အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အခန်း၂၁၇-တိမ်ဖြူဂိုဏ်းသို့ အပြန်ခရီး...
~ချင်းကျိုးသို့ အပြန်ခရီးမှာ သူတို့ သုံးယောက်သားက သိုသိုဝှက်ဝှက် သွားလာခဲ့ကြပြီး နက်ရှိုင်း ထူထပ်လှသော တောအုပ်များအား ရွေးချယ်ကာ ရံဖန်ရံခါတွင် အသွင်ပြောင်းပညာဖြင့် ရုပ်ဖျက်တတ်ကြသေးသည်။ ထိုသို့
သူတို့၏ ရုပ်သွင်များအား ပြောင်းလဲ၍ မြို့ထဲ၌ ဝင်၍ သတင်းများ စနည်းနာကြပါသည်။
...
နေရာမှာ ငွေလမင်းတောင်ကြား နယ်နမိတ်..ဖြစ်၏။
စားသောက်ဆိုင် တစ်ဆိုင်၌..ကျင့်ကြံသူ တစ်စု..ချင်းကျိုး၏ အခြေအနေအား ဆွေနွေး ပြောဆိုနေကြသည်ကို ဤသို့ ...နားစွင့်လိုက်ရပါသည်။
" ဟေး..မင်းတို့ သိပြီးကြပြီလား..သံမဏိနှလုံးသားဂိုဏ်းနဲ့ တိမ်တိုက်နီဂိုဏ်းက တိမ်ဖြူဂိုဏ်းရဲ့ မဟာမိတ်အဖွဲ့ထဲမှာ ပါဝင်လိုက်ပြီလို့ ငါ ကြားတယ်..အဲ့ဒီတော့ ငွေလမင်းတောင်ကြားအတွက် အခြေအနေ မကောင်းတော့ဘူးပဲ..."
"အလို.. ထူးဆန်းလှပါလား..သံမဏိနှလုံးသားဂိုဏ်းနဲ့ တိမ်တိုက်နီဂိုဏ်းက အရင်က လှုပ်ရှားမှု
တစုံတရာ မရှိခဲ့ဘဲနဲ့ ရုတ်တရက်ကြီး ဘာလို့
တိမ်ဖြူဂိုဏ်းနဲ့ ပူးပေါင်းလာပါလိမ့်.."
"ဒါက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပဲ..တိမ်ဖြူဂိုဏ်းရဲ့ အင်မော်တယ် ဓားမျိုးစေ့
ကြောင့်ပေါ့ကွာ.."
"ဟေ..အင်မော်တယ် ဓားမျိုးစေ့နဲ့ ဘာဆိုင်လို့လဲကွ..."
ကျန်လူများက ပထမ သတင်းစကား ပြောကြားသော လူထံ အာရုံ စူးစိုက်ဖို့ ခေါင်းများ လှည့်ကြည့်လာကြသည်။
ပထမလူက ဆက်၍ ပြောသည်။
"နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေး..
အဲဒါကို မင်းတို့ သိတယ် မဟုတ်လား"
"အင်း..ငါတို့ သိပါတယ်။ အဲဒါက ငါတို့ အရှေ့ဒေသရဲ့ ဓားတာအို အထွတ်အမြတ် မြေပဲဟာ.. ဓားတာအို အစည်းအဝေးမှာ အရှေ့ဒေသတစ်ခုလုံးက ဓားတာအို ပါရမီရှင်အားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ် ထားတယ် လေ။ ဓားတာအို အစည်းအဝေးကို တက်ရောက်နိုင်တဲ့ သူတွေဟာ ဓားစိတ်ဆန္ဒကို ကျွမ်းကျင်တဲ့ အထွတ်အထိပ် အရည်အချင်း ရှိသူတွေလို့ ကြားဖူးတယ်"
"တိမ်ဖြူဂိုဏ်းရဲ့ အင်မော်တယ် ဓားမျိုးစေ့ကို ဓားတာအို အစည်းအဝေး အတွက် ဖိတ်ကြားခဲ့ရပြီး သူက အရမ်း ထူးခြားပြောင်မြောက်တယ်.. ဓားတာအို အစည်းအဝေးမှာ သူ ရုတ်ချည်းဉာဏ်အလင်းပွင့်ပြီး ဓားတာအို ပိုင်နက်ကို တိုက်ရိုက် ဖွဲ့စည်းခဲ့ပြီးတော့ ၊ ဓားတာအို ပါရမီရှင်တွေကိုတောင် လွှမ်းမိုးပြီး နတ်ဓားဂိုဏ်းရဲ့ တပည့်တွေထက်တောင် ကျော်လွန်သွားခဲ့တယ်"
“အိုး…”
စားသောက်ဆိုင်သည် ကျယ်ဝန်းခြင်း မရှိသဖြင့် သူ့စကားက လူအားလုံးအား ကြားရစေရန် လုံလောက်ကာ ကျင့်ကြံသူ အများအပြားအား
စူးရှစွာ ..ပင့်သက် ရှိုက်စေသည်။
"တကယ်လား..အဲဒီအင်မော်တယ် မျိုးစေ့က အရမ်းအစွမ်းထက်တာပဲလား၊ သူက ရွှေအူတိုင် အဆင့်လေးပဲမလား..သူက ဓားတာအို ပိုင်နက်ကို ဖွဲ့တည်ထားပြီးသားလား၊ ပိုင်နက်ကို အသက်သွင်းထားရင် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူတွေတောင် သူ့ကို ကိုင်တွယ်နိုင်မှာ မဟုတ် တော့ဘူးလေ.."
" ငါ မှတ်မိပြီ..လွန်ခဲ့တဲ့ လပိုင်းလောက်က သွေးဝိညာဉ်ဂိုဏ်းနဲ့ ဂိုဏ်းလေးဂိုဏ်းက
အဲဒီအင်မော်တယ် ဓားမျိုးစေ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ပေါင်းစည်းခဲ့တယ်မလား..အဲ့ဒီတုန်းက သွေးဝိညာဉ်ဂိုဏ်းရဲ့ နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ်ကြီး သေသွားတယ်၊ အဲဒီအချိန်တည်းက အင်မော်တယ်ဓားမျိုးစေ့ဟာ ပြီးပြည့်စုံတဲ့ ဓားစိတ်ဆန္ဒကို ရရှိထားပြီးသား ဖြစ်မလား။ သူက လျိုနင်ရွှမ်းနဲ့ လက်တွဲပြီး နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ်ကြီးကို ချေမှုန်းလိုက်တာဖြစ်နိုင်တယ်"
ထိုအခါ လူအုပ်ကြီးထံမှ တခဲနက် ချီးကျူး ဂုဏ်ပြုသော အသံများ ထွက်ပေါ်လာတော့သည်။
"ဒါဆိုရင်တော့..ဘာလို့ ပူးပေါင်းရသလဲ အံ့သြစရာ မရှိတော့ဘူးပဲ ၊ သံမဏိနှလုံးသားဂိုဏ်းနဲ့ တိမ်တိုက်နီဂိုဏ်းတို့ဟာ
တိမ်ဖြူဂိုဏ်းရဲ့ မဟာမိတ်အဖွဲ့မှာ ရုတ်တရက် ပါဝင်လာခဲ့ပါတယ်။ ဒီဂိုဏ်းနှစ်ခုက တိမ်ဖြူဂိုဏ်းကို စိတ်ဝင်စားတာ မဟုတ်ဘူး..အခုအချိန်မှာတော့ တိမ်ဖြူဂိုဏ်းရဲ့ အင်မော်တယ်
ဓားမျိုးစေ့ဟာ ကျင့်ကြံမှုမှာ အောင်မြင်မှုတစ်ချို့ရရှိနေပြီ ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်း ပုဂ္ဂိုလ်ကြီးတွေတောင်မှ သူ့ကို မခြိမ်းခြောက်နိုင်ဘူး..တိမ်ဖြူဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်တာက သံမဏိနှလုံးသားဂိုဏ်းနဲ့ တိမ်တိုက်နီဂိုဏ်းအတွက် အကျိုးအမြတ် ရစေမှာကိုး..."
"ဒီပုံအရဆို ငွေလမင်းတောင်ကြား
မဟာမိတ် အဖွဲ့အတွက် အနာဂတ်က ညှိုးငယ်နေတော့မယ်...ငါတို့ ဒီအဖွဲ့အရေးကို ယူပြီး တိမ်ဖြူဂိုဏ်း ရဲ့ ပိုင်နက်ကို ရွှေ့ပြောင်း နေထိုင်ကြ
မလား.."
"အကြံဉာဏ်ကောင်းပဲ၊ ငါတို့က တကိုယ်တော် ကျင့်ကြံသူတွေ၊ ငါတို့ ဘယ်သွားသွား
ကောင်းကင်နဲ့ မြေကြီးက ကျင့်ကြံဖို့ နေရာပဲ။ တိမ်ဖြူဂိုဏ်းရဲ့အင်မော်တယ်ဓားမျိုးစေ့သာ အမှန်တကယ် အထက်ဘုံကို တက်လှမ်းခဲ့ရင်၊ သူ တိမ်ဖြူဂိုဏ်းကို အသေအချာ စောင့်ရှောက်လိမ့်မယ်၊ အဲဒီအခါမှာ အဲဒီနယ်ပယ်မှာ ဝိညာဉ်စွမ်းအင်ရဲ့ အာရုံစူးစိုက်မှု သိသိသာသာ တိုးလာမယ်၊ ဒါက ငါတို့အတွက် အရမ်း အကျိုးရှိမှာ။"
ဒါကို ကြားတော့ တည်းခိုခန်းထဲက
တကိုယ်တော် ကျင့်ကြံသူ တော်တော်များများ၏ မျက်လုံးတွေ အရောင် တဖျတ်ဖျတ် လက်လာပြီး ပြတ်ပြတ်သားသား သွေးဆောင်ခံလိုက်ရပါသည်။
ထိုအချိန်တွင် ဂိုဏ်းဝင် တပည့်တစ်ဦးသည် စားပွဲကို လက်ဖြင့် အသံမြည်အောင် ပုတ်ကာ
မြည်တွန်တောက်တီးတော့၏။
" ဟိတ်၊ ငါတို့ရဲ့ ငွေလမင်းတောင်ကြား နယ်မြေက မင်းတို့ နှစ်သက်သလို.. ဝင်လိုက် ထွက်လိုက် လုပ်နိုင်တဲ့ နေရာတစ်ခု မဟုတ်ဘူး။ အဲ့ဒီအင်မော်တယ် ဓားမျိုးစေ့က အခု ပြိုင်ဘက်ကင်း နတ်တစ်ပါးတောင်
ဖြစ်မလာသေးဘူး။ ငါတို့ မရှုံးသေးဘူး..ရွှံ့လို ခြေထောက်တွေက သခင်ပြောင်းဖို့ စဉ်းစားနေပြီလားဟ"
တကိုယ်တော် ကျင့်ကြံသူများ၏ မျက်နှာများသည် ကွက်ခနဲ ပျက်ယွင်းကာ ငွေလမင်းတောင်ကြားရှိ တပည့်များကို သတိပြုလိုက်ရနော့ ချက်ချင်းပင် အသံတိတ်သွားကြ တော့သည်။
လုရီ နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ကြပြီး ဝိုင်အတွက် ငွေရှင်းပေးကာ စားသောက်ဆိုင်တဲ့မှ ထ၍ ထွက်ခွာသွားကြသည်။
တောင်များပေါ်သို့ ရောက်သောအခါ လျိုနင်ရွှမ်းသည် သူမ၏ အေးစက်သောမျက်နှာဖြင့်
အပြုံးမပျက်ဘဲ ပြောလာ၏။
"ငွေလမင်းတောင်ကြားရဲ့ တပည့်တွေကို ကြည့်ရအရမ်း စိတ်ဓာတ်ကျနေပုံ ရတယ်။ ကျွန်မတို့အတွက် အခြေအနေ တော်တော်ကောင်းပုံပဲ နော်.."
ထိုအခါ အကြီးအကဲမင်က သက်ပြင်းချရင်း
ကောက်ချက် ချလိုက်လေသည်။
"ကလေးလုက သူမတူတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတာ..။ ဒီလိုမျိုး အံ့မခန်းကြီးကျယ်တဲ့ ပါရမီရှင် တစ်ယောက်ဟာ အင်မတန် ဆွဲဆောင်မှုအားကောင်းပါတယ်။"
ထို့နောက်မှာတော့ သူတို့သုံးယောက်ဟာ
လမ်းတလျှောက် နောက်ထပ်မြို့တချို့ကို ဝင်ရောက်ပြီး အချက်အလက်တွေကို စုဆောင်းခဲ့ကြပါသည်။
။
လုရီ ဓားပိုင်နက်ကို ဖွဲ့စည်းလိုက်သော သတင်းသည် ချင်းကျိုး တစ်လျှောက် ပင်လယ်လှိုင်းလုံးကြီးပမာ ရိုက်ခတ်သွားခဲ့ပြီး ကျင့်ကြံသူ အပေါင်းအား တုန်လှုပ်သွားစေခဲ့၏။
လုရီ၏ အရည်အချင်းသည် အလွန်ထူးခြားသောကြောင့် သူသည် အနာဂတ် ဓား
အင်မော်တယ် မျိုးစေ့အဖြစ် ချီးကျူးဂုဏ်ပြုထားခြင်းပါ။
ယခင် အချိန်များ၌ ဖြစ်ခဲ့မည် ဆိုလျှင် သူ၏ ကိုယ်ပိုင်ခွန်အားဟာ မရေရာမှု များစွာနှင့် ကိန်းဝပ်နေပြီး မရင့်မှည့်သေးသော အသီးတစ်လုံးနှယ် ဖြစ်နိုင်ပါသည်။
ယခုမူ ဓားတာအို ပိုင်နက်တွင်တစ်ဆယ် ရာခိုက်နှုန်းဖြင့် လုရီ၏ ကိုယ်ပိုင် ခွန်အားသည်လည်း တိုးမြင့်လာပြီး နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်ရသော်လည်း၊ သူသည် မိမိကိုယ်ကို ကောင်းစွာ ကာကွယ်နိုင်မည်ဖြစ်သည်။ သူသည် ချင်းကျိုး တစ်လျှောက်ရှိ မျိုးဆက်ဟောင်း ကျင့်ကြံသူများထက် သာလွန်နေလေပါပြီ။ သူ့အား လုပ်ကြံဖို့ တစ်ယောက်ယောက်က ကြံစည်နေလျှင်ရင်တောင် ပြီးမြောက်ဖို့ မလွယ်ကူပါချေ။
ယင်းကြောင့် မူလက ကြားနေ ရပ်တည်နေသော ဂိုဏ်းများသည် တိမ်ဖြူဂိုဏ်းဘက်သို့ လုံးလုံးလျားလျား ဘက်ပြောင်းလာပြီး
တကိုယ်တော် ကျင့်ကြံသူအများအပြားအတွက်လည်း တိမ်ဖြူဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ နယ်မြေများဆီသို့ စတင် ရွှေ့လာစေရန် လှုံ့ဆော်ခံခဲ့ရသည်။
လုရီ၏ စွမ်းဆောင်မှုဖြင့် မမျှော်လင့်ထားသည့် အကြောင်းတစ်စုံတရာ ဖြစ်ပွားလာခဲ့လျှင်ပင် သူသည် အင်မော်တယ် ဖြစ်လာခြင်း မရှိသော်လည်း ချင်းကျိုး၏ ဤနယ်မြေတွင် ထိပ်တန်း စွမ်းအားရှင် ဖြစ်လာမည်မှာ သေချာပါသည်။
ယခု တိမ်ဖြူ ဂိုဏ်းကို ဆန့်ကျင်ခြင်းသည် အသုံးမကျလွန်းလှသည်။
ထို့အပြင် လုရီ ကိုယ်တိုင်လည်း အရှေ့ဒေသ၏ လူငယ် ပါရမိီီရှင်များ အဆင့်ထုတ်ဝေမှုအသစ်တွင် စာရင်းဝင်ခဲ့ပြီး ထိပ်တန်းသုံးဆယ်တွင် ရပ်တည်လျက် အဆင့် နှစ်ဆယ့်ခြောက် ချိတ်ခဲ့လေသည်။
ဤနေရာတွင် တစ်ခု သတိပြုရမည်မှာ..အရှေ့ဒေသ၏ ထိပ်တန်း ရာဂဏန်းများသည် အခြေတည် ဝိဉာဉ် နယ်ပယ်များပင် ဖြ စ်ချေ၏
အားလုံးက ...သူတို့၏ သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းသော ရှေ့ဆောင်များ ဖြစ်ကြသည့် အခြေတည် ဝိညာဉ် ကျင့်ကြံသူများပင် ဖြစ်သည်။
လုရီသည် ဓားတာအို ပိုင်နက်၏ ကျွမ်းကျင်မှုကို အခြေခံ၍ ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် ရွှေအူတိုင် တွင်သာ ရှိ၍ သူ၏ ကျင့်စဉ်အဆင့် ပိုမိုမြင့်မားပါက ပထမအဆင့်သို့ ရောက်နိုင်ချေ ရှိသည်။
လူငယ် ပါရမိီရှင်များ အဆင့် ထုတ်ဝေမှုတွင် သူ့ကိုယ်သူ မြင်လိုက်ရသော လုရီသည် စကားအတော်ပင် မပြောနိုင်.. ဆွံ့အသွားရသည်။
လူငယ် ပါရမိီရှင်များ အဆင့်မှာ စာရင်းသွင်းခံရခြင်းနှင့် ဆက်စပ်နေသော အလုပ်အကြောင်းကို သူ ဟိုးယခင်ကတည်းက သိခဲ့လေသည်။
ထို့နောက် လုရီလူငယ် ပါရမိီရှင်များ အဆင့် တွင် သူ၏အဆင့်ကို မြှင့်တင်ရန် အလုပ် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ နှစ်ဆယ်ကျော်နေရာသို့
ချီတက်ခြင်းသည် သူ့အတွက် အလွန်
ပျော်ရွှင်စေတော့သည်။ ရွှေလက်ချောင်းစနစ်က သူ့အား ကျင့်ကြံမှု အရင်းအမြစ်များစုဆောင်းရန် လမ်းသစ် တစ်ခု ဖြစ်သည့် အနှစ်တစ်ထောင်သက်တမ်းရှိ ဝိဉာဉ် ခြင်ဆီ အစက် တစ်ရာတောင် ဆုချမည် ဖြစ်သည်။
...
လမ်းတစ်လျှောက်တွင် လုရီနှင့် သူ၏အဖော်များသည် ငွေလမင်းတောင်ကြား နှင့် ကောင်းကင်မြွေဂိုဏ်း နယ်မြေများကို ဖြတ်ကျော်သွားကြသည်။ ကျင့်ကြံသူအများအပြားသည် ဤနယ်မြေများအတွင်း ကင်းလှည့်နေပြီး စိုက်ပျိုးသူများပင် နက်နဲသော တောအုပ်များပေါ်တွင် ရံဖန်ရံခါ ပျံသန်းတတ်ကြ၏။
ဓားတာအို အစည်းအဝေးပြီးကတည်းက အချိန်အတော်ကြာသွားခဲ့ပြီး ယုတ္တိဗေဒအရတော့
လုရီနှင့် သူ့အဖော်တွေက ချင်းကျိူးသို့ ယခုအခါ ပြန်နေလောက်ပြီ ဖြစ်သည်ဟု ရန်သူက တွက်ဆလေသည်။
ငွေလမင်းတောင်ကြားနှင့် ကောင်းကင်ဘုံ ကောင်းကင် မြွေဂိုဏ်း နှစ်ဂိုဏ်းစလုံးက ဤ
တစ်ကြိမ်မှာ လုရီအား ချောင်းမြောင်း တိုက်ခိုက်ရန် ရည်ရွယ်ထား၏။
ထို့အပြင် တိမ်ဖြူဂိုဏ်း မဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများသည် သူတို့၏ နယ်မြေများကို ကျူးကျော် ဝင်ရောက်ခဲ့ရာ ဤနယ်မြေ
နှစ်ခုအတွင်းတွင် ကြီးမားသော တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားခဲ့ကြ လေသည်။
အခန်း၂၁၈-တိမ်ဖြူဂိုဏ်းသို့ အပြန်ခရီး...
~တိမ်တိုက်နီဂိုဏ်းနှင့် သံမဏိနှလုံးသားဂိုဏ်းသည် တိမ်ဖြူဂိုဏ်းဘက်တွင် ရှိလာသောကြောင့် ယခုအခါ တိမ်ဖြူဂိုဏ်းက ဖွဲ့စည်းထားသော မဟာမိတ်တပ်၌ တိမ်ဖြူဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲဆောင်းရာသီနောင်ကြား၊ ဝမ်ကျန်းစံအိမ်၊ တိမ်တိုက်နီဂိုဏ်းနှင့်
သံမဏိ နှလုံးသားဂိုဏ်းဟူ၍ စုစုပေါင်း ဂိုဏ်းခြောက်ဂိုဏ်းတို့ ပါဝင်သည်။
၎င်းတို့၏ စွမ်းအားသည် သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်တပ်များထက် သာလွန်ပြီး သွေးဝိညာဉ်ဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ နယ်မြေများသို့ ကြီးစိုးသော အရှိန်အဟုန်ဖြင့် တိုက်ရိုက်
ဝင်ရောက်ကာ ရန်သူတို့၏ ဝိညာဉ်ကျောက်တုံးမိုင်းများ၊ သတ္တုမိုင်းများနှင့် အခြားသော ဗျူဟာမြောက်တည်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ နေရာတိုင်းတွင် ဝိညာဉ်စွမ်းအင်များ ဝရုန်းသုန်းကား ပေါက်ကွဲကာ ပြင်းထန်သော တိုက်ပွဲ အဆုံးမရှိ ဆက်လက်ဖြစ်ပွားခဲ့သည်။
လုရီနှင့် အခြားနှစ်ယောက်တို့သည် ထောက်လှမ်းခြင်းမှ ရှောင်ရှားရန် အသွင်ပြောင်းပညာကို အသုံးပြုခဲ့ပြီး နိမ့်ကျသော ရုပ်သွင်ကို သိုသိုသိပ်သိပ် ထိန်းသိမ်းထားခဲ့သည်။ ဤသို့ဖြင့် သူတို့သည် အပြန်ခရီးတလျှောက် နယ်မြေများကို တိတ်တဆိတ် ဖြတ်ကျော်ကာ ပန်းတစ်သောင်းဂိုဏ်း၏နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ရက်အနည်းငယ် ကြာပြီးနောက်၊ သူတို့သုံးယောက်သည် တိမ်ဖြူဂိုဏ်းသို့ ဘေးကင်းစွာ ပြန် ရောက်လာခဲ့ကြလေပြီ။ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်း နှင့် အဓိပတိ အကြီးအကဲ အများအပြားသည် ချက်ချင်း သတင်း ရရှိပြီး သူတို့ကို နှုတ်ဆက်ရန် မြန်မြန်ဆန်ဆန် ထွက်လာခဲ့ကြတော့သည်။
တက်ကြွမှုအပြည့်နှင့် ကျေနပ်ပျော်ရွှင်နေသည့် ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းက လုရီကို ကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ ပြုံးပြရင်း
"ကောင်းလိုက်တာ၊ တော်တယ် တူလေး လု၊ မင်း ရွှေအူတိုင်နယ်မြေမှာ ဓားတာအိုပိုင်နက်ကို ဖွဲ့စည်းနိုင်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ အရင်ခေတ်မှာတောင်မှ ဒါကို အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့သူ တစ်ယောက်မှ
မပေါ်ထွန်းခဲ့ဖူးဘူး ၊ မင်းက အံ့ဖွယ် ဖြစ်ရပ်ကို ဖန်တီးခဲ့တာပါပဲကွာ"
ထိုအခိုက်အတန့်ဝယ် အခြားသော အကြီးအကဲများသည်လည်း လုရီအား အလွန် ဖော်ရွေသော အမူအရာဖြင့် ကြည့် နေကြသည်။ လုရီ၏ စွမ်းဆောင်မှု အားကောင်းလေ တိမ်ဖြူ ဂိုဏ်းသည် ပိုမို အားကောင်းလေ ဖြစ်သည်။ လုရီသည် ယခုအခါ တိမ်ဖြူဂိုဏ်း၏ မျက်နှာ ဖြစ်လာသည်။
အဖွဲ့သည် လင်းလောင်တောင်ထိပ်သို့ အတူတကွ ပျံသန်းခဲ့ကြပြီး ဂိုဏ်းခေါင်းဆောင်
ဝူချင်းဖုန်း နှင့် အခြားသော အကြီးအကဲများ အားလုံးက သူ့အား အလွန် ဂရုစိုက်ကြပြီး သူ လိုအပ်သမျှကို တောင်းဆိုနိုင်သည်ဟု တဖွဖွ မှာကြားကြသည်။
မည်သို့ပင် ဆိုစေကာမူ လုရီက ဓားတာအိုပိုင်နက်ကို တည်ထောင်ခဲ့သော်လည်း၊ သူ၏ ကျင့်စဉ် မှာ အနည်းငယ် နိမ့်ပါးနေသေးသည်။ အကယ်၍ သူသည် ဓားတာအိုပိုင်နက်ကို အသုံးပြုကာ အခြေတည်ဝိဉာဉ် နယ်ပယ်သို့ ဖြတ်သွားပါက၊ သူသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများကိုပင် ဖြိုခွဲနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် တိမ်ဖြူဂိုဏ်းသည် အမှန်တကယ် တည်ငြိမ်သွားနိုင်ချေ ရှိလေသည်။
ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းနှင့် အခြား အကြီးတန်း အကြီးအကဲများ ထွက်ခွာသွားပြီးနောက် အကြီးအကဲ မင်သည်လည်း ထွက်ခွာသွားခဲ့သည်။ လုရီနှင့် လျိုနင်ရွှမ်းတို့သာ လုရီ၏
ဂူအိမ်ကြီးတွင် ကျန်ရစ်ပါသည်။
"ဂိုဏ်းခေါင်းဆောင်နဲ့ တခြားသူတွေက
စိတ်အား ထက်သန်လွန်းနေပါတယ်" ဟု လုရီက ကူကယ်ရာမဲ့ ပြောလိုက်သည်။
သူ့စကားကြောင့် လျိုနင်ရွှမ်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ဂျူနီယာမောင်လေးရဲ့ အရည်အချင်းက အံ့ဩစရာ ကောင်းလွန်းတာကိုး။ နင့်ရဲ့ ကျင့်စဉ်
အဆင့်သာ ပိုမြင့်တဲ့ အဆင့် ရောက်ရင် ဂိုဏ်းခေါင်းဆောင်က သူ့ရာထူးကို နင့်ဆီ တိုက်ရိုက် လွှဲပေးချင် လွှဲပေးနေမှာနော် "
လုရီ၏ ထူထပ်၍ အချိုးကျသော မျက်ခုံးတန်းများ တွန့်ကွေးသွားသည်။
"ဂိုဏ်းခေါင်းဆောင်တော့ မလုပ်ချင်ဘူးဗျ"
ဤနှစ်များ တစ်လျှောက်လုံး ချင်းကျိုးတွင် ကြီးမားသော တိုက်ပွဲများနှင့်အတူ ဂိုဏ်းခေါင်းဆောင်သည် အခြားဂိုဏ်းများ၏ ခေါင်းဆောင်များနှင့် တိုက်ပွဲဝင်တတ်သည်။
တစ်ခါတရံမှာ နိုင်ပွဲက အဆင်ပြေသော်လည်း
သူလည်း ခြုံခို တိုက်ခိုက်ခံရပြီး မရှုမလှ အခြေအနေနှင့် ထွက်ပြေးခဲ့ရပါသည်များလည်း ရှိတတ်ပါသည်။ ၎င်းအခြေအနေက အလွန်အမင်း ပင်ပန်းလွန်းသည်။
လုရီသည် သူ့ကိုယ်ပိုင် ခွန်အားဖြင့် လွတ်မြောက်ရန် မဖြစ်နိုင်တာတော့ မဟုတ်ဟု ခံစားမိသည်။ အကယ်၍ သူသည် အခြေတည် ဝိညာဥ် နယ်ပယ်သို့ ဖြတ်ကျော်သွားပါက သီးသန့် နတ်ဆိုးအိုကြီး အချို့ မပေါ်ထွန်းပါက သူ့ကို အနိုင်ယူနိုင်သူ အနည်းငယ်မျှသာ ရှိလိမ့်မည်။
သို့သော်ငြားလည်း အလွန် ဒုက္ခရောက်ချေသည်။ ဂိုဏ်း အမှုရေးရာများကို စီမံ ခန့်ခွဲရာတွင် ပင်ပန်းနွမ်းနယ်ဖို့ ကောင်းပြီး အခြားဂိုဏ်းများ၏ ခေါင်းဆောင်များနှင့် တိုက်ပွဲများအတွက်လည်း အချိန်များစွာ ယူရသည် မဟုတ်ပါလော။
ဓားတာအို အစည်းအဝေးက သူ့ဓားတာအိုပိုင်နက်ကို ကောင်းကောင်း ကူညီပေးခဲ့ခြင်း ကြောင့်သာ မဟုတ်လျှင် လုရီသည် သူ၏ဂူစံအိမ်မှပင် မထွက်ချင်ပါ။
သူ့တွင် အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်၊ အနှစ်တစ်သောင်း ဝိညာဉ် ခြင်ဆီများစွာ ရှိပါသေးသည်။ သူသည် ခဏတာ တံခါးပိတ် ကျင့်ကြံရန် လုံလောက်ပါ၏။
လောလောဆယ် လုရီက ထွက်ခွာရန် ရည်ရွယ်ချက် မရှိပါ။သူသည် အခြေတည် ဝိဉာဉ် နယ်ပယ်သို့ ရောက်သည်အထိ ဂိုဏ်းမှာ နေ၍သာ ကျင့်ကြံလိုသည်။
လုရီ တစ်ယောက် မြွေတစ်ကောင် ရစ်ခွေနေသကဲ့သို့ အခွေမပျက် နေထိုင်လိုသည့် အခြေအနေကို မြင်လျှင် လျိုနင်ရွှမ်းက ကြည်လင်စွာ ရယ်ကာ ဘာမှ ထပ်မပြောတော့ပေ။
ထိုအချိန်တွင် ဂူအိမ် အပြင်ဘက်တွင်
ဆူဆူညံညံအသံကြီး တစ်ခု ထွက်ပေါ်လာသည်။ လုရီနှင့် လျိုနင်ရွှမ်းသည် အကြည့်ချင်း ဖလှယ်ကာ ပြုံးနေ၏။
မကြာခင်မှာပဲ အိမ်ကြီးအပြင်ဘက်မှ
တုန်းကုန်းမင်ယွဲ့၏ အသံက စူးရှစွာ ထွက်ပေါ်လာသည်။
"စီနီယာအစ်ကို၊ စီနီယာအစ်ကို..နင့့်ရဲ့ချစ်စရာကောင်းတဲ့ ဂျူနီယာညီမလေး လာတွေ့တယ်..."
လုရီ တံခါးဖွင့်လိုက်သည်နှင့် တုန်းကုန်းမင်ယွဲ့မှာ ဝင်ပေါက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
နှစ်တွေ ကြာမြင့်လာခဲ့ပြီးနောက်
ဂျူနီယာ ညီမလေးဟာ အရပ်ရှည်လာပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်စွာ ချောမောလှပလာ၍ ကျက်သရေ ရှိရှိ ကြီးပြင်းလာသော်လည်း သူမ၏ သိမ်မွေ့ နူးညံ့သော မျက်နှာကတော့ ကလေးဆန်သော အရိပ်ကလေးတွေ ရှိနေပါသေးသည်။ တုန်းကုန်းမင်ယွဲ့၏ ဆံပင်အား နှစ်ဖက်ခွဲ၍ စည်းထားသည့် ပုံစံလေးက သူမအား မယုံကြည်နိုင်လောက်အောင် ချစ်စရာကောင်းစေခဲ့ပါသည်။
သူမသည် ပျော်နေ၍ ဂူစံအိမ်ထဲသို့ အမြန်ဝင်လာခဲ့ပြီး လုရီ၏ လက်မောင်းကို ဖမ်းကိုင်ထားရင်း သူမ၏ မျက်လုံးကြီးများအတွင်း အထင်ကြီးသည့် အရိပ်အယောင်များဖြင့် တောက်ပနေကာ အော်ဟစ်လိုက်သည်။
"စီနီယာအစ်ကို..နင်က အံ့သြစရာ
ကောင်းလွန်းတယ်။ အလုပ်ရုံမှာတောင် နင် ဓားတာအို ပိုင်နက်ကို ဆုပ်ကိုင်နိုင်ပြီလို့ လူတွေ ပြောနေကြတာ ငါ ခဏခဏ ကြားခဲ့တယ်။ ဓားတာအို ပိုင်နက်..အရမ်း မိုက်တယ်.. စီနီယာအစ်ကို..,နင့်ရဲ့ တိုးတက်မှုနှုန်းနဲ့ ဓားအင်မော်တယ် တစ်ပါး ဖြစ်ဖို့ နှစ်တွေ အများကြီး အချိန်မယူရလောက်ဘူး"
လုရီက အနည်းငယ် ပြုံးလိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ် ငါက အနာဂတ် အင်မော်တယ် ဂျူနီယာ ညီမလေးရဲ့ စီနီယာအစ်ကိုပါ၊ ဒါကြောင့် ငါ့ရဲ့ အရည်အချင်းက အားမနည်းပါဘူး.."
တုန်းကုန်းမင်ယွဲ့၏ မျက်နှာသည် အနည်းငယ် နီမြန်းလာကာ ရှက်ရွံ့သွားပြီး
"စီနီယာအစ်ကို... နင်.. ငါ့ကို လှောင်နေတာလား"
လွန်ခဲ့သော နှစ်အနည်းငယ်က တုန်းကုန်းမင်ယွဲ့သည် အင်မော်တယ်တစ်ပါး ဖြစ်လာမည်ဟု ကတိပြုခဲ့သေးသော်လည်း ကြီးပြင်းလာသောအခါတွင် အင်မော်တယ် ဘဝကို ရရှိရန် မည်မျှခက်ခဲသည်ကို သူမ သဘောပေါက်လာခဲ့သည်။
ဟုတ်ပါသည်။ တုန်းကုန်းမင်ယွဲ့က သူမမှာ အခွင့်အရေးရှိတယ်လို့ ယုံကြည်နေတုန်းပါပဲ။ သို့ရာတွင် သူမ အစ်ကို၏ အရည်အချင်းက သူ့ထက် အများကြီး ပိုမြင့်မားကြောင်း သူမ သိတော့ နည်းနည်းတော့ အဆင်မပြေသလို ခံစားရသည်လေ။
တစ်ဖက်မှ လျိုနင်ရွှမ်းသည် ဤစကားဝိုင်းကိုကြားတော့ အလိုလို ပြုံးလိုက်မိသည်။
လုရီက တစ်ချက် ပြုံးကာ
"ငါတို့ နောက်ဆုံး တွေ့တာ လအနည်းငယ် ကြာခဲ့ပြီ၊ မင်း ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက် အလွှာတစ်လွှာကိုတောင် ဖြတ်ကျော်ပြီးသွားပြီ။ မင်းရဲ့ ကျင့်ကြံမှု အရှိန်က တော်တော်ကို အထင်ကြီးစရာ ကောင်းပါတယ်။"
ထိုအခါ တုန်းကုန်းမင်ယွဲ့က မိုက်မဲစွာ ပြုံးလိုက်ပြီး သူမ၏ အသံတွင် ဂုဏ်ယူသော အရိပ်အမြွက်လေး
ပါဝင်လာပြီး..
"ဟုတ်ပါတယ်၊ ငါ အခုတလော.. ကြိုးစားခဲ့တာ"
သုံးယောက်သား ခဏလောက် ထွေရာလေးပါးပြောကြပြီး တုန်းကုန်းမင်ယွဲ့၏ ရယ်မောဖွယ်မေတ္တာရပ်ခံမှုကြောင့် စားပွဲလေး တစ်ပွဲစားသောက်ပြီးသောအခါ လျိုနင်ရွှမ်းနှင့် တုန်းကုန်းမင်ယွဲ့တို့က လုရီအား နှုတ်ဆက်ကာ ပြန်သွားကြပါသည်။
လအနည်းငယ်ကြာ မရောက်ဖူးသော သူ၏
ဂူအိမ်ကြီးသို့ ပြန်ရောက်ပြီးနောက် လုရီ၏
နှလုံးသားသည် ငြိမ်သက်သွားပြီး ထိုအိမ်သည် အမှန်တကယ်ပင် အကောင်းဆုံး ဖြစ်သည်ဟု တွေးတောနေမိသည်။ ခရီးသွားလာခြင်းနှင့် လမ်းတစ်လျှောက် ပင်ပန်းနွမ်းနယ်မှုတွေက အိမ်မှာနေရတာ သက်တောင့်သက်သာ ရှိမှုနှင့် ယှဉ်၍ မရပါချေ။
ထိုသို့ တွေးတောလိုက်ပြီးနောက် လုရီသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံပါတော့သည်။
သူ ပြန်ရောက်ပြီးနောက် ရှဲ့ထျန်းမင် နှင့်
နန်းကုန်းမိုယွီကဲ့သို့သော လင်းလောင်တောင်ထိပ် မှ အကြီးအကဲများသည် တစ်ယောက်ပြီး
တစ်ယောက် သူ့ထံ လာရောက်လည်ပတ်ကြပြီး သူ့ဓားတာအို ပိုင်နက်ကို ဖွဲ့တည်စေသည့်အတွက် ဂုဏ်ပြုစကားဆိုကြသည်။ သူတို့၏ စကားများသည် လုရီအတွက် စစ်မှန်သော
ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေလေသည်။
လင်းလောင် တောင်ထိပ်၏ တပည့်များသည်
လုရီနှင့် အမြဲ သဟဇာတ ဖြစ်ခဲ့ကြသည်။ ဟုတ်ပါသည်။ သိသာထင်ရှားသော အကြောင်းပြချက်ကတော့ လုရီ၏ ကြောက်စရာကောင်းသည့် အရည်အချင်းကြောင့်လည်း ဖြစ်ပါသည်။
ထိုတပည့်တို့အပြင် ပြင်ပဂိုဏ်းမှ သူနှင့်အတူ အတွင်းဂိုဏ်းဝင်ခဲ့ကြသော ညီအစ်ကို မောင်နှမများလည်း လာရောက်လည်ပတ်ခဲ့ကြသည်။
လုရီက သူတို့အသီးသီးအား ပြန်၍ နှုတ်ဆက်ခဲ့သည်။
...
သူ၏ ဂူအိမ်အပြင်ဘက်တွင်လုရီက ကျန့်ဖန်နှင့် ပိုင်ယွီလုံ၊ ထျဲ့မန် အနားတွင်ထိုင်ကာ မကြာသေးမီက အပြောင်းအလဲများကို ဆွေးနွေးနေစဉ်တွင် လုရီက အသားကင်ပေးနေသည်။ သူတို့ သုံးဦးသည် စစ်ပွဲများမှ အမြတ်ထုတ်နေကြဆဲဖြစ်သည်။ ချင်းကျိုးဂိုဏ်းများ၏ တိုက်ပွဲအကွာအဝေး ကျယ်ပြန့်လာသည်နှင့်အမျှ သူတို့သုံးဦးသည် ရေထဲတွင် ငါးများကဲ့သို့ ရှင်သန်ကြီးထွားလာပြီး အရင်းအမြစ်များစွာကို ရိတ်သိမ်းခဲ့ကြလေ၏။
ကျန့်ဖန်က စတင်ပြောလာသည်။
"မကြာသေးမီက ကျောက်စိမ်းနက် တောင်နဲ့
မိုလင် တောင်ကြားက ငါတို့ တိမ်ဖြူဂိုဏ်း ပါဝင်ဖို့ စိတ်ဝင်စားလာခဲ့တယ်၊ ချင်းကျိုးက
မငြိမ်မသက်မှုတွေ မကြာခင် ပြီးဆုံးတော့မှာပါ၊ သွေးဝိညာဉ်ဂိုဏ်းနဲ့ ဂိုဏ်းငါးခု.. အနိုင်ရဖို့အခွင့်အလမ်းမရှိဘူး.."
ယခင်ကကဲ့သို့ တင့်တယ်သော သခင်လေးတစ်ပါးလို ဟန်ပန်ဖြင့် ရှိနေဆဲ ဖြစ်သောပိုင်ယွီလုံသည် သူ၏ ခေါက်ယပ်တောင်အား ခတ်ကာ
ဆွေးဆွေးမြည့်မြည့် ပြောလာသည်။
"နှစ်ပေါင်းများစွာ ဂိုဏ်းစစ်ပွဲကြောင့် သက်တူရွယ်တူ အပေါင်းအဖော်တွေ အများကြီးဆုံးရှုံးခဲ့ရတယ် ၊ လီယွင်က လွန်ခဲ့တဲ့
လအနည်းငယ်က တိုက်ပွဲမှာ သေသွားခဲ့တာ..."
ထိုအချိန်တွင် လုရီ အံ့သြသွားပြီး တုံ့ဆိုင်းသွားကာ မေးသည်။
"အစ်ကိုကြီး လီယွင် သေပြီလား.."
ပြင်ပ ဂိုဏ်းဝင်များကြားတွင် ယှဉ်ပြိုင်ပြီးနောက် လီယွင်သည် သူတို့နှင့်အတူ အတွင်းဂိုဏ်း ဝင်ခဲ့သူ ဖြစ်ကြောင်း လုရီ သတိရမိသည်။
အနည်းငယ် သီးသန့် နေတတ်သော်လည်း
ထ်ိုစီနိီယာ အစ်ကိုသည် စိတ်သဘောကောင်းသော လူတစ်ယောက် ဖြစ်သည်။ မကြာသေးမီက မိတ်ဆုံစားပွဲတွင် သူ့ကို တွေ့ခဲ့ပါသေးသည်။ သူသည် လွန်ခဲ့သော လအနည်းငယ်က တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်လား။ စိတ်နှလုံး ညှိုးငယ်ဖွယ်ရာပင်။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂိုဏ်းတာဝန်တစ်ခုအတွင်း သူက ကောင်းကင်မြွေဂိုဏ်းက တပည့်တစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ" ဟု ထျဲ့မန်က ပြောကြားခဲ့သည်။
လုရီသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ကျင့်ကြံမှုလမ်းကြောင်းသည် အန္တရာယ်၊ အခက်အခဲတွေ.. ရောပြွမ်း. ပြည့်နှက်နေသည်။
ဘဝတွင် အသက်ရှင် နေထိုင်ရန် သက်တမ်းအများကြီး ရှိနေသေးသည့် စီနီယာအစ်ကိုသည်ပင် ရုတ်တရက် ဆုံးပါးသွားခဲ့ရ၏။
ပင့်သက် ဖွဖွ ရှိုက်လိုက်ပြီးနောက် လုရီက သူ့ခွက်ကို မြှောက်လိုက်ပြီး
"အစ်ကိုကြီး လီယွင်အတွက် ဆုတောင်းပါတယ် " ဟု ပြောလိုက်သည်။
ကျန့်ဖန်နှင့် အခြားသူများကလည်း ခွက်ကို မြှောက်လိုက်ကြသည်။
"ဒီကလေးက သူ့နောက်ဘဝမှာ ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ကြီးရှင်အဖြစ် မွေးဖွားလာမယ်လို့ မျှော်လင့်ပါတယ် .."
သူတို့သည် အုပ်စုလိုက် မူးလာသည်အထိ သောက်ကြသည်။
ကျန့်ဖန်က ပြောဆိုလာသည်။
"ဂိုဏ်းစစ်ပွဲ ပြီးတာနဲ့ ငါတို့ သုံးယောက် အပြင်ထွက်ပြီး အတွေ့အကြုံတွေ ရအောင် စီစဉ်ထားတယ်"
လုရီက ရှုပ်ထွေးသွားပြီး
"ဘာလို့လဲ၊ ဂိုဏ်းထဲမှာ အဆင်မပြေဘူးလား"
"ငါတို့က မင်းနဲ့မတူဘူး။ မင်းလို ထူးခြားတဲ့ အရည်အချင်းတွေ မပိုင်ဆိုင်ဘူး.. ဂိုဏ်းထဲမှာ ပြင်းပြင်းထန်ထန် ကျင့်ကြံနေမယ်ဆိုရင်တောင် ငါတို့ရဲ့ တိုးတက်မှုက နှေးလွန်းတယ်" ဟု
ပိုင်ယွီလုံက ညည်းညူလိုက်သည်။
ထျဲ့မန်ကလည်း ခေါင်းညိတ် သဘောတူလာသည်။
လုရီသည် တိတ်ဆိတ်နေ၏။ လူတိုင်းမှာ ကိုယ်ပိုင် လမ်းကြောင်း ရှိကြသည်လေ။
သူက သူတို့ကို ဖျောင်းဖျမည့် သူမဟုတ်ဘဲ ထွက်ခွာမသွားခင် နှုတ်ဆက်စကား သေချာပြောဖို့ တောင်းဆိုရုံပါပဲ။
လုရီသည် သူတို့ ထွက်ခွာသွားသောအခါတွင် အကြီးအကဲ အစ်ကိုဖြစ်သူ လီယွင် ကဲ့သို့ ကံကြမ္မာကို မတွေ့ကြုံနိုင်အောင် တားဆီးရန်အတွက် လုရီ သည် သူတို့အား မှော်ဆေးများနှင့် မှော်လက်နက်များ ထပ်မံပေးဆောင်ရန် ဆုံးဖြတ်လိုက်ပါသည်။
ဤသို့ဖြင့် သူသည် သူ့ဂူအိမ်၌ တံခါးပိတ်၍ ကျင့်ကြံနေရင်း နေ့ရက်များ တဖြည်းဖြည်း ကုန်လွယ်လာခဲ့သည်။
ရက်အနည်းငယ် အကြာတွင် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးက တိမ်ဖြူဂိုဏ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာလေသည်။
အခန်း၂၁၉- အင်မော်တယ် သွေးအနှစ်သာရ...,
~ထိုနေ့သ၌... တိမ်ဖြူဂိုဏ်း၏ ဂိတ်တံခါးများဆီသို့ အလွန် အစွမ်းထက်သော အရှိန်အဝါတစ်ခု တိုးဝင်လာသည်။
လုရီ တစ်ယောက် သမာဓိ ရှုမှတ်နေရာမှ လန့်ဖျတ်လာပြီး ဂူအိမ်ကြီးမှ အမြန် ထွက်သွားလေသည်။
သူအပြင် အခြား ကျင့်ကြံသူ အများအပြားလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ တိမ်ဖြူဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ပျံလွှားရောက်ရှိလာပြီး ၎င်းအရှိန်အဝါ လာနေသည့် ဦးတည်ရာဆီသို့ ဒေါသလွှမ်းသော အမူအရာတို့ဖြင့် ကမူးရှူးထိုး ပျံသန်းသွားကြသည်။
တိမ်ဖြူဂိုဏ်းကို မည်သူကမျှ သတ္တိရှိရှိ နှိုးဆော်ဝံ့သည်မှာ အချိန် အတော်ကြာခဲ့လေပြီ။
အခု အဘယ် သကောင့်သားက အတင့်ရဲနေသည်လဲ။
လုရီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း ပျံတက်သွားသည်။
တောင်၏ ဂိတ်တံခါးအပြင်ဘက်သို့ ရောက်သောအခါ လုရီသည် ဝူချင်းဖုန်းနှင့် အကြီးအကဲမင် အပါအဝင် စီနီယာ အကြီးအကဲများနှင့် ထိပ်တိုက် တွေ့နေသော လူတစ်စုကို တွေ့လိုက်ရသည်။
ရောက်လာသူများမှာ ခန့့်ညား ထည်ဝါသော အရှိန်အဝါ ရှိပြီး လုရီနှင့် အနည်းငယ် ရင်းနှီးသည်ကိုလည်း တွေ့ရသည်။ သူတို့သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ မဟာမိတ်များဖြစ်သည်။ အားလုံးက အမျိုးသား အကြီးအကဲများ ဖြစ်၏။
ထိုအကြီးအကဲတို့၏ အငွေ့အသက်သည် သမုဒ္ဒရာကဲ့သို့ နက်နဲ၏။ သူတို့အားလုံးသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်သည်။
ထိုလူကြီးများအပြင် ရုပ်ရည် ချောမောသော လူငယ် တစ်ယောက်လည်း ရှိသည်၊
လူငယ်လေး၏ ပတ်ဝန်းကျင်တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် နဂါးချီ အားလှိုင်းများ လှည့်ပတ်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် လှိုင်းလုံးကြီးများကဲ့သို့ အသက်ဓာတ် စွမ်းအင်များဖြင့် ပဲ့တင်ထပ်ကာ ကြောက်မက်ဖွယ် အားကောင်းလှသည်။
နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူအားလုံးသည် ထိုလူငယ်၏အဆင့်အတန်း အလွန်မြင့်မားနေသကဲ့သို့ လူငယ်အား ပျာပျာသလဲ အရေးပေးကာ ဆက်ဆံနေလေသည်။
လုရီ အတော်လေး အံ့သြသွားသည်။
လူငယ်၏ အရှိန်အဝါသည် သူ့အတွင်း၌ နဂါးအစစ်များ မြည်ဟိန်းနေသကဲ့သို့ ပြင်းထန်လှသည်။
ဒီလူဟာ ကောင်းကင်ဘုံ ကန့်သတ်ချက်သုံးခုကို ဖြတ်ကျော်ပြီး အလွန် အစွမ်းထက်သည့် ခန္ဓာကိုယ် သန့်စင်နည်းစနစ်ကို ကျင့်ကြံခဲ့တာ ဖြစ်နိုင်သည်။
လုရီသာမက အခြားသော ကျင့်ကြံသူများသည်လည်း ထိုလူငယ်အား မည်သူမည်ဝါဖြစ်သည်ကို စိတ်ဝင်စားနေကြတော့သည်။
လုရီ ခေါင်းလှည့်ပြီး လျိုနင်ရွှမ်းအား မေးမြန်းလိုက်သည်။
"စီနီယာအစ်မ၊ အဲ့ဒီလူက ဘယ်သူလဲဆိုတာ သိလားဟင်"
လျိုနင်ရွှမ်းက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ
"မသိဘူး၊ ဒါပေမယ့် သူ့အစွမ်းက ကြောက်စရာကောင်းတယ် "
လုရီ တုံ့ပြန်သည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဝမ်ချီဖုန်း၏ အမူအရာက အေးစက်နေသည်။ သူသည် အေးဆေးတည်ငြိမ်သော မျက်နှာထားရှိနေသည့် လူငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အခြားနတ်ဘုရား အသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူများထံ အကြည့်များ ခြုံလွှမ်းလိုက်ပြီး
“လူသတ်သွေးစက်…မင်းတို့ ဒီကို သေဖို့ ရောက်လာတာလား” ဟု ခက်ထန်စွာ မေးလိုက်လေသည်။
ထိုအခါ ကောင်းကင်မြွေဂိုဏ်းမှ အကြီးအကဲတစ်ဦးမှ မထီမဲ့မြင် မျက်နှာထားဖြင့် ချေပလာသည်
"ငါတို့ ဒီနေ့ သွေးသံရဲရဲ တိုက်ပွဲကို ဆင်နွှဲဖို့ဖို့
လာတာ မဟုတ်ဘူး၊ ကောင်းကင် နဂါး မြင့်မြတ်နယ်မြေက ကောင်းကင် နဂါး သူတော်စင် သားတော်ကို အဖော်ပြုပေးခဲ့တာ"
ထိုစကားလုံးများကို ကြားလျှင်ကြားချင်း
ဝူချင်းဖုန်း၏ အမူအရာက သိသိသာသာပင် ပျက်ယွင်းသွားတော့၏။
" ကောင်းကင် နဂါး သူတော်စင် သားတော် ကောင်းကင်ဘုံနဂါး မြင့်မြတ်နယ်မြေကလား.."
ဒါကို ကြားတော့ တခြားသူတွေလည်း ပင့်သက်ရှိုက်မိသွားကြသည်။
နတ်ဓားဂိုဏ်းကဲ့သို့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသည် အရှေ့ဘက် ဒေသ၏ အင်မော်တယ် ဂိုဏ်း မြင့်မြတ် နယ်မြေများထဲမှ တစ်ခုဖြစ်ပြီး အင်မော်တယ် ဘိုးဘေးများနှင့်အတူ ထူးခြားသော စွမ်းရည်များနှင့် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားချေသည်။
လူအုပ်ကြီးက ရုတ်တရက်ဆိုသလိုပင် ကြွက်စီ၊ ကြွက်စီဖြင့် ဝေဖန် ဆွေးနွေးကြတော့သည်။
"ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှာ သူတော်စင် သားတော် တစ်ယောက် ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး။ သူတော်စင်
သားတော်က ရုတ်တရက် ဘယ်လို ပေါ်လာတာလဲ"
"တကယ်ပဲ သူတော်စင် သားတော်တကယ်ရှိခဲ့ရင် သူ့အကြောင်း မကြားဖူးဘဲ နေမလား ၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက ပိုင်လီဖုန်း ဟာ အရှေ့ဒေသရဲ့ လူငယ် ပါရမီရှင်အဆင့်သတ်မှတ်ချက်မှာ အဆင့်ခြောက်က ရပ်တည်နေတာ၊ သူတောင်မှ သူတော်စင်သားတော် မဟုတ်ဘူး။"
လူအုပ်ကြီးသည် ပဟေဠိ ဖြစ်သွားကြတော့သည်။
ကောင်းကင် မြွေဂိုဏ်းမှ အကြီးအကဲတစ်ဦးက မောက်မာစွာ ရယ်မောပြီး လေးစားဂုဏ်ယူသည့်ဟန်ဖြင့် ပြောဆိုလိုက်တော့သည်။
"မင်းတို့တွေ ဘာသိလဲ၊ သူတော်စင်သားတော်က နှစ်ဆယ့်ငါးနှစ်ကြာ မြင့်မြတ် နယ်မြေထဲမှာ အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေပြီး ခန္ဓာကိုယ်ကို အမြင့်မြတ်ဆုံး နဂါးသွေးနဲ့ သန့်စင်နေတာ။ အခု သူ့ရဲ့ ကျင့်ကြံမှုမှာ အသေးစား အောင်မြင်မှု ရရှိပြီး အရှေ့ဒေသကို ရင်သပ်ရှုမောရအောင် ဖန်တီးဖို့ ပေါ်ထွက်လာပြီ"
ဝူချင်းဖုန်း မျက်မှောင်ကြုတ်ပြီး လူငယ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ နဂါးချီသည် တဆတ်ဆတ် တုန်ခါနေပြီး သူ၏ အရှိန်အဝါသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ဖြစ်ပြီး သာမန် မဟုတ်သည်မှာ ထင်ရှားသည်။
ဝူချင်းဖုန်းသည် အသက်ဝဝရှူလိုက်ပြီး
"ကောင်းကင် နဂါး သူတော်စင် သားတော် ဘာကိစ္စရှိလို့ ရောက်တာလဲ" ဟု မေးလိုက်တော့သည်။
သူ့နောက်ကျောတွင် လက်နှစ်ဖက် ပစ်ကာ အေးဆေးသော အမူအရာဖြင့် ရပ်နေပြီး ကောင်းကင်နဂါး သူတော်စင် သားတော်၏ အမူအရာက ကြောက်ရွံ့ခြင်းအလျဥ်း ကင်းမဲ့နေသည်။
"ကျုပ်ရဲ့ မြင့်မြတ်တဲ့ စွမ်းရည်က အစပိုင်းက ကျွမ်းကျင်သွားပြီ။ ကျုပ်စွမ်းအားကို ထူထောင်ဖို့ လိုတယ်၊ ခင်ဗျားရဲ့ဂိုဏ်းထဲက အဲဒီအင်မော်တယ် မျိုးစေ့ကို ဖိနှိပ်လိုက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲ။ သူ့ကို စိန်ခေါ်ဖို့ ကျုပ်စီစဉ်ထားတယ်။"
ဤစကားများသည် ဝူချင်းဖုန်းနှင့် အဓိပတိ အကြီးအကဲများ၏ မျက်နှာကို မှိုင်းညှို့သွားစေပြီး သူတို့ နောက်ကွယ်မှ ကျင့်ကြံသူများကြားတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။
လုရီ၏ဘေးတွင် ရပ်နေသော လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်သွားကာ သုန်းသုန်းမင်ယွဲ့ကမူ ဒေါနှင့်မောနှင့် လက်သီးများကို တင်းတင်းဆုပ်ထားပြီး ပြောသည်။
"ဒီအကောင်စုတ်က ဘယ်သူလဲ၊ အရမ်းမောက်မာပါလား၊ ငါ သူ့ကို အသေ သတ်ပစ်ချင်တယ်"
ကောင်းကင်နဂါး သူတော်စင်သားတော်သည်
လူတိုင်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ
“အရင်က အဲ့ဒီကိစ္စတစ်ခုပဲ ရှိပေမယ့် အခုနောက်တစ်ခု ရှိနေပြီ” ဟု အေးဆေးစွာ ပြောခဲ့သည်။
ဝူချင်းဖုန်းအသက်ပြင်းပြင်းရှူပြီး ဖြည်းညှင်းစွာထပ် မေးသည်။
"နောက်ထပ် ဘာရှိသေးလဲ"
"ဒီကို လာရင်းနဲ့ ကောင်းကင်မြွေဂိုဏ်းက ကျုပ်ရဲ့ ကောင်းကင်နဂါး မြင့်မြတ် နယ်မြေရဲ့ အမွေအနှစ် တစ်ခုလို့ ကျုပ် သိလိုက်ရတယ်။ အခု ကျုပ်ရဲ့ ပတ်သက်နေတဲ့ ကောင်းကင်မြွေဂိုဏ်းဟာ အနိုင်ကျင့်ခံရလို့ ကျုပ် တရားမျှတမှုကို လာရှာတာပဲ"
ဒါကို ကြားတော့ လူတိုင်း မှင်သက်သွားကြသည်။
"ကောင်းကင်မြွေဂိုဏ်းဆိုတာ တကယ်တော့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေရဲ့ အမွေအနှစ်လား"
ကောင်းကင်မြွေဂိုဏ်း၏ ကိုးဖြာ အသွင်ပြောင်း သိုင်းသည် အပိုင်းအစတစ်ခု ဖြစ်ပုံ ရသည်။ ၎င်းတွင် နက်နဲသော ဇစ်မြစ် ရှိသည်ဟု ကြားခဲ့ဖူးသည်။ ၎င်းသည် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ အင်မော်တယ် ကျမ်းမှ ခွဲဖြာခြင်း နိုင်ပါသလား။
ကောင်းကင်မြွေဂိုဏ်းတွင် ထိုသို့သော နောက်ခံသမိုင်းကြောင်း ပိုင်ဆိုင်ထားမည်ကို မည်သူကမျှ
စိုးစဉ်းမျှ...မမျှော်လင့်ထားမိခဲ့ပေ။
သို့သော် ဤအရာက လူတိုင်းကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။
"ငါတို့ တိမ်ဖြူဂိုဏ်းကဲ့ ရန်သူဖြစ်တဲ့ သွေးဝိဉာဉ် ဂိုဏ်းနဲ့ အတူ ပူးပေါင်းတဲ့ ကောင်းကင်မြွေဂိုဏ်းက ဂျူနီယာ ညီလေးလုကို ခြုံခို တိုက်ခိုက်ခဲ့တာလေ၊ ကောင်းကင်မြွေဂိုဏ်းဘက်က လွန်တာ ဒီလောက် အရှင်းကြီးကို..ဒါကို တရားမျှတမှုအတွက် တောင်းဆိုနေကြတုန်းပဲလား။ သောက် ရှက် မရှိဘူး!"
"ဟုတ်တယ်၊ ဒါ ဘာသဘောလဲ.. သူတော်စင်သားတော်"
ဝူချင်းဖုန်း၏အမူအရာမှာပင် အေးခဲစ
ပြုလာသည်။ သူသည် ကောင်းကင်ဘုံရှိ နဂါးစိန့်သားတော်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသော်လည်း မလှုပ်ရှားသေးပေ။
အမှန်တော့၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသည် တိမ်ဖြူဂိုဏ်းထက် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလေသည်။ ဖြစ်နိုင်လျှင် သဘာဝအတိုင်း အကောင်းဆုံး ရွေးချယ်မှုမှာ မြင့်မြတ်နယ်မြေ၏ ရန်သူများကို ရှောင်ရှားရန်သာ ဖြစ်သည်။
ထိုသို့ ပိုင်းခြားပြီးနောက်မှာတော့ ဝမ်ချင်းဖုန်း ပါးစပ်ဟလာသည်။
"ကောင်းကင်မြွေဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးလို့ ရတယ်။ ကျုပ်တို့ ဂိုဏ်းရဲ့ လုရီ ကတော့ လောလောဆယ်မှာ တံခါးပိတ် ကျင့်ကြံနေတာ၊ စိန်ခေါ်မှုကို လက်မခံနိုင်သေးဘူး။"
"စိန်ခေါ်မှုကို မတုံ့ပြန်နိုင်ဘူးလား..သူကြောက်ပြီး ငိုနေပြီလား"
ကောင်းကင်မြွေဂိုဏ်းမှ အကြီးအကဲတစ်ဦးက ထိုသို့ နှိမ်ချိုးလာသည်။
သွေးဝိညာဉ်ဂိုဏ်းက အကြီးအကဲတစ်ယောက်က လှောင်ပြောင်ပြီး ဖြည်းညှင်းစွာပြောတယ်။
"ဟား၊ လုရီက အရမ်း အစွမ်းထက်တာ မဟုတ်ဘူးလားဟ။ ပြောကြတာတော့ သူက ဓားတာအိုပိုင်နက်ကို ကောင်းကောင်း နားလည်နေပြီတဲ့ ၊ ဒီလောက်တောင် သန်မာနေတာ သူက ကောင်းကင်နဂါး သူတော်စင်သားတော်ကို တိုက်ပွဲမှာ ဘာလို့ မရင်ဆိုင်နိုင်သလဲ.."
တိမ်ဖြူဂိုဏ်း၏ တပည့်များအားလုံး မျက်နှာ တင်းမာသွားကာ ဝူချင်းဖုန်းနှင့် အခြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အဓိပတိ အကြီးအကဲများက မျက်မှောင်ကြုတ်လိုက်ကြသည်။
ကောင်းကင်နဂါး၏ သူတော်စင်သားတော်က အေးဆေးတည်ငြိမ်စွာ ပြောလာ၏။
"သူ့ကို သတ်ပစ်မှာကို ခင်ဗျားတို့တွေ စိုးရိမ်နေတာလား။ သူရှုံးတာကို ဝန်ခံရင် သူ့အသက်ကို ကျုပ် ချမ်းသာထားမယ်"
ထိုအခါ လျိုနင်ရွှမ်း၏ မျက်မှောင်ကြုတ်သည့်အမူအရာလေးက ပိုမို နက်နဲလာသည်။
သုန်းကုန်းမင်ယွဲ့ကတော့ သူမ နှုတ်ခမ်းကို ကိုက်ရင်း ထိုအကောင်အား အပြေးသွားပြီး အသေသတ်ပစ်ချင်နေသည့် စိတ်ကို ဖိနှိပ်နေရသည်။
လုရီကိုယ်တိုင်ပင် တစ်စုံတစ်ဦးကို မှတ်လောက်သားလောက်အောင် ဆုံးမရန် တွန်းအားကို ခံစားနေရသည်။