လေနှင့်မိုးကြိုး
Vol. 86 Ch. 856
လေဝိညာဥ်ဆေးမင်ရုပ်မှ အရောင်များတလဲ့လဲ့ ထွက်ပေါ်နေ၏။
ထိုအချိန်မှာပင် အနီရောင်နှလုံးသားနှင့် တိုက်ခိုက်ခဲ့သည့် ပုံရိပ်များကို စုချန်း ပြန်လည်မြင်ယောင်လာလေသည်။
ဟင်... ဟုတ်ပါ့မလား...
စုချန်း၏ ရင်ထဲတွင် အမည်မဖော်နိုင်သော ဝေဒနာတရပ်ကို ခံစားလိုက်ရ၏
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
သူ အချိန်အကြာကြီး လေ့လာခဲ့ရသော မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်အကြောင်းကို ဂဃနဏပင် မသိရသေးချိန်တွင် လေဝိညာဥ်ဆေးမင်က မည်သည့်အတွက် ဤမျှ မြန်မြန်ဆန်ဆန် တုံ့ပြန်နေရလေသနည်း။
ဟင် နေစမ်းပါအုံး... မိုးကြိုးဝိညာဥ်ဆေးမင်ဆိုလို့...
ထိုအချိန်မှာပင် စုချန်း တစုံတခုကို သတိရသွား၏။ လီတောက်ဟုန်နှင့် အပြင်းအထန် တိုက်ခိုက်နေစဥ် သူ မူလလက်စွပ်ထဲမှ မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်ကို အမှတ်မထင် ဆွဲထုတ်လိုက်မိသည် မဟုတ်ပါလား။ ထိုအချိန်တွင် မိုးကြိုးဝိညာဥ်ဆေးမင်သည်လည်း အရောင်များထွက်နေကြောင်း သူ သတိရလာ၏။
သို့သော် လေဝိညာဥ်ဆေးမင်နှင့် မိုးကြိုးဝိညာဥ်ဆေးမင်တို့ ဤအချိန်ကျမှ အဘယ်ကြောင့် နိုးထလာရသနည်း။ သူ့အာကင်နာနည်းစနစ်များသည်ပင် အဌမလက်စွပ်အဆင့် ရောက်သွား၍ပေလော။
၎င်းမှာ မည်သို့မှ အဓိပ္ပာယ်မရှိချေ။
ကမ္ဘာပေါ်တွင် အဌမလက်စွပ်အဆင့် အာကင်နာနည်းစနစ်များဟူသည် ရေတွက်၍ပင် မရချေ။ ဤဆေးမင်ရုပ်နှစ်ခုလုံးသည် သက်တမ်းတစ်လျှောက်လုံးဝယ် အဌမလက်စွပ်အဆင့်အာကင်နာနည်းစနစ်များနှင့် တကွေ့မဟုတ် တကွေ့တော့ ဆုံခဲ့ဖူးကြမည်သာ။ သို့ဆိုလျင် ယခုအချိန်အထိ ၎င်းတို့ အဘယ်ကြောင့် မနိုးထခဲ့လေသနည်း။
ထို့ကြောင့် ဤဆေးမင်ရုပ်များ နိုးကြားလာခြင်းသည် ကျင့်ကြံခြင်းအခြေခံနှင့် မပတ်သက်ဟူသည်မှာ သေချာသလောက်ပင်။
သို့သော် စုချန်းတယောက် အဌမလက်စွပ်အဆင့် အာကင်နာပညာရှင်အဖြစ် ရောက်ခဲ့ချိန်တွင် လေဝိညာဥ်ဆေးမင်ရုပ်၏ တုံ့ပြန်မှုအစပြုခဲ့၏။ တချိန်တည်းမှာပင် မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်ကလည်း တုံ့ပြန်နေသည်ဖြစ်၍ အဆိုပါ ဆေးမင်ရုပ်နှစ်မျိုးလုံး နိုးကြားလာရန် ဤအချိန်မတိုင်မီလေးတွင် တစုံတခု ဖြစ်ပျက်သွားသည် သို့မဟုတ် စံချိန်မီသွားသည်ဟု အဓိပ္ပါယ်သက်ရောက်နေသည်။
သူမှတ်မိသလောက် အသက်ဝိညာဥ်ဆေးမင် နိုးကြားလာခဲ့သည်မှာကား အနီရောင်နှလုံးသားနှင့် သူ့အကြား တိုက်ပွဲကြောင့်ပင်။ သို့သော် ထိုတိုက်ပွဲတွင် သူသည် အသက်စွမ်းအားနှင့် ပတ်သက်သည့် အာကင်နာနည်းစနစ် တမျိုးတလေပင် အသုံးပြုခဲ့သည် မဟုတ်ချေ။
ဟင်...နေစမ်းပါအုံး...
အစကတည်းက အသက်စွမ်းအင်နဲ့ပတ်သက်တဲ့ အာကင်နာနည်းစနစ်ဆိုတာ ရှိမှမရှိဖူးတာပဲ...
သို့ဆိုလျင် အသက်ဝိညာဥ်ဆေးမင်ကို နိုးကြားခဲ့စေသည်မှာ မည်သည့်အရာပေနည်း။ ထို့နောက် ဤဖြစ်စဥ်သုံးရပ်လုံးအတွက် တူညီသောအချက်က ဘာများဖြစ်လေသနည်း။
စုချန်း စဥ်းစားရင်း ခေါင်းပင်ကိုက်လာ၏။
ထိုသို့စဥ်းစားရင်း တဖက်တွင်လည်း သူသည် လီတောက်ဟုန်နှင့် တိုက်ခိုက်နေဆဲပင်။ လေနှင့်မိုးကြိုးဝိညာဥ်ဆေးမင်တို့သည်လည်း အရောင်များ တောက်ပနေဆဲပင်။
ဤအခြေအနေတွင် ဖြစ်နိုင်ခြေများကို စဉ်းစားသုံးသပ်ရန် စုချန်းအတွက် အချိန်လို၏။
စုချန်း၏ မူမမှန်သောပုံစံကိုကြည့်ရင်း ကျန်လူများပင် တစုံတခု မှားယွင်းနေမှန်း သတိထားမိလာလေသည်။
ထိုအခါ အီနီဂိုက စုချန်းကို မယုံသင်္ကာဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
"ဘာလဲ မင်းမှာလည်း ဆေးမင်ရုပ်ရှိနေတာလား ပြီးတော့ ဆေးမင်ရုပ်က အရောင်တွေ ထွက်နေပါလား ဘာတွေဖြစ်နေတာလဲ"
"ဘာဖြစ်နေမှန်း ကျုပ်လဲမသိဘူး"
စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
ဤဆေးမင်ရုပ်များနိုးထလာသည့် ဖြစ်စဥ်အကြား တူညီသည့်အချက်တချက် ရှိနေသည်ကတော့ သေချာနေ၏။ သို့သော် စုချန်းအနေနှင့် ဤမေးခွန်းကို စဥ်းစားနေရန် အချိန်မရှိတော့ချေ။
အကြောင်းမှာ အီနီဂိုက လေဝိညာဥ်ဆေးမင်ရုပ်ကို ဆွဲယူရန် လက်လှမ်းလိုက်သောကြောင့်ပေတည်း။
အီနီဂို၏ လှုပ်ရှားမှုကို မြင်သည်နှင့် စုချန်း မျက်နှာပျက်သွား၏။
အဲ့ဒါက ငါ့ဟာကွ...မင်းတို့က ငါနဲ့ယှဥ်ပြီး လုချင်တာပေါ့လေ...
သို့သော် စုချန်း၏ စိတ်ထဲက စဥ်းစားလိုက်ရုံသာ ရှိသေးသည်။ လေဝိညာဥ်ဆေးမင်ရုပ်သည် လေထဲကို သူ့ဘာသာခုန်တက်လာပြီး စုချန်းဆီသို့ ဦးတည်ပျံသန်းလာတော့၏။
အီနီဂို အကြီးအကျယ် ထိတ်လန့်သွား၏။
"မြန်မြန်...ဝိုင်းတားကြပါအုံးဟ"
ညနေမင်း၊ ဟိုလီကင်းနှင့် လီတောက်ဟုန်တို့က စုချန်းကို ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။ လီတောက်ဟုန်ကတော့ လေဝိညာဥ်ဆေးမင်ရုပ်ကိုပါ ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်လေသည်။ စုချန်းလက်ထဲရောက်မသွားခင် အနှီဆေးမင်ရုပ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ခြင်းပင်။
ရန်သူတော်ကြီးများ၏လုပ်ရပ်ကို ကြည့်ရင်း စုချန်း တင်းမာပြတ်သားသော လေသံနှင့် ပြောလိုက်၏။
"ဒီတော့ မင်းတို့အားလုံး ကျုပ်လက်ထဲက ရတနာကို ဖြတ်ခုတ်ဖို့အတွက် အင်အားတွေ ကျန်နေသေးတယ်ဆိုတဲ့ သဘောပေါ့လေ"
စုချန်း၏ ဤစကားက ကျူးချန်းဟွမ်၊ လီကုန်းရှန်နှင့် ကျန်လူများကို လှုံ့ဆော်ပေးလိုက်သလိုရှိ၏။ ထိုအခါ သူတို့အားလုံး အားကြိုးမာန်တက်နှင့် ပြန်လည်တိုက်ခိုက်ကြပြန်သည်။ အထူးသဖြင့် ကျူးချန်းဟွမ်၏ တိုက်ကွက်မှာ များစွာ ပြောင်မြောက်လှသည်။
သို့သော် အီနီဂိုကတော့ စုချန်းကို မရရအောင် နှောင့်ယှက်မည့်သဘောပင်။ သူ စာအုပ်ကို လျင်မြန်စွာလှန်လိုက်ရာ သူ့ပတ်ပတ်လည်တွင် အကာအကွယ်များ ချက်ချင်းပင် ပေါ်ပေါက်လာ၏။ တစ်ချိန်တည်းမှာပင် သူက လေဝိညာဥ်ဆေးမင်ရုပ်ဆီ ထပ်မံလက်လှမ်းလိုက်ပြန်သည်။
သို့သော် ရန်သူတော်ကြီးများ၏ အနှီလုပ်ဆောင်ချက်များက စုချန်းအတွက် လားလားမျှပင် အရေးမကြီးတော့ချေ။
သူ တစုံတခုကို ရေရွတ်ရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လေဝိညာဥ်ဆေးမင်ရုပ်သည် စုချန်း၏ အမိန့်ကို တုံ့ပြန်နေသည့်နှယ် အီနီဂို၏ လက်ကိို ရှောင်တိမ်းသွား၏။
တဖန် စုချန်းက ထပ်မံ အမိန့်ပေးလိုက်ပြန်သည်။
"လေတွေတိုက်စမ်း"
စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် အရပ်လေးမျက်နှာဆီမှ လေပြင်းမုန်တိုင်းများ ဝုန်းဒိုင်းကြဲတိုက်ခတ်လာ၏။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အားပါပြင်းထန်လှသည့် လေပြင်းများကိုကြည့်ရင်း လီတောက်ဟုန် မျက်လုံးပြူးလျက်ရှိသည်။ သူ ဖန်တီးထားသည့် သဲနံရံများမှာလည်း ထိုအချိန်တွင် ပျောက်ကွယ်သွားခဲ့လေပြီ။
"စိတ်တောင် မကူးလေနဲ့"
ညနေမင်းကလည်း အားကုန်သုံးကာ စုချန်း၏ လေကို ရပ်တန့်လိုက်၏။ နောက်ဆုံးတော့ ညနေမင်းနှင့် အီနီဂိုတို့ ပူးပေါင်းလိုက်မှသာ ဆေးမင်ရုပ်၏ ရွေ့လျားမှုကို ကန့်သတ်နိုင်ခဲ့လေသည်။
စုချန်းကလည်း ၎င်းတို့၏ လုပ်ရပ်ကိုကြည့်ရင်း ဒေါသထွက်သွား၏။
"အဲ့ဒါကို မင်းတို့ ရပ်ကောင်းရပ်နိုင်မယ် ဒါပေမဲ့ ဒါကိုကောကွာ"
စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲရှိ မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်သည် အရောင်များ ထွန်းလင်းတောက်ပလာလေသည်။ ဤတကြိမ် သူ့လုပ်ရပ်ကိုတော့ မည်သူမှ မတားနိုင်တော့ချေ။
တဖက်တွင်လည်း သူနှင့် မိုးကြိုးဝိညာဥ်ဆေးမင်ရုပ်တို့အကြား ဆက်နွယ်မှုတခု ရှိနေသည်ကို စုချန်း ခံစားမိနေ၏။ ဤဆက်နွယ်မှု ဘယ်ကလာမှန်း စုချန်း မသိ။ သို့သော် ၎င်းကို မည်သို့အသုံးပြုရမည်ကိုတော့ သူ ကောင်းကောင်းသိနေခဲ့လေပြီ။
ထို့နောက် သူသည် မိုးကြိုးစွမ်းအားကို အမြင့်ဆုံးအထိ နှိုးဆွလိုက်လေရာ မိုးကြိုးဝိညာဥ်ဆေးမင်၏ အလင်းက ပို၍ပို၍ သိသိသာသာပင် တောက်ပလာ၏။ တဆက်တည်းမှာပင် အားကောင်းလှသော လျှပ်စီးလှိုင်းတခုက ဆေးမင်ရုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး အရပ်ရှစ်မျက်နှာသို့တိုင် ပျံ့နှံ့သွားတော့သည်။
ဤမျှ ကြမ်းတမ်းသော လျှပ်စစ်လှိုင်းမျိုးက ရန်သူကို ပစ်မှတ်ထားနိုင်မည်ဟု လားလားမျှ ထင်စရာမရှိချေ။ သို့သော် ၎င်းလျှပ်စီးလှိုင်းသည် မျက်လုံးပါနေသည့်နှယ် ကျူးချန်းဟွန်၊ လီကုန်းရှန်နှင့် ကျန်လူများဘေးမှ ဖြတ်သွားပြီး အီနီဂိုနှင့် ညနေမင်းတို့အပေါ်ကိုသာ ဦးတည်တိုက်ခိုက်လာတော့၏။
"ဟာ မဖြစ်နိုင်တာတွေ"
အီနီဂို မအံ့သြပဲ မနေနိုင်တော့။ ရန်သူနှင့် မဟာမိတ် ခွဲခြားနိုင်သည့် အာကင်နာနည်းစနစ်မျိုးကို တတ်ကျွမ်းရန် ဘယ်လောက်ခက်မှန်း အီနီဂို ကောင်းကောင်းသိထားသည်။ ဤအဆင့်မျိုးဟူသည် မိုးကြိုး၏ စွမ်းအားကို ကျွမ်းကျင်ရုံနှင့် ဖြစ်လာနိုင်သည့် ကိစ္စမျိုး မဟုတ်ချေ။
ဒါ ဒဏ္ဍာရီလာအဆင့်... မဟုတ်ဘူး တားမြစ်ထားတဲ့အဆင့်ကို ဒီကောင် အောင်မြင်သွားတာပဲ...
စုချန်း မည်သို့ လုပ်ခဲ့လေသနည်း။ သို့်ဟုတ်လျင် ဆေးမင်ရုပ်၏ စွမ်းဆောင်ချက်ပေလား။
သို့သော် အီနီဂိုအနေနှင့် ဆက်စဥ်းစားနေရန် အချိန်မရတော့ချေ။ ပြင်းထန်တဲ့ မိုးကြိုးလှိုင်းများ သူ့အပေါ် ကျရောက်လာခဲ့ပြီ မဟုတ်ပါလား။ ညနေမင်းနှင့် သူ၏ ပူးပေါင်းလှုပ်ရှားမှုကား တစစီ ပျက်စီးသွားခဲ့လေပြီ။
ထိုအခါ လေဝိညာဥ်ဆေးမင်သည် စုချန်း၏ နောက်ထပ်လက်တဖက်ထဲသို့ လွတ်လွတ်လပ်လပ်ပင် ပျံသန်းတိုးဝင်လာတော့သည်။
"မဟုတ်ဘူး"
လီတောက်ဟုန် စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်လိုက်၏။ လေဝိညာဥ်ဆေးမင်သာ စုချန်းလက်ထဲရောက်သွားပါက ဘာဆက်ဖြစ်တော့မည်မှန်း သူ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။ ထိုအခါ သူက အားကုန်ထုတ်ကာ တားမြစ်ရန် ကြိုးစားလိုက်သေး၏။
ရုတ်ချည်းဆိုသလိုပင် သူ့လက်တဖက်သည် လေထဲမှာပင် ဖြည်းညှင်းစွာ ရပ်တန့်သွား၏။ ၎င်းမှာ တစုံတရာက သူ့အရှိန်အဟုန်ကို ရပ်တန့်လိုက်သည်နှင့်ပင် တူနေသေးသည်။
စုချန်းက လီတောက်ဟုန်၏ လက်ကို သာသာယာယာပင် ပုတ်ထုတ်ပြီး လေထဲတွင် တည်တည်ငြိမ်ငြိမ်ပင် မတ်တပ်ရပ်နေ၏။ လီတောက်ဟုန်ကို ကြည့်ရှုနေသော သူ့အကြည့်မှာ အေးစက်တင်းမာလျက်ရှိသည်။
လေဝိညာဥ်ဆေးမင်ရုပ်သည် စုချန်း၏ ခေါင်းပေါ်တွင် ပျံဝဲနေပြီး သူ့ကိုယ်တွင်းသို့ စွမ်းအားများ ဖြည့်ပေးနေဟန်ဖြင့် အရောင်များ စူးစူးရှရှပင် တောက်ပနေ၏။ ထိုအချိန်တွင် မိုးကြိုးဝိညာဥ်ဆေးမင်သည်လည်း နိုးထနေခဲ့လေပြီ။
ဆေးမင်ရုပ်အစုံ၏ စွမ်းအားသည် စုချန်း၏ ကိုယ်တွင်းသို့ ပြိုင်တူစီးဝင်လာပုံမှာ ဂုဏ်ရှိန်ကြီးမြတ်သည့် နတ်ဘုရားတပါးအား ဂုဏ်ပြုနေသည်နှင့်ပင် တူလှသည်။ သာမန်လူများသည်ပင် တရှိန်ထိုးမြင့်မားလာသော ထိုအရှိန်အဝါကို ခံစားနိုင်ကြပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် စုချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမှတ်အသားများ၊ အက္ခရာများနှင့် စာလုံးများ စတင်ပေါ်ပေါက်လာ၏။ ထိုအမှတ်အသား၊ အက္ခရာစာလုံးများသည် လေနှင့်မိုးကြိုးဝိညာဥ်ဆေးမင်များမှ ပေါ်ပေါက်လာခြင်းပင်။ ထိုစာလုံးများသည် စုချန်း၏ မျက်နှာပေါ်တွင် အရောင်ရှိန်ဝါတငြီးငြီးနှင့် မြန်မြန်ဆန်ဆန်ပင် လှည့်ပတ်သွားလာနေ၏။ ထိုမျှပင်မကသေးပဲ အသက်စွမ်းအင်ဆေးမင်၏ အမှတ်အသားများသည်လည်း စုချန်း၏ ရင်ဘတ်ဆီမှ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
ဒြပ်စွမ်းအင် အများအပြား သူ့ကိုယ်တွင်းသို့ စီးဝင်လာခြင်းသည် စုချန်း၏ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို စမ်းသပ်ခံနေရခြင်းနှင့် တူလှသည်။ လက်ရှိတွင် အသက်စွမ်းအင်ဆေးမင်သည် ချိန်သားကိုက် နိုးထလာပြီး ကျန်ဆေးမင်နှစ်မျိုး၏ စွမ်းအင်ကို စုချန်း အပြည့်အဝ စုပ်ယူနိုင်ရန် ကူညီပေးနေသည့် ဟန်ပင်။
ထိုအချိန်မှာပင် စုချန်း တစုံတရာကို ရုတ်တရက် သဘောပေါက်သွား၏။
ဆေးမင်ရုပ်နှစ်မျိုး ရုတ်တရက် နိုးထလာရသည့် အကြောင်းရင်း အများအပြားရှိနိုင်၏။ ကြည့်ရသလောက် လက်ရှိအနေအထားတွင် ကျန်ဆေးမင်နှစ်မျိုး နိုးထလာရသည့်အကြောင်းရင်းမှာ စုချန်း လတ်တလော စုဆောင်းလိုက်သည့် လေနှင့် မိုးကြိုးစွမ်းအင်များသည် အကြောင်းတရပ် ဖြစ်နိုင်၏။ နောက်ထပ်ဖြစ်နိုင်ခြေတခုမှာ အသက်စွမ်းအင်ဆေးမင်ကိုယ်တိုင်ပင်။
ပထမတကြိမ် အသက်စွမ်းအင်ဆေးမင် နိုးထလာခြင်းမှာ တိုက်ပွဲပတ်ပတ်လည်ရှိ များပြားလှသော စွမ်းအင်ထုကြီးကြောင့် ဖြစ်သည်။ သို့သော် ဤတကြိမ်တွင်တော့ အသက်စွမ်းအင်ရှိနေခြင်းကသည်ပင် ကျန်ဆေးမင်နှစ်မျိုးကို နိုးထလာအောင် "သွေးဆောင်" ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
မှန်ပါသည်။ အထက်ဖော်ပြပါ သီအိုရီမှာ အနုမာနမှန်းဆချက်တခုမျှသာ။ လတ်တလောတွင်တော့ အသက်စွမ်းအင်ဆေးမင်သည် အခြားဆေးမင်နှစ်မျိုး၏ စွမ်းအင်အား စုပ်ယူသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံး စုချန်းကို ကူညီပေးနေ၏။ ထို့အပြင် စုချန်း၏ ကိုယ်ပိုင်အသက်ဝိညာဥ်စွမ်းအင်ကလည်း ပို၍ မြင့်တက်လာခဲ့တော့သည်။
ယခုဆိုလျင် စုချန်းအနေနှင့် ထိပ်တန်း သတ်ဖြတ်သူစစ်သည်တော်တဦးကိုပင် အနိုင် တိုက်နိုင်လောက်သည်အထိ အင်အားရှိနေသည်ဟု ခံစားလိုက်ရ၏။
ထိုသို့အင်အားမျိုးမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွန်းလှသည့် စစ်သည်တော်များမှသာ ပိုင်ဆိုင်ထားတတ်သည် မဟုတ်ပါလား။
လေနှင့် မိုးကြိုးစွမ်းအင်သည် သူ့ကိုယ်တွင်းကို ဆက်လက်တိုးဝင်နေ၏။ စုချန်းအဖို့ကား သူ့ကိုယ်ထဲတွင် မူလစွမ်းအင်ထွက်ပေါက် ရှိနေသကဲ့သို့ ခံစားနေရလေသည်။ ၎င်းသည် သူ့ကို အဆုံးမရှိသော မူလစွမ်းအင်များ ဖြည့်တင်းပေးလျက်ရှိလေရာ စုချန်းသည် သူတတ်ကျွမ်းထားသမျှ လေနှင့်မိုးကြိုးအာကင်နာနည်းစနစ်တိုင်းကို စမ်းကြည့်လိုလာတော့၏။
ထိုမျှတင်မကသသေးပဲ မိုးကြိုးနဲ့ပတ်သက်သော စုချန်း၏ စွမ်းရည်ကလည်း ထပ်မံအဆင့်မြင့်တက်သွားခဲ့ပြန်သည်။ ထို့ကြောင့် စုချန်းကား နဝမလက်စွပ်အဆင့် အာကင်နာပညာရှင်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
ထိုအချက်ကို ပထမဆုံး သတိထားမိသူမှာ အီနီဂိုဖြစ်နေ၏။ ထိုအကြောင်းကို သတိထားမိလိုက်ချိန်တွင် သူ မူးမေ့လဲကျလုမတတ် ဖြစ်သွားသည်။ စုချန်း၏ တိုးတက်နှုန်းမှာ တကယ်ကို အံ့မခန်းပေတကား။
သို့သော် ဤသည်ကိုပင် စုချန်းဟု ခေါ်ရပေမည်။ သူ နှစ်ပေါင်းများစွာ စုဆောင်းထားသော အသိပညာများက သင့်လျော်သောအချိန်တွင် ဝုန်းဒိုင်းကြဲပေါ်ပေါက်လာပြီး သူ့ကို နဝမလက်စွပ်အဆင့်ဆီ တွန်းပို့လိုက်ခြင်းပေတည်း။
သို့သော် အဆင့် ၁၀သို့ ရောက်ရန်ကတော့ လက်ရှိအနေအထားနှင့် လုံလောက်သေးပုံမရချေ။ အကြောင်းမှာ လေနှင့် မိုးကြိုးဝိညာဥ်ဆေးမင်များက သူ့ကို စွမ်းအင်များ လုံလောက်အောင် မပေးနိုင်၍ မဟုတ်ချေ။ စွမ်းအင်တခုတည်းကို အားကိုးပြီး ထိုနယ်ပယ်သို့ တက်လှမ်းရန် မဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။
လက်ရှိတွင် စုချန်းသည် သူ့ကိုယ်သူ နဝမလက်စွပ်အဆင့်အာကင်နာပညာရှင်အဆင့်သို့ ပြင်ပအထောက်အပံ့များ၏ အကူအညီကို ရယူကာ မြှင့်တင်ခဲ့၏။ သို့သော် သူ့အသိပညာနှင့် နားလည်နိုင်စွမ်းမှာကား နဝမအဆင့်အာကင်နာပညာရှင်တယောက် သိထားသင့်သည့်အရာမှန်သမျှကို သိထားခဲ့ပြီးပြီဟု စုချန်း ခံစားနေရလေသည်။ ထပ်ဖြည့်ပြောရလျင် အဆိုပါ သိထားခြင်းနားလည်ခြင်းမျိုးသည် ရုပ်ပိုင်းဆိုင်ရာအဆင့်ထိ နားလည်သိသွားခြင်းမျိုး ဖြစ်၏။ ၎င်းမှာ မွေးကတည်းက မူလစွမ်းအင်အများအပြားကို ပိုင်ဆိုင်ထားပြီး ထိုမူလစွမ်းအင်များကို မည်သို့မည်ပုံ သုံးစွဲရမည်ကို အလိုအလျောက် နားလည်နေသည့်သဘောမျိုးပင်။ ၎င်းမှာ စကားလုံးများဖြင့် ဖော်ပြရန် အတော်ပင် ခက်ခဲလှ၏။
ထိုမျှသာမကသေး စုချန်း၏ အခြေခံသည် အဆင့်မြှင့်တက်လာခါစ တခြားမည်သည့်အာကင်နာပညာရှင်တိုင်းမဆိုထက် များစွာ တည်ငြိမ်နေ၏။ ထို့ကြောင့် စုချန်းသည် စွမ်းအင်အဆင့်ကို လေးဆင့်ဆက်တိုက် တိုးမြှင့်နိုင်ခဲ့ပြီး သူ့အခြေခံမှာလည်း လူတိုင်းထက် သာလွန်နေသည်ဟုပြောလျင် မည်သူမှယုံမည်မဟုတ်ချေ။
သို့သော် စုချန်းကတော့ ဤအကြောင်းကို ထုတ်ပြောရန် ယုံကြည်ချက်အပြည့်ရှိနေ၏။
အကြောင်းမှာ ဆေးမင်ရုပ်များသည် သူ့ကို ဤအတိုင်း အတိအကျ ကျေးဇူးပြုခဲ့သောကြောင့်ပင်။
ထို့နောက်တွင်တော့ စုချန်းက အသက်ကိုဝအောင်ရှုကာ အားရပါးရ ပြုံးရင်း အောက်ပါအတိုင်း ပြောလိုက်၏။
"မင်းတို့အားလုံးက... တော်တော် ထောင်လွှားနေကြတယ်ပေါ့ ဟုတ်သလား"
သူ ထိုသို့ပြောလိုက်ချိန်တွင် ထပ်တူထပ်မျှ ပေါ်ထွက်လာသည့် မိုးခြိမ်းသံများကလည်း သူ့စကားလုံးတိုင်းကို ပို၍ အားဖြည့်ပေးနေသလို ရှိသည်။
***