အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း ၂၃၈-သေလုမျောပါး အင်မော်တယ်...
~ လုရီသည် ယွင်ရှီး အကြောင်း ပြောပြချင်ပေမယ့် သူ့မှာ အခွင့်မသာခဲ့ပေ။
သူ၏ ခန္ဓာကိုယ်သည် ယခုအခါ အံ့သြဖွယ်ကောင်းလောက်အောင် သန်မာလာခဲ့သည်။ အဆင့်အတန်း မြင့်သော ရတနာ တစ်ခုနှင့် ရင်ဆိုင်ရသော်လည်း ဒဏ်ရာရရှိမည် မဟုတ်ဟု ယုံကြည်ထားသည်။
သူ့မေးခွန်းကို ကြားရတော့ ကျန်းရူယွီက
ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ...
"ဟင့်အင်း၊ အဲ့လို မဟုတ်ဘူး၊ နင့်ကို ရှာဖို့ ငါလာခဲ့တာ။ တစ်စုံတစ်ယောက်က ယွမ်ကျိုးမှာ ..
အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေခံ နယ်မြေလို့ သံသယ ရှိတဲ့ အပျက်အစီး တစ်ခုကို ရှာတွေ့ခဲ့တယ်။"
သူမစကားကို ကြားတော့ လုရီ၏ မျက်ခုံးတန်းတွေ ပြေလျော့သွားပြီး သူ့မျက်နှာက ရွှင်မြူးသွားသည်။
"တကယ်လား..."
ကျန်းရူယွီ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ဒါ အမှန်ပဲ။ ငါ ဒီအကြောင်းကိုကြားပြီး နင့်ကို ချက်ချင်း လာရှာခဲ့တာပဲ၊ သတင်းက သိပ်မပျံ့သေးဘူး။ အခု သွားရင်တော့ အချိန်မီမယ်။"
လုရီသည် သူမ စကားအား ကြားတော့ နှလုံးသားထဲတွင် တစ်ချက် နွေးထွေးသွားသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ အစ်မ.."
ကျန်းရူယွီက တခစ်ခစ်ရယ်ပြီး လုရီ၏ ပုခုံးကို ပုတ်လိုက်သည်။
"ကျေးဇူးတင်စရာ မရှိပါဘူးဟယ်.. နင့်ကို ငါ့ရဲ့ ဂျူနီယာ မောင်လေးပဲလို့ ပြောခဲ့တယ်လေ.. နင့်အတွက် တွေးပေးရမှာ ငါ့အလုပ်ပါပဲ..ဒါပေမယ့် အရင်ဆုံး နင်ရွှမ်းကို သွားကြည့်ပါရစေ။ ငါ သူနဲ့
မဆုံရတာ ကြာပြီ။"
ထိုအခါ လုရီက ပြုံးပြီး အသိပေးလိုက်၏။
"စီနီယာ အစ်မက အခု တံခါးပိတ် ကျင့်ကြံနေတယ်ဗျ၊ သူ့ကို နှောင့်ယှက်ဖို့ အချိန်ကောင်း မဟုတ်ဘူး ထင်ပါတယ်"
ဒါကို ကြားတော့ ကျန်းရူယွီ သဘောတူစွာ အနည်းငယ် ခေါင်းညိတ်သည်။
" အော်၊ အဲ့လိုလား..ဒါဆိုလည်း နောက်မှတွေ့ရတော့မှာပေါ့..ငါတို့ အခုပဲ ခရီးထွက်လိုက်ရအောင် လေ။"
"ကောင်းပါပြီ"
လုရီ ခေါင်းညိတ်လိုက်သည်။
သူသည် လင်းလောင် တောင်ထိပ်သို့ ပထမဦးစွာ သွားရောက်လိုက်ပြီး သူ့အနေနှင့် ခရီးရှည်ဘထွက်ရန် စီစဉ်ထားကြောင်း သူ့ဆရာအား အသိပေးခဲ့သည်။
သူ့ဆရာက အလွန်. အိပ်ချင်နေပြီး သဘာဝအတိုင်း မကန့်ကွက်ခဲ့ပေ။
သူသာ အပြင်ထွက်သွားလျှင် သူမအတွက်
မည်သူ့ကိုမှ တောက်တိုမည်ရ ခိုင်းစေစရာ လူ
မရှိတော့ဟု ညည်းညူနေလေသည်။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့ တို့သည်
တံခါးပိတ် ကျင့်ကြံနေကြဆဲ ဖြစ်သည်။
လုရီသည် ပြောစရာ စကားများ ပျောက်ရှသွားသည်။
ဤလူက တစ်လက်မမှ မလှုပ်ဘဲ အိပ်ရာထဲမှာ တစ်နေ့လုံး လှဲ နေရတာကို အမှန်တကယ်ကို..သဘောကျပုံပါပဲ။
လုရီသည် သူမအား လျစ်လျူရှုလိုက်ပြီးနောက် အကြီးအကဲမင်ကို ရှာရန် သွားခဲ့ရာ အကြီးအကဲမင်မှာလည်း တံခါးပိတ် ကျင့်ကြံနေကြောင်း တွေ့ရှိလိုက်ရသည်။
သူ၏နောက်ဆုံး ကောင်းကင်ဘုံ ကပ်ဘေးမှ ဉာဏ်အလင်းနှင့် လျှို့ဝှက်ဆန်းကြယ်သောအလင်းများသည် အကြီးအကဲများအတွက် ထိုးထွင်း သိမြင်မှုများစွာကို ပေးစွမ်းခဲ့သည် ဖြစ်သည့်အလျောက် အဓိပတိ အကြီးအကဲများစွာသည် ယခုအချိန်အထိ တံခါးပိတ် ကျင့်ကြံရာမှ မထွက်လာကြသေးပေ။
ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်း ပင်လျှင် တံခါးပိတ် ကျင့်ကြံနေသေးသည်။ အကြီးအကဲမင်လည်း တံခါးပိတ် ကျင့်ကြံနေတာကို မြင်လိုက်ရတော့ လုရီ သူ့ကို မနှောင့်ယှက်တော့ပါချေ။
အကြီးအကဲမင်ကို ကာကွယ်သူအဖြစ် ထားရှိခြင်းက သူ့လုံခြုံရေးကို တိုးမြင့်စေသော်လည်း လုရီသည် ဤ နှစ်များတစ်လျှောက် သူလုပ်ဆောင်ခဲ့သော အလုပ်များမှ အသက်ကယ်ဆုအချို့ကို စုဆောင်းမိထားသည်။
တစ်ချို့က သူ့အတွက် အသုံးမဝင်သော်ငြား.. တော်တော်များများက အရေးကြီးတာမို့ ခြိမ်းခြောက်မှုများစွာကိုတော့.. ရင်ဆိုင်ရမည် မဟုတ်ပါချေ။
ထို့အပြင် ကျန်းရူယွီ လည်း သူနှင့်အတူ ပါလာခဲ့သည်။ သူမက နတ်ဓားဂိုဏ်း၏ ပါရမီရှင်ဖြစ်သောကြောင့် အကြီးအကဲ အများစုသည် သူ့အား ထိပါးရန် သတိထားရပေလိမ့်မည်။
...
ဤသို့ဖြင့်.. လုရီနှင့် ကျန်းရူယွီတို့သည် တိမ်ဖြူ ဂိုဏ်းမှ ထွက်ခွာလာကြတော့သည်။
ဂိုဏ်းမှ ထွက်လာပြီး သိပ်မကြာခင်မှာပဲလုရီက ကျန်းရူယွီကို ခဏရပ်ခိုင်းလိုက်သည်။ သူသည်မိုးပြာရောင် ဝိညာဉ် လှေပျံကို ထုတ်ယူလိုက်သည်။
မိုးပြာရောင် ဝိညာဉ် လှေပျံသည် မီတာနှစ်ဆယ်ကျော် အရှည် ရှိပြီး ၎င်းအပေါ်တွင် လှပသောနန်းတော်တစ်ခုအား ခိုနားရာအဖြစ် တည်ဆောက်ထား၏။ လှေပျံ၏ မျက်နှာပြင်တွင် လေးနက်သော လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း သက်ေတများဖြင့် ရေးထိုးထားသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် အလွန်ရှားပါးသော ကျင့်ကြံခြင်း ရတနာတစ်ခု ဖြစ်ကြောင်း ထင်ရှားပါသည်။
လုရီအား စစ်ဆေးရေး မျှော်စင်ရှိ နတ်ဘုရား အသွင်ပြောင်း နယ်ပယ်အလွှာကို စိန်ခေါ်သောအခါတွင် အောင်မြင်သည့် အလုပ်ဆုလာဘ်အဖြစ် ဤ အလယ်အလတ်တန်းစား ရတနာချင်းရွှမ်လှေကို ရရှိခဲ့ခြင်း ဖြစ်သည်။
ချင်းရွှမ်လှေကို မြင်လိုက်ရတော့ ကျန်းရူယွီ၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
လုရီအား စေ့စေ့စပ်စပ် ကြည့်ရင်း
သူမက ပြောလာသည်။
"ဒါက အလယ်အလတ်အဆင့် ပျံသန်းရေး ရတနာလား..၊ အလို..နင့်မှာ ဒီလောက်ကြီးကျယ်တဲ့အရာတွေ ရှိနေတယ်၊ ငါတို့ နတ်ဓားဂိုဏ်းရဲ့ ဟင်းလင်းပြင်ဥမင် အကြီးအကဲတွေဆီမှာတောင် ဒါမျိုး မရှိလောက်ဘူး"
ကျန်းရူယွီ၏ အံ့အားသင့် နေသော အကြည့်ကို
မြင်လိုက်ရသောအခါ လုရီ ဖျော့တော့စွာ ပြုံးကာ
"ဂျူနီယာ မောင်လေးက ဒါကို အခွင့်ကောင်း
တစ်ခုရလို့ ပိုင်ဆိုင်ခဲ့တာပါပဲ" ဟု ဆင်ခြေပေးလိုက်လေသည်။
ထိုအခါ ကျန်းရူယွီက မကူညီနိုင်စွာ ပင့်သက် ရှိုက်လိုက်ကာ...ချိီးကျူးလိုက်သည်။
"နင် တကယ် ကံကောင်းတာပဲ"
ထို့နောက် သူမက ပြုံးကာ စိတ်အား
တက်ကြွစွာ ပြောလိုက်၏။
"အလယ်အလတ် ပျံသန်းရေး ရတနာက အရမ်းမြန်တယ်၊ ဒီချင်းရွှမ်လှေနဲ့ဆိုရင် ငါတို့ ယွမ်ကျိုးကို ပိုပြိီး မြန်မြန် ရောက်နိုင်တဲ့အတွက် နောက်ကျမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
ကျန်းရူယွီသည် သတင်း ရရန် အချိန်အနည်းငယ်ယူရပြီး နတ်ဓားဂိုဏ်းမှ တိမ်ဖြူဂိုဏ်းသို့ အပြေးအလွှား လာခဲ့ရသည်ဖြစ်ရာ အခွင့်အရေးအား လွဲချော်သွားမည်ကို အစပိုင်းတွင် စိုးရိမ်နေမိသည်။ ယခု လုရီတွင် ဤအလယ်အလတ်တန်းရတနာကို ပိုင်ဆိုင်ထားသောကြောင့် သူမအနေဖြင့် လုံးဝ စိတ်ပူစရာ မလိုပေ။
လုရီ က ခေါင်းညိတ်ပြီး နှိုးဆော်လိုက်သည်။
" စီနီယာ အစ်မရူယွီ..ကျွန်တော်တို့ သွားကြရအောင်"
နှစ်ယောက်သား ဝိညာဉ် လှေပျံပေါ်သို့ တက်ပြီး လုရီက ဝိဉာဉ်ကျောက်တုံးများ ထည့်သွင်းပြီး
ချင်းရွှမ်လှေကို အသက်သွင်းလိုက်လေသည်။
အလယ်အလတ်အဆင့် ပျံသန်းရေး ရတနာတစ်ခုအနေဖြင့် မိုးပြာရောင် ချင်းရွှမ်လှေသည် အလွန် လျင်မြန်ပြီး မိုးပြာရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ တယ်လီပို့ စနစ်ကဲ့သို့ ယွမ်ကျိုးဆီသို့ ပျံသန်းသွားခဲ့သည်။
ယွမ်ကျိုးက ဗဟို ဒေသနှင့် သိပ်မဝေးသော
အရှေ့ဒေသ ၏ အနောက်ဘက်တွင် တည်ရှိပြီး ချင်းကျိုးနှင့် အတော်လေးဝေးသည်။
ဝမ်ကျိုးထက်ပင် ဝေးပါသည်။
တကယ်တော့ ဝမ်ကျိုးသည် ယွမ်ကျိုး နှင့်
ချင်းကျိုးအကြားတွင် တည်ရှိပြီး ၎င်းတို့ လမ်းကြောင်း၏ ဗဟိုချက် ဖြစ်သည်။
နေ့တစ်ဝက်အတွင်းမှာပင် ချင်းရွှမ်လှေသည်
ယွမ်ကျိုးသို့ ပျံသန်းပုံက လုရီ ၊ လျိုနင်ရွှမ်းနှင့် အကြိီးအကဲမင် ဝမ်ကျိုးသို့ ခရီးထွက်တုန်းကထက် အရှိန် ပိုမြန်လေသည်။
.....
နှစ်ရက်အကြာတွင် ကျင့်ကြံသူ အတော်များများသည် ယွမ်ကျိုးဆီသို့ အရေးတကြီး သွားနေကြသည်ကို လုရီ သတိပြုမိလိုက်သည်။
အချို့သော ဂိုဏ်းကြီးများသည် ရှေးဟောင်းရတနာသင်္ဘောများကို အသုံးပြုနေကြပြီး အချို့ကျင့်ကြံသူများက ဤသင်္ဘောများပေါ်တွင် ကြီးစိုးသော အမူအရာဖြင့် လိုက်ပါလာကြ၏။
ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများကို စီးနင်း၍ အရှိန်ပြင်းပြင်း ပျံသန်း နေကြသောတန်ခိုးကြီး ကျင့်ကြံသူများလည်း ရှိသည်။
အလားတူ ကောင်းကင်ပေါ်တွင် ဓားပျံစီးသံ တဝီဝီနှင့် ဆူညံနေသည်။ ဓားရှည်များ စီးနင်းလာကြသည့် ကျင့်ကြံသူများအားလည်း တွေ့နိုင်ပါသည်။ သူတို့၏ အမြန်နှုန်းသည်လည်း
မနှေးလှပါ။
ဤလှုပ်ရှားမှုအားလုံးကို မြင်လျှင် လုရီ နှင့်
ကျန်းရူယွီသည် လမ်းတစ်လျှောက်ရှိ မြို့များသို့ စုံစမ်း မေးမြန်းခဲ့သည်။
ထိုမှ သူတို့ သိခဲ့ရသည်မှာ ယွမ်ကျိုးတွင်
တွေ့ရှိခဲ့သော အပျက်အစီး သတင်းက ဟိုးလေးတကျော် ဖြစ်သွားသည်။
အပျက်အစီး အပြင်ဘက်တွင် အင်မော်တယ် အခင်းအကျင်း အမှတ်အသားများ လည်ပတ်နေသည့်အတွက်.. ၎င်းကို မြင့်မြတ် နယ်မြေ၊ အင်မော်တယ် ဂိုဏ်းတစ်ခု ၏ ဂိုဏ်း အကာအကွယ် အခင်းအကျင်းဟု သံသယ ရှိကာ အရှေ့ဒေသတစ်ခွင်ရှိ ပညာရှင်များကို နိုးကြားစေခဲ့သည်။
မြောက်မြားစွာသော အရှေ့ပိုင်းဒေသမှ ကျင့်ကြံသူများသည် မိမိတို့၏ ကံကို စမ်းကြည့်ရန်
ယွမ်ကျိုးသို့ အလုအယက် ပြေးကြသည် ဟူ၍..
"ဒီလောက် မြန်မြန် ပျံ့နှံ့မယ်လို့ ငါမထင်ထားဘူး"
စားသောက်ဆိုင် တစ်ခုအတွင်း၌ ..ကျန်းရူယွီက သူမတို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ကျယ်လောင်လှသော တစ်ယောက် တစ်ပေါက် ပြောဆိုမှုများကို နားထောင်ပြီးနောက် ပြောကြားလာခြင်းပါ။
လုရီက မအံ့သြဘဲ ပြုံးလိုက်ပြီး
"တကယ်တော့ ဒါက ကြီးကြီးမားမား အပျက်အစီး တစ်ခုပဲ၊ အဲ့ဒါကို လျှို့ဝှက်ထားလို့
မရတာက မဆန်းပါဘူး။"
ကျန်းရူယွီ ခေါင်းညိတ်လိုက်သည်။
သူတို့ သွားရာလမ်းတလျှောက် သတင်းအချက်အလက်တွေ စနည်းနာလာကြသည်။ ခုနစ်ရက်အတွင်း သူတို့သည် ဝမ်ကျိုးကို ဖြတ်၍
ယွမ်ကျိုး အနီးသို့ ချဉ်းကပ်ခဲ့ကြသည်။
ယွမ်ကျိုး နှင့် နီးကပ်လာသည်နှင့်အမျှ ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ကျင်းပတော့မလိုပင်.. ကျင့်ကြံသူများ ပိုမို များပြားလာကာ စုဝေးလာကြသည်။
ထိုသို့ ကျင့်ကြံသူများ စုရုံး၍ လှုပ်လှုပ်ရှားရှား ရှိလာကြတော့သည်။
တစ်စုံတစ်ယောက်က စတင်၍ ပြောဆို
လာသည်။
"ဟေး.. ရောင်းရင်းတို့ ကြားပြီးကြပြီလား ..ထိုက်ရီ မြင့်မြတ်နယ်မြေက သူတော်စင် သားတော်တွေနဲ့ သူတော်စင် သမီးတော်တွေလည်း ဒီကို ပြေးလာကြတယ်တဲ့ကွ..."
ကျန်တစ်ယောက်ကလည်း သူသိထားသော သတင်းအား ဖောက်သည်ချပြန်သည်။
"ဒီမှာ..ထိုက်ရီ မြင့်မြတ်နယ်မြေတင် မဟုတ်ဘူးကွ..လေ့ယင် အင်မော်တယ်ဂိုဏ်းနဲ့ ထိုက်ရွှမ် အင်မော်တယ်ဂိုဏ်းက သူတော်စင်သားတော်တွေလည်း ရောက်လာကြတယ်လေကွာ..
အားပါးပါး..ဒီမြင့်မြတ်တဲ့ နယ်မြေက အင်မော်တယ် မျိုးဆက်သစ်တွေက အရမ်း အစွမ်းထက်ကြတယ် …"
အခန်း ၂၃၉- သေလုမျောပါး အင်မော်တယ် ...
~ "ဒီကိုသွားရင်း လမ်းမှာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေရဲ့ နဂါးလှေကို တွေ့ပြီး ကောင်းကင်နဂါး သူတော်စင်သားတော်ကို တစေ့တစောင်း မြင်လိုက်ရတယ်။ ခဏလေးပဲ၊ ဒါပေမယ့် နဂါးငယ်လေးနဲ့ ရင်ဆိုင်လိုက်ရသလို ငါ ခံစားရတယ်။ အရှေ့ဒေသ မြင့်မြတ်နယ်မြေရဲ့ အင်မော်တယ်ဂိုဏ်းအားလုံးမှာ သူ့ကို ပြိုင်ဘက်ကင်းလို့ သတ်မှတ်ရမှာ မဟုတ်လား။"
"အမှန်ပဲ၊ ကောင်းကင်နဂါး သူတော်စင်သားတော်က အရမ်းသန်မာတယ်။ အခုရက်တွေမှာသူက အဓိက အင်မော်တယ်ဂိုဏ်းတစ်ခုစီရဲ့ မျိုးဆက်သစ်လူငယ်တွေကို စိန်ခေါ်နေခဲ့ပြီး အပြတ်အသတ် အောင်ပွဲရခဲ့တယ်လေ"
"ဒါပေမယ့် ကောင်းကင်နဂါး သူတော်စင်သားတော်ရဲ့ ပထမဆုံး တိုက်ပွဲက ချင်းကျိုးမှာ ဖြစ်ပြီး... တိမ်ဖြူဂိုဏ်းရဲ့ မွေးရာပါ ဓားအင်မော်တယ်က သူ့ကို အညွန့်တုံးစေခဲ့တယ်တဲ့"
ကျင့်ကြံသူ အချို့သည် ဤသတင်းကို ကြားသိရပြီး အချို့မှာ သတိမထားမိကြပေ။
ယခု ဤသတင်းအား ကြားလိုက်ရတော့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာတော့သည်။
"တကယ်လား.. မကြာသေးမီ နှစ်တွေအတွင်း၊ ကောင်းကင်နဂါး သူတော်စင်သားတော်က ရှုံးပွဲမရှိ ပေါ်ပေါက်လာခဲ့တာလေ၊ သူ့ရဲ့ပထမဆုံးတိုက်ပွဲကို ရှုံးနိမ့်သွားခဲ့တာလား"
"တိမ်ဖြူဂိုဏ်းက မွေးရာပါ ဓားအင်မော်တယ်အကြောင်း ငါ သိတယ်..လွန်ခဲ့တဲ့ နှစ်တွေက သူက နတ်ဓားဂိုဏ်းရဲ့ ဓားတာအို အစည်းအဝေးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တာလေ..သူက. .ရွှေအူတိုင် နယ်ပယ်နဲ့ ဓားတာအို ပိုင်နက်ကို ဖွဲ့စည်းခဲ့တယ်၊ နတ်ဓားဂိုဏ်းရဲ့ အရင် ဆရာကြိီးတောင် အံ့အားသင့်သွားတယ်လို့ ငါ ကြားခဲ့ရတယ်..."
"ဆိုတော့..ဒါဟာ ကောလဟာလ တစ်ခုလို့ ငါ ထင်ခဲ့ပေမယ့် အမှန် ဖြစ်နေတာပေါ့။ တိမ်ဖြူဂိုဏ်း..ငါ တစ်ခါမှ ကြားတောင် မကြားဖူးဘူး၊ သူတို့က အဲဒီလို လူထူးဆန်းမျိုး မွေးထုတ်ခဲ့တာလား။ သူတို့တွေ ဘယ်လို ကံတရားမျိုးနဲ့ ခလုတ်တိုက်ခဲ့တာပါလိမ့်... အံ့သြစရာပဲ..."
"ဟုတ်ပြီ... အဲဒီလို လူထူးဆန်းမျိုးသာ အထက်ဘုံ တက်နိုင်ရင် တိမ်ဖြူဂိုဏ်းဟာ မြင့်မြတ်တဲ့ မြေ..အင်မော်တယ် ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မယ်"
လူအုပ်ကြီးက အထင်ကြီး သဘောကျစွာ သက်ပြင်းချကြသည်။
...
ကျန်းရူယွီသည် ဤကျင့်ကြံသူများ၏ စကားကိုကြားတော့ အနည်းငယ်ပြုံးပြီး လျှို့ဝှက်အသံကို ထုတ်လွှတ်လိုက်သည်။
"ဂျူနီယာ မောင်လေး၊ နင်က တော်တော်နာမည်ကြီးနေပြီ၊ ဒါပေမယ့် နင်က တကယ်ကို ကြောက်စရာကောင်းတယ် နော်၊ ကောင်းကင် နဂါး သူတော်စင် သားတော်တောင် နင့်ကို တိုက်ခိုက်ရာမှာ ရှုံးသွားတယ်"
ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ... ပြုံးလိုက်ပြီး
" ကောင်းကင် နဂါး သူတော်စင် သားတော်က တကယ်ကို မပျော့ညံ့ပါဘူး၊ ကျွန်တော်လည်း သူ့ကို အနိုင်ယူဖို့ တော်တော်အားစိုက်ခဲ့ရတယ်ဗျ "
ကျန်းရူယွီက တိုက်ပွဲ၏အသေးစိတ်အချက်အလက်များကို မသိသူပိီပီ
တွေးတွေးဆဆလေး ခေါင်းညိတ်ကာ
.. ပြောလာသည်။
"ကောင်းကင် နဂါး သူတော်စင် သားတော်က အမှန်တကယ်ကိုအစွမ်းထက်တယ်၊ သူက ကောင်းကင်နဂါး မြင့်မြတ် နယ်မြေရဲ့ ပြုစုပျိုးထောင်ခြင်းကို ခံရပြီး မြင့်မြတ် နယ်မြေရဲ့ကြီးမားတဲ့ ဂိုဏ်းတွေကို ဘယ်သောအခါမှ အရှုံးမရှိဖူးဘူး"
လုရီ အံ့သြသွားပြီး ကျန်းရူယွီကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်တော့သည်။
"သူက အစ်မရဲ့ဓားဂိုဏ်းဆီလည်း လာခဲ့တာလား"
"ဟုတ်တယ်၊ နင့်ကိုရှုံးပြီးနောက်၊ သူက ငါးနှစ်လောက် တံခါးပိတ်ကျင့်ကြံပြီး
အခြေတည်ဝိညာဥ် နယ်ပယ်ကို ကျော်ဖြတ်သွားခဲ့တယ်။ သူ ပေါ်ထွက်လာတဲ့ နောက်မှာ သူက ငါတို့နတ်ဓားဂိုဏ်းကို စိန်ခေါ်ခဲ့တယ်။ အဲဒီတုန်းက ငါက တံခါးပိတ် ကျင့်ကြံနေပြီး သူ့ရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့တဲ့တာက အစ်ကိုဝမ်ပဲ၊သူ့အနေနဲ့ အစ်ကိုဝမ်ကို အနိုင်ယူဖို့ တိုက်ကွက် ဆယ်ကွက်လောက်ပဲကြာတယ်။"
လုရီ သည် ထိုစကားကိုကြားသောအခါ အံ့သြခြင်းမရှိပေ။ ရွှေအူတိုင် နယ်ပယ်တွင် ကောင်းကင် နဂါး သူတော်စင် သားတော်သည် ထူးထူးခြားခြား အားကောင်းနေပြီး အစ်မနင်ရွှမ်းကို မီလုနီးပါးဖြစ်သည်။ အခြေတည်ဝိညာဥ် နယ်ပယ်ကို ဖြတ်ကျော်ပြီး သူက သေချာပေါက် ပိုသန်မာနေမည်ပေါ့။ ဝမ်ချီဖုန်းကို အနိုင်ယူတာက သာမန်ပါပဲ။
လုရီက...ပဟေဌိ ဖြစ်စွာဖြင့် မေးလာသည်။
"ကောင်းကင် နဂါး သူတော်စင် သားတော်ကို နဂါးသွေး အစစ်တွေနဲ့ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့တယ်လို့ ကျွန်တော် ကြားတယ်၊ သူ့ကို ဒီလောက် အတိုင်းအတာအထိ လေ့ကျင့်ထားခဲ့တာ ။ အစ်မတို့ တခြား ဂိုဏ်းတွေမှာလည်း ဒီလိုမျိုး အရင်းအနှီး မရှိဘူးလားဗျ"
သူ့မေးခွန်းအား ကြားလိုက်ရတော့ ကျန်းရူယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး
"အင်မော်တယ် သားရဲတွေအနေနဲ့ အစစ်အမှန်နဂါးတွေက အင်မတန် အစွမ်းထက်ပြီး အင်မော်တယ်တွေတောင် သူတို့ ပြိုင်ဘက် မဟုတ်နိုင်ဘူး။ အစစ်အမှန်နဂါး သွေးဆိုတာ မြင့်မြတ်နယ်မြေ.. အင်မော်တယ်ဂိုဏ်းတွေမှာတောင် အရမ်း ရှားပါးတယ်၊ အင်မော်တယ်ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေမှာတောင်မှပဲ အဲ့လောက်
မပေါများဘူး..."
လုရီ အံ့ဩသွားကာ မျက်ခုံးပင့်လိုက်ပြီး
"ကောင်းကင် နဂါးသူတော်စင် သားတော်မှာ ဒီလိုမျိုး အရင်းအနှီး ဘယ်လို ရှိတာလဲ.."
ထိုအခါ...ကျန်းရူယွီသည် ပတ်ပတ်လည်ကို အရိပ်အခြေ လှမ်းကြည့်ပြီမှ သူမ၏ လျှို့ဝှက် အသံကို ထုတ်လွှတ်လာသည်။
" ဒါက ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက အထက် ဘုံ တက်လှမ်းသွားတဲ့ အင်မော်တယ်တစ်ပါးနဲ့သက်ဆိုင်နေပုံ ရတယ်လို့ ငါ ဆရာ့ဆိီကကြားဖူးတယ်..."
လုရီ အံ့ဩတုန်လှုပ်သွားပြီး
"ကောင်းကင်နဂါး မြင့်မြတ်နယ်မြေကို ကျောထောက်နောက်ခံပြုနေတဲ့ အင်မော်တယ်နဲ့ ပတ်သတ်နေတာလား"
"ဟုတ်တယ်၊ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေကို ကျောထောက်နောက်ခံ ပြုသူဟာ မတော်တဆမှု တစ်ခုကြောင့် ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားခဲ့ရပြီး သူ့ရဲ့ သက်တမ်းတောင် ပျက်စီးသွားတယ်။ အနှစ်တစ်သောင်းသာ ကျန်ရှိတော့တယ်၊ အဲ့ဒီအင်မော်တယ်က သူ မသေခင် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ အင်မော်တယ် အသစ်တစ်ပါးကို မွေးမြူဖို့ ဆန္ဒရှိခဲ့တယ်၊ ဒါကြောင့် သူ အရမ်းကို ရင်းနှီးမြုပ်နှံခဲ့တာပါ"
ဒါကို ကြားတော့ လုရီဟာ ထိတ်လန့်တကြား.. မျက်လုံးအစုံ ပြူးကျယ်သွားပြီး
"ဟမ်..အင်မော်တယ်တွေတောင် သေနိုင်ပြီလား"
လုရီ စိတ်ထဲ၌ အင်မော်တယ်များသည် ကောင်းကင်နှင့် မြေကြီးတို့ ရှိနေသမျှ ကာလပတ်လုံး မသေနိုင်ဟု အမြဲ နှလုံးသွင်းခဲ့သည်။
ယခုတော့..ဒါက သည်သဘော မဟုတ်တော့ပုံပါပင်။
"ဟုတ်ပါတယ်၊ အင်မော်တယ်တွေဟာ သက်တမ်းရှည်နေပေမယ့်၊ သူတို့လည်း အသက်ကြီးလို့ သေသွားနိုင်တယ်။ ကောင်းကင်နဲ့ မြေကြီးအတိုင်း တကယ် အသက်ရှင်ဖို့အတွက်တော့ လူတစ်ယောက်ဟာ မယုံနိုင်လောက်အောင် သန်မာနေမှ ရမယ်"
အင်မော်တယ် များစွာကို မွေးထုတ်ပေးသည့် အင်မော်တယ် ဂိုဏ်းတစ်ခုမှ ဆင်းသက်လာသူ ကျန်းရူယွီသည် အင်မော်တယ်များနှင့် စပ်လျဉ်း၍ တိကျ သေချာသော နားလည်မှု တစ်ခု ရှိပေသည်။
သူမက အမျှော်အမြင် ကြီးစွာ ဆက်လက် ပြောဆိုလာသည်။
"ဒါပေမယ့် ..အင်မော်တယ်အဖြစ် တက်လှမ်းရုံနဲ့ ကျင့်ကြံသူ တစ်ယောက်ကို အနှစ်တစ်သန်း သက်တမ်းကို အာမခံတယ်..."
.. နှစ်တစ်သန်း...
ဒါက မသေနိုင်တာနဲ့ မခြားတော့ဘူးလေ။..
လုရီက ဖြူဖွေးသော သွားများ ပေါ်အောင် ပြုံးလိုက်မိသည်။
အကယ်၍ ၎င်းသည် သူ၏ မော်ဒန်ခေတ်မှာသာ ဖြစ်ခဲ့ပါက၊ လူသား ယဉ်ကျေးမှု၏
သမိုင်းကြောင်း တစ်ခုလုံးကို သက်သေပြမည့် ကျောက်ခေတ်မှ ယနေ့အထိ အနှစ်တစ်သန်းကျော် ဖြတ်သန်း၍ လူသား လူမှုအဖွဲ့အစည်း တိုးတက်မှု တစ်ခုလုံးအား စောင့်ကြည့်နိုင်မည် ဖြစ်သည်။
"ဒါပေမယ့် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက အဲ့ဒီပုဂ္ဂိုလ်က ပကတိ သေခြင်း မဟုတ် သေးဘူး၊ လက်ရှိမှာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှာ အဲ့ဒီအင်မော်တယ်က ရှိသေးတယ်.. သူ သေရင် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေဟာ ထူးထူးခြားခြား ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ချေ ရှိတယ်" ဟု ကျန်းရူယွီက ဆက်လက် ပြောပြသည်။
လုရီ၏ အကြည့်များ လှုပ်ခတ်သွားကာ
ယခုအခါ၌ နားလည်သွားသည်။
အကြောင်းမူကား..အင်မော်တယ်ဂိုဏ်း မြင့်မြတ် နယ်မြေ တစ်ခုအနေနှင့်၊ ကောင်းကင်ဘုံနဂါး မြင့်မြတ် နယ်မြေသည် ယုံမှတ်များဖွယ် မရှိလောက်အောင်ပင် ကြီးမားသော အရင်းအမြစ်များနှင့် အင်မော်တယ် ကျမ်း၏ အမွေကို ပိုင်ဆိုင်ထားလေသည်။ နောက်ကွယ်က ပံ့ပိုးပေးမည့် အင်မော်တယ်၏ အရိပ်အယောင်များ မရှိလျှင်၊ တခြား အင်မော်တယ် ဂိုဏ်းများက ကောင်းကင်ဘုံနဂါး ဂိုဏ်းအား ဝါးမျိုသွားလိမ့်မည် ဖြစ်ချေ၏။
ကျင့်ကြံခြင်း အရင်းအမြစ်နှင့် အမွေအနှစ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်လာလျှင် ကျင့်ကြံခြင်း ကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်ပြီး သွေးထွက်သံယိုဖြစ်မှုကို ပြသခဲ့လေသည်။
လုရီသည် ကောင်းကင်နဂါး သူတော်စင်
သားတော်၏ ကိစ္စရပ်အား ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ
"ကောင်းကင် နဂါး မြင့်မြတ် နယ်မြေက သူတော်စင်သားတော်ကို ဒီလိုပုံစံနဲ့ ပြုစုပျိုးထောင်နေတာ ကျွန်တော် မအံ့သြတော့ပါဘူး။"
ရုတ်တရက်ဆိုသလိုပင် လုရီသည် နောက်ကျောမှ အေးစိမ့်သော ခံစားချက်တစ်ခု ရလာပြီး ..ကောင်းကင်နဂါး သူတော်စင်သားတော်ကို ယခင်က မသတ်ခဲ့မိသည့်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။
အကယ်၍ သူသာ သူတော်စင်သားတော်ကို အမှန်တကယ် သတ်ဖြတ်ခဲ့လျှင် လုရီသည် ထိုအင်မော်တယ်ကြီးက ထျန်းမင်ဆီ ဆင်းသက်လာပြီး သူ့ကို မသေမချင်း ပါးရိုက်၍ သတ်မည်လားဟုပင် တွေးတောနေမိသည်။
ထိုစဉ် လုရီ အနည်းငယ် အံ့အားသင့်သွားပြီး
ပြန်မေးလိုက်၏။
"အဲ့ဒီအင်မော်တယ်ကြီးက သူ့ရဲ့သက်တမ်း အနှစ်တစ်သောင်းကျန်သေးတာ မဟုတ်ဘူးလား၊ သူတော်စင် သားတော်ကို ပြုစုပျိုးထောင်ဖို့ ဘာကြောင့် စိတ်စောနေရတာလဲ"
ထိုအခါ ..ကျန်းရူယွီသည် အတန်ငယ် စိတ်တိုသွားကာ လုရီအား မျက်လုံးများ လှိမ့်ကြည့်လိုက်ရင်း...
"ဂျူနီယာ မောင်လေး..အားလုံးက နင့်လိုပဲလို့ ထင်နေလား။ ကျင့်ကြံသူတစ်ယောက်အတွက် အနှစ်တစ်ထောင်က အထက်ဘုံကို တက်ဖို့ တော်တော်ကို စိန်ခေါ်မှုကြီးပါပဲ။ ဒါ့ထက် သူတော်စင်သားတော်က အရည်အချင်းမပြည့်မီရင် သူတို့တွေ ပြန်စရမယ်လေ.. မရေရာတာတွေ အများကြီးပါပဲ။"
လုရီသည် ဤအချက်ကြီးကို မစဉ်းစားမိကြောင်း သိလိုက်ရသဖြင့် သူ့ကိုယ်သူအနည်းငယ် ရှက်သွားမိသည်။
အထက်ဘုံသို့ တက်ခြင်းသည် သူ့အတွက် ပြဿနာမဟုတ်သော်လည်း အခြားသူများအတွက်မူ ထူးထူးခြားခြား ပြဿနာတစ်ခုဖြစ် ပါသည်။
သူတို့သည် ထိုသို့ လျှို့ဝှက် အသံများမှတဆင့် ဆက်သွယ် ပြောဆိုနေကြစဉ်တွင် လွှမ်းမိုးချုပ်ကိုင်၍ ပြင်းထန်သော အရှိန်အဝါ
များစွာသည် စားသောက်ဆိုင်ဆီသို့ ပြင်းထန်စွာ ဖိစီးလာခဲ့သည်။
စားပွဲများ ကွဲအက်၍ ဝိုင်ခွက်များ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျင့်ကြံမှု အားနည်းသည့် ကျင့်ကြံသူများပင် အဝင်ပေါက်ဆီသို့ လှမ်းကြည့်ရင်း သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။
တံခါးဝတွင် ခက်ထန်သော အမူအရာနှင့်
အေးစက်သည့် အကြည့်များဖြင့် လူငယ်အများအပြားသည် စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။ သူတို့၏ ဝတ်ရုံများကို နဂါးတစ်ကောင် မာန်ဖီနေသကဲ့သို့ ထူးခြားသော ပုံစံများနှင့် ခြယ်မှုန်းထားလေသည်။
ကျင့်ကြံသူ အများအပြား၏ အမူအရာများ ပျက်ယွင်းသွားသည်။
သူတို့ချင်း တိုးတိုးလေး သတိပေးကြ၏။
"အို...ဒါက ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက တပည့်တွေပဲ..."
ဆိုင်အတွင်းရှိ လေထုသည် ချက်ချင်းပင် တစပြင်လို တိတ်ဆိတ်သွားသည်။
လမ်းအပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာများခမျာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများကို အပြစ်ပြုမိမည်ကို စိုးရိမ်သဖြင့် သုတ်သီးသုတ်ပျာ ထွက်သွားကြသည်။
ကျင့်စဉ်အဆင့်မှာ အခြေတည် ဝိညာဉ် ဖြစ်၍ အလွန်ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါအား ပိုင်ဆိုင်သည့် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ထိပ်တန်း တပည့်က စားသောက်ဆိုင် တစ်ဝိုက်အား အေးစက်သော အမူအရာဖြင့် ခြုံလွှမ်း၍ ကြည့်ကာ ထက်ရှပြီးလေးနက်သည့် အသံဖြင့် သတိပေးသည်။
"ငါတို့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေရဲ့သူတော်စင်သားတော်ကို ဘယ်သူ ဝေဖန်ရဲလဲ.."
အခန်း၂၄၀-တစ်ချက်ကြည့်လိုက်ရုံဖြင့်...
~ စားသောက်ဆိုင်ရှိ ကျင့်ကြံသူများသည် အလွန်မကျေမနပ် ဖြစ်ကြသော်လည်း ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ လွှမ်းမိုးမှုကြောင့် ဒေါသကို သာ ဖိနှိပ်ထားနိုင်ကြသည်။
စားသောက်ဆိုင်ပိုင်ရှင်က ငိုချင်သော်လည်း မျက်ရည်များ မထွက်ရှာဘဲ သူ့အမူအရာက ဖြူဖျော့နေသည်။
"အဟင့် ဟင့်...ကျွန်တော့်ရဲ့ စားသောက်ဆိုင်လေး..."
သူသည် တုန်တုန်ရီရီဖြင့် ကြေကွဲဝမ်းနည်းစွာ
တိုးတိုးလေး.. မြည်တမ်းနေလေသည်။
ကျန်းရူယွီ တစ်ဦးတည်းသာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ တပည့်များကို မကြောက်ဘဲ ဒေါသတကြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"နင်တို့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက အရမ်း အနိုင်ကျင့်နေတာပဲ..သူတို့ ပြောတာ မဟုတ်လို့လား"
တစ်စုံတစ်ယောက်သည် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ တပည့်များအား မတူကွဲပြားစွာ.. ဆက်ဆံနေသည်ကို တွေ့လိုက်ရသဖြင့်
လူအများ၏ အမူအရာများ ပြောင်းလဲသွားကာ ထိုအသံ ထွက်ပေါ်လာရာသို့ ခေါင်းများ လှည့်ကြည့်လိုက်ကြသည်။
ကျန်းရူယွီကို တွေ့တော့ ကျင့်ကြံသူ တော်တော်များများ အံ့ဩသွားကြသည်။
"ဒါက ကျန်းရူယွီ..၊ နတ်ဓားဂိုဏ်းက ကျန်းရူယွီပဲ.. သူဟာ သူ့ရဲ့ဂိုဏ်းထဲမှာ ထိပ်တန်းပါရမီရှင်တစ်ယောက်မလား.."
"သိတာ်၊ သိတယ် ..ကျွန်တော် သူ့ကို သိပါတယ်၊ သူက လူငယ် ပါရမီရှင် အဆင့် သတ်မှတ်ချက်မှာ အတော်လေး မြင့်မားတယ်..ကျန်းရူယွီကို ဒီမှာ ရှိဖို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။"
"အလိုလေး... ကျန်းရူယွီ ဘေးကလူကို ကြည့်လိုက်ပါ.."
တစ်စုံတစ်ယောက်သည် လုရီကို ပထမဆုံး တွေ့လိုက်ရပြီး အံ့ဩသွားကာ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
"ဘာလဲ..အဲဒီလူက ဘယ်သူမို့လို့လဲ"
တစ်ယောက်ယောက်က နားမလည်နိုင်စွာ စောဒက တက်လာသည်။
"သူက တိမ်ဖြူဂိုဏ်းက အင်မော်တယ်မျိုးစေ့လေ.. အင်မော်တယ်မျိုးစေ့ကို ဒီမှာ တွေ့ရဖို့ ငါ မမျှော်လင့်ထားဘူး။"
ထိုထုတ်ဖော်မှုကို ကြားတော့ ကျင့်ကြံသူ
အများအပြား အံ့သြသွားပြီး လုရီကို အလေးအနက် ကြည့်ရှုလာကြပါတော့သည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ တပည့်များသည် ကျန်းရူယွီ ထိုသို့ စကားပြောလာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ တစ်ခုခုပြောရန် ဟန်ပြင်ကြသည်။ သို့သော် ကျင့်ကြံသူများ၏ မှတ်ချက်ကို ကြားလိုက်သောအခါတွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး လုရီကို စူးစူးရဲရဲ ကြည့်လာလေသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ တပည့်များထဲမှ ခေါင်းဆောင် ဖြစ်ပုံရသော လူငယ်ကလုရီကို ကြည့်ကာ အေးစက်စွာ ပြောသည်။
"ဒါဆို အင်မော်တယ်မျိုးစေ့က မင်းပဲလား"
လုရီက ဖြေလိုက်သည်။
"မမှားဘူး..အဲ့ဒါ ငါပဲလေ။ မင်းတို့ရဲ့
ကောင်းကင် နဂါး သူတော်စင် သားတော် အခု ဘယ်မှာလဲ၊ ငါ သူ့ကို မတွေ့ရတာ တော်တော်ကြာနေပြီ၊ သူ့ကို အရမ်းသတိရနေတယ်"
လုရီသည် အမှန်အတိုင်း ပြောခဲ့ခြင်းပါ။
အကြောင်းရင်းအနေနှင့် ကောင်းကင် နဂါး သူတော်စင် သားတော်ကို အနိုင်ယူခြင်းသည် သူ့အတွက် အစစ်အမှန် နဂါး သွေး အဆီအနှစ်ကို ထုတ်ပေးနိုင်သည်လေ။
အစစ်အမှန် နဂါး သွေး အဆီအနှစ်မှာ အလွန် အသုံးဝင်သည် ဖြစ်ရာ ကောင်းကင် နဂါး သွေး အဆီအနှစ်ကို ထပ်မံရရှိရန် လုရီ မျှော်လင့်နေပါသည်။ ထို့ကြောင့် ကောင်းကင်နဂါး သူတော်စင်သားတော်ကို ထပ်မံ တွေ့ဆုံချင်ခဲ့သည်။
လုရီစကားကို ကြားသောအခါ၊ ကောင်းကင်နဂါး မြင့်မြတ် နယ်မြေ၏ တပည့်များစွာ၏
မျက်နှာများ မည်းမှောင်သွားခဲ့သည်။
ခေါင်းဆောင် အခြေတည် ဝိဉာဉ် တပည့်သည် ဒေါသတကြီး ထအော်တော့၏။
"မင်း သတ္တိ ရှိလား ..သူတော်စင်သားတော်ကို ထပ်ပြီး စိန်ခေါ် ချင်လား..လာလေ..ငါ .. မင်းရဲ့ ခွန်အားကို အရင် စမ်းသပ်မယ် "
အခြေတည် ဝိဉာဉ် တပည့်သည် တိုက်ရိုက် လှုပ်ရှားလိုက်ပြီး လုရီထံ လက်တစ်ဖက် ဆန့်ထုတ်ကာ အားလှိုင်းတစ်ခု ဖော်ထုတ်သည်။
အခြေတည် ဝိဉာဉ် တပည့်၏ လက်ထဲတွင် အဝါရောင် အလင်းများ တောက်ပလာသည်။
နဂါးစွမ်းအား ဖွဲ့တည်လာသည်။ ကြောက်စရာကောင်းသော အရှိန်အဝါများ အရှိန်ပြင်းပြင်းလှည့်ပတ်ကာ လုရီအတွက် ကုပ်ဆွဲလာသော နဂါး လက်သည်းအဖြစ်သို့ ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ပတ်ဝန်းကျင်လေထုကို တုန်လှုပ်စေကာ အားနည်းသော ကျင့်ကြံသူများအား သူတို့၏ ရင်ဘတ်အတွင်း လေးလံသော ဖိအားကို ခံစားရစေသည်။
သို့သော် နဂါးလက်သည်းသည် လုရီ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းသည် သဲမှုန်များကဲ့သို့ လေနှင့်အတူ မျောပါကာ အစအန မကျန်အောင် လွင့်စင်သွားလေသည်။
လုရီ မျက်မှောင်ကြုတ်ကာ ဆိုသည်။
"ငါက ဒီအတိုင်းပဲ မေးတာ လေ။ ဘာလို့ အကြမ်းဖက်မှုကို အားကိုးနေတာလဲ။ ဒီစားသောက်ဆိုင်မှာ တိုက်ခိုက်လို့ ပစ္စည်းတွေ ပျက်စီးရင် မင်းပဲ နစ်နာကြေး ပေးရမယ်။"
ထိုအခြေတည် ဝိညာဉ်တပည့်သည် နက်နက်နဲနဲ မျက်မှောင်ကျုံ့ရင်း လုရီအား ရှုတည်တည် အမူအရာဖြင့် ကြည့်ကာ ရှည်လျားစွာ မာန်သွင်းလိုက်သည်။
စူးရှသော အော်မြည်သံနှင့် အတူ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် နဂါးပုံစံများနှင့် ပေါင်းစပ်ကာ လည်ပတ်နေပြီး သူ့ကိုယ်မှ အရိုင်းဆန်၍ ကြမ်းတမ်းသော သားရဲ၏ အရှိန်အဝါကို ထုတ်လွှတ်လာသည်။
အခြေတည် ဝိဉာဉ် တပည့်၏ အားကောင်းမောင်းသန် ကိုယ်လုံးကိုယ်ပေါက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မျက်နှာထားများ အရောင် ပြောင်းလဲစေခဲ့သည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ ခန္ဓာကိုယ်သန့်စင်သည့် နည်းစနစ်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မြင့်မြတ်နယ်မြေ၏ တပည့်တိုင်းနီးပါးသည် ခန္ဓာကိုယ်ကျင့်ကြံမှုတွင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လုရီ မျက်မှောင်ကြုတ်ကာ လျှို့ဝှက်ဆန်းကြယ်သော ဓားပုံရိပ် တစ်ခု ဖြည်းညှင်းစွာ လှည့်ပတ်နေသည့်နှယ် သူ့မျက်လုံးများအတွင်း အလင်း
စီးကြောင်းတချို့ တုန်လှုပ်သွားသည်။
မူလက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြာထွက်နေသော ၎င်းအခြေတည်ဝိဉာဉ်တပည့် ၏ ကိုယ်သည် သိမ့်ခနဲ တုန်လှုပ်သွားကာ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီးနောက်.. သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ နဂါးပုံစံများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
"မင်း..."
သူက လုရီကို ထိတ်လန့်တကြား ကြည့်ရင်း
စကားမဆက်နိုင် ရှိနေသည်။
ထိုအခါ ..လုရီက ပြောလိုက်သည်။
" တာအိုရောင်းရင်း၊ မင်း မြို့ထဲမှာ မဆင်မခြင် တိုက်ခိုက်ရင် ငါ့ဘက်က ယဉ်ကျေးမှာ မဟုတ်ဘူးနော် "
ထိုအခါ အခြေတည် ဝိညာဉ်တပည့်၏ မျက်နှာထားသည် အကြီးအကျယ်ပြောင်းလဲသွားသည်။
ထို့နောက် တကိုယ်တော် ကျင့်ကြံသူ အားလုံးထံမှ အံ့အားသင့်နေသော အမူအရာများကြားတွင် သူသည် သူ၏ ဝိညာဉ် စွမ်းအားကို အမှန်တကယ် ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ရွှေအူတိုင် နယ်ပယ် တပည့်အချို့သည် သူတို့၏ စီနီယာအစ်ကိုကြီးကို အံ့အားသင့်စွာ ကြောင်ငေးနေကြသည်။
"စီနီယာ အစ်ကိုကြီး"
အခြေတည်ဝိညာဉ်တပည့်သည် လျှပ်တစ်ပြက်အကြည့်ဖြင့် လုရီအား ကြည့်ကာ ငြိမ်သက်
မသွားနိုင်ဘဲ သူ့အဖော်များအား တီးတိုး တားမြစ်လိုက်၏။
"မပြောတော့နဲ့"
"သွားကြမယ်"
ထိုစကားအဆုံး၌ သူသည် ချာခနဲ လှည့်ထွက်သွားလေ၏။
ရွှေအူတိုင် တပည့် အနည်းငယ်တို့သည် သူတို့ချင်း..အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လူအုပ်ကြီး၏ ထူးဆန်းသောအကြည့်များအောက်တွင် သူတို့သည် စိတ်ဆိုးနေကြသော်လည်း အပို
မပြောဝံ့ဘဲ နောက်မှ လိုက်သွားကြသည်။
တစ်ခဏမျှ ကြာတော့ လုရီ၏ အသံ ထွက်ပေါ်လာလေသည်။
"တာအိုရောင်းရင်း..မင်းရဲ့ သူတော်စင်
သားတော် ဘယ်မှာ ရှိနေတယ်ဆိုတာ ငါ့ကို
မပြောဘူးလား"
အခြေတည် ဝိဉာဉ် တပည့်က ခေတ္တရပ်လိုက်ပြီး " သူတော်စင်သားတော်က အပျက်အစီးဆီ ရောက်သွားပြီ" ဟု ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထို့သို့ ပြောပြီးနောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရွှေအူတိုင် တပည့်အချို့နှင့်အတူ နေရာမှ ပျောက်ကွယ်သွားတော့သည်။
...
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ ယခင်က ကြီးစိုးနေသော တပည့်များ ထွက်ခွာသွားသည်ကို ကြည့်ရင်း လူတိုင်း မှင်သက်သွားကြကာ လုရီဘက်သို့ အကြည့်များ စုပြုံ စူးစိုက်လာကြသည်။
လုရီသည် အခြေတည် ဝိညာဉ်တပည့်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုသူက ကြောက်လန့်တကြား လှည့်ထွက်သွားသည်။
လုရီ မည်သို့..ပြုလုပ်ခဲ့သနည်းဟု အားလုံးက ခန့်မှန်းနေကြသော်လည်း သူတို့အတွက်..
နားမလည်နိုင်ကြပါပေ။
မောက်မာပြီး အစွမ်းထက်သော
အခြေတည် ဝိဉာဉ်ကျင့်ကြံသူကို ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ထွက်ပြေးရန် လုရီက မည်သို့မည်ပုံ ဖန်တီးခဲ့ပါသနည်း။
ကျင့်ကြံသူတို့သည် အံ့ဩတုန်လှုပ်သော လေသံဖြင့် တီးတိုး တီးတိုး..ဆွေးနွေးကြတော့သည်။
ကျန်းရူယွီပင် လုရီကို စူးစိုက်ကြည့်လာကာ
"ဂျူနီယာ မောင်လေး၊ နင် ဘာလုပ်လိုက်တာလဲ"
ထိုအခါ လုရီက နှုတ်ခမ်းတစ်ချက် ညွတ်ကွေးလိုက်ပြီး ဖြေရှင်းလိုက်၏။
"ဘာမှ မဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို ဓားစိတ်ဆန္ဒနဲ့ ဖိနှိပ်လိုက်တာပါပဲ..."
လုရီသည် ကောင်းကင်ကပ်ဘေး ကာလအတွင်း ကောင်းကင်မိုးကြိုးမှ ဓားစိတ်ဆန္ဒကို နားလည်ခဲ့ပြီး ၎င်းကို နေ့စဉ် ပြန်လည် ဆင်ခြင်နေခဲ့သည်။
ယခု၊ သူ၏ ဓားတာအို ပိုင်နက်က နှစ်ဆယ် ရာခိုင်နှုန်းကိုပင် ကျော်လွန်သွားပြီး သူ၏ ဓားတာအို ပိုင်နက်ဖြင့် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒအား လှုံ့ဆော်နိုင်လေသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၏ တပည့်များသည် အခြေတည် ဝိညာဉ် အဆင့် ဖြစ်နိုင်သော်လည်း ထိုသူတို့နှင့် သူ့အကြား ကွာဟချက်မှာ ကြီးမားလွန်းလှသည်။
ထ်ိုသူတို့က သူ၏ ဓားစိတ်ဆန္ဒ ဖိအားကိုပင်
မခုခံနိုင်ကြ။
ကျန်းရူယွီသည် လုရီ၏ဓားစိတ်ဆန္ဒအား မြင့်မြတ်နယ်မြေမှ အခြေတည် ဝိဥာဉ်နယ်ပယ်မှ ကျင့်ကြံသူသည် တိုက်ခိုက်ရန် သတ္တိပင် မရှိခဲ့အောင် ပြင်းထန်စွာ ဖိအားပေးနိုင်မည်ဟု
မမျှော်လင့်ထားခဲ့ပေ။
လုရီသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏
သူ့ထံ စုပြုံရောက်ရှိနေသော အကြည့်များကို ခံစားရပြီး မတတ်သာစွာ ပြုံးကာ
"စီနီယာ အစ်မ ရူယွီ၊ ကျွန်တော်တို့ သွားကြစို့"ဟု ပြောလိုက်တော့သည်။
တစ်ခုခု စားနေစဉ်မှာ လူတော်တော်များများက စောင့်ကြည့်ခံရတာကို လုရီသည် ရှက်လေသည်။ ထို့အပြင်၊ ဤစားသောက်ဆိုင်တွင် ချက်ပြုတ်သော ဝိညာဉ်အစာနှင့် ဖော်စပ်သော ဝိညာဉ် ဝိုင်များသည် အလွန် သာမန်ဆန်၏။
လုရီသည် သူ နေ့စဉ် ဖန်တီးထားသည့် ဝိညာဉ်အစာနှင့် ဝိညာဉ်ဝိုင်ကို သောက်သုံးလေ့
ရှိသည်။
သူ့ကိုယ်ပိုင် အချက်အပြုတ် ကျွမ်းကျင်မှုက
သူ့အရသာကို ထိခိုက်စေခဲ့ခြင်းပင်။