အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း၂၂၀- အင်မော်တယ် သွေးအဆီအနှစ်...,
~ဤလူ၏ နောက်ကွယ်မှ ရှိနေကြသော အသိုင်းအဝိုင်းက ကောင်းကင်နဂါးမြင့်မြတ်နယ်မြေဖြစ်သည့်အတွက် လုရီသည်လည်း ယခု လူလုံးထွက်ပြ၍ မရချေ။ သူ့အနေနှင့် ဤလူကို တိုက်ခိုက်လျှင် သူကိုယ်တိုင် အားဖြင့် စိတ်မပူပေမယ့် ဂိုဏ်းကို အလွယ်တကူ ဘေးဥပဒ်ဖြစ်စေနိုင်ပါသည်။
"ဟေး..သူ့ကို ရိုက်ချင်လား"
ထိုအခိုက်အတန့်တွင် လုရီ၏ အနောက်မှ ပျင်းရိသော်လည်း နားဝင်ချိုသော အသံတစ်ခု ပေါ်ထွက်လာခြင်းပါ။
လုရီနှင့် သူ၏ အပေါင်းအဖော်များသည် ခေါင်းကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသောအခါ မည်သည့်အချိန်က ပေါ်ထွက်လိုက်မှန်း မသိနိုင်သော သူ့ဘေးတွင် ရပ်နေသည့် လင်းလောင်တောင်ထိပ် သခင်မအား မြင်တွေ့လိုက်ရသည်။ သူမသည် ယခုမှ နိုးလာသကဲ့သို့ အိပ်ချင်မူးတူး ငိုက်မျဉ်းနေပုံ ပေါ်သည်။
"ဒီကောင်က အရမ်းမာနကြီးတယ်။ ကလေး၊ မင်း သူ့ကို ရိုက်ချင်လား ပြော"ဟူ၍ သူမက
မကျေမနပ် ညည်းတွားလိုက်သည်။
ထိုအခါ လုရီခမျာ စကားလုံးများ ပျောက်ရှနေပုံဖြင့် ပြန်မေးလာသည်။
"ဆရာ နောက်နေတာလား။ ကျွန်တော် သူ့ကို ရိုက်လို့ ရမလား"
လင်းလောင် တောင်ထိပ် သခင်မက သူမလက်ကို အမှုမထားဟန်ဖြင့် ဝှေ့ယမ်းပြီး
"ဟုတ်တယ်၊ မင်း သူ့ကို သတ်လိုက်ရင်တောင်မှ ငါ ဒီမှာ ရှိနေတာ ပြဿနာ မရှိပါဘူးလေ"
ဒါကို ကြားတော့ လုရီက နည်းနည်းတော့ အံ့သြသွားသည်။
အမှန်တော့၊ သူ့ဆရာသည် ရိုးရှင်းသော ပုဂ္ဂိုလ်မဟုတ်ပေ။
ဤလူသည် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၌ နှစ်ဆယ့်ငါးနှစ်ကြာ ကျင့်ကြံထားသော သူတော်စင်သားတော် ဖြစ်သည်။
ထိုသို့သော တည်ရှိမှုအား ဤနေရာတွင်
သတ်လိုက်လျှင်ပင် ပြဿနာ မရှိဟု သူ့ဆရာက ပြောနေခြင်း ဖြစ်သည်။
"ဆရာ.. တကယ် ပြောတာလား"
တုန်းကုန်းမင်ယွဲ့ အနည်းငယ် သံသယဖြစ်မိသည်။
"ဒါပေါ့၊ မင်းရဲ့ဆရာက မင်းကို လိမ်မှာလား။"
လင်းလောင်တောင်ထိပ်သခင်မက ထိုသို့ ပြောဆိုနေရင်း တုန်းကုန်းမင်ယွဲ့၏ ခေါင်းကို
မကျေမနပ် ပွတ်သပ်လိုက်တော့ တုန်းကုန်းမင်ယွဲ့မှာ သနားစရာ အမူအရာလေးဖြင့် သူမခေါင်းအားလက်ဖြင့် အုပ်ထားလိုက်လေသည်။
ဆရာဖြစ်သူ ထိုသို့ ပြောဆိုလာသည်ကို လုရီ ကြားတော့ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားပြီး ခပ်ရေးရေးအပြုံးတစ်ခု သူ့မျက်နှာမှာ ပေါ်လာပြီး
"ငါ ကောင်းကင်နဂါး သူတော်စင် သားတော်ကို အနိုင်ယူချင်တယ်" ဟု သူ့ကိုယ်သူ ကြုံးဝါးလိုက်၏။
[အလုပ်] ကောင်းကင်နဂါးသူတော်စင် သားတော်ကို အနိုင်ယူပါ။
ဆုလာဘ်-အစစ်အမှန် နဂါးသွေးအဆီအနှစ် တစ်စက်
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
..အစစ်အမှန် နဂါးသွေး အဆီအနှစ်..ပါလား..
ဆုလာဘ်ကို မြင်သောအခါ လုရီသည် ခဏတာ တုံ့ဆိုင်းသွားပြီး ဝမ်းသာပီတိ ဖြစ်သွား တော့သည်။
သူသည် ယခင် အစစ်အမှန် နဂါးသွေးအားလုံးကို စုပ်ယူထားခြင်းဖြင့် ယခုအခါတွင် သူ၏ ရုပ်ခန္ဓာ သည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး စစ်မှန်သော နဂါး တာအို ပုံစံကို နက်နဲစွာ နားလည်သဘောပေါက်ထားသည်။ သို့သော်၊ အစစ်အမှန် နဂါးသွေးသည် သာမန်သွေးသာ ဖြစ်သောကြောင့်၊ သွေးထဲတွင် ပါရှိသော စွမ်းအားသည် အနည်းငယ် မလုံလောက်သောကြောင့်၊ တာအို ပုံစံသည် အပေါ်ယံဖြစ်နေ၍ ယခင်နှင့်နှိုင်းယှဉ်ပါက သူ၏ တိုးတက်မှုနှုန်း နှေးကွေးသွားသည်ဟု လုရီ ခံစားလာရသည်။ အကယ်၍ သူ့တွင် စစ်မှန်သော နဂါးသွေး အဆီအနှစ်ရှိပါက၊ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို အသွင်ပြောင်းသွားစေနိုင်သည်။
ထိုမျှဖြင့်သာ မကဘဲ..အစစ်အမှန် နဂါးသွေး အဆီအနှစ်မှာ ရှိသည့် အစစ်အမှန်နဂါး တာအို ပုံစံတွေက ပိုလေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်နေမှာ သေချာပါသည်။ သူ၏ ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါးပညာကို ပိုမိုမြှင့်တင်နိုင်ဖို့ လုံလောက်ပါသည်။
ဤအလုပ်၏ဆုလာဘ်သည် အမှန်တကယ် ရက်ရောလှပါလား။ လူတစ်ယောက်ကို အနိုင်ယူခြင်းအတွက်သာ ဖြစ်ပြီး ရွှေလက်ချောင်း စနစ်က.. သူ့အား ..အင်မော်တယ်အလား တူညီသော အစစ်အမှန် နဂါးသွေး အဆီအနှစ်ကို ဆုချလာလေသည်။
သူတော်စင် သားတော်၏ အရည်အချင်းသည် အမှန်တကယ်ပင် ထူးထူးခြားခြား ဖြစ်ပုံရသည်။ မဟုတ်ရင် အလုပ်ဆုလာဘ်က ဒီလောက်ရက်ရောမည် မဟုတ်ချေ။
လုရီ ဤအလုပ်ကို ဝမ်းသာအားရ လက်ခံလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ တိုးလာကာ
ဝူချင်းဖုန်း ဘေးတွင် ရုတ်တရက် ရောက်ရှိလာသည်။
ဝူချင်းဖုန်းနင့် သူ၏ အပေါင်းအဖော်များသည် ကောင်းကင်နဂါး သူတော်စင်သားတော်နှင့် မည်သို့ ဆက်ဆံရမည်ကို တွေးတောကာ သုန်မှုန်သော မျက်နှာထားများ ရှိနေသည်။
ထိုအခိုက် လုရီ ပေါ်လာတာကိုမြင်တော့
သူတို့၏ အမူအရာတွေ ပြောင်းလဲသွားသည်။
အကြီးအကဲမင်က စိုးရိမ်စွာဖြင့် လုရီအား လျှို့ဝှက် အသံ ပို့လွှတ်လိုက်သည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ၊ ကောင်းကင်နဂါး သူတော်စင် သားတော်က မင်းအတွက် အထူးတလည် ရောက်လာတယ်၊ မင်း ထွက်လာရင် ငါတို့က အားနည်းချက် ဖြစ်လိမ့်မယ်"
ဝူချင်းဖုန်း၏ အမူအရာမှာလည်း အနည်းငယ်ပြောင်းလဲသွားသည်။ သူ စကားပြောတော့မည် အပြု..သူ့အမူအရာသည် ရုတ်တရက် တောင့်တင်းလာ၏။ ထို့နောက် သူ့မျက်နှာ၌ အလွန်ပျော်သော အမူအရာ ရိပ်ခနဲ ထင်လာသည်။
ဝူချင်းဖုန်းသည် လုရီ၏ ပခုံးကို ပုတ်လိုက်ပြီး သူ့မျက်နှာမှ အင်မတန်မှ တောက်ပလှသော အပြုံးနှင့်အတူ မေးလိုက်၏။
"တူလေးလု..ဘယ်လိုလဲ..ဒီကောင်းကင်နဂါးသူတော်စင် သား တော်ကို တိုက်ခိုက်ချင်လား"
တစ်ဆက်တည်း၌ ချီလင်နှင့် အခြားသူများသည် သတင်းအချို့ ရရှိထားသကဲ့သို့
သူတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီးနောက် သိသိသာသာ စိတ်လှုပ်ရှားလာကြသည်။
နောက်ကွယ်က ကျင့်ကြံသူ တပည့်တပန်းတွေကမူ နားမလည်ဘဲ လုရီ အရှေ့သို့ ထွက်လာတာကို မြင်တော့ သူတို့၏ မျက်နှာတွေက အရောင်မျိုးစုံ ဆက်တိုက် ပြောင်းလဲသွားသည်။
"ဂျူနီယာညီလေးလု... ဘာလို့ ထွက်လာတာလဲ"
"ဟုတ်တယ်၊ ဂျူနီယာညီလေးလု နိုင်သည်ဖြစ်စေ ရှုံးသည် ဖြစ်စေ ဒီအဖြစ်အပျက်ကြီး ကောင်းကောင်း မပြီးဆုံးမှာ စိုးထိတ်မိတယ်"
"ဂိုဏ်းခေါင်းဆောင်တောင်မှ ဂျူနီယာညီလေးလု ကို တိုက်ခိုက်ခိုင်းနေတယ်..ဘာလို့လဲ"
တပည့်များက စိုးရိမ်နေပုံ ရသည်။
အပြန်အလှန်အားဖြင့်၊ သွေးဝိညာဉ်ဂိုဏ်းနှင့် အခြားဂိုဏ်းများမှ နတ်ဘုရား အသွင်ပြောင်း
ကျင့်ကြံသူများသည် ရွှင်လန်းမှု အပြည့်ဖြင့် ပြုံးရွှင်နေကြသည်။
"အမွေဆက်ခံသူ..သူက လုရီပါ.."
ထိုသို့ အကြီးအကဲများက မိတ်ဆက်လာငည်ကို ကြားရသောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်သည် ကြယ်ပွင့်များလို တောက်နေ သော မျက်လုံးများနှင့် လုရီကို မမှိတ်မသုန် ကြည့်လိုက်ပြီး.. နဂါး ချီအား သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အစစ်အမှန် နဂါးကြီး တစ်ကောင်အဖြစ်သို့ အသက်ဝင်ကာ သူ့ကိုယ်မှကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ
တစ်ခု အပြင်သို့ စီးဝင်စေသည်။
၎င်းဖိအား၏ အောက်မှ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအများအပြားပင် စိတ် ဖိစီးလာသည်။
"သူလား.. ကောင်းပြီ"
ကောင်းကင်နဂါးသူတော်စင်သားတော်က မထီတရီ ပြုံးပြီး ကောင်းကင်သို့ မြန်ဆန်လှသောအရှိန်ဖြင့် ခုန်တက်လိုက်ကာ အမှုမထားသော လေသံဖြင့် စိန်ခေါ်လိုက်သည်။
“လုရီ၊ လာ တိုက်ခိုက်။ ဒီနေ့ဟာ ငါ့ရဲ့ ပထမဆုံးတိုက်ပွဲ..မင်းကို ဖိနှိပ်ခြင်းအားဖြင့် ငါ့ရဲ့
ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတင်းကို ရေးထိုးရမယ်”
လုရီ ဒါကို ကြားတော့ ဖျတ်ခနဲ ပြုံးပြီး ကောင်းကင်ထက်ဝယ် ပျံလွှားရောက်ရှိသွားကာ ကောင်းကင်ဘုံနဂါး သူတော်စင်သားတော်၏ ဆန့်ကျင်ဘက်မှာ ရပ်နေလျက် သူ့အား အေးအေးလူလူပင် အကဲခတ်လိုက်သည်။
"မင်း လိုပါသေးတယ်၊ မင်းရဲ့ ပထမ တိုက်ပွဲမှာ အရှုံးနဲ့ အဆုံးသတ်ရလိမ့်မယ်"
ဤသတိပေးချက်ကို ကြားတော့ ကောင်းကင်နဂါး သူတော်စင်သားတော်သည် ခပ်သဲ့သဲ့ ရယ်မောကာ စိုးရိမ်မှုကို ပယ်ချလိုက်သည်။ နောက်အခိုက်အတန့်တွင် သူသည် သူ့လက်ကို ၎င်း၏ အမြီးအား လှုပ်ယမ်းနေသော နဂါးအစစ်ကဲ့သို့ ပေါ့ပေါ့တန်တန် လှုပ်ယမ်းလိုက်သည်၊
ပြင်းထန်သော သွေးချီ မြင့်တက်လာပြီး နဂါး၏ မြည်ဟိန်းသံသည် ကောင်းကင်တွင် ဖျော့တော့စွာ ကြားနေရသည်။
ကောင်းကင်သည် ပန်းချီကား ပိတ်စ တစ်ခုကဲ့သို့ တွန့်လိမ်ကာ ကောင်းကင်နဂါးသူတော်စင် သားတော်၏ စွမ်းအားအောက်တွင် လှုပ်ခါနေ၏။
နဂါးချီ စီးကြောင်းများသည် လုရီဆီသို့ ဟိန်းဟောက်၍ လာသည်။ ပေါ့ပေါ့ပါးပါး လက် တစ်ချက် ဝှေ့လိုက်ရုံမျှသာ ဖြစ်သော်လည်း ဤမျှ တန်ခိုးကြီးသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူတော်စင်သားတော်၏ ကျင့်စဉ်သည် ရွှေအူတိုင် နယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိ သေးသည်။ ရွှေအူတိုင် နယ်ပယ်အတွက် ထိုသူက ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်များစွာကို ဖြတ်ကျော်ပြီး ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် နဂါးသွေးကို အသုံးပြုကာ သူ၏ ခွန်အားကို အလွန် ကြောက်စရာကောင်းအောင် ဖန်တီးပြီးပြီဟု လုရီ သုံးသပ်မိသည်။
၎င်းဖိအားက သူ့စီနီယာအစ်မထက် အများကြီး မနိမ့်ကျပေ။
ဟိန်းဟောက်နေသော နဂါးချီနှင့် ရင်ဆိုင်နေရသော်လည်း လုရီ အမူအရာ မပျက်ယွင်းပေ။
တူညီသော အခိုက်အတန့်၌ ကြည်လင်၍ နားဝင်ပီယံ ရှိသော ဓားမြည်ဟိန်းသံ တစ်ခု ထွက်ပေါ်လာသည်။ တစ်ဆက်တည်း၌ ကောင်းကင်ယံဝယ် သေးငယ်သော ထူးခြားသည့် နယ်မြေလေးတစ်ခု ဖြစ်တည်သည်။
မီတာရာပေါင်းများစွာ အကွာအဝေး အတွင်း.. အင်မော်တယ် ဓားစိတ်ဆန္ဒဖြင့် ဖော်ဆောင်သော ရွှေရောင်ဓားအလင်းများဖြင့် ပြည့်နှက် သိပ်သည်း၍ နေသည်။
၎င်းဓားတာအိုပိုင်နက် အနီးသို့ ချဉ်းကပ်လာသောအခါတွင် နဂါးချီအားလုံးသည် ဓားစိတ်ဆန္ဒဖြင့် တိမ်မြုပ်သွားခဲ့သည်။
" တာအိုပိုင်နက် ၊ ဒါက ဓား တာအိုပိုင်နက်ပဲ.."
"ဒီကောင်းကင်နဂါး သူတော်စင်သားတော်ရဲ့ ခွန်အားက တကယ်ကို ထူးထူးခြားခြားပါပဲ၊ ဒီရိုက်ချက်က အခြေတည် ဝိဉာဉ် အများစုတောင် ရှောင်နိုင်ဘူးလေ၊ ကံမကောင်းစွာနဲ့ပဲ ညီလေးလုရဲ့ ဓားတာအိုပိုင်နက်က ပိုသန်မာနေတယ်. "
"အလိုလေး..ငါသာ ညီလေးလုလို ဓားတာအိုပိုင်နက် ဖွဲ့စည်းနိုင်ရင် ပြိုင်ဘက်ကင်းပြီပဲ"
တိမ်ဖြူဂိုဏ်းမှ တပည့်များစွာ ဝမ်းသာအားရ ကြွေးကြော်နေကြသည်။
ထိုဓား တာအိုပိုင်နက်ကို မြင်သောအခါ ကောင်းကင်နဂါး သူတော်စင်
သားတော်၏အမူအရာသည် လေးနက်လာကာ
ရေရွတ်လိုက်၏။
"ဓား တာအိုပိုင်နက်က တကယ်ပဲ ထူးခြားလှပါလား။ ဒီလိုပြိုင်ဘက်က ငါ့ရဲ့ ခြေနင်း ကျောက်တုံး ဖြစ်ဖို့ ထိုက်တန်တယ်.."
" ကောင်းကင် နဂါး အသွင်ပြောင်းသိုင်း"
သူတော်စင်သားတော်သည် မာန်သွင်း၍
တိုက်ကွက် အသစ် ဖော်ထုတ်လိုက်သည်။
အခန်း၂၂၁- အင်မော်တယ် သွေးအဆီအနှစ်...
~သူတော်စင် သားတော်သည် နဂါးအစစ် မာန်ဖီနေသကဲ့သို့ ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်နှင့်တပြိုင်နက် နဂါးချီသည် သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တုန်လှုပ်သွားပြီး သူ့အရေပြား၏ မျက်နှာပြင်ပေါ်တွင် တာအို ပုံစံမှာ နဂါး အကြေးခွံများနှင့်အတူ လှိုင်းထလာသည်။
တာအို ပုံစံများဖြင့် ဖွဲ့စည်းထားသော နဂါးအကြေးခွံများ ပေါ်လာသည်နှင့်အမျှ ကောင်းကင်နဂါး သူတော်စင် သားတော်၏ အငွေ့အသက်သည်အစစ်အမှန် နဂါးတစ်ကောင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေရာမှ နိုးထလာသည့်အတိုင်းပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးထွားလာ၏။
လုရီ ၏ ဓားတာအိုပိုင်နက် ပြသမှုကြောင့် ထိတ်လန့် တုန်လှုပ်နေသော သွေးဝိညာဉ်ဂိုဏ်းမှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများ အားလုံးသည် ဤအသွင်ပြောင်းခြင်းကို တွေ့ကြုံရသောအခါ ကြည်နူးမှု လက္ခဏာများ ပြသခဲ့ကြသည်။
ကောင်းကင်နဂါးသူတော်စင်သားတော်ပေါ်ရှိ တာအိုပုံစံများကို လုရီ မြင်လိုက်ရသည့်အခါ နဂါးသွေးအစစ် အပေါ်မှာ သူ မြင်ခဲ့ရသည့် အရာများနှင့် အလွန်ဆင်တူသောကြောင့် သူ့ရင်တွင်း၌ အနည်းငယ် မှင်သက်သွားရ၏။
ကောင်းကင်နဂါး သူတော်စင်သားတော်သည် မြင့်မြတ်သည့် အစစ်အမှန် နဂါးသွေးဖြင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်နေပြီ ဖြစ်ကြောင်း စောစောက ကြားခဲ့ရသည်။ ၎င်းသည် အမှန်တကယ်ပင် နဂါးသွေးအစစ် အသုံးပြုထားခြင်း ဖြစ်နိုင်၏။
မြင့်မြတ် နယ်မြေ တစ်ခု၌သာ..သူတော်စင် အမွေဆက်ခံသူ တစ်ယောက်ကို ကျင့်ကြံစေရန် အင်မော်တယ် သွေးကို အသုံးပြုသည့် အထူး နည်းလမ်းများ ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
သို့သော်၊ ကောင်းကင်နဂါး သူတော်စင်သားတော် ကျွမ်းကျင်ထားသော တာအို ပုံစံများသည် မများလှပေ။ သူ့လောက်ပင် မရှိလှပေ။၎င်းမှာ ထိုသူ၏ နားလည် သဘောပေါက်နိုင်စွမ်းက
နိမ့်ပါးနေသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်က ဒေါသတကြီး ဟစ်အော်လိုက်သည်နှင့် သူ၏ နဂါးကြီးသည်လည်း ရုန်းကြွလာကာ ထိုသူက လုရီဆီသို့ ပြေးဝင်လာစဥ် လုရီသည် စိတ်ထဲမှ ကြိတ်၍ သက်ပြင်း ချလိုက်၏။
ကောင်းကင်နဂါး သူတော်စင်သားတော်က
သူ၏ မြင့်မြတ်သော ကိုယ်ခန္ဓာကို အားကိုးပြီး လုရီ၏ ဓားပိုင်နက်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ကာ တိုက်ပွဲ၌ ယုံနိုင်လောက်အောင် ကြီးစိုးစွာ
လုရီနှင့် ရင်ဆိုင်ရန် ရည်ရွယ်ခဲ့လေသည်။
လုရီ၏ အမူအရာသည် ငြိမ်သက်သွားကာခြေလှမ်း တစ်လှမ်း အရှေ့သို့ တက်ပြီးနောက် လူ့လက်မောင်းလောက် လုံးပတ် ရှိပြီး ဆယ်မီတာကျော် ရှည်သည့် ရာနှင့် ချီသော ရွှေရောင်ဓားချီများ သွန်းလောင်းကာ ကောင်းကင်နဂါးသူတော်စင် သားတော်ဆီသို့ ပစ်လွှတ်လိုက်၏။
မြင့်တက်နေသော အင်မော်တယ်ဓား စိတ်ဆန္ဒနှင့်
ဓား တာအို၏ တုနှိုင်းမဲ့ ထက်မြက်သော ဆန္ဒတစ်ခု တိုးမြင့်လာကာ ကောင်းကင် အလွှာအား ဖြိုခွဲပစ်လိုက်သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာသည်ပင် သိသိသာသာပင် ပျက်ယွင်းသွားသည်။
ရွှေဓားချီအလင်းက သူ့ထံ မရောက်ရှိလာသေးသော်ငြား သူ့အသားက နာကျင်မှုကို ခံစားနေပြီ
ဖြစ်ပြီး တာအိုပုံစံများဖြင့် ပုံဖော်ထားသည့် နဂါးအကြေးခွံများကလည်း ကွဲအက်တော့မလို
တုန်ခါသွား၏။
လုရီ၏ ဓားတာအို ကျင့်စဉ်သည် ကောင်းကင်နဂါး သူတော်စင်သားတော် မျှော်လင့်ထားသည်ထက် ကျော်လွန်သော အမြင့် အသစ် တစ်ခုမှာ တည်ရှိလေသည်။ သူသည် ဓားတာအို ပိုင်နက်အား ယခုမှ ဖွဲ့တည်ကာစ ဓားသမား တစ်ယောက်နှင့် ရိုးရိုးရှင်းရှင်းပင် မတူညီပါ။
ကောင်းကင်နဂါး သူတော်စင်သားတော်က ကျယ်လောင်စွာ မာန်သွင်းရင်း သူ့လက်များကို တင်းတင်းဆုပ်ပြီး လက်သီး တစ်လုံး ပစ်ခွင်းလိုက်သည်။ နဂါးချီသည် လှိုင်းလုံးများသဖွယ် မြင့်တက်လာပြီး သူ့လက်သီးမှ မီတာတစ်ရာ ရှည်လျားသော အဝါရောင်နဂါးကြီး တစ်ကောင် ဖြစ်တည်ကာ ကျယ်လောင်စွာ မြည်ဟိန်းလျက် ဓားအလင်းဆီသို့ တဟုန်ထိုး ပြေးသွား၏။
ဝုန်း...
ပြင်းထန်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး အဝါရောင် နဂါးကြနှင့် ဓားအလင်း တိုက်မိသည့် နေရာလပ်သည် ကွဲအက်သွားခဲ့သည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအင် အကြွင်းအကျန်များသည် တရကြမ်း တိုက်ခတ်သော လေအဖြစ်
ပြောင်းလဲသွားပြီး တိမ်ဖြူဂိုဏ်း အပြင်ဘက်ရှိ တောင်တန်းများမှ ကျောက်အလွှာများ
တစ်လွှာပြီး တစ်လွှာအား ခွာချပြီးနောက် မြေပြင်တွင် ချိုင့်ခွက်ကြီးများ ဖန်တိီး၏။
ဝူချင်းဖုန်းနှင့် အနီးနားရှိ အခြားသူများ၏ မျက်နှာတွင် အမူအရာ ပြောင်းလဲမှု အနည်းငယ်ကို ပြသခဲ့ပြီး အားလှိုင်း အကြွင်းအကျန်များကို ခုခံကာကွယ်ရန် သူတို့၏ လက်များကို အလျင်အမြန် မြှောက်လိုက်ကာ သူတို့နောက်ကွယ်တွင် ရှိသော တိမ်ဖြူဂိုဏ်း၏ တပည့်များအပေါ် သက်ရောက်မှု မရှိစေရန် တားဆီးပေးခဲ့သည်။
ထိုသို့ဖြစ်သည်ကိုပင် တိမ်ဖြူဂိုဏ်း၏ တပည့်တွေက အေးစက်သော ချွေးစေးများ ထွက်နေကြတုန်းပင်။
" ကြောက်စရာ ကောင်းလွန်းတဲ့ စွမ်းအား"
ရွှေအူတိုင်နယ်ပယ်က တိုက်ပွဲတော့ ဟုတ်ပါရဲ့ လား၊ အခြေတည် ဝိဉာဉ်နယ်ပယ် မှာတောင်၊ အနည်းအကျဉ်းလောက်သာ ဒီလို ခွန်အားကို ပိုင်ဆိုင်နိုင်မယ်...ဟုတ်တယ်မလား"
"ဒီ ကောင်းကင်နဂါးသူတော်စင်သားတော်က မောက်မာနိုင်ပေမယ့် သူ့ရဲ့ အစွမ်းက တကယ်ကို အထင်ကြီးဖို့ ကောင်းလိုက်တာ၊ ညီလေးလုရဲ့ ဓားတာအိုက အရမ်း ကြောက်ဖို့ ကောင်းပေမယ့် သူ ဒါကို ခုခံနိုင်စွမ်း ရှိခဲ့တယ်.."
လူအုပ်ကြီးက ရင်သပ်ရှုမောစွာ အော်ဟစ်ကြတော့သည်။
ဝရုန်းသုန်းကား အားလှိုင်းများကြားတွင် လုရီ ထွက်ပေါ်လာလေသည်။
လုရီသည် အထက်ဘုံမှ သေမျိုးလောကသို့ ဆင်းသက်လာသော ဓားအင်မော်တယ် တစ်ပါးနှယ် ရွှေရောင် ဓားချီအား စီးနင်းကာ ကောင်းကင်နဂါး သူတော်စင် သားတော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့၏။
လုရီ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းပင် ဆယ်မီတာကျော် အရှည် ရှိသည့် ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ဖွဲ့တည်၍ ကောင်းကင်နဂါး သူတော်စင်သားတော်ကို တိုက်ရိုက် ချိန်ရွယ်သည်။
တုံ့ပြန်မှုအနေဖြင့် ကောင်းကင်နဂါး သူတော်စင် သားတော်ပတ်လည်ရှိ နဂါးချီသည် မြည်ဟိန်းလာခဲ့ပြိီး သူသည် နဂါးငယ် တစ်ကောင်အလား တာအို ပုံစံများက တဖျတ်ဖျတ် တောက်ပလာ၏။ ကံမကောင်းစွာပဲ၊ လုရီ၏ ဓားအလင်းကို ရင်ဆိုင်ရသောအခါ ကောင်းကင်နဂါး သူတော်စင် သားတော်သည် နောက်သို့ တဆုတ်တည်း ပြန်ဆုတ်နေရပြီး သူ့ပတ်ဝန်းကျင်ရှိ နဂါးပုံစံများပင် မှိန်ဖျော့သွားခဲ့သည်။
လုရီ ထုတ်ဖော်ပြသလိုက်သော ခွန်အားသည် ကောင်းကင်နဂါး သူတော်စင်သားတော် မျှော်မှန်းထားနိုင်သည်ထက် ကျော်လွန်နေပြီး သူ့အားအလွယ်တကူ နှိမ်နင်းနိုင်ခဲ့၏။
သူ့ကိုယ်သူ အဆက်မပြတ် ဆုတ်ခွာနေရသည်ကို မြင်လိုက်ရသောအခါ ကောင်းကင်နဂါး သူတော်စင် သားတော်၏ မျက်လုံးများအတွင်း ဒေါသ အခိုးအငွေ့နှင့် နောင်တတရားအရိပ်တို့ ရိပ်ခနဲ လက်သွားရင်း နောက်တစ်ကြိမ် မာန်သွင်းကာ သိုင်းကွက် ထုတ်ဖော်လိုက်တော့သည်။
"ကောင်းကင်နဂါး လက်သည်း"
ကောင်းကင်နဂါး သူတော်စင် သားတော်သည် သူ့ပတ်ပတ်လည်တွင် နဂါးချီအား ပြင်းထန်စွာ လည်ပတ်စေ၍ ရှုပ်ထွေးသော တာအို ပုံစံများသည် သူ့မျက်လုံးများတွင် တောက်ပလာရင်း လုရီဆီသို့ ဦးတည်၍ နဂါးလက်သည်းကြိီးနှယ် လက်ဟန် ဖော်ထုတ်လိုက်၏။
နောက်အခိုက်အတန့်တွင် ကောင်းကင်မှ မီတာတစ်ထောင်နီးပါး ကြိီးမားသော ဧရာမ နဂါးလက်သည်းကြီး အသက်ဝင်လာခဲ့ပြိီး လုရီအား ဖမ်းကုပ်ရန် ပြင်းစွာသော အဟုန်ဖြင့် ဆင်းသက်လာသည်။ နဂါးလက်သည်း၏ ဖိနှိပ်မှု စွမ်းအားသည် ပြင်းထန်လှပြီး မြေကြီးနှင့်
မနီးကပ်မီတွင်ပင် မြေကြီးသည် တောင့်မခံနိုင်တော့ဘဲ သူ့အလိုလို နစ်ဝင်သွားတော့မည့်အသွင်။
ဒါကို မြင်တော့ လုရီ မျက်နှာမှာလည်း အံ့သြရိပ် တချို့ ဖြတ်သန်းသွားသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်သည် အခြားနေရာများတွင် ထူးထူးခြားခြား မပေါ်လွင်သော်လည်း သူ၏ အစွမ်းသတ္တိမှာ အမှန်ပင် ချီးကျူးစရာပင်။
လုရီသည် အသံခပ်နိမ့်နိမ့် အော်ဟစ်လိုက်ပြီး၊ သူ၏ ကမ္ဘာငယ်(ဓားတာအို ပိုင်နက်)အတွင်း၌ နတ်ဓား ကျောက်တိုင်ထံမှ ဆုပ်ကိုင်ထားသော ဓားတာအို၏ အနှစ်သာရများ ပါဝင်သည့်
မြောက်များစွာသော ဓားပုံစံများအား ဖွဲ့စည်းလိုက်သည်။ ဓားပုံစံများသည် စူးရှထက်မြက်ပြီး မျက်လုံးများအား မခံနိုင်အောင် ကျိန်းစပ် တောက်ပနေ၍ တိုက်ပွဲအား စောင့်ကြည့်နေသော တပည့်အားလုံး၏ မျက်နှာများထက်ဝယ် မျက်ရည် စီးကြောင်းများ စီးကျလာစေသည်။ ထိုမျှ ကျိန်းစပ်လှသော တောက်ပမှုကြောင့် တပည့်များက မခံစားနိုင်ဘဲ မျက်လုံးများ ဖိမှိတ်ထားရတော့သည်။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အနည်းငယ်နှင့် လျိုနင်ရွှမ်းသာလျှင် သူတို့၏ မျက်လုံးများကို ဖွင့်ထားနိုင်ခဲ့သည်။
ဤအချက်ကြောင့် သူတို့ လုံးဝ အံ့အားသင့်သွားခဲ့သည်ကတော့ အသေအချာပါပဲ။
ထိုအခိုက်ဝယ်..
"အခု . ကလေးလုရဲ့ ဓား တာအိုနယ်ပယ်က ကျုပ်စိတ်ကူးယဉ်နိုင်တာထက် ကျော်လွန်နေပြီ" ဟု အကြီးအကဲမင်က အံ့အားသင့်စွာ မှတ်ချက်ပြုလေသည်။
၎င်းဓားပုံစံများသည် တစ်ခုပြီး တစ်ခု ဓားအလင်းတန်းအဖြစ် ပေါင်းစပ်သွား၍ ပို၍ ခြိမ်းခြောက်နိုင်စွမ်းရှိသော တည်ရှိမှုကို
ရုတ်ချည်း ထုတ်လွှတ်လာတော့သည်။
ဓားအလင်းသည် တစ် ကီလိုမီတာ အရှည်
ရွှေဓား အလင်းတန်းအဖြစ် ပေါင်းစပ်ကာ အထက်အာကာပြင်ကို ဖြတ်သန်း၍ ကောင်းကင်နဂါးလက်သည်းကို အလယ်မှ တည့်တည့် နှစ်ပိုင်းခွဲခြမ်းလိုက်လေ၏။
ဧရာမ နဂါးလက်သည်းကြိီးသည် တစ်စစီ အက်ကွဲသွားလျက် အာကာပြင်တွင် ကြယ်မှုန် ကြယ်မွှားများ ကြဲဖြန့်ကာ ကခုန်နေသည့်အသွင် အမှုန်အမွှားလေးများအဖြစ် လောင်ကျွမ်း ပြာကျသွားပြိီး လေနှင့်အတူ မျောပါသွားသည်။
ထိုသို့ ကောင်းကင်နဂါးလက်သည်း ချေမှုန်းခံလိုက်ရပြီးနောက်မှာတော့ ကောင်းကင်နဂါးသူတော်စင် သားတော်၏ မျက်နှာသည် အကြီးအကျယ် အမူအရာ ပျက်ယွင်းသွားသည်။ သူသည် မတုံ့ပြန်နိုင်မီ တစ် ကီလိုမီတာ ရှည်လျားသည့် ရွှေဓားအလင်းတန်းကြိီးက သူ့ဆီ တန်းတန်းမတ်မတ် ခုတ်ပိုင်းလာတော့၏။
အဆိုပါ ဓားအလင်းသည် အထက်အာကာပြင်ကို ဖြတ်သွားကာ မမြင်နိုင်သောဓားဖြင့် ထွင်းထုထားသကဲ့သို့ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု လှိုင်းထနေသည်။
ဓားအလင်းသည် ကောင်းကင်နဂါး သူတော်စင်သားတော်ကို တိုက်ရိုက် ထိမှန်သွားပြီး နားမခံသာသော အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးပုံစံများမှာ ရုတ်ချည်း ကွယ်လွင့်သွားတော့သည်။
ကြွေလွှာနှင့် တူသည့် သူ့အရေပြားသည် ကွဲအက်လာကာ ရွှေရောင် ဖျော့ဖျော့ အဆင်း ရှိသော သွေးများ ယိုစီးကျလာသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏
ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျလာပြီး မီတာတစ်ရာ ကျယ်ဝန်းသည့် တွင်းကြီးတစ်ခုထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ သူ၏ အရှိန်အဝါသည် အလွန်အမင်း အားနည်းလာသည်။
ကောင်းကင်၌ ရွှေဓားအလင်းများသည် ယခုအခါ ပျောက်ကွယ်သွားပြီး ပုံသဏ္ဍာန် တစ်ခုသည် ကိုယ်ဟန်မတ်မတ် အမူအရာဖြင့် တိမ်များထက်တွင်
လွင့်မျောနေသည်။
တိုက်ခတ်နေသော လေပြင်းတွင် သူ၏ နှင်းကဲ့သို့ ဖြူလွသော အဖြူရောင် ဝတ်ရုံရှည်က
တဖားဖား လွင့်မျောနေကာ သူ၏ နက်မှောင် ရှည်လျားနေသော ဆံပင်များ..ကျောက်စိမ်းလို ကြည်လင် ချောမွေ့သည့် အသားအရည်နှင့် ပြိုင်ဘက်ကင်းသော ရုပ်ရည် ချောမောမှုကို ပိုင်ဆိုင်ထားသော ထိုပုဂ္ဂိုလ်က နတ်ဘုရား တစ်ပါးအလား တင့်တယ်လှသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် အခိုက်အတန့် မျှ ငြိမ်သက် တိတ်ဆိတ်သွားကာ...
ထို့နောက်မှာတော့.. တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများ၏ ကျယ်လောင်သော ဟစ်ကြွေးသံများ တခဲနက် ထွက်ပေါ်လာလေသည်။
"အလို..ဒါက ဂျူနီယာညီလေးလုပဲ.."
"ဂျူနီယာညီလေးလုကတော့ ဂျူနီယာညီလေးလု ပီသပါတယ်..ဟားဟား"
"ဟားဟား၊ မြင့်မြတ်နယ်မြေက သူတော်စင် ဆက်ခံသူလေး.. ဘာတတ်နိုင်သေးလဲ၊ ဂျူနီယာညီလေးလု ရှေ့မှာ မင်းက ပြိုင်ဘက်ဖြစ်ဖို့ နိမ့်ကျတုန်းပဲ"
အထူးသဖြင့် တိမ်ဖြူဂိုဏ်းမှ မိန်းကလေး တပည့်များသည် လုရိီအား အံ့ဩမှု ကြီးစိုးသော မျက်လုံးရွဲကြီးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေကြပြီး သူတို့၏ အမူအရာမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှား ..ရင်ဖိုနေကြသလိုပင်။
သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့သည်လည်း ယခုအချိန်တွင် လုရီအား ကြည့်နေကြပါသည်။
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများက အထင်ကြီးလေစားမှုတို့ ပြည့်လွှမ်းနေကာ စူးစူရှရှ အော်ဟစ်သည်။
"ငါ့ရဲ့ စီနီယာ အစ်ကိုကြီးက အစွမ်းထက်လွန်းတယ်!"
လျိုနင်ရွှမ်းလည်း အနည်းငယ် ခေါင်းညိတ်ပြပြီး သူမ၏ အေးစက်သော မျက်နှာပေါ်တွင်
ဖျော့တော့သော အပြုံး တစ်ပွင့် ..ဖြစ်တည်လာ လေသည်။
"ဂျူနီယာ မောင်လေးက သူ့ရဲ့ ခွန်အားကို အပြည့်အ၀တောင် မထုတ်ဖော်သေးတာ မဟုတ်ဘူး၊ သူသာ အပြည့်အဝ ထုတ်ဖော်လိုက်ရင် သူ ငါ့ထက် အများကြီး သာလွန်သွားမှာတောင် ကြောက်ရတယ် "
စင်စစ်တွင်တော့ ကောင်းကင် နဂါး သူတော်စင်သားတော်သည် သာမန် တည်ရှိမှု မဟုတ်ပေ။
သူ၏ ကျင့်စဉ်သည် ရွှေအူတိုင် နယ်ပယ်တွင်သာ ရှိသော်လည်း လျိုနင်ရွှမ်းသာ သူနှင့် တိုက်ခိုက်ရပါက အင်အားကုန် ထုတ်သုံးရန် လိုအပ်မည် ဖြစ်သည်။
လုရီက ကောင်းကင် နဂါး သူတော်စင်သားတော်အား အလွယ်ကလေးနှင့် အနိုင်ယူလိုက်တာကြောင့် လုရီ၏ ခွန်အားက သူမထက် သာလွန်နေပြီ ဖြစ်ကြောင်း လျိုနင်ရွှမ်းအား နားလည်သွားစေပါ၏။
"ပိုင်နက် ..." လျိုနင်ရွှမ်း၏ မျက်လုံးများ
တဖျတ်ဖျတ် တောက်ပသွားသည်။
သူမ၏ ရေခဲနှလုံးသား နယ်ပယ်သည် ရှစ်ဆယ်ရာခိုင်နှုန်းကို ကျော်လွန်နေပြီ ဖြစ်သော်လည်း ပိုင်နက် တစ်ခုအား နားလည်နိုင်ဖို့ မဆိုထားနှင့်။ ပြီးပြည့်စုံခြင်းအဆင့်နှင့်ပင် ကွာဟချက်အတော်အတန် ရှိသေးသည်။
ထို့ကြောင့် ယခုအချိန်တွင် လုရီ တစ်ယောက် ဓားတာအိုပိုင်နက်ကို ဖွဲ့စည်းရန် မည်မျှ နတ်ဆိုးဆန်လှသော ပါရမီ ရှိနေသလဲ.. လျိုနင်ရွှမ်းသည် နားလည်လာခဲ့သည်။
သွေးဝိညာဉ်ဂိုဏ်းနှင့် အခြားဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများသည် မှင်သက်စွာ ငြိမ်ကျသွားကြသည်။
ဤကဲ့သို့ ကြီးစိုးသော ကောင်းကင်နဂါးသူတော်စင်သားတော်အား လုရီက အလွယ်တကူ နှိမ်နင်းလိုက်သည့် အဖြစ်အပျက်အား အားလုံး၏ မျက်နှာများတွင် မယုံကြည်နိုင်မှု အတိုင်းသား ရေးခြယ်ထားပြီး ငြိမ်သက်စွာ ငေးကြည့်နေကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထ၍ အော်ဟစ်လာ၏။
" အို၊ အခြားတစ်ယောက်က ဘယ်မှာလဲ၊ သူတော်စင် ဆက်ခံသူရဲ့ နောက်ကွယ်က
စီနီယာရော..."
ထိုအခါ... လူအုပ်ကြီးမှာ လန့်ဖျပ်သွားပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည်။
သူတော်စင် ဆက်ခံသူသည် သူ၏ ကျင့်ကြံမှုတွင် အသေးစား အောင်မြင်မှု ရရှိပြီး အပြင်ထွက်သည့်အခါ သဘာဝအတိုင်း ကာကွယ် စောင့်ရှောက်သူ တစ်ဦး လိုက်ပါတတ်သည်။
ကာကွယ်စောင့်ရှောက်သူသည် အလွန် အစွမ်းထက်သည်။ သူတော်စင် ဆက်ခံသူ၏ ဘေးကင်းမှုကို အာမခံနိုင်သော ကာကွယ်စောင့်ရှောက်သူ၏ ကျင့်စဉ်က သူတို့အနေနှင့် ခန့်မှန်းရန်ပင် ခက်ခဲလေသည်။
ယခုမူ သူတော်စင် ဆက်ခံသူက သေလုမျောပါး ဖြစ်နေပြီ။
ကာကွယ်စောင့်ရှောက်သူက ဘယ်ရောက်နေတာလဲ။
အချိန် အတိုင်းအတာ တစ်ခုအထိ၊ သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်အဖွဲ့မှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအားလုံး အကြောင်သား ထိတ်လန့်သွားကြသည်။
အခန်း ၂၂၂- ချင်းကျိုးရှိ မငြိမ်မသက်မှု...
~ ကောင်းကင်ထဲတွင် ပျံဝဲလျက် လုရီသည်
မီတာတစ်ရာ ကျယ်သည့် တွင်းကြီးထဲမှ ထရန် ရုန်းကန်နေသော ကောင်းကင် နဂါး သူတော်စင်သားတော်ကို ငုံ့ကြည့်နေသည်။ အတန်ကြာ စဉ်းစားပြီးနောက်မှာတော့ သူ့ကို မသတ်ဖို့ ဆုံးဖြတ်လိုက်၏။
စင်စစ်တွင်၊ ဤလူ၏ ဆရာသခင်သည် အလွန်ကြောက်စရာ ကောင်းလိမ့်မည်မှာ ဧကန်မလွဲပင်။
ကောင်းကင် နဂါး သူတော်စင် သားတော်သည် အသက်ရှင်ကျန်ရစ်ပြီးနောက် လက်စားချေဖို့ ကြိုးပမ်းမည်ကို သူ မစိုးရိမ်ပါ။
ကနဦးက သူသည် ကောင်းကင် နဂါး သူတော်စင် သားတော်ကို သတ်ပစ်ရန် သူ့စိတ်ထဲတွင် အလုပ် သတ်မှတ်ထားခဲ့သည်။ ၎င်း ဆုလာဘ်က အစစ်အမှန် နဂါး သွေး အဆီအနှစ် ဆယ်စက် ထုတ်ပေးမည် ဖြစ်သည်။
ဤမျှ ပမာဏက နည်းလွန်း၏။ အကယ်၍ သူသည်သာ ထိုသူ့ကို အသက်ရှင်လျက် ဆုံတွေ့တိုင်း ရိုက်နှက်ပါက၊ အစစ်အမှန် နဂါး သွေး အဆီအနှစ် ဆယ်စက်ထက် ကျော်လွန်ရန် အချိန် ကြာမည် မဟုတ်ဟု လုရီ တွက်ဆမိသည်။
..ဒါက ရေရှည် အကျိုးအမြတ်သို့ ရည်သန်သော
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ အတွေးအမြင် ပါပဲ။..
သူ့စိတ်ထဲမှာ ထိုသို့ သုံးသပ်လိုက်ပြီးနောက် လုရီ အနည်းငယ် ပြုံးလိုက်ပြီး စကားဆိုလိုက်၏။
"မင်းရဲ့အင်အားက တော်တော်ကောင်းတာပဲ၊ မျိုးဆက်သစ်တွေကြားထဲမှာ ငါတွေ့ဖူးသမျှထဲက အသန်မာဆုံးပဲ။ ဒါပေမယ့် ငါ့ထက်စာရင် အားနည်းနေတုန်းပဲ။ ဒီတိုက်ပွဲ ပြီးတော့ မင်းကိုယ့်ကိုယ်ကို မနှိမ့်ချဘူးဆိုရင် ငါ မင်းကို ထပ်စိန်ခေါ်ဖို့ တိမ်ဖြူဂိုဏ်းမှာ စောင့်နေမယ်။"
လုရီ နှုတ်ဖျားမှ ထိုစကားလုံးများ ပွင့်အံထွက်လာသည်ကို ကြားတော့ ကောင်းကင် နဂါး သူတော်စင်သားတော်က ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချလိုက်ပြီး
နောက်တစ်ကြိမ် မြေပြင်ပေါ် ဝုန်းခဲ ပစ်ကျသွားခဲ့ပြန်၏။
ထိုအချိန်တွင် ဟင်းလင်းပြင်သည် အနည်းငယ်တွန့်လိမ်သွားကာ ဆံဖြူ အကြီးအကဲ တစ်ဦး ကောင်းကင် နဂါး သူတော်စင် သားတော် အရှေ့၌ ဖျတ်ခနဲ ပေါ်လာပြီး သူ့ကို ချီမြှောက်လိုက်သည်။
သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ် အဖွဲ့မှ ကျင့်ကြံသူများသည် ဤဆံဖြူ အကြီးအကဲကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် ဝမ်းသာသွားကြသည်။
ဤသည်မှာ တိမ်ဖြူဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြစ်ဖြတ် သုတ်သင်ရန် လုံလောက်သော
ထူးကဲသည့် ခွန်အားကို ပိုင်ဆိုင်ထားသည့် ကောင်းကင်နဂါး သူတော်စင် သားတော်၏
ကာကွယ် စောင့်ရှောက်သူ ဖြစ်ချေသည်။
တိမ်ဖြူဂိုဏ်းအား ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကြီးမြတ်သော ထိုကျင့်ကြံသူ၏ ဒေါသတကြီး ဖျက်ဆီးခံရသည့် မြင်ကွင်းအား သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်အားလုံးက ဝမ်းသာအားရ စောင့်မျှော်နေကြချိန်၌ ဆံပင်ဖြူရောင် ရှိသော အကြီးအကဲသည် စကားတစ်လုံးမှ မပြောဘဲ အပြင်းအထန် ဒဏ်ရာရနေသည့် ကောင်းကင်နဂါး သူတော်စင် သားတော်ကို ခေါ်ဆောင်ကာ လေထဲ၌ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
ယင်းဖြစ်ရပ်က ထိုနေရာတွင် ရပ်နေကြသော သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်အဖွဲ့များကို အကြောင်သား ဖြစ်သွားစေသည်။
ဆံပင်ဖြူ အကြီးအကဲ၏ အသွင်အပြင် ပျောက်ကွယ်သွားပြီးနောက် ဝူချင်းဖုန်း နှင့် အခြားသူများမှာ တစ်စုံတစ်ခုကို နားလည်သွားပြီး
နှလုံးသားထဲ၌ စိုးရိမ် ပူပန်ခြင်း မရှိတော့ပေ။
အကြီးအကဲ ထွက်ခွာသွားပြီးနောက်တွင်၊
ဝူချင်းဖုန်းနှင့် အခြားအကြီးအကဲအားလုံးသည် သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့များမှ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအနည်းငယ်ကို စူးစူးရဲရဲ အကဲခတ်လိုက်ကြသည်။
သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ခံစားရသဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့များမှ ကြောင်အမ်းနေကြသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ အနည်းငယ်သည် ၎င်းတို့၏ အသိစိတ်များ ပြန်လည် ကပ်ညှိလာကာ ပတ်ဝန်းကျင်ကို သတိကြီးကြီး ထားပြီး တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။
သူတို့အထဲမှ ' လူသတ်သွေးစက်' ဟု အမည်တွင် သော ခေါင်းဆောင်က ဩရှသော အသံဖြင့် မေးလာသည်။
"ဝူချင်းဖုန်း ၊ ဒီနေရာမှာ ငါတို့ကို သေခြင်း၊ ရှင်ခြင်း တိုက်ပွဲအတွက် တကယ်ပဲ ရည်ရွယ်ထားသလား ၊ အဲဒါဆိုရင် ချင်းကျိုးက ပိုလို့ ဖရိုဖရဲ ဖြစ်တော့မယ် ၊ ငါတို့ဂိုဏ်းက လက်ပိုက် ကြည့်မနေဘဲ ငါတို့အတွက် ကလဲ့စားချေဖို့ သေချာပေါက် လာရှာလိမ့်မယ် "
ထိုအခါ..
ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းက သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ချင်းကျိုးက ဖရိုဖရဲ ဖြစ်နေပြီလေ။ ပိုလို့တောင် ဖရိုဖရဲ ဖြစ်သွားလည်း ဘာကို မှုရမလဲကွ...မင်းဆို့ဂိုဏ်းက တိုက်ခိုက်ချင်ရင် ငါတို့ ကြောက်စရာလား.."
ဝူချင်းဖုန်း၊ ချီလင် နှင့် အခြား နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ အနည်းငယ်သည် သူတို့၏ ဝိညာဉ်စွမ်းအင်များအား လှည့်ပတ်ကာ ကြောက်မက်ဖွယ် ဖိနှိပ်မှု အင်အားကို ပျံ့နှံ့စေသောအခါ
သူတို့ ဝန်းကျင်ရှိ လေထုက လေးလံလာသည်။
ဝူချင်းဖုန်းတို့သည် လူသတ် သွေးစက်နှင့် သူ့အဖွဲ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
ထိုအတောအတွင်း အကြီးအကဲမင်သည် သူ့နေရာ၌ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ဓားစိတ်ဆန္ဒသည် ကောင်းကင်သို့ ပျံတက်သွားကာ လူသတ်သွေးစက်နှင့် သူ့အဖွဲ့၏
လွတ်မြောက်ရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
၎င်းကို မြင်တော့ လူသတ်သွေးစက်နှင့် သူ့အဖွဲ့ဟာ စိတ်ဓာတ် ပျက်ပြားသလို ခံစားလိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ဝူချင်းဖုန်း၊ မင်း ငါတို့နဲ့ ခါးသီးတဲ့အဆုံးထိ တိုက်ခိုက်ဖို့ တကယ်ပဲ ကြံနေတာလား။"
"သေချာစဉ်းစားစမ်း၊ ငါတို့က နတ်ဘုရား အသွင်ကူးပြောင်း ကျင့်ကြံသူ အနည်းငယ်သာ အသေအကြေ တိုက်ခိုက်ရင် ငါတို့နဲ့အတူ အပေါင်းအသင်းဟောင်း အချို့ကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး..."
"..."
ဝူချင်းဖုန်း သည် နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများကို စူးစူးစိုက်စိုက်ကြည့်ကာ
"ငါးတွေ သေလိမ့်မယ်၊ ဒါပေမယ့် ပိုက်ကွန်က ကွဲပျက် မသွားဘူး" ဟု ဂရုမစိုက်ဘဲ ပြောလိုက်တယ်။
စေ့စပ်ညှိနှိုင်းရန် လမ်းစကို မမြင်သော အခါဝယ် လူသတ်သွေးစက်နှင့် အခြားနတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများသည်
ဒေါသတကြီး မာန်သွင်းကာ သူတို့၏ ဝိညာဉ်စွမ်းအင်များအား ပြင်းထန်စွာ ပြိုင်တူ ထုတ်ဖော်လိုက်လိုက်ကြရာ တိုက်ပွဲ ဧရိယာတွင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲလာသည်။
တိမ်ဖြူဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများသည် ယင်းကို မြင်လျှင် အဆက်မပြတ် အနောက်သို့ အလျင်အမြန်...ဆုတ်ခွာသွားကြသည်။ အားလှိုင်းများ၏ သက်ရောက်ခြင်း
မခံရစေရန် ဂိုဏ်း အကာအကွယ် အခင်းအကျင်း
ပိုင်နက်၏ စည်းအတွင်းသို့ ဆုတ်ခွာသွားကြသည်။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၏ တိုက်ပွဲသည် ကောင်းကင် ပြိုကျပြီး မြေကြီးကွဲအက်သွားသလိုပင်။ အခြေတည် ဝိညာဉ် ကျင့်ကြံသူများပင်လျှင် မလွယ်ပေ။
သူ့ထက်သူ..အခြေတည် ဝိညာဉ် ကျင့်ကြံသူများကြားတွင်ပင် ပြိုင်ဘက်ကင်း ထူးချွန်သူများသာ နောက်ပိုင်းတွင် မိမိကိုယ်ကို ကာကွယ်နိုင် လိမ့်မည်။
ဥပမာ... လျိုနင်ရွှမ်းလို ဉာဏ်ကြီးရှင်မျိုးပင်ဖြစ်သည်။
လျိုနင်ရွှမ်း၏ လှပသော မျက်နှာသည်
အေးစက်နေပြီး အေးခဲ ဖန်ဓားကို လက်မှ ကိုင်ဆောင်ရင်း သူမသည် အရှေ့သို့တက်လာကာ
လုရီ အနားသို့ ရောက်လာလေသည်။
သူမက မေးလိုက်၏။
"ဂျူနီယာမောင်လေး... အဆင်ပြေရဲ့လား"
"ကျွန်တော် အဆင်ပြေပါတယ်"
ထိုအခိုက်ဝယ်..လုရီက လျိုနင်ရွှမ်းထံ အကြည့်များ ရောက်ရှိသွားစဉ် အံ့အားသင့်သလို ဖြစ်သွားသည်။
"စီနီယာ အစ်မ၊.. နည်းနည်း စိတ်ဆိုးနေပုံပဲ.. "
လျိုနင်ရွှမ်းသည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြင်းထန်သော အရှိန်အဝါတို့ ပေါက်ကွဲနေ
သည့် လူသတ်သွေးစက်နှင့် အခြားလူများဆီသို့ အာရုံစူးစိုက်နေကာ ပြောသည်။
"ဂိုဏ်းခေါင်းဆောင်ကို သွားကူညီကြစို့။"
လုရီသည် သူ့ဆရာနှင့် သုန်းကုန်းမင်ယွဲ့၏ ဦးတည်ရာဘက်သို့ မျက်လုံးများ ဝေ့ဝဲကြည့်လိုက်ရာ သူ့ဆရာသည် မည်သည့်အချိန်က နေရာမှ ထွက်ခွာသွားသည်ကို မသိရပေ။
သုန်းကုန်းမင်ယွဲ့ကတော့ ထိုနေရာ၌ ရှိနေဆဲ ဖြစ်သည်။ သူမလေးက အမှန်ပင် ဉာဏ်ကောင်းသည်။ ဂိုဏ်း အကာအကွယ် အခင်းအကျင်း၏ စည်းအတွင်းမှ ဆုတ်ခွာ၍ တိုက်ပွဲအား စောင့်ကြည့်နေလေ၏။
ထို့နောက် လုရီက လူသတ်သွေးစက်နှင့် တခြားသူတွေကို ကြည့်လိုက်ကာ အနည်းငယ် ပြုံးပြီး "ကောင်းပါပြီ" ဟု ပြောလိုက်တော့သည်။
နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား နောက်ဆုံးအကြိမ် သတ်ဖြတ်ခဲ့သည့် ဆုလာဘ်ကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုး ထပ်မံရရှိရန် မမျှော်လင့်ထားခဲ့။
လုရီက သူ့ကိုယ်သူ စိတ်ထဲမှ ရေရွတ်လိုက်သည်။
"ရန်သူ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအကုန်လုံးကို ငါ ချေမှုန်းပစ်မယ်"
တဆက်တည်း၌ ..သူ့စနစ်၏ မျက်နှာပြင်၌ တောက်ပသော ရွှေရောင် စာသားတို့
တဖျတ်ဖျတ်
လင်းလက်လာတော့သည်။
[အလုပ်]
ရန်သူ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူများကို ချေမှုန်းပါ။
ဆုလဘ်- မိုးကြိုး ဝိညာဉ် ပုလဲ တစ်လုံး၊
ရေ ဝိညာဉ် ပုလဲ တစ်လုံး၊
သစ်သား ဝိညာဥ် ပုလဲ တစ်လုံး၊
ရေခဲ ဝိညာဉ် ပုလဲ တစ်လုံး၊
လေ ဝိဥာဉ် ပုလဲ တစ်လုံး၊
အနှစ်တစ်သောင်း ဝိဉာဉ် ခြင်ဆီအစက် တစ်ရာ။
အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းပယ်မည်လား။
"......"
အလုပ်က ပေးသည့် ဆုလာဘ်တွေကိုမြင်တော့ လုရီဟာ အသိစိတ်များ ထွေပြားသွားသည်။
အားပါးပါး..ဒီလောက် ကြီးမြတ်တဲ့ ဆုလာဘ်တွေ....
ဝိညာဉ်ပုလဲ...
ဝိညာဉ်ပုလဲဆိုသည်မှာကား... အလွန် အဖိုးတန်ပြီး ရှားပါးသည့် တာအို စွမ်းရည် အပိုင်းအစများပါရှိသော သဘာဝက မွေးထုတ်ထားသည့် ကောင်းကင်နှင့် မြေကြီး ရတနာများ ဖြစ်ပေသည်။
။
ဝိညာဉ်ပုလဲများသည် သက်ဆိုင်ရာ တာအိုစွမ်းရည်များအပေါ် ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကာ ထိုမျှမကသေး.. အယူအဆများ နားလည်စေခြင်းနှင့် ပိုင်နက်များ ဖွဲ့စည်းခြင်းကိုပင် အထောက်အကူ ပေးနိုင်လေသည်။
၎င်းတို့သည် သာမန်လူတစ်ဦးအား ဉာဏ်ကြီးရှင်အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိပြီး ဉာဏ်ကြီးရှင် ကျင့်ကြံသူအား ကြောက်မက်ဖွယ်ကောင်းသော လူစွမ်းကောင်း အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
သို့သော်ငြား ပြဿနာမှာ လုရီသည် တာအို ဝိညာဉ်ပုလဲကို စုပ်ယူလိုက်သည် ဖြစ်သည့်အတွက် တာအို နှင့်သာ သဘာဝအတိုင်း လိုက်ဖက်ပြီး ထိုဝိညာဉ် ပုလဲများသည် သူ့အတွက် အထူး ထိရောက်မှု မရှိပေ။
အနှစ် တစ်သောင်းသက်တမ်းရှိ ဝိညာဉ် ခြင်ဆီ အစက် တစ်ရာကသာ သူ့အတွက် တကယ်အသုံးဝင်ပါသည်။ သူ့ ခွန်အားတွေ တိုးလာသောကြောင့် ဆုလာဘ် တော်တော်များများဟာ သူ့အတွက် အသုံးမဝင်တော့ပါချေ။
အမှန်တော့ ယခင်ကလည်း ယခုလိုပါပဲ။
စစ်ဆေးရေး မျှော်စင်မှ ပြီးပြည့်စုံခြင်းဆေးလုံးများ၊ မှော်လက်နက် စသည်တို့ကို ရရှိခဲ့ပြီး အများစုက သူ အသုံးမပြုနိုင်သည့် အရာများပင် ဖြစ်နေ၏။ အဘိုးကြီးလု ၊ သူ့အမေနှင့် သူ၏
စီနီယာအစ်ကို ကျန့်ဖန်တို့အား ပေးရုံမှလွဲ၍ ကျန်အကြွင်းအကျန်များအား ဖုန်တက်စေဖို့သာ စုဆောင်းထားခဲ့ရသည်။
သို့သော် ၎င်းတို့က ပြီးပြည့်စုံခြင်း အဆင့်ဆေးလုံး၊ အဆင့်မြင့် အဆင့် မှော်လက်နက်နှင့် ထိပ်တန်း အဆင့် မှော်လက်နက်များသာပင်။
ထူထူးခြားခြား တန်ဖိုးကြီးသော အရာတွေ မဟုတ်ပါချေ။