အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အခန်း၂၀၂- ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တယ်...
~ ရွှေဓားအလင်းတန်းသည် လင်းယွီဆီသို့ ဖြာကျလာပြီး၊ ကြောက်မက်ဖွယ်ရာ ထက်မြက်သောဓားစိတ်ဆန္ဒအား ခံစားလိုက်ရသဖြင့် လင်းယွီမျက်လုံးများတွင် ထိတ်လန့်မှု အရိပ်တို့ ယှက်သမ်းလာကာ သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
ထိုအချိန်မှာပင် ဘေးမှ တောက်ပနေသော အဝါရောင်ဓား အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ဓားအလင်းကို ထိပ်တိုက်တွေ့လိုက်သည်။
ထန်..
ကြောက်မက်ဖွယ်ရာ သတ္တုရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာပြီး အဝါရောင် ဓားချီသည် အရပ်ရပ်သို့ ပြန့်ကျဲသွားကာ ကင်းဗတ်စတစ်ခု လှုပ်ခါသွားသလို လေဟာနယ်သည် ပုံပျက်သွားတော့သည်။ ထိုအခိုက်အတန့်၌.. အင်အားကြီး ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ လုရီအား ကြည့်နေသော ဖုန်းပုမင်၏ အမူအရာမှာ ဆိုးရွားသွားခဲ့သည်။
၎င်းမြင်ကွင်းအား မြင်လိုက်ရတော့ အနီးနားက ကျင့်ကြံသူများ၏ အမူအရာတွေက ထပ်ခါထပ်ခါ အရောင် ပြောင်းလဲသွားတော့၏။
"ဒါ..ဒါက .. အင်ပါယာ ဓားဂိုဏ်းရဲ့ အင်ပါယာလဓားစိတ်ဆန္ဒက တကယ်ကို ထူးခြားတယ်လေ၊ ဒီလို လွယ်လွယ်နဲ့ ကွဲပျက်သွားရရောလား။"
"လင်းယွီရဲ့ဓားစိတ်ဆန္ဒက အနည်းဆုံး ငါးဆယ် ရာခိုင်နှုန်း ရှိတာပဲဟာ၊ ဒီဓားချီက ရွှံ့နဲ့လုပ်ထားသလိုမျိုး ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ ဖုန်းပုမင်က
ပါဝင် စွက်ဖက်လိုက်တာတောင် ဒီရွှေရောင်
ဓားစိတ်ဆန္ဒကို မနှိမ်နင်းနိုင်ခဲ့ဘူးလား"
ဤသို့ လူအုပ်ကြီးက တုန်လှုပ်သွားကြစဉ်
လင်းယွီ၏ မျက်နှာသည် အပြောင်းအလဲများစွာ ဖြစ်ပေါ် နေခဲ့ပြီး သူ၏ အသွင်အပြင်တွင်
မယုံကြည်နိုင်မှုက အတိုင်းသား ထင်ဟပ်နေသည်။
ဖုန်းပုမင်သည် လုရီကို အနီးကပ် ကြည့်ကာ ပါးစပ်ဟလာသည်။
"ငါ မင်းကို လျှော့တွက်မိပြီ ၊မင်းရဲ့ဓားစိတ်ဆန္ဒက ဒီလောက်အဆင့်အထိ ရောက်မယ်လို့
မမျှော်လင့်ထားမိဘူး။"
ဖုန်းပုမင်သည် စကားပြောနေစဉ်တွင် လင်းယွီအား ပိတ်၍ ရပ်ကာ အကာအကွယ်ပြုလိုက်ပြီး
နောက် လုရီအား မျက်နှာချင်းဆိုင်လိုက်၏။
သူက စိန်ခေါ်လာ၏။
"မူလကတော့ ကျန်းရူယွီနဲ့ ဝမ်ချီဖုန်းကို ဓားတိုက်ပွဲမှာ စိန်ခေါ်ဖို့ စီစဉ်ထားပေမယ့် အခု မင်းက ငါ့ရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက် ဖြစ်ပုံ ရတယ်။ သူတို့ကို အနိုင်မယူခင် ငါ မင်းကို အရင် တိုက်ခိုက်မယ်။"
ကျန်းရူယွီသည် ဤစကားကို ကြားလိုက်ရလျှင် ဖုန်းပုမင်အား ဖျတ်ခနဲ ကြည့်ကာ လုရီကို တဖန် ပြန် ကြည့်လိုက်စဉ်.. သူမ၏မျက်နှာသည် ကသိကအောက် ဖြစ်သည့် အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားရသည်။
သူမမှာ လုရီနှင့် ဓားရေးယှဉ်ရာမှာ ရှုံးနိမ့်ခဲ့ရသည် ဟူသော အမှန်တရားကို အမြဲ လျှို့ဝှက်ထားခဲ့သည် ဖြစ်သည့်အလျောက် သဘာဝအတိုင်းပင် အခြား မည်သူမျှ မသိရှိခဲ့ကြပါပေ။
လုရီသည် မည်သို့မျှ စိတ်ရှုပ်ထွေးခြင်း မရှိဘဲ
"ငါ ဖုန်းပုမင်ကို ဓားပြိုင်ပွဲမှာ အနိုင်ယူမယ်.." ဟု သူ့စိတ်ထဲတွင် အလုပ်တစ်ခု ထုတ်လိုက်သည်။
[အလုပ်]
ဖုန်းပုမင်ကို ဓားပြိုင်ပွဲမှာ အနိုင်ယူပါ။
ဆုလာဘ်- ဓားတာအို ကျင့်ကြံခြင်း၌ တိုးတက်မှု၊ ဓားစိတ်ဆန္ဒ မြက် တစ်ပင်။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
...
ဤအလုပ်အတွက် ဆုလာဘ်သည်
လင်းယွီ၏ ဆုနှင့် ဆင်တူသော်လည်း ဖုန်းပုမင် ၏ စွမ်းရည်သည် လင်းယွီထက် အနည်းငယ်သာလွန်သောကြောင့် မိမိ၏ ဓားတာအို ကျင့်ကြံမှု တိုးတက်လာမည်မှာ သေချာပါသည်။ အလုပ်တာဝန်ကို ထုံးစံအတိုင်း လက်ခံလိုက်သည်။
ထို့နောက် လုရီ သူ့မျက်နှာမှာ အပြုံးတစ်ခုဖြင့် တုံ့ပြန်လာသည်။
"ဒါဆို စမ်းကြည့်ရအောင်"
ဖုန်းပုမင်၏ အမူအရာသည် လေးနက်နေခဲ့သည်။ လုရီ၏ ဓားတာအို ကျင့်ကြံမှု အတိုင်းအတာကို ရှင်းရှင်းလင်းလင်း ပြသထားသောကြောင့် သူက လုရီအား ပေါ့ပေါ့တန်တန် သဘောမထားပေ။
သူသည် ရှုပ်ထွေးသော မန္တန်များကို သူ၏လက်များဖြင့် ဖန်တီးခဲ့ပြီး နောက်အခိုက်အတန့်တွင်၊ တောက်ပသော အဝါရောင်ဓားအလင်းသည် ပြင်းထန်စွာ တဖျပ်ဖျပ် တောက်ပလာစဉ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို
ဖြန့်ကျက်သည်။
အသခ်ျေ ကြယ်အစုအဝေးကဲ့သို့ ဓားချီသည်
လုရီထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။ ဓားမိုးသည် နှိုင်းယှဥ်၍ မရအောင် ထက်မြက်သည်။ ဓားမိုးသည် နေရာလပ်တစ်လျှောက် ဆုတ်ဖြဲသွားပုံရသည့် စိတ်အားထက်သန်မှုအား သယ်ဆောင်လာသည်။
အနီးနားရှိ ကျင့်ကြံသူများ အားလုံးသည် မိမိတို့၏ ခန္ဓာကိုယ်ကို တိတိရိရိ နှစ်ပိုင်းခွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ ထပ်တလဲလဲ နောက်ဆုတ်လိုက်ရသည်။
လုရီမှာမူ ဓားမိုးကို ပေါ့ပေါ့ပါးပါး လက်တစ်ချက် အဝှေ့ဖြင့် အေးအေးဆေးဆေး ရင်ဆိုင်ရင်း၊ အင်မော်တယ် ဓားအလွှာသည် သူ့ရှေ့တွင် ရွှေရောင် အကာအကွယ်လွှာတစ်ခုလို ဖွဲ့တည်လာသည်။
ဓားမိုးသည် အကာအကွယ်လွှာအား
တိတ်ရိုက် ထိမှန်သောအခါ လှိုင်းလုံး အသေးစားများသာ ဖြစ်ပေါ်သော်လည်း ၎င်းအား အနည်းငယ်မျှပင် မလှုပ်ခါနိုင်ပေ။ ဓားမိုးများ ပျောက်ကွယ်သွားသည်နှင့်အမျှ အကာအကွယ်လွှာသည် မားမားမတ်မတ်ပင်
မတုန်လှုပ်ဘဲ ကျန်ရစ်ခဲ့လေ၏။ ဤမြင်ကွင်းက ဖုန်းပုမင်၏ မျက်လုံးအိမ်များကို အလိုလို ကျုံ့သွားစေပြီး သူ၏ အမူအရာမှာ ပို၍လေးနက်လာသည်။
အင်ပါယာ ဓားဂိုဏ်းမှ ဓားပါရမီရှင်များသည်လည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်ကာ မျက်နှာအမူအရာများလည်း ထပ်ခါထပ်ခါ ပြောင်းလဲနေတော့သည်။
"အလိုလေး..အင်ပါယာ ဓားမိုးကို လွယ်လွယ်နဲ့ ပိတ်ဆို့ထားတယ်...ငါ့အမြင်မှားတာများလား"
"မဖြစ်နိုင်ဘူး! အစ်ကိုကြီးဖုန်းရဲ့ဓားစိတ်ဆန္ဒက ရှစ်ဆယ် ရာခိုင်နှုန်းနီးပါးပဲ..သူ မဟာ အောင်မြင်မှု အဆင့်ကို ရောက်နေပြီ၊ ဒါတောင် ဒီကလေးရဲ့ဓားအကာအကွယ်လွှာကို မဖြတ်ကျော်နိုင်ဘူးလား.."
အနီးနားရှိ ကျင့်ကြံသူများ ထပ်တူထပ်မျှ
ကြက်သေ သေသွားကြသည်။
"မယုံနိုင်စရာပဲ... ဖုန်းပုမင်ဆိုတာ အင်ပါယာဓားဂိုဏ်းရဲ့ မျိုးဆက်သစ်လူငယ်တွေကြား
မိုးနတ်မင်းရဲ့ လက်ဆောင် ရထားတဲ့ ကျင့်ကြံသူလေ..အရင် မျိုးဆက်ဟောင်းရဲ့ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတွေနဲ့တောင် သူက အံတုနိုင်တယ်၊ ဒါတောင်မှ သူ့ရဲ့ ဓားစိတ်ဆန္ဒက ရွှေအူတိုင် ဓားသမားရဲ့ ဓားစိတ်ဆန္ဒအောက်မှာ
သုတ်သင်ခံလိုက်ရတာလား.."
"ဒီရွှေအူတိုင်ဓားသမားက ဘယ်သူလဲ...ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလိုဓားစိတ်ဆန္ဒ ကျင့်စဉ်အားဖြင့်၊ သူက ကျန်းရူယွီနဲ့ ဝမ်ချီဖုန်း တို့ထက် မနိမ့်ကျနိုင်ဘူးနော်.. ဟုတ်တယ်မလား"
များပြားလှသော ကျင့်ကြံသူများ၏ မျက်နှာများသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကာ... စိတ်အားထက်သန်စွာ ဆွေးနွေး နေကြတော့သည်။
ထိုအခိုက်မှာ လုရိီ တစ်ယောက် ဖုန်းပုမင်ကို ပြုံးပြီးပြောလိုက်သည်။
"ရောင်းရင်း၊ မင်း ကြည့်ဖို့ ဓားကွက် တစ်ကွက်ရှိတယ်၊ ထုတ်ဖော် ပြသရရင် ဘယ်လိုလဲ"
သူ စကားပြောနေစဉ်တွင် လုရီသည် သူ့လက်တစ်ချောင်းအား ညွှန်ပြလိုက်တော့ ရွှေဓား အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ဖုန်းပုမင်ဆီသို့ တည့်တည့် ဦးတည်သွားသည်။
ဖုန်းပုမင်မှာ သူ့ထံ ဖြန့်ကျက်လာသော ကြီးစိုးသည့် ဓားစိတ်ဆန္ဒအား ရင်ဆိုင်နေရစဥ် ရှောင်လွှဲ၍ မရသော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ သူသည် အသံ ခပ်နိမ့်နိမ့် အော်လိုက်ရရင်း ကျောပြင်ပေါ်တွင် အေးစက်နေသော ပုလဲလုံးခန့် ချွေးသီးများ စို့လာသည်။ ရွှေဓားအလင်းကို
ခံနိုင်ရည် ရှိအောင် ကြိုးစားရင်း နေကဲ့သို့ တောက်ပသော အဝါရောင် ဓားဒိုင်းကို
အပြည့်အဝ ထုတ်ဖော်နေရသည်။
ရွှေဓား အလင်းတန်းသည် ဓားဒိုင်းနှင့် တိုက်မိသောအခါ နားမခံသာသော မြည်ဟည်းသံကြီးထွက်ပေါ်လာပြီး ဓားအသွင် ထက်ရှသည့်ဓားချီလှိုင်းများ လွင့်ပျံလာသောအခါ သန်မာသော ဓားစိတ်ဆန္ဒ ရှိသည့် ကျင့်ကြံသူ အများအပြားမှာပင် သူတို့၏ နားစည်များ အူလာပြီး ခန္ဓာကိုယ်အနှံ့ စူးစူးရှရှ နာကျင်လာသည်ကို ခံစားလိုက်ရတော့သည်။
ကျင့်ကြံသူတို့သည် ဓားစိတ်ဆန္ဒ ထိတိုက်မှုအား ထိတ်လန့်တကြား ဖြစ်သော်လည်း မျက်လုံး မခွာနိုင်ဘဲ ကြည့်ရင်း မတတ်သာဘဲ အဆက်မပြတ် နောက်သို့ ဆုတ်နေကြရတော့၏။ မကြာမီ အခိုက်အတန့်မှာပဲ.. မမျှော်မှန်းနိုင်သော ဇွဲလုံ့လနှင့် ထက်မြက်မှုနှင့်အတူ ရွှေဓားအလင်းက
ဖုန်းပုမင်၏ ပြင်းထန်စွာ စုစည်းထားသော ဓားစိတ်ဆန္ဒအလွှာအား အသက်ရှူချိန် အနည်းငယ်မျှ ကြာမှာပင် အပိုင်းပိုင်း စိတ်ခွဲကာ ဖုန်းပုမင်ဆီသို့ ဆက်လက် တိုးဝင်လာသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။
ဖုန်းပုမင်၏ ရင်ဘတ်သို့ မထိမှန်မီ
လက်မတင်လေးအလိုမှာပဲ.. ရွှေဓားအလင်းသည် ရပ်တန့်သွားပြီး မည်သည့်အချိန်ကမျှ
မတည်ရှိခဲ့သလိုပင် ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
ထိုအချိန်မှာ လုရီက ခပ်ရေးရေး ပြုံးပြလိုက်ပြီး
"ဖုန်းပုမင် ..ရောင်းရင်း ငါ့ကို ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်"
ဖုန်းပုမင်၏ မျက်နှာ ကြွက်သားတို့ တောင့်တင်းသွားသည်။ လုရီကို တိတ်တဆိတ် အကဲခတ်ကာ
သိလိုစိတ်ကို ထုတ်ဖော်လိုက်သည်။
"မင်းက ဘယ်သူလဲ၊ ဆန္ဒ ရှိသလို ထုတ်ဖော်ပြီး ရုပ်သိမ်းနိုင်တဲ့ မင်းရဲ့ ဓားစိတ်ဆန္ဒ ကျွမ်းကျင်မှုအရဆို.. ကျန်းရူယွီနဲ့ ဝမ်ချီဖုန်းတို့တောင် မင်းကိုယှဉ်နိုင်မှာ မဟုတ်ဘူး..ဟုတ်တယ် မလား.."
ထိုအခိုက်အတန့်မှာ ကျန်းရူယွီက ပြုံးပြီး ဝင်ပြောလိုက်၏။
"မကြာသေးခင် နှစ်တုန်းက..ငါက ဂျူနီယာမောင်လေးနဲ့ ဓားရေးယှဉ်ရာမှာ ရှုံးနိမ့်ခဲ့ရတယ်.. ဒါကို ဒီနေ့အထိ နှုတ်ဆိတ်နေခဲ့တာပဲ.."
ထိုစကားအား ကြားတော့ လူတိုင်းက ယခင်ကထက်ပင် အောက်မေးရိုးများ ကျဆင်းသွားရသည်။
နတ် ဓားဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များထဲမှ ဉာဏ်ကြီးရှင် ကျန်းရူယွီက ယခင်နှစ်များက
လူသိနည်းသော ရွှေအူတိုင် ကျင့်ကြံသူလေးထံ ရှုံးနိမ့်သွားခဲ့ရသည်လား။ မည်သူကမျှ
စိုးစဉ်းမျှပင် ထင်မှတ်မထားခဲ့မိကြပါ။
ဖုန်းပုမင် ကျန်းရူယွီအား အနည်းငယ်
စိတ်မချမ်းသာဟန်ဖြင့် တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။
အကယ်၍ ကျန်းရူယွီသာ စောစောစီးစီး ထုတ်ပြောခဲ့လျှင် သူသည် ဤကောင်လေးအား
မည်သည့်အခါမျှ စိန်ခေါ်မည် မဟုတ်ပေ။
ယခုတော့ ကိုယ့်ဒုက္ခကိုယ် ရှာခြင်း ဖြစ်နေပြီ မဟုတ်ပါလော။
ထိုအခိုက်အတန့်မှာ ကျန်းရူယွီက မထုံတက်တေး ပြုံးလိုက်ပြီး
"ဂျူနီယာ မောင်လေး၊ ရှေ့ဆက်ရအောင်" ဟု နှိုးဆော်လိုက်တော့သည်။
လုရီက အနည်းငယ် ခေါင်းညိတ်ပြပြီး အကြီးအကဲမင်နှင့် အခြားနှစ်ယောက်နှင့်အတူ စင်မြင့်ကျယ်၏ အနက်ပိုင်းသို့ ဆက်လက်
တက်လှမ်းသွားခဲ့သည်။
အခန်း၂၀၃- ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တယ်...
~ ဖုန်းပုမင် နှင့် အင်ပါယာ ဓားဂိုဏ်း မှကျင့်ကြံသူ အချို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လုရီတို့ နောက်မှ လိုက်သွားကြတော့သည်။
သူတို့၏ ဓားစိတ်ဆန္ဒမှာ အထင်ကြီးဖွယ်ကောင်းလှပါသည်။ သူတို့သည် ဤဧရိယာ၌..
ရပ်တန့်ကြမည် မဟုတ်ပါချေ။ ဤနေရာ၌ ခေတ္တရပ်ကြရသည့် အကြောင်းအရင်းမှာ လုရီဓားစိတ်ဆန္ဒအား မဖွဲ့စည်းဘဲ ဓားတာအို စင်မြင့်သို့ မည်သို့ ဝင်ရောက်နိုင်ခဲ့သည်ကို သိချင်စိတ်ကြောင့်သာ ဖြစ်ပါသည်။ သူတို့သည် လုရီ၏ အရည်အချင်းကို စမ်းသပ်လိုကြခြင်းသာ။
မကြာခင်မှာ သူတို့ဟာ ဓားတာအို စင်မြင့်အတွင်းသို့ ပိုပြီး နက်ရှိုင်းစွာ ဆက် လျှောက်သွားခဲ့ကြတော့၏။
ဓားတာအို စင်မြင့် ထဲသို့ ပို၍ တိုးဝင်လာသောအခါတွင် ဓားစိတ်ဆန္ဒမှာ ပိုမိုပြင်းထန်၍ လာသည်။ လုရီအတွက် ထိခိုက်မှု မရှိဟု ခံစားမိသော်လည်း ဓားသမားအများစုမှာတော့ ၎င်းကို တောင့်မခံနိုင်တော့ဘဲ သူတို့၏ တိုးတက်မှုကို ထိုနေရာတွင် ရပ်တန့်လိုက်ကြသည်။ ဓားစိတ်ဆန္ဒ ခုနစ်ဆယ် ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုသော ဓားစိတ်ဆန္ဒအား ပိုင်ဆိုင်သော ကျင့်ကြံသူများသည်သာ ပိုမိုနက်ရှိုင်းစွာ ဆက်သွားနိုင်သည်။
ထိုအခြေအနေတွင် အများစုမှာ သက်ကြီးပိုင်းဓားသမား များ ရှိနေတော့သည်။ လူငယ်များထဲတွင် လုရီ၊ကျန်းရူယွီနှင့် ဖုန်းပုမင် အပါအဝင် အနည်းငယ်မျှသာ ရှိပါတော့၏။
သူတို့အထဲမှာ ရိုးရှင်းစွာ ၀တ်စားဆင်ယင်ထားသည့် ဓားသမားတစ်ဦးလည်း ရှိသေးသည်။သူ့ကိုယ်အား ကောင်းကင်ဘုံ တာအို ဖိအား နှင့် ဆင်တူသည့် လျှို့ဝှက်ဆန်းကြယ်မှု အရိပ်အယောင်ပင် စိမ့်ဝင်နေသော ထိုးဖောက် မြင်နေရသည့် ဓားအလင်းတစ်ခုဖြင့် လွှမ်းခြုံထားသည်။
ထိုပုဂ္ဂိုလ်က နတ်ဓားဂိုဏ်း၏ ပါရမီရှင်
တစ်ဦးအဖြစ် ကျန်းရူယွီနှင့်ထပ်တူ လူသိများသော ဝမ်ချီဖုန်းပင်။
လုရီ၏ သုံးသပ်ချက်အရတော့ ဝမ်ချီဖုန်း၏
ဓားစိတ်ဆန္ဒမှာ ကျန်းရူယွီထက် အနည်းငယ်
ပိုမိုအားကောင်းပြီး ရှစ်ဆယ် ရာခိုင်နှုန်း ကျော်သော်လည်း များများစားစား မဟုတ်ပါ။
သူ့အပြင် အရှေ့ဒေသ၏ အင်အားကြီးမားသော ဓားဂိုဏ်းများမှ ထူးချွန်သော တပည့်များစွာလည်း ရှိသေးသည်။ သူတို့သည် နတ်ဓားဂိုဏ်းနှင့်တန်းတူ မဟုတ်သော်လည်း များစွာ မနိမ့်ကျဘဲ အားလုံး၏ ကျင့်စဉ်မှာ အခြေတည် ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
အခြေတည် ဝိညာဉ်နယ်ပယ် တွင် ဓားစိတ်ဆန္ဒ ခုနစ်ဆယ် ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး၊ ၎င်းတို့သည် အရှေ့ဒေသ ဓားအခြေပြု ကျင့်ကြံသူ များကြား၌.., အနာဂတ်၏ ထိပ်တန်းစွမ်းအားရှင်များဖြစ်လာရန်အတွက် ဆက်ခံသူအလောင်းအလျာများ ဖြစ်လေသည်။
ဤသို့သော အလားအလာရှိသဖြင့် မဟာယာနအဆင့်သို့ ရောက်ရန်မှာ မြင်ကွင်းအတွင်း၌..
ရှိပြီး ဒုက္ခကို ဖြတ်ကျော်ခြင်းပင် ထိုပါရမီရှင်တို့အတွက် ဖြစ်နိုင်လေ၏။
ဤအဆင့်တွင် ကျင့်ကြံသူတို့သည် ဓားတာအို စင်မြင့်၏ အလယ်ဗဟိုအနီးသို့ ရောက်ရှိသွားကာ ကျင့်ကြံသူများသည် ဖိအားကို ခံနိုင်ရည်ရှိရန် ခက်ခဲလာသည်။
ဓားစိတ်ဆန္ဒ ခုနစ်ဆယ် ရာခိုင်နှုန်းရှိသော ကျင့်ကြံသူများသည် ဓားတာအို စင်မြင့်၏ ဓားစိတ်ဆန္ဒဖြင့် မိမိကိုယ်ကို သန့်စင်ရန် ရပ်တန့်ကာ အလားတူ နားလည်သဘောပေါက်သည့် သက်တူ ရွယ်တူများနှင့် ထိုးထွင်း အမြင်များ ဖလှယ်ခဲ့ကြသည်။
လူနှစ်ဆယ်ထက်မနည်း ဆက်လက် ချီတက်ခဲ့ကြသည်။ ခပ်လှမ်းလှမ်းအကြာတွင် ကျန်းရူယွီ ပင် ရုန်းကန်စပြုလာသည်။ ကျောက်စိမ်း ဓားနဂါးကြီးသည် အချိန်မရွေး ပြိုလဲသွားနိုင်သည့် အရိပ်အယောင်များ ပြသနေသည်။
မိန်းမလှလေး၏ မျက်နှာက ဖြူဖျော့လာပြီး ပုလဲလုံးလို ချွေးသီးတွေက နဖူးမှာ စွန်းထင်းနေသည်။
ကျန်းရူယွီ အသက် ရှူသွင်းလိုက်ပြီး လုရီအား ပြုံးပြကာ
" စီနီယာ အစ်မကတော့ ဒီမှာပဲ နေနိုင်ပါတယ်။ ကိုယ်တိုင်ပဲ ဆက်သွားတော့နော်.."
အနီးနားရှိ အကြီးအကဲမင်သည်လည်း ကြီးမားသော ဖိအားကို ခံစားခဲ့ရပြီး ပြောလိုက်တော့၏။
"ကလေးလု၊ ဒီအဘိုးကြီးလည်း ဒီမှာပဲ ရပ်နေနိုင်တယ်"
သူတို့အပြင် ဝမ်ချီဖုန်း၊ဖုန်းပုမင်နှင့် ဟင်းလင်းပြင်ဥမင် ကျင့်စဉ်ရှိ ဓားသမားအများအပြားပင် ရပ်တန့်သွားပြီး ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။
လုရီမှ လွဲ၍ ထီးထီး ရပ်တည်နေသော
ကျန်သည့် ကျင့်ကြံသူများသည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် လှပသော အမျိုးသမီး တစ်ဦးသာ ဖြစ်တော့သည်။
ဤသုံးယောက်၏ ကိုယ်မှ နက်နဲပြီး ကျယ်ပြောလှသော အရှိန်အဝါတို့ ထွက်ပေါ်နေသည်။ သူတို့အားလုံးသည် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများ ဖြစ်သည်။
နတ်ဓားဂိုဏ်းတွင် ဟင်းလင်းပြင်ဥမင် ကျင့်စဉ်အထိ ဓားသမားများသာလျှင် ဓားတာအို စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်သည်ဟု စည်းမျဉ်းများ
သတ်မှတ်ထားသည်။ ပေါင်းစည်းရေးနယ်ပယ် ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုတွင် အားကောင်းလွန်းသည်။ ဓားစိတ်ဆန္ဒ ဖိအားကို ချိုးနှိမ်နိုင်သော်လည်း ဓားတာအို၏ ဖိအားကို သူတို့ မခံစားရဘဲ သန်မာစေမှု ဖြစ်စဉ်မှ အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်ပေ။
ထိုသို့သာ မဟုတ်ပါက ပေါင်းစည်းရေးနယ်ပယ် ဓားသမားများတောင်မှ ဓားတာအို စင်မြင့်အား စိန်ခေါ်နိုင်ပါသည်။ ဤဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ သုံးဦး၏ ဓားစိတ်ဆန္ဒသည် အလွန်ပြင်းထန်သည်။ သူတို့၏ ဓားစိတ်ဆန္ဒမှာကိုးဆယ် ရာခိုင်နှုန်းကျော် ကျော်လွန်သွားကြောင်း လုရီ ခံစားနိုင်ပါ၏။
သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို ပြီးပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဓားဖြင့် သန့်စင်ရန် ဓားတာအို စင်မြင့်သို့ ရောက်ရှိလာဖွယ် ရှိသည်။
လုရီက သူတို့သုံးဦးကို ဘယ်သူဘယ်ဝါဟု
အတပ် မသိသော်လည်း ဟင်းလင်းပြင်ဥမင်နယ်ပယ်တွင် ထိုဓားစိတ်ဆန္ဒကို နားလည်နိုင်စွမ်းအား ထောက်ရှုရလျှင် ထိုသူတို့သည် အရှေ့ဒေသတွင်ပင် အလွန်ရှားပါးသော ပုဂ္ဂိုလ်များ
ဖြစ်ရပါမည်။
ဤအခိုက်အတန့်တွင် ထိုဟင်းလင်းပြင်ဥမင်
ဓားသမားသုံးဦးသည် လုရီကို ရှုပ်ထွေးသောအမူအရာများဖြင့် အကဲခတ်လာကြသည်။
ဤကောင်လေးက ရွှေအူတိုင် နယ်ပယ်တွင်သာရှိခဲ့ပြီး ယခု သူသည် ဤ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူသုံးဦးနှင့် ဘေးချင်းကပ်ရပ်နေခဲ့သည် မဟုတ်ပါလော။
သူတို့သာ မကဘဲ ဓားတာအို စင်မြင့်အပြင်ဘက်မှာ ဓားသမားများသည်လည်း ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်လောက်အောင် လန့်သွားကြပါ၏။ ရွှေအူတိုင် ကျင့်ကြံသူလေးက ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ အများအပြားကို ဓားစိတ်ဆန္ဒတွင် ထိုကဲ့သို့သော အဆင့်သို့ ရောက်အောင် မည်သို့ကျော်သွားနိုင်သည်ကို
သူတို့သည် စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်ကြပါပေ။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ သုံးဦးသည် လုရီကို ညင်သာသော အမူအရာဖြင့် စောင့်ကြည့်ခဲ့သည်။ အကြောင်းမူကား..ထိုသို့သော ဓားစွမ်းရည်သည် အံ့မခန်းပင် ဖြစ်ချေသည် မဟုတ်ပါလော။
ခမ်းနားသည့် ဓားရှည် တစ်လက်ကို ကျောမှာ ချိတ်ဆွဲထားသော မိန်းမချောသည် ရယ်မောက
နူးညံ့သော ဟန်ပန်ဖြင့် လုရီအား မေးလိုက်သည်။
" ကောင်လေး၊ နင်.. ဒီထက်ပိုပြီး စင်မြင့်ရဲ့ အနက်ပိုင်းကို သွားလို့ ရသေးလား"
သူမ စကားကြောင့် ကျန်နှစ်ယောက်ကလည်း
လုရီကို စိတ်ဝင်တစား ကြည့်လာကြ၏။
လုရီသည် အသာ ပြုံးပြီး ခေါင်းညိတ်ကာ
တုံ့ပြန်လိုက်သည်။
"ကျွန်တော် စီနီယာတို့ သုံးယောက်နဲ့
ယှဉ်လျှောက်လို့ ရပါသေးတယ်"
"ဟားဟားဟား။ ငါတို့ရဲ့ အရှေ့ဒေသမှာ ဒီလို ဆန်းကြယ်တဲ့ ပါရရှင် တစ်ယောက် ပေါက်ဖွားလာတာဟာ တကယ့်ကို ပျော်စရာ အဖြစ်အပျက်ပဲဟေး..."
ဓားနှင့် ထက်မြသော မျက်ခုံးတန်းများနှင့် ကြယ်ရောင် တောက်ပသည့် မျက်လုံးများ ပိုင်ဆိုင်ထားသော လူလတ်ပိုင်း လူချောက ရဲရင့်သော အမူအရာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောရင်း ဆက် ပြောသည်။
"အဲ့ဒီလိုသာဆို ဒီထက်ပိုပြီး နက်နက်နဲနဲ လေ့လာကြည့်ရအောင်ကွာ..."
အခန်း၂၀၄-တာအိုကို ပေါင်းစည်းခြင်း ...
~ အရှေ့ တူရူတွင် အလွန်အစွမ်းထက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် ဓားစိတ်ဆန္ဒများ ပါရှိသော ဓားမျိုးစုံဖြင့် ထူထပ်သော ဓားတောအုပ်တစ်ခု တည်ရှိနေပါသည်။
ဤနေရာမှ ထွက်ခွာသွားသော ပြင်းထန်သည့် ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ၏ ကိုယ်ပိုင်ဓားများ ဖြစ်နိုင်သည်ဟုပင် လုရီ သံသယဖြစ်မိသည်။
ဟင်းလင်းပြင်ဥမင် ဓားတန်ခိုးရှင် သုံးယောက်နှင့်အတူ လုရီသည် ခြေလှမ်း တစ်လှမ်းချင်းစီ တိုင်းတွင်... ပိုမို နက်ရှိုင်းစွာ တိုးဝင်လာပြီး ပတ်ဝန်းကျင် ဓားစိတ်ဆန္ဒမှာ ပိုမို၍ ထုထည် ကြီးမားလာသည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ သုံးဦး၏ ဓားစိတ်ဆန္ဒမှာ ကိုးဆယ် ရာခိုင်နှုန်းကျော်
ရှိသော်လည်း ဖိအားကို တဖြည်းဖြည်း ခံစားလာရတော့သည်။
သို့တိုင် လုရီမှာမူ ငြိမ်သက်နေခဲ့လေ၏။
သူ့ဓားစိတ်ဆန္ဒက ပြီးပြည့်စုံနေပြီ ဖြစ်သည့်အလျောက် ဓားစိတ်ဆန္ဒ ကိုးဆယ်ရာခိုင်နှုန်းတောင်မှ သူ့အတွက် အသေးအဖွဲပုံ ပေါက်ပါသည်။
သို့သော်၊ ဉာဏ်အလင်းအနည်းငယ်ရလာသကဲ့သို့ ဓားတာအို စင်မြင့်ပေါ်ရှိ ဓားစိတ်ဆန္ဒဖြင့် သူ၏ ဓားစိတ်ဆန္ဒမှာ လှုံ့ဆော်ခံလိုက်ရသည်ကို ခံစားရနိုင်သည်။ ယင်းကြောင့် လုရီသည် ဓားတာအို စင်မြင့်၏ အဓိက ဧရိယာသို့ ရောက်ရှိလာခြင်းက ဓားတာအိုတွင် သူ၏ ပိုင်နက်ကို အမှန်တကယ် ပေါင်းစည်းနိုင်ဖို့ အကူအညီ ဖြစ်စေမည်လား ဆိုသည့်အချက်အပေါ် စိတ်လှုပ်ရှားလာခဲ့၏။
သူနှင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ
သုံးယောက်သည် မလှမ်းမကမ်းတွင် လျှောက်ရင်း ပိုမိုနက်နဲစွာ ချင်းနင်းဝင်ရောက်လာကြသည်။ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ သုံးဦးသည် ယခုအခါ နဖူးမှ ချွေးများ ထွက်လာကာ မျက်ခုံးပင့်လိုက်ကြသည်။
သုံးယောက်သား ငြိမ်သက်နေသည့်ပုံပေါက်နေသော လုရီအား မသိမသာ ကြည့်လိုက်ပြီး အကြည့်ချင်း ဖလှယ်ကာ ကိုယ်စီ၏ မျက်လုံးများအတွင်း အံ့သြရိပ်တို့အား မြင်လိုက်ကြရသည်။
ချောမောလှပသော အမျိုးသမီးက ဖြည်းညှင်းစွာ ပြောလာသည် ။
"မောင်ငယ်လေး၊ မင်းမှာ ယှဉ်ပြိုင်ဖို့ ခွန်အားရှိသေးလား"
ကျန်ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ နှစ်ဦးသည်လည်း လုရီ၏ အဖြေကို စောင့်ဆိုင်းရင်း သူ့ထံ
အကြည့်များ ရောက်ရှိလာကြသည်။
လုရီသည် ပစ္စုပ္ပန် အခိုက်အတန့်သို့ အသိပြန်ဝင်လာကာ သုံးယောက်သား သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရတော့ သူက အနည်းငယ် ပြုံးလိုက်ပြီး ဖြေလိုက်၏။
"ဟုတ်ကဲ့၊ ဒီဂျုနီယာမှာ အားအင်တွေ ကျန်ပါသေးတယ်"
မူလက လုရီသည် သူ၏စွမ်းရည်များကို ဖုံးကွယ်ရန် မစဉ်းစားခဲ့ပေ။
အကြောင်းမူကား သူသည် နတ်ဓား ကျောက်တိုင်အောက်ရှိ ဓားတာအို ကို ဆင်ခြင် သုံးသပ်ရန် ဖိတ်ခေါ်ခံရလောက်အောင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်ပါသည်။ ဤအခွင့်အရေးသည် သူ့ အတွက် အလွန်အရေးကြီးနေသေးသည်။
သူ့အတည်ပြုချက်ကိုကြားတော့
စီနီယာ သုံးယောက်လုံး အံ့သြသွားကြသည်။
"မင်းရဲ့ဓားစိတ်ဆန္ဒက ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီလား။"
သူရဲကောင်း ပီသသော ဟန်ပန်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက တုန်လှုပ်ခြောက်ခြားစွာဖြင့် ထုတ်မေးလိုက်တော့သည်။
လုရီက ပြုံးပြီး ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့၊ အဲ့ဒိီကို ရောက်ပါတော့မယ်ဗျ"
“အလို…”
ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူ သုံးဦးသည်ယ မှင်သက်သည့် ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အာမေဍိတ် တလိုက်ကြရသည်။
သုံးယောက်သား မတိုင်ပင်ထားဘဲ အကြည့်ချင်း ဖလှယ်ကြပြန်ပြီးနောက် စာပေသမား ပုံစံနှင့် အခြားလူက သက်ပြင်းချကာ ပြောလိုက်လေသည်။
"ငါတို့တွေ... ရွှေအူတိုင် နယ်ပယ်က ဂျူနီယာ
လေးတစ်ယောက်နဲ့ ယှဉ်တောင် မယှဉ်နိုင်ဘူးလို့ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့မိဘူး.."
ချောမောလှပသော အမျိုးသမီးနှင့် သက်လတ်ပိုင်း အမျိုးသားတို့ကလည်း မျက်နှာထက်ဝယ်..ခါးသီးသော အပြုံးများ ပွင့်ဟလာသည်။
ထိုအခိုက်အတန့်မှာ အမျိုးသမီးက ခေါင်းခါပြီး
“ကျွန်မကတော့ ကျွန်မရဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီ... ဒီမှာပဲ နေပြီး ကျွန်မရဲ့ ဓားစိတ်ဆန္ဒကို အရောင်တင်တော့မယ်ရှင် ” ဟု ပြောလိုက်လေသည်။
"ဟားဟား၊ နတ်မိမယ် ယောင်၊ ကျုပ် မင်းနဲ့ အဖော်ပြုမယ်...ဒါက တာအို ဆွေးနွေးဖို့ အခွင့်ကောင်းပဲ" ဟု သူရဲကောင်း ပီသသော ဟန်ပန်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်မောကာ ထောက်ခံလိုက်သည်။
စာပေသမား အသွင်အပြင်နှင့် အခြားလူလည်း ပြုံးပြီး ဝင်ရေယက် ပြောဆိုလာသည်။
"ဒါဆို တာအို အတူတူ ဆွေးနွေးကြစို့လေ.."
စာပေသမားက လုရီအား မျက်နှာချင်းဆိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးပြကာ မေးလိုက်၏။
"ညီငယ်လေး၊ မင်းနာမည် ဘယ်လို ခေါ်လဲကွ"
ထိုအခါ လုရီ ပြုံးလိုက်ပြီး
"ဒီဂျူနီယာလေးရဲ့ နာမည်က လုရီလို့ ခေါ်ပါတယ်"
စာပေသမား အသွင်အပြင်နှင့် အခြားလူက
လုရီ၏ ပခုံးကို ဖော်ရွေစွာ အသာ ပုတ်လိုက်ရင်း တစ်ချက် ရယ်ကာဖြင့် ပြောလိုက်သည်။
"လုရီ..လုရီ..ဟားဟား...နာမည်ကောင်းပဲ၊ အစ်ကိုကြီးတို့ သုံးယောက်က မင်းနဲ့ ထပ်မလိုက်နိုင်တော့ဘူး၊ မင်း ဘယ်လောက်ဝေးဝေး
သွားမလဲ ငါတို့ ငေးရတာပေါ့ကွာ"
ဟင်းလင်းပြင်ဥမင်နယ်ပယ် ဓားသမား ဖြစ်ပြီး ဓားစိတ်ဆန္ဒ ကိုးဆယ်ရာခိုင်နှုန်းကျော်ကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ခြင်းကြောင့် သူတို့ရှေ့မှောက်မှ ဤကောင်လေး၏ အရည်အချင်းသည် မည်မျှထိတ်လန့်စရာ ကောင်းကြောင်း ကောင်းကောင်းကြီး နာစလည်ထားလေရာ.... ဤသို့ ဖော်ရွေသော ဆက်ဆံမှုကို ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်။
ဤကောင်လေး၏ အရည်အချင်းကြောင့် ယခု ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ခြင်းသည် မဝေးတော့သော အနာဂတ်တွင် မိမိတို့အတွက် များစွာသော ဆုလာဘ်များ ဆောင်ကြဉ်းလာနိုင်သည်။
ပြောရလျှင် ဒါက ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါ၏။
အခြားသော ဟင်းလင်းပြင်ဥမင်နယ်ပယ် ဓားသမာ နှစ်ယောက်၏ အပြုအမူသည် သဘာဝအတိုင်းပင် စာပေသမားနှင့် တူညီသော အတွေး ရှိခဲ့သည်။
လှပသောအမျိုးသမီး၏ မျက်နှာထက်ဝယ် လှပသော အပြုံးတစ်ပွင့် ခိုတွဲလာပြီး သူမက နောက်ပြောင်မှုတစ်ဝက်..အလေးအနက်ထားမှု
တစ်ဝင်ဖြင့် ..မေးလာသည်။
"မောင်ငယ်လေး၊ နင့့်မှာ တာအို. လက်တွဲဖော် ရှိပြီလား။ ဒီအစ်မတို့ရဲ့ ကျောက်စိမ်းဓားဂိုဏ်းရဲ့ ပါရမီရှင် ယွီဝေဝေ..ဒီ အနီးနားမှာ ရှိတယ် နော်၊ နင်တို့ နှစ်ယောက် ခင်ခင်မင်မင် စကားပြောလို့ရတယ်။ အစ်မတို့ရဲ့ ကျောက်စိမ်းဓားဂိုဏ်းရဲ့ အမွေအနှစ် တစ်ခုဖြစ်တဲ့.. ကျောက်စိမ်း
နတ်မိမယ် စွမ်းရည်မှာ ဆိုရင် သိမ်မွေ့နက်နဲတဲ့
တူနှစ်ကိုယ် ကျင့်စဉ်လျှို့ဝှက်သိုင်းတွေ ပါ၀င်တယ်နော်..."
ထိုသို့ ပွင့်လင်းစွာ ပြောလာသောအခါ လုရီမျက်နှာမှာ အနည်းငယ် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်သွားသည်။
..ဒါက တာအို လက်တွဲဖော်ကို မိတ်ဆက်ပေးနေတာလားဟ။.. ဖူးစာဖက် ရှာပေးတဲ့ ကုမ္ပဏီ တစ်ခုလိုကြီး..ဘာလို့ခံစားနေရပါလိမ့်..
သို့သော်လည်း အတွင်းစိတ်မှာ တွေးတောရင်း လုရီက ပြုံးရုံသာပြုံးပြီး သူငယ်ချင်းဖြစ်နိုင်ပါသည်ဟု ပြန်၍ တုံ့ပြန်ခဲ့လိုက်သည်။
တာအို လက်တွဲဖော်နှင့် စပ်လျဉ်း၍မူ..သူ့အနေနှင့် စစ်မှန်သော နှလုံးသားခံစားချက် ပါဝင်သည့် ဆက်ဆံရေးကို မျှော်လင့်ထားသည်ဟု ဆိုရပါမည်။
တူနှစ်ကိုယ် ကျင့်စဉ်များနှင့် ပတ်သက်၍ သူ့အနေနှင့် စူးစမ်းလိုစိတ်ရှိသော်လည်း ခံစားချက်မပါဘဲနှင့်မူ အဓိပ္ပါယ်မဲ့လေသည် မဟုတ်ပါလော။ ပန်းတစ်သောင်းဂိုဏ်း၏ ဘိုးဘေး၏ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းကြောင့် လုရီ အနည်းငယ် စိတ်လှုပ်ရှားမိကြောင်း ဝန်ခံရပါမည်။
ထို့နောက် လုရီက ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူ သုံးဦးအား နှုတ်ဆက်ကာ အနက်ပိုင်းသို့ ဆက်လက် လျှောက်လှမ်းခဲ့တော့သည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ သုံးဦးသည် တင်ပျဉ်ခွေထိုင်ကာ တာအို ဆွေးနွေးမှုအား ချက်ချင်း မစသေးဘဲ လုရီ၏ ထွက်ခွာသွားသော ကျောပြင်အား မျှော်ကြည့်ကာ သူ..
မည်မျှအထိ သွားနိုင်မည်လဲ ဟူသော အချက်ကို အလွန်အမင်း သိလိုစိတ် ပြင်းပြနေကြတော့သည်။
သူတို့ သုံးယောက်သာ မကပါချေ။ အဝေးမှ ဓသမားများသည်လည်း လုရီ၏ အနေအထားကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း
နတ်ဓားဂိုဏ်း၏ လက်ရှိ ဂိုဏ်းခေါင်းဆောင် နှင့် အကြီးအကဲများ အပါအဝင် ဓားတာအိုစင်မြင့်အပြင်ဘက်ရှိ ပရိသတ်များသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ကြရပြီး ထပ်တူ သိချင်နေကြပါသည်။
လုရီသည် မယုံနိုင်စရာကောင်းလောက်အောင် မြောက်မြားစွာသော ပြင်းပြသည့် ဓားစိတ်ဆန္ဒအား ပိုင်ဆိုင်သည့် ဟင်းလင်းပြင်ဥမင်နယ်ပယ် ပုဂ္ဂိုလ်များအား မယုံကြည်နိုင်ဖွယ် ကျော်ဖြတ်ခဲ့သော ရွှေအူတိုင် ကျင့်ကြံသူလေး ဖြစ်သောကြောင့် လူတိုင်း၏အာရုံကို ဖမ်းစားထားပါသည်။
ဤအခိုက်အတန့့်တွင် လုရီသည် မရပ်တန့့်သေး။ လူတိုင်းက သူဘယ်လောက်ဝေးဝေးသွားနိုင်မည်ကို ထက်ထက်သန်သန် ဆွေးနွေးပြီး ထင်ကြေးပေးနေကြတော့၏။
လုရီသည် အရှေ့သို့ တိုးလာကာ ခြေလှမ်းများ က ပေါ့ပါးနေဆဲ ဖြစ်သည်။ သူ့ပတ်၀န်းကျင်ရှိ ဓားစိတ်ဆန္ဒသည် သူ့အပေါ် အုပ်မိုးထားသည့် တောင်တန်း တောင်စိုင်သဖွယ် ဖိစီးနေသည်။
သို့တိုင် သူသည် တုန်လှုပ်ခြောက်ခြားမှု အလျဉ်း မရှိခဲ့ပေ။
သူ တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်လာသည်နှင့်အမျှ ဓားများ၏ ဓားစိတ်ဆန္ဒမှာ ပိုမိုအားကောင်းလာပြီး ပတ်ဝန်းကျင်ရှိ ဓားများသည် ပို၍...ပို၍ သိပ်သည်းလာသည်။ ဟင်းလင်းပြင်၌.. ဓားစိတ်ဆန္ဒသည် လေထုထဲတွင် လူးလာ..ကူးခတ်နေသော ငါးများကဲ့သို့ ပုံသဏ္ဍာန်အဖြစ်သို့ပင် စုပုံလာသည်။
ထိုအခြေအနေအတွင်း လုရီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်ဓားအလင်းတန်းတစ်ခု လွှမ်းခြုံလာပြီး အင်မော်တယ် ဓားစိတ်ဆန္ဒက လှည့်ပတ်နေကာ ရွှေရောင်အလင်းတန်းက သူ့ကို ဓားများ၏ သြဇာလွှမ်းမိုးမှုမှ ကာကွယ်ပေးသည်။
ပတ်ဝန်းကျင်ဓားများ၏ ဓားစိတ်ဆန္ဒ အားကောင်းလေ..လုရီ ပတ်လည်ရှိ ဓားအလင်းသည် အကန့်အသတ်မရှိ အားကောင်းလာလေဖြစ်ပါတော့သည်။
မကြာမီတွင် ပတ်ဝန်းကျင် ဓားစိတ်ဆန္ဒ၏ ပြင်းထန်မှု ကိုးဆယ့်ငါးရာခိုင်နှုန်းအထိ
မြင့်တက်လာသော်လည်း လုရီ၏ အမူအရာမှာ ငြိမ်သက်သော ကန်ရေပြင်အလား. တည်ငြိမ်နေခဲ့သည်။
ဤမြင်ကွင်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်မှာတော့ နတ် ဓားဂိုဏ်းမှ ရှင်းကျိုးကျောင်း ကဲ့သို့သော မဟာယာန ပုဂ္ဂိုလ်ကြီးများ အတန်ငယ် ငြိမ်သက်မနေနိုင်တော့ပေ။
"ဒါက တကယ်ကို ထိတ်လန့်စရာပဲ၊ ကိုးဆယ့်ငါးရာခိုင်နှုန်း ဓားစိတ်ဆန္ဒရဲ့ ဖိအားကတောင်မှ...ဒီလူငယ်ကို အမူအရာပျက်အောင်
မစွမ်းဆောင်နိုင်တာလား..."