အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း၂၃၅- ငါက ပထမပေါ့...
~ ...ဒီကောင်မလေးးက သူ ဘာပြောနေမှန်းတောင် သိရဲ့လား...
"မဟုတ်သေးဘူး..."
လုရီ က သူ့နဖူးကို ပွတ်သပ်ပြီး ထုံကျင်စွာ ခံစားလိုက်ရပြီး ယွင်ရှီးကိုကြည့်ရင်း
"ယွင်ရှီး၊ ငါဆိုလိုတာက အဲ့လို မဟုတ်ဘူး၊ မင်းအတွက် အသုံးတည့်တဲ့အတွက် ဒီ
သစ်သားဝိဥာဉ် ပုလဲကို ပေးတာပါ"
ယွင်ရှီးက ပြုံးရင်း ခေါင်းညိတ်ပြကာ
"ယွင်ရှီးက လုရီရဲ့ ရည်ရွယ်ချက်ကို သဘာဝကျကျ နားလည်ပါတယ်။ ငါတို့ အတူတူ ခင်မင်လာတာ နှစ်အတော်ကြာနေပြီ၊ နင့်ရဲ့ စရိုက်ကို နားလည်မှု နည်းနည်းတော့ ရှိပါတယ်"
"ဒါဆို မင်းဘာလို့ ဒီလို ပြောတာလဲ။"
"မင်း ငါ့ကို သဘောကျနေတာလား...."
"သဘောကျတယ်။"
ယွင်ရှီး က ခေါင်းညိတ်လိုက်သည်။
လုရီ အံ့အားသင့်သွားပြီး ယွင်ရှီးကို ကြည့်ရင်း မျက်လုံးပြူးသွားကာ
"ဘာလဲ"
"ကြိုက်တယ်။"
ယွင်ရှီးက လုရီကို ထပ်ခါတလဲလဲ ကြည့်ရင်း
"နင်က အရမ်းထက်မြက်ပြီး ထူးထူးခြားခြား ရုပ်ရည် ချောမောတယ်။ အရေးအကြီးဆုံးကတော့ နင့်မှာ နူးညံ့သိမ်မွေ့ပြီး စာနာတတ်တဲ့ အကျင့်စရိုက်ရှိတယ်။ နင့်ရဲ့ခွန်အားက ငါ့ထက်သာလွန်ပေမယ့် ..ငါ့ကို စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးတယ်၊ သင်ပြပေးတယ်၊ ငါ့ခွန်အားကို မြှင့်တင်ပေးတယ်.. လုရီ...နင်က စံပြ တာအို လက်တွဲဖော်လို့ ပြောလို့ ရပါတယ်။"
လုရီက ယွင်ရှီး၏ ချီးကျူးစကားကြောင့် အနည်းငယ် ရှက်သွားပြီး ပြန်မေးလိုက်သည်။
"ဒါဆို ငါက ကောင်းတယ်ပေါ့.."
ထိုအခါ..ယွင်ရှီးသည် လှပသည့် မျက်တောင်ရှည်ကြီးများအား ပုတ်ခတ်လိုက်ပြီး လုရီကို ကြည့်ရင်း ပြန်ပြောလာသည်က
"ငါတို့ ပန်းတစ်သောင်း ဂိုဏ်းက ညီအစ်မတွေက နင့်အကြောင်းကို မကြာခဏ ပြောလေ့ရှိတယ် .. သူတို့သက်တမ်းရဲ့ အနှစ်တစ်ထောင်လောက် ကုန်ဆုံးရရင်တောင် နင့်ရဲ့ တာအို လက်တွဲဖော် ဖြစ်ဖို့ ဆန္ဒရှိနေမှာပါတဲ့..."
" ယွင်ရှီး ..မင်းက ချဲ့ကားလွန်းတယ်"
လုရီ သူမ၏စကားကြောင့် ရှက်သွားသည်။
ယွင်ရှီးက သူမ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး
"ချဲ့ကားမပြောဘူး..၊ ဂိုဏ်းထဲက ညီအစ်မတွေအားလုံးက ငါက နင်နဲ့ အရင်းနှီးဆုံးမို့လို့ ငါ့ကို
မနာလိုဖြစ်ကြသေးတယ်..သူတို့ နင့်ရဲ့သတင်းကို ငါ့ဆီ.. မကြာခဏ မေးကြတယ်။"
လုရီ နည်းနည်းတော့ အံ့သြသွားသည်။
...အမ်..သူက တကယ်ပဲ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေတာလား...
သူက ယွင်ရှီးကို တစ်ချက်ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ယွင်ရှီး သည် အံ့သြဖွယ်ကောင်းလောက်အောင် လှပပြီး
ထူးကဲသည်။ အရည်အချင်းရှိပြီး အပြစ်ကင်းစင်င်သော သဘာဝ ရှိသည်။ သူမသည် တစ်ခါတစ်ရံတွင် အလွန်အမင်း တိုက်ရိုက်ပြောတတ်သော်လည်း အချိန်အကြာကြီး သိကျွမ်းခဲ့ပြီးနောက် ယွင်ရှီးအပေါ် သူက ခံစားချက်မရှိဟု
ပြောလျှင် လိမ်ရာ ကျပါလိမ့်မည်။ ၎င်းကို
မည်သည့် ယောက်ျားမဆို နားလည်နိုင်မည်ပင်။
လုရီ တစ်ခုခုကို တွေးပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
"ငါ့ကို ယွင်ရှီး ချစ်လာအောင် ကြိုးစားမယ်..."
[အလုပ်]
ယွင်ရှီးက သင့်ကို ချစ်လာအောင်လုပ်ပါ။
ဆုလာဘ်- ခုနစ်ဆယ် ရာခိုင်နှုန်း သဘာဝနယ်မြေ အယူအဆ၊ နတ်ဘုရားအသွင်ပြောင်းခြင်းပညာ " ကောင်းကင်ယံထက် ပန်းများ လွင့်ပျံသိုင်း"နှင့် ကောင်းကင်နှင့် မြေကြီး ရတနာ..'ကိုးရောင်ခြယ် ခေါင်းလောင်းပန်း'။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
လုရီသည် ထိုအလုပ်ကို လက်ခံလိုက်သည်။
ထို့နောက်တွင်၊ သူက မျှော်လင့်ချက်အနည်းငယ်ဖြင့် အလုပ် မျက်နှာပြင်ကို မျှော်လင့်တကြီး ကြည့်ခဲ့သော်လည်း ထို့နောက်တွင် သူ၏ အမူအရာမှာ အေးခဲသွားရသည်။
သောက်ကျိုးနည်း ..အလုပ် သည် ပြီး မြောက်သွားသည်ဟု မပြသလာပါ။
လုရီ၏ ခေါင်းထဲတွင်' ဘာကြောင့်လဲ' ဟူသော မေးခွန်းများဖြင့် မြည်ဟည်းနေတော့သည်။
သူ ယွင်ရှီးကို ကောင်းကောင်းသိသည်။ သူမက မလိမ်တတ်ပါ။
ယွင်ရှီး ထိုသို့ ထုတ်ပြောလိုက်ကတည်းက သူမသည် သူ့ကို ချစ်နေရမည် မဟုတ်ပါလော။
အဘယ်ကြောင့် အလုပ်ကို မပြီးမြောက်ခဲ့ရ
သနည်း။
ဖြစ်နိုင်တာက... အလုပ်က ချွတ်ယွင်းနေတာများလား...
ဒါမှမဟုတ် ယွင်ရှီးက သူ့ကို လှည့်စားနေတာလား။
လုရီသည် အမြဲတမ်း တည့်တိုးဆန်တတ်သော ယွင်ရှီးကို တစ်ချက် ခိုးကြည့်လိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားအဆင့်ဖြင့် ယွင်ရှီးသည် လိမ်ပြောပါက သူမ၏ ဝိဉာဉ် အတက်အကျ အနည်းငယ်အား ခန့်မှန်းနိုင်လေသည်။
ယခုမူ ပကတိ ငြိမ်သက်နေလေသည်။
ထို့အပြင်၊ ဆယ်နှစ်ကြာ ခင်မင်ပြီးနောက်လုရီ တစ်ယောက် ယွင်ရှီးကို ကောင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။
... ဒါဆို ဒီအလုပ် ရဲ့ ပြဿနာက အတိအကျ ဘယ်မှာလဲ။...
လုရီ သည် အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။
ယွင်ရှီးက သူ၏ ထူးဆန်းသောအမူအရာကို
မြင်လျှင် မျက်တောင်များ ပုတ်ခတ်ပြီး သူမ ခေါင်းကို စောင်းကာ မေးလာသည်။
"လုရီ.. ဘာဖြစ်လို့လဲ..."
လုရီက သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်စေလိုက်ပြီး ခေါင်းယမ်းကာ
"ဘာမှမဟုတ်ပါဘူး၊ နည်းနည်းတော့ အံ့သြသွားတာပေါ့။ မင်း.. ငါ့ကို တကယ်ချစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"
ထိုအခါ ယွင်ရှီးက သူမခေါင်းကို ခါယမ်းလိုက်ပြီး
"ငါကတော့ လုံးဝ မအံ့သြပါဘူး။ လုရီ..နင်က အရမ်း ဆွဲဆောင်မှု ရှိတော့ လူတစ်ယောက်ကို ကြိုက်မိသွားဖို့ လွယ်ကူစေတာပဲဟာ..."
လုရီ: "..."
ဤကောင်မလေးယွင်ရှီးက ယခုလို ချစ်ခြင်းမေတ္တာကို အရမ်း ရိုးရိုးရှင်းရှင်း ပြောနေတော့သည်။
ဒါက အလွန် အရေထူသလို ခံစားရပြီး သူ့အား သူမနှင့် လိုက်မမီနိုင် ဖြစ်စေသည်။
လုရီရင်ထံ.. ယွင်ရှီးနှင့် တာအို စုံတွဲတွေ ဖြစ်လာရတာ သိပ်တော့ မဆိုးပါဟု တွေးလိုက်မိသည်။
ထိုအခိုက်အတန့်မှာပဲ သူ့စီနီယာအစ်မနှင့်
ဂျူနီယာ ညီမကို သတိရသွားတော့သည်။
လုရီ တုံ့ဆိုင်းသွားသည်။
ယခုအခါက အခြား မိန်းကလေးများအကြောင်း ပြောဖို့က အနည်းငယ် မသင့်လျော်တာ မဟုတ်ပါလား။
သို့ရာတွင်၊ ၎င်းကို ထိမ်ချန်မထားလိုပါ။
မဟုတ်လျှင် သူက ယွင်ရှီးအား ထာဝရ လှည့်စားရာ ကျချေရော့မည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူက လေးနက်သော မျက်နှာထားဖြင့်ပြောလိုက်သည်မှာ...
"ယွင်ရှီး၊ ငါ မင်းနဲ့ တာအို စုံတွဲတွေ ဖြစ်ချင်တယ်၊ ဒါပေမယ့် ငါ့ရဲ့စီနီယာအစ်မနဲ့
ဂျူနီယာတွေနဲ့လည်း တာအို စုံတွဲတွေ ဖြစ်ချင်တယ်"
သူပြောလိုက်သည့် အခိုက်တွင် လုရီသည် သူ့ကိုယ်သူ ပြီးပြည့်စုံသော လူယုတ်မာ
တစ်ယောက်လို ခံစားလိုက်ရသည်။
လုရီသူ့ စိတ်ထဲမှာ သူ့ကိုယ်သူ လက်ခလယ်တိတ်တဆိတ် ပေးလိုက်မိသည်။
မိစ္ဆာကောင်!!
ယွင်ရှီးသည်လည်း အေးခဲသွားပုံ ရပြီး သူ့အား တိတ်တိတ်ဆိတ်ဆိတ် တည့်တည့် စိုက်ကြည့် နေရာ လုရီ အနည်းငယ် ရှက်ရွံ့သွားသည်။
သိပ်မကြာခင်မှာပဲ ယွင်ရှီးက
"လုရီ..နင်က ပွင့်လင်းလွန်းတယ်၊ ငါ ဒါကို
မမျှော်လင့်ထားဘူး.. ရိုးရိုးသားသားပြောရရင် ငါ နည်းနည်းတော့ စိတ်ဆိုးမိတယ်"
ထိုအခါ လုရီသည် သူ့အရှက်ကို ဖုံးကွယ်ကာ ဝိုင်ခွက်ကို မော့သောက်လိုက်သည် ။
သူက ပေါ့ပေါ့ပါးပါး ရယ်မောပြီး
ဘာပဲဖြစ်ဖြစ် ငါ မင်းကို မလှည့်စားချင်လို့ပါ..
ယွင်ရှီးရာ.."
သူ့ထုတ်ဖော်မှုကြောင့် ယွင်ရှီးက ရယ်ကာ
ဆက်ပြောလာသည်။
"လုရီ နင်ကတော့.. ငါ တွေးထားသလိုပါပဲ၊ဒါကို ငါ သိတာပေါ့.."
လုရီ: "..."
သူ့ပါးစပ်က အနည်းငယ် လှုပ်ယမ်းသွားပြီး
"မင်း သိနေတာလား"
"ငါတို့ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တာ ငါ အဲ့ဒါကို နည်းနည်းတော့ ခံစားလို့ ရတယ်။"
ယွင်ရှီးက ပြုံးပြီး ဆက်၍ ပြောလာသည်။
"မိန်းမတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်က အရမ်းထက်မြက်တယ် နော်။ ငါတင်မကဘူး၊ သုန်းကုန်းမင်ယွဲ့နဲ့ လျိုနင်ရွှမ်း လည်း အပြန်အလှန် သိ နေနိုင်တယ်။"
လုရီ: "???"
..လခွမ်း..၊ သူ့ရဲ့စီနီယာအစ်မနဲ့
ဂျူနီယာညီမလေး နှစ်ယောက်လုံး ဒီအကြောင်းကို သိနေတာလား။
..စောစောက ထုတ် ပြောလိုက်တာ ကောင်းပါတယ်။ မဟုတ်ရင် သူ တော်တော် စိတ်မသက်မသာ ခံစားနေရတော့မှာလေ။..
လုရီ ယွင်ရှီးကို စူးစူးစိုက်စိုက် ကြည့်ရင်း "မေးလိုက်၏။
"ဒါဆို မင်း သဘောတူမှာလား.."
ယွင်ရှီးက လုရီအား အားကိုးရာမဲ့ အကြည့်ဖြင့်
"လုရီ ၊ ဒီလိုမျိုး မေးတာက ငါ့ကို တော်တော်
မပျော်ရွှင်စေဘူး နော် "
လုရီ ကူကယ်ရာမဲ့ ရယ်မောရင်း
"ငါလည်း ဘာပြောရမှန်းကို မသိတော့ဘူး၊ ဒါကြောင့် တည့်တည့်ပဲ ပြောလိုက်တယ်။ ဂျူနီယာညီမနဲ့ စီနီယာ အစ်မတို့ကိုလည်း စကားပြောပြီးသွားပြီ။"
ထိုအခိုက်အတန့်မှာ ယွင်ရှီးသည် အမှန်တကယ်အံ့အားသင့်သွားသည်။
လုရီကို ကြည့်ရင်း စူးစမ်းချင်စိတ်ဖြင့် မျက်လုံး ကလေးများ လက်လာရင်း မေးလိုက်လေ၏။
"ဒါဆို သူတို့နှစ်ယောက် ဘယ်လိုတုံ့ပြန်ခဲ့လဲ"
လုရီ ခဏလောက်စဉ်းစားပြီး
"ငါ့ကို အဖြေ မပေးသေးပေမယ့် နှစ်ယောက်စလုံးက ငါ့ကို အမွှေးအိတ် ကလေး တစ်အိတ်စီ ပေးထားတယ်" ဟု ပြောလိုက်လေသည်။
အခန်း ၂၃၆- ငါက ပထမပေါ့...
~ လုရီသည် လည်ပင်းမှ ဆွဲထားသော အမွှေးအိတ်ကို ချွတ်ယူကာ ယွင်ရှီးအား ပြသခဲ့သည်။
ယွင်ရှီး၏ အကြည့်များသည် အနည်းငယ်
တုန်လှုပ်သွားပြီးနောက် သူမ ရယ်မောကာ ခေါင်းညိတ်လိုက်သည်။
"လုရီ..ငါ့ကိစ္စအတွက် ညီမ မင်ယွဲ့ နဲ့အစ်မ
နင်ရွှမ်းကို ပြောပြမှာလား.."
လုရီက ခေါင်းညိတ်ပြီး အတည်ပြုသည်။
"ဒါပေါ့ ၊ပြောပြမှာပါ"
အမှန်တော့ သူ အတော်လေး အခက်တွေ့နေရသည်။
...သူသာ သူမတို့ကို ပြောပြရင် ဂျူနီယာညီမနဲ့ စီနီယာ အစ်မ ပေါက်ကွဲသွားနိုင်တယ်လေ... ဟုတ်တယ် မဟုတ်လား။
ဒါပေမယ့် သူ သူတို့ကို မပြောဘူးဆိုရင် သူတို့နှစ်ယောက်နဲ့ ယွင်ရှီး အတွက်လည်း ပိုမတရားဘူး လေ။ ...
လုရီ တွေးတောရင်း ကူကယ်ရာမဲ့ ဖြစ်နေ၏။
သူသည် ဤကိစ္စကို ဖန်တီးသူ ဖြစ်သောကြောင့်ဤကိစ္စကို တာဝန် ယူရမည်ဟု ခံစားခဲ့ရသည်။
ယွင်ရှီးက အနည်းငယ် ပြုံးလိုက်ပြီး
"ဒါဆို ငါ နင့်ကို ကတိပေးတယ်"
လုရီ အံ့အားသင့်သွားပြီး
"တကယ်လား"
"ဟုတ်တယ်"
ယွင်ရှီးက သူမ မျက်နှာပေါ်မှ ကျဆင်းနေသော ဆံပင်တွေကို လက်ဖြင့် သပ်လိုက်သည်။
ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော မိန်းကလေးဖြစ်သော်လည်း သူမ မျက်နှာတွင် နီရဲရဲ ရှက်သွေးဖြာနေသော အရိပ်အယောင်များ ပေါ်လွင်နေသေးသော်လည်း...သူမက
"ဟုတ်ပါတယ်၊ နင် သူတို့ကို အရင် ပြောပြပြီးမှပေါ့.." ဟု တိုက်ရိုက် ပြောခဲ့သည်။
"အင်း..သိပါပြီ"
ထို့နောက် လုရီက တစ်ခုခုကို စဉ်းစားမိသွားပြီး သစ်သားဝိညာဉ် ပုလဲကို ယွင်ရှီးအား လက်ကမ်းပေးလိုက်သည်။
"ဒီသစ်သားဝိဥာဉ် ပုလဲကို အခု ယူသွားပါ။"
ယွင်ရှီးက ခေတ္တရပ်ပြီး လုရီကို ကြည့်ရင်း ရယ်မောကာ...
"လုရီ၊ ငါ နင့်ရဲ့ တာအို စုံတွဲဖြစ်တဲ့အခါမှ
ဒီသစ်သား ဝိဥာဉ်ပုလဲကို ပေးနိုင်တာပဲ။ နင့်အတွက် ငါ အခု ကတိမတည်နိုင်သေးဘူး"
လုရီက ပြုံးပြီး...
"ယွင်ရှီး၊ မင်း နားလည်မှု လွဲနေတယ်။ မင်း ငါ့ကို ကတိ မပေးရင်တောင် ဒီသစ်သားဝိညာဉ်ပုလဲကို မင်းကို ပေးမှာပါ။ ငါ.. မင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ပေးနေတာ၊ ငါ့အတွက် အသုံးမဝင်ဘူး။ မင်းကို ပေးလိုက်တော့ ဒီပုလဲကို ဖုန်မှုန့်ထဲမှာ မမြှုပ်ထားရတော့တာပေါ့ကွာ.."
ထိုအခိုက်အတန့်မှာ..ယွင်ရှီးသည် လုရီကို မမှိတ်မသုန် ကြည့်နေကာ ခဏမျှ ငြိမ်သက်သွားပြီးနောက်မှာတော့ အနည်းငယ် ခေါင်းညိတ်လိုက်ကာ သစ်သားဝိညာဉ်ပုလဲကို လှမ်းယူလိုက်သည်။
"ဒါဆို ယွင်ရှီး.. လုရီကို ကျေးဇူးတင်ပါတယ်..."
"စကားမစပ်၊ လုရီ..ယွင်ရှီးလည်း နင့်အတွက် လက်ဆောင် တစ်ခု ရှိတယ် ။"
ယွင်ရှီးက မခို့တရို့ ပြုံးကာ ပြောလိုက်သည်။
လုရီက ယွင်ရှီးကို ပဟေဌိ ဖြစ်စွာ ကြည့်ပြီး
"ဘာလက်ဆောင်လဲ"
ထိုအခိုက်အတန့်တွင် ..ယွင်ရှီးက ကိုယ်ကို ကိုင်းကာ လုရီ၏ လည်ပင်းတွင် သူမ လက်များအား ရစ်ပတ်ပြီးနောက် လုရီမှာ သူ့ကိုယ်သူ
ယွင်ရှီး၏ လှပသော မျက်နှာနှင့် နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ နူးညံ့သော ပန်းရနံ့က သူ့ကို ဖုံးလွှမ်းသွားပြီး သူ့နှုတ်ခမ်းပေါ်မှာ နူးညံ့ သိမ်မွေ့သော အထိအတွေ့ကို ခံစားလိုက်ရ လေသည်။
ထို ခံစားချက်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ယွင်ရှီးက ပြန်၍ ထိုင်ကာ...သူမမျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး ပြောလာသည်က...
"ဒါက လက်ဆောင်ပဲ"
...
လုရီက ယွင်ရှီးကို လေးလေးနက်နက် ကြည့်ကာ
"ဒီလက်ဆောင်ကို နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်တောင်းလို့ ရမလား"
သူ့စကားကြောင့် ယွင်ရှီး၏ လှပသော မျက်နှာကလေးမှာ အနည်းငယ် ရှက်သွေးတို့ နီရဲသွားပြီး သူမက သူ့ကို မျက်စောင်းထိုးလိုက်ကာ...
"လုရီ၊ နင် နည်းနည်းတော့ လောဘကြီးနေပြီ..."
ထို့နောက် သူမသည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် မေးလာသည်က....
" ညီမ မင်ယွဲ့ နဲ့အစ်မနင်ရွှမ်းက.. အရင်က...ဒီလို
မလုပ်ဖူးဘူး မလား"
လုရီ လန့်ဖျတ်သွားပြီး
“အင်း” ဟု ဖြေလိုက်ရင်း
သူသည် ခပ်လေးလေး ခေါင်းညိတ်ပြလိုက်သည်။
ယွင်ရှီးက ချိုလွင်စွာ.. ရယ်မောရင်း
"ဒါက ကောင်းတယ်၊ ငါက ပထမဆုံးပေါ့.."
ယွင်ရှီး... မည်မျှ ပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ လုရီ ရုတ်တရတ် ခေါင်းကြိမ်းသလို ခံစားလိုက်ရသည်။
မကောင်းပေ။
ဒါက သိပ်ပြီးတော့ သိပ်မကောင်းပေ။
အကြောင်း တစ်ခုခုကြောင့် စီနီယာ အစ်မနှင့် ဂျူနီယာညီမလေးတို့သည် ဤအကြောင်းကို
သိလျှင် သူ ကောင်းကောင်းကြီး ဒုက္ခရောက်လိမ့်မည် ထင်ပါသည်။
လုရီက မဖော်ပြနိုင်လောက်အောင် စိုးရိမ် သောကများနေချိန်မှာ ယွင်ရှီးက သူ့ကို ကြည့်ရင်း တခစ်ခစ် ရယ်လိုက်ပြီး
"လုရီ..ငါတို့ လေ့ကျင့်ကြမယ်လေ" ဟု နှိုးဆော်လိုက်လေသည်။
ထိုအခါ... လုရီသည် ထိုအတွေးကို ဘေးချိတ်ထားလိုက်ပြီး "ကောင်းပြီ" ဟု ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင် သူသည် ခွန်အားနှင့် ဆုလာဘ်များ ရနိုင်ပေလိမ့်မည်။
ထို့နောက် မပြီးပြတ်သေးသော ယွင်ရှီးကို ချစ်မိသွားစေရန် ဟူသော ယခုထိ မပြီးမြောက်သေးသည့် အလုပ်ကို တစ်ချက် စစ်ဆေးလိုက်သည်။
သူ့စိတ်ထဲမှာ မှန်းဆချက် တချို့ ရှိနေ၏။
အကယ်၍ ၎င်းသည် အလုပ်တွင် အမှားအယွင်း ရှိနေသည်သာ မဟုတ်ပါက အလုပ် ပြီးမြောက်ရန် မည်သည့် အခြေအနေများ လိုအပ်သည်ကို သူ့အနေနှင့် သိနိုင်သည်လေ။
လုရီသည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ယွင်ရှီးနှင့် လေ့ကျင့်ပြီးနောက် သူမသည်
တိမ်ဖြူဂိုဏ်းတွင် ဆက်လက် မနေထိုင်ဘဲ ထိုနေ့တွင်ပင် တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။
လုရီသည် လေးလံသော နှလုံးသားဖြင့် သူ၏
ဂူအိမ်သို့ ပြန်လာခဲ့သည်။
ယခုအခါ သူ့စီနီယာ အစ်မနှင့် ဂျူနီယာညီမလေးတို့အား ဤအခြေအနေကို မည်သို့ ရှင်းပြရမည်ကို မသိဘဲ အနည်းငယ် စိတ်ဖိစီးနေမိသည်။
သူ့စီနီယာ အစ်မနှင့် ဂျူနီယာညီမလေးတို့သာ သည်ကိစ္စကို သိရလျှင် သူ့ကို သတ်ချင်နေလိမ့်မည် ထင်ပါသည်။
လုရီသည် သူ၏ ယခင်ဘဝက ကြည့်ဖူးသော "ကျောင်းနေ့များ" ဟုခေါ်သော အန်နမီကိုပင် ပြန်သတိရသွားပြီး "လှေကောင်း" နှင့် "ဟက်ချက်" ကဲ့သို့သော စကားလုံးများက သူ့ခေါင်းထဲ ပေါ်လာ သော အခါ ယခု.. သူ့လည်ပင်းတစ်ဝိုက်တွင် ရှင်းမပြနိုင်သည့် အေးစိမ့်စိမ့် အငွေ့အသက်တို့ပင် ပြန်ခံစားလိုက်ရ၏။
၎င်းက ထင်ယောင်ထင်မှား ဖြစ်မှုဟု လုရီ
သိပါသည်။ သူ၏ ရုပ်ခန္ဓာနှင့်ဆိုလျှင် သူ့ လည်ပင်းအား အဆင့်မြင့် ရတနာတစ်ခုဖြင့် ဖြတ်ပိုင်းလိုက်သည့်တိုင် သွေးထွက်သံယို ဖြစ်မည်မှာ သေချာသော်လည်း သူ့လည်ပင်းက ပြတ်တောက်သွားမည်တော့ မဟုတ်ပါချေ။
ရုတ်တရက် လုရီသည် သူ၏ စီနီယာ အစ်မအား အဆင့်မြင့် ရတနာ အေးခဲဖန်ဓားကို ပေးလိုက်ခြင်းမှာ အနည်းငယ် ဆန္ဒ စောသွားသည်ဟု ခံစားလိုက်ရသည်။
ဟူး....။ ၎င်းကို အနည်းငယ်မျှ..ကြာအောင် စောင့်ပြီးမှသာ ပေးခဲ့လိုက်လျှင်... ။
ကံကောင်းစွာဖြင့် လုရီ၏ အဆင့် ချိုးဖြတ်မှု
ပြီးနောက်၊ သူ၏ စီနီယာ အစ်မနှင့် ဂျူနီယာညီမ လေးသည်လည်း လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်အောက်တွင် သိသာထင်ရှားသောဉာဏ်အလင်းများ ရရှိခဲ့သည်။
လင်းလောင်တောင်ထ်ိပ်သို့ သူတို့ ပြန်လာသည့် နေ့တွင် လုရီအား သူ၏ အဆင့် တက်မှုအတွက် ချီးကျူးဂုဏ်ပြုပြီးနောက် သူမတို့က တံခါးပိတ်ကျင့်ကြံခြင်းသို့.. ဝင်ရောက်သွားကြသည်။
သူမတို့၏ ကိုယ်မှ ဝိညာဉ် ပုလဲနှင့် လျှို့ဝှက်ဆန်းကြယ်သော အလင်းမှ ဉာဏ်အလင်းတို့နှင့်အတူ သူမတို့သည် သိသာ ထင်ရှားသော အကျိုးကျေးဇူးများ ရရှိပြီး တံခါးပိတ် ကျင့်ကြံရာ၌ အချိန် အကြာကြီး လိုအပ်ပေမည်။
သည်အကြောင်းကို စဉ်းစားမိပြီး လုရီ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။ အနည်းဆုံးတော့ သူက သည်ပြဿနာကို လောလောဆယ် ရင်ဆိုင်ရမှာ မဟုတ်သေးပေ။
ထိုအချိန် မတိုင်ခင်မှာ သူ၏ ရုပ်ခန္ဓာအား ပိုမို မြှင့်တင်ပြီး..အဆင့်မြင့် မှော်ရတနာတွေတောင်
သူ့လည်ပင်းကို မထိခိုက်စေနိုင်သည့်... အခြေအနေသို့ ရောက်အောင် ကြိုးပမ်းရန် လိုအပ်ပေသည်။ ဤကိစ္စနှင့် ပတ်သက်၍ လုရီသည် အနည်းငယ် ယုံကြည်ချက် ရှိလေသည်။
ကောင်းကင်ဘုံကပ်ဘေး ကာလအတွင်း လုရီ သည် ကြီးမားသောအကျိုးအမြတ်များ ရရှိခဲ့သည်။ သူသည် ကောင်းကင်မိုးကြိုးအစစ်အမှန်နဂါး နည်းစနစ်ကို ပေါင်းစည်းရေး နယ်ပယ် အထိ ဖန်တီးခဲ့သည်။ သူ၏ ကျင့်ကြံမှုကို ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်ခဲ့ပါက အဆင့်နိမ့် ဝိညာဉ် လက်နက် တစ်ခုပင်လျှင် သူ့အနေနှင့် တိုက်ရိုက် ကိုင်တွယ်ဖို့ စိုးရိမ်စရာ မဟုတ်တော့ပေ။
ထို့အပြင် သူသည် အစစ်အမှန် နဂါး သွေး အဆီအနှစ် တစ်စက်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ၎င်းကို စုပ်ယူပြီးနောက်၊ သူ၏ ကောင်းကင် မိုးကြိုးအစစ်အမှန် နဂါး နည်းစနစ်ကို ပိုမိုမြှင့်တင်ရန် လုံလောက်မည် ဖြစ်ပြီး သူ၏ ကာယ ကြံ့ခိုင်မှု သိသိသာသာ တိုးလာမည်ဖြစ်သည်။ အဆင့်နိမ့် ဝိညာဉ် လက်နက်များကို
ခံနိုင်ရည် မရှိသော်လည်း ထိပ်တန်း ရတနာများကို ခုခံ ကာကွယ်ခြင်းသည် ပြဿနာ မရှိပါ။
လုရီတစ်ယောက် သူ့စိတ်နှလုံး၌ အရေးတကြီးခံစားခဲ့ရပြီး ထက်ထက်သန်သန် ကျင့်ကြံရန် စိတ်ပိုင်းဖြတ်ထားပါသည်။ သို့သော် သူ့ အစီအမံများ ရပ်တန့်သွားခဲ့၏။
နောက်တစ်နေ့ မနက်တွင် ဟန်ယွီသည် သူ၏ အဆင့် ချိုးဖြတ်ခြင်းအတွက် ဂုဏ်ပြု လက်ဆောင်အဖြစ် အေးခဲ ဆောင်းရာသီ တောင်ကြား၏ လျှို့ဝှက် ရတနာ ဖြစ်သည့် အနှစ်တစ်ထောင် သက်တမ်း ရှိသော ရေခဲ ကျောက်စိမ်းအား ယူဆောင်ပြီး ရောက်ချလာခဲ့သောကြောင့်ပင်။
နှစ်တစ်ထောင် ရေခဲကျောက်စိမ်းသည် စိတ်ကို တည်ငြိမ်စေပြီး ချီကို ဖွဲ့စည်းပေး၏။ ၎င်းသည် အလွန် အဖိုးတန်ပြီး နှလုံးသား နတ်ဆိုးများကို တိုက်ဖျက်ရာတွင် အကောင်းဆုံး အသုံးပြုနိုင်သည့် ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ခု ဖြစ်လေသည်။ အေးခဲဆောင်းရာသီ တောင်ကြားတစ်ခုလုံးတွင်ပင် နှစ်တစ်ထောင်ရေခဲကျောက်စိမ်းက အပိုင်းအစ အနည်းငယ်မျှသာ ရှိပါသည်။
ဟန်ယွီတစ်ယောက် ၎င်းကို ယူလာမည်ဟု လုရီ မမျှော်လင့်ထားပေ။ အေးခဲဆောင်းရာသီ တောင်ကြား၏ သူ့အပေါ် ထားသော သဘောထားသည် အလွန် ရင်းနှီး ချစ်ခင်ကြောင်း ထင်ရှားပါသည်။
လုရီနှင့် ဟန်ယွီသည် နေ့တစ်ဝက်ခန့် ဝိုင်အရက်အတူ..သောက်ကြပြီး ကျန် နေ့တစ်ဝက်အား အတူ လက်ရည် ဖလှယ်ခဲ့ကြလေ၏။
နှစ်တစ်ရာ ဝိညာဉ် ခြင်ဆီနှင့် ရေခဲ နှလုံးသားကို ထိုးထွင်း သိမြင်မှုအချို့ကို လုရီ ရရှိခဲ့သည်။
နောက်ဆုံးတွင် လုရီသည် ဟန်ယွီအား ယခင် အလုပ်များမှရရှိသော ရေခဲဝိညာဉ်အရည်အချို့ကို ပေးခဲ့သည်။ ရေခဲဝိဉာဉ် ပုလဲကိုတော့ သူ့စီနီယာ အစ်မကို ပေးခဲ့သည့်အတွက် ကံမကောင်းစွာပဲ ဟန်ယွီက တစ်လုံးမှ မရခဲ့ပါချေ။
ရေခဲဝိညာဉ် အရည်ကပင် ဟန်ယွီကို ထိတ်လန့်စေခဲ့သည်။ လုရီ၏ အလျှော့မပေးဘဲ တိုက်တွန်းနေမှုကြောင့်သာ မဟုတ်ပါက ဟန်ယွီသည် ထိုကဲ့သို့သော အဖိုးတန် ရတနာကို လက်ခံဝံ့မည် မဟုတ်ပေ။
နောက်ဆုံးတွင် ဟန်ယွီသည် လုရီ၏နောက်လိုက်ဖြစ်လာရန် ကျိန်ဆိုလုနီးပါး ဖြစ်လာသည်။ ထိုအခါ..လုရီက အနည်းငယ် ရှက်ရွံ့နေခဲ့ပြီး သဘောမတူခဲ့ပေ။
သူ့တွင် နောက်လိုက်များ ရှိခြင်းက
သူ့အား ညီငယ်များ ရှိသည့် ဂန်းစတား တစ်ဦးလို ဖြစ်စေသည်ဟု ခံစားရသည်။
တစ်စုံတစ်ဦးကို အလွယ်တကူ ပစ်မှတ်ထားရန် လွယ်ကူစေသည့် သမားရိုးကျ.. အငြိုးထားနိုင်ဖွယ် ခံစားချက် တစ်ခုအဖြစ် အမြဲလိုလို ခံစားနေမိသည်။
...
ထို့နောက်တွင် အခြားသော ဂိုဏ်းများသည်လည်း လုရီ၏ အဆင့်ချိုးဖြတ်မှုအတွက် ချီးကျူး ဂုဏ်ပြုရန် လူများ စေလွှတ်လာကာ ရတနာများကို အသီးသီး ပေးအပ်လာကြသည်။
ဝမ်ကျန်း စံအိမ်သာလျှင် အလွန် အဖိုးတန်သော အရာတစ်ခု ဖြစ်သည့် အလယ်အလတ် အဆင့် ရတနာ ဓားရှည်ကို ယူဆောင်လာခဲ့သည်။
ချင်းကျိုး ဂိုဏ်းအတွက် အထူးရက်ရောသော လက်ဆောင် တစ်ခု ဖြစ်လေ၏။
အခြားဂိုဏ်း လေးဂိုဏ်းမှ ပေးဆောင်သောပစ္စည်းများသည် တန်ဖိုးရှိသော်လည်း ဤအတိုင်းအတာအထိ မဟုတ်ပါ။ လုရီက ထိုပစ္စည်းများကို သူနှင့် ခင်မင်ရင်းနှီးသည့် စီနီယာ ညီအစ်ကိုမောင်နှမတွေဆီ လက်ဆောင် ပြန်ပေးလိုက်လေသည်။
ထို့နောက်မှာတော့ လုရီသည် နောက်ဆုံးမှာ
နဂါး သွေးအဆီအနှစ်ကို စားသုံးရန် ရည်ရွယ်ကာ.. တံခါးပိတ် ကျင့်ကြံပြီဟု ကြေညာရန် အချိန် ရခဲ့လေသည်။
အခန်း ၂၃၇- သေလုမျောပါး အင်မော်တယ်...
~ သူ၏ ဂူစံအိမ် ကျင့်ကြံရေး အခန်းတွင် လုရီ သည် အစစ်အမှန် နဂါး သွေး အဆီအနှစ်
တစ်စက်ကို ထုတ်ယူခဲ့သည်။
သာမာန် အစစ်အမှန် နဂါး သွေးနှင့်မတူဘဲ အစစ်အမှန် နဂါး သွေးအဆီအနှစ်သည်
အလျှံငြီးငြီး ရွှေရောင် တောက်ပ နေသည်။ ထက်မြက်သော နဂါးလေး တစ်ကောင်ပင် ၎င်းအတွင်း၌ လှုပ်ရှားနေသေးသည်။
သွေးတစ်စက်မျှသာ ဖြစ်သော်လည်း
တောင်တန်း ပေါင်း အသခ်ျေကဲ့သို့ လေးလံနေကာ ၎င်းမှ ထုတ်လွှတ်သည့် ဖိအားသည် တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးအား တွန့်လိမ် ပုံပျက်သွားစေသည်။
လုရီ၏ ကိုယ်ခန္ဓာသည် လုံလုံလောက်လောက် သန်မာနေသောကြောင့်သာ..။
ထိုသို့ မဟုတ်ပါက ထိုသို့သော ဖိအားများကို
ခံနိုင်ရည် ရှိရန် ခက်ခဲလိမ့်မည်။
လုရီသည် အစစ်အမှန် နဂါး သွေးအဆီအနှစ်ကို သူ့ဗိုက်ထဲသို့ မျိုချလိုက်သည်။ ရုတ်ချည်း
ဆိုသလိုပင် သူ့ကိုယ်ထဲတွင် မာနကြီးသော နဂါးကြီး၏ မြည်ဟိန်းသံ ...ပဲ့တင်ထပ်၍.. ထွက်ပေါ်လာတော့သည်။
သူ့ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန် နဂါး
တစ်ကောင် လူးလာ... ကူးခတ်နေသကဲ့သို့ ခံစားရစဉ်..တာအို ပုံစံများ မှိတ်တုတ် မှိတ်တုတ် လင်းလက်လာသည်။ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် လုရီ၏ ကြွက်သားများ ကွဲအက်သွားပြီး သူ့အရိုးများက တဂျွတ်ဂျွတ် မြည်ဟည်းလာ၏။ သူ့အရေပြားရှိ အက်ကွဲကြောင်းများမှ တဆင့် သွေးများ ဒဟဟော ပေါက်ထွက်လာသည်။ ကြက်သွေးရောင် သွေးစက်များက ရွှေရောင်တောက်တောက် အလင်း စီးကြောင်းများနှင့် ရောနှောနေသည်မှာ ဆန်းကြယ်လှ၏။
တခဏမျှ အကြာတွင်ပင် သူ၏ ခန္ဓာကိုယ်မှာ သွေးစီးများဖြင့် အနီရောင် လွှမ်းသွားတော့သည်။ လုရီအတွက် သူ၏ ရုပ်ခန္ဓာအောင်မြင်မှု ပြီးနောက် ယခုလို ဒဏ်ရာမျိုးက ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းပင်။
ကောင်းကင်တာအို ဖိအားကို အံတုပြီး ကောင်းကင်တာအို ကန့်သတ်ချက်၏ အလွှာပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော ကျင့်ကြံသူ တစ်ဦးအနေဖြင့် လုရီ၏ ဆုံးဖြတ်ချက်သည် သဘာဝအတိုင်း ခိုင်မာလေသည်။ ပြင်းထန်သော ဝေဒနာအောက်တွင်ပင် သူ၏ အမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲမသွားသည်ကို တွေ့နိုင်ပါသည်။
လုရီ၏ အခြေတည် ဝိညာဉ်သည်
သူ၏ တာအို သဘာဝ အသွင်အပြင်ကို ပြသနေပြီး မဟာ တာအို တေးသံများသည် သူ့အတွင်း၌ ပဲ့တင်ထပ်နေသည်။
ထိုအခိုက်အတန့်၌ သူသည် ရုတ်ချည်း ဉာဏ်အလင်း ထုတ်ယူနိုင်သည့် အခွင့်အရေးကို တိုက်ရိုက် အသုံးချ၍ အစစ်အမှန် နဂါး တာအိုပုံစံများကို စတင်၍ ငြိမ်သက်စွာ ဆင်ခြင်သည်။
အစစ်အမှန် နဂါးသွေးနှင့်မတူ။ အစစ်အမှန် နဂါးသွေး အဆီအနှစ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် လုရီ၏ စိတ်ထဲတွင် ဖြစ်တည်လာသော ထ၊၊၊၊
သူ့မျက်လုံးများ အရှေ့တွင် နဂါး အကြေးခွံများနှင့် ခြေသည်းများ အသေးစိတ် ဖော်ဆောင်လာသည်ဟု ထင်ရ၏။
နဂါး၏ ကြီးမားသော တန်ခိုးအာဏာသည် သူ့ရင်ဘတ်အား လေးလံစေပါသည်။
အစစ်အမှန် နဂါးသည် ကြယ်များ ပြည့်နှက်နေသော နဂါးငွေ့တန်း အလယ်၌ ရပ်နေသည်။ ၎င်း၏ ပတ်ပတ်လယ်တွင် ရှိသော ကြယ်များကမူ အစစ်အမှန် နဂါး၏ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်းများကဲ့သို့ တောက်ပမှု မရှိဘဲ မှိန်ဖျော့နေ၏။
သူ့ခန္ဓာကိုယ်၏ လက်မတိုင်းမှာ တာအိုကိုယ်တိုင်က မွေးဖွားလာသလိုပင် တာအိုပုံစံတွေ စီးဆင်းနေလေသည်။ လုရီသည် တာအို ပုံစံ တစ်ခုစီကို လေ့လာပြီး တာအို တေးသံနှင့် ရုတ်ချည်း ဉာဏ်အလင်း၏ လမ်းညွှန်မှုအောက်တွင် သူ စတင်၍ ဆင်ခြင် သုံးသပ်လာသည်။
အချိန်တွေ ကုန်ဆုံးပြီး သိပ်မကြာခင်မှာပဲ လုရီ ဟာ မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်တော့ သူ့မျက်လုံးများမှ ရှုပ်ထွေးသည့်လျှို့ဝှက် ဆန်းကြယ်၍ ရွှေရောင် တာအိုပုံစံများက တဖျပ်ဖျပ် လှုပ်ခတ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
လုရီ၏ ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သွေး စွမ်းအားများ တဟုန်ထိုး မြင့်တက်နေသည်။ သူ့ကိုယ်သူ မထိန်းချုပ်ထားလျှင် စီးဆင်းနေသော သွေး စွမ်းအား၏ ဟိန်းညံသော အသံက တိမ်ဖြူဂိုဏ်း တစ်ခုလုံးအား ပျံ့နှံ့သွားနိုင်လေသည်။
လုရီ၏ အမြတ်အစွန်းများသည် များပြားလှသည်။ အစစ်အမှန် နဂါး သွေးအဆီအနှစ်အတွင်း ပါရှိသော တာအို ပုံစံများသည် ရှုပ်ထွေးပြီး ဆန်းကြယ်သော်လည်း လုရီသည် တာအို နှင့် နီးစပ်ကာ ပြင်းထန်သော နားလည်မှုအား ပိုင်ဆိုင်လေသည်။...
သူ၏ ကျင့်စဉ်အဆင့်သည် အခြေတည် ဝိဉာဉ်သို့ ဝင်ရောက်ပြီး အင်မော်တယ် အဆင့်နှင့် ဝေးကွာသော်လည်း အမှန်တရား၏ အရိပ်အမြွက် တစ်ခုကို ခံစားနိုင်သေးသည်။
အစစ်အမှန် နဂါး တာအိုပုံစံ၏ ဆန်းကြယ်မှု အရိပ်အမြွက်ပင်....။
သူသည် ကောင်းကင်မိုးကြိုးအစစ်အမှန် နဂါး၏ သိုင်း နည်း စနစ် အသစ်ကို အသစ် ကောက်နှုတ်၍ ဖန်တီးထားသည်။ ၎င်းသာ ပြီးပြည့်စုံ၍ မဟာယာန နယ်ပယ်သို့ ရောက်ရှိပါက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပြီး ကြီးစိုး ခြယ်လှယ်နိုင်စေမည်မှာ ယုံမှားဖွယ် မရှိချေ။
ထိုမျှသာ မကဘဲ အစစ်အမှန် နဂါး သွေးအဆီအနှစ်ကို စုပ်ယူပြီးနောက် လုရီ၏ ရုပ်ခန္ဓာဟာ အသွင်ပြောင်းပြီး အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပါသည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို တာအို ပုံစံ များဖြင့် ထွင်းထုထားပြီး အလွန် အစွမ်းထက်သော စွမ်းအားများ ဖြာထွက်နေသည်။
သို့သော် မကြာမီမှာပင် လုရီသည် အနည်းငယ်
မငြိမ်မသက် ဖြစ်နေသည့် ခံစားချက်ကို ခံစားလိုက်ရသည့်အတွက် မျက်ခုံးပင့်လိုက်သည်။ သူသည် သူ၏ စီနီယာ အစ်မနှင့် ဂျူနီယာ ညီမလေး..အကြောင်းနှင့် ယွင်ရှီးအကြောင်းကို တွေးပြီး သူ့စိတ်ခံစားမှုများတွင် လှုပ်ခတ်မှုများကို ခံစားခဲ့ရသည်။
သူ၏ ပါးစပ်ထောင့်သည် အနည်းငယ် လှုပ်ယမ်းသွားပြီး သွားကိုက်ခြင်းကို ခံစားလိုက်ရသည်။
အကြောင်းမှာ...
အစစ်အမှန် နဂါး သွေးအဆီအနှစ်တွင် ယခင်က စုပ်ယူထားသော အစစ်အမှန် နဂါး သွေးနှင့် နှိုင်းယှဉ်ပါက ပိုမိုအားကောင်းသည့်
အစစ်အမှန် နဂါး ဗီဇ ပါရှိနေခြင်းပင်။
သူ၏ လက်ရှိ ကျင့်စဉ်အဆင့်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ယခင်ကထက် ပိုမိုသန်မာလာသော်လည်း အစစ်အမှန် နဂါး ဗီဇက သူ့အပေါ်တွင် သက်ရောက်မှု ရှိနေဆဲ ဖြစ်သည်။
သို့သော် လုရီ၏ ဆန္ဒသည် ခိုင်မာ၏။ သူသည် ဤပုံမှန် မဟုတ်သော ရမ္မက် ပြင်းထန်သည့် ခံစားချက်များကို မျိုသိပ်ထားပြီး
နောက်တစ်ကြိမ် သူ၏ အသွေးအသားကို သန်မာစေမှု စတင်ကာ ဆိုးရွားသော သက်ရောက်မှုများကို စဥ်တိုက် ဆက်တိုက်.. သုတ်သင် တော့သည်။
ဤသို့နှင့်...အချိန်တွေ ကြွေလွင့်လာပြီး
မျက်စိတစ်မှိတ်..လျှပ်တပြက်တွင်းမှာပင်
တစ်နှစ်...ဟူသော အချိန်ပမာဏသို့ ရောက်ရှိလာလေ၏။
လုရီသည် ယခုနှစ် တစ်လျှောက်လုံး မှော်သိုင်းများကို လေ့ကျင့်သည်။ အင်မော်တယ် ဓားကျမ်း၏ အခြေတည် ဝိညာဉ်အခန်းကို လေ့ကျင့်သည်။ နေ့တိုင်း ငြိမ်းချမ်းစွာ ကျင့်ကြံခဲ့သည်။
သူ၏ အခြေတည် ဝိညာဉ်သည် ခိုင်မာလာသည်နှင့်အမျှ လုရီ၏ ဉာဏ်အလင်းပေးနိုင်စွမ်းသည် တစ်ဖန် တိုးတက်လာခဲ့သည်။
အင်မော်တယ် ဓားကျမ်း၏ အခြေတည် ဝိညာဉ်အခန်းသည် အဆင့် လေး သို့ လေ့ကျင့်ရန်
တစ်နှစ်သာ အချိန်ယူခဲ့ရပါသည်။ ရွှေအူတိုင် အခန်းထက်ပင် ပိုမို လျင်မြန်သေး၏။
သို့တိုင် လုရီသည် သူ့နှလုံးသားထဲတွင် အနည်းငယ် ရတက်မအေးသော ခံစားချက်ကို ခံစားလိုက်ရသည်။
အခြေတည် ဝိညာဉ်အခန်း...။
နောက်ဆုံးတွင်...အခြေတည် ဝိညာဉ်အခန်းသည် သူ ပိုင်ဆိုင်သော အင်မော်တယ်
ဓားကျမ်း၏ နောက်ဆုံးအပိုင်းပင် ဖြစ်သည် မဟုတ်ပါလော။
အကယ်၍ သူသည် နတ်ဘုရား အသွင် ပြောင်း နယ်ပယ်သို့ ဖြတ်ကျော်သွားစဥ် အခန်းသစ်ကို
မလေ့လာနိုင်ပါက သူသည် အခြား သိုင်းပညာကို ပြောင်းလဲ လေ့ကျင့်ရပေမည်။
အင်မော်တယ် ဓားကျမ်း၏ ပျောက်ဆုံးနေသောအခန်းများကို မတွေ့ပါက၊ အခြား ထိရောက်သော ကျင့်ကြံနည်းများ ရှိမရှိကို သိရှိရန် သူ့ဆရာထံ မေးမြန်းမည်ဟု လုရီ စိတ်ပိုင်းဖြတ်လိုက်သည်။
အခြားအရာများ မအောင်မြင်ပါက၊ သူသည် အခြေတည် ဝိညာဥ်နယ်ပယ်သို့ အဆင့် ချိုးဖြတ်စဉ်က ဆုအဖြစ် ရရှိသော "ကြာပန်းစိမ်းပေါင်းစည်းရေး စွမ်းရည်" ဖြစ်သည့် မဟာယာန သိုင်းပညာလည်း ရှိပါသေး၏။
ဤကျင့်ကြံမှု နည်းပညာသည် အင်မော်တယ် ကျမ်းများထက် အနည်းငယ်ဘနိမ့်ကျသော်လည်း မဟာယာနနယ်ပယ်သို့ တက်လှမ်းရန် သူ့အတွက် လုံလောက်ပါသေးသည်။
မဟာယာနနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သောအခါ သူ၏ ရွှေလက်ချောင်း စနစ်မှအင်မော်တယ် သိုင်းကျမ်းများအား ဆုချခြင်းသည် လွယ်ကူလာမည် မဟုတ်ပါလော။ယာနနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သောအခါ သူ၏ ရွှေလက်ချောင်း စနစ်မှအင်မော်တယ် သိုင်းကျမ်းများအား ဆုချခြင်းသည် လွယ်ကူလာမည် မဟုတ်ပါလော။
ယခု သူ လုပ်ရမည့် အရာမှာ ကျင့်ကြံမှု
နည်းပညာ အသစ်သို့ ပြောင်းလဲရန် အချိန်အနည်းငယ် ကုန်ဆုံးဖို့သာ ဖြစ်သည်။
သို့ပေမယ့် လုရီသည် ရံဖန်ရံခါ အပြင်ထွက်၍ အင်မော်တယ် ဓားဂိုဏ်း၏ အကြွင်းအကျန် ၊ အမွေအနှစ်များ သတင်းအစအနအား လားဟု ။ စနည်းနာခဲ့သေးသည်။ ကံမကောင်းစွာပဲ ယနေ့အထိ သူသည် မည်သည့် အရာကိုမျှ ရှာမတွေ့သေးပါ။
တစ်နေ့တွင် လုရီ ကျင့်ကြံနေစဉ် ရုတ်တရက်ဆိုသလိုပင်...တံခါးအပြင်ဘက်မှ ရင်းနှီးသော ချိုလွင်သည့် အသံ တစ်ခု ထွက်ပေါ်လာလေသည်။
"ဂျူနီယာ မောင်လေး၊ မြန်မြန် ထွက်လာခဲ့ဦး..
ငါ နင့့်ကို ပြောစရာ ရှိတယ်"
လုရီ အံ့အားသင့်စွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
ကျန်းရူယွီ၏ အသံ ဖြစ်သည်။
ဓားတာအို အစည်းအဝေး ပြီးဆုံးသွားပြီးကတည်းက ကျန်းရူယွီသည် ဉာဏ်အလင်းပွင့်မှုတစ်ခု ရှိခဲ့ပြီး နတ်ဓားဂိုဏ်းမှာ တံခါးပိတ် ကျင့်ကြံနေခဲ့ရာ ထိုအချိန်ကတည်းက သူတို့နှင့်
မတွေ့ဖြစ်တာ ဆယ်နှစ်နီးပါး ရှိလေပြီ။ ဟုတ်ပါသည်။
မမှားပါ။ အခြေတည် ဝိညာဉ် ကျင့်ကြံသူအတွက်...ဆယ်နှစ်ဟူသည်က အမှန်စင်စစ်တော့ အချိန်တိုလေးပါပင်င်။
လုရီ အံ့ဩရသည်က
အဘယ်ကြောင့်..ကျန်းရူယွီ..သူ့ကို ..
ဆိုင်းမဆင့် ဗုံမဆင့်.. လာ ရှာရသနည်း။
သတင်းကောင်းကို ပြောဖို့များလား။
သူ သည် ဂူအိမ်ကြီးထဲမှ ထွက်လာလိုက်သောအခါ..တံခါးဝတွင် ရိုးရှင်းသော ချည်ထည်အဝတ်အစားကို ၀တ်ဆင်ထားပြီး ကျောက်စိမ်းဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
သူမ၏ အနက်ရောင်ဆံပင်များက သလင်းကျောက်လို တောက်ပြောင်နေပြီး သူမ၏ မျက်ခုံးများနှင့် မျက်လုံးများက ဓားကျင့်ကြံသူ၏ စူးရှ ထက်မြက်သော အရှိန်အဝါကို
ဖော်ဆောင်နေသည်။
လုရီက ပြုံးပြီး မေးလိုက်သည်။
"အစ်မ ရူယွီ.. တိမ်ဖြူဂိုဏ်းကို ဘာလို့ ရုတ်တရက် ရောက်လာပါလိမ့်... စီနီယာ အစ်မကို တွေ့ဖို့ ဒီကို လာတာလား။"
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် သူ၏ ကောင်းကင်ဘုံ ကပ်ဘေးအား ရှုမြင်ပြီးကတည်းက တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ယခုအချိန်၌ပင် သူမတို့က ပေါ်ထွက်လာခြင်း မရှိသေးပေ။