လာခဲ့ရာ လမ်းကြောင်းအတိုင်း ခရီးဆက်ကြပြီး များမကြာမီမှာပင် မြို့တစ်မြို့၌ ဆင်းသက်လိုက်ကြသည်။
သူတို့၏အသွင်အပြင်ကို တစ်ဖန် ရုပ်ဖျက်ကာ မြို့ထဲ ဝင်လိုက်ကြပြီး မကြာမီ မြို့လယ်ခေါင်တွင် လူဖမ်းကြော်ငြာ တစ်ခုကို တွေ့လိုက်ရသည်။လူဖမ်းကြော်ငြာ စာရွက်သည် လုရီနှင့် လျိုနင်ရွှမ်းတို့၏ ရုပ်သွင်ကို ရေးဆွဲထားသည်။ ဤကိစ္စသည် သူတို့အား အတော် စိတ်လေးသွားစေတော့သည်။
ထိုစဉ်...လျိုနင်ရွှမ်းက သက်ပြင်း
တစ်ချက် ချလိုက်ပြီး ပြောလာသည်။
"ကြည့်ရတာ ငွေလမင်းတောင်ကြားက သွေးဝိညာဉ်ဂိုဏ်းအပါအဝင် ဂိုဏ်းလေးခုနဲ့ မဟာမိတ်ဖွဲ့ထားပုံပါပဲ။"
လုရီလည်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ ဝမ်ကျန်းစံအိမ်သည်သည် တိမ်ဖြူဂိုဏ်းသို့ ပူးပေါင်းလာပြီး အချိန်တိုအတွင်း ထိန်းသိမ်းထားသော ဟန်ချက်သည် ယခု..တစ်ဖန် ကျိုးပဲ့သွားခဲ့ရတော့သည်။
နှစ်အတော်ကြာ ပြင်းထန်သော တိုက်ပွဲများ အပြီးတွင် နှစ်ဖက်စလုံးသည် စစ်မှန်သောမီး၏ ပန်းတိုင်သို့ ရောက်ရှိသွားကြပြီး ပြတ်ပြတ်သားသား အောင်ပွဲမခံရဘဲ ရပ်တန့်သွားပုံ မပေါ်ပေ။
၎င်းက သူနှင့် လျိုနင်ရွှမ်းတို့ ကိုင်တွယ်ဖြေရှင်းနိုင်သည့် ကိစ္စ မဟုတ်ပေ။
သူတို့သည် သူတို့လမ်းအတိုင်းသာ ဆက်သွားနိုင်သည်။ရက်အနည်းငယ် ကြာပြီးနောက် ငွေလမင်းတောင်ကြား နယ်မြေမှ ထွက်ခွာသွားကြပါတော့သည်။
ငွေလမင်းတောင်ကြားသည် ချင်း ကျိုးနှင့် ချင် ကျိုး ကြားလမ်းဆုံ၏ နယ်စပ်တွင်တည်ရှိပါသည်။ ငွေလမင်းတောင်ကြား နယ်မြေမှ ထွက်ခွာပြီးသည်နှင့် ချင်ကျိုးသို့ ဝင်ရောက်ခဲ့ကြသည်။လုရီမှာ ချင်ကျိုးနှင့် သိပ်မရင်းနှီးပါ။သို့သော်လည်း လျိုနင်ရွှမ်းကမူ အရှေ့ဒေသတွင် စွန့်စားခန်းများ ရင်ဆိုင်ကာ အတွေ့အကြုံ ယူခဲ့သူ ဖြစ်လေရာ ချင်ကျိုး အကြောင်းကို သဘာဝကျကျ သိခဲ့လေသည်။ သူမသည် ထျန်းလူ မြို့၏ အခြေအနေကို လုရီအား ပြောပြပေးသည်။
ထျန်းလူမြို့သည် ချင်ကျိုးနယ်တွင် အလွန်ကျော်ကြားသော မြို့တစ်မြို့ ဖြစ်သည်။ ထျန်းလူ မြို့အပြင်ဘက်တွင် ထျန်းလူ တောင်တန်းရှိသည်။
တစ်ချိန်က ထျန်းလူ တောင်တန်းတစ်ဝိုက်ကို သံလက်သီးဖြင့် အုပ်စိုးခဲ့သော တန်ခိုးကြီးသော ဂိုဏ်းတစ်ခုက ကြီးစိုးခဲ့ကြောင်း ... ထိုဂိုဏ်းအား သာမန်လူသားများနှင့် ကျင့်ကြံသူများပါမကျန်...ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ထိတ်လန့်ရကြောင်း... ရှေးဟောင်း မှတ်တမ်းများက
ဖော်ပြထားလေသည်။
ထို့နောက်မှာတော့ နတ် သမင်တစ်ကောင်က တောင်ပေါ်သို့ ဆင်းသက်လာသည်။ ထိုဂိုဏ်း၏ ကြီးမြတ်သော စွမ်းအားသည် ဂိုဏ်း၏ ကာကွယ်သူ သားရဲအဖြစ် အစေခံရန် နတ်သမင်ကို ဖမ်းဆီးလိုသော်လည်း နတ်သမင်၏ စွမ်းအားဖြင့် နေ့ချင်းညချင်းပင် တန်ခိုးကြီးသော ဂိုဏ်းသည် ပြာကျ ပျက်စီးသွားကာ ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ကျင့်ကြံသူများနှင့် သာမန်လူများသည် နောက်ဆုံးတွင် အသက်ရှုရန် အခွင့်အရေး ရလာခဲ့သည်။
ထိုစဉ်က နတ်သမင်ကို အထိမ်းအမှတ်ပြုရန် နတ်သမင် ဆင်းသက်သည့် တောင်ကို ထျန်းလူတောင်ဟု ဒေသခံတို့က အမည်ပေးခဲ့ကြသည်။(天鹿~Tiān lù
ထျန်းလူ-ကောင်းကင်သမင်/နတ်သမင် ဟု အဓိပ္ပာယ်ရပါတယ်။)
ရှေးခေတ်မှတ်တမ်းများမှ ဒဏ္ဍာရီများသည် မှန်ကန်သည် ဖြစ်စေ၊
မမှန်ကန်သည် ဖြစ်စေ.. မည်သူမျှ သေချာစွာ မပြောနိုင်ပါ။ အချိန်များစွာ ကုန်လွန်သွားခဲ့၍ အသေးစိတ် အချက်အလက်များကို အတည်ပြုရန် ခက်ခဲနေပါသည်။
သို့သော် ထျန်းလူတောင်၏ ဒဏ္ဍာရီက စွန့်စားမှုများ ပြုလုပ်ရန်အတွက် ထျန်းလူ တောင်တန်းသို့ ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်ခဲ့သည်။ ထိုဒေသသို့ နတ်သမင် ဆင်းသက်လာခဲ့သည် ဖြစ်လေရာ နတ်သမင်ကို မြှူဆွယ်ခဲ့သော တောင်တန်းများတွင် နတ်ရတနာအချို့ ရှိနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ကံမကောင်းစွာပဲ၊ နှစ်တွေကြာလာသည်နှင့်အမျှ မည်သူကမှ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါချေ။
ချင်ကျိုးသို့ ရောက်သောအခါ ချင်းကျိုး ရှိ ဂိုဏ်းများက လိုက်ဖမ်းမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။ သူတို့နှစ်ဦးသည် အနည်းငယ် စိတ်အေးလက်အေးဖြင့် မြောက်ဘက်သို့ ခရီးထွက်ကာ ထျန်းလူမြို့သို့ ရောက်သည်အထိ ရက်အတော်ကြာ ပျံသန်းခဲ့ကြသည်။ ၎င်းသည် လူစည်ကားသော မြို့ကြီး တစ်မြို့ ဖြစ်ပြီး ချင်းကျိုးမှ ချင်ကျိုး သို့ ခရီးတစ်လျှောက်တွင် ထျန်းလူ မြို့ နှင့် ကြီးကျယ်ခမ်းနားပုံအရ နှိုင်းယှဉ်နိုင်သော မြို့အနည်းငယ်သာ ရှိခဲ့သည်ဟု လုရီ သုံးသပ်မိလေသည်။
မြို့သည် ပျားပန်းခတ်မျှ စည်ကားနေသည်။ ကျင့်ကြံသူများသည် ကောင်းကင်ယံ၌ သူတို့၏ ဓားများဖြင့် ရံဖန်ရံခါ စီးနင်း ပျံသန်းကြပြီး သာမန်လူများနှင့် ကျင့်ကြံသူများ အတူတကွ နေထိုင်ကြသည်။လုရီ နှင့် လျိုနင်ရွှမ်းတို့သည် မြို့ထဲသို့ဝင်၍ တည်းခိုရန် တည်းခိုခန်းတစ်လုံးကို ရှာဖွေကာ အကြီးအကဲမင်အား ရှာတွေ့ရန် စောင့်ဆိုင်းနေခဲ့သည်။
နောက်တစ်နေ့နံနက်တွင် လုရီ နှင့်
လျိုနင်ရွှမ်းတို့သည် ပြင်းထန်သော
ဓားစိတ်ဆန္ဒအား ခံစားမိကာ နိုးထလာကြသည်။ အခန်းထဲက ထွက်လာပြီး အကြည့်ချင်းဖလှယ်ကာ နှစ်ယောက်သား ပြုံးပြကြသည်။
လုရီ ပြုံး၍ ပြောသည်။
"အဲဒါက အကြီးအကဲမင်ရဲ့ အရှိန်အဝါပဲ၊ သူရောက်လာပြီဆိုတာကို ကျွန်တော်တို့ကို အချက်ပြနေတာ မလား။"
နှစ်ယောက်အတူ တည်းခိုခန်းထဲက ထွက်ကြပြီး ထိုအရှိန်အဝါ၏ ဦးတည်ရာကို ဦးတည်ခဲ့ကြတယ်။မြို့တွင်းရှိ ကျင့်ကြံသူ အများအပြားသည် ပြင်းထန်သော ဓားစိတ်ဆန္ဒကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြီး လူများစွာ လေတွင် ပျံလွှားခုန်တက်လာကြ၍ မသေချာ မရေရာမှုများဖြင့် ၎င်းအရှိန်အဝါ ထွက်ပေါ်လာရာ အဝေးဆီသို့ မျှော်ကြည့်ကာ အချင်းချင်း ဆွေးနွေးကြတော့သည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒ... ကောင်းကင်ကို ထိုးဖောက်နိုင်မယ်လို့တောင် ငါ ထင်နေတယ်..."
"ဒီအရှိန်အဝါမျိုးက ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ ပိုင်ဆိုင်တာ မဟုတ်လား။ ပြီးတော့..ဒီလို သန်မာလှတဲ့ ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်တာ.. ဓားအခြေပြုကျင့်ကြံသူပဲ ဖြစ်ရမယ်..ဘယ်သူက အရမ်း မိုက်မဲနေပြီး ဒီလိုမျိုး ကျင့်ကြံသူကို နှိုးဆွရဲမှာလဲ။"
"ဟီးဟီး..ကြည့်ရကျိုးနပ်မယ့် ပွဲတစ်ခု ရှိနိုင်တယ်၊ ငါတို့ သွားကြည့်ကြမလား"
"..."
လူအချို့သည် ဖြစ်ပျက်နေမှုများကို ကိုယ်တိုင်မြင်တွေ့ရန် ရည်ရွယ်၍ မြို့ပြင်ဘက်သို့ တဟုန်ထိုး ပြေးလွှားသွားကြသည်။
ထိုအချိန်တွင်ပင် ကျယ်လောင်သော ရယ်မောသံ၏ နောက်ဝယ် ဩဇာရှိသော အသံတစ်ခု ပဲ့တင်ထွက်ပေါ်လာသည်။
"ဟားဟားဟားဟား....ဘယ်တာအိုရောင်းရင်းက ထျန်းလူ မြို့ကို ရောက်ရှိနေတာပါလဲ..ဒီအဘိုးကြီးက
ခင်ဗျားကို လာကြိုဖို့ ပျက်ကွက်မိတယ်။ ကျုပ်ရဲ့ အမြင်မပွင့်မှုကို ရောင်းရင်း ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်!"
"နားထောင်စမ်း..ဒါက အနောက်ဘက်လမင်းဂိုဏ်းရဲ့ အဓိပတိ အကြီးအကဲ
မလား။"
"အကြီးအကဲတောင် မနေသာတော့ဘူး"
လူအုပ်ကြီးက အံ့ဩတကြီး အော်ဟစ်ကြသည်။
ထို့နောက်တွင်၊ မြို့ပြင်ဆီသို့ ငွေလရောင်ကဲ့သို့ အေးစက်သော ငွေရောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ဖြာကျလာသည်ကို မြင်လိုက်ရသည်။
လုရီနှင့် လျိုနင်ရွှမ်းတို့သည်လည်း သူတို့ပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုကိုသတိပြုမိခဲ့သည်။
သူတို့သည် မတိုင်ပင်ထားဘဲ တစ်ယောက်မျက်နှာ တစ်ယောက်..ကြည့်လိုက်မိရာ အသီးသီး၏ မျက်လုံးထဲမှာ အကူအညီ မဲ့နေသော အရိပ်အယောင်ကို ပြန် မြင်လိုက်ရတော့သည်။
--------------