← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း၂၁၄-ဓားတာအို နိယာမ အပိုင်းအစ...

~လုရီ၏ ရုတ်ချည်း ဉာဏ်အလင်း အခိုက်အတန့် တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ဓားစိတ်ဆန္ဒက ဆုံစည်းပြိီး ရွှေရောင်အလင်းတန်းများ လွင့်ပါးသွားသည်။

လုရီ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ မျက်လုံး ဖွင့်လိုက်သည်နှင့်

သူ့ပတ်ဝန်းကျင်တွင် အသက်ကြီးရင့်သည့်အမျိုးသား၊အမျိုးသမီးများ ပါဝင်သော

စီနီယာ တစ်စုကို မြင်လိုက်ရသည်။ ထိုသူတို့၏ မျက်လုံးများသည် စိတ်အားထက်သန်မှုဖြင့် တောက်ပနေလေသည်။

လုရီ လန့်ဖျတ်သွားသည်။ သူက ကမန်းကတန်း ပြောလိုက်၏။

"အကြီးအကဲတို့ ဘာကိစ္စ ရှိလို့ပါလဲ"

ထိုအခါ …

တစ်ယောက်က ပြုံးရွှင်သော အမူအရာဖြင့် ..

"လူငယ်လေး၊ နိုးပြီလား၊ မင်းက တပည့်အသစ်လား။ မင်းရဲ့ဆရာအဖြစ် ငါ့ကို ဆရာတင်ချင်လား။ ဒီအဘိုးကြီးတစ်သက်မှာ သင်ယူခဲ့သမျှကို သင်ပေးနိုင်တယ်"

နောက်တစ်‌ယောက်ကလည်း..အော်ဟစ်လာသည်။

"တိတ်စမ်း..ခင်ဗျား.. ပေါက်ကရတွေ

မပြောနဲ့ .. အဘိုးကြီး ဝမ်၊ ခင်ဗျားရဲ့ဓားတာအို ကျင့်ကြံမှုက ဒီလောက် အထင်ကြီးစရာ မရှိဘဲ ပြောရဲသေးလား၊ ကလေး၊ ဒီ သရဲအိုကြီး စကားကို နားမထောင်နဲ့။ မင်းရဲ့ဆရာအဖြစ် ငါ့ကို ရွေး..၊ ငါ့ဓား တာအို ကျင့်ကြံမှုဟာ ဒီအသက်ကြီးကြီးလူတွေထဲက ထိပ်ဆုံးသုံးယောက်ထဲမှာ ပါတယ်။"

ထိုအခါ အခြားအဘိုးအိုက တိုးတိုးလေး ဝင်ပြောလာ၏။

"မှန်တယ်၊ သူက တတိယ၊ ဒါပေမယ့် ငါက ပထမပဲ၊ ကလေး၊ မင်း နားလည်တယ် မဟုတ်လား"

စီနီယာ အမျိုးသားများနှင့် အမျိုးသမီးများ ထိုသို့ အလုအယက် ငြင်းခုန်နေကြတာကို မြင်တော့ လုရီ နည်းနည်းတော့ မှင်သက်သွား၏။ သူ၏ ဓားစွမ်းရည်သည် သန်မာလွန်းသည်ကို

မကြာမီ သူ သဘောပေါက်လိုက်ရပြီး ဤလူများထဲတွင် မဟာယာန ကျင့်ကြံသူများနှင့် ဘေးဒဏ်ကို ဖြတ်ကျော်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များပင် ပါဝင်နိုင်ဖွယ် ရှိသည်။

သူတို့က သဘောကျသွားကာ သူ့အား တပည့်အဖြစ် မွေးထုတ်လိုခြင်း ဖြစ်သည်။

လုရီသည် အုံ့မှိုင်းသော မျက်နှာထားဖြင့် ထိတ်ထိတ်ပျာပျာ ပြောလိုက်သည်။

"လူကြီးမင်းတို့..တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က နတ်ဓားဂိုဏ်းရဲ့ တပည့်

တစ်ယောက်တော့ မဟုတ်ပါဘူး. .ဓားတာအို အစည်းအဝေးအတွက် ဖိတ်ကြားခံခဲ့ရလို့သာ နတ်ဓားကျောက်တိုင်မှာ ဓားတာအို ဆင်ခြင်ဖို့ အခွင့်အရေးရခဲ့တာပါ..."

"ဘာလဲ၊ ဒီလို ဓားစွမ်းရည်နဲ့ မင်းက နတ်ဓားဂိုဏ်းထဲ မ၀င်သေးဘူးလား"

အမျိုးသား၊ အမျိုးသမီး အုပ်စုသည် တုန်လှုပ်ခြောက်ခြားသွားပြီးနောက် သူ့အား နတ်ဓားဂိုဏ်းသို့ ဝင်ရောက်ရန် ဆွဲဆောင်လာကြပြန်သည်။

တိမ်ဖြူ ဂိုဏ်းက သူ့အပေါ် အလွန်တရာ ကောင်းမွန်စွာ ဆက်ဆံသောကြောင့် လုရီက ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။ သူ့အနေနှင့် တစ်စုံတစ်ခုကို အလိုရှိခဲ့ပါက ဂိုဏ်းအတွင်း

မရရှိနိုင်လျှင်ပင်၊ အဓိပတိအကြီးအကဲ သို့မဟုတ် ဂိုဏ်းခေါင်းဆောင်က သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေပေးပါလိမ့်မည်။

သူ့ဆရာသည် အနည်းငယ် ပျင်းရိပြီး အစား စားခြင်းနှင့် အိပ်စက်ရခြင်းကို နှစ်သက်သော်လည်း၊ သူမသည် သူ့အတွက် အတော်လေး ကောင်းနေသေးပြီး အရာအားလုံးကို ကောင်းစွာ ပြင်ဆင်ပေးပါသည်။

အမြင့်သို့ မှန်းရမည်ဟု ဆိုရိုးစကား ရှိသော်လည်း လုရိီသည် သူ့အား ကောင်းကောင်း ဆက်ဆံသော ဂိုဏ်းတစ်ခုကို စွန့်ပစ်တတ်သည့် လူစားမျိုးတော့ မဟုတ်ပါချေ။ နတ်ဓားဂိုဏ်းသည် ကောင်းမွန်ပြီး လုရီသည် ဤဂိုဏ်းနှင့်ပတ်သက်၍ အပြုသဘောဆောင်သည်ဟု ခံစားမိသော်လည်း သူသည် ပါဝင်မည် မဟုတ်ပါ။

ထို့အပြင် သူ့ကိုယ်သူ အနာဂတ်တွင် အင်မော်တယ် ဖြစ်လာရန် ကံကြမ္မာပါသည်ဟု အလွန်ယုံကြည်ခဲ့ပြီး ထိုအချိန်တွင်၊ သူသည် သူ၏ကိုယ်ပိုင်တိမ်ဖြူ ဂိုဏ်းကို နတ်ဓားဂိုဏ်းကဲ့သို့ အင်မော်တယ် ဂိုဏ်းအဖြစ် ပြောင်းလဲပစ်တော့မည် ဖြစ်သည်။

မဟုတ်သေး‌ပေ။

သူ့တိမ်ဖြူ ဂိုဏ်းသည် နတ်ဓားဂိုဏ်းထက်

ပိုကောင်းလာရမည်။

‌ ဖြူလွလွ တိမ်တိုက်များပေါ်တွင် လွင့်မျောနေသော အင်မော်တယ်တောင်တန်းများ...ဝိညာဥ် စွမ်းအင် ကြွယ်ဝစေဖို့..ထိပ်တန်းဝိညာဥ် သွေးကြောများ..စသည် ထိုအဆန်းတကြယ် ရတနာ အားလုံးကို စီရင်ထားမည်။ ထို့ထက် ပို၍ပင် ခမ်းနားရပါမည်။

...,

လုရီက ငြင်းဆိုထားသော်ငြားလည်း စီနီယာ အမျိုးသား အမျိုးသမီး အနည်းငယ်က

ဇွဲမလျော့ဘဲ သူ့ကို အဆက်မပြတ် ဖိတ်ခေါ်နေပါသေးသည်။ သူတို့၏ အမြင်အရ လုရီသည် နတ်ဓားဂိုဏ်းသို့ မ၀င်ရောက်ဘဲ ကြီးမားလှသော ဓားစွမ်းရည်ကို ဖြုန်းတီးနေခြင်းမှာ မတွေးဝံ့စရာပင် ဖြစ်နေ၏။

အကြောင်းမူကား နတ်ဓားဂိုဏ်းတွင် ဓားတာအို နှင့် ဆက်စပ်သော ဥမင် ကောင်းကင် ကောင်းချီးနယ်မြေများ အများအပြားရှိပြီး ဓားကျင့်ကြံသူအတွက် အလွန် အကျိုးရှိသည့် ကောင်းကင်နှင့် မြေကြီးရတနာ များစွာ တည်ရှိနေသောကြောင့်ပင်။

ရွေးချယ်ခွင့် ပေးမည်ဆိုပါက၊ အရှေ့ပိုင်းရှိ ဓားကျင့်ကြံသူတိုင်းသည် နတ်ဓားဂိုဏ်းတွင် ပါဝင်နိုင်မည်ဖြစ်၏။ လုရီက သက်ကြီးပိုင်း စီနီယာများ၏ စိတ်အားထက်သန်မှုကြောင့် အနည်းငယ် စိတ်အိုက်နေပါ၏။ သူ့ခေါင်းကို လှည့်ကြည့်ရင်း အနီးနားက ကျန်းရူယွီကို တိုင်ပင်သလို ကြည့်လိုက်သည်။

သူ့မျက်လုံးများ တောက်ပလာပြီး သူမကို သူ့အတွက် စကားအနည်းငယ် ကူပြောပေးရန် တိတ်တဆိတ် မျက်ရိပ် ပြလိုက်သည်။

ထိုအခါ ကျန်းရူယွီက ပြုံးပြီး ပြောလာလေ၏။

"မောင်လေး၊ ငါ့အမြင်အရ နင်..နတ်ဓားဂိုဏ်းမှာ ပါဝင်သင့်တယ်၊ ဒါဆိုရင် ငါတို့က တကယ့်

စီနီယာအစ်မနဲ့ ဂျူနီယာ မောင်လေး ဖြစ်လာလိမ့်မယ်"

လုရီ၏ ဦးခေါင်းတွင် အနက်ရောင်လိုင်းများပြည့်နှက်နေတော့သည်။ ဤမိန်းကလေးက တကယ်ပဲ စိတ်မချရပါပေ။

မတတ်နိုင်။ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

"လူကြီးမင်းတို့.. လူကြီးမင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ဂိုဏ်းက ကျွန်တော့်အတွက် အရမ်း ကောင်းပါတယ်၊ ကျွန်တော့်အနေနဲ့ ကျေးဇူးမသိတတ်ဘဲ ဂိုဏ်းကို မစွန့်ခွာနိုင်ပါဘူး။ နတ်ဓားဂိုဏ်းက အရမ်းကောင်းပေမယ့် ကျွန်တော် တကယ် မပါဝင်နိုင်ဘူး"

လုရီ၏ ခိုင်မာသည့် ရပ်တည်ချက်ကို မြင်လိုက်ရသဖြင့် သက်ကြီးပိုင်း အမျိုးသား အမျိုးသမီး အုပ်စုကလည်း ထပ်ပြီး ဆွဲဆောင်ရန် မကောင်းဟု ခံစားမိကာ အသီးသီး သက်ပြင်းချလိုက်ကြသည်။

လုရီက ကျန်းရူယွီနှင့် ခင်မင်ရင်းနှီးမှု ရှိသည်ကို သူတို့ မြင်လိုက်ရသည်နှင့် သူတို့ ဆွေးနွေးမှုများကို ကျန်းရူယွီဆီသို့ ပြောင်းသွားတော့သည်။

"ရူယွီ.. ကောင်မလေး..ကလေးလုကို မင်း..

နည်းနည်းလောက် အသိစိတ် ဝင်အောင် လုပ်ပေးသင့်တယ်.."

"ကလေးလု..ရူယွီကို ကြည့်ပါ..သူက တိုင်းပြည်ရဲ့ အလှတရား တစ်ခုလိုပဲ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဓားစွမ်းရည်ကလည်း အညီအမျှ အံ့အားသင့်စရာ ကောင်းတယ် ၊ ဓား အင်မော်တယ် တစ်ပါးဖြစ်ဖို့ မျှော်လင့်ချက်လည်း တောက်ပနေတာနော်.. အနာဂတ်မှာ မင်းတို့တွေ ကောင်းကင်ဘုံကို အတူတကွ ခုန်တက်နိုင်တယ်၊ တကယ်လို့ နတ်ဓားဂိုဏ်းမှာသာ ပါဝင်လိုက်ရင် ရူယွီက မင်းရဲ့ တာအိုကြင်ဖက် ဖြစ်ဖို့ သေချာပေါက် ဆန္ဒ ရှိမှာပဲကွ.."

"ဒါ.. မဆိုးဘူးပဲ၊ ကလေးလု..ရူယွီနဲ့ ယှဉ်နိုင်တဲ့ မိန်းကလေးကို ထျန်းမင် တစ်ခုလုံးမှာ ပတ်ရှာရင်တောင် သိပ်မတွေ့နိုင်ဘူးနော်..မင်းနဲ့ အရမ်းလိုက်ဖက်တယ်"

သက်ကြီးပိုင်း အမျိုးသားနှင့် အမျိုးသမီး အနည်းငယ်သည် ပို၍..ပို၍ တိုးကာ တိုက်တွန်းလာသည်နှင့်အမျှ ကျန်းရူယွီပင်လျှင် ရှက်စိတ်ဖြင့် မျက်နှာ အနည်းငယ် နီရဲလာတော့၏။

ထိုအခိုက်အတန့်မှာ သူမ ချောင်းဟန့်လိုက်ပြီး

လုရီကိုကြည့်ကာ

"ဂျူနီယာ မောင်လေး၊ ငါတို့ အခုထွက်သွားလို့ရပြီ လေ" ဟု နှိုးဆော်လိုက်သည်။

လုရီက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး တုံ့ပြန်သည်။

" ဟုတ်ကဲ့ ၊သွားကြတာပေါ့"

သူတို့နှစ်ဦးသည် စကားဆက်ပြောချင်ကြသော သက်ကြီးပိုင်း အမျိုးသားနှင့် အမျိုးသမီးများကို လျစ်လျူရှုကာ အောက်ဘက်သို့ ပျံဝဲသွားကြသည်။

"စကားမစပ်၊ အစ်ကို ဝမ် နဲ့ အစ်ကိုဖုန်းရော ဘယ်မှာပါလိမ့်"

ခဏလောက် ပျံသန်းပြီးနောက် လုရီက

ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်အား မတွေ့မိကြောင်း သတိထားမိလိုက်သည်။ ထိုအချိန်တွင် ဝမ်ချီဖုန်းနှင့် ဖုန်းပုမင်တို့သည် အပေါ်စီးမှ ပျံသန်းလာသည်။ နှစ်ယောက်စလုံး အလွန် သုန်မှုန်သော မျက်နှာထားများရှိနေကြသည်။

ထိုသို့ အခြေအနေအား မြင်တော့ လုရီ အံ့ဩသွားပြီး

"တာာအိုရောင်းရင်း ဝမ်၊တာာအိုရောင်းရင်းဖုန်း.. ခင်ဗျားတို့ နှစ်ယောက် ဘာများ ဖြစ်လို့လဲ" ဟု မေးလိုက်လေသည်။

ဝမ်ချီဖုန်းသည် ခေါင်းယမ်း၍ နှုတ်ဆိတ်နေကာ သူ့ကိုယ်ပိုင်ဂိုဏ်းမှ အကြီးအကဲများ ပါ၀င်နေသောကြောင့်၊ အများကြီး ပြောဖို့ မသင့်တော်ဟု သူ ခံစားရ၏။

ဖုန်းပုမင်ကတော့ အကြောင်းအရာကို မချန်လှပ်ဘဲ ခြောက်ကပ်သော လေသံဖြင့် ပြောပြလာသည်။

"ဒါက ဟိုးအထက်က စီနီယာတွေကြောင့်ပါ၊ ငါတို့က မူလက မင်းရဲ့ ဉာဏ်အလင်းကို ခံယူပြီး ကြွယ်ဝတဲ့ တာအို စွမ်းရည်က‌နေ အကျိုးကျေးဇူး ယူဖို့ မင်း အနားမှာ ထိုင်ခဲ့ကြတာ လေ။ နောက်ဆုံးတော့ ငါတို့.. ‌‌အဝေးကို ရောက်သွားတယ်၊ အဲ့ဒီလူကြီးတွေက ငါတို့ကို ဖိနှိပ်လိုက်တာလေကွာ"

လုရီက ဒါကို ကြားတော့ သူ့အမူအရာက ထူးဆန်းသွားပြီး

"ရောင်းရင်းဖုန်း၊ ဘာလို့ ဒီလို ကိစ္စတွေကို စိတ်ပူနေတာလဲ၊ ခင်ဗျားမှာ အခွင့်အရေး ရရင် ချင်းကျိုးမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့တိမ်ဖြူဂိုဏ်းကို လာခဲ့ပါ...တာအိုစွမ်းရည် ဆွေးနွေးလို့ ရပါတယ်...ရောင်းရင်းဝမ်

ရောပဲနော်.. "

ဒါကို ကြားတော့ ဝမ်ချီဖုန်းနှင့် ဖုန်းပုမင် မျက်လုံးတွေ တောက်ပလာပြီး မျက်နှာတွင် အပြုံးရိပ်တို့ ပေါ်လာသည်။

"ကောင်းပြီ၊ ရောင်းရင်းလုက ဒီလို ဖိတ်ခေါ်မှတော့ ငါတို့ သေချာ ပေါက်လာလည်မယ်ကွ"

ကျန်းရူယွီက လုရီအား ကြည့်ကာ ပြုံးပြီး

"ဂျူနီယာ မောင်လေး၊ ဒီအစ်မကရော..."

လုရီ ကူကယ်ရာမဲ့.. ပြုံးလိုက်ပြီး

"စီနီယာအစ်မ ရူယွီ..ခင်ဗျားနဲ့ ကျွန်တော့်စီနီယာအစ်မက သူငယ်ချင်းကောင်းတွေပဲဟာ.. နောက်ပြီး ခင်ဗျားလည်း ချင်းကျိုးကပဲ။ အစ်မ ရူယွီအနေနဲ့ တိမ်ဖြူ ဂိုဏ်းကို လာလည်ချင်ရင်

ဘယ်သူက တားနိုင်မှာလဲ"

အခန်း၂၁၅-ဓားတာအို နိယာမ အပိုင်းအစ...

~ ထိုအခါ..ကျန်းရူယွီက ပေါ့ပေါ့ပါးပါး

တခစ်ခစ် ရယ်ရင်း ပြောလာသည်။

"အမှန်ပဲ၊ အဲဒီအချိန်တုန်းက ငါ့မောင်လေး ချက်ပြုတ်ထားတဲ့ ဝိညာဉ်အစာကို စားပြီး သူချက်တဲ့ ဝိညာဉ်ဝိုင်ကိုလည်း သောက်ခဲ့ရသေးတယ်"

"ညီအစ်ကို လုက ဝိညာဉ်အစာချက်ပြုတ်

စွမ်းရည်နဲ့ ဝိညာဉ်ဝိုင်ချက် စွမ်းရည်ကိုလည်း သိတယ်လား"

ဖုန်းပုမင်နှင့် ဝမ်ချီဖုန်း နှစ်ယောက်စလုံး အံ့သြသွားကြသည်။

လုရီက ပြုံးပြီး တုံ့ပြန်လိုက်သည်။

"ကျွန်တော် အားလပ်ချိန်မှာ လေ့ကျင့်

ထားတာပါ "

ဖုန်းပုမင်က ရယ်ကာ..

"ဟားဟား.. ဒါဆို မင်းရဲ့ လက်ရာကို မြည်းကြည့်ရမယ်"

လုရီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ဖိတ်ခေါ်လိုက်သည်။

"အချိန် ကျရင် အစ်ကို ဖုန်းကို ဧည့်ခံမှာပေါ့"

သို့နှင့် သူတို့လေးယောက်သည် ရယ်စရာ၊

မောစရာလေးများ ပြောကာ ထွက်လာကြပြီး အချင်းချင်းနှုတ်ဆက်၍ လူချင်း ခွဲလိုက်ကြပြီး လုရီက ကျန်းရူယွီနှင့်အတူ ရူယွီ ခန်းမသို့ ပြန်သွားခဲ့သည်။

ကြီးကျယ် ခန်းနားသည့် ခန်းမကြီးထဲသို့ ဝင်လိုက်သည်နှင့် လုရီသည် ခြံဝင်းအတွင်းရှိ ရေကန်ရှေ့တွင် ရပ်နေသော လျိုနင်ရွှမ်းကို တွေ့လိုက်ရပါတော့သည်။ သူမ၏ နောက်ကျောသည် တည်ငြိမ်ပြီး တုနှိုင်းမဲ့ကာ လနတ်သမီး၏ နန်းတော်မှ အင်မော်တယ် တစ်ပါးအလားထင်မှတ်မှားရပါ၏။

လုရီက ပြုံးလိုက်ပြီး

"စီနီယာအစ်မ ဘာလို့ အပြင်မှာ နေတာလဲ"

ထိုအခါ .. လျိုနင်ရွှမ်းသည် ခေါင်းကလေး လှည့်လာကာ နှစ်ယောက်သား ပြန်လာသည်ကို မြင်သောအခါ ခပ်ဖျော့ဖျော့ ပြုံးကာ

"အားလပ်ချိန် ရတာ ရှားပါတယ်၊

အနားယူနေတာပါပဲ..."

"နတ်ဓား ကျောက်တိုင်ကို နားလည်ခဲ့တဲ့ အခြေအနေက ဘယ်လိုလဲ" ဟု သူမက ဆက်၍

လုရီအား မေးလိုက််၏။

လုရီက ပြုံးပြီး

"သဘာဝအတိုင်းပါပဲ၊ ကောင်းပါတယ်။

ကံကောင်းထောက်မစွာ ဉာဏ်အလင်း ရရှိတဲ့ အခိုက်အတန့် တစ်ခု ရှိခဲ့ပြီး၊

ကျွန်တော့်ရဲ့ ဓားတာအို ပိုင်နက်လည်း

သိသိသာသာ တိုးတက်လာတယ်"

လုရီသည် ရုတ်ချည်း ဉာဏ်အလင်းရသွားသည်ကိုကြားတော့ လျိုနင်ရွှမ်း အံ့အားသင့်သွားပြီး နူးညံ့စွာ ရယ်ပြီး ခေါင်းခါသည်။

"ဂျူနီယာ မောင်လေး၊ နင့်ရဲ့ အရည်အချင်းက အံ့ဩစရာပဲနော်.. ဉာဏ်အလင်းက ရေသောက်သလိုပဲ လွယ်လိုက်တာ"

လျိုနင်ရွှမ်းက ဆက်၍ မေးလာ၏။

"နတ်ဓား ကျောက်တိုင်မှာ ဓားတာအိုကို ဆင်ခြင်နေတဲ့ နတ်ဓားဂိုဏ်းက အကြီးအကဲတချို့ ရှိတယ်လို့ ငါ ကြားတယ်၊ သူတို့က နင့်ကို ဒုက္ခပေးခဲ့သေးလား။"

သူ့စီနီယာအစ်မက နတ်ဓား ကျောက်တိုင်ကို ဆင်ခြင်သူများ ရှိကြောင်း သိနေရန်

လုရီ မမျှော်လင့်ထားဘဲ ပြုံးကာ ပြန်ဖြေသည်။

"အဲ့ဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် စီနီယာတွေက ကျွန်တော့်ရဲ့ အရည်အချင်းကို အရမ်းသဘောကျပြီး နတ်ဓားဂိုဏ်းကို ဝင်စေချင်တာဗျ..ကျွန်တော် အသေအချာ ငြင်းလိုက်ပါတယ်.."

လျိုနင်ရွှမ်း၏ မျက်နှာသည် ငြိမ်သက်နေကာ သူမသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျန်းရူယွီထံ အကြည့်များ ရောက်ရှိသွားသည်။

ကျန်းရူယွီသည် အပြစ်ရှိသလို မခံစားရဘဲ ရယ်မောလိုက်ပြီး

"အဟီး..ငါလည်း နည်းနည်း ဝင်ပြောခဲ့တယ်"

လုရီ၏အမူအရာမှာ အနည်းငယ် တောင့်တင်းသွားပြီး ထိုလူကြီးများနှင့် အမျိုးသမီးကြီးများ ပြောသည့် စကားများ သူ့နားထဲတွင် ပဲ့တင်ထပ်လာပါသည်။

ထိုအချိန်တွင် လုရီ တစ်ယောက်

ကျန်းရူယွီ၏ လျှို့ဝှက် အသံပေးပို့လာမှုကိုကြားလိုက်ရသည်။

"လိမ္မာတဲ့ ဂျူနီယာ မောင်လေး..

လျိုနင်ရွှမ်းကို ပြန်မပြောနဲ့နော်.. ငါ သေလိမ့်မယ်၊ နင့်အစ်မရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေး..နင့်အတွက် အဆင်ပြေပါတယ်" ဟူ၍ ...။

.. ဒါက ..အဆင်ပြေတယ်..လား..

လုရီ စိတ်ထဲ၌ ပြန်၍ ရန်တွေ့မိသည် ။

ထိုအချိန်တွင် လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး မေးလိုက်၏။

"နင်...အဲ့ဒီအကြီးအကဲတွေဘက်က ကူပြောပေးတာမလား"

လုရီ လန့်သွားသည်။ လျိုနင်ရွှမ်းအား ကွက်တိ မှန်းလာဖို့ သူသည် စိုးစဉ်းမျှ မမျှော်လင့်ခဲ့မိပါ။

နောက်တော့ သူ့ရင်ထဲမှာ နားမလည်နိုင်သော ဝမ်းနည်းမှု အနည်းငယ် ခံစားလိုက်ရပါသည်။

ကျန်းရူယွီသည်လည်း အပြစ်ရှိသည်ဟု ခံစားရပြီး လျိုနင်ရွှမ်းထဲမှ သူမအကြည့်ကို ရှောင်တိမ်းနေကာ..

"အဲဒီအချိန်က ဒီအတိုင်းပဲ ပြောထွက်သွားတာပါပဲ" ဆိုပြီး ရယ်‌ကျဲကျဲပြောလိုက်သည်။

လျိုနင်ရွှမ်းသည် သူမ၏ တည်ငြိမ်သော ဣန္ဒြေကို ထိန်းသိမ်းကာ ခပ်ပေါ့ပေါ့ လှောင်ပြောင်၏။

"ဟွန့်.. ငါသိသားပဲ"

ထိုအခါ.. ကျန်းရူယွီသည် ချက်ချင်းပင်

လျိုနင်ရွှမ်းထံ ချဉ်းကပ်၍ လျိုနင်ရွှမ်း၏လက်ကို ကိုင်ကာ ဂရုတစိုက် ချော့မော့လေတော့သည်။

သူတို့ နှစ်ယောက် စကားပြောနေတာကို မြင်တော့ လုရီက ပြုံးပြီး

"စီနီယာ အစ်မ၊ ကျွန်တော်အခန်းထဲ အရင် ပြန်တော့မယ်နော်.."

သူသည် သူ၏ အလုပ် ဆုလာဘ်များကို ရယူရန် စိတ်အား ထက်သန်ခဲ့သည်။

လျိုနင်ရွှမ်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လုရီက နောက်ကနေ လှည့်ထွက်သွားတော့

လျိုနင်ရွှမ်း၏ အနည်းငယ် ပဟေဠိဆန်သော အသံကို ကြားလိုက်ရသည်။

"ရူယွီ၊ နင့် မျက်နှာက ဘာလို့ ရဲနေတာလဲ"

ကျန်းရူယွီက "ဘာမှမဖြစ်ပါဘူး၊ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ"ဟူ၍ တုံ့ပြန်သည်။

...

လုရီ သူ့အခန်းသို့ ပြန်သွားပြီး နတ်ဓား ကျောက်တိုင်ကို နားလည်ခြင်းအတွက် ဆုလာဘ်များကို စတင် ထုတ်ယူလိုက်ပါတော့သည်။

သူ့ဓား တာအို နယ်ပယ် တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ ၎င်းကို လက်ခံပြီးနောက် သူ၏ ဓားတာအို ပိုမို တိုးတက် ကောင်းမွန်လာသည်ဟု လုရီ ခံစားမိသည်။ ဤတိုးတက်မှုသည် သူ၏

ယခင် ဉာဏ်အလင်းကဲ့သို့ သိသာ ထင်ရှားခြင်း

မရှိသော်လည်း သူ့ဘာသာသူ ဖြည်းညှင်းစွာနားလည်ရန် ဆိုလျှင် လနှင့်ချီ ကြာမြင့်၍ အချိန်ယူရလိမ့်မည် ဖြစ်ပါသည်။

လုရီအတွက်၊ ဒါက အပိုဆုတစ်ခုပါပဲ။

သူ အကြီးမားဆုံး မျှော်လင့်ထားသည်မှာ အင်မော်တယ် ဓားတံဆိပ်ပြား ဖြစ်ပါ၏။

၎င်းက ရွှေရောင် တံဆိပ်ပြား တစ်ခု ဖြစ်၏။

ရွှေလည်းမဟုတ်၊ သစ်သားလည်း မဟုတ်။ ၎င်းက မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို

မသိရချေ။

အင်မော်တယ် ဓားတံဆိပ်ပြားတွင် စကားလုံး ထွင်းထုထားသည်များ မရှိ။ ရွှေရောင်ဓားရှည်တစ်လက်နှင့် လျှို့ဝှက် ဆန်းကြယ်သော ပုံစံအချို့သာ ‌ပါဝင်သည်။

ထိုပုံစံများကို မြင်လိုက်ရတော့ လုရီ ထိတ်ခနဲ ဖြစ်သွားပြီး အနည်းငယ် အံ့သြသွားပါ၏။

အင်မော်တယ် ဓားမျိုးစေ့တွင် ဤပုံစံများကို သူ မြင်ဖူးပြီး ၎င်းတို့က အင်မော်တယ် ဓားစိတ်ဆန္ဒနှင့် ပတ်သက်သည့် တာအို ပုံစံများပင် ဖြစ်သည်။

ဤနေရာတွင် ရေးထွင်းထားရန် မမျှော်လင့်ထားပေ။

လုရီ တစ်ခဏမျှ စဉ်းစားပြီး သူ့ကိုယ်တွင်းမှ အင်မော်တယ် ဓားစိတ်ဆန္ဒ၏ တာအို ပုံစံများကို လည်ပတ်ပြီး အင်မော်တယ် ဓားတံဆိပ်ပြားအတွင်း အင်မော်တယ် ဓားချီတချို့ စီးဝင်စေလိုက်၏။

ရုတ်တရက်ဆိုသလို၊ အင်မော်တယ် ဓားတံဆိပ်ပြားထံမှ ရွှေရောင်အလင်းစီးကြောင်းများနှင့်အတူ ထူးဆန်းသော တောက်ပမှုတစ်ခုအား

ထုတ်လွှတ်ပြီး အနည်းငယ်တုန်ခါလာသည်။

လုရီက အင်မော်တယ် ဓားချီကို ပြန်လည်၍ ရုပ်သိမ်းလိုက်သောအခါ အင်မော်တယ် ဓားတံဆိပ်ပြားသည် ၎င်း၏ ငြိမ်သက်သော အနေအထားသို့ ပြန်လည် ရောက်ရှိခဲ့လေသည်။

ဂိုဏ်း ခေါင်းဆောင် သီးသန့်ကိုင်ဆောင်သော ဤအင်မော်တယ် ဓားတံဆိပ်ပြားသည် အလွန်တရာမှပင် ထူးကဲပြီး အရေးပါသော ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင်ဖွယ် ရှိသည်မှာ မလွဲဧကန်ပင်ဖြစ်တော့သည်။

ကံမကောင်းစွာပဲ၊ သူသည် အင်မော်တယ် ဓားဂိုဏ်း၏တည်နေရာကို ရှာဖွေစမ်းသပ်၍မရနိုင်သေးပါ။

လုရီ အတွင်းစိတ်တွင် ကြိတ်၍ သက်ပြင်း

တစ်ချက်ချလိုက်ပြီး အနာဂတ်တွင် ဤ

အင်မော်တယ် ဓားဂိုဏ်းကဏ္ဍနှင့်ပတ်သက်၍ ထပ်မံမေးမြန်းရန် စိတ်ထဲတွင် တေးထားလိုက်ပါတော့သည်။

ဓားတာအိုအစည်းအဝေး ပြီးဆုံးသွားသော်လည်း ဤနေရာသို့ ရောက်ရှိလာသော ဓားသမားများသည် မြန်မြန်ဆန်ဆန် ထွက်ခွာသွားဖို့ ရည်ရွယ်ချက်မရှိသေးပါ။ အများစုမှာ သူတို့၏ တာအို ရောင်းရင်းများနှင့် တာအို ဆက်လက်ဆွေးနွေးရန် နတ်ဓားဂိုဏ်းလက်အောက်ရှိ နတ်ဓားမြို့တော်တွင် ဆက်လက် တည်းခိုနေကြသည်။

ဤရက်များအတွင်း သူ့အနေနှင့် အင်မော်တယ် ဓားဂိုဏ်းနှင့် ပတ်သက်၍ ကျင့်ကြံသူများကို တီးခေါက်ကြည့်နိုင်ပါသည်။ အကျိုးရှိသော အရာတစ်ခုကို သင်ယူနိုင်မည်ဟု မျှော်လင့်ရပါသည်။

ထို့နောက်တွင်တော့ လုရီက သူ၏အခြားဆုလာဘ်များကို စတင်ကိုင်တွယ်ခဲ့သည်။

နတ်ဓား ကျောက်တိုင်အောက်တွင် ဓားတာအိုဆင်ခြင်ပြီးနောက် ဓားတာအို အစည်းအဝေးတွင်ပါဝင်ခြင်းအလုပ်ကို ပြီးမြောက်ကြောင်း သတ်မှတ်ခဲ့သည် ဖြစ်သည့်အလျောက် သူ၏ဆုလာဘ်များကို ရယူနိုင်လေပြီ။

ဆုလာဘ်များမှာ ဓားနှလုံးသား သစ်သီးနှင့်ဟင်းလင်းပြင်ဥမင်စွမ်းရည် "ကောင်းကင်နှင့်ငရဲ" တို့ ဖြစ်ပါသည်။

ယမန်နေ့က သူသည် ဓားနှလုံးသားသစ်သီးကို အသုံးပြုခဲ့သည်။ ၎င်း၏ အဖိုးတန်မှုသည် အထူး ဖော်ကျူးစရာပင် မလိုအပ်ပါ။

ရှားပါး၊ ထူးကဲပြီး အလွန်အမင်းတန်ဖိုးရှိသည်သသည့် အင်မော်တယ် သစ်သီး၏ ဂုဏ်သတင်းနှင့် အပြည့်အဝပင် ထိုက်တန်လှပေသည်။

လုရီအနေနှင့် ဓားနှလုံးသားသစ်သီးကို မည်သို့လုပ်ဆောင်ရမည်ကို မဆုံးဖြတ်ရသေးပေ။

ပထမ သစ်သီးကို စားသုံး၍ သူ့ကိုယ်သူအသုံးပြုပြီး ဓားပုံစံများကို အသား၊ အရိုး၊ အသွေးများတွင် ရေးထွင်းထာခဲ့ပြီး ဖြစ်ပေရာ ဒုတိယ

တစ်လုံးအား စားသုံးခြင်းမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်သောကြောင့် ၎င်းကို သူ့ကိုယ်တိုင်အတွက် အသုံးပြုခြင်းက အလွန်ဖြုန်းတီးရာ ကျချေရော့မည်။

ယခုတော့ ၎င်းကို ဆက်လက် ထိန်းသိမ်းထားရန်စိတ်ကူးလိုက်သည်။ "ကောင်းကင်နှင့်ငရဲ" ကမူ ကောင်းကင်ဓား ကိုးချက်ကဲ့သို့ ၎င်းသည် အလွန်အဖိုးတန်ပြီး အစွမ်းထက်သော သိုင်းပညာတစ်ခု ဖြစ်ပါသည်။ ၎င်းကိုလည်း သဘာဝအတိုင်း သင်ယူခဲ့လိုက်၏။ သာမန်ကာ လျှံကာမျှ ကြည့်လိုက်ရုံနှင့် လုရီသည် ကောင်းကင်နှင့်ငရဲ သိုင်း၏ အခြေခံအချက်များကို တိုက်ရိုက်ဆုပ်ကိုင်နိုင်လေသည်။ ထို့နောက်တွင် သူသည် သာမာန်ကျင့်ကြံမှု တာဝန်ကို ထမ်းဆောင်ရန်သာ လိုအပ်ပါတော့သည်။

နောက်တစ်နေ့တွင် လုရီအား ရူယွီ ခန်းမတွင် တည်းခိုနေသည်ကို ကြားသိရသောအခါမှာတော့ ဓားကျင့်ကြံသူအများအပြားက သူ့ကို စားသောက်ပွဲအား တက်ရောက်ရန် ဖိတ်ခေါ်လာကြသည်။

ဤဓားကျင့်ကြံသူ အများစုသည် ဓားတာအို စင်မြင့်တွင် လုရီ၏ ဟောပြောချက်ကို နားထောင်ခဲ့ပြီး လုရီအပေါ် သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြချင်နေကြသည်။ ထိုမျှသာမက လုရီကို မိတ်ဖွဲ့လိုသော ပြင်ပမှ ကျင့်ကြံသူများလည်း ရှိခဲ့ပါသည်။

ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းတို့သည်လည်း နတ်ဓား မြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့သည်။ လုရီက လျိုနင်ရွှမ်းနှင့်

ကျန်းရူယွီနှင့်အတူ လုရီ၏ ကာကွယ်စောင့်ရှောက်သူ အကြီးအကဲမင်နှင့်အတူ သဘာဝအတိုင်း သူတို့နှင့်ပူးပေါင်းရန် သဘောတူခဲ့သည်။

ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းနှစ်ဦးစလုံးသည် အံ့အားသင့်စရာ ကောင်းသော အထောက်အထားနှင့် အဆင့်အတန်း ရှိသော ပုဂ္ဂိုလ်များ ဖြစ်ပြီး ပွဲကျင်းပမည့်နေရာသည် တောက်ပလမင်း စားသောက်ဆိုင်၌ ဖြစ်၏။

တောက်ပလမင်း စားသောက်ဆိုင်က နတ်ဓားဂိုဏ်း၏ ထိပ်တန်း စားသောက်ဆိုင်များထဲမှ တစ်ဆိုင် ဖြစ်ပါသည်။

လုရီနှင့် သူ့အဖွဲ့သည် တောက်ပလမင်း စားသောက်ဆိုင် သို့ ရောက်သောအခါ ဖြတ်သွားဖြတ်လာ။ ကျင့်ကြံသူများသည် လည်ပြန် လှည့်မကြည့်ဘဲ မနေနိုင်ဘဲ.. အချို့က ခေါင်းညိတ်ကာ ပြုံးပြလာကြသည်။

လုရီက ဓားတာအို အစည်းအဝေးတွင် စွမ်းဆောင်နိုင်သောကြောင့်၊ သူ၏ ခမ်းနားတောက်ပသော ဓားစွမ်းရည်မှာ နတ်ဓားဂိုဏ်း တစ်ခွင်အနှံ့.. ဂုဏ်သတင်းကြီးကာ ထို့ထက်ပင်

ကျော်လွန်သွားသည်။ ထို ဓားတာအိုအစည်းအဝေးနေ့တွင် အဝေးမှ

လာရောက်လည်ပတ်သော ဓားကျင့်ကြံသူများသာ မကသေး.. ထိုနေရာ၌ ရှိနေကြသောကျင့်ကြံသူများမှာ နတ်ဓားဂိုဏ်း၏ တပည့်အားလုံးနီးပါးလည်း ပါဝင်ခဲ့ပါသည်။

ဤအခိုက်အတန့်တွင် လုရီသည် နတ်ဓားဂိုဏ်းအတွင်း အလွန် လွှမ်းမိုးနိုင်သော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်ပါသည်။

ဖုန်းပုမင်နှင့် ဝမ်ချီဖုန်းတို့က သပ်ရပ်လှပသော သီးသန့်အခန်းကို သီးသန့် မှာကြားထားသည်။

ထိုသီးသန့်အခန်းထဲ၌သူတို့နှစ်ယောက်အပြင် အင်ပါယာဓားဂိုဏ်းမှ တပည့်များစွာနှင့် နတ်ဓားဂိုဏ်းမှ တပည့် အနည်းငယ်လည်း ပါဝင် နေသည်။

လုရီတို့ လေးယောက်ကို တွေ့တော့ အားလုံးထိုင်နေရာမှ ထ၍ ရပ်လိုက်ကြသည်။ ဖုန်းပုမင်က

ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ညီအစ်ကိုလု၊ မင်း နောက်ကျတယ်၊ အကြွေးသောက်ရမယ်"

လုရီက ပြုံးပြီး "ကောင်းပြီ ၊ကျွန်တော် သုံးခွက်သောက်ပါမယ်"

"အဟားဟား..ညီအစ်ကို လုက တည့်တိုးပဲကွာ.."

သူတို့တတွေသည် အုပ်စု ဖွဲ့ထိုင်ပြီးအစားအသောက်များ စားသောက်ကာ ကြီးပွားတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းများတောင်း၍ သေရည်ခွက်များ သောက်ရင်း လေထုက အဆက်မပြတ် အသက်ဝင်လာတော့သည်။

‌ဓားတာအို ပညာရပ်ကို မဆွေးနွေးခဲ့ကြပါ။

သူတို့၏ အတွေ့အကြုံများမှ စိတ်ဝင်စားစရာကောင်းသည့် အဖြစ်အပျက်ကလေးများကို မျှဝေရုံသာ ဖြစ်လေ၏။

ထိုအချိန်တွင် လင်းယွီက သူ့လက်ထဲတွင် ရှိသော သေရည် ခွက်ထဲမှ သေရည် တစ်ကျိုက်အား အရသာခံလိုက်ရင်း အနည်းငယ် နီမြန်းလာသည့် မျက်နှာထားဖြင့် စကားစလိုက်သည်။

"ဒီမှာဗျ၊မြောက်ပိုင်း နယ်မြေ မိစ္ဆာပြည်မှာ

အရမ်းကို ကြီးကြီးမားမား အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့တယ် ဆိုတာ အားလုံး သိပြီးကြပြီလား.."

------------

အခန်း၂၁၆- တိမ်ဖြူဂိုဏ်းသို့ အပြန်ခရီး…

~ "ဟမ်၊ ဘယ်လို ကြီးကြီးမားမား အဖြစ်အပျက်လဲ။"

“ဆိုပါဦး..ကျုပ်တို့ မကြားမိသေးဘူး..”

“ဟုတ်ပါရဲ့ ဘာသတင်းများလဲဗျ…”

ထိုသို့ လူတိုင်းက စိတ်ဝင်တစား မေးလာကြသည်။

မြောက်ပိုင်းနယ်မြေ အများစုက မိစ္ဆာမျိုးနွယ်စု၏ ကြီးစ်ိုးရာ ဖြစ်သည်။ ယနေ့ခေတ်၌ ရှေးခေတ်ဟောင်းမှာကဲ့သို့ လူသားမျိုးနွယ်နှင့်မိစ္ဆာမျိုးနွယ်အကြား ဆက်ဆံရေးသည် အလွန်ရန်လိုနေသည် မဟုတ်သော်ငြားလည်း နှစ်ပေါင်း

များစွာ စစ်ပွဲများဖြင့် မြောက်ပိုင်းနယ်မြေနှင့်

အရှေ့နယ်မြေကြား မကြာခဏ ဆိုသလို ကွဲလွဲမှုများ ရှိနေတတ်ဆဲ ဖြစ်သည်။ အမှန် တကယ်သာ အဓိက ဖြစ်ရပ်တစ်ခု ရှိခဲ့ပါက၊ အရှေ့နယ်မြေ ၏ အနာဂတ် စွမ်းအားရှင်များသည် သဘာဝအတိုင်း အာရုံစိုက်မိပေလိမ့်မည်။

လင်းယွီက ဆက်လက် ပြောပြလာသည်။

"ချင်းချုံးမှာ မိစ္ဆာနယ်မြေအတွင်းမှာ အမြီးကိုးချောင်း မြေခွေးမျိုးနွယ်က ထ်ိပ်သီး ရုပ်သွင်ကြီးတစ်ကောင် ထွက်ပေါ်လာတယ်၊ သူ့ကိုယ်မှာ ရှေးအမြီးကိုးချောင်း မြေခွေးဧကရာဇ်ရဲ့ အငွေ့အသက်တွေ ကိန်းဝပ်နေတယ်တဲ့၊ အဲ့ဒီထိပ်သီး မိစ္ဆာက

မကြာသေးမီက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ သူက မျိုးဆက်သစ် လူငယ်တွေကို ဖိနှိပ်ပြီး လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ ရာထူးကို ရယူလိုက်ပါရော။ အဲ့ဒီမိစ္ဆာဟာ မိစ္ဆာ မျိုးနွယ် တစ်ခုလုံးကို ကြီးစိုးခြယ်လှယ်နိုင်တဲ့ နောက်ထပ် အမြီး ကိုးချောင်း မြေခွေးဧကရာဇ်ဖြစ်လာမှာကို စိုးရိမ်မိတယ်။"

"အမြီးကိုးချောင်း မြေခွေး ဧကရာဇ်လား။ အဲဒီတည်ရှိမှုဟာ ရှေးခေတ်က တုနှိုင်းမဲ့တဲ့ မဟာနတ်ဆိုးကြီးပဲ၊ အင်မော်တယ်မြေ တစ်ခုလို ကြောက်စရာ ကောင်းလောက်အောင် တန်ခိုးကြီးပြီး ပြင်းထန်တယ်လို့ ဆိုတယ်။ ချင်းချုံးမှာ အမှန်တကယ်တော့ ဒီလို ဖောက်ပြန်မှုမျိုး ပေါ်ထွက်လာသလား။ ဟူး..မိစ္ဆာပြည်ဟာ

မငြိမ်းချမ်းတော့ဘူးပဲ" ဟူ၍ နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက မြည်တမ်းလိုက်လေသည်။

လုရီ ဤသတင်းကို ကြားလိုက်ရသည်နှင့် အနည်းငယ် ထိတ်လန့်သွားရသည်။

ချင်းချုံးး အမြီးကိုးချောင်းမြေခွေး

မျိုးနွယ်။ ..ဒါက ချင်းချုံးဟွာ များလား။

လွန်ခဲ့သော နှစ် အနည်းငယ်က ချင်းချုံးဟွာ သည် အရှေ့တောအုပ် အပျက်အစီးများ ရှိ အမြီး ကိုးချောင်း မြေခွေးဧကရာဇ်၏ အမွေကို ရရှိခဲ့သည်။ ယခုတော့ သူမသည် အမွေကို တံခါးပိတ်ကျင့်ကြံ၍ စုပ်ယူပြီးသွားပုံ ရ၏။

လုရီသည် အရှေ့ တောအုပ် အပျက်အစီးတွင် ချင်းချုံးဟွား၏ ဒေါသထွက်နေသော အမူအရာကို သတိရကာ အတွင်း၌ ကျောချမ်းသလို ခံစားခဲ့ရသည်။ ကျေးဇူးတင်စွာဖြင့် ချင်းချုံးဟွာသည် မြောက်ပိုင်း နယ်မြေတွင် ရှိပြီး အရှေ့ နယ်မြေသို့ အလျင်စလို မချဉ်းကပ်ခဲ့ပါ။ မဟုတ်လျှင် သူ့မှာ လွယ်ကူသည့် အချိန် ရှိမည် မဟုတ်ပေ။

လုရီသည် ဘေးမှ အကြည့် တစ်ချက် ရောက်ရှိနေသည်ကို သတိပြုမိပြီး မျက်လုံး ဝေ့ကြည့်လိုက်ရာ လျိုနင်ရွှမ်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရ၏။

လျိုနင်ရွှမ်းသည် အရှေ့ တောအုပ် အပျက်အစီးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သိရှိလေရာ ရှင်းရှင်းလင်းလင်းပင် သံသယများ ရှိလေသည်။

"အဲဒီ ချင်းချုံးကို ဆက်ခံသူသာ မိစ္ဆာ မျိုးနွယ် တစ်ခုလုံးကို အမှန်တကယ် အုပ်စိုးနိုင်မယ်ဆိုရင် ကိစ္စကောင်း မဟုတ်မှာ ကြောက်မိပါရဲ့..ငါတို့ရဲ့ အရှေ့နယ်မြေနဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်တယ်" ဟု ဝမ်ချီဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလာ၏။

အခြားလူများလည်း ရှေးခေတ် ကာလက လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြား စစ်ပွဲကြီးများကို ပြန်လည် တွေးတောမိရင်းအနည်းငယ် ခေါင်းငြိမ့်လိုက်ကြသည်။

တစ်ခဏအကြာ..ရောက်တတ်ရာရာတို့ ပြောဆိုပြီးနောက် လုရီ က ဝိုင်တစ်ငုံ သောက်ပြီး

"အင်မော်တယ် ဓားဂိုဏ်းအကြောင်း ရောင်းရင်းတို့ထဲက တစ်ယောက်ယောက် သိကြလား" ဟု တီးခေါက်ကြည့်လိုက်တော့သည်။

ထိုသို့ မေးမြန်းမှုကြောင့် ကျင့်ကြံသူအားလုံး၏ အကြည့်များ သူ့ထံ စုပြုံလာကြသည်။

ဝမ်ချီဖုန်းက "ညီအစ်ကိုလု၊ မင်း အင်မော်တယ် ဓားကျမ်းကို ပြုစုနေတာလား။ အဲဒါက အင်မော်တယ် ဓားဂိုဏ်းရဲ့ ဂိုဏ်း အစောင့်အရှောက်

အင်မော်တယ်ဓားသိုင်းပဲ"

ဟု မေးလာလေသည်။

လုရီ အသာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီဂိုဏ်းကို ငါကြားဖူးတယ်။ သူ့ရဲ့အထွတ်အထိပ်ကာလမှာအင်မော်တယ်ဓားဂိုဏ်းက အင်မတန်မှ အစွမ်းထက်တာပေါ့၊ ဒါပေမယ့် မထင်မှတ်ဘဲနဲ့ ဂိုဏ်းဟာ ရုတ်တရက်ဆိုသလို တစ်ရက်တည်းနဲ့ ဖျက်ဆီးခံခဲ့ရတယ်။ ဒီနေရာမှာ အင်မော်တယ်ဓား မြင့်မြတ်နယ်မြေထဲမှာ ရှိတဲ့ ဂိုဏ်းရဲ့အကာအကွယ်အခင်းအကျင်းက အင်မော်တယ်တွေကိုတောင် အချိန်အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိတယ်ဆိုတာ သိနိုင်တယ်.. ကောလဟာလတွေအရတော့

အင်မော်တယ် ဓားဂိုဏ်းက အလွန်အမင်း အစွမ်းထက်တဲ့ အင်မော်တယ်တစ်ပါးကို ရန်စမိတာကြောင့် အမြစ်ပြတ် သုတ်သင်ခံရတယ်လို့ဆိုကြတယ်.."

" ဟူး...."

ထိုသို့ ရှင်းပြပြီးနောက် ဖုန်းပုမင်က မဖော်ပြနိုင်သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

"စီနီယာအစ်ကိုကြီး.. ဒါဆိုရင် အင်မော်တယ်

ဓားဂိုဏ်းရဲ့ အမွေအနှစ်တွေ ထာဝစဉ် ပျောက်ပျက်သွားပြီ မဟုတ်ဘူးလားဗျ" ဟူ၍ နတ်ဓားဂိုဏ်းမှ

ကျင့်ကြံသူက နှမြောတသသည့် လေသံဖြင့် ခပ်လေးလေးပြောခဲ့သည်။

"ဟင့်အင်း..အဲ့ဒီလို မဟုတ်ဘူး..အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေတိုင်းမှာ ကြီးမားတဲ့ဘေးဆိုးကြီးအတွက် သူတို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးပေါ်စီမံကိန်း ရှိတယ်.. အမွေအနှစ်က ရှိနေနိုင်တယ်၊ အခုထိ ပေါ်မလာသေးတာပဲ..." ဟု ဝမ်ချီဖုန်းက ခေါင်းခါပြီး ဆိုလာသည်။

သူ့စကားကြောင့် လူအများက တက်ကြွစွာ ဆွေးနွေးလာကြသည်။

အကြောင်းမူကား အင်မော်တယ်ဂိုဏ်း

တစ်ဂိုဏ်း၏ အမွေအနှစ်ဟူသည် ကျင့်ကြံသူတိုင်းအတွက် သွေးဆောင် ဖမ်းစားနိုင်လွန်းသည်။ အခြားအခြင်းအရာများအား ထည့်သွင်း ပြောဆိုခြင်း မရှိလျှင်တောင်မှ ပြီးပြည့်စုံသော အင်မော်တယ် ဓားကျမ်းတစ်ခုတည်းကပင် တုနှိုင်းမရသည့် ရတနာ တစ်ပါးပင် မဟုတ်ပါလော။

ဝမ်းနည်းဖို့ ကောင်းသည်က အင်မော်တယ်ဓားဂိုဏ်း၏ အမွေအနှစ်တည်ရှိရာနေရာကို မည်သူမျှ သိနိုင်စွမ်းမရှိခဲ့ကြပါ။

ဝမ်ချီဖုန်းက လုရီအား တစ်ချက်ကြည့်လိုက်ပြီးနောက်

"ညီအစ်ကို လု၊ မင်းရဲ့အင်မော်တယ် ဓားကျမ်းက မပြည့်စုံဘူး။ ငါတို့ရဲ့ နတ်ဓားဂိုဏ်းမှာသာ ခိုလှုံရင် ဂိုဏ်းခေါင်းဆောင်က မင်းကို နတ်ဓားကျမ်းကို လွှဲပေးမှာပဲ၊ မင်းရဲ့လမ်းက ပိုချောမွေ့သွားမှာလေကွာ.."

ဝမ်ချီဖုန်းမှာ လူသစ်စုဆောင်းသူနှင့် ခပ်ဆင်ဆင်တူနေလေသည်။ ရှင်းကျိုးကျောင်းက ယခင်က သူ့ထံ လာရှာ၍ တိုက်တွန်းခဲ့ခြင်း ဖြစ်၏။

လုရီက လင်းလောင် တောင်ထိပ်သခင်မ၏ တပည့်ဖြစ်သော်လည်း တိုက်ရိုက် ချဉ်းကပ်သည်ထက် စာလျှင် သူ၏ ရည်ရွယ်ချက်များကို ဦးစွာ တိုင်းတာခြင်းက ပိုကောင်းပါသည်။

လုရီသည် အတွင်းစိတ်တွင် ငြိမ်သက်နေသည်။ သူ၏အခြေခံအုတ်မြစ်သည် တာအိုမှ သွန်းလောင်းခဲ့ခြင်းသာ။

အင်မော်တယ်ဓားကျမ်းက အစွမ်းထက်သည် မှန်သော်လည်း ဖန်သားရောင် ရွှေအူတိုင် အထက်တွင် အင်မော်တယ် ဓားမျိုးစေ့သည် ‌အဆက်မပြတ် ပျံဝဲနေသဖြင့် ၎င်းကို မပျောက်ကွယ်စေပါ။ အမှန်စင်စစ်တော့၊ သူ့အတွက် တခြားသိုင်းတွေကို လေ့ကျင့်ရန် အဟန့်အတား မရှိနေပါချေ။

အင်မော်တယ်ဓားကျမ်းကို ရှာဖွေရခြင်း အကြောင်းရင်းမှာ ရိုးရိုးကလေးပင်။

၎င်းက အင်မော်တယ် အဆင့် သိုင်းကျမ်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

သူ့အတွေးစများကို အရှိန်သတ်လိုက်ပြီး လုရီ ခေါင်းယမ်းသည်။

"ကြင်နာတဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ် ..အစ်ကို ဝမ်၊ ဒါပေမယ့် ကျွန်တော့်ဂိုဏ်းကို ကျွန်တော် ထားခဲ့မှာ မဟုတ်ဘူး"

ဒါကိုကြားတော့ အနည်းငယ် စိတ်ပျက်သွားပေမယ့် ဝမ်ချီဖုန်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး

"ညီအစ်ကို လု၊ မင်းရဲ့ အဖြေကို အဆောတလျင် ပြောစရာ မလိုဘူး။ ငါတို့ နောက်မှ ပြောလို့ရမလား"

သို့နှင့်..အဖွဲ့သည် သေရည် သောက်ပြီး ဆက်လက်၍ ..ဟိုဟိုသည်သည် အကြောင်းအရာကလေးများ ပြောဆိုကြကာ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်၍ လမ်းခွဲလိုက်ကြသည်။

အပြန်လမ်းတွင် လျိုနင်ရွှမ်းက

လုရီအား ကြည့်ကာ နှုတ်ခမ်းများ ဖွင့်လာသည်။

"ဂျူနီယာ‌ မောင်လေး၊ နင့်ရဲ့ ကျင့်ကြံနည်းစနစ်ပြဿနာနဲ့ ပတ်သက်လို့ ငါတို့ ပြန်ရောက်တဲ့အခါ ဆရာ့ကို မေးလို့ရတယ်။ ဆရာ့မှာ နင့်ကိုကူညီဖို့နည်းလမ်း ရှိနိုင်ပါတယ်"

လုရီ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

အင်မော်တယ် ဓားကျမ်းကို ပေးသောအခါ၊ သူ၏ဆရာသည် လမ်းကြောင်းကို အမှန်တကယ်ရှာမတွေ့ပါက ကူညီနိုင်သည်ဟု မိန့်ကြားဖူး၏။

လုရီအတွက် သူ့ဆရာသည် ထူးထူးခြားခြား၊ အလွန် အစွမ်းထက်သည်ဟု အမြဲ ခံစားရပါသည်။ သူမတွင် အဖြေတစ်ခု အမှန်တကယ် ရှိကောင်း ရှိနိုင်သည်။

သို့သော်၊ သူသည် အခြေတည် ဝိညာဉ်နယ်မြေသို့ ချီတက်ရန် ဝေးကွာနေသေးသောကြောင့် အလျင်စလို မဖြစ်ပါသေးပေ။

နောက်ရက်များတွင် လုရီ တစ်ယောက် ..,ထန်လင်းယွင်၊ ယွင်ရှုချီနှင့် အခြား ဓားပညာရှင်တို့က လက်ခံကျင်းပသည့် ပွဲများအပါအဝင် ပွဲများစွာကို ဆက်လက် တက်ရောက်ခဲ့ရသည်။

လုရီသည် ၎င်း စားသောက်ပွဲများတွင်လည်း

အင်မော်တယ် ဓားဂိုဏ်း၏ အမွေအနှစ်အကြောင်းကို မေးမြန်းခဲ့သည်။ သို့သော်

သတင်း အများကြီး သိပ်မရခဲ့ပါ။

သို့သော် ဓားကျင့်ကြံသူအားလုံးက သူ့အတွက် နားစွင့်ပေးမည်ဟု ကတိပြုခဲ့သည်။ သူတို့ တစ်ခုခု ကြားရလျှင် ချင်းကျိုး တိမ်ဖြူဂိုဏ်းမှ သူ့ကို သတင်းပို့လိမ့်မည်။

...

နတ်ဓားဂိုဏ်း တွင် ရက်အတော်ကြာနေပြီးနောက် လုရီနှင့် သူ၏အဖော်နှစ်ယောက်မှာ ထွက်ခွာရန် ပြင်ဆင်ခဲ့တော့သည်။

ကျန်းရူယွီက လုရီနှင့် လျိုနင်ရွှမ်းကို ကြည့်ကာ

"ဓားတာအို အစည်းအဝေး မှာ ငါ ရရှိခဲ့တဲ့ ထိုးထွင်းသိမြင်မှုတွေက လေးနက်ပြီး ခဏတာ တံခါးပျတ် ကျင့်ကြံဖို့ လိုတယ်၊ ဒါကြောင့်

ချင်းကျိုးကို ပြန်မလာသေးဘူး နော် "ဟု နှုတ်ဆက်လာသည်။

လုရီ၊ လျိုနင်ရွှမ်းနှင့် အကြီးအကဲမင် တို့သည် နတ်ဓားဂိုဏ်းမှ ထွက်ခွာပြီး ချင်းကျိုး ဆီသို့ ပျံသန်းသွားကြသည်။ အပြန်ခရီးက အလာခရီးလိုပဲ ကြာလေသည်။

နှစ်လအကြာတွင် ချင်းကျိုး၏နယ်နိမိတ်သို့ ရောက်ရှိခဲ့လေပြီ။ လမ်းတွင် လုရီက

အကြီးအကဲမင်ကိုလည်း အသွင်ပြောင်းပညာကို သင်ကြားပေးခဲ့သည်။

အကြီးအကဲမင်၏ သဘာဝစွမ်းရည်သည် ဓားတာအိုကိုသာ လုံးလုံးနီးပါး အာရုံစိုက်နေပုံ ရပြီး အခြား ပညာအတွက် သူ၏စွမ်းရည်မှာ အလွန်အားနည်းနေပါသည်။ အခြေခံဆုပ်ကိုင်မှု ရရှိရန် နှစ်လ ကြာခဲ့ပြီး ၎င်းက ရွှေအူတိုင် စွမ်းရည် တစ်ခုသာ ဖြစ်သည်။

သူ့စီနီယာအစ်မ၏ ထက်မြက်သည့် ဉာဏ်စွမ်းဉာဏ်စနှင့် အတော်လေး ကွာခြားပါသည်။

ကံကောင်းထောက်မစွာ၊ ချင်းကျိုးသို့ မပြန်မီတွင် အကြီးအကဲမင်သည် အောင်မြင်မှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။

All Chapters