← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း ၂၂၃- ချင်းကျိုးရှိ မငြိမ်မသက်မှု...

~ ယခုဆိုလျှင် ဤမျှလောက် အဖိုးတန်အရာဝတ္ထု ဖြစ်သည့် ဝိညာဉ်ပုလဲကပင် အသုံးမဝင်တော့ပေ။

လုရီ တစ်ယောက် ယခုအချိန်တွင် ငိုရမည်လား ရယ်ရမည်လား မသိတော့ပါ။

မဟုတ်သေး။ ယခုအချိန်သည် အလွန်အမင်း စဉ်းစားရမည့်အချိန် မဟုတ်ပေ။

လုရီသည် အတွေးစများကို လက်စသတ်လိုက်ပြီး အလုပ်ကို လက်ခံပြီးနောက် လျိုနင်ရွှမ်းနှင့်အတူ ရပ်ကာ ဝူချင်းဖုန်းနှင့် အခြားသူများထံ ချဉ်းကပ်ခဲ့သည်။

လုရီနှင့် လျိုနင်ရွှမ်း ရှေ့သို့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဝူချင်းဖုန်းနှင့် သူ့အပေါင်းအဖော်များ၏ မျက်နှာများသည် အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး

လျှိ့ဝှက်အသံ ထုတ်လွှင့်မှုကို ခပ်မြန်မြန် ပေးပို့လိုက်လေသည်။

"တူလေးလု၊ ကောင်မလေးလျို ...ငါတို့ မင်းရဲ့အကူအညီ မလိုသေးဘူး၊ ငါတို့ အဲ့လောက် အသက် မကြီးသေးဘူး"

"ကလေးလု၊ မိန်းကလေးနင်ရွှမ်း၊ ပြန်ဆုတ်..

မင်းတို့နှစ်ယောက် အနောက်ကနေ စောင့်ကြည့်ကြ"

"..."

အများစုသည် လုရီနှင့် လျိုနင်ရွှမ်းကို နားချရန် ကြိုးစားခဲ့ကြသည်။

လျိုနင်ရွှမ်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြန်လည်၍ လျှို့ဝှက်အသံ ပေးပို့လိုက်သည်။

"ဟင့်အင်း..ကျွန်မ သူတို့ကို တိုက်ခိုက်ချင်ပါတယ်၊ ကျွန်မကိုယ်ကျွန်မ တိုးတက်အောင် လုပ်ဖို့ ဖိအားတွေ လိုတယ်။"

လုရီ၏ တိုက်ခိုက်ရေး စွမ်းအားသည် သူမကိုပင် ကျော်လွန်သွားခဲ့ပြီး လျိုနင်ရွှမ်းသည် ယခုအခိုက်အတန့်တွင် အရေးတကြီး ခံစားလာရသည်။

လုရီက ပြုံးပြီး "စီနီယာအကြီးအကဲတို့၊ ဂိုဏ်းခေါင်းဆောင်တို့၊ စိတ်ချပါ၊ ကျွန်တော်တို့ အရင်က နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေကို ပူးပေါင်းပြီး သတ်ဖြတ်ဖူးတယ်" ဟုပြောလိုက်သည်။

ထိုအခါ အကြီးအကဲမင်က သူ၏ လျှို့ဝှက် အသံကို ထုတ်လွှင့်လိုက်သည်။

"ဒီနှစ်ယောက်ကို ပါဝင်ပါစေ၊ ကျုပ် ဒီမှာ ရှိနေတယ်"

အကြီးအကဲမင်က ထိုသို့ ပြောလာသည်ကို မြင်တော့ ဝူချင်းဖုန်းနှင့် အခြားသူတွေက ကန့်ကွက် စကား မဆိုတော့ချေ။

လူသတ်သွေးစက်နှင့် ကျန်လူများသည် လုရီ နှင့် လျိုနင်ရွှမ်းတို့.. ရုန်းရင်းဆန်ခတ် ဝင်ရောက်လာသည်ကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများတွင် လူသတ်လိုစိတ် ဖိတ်ဖိတ်တောက်လာခဲ့သည်။

စိတ်အနှောက်အယှက် ကင်းစွာဖြင့် လုရီက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအုပ်စုကို တည်ကြည်စွာ ရင်ဆိုင်ကာ သူ့ပတ်ပတ်လည်တွင် ဓားစိတ်ဆန္ဒ အမျှင်များ ဝေ့ဝဲလာသည်။

တိုက်ခတ်နေသော လေတွင် သူ၏ အနက်ရောင် ဆံပင်ရှည်များက တဖျတ်ဖျတ် လွင့်ပျံလျက်

ဆံမျှင်တစ်ချောင်းစီသည် သလင်းကျောက်လိုတောက်ပနေပြီး၊ ရွှေရောင်ဖျော့ဖျော့ အင်မော်တယ် ဓားပုံစံဖြင့် လွှမ်းခြုံထားသော လုရီ၏ ကိုယ်သည် အထက်ဘုံမှ ဆင်းသက်လာသည့်

နတ်ဘုရင် တစ်ပါးအသွင် ထူးခြားအံ့ဩလောက်စရာ တည်ရှိမှုမျိုး ဖြာထွက်နေသည်။

သူ့ဘေးမှ လျိုနင်ရွှမ်း၏ မျက်နှာမှာလည်း စိတ်ခံစားချက် ကင်းမဲ့နေသည်။ သူမ၏ နက်မှောင် ဖြောင့်စင်းနေသော ပိတုန်းရောင် ဆံနွယ်များသည် နှင်းထုမှ ထုလုပ်ထားသကဲ့သို့ တောက်ပသော နှင်းဖြူ ဆံနွယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမ၏ မျက်နှာသည် ပါးလွှာသော‌ ရေခဲပြင်တစ်ခုကပ်ထားသည့်ပမာ အေးစက်နေသည်။

သူမ၏ ရင်သပ်ရှုမောဖွယ် ရုပ်ရည်နှင့် မြင့်မားသွယ်လျသော အရပ်..၊ ကျောက်စိမ်းကဲ့သို့ ကြည်လင် ချောမွေ့သော သူမ၏ အသားအရေသည် နှင်းလွှာဖြင့် ဆမ်းသော ပန်းများလို.. လပြည့်ညမှာ ပျော်မြူးသော လမင်း၏ ဆွတ်ပျံ့သည့် အလင်းရောင်လို..နူးညံ့၍ တောက်ပစွာ ဖြာထွက်နေပါသည်။

"ကောင်းပြီလေ...အရမ်းပဲ သေချင်နေတော့

မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."

ထိုသို့ သွေးဝိဉာဉ်ဂိုဏ်း၏ မဟာမိတ်အဖွဲ့အား ဦးဆောင်လာသူ လူသတ် သွေးစက်သည် လေသံခပ်နိမ့်နိမ့် အော်ဟစ်ကာ ဝိညာဉ် စွမ်းအင်များ သူ့ပတ်ဝန်းကျင်တွင် လည်ပတ်စေပြီး..သူ့ ခွန်အားအား ချန်လှပ်ထားခြင်း မရှိဘဲ နတ်ဘုရား အသွင်ပြောင်းနယ်ပယ်၏ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ် ဖိအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

သဘာဝဘေးဒဏ်ကို လက်ယပ်ခေါ်နေသကဲ့သို့ အထက် ကောင်းကင်က မှောင်အတိကျလာပြီး ချောက်ခြားဖွယ် နိမိတ် မကောင်းသောအငွေ့အသက်တို့ လွှမ်းခြုံလာသည်။

လူသတ်သွေးစက်သည် သူ၏လှုပ်ရှားမှုကို စတင် ပြုလုပ်သောအခါ အခြားသူများသည်လည်း အစွမ်းထက်ဆုံး စွမ်းအားများကို ကိုယ်စီ..ထုတ်လွှတ်ခဲ့ကြသည်။

ဝူချင်းဖုန်းသည် ခပ်တိုးတိုး မာန်သွင်းကာ သူ့လက်ကို လေထုတွင်း ဖြည်းညှင်းစွာ လည်ပတ်လိုက်သောအခါ တိမ်ဖြူများ ရစ်ခွေပြီး လွင့်မျောလာသည့်အသွင် အဖြူရောင်မြူထု

အခင်းအကျင်း တစ်ခုက..လူသတ်သွေးစက်ဆီသို့ လျှို့ဝှက် ဆန်းကြယ်သော ပုံစံဖြင့် ရွေ့လျားသွားလေသည်။

ချီလင်နှင့် အခြားသူများသည် သူတို့၏ ပြိုင်ဘက်များကို အလားတူ တိုက်ကွက် ထုတ်ဖော်ခဲ့ကြသည်။

အကြီးအကဲမင်၏ ဓားစိတ်ဆန္ဒမှာ ကြီးစိုး လွှမ်းမိုးသည်။ သူသည် တိုက်ပွဲတွင် ပါဝင်ခြင်း

မပြုဘဲ လူတိုင်းကို ဖိနှိပ်ထားကာ မတော်တဆမှု မှန်သမျှကို တားဆီးနေသည်။

ဆံပင်ဖြူ၊ အရပ်မြင့်မြင့်နှင့် တောင်တန်း တစ်ခုကဲ့သို့ ခိုင်မာသော အရှိန်အဝါရှိသည့် လူကြီးသည် လုရီနှင့် လျိုနင်ရွှမ်းထံသို့ ငြိမ်သက်သော အမူအရာဖြင့် ချဉ်းကပ်လာသည်။

ထိုလူကြီးက အလျင်မလိုဘဲ ထုတ် ပြောသည်။

"မင်းတို့ နှစ်ယောက်လုံးက ဉာဏ်ကြီးရှင်တွေပဲ၊ ငါတို့ လမ်းကြောင်းတွေ မတူတာ .. နှမြောစရာပဲ"

လုရီ၏ အမူအရာမှာလည်း ထပ်တူထပ်မျှ..တည်ငြိမ် အေးဆေးနေသည်။

"သေခြင်း ရှင်ခြင်း တိုက်ပွဲ နီးလာပြီလေ..

စီနီယာ၊ ဒီလိုကိစ္စတွေကို မပြောပါနဲ့။"

ထိုအခါ အကြီးအကဲက လေသံကို နှိမ့်၍ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် ငါတို့ မျက်စိရှေ့မှာ အမှန်တရားကို ကြည့်ကြရအောင်"

" အဝါရောင် တောင်တန်း

စည်းတံဆိပ်..အသက်ဝင်စေ"

ထိုလူကြီးသည် သူ့လက်များအား ယိမ်းနွဲ့၍ လေထဲတွင် မန္တန်တစ်ခုကို ဖန်တီးခဲ့စဉ် တည်ငြိမ်နေနသော လှုပ်ရှားမှုများက လူသတ်စိတ်ဆန္ဒကို ဖုံးကွယ်ထားသည်။ တစ်ဆက်တည်းတွင် ဝိညာဉ်စွမ်းအင်များသည် လေထုအတွင်း ကြီးမားသော ဒီရေ လှိုင်းလုံးများကဲ့သို့ တိုးမြင့်လာပြီး မီတာတစ်ရာ မြင့်သော ကြေးဝါရောင် တောင်တန်းကြီးအဖြစ် ဖွဲ့တည်သည်။

ထိုလူကြီးက သူ၏လက်အား ဝှေ့ရမ်းလိုက်သောအခါ လုရီနှင့် လျိုနင်ရွှမ်းတို့ကို ပြတ်ပြတ်သားသား ချေမှုန်းပစ်ရန် ရည်မှန်းချက်ဖြင့် ဧရာမတောင်ကြီးသည် လေထုကို ဖောက်ခွဲ၍ ဥက္ကာပျံကဲ့သို့ သူတို့ဆီသို့ ပျံသန်း လာနေတော့သည်။

တောင်၏ လမ်းကြောင်းအတိုင်း လိုက်လာသော ကြောက်မက်ဖွယ် ပေါက်ကွဲသံသည် ကြီးမားလှသော စွမ်းအားဖြင့် လှုပ်ယမ်းလိုက်သလိုပင်

၎င်းတို့၏ ပတ်ဝန်းကျင်ကို လိမ်တွန့်စေကာ ၎င်း၏ ဖိအားသည် အလွန်ကြောက်စရာကောင်း၏။

ဤကြောက်စရာ ကောင်းသော စွမ်းအားကြောင့် အနောက်မှ ကြည့်နေသည့် ကျင့်ကြံသူများသည် အသည်းထိတ်စွာ အော်ဟစ်ရင်း ရင်တုန်ပန်းတုန် ရှိနေကြသည်။

၎င်း နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ကျင့်ကြံသူ၏ ထိုးနှက်ချက်သည် ယခင်က ကောင်းကင် နဂါး သူတော်စင် သားတော်ထက် များစွာ အားကောင်းနေသည်။

စင်စစ်တွင် ကောင်းကင်နဂါး သူတော်စင်

သားတော်သည် မည်မျှပင် ထူးထူးခြားခြား ဖြစ်နေပါစေ..ရွှေအူတိုင် နယ်ပယ်တွင်သာ ရှိနေလေရာ နတ်ဘုရား အသွင်ပြောင်း နယ်ပယ်နှင့် ကွာဟချက်မှာမူ...နှိုင်းယှဉ်ရန် အလွန် ကြီးမားပေစွ။

ထိုအခိုက်အတန့်တွင် သုန်းကုန်းမင်ယွဲ့သည်

လုရီနှင့် လျိုနင်ရွှမ်းအတွက် အတော်လေး စိတ်ပူနေကာ လက်သီးကို အတင်းအကြပ် ဆုပ်ကိုင်ရင်း သူမ၏မျက်လုံးကလေးများ ပြူးကျယ်သွားရှာသည်။

အခြားနေရာများတွင် ကျန့်ဖန်၊ပိုင်ယွီလုံနှင့်

ထျဲ့မန်တို့သည်မူ ကြီးမားသော တောင်ဝါကြီးကို စူးစိုက် ကြည့်ကာ ၎င်း၏ ဖိအားကြောင့် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။

သုံးယောက်စလုံးက စိုးရိမ်ပူလောင်နေသောမျက်နှာထားများ ရှိနေကြသည်။

"ဂျူနီယာ ညီလုက ဒီလောက်တောင် ကြီးတဲ့ တောင်ကြီးကို ရင်ဆိုင်ရမှာလား။"

ပိုင်ယွီလုံ ပြောဆိုနေရင်းပင် သူ၏ ပါးစပ်များ ခြောက်ကပ်နေသလို ခံစားလိုက်ရသည်။

"ညီငယ်လုက ငါတို့နဲ့ အဝေးကြီးပဲ၊ ဒီလို အင်အားကြီးတဲ့ရန်သူနဲ့ ရင်ဆိုင်ရတာတောင် ညှိုးငယ်တဲ့ အမူအရာ မပြဘူး နော်"ဟု သူ့ဘေးနားတွင် ရပ်နေသည့် ကျန့်ဖန်သည်လည်း အမူအရာကင်းမဲ့ပြီး ကန် ရေပြင်အလားပင် ငြိမ်သက်နေသော

လုရီကို ငေးကြည့်ကာ မထိန်းချုပ်နိုင်ဘဲ မှတ်ချက်ချခဲ့၏။

ထျဲ့မန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး

ပြောလိုက်သည်။

"ညီလေးလုကို ကြည့်ရတာ ကြောက်မနေတဲ့အတွက် သူ အဆင်ပြေနေမှာပါ..."

သူတို့ ထိုသို့ စကားပြောဆိုနေကြစဉ်တွင် လုရီက ‌ဓားအိမ်မှ လွှတ်ထုတ်လိုက်သော ပြောင်မြောက်လှသည့် ဓား တစ်စင်းလိုပင်

ရှေ့သို့ ခြေတစ်လှမ်း တိုးကာ သူ၏ဓားစိတ်ဆန္ဒမှာ ကောင်းကင်သို့ လွှမ်းသွားသည်။

သူ့ခန္ဓာကိုယ်က ရွှေရောင် ဓားအလင်းနှင့် တောက်ပနေ၏။

သူ့ပတ်ဝန်းကျင် မီတာရာနှင့် ချီသော အကွာအဝေး အတွင်းတွင်၊ သူသည် ကမ္ဘာငယ်လေးတစ်ခု၏ အရှင်သခင် ဖြစ်နေသကဲ့သို့ အလယ်ဗဟိုတွင် လုရီသည် အုပ်စိုးပြီး အရာအားလုံးက အရေးမပါသလို ပျောက်ကွယ်သွားပုံ ရသည်။

ပြိုးပြိုးပြက်ပြက် လင်းနေသော အင်မော်တယ် ဓားပုံစံ ပြန်လည်၍ ထွက်ပေါ်လာသည်။ ယခု တစ်ကြိမ်တွင် အဆိုပါပုံစံများသည် မယိမ်းယိုင်သော ရွှေရောင်အရှိန်အဝါနှင့် ပေါင်းစပ်၍ မီတာ

ရာနှင့်ချီ..ရှည်လျားသော ရွှေရောင်ဓားတစ်လက်အဖြစ် အသက်ဝင်လာသည်။

လုရီ၏ ဤဓားသည် စောစောက ကောင်းကင်နဂါးလက်သည်းကို ဖြတ်တောက်ဖူးသည့် ဓားလောက် မကြီးမားသော်လည််း ၎င်းမှ

ပြင်းထန်စွာ ထွက်ပေါ်လာသော စွမ်းအားမှာ ပို၍ပင် အံ့ဩစရာ ဖြစ်၍ လည်ချောင်းသို့ နှလုံးသားများ ခုန်တက်လာရလောက်အောင်ပင်

ထက်ရှလှပြီး ဓားသွားက လူအများ၏ အရေပြားကို ဖိနှိပ်ထားသလ်ုပင်။

"အင်မော်တယ်ဓား..ခုတ်ပိုင်းမယ်.."

ထိုသို့ လုရီက စူးရှစွာ အော်ဟစ်လိုက်သည်နှင့်တပြိုင်နက် ရွှေရောင်ဓားရှည်ကြီးက တောင်ဝါတောင်အား ပြင်းပြင်းထန်ထန် ထိုးဖောက်လိုက်သည်။

၎င်းထိတိုက်မှု နှစ်ခုမှ ထွက်ပေါ်လာသော အသံသည် ကောင်းကင်မိုးခြိမ်းသံကဲ့သို့ မြည်ဟိန်းလာခဲ့ပြီး ထိတိုက်မိ သော ဗဟို အချက်အချာ ကျရာ နေရာလပ်အား ဆိုးရွားစွာ ပုံပျက်သွားစေသည်။

အချို့အရာများသည် တောက်ပသော အလင်းတန်းများအဖြစ် အဆုံးမရှိ ရှည်လျားနေသည့်အသွင်၊ အချို့အရာများကတော့ မှောင်မိုက်သော အားလှိုင်းစီးကြောင်းများအဖြစ်သို့ ဖိသိပ်ထားပုံ ရသည်။

နောက်ဆက်တွဲ အားလှိုင်းများသည် လေပွေအဖြစ်သို့ ပြောင်းလဲကာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြီးနောက် နောက်ဆုံးမှာ ဂိုဏ်း အကာအကွယ် အခင်းအကျင်းအတွင်းသို့ ပျက်ကျကာ နားအူလှသော ဆူညံသံများ ထွက်ပေါ်လာသည်။

ရွှေဓားအလင်းသည် အလျှော့မပေး၊ ဇွဲမလျှော့ဘဲ ယှဉ်နိုင်သော ခံနိုင်ရည်ကို သယ်ဆောင်လာကာ တောင်ဝါတောင်သည် ကြီးမားသော မြေကြီးကဲ့သို့ လေးနက်စွာ လေးလံပြီး ထပ်တူထပ်မျှ အလျှော့မပေးပေ။

ပြင်းထန်သော ထိတိုက်မှု ဆက်လက် ဖြစ်ပွားပြီး နေရာလပ်များ တုန်လှုပ်သွားခဲ့သည်။

အခန်း ၂၂၄- ချင်းကျိုးရှိ မငြိမ်မသက်မှု...

~ သို့သော်လည်း မကြာမီတွင် အဝါရောင်တောင်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာကာ ရွှေဓားအလင်းတန်းကို အောက်ဘက်သို့ ဖိနှိပ်လိုက်သည်။

"ညီလေးလု ပြိုင်ပွဲမှာ ရှုံးသွားပြီ!"

"ညီလေးလုရဲ့ ကျင့်စဉ်က နိမ့်လွန်းတယ်၊ တကယ်တော့၊ သူက ရွှေအူတိုင် လေးပဲ ရှိသေးတာ၊ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနဲ့ နှိုင်းယှဉ်ရင် ကွာခြားချက်က ကြီးမားလွန်းနေတော့...ဟူး...၊ ငါ့အမြင်အရ ဒီအဘိုးကြီးဟာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ပထမအလွှာပဲ မဟုတ်လောက်ဘူး!"

"အရှက်မရှိတဲ့ အဘိုးကြီး...သူ့အသက်အရွယ်ကြောင့် တခြားသူတွေကို အနိုင်ကျင့်ဖို့ သူ့အစွမ်းတွေ သုံးရသလား"

ကျင့်ကြံသူများ၏ မျက်နှာများသည်

ထပ်ကာ..ထပ်ကာ အုံ့မှိုင်း ညိုမည်းသွား၏။

ထိုအခိုက်အတန့်၌ပင် ကောင်းကင်၌ နှင်းပွင့်များ တဖွဲဖွဲ ကြွေကျလာသည်။

အဝေးကြီးမှပင် တိမ်ဖြူဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများစွာတို့သည် အဆုံးမရှိသော အေးမြမှုကို ခံစားနိုင်၏။

ဘေးတစ်ဖက်တစ်ချက်စီတွင် ဆယ်မီတာရှည်လျားသော အရိုးထဲအထိ ခိုက်ခိုက်တုန်စေသည့် အဆုံးမရှိသည့် ရေခဲဓာတ်ဖြင့် နူးညံ့သိမ်မွေ့သည့် ရေခဲနတ်ဘုရား စည်းတံဆိပ်သည် တောင်ဝါဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ၏ ဦးခေါင်းထက်ဝယ်.. ထွက်ပေါ်လာပြီး သူ့အား ဖိနှိပ်လိုက်သည်။

တစ်ချိန်ချိန်တွင် လျိုနင်ရွှမ်းသည် အပေါ်စီးမှ လေထဲသို့ ရောက်ရှိလာပြီး သူမ၏ ဆံပင်ဖြူများ က နှင်းများကဲ့သို့ တဖျတ်ဖျတ် လှုပ်ခတ်နေပြီး အထူး လှပသော သူမ၏ မျက်နှာကလေးသည် အေးမြ ကြည်လင်နေလေ၏။

ကျဆင်းနေသည့် နှင်းပွင့်များ အကြား.. သူမဟာ ဂွမ်ဟန် နတ်သမီးလေးလိုပင်။

ယခုအခါ သူမ၏ လက်များက ရေခဲနတ်ဘုရားစည်းတံဆိပ်အား ရေးဆွဲကာ တောင်ဝါဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူဆီ တိုက်ရိုက် ဖိနှိပ်လိုက်လေသ၏ည်။

တောင်ဝါဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူသည် မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားကာ အဝါရောင်တောင်တန်းတံဆိပ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဘေးဘက်သို့ ကပျာကယာ ရှောင်တိမ်းလိုက်ရ၏။

ဒုတ်!!

၎င်းအခြေအနေအား အခွင့်အရေး အရယူကာ ရွှေဓားအလင်းသည် ရုတ်တရက် အထိန်းအကွပ်မဲ့ စွာဖြင့် အဝါရောင်တောင် စည်းတံဆိပ်ကို

ခွဲခြေလိုက်သည်။ တဆက်တည်း၌...ပြင်းထန်သော အရှိန်အဟုန်ကို သယ်ဆောင်ကာ တောင်ဝါဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ၏ အစစ်အမှန် ခန္ဓာကိုယ်ဆီသို့ ရွှေဓားအလင်းက ထိုးဖောက်ရန် ပျံသန်းသည်။

"မင်းတို့ နှစ်ယောက်၊ သိပ်ပြီး မမောက်မာနဲ့..."

တောင်ဝါ ဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ ထိုလူကြီးသည် သူ့ခံတွင်းမှ လေးထောင့်ကြေးဝါဒိုင်းကို အန်ထုတ်လိုက်ကာ ကြိမ်းမောင်းလိုက်လေ၏။

ဒိုင်းသည် လေနှင့် ထိတိုက်၍ ကြီးထွားလာရင်း

ရွှေဓားချီကို ပိတ်ဆို့လိုက်သော်လည်း၊ ထို့နောက်တွင် သူ့ကိုယ်၌ နောက်ထပ် ရေခဲနတ်ဘုရားတံဆိပ် သက်ဆင်းလာသောအခါမူ တောင်ဝါဂိုဏ်း၏ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူသည် နောက်တစ်ကြိမ် ဆုတ်ခွာသွားရပြန်သည်။

လုရီ နှင့် လျိုနင်ရွှမ်းတို့သည် အေးဆေးတည်ငြိမ်သော အမူအရာများ ရှိပြီး စည်းချက်ကျကျ ယှဉ်တွဲသ၏။

တစ်ယောက်က တိုက်ခိုက်သည်။

တစ်ယောက်က ခုခံသည်။

သူတို့ နှစ်‌ယောက်၏ တိုက်ခိုက်မှု အစီအစဉ်သည် တောင်ဝါဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား အကြိမ်ကြိမ် တွန်းအားပေးနိုင်ခဲ့၏။

ဤသည်မှာ တိမ်ဖြူဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကို အလွန် အံ့အားသင့်စေခဲ့သည်။

တိမ်ဖြူဂိုဏ်း၏ တပည့်နှစ်ယောက်၊...

တစ်ယောက်က အခြေတည် ဝိညာဉ်နှင့် အခြားတစ်ဦးမှာ ရွှေအူတိုင်မျှသာ ဖြစ်ပြီး နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား ဤမျှ ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပုံက..,

ပြန်ပြောင်း၍ ပြောပြလျှင်ပင်.. မယုံနိုင်လောက်အောင်ပင် ဆန်းကြယ်သည် မဟုတ်ပါလော။။

ဘုန်း!!

နောက်ထပ် ထိတိုက်မိပြီးနောက် ရွှေဓား ချီ သည် အဝါရောင် တောင်တံဆိပ်ကို ထပ်မံ ဖြိုခွင်းခဲ့သည်။

လုရီ၏ မျက်လုံးများအတွင်း ဓားအလင်းတန်းများ ယှက်သမ်းလာပြီး သူ့ခန္ဓာကိုယ်သည် မူလနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။

လျှို့ဝှက် ခြေလှမ်းသိုင်းကို သုံးလိုက်ခြင်းပင်။

သူသည် တောင်ဝါဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ ဘေးဘက်တွင် ပြန်လည် ပေါ်ထွက်လာပြီး သူ့လက်ထဲတွင်တော့ နက်နဲ နေမင်းဓား ပေါ်ထွက်လာ၏။

လုရီသည် ဓားရှည် လက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

သူ၏ ဓားစိတ်ဆန္ဒသည် အရှိန်အဟုန် ပြင်းထန်လာ၏။ ထိုအချိန်တွင် နက်နဲနေမင်းဓားသည် ရွှေရောင် နေမင်းကဲ့သို့ တောက်ပလာ၏။

ဓားမှ အဆုံးမရှိသော ဓားအလင်းများ ထွက်လာသည်နှင့်အမျှ ဓားတာအိုပိုင်နက်သည် တသိမ့်သိမ့် လှုပ်ယမ်းသွားသည်။

ဓားပိုင်နက်ကို ဖွဲ့တည်ပြီးနောက် လုရီသည် ဓားတာအို စွမ်းရည်အား ယခုအခါ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။

ဤသည်မှာ သူကိုယ်တိုင် ဖန်တီးခဲ့သော ဓား

တာအို စွမ်းရည် .. ဒုက္ခဓားပုံစံပင် ဖြစ်ပါသည်။

ထန်..,

နေမင်းကြီးကဲ့သို့ ဓားအလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ ပေါက်ထွက်ကာ ပြင်းထန်သော ဓားစိတ်ဆန္ဒဖြင့် မြေပြင်ကို ဆုတ်ဖြဲလိုက်ပြီး တောင်ဝါ ဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ မျက်နှာသည် သိသိသာသာ အကျည်းတန်သွား၏။

သူသည် လေထဲ၌ လက်ဟန် သက်ေတများ အသည်းအသန် ထုတ်ဖော်ကာ အဝါရောင်တောင် စည်းတံဆိပ် သုံးခုကို ဖန်တီးပြီး မီတာသုံးရာ အမြင့်ရှိ တောင်တန်းဝါကြီးများကို ဓားအလင်းဆီသို့ တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ အလျင်အမြန် ကာကွယ်လိုက်၏။

နေမင်းကြီး ပေါက်ကွဲသွားသကဲ့သို့

သည်းသည်းထန်ထန် ပေါက်ကွဲသံများ မရပ်မနား မည်ဟိန်းနေတော့၏။

လုရီ၏ ဒုက္ခဓားပုံစံသည် ပြင်းထန်လွန်းသည်၊၊ ဓားပိုင်နက်၏ စွမ်းအားဖြင့် ပေါင်းစပ်ထားသော ဓားပညာ တစ်ခု ဖြစ်သည်။ တောင်ဝါဂိုဏ်း၏ ကျင့်ကြံသူသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ ဖြစ်ခဲ့သော်လည်း၊ ခုခံရန် သူ၏ အစွမ်းအစများအား ကုန်စင်အောင်

သုံးစွဲရလေ၏။

ထိုအချက်က သူ့နောက်ကနေ တစ်ဖန် ကျလာသော ရေခဲနတ်ဘုရား စည်းတံဆိပ်ကို ခုခံဖို့ ခွန်အား မရှိစေပေ။

ရေခဲနတ်ဘုရား စည်းတံဆိပ်သည် တောင်ဝါဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာကာ သူ၏ အရှိန်အဝါက ဆုတ်ယုတ်သွားပြီး လတ်ဆတ်သော သွေးစီးများ ပန်းထွက်လာသည်က ရေပန်းအသွင်ပင်။

...

ထိုအချိန်တွင် လုရီသည် ထိုသူ့အား ထပ်မံ တိုက်ခိုက်ပြန်သည်။ တောင်ဝါဂိုဏ်း၏

နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ၏ ကိုယ်မှာ ရွှေဓားအလင်းတန်းများ ချက်ချင်း လွှမ်းခြုံသွားတော့သည်။

ဓားပိုင်နက် အတွင်းမှာ လုရီ၏ ဓားစိတ်ဆန္ဒသည် အလွန် အစွမ်းထက်သည်မှာ သေချာပါသည်။

သဘာဝ အတိုင်းပင် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့တောင် မစွမ်းဆောင်နိုင်သော နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူခမျာ တောင့်မခံနိုင်တော့ချေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုသူသည် ဓားအလင်းဖြင့် ခုတ်ပိုင်းခံရပြီး သွေးမြူတန်းကြီး အသွင် ဘဝ ပြောင်းသွားကာ နောက်ကွယ်တွင်

သူ၏ အခြေတည် ဝိညာဉ်ပင် အစအန..

မကျန်ဘဲ ကြွေလွင့်သွားရ၏။

လုရီတို့ နှစ်ဦးသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား သတ်ရန် အားထုတ်မှု များများစားစားပင် မသုံးစွဲခဲ့ရသည့် မြင်ကွင်းက တိမ်ဖြူဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကို

မှင်သက်၍ ထုံထိုင်းသော အနေအထားတွင် ကျန်ရစ်ခဲ့စေသည်။

"ဒီနှစ်ယောက်က ကောင်းကင်ဘုံကို အံတုနေတာပဲ"

"ဟုတ်ပါရဲ့၊ ဒီ ဆရာတူ မောင်နှမ နှစ်ယောက်က နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူ တစ်ယောက်ကို သူတို့ ဓားရှည် တွေအောက်မှာ လွယ်လွယ်နဲ့ သတ်ပစ်လိုက်နိုင်တယ်..တကယ့်ကို အံ့ဩစရာပါပဲ။ ဒီနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူကို ကျုပ် သိတယ်ဗျ၊ သူက တောင်ဝါဂိုဏ်းက ဟောင်ပိုင်ပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက သူက ချင်းကျိုး ကို ကြီးစိုးခဲ့တာ ပေါ့.. ဒီသရဲအိုကြီး.., သူ့ရဲ့ နှောင်းပိုင်း သက်တမ်းမှာ ဂျူနီယာလေး နှစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးရမယ်လို့..ကျုပ်..မထင်ထားမိဘူး..တကယ့်ကို

မထင်မှတ်စရာပဲ..."

" အမှန်ပဲ..အချိန်နဲ့ ဒီရေက ဘယ်သူ့ကိုမှ မစောင့်ပါလား။ အခုက လူငယ်တွေရဲ့ ခေတ်ပါပဲ..."

သက်ကြီးပိုင်း မျိုးဆက်များစွာသည် အချိန်ကာလ၏ မဆုတ်မနစ်ခြင်းအတွက် ဆွေးမြည့်စွာ သက်ပြင်းချကြ၏။

တုန်းကုန်းမင်ယွဲ့ သည် စကားစမြည်အတိုအထွာများကို သုံးသပ်မိပြီး ဘေးချင်း ယှဉ်၍ နေသော လုရီ နှင့် လျိုနင်ရွှမ်းကို ဝေ့ဝဲကြည့်ရင်း သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ နှလုံးသားထဲတွင် ချဉ်စူးသောအ ရသာကို ခံစားရသည်။

“စီနီယာ အစ်ကိုနဲ့ အစ်မက အရမ်းကြောက်ဖို့ကောင်းတာပဲ… ငါကကျတော့ တိုက်ပွဲမှာ မပါဝင်နိုင်ဘူး” ဟု သူမကိုယ်သူမ ရေရွတ်လိုက်သည်။

ခဏလောက်တော့ တုန်းကုန်းမင်ယွဲ့ သည် စိတ်ပျက် အားငယ်သွားသလို ခံစားလိုက်ရပေမယ့် မကြာခင်မှာပဲ စိတ်ဓာတ်တွေကို ပြန်လည်စုစည်းပြီး သူမကိုယ်သူမ တိုက်တွန်းလိုက်၏။

"ငါ သေချာ ကျင့်ကြံနေသရွေ့.. စီနီယာ အစ်ကိုနဲ့ အစ်မတို့ရဲ့ အရှိန်အဟုန်ကို လိုက်မမီနိုင်ရင်တောင်မှ အများကြီး နောက်ကျ ကျန်နေမှာ မဟုတ်ဘူး!"

ထိုသို့..လုရီ နှင့် လျိုနင်ရွှမ်း တို့သည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ပြီးနောက်၊ ရန်သူ ဖြစ်သည့် အခြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများသည်လည်း ဝူချင်းဖုန်း နှင့် အခြားသူများ၏ လက်အောက်တွင် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့ပြီး သူတို့၏ ဝိညာဉ်များနှင့် ပုံစံများ ပျက်သုဉ်းသွားခဲ့၏။

နောက်ဆုံးတွင် အခင်းအကျင်းကို ဦးစီးသော ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ ပြိုင်ဘက်ကင်း ဓားသမား လည်း ရှိနေသေးသည်။ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများအဖို့ မရဏလမ်းသို့ မြန်းရုံက လွဲ၍ အခြားလမ်း မရှိနေပေ။

လုရီ နှင့် လျိုနင်ရွှမ်းတို့သည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအား အတူတကွ သတ်ဖြတ်လိုက်သည်ကို မျင်ဝါးထင်ထင် မြင်လိုက်ရသောအခါ ဝူချင်းဖုန်းနှင့် အခြားသူများမှာ သူတို့ကိုယ်တိုင်လည်း နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် တစ်ခဏတာ စကားပင် မပြောနိုင်၊ တစ်ဆို့သွားကြသည်။

လုရီ နှင့် လျိုနင်ရွှမ်းတို့၏ တိုက်ခိုက်သည့်ဗျူဟာများသည် ယခု နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကြသော ဤအကြီးအကဲများနှင့် နှိုင်းယှဉ်နိုင်နေ၏။

သို့သော် လုရီသည် ဤလူကြီး၏ စွမ်းအားမှာ ကောင်းမွန်ကြောင်း နားလည်ခဲ့သည်။ ဝမ်းနည်းစရာမှာ၊ သူ့ထံ၌ သင့်လျော်သော ကျင့်ကြံမှု ရတနာများ မပိုင်ဆိုင်ထားပေ။

ယခင် ချုံခို တိုက်ခိုက်ခြင်းတွင် သူ ကြုံတွေ့ခဲ့ရသော နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူသည် ဤလူကြီးထက် ကျင့်ကြံမှု အခြေခံအရ အင်အားနည်းသော်လည်း၊ အဆင့်နိမ့် ရတနာတစ်ခု ပိုင်ဆိုင်ထားသောကြောင့် သူ့ကို သတ်ရန် အနည်းငယ် ပိုခက်ခဲစေသည်။

ဟုတ်ပါသည်။ လက်ရှိ လုရီနှင့် ယခင် လုရိီကြားက ကြီးမားသည့် ခြားနားချက် တစ်ခု ရှိခဲ့ပါ၏။ သူ၏ ဓားပိုင်နက်ကို ဖွဲ့တည်ပြီးနောက်၊ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန် တိုးမြင့်လာခဲ့သည်။

ဤနတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ပြီးနောက် တိမ်ဖြူဂိုဏ်းသည် ဤတစ်ကြိမ်တွင် ကြွယ်ဝစွာ ရိတ်သိမ်းခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့များတွင် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ နည်းပါးလာသဖြင့် ၎င်းတို့၏ ထိပ်တန်းပညာရှင်များသည် ပို၍ပင် လျော့နည်းလာခဲ့၏။

အားလုံးက တိတ်ဆိတ်နေခဲ့ကြသည်။

လုရီသည် ကျင့်ကြံရန် သူ၏ဂူအိမ်သို့ ပြန်သွားကာ ရက်အနည်းငယ်ကြာပြီးနောက် တုန်းကုန်းမင်ယွဲ့ ထံမှ သတင်းတစ်ပုဒ် ရရှိခဲ့၏။

လုရီ နှင့် လျိုနင်ရွှမ်း တို့ ပူးပေါင်း၍ တိမ်တိုက်ဖြူဂိုဏ်း ကျင့်ကြံသူများရှေ့တွင် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်သည် ချင်းကျိုးနယ် တစ်လျှောက် ဟိုးလေးတကျော် ...ပျံ့နှံ့သွားခဲ့သည်။

ယခင်က တုံ့ဆိုင်းနေသည့် ကျောက်စိမ်းနက်တောင် နှင့် မိုလင် တောင်ကြား တို့သည် တိမ်ဖြူ မဟာမိတ် အဖွဲ့တွင် ပါဝင်ရန် သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ကြေငြာခဲ့၏။

ချင်းကျိုး၏ အခြေအနေသည် ရုတ်တရက်

ပကတိ.. ရှင်းလင်းလာသည်။

သွေးဝိညာဉ်ဂိုဏ်း မဟာမိတ်တပ်ဖွဲ့တွင် ဂိုဏ်းငါးဂိုဏ်းမျှသာ ရှိပြီး တိမ်ဖြူဂိုဏ်း မဟာမိတ်အဖွဲ့တွင်တော့ စုစုပေါင်း ဂိုဏ်းရှစ်ခု စည်းလုံးနေခြင်းသာ။

ထို့အပြင် ပြင်းထန်စွာ ဒဏ်ရာရနေသော ကောင်းကင်နဂါး သူတော်စင် သားတော်ကိုခေါ်ဆောင်၍ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေသူတော်စင် ဆက်ခံသူ၏ အုပ်ထိန်းသူ၏ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ခွာမှုကြောင့်

တိမ်ဖြူဂိုဏ်းကို မည်သူမျှ

ထပ်မံ မနှောင့်ယှက်ရဲဘဲ နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခုက ဂိုဏ်းကို ဝန်းရံထား၏။

အချို့ကမူ တိမ်ဖြူဂိုဏ်းအတွင်း သိုဝှက်၍ နေသော မယှဉ်နိုင်သည့် စွမ်းအားများ ရှိသည်ဟု ခန့်မှန်းကြ၏။ အချို့ကမူ လုရီသည် နတ်ဓားဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ခန့်မှန်းကြသည်။ ထို့ကြောင့် နတ်ဓားဂိုဏ်း၏ ရှေးဆရာကြီးက လုရီကို မျက်နှာသာပေးကာ ရှေးဆရာကြီးက လုရီကြောင့် ကောင်းကင် နဂါး မြင့်မြတ်နယ်မြေသို့ ကိုယ်တိုင် သွားရောက် လည်ပတ်ခဲ့သည်ဟု ပြောဆိုနေကြတော့၏။

ဤသို့ ဤပုံ.. ကောလဟာလ မျိုးစုံ ပျံ့နှံခဲ့လေသည်။

ရက်အနည်းငယ်အကြာတွင် ချင်းကျိုး တစ်ခုလုံးကို ဂယက်ရိုက်သွားစေသည့် နောက်ထပ်သတင်းတစ်ပုဒ် ထွက်ပေါ်လာ၏။

သွေးဝိညာဉ်ဂိုဏ်း၊ ကောင်းကင်မြွေဂိုဏ်း၊ တောင်ဝါဂိုဏ်း၊ ယူလော့ ဂိုဏ်းနှင့် ငွေလမင်း တောင်ကြား ဂိုဏ်းငါးဂိုဏ်းသည် အပြင်သို့ ရောက်နေသော ၎င်းတို့၏ တပည့်များကို ပြန်လည် ခေါ်ပြီးနောက် ၎င်းတို့၏ ဂိုဏ်း အကာအကွယ် အခင်းအကျင်းကို အသက်သွင်းကာ အနှစ်တစ်ထောင် သီးသန့် နေထိုင်ကြောင်း ကြေညာခဲ့လေသည်။

ဤလုပ်ဆောင်ချက်သည် ချင်းကျိုး ရှိ အသေးစားနှင့် အလတ်စားဂိုဏ်းများမှ ကျင့်ကြံသူများနှင့်

တကိုယ်တော် ကျင့်ကြံသူ အားလုံးကို အကြီးအကျယ်.. အံ့အားသင့်သွားစေ၏။

အခန်း ၂၂၅-ရွှေအူတိုင် ဆယ့်နှစ်လွှာသို့ ...

~ ၎င်းက ဂိုဏ်းကို စည်းတံဆိပ် ခတ်လိုက်ခြင်းပင်။

ဂိုဏ်းကို စည်းတံဆိပ် ခတ်ခြင်း ဆိုသည်မှာ ဂိုဏ်း၏ ပြင်ပအရင်းအမြစ်များအားလုံးကို စွန့်ပယ်ပြီး ခုခံကာကွယ်မှုအား ချုံ့လိုက်၍ ဂိုဏ်း၏ အခြေခံ တည်ရှိမှုကို ဆက်လက်ထိန်းသိမ်းရန် ဂိုဏ်း အကာအကွယ် အခင်းအကျင်းကိုသာ အားကိုးခြင်း ဖြစ်သည်။

ချင်းကျိုး ရှိ ထိပ်တန်းဂိုဏ်းများအတွက် နောက်ဆုံး ဖြေရှင်းနည်း မဟုတ်ပါက ထိုသို့သောအတိုင်းအတာအား အကြွင်းမဲ့ မတွေးတောကြပါ။

နောက်ဆုံးတွင်၊ ဂိုဏ်းကြီးတစ်ခု၏ နယ်မြေသည် မိုင်ပေါင်း သန်းပေါင်း များစွာ ကျယ်ပြော၏။ ကျယ်ပြောလှသော နယ်မြေတစ်ခုကြောင့် အရင်းအမြစ်များစွာကို ရွှေ့ပြောင်း၍ ပြန်လည်ရယူ၍ မရနိုင်ဘဲ ထိုအခြေအနေက ပြီးပြည့်စုံသော စွန့်လွှတ်မှုနှင့် ကြီးကြီးမားမား ဆုံးရှုံးမှုအား ရည်ညွှန်းလေသည်။

ယခုတွင်၊ သွေးဝိညာဉ်ဂိုဏ်းနှင့် ဂိုဏ်းငါးခုတို့သည် အမှန်တကယ်ပင် ထိုကဲ့သို့သော ခြေလှမ်းကို လှမ်းခဲ့ကြသည်။ ၎င်းတို့သည် အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှားသော လက္ခဏာ တစ်ရပ်ပါပင်။

သွေးဝိညာဉ်ဂိုဏ်းနှင့် ဂိုဏ်းငါးခုတို့သည်

၎င်းတို့၏ ဂိုဏ်းများကို စည်းတံဆိပ်ခတ်လိုက်ကြောင်း ကြေညာလိုက်သည်နှင့်၊ ချင်းကျိုးတွင် ထိပ်တန်း ဂိုဏ်းရှစ်ဂိုဏ်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး၊ ထို့နောက်တွင် ချင်းကျိုး၏ အခြေအနေသည် လုံးဝ ပြောင်းလဲသွားမည် ဖြစ်၏။

ကျင့်ကြံသူအချို့က ဤအရာအားလုံးသည် ငယ်ရွယ်သော ကျင့်ကြံသူကလေးထံမှ မြစ်ဖျားခံလာသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

တိမ်ဖြူဂိုဏ်း၏ ပါရမီရှင် အင်မော်တယ် မျိုးစေ့ လုရီဟု ဆိုကြ၏။

အစပိုင်းတွင်၊ သွေးဝိညာဉ်ဂိုဏ်းနှင့် တိမ်ဖြူဂိုဏ်းတို့ကြား ရန်ငြိုးထားမှုမှ အမုန်းတရားသည် ယခင် အရှေ့တောအုပ် အပျက်အစီးအတွင်း ကောင်းကင်မြွေဂိုဏ်းမှ လူသတ်သမားများအား လုရီအား လုပ်ကြံသတ်ဖြတ်ရန် စေလွှတ်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့ဘဲ၊ နောက်ဆုံးတွင် ချင်းကျိုး၏ ထိပ်တန်းဂိုဏ်းကြီးငါးခုကို လွှမ်းခြုံသွားသည့် အမြဲတစေ ချဲ့ထွင်နေသော ရေဝဲကဲ့သို့ ကြီးထွားလာကာ အခြေအနေများ ပြင်းထန်လာခဲ့၏။

လူတိုင်း၏ အံ့အားသင့်မှုကတော့ နောက်ဆုံးလုပ်ရပ်မှာလည်း လုရီပင် ဖြစ်နေသောကြောင့် ဖြစ်သည်။

သူသည် ဓားတာအိုပိုင်နက်ကိုဖွဲ့စည်းပြီး သူ၏

အကြွင်းမဲ့ စွမ်းရည်ကို ပြသခြင်းမရှိပါက၊

ချင်းကျိုး ရှိ အခြားသော ဂိုဏ်းများစွာသည် တုံ့ဆိုင်းနေဦးမည်သာ ဖြစ်၏။

မကြာမီတွင် လုရီ၏ နာမည်သည် ချင်းကျိုး တစ်ခုလုံးတွင် ပျံ့နှံ့သွားပြီး အခြားစီရင်စုများသို့ပင် ကျော်ကြားခဲ့လေသည်။ အထူးသဖြင့် ဓားတာအို အစည်းအဝေးတွင် သူ၏ စွမ်းဆောင်မှုမှာ တောက်ပြောင်လွန်းသောကြောင့်ပင်။

သူတို့၏ ပထမတိုက်ပွဲတွင် နဂါးသူတော်စင်သားတော်သည် မရှုမလှ ရှုံးနိမ့်သွားရသည်ဟူသော ကိစ္စကြီး ထပ်ပေါင်းလိုက်သောအခါ လုရီသည် လူအများ၏ အာရုံ စိုက်မှုအား အထူးသဖြင့် ပို၍ ဆွဲဆောင်စေသည်။

...

ထိုအချိန်တွင် လုရီကတော့ ပြင်ပ လောက၏အသံများကို ဂရုမစိုက်ဘဲ တိတ်ဆိတ်ငြိမ်သက်သော ကျင့်ကြံမှုအခြေအနေသို့သာ ပြန်သွားခဲ့၏။

နေ့တိုင်း သူသည် လျိုနင်ရွှမ်း၊ တုန်းကုန်းမင်ယွဲ့နှင့် လင်းလောင်တောင်ထိပ်မှ စီနီယာ တပည့်များ နှင့် တိုက်ခိုက်ရေး လေ့ကျင့်တတ်သည်။ သို့မဟုတ် မှော်သိုင်းပညာ ၊ အခင်းအကျင်းများ နှင့် ဝိညာဉ်အစာ ချက်ပြုတ်ခြင်း အလုပ်များ အားဖြင့် သူ့ကိုယ်သူ အလုပ်ပေးတတ်၏။

ယခုအခါတွင် သူ့လက်ထဲတွင် နှစ်တစ်ရာပြည့် ဝိညာဉ်ခြင်ဆီ အတော်များများ ပိုက်မိပြီး နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီနှင့် နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီ အချို့ပင် ရှိနေသဖြင့် ကျင့်ကြံမှုက သိသိသာသာပင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။

နှစ်နှစ် အကြာတွင် လုရီ၏ ကျင့်စဉ် အဆင့်သည် ရွှေအူတိုင် အထွတ်အထိပ် အဆင့်သို့ ကျော်ဖြတ်သွားခဲ့လေ၏။

သူသည် ရွှေအူတိုင် ဆယ့်တစ်လွှာ းသို့ တက်လှမ်းရန် ကောင်းကင်ဘုံတာအို ၏ ကန့်သတ်ချက်ကို ချိုးဖျက်သည့် အလုပ်ကို ထုတ်ပေးလိုက်၏။

ဆုလာဘ်သည် သူ့အား စိတ်ပျက်မသွားဘဲ

တာအို အခြေခံ အုတ်မြစ်နှင့် အလားတူ ဆက်စပ်မှု ရှိသည့် တာအို ကျောက်စိမ်းအား ရရှိခဲ့ပါသည်။

တာအို ဝိဉာဉ် ပုလဲ ကဲ့သို့ ရတနာတစ်ခု ဖြစ်ရမည်မှာ သေချာသည်။ သို့သော် ၎င်းသည် ယခုအခါ ရွှေအူတိုင် နယ်ပယ် ဖြစ်သွားပြီဟု ယူဆပါက တာအိုကျောက်စိမ်းသည် တာအို ဝိဉာဉ် ပုလဲ ထက်ပင် ပို၍ အဖိုးတန်သည်ဟု ယူဆရပါသည်။

ထုံးစံအတိုင်း လုရီ ထိုအလုပ်ကို လက်ခံရသည့်အတွက် အလွန် ဝမ်းသာသွားပြီး ဆက်လက်၍ ကျင့်ကြံခဲ့တော့သည်။

ထိုအချိန်များတွင် လုရီသည် သူ့ဆရာအတွက် အလုပ်သွားလုပ်တိုင်း အလုပ်ရုံမှ သတင်းအချို့ကို ရံဖန်ရံခါ ကြားရတတ်သေး၏။

ဂိုဏ်းငါးခုသည် ၎င်းတို့၏ဂိုဏ်းများကို စည်းတံဆိပ် ခတ်ပြီးနောက်၊ အခြားဂိုဏ်းများသည် ဂိုဏ်းငါးခုမှ ကျန်ရစ်ခဲ့သော နယ်မြေများကို ခွဲဝေရန် အကြီးမားဆုံးသော အောင်မြင်သူများ ဖြစ်လာခဲ့သည်မှာ သေချာပါသည်။

၎င်းတို့အနက်မှ တိမ်ဖြူဂိုဏ်းသည် ဟင်းလင်းပြင်ဥမင် နယ်ပယ် ကျင့်ကြံသူ အကြီးအကဲ မင်နှင့် လုရီ၏ ထူးကဲသောစွမ်းရည်များကြောင့် အရင်းအမြစ်များ ပိုမိုရရှိလာခဲ့လေတော့၏။

ဂိုဏ်းငါးခု၏ နယ်မြေများကို ပိုင်းခြားပြီး တိမ်ဖြူဂိုဏ်းက တစ်ဂိုဏ်း၏ နယ်မြေအား သိမ်းပိုက်သွားခဲ့သည်။

အစပိုင်းက နယ်နမိတ်ချင်း ထိစပ်နေသော သွေဝိညာဉ်ဂိုဏ်း၏ နယ်မြေ တခုလုံးအား တိမ်ဖြူဂိုဏ်း၏ နယ်မြေအတွင်း ပေါင်းစည်းခဲ့ပြီး ယခုအခါ ၎င်းတို့သည် လုံးလုံးလျားလျား ပေါင်းစပ်ထားသည်။

သွေးဝိညာဉ်ဂိုဏ်း၏ တကိုယ်တော် ကျင့်ကြံသူ များနှင့် သိုင်းပညာ မတတ်သော သာမန်လူများအတွက်၊ ဤသည်မှာ မလွဲမသွေ.. သတင်းကောင်းပင် ဖြစ်၏။

လုရီသည် တိမ်ဖြူဂိုဏ်းကို အင်မော်တယ်ဂိုဏ်း အား မြင့်မြတ် နယ်မြေအဖြစ်သို့ ပြောင်းလဲကာ အခြားဒေသများ၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးမည့် အနာဂတ်တွင် အင်မော်တယ် အဖြစ်သို့ အထက်ဘုံ တက်သွားနိုင်သည့် ဖြစ်နိုင်ချေကိုကား ဆိုဖွယ်ရာ.. မရှိတော့ချေ။

သွေးဝိညာဉ်ဂိုဏ်း လက်အောက်ရှိ

တကိုယ်တော် ကျင့်ကြံသူများနှင့် သာမန်လူများအတွက် နေထိုင်မှု ဘဝက အလွန် ခက်ခဲသည်။

အကြောင်းမူကား သူတို့သည် မိုင်းတွင်းများ၌ သတ္တုတူးဖော်ရန် အဆက်မပြတ် စွန့်စားရသည်။ သို့မဟုတ် ကျင့်ကြံရန်အတွ က်သူတို့၏ သွေး အဆီအနှစ်ကို ပြန်လည် သန့်စင်ရန် သွေးဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများဖြင့် စုပ်ယူခံရတတ်သည်။

ကျင့်စဉ် မြင့်မားစွာ ကျင့်ကြံထားသော

တကိုယ်တော်ကျင့်ကြံသူများသည် သတိထားနိုင်ပြီး အခြားနေရာများတွင် အခြေချနိုင်သော်လည်း ကျင့်စဉ် အားနည်းသူများနှင့် သာမန်လူများအတွက်မူကား... ကျယ်ပြောလှသော နယ်ပယ်မှ မည်ကဲ့သို့ ထွက်ပြေး.. လွတ်မြောက်နိုင်မည်နည်း။ အမှောင်မိုက်ဆုံး အချိန်တွေမှာတောင် တောင့်ခံဖို့က လွဲပြီး သူတို့အတွက် ရွေးချယ်စရာ မရှိတော့ချေ။

နှိုင်းယှဥ်ကြည့်လျှင် တိမ်ဖြူဂိုဏ်းအောက်တွင် နေထိုင်ခြင်းသည် သွေးဝိညာဉ်ဂိုဏ်းအောက်တွင် နေထိုင်ခြင်းထက် အကြွင်းမဲ့ သာလွန်ပါလေသည်။

တိမ်ဖြူဂိုဏ်း တစ်ခုတည်းက ဂိုဏ်းတစ်ခု၏ နယ်မြေကို သိမ်းပိုက်ခဲ့ပြီး ကျန်ရစ်သော ကျန်ဂိုဏ်းလေးခု၏ နယ်မြေများကို ကျန်ဂိုဏ်းခုနစ်ခုက ခွဲဝေခဲ့ကြသည်။

ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲဆောင်းရာသီတောင်ကြားတို့သည် တိမ်ဖြူဂိုဏ်းနှင့် အနီးကပ်လိုက်လျောညီထွေ ရှိခဲ့သည့် ဝမ်ကျန်းစံအိမ်ကဲ့သို့ အတူတူပင် ဂိုဏ်းတစ်ခုစီ၏ နယ်မြေအများအပြားကို ရရှိထားသည်။ ဂိုဏ်းသုံးခု၏ ဝေခွဲမှုများသည် တန်းတူနီးပါးဖြစ်ပြီး ဂိုဏ်းသုံးခု၏ နယ်မြေများ နီးပါး ပမာဏ နီးပါး ရှိလေ၏။

သံမဏိနှလုံးသားဂိုဏ်းနှင့် တိမ်တိုက်နီဂိုဏ်း တို့သည် နှောင်းပိုင်းမှ..မဟာမိတ် ဖွဲ့လာသည်ဖြစ်ရာ ကိတ်မုန့်ပေါ်တွင် ခရင်မ် ဆမ်းရုံမျှသာ ဖြစ်၍.. ၎င်းတို့ကြားတွင် ဂိုဏ်းတစ်ခုထက် နည်းသော နယ်မြေကို မျှဝေခဲ့ရသည်။

နောက်ဆုံးမှသာ ပါဝင်ခဲ့ကြသည့် ကျောက်စိမ်းနက်တောင်နှင့် မိုလင်တောင်ကြားကမူ တိုက်ပွဲပြီးဆုံးခါနီးတွင် ပါဝင်ခဲ့ကြသောကြောင့် အဖျားအနားမျှသာ ရရှိကြလေ၏။

ကျောက်စိမ်းနက်တောင်နှင့် မိုလင်တောင်ကြားတို့က ဤခွဲဝေပေးမှုကို မကျေနပ်ကြသော်လည်း ငြား ၎င်းကို ပြောင်းလဲရန် စွမ်းအား မရှိကြပေ။တိုက်ခိုက်ရာတွင် နောက်ကျပြီးမှ ပါဝင်ခဲ့ကြသောကြောင့် ဆုံးရှုံးမှု အနည်းငယ်သာ ရှိသည်ကတော့ မှန်သော်လည်း ဘက်ရွေးနေခြင်းက မပြီးပြတ်သော ပဍိပက္ခအား ဖြစ်စေ၍ သေးနုပ်သော ဝေခွဲမှုသာ ရရှိခဲ့လေ၏။

တစ်နှစ်မှ နှစ်နှစ်အတွင်းတွင် ချင်းကျိုး ၏ ဖွဲ့စည်းပုံသည် လုံးဝပြောင်းလဲသွားခဲ့ပြီး

တိမ်ဖြူဂိုဏ်းသည် သိသိသာသာ ကြီးကျယ်လာပြီး ယခင်ကထက် အရင်းအမြစ်များစွာ ပိုမိုရရှိလာပါသည်။

ထို့အပြင် လုရီ၏ အင်မော်တယ်ဓား

စွမ်းရည် ဂုဏ်သတင်းသည် အခြား စီရင်စုများမှ အလယ်အလတ်တန်းစား ဂိုဏ်းငယ်များ ၊ဂိုဏ်းအသေးစားလေးများနှင့် မျိုးနွယ်စုများမှ ကျင့်ကြံငူ ပါရမီရှင်များအား တိမ်ဖြူ ဂိုဏ်းဆီသို့ တိမ်းညွှတ်လာစေခဲ့၏။

လုရီ၏ ကျော်ကြားမှုကြောင့် အားလုံးက လှုံ့ဆော်ခံရခြင်းသာ။

လုရီသည် အနာဂတ်တွင် ဓား အင်မော်တယ် ဖြစ်လာပါက တိမ်ဖြူဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းဖြစ်လာမည် ဖြစ်သည်။ ထို့အတွက်ကြောင့် အင်မော်တယ်ဂိုဏ်း၏ တပည့်ခံခြင်းက အလားအလာ ရှိသော ကြိုးပမ်းမှု တစ်ခု ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် ထင်သည်။

လုရီသည် အလုပ်ရုံသို့သွားတိုင်း သူ့အနီးနားတွင် လူများစွာ ရှိနေသည်ဟု ခံစားမိသည်။

သူ့အား မြင်ကြသည့် တပည့်တွေ အားလုံးက သူ့အား လေးလေးစားစား ပြုံးပြပြီး နှုတ်ဆက်ကြလေသည်။

All Chapters