အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း ၁၉၆-နာမည်ကြီးတော့မည်...
~ "အကြီးအကဲမင်ကို ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်မယ်လို့ မမျှော်လင့်ထားမိဘူး" လုရီ က ခြောက်ကပ်သော အပြုံးတစ်ပွင့်ဖြင့် ပြောလာသည်။
လျိုနင်ရွှမ်းသည် အနည်းငယ် ခေါင်းညိတ်ပြပြီး လုရီနှင့် ထပ်တူထပ်မျှပင် ပြောစရာ စကား ပျောက်ရှသွားသည် ။
နှစ်ယောက်သား ဆက်လက်၍ ခရီးနှင်လာသည်။
မကြာခင်မှာပဲ မြို့ပြင်မှာ အကြီးအကဲမင် သက်ဆင်းလာသည်။ မီတာ ရာဂဏန်းအတွင်း သူ့ထံ မည်သူကမျှ မချဉ်းကပ်ဝံသည်ကို တွေ့နိုင်ပါမည်။ ကျင့်ကြံသူများက သည်အခြေအနေကို အဝေးမှသာ ချောင်းမြောင်း၍ ကြည့်နေကြလေသည်။
ဝေဟင်မှ ငွေရောင်ဆံပင် အဘိုးကြီး
တစ်ယောက်လည်း အကြီးအကဲမင်ရှေ့မှာ ဆင်းသက်လာပြီး အကြီးအကဲမင်အား သတိထားပြီး အကဲခတ်လိုက်သည်။
ထိုအခါ အကြီးအကဲမင်က အနည်းငယ် ပြုံးပြပြီး သူ့လက်များကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"တာအိုရောင်းရင်း.. စိတ်မပူပါနဲ့၊ ဒီအဘိုးကြီးက ဒီမှာ တစ်ယောက်ယောက်ကို ရှာဖို့ပါပဲ၊ အထွေအထူး မရှိဘူး"
ထိုစကားအား ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွား၍ ငွေရောင်ဆံပင် အကြီးအကဲက အသံထွက်၍ ရယ်လိုက်ကာ
“ဒါဆို ကျုပ်ရဲ့ အကူအညီ လိုသေးလား သိချင်မိပါတယ်” ဟု မေးလိုက်သည်။
အကြီးအကဲမင်က ပြုံးပြီး
"မလိုပါဘူး၊ ကျုပ် ရှာနေတာ တွေ့ပါပြီ"
...
လုရီနှင့် လျိုနင်ရွှမ်းတို့သည် ယခုအချိန်တွင် အလွန် နီးကပ်နေပြီ ဖြစ်သည်။
သူတို့သည် သူတို့၏ တည်ရှိမှုကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသောကြောင့် သူ၏ တန်ခိုးကြီး နတ်ဘုရားအာရုံကို တစ်ချက်မျှ ဖြန့်ကျက်လိုက်ရုံဖြင့် အကြီးအကဲမင်သည် သူတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။
အကြီးအကဲမင်က ထပ်မပြောချင်တော့တာကို မြင်လိုက်ရတော့ ငွေရောင်ဆံပင် အဘိုးကြီးက ဆက်လက် မစပ်စုတော့ဘဲ..
"တွေ့ပြီဆိုလို့ ဝမ်းသာပါတယ်ဗျာ..ကျုပ်ရဲ့
စံအိမ်ကို အလည်လာဖို့ ဆန္ဒရှိပါရဲ့လား " ဟု ဖိတ်ခေါ်လိုက်သည်။
ထိုအခါ.. အကြီးအကဲမင်သည် တစ်ဖန် အပြုံးတစ်ခုဖြင့် ယဉ်ကျေးစွာ ငြင်းဆိုပြီး သူသည် ထွက်ခွာရန် နှုတ်ဆက်ခဲ့လေသည်။
ငွေရောင်ဆံပင်နှင့် အကြီးအကဲသည် စကား
မပြောတော့ဘဲ အလင်းတန်းအဖြစ် ပြောင်းလဲကာ ထျန်းလူမြို့သို့ ပြန်လည် ပျံသန်းလာစဉ် အကြီးအကဲမင်သည် ဝေးကွာသော ထျန်းလူ တောင်တန်းဆီသို့ ပျံသန်းသွားခဲ့သည်။
အခြေအနေ ဆိုးဆိုးရွားရွား မဖြစ်ပျက်တာကို မြင်တော့ အကဲခတ်နေကြသည့် ကျင့်ကြံသူတွေလည်း တစ်ယောက်ပြီး တစ်ယောက် အလျှိုအလျှို..ထွက်သွားကြပါတော့သည်။
...
လုရီနှင့် လျိုနင်ရွှမ်းတို့သည် အခြားသော ကျင့်ကြံသူများကဲ့သို့ပင် အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ မြို့ပြင်မှ ထွက်ခွာသွားကြသည်။ သူတို့နှစ်ဦးသည် ထျန်းလူ တောင်တန်းဆီသို့ ဦးတည်သွားခဲ့ကြပြီး မကြာမီပင် လူသူကင်းမဲ့သော တောအုပ်တစ်ခုတွင် အကြီးအကဲမင် သူတို့ကို တွေ့ရှိသွားလေပြီ။
အကြီးအကဲမင် က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်စွာ မေးလိုက်တော့သည်။
"မင်းတို့နှစ်ယောက်၊ အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ဆယ့်သုံးယောက်နဲ့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူကို သတ်လိုက်တာလား။"
လုရီနှင့် လျိုနင်ရွှမ်း နှစ်ယောက်စလုံး ညင်သာစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
ထိုအခါ... အကြီးအကဲမင်က လက်ခုပ်တီးပြီး သဘောတွေ့ဟန်ဖြင့် တဟားဟား ရယ်မောလေတော့သည်။
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ရွှေအူတိုင်
အဆင့်နဲ့ အခြေတည်ဝိဉာဉ်
အဆင့်က အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူအများအပြားနဲ့ နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ်
တစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ သွေးဝိညာဉ်ဂိုဏ်းအပါအဝင် ဂိုဏ်းလေးခုက လူတွေရဲ့ မျက်နှာတွေ အခုအချိန်မှာ စိမ်းစိုနေလိမ့်မယ်..ဟားဟားဟား.."
ဤတွင်...ချင်းကျိုး၌ ဤမျှ ကြီးမားပြင်းထန်သော တိုက်ပွဲတွင်ပင်၊ ယခုအချိန်အထိ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ လက်တစ်ဆုပ်စာမျှသာ သေဆုံးခဲ့သည်ကို ထောက်ရှုရပါမည်။
ယခု လူငယ် နှစ်ယောက်၏ လက်ထဲမှာ
ထိုပုဂ္ဂိုလ်ကြီး တစ်ပါး ဆုံးပါးသွားတော့ ၎င်းဂိုဏ်းအကြီးအကဲတို့၏ မျက်နှာအမူအရာတွေ မည်မျှလောက် အရောင်အသွေး စုံနေလိမ့်မည်လဲ.. စိတ်ကူးကြည့်၍ ရနိုင်လေသည်။
အားပါးတရ ရယ်မော၍ တစ်ခဏမျှ ကြာတော့ ..
"သွားကြစို့၊ ငါတို့ ချင်းကျိုးနယ်နမိတ်က လွန်လာပြီ ဆိုတော့ သူတို့တွေ လိုက်ဖမ်းမှာ မဟုတ် တော့ဘူး။ အခု နတ်ဓားဂိုဏ်းဆီ သွားကြမယ်" ဟု အကြီးအကဲမင်က ဆော်ဩလိုက်သည်။
လုရီနှင့် လျိုနင်ရွှမ်းတို့က ခေါင်းညိတ်လိုက် ပါသည်။
သူတို့သုံးဦးသည် ဝမ်ကျိုးဆီသို့ အလင်းတန်းများသဖွယ် ပျံသန်းသွားကြလေတော့သည်။
ချင်းကျိုးက ထွက်လာကြသည် ဖြစ်သောကြောင့် သူတို့ဟာ အလွန် သတိရှိဖို့
မလိုအပ်တော့ဘဲ မြို့ကြီးတွေမှာ တည်းခိုဖို့ တတ်နိုင်ကြလေသည်။
ဓားတာအို အစည်းအဝေး မစတင်မီ အချိန် တစ်လကျော်သာ ကျန်ပါတော့သည်။ သူတို့
သုံးယောက်သည် ပျံသန်းကာ လမ်းတစ်လျှောက် ခရီးဆက်ခဲ့ကြပြီး တစ်လကြာပြီး နောက်ဆုံးမှာတော့ ဝမ်ကျိုးဒေသသို့ ဝင်ရောက်ခဲ့ကြပါသည်။
ဝမ်ကျိုးဒေသအား ဓားတာအို မြင့်မြတ်ကုန်းမြေ ဖြစ်သော နတ်ဓားဂိုဏ်း၏ အိမ်ရှင်နိုင်ငံအဖြစ် လုရီ သတိပြုမိသည်မှာ ဝမ်ကျိုးရှိ ကျင့်ကြံသူတိုင်းနီးပါးသည် ဓားတစ်ချောင်းကို ကျောတွင် ချိတ်ဆွဲထားခြင်းပင် ဖြစ်သည်။ ဆယ်ယောက်ရှိလျှင် ဆယ်ယောက်တိုင်းက ဓားသမား မဟုတ်သော်ငြား ဆယ်ယောက်မှာ ရှစ်ယောက်က ဓားတာအိုကို လေ့ကျင့်လေသည်။ ဓားကျင့်ကြံခြင်းသည် ဝမ်ကျိုးဒေသ တွင် အတော်လေး ရေပန်းစားပါသည်။
သူတို့သုံးဦးသည် မြို့တစ်မြို့သို့ ခရီးထွက်ကြပြီး တည်းခိုခန်းတစ်ခု၌.. တည်းခိုနေကြစဉ်
ကျန်လူများ ဓားတာအို အစည်းအဝေးအကြောင်း ဆွေးနွေးသံများကို နားစွင့်လိုက်ရသည်။
"ဟေးလူတွေ..ကြားပြီးကြပြီလား။ နတ်ဓားဂိုဏ်းရဲ့ အရင် ဂိုဏ်းခေါင်းဆောင် ပြန်လာပြီတဲ့၊ သူက ဓားတာအို အစည်းအဝေးမှာ ဂျူနီယာလေးတွေကို ဓားတာအိုနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ရှင်းပြလောက်တယ်။ ဒီနှစ် ဓားတာအို အစည်းအဝေးက ထူးထူးခြားခြား အသက်ဝင်မယ်လို့ ယူဆရတယ်ကွ။"
"ဟုတ်တယ်၊ မကြာသေးမီ နှစ်တွေအတွင်း၊ အရှေ့ပိုင်းဒေသက ဓားတာအို ဉာဏ်ကြီးရှင်တွေဟာ မိုးရွာပြီးနောက် ပေါက်လာတဲ့ နွေဦးပေါက်ဝါးပင်ပေါက်လေးတွေလို တဖွဲဖွဲ ပေါ်ပေါက်လာတယ်။ နတ်ဓားဂိုဏ်းက မိစ္ဆာဆန်ဆန် အရည်အချင်း မြင့်မားလှတဲ့ ကျန်းရူယွီနဲ့ ဝမ်ချီဖုန်း တို့နှစ်ဦးကို မဆိုထားနဲ့တော့၊ ကျောက်စိမ်းဓားဂိုဏ်းက ယွီဝေဝေလည်း ထက်မြက်တဲ့ ဓားစိတ်ဆန္ဒကို ကောင်းကောင်း နားလည်ထားပုံပဲ၊ ဝမ်ကျိုး အပြင်ဘက်မှာလည်း အရည်အချင်းရှိတဲ့ ဓားတာအို ကျင့်ကြံသူတွေ အများကြီး ပေါ်ထွက်လာတာက တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတယ်. "
“ဓားသမား မျိုးဆက်ဟောင်းတွေအပြင် ထက်မြက်တဲ့ ငယ်ရွယ်သူတွေလည်း ပြိုင်ပွဲအတွက် ဒီလမ်းကို ဦးတည်လာနေကြတယ် မဟုတ်လား၊ ဓားရေး တိုက်ပွဲတွေ...အတော်လေး အံ့မခန်းဖြစ်မှာ သေချာပါတယ်” ဟု အခြားသူတစ်ဦးက ကြွေးကြော်ခဲ့သည်။
"ဟုတ်တယ်၊ ဓားရေး တိုက်ပွဲတိုင်းမှာ ပါဝင်သူတွေဟာ နတ်ဓားဂိုဏ်းရဲ့ နတ်ဓားကျောက်တိုင်ရှေ့မှာ ဆင်ခြင် သုံးသပ်ဖို့ ဖိတ်ခေါ်ခံရတဲ့ တစ်သက်မှာ တစ်ခါ စိတ်ကူးမယဉ်နိုင်တဲ့ ဉာဏ်ကြီးရှင်တွေချည်းပဲလေ။ ငါ တကယ်ကို
မနာလိုဘူးကွာ.." ဟု အခြား တစ်ယောက်
ကလည်း ဝင်ရောက် ဆွေးနွေးလာသည်။
"..."
လုရီနှင့် သူ၏ အပေါင်းအဖော်များသည် မလှမ်းမကမ်းတွင် ထိုင်နေကြခြင်း ဖြစ်ပါသည်။ ထိုလူတို့ ဆွေးနွေးနေကြသည်ကို နားထောင်ရင်း အကြီးအကဲမင်က အံ့အားသင့်နေသည့် အကြည့်ဖြင့် "အိုး..အရင်ဂိုဏ်းခေါင်းဆောင် ပြန်လာမယ်လို့ ဒီအဘိုးကြီးမမျှော်လင့်ထားဘူး"ဟု အသံထုတ်ဖော်လိုက်သည်။
ထိုအခါ လုရီက အနည်းငယ် အံ့အားသင့်သွားပြီး
ပြန်၍ မေးလိုက်ပါသည်။
"ဂုရုကြီးက များသောအားဖြင့် နတ်ဓားဂိုဏ်းမှာ ရှိတာ မဟုတ်လားဗျ"
လျိုနင်ရွှမ်းက သူအား ဖြေပေးလိုက်သည်။
"ဆရာကြီးက နတ်ဓားဂိုဏ်းမှာ နေတာ အရမ်းရှားတယ်၊ အမြဲလိုလို လောကတခွင် လှည့်လည်နေတယ်လို့ သူတို့ဂိုဏ်းက လူတွေက ပြောကြတယ်၊ သူ ဒီတစ်ခေါက် ပြန်လာမယ်လို့ မမျှော်လင့်ထားဘူး။ ဓားတာအိုအစည်းအဝေးမှာ ဆရာကြီး ရှိနေတဲ့အခါတိုင်း ဓားတာအိုကို သေချာ ရှင်းပြပေးတတ်တယ်။"
စီနီယာအစ်မ၏ ရှင်းပြချက်ကိုကြားလိုက်သောအခါ လုရီ၏ မျက်လုံးများ အရောင်တောက်လာပြီး ပြုံးကာ သူ၏ ချောမောခန့်ညားသည့် မျက်နှာထက်ဝယ် အံ့အားသင့်သွားသည့် အကြည့်လည်း ပေါ်လွင်လာသည်။
"ကျွန်တော့်ကံက တကယ့်ကို အလားအလာ ကောင်းနေပုံပဲ"
.. အရင် ဂိုဏ်းခေါင်းဆောင်က ဓားတာအိုကို တကယ်ရှင်းပြခဲ့မယ်ဆိုရင် အလုပ်က ပေးတဲ့ဆုတွေက အရမ်းမိုက်နေမှာ မဟုတ်ဘူးလား။..,
အကြောင်းမှာ ဂုရုကြီးသည် ထျန်းမင် တစ်ခုလုံးတွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး
ဖြစ်သလို အထက်ဘုံ တက်ခြင်းအတွက် ဘေးဒဏ်ကို ဖြတ်ကျော်ရန် ခြေလှမ်း တစ်ဝက်မျှသာ ဝေးကွာတော့သည် ဖြစ်လေသည်။
လုရီသည် အနည်းငယ် စိတ်အားတက်ကြွလာသလို ခံစားလိုက်ရသည်။ ထို့အပြင် သူ့မှာ နောက်ထပ်မျှော်လင့်ချက် တစ်ခုကို ဆုပ်ကိုင်ထားသေး၏။
၎င်းကတော့.....
နတ်ဓားဂိုဏ်း၏ နတ်ဓားကျောက်တိုင်သည်
ထျန်းမင် တစ်ခုလုံးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားလေသည်။ ဂိုဏ်းတည်ထောင်သူ
ဘိုးဘေးသည် အင်မော်တယ် အဆင့်သို့ တက် ရောက်လာပြီးနောက် သူသည် ထျန်းမင်သို့ ပြန်လာပြီး သိမ်မွေ့ နက်နဲသော ဓားတာအို အယူအဆများ ရေးထွင်းထားသော ကျောက်တိုင်အား ချန်ရစ်ခဲ့သည်ဟု ဆိုသည်။
သိထားသင့်သည်က ထိုစွမ်းအားရှင်ဟာ
အင်မော်တယ်ဓားတာအိုကို အထူးပြုသော ဓားသမားတစ်ယောက် ဖြစ်လေသည်။ ဤကဲ့သို့ မြင့်မားသော စွမ်းအားရှင်တစ်ဦးမှ ထားခဲ့သော ဓားတာအို အယူအဆများသည် လေးနက် နက်နဲမည်မှာ သေချာပါသည်။
အကယ်၍ သူ့အနေနှင့် နတ်ဓားကျောက်တိုင် အောက်တွင် နားလည်နိုင်ပါက၊ ဓားတာအိုပိုင်နက် နယ်ပယ်သို့ ဖြတ်ကျော်ဖို့က အလွန်ကြီးမားသော စိန်ခေါ်မှုတစ်ခုအဖြစ် မတည်ရှိနိုင်တော့ပါ။
လုရီသည် ဓားပြိုင်ပွဲများတွင် အောင်ပွဲခံနိုင်မည်ဟု စိတ်ထဲတွင် ကြိတ်၍ တေးထားသည်။
"ဓားတာအိုအစည်းအဝေးရဲ့ဓားပြိုင်ပွဲတွေမှာ ငါအနိုင်ရ ရမယ်" ဟု သူ့ကိုယ်သူ အလုပ်ပေးလိုက်သည်။
[အလုပ်]
ဓားတာအိုအစည်းအဝေးရဲ့ဓားပြိုင်ပွဲတွေမှာ အနိုင်ယူပါ။
ဆုလာဘ်- ထိပ်တန်းလက်နက်'မင်ရှင်း ဓား'
လက်ခံ- လက်ခံမည်လား/ငြင်းမည်လား။
အခြားထိပ်တန်းလက်နက်တစ်ခုလား။
လုရီ အံ့သြသွားပြီး ဝမ်းသာသွားသည်။
ထိပ်တန်းရှေးဟောင်းလက်နက်များသည် အလွန်ရှားပါးလေသည် ဖြစ်ရာ သဘာဝအားဖြင့် သူ သည် နောက်ထပ် တစ်ခုကို ငြင်းဆန်မည် မဟုတ်ပေ။
သူသည် ထိုအလုပ်ကို ကျေကျေနပ်နပ် လက်ခံခဲ့ လေသည်။
အနားယူပြီးနောက် သုံးယောက်သား ခရီးဆက်ကြ၏။ မကြာမီ သူတို့သည် နတ်ဓားဂိုဏ်းအနီးသို့ ရောက်လာကြလေပြီ။ နတ်ဓားဂိုဏ်းမှ မိုင်ရာနှင့်ချီ ဝေးသည့် နေရာမှပင် မြေပြင်ကို ထိုးဖောက်နေသော ကျောက်တုံးဓားကြီး တစ်စင်းအား မြင်နိုင်သည်။ ၎င်း၏ အမြင့်သည် တိမ်များပေါ်သို့ တက်သွားသည်ကို တွေ့နိုင်သဖြင့် အမြင့်
မည်မျှ ရှိသည်ကို မသိနိုင်ပေ။
သို့သော် မိုင်ရာနှင့်ချီဝေးသော အရပ်မှ မြင်နေရရသည်ကပင် အလွန် ကြီးမားသော အမြင့်ကို ညွှန်ပြနေပေသည်။
ကျောက်ဓားကြီးတစ်ဝိုက်တွင် ဘော်ငွေရောင် တိမ်သားတိမ်စိုင်များ ရစ်ခွေဝိုင်းရံထားသည်။ ၎င်းတိမ်သားတိမ်စိုင်များအထက်တွင် ထူးထူးခြားခြား လှပပြီး ခမ်းနားလှသော အင်မော်တယ် တောင်တန်း အများအပြား လွင့်မျောလျက် တည်ရှိနေပါသည်။
ကျောက်ဓားကြီး၏ ပတ်ပတ်လည်တွင် လွင့်ပျံနေသော အင်မော်တယ်တောင်တန်းများ အားလုံးမှာ မြူခိုးများ..သိပ်သည်းနေပြီး အင်မော်တယ် စွမ်းအင်များ ဖြာထွက်နေပါသည်။ ဧရိယာတစ်ခုလုံးကို ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များက လွှမ်းခြုံထားလျက် ရောင်စုံသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလျက် နတ်ဓားဂိုဏ်း တစ်ခုလုံးအား သေမျိုး ကမ္ဘာနှင့် ခြားနားစေပါသည်။
အခန်း၁၉၇-ဓားတာအိုစင်မြင့်...
~ လုရီသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ရပ်သပ်ရှုမော ဖြစ်သွားပြီး တအံ့တဩ ပြောဆိုလိုက်သည်။
"အိုး....တိမ်တွေပေါ် လွင့်နေတဲ့ တောင်တွေ.... ဒါမျိုး ကျွန်တော်..ပထမဆုံး မြင်ဖူးတာပဲ"
ယခင်က လုရီသည် ထျန်းမင်ရှိ ထူးဆန်းသော မြင်ကွင်းများစွာနှင့် ပတ်သက်၍ ရှေးခေတ်ကျမ်းမှတ်တမ်းများစွာရှိ ပျက်စီး မပြိုလဲနိုင်သော နန်းတော်များ၊ ကောင်းကင်တွင် လွင့်နေသော တောင်များ၊ ကမ္ဘာမြေအောက်ရှိ ကျောက်ရည်ပူများဖြင့် ပြည့်နေသော ပင်လယ်များ စသည်တို့ကို မှတ်သားခဲ့ဖူးသည်။
သို့သော် ဤထူးဆန်းသော မြင်ကွင်းများကို သူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ဘဲ၊ ယခုတစ်ကြိမ်တွင်သာ ၎င်းတို့ထဲမှ တစ်ခုကို တွေ့လိုက်ရခြင်းပါ။
လျိုနင်ရွှမ်းသည် ယခင်က နတ်ဓားဂိုဏ်းသို့ ရောက်ဖူးသည် ဖြစ်ရာ အံ့သြခြင်းမရှိပေ။ သူမက ပေါ့ပါးစွာ ရယ်မောရင်း ပြောပြလိုက်သည်။
"နတ်ဓားဂိုဏ်းဟာ ထျန်းမင်ရဲ့ အင်မော်တယ်ဂိုဏ်းတွေထဲက တစ်ဂိုဏ်းဖြစ်ပြီး တချိန်က အင်မော်တယ် တစ်ပါးကို မွေးဖွားခဲ့တာပဲဟာ..
ပုံမှန်အတိုင်းပဲ.. ထူးခြားရမှာပေါ့.."
ထိုအခိုက်အတန့့်မှာ..လုရီက ပြန်၍ မေးလိုက်သည်။
"မြင့်မြတ်ကုန်းမြေ အင်မော်တယ်ဂိုဏ်းတိုင်းမှာ တိမ်တွေပေါ် လွင့်နေတဲ့ အင်မော်တယ်တောင်တွေ ရှိကြတာလားဗျ"
"ဒါပေါ့ ကောင်လေးရ"
အကြီးအကဲမင်က ရယ်မောပြီး ပြောလိုက်ပါတော့သည်။
ထိုအခါ လုရီက သက်ပြင်းချပြီး ရယ်မောလိုက်သည်။
"ကျွန်တော်တို့ဂိုဏ်းလည်း အနာဂတ်မှာ အဲ့ဒီလို အင်မော်တယ်တောင်တန်း တစ်ခု ရှိနိုင်မယ်လို့ တကယ် မျှော်လင့်တယ်"
အကြီးအကဲမင်က သဘောတကျ.. ရယ်မောပြီး
"မင်းသာ အထက်ဘုံ တတ်နိုင်ရင် တိမ်ဖြူဂိုဏ်းကို ထာဝရ အင်မော်တယ်တောင်အဖြစ် ဖန်တီးနိုင်တယ်ကွ"
လျိုနင်ရွှမ်း၏ အေးစက်သော မျက်နှာထက်မှာလည်း ပေါ့ပါးသော အပြုံးရ်ိပ် တစ်ခု ရှိနေခဲ့ကာ သူမက လုရီအား ကြည့်လိုက်ပြီး ...
"ဂျူနီယာ မောင်လေးရဲ့ အရည်အချင်းကြောင့် အနာဂတ်မှာ မဖြစ်နိုင်တာ မဟုတ်ပါဘူး"
လျိုနင်ရွှမ်းပင်လျှင် လုရီ၏ ပင်ကိုယ်ပါရမီကို အလွန် သဘောကျလေသည်။
သူတို့ သုံးယောက်သား ရှေ့ဆက်၍ နတ်ဓားဂိုဏ်းသို့ ချဉ်းကပ်လိုက်သောအခါ တစ်စထက်တစ်စ..လူများ ပိုများလာသည်ကို တွေ့လိုက်ရသည်။
ဓားရှည်များကို စီးနင်းလာသော ကျင့်ကြံသူများသည် တစ်ယောက်ပြိီး တစ်ယောက် ဘုရားဖူး
လှည့်လည်ရေး သွားသကဲ့သို့ နတ်ဓားဂိုဏ်းဆီသို့ ကိုယ်ဖော့သိုင်းများ ထုတ်ဖော်ကာ ပျံသန်းသွားကြသည်။
အရှေ့ဒေသရှိ ဓားသမားများအတွက်၊ နတ်ဓဂိုဏ်း သည် အမှန်တကယ်ပင် အထွတ်အမြတ် ထားသော နေရာ ဖြစ်လေ၏။
ဤဓားအခြေပြု ကျင့်ကြံသူများအနက် တစ်ယောက်တည်း ခရီးထွက်ကြလာသူလည်း ရှိ၏။ အချို့မှာ မိတ်ဆွေများနှင့်အတူ အတွဲလိုက် သို့မဟုတ် အုပ်စုငယ်ဖြင့် ခရီးနှင်လာကြသည်ကို တွေ့မြင်နိုင်ပါသည်။
ထိုခဏ၌ပင် ပြိုင်ဘက်ကင်းဟု ဆိုရမည့် ထက်မြက်လှသော ဓားစိတ်ဆန္ဒ တစ်ခုသည် အဝေးမှ ဖွဲ့တည်လာသည်။ ၎င်းက အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားရင်း သူတို့နောက်သို့ နီးကပ်လာသည်။
ကျင့်ကြံသူများ၏ အမူအရာများ ပြောင်းလဲသွားကာ အလျင်စလို အနောက်သို့ လှည့်ကြည့်လိုက်ကြ၏။
ထိုအခါ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
" သူက ချင်ကျိုး ..ရွှေဓားဂိုဏ်းက ပိုင်ရှောင်မင်ပဲ..."
"လွန်ခဲ့တဲ့ တစ်နှစ်အကြာ သူ ရွှေအူတိုင် အထွတ်အထိပ်ကို ရောက်ရှိတုန်းက အခြေတည်
ဝိဉာဉ်အဆင့် လူကြီးတစ်ယောက်ကို တိုက်ကွက်သုံးခုနဲ့ သတ်နိုင်ခဲ့တယ်၊ ဒီလူ့ ခွန်အားက
တကယ့်ကို အံ့မခန်းပဲ..."
"သူလည်း ဓားတာအို အမိန့်ရခဲ့တာ ဖြစ်မလား၊သူ့အရည်အချင်းနဲ့ဆို ဖိတ်ခေါ်ခံရသင့်တယ် နော်.."
လူအုပ်ကြီးက ..တီးတိုး ..တီးတိုး တွတ်ထိုးကြ တော့သည်။
မည်သည့်အရာကိုမျှ အမှုမထားတတ်သော ပုံစံဖြင့် ဓားရှည်ပေါ်တွင် ကိုယ်ဟန် မတ်မတ်ရပ်နေသော ဓားသမားလူငယ်အား လုရီသည် အကဲခတ်ကြည့်လိုက်သည်။
ထိုသူ၏ ကျင့်စဉ် အဆင့်မှာ ရွှေအူတိုင် နယ်ပယ် အထွတ်အထိပ်...။
ထိုသူ၏ ဓားစိတ်ဆန္ဒ အရှိန်အဝါကတော့ အလွန်အမင်း အစွမ်းထက်ပြီး ၎င်းကို ချုပ်တည်းထားခြင်း မရှိဘဲ ထုတ်လွှတ်ထားလေသည်။
ဓားသမားလူငယ်၏ အနောက်တွင်မူ အလွန် သန်မာပြီး တွင်းနက်ကြီးတစ်ခုလို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါအား ပိုင်ဆိုင်သော နတ်ဘုရား အသွင်ပြောင်း နယ်ပယ် အကြီးအကဲတစ်ဦး လိုက်ပါလာခဲ့သည်။
ပိုင်ရှောင်မင် ဖြတ်သွားသည့် နေရာတိုင်းမှ
ဓားသမားများသည် သူ့လမ်းကြောင်းကို
မပိတ်ဆို့စေဖို့ ဘေးသို့ ရွှေ့ပေးခဲ့ကြသည်။
မကြာခင်မှာပဲ ပိုင်ရှောင်မင်က မိမိတို့နှင့်
မနီးမဝေးမှာ ပျံသန်းနေကာ နတ်ဓားဂိုဏ်းဆီ ဦးတည်သွားနေသည်ကို လုရီ တွေ့လိုက်ရသည်။
လုရီ အနည်းငယ် အံ့အားသင့်သွားသည်။
"ဒီလူရဲ့ ဓားစိတ်ဆန္ဒက ပြင်းထန်တယ်၊ ရွှေအူတိုင်နယ်ပယ် ကျင့်စဉ်မှာပဲ ရှိနေပေမယ့်၊ သူ့ရဲ့ ဓားစိတ်ဆန္ဒကတော့ လေးဆယ် ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားပြီးသားပဲ။"
ဒါကို ကြားတော့ လျိုနင်ရွှမ်းနှင့် အကြီးအကဲမင် တိတ်ဆိတ်သွားသည်။
"...."
..ဓားစိတ်ဆန္ဒဆိုတာ ဒီလို အလွယ် ခန့်မှန်းလို့ ရတဲ့ အရာ တစ်ခုလား။..
ထိုအခိုက်အတန့်မှာပဲ ဆန်းကြယ်သော ရွှေရောင်ငှက်သုံးကောင်ဖြင့် ဆွဲသော ရထားလုံးတစ်စီးသည် ၎င်း၏ လမ်းကြောင်းတလျှောက် တိမ်တိုက်များကို စွပ်ကြောင်းများ အဖြစ် ချန်ရစ်၍ သိမ်မွေ့စွာ ပျံသန်းလာနေသည်။ ဆန်းကြယ်သော ရွှေရောင်ငှက်များသည် အခြေတည် ဝိညာဉ်အဆင့်ရှိ အင်အားကြီး သားရဲများ ဖြစ်လေသည်။
ဆန်းကြယ်သော ရွှေရောင်ငှက် သားရဲ
သုံးကောင် ဆွဲသည့် ရထားလုံးကို စီးနင်းလာသည် ဟူသော အချက်က ရထားလုံးအတွင်းပိုင်းရှိ ကျင့်ကြံသူ၏ အဆင့်အတန်းက နိမ့်ပါးမည် မဟုတ်ကြောင်း ညွှန်ပြနေလေသည်။
ထိုစဉ် ငေးကြည့်နေသော လူအုပ်ကြီးထဲက
တစ်ယောက်က မှတ်ချက်ချသည်။
"ဒါ...အင်ပါယာ ဓားဂိုဏ်းက လူတွေပဲ၊ အထဲမှာ ထိုင်နေတဲ့သူက အင်ပါယာ ဓားဂိုဏ်းရဲ့ ငယ်ရွယ်သူဖြစ်ကောင်းဖြစ်နိုင်တယ်!"
"အင်ပါယာ ဓားဂိုဏ်းက အင်မော်တယ်ဂိုဏ်းမဟုတ်ပေမယ့် အင်မော်တယ်ဂိုဏ်း အဆင့်အောက်က အင်အား အပြင်းထန်ဆုံးဂိုဏ်းတစ်ခုအဖ်ြ ရပ်တည်နေတယ်၊ ဘေးဒဏ် ဖြတ်ကျော်နယ်ပယ်ရှိ အကြီးအကဲများစွာဖြင့် လေ့ကျင့်သူအထက်ဘုံ ဘေးဒဏ်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ရင် ထျန်းမင်မှာ နောက်ထပ်
အင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်း ပေါ်လာတော့မှာလေ.."
"အင်ပါယာ ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်သည် အရမ်း အစွမ်းထက်ပြီး နတ်ဓားဂိုဏ်းနဲ့တောင် ယှဉ်ပြိုင်နိုင်တယ် ၊အဲ့ဒီ ဓားကလေးရဲ့ ဓားစိတ်ဆန္ဒက ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ရှိတယ်တဲ့၊ သူက အခြေတည် ဝိဉာဉ် ကျင့်ကြံသူကို သတ်ပစ်လိုက်တယ်လို့ သတင်းကြီးနေတယ်.."
"အလိုလေး..ဒီခေတ်လူငယ် မျိုးဆက်သစ်တွေက တကယ်ကို ပို..ပိုပြီး ကြောက်စရာကောင်းလာပါလားဗျာ!"
ဆန်းကြယ်သော ရွှေရောင်ငှက်များ ပြေးသော ခမ်နားထည်ဝါသည့် ရထားလုံးသည် ကောင်းကင်ကို မြန်ဆန်သော အဟုန်ဖြင့်
ဖြတ်ကျော်သွားကာ နတ်ဓားဂိုဏ်းဆီသို့ ပြေးသွားစဉ် ရွှေရောင်ဝိဥာဉ်အလင်းတန်းများ
တဖျတ်ဖျတ် တောက်ပနေသည်။
လုရီသည် ရထားလုံး မောင်းနှင်နေသော အဘိုးအိုကို တစ်ချက် ကြည့်လိုက်သည်။ အဘိုးအို၏ စွမ်းအားသည် အတော်လေး ကြောက်စရာကောင်းလှ၏။
ဟမ်။ ဒါက ဟင်းလင်းပြင်ဥမင် ပုဂ္ဂိုလ်ပဲ... ။
လုရီ အနည်းငယ် တုန်လှုပ်သွားရသည်။
အင်ပါယာ ဓားဂိုဏ်းသည် အင်မော်တယ် ဂိုဏ်းအောက်တွင် အသန်မာဆုံးဂိုဏ်းတစ်ခု ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှသည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူကို ရထားလုံး မောင်းသူ အဖြစ် မြင်နေရသည့်အတွက် သူ အမှန်ပဲ..မှင်သက်သွားရတော့သည်။
လုရီ မကူညီနိုင်ဘဲ အတွင်းစိတ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
ကြည့်ရတာ ထျန်းမင်သည် အလွန်ကျယ်ပြောပြီး သူတို့ တိမ်ဖြူဂိုဏ်းသည် ၎င်းအတွင်း၌ သိသိသာသာ သေးငယ်လှပါသည်။
လျိုနင်ရွှမ်း သည် ဆန်းကြယ်သော ငှက်သားရဲများဆွဲထားသော ရထားလုံးကို ကြည့်လိုက်ကာ
သူမနှုတ်ခမ်းပါးမှ စကားလုံးတို့ နူးညံ့စွာ ထွက်ကျလာသည်။
"အင်ပါယာ ဓားဂိုဏ်းက ဖုန်းပုမင်ရဲ့ အင်အားက အရမ်းကို ကြောက်စရာ ကောင်းတယ်၊ သူ့ရဲ့ဓားစိတ်ဆန္ဒက ကောင်းကင်ယံအထိ ထိုးဖောက်နိုင်တယ်၊သူနဲ့ ရင်ဆိုင်ရာမှာ အစ်မတောင် သတိထားရတယ်။ ဂျူနီယာမောင်လေး၊ နင် သူ့ကို သတိထားသင့်တယ်နော်။"
လုရီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။
"စီနီယာ အစ်မတောင်မှ သူ့ကို ဖြုံရပါလား.. ဒီလူက တော်တော် အားကြီးပုံပဲ။"
လုရီက တွေးတွေးဆဆ ပြောလိုက်သည်။
"အဲဒီရထားလုံးပေါ်မှာ သန်မာတဲ့ ဓားစိတ်ဆန္ဒ အများကြီးပဲ ..ကျွန်တော် ခံစားခဲ့ရတယ်၊ သူတို့အားလုံးဟာ ထက်မြက်တဲ့ ဓားတာအို ပါရမီရှင်တွေ ဖြစ်ရမယ်။ သူတို့အထဲက အသန်မာဆုံး ဓားစိတ်ဆန္ဒက ရှစ်ဆယ် ရာခိုင်နှုန်းနီးပါး ရှိပြီး
စီနီယာအစ်မ ရူယွီထက် နည်းနည်းလေးပဲ လျော့ပါတယ်။"
"အဲ့ဒီလူက ဖုန်းပုမင် ဖြစ်နိုင်တယ်"
လုရီ က နားလည်ကြောင်း အရိပ်အခြေအဖြစ်
လျိုနင်ရွှမ်းအား အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူတို့သုံးယောက်သည် ယခုအခါမှာ..နတ်ဓားဂိုဏ်း နှင့် ပိုမိုနီးကပ်လာပြီး ဤအကွာအဝေး၌.. အရှေ့ဒေသ တစ်ခွင်မှာ ထင်ရှား ကျော်ကြားသော ဓားတာအို ပါရမီရှင် အများအပြားအား ထိပ်တိုက်တွေ့ခဲ့ကြသည်။
၎င်းက အချိန် တစ်ခဏလေးမျှသာ
ရှိသေး၏။ ဤရက်တွေ တစ်လျှောက်မှာ ပါရမီရှင်တွေ မည်မျှ များများ ရောက်လာမည်ဆိုတာ ဘယ်သူ အတိအကျ သိနိုင်ပါမည်လဲ။
ဓားသမားများ၏ နှလုံးသားထဲတွင် ဓားတာအို အစည်းအဝေးသည် မည်မျှ အရေးပါလှသည်ကို ဤအချက်ဖြင့် စိတ်ကူး ကြည့်နိုင်ပါသည်။
ဓားတာအို ကျင့်ကြံသူတွေပင် ယခုလိုကြီးကျယ်ခမ်းနားသော ပွဲကို လက်မလွတ်ချင်ကြပါပေ။
တစ်အောင့်မျှ ကြာတော့ သူတို့သုံးယောက်ဟာ နတ်ဓားဂိုဏ်းနယ်မြေသို့ ရောက်ရှိလာလေပြီ။
သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး မြင့်တက်နေပြီ.. ကောင်းကင်မှ ဝိညာဉ်မိုး ဖြိုင်ဖြိုင်ရွာချကာ မြေပြင်ပေါ်ရှိ ထူးဆန်းသော
ပန်းပင်များနှင့် ထူးခြား ဆန်းပြားသော ဆေးပင်များကို အာဟာရ ဖြည့်တင်းပေးသည်။ လုရီသည် အသက် တစ်ချက်ရှိုက်လိုက်သောအခါ. ဝိညာဉ်စွမ်းအင်များ သူ့ထံ တဟုန်ထိုး တိုးဝင်လာသည်ကို ခံစားလိုက်ရတော့သည်။
သူသည် မထိန်းချုပ်နိုင်ဘဲ ရင်သပ်ရှုမောမိသည်။
အမှန်တကယ်ပင် စစ်မှန်သော အင်မော်တယ် ဂိုဏ်းတစ်ခု ဖြစ်လေသည်။ ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုသည် အဖြူရောင်တိမ်တိုက်ဂိုဏ်းထက် များစွာ သာလွန်လှပါသည်။
အကယ်၍ သူသာ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက၊ သူ၏ ကျင့်ကြံမှု အရှိန်သည် အခြားဒေသများမှာထက် ကျော်လွန်သွားလိမ့်မည်မှာ သေချာ လေသည်။
အခန်း၁၉၈-ဓားတာအို စင်မြင့်...
~ အင်မော်တယ်ဂိုဏ်း၏ တပည့်များအားလုံးသည် ဤမျှ အစွမ်းထက်ကြသည်မှာ အံ့သြစရာမဟုတ်တော့ပါပေ။
နတ်ဓားဂိုဏ်း၏ ဧရိယာထဲသို့ ချင်းနင်း
ဝင်ရောက်လိုက်သည်နှင့် ဓားသမားအားလုံးသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကျောက်သား လှေကားထစ်များအတိုင်း နင်းလျှောက်ကြပြီးနောက်.. အလွန် အရွယ်အစားကြီးမားသော စင်မြင့် တစ်ခုဆီသို့ မြန်ဆန်စွာ ရောက်ရှိသွားကြသည်။
သူတို့၏ ကျောဘက်တွင် ဓားရှည် တစ်လက်စီ ချိတ်ဆောင်ထားသည့်အဖြူရောင်ဝတ်စုံဝတ် လူငယ်အချို့က စင်မြင့်ပေါ်တွင် ရှိနေကြပြီး ဧည့်သည်များကို ကြိုဆိုကြသည်။
ဤကျင့်ကြံသူများသည် ခပ်ငယ်ငယ်
ကောင်လေး၊ကောင်မလေးများ ဖြစ်ကြပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူဝံ့ကြွားသော်လည်း
မထောင်လွှားသော အမူအရာရှိသည်။ ဓားရှည်များလိုပင် ဖြောင့်မတ်စွာ မတ်တပ်ရပ်ကာ အလွန်မြင့်မားသော ကျင့်ကြံမှုကို ပြသနေသည်။ လာရောက် လည်ပတ်သော ဓားသမားများကို
သူတို့က တောင်တံခါးမှတဆင့် ဦးဆောင် ခေါ်သွားခဲ့သည်။
ဤဓားသမားများသည် အင်မော်တယ်တောင်သို့ မဝင်ရောက်ခဲ့ကြပေ။ မြေပြင်ပေါ်တွင် နတ်ဓားဂိုဏ်းပိုင် အဆောက်အအုံများလည်း ရှိလေသည်။ သေးငယ်သော မြို့မဟုတ်ပါချေ။
ဓားသမားတို့သည် ဓားတာအို အစည်းအဝေး ကျင်းပမည့်အချိန်ကို စောင့်မျှော်နေကြပြီး မြို့ထဲတွင် တည်းခိုကြမည် ဖြစ်ပါသည်။
သင့်အထင် မမှားပါ။ ဤနေရာတွင် ခြွင်းချက်များလည်း ရှိလေ၏။
ပင်လယ်ကြီးကဲ့သို့ နက်နဲသိမ်မွေ့သော အရှိန်အဝါ ရှိသည့် နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူ တစ်ယောက် ရောက်ရှိလာပြီး အင်ပါယာ ဓားဂိုဏ်း၏ ရထားလုံးအား အင်မော်တယ်တောင်တန်းဆီသို့ ဖိတ်ခေါ်သွားသည်ကို လုရီ တွေ့လိုက်ရသည်။
ထိုအချိန်တွင် ပိုင်ရှောင်မင်သည် ဓားတာအို
အမိန့်အား ထုတ်ယူပြီး ကျင့်ကြံသူ လူငယ်တစ်ဦးထံ ပေးအပ်သည်ကို တွေ့လိုက်ရသည်။
နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူက ရယ်မောကာ
"ကျုပ်တို့ ဓားတာအိုအစည်းအဝေးကနေ
ရောင်းရင်းပိုင်ကို ကြိုဆိုပါတယ်။ ဓားတာအို အမိန့်ကို လက်ခံရရှိတဲ့ ဓားသမားအားလုံးကို
ဓားတေးသံတောင်ထိပ်မှာနေဖို့ စီစဉ်ပေးမှာ သေချာပါတယ်။ မင်းမှာ ငါတို့ရဲ့ နတ်ဓားဂိုဏ်းထဲမှာ သူငယ်ချင်းရှိရင်လည်း သူတို့ဆီ သွားလည်ဖို့ ဖိတ်ခေါ်ပါတယ်။"
ပိုင်ရှောင်မင်၏ အမူအရာမှာ မည်သို့မျှ
ထူးခြားမနေဘဲ ...
"ကျွန်တော် ဓားတေးသံ တောင်ထိပ်ကို သွားလိုက်မယ်" ဟုသာ တိုတောင်းစွာ တုံ့ပြန်လေသည်။
နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူသည် ပြုံးပြီး ခေါင်းညိတ်ကာ ဓားတေးသံတောင်ထိပ် သို့ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေလေသည်။
ထိုအချိန်တွင် ကျောက်စိမ်းအလင်းတန်းတစ်ခု လွင့်မျောနေသော အင်မော်တယ် တောင်တန်းကြီးတစ်ခုမှ ပျံထွက်လာပြီး စင်မြင့်ဆီသို့ ဦးတည်သွားနေသည်ကို လူအားလုံး မြင်တွေ့လိုက်ရသည်။
ကျောက်စိမ်းအလင်းတန်းကို မြင်လိုက်ရတော့ နတ်ဓားဂိုဏ်း၏ ကျင့်ကြံသူတွေ အားလုံး အံ့သြသွားကြ၏။
"အဲ့ဒါက အစ်မ ရူယွီမလား?"
"စီနီယာ အစ်မ ရူယွီ ဘာလို့ ဆင်းလာတာလဲ"
များမကြာမီတွင်၊ လူတိုင်းသည် လုရီနှင့် အခြားနှစ်ယောက်ရှေ့တွင် ကျောက်စိမ်းအလင်းတန်းသက်ဆင်းလာသည်ကို မြင်လိုက်ရသည်။
ကျောက်စိမ်းအလင်းတန်းမှာ ကျန်းရူယွီ အဖြစ်သို့ ပြောင်းလဲသွားကာ ထိုမိန်းကလေး၏ ပြုံးနေသော မျက်နှာပေါ်ရှိ သူရဲကောင်းဆန်သော အလှတရား.. ပေါ်ထွက်လာသည်။
"နင်ရွှမ်း၊ ဂျူနီယာ မောင်လေး နောက်ဆုံးတော့ နင်တို့ ရောက်လာပြီ။ လာ၊ ငါ နေမယ့် နေရာကို ခေါ်သွားမယ်လေ"
ထုံးစံအတိုင်း လုရီနှင့် တခြားသူတွေက ကန့်ကွက်ခြင်း မရှိပါချေ။
နတ်ဓားဂိုဏ်း၏ ကျင့်ကြံသူများမှ မည်သူမျှ
သူတို့ကို မတားဘဲ လုရီတို့အုပ်စုသည် လေထဲသို့ ခုန်ပျံကာ ကျန်းရူယွီလာခဲ့သော နေရာမှ တိမ်တွေပေါ် လွင့်နေသည့့် တောင်ဆီသို့ ပျံတက်သွားတော့သည်။
အဖွဲ့မှ ထွက်ခွာသွားပြီးနောက်တွင် လူအုပ်ကြီးသည် သို့လော၊ သို့လော မှတ်ချက်ပေးလာကြသည်။
"အဲ့ဒီအင်မော်တယ်က လူငယ် ပါရမီရှင် အဆင့်က လျိုနင်ရွှမ်းနဲ့ တူတယ်။"
"လျိုနင်ရွှမ်းနဲ့ အစ်မ ရူယွီ က ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေလို့ ပြောကြတာ ကြားဖူးတယ်။ လျိုနင်ရွှမ်းဆိုတာ သေချာတယ်..၊ ဒါပေမယ့်
ဟိုကောင်က ဘယ်သူလဲ။"
"ငါလည်း မသိဘူး၊ သူ့အကြောင်း တစ်ခါမှ
မကြားဖူးဘူး... အစ်မ ရူယွီက အဲ့ဒီကောင်ကို သူ့ရဲ့ ဂျူနီယာ မောင်လေးလို့ ခေါ်လိုက်တယ်မလား၊ သူက ငါတို့ နတ်ဓားဂိုဏ်းရဲ့ တပည့် ဖြစ်နိုင်
မလား"
"ဟာ..မဖြစ်နိုင်ဘူး! နတ်ဓားဂိုဏ်းမှာ ဪအစ်မ ရူယွီနဲ့ နီးစပ်တဲ့ တပည့်တစ်ယောက် ရှိနေရင် အဲဒါကို ငါတို့ ဘယ်လို မသိဘဲ နေမလဲ"
"အဲ့ဒီလူက ဘယ်သူလဲဆိုတာ ငါ သိမယ် ထင်တယ်"
"သူက ဘယ်သူလဲ?!"
"အစ်မ ရူယွီရဲ့ မွေးရပ်မြေက ချင်းကျိုးဆိုတော့..အင်မော်တယ် လျိုနင်ရွှမ်းက ချင်းကျိုးက ဖြစ်နိုင်တယ်၊ ဟိုတလောက ငါ စွန့်စားခန်း ခရီးထွက်တုန်းမှာ ချင်းကျိုးရဲ့ တိမ်ဖြူဂိုဏ်းက ရှေးနတ်ဆိုးတွေလို ကြောက်စရာကောင်းတဲ့ စွမ်းရည်ရှိတဲ့ အင်မော်တယ် မျိုးစေ့ ထွက်ပေါ်လာတယ်လို့ ကြားခဲ့ရတယ်။ သူက အရမ်း သန်မာတယ်..ချီသန့်စင်နယ်ပယ်မှာတောင် ဓားစိတ်ဆန္ဒကို ဆုပ်ကိုင်ခဲ့တာတဲ့..ဒီကောင်လေးက အဲ့ဒီ အင်မော်တယ် မျိုးစေ့ပဲ ဖြစ်ရမယ်..."
"ဘယ်လို..."
ဓားသမားအများစုမှာ ဓားအခြေပြု ကျင့်ကြံသူများ ဖြစ်ကြသူများပီပီ ထိုစကားကို ကြားသောအခါ အားလုံးက မျက်လုံးများ ပြူးကျယ်ကာ မျက်နှာထက်ဝယ် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေကြသည်။
ဓားသမားများအနေနှင့် ဓားစိတ်ဆန္ဒမှာ မည်မျှလေးနက်ပြီး မည်မျှဆန်းကြယ်သည်ကို မည်သူက မသိဘဲ နေကြပါမည်နည်း။
၎င်းက နိယာမ တစ်ခု၏ ပုံစံတစ်ခုဖြစ်ချေသည်။ရွှေအူတိုင် နယ်ပယ်မှာ နိယာမကို ဆုပ်ကိုင်ဖို့က ရှားရှားပါးပါး ပါရမီရှင်တစ်ယောက် ဖြစ်နေလေပြီ။
သို့သော်...ယခုက ချီသန့်စင် နယ်ပယ်မှာ နိယာမကို ဆုပ်ကိုင်တာလား။ ယခုလိုမျိုး သူတို့ တစ်ခါမှ
မကြားဖူးပါချေ။
"တကယ်..ဒီလိုသာ ဆိုရင် သူ့ရဲ့ ဓားစိတ်ဆန္ဒက ဘယ်လောက်အထိ ရောက်နေနိုင်ပြီလဲ" ဟူ၍
လူတစ်ယောက်က မေးခွန်းထုတ်လာသည်။
တခြားသူတွေကလည်း တစ်ယောက် မျက်နှာ
တစ်ယောက် ကြည့်ပြီး မှန်းဆ၍ မရကြပါ။
ယခုလိုစွမ်းရည်မျိုးဟာ သူတို့၏ စိတ်ကူးတိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီ မဟုတ်ပါလား။
မထွက်ခွာ သေးသော ပိုင်ရှောင်မင်ပင်လျှင် ယခုအချိန်တွင် တိတ်ဆိတ်နေသည်။
သူက ခေါင်းကို လှည့်ပြီး သူ့ဘေးက နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို မေးလိုက်သည်။
"အကြီးအကဲပိုင်..တစ်ယောက်ယောက်က ချီသန့်စင်နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို တကယ် ဆုပ်ကိုင်နိုင်ပါ့မလား"
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် နှုတ်ဆိတ်သွားပြီးနောက်
"ယုံရခက်ပါတယ်" ဟု ခေါင်းကို အနည်းငယ်ခါယမ်းကာ ဖြေလိုက်သည်။
ပိုင်ရှောင်မင်သည် အလင်းအရိပ်တစ်ခုအဖြစ် လုရီ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့မျက်လုံးများ တစ်ချက်လင်းလက်ကာ သူက ရေရွတ်လိုက်လေသည်။
"ဓားတာအို အစည်းအဝေးမှာ အမှန်တရား ထုတ်ဖော်လိမ့်မယ်!"
...
လုရီသည် ကျန်းရူယွီ၏နောက်မှ လိုက်ကာ အင်မော်တယ်တောင်ဆီသို့ ပျံသန်းသွားရာ.., ၎င်းတို့အနီးတွင် ဝိညာဉ်စွမ်းအင်များ ပိုမိုထူထပ်လာသည်ကို ခံစားလိုက်ရသည်။
"ဒီနေရာက ဝိညာဉ်စွမ်းအင်က တကယ်ကို သိပ်သည်းလှတယ်" ဟု သူ၏ အထင်ကြီး သဘောကျမှုကို ထိန်းချုပ်မထားဘဲ လုရီက ဆိုသည်။
ကျန်းရူယွီက ရယ်လိုက်သည်။
"ဒါပေါ့၊ တည်ထောင်သူဟာ အဆင့်မြင့် ဝိညာဉ်သွေးပြန်ကြော အများကြီးကို သူ့ရဲ့ ကြီးကျယ်တဲ့ ခွန်အားနဲ့ ပိတ်လှောင်ပြီးတော့
ဒီနေရာကို အာဟာရဖြည့်ပေးပြီး ဝိညာဉ်စွမ်းအင်ကို အခုအတိုင်း ဖြစ်အောင် ဖန်တီးခဲ့တာလို့ ပြောရမယ်.."
အကြီးအကဲမင်၏ အမူအရာမှာ မျှော်လင့်တမ်းတစိတ်ဖြင့် ပြည့်နေပြီး သက်ပြင်း တစ်ချက်ချကာ အားကျနေသည့် လေသံကြီးဖြင့် ပြောလာသည်။
"ဥမင်ကောင်းကင် ကောင်းချီး နယ်မြေ တစ်ခုကို ဖန်ဆင်းနိုင်တယ်..အင်မော်တယ်တွေရဲ့ စွမ်းအားက တကယ်ပဲ တိုင်းတာလို့ မရပါလား။"
လုရီလည်း အံ့အားသင့်သွားသည်။
"အမှန်ပါပဲဗျာ. သိပ်သည်းလှတဲ့ ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်ထားတဲ့ တိမ်ပေါ်မှာ လွင့်နေတဲ့
ဒီအင်မော်တယ်တောင်က ...တစ်စုံတစ်ယောက်က တာအိုကို ရောက်ရှိတဲ့အခါ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်တွေတောင် ကောင်းကင်ဘုံကို တက်လှမ်းသွားကြတယ်ဆိုတဲ့..ဆိုရိုးစကားကို
သက်သေပြနေပါတယ်.."
ထိုအခါ.. ကျန်းရူယွီ က တခစ်ခစ် ရယ်ရင်း
"မောင်လေး၊ ဒီနေရာက ကောင်းတယ်လို့ နင်ထင်ရင် ဒီမှာ ခဏနေလိုက်လေ။ ကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေက နင့်ရဲ့ ကျင့်ကြံမှုမှာ ကူညီပေးနိုင်တယ်နော်"
လုရီက သိပ်ပြီး မပူပန်စွာဖြင့် ပြုံးပြလိုက်သည်။
အကြောင်းမူကား...သူသည် ဝိဉာဉ်ခြင်ဆီဖြင့် လေ့ကျင့်ခဲ့သည်။ ဤနေရာ၌ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော်လည်း ဝိဉာဉ်ခြင်ဆီနှင့် ယှဉ်လျှင် အားနည်းနေသောကြောင့် ၎င်းသည် အမှန်တကယ် သူ့ကို များစွာ မသက်ရောက်စေပါ။
ကျန်းရူယွီသည် သူတို့သုံးယောက်ကို တိမ်တွေပေါ်မှာ လွင့်နေသည့် အင်မော်တယ်တောင်သို့ပို့ဆောင်ရန် အချိန် သိပ်မယူလိုက်ရပါ။
သူမအား ဖြတ်သွားသေ ကျင့်ကြံသူများက နှုတ်ဆက်ကြသောကြောင့် ကျန်းရူယွီသည်
ဤနေရာတွင် အလွန် လေးစားခံရပုံ ရသည်။
လုရီ ဝေ့ဝဲကြည့်လိုက်သည်။
သူတို့ဖြတ်သန်းခဲ့သည့် ကျင့်ကြံသူတွေကတော့ ရွှေအူတိုင်၊ အခြေတည်ဝိညာဉ်နှင့် နတ်ဘုရားအသွင်ပြောင်း နယ်ပယ် ကျင့်စဉ်အား ပိုင်ဆိုင်ထားကြသူတွေဖြစ်သည်။ အားလုံးက ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်ထားကြပြီး အားလုံးက တပည့်တွေသာ ဖြစ်ကြသည်။
လုရီအတွက် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခုသာ။
ချင်းကျိုးတွင်မူ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူသည် ဂိုဏ်းကြီးတစ်ခု၏ အဓိပတိ အကြီးအကဲ ဖြစ်နေပြီ မဟုတ်ပါလော။
သို့သော် လုရီ ယခင်က တွေ့ခဲ့ဖူးသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများပင်
ကျန်းရူယွီ၏ ဓား စိတ်ဆန္ဒလောက် အစွမ်း
မထက်ခဲ့ပေ။
အခြေတည် ဝိဉာဉ် နယ်ပယ်လေးနှင့် ဓားစိတ်ဆန္ဒ ရှစ်ဆယ် ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားရန်မှာ အမှန်ပင် မကောင်းဆိုးဝါး ဆန်နေပြီ ဖြစ်သည်။
ယခုလို.. ဓားတာအို မြင့်မြတ်နယ်မြေ၌ပင်
ကျန်းရူယွီသည် ထူးထူးခြားခြား တည်ရှိမှု တစ်ခု ဖြစ်ပါသည်။