← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း ၂၂၆- ရွှေအူတိုင် ဆယ့်နှစ်လွှာသို့ ...

~တစ်​နှစ်​ကုန်​လွန်​ပြီး လုရီ သည်​ ရွှေအူတိုင် အထွတ်အထိပ်သို့​ ရောက်​ခဲ့သည်​။ သူ၏ အခြေခံအုတ်မြစ်ဖြင့်၊ သူသည် ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်ကို လွယ်ကူစွာ ဖြတ်ကျော်ပြီး ရွှေအူတိုင်ဆယ့်

တစ်လွှာ သို့ ဝင်ရောက်ခဲ့လေပြီ။

အောင်မြင်ပြီးနောက် ‌လုရီသည်

တာအို ကျောက်စိမ်းကိုလည်း ရရှိခဲ့သည်။

လက်တစ်ဝါးစာ အရွယ်ရှိသည့်..လှပသော ကျောက်စိမ်းပြားလေးသည် ခုနစ်ရောင် တောက်သော အလင်းရောင်ဖြင့် ထွန်းလင်း တောက်ပနေကာ ၎င်း၏ အတွင်းပိုင်းသည် လျှို့ဝှက် ဆန်းကြယ်သော တာအိုပုံစံများဖြင့် လင်းလက်နေသည်။

ရှင်းရှင်းလင်းလင်းပင် သူ့လက်ထဲတွင် တည်ရှိနေသော်လည်း ၎င်းသည် အချိန်မရွေး ပျောက်ကွယ်သွားသကဲ့သို့ ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစပ်နေသည်။ အလွန် အဖိုးတန်သော တာအို ရတနာတစ်ခုဖြစ်သည်မှာ ယုံမှားဖွယ် မရှိပေ။

တာအိုဝိညာဉ်ပုလဲကဲ့သို့ ဤတာအိုကျောက်စိမ်းတွင် မွေးရာပါ တာအိုပုံစံများ ပါရှိသော်လည်း တာအို ကျောက်စိမ်းအတွင်းရှိ ပုံစံများသည် ပို၍ လေးနက်ပြီး များပြားသည်က သိသိသာသာပါပင်။

လုရီသည် အခြေတည် ဝိညာဉ်နယ်ပယ်သို့

အဆင့် ချိုးဖြတ်နိုင်ရန် လိုအပ်သော အဖိုးတန်ပစ္စည်းဖြစ်သည့် တာအို ရတနာကို ဂရုတစိုက် သိမ်းဆည်းလိုက်တော့၏။ ထို့နောက် သူ၏ ကျင့်ကြံမှုကို ပြန်လည် လုပ်ဆောင်ခဲ့တော့သည်။

သုံးနှစ်ကြာပြီးနောက် သုန်းကုန်းမင်ယွဲ့သည် ရွှေအူတိုင် နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တိမ်ဖြူ ဂိုဏ်းအား အံ့သြစေခဲ့သည်။

သုန်းကုန်းမင်ယွဲ့သည် ရွှေအူတိုင် နယ်ပယ်သို့ အဆင့်ဖြတ်ကျော်သော အချိန်က လျိုနင်ရွှမ်းတုန်းကထက် အနည်းငယ် အသက်ကြီးသော်လည်း၊ သူမသည် အရှေ့ဒေသ၏ အနာဂတ်အား စိုးမိုးနိုင်သည့် ထူးထူးခြားခြား ပါရမီရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

လင်းလောင် တောင်ထိပ်သခင်မ၏ တပည့်

သုံးယောက်သည် အခြားသူများထက် များစွာ ထက်မြက်ပြီး အခြား တောင်ထိပ် သခင် များကို မနာလို စိတ်ဖြင့် စိမ်းလန်းစေခဲ့ သော်လည်း

သူတို့သည် ၎င်းနှင့် ပတ်သက်၍ မည်သို့မျှ စွမ်းဆောင်နိုင်စွမ်း မရှိပေ။

လအနည်းငယ် ကြာပြီးနောက်၊ လုရီ သည် နောက်ဆုံးတွင် သူ၏ စုဆောင်းမှုကို ပြီးမြောက်ခဲ့ပြီး ကောင်းကင်ဘုံ တာအို ကန့်သတ်ချက်အလွှာကို ထပ်မံဖြတ်ကျော်ကာ ရွှေအူတိုင်ဆယ့်နှစ်လွှာသို့ ရောက်ရှိသွားခဲ့တော့၏။ ဤနယ်ပယ်တွင် သူ ပင်လျှင် ဖြတ်ကျော်ရန် အချိန်အတော်ကြာရန် လိုအပ်သည်။ သို့သော်ငြား ပျမ်းမျှကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေသေးသည်။

ထိုအချိန်တွင် ကြီးမားသော ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပြီး သတင်းသည် တိမ်ဖြူဂိုဏ်းသို့ ရောက်ရှိလာခဲ့လေ၏။

၎င်းက....

မြောက်ပိုင်းနယ်မြေ မိစ္ဆာ ပြည်တွင် မိစ္ဆာ ဧကရာဇ်၏ ဆက်ခံသူ ချင်းချုံးဟွာသည် အမြီး ကိုးချောင်း မိစ္ဆာ ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံပြီးနောက် သူမ၏ ကျင့်စဉ် အဆင့်မှာ ဆက်တိုက်ဆိုသလို အဆင့်များ ချိုးဖြတ်သွားလေပြီးနောက်...စိတ်ကူး မယဉ်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိကာ မိစ္ဆာလောက တစ်ခုလုံးကို တုန်ခါစေပြီး အခြားသော ကြီးကျယ်သည့် ‌နယ်မြေ များတွင်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည် ဟူ၍...။

နောက်ဆုံးတွင် ဤကဲ့သို့ ကျင့်စဉ် အဆင့် တိုးလာခြင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်လွန်းပြီး အင်မော်တယ် တစ်ပါး ပြန်လည် ဝင်စား၍ အသစ်တစ်ဖန် စတင်ခြင်းအတွက်ပင်... ထိုသို့ အမြန်နှုန်းဖြင့် မတည်ရှိဖူးခဲ့ပါ။

ချင်းချုံးဟွာသည် အမြီးကိုးချောင်း မြေခွေး ဧကရာဇ်၏ အမွေကို ဆက်ခံရုံသာမက တိုက်ရိုက် အဆင့်ချိုးဖြတ်ဖို့ ပေါင်းစည်းရန်သာ လိုအပ်သည့် အမြီးကိုးချောင်း မြေခွေး ဧကရာဇ်၏ ကျင့်စဉ် အဆင့်ကိုပါ ရရှိခဲ့သည်ဟု အချို့က ခန့်မှန်းကြသည်။

ချင်းချုံးဟွာသည် အမြီးကိုးချောင်း မြေခွေး ဧကရာဇ်၏ သွေးအဆီအနှစ်ကို ရရှိခဲ့ပြီး သူမ၏ သွေးမှာ တစ်ဖန် သန့်စင်ပြီး အမြီးကိုးချောင်း အင်မော်တယ် မြေခွေး၏ အဆင့်ကို ရောက်ရှိနေသည်ဟုလည်း ဆိုကြသည်။

မည်သည့် အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်

ချင်းချုံးဟွာကြောင့် ဖြစ်ပေါ်လာသော

မငြိမ်မသက်မှုများက ကြီးကျယ်လွန်းပြီး

ထျန်းမင် တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး အင်မော်တယ်ဂိုဏ်း မြင့်မြတ် နယ်မြေများမှ အကြီးအကဲများစွာက သူမအား အာရုံစိုက်လာကြသည်။

ချင်းချုံး မျိုးနွယ်အား ရန်လိုသော အင်အားစုများသည်ပင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု အများအပြားကို လုပ်ဆောင်ခဲ့သည်။ ကြောက်စရာအကောင်းဆုံး တစ်ခုမှာ အထက်ဘုံ ဘေးဒဏ်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်က

ချင်းချုံး မျိုးနွယ်၏ ဘိုးဘေး နယ်မြေသို့ ရောက်ရှိသွားပြီး ထိပါးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတော့ ထိုအထက်ဘုံ ဘေးဒဏ်နယ်ပယ် ကျင့်ကြံသူက ထွက်သွားပြီး အရာအားလုံး ငြိမ်သက်သွားခဲ့သည်။

ထိုနေ့တွင် ဘာဖြစ်သွားသည်ကို မည်သူမျှ မသိကြသော်လည်း မကြာမီတွင် ချင်းချုံးဟွာ သည် ချင်းချုံးမျိုးနွယ်၏ အင်မော်တယ် လက်နက် ကို ကိုင်ဆောင်ကာ တစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်ခြင်းဖြင့် မိုးပြာ နဂါး

မျိုးနွယ်မှ အင်မော်တယ် တစ်ပါး ဖြစ်လာရန် မျှော်လင့်ချက်ရှိသည့် ပေါင်းစည်းရေးနယ်မြေစွမ်းအားရှင် တစ်ယောက်ကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ဤအရာက မိစ္ဆာ ပြည်တစ်ခုလုံးကို အဓိကရိုဏ်း ဖြစ်စေခဲ့သည်။ မိုးပြာ နဂါး

မျိုးနွယ်သည် ချင်းချုံးမျိုးနွယ်ထက်

အားမနည်းပေ။ ချင်းချုံးဟွာသည် ထိုကဲ့သို့ ဆုံးဖြတ်ချက် ပြတ်သား၍ အလွန် ပြင်းထန်လေသည်။ သူမတို့၏ ဘိုးဘေးမြေအား ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ထားသည့် အင်မော်တယ် လက်နက်ကိုပင် ထုတ်သုံးခဲ့သည်။

သူမအပေါ် ချင်းချုံး မျိုးနွယ် အကြီးအကဲများ၏ ပံ့ပိုး ကူညီမှု ရှိသည်ဟု ယူဆနိုင်သည်။ ဤသက်ရောက်မှုတွေက လေးနက်ပါသည်။

ချင်းချုံး ဘိုးဘေးမြေသို့ ဝင်ရောက်လာသော အထက်ဘုံ ဘေးဒဏ်နယ်ပယ် ကျင့်ကြံသူသည် မိုးပြာ နဂါး မျိုးနွယ်၏ အကြီးအကဲများထဲမှ ဖြစ်ရမည်ဟု ကျင့်ကြံသူများစွာက ဆွေးနွေးနေကြ၏။ ထိုသို့ မဟုတ်ပါက ချင်းချုံးဟွာ၏ ထူးခြားသော အရည်အချင်းကို ပိုင်ဆိုင်ထားလျှင်တောင် ချင်းချုံး မျိုးနွယ် စီနီယာတွေက သူမကို ထိုမျှလောက် အဆင်အခြင်မဲ့ ပြုမူဖို့ခွင့်ပြုမည် မဟုတ်ချေ။

ဤသည်မှာ စစ်ကြေငြာချက် ဖြစ်၏။

မိစ္ဆာ ပြည်သည် အလွန် သက်ဝင် လှုပ်ရှားလာပြီး အခြားသော ကြီးကျယ်သည့် နယ်မြေများမှ ကျင့်ကြံသူများသည် ၎င်းတို့၏ ဦးနှောက်များကို ဖောက်ထုတ်ပစ်မည်ဟု မျှော်လင့်ကာ ပြဇာတ်အား ပျော်ပျော်ကြိီး စောင့်ကြည့်ခဲ့ကြသည်။

လုရီ ဤသတင်းကို ကြားလိုက်ရတော့ အနည်းငယ် နောင်တရသွားမိသည်။

... အဲဒီမြေခွေးဝိညာဉ် ချင်းချုံးဟွာက

တကယ်ကို သန်မာလိုက်တာ... ဒီလိုအခြေအနေမျိုးမှာ မသေခဲ့ဘူးပဲ...

ချင်းချုံးဟွာဟာ သူတို့၏ အတိတ်က မကျေနပ်မှုတွေကို မေ့ထားပြီး သူ့ကို ရန်မရှာစေဖို့သာ မျှော်လင့်ရပါသည်။ မဟုတ်လျှင် သူ နည်းနည်းတော့ စိုးရိမ်နေရလိမ့်မည်။

.....

တစ်နေ့တွင် တိမ်ဖြူဂိုဏ်း၏ ပင်မတံခါးပေါက်မှ မဝေးသော မိုင်ဒါဇင်ပေါင်း များစွာအတွင်း လေထုထဲတွင် နှင်းပွင့်၊ နှင်းစက်များ ပြည့်လျှံကာ ရွှေရောင်ဓားအလင်းများ ရိပ်ခနဲ လင်းလက်နေလေသည်။

ဝရော!!

ဆူညံသံတစ်ခု မြင့်တက်လာပြီး ပြင်းထန်သော နောက်ဆက်တွဲ အားလှိုင်းက ကြွေကျနေသည့်နှင်းများအား လွင့်ပါးစေကာ ကောင်းကင်တွင် တိမ်မည်းများ လွင့်စင်သွားခဲ့၏။

‌

လုရီနှင့် လျိုနင်ရွှမ်းသည် မျက်နှာချင်းဆိုင်၍ တစ်ဖက် တစ်ချက်တွင် ရပ်နေ၏။ လုရီသည် သူ့ကိုယ်၌ ရွှေဓားအလင်းလွှာဖြင့် လွှမ်းခြုံထား၍ လျိုနင်ရွှမ်း၏ နှင်းလို ဖြူလွနေသော ဆံပင်ရှည်များက လေထဲတွင် ဝဲပျံ၍ ကခုန်နေသည်။ ဝိညာဉ်စွမ်းအင်လှိုင်းလုံးများက သူတို့ကို ဝိုင်းရံထားပြီး ကောက်ကွေးနေသော ကောင်းကင်ကြီးသည် ဖြည်းညှင်းစွာ ငြိမ်သက်သွားခဲ့လေ၏။

လျိုနင်ရွှမ်းသည် လေအေးတစ်ချက် ရှူထုတ်ရင်း သူမ၏ အရှိန်အဝါက သိသိသာသာ အားနည်းလာပြီး ပြိုင်ဘက်ကင်း

ဓားအင်မော်တယ် တစ်ပါးလို သူမရှေ့တွင် ရပ်နေသော လုရီကို ကြည့်ရင်း ခါးသီးစွာ ပြုံးကာ

"ဂျူနီယာ မောင်လေး.. အရမ်း မြန်မြန်တိုးတက်လာတာပဲ၊ အခု ငါက နင့်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်တော့ဘူး"

လုရီက အနည်းငယ် ပြုံးလိုက်ပြီး

" စီနီယာ အစ်မရဲ့ ကျင့်ကြံမှုနှုန်းကလည်း မနှေးပါဘူး၊ အခြေတည် ဝိဥာဉ် အလွှာ ခြောက်ကို ချိုးဖျက်သွားပြီ။ စီနီယာ အစ်မအပေါ်မှာ ကျွန်တော် ရခဲ့တဲ့ အားသာချက်က အယူအဆမှာပဲ ရှိတာပါ။"

ထိုစကားအား ကြားလိုက်ရသောအခါ

လျိုနင်ရွှမ်း၏ ဖြောင့်စင်း လှပသော မျက်ခုံးတန်းများသည် အနည်းငယ် တွန့်သွားကာ

သက်ပြင်းဖွဖွ ချရင်း..

"အယူအဆ ဆုပ်ကိုင်ဖို့က ခက်ခဲပါတယ်၊ ငါ့အတွက်တောင် မကြာသေးခင်ကမှ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ရေခဲ နှလုံးသားရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ရောက်ဖို့ အချိန်တချို့ ယူရဦးမယ်။"

လုရီ ခေါင်းညိတ်ပြီး "စီနီယာအစ်မ၊ ဒါက ခင်ဗျားအတွက် အသုံးဝင်မှာပါ" ဟု ပြောလိုက်၏။

သူ စကားပြောနေစဉ် လုရီသည် ရေခဲဝိညာဉ်ပုလဲကို လေထဲမှ ရုတ်တရက် ထုတ်ယူလိုက်သည်။

လျိုနင်ရွှမ်းသည် ရေခဲဝိဥာဉ်ပုလဲမှ ဖျော့တော့သော အအေးဓာတ်များ စိမ့်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် မှင်သက်သွားသည်။

သူမ၏ အေးစက်ပြီး လှပသော မျက်နှာက အံ့အားသင့်သော အရိပ်အယောင်ကလေး

ယှက်သမ်းနေကာ...မေးလိုက်သည်။

"ဒါက ရေခဲဝိညာဉ်ပုလဲလား?"

လုရီ က ပြုံး၍ ခေါင်းညိတ်ပြီး

"ဟုတ်ပါတယ်၊ ကျွန်တော် မကြာသေးခင်ကမှ ဒါကို မတော်တဆ ရခဲ့တာပါ၊ စီနီယာ အစ်မကို ပေးတာပါ....."

လျိုနင်ရွှမ်း၏ လှပသိမ်မွေ့သော မျက်နှာလေးသည် ရှုပ်ထွေးသောအရိပ်အယောင်များဖြစ်

ပေါ်သွားပြီး သူမက လုရီအား မျက်လုံးချင်း ဆုံ၍ ကြည့်လာသည်။

"ဂျူနီယာ မောင်လေး၊ ဒီရေခဲဝိဥာဉ်ပုလဲက အဖိုးတန်လွန်းတယ်။ အေးခဲဖန်ဓားတောင်မှ ဒီပုလဲလောက် အဖိုးမတန်ဘူး။ နင်ကိုယ်တိုင်သိမ်းထားရင် အကောင်းဆုံးပဲ"

...မဟုတ်ဘူး၊ ကျွန်တော့်အတွက် တကယ်ကို အသုံးမကျပါဘူး...

လုရီက စိတ်ထဲတွင် ကြေကွဲစွာ ပြန်အော်လိုက်လေသည်။

ရေခဲဝိဉာဉ် ပုလဲက သူ့ကို ရေခဲ နှလုံးသားကို တကယ်နားလည်အောင် ကူညီပေးနိုင်ပေမယ့် သူသည် ရေခဲ နှလုံးသားကို သိုင်းပညာ လေ့ကျင့်ခြင်း အလုပ်တွေမှ တဆင့် ရှင်းရှင်းလင်းလင်း တိုးတက်စေနိုင်သည်လေ။

ကောင်းကင်နှင့် မြေကြီးရတနာကို အဘယ်ကြောင့် ဤကဲ့သို့ အလဟသ ဖြစ်အောင် ဖြုန်းတီးပစ်ရမည်နည်း။

အခန်း၂၂၇- ရွှေအူတိုင် ဆယ့်နှစ်လွှာသို့...

~...စီနီယာအစ်မကို သုံးခွင့် ပေးလိုက်တာက ပိုကောင်းလိမ့်မယ်၊ သူ့ခွန်အားတွေ တိုးလာမယ်၊ အပြန်အလှန်လေ့ကျင့်တဲ့ အလုပ်တွေအတွက် ဆုလာဘ်တွေက ပိုလို့တောင် ရက်ရောလိမ့်မယ်...

လုရီသည် စိတ်ထဲမှ ထိုသို့ တွေးတောနေလေသည်။

သူသည် ယခုဆိုလျှင် စီနီယာအစ်မကို လက်တွေ့မှာ အနိုင်ယူနိုင်နေပြီ ဖြစ်သည့်အတွက်

ယထာဘူတကျစွာ မကြာခဏ လေ့ကျင့်ပြီး အလုပ်တွေကို ထုတ်ပေးဖြစ်ပါသည်။

[အလုပ်]

လျိုနင်ရွှမ်းကို အနိုင်ယူပါ။

ဆုလာဘ်- ရေခဲ နှလုံးသားကို မြှင့်တင်ခြင်း၊

နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီ အစက် နှစ်ဆယ်။

( ပြီးဆုံးပါပြီ)

ဆုလာဘ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

ဆုလာဘ်သည် အမှန်တကယ် ရက်ရောသောအနှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီ အစက် နှစ်ဆယ် ဖြစ်ပြီး၊ ၎င်းသည် လေ့ကျင့်မှု တစ်ခုတည်းမှဖြစ်သည်။

...အဟားဟား..

စီနီယာ အစ်မနဲ့ မကြာခဏ လေ့ကျင့်မယ်ဆိုရင် ကျင့်ကြံခြင်း အရင်းအမြစ်အတွက် စိတ်ပူစရာ မလိုဘူး။ ရေခဲနှလုံးသားရဲ့ တိုးတက်မှုကတော့ ပြောဖို့တောင် မလိုတော့ဘူး။ ...

လုရီသည် ဤနှစ်များတစ်လျှောက် သူ့စီနီယာ အစ်မနှင့် မကြာခဏ လေ့ကျင့်လေ့ရှိပြီး ရေခဲ နှလုံးသားကို နားလည်နိုင်စွမ်းသည် သူ့စီနီယာအစ်မထက် ပို၍ အားကောင်းကာ ကိုးဆယ်ရာခိုင်နှုန်းပင် ကျော်လွန်သွားခဲ့သည်။

ထို့ကြောင့် ရေခဲဝိဉာဉ်ပုလဲအား အခြေခံအားဖြင့် သူသည် သုံး၍ မလိုအပ်ပါချေ။

စီနီယာ အစ်မသာ ပိုသန်မာနေပါက၊ သူ၏ လေ့ကျင့်မှုဆိုင်ရာ ဆုလာဘ်များသည် ပို၍ ကြီးမားလာပါမည်။

လုရီက မျက်နှာ‌ထက်ဝယ် အပြုံး တစ်ခု ပွင့်လန်းလာခဲ့ပြီး ပြောလိုက်သည်။

"ကျွန်တော်က ဓားတာအိုကို လေ့ကျင့်တာလေ..၊ ဒီရေခဲဝိဥာဉ်ပုလဲက ကျွန်တော့်အတွက် သိပ်အသုံးမဝင်ပါဘူး၊ ဒါပေမယ့် စီနီယာ အစ်မမှာကျ မွေးရာပါ ရေခဲဝိညာဉ် ခန္ဓာကိုယ်ရှိတယ်။ ဒီရေခဲဝိဥာဉ်ပုလဲနဲ့ သိပ်မကြာခင်မှာပဲ အစ်မရဲ့ ရေခဲ ပိုင်နက်ကို ဖွဲ့စည်းနိုင်မှာပါ..."

သူစကားကြောင့် လျိုနင်ရွှမ်း ခဏတုံ့ဆိုင်းသွားကာ တိတ်ဆိတ်သွားပြီး သူမ၏ အမူအရာက အလွန် ရှုပ်ထွေးနေကာ ပြောလာ၏။

"နင့်ရဲ့ စိီနိီယာအစ်မ တစ်ယောက်အနေနဲ့ ငါက တာအိုပညာနဲ့ သိုင်းပညာတွေကို နင့်ကို ရှင်းပြပြီး လေ့ကျင့်မှုမှာသာ အဖော်ပြုပေးရုံပါပဲ၊၊ အများကြီး မကူညီခဲ့ပါဘူး၊ နင် ငါ့ကို အေးခဲဖန်ဓားကို ပေးထားပြီးပြီလေ..၊ ရေခဲဝိဉာဉ်ပုလဲကို ငါ ဘယ်လို လက်ခံနိုင်မလဲ။"

လုရီက ပြုံးပြီး

" ဂျူနီယာ မောင်လေးအတွက်တော့ စီနီယာ အစ်မ ပေးခဲ့တဲ့ အဆင့်မြင့် ချီ သိပ်သည်း

ဆေး လုံးတွေက အေးခဲ ဖန်ဓားနဲ့ ရေခဲ ဝိညာဉ် ပုလဲထက် ပိုတန်ဖိုးကြီးပါတယ်" ဟု ပြောလိုက်သည်။

ထိုအခိုက်အတန့်မှာ လျိုနင်ရွှမ်း အံ့အားသင့်သွားပြီး

"အဲဒီတုန်းက အဆင့်မြင့် ချီ သိပ်သည်း

ဆေးလုံးကို မှတ်မိနေသေးတာလား။"

လုရီက ညင်သာစွာ ပြုံးပြီး လျိုနင်ရွှမ်ကို ကြည့်ကာ ...

"ဒါပေါ့..ဘယ်လို မေ့နိုင်မလဲ.. ခင်ဗျားရဲ့

ဂျူနီယာ မောင်လေးက ဒီအကြောင်းကို စိတ်ထဲမှာ အမြဲ ရှိနေမှာပါ"

လျိုနင်ရွှမ်း၏ ရေခဲလိုအေးစက်သော မျက်လုံးလေးများ အနည်းငယ် လှိုင်းထသွားပြီး သူမ အကြည့်ကို အနည်းငယ် လွှဲဖယ်၍ နူးညံ့စွာ ပြုံးကာ

"ကျင့်ကြံခြင်းဆေးလုံးက ဒီကောင်းကင်နဲ့

မြေကြိီး ရတနာတွေ၊ အဆင့်မြင့်ရတနာတွေနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ..ဂျူနိီယာမောင်လေးက.. ချဲ့ကားပြောနေပါပြီ.."

"ဂျူနိီယာ မောင်လေးရဲ့ နှလုံးသားထဲမှာတော့ သေချာပေါက် နှိုင်းယှဥ်လို့ရတာပါပဲ။ ဒီထက်မကသေးဘူး... ဂျူနိီယာ မောင်လေးရဲ့အမြင်အရ၊ စီနီယာ အစ်မ ပျော်ရွှင်နိုင်ရင် ဒီရေခဲ ဝိဉာဉ်ပုလဲက အသုံးဝင်တယ်လို့ စဉ်းစားနိုင်ပါတယ်"ဟု လုရီက စိတ်အား ထက်သန်စွာ ဖြေရှင်းသည်။

လျိုနင်ရွှမ်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူမ၏ အေးစက်သော မျက်နှာပေါ်တွင် နီရဲနေသည့် ရှက်ရိပ်ကလေး မသိမသာ ပုန်းခိုလာသည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက်

လျိုနင်ရွှမ်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လုရီကို ပုံမှန်ထက် အတန်ငယ် တောက်ပသော အပြုံးဖြင့် ကြည့်ကာ

"ဒီလိုဆိုရင်တော့ စီနီယာ အစ်မ.. လက်ခံလိုက်မယ်နော်..."

ထိုမှသာ လုရီက ပြုံးပြပြီး အလေးအနက်

ပြောလိုက်သည်။

"စီနီယာ အစ်မ.. မကြာခင် ရေခဲနှလုံးသားကို ပိုင်နက် အဆင့်အထိ မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

လုရီက ရေခဲဝိဉာဉ်ပုလဲကို လျိုနင်ရွှမ်းထံ

လက်ကမ်းပေးလိုက်သည်။

လျိုနင်ရွှမ်းက အနည်းငယ် ပြုံးလိုက်ပြီး ဆိုလာ၏။

"ငါ ရုတ်တရက် ဝိုင်သောက်ချင်လာတယ်"

ထိုအခါ.. လုရီက ပြုံးပြီး

"ဒါဆို ကျွန်တော်တို့ ဂူအိမ်ကြီးကို သွား

ကြမလား"

"အင်း..."

လုရီ၏ ဂူအိမ်သို့ ရောက်သည်နှင့် တပြိုင်နက် သုန်းကုန်းမင်ယွဲ့ ရောက်ရှိလာသည်ကို

သူတို့ ..တွေ့လိုက်ရသည်။

လုရီ နှင့် လျိုနင်ရွှမ်းကို တွေ့လိုက်သည်နှင့်

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ တောက်ပလာပြီး သူမသည် ပြုံးကာ ရွှင်မြူးစွာ ပြေးလာလေသည်။

“အိုး..စီနီယာအစ်မ၊ စီနီယာအစ်ကို..ဒီကို

ရောက်လာပြီလား”

လျိုနင်ရွှမ်းသည် သုန်းကုန်းမင်ယွဲ့ကို မြင်သည့်အခါ သူမ၏ လှပသော မျက်ခုံးတန်းများ မဆိုစလောက်လေး ကျုံ့သွားပြီး .. အနည်းငယ် ခေါင်းညိတ်ကာ "ဂျူနီယာ ညီမလေးပါလား.. " ဟု တည်တည်ငြိမ်ငြိမ် ပြန် ခေါ်လိုက်သည်။

သုန်းကုန်းမင်ယွဲ့သည် လျိုနင်ရွှမ်းကို အံ့အားသင့်စွာ ကြည့်ကာ

"စီနီယာ အစ်မ.. ဘာလို့ မပျော်မရွှင်ပုံ ပေါက်နေတာလဲ..."

လျိုနင်ရွှမ်းက ခေါင်းခါပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ

"မင်း အရမ်းတွေးနေတယ် ညီမလေး။"

ထိုအခိုက်အတန့်တွင် လုရီက ပြုံးပြီး မေးသည်။

"ဂျူနီယာ ညီမလေး၊ မင်း ဒီကို ဘာလို့ ပေါ်လာတာလဲကွ"

"ငါ့ရဲ့ လေ့ကျင့်မှု ပြီးသွားပြီ၊ စီနီယာအစ်ကိုနဲ့ စကားပြောဖို့ လာခဲ့တာ လေ" သုန်းကုန်းမင်ယွဲ့က တက်ကြွစွာ ပြုံး၍ ပြောသည်။

လုရီက ပြုံးပြီး ဖိတ်ခေါ်လိုက်သည်။

"ငါတို့ ဝိုင်အရက်..သောက်ဖို့ ရှိသေးတယ်၊

ဂျူနီယာ ညီမလေး.. အတူပါဝင်ချင်လား"

သူ့စကားကို ကြားလိုက်ရသောအခါ

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ တောက်ပလာပြီး ရွှင်မြူးသော အသံဖြင့် တုံ့ပြန်သည်။

"ဟေး...ဟုတ်ပြီကွ"

လျိုနင်ရွှမ်းသည် ပျော်ရွှင်နေသော

သုန်းကုန်းမင်ယွဲ့ကို မျက်လုံး ဝေ့၍ ကြည့်ကာ သူမ၏ အမူအရာမှာ ပို၍ပင် ငြိမ်သက်လာလေသည်။

လုရီက သူမတို့ကို ဂူအိမ်ကြီးထဲကို ခေါ်သွားပြီး ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာတွေကို တည်ခင်းပေးလိုက်လေသည်။

ဤရက်များတွင် လုရီသည် စစ်ဆေးရေး မျှော်စင် ရှိ နတ်ဘုရား အသွင် ပြောင်း အဆင့် အထပ်သို့ တက်နိုင်ခဲ့သည် ဖြစ်ရာ သဘာဝအတိုင်း ဆုများစွာကို ရရှိခဲ့သည်။

ဝိဉာဉ် ဝိုင် ချက်နည်းများအတွက် လုရီသည် အမျိုးအစား နှစ်မျိုးကို ရရှိခဲ့လေ၏။ တစ်မျိုးမှာ အခြေတည် ဝိဉာဉ် နယ်ပယ်အဆင့် အနီရောင် မီးတောက် ဝိုင် ဖြစ်ပြီး မီး နယ်ပယ်၏ နားလည်နိုင်စွမ်းကို မြန်ဆန်စေသည်။ ၎င်းက အလွန် အဖိုးတန်ပြီး အစွမ်းထက်လေ၏။ ဤဝိုင်ဖြင့် မိီးနယ်ပယ်တွင် လက်တွေ့ လေ့ကျင့်ဖော် မရှိသော်လည်း၊ လုရီသည် မီးနယ်ပယ်ကိုပင် နားလည်ခဲ့ပြီး ၎င်းကို သုံးဆယ့်ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သည်။

နောက်တစ်ခုကတော့ စိတ်ကို ရှင်းစေပြီး

ငြိမ်သက် အေးချမ်းမှု ရစေကာ နှလုံးသားနတ်ဆိုးများကိုတောင် ဖယ်ရှားပေးနိုင်သည့်

နတ်ဘုရား အသွင် ပြောင်း နယ်ပယ် အတွက် အဖိုးတန် ဝိညာဉ်ဝိုင် ဖြစ်သော မင်ရှင်း ဝိုင်ပင်။

၎င်းကလည်း အလွန် အဖိုးတန်သော ဝိုင်တစ်မျိုး ဖြစ်ပါသည်။

အားလုံးသိကြသည့်အတိုင်း ..နှလုံးသားနတ်ဆိုးသည် အင်မော်တယ် ခရီးသို့ လျှောက်လှမ်းသော ကျင့်ကြံမှု လမ်းကြောင်းပေါ်တွင် ကျင့်ကြံသူ

အများအပြား ရင်ဆိုင်ရမည့် အရာ ဖြစ်ပါသည်။ စင်စစ်မှာတော့ မိမိတို့၏ အတွင်းစိတ်နှလုံးကို

မဆန့်ကျင်ဘဲ၊ ရေကဲ့သို့ ငြိမ်သက်သော နှလုံးသားဖြင့် သူတို့၏ နှလုံးသားနောက်သို့ အမှန်တကယ် လိုက်နိုင်သူ အလွန် နည်းပါးသည်။

အထူးသဖြင့် နတ်ဘုရား အသွင် ပြောင်း နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ဖြတ်ကျော်ခြင်းတွင် နှလုံးသား နတ်ဆိုး ဘေးဒဏ်ကို ရင်ဆိုင်ရမည် ဖြစ်လေသည်။

လူတစ်ယောက်၏ စိတ်အခြေအနေက ခိုင်လုံမှုမရှိလျှင် နှလုံးသားနတ်ဆိုးကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ပါချေ။

ထိုသို့ ဖြစ်လေရာ ဤမင်ရှင်းဝိုင်သည် မည်မျှ တန်ဖိုး ရှိသည်ကို သိနိုင်မည် ထင်နိုင်ပါသည်။

ကံမကောင်းစွာပဲ မင်ရှင်းဝိုင်ကို ထိထိရောက်ရောက် ချက်လုပ်ရန် လုရီ၏ လက်ရှိကျင့်ကြံမှုအခြေခံသည် အလွန် နည်းပါးနေပြီး ကျရှုံးမှုနှုန်းမှာ အလွန်မြင့်မားပါသည်။ ယခု အဆင့် နှစ် သာရှိသေးပြီး သူသည် ယခင်က မင်ရှင်းဝိုင်အား

ထုတ်မပြခဲ့ပေ။ သူသည် အနီရောင် မီးတောက် ဝိုင်ကို တစ်ချိန်လုံး လေ့ကျင့်ခဲ့ပြီး ယခုအခါ အဆင့် ခြောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကံမကောင်းစွာနှင့်ပင် လျိုနင်ရွှမ်းမှာ မွေးရာပါရေခဲဝိညာဉ် ခန္ဓာကိုယ်ရှိတာကြောင့်ဖြစ်နိုင်တာကြောင့် သူမဟာ အနီရောင် မီးတောက် ဝိုင်ကို မကြိုက်ဘဲ ကျောက်စိမ်းဝိုင်ကို ဆက်လက်သောက်သုံးနေဆဲ ဖြစ်ပြီး သုန်းကုန်းမင်ယွဲ့ ကတော့ နှစ်မျိုးလုံးအား အနည်းငယ်စီ သောက်နိုင်ပါသည်။

ဝိဉာဉ်ဝိုင် ချက်နည်းအပြင် ဝိဉာဉ် အစားအစာ ချက်ပြုတ်နည်းများလည်း ရှိသည်။ ပုံမှန်အားဖြင့် ဝိဉာဉ် အစားအစာ ချက်ပြုတ်နည်းက ဝိဉာဉ်ဝိုင် ချက်နည်းများထက် ပိုများလေ၏။

လုရီ ရရှိခဲ့သော ဝိဉာဉ် အစားအစာ ချက်ပြုတ်နည်းများကတော့ ကျင့်စဉ် အဆင့်ကို မြှင့်တင်ပေးသည်။ ခန္ဓာကိုယ် သန့်စင်မှု နယ်ပယ်ကို မြှင့်တင်ပေးသည်။ အချို့ကတော့ ဝိညာဉ်စွမ်းအင်အား ပြန်လည် သိုလှောင်ပေးတတ်သော ..

စသည့် သမားရိုးကျ ချက်ပြုတ်နည်းများသာ ဖြစ်‌လေသည်။

နားလည်မှုကို မြှင့်တင်ပေးနိုင်သည့် ရွှေပိုးဝိဉာဉ် နှင်းစက် ခေါက်ဆွဲနှင့် နှိုင်းယှဉ်ပါက သဘာဝအတိုင်း ကွာဟချက် ကြီးကြီးမားမား ရှိနေပါသည်။

လုရီ နှင့် အခြားသူများ ဝိုင် အရက်သောက်ရင်း ရောက်တတ်ရာရာကလေးများ ..ပြောဆိုနေကြရင်းမှ...သူက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မိုးကြိုးပုလဲကို ထုတ်ကာ

"ဂျူနီယာ ညီမလေး၊ မင်းရဲ့ စီနီယာ အစ်ကိုက အရင်က ဒီ မိုးကြိုး ဝိဥာဉ် ပုလဲကို ကံကောင်းစွာရခဲ့တာ ...အခုတော့ မင်း ပိုင်သွားပြီ" ဟုပြုံး၍ ...ပြောလိုက်လေသည်။

သူ့ညီမငယ်၏ ကျင့်စဉ်အဆင့်သည် နှေးကွေးလွန်းသဖြင့် ရွှေအူတိုင် နယ်မြေသို့ ရောက်ခဲ့သော်လည်း အနည်းငယ် ချို့တဲ့နေသေးသည်။

သူမသည် အခြေတည်ဝိဉာဉ် နယ်ပယ် သို့ တက်လာသောအခါမှသာ သူ့အတွက် လက်ခံလာနိုင်မည် ဖြစ်သည်။

လုရီ ထိုသို့ ပြောဆိုနေစဉ်တွင် ဂူအိမ်ကြီး တိတ်ဆိတ်သွားပြီး သုန်းကုန်းမင်ယွဲ့၏ အရောင်လဲ့နေသော မျက်လုံးရွဲကြီးများ ပြူးကျယ်လာပြီး မိုးကြိုးဝိညာဉ်ပုလဲကို တအံ့တဩ.. ကြည့်နေလေသည်။

တဆက်တည်း၌..ဝိုင်ခွက်ကို ကိုင်ထားသော လျိုနင်ရွှမ်း၏ လက်များ ရပ်တန့်သွားပြီး လုရီ၏ လက်ထဲက မိုးကြိုး ဝိဥာဉ်ပုလဲကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏အမူအရာက အလွန် တည်ငြိမ်သွားပါသည်။

အခန်း ၂၂၈- စီနီယာအစ်မနဲ့ ဂျူနီယာ ညီမလေးတို့ကြား ရွေးချယ်မှုတစ်ခု လုပ်ပါ...

~သုန်းကုန်းမင်ယွဲ့ က မယုံကြည်နိုင်သည့် ဟန်ဖြင့် မျက်လုံးကို ပုတ်ခတ်လိုက်ပြီး မေးသည်။

"စီနီယာ အစ်ကို၊ နင် ငါ့ကို မိုးကြိုး ဝိဉာဥ်ပုလဲကို တကယ်ပေးမှာလား။"

လုရီက ခေါင်းညိတ်ပြီး ပြုံးကာ

"ဟုတ်ပါတယ်၊ မင်းမှာ မိုးကြိုးဝိဥာဉ် ခန္ဓာရှိတာလေ၊ ဒါကြောင့် မိုးကြိုးဝိဥာဉ် ပုလဲက မင်းအတွက် အသုံးအဝင်ဆုံးဖြစ်လိမ့်မယ်။ ဒီမိုးကြိုးဝိဥာဉ်ပုလဲကြောင့် မင်းရဲ့အယူအဆကိုလည်း မြန်မြန်ဆန်ဆန် တိုးတက်စေနိုင်တယ်။"

ရွှေအူတိုင် နယ်ပယ်သို့ ဖြတ်ကျော်ပြီးနောက်၊ သုန်းကုန်းမင်ယွဲ့သည် မကြာမီ မိုးကြိုးစိတ်ဆန္ဒ နယ်ပယ်ကို နားလည်ခဲ့သော်လည်း မိုးကြိုးစိတ်ဆန္ဒ နယ်ပယ် တွင် တိုးတက်မှုနှုန်းသည် အလွန်နှေးကွေးသည်။ တစ်ဆယ် ရာခိုင်နှုန်းပင် မပြည့်သေးပါ။

"ဒါပေမယ့် ဒီမိုးကြိုးဝိညာဉ်ပုလဲက တန်ဖိုးရှိလွန်းတယ်။"

သုန်းကုန်းမင်ယွဲ့သည် မိုးကြိုးဝိဥာဉ်ပုလဲကို သဘာဝအတိုင်း အလိုရှိသော်လည်း အလွန် တန်ဖိုးရှိနေသည့်အတွက် ၎င်းကို ယူရန် မဝံ့ရဲပါ။

ထိုအခါ လုရီက ခေါင်းခါပြီး ပေါ့ပေါ့ပါးပါးရယ်ရင်း

"မင်း ကြိုးကြိုးစားစား ကျင့်ကြံပြီး မင်းရဲ့ ကျင့်စဉ် အဆင့်ကို မြန်မြန်ဆန်ဆန် မြှင့်တင်နေသရွေ့ ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ ၊ ငါက မင်းကို ပေးချင်တယ်"

"စီနီယာ အစ်ကို..."

သုန်းကုန်းမင်ယွဲ့၏ ကြည်လင်သောမျက်လုံးများသည် အနီရောင် အရိပ်ကလေး ယှက်သန်းလာပြီး လေးလေးနက်နက် လှုပ်ရှားသွားသည်။ သူမသည် မည်သို့ တွေးနေမှန်း မသိရအောင်

လုရီအား အကြောင်သား ငေးနေသည်။

ထိုအခါ လုရီက ပြုံးပြီး

"လာ၊ ယူလိုက်ပါ။ မင်းရဲ့ စီနီယာ အစ်မကိုလည်း ရေခဲ ဝိဥာဉ်ပုလဲ ပေးခဲ့တယ်"

သုန်းကုန်းမင်ယွဲ့ : "???"

ဒါကို ကြားတော့ သုန်းကုန်းမင်ယွဲ့ အမူအရာက ရုတ်တရက် တင်းမာသွား၏။

သူမသည် လုရီကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကာ

" စီနီယာ အစ်မကိုလည်း ရေခဲဝိညာဉ်ပုလဲ ပေးခဲ့တာလား"

လုရီ၏ စကားကြောင့် သုန်းကုန်းမင်ယွဲ့ အံ့အားသင့်ရုံသာမက လျိုနင်ရွှမ်း၏ တည်ငြိမ်သော မျက်နှာသည်လည်း အနည်းငယ် လှုပ်ခတ်သွားကာာ လုရီ ကို အသိရခက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုစဉ်..လုရီက ပြုံးပြီး ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်၊ မင်းနဲ့ စိီနီယာအစ်မ နှစ်ယောက်လုံး ငါ့အတွက် အရမ်း အရေးကြီးတယ်။ ငါ့မှာ ကောင်းကင်နဲ့ မြေကြီးရတနာတွေ ရှိတယ်ဆိုတော့ မင်းတို့နှစ်ယောက်လုံးအတွက် ငါက သဘာဝအတိုင်း တွန့်တိုနေမှာ မဟုတ်ဘူး။"

လုရီ၏ စကားကို ကြားတော့ ပတ်ဝန်းကျင်သည် အနည်းငယ် တိတ်ဆိတ်သွား၍ သုန်းကုန်းမင်ယွဲ့ က လျိုနင်ရွှမ်းကို တစ်ချက် ကြည့်လိုက်ပြီး

လျိုနင်ရွှမ်းကလည်း သူမအား ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ထူးခြားသော အမူအရာများ ရှိနေသည်။

သုန်းကုန်းမင်ယွဲ့ က သူမ၏ ပါးနှစ်ဖက်ကိုဖောင်းကားလိုက်ကာ လုရီ ပေးအပ်လိုက်သော မိုးကြိုးဝိညာဉ် ပုလဲကို ယူလိုက်ပြီး ပြောလာသည်။

"စီနီယာ အစ်မမှာလည်း တစ်ခု ရှိပြီဆိုတော့ ငါလည်း မယဉ်ကျေးတော့ပါဘူး"

သုန်းကုန်းမင်ယွဲ့ သည် မိုးကြိုးဝိညာဉ်ပုလဲကိုလက်ခံသည်ကို မြင်တော့ လုရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီနည်းနဲ့ မင်းနှစ်ယောက်လုံး မင်းရဲ့ခွန်အားကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်ပြီး၊ ပြီးတော့ ငါတို့အတူတကွ အင်မော်တယ် လမ်းကို ဆက် လျှောက်နိုင်တယ်။" လုရီ အလွန် ပျော်သွားသည်။

ထိုအခါ.. သုန်းကုန်းမင်ယွဲ့ နှင့် လျိုနင်ရွှမ်း နှစ်ယောက်စလုံး ခေတ္တရပ်ပြီးနောက် အကြည့်ချင်းဖလှယ်ကြသည်။

လျိုနင်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး

ပါးစပ်ဖွင့်လိုက်သည်။

"ဂျူနီယာ မောင်လေး၊ ငါတို့ကို သိပ်အဝေးကြီး နောက်မချန်ခဲ့ပါနဲ့"

သုန်းကုန်းမင်ယွဲ့ က သူမ၏ ခါးပေါ်

လက်ထောက်ပြီး ယုံကြည်ချက် ရှိစွာ ပြောသည်။

"ဒီမမလေးက ထူးထူးခြားခြား ထက်မြက်ပြီး ကြိုးကြိုးစားစား လေ့ကျင့်မှာပါ၊ စီနီယာတွေထက် နောက်မကျစေရဘူးလို့ ကတိပေးတယ်"

လုရီ အင်မတန် ကျေနပ်သွား၏။

ယခုလိုနည်းနှင့် နောက်ပိုင်းမှာ အရင်းအမြစ်တွေ ပိုရလာသော အခါ စီနီယာ အစ်မနှင့် ဂျူနီယာညီမလေးကို ပေးနိုင်ပါသည်။ သူတို့၏ ခွန်အားများ တိုးတက်လာသည် နှင့်အမျှ ၎င်းတို့နှင့် လေ့ကျင့်မှုမှ ရရှိသော ဆုလာဘ်များလည်း တိုးလာမည်ဖြစ်ပြီး၊ ထို့နောက်တွင် သူ၏ အင်အားလည်း တိုးလာမည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူ၏ စီနီယာ အစ်မနှင့် ဂျူနီယာ ညီမလေးတို့ကို ကျင့်ကြံရန် အရင်းအနှီးများများထုတ်နိုင်လိမ့်မည်။

ဤသည်မှာ အကျိုးများသော စက်ဝိုင်းပုံစံ လည်ပတ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုရီသည် သူ့လက်ထဲတွင်ရှိသည့် အခြားသော ဝိညာဉ်ပုလဲများ ဖြစ်သည့် ရေဝိညာဉ်ပုလဲ တစ်လုံး၊ သစ်သားဝိညာဉ်ပုလဲတစ်လုံး၊ လေဝိဥာဉ်ပုလဲ တစ်လုံးအားလည်း

မည်ကဲ့သို့ လုပ်ဆောင်ရမည် ဆိုသည်ကို တွေးနေမိသည်။

ရေဝိညာဉ်ပုလဲ အား ကျန့်ဖန်သည် စစ်ဆေးမှု ရေဝိညာဉ် ခန္ဓာဖြစ်သောကြောင့် မူလက စီနီယာအစ်ကို ကျန့်ဖန် အား ပေးစွမ်းနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူနှင့် ပိုင်ယွီလုံ ၊ ထျဲ့မန် တို့သည် ပြင်ပ အတွေ့အကြုံအတွက် ထွက်သွားခဲ့ပြီး နှစ်ပေါင်းများစွာကြာ ပြန်မလာသေးပေ။ သူတို့သည် ယခု အဘယ် နေရာကို

လှည့်လည်သွားနေမှန်း သူ မသိပါချေ။

သစ်သားဝိညာဥ်ပုလဲအတွက်...

လုရီ၏ မျက်လုံးများ တောက်ပလာကာ ခေါင်းထဲတွင် ရုတ်တရက် ယွင်ရှီးကို တွေးမိလာသည်။

သူမသည် သစ်သား ဒြပ်စင်နှင့် သက်ဆိုင်သည့် ပန်းတစ်သောင်း ဝိညာဉ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် သစ်သား ဝိဉာဉ် ပုလဲသည် သူမအတွက် အလွန် အသုံးဝင်နိုင်မည် ဖြစ်သည်။

လေဝိဥာဉ်ပုလဲနှင့် ပတ်သက်၍... လုရီသည် လေအခြေပြု တာအို စွမ်းရည်ဖြင့် ကျင့်ကြံသူ မည်သူကိုမျှ မသိခဲ့ဘဲ ၎င်းကို ပြန်စဉ်းစားပြီးနောက် သင့်လျော်သော့လူကို ရှာမတွေ့ခဲ့သဖြင့် ၎င်းကို သူ့ဘာသာ သိမ်းဆည်းထားခဲ့ရသည်။

နောက်ပိုင်းမှာ သူတို့ သုံးယောက် ဝိုင်သောက်ပြီး တာအိုကို ဆွေးနွေးကြပြီး စကားစမြည်ပြောကြပါသည်။

သိပ်မကြာခင်မှာပဲ သုန်းကုန်းမင်ယွဲ့၏ လှပသောမျက်နှာဟာ အနည်းငယ်နီမြန်းသွားပြီး၊ သူမသည် မူးလာပြီး လုရီ၏ ပခုံးကို မှီကာ သူမ၏ ထွက်သက်မှ ဝိုင်အရက်နံ့သင်းသင်း ရလာလေလိုက်သည်။ သူမအား လျိုနင်ရွှမ်း မှ ဝိညာဉ်စွမ်းအင်များ သန့်စင်ရန် ကျင့်ကြံခန်းသို့ ပို့ဆောင်ခဲ့သည်။

လုရီ နှင့် လျိုနင်ရွှမ်း တို့သည် တုန်းကုန်းမင်ယွဲ့ သန့်စင်မှု မပြီးမချင်း အချိန်အတော်ကြာအောင် သောက်ခဲ့ကြသည်။

ထို့နောက် သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့က နှုတ်ဆက်ကြပြီး လုရီ၏ ဂူအိမ်မှ ထွက်ခွာသွားကြသည်။

လုရီသည် ကျင့်ကြံအခန်းသို့ ပြန်လာပြီး စိတ်အေးလက်အေး ခံစားလိုက်ရသည်။

ခက်ခက်ခဲခဲ ကျင့်ကြံပြီးသည့် နောက်မှာ အပန်းဖြေဖို့ အဖော် နှစ်ယောက်နှင့် စကားစမြည်ပြောရတာ အလွန် ကောင်းပါသည်။

အထူးသဖြင့် သူမတို့နှစ်ဦးသည် အတော်ကလေး လှပသော မိန်းကလေးများ ဖြစ်သောကြောင့် ပါပဲ။

ခေတ္တ အနားယူပြီးနောက် လုရီသည် ဆက်လက်၍ ကျင့်ကြံခဲ့သည်။

...

လုရီ ကျင့်ကြံနေသည့် အချိန်က ညအချိန်ပင် ရောက်လာ၏။

ရုတ်တရက် တံခါးအပြင်ဘက်မှ

သုန်းကုန်းမင်ယွဲ့ ၏ ချိုလွင်သော အသံ စူးစူးကို ကြားလိုက်ရသည်။

"စီနီယာအစ်ကို၊ မြန်မြန် ထွက်လာပါ"

လုရီ အံ့အားသင့်သွား၏။

သုန်းကုန်းမင်ယွဲ့ သည် မကြာသေးမီကမှ ထွက်ခွာသွားခဲ့သည် လေ။

သူမ ဘယ်လို မြန်မြန် ပြန်ရောက်လာတာလဲ။

သူသည် ဂူအိမ်ကြီး၏ အဝင်ဝသို့ သွားကာ တံခါးကို ဖွင့်လိုက်ပြီးနောက် အပြင်တွင် ရပ်နေသော သုန်းကုန်းမင်ယွဲ့ကို တွေ့လိုက်ရသည်။

ည သည် အေးမြနေပြီး ကေင်းကင်ယံ၌

ငွေရောင်လက ဖြန်းပက်နေကာ

သုန်းကုန်းမင်ယွဲ့၏ လှပသော မျက်နှာကို ငွေရောင်အလွှာဖြင့် ခြုံလွှမ်းသွားစေကာ လျှို့ဝှက် ဆန်းကြယ်မှုကို ပေး၏။

သုန်းကုန်းမင်ယွဲ့၏ အကြည့်များသည် အနည်းငယ် မငြိမ်မသက် ဖြစ်နေပြီး လုရီက တံခါးကို ဖွင့်လိုက်သောအခါ သူမ၏ ကိုယ်လေး..

တောင့်တင်းသွားကာ.. လုရီကို ကြည့်လိုက်သည်။

လုရီက

"ဂျူနီယာ ညီမလေး.. တစ်ခုခု ဖြစ်လို့လား။ မင်းရဲ့ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးစရာ ရှိသလား"

လုရီ၏ ထိုသို့ စိုးရိမ် ပူပန်နေသော အမူအရာကိုမြင်လိုက်ရသဖြင့် သုန်းကုန်းမင်ယွဲ့သည် မျက်တောင်များ ပုတ်ခတ်လိုက်ပြီး မနေနိုင်ဘဲ

အနည်းငယ် ပြုံလိုက်ပြီး သူမ၏ မျက်ဝန်းများအား လုရီထံမှ ဘေးသို့ အနည်းငယ် ရွှေ့ကာ ခရမ်းရောင် အိတ်ကလေး တစ်လုံးကို ထုတ်ယူကာ လုရီအား ပေးလိုက်သည်။

"စီနီယာအစ်ကိုက နင့်ရဲ့ ဂျူနီယာ ညီမလေးအတွက် အများကြီးလုပ်ပေးခဲ့တယ်၊ ဒါပေမယ့် နင့်အတွက် ဒီညီမလေးက အများကြီး ပြန်ပေးနိုင်တဲ့ စွမ်းအား မရှိပါဘူး။ ဒီနံ့သာပေါင်းအိတ်က... သုန်းကုန်း မိသားစုရဲ့ ရိုးရာဓလေ့ တစ်ခုပါ၊ ဒီအိတ်လေးက ပျော်ရွှင်မှုနဲ့ ကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပေးတယ်။ ငါ ပြန်သွားတုန်းက ဒါကို လုပ်ခဲ့တာ၊ ဒီအမွှေးအိတ်လေးကို နင့်ကို ပေးချင်တယ် စီနီယာ အစ်ကို"

လုရီ အံ့အားသင့်သွားပြီးနောက် လှိုက်ခနဲ နွေးထွေးသွားသည်။ သုန်းကုန်းမင်ယွဲ့ က သူ့ကို ယခုလိုမျိုး လက်ဆောင် ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

အမွှေးအိတ်ကို ယူ၍ ကြည့်လိုက်၏။ ၎င်းကို ခရမ်းရောင် ပိုးထည်ဖြင့် ပြုလုပ်ထားပြီး ၎င်းတွင် လှပသော 'ရီ' စာလုံးကို ရေးခြယ်ထားကာ သုန်းကုန်းမင်ယွဲ့ ၏ကိုယ်ခန္ဓာနှင့် တူညီသည့် မှိန်ဖျော့ဖျော့ မွှေးရနံ့လေး..ထုတ်လွှတ်နေသည်။

All Chapters