← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း၂၀၅-တာအိုကို ပေါင်းစည်းခြင်း ...

~"ဒီကလေးဟာ ကန့်သတ်ချက်ကို မရောက်သေးပုံပဲ ၊ကြည့်ရတာ..သူ့ရဲ့ ဓားစိတ်ဆန္ဒ ကျင့်စဉ်က ကိုးဆယ့်ငါး ရာခိုင်နှုန်းကို ကျော်နိုင်ချေ ရှိတယ်။ သူ့ရဲ့ ကန့်သတ်ချက်က ဘယ်မှာများလဲ"

သာမာန် ကျင့်ကြံသူများအား မဆိုထားပါနှင့်။

ဓား တာအို ပိုင်နက်ကို ကျွမ်းကျင်သော

မဟာယာန ကျင့်ကြံသူများပင်လျှင် အကြီးအကျယ် မှင်သက်သွားကြရသည်။

ထိုအချိန်မှာ ပိုပြီးတော့လည်း ဆွေးနွေးမှုများ အုံကြွလာတော့သည်။

လျိုနင်ရွှမ်းသည် လေထဲတွင် လွင့်မျောကာ ဓားတာအို စင်မြင့်၏ အလယ်ဗဟိုတွင် ရှိနေသော

လုရီအား ကြည့်နေသည်။ သူမ၏ အေးစက်သော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက်ကလေး ထွက်ပေါ်လာသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ အံ့သြမှု အရိပ်အယောင်မျှ လှိုင်းမထခဲ့ပေ။

လုရီမှာ ရှဲ့ယွီနှင့် သူ၏ ယခင်တိုက်ပွဲတွင် ထူးခြားသော တိုက်ခိုက်ရေး စွမ်းအားကိုပြသခဲ့သည် ဖြစ်၏။ နတ်ဘုရား အသွင်ပြောင်း နယ်ပယ်အား ရွှေအူတိုင် အဆင့်ဖြင့် အသေသတ်ကာ အဆင့်နိမ့် လက်နက်အား လက်ဗလာဖြင့်ပင် ဖြိုခွဲပြခဲ့သေးသည်လေ။ မည်မျှလောက်ပဲ ထူးခြားနေပါစေ ၊ လျိုနင်ရွှမ်းအနေနှင့် သူမ၏ ဆရာတူမောင်လေးအတွက် ထိုအခြင်းအရာက

ပုံမှန်ပဲ ဖြစ်လေသည်ဟု ခံစားရပါသည်။

သိပ်မကြာခင်မှာပဲ..လုရီသည် ဓားတာအိုစင်မြင့် ၏ ကိုးဆယ့်ခြောက် ရာခိုင်နှုန်းသော ဓားစိတ်ဆန္ဒ နေရာသို့ ရောက်ရှိလာသောအခါ လူအုပ်၏ အာမေဋိတ်သံများ ပိုမိုကျယ်လောင်လာတော့သည်။

လုရီမှာ ထိုနေရာတွင် မရပ်နေဘဲ ကိုးဆယ့်ခုနစ် ရာခိုင်နှုန်း နှင့် ကိုးဆယ့်ရှစ် ရာခိုင်နှုန်းအားလည်း မြန်မြန်ဆန်ဆန် ကျော်တက်သွားပြီး ..ဗဟိုချက်မနှင့် အနီးဆုံး ဧရိယာသို့ ပေါ့ပေါးသော ဟန်ပန်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။

ဤနေရာများတွင်မူ အမှန်တကယ်ကျယ်ဝန်းသည် မဟုတ်တော့ပေ။ ဓားစိတ်ဆန္ဒ ပြောင်းလဲမှုတစ်ခုစီသည် မီတာ တစ်ဒါဇင်ခန့်သာ ကွာပါသည်။ သူ ရပ်နေသည့်နေရာသည် ဗဟိုချက်မနေရာမှ မီတာသုံးဆယ်ခန့်၌ တည်ရှိသည်။

ဗဟိုချက်မ ဧရိယာတွင် သာမန်ပုံစံ ပေါက်သော ကြေးဝါဓားရှည် တစ်လက်အား ချိတ်ဆွဲထားသည်ကို မြင်လိုက်ရတော့၏။

ဤဓားရှည်သည် အတော်ပင် ရှေးဟောင်း ဆန်လှပြီး ၎င်း၏ ဓားသွားသည် အထူးထက်မြက်ခြင်း မရှိပေ။ ၎င်းသည် သိသိသာသာ ထက်မြက်ပြီး ရှည်လျားသော ဓားရှည်များ စီရင်ထားသော ပတ်၀န်းကျင်ရှိ ဓားရှည်များနှင့် လုံးဝ ကွဲပြားနေပါသည်။

သို့သော် လုရီအတွက်၊ ဤကြေးဝါ ဓားရှည်သည် နတ် ဓားဂိုဏ်း၏ အလယ်ဗဟိုတွင် ‌အာကာပြင်အား ထိုးခွဲ၍ တည်ရှိနေသည့် ကြီးမားသော ကျောက်ဓားရှည်ကြီးနှင့် ဆင်တူလေသည်။

ဤဓားရှည်အတွင်း ပါရှိသော ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံခြင်း နယ်ပယ်ကို ဖော်ဆောင်ပြီး စစ်မှန် လောက ပြန်လည် ရောက်ရှိခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူ့မျက်လုံးများအတွင်း အံ့အားသင့်မှုနှင့်အတူ..

သဘောကျရိပ်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

ဤသည်မှာ သူ့အနေနှင့် အခြားသူ၏ ပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒကို ပထမဆုံး တွေ့ဖူး ခြင်း ဖြစ်ပါသည်။ သို့ဖြစ်လေရာ ၎င်းကို နားလည်နိုင်လျှင် မိမိ၏ ဓားတာအို ပိုင်နက်ကို ခိုင်မာစေရေးအတွက် များစွာ အကျိုးရှိမည် မဟုတ်ပါလော။

လုရီသည် ခြေလှမ်းအနည်းငယ် လျှောက်ကာဖြင့် ကိုးဆယ့်ရှစ် ရာခိုင်နှုန်းနှင့် ကိုးဆယ့်ကိုး ရာခိုင်နှုန်းနေရာများကို ဖြတ်ကျော်ကာ ကြေးဝါ ဓားရှည်ရှေ့သို့ ရောက်ရှိလာသည်။

သူသည် ကြေးဝါဓားရှည်ကို လှမ်းကိုင်ပြီး ထိရန် ကြံရွယ်လိုက်၏။ ထိုအချိန်တွင် ခေါင်းထဲ၌ အကြံတစ်ခု ရိုက်ခတ်လာ၍ လက်သည် လေထဲ၌ ရပ်တန့်သွားသည်။ထိုစဉ် သူ့ကိုယ်သူ အသံတိတ်ကြုံးဝါးလိုက်၏။

"ဓားတာအို စင်မြင့်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကြေးဝါ ဓားရှည်ကို ငါ ထိလိုက်မယ်"

သူ၏ အသိစိတ်ပင်လယ်၌ စာသားများ တောက်ပလာတော့သည်။

[အလုပ်]

ဓားတာအို စင်မြင့်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ ကြေးဝါ ဓားရှည်ကို ထိပါ။

ဆုလာဘ်- ဓားတာအို ဉာဏ်အလင်း ပွင့်မှုအတွက် အခွင့်အရေး..။

အလုပ်အား လက်ခံပါ- လက်ခံမည်လား/ ငြင်းမည်လား။

..ဒီလိုလည်း ဖြစ်နိုင်တယ်လား။..

လုရီသည် သူ့စိတ်အတွင်း၌ ရွှင်လန်းမှုခံစားချက်တို့ တစ်ဟုန်ထိုး ခံစားလိုက်ရသည်။ သူ လက်ရှိ ရပ်နေသည့် နေရာတွင် ရောက်လာနိုင်ရန် ပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒ ရှိရန် လိုအပ်ချေသည်။ ဓားတာအို စင်မြင့်၏ အလယ်ဗဟို၌ တည်ရှိသည့် ကြေးဝါဓားရှည်ကို ထိခြင်းမှာလည်း အလားတူ ခက်ခဲသော အလုပ်ပင် ဖြစ်ပါသည်။

အလုပ်အတွက် ဆုလာဘ်သည် မယုံနိုင်လောက်အောင် ရက်ရောပြီး ဓားတာအို ဉာဏ်အလင်းပွင့်မှုအတွက် တိုက်ရိုက်အခွင့်အရေးကို ပေးဆောင်လာချေသည်။

တစ်စက္ကန့်မျှ မတွေးနေဘဲ လုရီ ထိုအလုပ်ကို လက်ခံလိုက်တော့သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ ကြေးဝါဓားရှည်၏ ဓားရိုး လက်ကိုင်ကို ထိတွေ့လိုက်ပါသည်။

ထိုသို့ လုရီက ဓားရိုးကို ထိတွေ့လိုက်သည့်

အခိုက်အတန့်မှာပင်.. ဓားတာအို စင်မြင့်မှာ

တခဏမျှ ထူးထူးခြားခြား ငြိမ်ကျသွားသည်။ စင်မြင့်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည်

ဓားတာအို စင်မြင့်၏ ဓားစိတ်ဆန္ဒကို တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်

ရသည်။

ထန်....

ထို့နောက်တွင် အလွန်တရာ ရှင်းလင်း ပြတ်သားပြီး ပဲ့တင်ထပ်လာသော ဓား၏ အော်မြည်သံ

တစ်ခု ထွက်ပေါ်လာသည်။ ဓားတာအို စင်မြင့်၏ အလယ်ဗဟိုတွင်..ကြေးဝါဓားရှည်သည် ကြေးဝါရောင် အလင်းတန်းအား ထုတ်လွှတ် နေသည်။ ရုတ်ချည်းပင်.. ပြင်းထန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် ကြေးဝါရောင် အလင်း တိုင်ကြီးတစ်ခုအသွင် ..ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သို့

တဟုန်ထိုး ပျံတက်ကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် တိမ်သား တိမ်စိုင်များကို

ဟိုတစ်စ သည်တစ်စ ကျဲဖြန့်လိုက်သည်။

ကောင်းကင်၌ ရစ်ခွေနေသော ငွေမင်ရောင် တိမ်တိုက်ဖြူများကလည်း တခဏချင်းဖြင့် ကြက်ပျောက် ငှက်ပျောက် ပျောက်ဆုံးသွားကြ တော့၏။ ဓားတာအို စင်မြင့်ပေါ်ရှိ ဓားများအားလုံးက ချုပ်ထိန်း၍ မရသောအရှိန်ဖြင့် တရစပ် တုန်ခါလာသည်။

ဓားတာအို စင်မြင့်ပေါ်ရှိ ကျင့်ကြံသူအားလုံး အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြလေသည်။

"အလိုလေး.. ဘာတွေဖြစ်နေတာလဲ.. ဘာတွေ.. ဖြစ်တာလဲ?!"

"ဗဟို နယ်မြေရဲ့ အခြေအနေက ဘယ်လို အခြေအနေကြီးလဲ၊ ဒီလို ကျောချမ်းစရာ

ဓားစိတ်ဆန္ဒက ဘယ်လို ပေါ်ပေါက်လာတာပါလိမ့်..."

ဓားတာအို စင်မြင့်၏ အစွန်အဖျားတွင် ရှိနေသည့်အတွက် သူတို့မှာ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ သဘာဝကျကျ နားမလည်နိုင်ပေ။ ကျန်းရူယွီ ၊ အကြီးအကဲမင် ၊ဖုန်းပုမင်နှင့် အခြားသူများကဲ့သို့ ဗဟိုနှင့် နီးစပ်သူများပင် မသိ၊နားမလည် ကြပါ။

ဓားစိတ်ဆန္ဒ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသို့ ရောက်ရှိနေသည့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ သုံးယောက်ကသာ ယင်းအခြေအနေကို နားလည်ကြပါ၏။

ဤအခိုက်အတန့်တွင် သူတို့သည် အဝေးမှ ကြေးဓားရှည်အား ကိုင်စွဲထားသော လုရီကို

စူးစ်ိုက်ကြည့်ကာ အကြီးအကျယ် မှင်သက်သွားရပြီး စကားမပြောနိုင်လောက်အောင်ပင် တုန်လှုပ် သွားကြတော့သည်။

သူတို့ သုံးယောက်သာ မကဘဲ လုရီအား အာရုံစိုက်နေကြသော ကောင်းကင်ယံမှ ကျင့်ကြံသူများသည်လည်း ပြင်းထန်စွာ ဖရိုဖရဲ ဖြစ်သွားကြသည်။

"ကျုပ် အမြင် မှားမြင်မိတာလား။ အဲဒီရွှေအူတိုင် နယ်ပယ် ကျင့်စဉ်ပဲ ရှိတဲ့ ကလေးက ဓားတာအို စင်မြင့်ရဲ့ အဓိကနေရာကို ရောက်သွားတာ ဟုတ်မှ ဟုတ်ရဲ့လားဗျာ။"

"ဒီဓားစိတ်ဆန္ဒက ကြောက်စရာကောင်းလွန်းတယ်။ အဲဒါက ကောင်းကင်မှာ အပေါက်ဖောက်နိုင်သလိုပဲ။ ဒီအကွာအဝေးကနေတောင် ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ ထုံကျင်နေသလို ခံစားနေရပြီ၊

ဒီလူငယ်က ဒီလိုဓားစိတ်ဆန္ဒနဲ့ ရင်ဆိုင်နေရတာတောင်မှ လုံးဝ အေးအေးဆေးဆေး ဖြစ်နေနိုင်တယ်..အံ့ပါရဲ့..."

"မိုးနတ်မင်းရေ... ဒီချာတိတ်ရဲ့ ဓားစိတ်ဆန္ဒက ပြီးပြည့်စုံခြင်း နယ်ပယ်ကို အမှန်တကယ်ရောက်ရှိသွားပြီလား?? အဲဒါမှ လွဲရင် တခြားအကြောင်းပြချက်ကို ဒီအဘိုးကြီးက တကယ့်ကို မတွေးနိုင်တော့ပါဘူး။"

"ဒါပေမယ့် သူက ရွှေအူတိုင်လေးပဲ !ရွှေအူတိုင် နယ်ပယ်လေးနဲ့ သူက ပြီးပြည့်စုံခြင်း နယ်ပယ် အတွက် ဓားစိတ်ဆန္ဒကို ဆုပ်ကိုင်ထားတာလား..ဒီကလေးရဲ့ ဓားစွမ်းရည်က ဘယ်လောက်တောင် နတ်ဆိုးဆန်လိုက်သလဲ..."

"ဒီချာတိတ်လေးက လုရီတဲ့.. ချီသန့်စင်နယ်ပယ်အတွင်းမှာ သူကဓားစိတ်ဆန္ဒကို ကောင်းကောင်းနားလည်ထားခဲ့တာ၊ အခြေခံ အုတ်မြစ် တည်ထောင်ရေးနယ်ပယ်ကို ဖြတ်ကျော်သွားတဲ့အခါ ကောင်းကင်ဘုံဒုက္ခကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ကျုပ် ကြားခဲ့ရတယ်"

"ဟမ့်... သူ ကောင်းကင်ဘုံဒုက္ခကို ဆွဲဆောင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒီလို ဓားစွမ်းရည် ပါရမီကို ကောင်းကင်ကတောင် မနာလိုဖြစ်နေရမယ် "

"ရွှေအူတိုင်နယ်ပယ်လေးနဲ့ ဓားပိုင်နက်ကို ဖွဲ့တည်ဖို့ ခြေတစ်လှမ်းသာ ကွာဝေးတဲ့ ပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒကို သူနားလည်သွားခဲ့တယ်၊ ဒီနည်းနဲ့ သူက အခြေတည် ဝိညာဉ်၊

ဒါမှမဟုတ် နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ကို တက်လှမ်းတဲ့အခါမှာတော့ ဓားပိုင်နက် တစ်ခုကို ကျွမ်းကျင်နိုင်မှာ မဟုတ်လား...ကြီးကျယ်တဲ့မဟာယာန နယ်ပယ်က သူ့အတွက် လမ်းပွင့်နေပြီပဲ..."

ကောင်းကင်ယံရှိ ...ရှင်းကျိုးကျောင်းနှင့် အကြီးအကဲများ၏ အနီးတွင် ပုံရိပ်.. အနည်းငယ် ထပ်မံ ရောက်ရှိလာကြ၏။ ထိုသူတို့မှာ မယုံနိုင်လောက်အောင် တန်ခိုးကြီးမားပြီး သူတို့အားလုံး၏ ကျင့်စဉ်သည် မဟာယာနနယ်ပယ်၌ ရောက်ရှိနေကြသည် ဖြစ်ပါ၏။

အင်မော်တယ် ဓားဆက်ခံသူ ပေါ်ထွက်လာကြောင်း ကြားသိရသဖြင့် အခြေအနေကို ကြည့် ရန် သူတို့က ရောက်လာကြခြင်းပါ။ ယခုတော့ ဓားတာအို စင်မြင့်၏ အလယ်ဗဟိုရှိ လုရီအား စူးစိုက် ကြည့်လိုက်စဉ်.. သူတို့သည်လည်း အေးခဲသွားပြီး ထူးထူးခြားခြား တုန်လှုပ်သွားကြသည်။

"ဒီကလေး... သူ တကယ်ပဲ ဓားတာအို စင်မြင့်ရဲ့ အလယ်ဗဟိုကို ရောက်နေပြီပဲ.. သူ့ဓားစိတ်ဆန္ဒက တကယ်ကို ပြီးပြည့်စုံခြင်း နယ်ပယ်ကို အောင်မြင်ပြီးသား ဖြစ်ရမယ်။"

အခန်း၂၀၆-တာအိုကို ပေါင်းစည်းခြင်း ...

~ "အံ့မခန်း၊ တကယ့်ကို အံ့မခန်းပဲ။ ဒီချာတိတ်က အသက်ဘယ်လောက် ရှိပြီလဲ၊ အခုတောင် သူ့ရဲ့ ဓားစ်ိတ်ဆန္ဒဟာ ပြီးပြည့်စုံခြင်းနယ်ပယ်မှာ ရောက်ရှိနေရင် .. အခွင့်အရေးရရင် မကြာခင်မှာ သူ့ဓားတာအို ပိုင်နက်ကို ဖွဲ့စည်းနိုင်တော့မှာမလား။"

"ကြောက်စရာကောင်းတဲ့ အရည်အချင်းရှိတဲ့၊ ဒီလို ဉာဏ်ကြီးရှင်ဟာ မတော်တဆမှု မှန်သမျှကို တားဆီးနိုင်ရင် ဓား အင်မော်တယ် တစ်ဆူ ဖြစ်လာလိမ့်မယ်!"

"ကျုပ်တို့အနေနဲ့ သူ့ပုံစံကို ရှာတွေ့ပြီလား? သူ့မှာ ဆရာ ရှိသလား၊ ဒီလို ပါရမီရှင်သာ ကျုပ်တို့ နတ်ဓားဂိုဏ်းနဲ့ မပူးပေါင်းရင် တကယ့်ကို အလဟသ ဖြစ်သွားလိမ့်မယ်။ သူသာ နတ်ဓားဂိုဏ်းရဲ့ တပည့် ဖြစ်ရင်၊ ကျုပ်တို့က ဆရာကြီးကို ကိုယ်တိုင် လမ်းညွှန်ပေးဖို့ တောင်းဆိုလို့ ရတယ်။"ဟူ၍ ရှင်းကျိုးကျောင်းက မေးလိုက်လေသည်။

အကြီးအကဲတစ်ဦးက မျက်နှာတွင် ထူးဆန်းသောအကြည့် ဖြစ်လာကာဖြင့် ပြောပြလာသည်။

"ကျုပ်တို့ သိခဲ့ရပြီ။ သူက ချင်းကျိုး တိမ်ဖြူဂိုဏ်းက လာခဲ့တာ.. အင်မော်တယ် လင်းလောင်ရဲ့ တိုက်ရိုက် အတွင်းစည်းတပည့်ပဲ"

“…”

အားလုံးက ခဏလောက် ဆွံ့အသွားရတော့၏။

ခေတ္တမျှ တိတ်ဆိတ်ပြီးနောက်

ရှင်းကျိုးကျောင်းက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး

"နှမြောဖို့ ကောင်းတယ်၊ မအင်မော်တယ် လင်းလောင်က ဓားတာအိုကို မလေ့ကျင့်ဘူးလေ... ဒီလို ကြီးကျယ်ခမ်းနားတဲ့ ကျောက်မျက်ရတနာကို အလဟသ ဖြုန်းတီးပစ်လိုက်တာပဲ"

အခြားသူများလည်း ခေါင်းယမ်းကာ ဝမ်းနည်းစွာဖြင့် သက်ပြင်းချကြသည်။

ထိုသို့.. တခြားသူတွေ သူ့အကြောင်းအား လှိုက်လှိုက်လှဲလှဲ ဆွေးနွေးနေချိန်မှာ..

လုရီမှာတော့ သူ့ကိုယ်ပိုင် နားလည်မှုတွေထဲမှာ နှစ်မြှုပ်နေခဲ့လေ၏။

သူ တွက်ဆထားသလိုပဲ၊ ကြေးဝါဓားရှည်မှာ ပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒ ပါဝင်နေကာ ဓားစိတ်ဆန္ဒက အရူးအမူး မြင့်တက်လာပြီး ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာသည်။

၎င်း၏ဓားစိတ်ဆန္ဒကို တွန်းလှန်ရန် လုရီက သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို ဖြန့်ကျက်ကာ ဤပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒ၏ နက်နဲသိမ်မွေ့မှုကို ဆုပ်ကိုင်နေသည်။

သူ၏ ဒန်တျန်အတွင်းတွင် တောက်ပနေသော အလင်းတန်းများ တဖျပ်ဖျပ် ဝေ့ဝဲနေချိန်တွင် သူ၏ မှန်သားရောင် ရွှေအူတိုင်သည် သက်တန့် ရောင်တို့ ဖြာထွက်လာပြီး တာအို တေးသံများသည် ... ကောင်းကင်မှ တေးသွားများကို ကမ္ဘာသို့ ဖြန့်ဝေပေးနေသလိုမျိုး စဉ်တိုက်ဆက်တိုက် ငြိမ့်ညောင်းစွာ ပဲ့တင်လာသည်။

လုရီ စိတ်ထဲမှာတော့ ဓားနှင့် ပတ်သက်သော အကြောင်းပြချက် မျိုးစုံနှင့် အခြေခံသဘောတရားများ ထွက်ပေါ်လာလေသည်။

မူလက ပြီးပြည့်စုံသော ဓားစိတ်ဆန္ဒသည် မြူခိုးတစ်ခုလို တိတ်ဆိတ်နေပြီး ရှင်းရှင်းလင်းလင်းမြင်ရခက်သော်လည်း ယခုအချိန်တွင်တော့ လုရီ သည် မြူခိုးအား အနည်းငယ် နှိုးဆွနိုင်သကဲ့သို့ ရှေ့သွားမည့် လမ်းကြောင်း၏ အပိုင်းတစ်ပိုင်းကို မှိန်ပျပျ လှမ်းမြင်နေရသည်။

သို့သော် လမ်းကြောင်းကား မရှင်းလင်းသေးပါ။ မြူခိုးများမှ တစ်ဆင့် ဖြည်းဖြည်းချင်း ခံစားနိုင်မှာပဲဖြစ်ပါသည်။

လုရီသည် ဆက်လက်၍ ဆင်ခြင်နေစဉ်...

သူ့ပတ်ဝန်းကျင်ရှိ ဓားစိတ်ဆန္ဒများသည် ရွှေရောင်ဓားစီးကြောင်းကဲ့သို့ ကောင်းကင်သို့ လွင့်ပျံသွားသည်။

ရွှေရောင်ဓားစီးကြောင်းသည် မိုးပြာ ဓားအလင်းနှင့် လိုက်လျောညီထွေ ရှိကာ အချင်းချင်း တွန်းလှန်နေကြသော်လည်း ညီညီညွတ်ညွတ် ပဲ့တင်ထပ်နေသည်။

ကြောက်မက်ဖွယ် ကောင်းသော ရွှေဓားအလင်းကို မြင်လိုက်ရတော့ ပရိသတ် အားလုံးက သံသယကင်းစွာ ယုံမှတ်လိုက်ကြသည်။

ထိုကဲ့သို့ အားကောင်းပြီး ကြီးစိုးလှသည့် ဓားစိတ်ဆန္ဒမှာ ပြီးပြည့်စုံခြင်း နယ်ပယ်မှာ ‌တည်ရှိနေသည်မှာ ဧကန်ပင် ဖြစ်ရမည် ဟူ၍...

သို့သော် ရှင်းကျိုးကျောင်းကဲ့သို့သော ကျင့်ကြံသူများအပါအဝင် နတ်ဓားဂိုဏ်း၏ အကြီးအကဲ မျိုးဆက်များစွာသည် ရွှေဓားအလင်းကို စိုက်ကြည့်ရင်း ထိတ်လန့်စွာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒါက... အင်မော်တယ် ဓားစိတ်ဆန္ဒလား?!"

"ဒီကလေး၊ သူက အင်မော်တယ် ဓားကျမ်းကို လေ့ကျင့်နေတာလား။"

ရှင်းကျိုးကျောင်းသည် မျက်နှာ အမူအရာ ပျက်ယွင်းလာပြီး ပြောလာသည်။

"အင်မော်တယ် လင်လောင်ကတော့ မိုက်မဲနေပေပြီ။ အင်မော်တယ် ဓားကျမ်းက အပိုင်းအစတွေ သာရှိပြီး၊ ဘယ်သူ တစ်ဦးတစ်ယောက်က ကျင့်ကြံနည်းစနစ်အပြည့်အစုံကို မပိုင်ဆိုင်ဖူးဘူး၊ ဒီလောက် အလားအလာရှိတဲ့ ဓား

အင်မော်တယ် ပျိုးပင်ကို သူက ဒါကို ဘယ်လို လေ့ကျင့်ခွင့် ပေးလိုက်ရတာလဲ"

"တကယ်တော့ ဒါက သူ့လမ်းကြောင်းကို ဖြတ် တောက် နေတာ မဟုတ်ဘူးလား။"

"ဒီလို မပြည့်စုံတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကနေ သဘာဝ ပါရမီရှင်ကို ဘယ်လို ကျင့်ကြံစေနိုင်တာလဲ?!"

အခြားသော ကျင့်ကြံသူများသည် အင်မော်တယ် ဓားကျမ်းကိုကြားသောအခါ အားလုံးက လုရီအား ထိတ်လန့်စွာ စိုက်ကြည့်နေကြတော့၏။

လုရီသည် ပျောက်ကွယ်သွားသော အင်မော်တယ် ဓားဂိုဏ်း၏ တိမ်မြုပ်သွားသည့် အင်မော်တယ် ဓားသိုင်းကို လေ့ကျင့်နေမည်ဟု မည်သူမျှ တစ်စွန်းတစ်စမျှပင် မမျှော်လင့်ခဲ့ကြပေ။

သို့သော်၊ အင်မော်တယ် ဓားကျမ်းသည် ယခုအချိန်အထိ မပြည့်စုံသေးကြောင်း ကြားသိရသောအခါတွင် ကျင့်ကြံသူတိုင်း၏ မျက်နှာထားတို့မှာ မတူညီကြတော့ပေ။

အချို့က သက်ပြင်းချကြသည်။ အချို့က သနားကြ၏။ အချို့က နှစ်ထောင်းအားရ ရှိကြ၏။

မတူညီသည့် လူတွေမှာ မတူညီသော တုံ့ပြန်မှုတွေ ရှိကြသည်။

ရှင်းကျိုးကျောင်းမှာ မဟာယာန ပညာရှင် အချို့နှင့် တိုင်ပင် ပြောဆိုနေဆဲ ဖြစ်သည်။

"အင်မော်တယ် ဓားကျမ်းက ပေါင်းစပ်ထားတဲ့ အင်မော်တယ် ဓားမျိုးစေ့ဟာ အလွန်တရာမှ ကြီးစိုး ခြယ်လှယ်နိုင်တယ်၊ အင်မော်တယ် ဓားကျမ်းကလွဲလို့ သူ့ကို အခြားဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်ဘူး။ ဒီကလေး.. ကျုပ်တို့ နတ်ဓားဂိုဏ်းမှာ ပါဝင်ချင်ရင်..ကျုပ်တို့ နတ်ဓားသိုင်းကျမ်းကို သင်ပေးနိုင်တာပဲ..."

"ဒီအစီအစဥ်က မဆိုးပါဘူး၊ ကောင်လေး အနေနဲ့ မငြင်းလောက်ဘူး"

"အမှန်ပါပဲ၊ အင်မော်တယ် လင်းလောင်တောင် ဒီလိုထူးထူးခြားခြား ထက်မြက်တဲ့ အရည်အချင်းတွေကို အလဟသ ဖြစ်စေချင်မှာ မဟုတ်ဘူး.. ဟုတ်တယ် မလား၊ ဒီကလေးက ဓားတာအိုကျင့်စဉ်မှာ အထွတ်အထိပ် ဆက်ခံသူလောင်း

တစ်ယောက်ဖြစ်တာ သေချာပါတယ်။"

ထိုသို့ နင်နက်နဲနဲ..ဆွေးနွေးကြစဉ်တွင် အပြုံးများသည် သူတို့၏ မျက်နှာများပေါ်တွင် တဖြည်းဖြည်း ထင်ဟပ်လာခဲ့သည်။

လုရီက အင်မော်တယ် ဓားကျမ်းကို လေ့ကျင့်ခြင်းက အမှန်တကယ်ပင် သူတို့အတွက် သတင်းကောင်း ဖြစ်ချေသည်။

...

ထ်ုအခိုက်အတန့်မှာ.. လုရီသည်

လေးလေးနက်နက် ဆင်ခြင်နေသောကြောင့်

ထိုလူကြီးများ၏ အတွေးများကို သတိမထားမိခဲ့ပေ။ သူသည် ပိုင်နက် အကြောင်းကို နားလည်မှုအချို့ရှိထားသည်။ စာအုပ် အများအပြားကိုဖတ်ရှုပြီး ၎င်းအပြင်..သူ့ဆရာ လင်းလောင်

တောင်ထိပ် သခင်မသည် လစဉ်သွန်သင်ချက်အတွင်း အယူအဆများနှင့် ပိုင်နက်များ၏အံ့သြဖွယ်အကြောင်းကို ရှင်းပြတတ်သေးသည်။

ကျင့်ကြံသူတစ်ယောက်က သူ၏ တာအိုကို အစွမ်းကုန် ဆုပ်ကိုင်လိုက်သည့်အခါ သူတို့၏

တာအိုက သူတို့နှင့် ပေါင်းစပ်သွားပြီး လုပ်ဆောင်ချက်တိုင်းက တာအို အနှစ်သာရနှင့် ပြည့်နေပြီး သူတို့ ကျင့်ကြံထားသည့် တာအို၏ ဆန္ဒကို ကိုယ်စားပြုပါသည်။

ထို့ထက် ပို၍ တိုးတက် အောင်မြင်ရန်၊ ကောင်းကင်နှင့် မြေကြီးတို့နှင့် ရောနှော နေရမည်။ တာအိုကို ဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးကို အကျိုးသက်ရောက်စေရန် သူတို့၏ကိုယ်ပိုင် တာအို နှင့် ပေါင်းစည်းခြင်းဖြင့် သူတို့ ပိုင်ဆိုင်သည့် ကောင်းကင်နှင့်မြေကြီးအား သေးငယ်သော အစိတ်အပိုင်းများကို စုစည်းနိုင်မည် ဖြစ်သည်။ ဤနယ်ပယ်သည် ပိုင်နက် ဖြစ်သည်။

ပိုင်နက်၌ ပိုင်နက်၏သခင်သည် ကောင်းကင် တာအို ကိုယ်တိုင်ကဲ့သို့ပင် သဘာဝအားဖြင့် စွမ်းအားအရှိဆုံး ဖြစ်သည်။ သေးငယ်သော ကောင်းကင်နှင့် မြေကြီးသည် မယုံနိုင်လောက်အောင် မြင့်မြတ်သော တန်ခိုးအမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး သခင်၏ အလိုဆန္ဒအတိုင်း တိမ်းညွတ်သည်။

ပိုင်နက်နှင့် အယူအဆ အကြား ခြားနားချက်ကို ပြန်ပြောင်း သတိရသောအခါ လုရီက သူ၏ တာအို ကို တိုးချဲ့ကာ သူ့ကိုယ်သူ ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစည်းရန် ဓားစိတ်ဆန္ဒ အား ထုတ်ဖော်ကာ သူ့ကိုယ်ပိုင်ဓား တာအိုပိုင်နက်ကို ဖွဲ့တည်ရန် ကြိုးပမ်းခဲ့သည်။

တာအို တေးသံသည် သူ့စိတ်သဏ္ဍာန်၌ ပျံ့နှံ့သွားပြီး ဥာဏ်အလင်း လက်ဖက်ရည်ကိုလည်း နေ့တိုင်း သောက် လေသည် ဖြစ်သောကြောင့် သူ၏ နားလည်နိုင်စွမ်းမှာ အံ့ဩလောက်အောင် ပြင်းထန်လာသည်။

အကိုးအကားအဖြစ် တာအို တေးသံနှင့် အခြားသော ပြီးပြည့်စုံသော ဓားစိတ်ဆန္ဒများနှင့်အတူ လုရီသည် စမ်းတဝါးဝါး စတင် စမ်းသပ်ခဲ့သည်။

မိုးကောင်းကင်ကို ထိုးဖောက်သော ရွှေဓားအလင်းသည် ကွဲကြေ၍၊ နောက်အခိုက်အတန့်တွင် လုရီပတ်လည်ရှိ နေရာလွတ်သည် ဓား စိတ်ဆန္ဒ အကြွင်းအကျန်များ ဖြတ်သွားသကဲ့သို့ အနည်းငယ် တွန့် လိမ်သွားသော်လည်း တခဏမျှ

အကြာတွင် ပျောက်ကွယ်သွား

သည်။ သို့ဖြစ်သော်လည်း.. မျိုးဆက်ဟောင်း ကျင့်ကြံသူများကို ငြိမ်သက်စေခဲ့သည်။

လုရီကို ကြည့်ရင်း ရှင်းကျိုးကျောင်းက အံ့ဩသွားပြီး တိုးသက်စွာ မှတ်ချက်ချလေသည်။

"ဒီကလေးက ဘီလူး...တကယ့် ဘီလူးပဲ..သူ့ဓား တာအိုပိုင်နက်ကို တကယ် ဖွဲ့တည်နေပြီလား။"

"ဟုတ်တယ်၊ သူ စမ်းသပ်နေတာပဲ၊ ဒီလမ်းကြောင်းကို သူရှာနေပုံ ရတယ်.."

"ခင်ဗျား သတိထားမိလား။ ဒီကလေးက ကောင်းကင်နဲ့ မြေကြီးနဲ့ သဘာဝအရ နီးကပ်နေတဲ့ ကမ္ဘာကြီးနဲ့ ရောယှက်နေတာဗျ”

"ဟုတ်ပါရဲ့၊ ကျုပ်လည်း ဒီလို ခံစားရတယ်၊ တရားမျှတမှု ဘယ်မှာလဲ၊ ဒီလို နတ်ဆိုး ဓားအတတ်ပညာနဲ့၊ ဒါက တစ်ခုတည်းဆို ကျုပ် လက်ခံသေးတယ်..ဒါပေမယ့် တာအိုနဲ့ ပေါင်းစပ်ထားတဲ့ ဒီထူးခြားတဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားသေးတာလား။"

မဟာယာနနယ်ပယ်ရှိ မဟာတန်ခိုးရှင်များပင်လျှင် ထိုခဏ၌ မနာလိုစိတ်နှင့် စိမ်းစိုကာ..ကြီးမားသော မနာလိုမှုများနှင့် ပြည့်နှက်နေပါသည်။

"ဒါတင် မကဘူး၊ ပိုင်နက် တစ်ခုကို စုစည်းဖို့၊ တစ်ဦးတစ်ယောက်ဟာ ရွှေအူတိုင် နယ်ပယ်မှာ ရနိုင်တဲ့အရာထက် ကျော်လွန်ပြီး ကြီးမားတဲ့ ဝိညာဉ် စွမ်းအားတွေ လိုအပ် သေးတယ် မဟုတ်လားဗျာ"

ထိုသို့ အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက တိတ်တဆိတ် မှတ်ချက်ပေးလိုက်လေသည်။

သူ့စကားကြောင့် အားလုံးက တပြိုင်နက် ငြိမ်ကျသွားကြသည်။

လုရီ ပြသခဲ့သည့် အရည်အချင်းကြောင့် ဤထင်ရှားသောပုဂ္ဂိုလ်များပင် အရှုံးပေါ်ခဲ့ရပါသည်။

"ဒီကလေးက စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးပြန်ဝင်စားလာတာ ဖြစ်နိုင်လား ဒါမှမဟုတ် ..အဲဒီလိုမျိုး တူညီတာ တစ်ခုခုပေါ့"

ထိုသို့ ..တစ်စုံတစ်ယောက်က လူတိုင်း၏ စိတ်ထဲတွင် သံသယများကို အသံထွက်၍ အော်ဟစ်လိုက်ပါသည်။

အခန်း၂၀၇-ဓားတာအို ပိုင်နက်ကို ဖွဲ့တည်ခြင်း ...

~ကျင့်ကြံသူ မျိုးဆက်ဟောင်းများကြား စကားဝိုင်းမှာ ပျံ့နှံ့လာသည်နှင့်အမျှ အခြားသော အနီးနားရှိ ကျင့်ကြံသူများလည်း အခြေအနေကို နားလည်လာကြသည်။

လုရီသည် သူ၏ဓား တာအို ပိုင်နက်ကို စုစည်းရန် အမှန်တကယ် ကြိုးစားနေခြင်းသာ။ ဤသည်မှာ အလွန် ခြောက်ခြားဖွယ် ကောင်းလှသော သတင်းတစ်ပုဒ် ဖြစ်သည်။

ရွှေအူတိုင်နယ်ပယ် ကျင့်ကြံသူလေးသည် ဓားတာအို ပိုင်နက်ကို ဖွဲ့စည်းရန် ကြိုးစားနေသည်လား။ ထို့အပြင်၊ သူ၏ စွမ်းဆောင်မှုအား အကဲဖြတ်ကြည့်လျှင် သူသည် မှန်ကန်သောလမ်းကြောင်းကို ရှာတွေ့ထားပြီး ဖြစ်ပုံ ရပြီး ၎င်းကို အပြည့်အဝ စတင်ရန် ခြေတစ်လှမ်းသာ ဝေးသည်။

ထိုအခြေအနေကပင်လျှင် ကျင့်ကြံသူတို့ကို ပြင်းထန်သော ရင်သပ်ရှုမောမှုဖြင့် ပြည့်နှက်စေခဲ့သေးသည်။ အထူးသဖြင့် ကျင့်ကြံသူ မျိုးဆက်သစ် လူငယ်များ အားလုံးသည်

သူတို့၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာများ ရှိနေကြသည်။ သူတို့အားလုံးသည် ဓားသမားများ ဖြစ်ကြသော်လည်း ကြီးကျယ်လှသော ဉာဏ်ကြီးရှင် တစ်ဦးနှင့် ခေတ်တူ ရှင်သန်ရခြင်းမှာ ဝမ်းနည်းစရာ ကောင်းလှသည် မဟုတ်ပါလား။

ထိုသို့...လူအများ.. ကြွက်စီကြွက်စီ ဆွေးနွေးနေကြချိန်မှာ လုရီက ဓားပိုင်နက် ဖွဲ့စည်းရန် နောက်ထပ် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့၏။ သူသည် မှန်ကန်သော ဦးတည်ရာကို ရှာဖွေ

တွေ့ရှိထားပုံ ရသော်လည်း တံခါးအပြင်ဘက်တွင် ရပ်နေသကဲ့သို့ အက်ကွဲနေသော အပေါက်ကလေးမှ တဆင့် ရှုခင်းများကို ယောင်ဝါးဝါးဖြင့် လှမ်းကြည့်နိုင်သော်လည်း တံခါးဖွင့်၍ ဝင်ရောက်ရန် သော့ မပါသည်မှာ ဝမ်းနည်းစရာပင်။

ဤနောက်ဆုံး အဆင့်၌ လွဲချော်နေခြင်းသာ။

လုရီသည် ကြေးဝါ ဓားရှည်ကို ထိရန် အလုပ်ကို ပြီးမြောက်ပြီး ဓားတာအို ဉာဏ်အလင်း ပွင့်မှု အခွင့်အရေးကို ထုတ်ယူနိုင်သော်ငြားလည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ အကယ်၍ သူ့တွင် ဤဉာဏ်အလင်းကို ရရှိပါက၊ သူသည် ဓားပိုင်နက် နယ်ပယ်သို့ တိုက်ရိုက် ဖြတ်ကျော်ရန် အခွင့်အလမ်းကောင်း ရှိသည်။

သို့သော် ခဏလောက် သူ့ဦးနှောက်အား အလုပ်ပေးပြီးနောက် လုရီသည် ဤအခွင့်အရေးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့၏။ အကြောင်းမူကား ကြေးဝါဓားရှည်အတွင်း ပါရှိသော ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံခြင်း နယ်ပယ် ဓားစိတ်ဆန္ဒသာ ဖြစ်နေသည် မဟုတ်ပါလော။

မဝေးတော့သော အချိန်မှာပဲ နတ်ဓားဂိုဏ်း၏ ယခင် ဂိုဏ်းသခင် ဖြစ်သော ဂုရုကြီးသည်

သူတို့အား ဓားတာအို ပို့ချရန် ပေါ်ထွက်လာနိုင်သည်။ ထို့အပြင် သူ၏ လက်ရှိ စွမ်းဆောင်ရည်ဖြင့် ဓားတာအိုကို ဆင်ခြင်ရန် နတ်ဓား ကျောက်တိုင်အောက်သို့ သွားဖို့ ခွင့်ပြုချက် ရနိုင်သင့်သည်။

ဤအခွင့်အခါ နှစ်ကြိမ်အနက်

တစ်ကြိမ်တွင် ၎င်းဉာဏ်အလင်းကို သုံးစွဲခြင်းက လက်ရှိ အချိန်ထက် ပိုကောင်းပါလိမ့်မည်။ ဤသည်မှာ ဉာဏ်အလင်းအတွက် အခွင့်အရေး ဖြစ်ပါ၏။ လုရီအတွက်ပင်လျှင် အလွန်အမင်း တန်ဖိုးကြီးနေပါသေးသည်။ သူသည် ဉာဏ်အလင်းအား တစ်လလျှင် တစ်ကြိမ်သာ ရရှိနိုင်သည်။

အကြိမ်ပေါင်း မြောက်များစွာ.. ကြိုးစားပြီးနောက် ဇွဲကောင်းသော လုရီကိုယ်တိုင်ပင်လျှင် အနည်းငယ် ငြီးငွေ့လာပြီး လက်လျှော့ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ မည်သို့ပင် ဆိုစေကာမူ သူ၏ အမြတ်များသည် သိသာထင်ရှားနေသေးသည်။ အနည်းဆုံးတော့၊ သူသည်

ဓားတာအို ပိုင်နက်ကို ဖွဲ့တည်ရန် လမ်းကြောင်းပေါ်တွင် သေးငယ်သော ခြေလှမ်း တစ်လှမ်းကို လှမ်းခဲ့ပြီး ယခင်ကကဲ့သို့ ၎င်းနှင့် ပတ်သက်၍ သဲလွန်စ မရှိသော အခြေအနေမျိုး မဟုတ်တော့ပေ။

လုရီက ကြေးဝါရောင်ဓားရှည်ကို လက်မှ လွှတ်လိုက်သောအခါဝယ် ၎င်းအတွင်းမှ ဓားစိတ်ဆန္ဒသည် ဖြည်းညှင်းစွာ တိတ်ဆိတ်သွားပြန်သည်။ ဓားတာအိုစင်မြင့်ပေါ်တွင် အဆက်မပြတ် တုန်ခါနေသော ဓားရှည်

မျိုးစုံသည် ငြိမ်သက်သွားပြီး ၎င်းတို့၏ ဓားစိတ်ဆန္ဒမှာလည်း ပြန်လည် ကောင်းမွန်လာခဲ့တော့၏။

လုရီမှာ ဗဟို ချက်မ ဧရိယာတွင် ဆက်လက်

နေလိုစိတ် မရှိတော့ပါ။ သူသည် ပြန်ဆုတ်လာပြီး

မကြာခင်မှာပဲ ဟင်းလင်းပြင်ဥမင် နယ်ပယ် ကျင့်ကြံသူသုံးယောက်၏ အနားသို့ ချဉ်းကပ်သွားသည်။

ထိုအခါ လုရီအား ကြည့်နေသော ဟင်းလင်းပြင်ဥမင် နယ်ပယ် ကျင့်ကြံသူ သုံးဦး၏ အမူအရာများသည် အလွန် ထူးခြားနေတော့သည်။ လုရီက သူ့ကိုယ်သူ ထိုသူတို့၏ အာရုံ စူးစိုက်ကြည့်ခြင်း ခံရသည်ကို နားလည်သောအခါ ရှက်ရွံ့စွာ ရယ်မော၍ ဆိုလိုက်သည်။

"အဟဲဟဲ..စီနီယာတို့ သုံးယောက်က ဒီဂျူနီယာကို ဘာလို့ ကြည့်နေရတာလဲဗျာ"

"... လုရီ ၊ ငါတို့ကို စီနီယာတွေလို့ ခေါ်တာ တကယ်ကို ရှက်ဖို့ ကောင်းလိုက်တာ"ဟု သူရဲကောင်းဆန်စွာ ပြတ်သားသော လူက

ကူကယ်ရာမဲ့စွာ ပြောသည်။

စာပေသမား ပုံစံနှင့် လူကလည်း ခြောက်ကပ်သော အပြုံးတစ်ခုအား ထုတ်လွှတ်ကာ ခေါင်းညိတ်ပြသည်။

"အမှန်ပဲ..မင်းက ရွှေအူတိုင်နယ်ပယ် ကျင့်စဉ်မှာ ဓား ပိုင်နက်တစ်ခုကို ပေါင်းစည်းဖို့ လမ်းကြောင်းပေါ်ရောက်နေပြီ၊ ငါတို့ သုံးယောက်က ဓားစိတ်ဆန္ဒရဲ့ ပြီးပြည့်စုံခြင်း နယ်ပယ်ကိုတောင် မပြီး မြောက်သေးဘူး။ ဒီစီနီယာဆိုတဲ့ ခေါင်းစဉ်က

အတော် ကမောက်ကမ ဖြစ်နေရောကွ…"

ထိုအခိုက်အတန့်မှာ လှပသော အမျိုးသမီးကလည်း အံ့အားသင့်စွာ သက်ပြင်းချကာ ဝင်ရောက် ပြောဆိုလာ၏။

“ဒီလို ပြောင်မြောက်လွန်းတဲ့ ဓားစွမ်းရည်နဲ့ဆိုတော့ ..ငါတို့ဂိုဏ်းရဲ့ ဝေ‌‌ဝေကတော့ မင်းအတွက် . ပြိုင်ဘက်ကောင်း မဟုတ်နိုင်တော့ပါဘူးကွယ်..”

သုံးယောက်သားဆီက တပြိုင်နက်တည်း ချီးကျူးခံရတော့ လုရီ အနည်းငယ် ရှက်ရွံ့ပြီး ပေါ့ပေါ့ပါးပါး ရယ်မောရင်း

"ခင်ဗျားတို့ ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပြီ၊ စီနီယာတို့"

"ဟားဟား၊ မင်းက အရမ်း တော်တာပဲ"

သူရဲကောင်းဆန်စွာ ပြတ်သားသော လူက ခေါင်းခါရင်း ရယ်မောလိုက်သည်။

ဒီကိစ္စကို ဆပ်လက် မငြင်းနေချင်တော့ဘဲ လုရီ က တခြားအရာတစ်ခုကို တွေးတောလိုက်ပြီး မေးလိုက်တော့၏။

"စီနီယာ သုံးယောက်က ဓားတာအို အကြောင်း ဆွေးနွေးနေတာမလား..စိတ်မရှိရင် ဒီဂျူနီယာလေးရော ပါဝင်ပါရစေ..."

ဟင်းလင်းပြင် ‌ဥမင် နယ်ပယ် ပုဂ္ဂိုလ် သုံးယောက် ခဏတာ အံ့အားသင့်သွားပြီးနောက်

သူတို့သည် ဝမ်းသာအယ်လဲ အမူအရာများ ဖြစ်သွားကြသည်။

ဤကောင်လေး၏ ဓားတာအို ကျင့်စဉ်သည် ပြီးပြည့်စုံနေပြီ ဖြစ်ပြီး ပိုင်နက်တစ်ခုကို ပေါင်းစည်းရန် ခြေတစ်လှမ်းပင် လှမ်းခဲ့ပြီးလေပြီ ဖြစ်လေသည်။ သူ့ဓားတာအိုသည် သူတို့

သုံးယောက်ထက် အများကြီး သာ၍ မြင့်မား၏။

သူသာ မိမိတို့နှင့် ဓားတာအို ဆွေးနွေးမည်ဆိုပါက မိမိတို့အတွက် အလွန် အကျိုးရှိမည်မှာ သေချာပါသည်။

"ဟားဟား၊ ဒီလိုဆိုရင် ငါတို့ အရမ်းပျော်သွားပြီ!" သူရဲကောင်းဆန်စွာ ပြတ်သားသောလူက ခေါင်းညိတ် သဘောတူလိုက်တော့သည်။

ကျန်သည့် နှစ်ယောက်မှာ အလားတူပင်ကန့်ကွက်ခြင်း မရှိကြပေ။

ထိုအခါ လုရီက ပြုံးပြီး ထိုင်ချလိုက်ကာ

..ဒီစီနီယာ သုံးယောက်နဲ့ ဓားတာအို အကြောင်း ဆွေးနွေးချင်တယ်..ဟူ၍ သူ့စိတ်ထဲ၌ တိတ်တဆိတ် ကြုံးဝါးလိုက်တော့သည်။

[အလုပ်]

စီနီယာ သုံးယောက်နှင့် ဓားတာအို အကြောင်း ဆွေးနွေးပါ။

ဆုလာဘ်- ဓားတာအို ကျင့်ကြံမှု တိုးတက်ခြင်း၊ ဓားစိတ်ဆန္ဒ ဆေးလုံး( ၁၀ )လုံး။

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ အတွင်းစိတ်တွင် အံ့အားသင့်သွားသည်၊

..အမှန်ပဲ..ဒီစီနီယာ သုံးယောက်ရဲ့ ဓားစွမ်းရည်က အကြီးအကဲမင်ထက် ကျော်လွန်နေတာကိုး။ သူတို့နဲ့ ဓားတာအို အကြောင်း ဆွေးနွေးတဲ့ ဆုလာဘ်က တကယ့်ကို အမြင့်စားကြီးပဲဟေ..

ဓားတာအို ကျင့်ကြံမှု တိုးတက်ခြင်း။

ဓားတာအို ကျင့်ကြံမှု တိုးတက်ခြင်းဟူသည်

အထူး ပြောစရာပင် မလိုအပ်ချေ။

ဓားစိတ်ဆန္ဒ ဆေးလုံး...

ဓားစိတ်ဆန္ဒ ဆေးလုံးများအတွက်မူ လုရီ

၎င်းတို့နှင့် ရင်းနှီးလေ၏။ ၎င်းတို့ကို ဓားစိတ်ဆန္ဒ မြက်ပင်နှင့် အခြားဓားတာအို ကောင်းကင်နှင့် မြေကြီး ရတနာများကို အသုံးပြု၍ ဖော်စပ်သန့်စင်ထားခြင်း ဖြစ်သည်။ စားသုံးသော အခါတွင်၊ ဓားစိတ်ဆန္ဒကို နားလည်နိုင်ရန် ဖန်တီးပေး သောကြောင့် ဓားစိတ်ဆန္ဒ ဆေးလုံးဟူသည်မှာ အလွန် အဖိုးတန်သော ဆေးလုံးများ ဖြစ်လေသည်။

ဝမ်းနည်းစရာ ကောင်းသည်က သူ၏ ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံနေပြီ ဖြစ်သောကြောင့် ဆေးလုံးများသည် သူ့အပေါ် များစွာ အကျိုး သက်ရောက်မှု ရှိမည် မဟုတ်ပေ။

လုရီ သူ့ကိုယ်သူ သက်ပြင်းချကာ သူ့ကိုယ်ပိုင် ဓားစိတ်ဆန္ဒ မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာကြောင်း ဝန်ခံလိုက်ရတော့သည်။

ဤသို့ ကြီးကျယ်သော အလုပ် ဆုလာဘ်များ

ကပင် သူ့အတွက်.. မျှခြေမညီ ဖြစ်နေပါတော့၏။

သို့သော်ငြားလည်း လုရီ ထိုအလုပ်ကို လက်ခံပြီး သူတို့ သုံးယောက်နှင့် စတင်၍ တာအို ဆွေးနွေးလိုက်သည်။ ဤဆွေးနွေးမှုက အလုပ်၏ ဆုလာဘ်အတွက် ပဓာန မထားပါ။

ဓား အခြေပြု ကျင့်ကြံသူ စီနီယာ သုံးဦးမှာ အလွန် သန်မာသည့်အတွက် သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ထောင်ခြင်းက သဘာဝအတိုင်း အမှားအယွင်း မရှိနိုင်ပါ။

ဟင်းလင်းပြင် ဥမင်နယ်ပယ်၌ ဓားစိတ်ဆန္ဒ၏ ကိုးဆယ် ရာခိုင်နှုန်း ကျွမ်းကျင်မှု စွမ်းရည်အား ပိုင်ဆိုင်ထားနိုင်သော ကျင့်ကြံသူဟူသည် အလွန်အမင်း အစွမ်းထက်‌လေသည်။

အနာဂတ်တွင် သူသည် သူတို့၏ အကူအညီကို လိုအပ်နိုင်ပြီး သူ၏ ကိုယ်ပိုင်ခွန်အားများ တိုးလာသည်နှင့်လည်း၊ သူသည် ထိုကဲ့သို့သော လေ့ကျင့်မှုများမှ ကြွယ်ဝသော ဆုလာဘ်များကို ရရှိနိုင်သည်။ သူတို့လေးယောက်က တာအိုကို ဆွေးနွေးဖို့ ထိုင်ကြပြီး သူ့အကြောင်း၊ကိုယ့်အကြောင်းလေးများ ပြောဆိုကြရာမှ လုရီသည်လည်း သူတို့၏ နာမည်များအား မှတ်သားလိုက်ရပါသည်။

သူရဲကောင်းဆန်စွာ ပြတ်သားသော လူကို ဧရာမဓားဂိုဏ်း၏ အကြီးအကဲ ထန်လင်းယွင် ဟုခေါ်ပါသည်။ ရည်မွန်သော စာပေသမားပုံစံဖြင့် လူကို တုန်းမင် နန်းတော်၏အကြီးအကဲ

ယွင်ရှုချီဟု ခေါ်ပါသည်။ ချောမောသော အလှတရား ပိုင်ဆိုင်သည့် အမျိုးသမီးကတော့ ကျောက်စိမ်းဓားဂိုဏ်း၏ အကြီးအကဲ

ယောင်ယွင်အာ ဖြစ်ပါသည်။ ဤဂိုဏ်းသုံးဂိုဏ်းသည် အရှေ့ဒေသ တစ်ခုလုံးရှိ သြဇာတိက္ကမ ကြီးမားသည့် ဂိုဏ်းများအဖြစ် ရပ်တည်နေကြပေသည်။

လုရီ၏ ဓားတာအို နယ်ပယ်က သူတို့သုံးယောက်ကို ကျော်လွန်သည် ဖြစ်သည့်အလျောက်

သူ့နှုတ်မှ ပွင့်ဟလာသော စကားလုံးတိုင်းသည် ကျောက်စိမ်းထည့်သော ကြုတ်အထဲတွင်

ကျရောက်လာသော ကျောက်မျက်များကဲ့သို့ လေးနက်စွာ လင်းလက် တောက်ပနေပြီး

ထိုသူတို့ကို နက်နဲသော အတွေးထဲသို့ ဈာန်ဝင်စားစေသည်။

All Chapters