← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း ၂၁၁-အင်မော်တယ်ဓားဂိုဏ်း၏ အသက်သွေးကြော အမွေအနှစ်...

~လုရီက ခေါင်းညိတ်သဘောတူလိုက်သည်။ ထို့နောက် ရှင်းကျိုးကျောင်းသည် ကျန်းရူယွီ၊ ဖုန်းပုမင်၊ ဝမ်ချီဖုန်းနှင့် ထန်လင်းယွင်တို့နှင့်

တစ်ဦးချင်း စကားပြောဆိုခဲ့ပြီး သူတို့သည်လည်း နတ်ဓား ကျောက်တိုင်တွင် တာအိုကို နားလည်ခွင့် ရခဲ့သည်။

နတ်ဓား ကျောက်တိုင်တွင် ဉာဏ်အလင်း ရှာမှီးရန် အခွင့်အရေးသည် တစ်ဦး တစ်ယောက်တည်းအတွက် သီးသန့် မဟုတ်ပေ။

ထိုအရာအားလုံးက တစ်ယောက်၏ ဓားတာအို စွမ်းရည်ပေါ်မှာ မူတည်လေသည်။

လုရီအား ဖယ်ထုတ်လိုက်လျှင် ဓားတာအို အစည်းအဝေးတွင် အပြင်းထန်ဆုံး ဓားစိတ်ဆန္ဒအား ပိုင်ဆိုင်သည့် ထန်လင်းယွင်နှင့် အခြားသူများ ဖြစ်သည်။ သူတို့မှာ ငယ်ရွယ်သူများ မဟုတ်ပဲ ယခင်မျိုးဆက်များ၏ ဂုဏ်ထူးဆောင်များဟု သတ်မှတ်နိုင်ပါသည်။ ဤမျိုးဆက်များထဲတွင် အသန်မာဆုံးမှာ ကျန်းရူယွီ၊ ဖုန်းပုမင်နှင့်

ဝမ်ချီဖုန်းတို့ဖြစ်သည်။ လုရီအပြင် ဤသုံးဦးသည် နတ်ဓား ကျောက်တိုင်တွင် ဉာဏ်အလင်းရရှိရန် အရည်အချင်း ပြည့်မီလေသည်။

ဓားကျင့်ကြံသူ အများအပြားသည် မနာလို၊ အားကျစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ကျန်းရူယွီ၊ ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းတို့သည် အခြေတည် ဝိဉာဉ် နယ်ပယ်တွင်ပင် ဓား၏ ရှစ်ဆယ်ရာခိုင်နှုန်းသော ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ခဲ့ပြီး ဓားတာအို ပိုင်နက်အား သေချာပေါက်နီးပါး ချုပ်ကိုင်နိုင်ကာ နောင်တွင် မဟာယာနဘုံသို့ လျှောက်လှမ်းနိုင်သည်ကို သူတို့ လက်ခံရပေသည်။

ရွှေအူတိုင် နယ်ပယ်တွင် ဓား တာအိုပိုင်နက်တစ်ခုကို တည်ထောင်ခဲ့သော လုရီအားမူ အထူး ပြောဖွယ်ပင် မလိုအပ်တော့ပေ။ နတ်ဓားဂိုဏ်း၏ မဟာယာန ဓားကျင့်ကြံသူများပင်လျှင် ရှင်းပြ၍ မရနိုင်သော

အံ့သြထိတ်လန့်မှုကို ခံစားခဲ့ရသည်။ ထိုကဲ့သို့သော ဓားစွမ်းရည်သည်

အင်မော်တယ်အလားပင်။

နောက်ပိုင်းတွင် ရှင်းကျိုးကျောင်းနှင့် အခြားသော မဟာယာန ကျင့်ကြံသူကြီးများမှာ လေဟုန်စီးပြီး ပြန်လည် ထွက်ခွာသွားကြတော့သည်။

အခြား ကျင့်ကြံသူများသည် လုရီအား နတ်ဓားဂိုဏ်း အောက်ရှိ ကြီးကျယ် ခမ်းနားသော မြို့သို့ အတူ လည်ပတ်ရန် ဖိတ်ခေါ်လာကြပြီး နောက်ထပ် စကားပြောဆိုရန်နှင့် မိတ်ဖွဲ့ရန် စိတ်အားထက်သန်နေကြပါသည်။

သို့သော်လည်း လုရီကတော့ တစ်နေ့တာ ဉာဏ်အလင်းပွင့်မှုကြောင့် ပင်ပန်းနွမ်းနယ်နေသည်ဟု ဆင်ခြေပေး၍ လူတိုင်း၏ ဖိတ်ကြားချက်များကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်တော့သည်။ ထို့နောက် သူက ကျန်းရူယွီ၊ လျိုနင်ရွှမ်းနှင့်အကြီးအကဲ မင်တို့နှင့်အတူ ရူယွီ ခန်းမသို့ ပြန်သွားခဲ့သည်။

သူ့အခန်းထဲ ပြန်ရောက်လာတော့ လုရီ

တစ်ယောက် သူ့ဆုလာဘ်တွေကို စိတ်လှုပ်ရှားစွာဖြင့် စပြီး စစ်ဆေးကြည့်ပါတော့၏။

တစ်နေ့တာအတွက် အလုပ်ဆုလာဘ်များသည် အလွန် များပြားပြီး အများစုမှာ လုရီက တောင်းဆိုထားပြီး ဖြစ်သည်။ သူတောင်းဆိုခြင်း မရှိသော အလုပ် ဆုလာဘ် သုံးခု ရှိပါသေးသည်။

တစ်ခုမှာ နတ်ဓားဂိုဏ်း၏ ယခင် ဂိုဏ်းခေါင်းဆောင်၏ ဓားတာအို ဟောပြောမှုကို နားထောင်ရန် ဖြစ်ပြီး ..ဒုတိယ တစ်ခုက

ဓားတာအို အစည်းအဝေး၏ ဓားပြိုင်ပွဲမှာ အောင်ပွဲ ရရှိရန်အတွက် ဖြစ်သည်။ တတိယ အလုပ်မှာတော့ ဓား တာအို ပိုင်နက်ကို ဖွဲ့တည်ရန်န်အတွက် ဖြစ်သည်။

ပထမဆုအတွက် ဆုလာဘ်မှာ ဟင်းလင်းပြင်ဥမင် ဓားစွမ်းရည် ဖြစ်သည့် 'ကောင်းကင်ဓားကိုးချက်'နှင့် ဓားနှလုံးသားသစ်သီး ဖြစ်သည်။

ဓားနှလုံးသားသစ်သီးသည် အထူး အမွှန်းတင်စရာမလိုဘဲ အဖိုးတန်ပြီး ဟင်းလင်းပြင်ဥမင် ဓားစွမ်းရည်သည်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်ပါသည်။

ကောင်းကင်ဓားကိုးချက်သည် ကောင်းကင်

တာအို၏ စွမ်းအားကို လှုံ့ဆော်နိုင်ပြီး ကောင်းကင်မှ ကြွေကျသော နတ်ဓား

တစ်စင်းနှယ် ပြိုင်ဘက်ကို ထိုးနှက်နိုင်သည်။ စုစုပေါင်း ခုတ်ချက် ကိုးခု ရှိခဲ့ပြီး တစ်ခုစီသည် စွမ်းအား ပို၍.. ပို၍..တိုးလာကာ တိုက်ခိုက်မှုတိုင်း၌ ကောင်းကင် တာအို၏ ဖိအား မြှင့်တင်ပေးတတ်သည်။

နဝမ ခုတ်ချက် ဆင်းလာသောအခါ၊ ကောင်းကင်တာအို၏ အမျက်ဒေါသသည် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကြီးကျယ်ခမ်းနားသော စွမ်းအားကို သယ်ဆောင်လာသကဲ့သို့ ဖြစ်နေသည်။

ဓားတာအို ပိုင်နက်ကို နားလည်ထား‌သူ လုရီက ဓားတာအို၏ မဟာသခင် တစ်ယောက်လိုပင်။ သူ၏ အစွမ်းထက်သော နားလည်နိုင်စွမ်းနှင့် တွဲဖက်လျက်၊ ကောင်းကင်ဓားကိုးချက်နှင့် ၎င်း၏ ကျင့်ကြံနည်းစနစ်၏ အခြေခံမူများကို စုပ်ယူပြီးနောက် တစ်ချက်မျှ ဖတ်ခြင်းဖြင့်ပင် ၎င်းကို ကျွမ်းကျင်ခဲ့သည်။ ၎င်းသည် ဟင်းလင်းပြင်ဥမင် နယ်ပယ်၏ ဓားစွမ်းရည်

တစ်ခု ဖြစ်သော်လည်း၊ ၎င်းသည် သူ့အတွက်သာဆီလျော်ပေသည်။

လုရီအတွက် ဓားစွမ်းရည်ကို နားလည်ရန်မှာ

မခက်ခဲပါ။ စိန်ခေါ်မှုမှာ ဟင်းလင်းပြင်ဥမင် နယ်ပယ်၏ ဓားစွမ်းရည်သည် ဝိညာဉ်စွမ်းအင်များစွာ လိုအပ်နေခြင်းသာ ဖြစ်သည်။

သူ၏ ဝိညာဉ်စွမ်းအင်သည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့ ဖြစ်ပြီး ရွှေအူတိုင် သို့မဟုတ် အခြေတည် ဝိညာဉ် ကျင့်ကြံသူများထက် ပိုမိုခိုင်မာပြီး ကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ်များဖြင့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၏ ခွန်အားကိုပင် ချဉ်းကပ်လာသော်လည်း ထိုကဲ့သို့သော ကျင့်ကြံမှုပညာကို အသက်သွင်းရန် မယုံနိုင်လောက်အောင် ပြင်းထန်မည်ဟု ခံစားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် ယခု ဓားတာအို ပိုင်နက်ကို နားလည်သဘောပေါက်ပြီး ကောင်းကင်နှင့် မြေကြီးနှင့် ရောနှောထားသည်။ သူ၏ကိုယ်ပိုင် ဝိညာဉ်စွမ်းအင် မလုံလောက်ပါက၊ သူသည် သူ၏ပိုင်နက်မှတဆင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်ကို ဆွဲငင်နိုင်ပြီး ထိုကဲ့သို့သောဓားပညာများကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ချေ ရှိလေသည်။

ဤဟင်းလင်းပြင်ဥမင် နယ်ပယ်၏ ဓားစွမ်းရည်နှင့် သူ၏ကိုယ်ပိုင်ဓားတာအို ပိုင်နက်ဖြင့်

သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ယခင်ကထက် များစွာ ကျော်လွန်သွားပုံအား လုရီ

တစ်ယောက် မှင်သက်နေတော့သည်။ ထို့နောက် သူက ဓားနှလုံးသား သစ်သီးကို ထုတ်ယူလိုက်သည်။

ဓားနှလုံးသား သစ်သီးသည် သလင်းကျောက်လို ကြည်လင်ပြတ်သားပြီး အသက်ဝင်‌ နေသည့်နှယ် အသီးအတွင်းသို့ စီးဆင်း ရွေ့လျားသွားသည့် အဖြူရောင် ဓားငယ်တစ်စင်း ပါရှိသည်။

အသီးသည် ကြီးမားသော ဓားစိတ်ဆန္ဒနှင့် အသက် စွမ်းအားဖြင့် ရောနှောထားသည်။

မဆိုင်းမတွဘဲ လုရီသည် ဓားနှလုံးသား သစ်သီးကို ကိုက်စားလိုက်သည်။ ဓားနှလုံးသား သစ်သီးသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခိုက်တွင် လုရီ သူ့ဒန်တျန်တွင် သက်တန့် မြူခိုးငွေ့များကို ခံစားလိုက်ရပြီး တာအို တေးသံသည် အသစ် တစ်ဖန် ထွက်ပေါ်လာသည်။

ဓားတာအို၏ လေးနက်သော အမှန်တရားများ ပါဝင်နေသည့် ထူထဲသော ဝိညာဉ်စွမ်းအင် အမျှင်များသည် သူ၏ ဒန်တျန်ထဲသို့ တိုးဝင်လာပြီး သူ၏ ဖန်သားရောင် တဖိတ်ဖိတ် လက်နေသည့် ရွှေအူတိုင်မှ ၎င်းဝိညာဉ်စွမ်းအင် အမျှင်တို့အားတဖြည်းဖြည်း စုပ်ယူလာသည်။ သမုဒ္ဒရာကဲ့သို့ လေးနက်ပြီး ပြောမပြနိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော ဤစွမ်းအားသည် သူ၏

ဒန်တျန်မှ ခြေလက်နှင့် အရိုးတိုင်းသို့ ပျံ့နှံ့လာသည်။

သူ၏အသားနှင့်အရိုးများပေါ်တွင် တာအိုပုံစံများ ဖြစ်သည်လာသည်ကို အာရုံခံစားမိသည်။

ဓားတာအို၏အခြေခံမူများမှ ဆင်းသက်လာသော ၎င်းတာအိုပုံစံများက ယခင်က ရရှိခဲ့ဖူးသော အစစ်အမှန် နဂါး ပုံစံများနှင့်

အင်မော်တယ် တာအိုပုံစံများနှင့် ဆင်တူသည်။

သူ့အသားနှင့်အရိုးများပေါ်တွင် ရေးထိုးထားသော ဤဓား တာအိုပုံစံများသည် ဓားအရိုးများနှင့် သဘာဝ ဓားကိုယ်ထည်ဖြင့် မွေးဖွားလာသကဲ့သို့ သူ့ခန္ဓာအား ပြောင်းလဲစေကာ ဓား တာအို၏ အမှန်တရားများကို ပို၍ပင် လက်ခံလာစေသည်။

လုရီက ဓား တာအို၏ အခြေခံမူများကိုဆင်ခြင်ရန်နှင့် နားလည်ရန် ယခင်က လိုအပ်သည်များကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး ယခုအခါ ပိုမို

ရိုးရှင်းလာပုံ ရသည်။ သူသည်

သူ့အတွင်းသဏ္ဍာန်၌ ဓားနှလုံးသား မွေးဖွားလာသကဲ့သို့ ၎င်းတို့ကို ချက်ချင်း ဆုပ်ကိုင်နိုင်ခဲ့သည်။

လုရီသည် သူ့ကိုယ်သူ ရင်သပ်ရှုမော ဖြစ်သွား၏။

ဓားနှလုံးသား သစ်သီးကို စားသုံးသော ဓားကျင့်ကြံသူများသည် ဓားနှလုံးသားကို ပိုင်ဆိုင်ကာ ဓား တာအိုဘီလူးများ ဖြစ်လာကာ တာအိုအား သက်သေပြရန်နှင့် အင်မော်တယ် အထိ တက်လှမ်းသွားနိုင်ကြောင်း ရှေးကျမ်းစာများတွင် မှတ်တမ်းတင်ထားသည်က အံ့သြစရာ မဟုတ်ပေ။

လုရီက တာအိုစွမ်းအင်နှင့် တာအို ဝိညာဉ်ပုလဲများကို အသုံးပြု၍ သူ၏အခြေခံအုတ်မြစ်ကို တည်ထောင်ခဲ့သည်။ သူ၏အသားနှင့် အရိုးများသည် တာအို ပုံစံများစွာကို မွေးဖွားထားသည်။

ထိုသို့ဖြစ်နေသည့် တိုင်အောင်

သူ့ကိုယ်၌..,သိသာ ထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်တည်လာသည်က ဤဓားနှလုံးသား သစ်သီးသည် မည်မျှအထိ တန်ဖိုးရှိလှသည်ကို အရိပ်အမြွက် ပြသနေပါသည်။

ဓားတာအို အစည်းအဝေးတွင် ပါဝင်ခြင်းအတွက် ဓားနှလုံး သစ်သီးကို မည်ကဲ့သို့ ဆုချခံရသေးသည်ကို တွေးတောရင်း ထူးဆန်းသလို ခံစားခဲ့ရသည်။

အကယ်၍ သူသည် ဤဓားနှလုံးသစ်သီးကို လေလံတင် ရောင်းချမည် ဆိုပါက၊ ၎င်းသည်

အရှေ့ဒေသ၏ ဓားကျင့်ကြံသူအားလုံးကို ရူးသွပ်သွားစေမည်မှာ သေချာပါသည်။

နတ်ဓားဂိုဏ်း၏ ယခင် ဂိုဏ်းခေါင်းဆောင် ဆရာကြီးကဲ့သို့ အင်မော်တယ် အရှင်များ ဖြစ်လာခါနီး အခြေအနေ ရှိသော ပုဂ္ဂိုလ်ကြီးများသည်သာ ထိုကဲ့သို့ ရူးသွပ်မှုမှ ဝေးကွာနေနိုင်သည်။ ကြီးမြတ်သော မဟာယာန ကျင့်ကြံသူသူများပင်လျှင် ဤမျှ အဖိုးတန်သော ကောင်းကင်ဘုံ အသီးကို လျစ်လျူ မရှုနိုင်ကြပေ။

လုရီသည် ဟိုဟိုသည်သည် တွေးတောရင်းနှင့် လေလံတင်ရောင်းချရန် ရည်ရွယ်ချက်မရှိဘဲ ခေါင်းယမ်းလိုက်၏။

စင်စစ်အားဖြင့်...သူသည် ကျင့်ကြံမှုအရင်းအမြစ်များ သို့မဟုတ် ကောင်းကင်နှင့် မြေကြီး ရတနာများ မချို့တဲ့ပါ။

သူ့မှာ မချို့တဲ့သည့်အတွက် အဘယ်ကြောင့်

ဤမျှလောက် အဖိုးတန်သည့် ရတနာတွေကို လေလံဆွဲရမည်နည်း...။

လေလံတင်ခြင်း လုပ်ငန်းစဉ်ကလည်း

ဒုက္ခ ဖြစ်မည် ဖြစ်ပြီး သူ၏ အထောက်အထားကို သိရှိပါက သူ့ဘဝ၏ ငြိမ်းချမ်းရေးအား အနှောင့်အယှက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အခန်း ၂၁၂-အင်မော်တယ်ဓားဂိုဏ်း၏ အသက်သွေးကြော အမွေအနှစ်...

~ဓားတာအို အစည်းအဝေးတွင် ပါဝင်ခြင်း အလုပ်မှာကား မပြီးပြတ်သေးသောကြောင့်

ဓားကို နားလည်ရန် နတ်ဓားကျောက်တိုင်သို့သွားပြီးနောက်မှသာ အမှန်တကယ်ပြီးစီးမည်ဟု လုရီ ခန့်မှန်းထားသည်။ သူ့အနေနှင့် စိတ်မစောပါ၊ သူသည် ဓားနှလုံးသား သစ်သီး တစ်မျိုးကို အသုံးပြုထားပြီး ဖြစ်ပြီး၊ အခြား တစ်မျိုးကို အသုံးပြုခြင်းသည် လက်ရှိတွင် ပညာရှိအခြေအနေတွင် ရှိနေသောကြောင့် များစွာကွာခြားမည် မဟုတ်ပေ။

ဓားပြိုင်ပွဲအား အနိုင်ရသည့် အလုပ်ကို ပြီးမြောက်ခြင်းအတွက် ဆုလာဘ်မှာတော့ထိပ်တန်းအဆင့် လက်နက် ဖြစ်သည့် မင်ရှင်းဓား ဖြစ်သည်။ ဓားတာအို စင်မြင့်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်ခြင်းဖြင့် သူက သဘာဝအတိုင်း အနိုင်ရပြီး အလုပ်ပြီးမြောက်သွားပါသည်။

မင်ရှင်း ဓားသည် လကဲ့သို့ အေးပြီး ကြည်လင်သော ဓားရှည် ဖြစ်၏။ ထိပ်တန်းအဆင့် လက်နက် တစ်ခုအနေဖြင့်၊ ၎င်းသည် နက်နဲနေမင်း ဓားထက် အဆပေါင်းများစွာ အစွမ်းထက်လှပါသည်။

၎င်းသည် ဓားစိတ်ဆန္ဒကို များစွာ တိုးတက်စေသည်။ မင်ရှင်း ဓားကို ကိုင်ဆောင်လိုက်လျှင် သူ၏ ခွန်အားကို အလွန် တိုးတက်စေနိုင်ပါသည်။

လုရီသည် မင်ရှင်း ဓားကို စနစ်တကျ သိမ်းဆည်းထားပြီး နက်နဲ နေမင်းဓားကို အစားထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဓားတာအို နယ်မြေကို ဖွဲ့တည်ရန် အလုပ်နှင့် ပတ်သက်၍မူ သူ၏ ဓားပိုင်နက်ကို ဖွဲ့တည်ခြင်း မစတင်မီတွင် ထုတ်ပြန်ခဲ့သည့် အလုပ် ဖြစ်လေသည်။

..အလို.. ဆုလာဘ်တွေက အလွန် ရက်ရောလှပါလား၊ အနှစ်တစ်ရာပြည့် ဝိညာဉ်ခြင်ဆီ အစက် တစ်ရာ.. အပြည့်တဲ့ဟေ။..

ဤဆုလာဘ်တစ်ခုတည်းက ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ ကျင့်ကြံမှုအရင်းအမြစ်များအတွက် စိတ်ပူစရာ

မလိုတော့ပါ။

လုရီ သူ၏ အမြတ်အစွန်းများအား ရိတ်သိမ်းယူရင်း သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်လိုက်တော့သည်။ နောက်တစ်နေ့ အစောကြီးမှာ ကျန်းရူယွီက

သူ့အား လာ၍ နိုးလာပြီး လုရီ သူ့အခန်းထဲက ထွက်လာလေသည်။

ယနေ့တွင် သူသည် ဓားတာအိုကို နားလည်ရန် နတ်ဓားကျောက်တိုင် သို့ သွားရပေမည်။

ကျန်းရူယွီ၏အမူအရာသည် အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေပြီး ပုံမှန်နှင့် အနည်းငယ် ကွာခြားနေပါသည်။

လုရီ မအောင့်အည်းနိုင်ဘဲ တစ်ချက် ရယ်မိသည်။

"အစ်မ ရူယွီ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ၊ နတ်ဓား ကျောက်တိုင်က နတ်ဓားဂိုဏ်းရဲ့ ရတနာပါပဲဗျာ.. အရင်က အစ်မ..

မရောက်ဖူးဘူးလား"

ထိုသို့ မေးမြန်းခံရသောအခါ ကျန်းရူယွီက လုရီအား မျက်လုံး ပြူးပြလာပြီး

"နင်.. ဘာသိလဲ ကလေး။ နတ်ဓား ကျောက်တိုင်ကို ငါတို့နတ်ဓားဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးက ထားရစ်ခဲ့တာ၊ အရမ်းတန်ဖိုးရှိတယ်။ ငါတို့ရဲ့ နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင်တွေတောင်မှ ထူးထူးခြားခြား စွမ်းဆောင်မှုတွေ ဖန်တီးပြမှသာ ရနိုင်တဲ့ အခွင့်အလမ်းပဲ။ နတ်ဓားဂိုဏ်းထဲ ဝင်ပြီး နှစ်တွေ ကြာလာတဲ့ အတောအတွင်း ငါ့အနေနဲ့ သုံးကြိမ်သာ ဝင်ခဲ့ပြီး..နတ်ဓားကျောက်တိုင်ကို ဝင်လိုက်တဲ့ အချိန်တိုင်းမှာ ငါ့ရဲ့ဓားစိတ်ဆန္ဒက အသွင်ပြောင်းလဲသွားခဲ့တယ်၊ အဲဒီလိုသာမဟုတ်ရင် ဓားစိတ်ဆန္ဒက ဒီအဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး..."

သူမ ရှင်းပြချက်ကို ကြားတော့ လုရီ ရုတ်တရက် နားလည်သဘောပေါက်ပြီး နတ်ဓား ကျောက်တိုင်၏ သက်ရောက်မှုတွေကို ပို၍ပင် ရင်ခုန်မိတော့သည်။

ကျန်းရူယွီက လုရီကို အကဲခတ်ပြီး ပြုံးလိုက်ကာ

"ပြီးကျရင်.. ဂျူနီယာ မောင်လေးနောက်ကို ဒိီအစ်မက လိုက်ခဲ့မယ်၊ နင် နားလည်ပြီးရင် နင့်ရဲ့ တာအိုယွင်ကို ငါ ခံယူလိုက်မယ်၊

အကျိုးကျေးဇူးတွေ ရိတ်သိမ်းရမှာပေါ့၊

ခစ်ခစ်"

ထိုအခါမှာတော့ လျိုနင်ရွှမ်းသည် မိမိကိုယ်ကို ကျေနပ်နေသော ကျန်းရူယွီကို

တအံ့တသြ စကားလုံးများ နင်သွားရသည့်အမူအရာဖြင့် ကြည့်ကာ

"နင်..စီန်ီယာကြိီးဖြစ်ပြိိီး မရှက်ဘူးလားဟယ်"

ကျန်းရူယွီက စိတ်ရှုပ်မခံဘဲ ရယ်မောရင်း

"ဘာရှက်စရာ ရှိလို့လဲ၊ ငါ့အရည်အချင်းက ဂျူနီယာမောင်လေးလောက် မကောင်းတာပဲဟာ ၊ ငါ ဘာလုပ်ရမလဲ။ ငါ့မှာ ဂျူနီယာမောင်လေးရဲ့ ဝတ်ရုံလက်ဖျားကို တွယ်ကပ်ပြီး အမြင့်အသစ်ဆီ ခေါ်သွားဖို့ စောင့်နေရမှာပေါ့..၊ ဟုတ်တယ် မလား"

လုရီလည်း စကားလုံးများ နင်သွားရသည်။

စီနီယာ အစ်မရူယွီသည် ပွင့်ပွင့်လင်းလင်း အလံဖြူပြရင်း သူမ၏ အခြေအနေမှ အမှန်တကယ် နှုတ်ထွက်နေလေသည်။

လုရီသည် အမှတ်တမဲ့ပင်..သူတို့၏ ပထမဆုံး တွေ့ဆုံကြပုံအား သူ့ခေါင်းထဲမှာ ဖျတ်ခနဲ ပြန်တွေးမိသည်။

ဤမိန်းကလေးသည် ဝိဉာဉ်နှင်းစက်ဝိုင်ကို မြင်သောအခါ အံ့အားသင့်သော မျက်နှာကလေး ဖြစ်သွားရပုံ..သူမ၏ ဝိဉာဉ်ခေါက်ဆွဲ ပန်းကန်လုံးကို ဝိဉာဉ် အစားအစာဟု သိရသောအခါ ..တင့်တယ်သော ဟန်ပန်များ မထိန်းထားတော့ဘဲ ခေါက်ဆွဲများအား ပလုတ်ပလောင်း စားနေသော သူမ၏ မျက်နှာကလေးအား လုရီ ပြန်လည် မြင်ယောင်လာမိ၏။

လျိုနင်ရွှမ်းသည် ကျန်းရူယွီ၏ ချေပမှုကြောင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတော့သည်။

လျိုနင်ရွှမ်းက နတ်ဓား ကျောက်တိုင်သို့ မသွားနိုင်သလို အကြီးအကဲမင်ကလည်း မသွားနိုင်ပေ။

လုရီနှင့် ကျန်းရူယွီတို့သည် ရူယွီ ခန်းမမှအတူတကွ ထွက်ခွာပြီး နတ်ဓားကျောက်တိုင်သို့ ဦးတည်သွားကြ၏။

ကျန်းရူယွီ၏ မိတ်ဆက်ပေးပုံအရ နတ်ဓားကျောက်တိုင်မှာ ကျောက်ဓား၏ ဓားရိုးနေရာ တွင် တည်ရှိသည်။ သူတို့သည် ကောင်းကင်ဆီသို့ ပျံသန်းသွားကြသည်။

လေထုထဲတွင် မျောပါနေသော အင်မော်တယ် တောင်ငယ် တစ်ခု ရှိနေသည်။ အင်မော်တယ် တောင်၏ထိပ်တွင်၊ ဇိမ်ကျကျ ခမ်းနားသောခန်းမကြီး တစ်ခု ရှိပြီး၊ နတ်ဓားဂိုဏ်း၏ ပင်မခန်းမ ဖြစ်ကြောင်း ကျန်းရူယွီမှ ရှင်းပြသည်။ ပင်မ ခန်းမအပြင်ဘက်ရှိ ရင်ပြင်တွင် ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းတို့သည် ကြိုတင် ရောက်ရှိလာပြီ ဖြစ်ပြီး နှစ်ယောက်စလုံးက အလွန် မျှော်လင့်ထားသည်မှာ ထင်ရှားပါ၏။

ဖုန်းပုမင်က လျစ်လျူရှုသော အမူအရာရှိသည်။ ဝမ်ချီဖုန်းက ငြိမ်သက်နေသည်။

နှစ်ယောက်လုံး စကားမပြောကြ။

ကျန်းရူယွီနှင့် လုရိီကို မြင်သောအခါ

နှစ်ယောက်လုံး လှမ်းကြည့်လိုက်သည်။ ယခင်က ငြိမ်သက်နေသော နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပြုံးပြကာ ချဉ်းကပ်လာကြသည်။

ဖုန်းပုမင်က ပြုံးပြီး ပြောလာသည်။

"ညီအစ်ကို လုရိီ ၊ နောက်ဆုံးတော့ မင်းရောက်လာပြီ။ မင်း အချိန်မီ မလာနိုင်မှာကို ငါ နည်းနည်း စိုးရိမ်နေတာ"

ထိုအခါ လုရီက ပြုံးပြီး

"အခုလည်း စောသေးတယ် မလား" ဟု ပြန်မေးလိုက်သည်။

ဝမ်ချီဖုန်းက အနည်းငယ်ပြုံးကာ

"နတ်ဓားကျောက်တိုင်ကို နားလည်သဘောပေါက်ခြင်းက အခွင့်ကောင်းတစ်ခုပဲ၊ ညိီအစ်ကိုလုအနေနဲ့ အတော်လေး

တည်ငြိမ်နေပုံပါပဲ"

ကျန်းရူယွီသည် သူမ၏ ကျောက်စိမ်း ဓားကို ကိုင်ကာ ရယ်မောရင်း ပြောဆိုလာသည်။

"ဂျူနီယာမောင်လေးက ယုံကြည်မှု ရှိတာလေ"

သူတို့လေးယောက် စကားပြောနေစဉ်တွင် မဟာယာန ပညာရှင်ကြီး နှစ်ဦးသည် ကောင်းကင်မှ မြေပြင်သို့ ဆင်းသက်လာကြသည်။

သူတို့သည် ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

"အကြီးအကဲ နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။"

ထိုအခါ မဟာယာန အကြီးအကဲ

နှစ်ယောက်က လက်နောက်ပစ်ထားလျက် မလှုပ်မယှက်ရပ်ကာ သူတို့လေးယောက်ထံ အကြည့်များ ပို့လွှတ်လာသည်။

အကြီးအကဲ နှစ်ယောက်က လုရီထံ ခပ်ကြာကြာ ကြည့်ပြီးနောက် ပြောလိုက်တော့သည်။

"အားလုံး ဒီမှာ စုံပြီလား.. ဒါဆို သွားရအောင်"

လူတစ်စုသည် ကောင်းကင်သို့ ပျံတက်၍ တိမ်အလွှာများမှတဆင့် အထက်သို့ ဆက်လက်ပျံသန်းကာ နောက်ဆုံးတွင် တိမ်တိုက်များအထက်သို့ ရောက်သည်အထိ ပျံတက်သွားကြသည်။

ဤတွင်၊ ကောင်းကင်၌ နေမင်းကြီးသည် ပြင်းထန်စွာ ပူပြင်းနေပြီး နောက်ဆုံးမှာ တော့ သူတို့သည် ကျောက်ဓားကြီး၏ ဓားရ်ိုးနေရာသို့ ရောက်ရှိသွားကြပါ၏။ ကျောက်ဓားကြီးသည် အလွန် ကြီးမားပြီး တိမ်များပေါ်သို့ အုပ်မိုးကာ ၎င်း၏ ဓားရိုးကပင်လျှင် ကြီးမားသော စင်မြင့် တစ်ခုလိုပင်။

လူတစ်စုသည် ရင်ပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှယ် ဓားရိုး စင်မြင့်ပေါ်တွင် ဆင်းသက်ခဲ့ကြပါသည်။ လုရီနှင့် အခြား သုံးယောက်သည် နောက်မှလိုက်ကာ ကျောက်ဓား

လက်ကိုင်ဆီသို့ နီးကပ်လာခဲ့သည်။

လက်ကိုင်သည် ဖရိုဖရဲဖြစ်ပြီး ကျပန်းဓားခြေရာများဖြင့် ရေးထွင်းထားသော ကောင်းကင်တိုင်နှင့် တူလေ၏။ ဤဓားခြေရာများသည် ဓားတာအို၏ မွေးရာပါ ဒဿနနှင့် တူသည့် လျှို့ဝှက်ဆန်းကြယ်သော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ လေထဲတွင် ထူးခြားသော ပုံစံများအဖြစ် ပေါင်းစပ်ထားသည်။

လက်ကိုင်၏ ရှေ့တွင် သူတို့ထဲမှ အနည်းငယ်အပြင် ဆံပင်ဖြူနှင့် မုတ်ဆိတ်မွှေး ရှိသော လူကြီးများ၊ ဆံပင်ဖြူ ရှိသောအမျိုးသမီးများ ထိုင်နေကြသည်။ စုစုပေါင်း တစ်ဒါဇင်ကျော်လောက် ရှိမည်။

သူတို့သည် မယုံနိုင်လောက်အောင် အသက်အရွယ် ကြီးရင့်နေပုံ ရသည်။

သူတို့၏ အရှိန်အဝါသည် လေးနက်ပြီး ကြောက်မက်ဖွယ် ကောင်းသော ကြယ်များကဲ့သို့ ထိတ်လန့် တုန်လှုပ်ဖွယ်

ကောင်းသည့် အတက်အကျများ ဖြာထွက်နေသည်။

သူတို့အားလုံးသည် မဟာယာန ကျင့်ကြံသူများဖြစ်ပြီး လမ်းကို ဦးဆောင်နေသည့် အကြီးအကဲ နှစ်ဦးထက်ပင် ပို၍ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။ လုရီသည် ဤအကြီးအကဲများကြားတွင် ဘေးဒဏ် ဖြတ်ကျော်သူများ ရှိနေသည်ဟုပင် သံသယ ဖြစ်မိသည်။

သူတို့သည် အလွန် သန်မာလေ၏။

ယခုအချိန်တွင် ဤအကြီးအကဲများသည် လုရီနှင့် သူ၏ အဖော်များကို ဂရုမစိုက်ပါ။ ယင်းအစား၊ သူတို့သည် ဓားရိုးပေါ်ရှိ ဓားခြေရာများနှင့် လေထဲတွင် ပေါင်းစပ်ထားသော ပုံစံများကို သုံးသပ်နေကြသည်။ သူတို့အားလုံး ဓားတာအိုကို နားလည် သဘောပေါက်နေကြခြင်း ဖြစ်သည်။

အကြီးအကဲနှစ်ဦးက အသံကို နှိမ့်ကာ

ခပ်တိုးတိုး ပြောလာသည်။

"မင်းတို့လေးယောက်က ကိုယ့်ဘာသာ နားလည်ဖို့ နေရာတစ်ခုကို ရှာကြပါ၊

စီနီယာကြီးတွေကို မနှောင့်ယှက်နဲ့။ မင်းတို့မှာ အချိန် တစ်ရက်ပဲ ရှိတယ်"

ဒါကို ကြားတော့ လုရီနှင့် တခြားသူတွေက ခေါင်းညိတ်ပြလိုက်ကြသည်။ အချိန်အားဖြင့် တိုတောင်းသည်ကို အားလုံး သိပြီး ထိုင်ရန် လျှောက်သွားကြပါသည်။ လုရီက နေရာတစ်ခုကို ရှာပြီး အရင်ထိုင်လိုက်သည်။ ကျန်းရူယွီသည် သူ့ဘေးတွင် အမှုမထားဘဲ ထိုင်လိုက်သည်။

ဖုန်းပုမင် နှင့် ဝမ်ချီဖုန်းပင်လျှင် သူ့ဘေးနားသို့

မရည်ရွယ်ဘဲ ချဉ်းကပ်နေပုံ ရသည်။ လုရီသည် မျက်နှာအနည်းငယ် ရှုံ့မဲ့သွားသည်။

.. ဒီလူတွေ အားလုံးက သူ့နားလည်မှုကို ရှင်းပစ်ဖို့ ကြံစည်နေကြတာပဲ။ ..

သို့သော် သူသည် အမှုမထားပါ။

သူတို့သုံးယောက်စလုံးသည် သူ၏အနာဂတ်လေ့ကျင့်ရေး အလုပ်၏ ပြိုင်ဘက်များဖြစ်သောကြောင့် သူတို့ ပိုမိုအားကောင်းလာလေလေ၊ သူ ပိုပျော်လေလေ ဖြစ်သည်။

နောက်ဆုံးတော့ ဆုလာဘ်တွေက ပိုကြီးလိမ့်မည််် လေ။

ထိုင်ပြီးနောက် လုရီ ထိုဓားခြေရာများနှင့် ပုံစံများကို အာရုံစိုက်လာခဲ့သည်။ အမှန်တကယ် အာရုံစူးစိုက်လိုက်သောအခါတွင် ထိတ်လန့်သွားရသည်။

ဓားခြေရာများမှ ထွက်လာသော ဓားနှင့် လေထဲတွင် စိမ့်ဝင်နေသော ပုံစံများသည် အလွန်ထူးခြားပါသည်။ သူသည်ပင် ၎င်းတို့ကို နားလည်ရန် ခက်ခဲသည်ကို တွေ့ရှိခဲ့ပြီး ကြည့်နေစဉ် အနည်းငယ် မှော်ဆန်သလို ခံစားခဲ့ရသည်။ ၎င်းတို့ထဲမှ အချို့သည် သူ့အတွက် လျှို့ဝှက်ဆန်းကြယ်သော ကျမ်းများကဲ့သို့ပင် တစ်ချက်ကြည့်ရုံဖြင့် ထူပူသော ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။

လုရီ အတိုင်းထက်အလွန် အံ့အားသင့်သွားသည်။ နတ်ဓားကျောက်တိုင်ကို နတ်ဓားဂိုဏ်းကို တည်ထောင်သူ အင်မော်တယ်ကြီးမှ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်ခဲ့ပါသည်။

ထိုအခိုက်အတန့်၌ လုရီ ခေါင်းထဲမှာ အတွေးတစ်ခု ထိခတ်သွားပြီး

"ငါ နတ်ဓား ကျောက်တိုင်ကို နားလည်ချင်တယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

[အလုပ်] နတ်ဓား ကျောက်တိုင်ကို နားလည်ပါ

ဆုလာဘ် - ဓားတာအို ပိုင်နက် မြှင့်တင်မှု၊

အင်မော်တယ် ဓား တံဆိပ်ပြား ။

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ ငြင်းမည်လား။

အလုပ်ဆုလာဘ်ကို မြင်လျှင် လုရီ အနည်းငယ် မယုံကြည်သလို ဖြစ်သွားသည်။

ဓား တာအို ပိုင်နက် မြှင့်တင်မှု..

အကြောင်းမှာ သူ၏ဓား တာအို နယ်ပယ်သည် ပိုင်နက် နယ်ပယ်အထိ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ နတ်ဓား ကျောက်တိုင် ကိုယ်တိုင်၏ မယုံနိုင်လောက်အောင် တန်ဖိုး ကြီးမြတ်မှု တွဲဖက်ခြင်း‌ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ထိုသို့သော ဆုလာဘ်ကို ပေးခဲ့ပါသည်။ သူ့ကို အံ့အားသင့်စေသော အရာမှာ အင်မော်တယ် ဓား တံဆိပ်ပြား ဖြစ်ပါ၏။

သူ လေ့ကျင့်ခဲ့သော ကျင့်ကြံနည်းစနစ်မှာ

တစ်ချိန်က အင်မော်တယ်ဓားဂိုဏ်း၏ အစွမ်းထက် သိုင်း ဖြစ်သည့် အင်မော်တယ်ကျမ်းမဟုတ်ပါလော။

ထိုအင်မော်တယ် ဓားသိုင်းအား ကျင့်ကြံပြီးနောက် လုရီသည် အင်မော်တယ် ဓားဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များကို ဂရုပြု၍ ရှာဖွေခဲ့ပြီး အသိအမြင်တချို့ ရရှိခဲ့ပါသည်။

အင်မော်တယ် ဓား တံဆိပ်ပြား ဟူသည်မှာ

အင်မော်တယ် ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကိုင်စွဲသော အမှတ်အသား သင်္ကေတ ဖြစ်၏။

အင်မော်တယ် ဓားဂိုဏ်း ပြိုလဲပြီးနောက်တွင်

အင်မော်တယ် ဓား တံဆိပ်ပြား.. မည်သည့် နေရာတွင် တည်ရှိနေသလဲ ဆိုသည်ကို မည်သူမျှ သိနိုင်စွမ်း မရှိခဲ့ကြပေ။

ဤအလုပ်ဖြင့် စနစ်က သူ့အား အင်မော်တယ် ဓား တံဆိပ်ပြား တစ်ခု အမှန်တကယ် ဆုချလာမည်ဟု မမျှော်လင့်ထားမိပါ။

လုရီ ပီတိဖြစ်သွားသည်။ အကယ်၍ သူသည် အင်မော်တယ် ဓားဂိုဏ်း၏ အပျက်အစီးများကို တွေ့ရှိပါက အင်မော်တယ် ဓား တံဆိပ်ပြားကို လက်ဝယ် ကိုင်ဆောင်နိုင်ခြင်းဖြင့် သူသည် ပြီးပြည့်စုံသော အင်မော်တယ် ဓားကျမ်းကို ရရှိရန် အခွင့်အလမ်း ရှိတော့မည် မဟုတ်ပါလား။

အခန်း၂၁၃-ဓားတာအို နိယာမ အပိုင်းအစ...

~လုရီသည် ထိုအလုပ်ကို လက်ခံခဲ့ပြီး ဓားခြေရာနှင့် ဓားပုံစံကို စတင် အာရုံစူးစိုက်တော့သည်။ အစောပိုင်းက သူ့ဆရာထံမှ ရရှိခဲ့သော ရုတ်ချည်း ဉာဏ်အလင်း အခွင့်အရေးတစ်ခု ကျန်‌နေသေးတာ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် အလေ့အထအရ မမျှော်လင့်ထားသော လိုအပ်ချက်များအတွက် ရုတ်ချည်း ဉာဏ်အလင်း ရရှိရန် အခွင့်အရေး တစ်ခုကို ချန်လှပ်ထားတတ်ပါသည်။

ယခု အချိန်တန်လေပြီ။ ဤနေရာတွင် ကိန်းဝပ်နေသော ဓားခြေရာနှင့် ဓားပုံစံသည် လျှို့ဝှက် ဆန်းကြယ်လွန်းပြီး လုရီသည် သူ၏ ဓားစိတ်ဆန္ဒကို ပိုင်နက်အဆင့်သို့ မြှင့်တင်ကာ ဆယ်မီတာ ဓား

ပိုင်နက်ကို ပေါင်းစည်းထားသော်လည်း၊ သူသည် မြူခိုးထဲတွင် ရှိနေသကဲ့သို့

ဝေဝေဝါးဝါး ခံစားနေရဆဲ ဖြစ်သည်။

ဤနေရာတွင် ဓားတာအို၏ ဒဿနသည် အလွန် လေးနက်သည်ဟု ယူဆရသည်။ အစိတ်အပိုင်း တစ်ခုကိုပင် နားလည်ခြင်းသည် အကန့်အသတ်မရှိ အသုံးဝင်ကြောင်း သက်သေပြနိုင်သည်။ မဆိုင်းမတွဘဲ လုရီ သည် ရုတ်ချည်း ဉာဏ်အလင်း ရရှိရန် သူ၏ အခွင့်အရေးကို ချက်ချင်း အသုံးပြုခဲ့သည်။

နောက်အခိုက်အတန့်တွင်၊ ဓားခြေရာနှင့် ဓားပုံစံသည် လုရီ၏ ဝိညာဉ် တစ်ခုလုံးကို လုံးလုံးလျားလျား သိမ်းပိုက်သွားတော့သည်။ သူ့နှလုံးသားအတွင်း

တာအိုတေးသံ ထွက်ပေါ်လာပြီး ဓားခြေရာနှင့် ဓားပုံစံက အဆက်မပြတ် ပြောင်းလဲနေသည်။ ၎င်းတို့အား လုရီက ပိုင်းခြားသည်။ ကောက်နှုတ်သည်။ နောက်ဆုံးတော့ နားလည်သွားတော့သည်။

နားလည်မှု ရရှိလာသည်နှင့်အမျှ

လုရီ၏ ပတ်ဝန်းကျင် ဓားပိုင်နက်သည် ပြန်လည် ပေါ်ထွက်လာပြီး ရွှေရောင်ဓားချီအမျှင်များ လှည့်ပတ်ကာ သူ့ပတ်ဝန်းကျင်တွင် ဖော်မပြနိုင်သော လျှို့ဝှက်ဆန်းကြယ် အရှိန်အဝါ တစ်ခု ဖြစ်တည်သည်။

ကျန်းရူယွီနှင့် ကျန်အဖော်နှစ်ဦးသည် ဓားပုံစံနှင့် ဓားခြေရာများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တွေးတောနေကြသည်။ သူတို့ပတ်ဝန်းကျင်မှ အပြောင်းအလဲကို ခံစားလိုက်ရတော့ သုံးယောက်လုံး အံ့အားသင့်စွာ နိုးထလာပြီး

လုရီကို ကြည့်လိုက်ကြသည်။ လုရီ၏

ပတ်ပတ်လည်မှ ဓားပိုင်နက်သည် စုဝေးပြီး ဖြည်းဖြည်းချင်း ချဲ့ထွင်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ အမူအရာများသည် အလွန် ရှုပ်ထွေးလာသည်။

ကျန်းရူယွီက သူမ၏ မျက်တောင်ရှည်များအား ပုတ်ခတ်လိုက်ပြီး သူမမျက်နှာမှာ အံ့အားသင့်မှုအပြည့်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဂျူနီယာ မောင်လေး.. ဘာဖြစ်နေတာလဲ"

ဖုန်းပုမင်၏ မျက်နှာမှာလည်း မယုံကြည်နိုင်သော အမူအရာ အတိုင်းသား ရေးခြယ်ထားသည်။

" ထိုးထွင်းသိမြင်မှု ရတာလား၊ ဘယ်လောက် ကြာသေးလို့လဲ။ ငါတို့ အခုမှ ထိုင်ရသေးတာ မဟုတ်လား"

ထိုအခိုက်..ဝမ်ချီဖုန်း၏ ပါးစပ်များ လှုပ်ယမ်းသွားကာ သူ့အမူအရာက ဆက်တိုက် ဆိုသလို ပြောင်းလဲနေကာ ခပ်တိုးတိုး ပြောဆိုလိုက်သည်။

"မဟုတ်ဘူး... ဒါက ထိုးထွင်းသိမြင်မှု သက်သက် မဟုတ်ဘူး... ရုတ်ချည်း

ဉာဏ်အလင်း ဖြစ်မယ်"

ဤအရာက ကျန်းရူယွီ နှင့် ဖုန်းပုမင်ကို ပို၍ပင် ထိတ်လန့်စေခဲ့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ.. ဒီကောင် မနေ့ကမှ ရုတ်ချည်း ဉာဏ်အလင်း ပွင့်ခဲ့တာလေ"

ဖုန်းပုမင်သည် အကြီးအကျယ် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော တာအိုယွင် ပေါ်လာသည်နှင့်အမျှ သူ့ အမူအရာသည် ပြောင်းလဲသွားကာ ယုံကြည်ရန် တွန်းအားပေးခဲ့သည်။

"ရောင်းရင်းလုက ဘယ်လို ဘီလူးမျိုးလဲ.. နှစ်ရက်အတွင်း ရုတ်ချည်း ဉာဏ်အလင်း ပွင့်တယ်..ရုတ်ချည်း ဉာဏ်အလင်းက

အဲ့လောက်တောင် လွယ်သလား"

ဖုန်းပုမင် တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကို စတင်၍ သံသယဝင်လာ၏။

အလားတူပင် ကျန်းရူယွီနှင့် ဝမ်ချီဖုန်းတို့သည် သူတို့၏ ဘဝများကို သံသယဝင်ခဲ့ကြသည်။

လုရီ ထုတ်လွှတ်သော လျှို့ဝှက်ဆန်းကြယ်သော တာအိုယွင်သည် အခြားသော ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားခဲ့ တော့သည်။

နတ်ဓား ကျောက်တိုင်ကို ဆင်ခြင်သုံးသပ်နေသော အကြီးအကဲများသည် ခေါင်းကိုလှည့်၍ ကြည့်လာကြ၏။

ဤအကြီးအကဲ တစ်ဦးစီသည် ဘဝကို နှစ်ပရိစ္ဆေဒကြာ နေထိုင်ခဲ့ကြ သော သရဲအိုကြီးများ ဖြစ်ကြလေသည်။

လုရီကို ပထမဆုံးအကြိမ် ကြည့်လိုက်သည်နှင့် သူတို့က အခြေအနေကို နားလည်သွားကြသည်။

"ရုတ်ချည်း ဉာဏ်အလင်းပဲ.. ဒီလူငယ်လေးတွေက အခုမှ ရောက်လာတာ ဟုတ်တယ် မဟုတ်လား။ သူတို့ ဒီမှာ ထိုင်ကာစနဲ့ ရုတ်ချည်း ဉာဏ်အလင်း ရခဲ့တာလား။ ဒီလူငယ်လေးရဲ့ အရည်အချင်းက အရမ်းကြောက်ဖို့ ကောင်းပါလား။"

အကြီးအကဲ အုပ်စုကြီးက လုရီအား ရှားပါး ကျောက်မျက်ရတနာ တစ်ပါးကို ကြည့်နေသလိုမျိုး စူးစူးစိုက်စိုက် ကြည့်နေကြရင်း တဖွဖွ ညည်းတွားနေကြတော့၏။

"ဟင်..အဘိုးကြီး၊ သေချာကြည့်စမ်း။ ဒီလူငယ်လေးမှာ တစ်ခုခုမှားနေပြီ... သူ့ရဲ့ ကျင့်စဉ်က ရွှေအူတိုင်ပဲဟ.. ဘယ်လို... သူ ဓားတာအို ပိုင်နက်ကို ကျွမ်းကျင်နေရတာလဲ..."

"အလိုလေး... အဟုတ်ပဲ..ဓားတာအို ပိုင်နက်ကွ..ငါတို့ နတ်ဓားဂိုဏ်းက အသစ် ဝင်လာတဲ့ တပည့်လေးရဲ့ ဓားပါရမီက

တကယ့်ကို ကြောက်ခမန်းလိလိ ပါလား "

"..."

ယခုလောက် နှစ်အတော်ကြာအောင် နေထိုင်လာခဲ့တာတောင်မှ မည်သူ တစ်ဦးတစ်ယောက်ကမျှ ဤမျှထူးထူးခြားခြား ဓားစွမ်းရည်အား ပိုင်ဆိုင်ထားသည်ကို

မမြင်ဖူးခဲ့ပါ။

"ရုတ်ချည်း ဉာဏ်အလင်း ပွင့်ခြင်းရဲ့

တာအိုယွင် ပျံ့နှံ့လာတာနဲ့အမျှ ဒီကလေးက ငါတို့အတွက် တကယ်ကို လွယ်ကူစေပြီ၊အခု ဓားကို နားလည် သဘောပေါက်တာက နှစ်ဆလောက် ထိရောက်နိုင်တော့မယ်ကွ.. အဟဲ"

လူကြီးတစ်ယောက်က ရယ်မောကာ ချက်ချင်းပင် လုရီ ဆီသို့.. ဖိနှိပ်၍ ရွှေ့ပြောင်းလာ၏။ အခြား လူကြီးများနှင့် အမျိုးသမီးများကလည်း ထပ်တူထပ်မျှ လိမ္မာ ပါးနပ်ကြပြီး လုရီ ဘက်သို့ တစ်ယောက်ပြီး

တစ်ယောက် ဖိနှိပ်၍ ရောက်ရှိလာကြသည်။ လုရီနှင့် ပိုမို နီးကပ်‌စေရန် အစပိုင်းတွင် ရည်ရွယ်ထားသည့် ဝမ်ချီဖုန်းနှင့်

ဖုန်းပုမင်တို့မှာ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ပညာရှင်များအား မတွန်းလှန်နိုင်ချေ။ သူတို့၏ လမ်းကြောင်းများအား

ထိုပုဂ္ဂိုလ်တို့က ပေါ့ပေါ့တန်‌တန် ဖြတ် တောက်ကာ သူတို့၏ အဝတ်အစားများပင် ဖရိုဖရဲ ဖြစ်သွားရသည်။

ကျန်းရူယွီအတွက်မူ သူမက လုရီနှင့် အလွန်အမင်း နီးစပ်နေပြီ ဖြစ်သောကြောင့်သာ လုရီ၏ ရုတ်ချည်း ဉာဏ်အလင်းကို

မနှောင့်ယှက်ချင်ဘဲ ဘေးဖယ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ကျန်းရူယွီသည် စိတ်သက်သာရာ ရသည့် သက်ပြင်း

တစ်ချက်ချကာ ကျင့်ကြံမှု စတင်ရန် မျက်လုံးများကို အမြန်မှိတ်၍ ဤရှားပါးအခွင့်အရေးကို ရယူလိုက်သည်။

ဤအတောအတွင်း၊ တွန်းထုတ်ခံရသော ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့သည် မျက်ရည်ကျလုနီးပါး ကြေကွဲနေကြသည်။

ဘိုးဘေးအဆင့်ရှိ ပညာရှင်များစွာ၏

ဖိနှိပ်ခြင်းကို မည်သူက တိုင်ကြားနိုင်မည်နည်း။ သူတို့က ပထမဆုံး ရောက်လာသူများ ဖြစ်ကြ၏။ နှစ်ယောက်သား အချင်းချင်း ဝမ်းနည်းသော အကြည့်တွေ ဖလှယ်လိုက်ကြသည်။

ဝမ်ချီဖုန်း၏ အရှိန်အဝါသည် မငြိမ်မသက်ဖြစ်နေပြီးနောက် တွန့်ဆုတ်စွာဖြင့် ပြောလာ၏။

" တာအိုယွင်က ဒီမှာ ပျံ့နှံ့နေတာ နည်းနည်းတော့ ရှိသေးတယ်၊ မြန်မြန် ဆင်ခြင်ပါ"

ဖုန်းပုမင်သည်လည်း ဆင်ခြင်ရန် မျက်လုံးမှိတ်ထားသော အဘိုးအိုများကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ပြင်းပြင်းထန်ထန် မဲ့ရွဲ့ကာ ဆင်ခြင်ရန် အုံ့မှိုင်းနေသော မျက်နှာဖြင့် တိတ်တဆိတ် ထိုင်လိုက်တော့သည်။

...

လုရီသည် ဓားခြေရာနှင့် ဓားပုံစံသည်

ပိုင်နက် အဆင့်ကို ကျော်လွန်သွားသည့် ဓားတာအို၏ အတွေးအခေါ်ကို ထင်ရှားစေသည်ဟု ခံစားနေ၏။

အင်မော်တယ်တို့၏ စွမ်းအားအသုံးချမှုသည် ပိုင်နက်ကို ကျော်လွန်ကာ 'နိယာမ' နယ်ပယ်သို့ ရောက်ရှိသည်။ လှုပ်ရှားမှုတိုင်းက ကောင်းကင်နှင့် မြေကြီး၏ အလိုအား ပေါင်းစပ်ထားသည်။ ဤသည်မှာဓားစိတ်ဆန္ဒ၏ နိယာမ အဆင့် ဖြစ်သည်။

တုန်လှုပ်သွားပြီးနောက် လုရီ အလွန် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ တာအိုနယ်ပယ်၏ နိယာမ အဆင့်တွင် ရုတ်ချည်း ဉာဏ်အလင်းကို အသုံးပြုခြင်းသည် အလွန် တန်ဖိုး ရှိမည်မှာ ယုံမှားစရာ မရှိပါ။ ဓား တာအို နိယာမကို နားမလည်နိုင်ဘဲ တိမ်မြုပ်နေသော အပိုင်းအစအချို့ကိုသာ ခံစား သိရှိနိုင်သော်လည်း ၎င်းသည် သူ့အတွက် ကြီးမားသော ရတနာတစ်ခု ဖြစ်နေဆဲဖြစ်သည်။

လုရီ၏ ဓား တာအိုပိုင်နက်သည် အပြင်သို့ အဆက်မပြတ် ဖြန့်ကျက်ကာ

မီတာ နှစ်ဆယ်၊ မီတာသုံးဆယ် အကွာအဝေးသို့ မြန်မြန်ဆန်ဆန်ပင် ပြန့်ကားလာသည်။ နောက်ဆုံးတွင် မီတာတစ်ရာ ကျော်သွားခဲ့လေ၏။

ဓား တာအို ပိုင်နက်အတွက် ထိုကဲ့သို့သော အကွာအဝေးသည် အား မနည်းတော့ဘဲ ပါဝင်သော စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်။ ထိုအချိန်တွင် သူ၏ ပိုင်နက် အား နားလည်မှုသည် အံ့ဩစရာ စွမ်းအားဖြင့် တစ်ဆယ် ရာခိုင်နှုန်းအား တိုက်ရိုက် ကျော်သွားခဲ့တော့၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားတော့ အနောက်ဘက်မှာ နေလုံးကြီး ခိုဝင်လျက် ကောင်းကင်အား ညဥ့်အခါသမယအဖြစ် အသွင်ဆောင်ပေးတော့၏။ သူတို့သည် တိမ်အလွှာ၏အထက်တွင် ရောက်ရှိနေကြသောကြောင့် နေ့အလင်းရောင် ကွယ်ပျောက်ခါနီးတွင် သူတို့သည် ကောင်းကင်ကို ထိတွေ့နိုင်ကြသည်။

ကြယ်တစ်ပွင့်စီသည် ထူးထူးခြားခြား တောက်ပနေပြီး ငွေရောင်အလင်းအား ထုတ်လွှတ်၏။ ဤကြယ်များသည် အစုအဝေးများအဖြစ် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် အရောင် ပြိုးပြက်လာတော့သည်။

All Chapters