← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း၁၉၉- ဓားတာအို စင်မြင့်...

~ တခြားသူတွေက ကျန်းရူယွီကို လေးစားတာ

အဆန်းတကြယ် မဟုတ်တော့ပါချေ။

ကျန်းရူယွီက သူတို့သုံးယောက်အား ဝင်ပေါက်အထက်မှာ "ရူယွီခန်းမ" ဟူသော ရွှေစာလုံးများ ထွင်းထုထားသည့် ခမ်းနားသော နန်းတော်တစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

"ဒါက ကျွန်မရဲ့နေရာပါ.. အကြီးအကဲမင်၊နင်ရွှမ်း၊ဂျူနီယာ မောင်လေးတို့ ဒီမှာ

တည်းပြီး ဓားတာအို အစည်းအဝေး စဖို့ စောင့်ကြပါရှင်.."

လုရီနှင့် အခြားနှစ်ယောက်က သူမအား ညင်သာစွာ ခေါင်းညိတ်ပြပြီး ရူယွီခန်းမ ထဲသို့ ဝင်သွားကြတော့၏။

နောက်ရက်များတွင် လုရီက အစစ်အမှန် နဂါးသွေး တစ်စက်ကို အသုံးပြုကာ တခါတရံတွင် နဂါးအကြေးခွံပေါ်ရှိ မွေးရာပါ တာအိုပုံစံများကို ဆင်ခြင်ကာ သူ၏ ကောင်းကင်မိုးကြိုးအစစ်အမှန်နဂါး နည်းစနစ်အား စဉ်ဆက်မပြတ် မြှင့်တင်ခဲ့သည်။

ယခင်တိုက်ပွဲအားဖြင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိခြင်းသည် အမှန်တကယ်ထူးခြားသည်။

နိယာမ အားလုံးကို ခုခံနိုင်စွမ်း ရှိစေသည်။ ခန္ဓာကိုယ်သည် တိုက်ပွဲ လက်နက်ကို အံတုနိုင်ပြီး၊ လက်သီးချက်တစ်ချက်က နတ်ဘုရား အသွင်ပြောင်းနယ်ပယ် အောက်ရှိ မည်သူ့ကိုမဆိုသွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ကြောင်း လုရီ တွေ့ရှိခဲ့သည်။

ဤသည်မှာ အခြား တာအို စွမ်းရည် ကျင့်ကြံသူများအတွက် မျှော်မှန်း၍ မရနိုင်...ရပ်တန့်၍

မရနိုင်သော..ပြိုင်ဘက်ကင်း ဖြစ်သည် ဟူသည့်၊ ခံစားချက်တစ်ခု ဖြစ်‌လေသည်။

လုရီ ဤခံစားချက်ကို အလွန် နှစ်သက်သည်။

သို့သော်ငြားလည်း သူက အခြားသော တာအိုစွမ်းရည်များကိုလည်း လက်မလွှတ်ဘဲ ငြိမ်းချမ်းစွာ ဆက်လက် လေ့ကျင့်ခဲ့ပါသည်။

သူသည် ကျန်းရူယွီနှင့် ဓားနည်းပညာများကို ရံဖန်ရံခါ ဖလှယ်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူ၏ ဓားစိတ်ဆန္ဒမှာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိပြီးနောက် တိုးတက်မှုသည် အလွန်နှေးကွေးသွားခဲ့သည်။ ဤနှုန်းအတိုင်းသာ ဆက်သွားပါက ဓားပိုင်နက် နယ်ပယ်သို့ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာနိုင်သည်၊ သို့မဟုတ် ဆယ်စုနှစ်တစ်ခုထက်ပင် ပို၍ ကြာနိုင်ချေရော့မည်။

ကံကောင်းစွာဖြင့်၊ လာမည့် ဓားတာအို အစည်းအဝေးသည် အချိန်များစွာကို သက်သာစေရန် အခွင့်အရေးတစ်ခု ပေးစွမ်းနိုင်မည်ဖြစ်သည်။ အချိန်တွေ တဖြုတ်ဖြုတ် ကြွေလွင့်ခဲ့ပြီး မကြာခင်မှာပဲ ဓားတာအိုအစည်းအဝေး ကျင်းပမည့် နေ့သို့ ရောက်ရှိလာလေပြီ။

ထိုနေ့တွင် အလွန်တရာမှ ကြီးမားလှစွာသော ဓားတာအို စင်မြင့်ကျယ်ကြီးသည် လေထဲသို့ အလိုအလျောက် မြင့်တက်လာပြီး တိမ်တိုက်များပေါ် လွင့်မျောနေသော အင်မော်တယ် တောင်များစွာ၏ အကြားတွင် လွင့်မျောနေပါသည်။

စင်မြင့်ထက်ဝယ် များပြားလှသော ဓားများဖြင့်အပြည့် ရှိနေပြီး ထက်မြက်ပြီး ကျော်လွှားရန် ကြီးမားလွန်းသော ဓားစိတ်ဆန္ဒသည် ၎င်းတို့အတွင်း စီးဆင်းနေသည်။ ထိုအခိုက်မှာ ၎င်းဓားစိတ်ဆန္ဒက ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး နတ်ဓားဂိုဏ်းတစ်ခုလုံးသို့ ဖြန့်ကျက်ထားတော့သည်။

ဓားကျင့်ကြံသူ အများအပြားသည် ဓားတာအို စင်မြင့်ကို မျှော်ကြည့်ကြပြီး မျက်လုံး

အစုံ၌ ထက်မြက်သော ဆန္ဒများ ပြည့်နှက်လာကြသည်။

ကျန်းရူယွီသည် လုရီ၊လျိုနင်ရွှမ်းနှင့် အကြီးအကဲမင်တို့နှင့်အတူ ဓားတာအို စင်မြင့်သို့ ပျံသန်းသွားခဲ့သည်။ ကောင်းကင်ယံတွင် သူတို့အပြင် ဓားတာအို စင်မြင့်ဆီသို့ ဦးတည်ပျံသန်းနေသော ကျင့်ကြံသူများဖြင့် စည်ကားနေပါသည်။ ဤကျင့်ကြံသူများအနက် အခြားပြည်နယ်များမှ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လာသော ဓားသမားများအပြင် နတ်ဓားဂိုဏ်းအတွင်းမှ တပည့်များလည်း ပါ၀င်ပါသည်။

ဤနေရာရှိ ဓားသမားအားလုံးသည် ဓားစိတ်ဆန္ဒကို နားလည်ထားကြသည်။ ကြီးကျယ်သော ဓားစိတ်ဆန္ဒကို ဆုပ်ကိုင်မိသူများသာ ဓားတာအိုအစည်းအဝေးတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီလေသည်။ သို့သော် အရည်အချင်း ရှိခြင်းသည် ကနဦးအပိုင်းမျှသာ ဖြစ်သည်ဟု ဆိုရချေမည်။ သူတို့သည် မသန်မာလျှင် ဓားတာအိုစင်မြင့်ပေါ်သို့ မတက်နိုင်သေးပါ။

အဖွဲ့သည် ဓားတာအိုစင်မြင့် အပြင်ဘက်သို့ ပျံဝဲလာစဉ် လုရီသည် စင်မြင့်အထက် လေထဲတွင် လွင့်မျောနေသော ပုံရိပ်များစွာကို တွေ့လိုက်ရသည်။

လူလတ်ပိုင်းများနှင့် လူကြီးပိုင်း အမျိုးသားရော အမျိုးသမီးပါ ပါဝင်ခဲ့သည်။

ဤတန်ခိုးရှင်များ၏ အရှိန်အဝါများသည် ကွယ်ဝှက်ထားခဲ့ပြီး သူတို့ကို သာမန် သိုင်းပညာ မတတ်သူများကဲ့သို့ ထင်မြင်စေသည်။

သို့သော်ငြား လုရီ၏ ဝိညာဉ်အာရုံသည် အလွန်အာရုံခံနိုင်စွမ်း ထက်မြက်လေသည်။ ထိုသူတို့ကို မြင်လိုက်ရသည်နှင့် သူသည် ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးရှင်များနှင့် တွေ့ကြုံရ

သကဲ့သို့ ကျောထဲမှ စိမ့်၍ အေးလာသည်ကို ခံစားလိုက်ရသည်။

ဤအကြီးအကဲများသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပြီး အကြီးအကဲ မင်ထက် သာလွန်ပေသည်။

လုရီသည် ဤကျင့်ကြံသူများအပေါ် အာရုံစူးစိုက်နေသည်ကို သတိပြုမိသဖြင့် ကျန်းရူယွီက

ရှင်းပြလာသည်။

"ဒီဆရာသခင်တွေက နတ်ဓားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင်နဲ့.. တန်ခိုးကြီးမားတဲ့ အကြီးအကဲတွေ‌ပေါ့..ဆရာသခင်အားလုံးက ကြီးကျယ်တဲ့ မဟာယာန အဆင့်မှာ ရှိကြတယ်..."

ဒါကို ကြားတော့ လုရီ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ကြီးကျယ်တဲ့ မဟာယာန အဆင့်...ဒီဆရာသခင်တွေက ကြောက်စရာကောင်းနေတာ

မထူးဆန်း တော့ပါဘူးလေ.."

.. မဟာယာနပြီးရင် နောက်အဆင့်က အထက်ဘုံဘေးဒဏ် နယ်ပယ် မဟုတ်ပါလား။..

အထက်ဘုံဘေးဒဏ် နယ်ပယ်သို့ ရောက်ရှိခြင်း ဟူသည် အများအားဖြင့် ပြင်ပလောကသို့ စွန့်စားခြင်း မပြုဘဲ သူတို့၏ ဘေးဒဏ် တက်လှမ်းမှုအတွက် အာရုံစူးစိုက်၍ ပြင်ဆင်နေသော နတ်ဆိုးအိုကြီးများနှင့် ရင်ဆိုင်ခြင်းကို ဆိုလိုသည်။ ထိုပုဂ္ဂိုလ်တို့ကို အစွမ်းထက်ဆုံး ကျင့်ကြံများဟု ယူဆနိုင်ပါသည်။

မဟာယာန နယ်ပယ်သို့ ရောက်ရှိခြင်းက ရှေ့ပြေးဖြစ်လေသည်။ ပိုင်နက်ကို ကျွမ်းကျင်ပိုင်နိုင်သည်။ ကောင်းကင်နှင့်မြေကြီးကို တစ်စတုရန်းလက်မအတွင်း ပေါင်းစပ်နိုင်ကာ

မမျှော်မှန်းနိုင်သည့် တိုက်ပွဲ

စွမ်းရည် ရှိသော ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သည့် အဆင့် ဖြစ်သော ကောင်းကင်ဘုံ စည်းလုံးညီညွတ်မှုကို အောင်မြင်လေသည်။

မဟာယာန ကျင့်ကြံသူများသည် ကောင်ူကင်တခွက် ကြယ်များကို ဖမ်းယူခြင်း သို့မဟုတ် သူတို့၏ လက်တစ်ချက် အဝှေ့ဖြင့် မိုင်ထောင်ပေါင်းများစွာကို လှန်ပစ်ခြင်းကို အပြောနှင့်သာ မဟုတ်ဘဲ၊ ထိုကဲ့သို့သော စွမ်းဆောင်နိုင်မှုမျိုးကို သေချာပေါက် ရရှိနိုင်‌လေသည်။

ရှေ့ဆုံးမှ ရပ်တည်နေသည့်လူလတ်ပိုင်း အမျိုးသားမှာ ရှင်းကျိုးကျောင်း အမည်ရှိ နတ်ဓားဂိုဏ်း၏ လက်ရှိ ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။

ရှင်းကျိုးကျောင်းသည် သဘာဝ တာအိုဝါဒီ ကျက်သရေရှိမှုဖြင့် စကြဝဠာနှင့် ပေါင်းစပ်ထားသကဲ့သို့ အမြင့်တွင် ရပ်နေခဲ့သည်။ ထိုနေဂရာမှာ ရပ်နေရုံမျှ ဖြစ်သော်ငြား သူ့အား ရှင်းရှင်းလင်းလင်း ရိပ်မိဖို့ ခက်ခဲလေသည်။

"ဓားတာအို စင်မြင့် ပွင့်နေပြီ၊ ဓားသမားအားလုံး၊ ဓားတာအို စင်မြင့်ထဲကို ဝင်နိုင်ပါပြီ.."

သူ၏ ကြေညာမှုကြောင့် များပြားလှသော ကျင့်ကြံသူများသည် သူတို့၏ မျက်လုံးများ မီးတောက်သွားပြီး ဓားတာအို စင်မြင့်သို့ အပြေး ခုန်တက်သွားကြသည်။

ပထမဆုံး ရောက်လာသူမှာ အခြေတည်ဝိညာဥ်ကျင့်စဉ်သို့ ရောက်ရှိနေပြီ ဖြစ်သော လူငယ်တစ်ဦးပါပဲ။ ဓားတာအို စင်မြင့်ပေါ်သို့ သူ တက်လာစဉ် သူ့ခန္ဓာကိုယ်ကို ပြင်းထန်သော ဓားစိတ်ဆန္ဒဖြင့် ဝန်းရံထားပြီး တောက်ပသော ဓားအလွှာတစ်ခုအသွင် ဖြစ်တည်သည်။

သို့သော် သူ ဝင်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ဓားများသည် ဆူညံသွားတော့သည်။ မမြင်နိုင်သော ဓားစိတ်ဆန္ဒသည် သူ့ဆီသို့ တိုးဝင်လာသော ကြောက်မက်ဖွယ် မုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

ဒုန်း!!

လူငယ်လေးသည် မည်သို့မျှ ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိမီ ရိုက်ထုတ်ခံရပြီး အဝေးသို့ လွင့်စင်ရင်း သွေးစိမ်းများ အန်ထုတ်လိုက်ရသည်။

သူက ထိတ်လန့်စွာ အော်ဟစ်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီဓားရဲ့ဓားစိတ်ဆန္ဒက ဘယ်လောက်တောင် ပြင်းထန်နိုင်မှာလဲ၊ ငါ့ရဲ့ ဓားစိတ်ဆန္ဒက နှစ်ဆယ် ရာခိုင်နှုန်း နဲ့တစ်ဝက်လောက် ရောက်နေပြီ၊ ဒါနဲ့တောင်

ဓားတာအို စင်မြင့်ပေါ်ကို မတက်နိုင်သေးဘူးလား။အီးဟီး.. ငါ မယုံဘူး!"

ဒါကို ကြားတော့ ကျင့်ကြံသူတော်တော်များများက သူတို့ လှမ်းလက်စ ခြေလှမ်းမှာ ရပ်ပြီး လူငယ်ကို အံ့သြစွာ ငေးကြည့်လိုက်ကြတော့သည်။။

"ဒါ... ဒီရှန်းရီဇီက ထိုက်ရွှမ်ဓားဂိုဏ်းက မဟုတ်ဘူးလား၊ သူ့ကို လင်း ပြည်နယ်မှာ ဓားသိုင်းသမားလို့ လူသိများပါတယ်။ဓားတာအို စင်မြင့်ပေါ်ကို တက်လှမ်းဖို့တောင် အရည်အချင်းမပြည့်မီနိုင်ဘူးလား"

"နှစ်ဆယ် ရာခိုင်နှုန်းနဲ့ ထက်ဝက် ဓားစိတ်ဆန္ဒ ရှိတာကို အရည်အချင်း မပြည့်မီသေးဘူးပေါ့၊ ဓားတာအို စင်မြင့်ကို ဝင်ရဖို့ ဘယ်လောက်တောင် ပြင်းထန်တဲ့ ဓားစိတ်ဆန္ဒ လိုအပ်နေပါသလဲ..."

"..."

လူအုပ်ကြီးသည် အချင်းချင်း စိတ်ဓာတ်လေးလံစွာ ညည်းညူကြပြီး အချို့သော ကျင့်ကြံသူများသည် မယုံကြည်သော အားဖြင့် ဓားတာအို စင်မြင့်ပေါ်သို့ ထပ်မံ ဝင်ရောက်လာကြသည်။

ဤကျင့်ကြံသူတို့၏ဓားစိတ်ဆန္ဒမှာ ရှန်းရီဇီ ထက်ပင် အားနည်းသဖြင့် ချက်ချင်းပင် ဓားများ ၏ ဓားစိတ်ဆန္ဒဖြင့်ရိုက်ခတ်ခံရလေသည်။

ယင်းကြောင့် ကျင့်ကြံသူအများအပြား ချီတုံချတုံဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဟမ်။ အမှိုက်တွေ၊ မင်းတို့ ဓားတာအို စင်မြင့်းပေါ်ကို တက်နိုင်မယ်လို့ စိတ်ကူးယဉ်နေတာလား။"

အဝါရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးသည် ဓားရှည်ကို ကျောတွင် ချိတ်ဆောင်ကာ ဓားတာအို စင်မြင့်ဆီသို့ ကိုယ်ဖော့ပညာ သုံးကာ ပျံဝဲသွားသည်။

သူ၏ ခန္ဓာကိုယ်သည် အဝါရောင် ဓားအလင်းတန်းများ ဖြာထွက်နေပြီး တော်ဝင်တန်ခိုးကဲ့သို့ ပြင်းထန်စွာ တောက်ပနေကာ..သူက ဓားတာအို စင်မြင့်ပေါ်သို့ တစ်ချက်တည်း လှမ်းတက်လိုက်သည်။

မြည်သံပြုနေသော ဓားရှည်များသည် ၎င်းတို့၏ ဓားစိတ်ဆန္ဒကို ထုတ်လွှတ်ရန် ကြိုးပမ်းသော်လည်း ထိုသူ၏ တောက်ပသော ဓားအလင်းဖြင့် သုတ်သင်ခံခဲ့ရသည်။ ဓားရှည်များအားလုံး ကြောက်လန့်တကြား ရပ်တန့်သည်။

ထိုမြင်ကွင်းအား ကြည့်ရှုလိုက်ရသော ကျင့်ကြံသူ အများအပြား လန့်သွားကြသည်။

"ဒါ..ဒါက အင်ပါယာဓားဂိုဏ်းမှ အင်ပါယာဓားစိတ်ဆန္ဒပဲ၊ ဒီလူက ဖုန်းပုမင်ပဲဟ.."

"မိုးနတ်မင်းရေ၊ ဖုန်းပုမင်လား..လူငယ် ပါရမီရှင် အဆင့်မှာ ထိပ်တန်း ပါရမီရှင် ငါးယောက်ထဲက တစ်ယောက်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။ သူ့ရဲ့ဓားစိတ်ဆန္ဒက အင်ပါယာရဲ့ တန်ခိုးနဲ့ တူတယ်၊ မြင့်မြတ်ပြီး ချိုးဖောက်လို့မရဘူး။"

"ဓားတာအိုစင်မြင့်ရဲ့ဓားစိတ်ဆန္ဒကိုတောင် သူက ချိုးနှိမ်ထားတယ်။ တကယ်ကို

မထင်မှတ်လောက်အောင် အစွမ်းထက်ပါလား!"

ထိုအခိုက်အတန့်တွင် ဖုန်းပုမင်၏နောက်တွင် အခြားအဝါရောင် ဝတ်ရုံဝတ် ဓားသမား အများအပြားသည် ရှေ့သို့လှမ်းလာကာ ရယ်မောလျက်

ပြောလာသည်။

"ကျွန်တော်တို့ စီနီယာအစ်ကိုနောက်ကို လိုက်ခဲ့ပြီဗျ၊ အဟီးဟီး"

ထိုလူငယ်တို့ကိုယ်မှလည်း ဖုန်းပုမင်ထက် အနည်းငယ် အားနည်းသည့် အင်ပါယာ ဓားစိတ်ဆန္ဒတို့ ထုတ်လွှတ်နေသည်။

ဓားတာအို စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် သူတို့၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်ယံအထိ မြင့်တက်သွားကာ စင်မြင့်ပေါ်မှ ဓားစိတ်ဆန္ဒကို တွန်းလှန်ကာ ဖုန်းပုမင် ရှ်ိရာဘက်သို့ လျှောက်သွားကြသည်။

ဤသို့ဖြင့်..အင်ပါယာ ဓားဂိုဏ်း တစ်ခုတည်းမှ နေ၍ လူငယ်ဓားသမား ခြောက်ဦးသည် ဓားတာအို စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ခဲ့သည်။

အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဓားတာအို စင်မြင့် ပေါ်သို့ တက်လှမ်းလာသည်ကို မြင်တွေ့ရသောအခါ ယုံကြည်မှု ရှိသော ဓားသမားများသည် မိမိတို့၏ ဓားစိတ်ဆန္ဒကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုကာ စင်မြင့်ပေါ်သို့ တက်လှမ်းခဲ့ကြသည်။

ဓားသမားအချို့သည် စင်မြင့်မှ ထုတ်လွှတ်သော ဓားစိတ်ဆန္ဒကို ဆန့်ကျင်နိုင်ခဲ့ပြီး အချို့မှာ

စင်အောက်သို့ အရိုက်ခတ်ခံခဲ့ရသည်။

သူတို့ထဲတွင်၊ အစွမ်းထက်သော ဓားစိတ်ဆန္ဒဖြင့် စင်မြင့်အား ချိုးနှိမ်ထားသောကြောင့် စင်မြင့်မှာ ဓားချီကိုပင် မထုတ်နိုင်တော့သော ဖုန်းပုမင်ကဲ့သို့ ထူးထူးခြားခြား ပါရမီရှင်များလည်း ပါဝင်နေလေသည်။

အေးအေးလူလူ လမ်းလျှောက်ရသလိုမျိုး အသာလေး တက်ရောက်သွားလေသော ဓားသမား မျိုးဆက်ဟောင်းတွေလည်း ရှိပါသေးသည်။

ထို့နောက်တွင် လုရီသည် ပိုင်ရှောင်မင် တစ်ယောက် ဓားတာအို စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် ပိုင်ရှောင်မင်၏ ဓားစိတ်ဆန္ဒသည် သိပ်သည်းစွာ မြင့်တက်လာကာ ၎င်း၌ စူးရှပြီး အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းသော လူသတ် အရှိန်အဝါ တစ်ခု ပါ၀င်လာသည်။

ဤသည်မှာ သတ်ဖြတ်ခြင်း ဓား ဖြစ်သည်။

စင်မြင့်တစ်ဝိုက်ရှိ ဓားလက်နက်များမှ ကြောက်မက်ဖွယ် ကောင်းသော ဓားစိတ်ဆန္ဒများ ပိုင်ရှောင်မင့်ဆီသို့ စူးစူးရဲရဲ တိုးဝင်လာကာ၊ သူသည် အားလုံးကို ချေမှုန်းပစ်လိုက်သည်။

ပိုင်ရှောင်မင်သည်လည်း ရုန်းကန်ရင်း ဖြည်းညှင်းစွာ ရွေ့လျား‌နေသည်။ဓားတာအို စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာရင်း ဓားများ၏ ဓားစိတ်ဆန္ဒကို တွန်းလှန်ခဲ့သည်။

ဓားသမားများနှင့် ပြည့်နေသော ကောင်းကင်

တွင် ဓားတာအို စင်မြင့်သို့ ဝင်ရောက်နိုင်ခဲ့သည့် အရေအတွက်မှာ ရာဂဏန်းမျှသာ ရှိချေသည်။

ထိုအခိုက်ဝယ်...ကျန်းရူယွီက လုရီနှင့် အကြီးအကဲမင်ကို လှည့်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ဂျူနီယာမောင်လေးနဲ့အကြီးအကဲမင်

..ကျွန်မတို့ ဝင်ရအောင်လေ.."

လျိုနင်ရွှမ်းသည် ဓားသမား မဟုတ်၍ အပြင်ဘက်မှသာ ကြည့်နေနိုင်ပြီး ဓားတာအို စင်မြင့်ပေါ်သို့ မတက်လှမ်းနိုင်ပေ။

အကြီးအကဲမင်က

အနည်းငယ် အောက်မေ့တသသော လေသံဖြင့် ခပ်တိုးတိုး ရေရွတ်သည်။

"ဓားတာအို အစည်းအဝေးကို ငါ အရင်တခါက တက်တုန်းက ဓားတာအို စင်မြင့်ပေါ်ကို တက်လှမ်းနိုင်ခဲ့လို့ ကံကောင်းတယ် ဆိုရမယ်၊ အခုလည်း ဒီအဘိုးကြီး ပြန်လာခဲ့ပြီ "

"သွားကြရအောင်..အကြီးအကဲဟု "လုရီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်ရင်း တိုက်တွန်းလိုက်သည်။

သူတို့သုံးယောက်သည်လည်း ဓားတာအို စင်မြင့်ဆီသို့ အလျင်အမြန် ပျံတက်သွားကြသည်။

အခန်း၂၀၀- ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တယ်...

~ ကျန်းရူယွီသည် နတ်ဓားဂိုဏ်းအတွင်း မျိုးဆက်သစ်လူငယ်များကြားတွင် မရေမတွက်နိုင်သော နောက်လိုက်များကို သဘာဝအတိုင်း ဆွဲဆောင်နိုင်သော အထင်ကရ ပါရမီရှင် ဖြစ်သည်။

သူမ လှုပ်ရှားလိုက်သည့်အခိုက်တွင် ကျင့်ကြံသူများသည် သတိပြုမိပြီး ဆွေးနွေးသံများထွက်ပေါ်လာသည်။

"အိုး..ကျန်းရူယွီပဲဟေး၊ ကျန်းရူယွီ ဝင်လာပြီကွ!"

"ကျန်းရူယွီရဲ့ ဓားစိတ်ဆန္ဒက မဟာ အောင်မြင်မှုအဆင့်နဲ့ နီးကပ်နေပြီ၊ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်တော့မှာလို့ သတင်းကြီးနေတယ်.. သူ့ရဲ့ ကျင့်စဉ်က အခြေတည် ဝိဉာဉ်နယ်ပယ်မှာပဲ ရှိသေးတယ်၊ဒီလို ဓားစိတ်ဆန္ဒ အဆင့်က ငါတို့ရဲ့

စီနီယာ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအများစုကိုတောင် ကျော်လွန်နေပြီ၊ ကျန်းရူယွီရဲ့ စွမ်းရည်က တကယ့်ကို မမျှော်မှန်းနိုင်အောင်ပဲ..."

"ဒါနဲ့ ကျန်းရူယွီ အနားက အဲဒီလူနှစ်ယောက်က ဘယ်သူတွေပါလိမ့်။ လူကြီးဖြစ်သူက လေးနက်ပြီး ကြီးမားကျယ်ပြန့်တဲ့ အရှိန်အဝါကို ထုတ်ဖော်ထားတယ်၊ အဲ့ဒီလူကြီးက အရမ်း အစွမ်းထက်တဲ့ ဓားသမားဖြစ်ရမယ်၊ သူ့ရဲ့ ကျင့်စဥ်က ဟင်းလင်းပြင် ဥမင် နယ်ပယ်.. နောက်တစ်ယောက်ကတော့ ရွှေအူတိုင် နယ်ပယ် ကောင်လေး တစ်ယောက် ပဲ..ဒီကောင်လေးက ဓားတာအိုစင်မြင့်ကို ဝင်ဖို့ ယုံကြည်မှုချက် ရှိနေတာလား။"

"ရွှေအူတိုင် နယ်ပယ်လေးနဲ့ ဓားတာအိုစင်မြင့်ကို ဝင်တာလား. သူ တကယ် အောင်မြင်ရင်

ပိုင်ရှောင်မင်ထက် မနိမ့်တဲ့ ဓား တာအို ပါရမီရှင် တစ်ယောက်ဖြစ်လာနိုင်မှာပေါ့..."

ထိုအခါ တစ်စုံတစ်ယောက်က ဝင်ရောက် ပြောဆိုလိုက်သည်။

"မင်း မသိသေးဘူးလား၊ အဲ့ကောင်လေးက

ချင်းကျိုးက နာမည်ကြီး ဓားပါရမီရှင်ပဲ၊

ချီသန့်စင်နယ်ပယ်မှာ စားစိတ်ဆန္ဒကို နားလည်သဘောပေါက်ပြီး မိုးကြိုးဘေးဒဏ်ကို နှိုးဆွတယ်လို့ ကောလဟာလတွေ ထွက်နေတယ်၊ အဲဒီကောင်လေးက အရည်အချင်းက မကောင်းဆိုးဝါးလိုပဲ.."

“အလို…”

"ဘာပြောတယ်.."

လူအုပ်ကြီးမှာ လန့်သွားပြီး လုရီကို အမူအရာပြောင်းလဲကာ ကြည့်လိုက်ကြသည်။

"တကယ်လား..ဒီလောက်အထိ သန်မာတာလား သူသာ ချီသန့်စင်နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို တကယ် နားလည်ထားတယ်ဆိုရင် အခု ရွှေအူတိုင် နယ်ပယ်မှာ သူ့ရဲ့ဓားစိတ်ဆန္ဒက ဘယ်လောက်တောင် ပြင်းထန်နေမလဲနော်..."

ဤနည်းအားဖြင့်... လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အုံကြွ၍ ဆွေးနွေးကြပြီး သူတို့၏ အာရုံသည် လုရီဆီသို့စတင် ရောက်ရှိလာလေတော့သည်။

...

ကောင်းကင်ယံ၌ လွင့်မျောနေသည့် နတ်ဓားဂိုဏ်း၏ လက်ရှိ ဂိုဏ်းခေါင်းဆောင် ရှင်းကျိုးကျောင်းနှင့် ကျန် မဟာယာန အကြီးအကဲများ အဖွဲ့သည်လည်း ကျန်းရူယွီကို အာရုံစိုက်နေကြသည်။

ထိုအခိုက်အတန့်ဝယ် မျက်နှာ ဝိုင်းစက်သော လူကြီးတစ်ယောက်က မျက်နှာထက်ဝယ် အပြုံးတစ်စနှင့် ချီးကျူးလာသည်။

"ကျုပ်တို့ ရူယွီရဲ့ ဓားစိတ်ဆန္ဒက အရင်ကထက် ပိုအားကောင်းလာပါလား"

"အတိအကျ ပြောရရင် ဒီကလေးရဲ့ အရည်အချင်းနဲ့ မဟာယာန နယ်ပယ်ကို ရောက်ဖို့က ပြဿနာမဖြစ်သင့်သလို ဘေးဒုက္ခကို ဖြတ်ကျော်နိုင်တဲ့ နယ်ပယ်ကိုလည်း အောင်မြင်နိုင်မယ်။ သူက တကယ် ရှားပါးတဲ့ ရတနာ တစ်ပါးပဲ..."

"ရူယွီဘေးက ဒီချာတိတ်လေးဟာ သာမန် ပုံစံသိပ်မဟုတ်ဘူး..." အကြီးအကဲတစ်ဦးမှ

မသေချာ မရေရာမှုများဖြင့် ပြောလာသည်။

သူ့စကားကို ကြားလိုက်သည်နှင့် တပြိုင်နက် တခြားသူတွေကလည်း လုရီအား ဂရုပြု၍ ကြည့်လာကြသည်။ မကြာခင်မှာပဲ သူတို့ မျက်နှာများမှာလည်း အံ့အားသင့်သော အရိပ်တို့ ဖြစ်ပေါ်လာသည်။

"ဟမ်။ ကျုပ်တို့ သူ့ဆီက ဘယ်လိုဓားစိတ်ဆန္ဒမှ အာရုံ ခံလို့ မရဘူး၊ထူးဆန်းလှပါလား.."

ရှင်းကျိုးကျောင်းပင်လျှင် မျက်မှောင်ကြုတ်ကာ တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ဖော်ထုတ်လိုက်သည်။

"သူ့ရဲ့အတွင်းစိတ် ဓားစိတ်ဆန္ဒက စစ်မှန် လောက ပြန်လည် ရောက်ရှိခြင်း အဆင့်မှာ ရောက်ရှိနေပြီ... ဒီလူငယ်က.. ထူးခြားတယ်။ သူ ဘယ်က လာတာပါလိမ့်..."

"ကျုပ်လည်း မသိဘူး၊ ရူယွီနဲ့ ခင်ပုံရတယ်.. မိတ်ဆွေဟောင်းတွေ ဖြစ်နိုင်မလား"

ထိုပုဂ္ဂိုလ်တို့ စကားပြောနေစဉ်တွင် လုရီတို့ သုံးယောက်သည် ဓားတာအို စင်မြင့် အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သုံးယောက်သား အထဲသို့ လှမ်းဝင်လိုက်သည်နှင့်အမျှ အကြီးအကဲမင်၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ အနီးအနားရှိ ဝိညာဉ်စွမ်းအင်များပင် တုန်ခါသွားခဲ့သည်။

ဓားတာအို စင်မြင့် အတွင်းရှိ ကျင့်ကြံသူများသည် အကြီးအကဲမင် ၏ ဓားစိတ်ဆန္ဒကို အံ့အားသင့်စွာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကြသည်။ အကြီးအကဲမင်၏ ထက်မြက်သော ဓားစိတ်ဆန္ဒသည် ဓားတာအို စင်မြင့် အတွင်းရှိ ဓားစိတ်ဆန္ဒကို အံတုသည်။ သူ့နားက သုံးပေအတွင်း မရောက်ခင်မှာ ၎င်းက ဖြည်းဖြည်းချင်း ပြန့်ကျဲသွားတော့သည်။ သူက အရှေ့သို့ တက် လိုက်သည်။

တစ်ဖက်တွင် ကျန်းရူယွီမှာလည်း ကျောက်စိမ်းရောင် ဓားစိတ်ဆန္ဒအား ထုတ်ဖော်ကာ

သူမ ကိုယ်တဝိုက်၌ ပုံရိပ်ယောင် ကျောက်စိမ်းနဂါးကြီး တစ်ကောင်အား အကာအကွယ်အဖြစ် ဖွဲ့တည်ကာစင်မြင့်ပေါ်သို့ ဆက်၍ လှမ်းလာသည်

။

ကျောက်စိမ်းနဂါးကြီး၏ ဟိန်းသံကြောင့်

ဓားတာအိုစင်မြင့်မှ စီရင်ထားသော ဓားများသည်

အစပိုင်းတွင် တုန်လှုပ်နေသော်လည်း ရုတ်ချည်းငြိမ်သက်သွားကာ ဓားစိတ်ဆန္ဒ ထုတ်လွှတ်ခြင်း မရှိတော့ပေ။

သို့ပေမယ့် လုရီ ဝင်လာချိန်မှာတော့ ၎င်းဓားများသည် တုံ့ပြန်မှု အနည်းဆုံး ဖြစ်သည်။

သူသည် သာမာန်လူတစ်ယောက်ကဲ့သို့ ခြေတစ်လှမ်းချင်း လျှောက်သွားကာ ဓားတာအိုစင်မြင့်ပေါ်ရှိ ဓားရှည်များသည် တုံ့ပြန်ခြင်းမပြုဘဲ

ဓားစိတ်ဆန္ဒပင် နှိုးဆွရန် ကြံရွယ်ထားပုံ မပေါ်ပေ။ လုရီက အေးဆေး တည်ငြိမ်စွာဖြင့်

ဓားတာအို စင်မြင့်ထဲသို့ ဝင်လာသည်။

ကျင့်ကြံသူ အများအပြားသည်

သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှု အတိုင်းသားဖြင့် ဤမြင်ကွင်းကို ငေးနေကြသည်။

"ဘယ်လို ဖြစ်ရတာလဲ... ဒီကောင်လေး..

ဓားတာအို စင်မြင့်ပေါ်ကို တက်သွားတဲ့အခါ

စီရင်ထားတဲ့ ဓားစိတ်ဆန္ဒက ဘာ့ကြောင့် တုံ့ပြန်မှု မရှိရတာလဲ"

ဓားတာအို စင်မြင့်မှာ တစ်ခုခု မှားနေပြီလား။"

ဓားတာအို စင်မြင့်ဟာ တကယ်ပဲ ချို့ယွင်းနေတာ ဟုတ်မဟုတ် စမ်းသပ်ဖို့ ရည်ရွယ်ချက်နှင့် ကျင့်ကြံသူ အချို့က သတိထားကာ ဓားတာအိုစင်မြင့် အနီးသို့ ချဉ်းကပ်လာခဲ့ကြ၏။

သို့သော် သူတို့သည် ဓားတာအို စင်မြင့် အပေါ်သို့ လှမ်းတက်လိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခုဖြင့် ချေမှုန်းခံလိုက်ရပြီး သွေးများ ဆက်တိုက် အန်ထုတ်လိုက်ရလေသည်။

ယင်းကြောင့် ယခင်က စိတ်အားထက်သန်နေသော ကျင့်ကြံသူများသည် နေရာတွင် အေးခဲသွားကြသည်။ သူတို့သည် လုရီကို ကြည့်ရင်း

သူတို့၏ မျက်နှာ အမူအရာမှာ ကြောက်ရွံ့ထိတ်လန့်မှုနှင့် နားမလည်နိုင်မှုတို့ ရောယှက်နေတော့သည်။

"ဓားတာအို စင်မြင့်က ပျက်နေတာ မဟုတ်ဘူးပဲ၊ ဒါဆို သူ ဘယ်လို လုပ်လိုက်ပါလိမ့်..."

"ချီသန့်စင်နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို သူတကယ် နားလည်ခဲ့တာလား။ ကျုပ် ယုံလာပါပြီ၊ သူက တကယ် မရိုးရှင်းဘူးပဲ"

ကောင်းကင်တွင်၊ ရှင်းကျိုးကျောင်းနှင့် အခြားသူများ တိတ်ဆိတ်နေပြီး လုရီ ဓားတာအိုစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်ကို

လေးလေးနက်နက် စူးစိုက်ကြည့်နေရင်း

သူတို့၏မျက်နှာ ကြွက်သားများ တုန်ယင်သွားကြသည်။

"ဒီ... ဓားစိတ်ဆန္ဒက သမုဒ္ဒရာလိုပဲ..စစ်မှန်လောက ပြန်လာည် ရောက်ရှိခြင်းအဆင့်မှာ ရှိတယ် ၊ ဓားတာအိုစင်မြင့်က သူ့ကို ဓားရှည်တစ်လက်လို သဘောထားနေတာ၊ ဘယ်လိုဓားစိတ်ဆန္ဒကိုမဆို နှိုးဆွဖို့ ခဲယဉ်းတယ်။"

"ဒီကောင်လေးက တကယ့်ကို သူမတူဘူး၊ သူ့ရဲ့ ဓားတာအို အရမ်းမြင့်တယ်၊ ကိုးဆယ်ရာခိုင်နှုန်းထက် ကျော်လွန်နေမှာတောင် ကျုပ် ကြောက်မိပါရဲ့။"

"ဒါပေမယ့် ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ရွှေအူတိုင်အဆင့်လေးနဲ့ ဓားစိတ်ဆန္ဒ ကိုးဆယ်ရာခိုင်နှုန်းကျော်တဲ့လား.. သူက သဘာဝအတိုင်း မွေးလာတဲ့ ဓားအင်မော်တယ် တစ်ပါး များလား"

ရှင်းကျိုးကျောင်း နှင့် သူ၏အပေါင်းအဖော်များ၏ မျက်လုံးများသည် အရောင် လက်လာတော့သည်။

တာအို မြင့်မြတ် ကုန်းမြေ၏ အုပ်ထိန်းသူများအနေဖြင့် ရွှေအူတိုင်အဆင့်လေးဖြင့်

ဓားတာအို ကျင့်စဥ်မှာ ဤမျှ မြင့်မားသော ဓားစိတ်ဆန္ဒအား ပိုင်ဆိုင်နေခြင်းက ဘယ်အရာကို ဆိုလိုသလဲ.. သူတို့ ကောင်းကောင်းကြိး နားလည် သဘောပေါက်ကြလေသည်။

အကယ်၍ မတော်တဆမှုသာ မရှိခဲ့ပါက၊ ထိုသို့သော ကျင့်ကြံသူသည် မြေကြီးလက်ခတ်မလွဲပင် သူ့လမ်းစဥ်ကို ဓားဖြင့် သက်သေပြပြီး

အင်မော်တယ် အဖြစ်သို့ တက်လှမ်းသွားမည် ဖြစ်သည်။

ဤသို့ဖြင့်... နတ်ဓားဂိုဏ်း၏ ထိပ်သီး ပုဂ္ဂိုလ်များကြားတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှင်းကျိုးကျောင်းက အသံထုတ်ဖော်လာသည်။

"ဆရာကြီးကို အကြောင်းကြားရမယ်၊ ဒီနေရာမှာ သဘာဝအတိုင်း မွေးဖွားလာတဲ့ ဓားအင်မော်တယ် ပျိုးပင် တစ်ပင် ရှိတယ်ဆိုတာ သိလိုက်ရရင် သူ အရမ်း ကျေနပ်သွားလိမ့်မယ်"

ထိုအခါ အကြီးအကဲများထဲမှ တစ်ယောက်က တောက်ပသော မျက်လုံးများဖြင့်

"သူ ..ကျုပ်တို့ နတ်ဓားဂိုဏ်း ဝင်ဖို့ ဆန္ဒရှိ

ပါ့မလားလို့ သိချင်မိတယ်"ဟု ရေရွတ်လိုက်၏။

ထို့နောက်တွင်မူကား...

"ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့လို ဓား အင်မော်တယ် ပျိုးပင်ကို ငါတို့ နတ်ဓားဂိုဏ်းမှာ လေ့ကျင့်ပေးသင့်တယ်၊ မဟုတ်ရင် အရည်အချင်းတွေ အလဟသ ဖြစ်သွားလိမ့်မယ်။ ကျုပ် သူ့ကို တိုက်ရိုက်တပည့် အဖြစ် လက်ခံလိုက်မယ်"

"ဒီမှာ..! ကျုပ်က သူ့ကို တပည့်သတ်မှတ်ဖို့ ကြိုတွေးထားပြီးသားဗျ"

ဤသို့ဖြင့်...အကြီးအကဲအုပ်စုသည် ထိုကိစ္စအတွက် မမျှော်လင့်ဘဲ ငြင်းခုန်ကြတော့သည်။

...

ဓားတာအိုစင်မြင့် ပေါ်သို့ တက်ပြီးနောက် လုရီ သည် ၎င်း၏ထူးခြားမှုကို သဘောပေါက်သွားတော့၏။ ဓားတာအိုစင်မြင့်ထက်ဝယ် ရပ်လျက် ဓားနှင့် စင်မြင့်မှ ထွက်ပေါ်လာသည့် ဓားတာအို၏ ထာဝရ ပြောင်းလဲနေသည့် နက်နဲသော အရာများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

စင်စစ်တော့ စင်မြင့်ကိုယ်တိုင်က ဓားတာအို၏ ဒဿနကို ဇာတ်ကြောင်း ပြောပြနေသလိုပါပင်။ အထူးသဖြင့် ဓားတာအိုစင်မြင့် ထက်မှာ ဓားသွားများ၏ ဓားစိတ်ဆန္ဒ စီးကြောင်းက အဆက်မပြတ် လည်ပတ်နေတာကြောင့် ကျင့်ကြံသူတွေဟာ ခိုင်ခံ့စွာ ရပ်တည်နိုင်ဖို့အတွက် သူတို့၏ ကိုယ်ပိုင်ဓားစိတ်ဆန္ဒကို အသုံးပြုခဲ့ရလေသည်။

၎င်းက သန်မာမှုပုံစံတစ်ခုဖြစ်သည်။ မသွေးသည့် ဓားဟူသည် မည်သည့်အခါမှ ထက်သန်မည် မဟုတ်ပါချေ။

အခန်း၂၀၁- ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တယ်...

~ ဓားစိတ်ဆန္ဒအား သွေးခြင်းသည်လည်း သဘာဝအတိုင်း ၎င်းကို တိုးတက်စေနိုင်သည် မဟုတ်ပါလော။ ဓားတာအို အစည်းအဝေးသည် ဓားပါရမီရှင်များစွာအား ပါဝင်ရန် ဆွဲဆောင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤဓားတာအိုစင်မြင့် တစ်ခုတည်းက ပျမ်းမျှ ဓားသမား

တစ်ယောက်၏ ဓားစိတ်ဆန္ဒကို မြှင့်တင်ရန် လုံလောက်ပါသည်။ ၎င်းက ထူးခြား ဆန်းပြားသော ရတနာ တစ်ခုပင် ဖြစ်ချေ၏။

ဤသို့သော အဖိုးတန် ပစ္စည်းတစ်ခုကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ပြသထားသည်လား။ အင်မော်တယ် ဂိုဏ်းဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ကိုက်ညီလှပါသည်။ လုရီသည် သူ၏နှလုံးသားထဲတွင် လက်ဖျားခါသွားခဲ့သည်။

ထို့အပြင်၊ ဤမျှ အဖိုးတန်သော ထူးခြားဆန်းပြားသည့် ရတနာတစ်ခုအတွက်၊ ၎င်းသည် အရှေ့ ဒေသ ဓားသမားအားလုံးနှင့် မျှဝေလိုစိတ် ရှိသည်က နတ်ဓားဂိုဏ်းအတွက် ခမ်းနားသော သဘောထား တစ်ခု ဖြစ်ပါသည်။

ကံမကောင်းစွာပဲ၊ ဤဓားတာအိုစင်မြင့်တွင် ပါရှိသော ဓားစိတ်ဆန္ဒမှာ သူ့အတွက် အလွန်အားနည်းနေပြီး သူ၏ စွမ်းရည်များကို ထက်မြက်အောင် လုပ်ဆောင်ရန် အခန်းကဏ္ဍတစ်ခုအဖြစ် မပါဝင်နိုင်ခဲ့ပါ။

လုရီသည် ထိုသို့ အတွေးထဲ၌ နစ်မြုပ်နေစဉ် ကျန်းရူယွီက အံ့အားသင့်သွားပြီး မျက်လုံးတွေ

ပြူးကျယ်လာကာ အော်ဟစ်လိုက်သည်။

"ဂျူနီယာ မောင်လေး၊ နင့်ရဲ့ဓားစိတ်ဆန္ဒကို ထပ်ပြီး မြှင့်တင်လိုက်ပြန်ပြီလား?"

ထိုအခါ လုရီက အနည်းငယ် ပြုံးလိုက်ပြီး

"ဒီရက်ပိုင်း ကျွန်တော်မှာ အသိဥာဏ်တချို့ ရခဲ့လို့ပါ" ဟု ပြန်တုံ့ပြန်ခဲ့သည်။

ကျန်းရူယွီ၏ မျက်လုံးများမှာ မနာလိုသော အရိပ်တို့ ပြသလာသည်။

"ဂျူနီယာ မောင်လေးရဲ့ဓားစွမ်းရည်က ကောင်းလွန်းတယ်၊ တကယ်ကို မုန်းဖို့ ကောင်းတယ်"

ဘေးက အကြီးအကဲမင် ကလည်း မျက်လုံးပြူးပြီး လုရီအား ကြည့်ရင်း သက်ပြင်းချကာဖြင့်..

"ကလေးလု၊ မင်းရဲ့ဓားစွမ်းရည်က ဒီအဘိုးကြီးထက် သိသိသာသာကြီး ကျော်နေပြီလို့ ထင်တောင် မထင်ထားမိဘူးကွာ..."

လုရီက ပြုံးလိုက်သည်။

" အကြီးအကဲကြောင့်သာ မဟုတ်ရင် ကျွန်တော့်ဓားစိတ်ဆန္ဒက ဒီအဆင့်ကို ရောက်မှာ မဟုတ်ပါဘူး။ အကြီးအကဲမင်ရဲ့ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါဘူးဗျာ။"

ထိုအခါ အကြီးအကဲမင်က တဟားဟားရယ်ကာ ခေါင်းခါလိုက်ပြီး

"ကလေး... အရေးအကြီးဆုံးက မင်းရဲ့ အံ့ဩစရာကောင်းတဲ့ သဘာဝ အရည်အချင်းတွေ ရှိနေလို့ပဲလေ ၊ ဒီအဘိုးကြီးက နေ့ရောညပါ ဘယ်လောက်ပဲ ပြောနေပါစေ တခြားတစ်ယောက်ဆိုရင် ဒီလို သက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူးကွ။"

ထိုသို့ သုံးယောက်သား စကား တတွတ်တွတ် ပြောဆိုကြပြီး အထဲသို့ ဆက်၍ လျှောက်သွားကြသည်။

သူတို့ သုံးယောက် ဖြတ်သွားတိုင်း ဓားစိတ်ဆန္ဒအား တွန်းလှန်နေသော ဓားသမားများသည်

သူတို့၏ လမ်းကို လှမ်းကြည့်ကာ အံ့အားသင့်သော အမူအရာများ ရှိနေကြသည်။ အကြီးအကဲမင်နှင့် ကျန်းရူယွီ တို့သည် ပြင်းထန်သော ဓားစိတ်ဆန္ဒများကို ထုတ်ဖော်ပြသခဲ့ပြီး သူတို့၏ ဓားစိတ်ဆန္ဒမှာ အလွန်ပြင်းထန်သောကြောင့် မျက်မမြင်တစ်ဦးပင် သတိပြုမိနိုင်ခဲ့သည်။

သာမာန်နှင့်မတူသော လုရီသည် အလွန်ထူးခြားသောပုံ ပေါက်ပြီး အာရုံစူးစိုက်မှုကို

ဆွဲဆောင်နေတော့သည်။

သူတို့သည် ဓားတာအို စင်မြင့်၏ အဘယ်ဗဟိုဆီသို့ ဦးတည်သွားကြသည်။ အလယ်ဗဟိုနှင့် ပိုမိုနီးကပ်လေလေ၊ ဓားတာအို စင်မြင့်တွင် ဓားများ ပိုမို ထူထပ်စွာ စီရင်ထားကာ ဓားစိတ်ဆန္ဒမှာ ပိုမိုအားကောင်းလေ ဖြစ်ပြီး မလွဲဧကန်ပင် ဓားသမားများအတွက် ထက်မြက်စေသည့် အကျိုးသက်ရောက်မှုက ပိုကောင်းလေဖြစ်သည်။

အစွမ်းထက် ဓားသမားများသည် အတွင်းပိုင်းသို့ နက်နက်နဲနဲ တိုးဝင်ရန် ရွေးချယ်ကြသည်။ သို့သော်လည်း တိကျသော အကွာအဝေးတစ်ခုအတွင်း မတိုးတက်နိုင်တော့သော ဓားသမားများကမူ ထိုင်ပြီး ဆွေးနွေးကြပြီး တစ်ဦးချင်းစီက ဓားတာအိုအကြောင်း နားလည်မှု မျှဝေကြသည်။ ဓားတာအို စင်မြင့် တွင်၊ ဉာဏ်ကြီးရှင် ဓားသမားတို့၏ ဓားစိတ်ဆန္ဒများ ထိတိုက်မိသောအခါတွင် ၎င်းတို့သည် ထက်မြက်သော မီးပွားများ

အမြဲ ထုတ်လွှတ်ပြီး ရုတ်ချည်း ဉာဏ်အလင်း အခိုက်အတန့်အတွင်းမှာ သူတို့သည် လေးနက်သော အကျိုးကျေးဇူးများ ရရှိနိုင်‌လေသည်။

ထိုအခိုက်အတန့်မှာပင် အင်ပါယာ ဓားစိတ်ဆန္ဒတစ်ခုက လုရီကို ထိနှိပ်လာခဲ့သည်။

အင်ပါယာ တစ်ပါး၏ အမျက်ဒေါသကဲ့သို့ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကြောင့် အနီးနားရှိ ဓားသမားအများအပြား၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လုရီ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများအား အလုပ်ပေးလိုက်တော့ ဖုန်းပုမင်နှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူ အများအပြားသည် သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

အင်ပါယာ ဓားဂိုဏ်းမှ ဓားသမား လူငယ်

တစ်ယောက်သည် သူ့ကိုယ်တဝိုက်တွင် တောက်ပသော အဝါရောင် ဓားအလင်းလွှာတစ်ခု အဆက်မပြတ် လင်းလက်နေကာ

လုရီကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

ကျန်းရူယွီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း သူမ၏ ခန္ဓာကိုယ် ပတ်လည်ရှိ တာအိုအကာအကွယ် ဓားနဂါးကြီးက ခေါင်းထောင်လာသည်။

သူမက ဖုန်းပုမင်ကို စိုက်ကြည့်ကာ "ဖုန်းပုမင်၊ ဒါက ဘာရည်ရွယ်ချက်လဲ" ဟု မေးလိုက် တော့သည်။

ဖုန်းပုမင်သည် သူ့ပတ်ဝန်းကျင်ရှိ ဓားစိတ်ဆန္ဒကို တွန်းလှန်ရန် ဓားအလင်းထုတ်လွှတ်ကာ လှည့်ပတ်နေရင်း အမှုမထားသလို ပုံစံ ရှိ၏။

သူသည် ကျန်းရူယွီကို တစ်ချက် ငဲ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပေါ်မှ ခပ်ရေးရး အပြုံး တစ်ခု ပေါ်လာသည်။

"သဘာဝအတိုင်း၊ ဒါက ဓားတိုက်ပွဲပေါ့။ ဒီကောင်လေးက အရမ်းထူးခြားတယ်၊ ငါ့ညီက သူနဲ့ လက်ရည် ဖလှယ်ပြီး ဒီကောင်လေးရဲ့ ဓားတာအိုကို စမ်းသပ်ချင်‌နေတာလေ..."

ထိုအခါ ဖုန်းပုမင် အညွှန်းခံရသော ဓားသမားလူငယ်က လုရီကို မျက်လုံးချင်း ဆုံကြည့်ပြီး အားပါးတရ ပြုံးပြရင်း..

"ရောင်းရင်း..ရိုးရိုးသားသားပြောရရင် မင်းက အတော်လေး လျှို့ဝှက် ဆန်းကြယ်ပါလား၊ မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ဓားစိတ်ဆန္ဒ မဖြန့်ကျက်ဘဲ ဘယ်လိုလုပ်ပြီး ဒီဓားတာအိုစင်မြင့်ပေါ်မှာ မင်း တည်ငြိမ်အောင် ရပ်တည်နိုင်ရုံသာမက ..ဆက်ပြီး အရှေ့ကို လှမ်းနိုင်သေးတာလဲ၊ မင်းရဲ့ ဓားစိတ်ဆန္ဒက ဘယ်လောက် သန်မာတယ်ဆိုတာ ငါ စမ်းသပ်ကြည့်ချင်တယ် .."

ထိုစကားများကို ကြားတော့ အနီးနားပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ခေါင်းများ ထောင်လာကြကာ သူတို့၏ မျက်လုံးများ၌ စူးစမ်းသော အရိပ်အယောင်များ ဖြတ်ပြေးလာသည်။

"စလာပြီ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က လှုပ်ရှားတော့မယ်ဟေး..."

"ဒီလူက အင်ပါယာဓားဂိုဏ်းထဲက လင်းယွီပဲ..သူ့ရဲ့ဓားစွမ်းရည်က အတော်လေး လန့်စရာ ကောင်းတယ်။ ဖုန်းပုမင်လောက် မတော်ပေမယ့် သူနဲ့ မတိမ်းမယိမ်းပဲ..ရွှေအူတိုင် နယ်ပယ်မှာ ဓားစိတ်ဆန္ဒကို သူ နားလည်ခဲ့တယ်လို့ ပြောကြတယ်..အခု သူက အခြေတည် ဝိဉာဉ် ကျင့်စဉ်ကို ရောက်နေပြီ၊ သူ့ဓားစိတ်ဆန္ဒက ငါးဆယ် ရာခိုင်နှုန်းထက် မနည်းနိုင်ဘူးနော်..သူက

ကျန်းရူယွီဘေးက ကောင်လေးကို စိတ်ဝင်စားသွားတာ ဖြစ်နိုင်တယ်"

"ရိုးရိုးသားသား ပြောရရင် ဒီကောင်လေးက

တကယ့်ကို ထူးဆန်းတယ်။ သူ့ခန္ဓာကိုယ်ကို

ကာကွယ်ဖို့ ဓားစိတ်ဆန္ဒ မပါတဲ့ ဓားတာအို စင်မြင့်ပေါ်မှာ သူ ဘယ်လို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်နေလဲ ဆိုတာ ကျုပ် အရမ်းသိချင်နေတာဗျာ။"

"ကျုပ်လည်း အဲ့ဒီလိုပဲဗျ။ သိချင်နေတဲ့သူက

ကျုပ်တို့တင် မဟုတ်ဘူး၊ တခြားသူတွေရောပါပဲ...ဒါကြောင့် လင်းယွီက စုံစမ်း စစ်ဆေးဖို့ လှုပ်ရှားလာတာ ဖြစ်နိုင်တယ်"

ထိုစကားကို ကြားတော့ လုရီ သဘောပေါက်သွားတော့သည်။ ယခင်က ဓားတာအို အစည်းအဝေးမှာ ဓားတိုက်ပွဲများ အကြောင်း ကြားခဲ့ဖူးသည်။ ၎င်းက ဒါမျိုး ဖြစ်မလား။

ဓားတိုက်ပွဲ ဆိုသည်မှာ ဓားစိတ်ဆန္ဒ အကြောင်း ဖြစ်၏။ မည်သည့် ဓားသမား၏ ဓားစိတ်ဆန္ဒ တွင် နားလည် သဘောပေါက်မှုက ပိုမို နက်နဲသနည်း ဆိုသည်ကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ ဤရှုထောင့်တွင် လုရီက သူ့ကိုယ်သူ ယုံကြည်မှု အနည်းငယ် ရှိနေသည်။

ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး လက်ခံလိုက်တော့သည်။

"ကောင်းပြီလေ၊ တာအိုရောင်းရင်းတို့ စမ်းသပ်ချင်ရင် လာခဲ့ပါ"

သူ့စိတ်ထဲတွင် လင်းယွီကို ဤဓားတိုက်ပွဲ၌ အနိုင်ယူမည်ဟု သူ့ကိုယ်သူ တိတ်တဆိတ် ကြုံးဝါးလိုက်သည်။

[အလုပ်]

ဓားတိုက်ပွဲတွင် လင်းယွီကို အနိုင်ယူပါ။

ဆုလာဘ်- ဓားတာအို ကျင့်စဉ် တိုးလာခြင်း၊ ဓားစိတ်ဆန္ဒ မြက်ပင် တစ်ပင်။

..အလုပ်က ပေးတဲ့ဆုက တော်တော်ကောင်းပါတယ်။ ဒီလူရဲ့ အရည်အချင်းက အားမနည်းလောက်ဘူး။..

လုရီသည် ထိုတာဝန်ကို တိတ်တဆိတ် လက်ခံလိုက်သည်။

လုရီ၏ ဂရုမစိုက်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ဓားသမား လူငယ်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် အံ့သြသွားသည်။ သူ့အမူအရာမှာ ဒီဂရီ အနည်းငယ် အေးစက်လာကာ ခြေလှမ်းများကို အရှေ့သို့ လှမ်းလာရင်း..

"အိုး..ဒါဆို မင်းတကယ် သန်မာသလား၊ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတာလား..သိရပြီပေါ့ကွာ"

အသံကို နှိမ့်၍ မာန်သွင်းကာဖြင့် လူငယ်သည် သူ့လက်အား လှုပ်ရှားလိုက်ပီး ဓား တစ်လက် ၏ အမူအရာ ဖန်တီးကာ လုရီဆီသို့ ခုတ်ပိုင်းချလိုက်သည်။

တောက်ပသော အဝါရောင်ဓားသည်

အင်ပါယာ တစ်ပါး၏ ဓားအသွင် ကြီးစိုးသောစွမ်းအားကို သယ်ဆောင်ကာ လုရီဆီသို့ ပျံသန်းလာနေ၏။

ကြီးကျယ်ခမ်းနားသော အင်ပါယာ တစ်ပါး၏ ဓားသည် ထက်မြက်ပြီး မြင့်မြတ်သော တန်ခိုးဖြင့် ချေမှုန်းလာခဲ့စဉ် တာအိုစင်မြင့်၏ ဓားစိတ်ဆန္ဒကို ဖယ်ထုတ်လိုက်သည်။ ပတ်ဝန်းကျင်လေထုသည် ရွေ့လျားမှုနှင့်အတူ တဟုန်ထိုး မြင့်တက်သွားပြီး လေဟာနယ်သည် တုန့်ပြန်မှုအရ တွန့်လိမ်သွားသည်။

အင်ပါယာဓားချက် ကျ ရောက်ခါနီးဆဲဆဲ၌.., လုရီက သူ့လက်ညှိုးကို ဆန့်ထုတ်လိုက်သောအခါ.. ရွှေဓားအလင်းတစ်ခုက

ကြောက်ခမန်းလိလိ အရှိန်အဟုန်ဖြင့် ပစ်ခွင်းလာခဲ့ပြီး အင်ပါယာ ဓားစိတ်ဆန္ဒထက်သို့ ကျရောက်သွားသည်။

အသံ တစ်စုံတစ်ရာမျှ မထွက်ဘဲ ရွှေဓားအလင်းသည် တောက်ပသော အဝါရောင် ဓားစိတ်ဆန္ဒကို ထိုးဖောက်ဝင်ရောက်ကာ ချက်ချင်းဆိုသလို အင်ပါယာဓားချက်မှာ ကွဲအက်၍ ပျောက်ကွယ်သွားလေတော့သည်။

All Chapters