← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း ၂၅၉-အခင်းအကျင်းက ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူတွေကို ဖိနှိပ်ပြီ..

~ဤနေရာတစ်ခုလုံးကို လုရီက သတ်ဖြတ်

အခင်းအကျင်း စနစ်အဖြစ် လုံးဝပြောင်းလဲပစ်မည်ဆိုလျှင် ဤသူတို့အားလုံး ဤနေရာ၌ပင် ပျက်စီးဆုံးရှုံးရလိမ့်မည်မှာ သေချာ၏။

ဦးဆောင်သူ ကောင်းကင်နန်းတော်ကျင့်ကြံသူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မိတ်ဆွေလေး၊ ကျုပ်တို့ရဲ့ စီနီယာတွေလည်း နန်းတော်ထဲမှာ ရှိနေတာပါဗျာ။ ကယ်တင်နိုင်တဲ့သူတွေကို ကယ်တင်ပါ။ ဘာလို့ ရန်သူဖြစ်ချင်တာလဲ။ ကျုပ်တို့ မိတ်ဆွေလေး ကျေနပ်အောင် တောင်းပန်ပါ့မယ်"

ထိုအခိုက်အတန့်တွင် နတ်ဓားဂိုဏ်းနှင့်

အင်ပါယာဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများလည်း သတိဝင်လာကြပြီး

ထိုသူတို့အား လွှတ်ပေးရန် လုရီထံ လျှို့ဝှက်အသံများ စုပြုံလျက် ပေးပို့လာကြသည်။

မည်သို့ပင်ဆိုစေ၊ နန်းတော်ထဲ၌ ကောင်းကင်နန်းတော်မှ ပေါင်းစည်းခြင်း နယ်ပယ်နှင့်

မဟာယာန နယ်ပယ် စွမ်းအားရှင်ကြီးများ ရှိနေကြ၏။

ထို့ပြင်၊ အပြင်ဘက်တွင် ကောင်းကင်ဘုံနန်းတော်မှ ကပ်ဘေး ဖြတ်ကျော်ကျွမ်းကျင်သူများ ရှိနေသည်ဟု ဆိုကြသည်။

ဤနေရာတွင် ရှိနေသော သူများသည် ကောင်းကင် နန်းတော်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။ အထူးသဖြင့် သူတော်စင် အမွေခံနှင့်သူတော်စင်သမီးတော်တို့မှာ အံ့မခန်း အစွမ်းထက်ကြသူများပင်။

လုရီက သူတို့အားလုံးကို ဤနေရာ၌ပင် ဖျက်ဆီးပစ်မည်ဆိုလျှင် ကောင်းကင်တစ်ခုလုံး အမှတ်တကယ်ပင် ပြောင်းပြန်လှန်သွားချေလိမ့်မည်။

ထိုအခါ..လုရီသည် နတ်ဓားဂိုဏ်း၏ တားမြစ်နယ်မြေအတွင်း၌သာ နေထိုင်ပြီး မည်သည့်အခါမျှ အပြင်သို့ မထွက်လျှင်ပင်၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ကပ်ဘေး ဖြတ်ကျော် အင်အားကြီး ကျင့်ကြံသူတစ်ဦး ကိုယ်တိုင်ပင် သူ့အား လာရောက်၍ ကလဲ့စားချေနိုင်ဖွယ်ရှိသည်။

အမှန်စင်စစ် နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်နှင့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများပင် အနည်းငယ်မျှ မှင်သက်နေကြဆဲပင်။

လုရီသည် ဤမျှ ပြင်းထန်သော စွမ်းအားဖြင့် သူ့တစ်ဦးတည်းနှင့် ကောင်းကင် နန်းတော်မှ ကျွမ်းကျင်သူအားလုံးကို ဖိနှိပ်နိုင်ပြီး၊ သူတို့ကို အသက်မရှိသော လမ်းဆုံးသို့ပင် တွန်းပို့နိုင်လိမ့်မည်ဟု သူတို့ မည်သည့်အခါမျှ စိတ်ကူးမယဉ်ခဲ့ကြပေ။

ကောင်းကင်နန်းတော်သည် ရိုးရိုးဂိုဏ်းမျှသာ မဟုတ်ဘဲ၊ နှစ်သန်းပေါင်းများစွာ အစဉ်အလာကြီးမားပြီး အစွမ်းထက်သော အမွေအနှစ်များ ပိုင်ဆိုင်သည့် အင်မော်တယ် ဂိုဏ်းတစ်ခုဖြစ်သည်။ သို့သော် လုရီ တစ်ဦးတည်းကြောင့်ပင် မမျှော်လင့်ဘဲ ရှုံးနိမ့်သွားရသည်။

ဤအခြေအနေသို့ ရောက်လာသောအခါ သူတို့ပင် ဝင်ရောက်စွက်ဖက်ရန် စိတ်ပိုင်းဖြတ်လိုက်ကြသည်။

"လုညီလေး၊ သူတို့ကို သတ်လိုက်တာက မင်းအတွက် ဘာကောင်းကျိုးမှ မရှိစေနိုင်ဘူးနော်" ဟု သူတို့က ဖျောင်းဖျကြသည်။

လုရီသည် ဂိုဏ်းနှစ်ခုမှ ကျွမ်းကျင်သူများ၏ အားသာချက်၊ အားနည်းချက် ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရပြီး ခဏမျှ စဉ်းစားလိုက်ကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားလိုက်သည်။

သူသည် အခင်းအကျင်း အားလှိုင်းများအား မနည်းထိန်းထားနိုင်သော ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများအား တစ်ချက်ကြည့်ကာ.. ပြုံးရင်း..

"ဒီလိုဆိုရင်လည်း ကောင်းပါပြီ၊ ဒါက အခင်းအကျင်းတာအို ပြိုင်ဆိုင်မှုပဲ၊ ခင်ဗျားတို့ ရှုံးသွားပြီဆိုတော့ အခင်းအကျင်း ပညာရှင်ရဲ့ စည်းကမ်းအရ ခင်ဗျားတို့ရဲ့ အခင်းအကျင်း ကျမ်းတွေကို ကျွန်တော့်ကို ပေးလိုက်ပါ။"

ဤစကားကြားသည်နှင့် ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ အခင်းအကျင်း ပညာရှင်၏ မျက်နှာထား ပြောင်းလဲသွားသည်။

"မဖြစ်နိုင်ဘူး၊ အင်မော်တယ် ဂိုဏ်းရဲ့ ထိန်းသိမ်းမှုတွေကို ပြင်ပလူကို ပြသခွင့် မရှိဘူး..ငါတို့ကို သတ်တာတောင် ခွင့်ပြုမှာ မဟုတ်ဘူး!"

ဦးဆောင်ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူကလည်း ခိုင်မာစွာ ပြောသည်။

"မှန်တယ်၊ လူငယ်လေး..မင်းရဲ့ တောင်းဆိုမှုကို ငါတို့ သဘောမတူနိုင်ဘူး!"

ထိုအခါ လုရီ သူ့နှုတ်ခမ်းအား တစ်ချက် ဖိကာ

"ခင်ဗျားတို့ရဲ့ အဓိက အခင်းအကျင်း ထိန်းသိမ်းမှုတွေကို ကျွန်တော် တောင်းတာ မဟုတ်ဘူး၊ အဆင့်မြင့် အခင်းအကျင်းထိန်းသိမ်းမှုတွေကိုပဲ တောင်းတာ၊ ခင်ဗျားတို့မှာ ရှိရမှာပဲ မဟုတ်လား။"

မည်သို့ပင် ဆိုစေကာမူ..တိမ်ဖြူဂိုဏ်းသည်

ချင်းကျိုးပြည်နယ်မှ ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။

သူ၏ ဆရာသည် အစွမ်းထက်ပုံရသော်လည်း၊ လုရီက သူ၏ ဆရာကိုလည်း မေးခဲ့သည်။

မည်သည့် အစွမ်းထက်သော နက်ရှိုင်းသည့် အခင်းအကျင်း နည်းစနစ်များမှ မရှိခဲ့ပေ။

သူ၏ လက်ရှိ အခင်းအကျင်း တာအိုကျွမ်းကျင်မှု အများစုသည် သူ၏ အလုပ် ဆုလာဘ်များမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အင်မော်တယ် ဂိုဏ်းတစ်ခုမှ အခင်းအကျင်း

တာအို ထိန်းသိမ်းမှုများကို ရရှိခြင်းသည် သူ၏ အခင်းအကျင်း တာအိုအတွက် များစွာ အကျိုး ဖြစ်ထွန်းစေလိမ့်မည်။

လုရီ၏ စကားများကို ကြားသည်နှင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအချို့၏ မျက်နှာထားများ ထပ်တလဲလဲ ပြောင်းလဲနေပြီး တုံ့ဆိုင်းနေမှုများ ပြသနေသည်။

ဤအရာကို မြင်သည်နှင့် လုရီ မျက်မှောင်ကြုံ့ကာ

"ခင်ဗျားတို့က အရင်တိုက်ခိုက်ခဲ့တာ၊ ကျွန်တော်က ပြန်တိုက်ခိုက်ရုံပဲ။ ကိုယ်ကျင့်တရားအရ ပြောရရင်၊ ခင်ဗျားတို့က ကျေနပ်ဖွယ်ရာ လျော်ကြေး မပေးနိုင်ဘူးဆိုရင်၊ ကျွန်တော်က

မယဉ်ကျေးဘူးလို့ အပြစ်မတင်တော့နဲ့။"

တစ်ချိန်တည်းမှာပင် လုရီ သူ့ဘာသာ ကြုံးတါးလိုက်လေ၏။

"ကောင်းကင်ဘုံနန်းတော်က ကျင့်ကြံသူတွေကို ငါ အနိုင်ရရမယ်။"

သူ၏ ရွှေလက်ချောင်းစနစ်၏ မျက်နှာပြင်မှာ အလင်းရောင်များ ဖြာထွက်သွားသည်။

[အလုပ်]

ကောင်းကင်နန်းတော်က ကျင့်ကြံသူများကို အနိုင်ယူပါ။

ဆုလာဘ်- အခင်းအကျင်း တာအိုနယ်မြေ တိုးတက်ခြင်း၊ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် 'ကောင်းကင် အခင်းအကျင်းမြေပုံ'

အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။

လုရီ အူမြူးသွားသည်။

အရမ်းကောင်းတယ်။

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဆုလာဘ်တဲ့လား။

လုရီ ပျော်ရွှင်စွာ တာဝန်ကို လက်ခံလိုက် တော့သည်။

သို့သော်လည်း သူ၏ မျက်နှာထားသည် တည်ငြိမ်နေဆဲပင်။

သူ၏ လက်ဖဝါးထဲမှ တာအိုပုံရိပ်များ စီးဆင်းနေပြီး မည်သည့်အခိုက်အတန့်တွင်မဆို ဖိချရန် အသင့်ဖြစ်နေ၏။

ထိုစဉ်တွင် ဦးဆောင် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူက ပြောသည်။

"ကောင်းပြီ၊ မင်းရဲ့ စည်းကမ်းချက်တွေကို ငါတို့ သဘောတူမယ်.."

လုရီ မျက်ခုံးပင့်လိုက်ပြီး ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများအား ကြည့်လျက် ဖြည်းညှင်းစွာရေရွတ်လိုက်သည်။

"အခင်းအကျင်း ကျမ်းကို ပေးလိုက်ပါ။"

ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ အခင်းအကျင်းပညာရှင်၏ မျက်နှာထားသည် အလွန်အမင်း သုန်မှုန်နေသည်။

သူသည် ထူထဲသော ရွှေရောင်သားရေဖုံး ကျမ်းတစ်အုပ်ကို ထုတ်ယူကာ လုရီဘက်သို့ ပစ်ပေးလိုက်သည်။

လုရီ လက်လှမ်းထုတ်လိုက်ပြီး သားရေကျမ်းကို သူ၏ လက်ထဲသို့ ဆွဲယူလိုက်သည်။

သားရေကျမ်းသည် အံ့မခန်းလေးလံပြီး၊ ၎င်းပေါ်တွင် ပုံရိပ်များ ယှက်နွယ်နေသည်။ ကောင်းကင်တာအို၏ နိယာမများ စာအုပ်ထဲတွင် စီးဆင်းနေသကဲ့သို့ပင်။

လုရီ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ အလုပ်အပြင် ဤမျှ အံ့ဩဖွယ်ရာ ပစ္စည်း တစ်ခုကို ရရှိခဲ့ခြင်းကြောင့်ပင်။

လုရီ ကောင်းကင်ဘုံနန်းတော်မှ ကျင့်ကြံသူများအား လှစ်ခနဲ ပြုံးပြလိုက်သည်။

သူ၏ ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်လိုက်ပြီးနောက် အခင်းအကျင်း စနစ်ကို ပြောင်းလဲခြင်း သို့မဟုတ် သတ်ဖြတ် အခင်းအကျင်း စနစ်ကို အသက်သွင်းခြင်းအား ရပ်တန့်လိုက်တော့သည်။

ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ အခင်းအကျင်း ပညာရှင်သည် ချက်ချင်းပင် သက်ပြင်းချလိုက်ပြီး၊ အခင်းအကျင်း ပုံရိပ်များကို အလျင်အမြန် ထိန်းချုပ်စ ပြုတော့သည်။

သူတို့ကို ပစ်မှတ်ထားသော မည်သည့် သတ်ဖြတ်အခင်းအကျင်း၊ ဓားချီစွမ်းအင်နှင့် အလင်းတန်း တိုက်ခိုက်မှုများမှ မရှိတော့သဖြင့် ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများလည်း ဟူးခနဲ သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး လုရီအား

မဖော်ပြနိုင်သော မျက်နှာထားများဖြင့် ကြည့်နေကြကာ မည်သူမျှ စကားမပြောကြတော့ပေ။

ရင်ပြင်ပေါ်မှ လေထုသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အခင်းအကျင်း ပညာရှင်တစ်ဦးစီသည် အခင်းအကျင်း စနစ်အား မလှုံ့ဆော်ကြတော့ဘဲ လုရီနှင့် ကောင်းကင် နန်းတော်တို့၏ ပဋိပက္ခကိုသာ ကြည့်နေကြပြီး၊ သူတို့အားလုံး မှင်သက်နေကြသည်။

လုရီ တစ်ဦးတည်းကပင် ကောင်းကင်နန်းတော်မှ အစွမ်းထက်သော ကျင့်ကြံသူများကို အရှုံးပေးရန် ဖိအားပေးနိုင်ခဲ့သည် မဟုတ်ပါလော။

လူတိုင်း အံ့ဩမှင်သက်နေကြ၏။ နတ်ဘုရားအမွေခံများနှင့် သူတော်စင် သမီးတော်များမှာ အထူးသဖြင့် စိတ်မငြိမ်မသက် ဖြစ်နေကြသည်။

လူငယ်မျိုးဆက် အချင်းချင်းဖြစ်သော်လည်း

လုရီ၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှပြီး၊ ယခင်မျိုးဆက် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိချေသည်။

အင်မော်တယ်ဂိုဏ်း၌ ဝမ်ပေ့မင် သက်ပြင်းချရင်း၊ သူ၏ ညီမငယ် ထျန်းယင်က ဆွဲဆောင်မှုမရှိခြင်းကြောင့် လုရီကို ဆွဲဆောင်ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု နားပူနေခဲ့သည်။

နောက်ဆုံးတွင် ထျန်းယင်သည် ဒေါသ ပေါက်ကွဲကာ မိုးကြိုးစွမ်းအားများဖြင့် သူ့အား ရိုက်ခတ်လိုက်မှသာ ဝမ်ပေ့မင် ပါးစပ်ပိတ်သွားလေသည်။

ကောင်းကင်နဂါး မြင့်မြတ်နယ်မြေ၌ ကောင်းကင်နဂါး သူတော်စင် သားတော်၏ မျက်လုံးများမှာမူ ပြူးထွက်လုနီးပါး ဖြစ်နေသည်။

လုရီသည် ဤနေရာတွင် ဤမျှ ပြင်းထန်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။

သို့သော် မကြာမီပင် ကောင်းကင်နဂါးသူတော်စင်သားတော်က ပြန်လည်စိတ်တည်ငြိမ်သွားပြီး၊ ဤနေရာတွင် အခင်းအကျင်း ပုံရိပ်များ အလွန်များပြားလှကြောင်း၊ ၎င်းတို့သည် လုရီကဲ့သို့သော အခင်းအကျင်း တာအိုပညာရှင်အတွက် သဘာဝ အခင်းအကျင်း နယ်မြေတစ်ခု ဖြစ်ပေါ်လာစေပြီး အခင်းအကျင်း ပုံရိပ်အားလုံးကို အသုံးပြုနိုင်စေကြောင်း နားလည်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ အခြားအစွမ်းထက်သော ကျင့်ကြံသူများက သူတို့အတွက် လမ်းပြပေးရန် လုရီအား မည်သို့ စည်းရုံးနိုင်မည်ကို ဆွေးနွေးနေကြသည်။

နောက်ဆုံး ဆုံးဖြတ်ချက်မှာ မဖြစ်နိုင်ဟူ၍ပင်။

လုရီသည် ကောင်းကင် နန်းတော်မှ အစွမ်းထက်သော ကျင့်ကြံသူအားလုံးကို ဖိနှိပ်နိုင်နေသည်။သူတို့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများကိုလည်း သဘာဝအတိုင်းပင် ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပါလား။

သူတို့ထဲမှ များစွာသော သူတို့က ဤအခြေအနေအား မကျေမနပ်ဖြစ်ကာ စိတ်ထဲ၌ ကျိန်ဆဲနေမိကြတော့သည်။

အခန်း ၂၆၀- အခင်းအကျင်းက ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူတွေကို ဖိနှိပ်ပြီ..

~ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူတို့သည် အတော်လေး ခံစားနေကြရသည်။

အခင်းအကျင်း တာအို မြင့်မြတ်နယ်မြေ၏ အထွတ်အထိပ် ပါရမီရှင်များဖြစ်သည်နှင့်အညီ၊ လုရီ၏ ထိတ်လန့်ဖွယ်ရာအခင်းအကျင်းတာအို ကျွမ်းကျင်မှုအဆင့်ကို သူတို့ ကောင်းစွာ နားလည်ကြသည်။

ထိုက်ရီ မြင့်မြတ်နယ်မြေ၏ ဦးဆောင်တပည့်ဖြစ်သူ၊ ဟင်းလင်းပြင်ဥမင် အဆင့် အခင်းအကျင်းတာအိုပညာရှင်က မြိုသိပ် မနေနိုင်တော့ဘဲ ဟစ်အော်လိုက်သည်။

"လုရီလို ကျင့်ကြံသူမျိုးက ဓားတာအိုကို ကျင့်ကြံနေတာ မဖြစ်သင့်ဘူး.., ငါတို့ ထိုက်ရီ မြင့်မြတ်နယ်မြေကို ဝင်ရောက်သင့်တယ်၊သူသာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားရင် ကောင်းကင်ယံအောက်က အရာအားလုံးကို အခင်းအကျင်းတွေအဖြစ် အသုံးပြုနိုင်တယ်။ အခင်းအကျင်းတာအိုကနေ အင်မော်တယ်အဖြစ် ရောက်ရှိဖို့ဆိုတာ စိတ်ကူးလိုက်ရုံပဲ ရှိတော့တာ!"

သူ၏ အသံသည် လေးစားမှု၊ အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေသည်။

ဤစကားတို့သည် နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများအကြား မကျေနပ်မှု ဖြစ်စေသည်။

ဓားတာအိုသည် အခင်းအကျင်းတာအိုထက် နိမ့်ကျသည်ဟု ဆိုလိုနေသကဲ့သို့ပင်။

နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ထိုက်ရီ မြင့်မြတ်နယ်မြေမှ တပည့်များအား ပြင်းထန်သော ဓားစိတ်ဆန္ဒများ အုံကြွလျက် မကြည်မလင် ကြည့်လိုက်ကြပြီး၊ သူတို့ကို ဓားဖြင့် နုပ်နုပ်စင်းရန်ပင် လက်ယားနေကြ၏။

သို့သော်လည်းအခင်းအကျင်းပုံရိပ်များ အပြည့်အစုံ ပြန့်နှံ့နေသော ဤနေရာ၌ ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူတို့သည် အလွန်အမင်း အသာစီးရနေသည်ကို ထည့်သွင်းစဉ်းစားကာ၊ သူတို့ လက်တွေ့ လုပ်ဆောင်ခြင်းမှ မနည်းပင် ရှောင်ကြဉ်ခဲ့ကြရသည်။

ထိုက်ရွှမ် အင်မော်တယ်ဂိုဏ်း၊ လေမူလဂိုဏ်းတို့အပါအဝင် အခြားဂိုဏ်းများမှ ကျင့်ကြံသူများနှင့် အစွမ်းထက်သော တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံးသည် အံ့ဩမှင်သက်နေကြပြီး လုရီအကြောင်းကို ပိုမိုနက်နဲစွာ နားလည်လာကြသည်။

လုရီ၏ စွမ်းရည်သည် လူအများ၏ စိတ်ကူးများထက် ကျော်လွန်နေခဲ့လေပြီ။

တစ်ဦးတည်းသော လူသား တစ်ဦးက ကောင်းကင် နန်းတော်မှ ပါရမီရှင်များစွာကို ဖိနှိပ်လိုက်သည်။

အခင်းအကျင်း စနစ်များ၏ နယ်ပယ်တွင် ကောင်းကင်နန်းတော်၏ ဟင်းလင်းပြင်ဥမင် အခင်းအကျင်း တာအို ပါရမီရှင်ကိုပင် ကျော်လွန်သွားခဲ့သည်။

"ဒီလူက တကယ်ပဲ ထူးဆန်းတဲ့ သတ္တဝါပဲ!"

"နတ်ဆိုး..တကယ့်နတ်ဆိုး..အခင်းအကျင်း

တာအိုပဲဖြစ်ဖြစ်၊ ဓားတာအိုပဲဖြစ်ဖြစ်၊ သူက လူငယ်မျိုးဆက်တွေထဲမှာ အမြင့်ဆုံးပါလား..."

လူတိုင်း၏ ဆွေးနွေးပြောဆိုမှုများကို ရင်ဆိုင်ရသော်လည်း လုရီသည် အနည်းငယ်မျှသာ တုံ့ပြန်မှုပြသသည်။

ဤတိုက်ပွဲမှ များစွာ အကျိုးအမြတ် ရရှိခဲ့ခြင်းကြောင့် သူ အလွန်ပျော်ရွှင်နေသည်။

လုရီက လေပြေတစ်ချက် တိုက်ခတ်သကဲ့သို့ ပြုံးလျက် ပြောလိုက်သည်။

"ဆက်ပြီး ရှေ့ဆက်ကြရအောင်"

အင်ပါယာဓားဂိုဏ်းနှင့် နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူများ ခေါင်းညိတ် သဘောတူလိုက်ကြသည်။

သူတို့၏ မျက်ဝန်းများတွင် လေးစားမှုများ အပြည့်အဝ ရှိနေသည်။

သူတို့ ရယ်မောလိုက်ကြပြီး မနာလိုဖြစ်နေကြ

သည့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများအား အကဲခတ်လိုက်ကြသည်။

နတ်ဓားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက တစ်ချက် ရယ်မောရင်း

"ဟာဟားဟား..ညီလေးလု၊ အခင်းအကျင်းနယ်ပယ်မှာ မင်းက ငါတို့ကို အများကြီး ကျော်လွန်နေပြီပဉကွာ။ မင်းပြောသမျှ ငါတို့ လုပ်မယ်။"

ထိုအခါ အင်ပါယာဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးက ထောက်ခံခေါင်းညိတ်လိုက်သည်။ ၎င်းသည် သဘာဝကျသည်ဟု ထင်ရသည်။

"လုညီလေးက အင်မော်တယ်နန်းတော်ကို အရင်ဝင်သင့်တယ်လို့ ပြောရင် ငါတို့ ရှေ့ဆက်သွားကြမယ်၊ တခြားသူတွေကို စောင့်နေစရာ မလိုဘူး။"

ထိုအခါ..အခြား ကျင့်ကြံသူများ ဒေါသတကြီး အံကြိတ်လိုက်ကြသည်။ သူတို့၏ မျက်နှာများ

နီရဲလျက် မကျေမနပ်ဖြစ်နေကြ၏။

ဒီကျိန်စာသင့်တဲ့ သတ္တဝါတွေ။

အခင်းအကျင်း တာအို နတ်ဆိုးကို အားကိုးပြီး ဒီလောက် မာန်မာနထောင်လွှားနေတာ။

ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်လဲ။

သူတိူ့သည် ကျိန်ဆဲရုံသာ တတ်နိုင်ကြလေ၏။

...

ဤတိုက်ပွဲပြီးနောက် လုရီနှင့် အဖွဲ့ဝင်များအား မည်သူမျှ လက်ဖျားနှင့်ပင် မတို့ဝံ့တော့ပေ။

လုရီ ရှေ့သို့ တိုးလာပြီး အဖွဲ့ကို ဦးဆောင်ကာ အလျင်အမြန် ရှေ့တိုးသွားကြရာ မကြာမီ

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများကိုပင် ကျော်တက်သွားကြသည်။ သူတို့၏ နောက်ကျောကိုသာ မြင်တွေ့နိုင်တော့သည်။

ထို့နောက် သူတို့သည် ရင်ပြင်ကို ဖြတ်ကျော်ကာ နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။

နန်းတော်သည် အထပ်များ အဆင့်ဆင့်ဖြင့် တည်ဆောက်ထား၏။

နန်းတော်၏ ပထမဆုံး အထပ်တွင် လုရီနှင့် အဖွဲ့ဝင်များသည် ကျောက်သား ကြမ်းပြင်အနှံ့

ပျံ့ကျဲနေသော ရုပ်အလောင်းများကို တွေ့လိုက်ကြရသည်။

၎င်းတို့သည် သေခြင်းတရား၏ အေးစက်သော သက်သေများပင်။

ဤရုပ်အလောင်းများသည် တစ်စုံတစ်ဦးက ဆွဲဖြဲထားသည့်အလား အစိတ်စိတ်အမြွှာမြွှာ ဖြစ်‌ နေသည်။ သို့သော် ရုပ်အလောင်းများသည် ခြောက်သွေ့နေပြီး၊ သွေးသားများ ကုန်ခန်းနေကာ၊ မံမီရုပ်များကဲ့သို့ ထူးဆန်းစွာ တည်ရှိနေ၏။

ကျန်ရှိနေသော အကြွင်းအကျန်များမှပင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ထွက်ပေါ်နေသည်။ လုရီသည် ထိုမြင်ကွင်းကို မြင်သည်နှင့် သူ့နှလုံး ခုန်နှုန်းမြန်လာရသည်။ ဤရုပ်အလောင်းများသည် အသက်ရှင်စဉ်က မည်မျှ အစွမ်းထက်ခဲ့မည်ကို စိတ်ကူးကြည့်ရုံမျှနှင့်ပင် သိနိုင်ပါ၏။

"ဒီရုပ်အလောင်းတွေ... အင်မော်တယ် ဓားဂိုဏ်းက ထူးချွန်သူတွေရဲ့ ရုပ်အလောင်းတွေ ဖြစ်နိုင်တယ်။ သူတို့ သေပြီးနောက် မပြတ်စဲနိုင်တဲ့ စွဲလမ်းမှုတွေကြောင့် မံမီရုပ်တွေအဖြစ် ပြောင်းလဲပြီး အင်မော်တယ် နန်းတော်ကို စောင့်ကြပ်နေတာ ဖြစ်နိုင်တယ်" ဟု နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူတစ်ဦးက အကြံပြုသည်။

"နတ်ဓားဂိုဏ်းက နှစ်သန်းပေါင်းများစွာ ဖျက်ဆီးခံရတာ မဟုတ်လား။ ဒီရုပ်အလောင်းတွေ မပုပ်ပွသေးဘူးလား။ အသက်ရှင်စဉ်က ဘယ်လောက်တောင် အစွမ်းထက်ခဲ့ကြလဲ။"

လူတိုင်း အလွန်အမင်း အံ့ဩသွားကြသည်။ ဤသည်မှာ သူတို့၏ စိတ်ကူးဥာဏ်ထက် ကျော်လွန်နေသော ဖြစ်ရပ်ပင်။

"အနည်းဆုံးတော့ သူတို့က ပေါင်းစည်းခြင်းနယ်ပယ် အဆင့်ပဲ၊ တချို့ဆို မဟာယာန ကျင့်ကြံသူကြီးတွေလည်း ဖြစ်နိုင်တယ်။"

အံ့ဩ တုန်လှုပ်စွာဖြင့် အချို့က ချက်ချင်းပင် လက်တွေ့ လုပ်ဆောင်ပြီး ဤကျင့်ကြံသူတို့၏ ရုပ်အလောင်းအကြွင်းအကျန်များကို စုဆောင်းကြသည်။

နှစ်သန်းပေါင်းများစွာ မပုပ်ပွဘဲ ကျန်ရှိနေသော အရိုးများသည် ကောင်းကင်နှင့် မြေကြီးရတနာများအဖြစ် အသုံးပြုနိုင်ဖွယ်ရှိသည်။ ၎င်းတို့ကို လက်နက် သွန်းလောင်းရာတွင် အသုံးပြုနိုင်ပြီး အစွမ်းထက်သော ကျင့်ကြံရေး ရတနာများပင် ဖန်တီးနိုင်ဖွယ် ရှိလေသည်။

မံမီရုပ်များမှအပ လုရီနှင့် အဖွဲ့ဝင်များသည် အဆောက်အဦများစွာ ပျက်စီးနေသည်ကို တွေ့မြင်ကြရသည်။ ၎င်းတို့သည် အရင်က ဝင်ရောက်ခဲ့သော အစွမ်းထက်သူများ၏ လက်ချက် ဖြစ်နိုင်ဖွယ်ရှိသည်။

သို့သော်လည်း အပြင်ဘက်တွင် မည်သည့် ဆူညံသံမျှ ကြားရခြင်း မရှိခဲ့ပေ။

အံ့ဩစရာကြီးပါလား....။

လုရီ မှင်သက်စွာ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နန်းတော်ပေါ်ရှိ ကောင်းကင်ယံတွင် အခင်းအကျင်းပုံရိပ်များ လင်းလက်နေသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်စွာ လှုပ်ရှားနေကြ၏။

သူ အခြေအနေကို နားလည်သွားရတော့သည်။

နန်းတော်အတွင်းရှိ ဧရိယာသည် အပြင်ဘက်နှင့် အခင်းအကျင်း ပုံရိပ်များဖြင့် ပိုင်းခြားထားပြီး၊ သီးခြား ကမ္ဘာငယ်လေး နှစ်ခုကို ဖန်တီးထားခြင်း ဖြစ်တော့၏။

လုရီ အထင်ကြီးမဆုံး ဖြစ်နေမိသည်။

အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေပီပီ တကယ်ပင် ထိုက်တန်လှသည်။

ပျက်စီးယိုယွင်းနေသော်လည်း ကျန်ရှိနေသော အမွေအနှစ်နေရာသည် အထင်ကြီးစရာကောင်းနေဆဲပင်။

သူတို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်သွားကြပြီး မကြာမီ နန်းတော်၏ ဒုတိယအဆင့်သို့ ရောက်ရှိလာကြသည်။ ဤသည်မှာ နောက်ထပ် လျှို့ဝှက်ချက်များ ရှိနေသော နေရာပင်။

ဒုတိယအဆင့်တွင် သူတို့သည် လတ်ဆတ်သော သွေးခြေရာများကို သတိပြုမိကြသည်။

"ဒါက..." ကျန်းရူယွီက အံ့ဩစွာ ထောင့်

တစ်နေရာသို့ လက်ညှိုးထိုးပြလာ၏။

"အဲ့ဒီလူကို ငါ အပြင်မှာ အရင်က မြင်ဖူးတယ်။ သူက မင်ယွဲ့ နန်းတော်က မဟာ အကြီးအကဲတစ်ပါး ဖြစ်မယ်။"

ထောင့်တစ်နေရာတွင် ခန္ဓာကိုယ် အပိုင်းပိုင်း ‌ပျက်စီးနေသော အလောင်းတစ်လောင်း မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး၊ သွေးများ နေရာအနှံ့ ပက်ကျဲနေသည်။ အကြွင်းအကျန်များမှာ ခန္ဓာကိုယ်၏ အပေါ်ပိုင်းသာ ဖြစ်ပြီး၊ သွေးများနှင့် ဝမ်းတွင်းအင်္ဂါများ ပျံ့ကျဲနေကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်။

သေဆုံးပြီးနောက်၌ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်နေဆဲပင်။ ၎င်းသည် သေခြင်းတရားကိုပင် ကျော်လွန်သော အစွမ်းတစ်ခုပင်။

လူတိုင်း တုန်လှုပ်သွားကြသည်။

" ပေါင်းစည်းခြင်းနယ်ပယ်က အင်အားကြီး ကျင့်ကြံသူတစ်ပါးပဲ၊ ဒီမှာ သေဆုံးသွားလိမ့်မယ်လို့ ထင်မှတ်မထားဘူး... နန်းတော်က တော်တော် အန္တရာယ်များပုံပဲ"

ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူတစ်ဦးက လေးလံစွာ မှတ်ချက်ပြုရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာကြည့်သည်။

သူတို့သည် အနက်ရောင် တောက်ပနေသော လက်သည်းကြီးတစ်ခုကိုလည်း တွေ့လိုက်ကြရသည်။ ၎င်းသည် သေးငယ်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး၊ ထိုလက်သည်းမှ ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ် ရှိသည့် စွမ်းအင်တစ်ခု ထွက်ပေါ်နေ၏။

"ဒါက... ဒါက သေဆုံးပြီးနောက် အစွမ်းထက်သူတစ်ဦးကနေ ပြောင်းလဲသွားတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်ရမယ်။ ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်နဲ့ မကောင်းဆိုးဝါးဆန်မှုတွေနဲ့ဆိုတော့၊ ဒီလူက သေခင်က ဘယ်လောက်တောင် စွဲလမ်းမှုတွေ ရှိခဲ့လဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲတယ်"

ဤသို့ အမျိုးသမီး ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူတစ်ဦးက ခေါင်းခါကာ... ပင့်သက်ချရင်း မှတ်ချက်ပြုသည်။

"ဒီနေရာက အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ်နယ်မြေဖြစ်ဖို့ သေချာသလောက်ပါပဲ။ အင်မော်တယ် ဓားဂိုဏ်း တစ်ညတည်း ဖျက်ဆီးခံရတာကို ထည့်သွင်းစဉ်းစားရင်၊ စွဲလမ်းမှုတွေ ကျန်ရှိနေတာ နားလည်နိုင်ပါတယ်" ဟု နတ်ဓားဂိုဏ်းမှ ဦးဆောင်သူ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူက တည်ငြိမ်စွာ ပြောရင်း ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။

ထိုကိုယ်လက်အဂ်ါများ ဖြတ်တောက်ခြင်း ခံရသော အစိတ်စိတ်အမြွှာမြွှာ ခန္ဓာကိုယ်အပြင် အခြားသော သွေးအိုင်များလည်း များစွာ အိုင်ထွန်းနေ၏။

တိုက်ပွဲ၏ ကြမ်းတမ်းသည့် လက္ခဏာများကား

နေရာအနှံ့ ပျိုးပင်များ ကျဲသလို ကျဲဖြန့်လျက်ပင်.....။

သို့ပေသိ.. အင်မော်တယ် နန်းတော်အတွင်းရှိ အခင်းအကျင်း ပုံရိပ်များသည် အံ့မခန်း ခိုင်မာပြီး ကြောက်မက်ဖွယ်ကောင်းလှပေဘိ.....။

မဟာယာန ကျင့်ကြံသူကြီးများ သို့မဟုတ် ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူကြီးများပင် အစွမ်းကုန် တိုက်ခိုက်ကြသော်လည်း နန်းတော်ကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပါပေ။

ထိုအခိုက်အတန့်တွင် လုရီသည် ဤခွဲခြမ်း စိတ်ဖြာမှုများကို နားထောင်ရန်

စိတ်မဝင်စားတော့ပေ။ နန်းတော်ထဲသို့ ဝင်ရောက်လာသည်မှစ၍ သူ့အတွင်းရှိ

အင်မော်တယ်ဓားမျိုးစေ့သည် ပို၍ ပို၍ ပြင်းထန်စွာ တုန်ခါနေသည်။

၎င်းသည် အင်မော်တယ်ဓားမျိုးစေ့နှင့် အင်မော်တယ်ဓားစိတ်ဆန္ဒတို့၏ တုံ့ပြန်မှုပင်။

လုရီ ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုးဖြင့် ၎င်းသည် အင်မော်တယ် ဓားကျမ်း၏ ပြီးပြည့်စုံသော မှတ်တမ်းပင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အင်မော်တယ် ဓားမျိုးစေ့က ညွှန်ပြသော ဦးတည်ရာသည် ရှေ့ရှိ နန်းတော်အတွင်း၌ပင် တိကျစွာ ရှိနေ၏။

ဂျုန်း...

ထိုစဉ်တွင် မိုးချုန်းသလို အသံကြီးတစ်ခု ပဲ့တင်ထပ်လာပြီး နန်းတော်တစ်ခုလုံး သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ် လေလှိုင်းကဲ့သို့ နန်းတော်တစ်ခွင် လှုပ်ရှားဖြတ်သန်းသွားရာ လုရီနှင့် အဖွဲ့ဝင်များသည် နန်းတော်၏ အတွင်းပိုင်းသို့ မော့ကြည့်လိုက်ကြသည်။

ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများနှင့် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများသည် ကောင်းစွာ ရပ်တည်နိုင်ခဲ့ကြသည်။ အခြေတည်ဝိညာဉ် ကျင့်ကြံသူများသည် အနည်းငယ်မျှသာ ထိခိုက်ခံရသော်လည်း ရွှေအူတိုင် ကျင့်ကြံသူတို့မှာမူ မျက်နှာဖြူဖျော့သွားကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များ ပျော့ခွေသွားကြသည်။

ထိုမျှ ပြင်းထန်သော ဖိအားသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဝေါင်း...

ငရဲမှ တက်လာသကဲ့သို့ သားရဲဆန်ဆန် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် နားစည်များကိုပင် ဖောက်ခွဲမတတ် ကြောက်မက်ဖွယ် ကောင်းလှသည်။

လုရီ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲကဲ့သို့ အေးစက်သွားသည်ဟု ခံစားရသည်။ အဆုံးမဲ့ ငရဲတစ်ခုက သူ့ကို ဝါးမြိုချလိုက်သကဲ့သို့ပင်။

အတွင်း၌ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် ပုန်းအောင်းနေ၏။ ၎င်း၏ တည်ရှိမှုသည် လေထုတစ်ခုလုံးကိုပင် ဖိနှိပ်ထားသကဲ့သို့ပင်။

လုရီတင်မက၊ အခြားသူများ၏ မျက်နှာများလည်း သိသိသာသာ ပြောင်းလဲသွားပြီး သူတို့ ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်ကြသည်။

အခန်း ၂၆၁-အနှစ်သုံးရာ ဖိနှိပ်ထားရမယ် ...

~နန်းတော်ဝယ် အမျက်ဒေါသတို့၏ တုန်ခါသံများ၊ ဟိန်းခဲသော ဟောက်သံများ၊ ထို့အတူ စူးရှသော အော်ဟစ်သံများသည် စဉ်ဆက်မပြတ် ပဲ့တင်ထပ်လျက်.....။

နန်းတော်သည်လည်း ပြင်းထန်သော မြေငလျင်လှုပ်သကဲ့သို့ တုန်ခါနေ၏။ ကြောက်မက်ဖွယ်ကောင်းလှသည့် နောက်ဆက်တွဲ လှိုင်းဂယက်တို့သည် တံခါးဝမှနေ၍ ပြင်းထန်စွာ ထွက်ပေါ်လာရာ၊ ဟင်းလင်းပြင်ဥမင် ပညာရှင်အချို့ပင် ထိုလှိုင်းဂယက်တို့ကို ထိန်းချုပ်ရန် ခက်ခဲစွာ ကြိုးပမ်းရင်း မျက်နှာများ အရောင်ပြောင်းလဲကာ အကြိမ်ကြိမ် နောက်ဆုတ်သွားကြသည်။

သူတို့၏ လက်များမှာ တုန်ယင်လျက်၊ သွေးစက်နီနီလေးများပင် စီးကျနေလေ၏။

“ကျုပ်တို့ အရင် ဆုတ်ခွာကြတာ ပိုကောင်းတယ်”

ဦးဆောင်လာသော နတ်ဓားဂိုဏ်းမှ ဟင်းလင်းပြင်ဥမင် ပညာရှင်၏ အသံတွင် စိုးရိမ်စိတ်တို့ လွှမ်းခြုံနေသည်ကို ခံစားရ၏။

အားလုံးသည် ခြေလှမ်းကျဲများဖြင့် အကြိမ်ကြိမ် နောက်ဆုတ်ရင်း ဒုတိယ နန်းတော်အလွှာမှ ပထမနန်းတော်သို့ ပြန်ရောက်လာကြသော်လည်း လုံခြုံသည်ဟု မခံစားရသေးဘဲ နန်းတော် တံခါးဝအထိ ဆက်လက် ဆုတ်ခွာသွားကြလေသည်။

ရင်ပြင်ပေါ်တွင် ရှေ့သို့တိုးရန် ကြိုးစားနေကြသော ပညာရှင်အများအပြားမှာ လုရီနှင့် အပေါင်းအပါတို့ အင်မော်တယ် နန်းတော်အတွင်းမှ ထွက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီး နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြသည်ကို တွေ့ရ၏။ လုရီနှင့် အဖွဲ့သားတို့ နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့ပြီးမှ အဘယ်ကြောင့် ပြန်ထွက်လာရသနည်းဟူသော မေးခွန်းသည် သူတို့၏ စိတ်အစဉ်၌ နေရာယူနေပုံရ၏။

မကြာမီပင် ထိုက်ရီ မြင့်မြတ် နယ်မြေနှင့် ကောင်းကင်နန်းတော်မှ တပည့်များလည်း နန်းတော်ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ တပည့်များသည် အလွန်ဖော်ရွေကြပြီး လုရီအား နွေးထွေးစွာ ပြုံးကာ ခေါင်းညိတ် နှုတ်ဆက်ကြလေသည်။

အခင်းအကျင်း ပညာရှင်များအနေဖြင့် အဆင့်မြင့် ခင်းကျင်းမှု ပညာရပ်ကို ပိုင်ဆိုင်ထားသော လုရီအပေါ် သူတို့သည် များစွာ အထင်ကြီးလေးစားကြလေသည်။

ကောင်းကင်နန်းတော်မှ တပည့်များကမူ လုရီအား အေးစက်သော မျက်နှာထားဖြင့် ကြည့်နေကြပြီး အနားသို့ မချဉ်းကပ်ကြချေ။ လုရီကြောင့် ဒဏ်ရာရခဲ့သော နတ်ဘုရား အသွင်ပြောင်း

ကျင့်ကြံသူမှာ နိုးကြားလာပြီး ဒဏ်ရာများမှာလည်း လုံးဝနီးပါး သက်သာနေပြီဖြစ်သော်လည်း လုရီကို ကြည့်သော သူ၏အကြည့်တို့တွင် မုန်းတီးမှု၏ အရိပ်အယောင်များ ထင်ဟပ်နေသည်ကို မြင်ရ၏။

လုရီကမူ သူ့ကို ကြည့်၍ ညင်သာစွာ ပြုံးလိုက်သည်တွင် အတွင်းစိတ်ကတော့ အလွန်တည်ငြိမ်နေပြီး မည်သည့် စိတ်အနှောင့်အယှက်မျှ မရှိပေ။

သူ့လက်ထဲတွင် ဝှက်ဖဲများစွာ ရှိနေသည်မို့ နတ်ဘုရား အသွင်ပြောင်း ပညာရှင်များသာမက ဟင်းလင်းပြင်ဥမင် ပညာရှင် တစ်ဦးကပါ သူ့ကို တစ်ခုခု လုပ်ရန် ကြံစည်လျှင်ပင် သူက ဝမ်းမြောက်စွာ ကြိုဆိုနေမည်။

တံခါးဝသည် နန်းတော်နှင့် ရင်ပြင်ကြားတွင်၊ ကမ္ဘာငယ် နှစ်ခု၏ ဆုံမှတ် တစ်ခုသဖွယ် တည်ရှိနေ၏။ ထိုအချိန်တွင် အဆင့်မြင့် ဂိုဏ်းကြီး နှစ်ခုမှ တပည့်များသည်လည်း နားကွဲမတတ် ဟောက်သံများနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သံများကို ကြားနေရပြီ ဖြစ်လေသည်။

သူတို့၏ မျက်နှာများသည်လည်း ဖြူဖျော့သွားကြပြီး အားလုံး တံခါးဝဘက်သို့ ကြည့်လိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ လှိုင်းဂယက်များကို ခံစားမိသည်နှင့် သူတို့၏ နှလုံးသားများ အေးစက်လာကြတော့သည်။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်ဥမင်ပညာရှင်တစ်ဦးက သိလိုစိတ်ကို ထုတ်ဖော်လိုက်၏။

“ညီလေးတုန်းဖန်း..အတွင်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ…”

နတ်ဓားဂိုဏ်းမှ ဦးဆောင်သူ ဖြစ်သော ဟင်းလင်းပြင် ဥမင် ပညာရှင် တုန်းဖန်းလင်က ခေါင်းကို ပြင်းထန်စွာ ခါယမ်း၍

“အတွင်းထဲမှာ သေဆုံးသွားတဲ့ အင်မော်တယ် ဂိုဏ်းက မဟာအင်အားရှင်တစ်ဦးကနေ ပြောင်းလဲလာတဲ့ အငြိုးကြီး သရဲအလောင်းတစ်ကောင် ရှိနေနိုင်တယ်၊ အတော်လေး ကြောက်ဖို့ ကောင်းတာ။ ကျွန်တော်တို့ အတွင်းထဲမှာ အသက်အန္တရာယ် ကြီးကြီးမားမား ကြုံခဲ့ရလို့ ပြန်ထွက်လာခဲ့တာပါ” ဟု ရှင်းပြ၏။

ထိုစကားများကို ကြားလိုက်ရသောအခါ ထိုက်ရီ မြင့်မြတ်နယ်မြေရော ကောင်းကင်နန်းတော်မှ တပည့်ပါ.. မဝံ့မရဲ ဖြစ်သွားကြပြီး မည်သူမျှ အတွင်းသို့ ဝင်ရောက်ရန် မရဲတော့ချေ။

နန်းတော် နှစ်ထပ် ကွယ်ကာထားသော်လည်း အတွင်းဘက်မှ တိုက်ပွဲလှိုင်းဂယက်များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပြီး ဟောက်သံများနှင့် အော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်က လူတိုင်းကို ကြောက်လန့်တကြား တုန်လှုပ်စေလေသည်။

မကြာမီပင် အခြား ကျင့်ကြံသူများလည်း ဝိုင်းအုံလာကြ၏။ လေ့ယင် မြင့်မြတ်နယ်မြေမှ

ဝမ်ပေ့မင်က လုရီနှင့် စကားပြောဆိုလိုသော်လည်း လေ့ထျန်းယင်က တားဆီးထားသည်ကို တွေ့ရ၏။

ကောင်းကင်နဂါး သူတော်စင်သားတော်သည်

လုရီ၏ အခင်းအကျင်း ပညာရပ် အဆင့်အတန်း မြင့်မားပုံကို သိရှိသွားသောအခါ ပုံမှန်နှင့် ကွာခြားစွာ လုရီအား ထပ်မံ စိန်ခေါ်ခြင်း မပြုတော့ပေ။

ထိုအချက်က လုရီအား အလွန်ကျေနပ်စေသည်။ ဤညီအစ်ကိုသည် များစွာ ဆင်ခြင်တုံတရား ရှိလာပြီဟု သူ ခံစားလိုက်ကသည်။

တိုက်ပွဲသည် အချိန်ကြာမြင့်စွာ ဖြစ်ပွားနေခဲ့ရာ၊ ထိုအတောအတွင်း နာကျင်လှ၍ ငယ်သံပါအောင် စူးစူးရှရှ အော်ဟစ်သံများပင် ကြားခဲ့ရသဖြင့် များစွာသော ကျင့်ကြံသူတို့၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကြ၏။

လူတိုင်း အလွန်တရာ နိုးကြားနေကြပြီး အတွင်းမှ ကြောက်မက်ဖွယ်ရာ တည်ရှိမှုကို အမျိုးမျိုး ခန့်မှန်းနေကြသည်။

အင်မော်တယ် နန်းတော်ထဲသို့ ကနဦး ဝင်ရောက်သွားသူများသည် အနည်းဆုံး ပေါင်းစည်းခြင်းအဆင့် ပညာရှင်များ ဖြစ်သည်ကို သူတို့ သိကြ၏။

ထိုမျှ အင်အားကြီးမားသူများသည် မဖျက်ဆီးနိုင်သော ရုပ်ခန္ဓာများ ပိုင်ဆိုင်ထားပြီး လေတစ်ချက်မှုတ်ရုံဖြင့် မိုင်ထောင်ပေါင်းများစွာကို ဖျက်ဆီးနိုင်ကာ ၎င်းတို့၏ စွမ်းအားမှာ ပြိုင်ဘက် မရှိပေ။

ထို့အပြင် အတွင်းထဲတွင် ပိုမိုအားကောင်းသည့် မဟာယာနအဆင့် ပညာရှင်ကြီးများပင် ရှိနေ၏။

လက်တစ်ဖက် လှန်လိုက်ရုံဖြင့် တိမ်များကို ပြောင်းပြန်လှန်နိုင်ပြီး၊ နောက် လက်တစ်ဖက်

လှန်လိုက်ရုံဖြင့် မိုးရွာချစေနိုင်သော အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများ ဖြစ်ကြပေသည်။

ထိုမျှ အင်အားစုများပင် ပူးပေါင်းတိုက်ခိုက်ကြသော်လည်း အချို့မှာ သေဆုံးခဲ့ရသည်ဆိုလျှင်…။

ခဏအကြာတွင် စိတ်ပျက်အားငယ်သော ဟောက်သံ တစ်သံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေရင်း ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ အရာအားလုံး တည်ငြိမ်သွားတော့၏။

“ပြီးသွားပြီ”

ဝမ်ပေ့မင်က ထုတ်ဖော် ပြောကြားလိုက်၏။

အခြားသူများလည်း ခေါင်းညိတ်ကာ သဘောတူညီကြရင်း တံခါးဝဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

တုန်းဖန်းလင်က လုရီကို ကြည့်၍ ညင်သာစွာ နှိုးဆော်လာ၏။

“လုညီလေး၊ သွားကြစို့”

လုရီ ခေါင်းညိတ်လိုက်ပြီး အဖွဲ့ကို ဦးဆောင်ကာ နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။

နန်းတော်အတွင်းရှိ ခင်းကျင်းမှု ပုံစံများသည် ပိုမိုကြောက်မက်ဖွယ် ကောင်းလှပေ၏။

အခင်းအကျင်း ပညာရှင်များပင် နှလုံးသားများ တုန်ယင်လာကာ နားမလည်နိုင် ဖြစ်နေကြ၏။

“အင်မော်တယ် လျှို့ဝှက်နေမင်း အခင်းအကျင်း..အရမ်း ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ် အခင်းအကျင်းကြီး..လျှို့ဝှက်နေမင်း အခင်းအကျင်းရဲ့ စွမ်းအားမျှင် တစ်စနဲ့တောင် ဟင်းလင်းပြင်ဥမင် ပညာရှင်တစ်ဦးကို သတ်နိုင်တယ်လို့ ဆိုကြတယ်၊ ပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေတောင် ဝင်သွားရင်တောင် ထာဝရ ပိတ်လှောင်နေမယ်တဲ့။ နန်းတော်ထဲက အခင်းအကျင်းတွေက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား”

ထိုက်ရီ မြင့်မြတ်သားတော်သည် အခင်းအကျင်းအများအပြားကို မြင်တွေ့ရသည်နှင့် တအံ့တဩ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်၏။

“အင်မော်တယ် လျှို့ဝှက်နေမင်း အခင်းအကျင်းတင် မဟုတ်ဘူး၊ စိမ်းပြာရောင် အရိုးစားအခင်းအကျင်း.. ကောင်းကင်ကိုးလွှာ သတ်ဖြတ် အခင်းအကျင်း… ဟူး၊ ဒီလောက် များပြားလှတဲ့ သတ်ဖြတ်ခြင်း အခင်းအကျင်းတွေ....ကျွန်တော်တို့ ဖြတ်ကျော်ဖို့ ခက်ခဲလိမ့်မယ်!”

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ခေါင်းဆောင်၊ဟင်းလင်းပြင်ဥမင် အခင်းအကျင်း ပညာရှင်

လင်ထျန်းရှင်းက ပြောလိုက်သည်။

သူ၏ ခင်းကျင်းမှု ပညာရပ်မှာ အလွန်မြင့်မားသော်လည်း သူပင် မျက်ဆံများ ကျဉ်းမြောင်းသွားသည်အထိ အကြိမ်ကြိမ် အော်ဟစ်နေတော့၏။

“ဒီလို အခင်းအကျင်းမျိုးတွေထဲသာ ကျွန်တော် ဝင်သွားရင် သေချာပေါက် သေလိမ့်မယ်” ဟု သူက ထပ်လောင်း ပြောဆို၏။

“ဟုတ်တယ်၊ ဒါတွေက ပေါင်းစည်းခြင်းအဆင့် မဟာအင်အားရှင်တွေကိုတောင် သတ်နိုင်တဲ့ အခင်းအကျင်းတွေပဲ!”

အခင်းအကျင်း ပညာရှင်အများအပြား မျက်မှောင်ကြုတ်ကာ ပြောဆိုနေကြသည်။

“နေပါဦး… လုရီနဲ့ သူ့အဖွဲ့ ခုနကမှ ဝင်သွားတာ မဟုတ်ဘူးလား”

ကောင်းကင်နဂါး သူတော်စင် သားတော်သည် အခင်းအကျင်းပညာရှင်များ၏ စကားကို ကြားရသောအခါ တစ်ခုခုကို သတိရသွားပြီး

မေးလိုက်၏။

“…”

ထိုစဉ် အခန်းထဲ၌ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အခင်းအကျင်း ပညာရှင်အများအပြားလည်း စကားပြောရပ်သွားကာ လုရီအား အံ့အားသင့်စွာ လှည့်ကြည့်ကြသည်။ သူတို့လည်း ထိုအချက်ကို သတိပြုမိသွားကြပြီ ဖြစ်လေသည်။

တုန်းဖန်းလင်၊ ကျန်းရူယွီနှင့် အခြားသူများလည်း ထိုအချိန်တွင် အနည်းငယ် ထုံထိုင်းသွားကြ၏။ သူတို့သည် မူလက အခင်းအကျင်း ပညာ၌ အလွန် ကျွမ်းကျင်ခြင်း မရှိကြသဖြင့်

သတိမထားမိကြချေ။

ဂိုဏ်းနှစ်ခုစလုံးမှ အခင်းအကျင်း ပညာရှင်များ တိတ်ဆိတ်နေကြသည်။ သူတို့သည် အတွင်းမှ ခင်းကျင်းမှုများသည် အပြင်ဘက်ကဲ့သို့ပင် ဖြစ်သည်ဟု ထင်ထားခဲ့ကြသည်သာ။

ယခု ထိုစကားများကို ကြားရသောအခါ

လူတိုင်း၏ နဖူးမှ ချွေးအေးများ စီးကျလာကြ၏။

အတွင်းမှ အခင်းအကျင်းများသည် ပေါင်းစည်းခြင်းအဆင့် မဟာပညာရှင်များကိုပင် ထောင်ချောက်ဆင် သတ်ဖြတ်နိုင်သည်ဆိုလျှင် သူတို့ အစောက...အဘယ်ကြောင့် ထိုသို့

ဝင်သွားနိုင်ရသနည်း။

ဂိုဏ်းနှစ်ခုစလုံးမှ ပညာရှင်များအားလုံး ကျောချမ်းသွားကြပြီး လုရီအပေါ် မကျေနပ်သော အကြည့်များဖြင့် ပြည့်နှက်နေကြသည်။

ထိုအခိုက်အတန့်၌…

“ဂျူနီယာ မောင်လေး၊ အတွင်းထဲက အခင်းအကျင်းတွေ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ အစ်မတို့ကို ဘာလို့ မပြောပြခဲ့တာလဲ” ဟု

ကျန်းရူယွီက ညင်သာစွာ မေးလိုက်၏။

လုရီကတော့ အပြစ်ကင်းစင်သော အကြည့်ဖြင့်

ပြန်ပြောလိုက်ပါတော့သည်။

“ကျွန်တော်က အဆင်ပြေတယ်လို့ ထင်ခဲ့တာ။ ကျွန်တော်တို့အားလုံး အခု …လုံခြုံစွာ ရှိနေကြတာပဲ မဟုတ်ဘူးလား”

All Chapters