အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
အခန်း ၂၆၈- နှစ်သန်းပေါင်းများစွာက
အင်မော်တယ်ကြီးလေလား ...
~အခြားကျင့်ကြံသူများသည် ဤစကားကို ကြားသောအခါ သူတို့၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာသည်။
ဤလူငယ်သည် မည်သူနည်း။
တစ်ခုတည်းသော အတွေးဖြင့် အားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပြီး၊ နှစ်သန်းပေါင်းများစွာက အငြိုးကြီး အလောင်းကောင်ကို ပြန်လည်အသက်သွင်းကာ၊ အကြွင်းအကျန် ဖုံးလွှမ်းနေသည့် ဝိညာဉ်ကိုပင် နိုးထစေနိုင်သော အစွမ်းရှိသူဖြစ်သည်။
ဤအင်အားကြီးမားသော အင်မော်တယ်ပင်
လုရီ၏ ပါရမီကို ချီးကျူးခဲ့သည်လား။
လုရီ၏ ပါရမီသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိုက်ပါသနည်း။
ခဏတာမျှပင် ယခု နေရာရှိ ကျင့်ကြံသူအားလုံး အလွန်အမင်း တုန်လှုပ်သွားကြ၏။
လုရီသည် ထိုလူငယ် ထိုသို့သော စကားမျိုး ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေခဲ့သည်။
သူသည် ရိုးသားစွာပင် “စီနီယာက ချီးမွမ်းလွန်းပါတယ်။” ဟုသာ ဆိုနိုင်ခဲ့သည်။
လူငယ်သည် လုရီ၏လက်ထဲမှ အင်မော်တယ် ဓားအမိန့်ကို တစ်ချက်ကြည့်ကာ
“ငါ ကြည့်ခွင့် ရမလား”
ထိုအခါ လုရီ အလျင်အမြန်ပင် အင်မော်တယ် ဓားအမိန့်ကို ကမ်းပေးလိုက်သည်။
လူငယ် လက်ကို မြှောက်လိုက်ရာ အင်မော်တယ် ဓားအမိန့်သည် သူ၏လက်ထဲသို့ အလိုအလျောက် ပျံသန်းရောက်ရှိသွားသည်။
သူသည် ၎င်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး သူ၏အမူအရာတွင် လွမ်းဆွတ်မှုတို့ ထင်ဟပ်နေသည်။
အချိန်အတော်ကြာပြီးနောက် လူငယ်သည် သတိပြန်ဝင်လာသည်။
သူ ခဏတာမျှ စဉ်းစားလိုက်ပြီး လက်ကို ဖြန့်လိုက်ရာ အင်မော်တယ် ဓားအမိန့်သည်
လုရီ၏လက်ထဲသို့ ပြန်လည်ပျံသန်းရောက်ရှိသွားသည်။
“ဒီအင်မော်တယ် ဓားအမိန့်ကို သေချာ သိမ်းထား.. နောင်အနာဂတ်မှာ မင်း လိုလာလိမ့်မယ်”
လုရီ အံ့အားသင့်သွားပြီး နားမလည်စွာဖြင့် လူငယ်အား ကြည့်ကာ မေးလိုက်သည်။
“ဒီအင်မော်တယ် ဓားအမိန့်က အင်မော်တယ် ဓားဂိုဏ်းက မူလ ပိုင်ဆိုင်တာပါ။ အခု ခင်ဗျား ကျွန်တော့်ကို ပေးတာလားဗျ”
...အင်မော်တယ် ဓားအမိန့်က အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ် သင်္ကေတ မဟုတ်ဘူးလား။ အခုလို ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်လာပြီဆိုတော့ အင်မော်တယ် ဓားအမိန့်က လိုအပ်သေးလို့လား။...
လုရီ နားမလည်နိုင်ခဲ့ချေ။
လူငယ်သည် ထပ်မံ ရှင်းပြခြင်းမရှိဘဲ ပြုံးလိုက်ရုံဖြင့် ဆိုလိုက်၏။
“သိမ်းထားလိုက်ပါ”
ထို့နောက် သူသည် လုရီအား ကြည့်ပြီး ညက်သာစွာ ပြုံးလျက်
“အင်မော်တယ် ဓားကျမ်းက ပျက်စီးသွားပြီဆိုပေမယ့် မင်းက အင်မော်တယ်ဓားကျမ်းကို သင်ယူခဲ့ပြီးပြီ။ ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒဆိုတော့... မင်းကို ပြည့်စုံတဲ့ အင်မော်တယ် ဓားကျမ်းကို အမွေပေးမယ်” ဟု ဆိုလိုက်သည်။
လူငယ်သည် စကားပြောနေရင်း လုရီ၏နဖူးကို လက်ညှိုးထိုးပြလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု လုရီ၏နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ရှုပ်ထွေးနက်နဲသော ဓားပုံစံများအဖြစ် ပြောင်းလဲသွားသည်တကား။
ဤဓားပုံစံများသည် အင်မော်တယ်ဓားကျမ်း၏ နက်နဲမှုများကို ဖော်ပြနေပြီး၊ အင်မော်တယ်ဓားကျမ်း၏ ပြည့်စုံသော ကျင့်ကြံမှုနည်းလမ်းကို ကိုယ်စားပြုနေလေသည်။
လုရီ အတွင်းစိတ်တွင် အလွန်ပင် ပျော်ရွှင်နေသည်။ သူသည် အင်မော်တယ် ဓားကျမ်းသည် ပျက်စီးဆုံးရှုံးသွားပြီဟု ထင်ခဲ့ရာ၊ ဤသို့သော နည်းလမ်းဖြင့် ရရှိမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
သူ အလျင်အမြန်ပင် ဝမ်းသာအားရစွာ
ကျေးဇူးတင်စကား ဆိုလိုက် တော့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ။ စီနီယာရဲ့ သင်ကြားပြသမှု ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ နောင်အနာဂတ်မှာ ဂျူနီယာလေးက သေချာ ပြန်ဆပ်ပါ့မယ်”
လူငယ် ပြုံးလိုက်ပြီး ဆိုသည်။
“မင်းက ငါ့ကို နိုးထစေခဲ့တာ။ ဒါလည်း ကြီးမားတဲ့ ကျေးဇူးပဲ။ အဲဒီလို လုပ်စရာမလိုပါဘူး”
သူသည် ကောင်းကင်ဘုံဘက်သို့ မော့ကြည့်လိုက်သည်။ ခန်းမဆောင်ကြီး၏ အမိုးနှင့် အလွန်သေးငယ်သော ကမ္ဘာငယ်အတွင်း၌ ရှိနေသော်လည်း
သူသည် အပြင်ဘက်ကို မြင်နိုင်စွမ်းရှိပုံရပြီး၊ သူ၏မျက်လုံးများတွင် ကြယ်တာရာများ မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ လှည့်ပတ်နေသည်။
သူကဆိုလိုက်၏။
“ငါ အခု သွားရတော့မယ်။ နောင်အနာဂတ်မှာ ပြန်ဆုံဖို့ အခွင့်အရေးရှိနိုင်သလို၊ မရှိတာလည်း ဖြစ်နိုင်တယ်။ အင်မော်တယ်ဓားကျမ်းကို သေချာ ကျင့်ကြံပြီး အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ်တွေ ပျောက်ကွယ်မသွားစေဖို့ မျှော်လင့်ပါတယ်”
လုရီ စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်လိုက်ပြီး
“စီနီယာ စိတ်ချပါ။ ကျွန်တော် ဒါကို စိတ်ထဲမှာ သေချာ မှတ်သားထားပါ့မယ်”
လူငယ် ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ထင်ဟပ်စေလိုဟန်ဖြင့် ခန်းမဆောင်ကြီးကို နောက်ဆုံးတစ်ချက် ကြည့်ကာ မျက်နှာအမူအရာကို တည်ငြိမ်စေပြီး အမိန့်ပေးလိုက်လေသည်။
“အင်မော်တယ် ဓား၊ ငါ့နောက်ကို လိုက်ခဲ့”
အင်မော်တယ် ဓားသည် တဝီဝီ မြည်ဟည်းကာ အစွမ်းထက်သော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်ပြီး လူငယ်၏နဖူးထဲသို့ ပေါင်းစည်းသွားသည်။
လူငယ်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ရာ ဟင်းလင်းပြင်သည် သဘာဝအတိုင်း ကွဲအက်သွားသည်။
ထို့နောက်တွင်မူ သူသည် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်တကား။
ဟင်းလင်းပြင်ရှိ ကွဲအက်ကြောင်း ပိတ်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပျောက်ကွယ်သွားပြီး အားလုံး ပြန်လည်လှုပ်ရှားနိုင်တော့သည်။
ကျင့်ကြံသူအများအပြား ရင်တုန်ပန်းတုန် ဖြစ်နေကြပြီး ချွေးများ စိုရွှဲနေကြသည်။
“ကြောက်စရာကောင်းလိုက်တာ! အဲဒီလူက အင်မော်တယ်ပဲ ဖြစ်ရမယ်! အင်မော်တယ် ဓားဂိုဏ်းရဲ့ နောက်ကွယ်က အင်မော်တယ် ဖြစ်နိုင်တယ်!”
“သူက အင်မော်တယ်တွေထဲမှာတောင် ကြောက်စရာကောင်းတဲ့ သူပဲ! ရိုးရိုးအင်မော်တယ် မဟုတ်ဘူး!”
“အင်မော်တယ် ဓားဂိုဏ်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တစ်ညတည်း ပျက်စီးသွားတုန်းက သူတို့နောက်ကွယ်က အင်မော်တယ် ကျဆုံးသွားပြီလို့ ကောလာဟလတွေ ထွက်ခဲ့တယ်။ ရန်သူတွေရဲ့ လက်စားချေမှုကြောင့် အဲဒီဘေးအန္တရာယ် ဖြစ်ခဲ့တာ။ ကောလာဟလတွေက လုံးဝ မှန်ကန်တာ မဟုတ်ဘူးထင်တယ်။ အဲဒီ အင်မော်တယ် မကျဆုံးသေးဘူးလေ”
“အင်မော်တယ် ဓားဂိုဏ်းရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကိစ္စက နက်ရှိုင်းတဲ့ ပြဿနာတွေ ပါဝင်နေပုံရတယ်။ ဒီ အင်မော်တယ် ပြန်ပေါ်လာတာနဲ့ တုန်လှုပ်စရာကြီးမားတဲ့ လှိုင်းလုံးတွေ ဖြစ်ပေါ်လာတော့မှာပဲ!”
မဟာအင်အားရှင်များက တုန်လှုပ်ခြောက်ခြားစွာ ဆွေးနွေးကြရာ သူတို့၏အသံများ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူအုပ်စုသည် လုရီအား ကြည့်လိုက်ကြရာ သူတို့၏အကြည့်များ
မငြိမ်မသက် ဖြစ်နေပြီး သူတို့၏အမူအရာများ အလွန်ရှုပ်ထွေးနေလေသည်။
ဤကောင်းကင်ဘုံ၏ ပါရမီရှင် ဘီလူးသည် ထိုအင်မော်တယ်နှင့် ပတ်သက်နေပြီဖြစ်သည်မှာ ထင်ရှားသည်။
နဖူးအား စွမ်းအား ထည့်သွင်း၍ သင်ကြားမှု
အမွှေပေးခြင်း...။
ဤသည်မှာလည်း ကျင့်ကြံရေး လောကတွင် အလွန်နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော
ကံတရားနှင့် ကံစပ်မှု တစ်ခုပင်။
နောင်အနာဂတ် မည်သို့ဖြစ်ပျက်လာမည်ကို မည်သူမျှ မသိနိုင်ချေ။
ဤအချက်ကို ဖယ်ထားလိုက်ပါဦး။ ထိုကြောက်မက်ဖွယ်ကောင်းပြီး နှိုင်းတုမရသော အင်မော်တယ်ပင် လုရီ၏ ပါရမီကို အံ့အားသင့်ခဲ့သည်။
လုရီ၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ဆိုသည်ကို ပြောစရာပင်မလိုတော့ဘဲ သူသည် နောင်အနာဂတ်တွင် အင်မော်တယ် ဖြစ်လာဖွယ်ရှိသည်။
ဂိုဏ်းပေါင်းစုံမှ မဟာအင်အားရှင်များ၏ မျက်လုံးများ အဆက်မပြတ် လင်းလက်နေပြီး သူတို့၏အတွေးများကို မည်သူမျှ မသိနိုင်ချေ။
သူတို့မျိုးဆက်မှ ပါရမီရှင်လူငယ်များအတွက်မှာမူ အမူအရာများ ပို၍ပင် ရှုပ်ထွေးနေသည်။ လုရီကဲ့သို့ ဘီလူးတစ်ဦးနှင့် မျိုးဆက်တည်း ဖြစ်နေခြင်းသည် သူတို့အား လွှမ်းမိုးထားလိမ့်မည်။
၎င်းတို့ထဲတွင် အမျိုးသမီး ကျင့်ကြံသူများသည် လုရီအား မျက်လုံးများ လင်းလက်တောက်ပစွာ ကြည့်နေကြပြီး သူမတို့၏အကြည့်များလည်း
မတည်မငြိမ် ဖြစ်နေတော့၏။
ကျန်းရူယွီပင်လျှင် သူမ၏ ထက်မြက်သော မျက်လုံးများဖြင့် ထူးဆန်းသော အရောင်တစ်ခုကို ပြသနေသည်။
ထိုစဉ်တွင် ကပ်ဘေးဖြတ်ကျော် အဆင့်ကျင့်ကြံသူအုပ်စုတစ်စု ရုတ်တရက် ခန်းမဆောင်ကြီးအတွင်း၌ ပေါ်လာသည်။
သူတို့အားလုံး ဒဏ်ရာများရရှိထားကြပြီး သူတို့၏မျက်နှာများ အနည်းငယ် ဖြူဖျော့နေကာ သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ရှားနေဆဲဖြစ်သည်။
“ဘိုးဘေး”
“မဟာအကြီးအကဲ”
တစ်ဦးပြီးတစ်ဦး ကျင့်ကြံသူများ အလျင်အမြန် သွားရောက် နှုတ်ဆက်ကြသည်။
တင်းချင်းနှင့် အခြားသူများလည်း နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော် ပညာရှင်များထံ ချဉ်းကပ်သွားကြသည်။
နတ်ဓားဂိုဏ်းမှ အကြီးအကဲ၏ အမူအရာမှာ လေးနက်နေပြီး သူ့စိတ်ထဲ၌ ရင်တုန်ပန်းတုန် အရိပ်အယောင်အား ခံစားနေရဆဲ ဖြစ်သည်။
“ဘာမှ မပြောတော့နဲ့! ငါတို့ ဒီက ထွက်သွားကြစို့!”
အင်ပါယာဓားဂိုဏ်းမှ ကပ်ဘေးဖြတ်ကျော် မဟာအင်အားရှင်လည်း သဘောတူဟန် ခေါင်းညိတ်လိုက်သည်။
“အင်မော်တယ် ဓားဂိုဏ်းရဲ့ အင်မော်တယ် ပေါ်လာပြီ။ ဒီကိစ္စက အလွန်ကြီးကျယ်တယ်
၊ ကျုပ်တို့ ဂိုဏ်းကို အရင်ပြန်ကြရအောင်”
အခြားဂိုဏ်းများမှ ကပ်ဘေးဖြတ်ကျော် ကျွမ်းကျင်သူများ၏ အမူအရာများလည်း လေးနက်နေသည်ကို တွေ့နိုင်ပါသည်။
အင်မော်တယ် တစ်ပါးသည် ထျန်းမင်တွင်
အဆင်အခြင်မဲ့ ပြုမူမည် မဟုတ်သော်လည်း၊ နှစ်သန်းပေါင်းများစွာက သေဆုံးနေခဲ့သင့်သော အင်မော်တယ် တစ်ပါးက ရုတ်တရက် ပေါ်လာပြီး ထိုအင်မော်တယ်က ပို၍ပင် အင်အားကြီးမားပုံရခြင်းသည် အဆုံးမဲ့သော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေလိမ့်မည်မှာ သေချာသည်။
အကယ်၍ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းခြင်း
မပြုနိုင်ပါက ထျန်းမင်ရှိ မြင့်မြတ်နယ်မြေအားလုံး၏ အခြေခံအုတ်မြစ်ကိုပင် ထိခိုက်စေနိုင်သည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအားလုံး၏ ရှင်သန်မှုနှင့် သက်ဆိုင်နေပေသည်တကား။
အခန်း ၂၆၉- နှစ်သန်းပေါင်းများစွာက
အင်မော်တယ်ကြီးလေလား ...
~နှိုင်းယှဉ်ကြည့်လျှင် အင်မော်တယ်မရှိသော ဂိုဏ်းများသည် ပို၍ ပွင့်လင်းသော အမြင် ရှိကြသည်။
အမှန်စင်စစ် သူတို့ဂိုဏ်းတွင် အင်မော်တယ်မရှိပေ။ အခြားသူ၏ အင်မော်တယ်ကို သူတို့က အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။
ထို့ကြောင့် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့သည် သူတို့၏ တပည့်များနှင့်အတူ ကမ္ဘာငယ်မှ ထွက်ခွာပြီး ဟန်ချန် ရှေးဟောင်းမြို့သို့ ပြန်သွားကြသည်။ ထို့နောက် သူတို့သည် မိမိတို့၏ သက်ဆိုင်ရာ ဂိုဏ်းများသို့ ပြန်သွားကြသည်။
လုရီသည် နတ်ဓားဂိုဏ်းမှ လူများနှင့်အတူ လိုက်ပါခဲ့သည်။
မလွဲမသွေပင်... နတ်ဓားဂိုဏ်းသာမက
အင်ပါယာဓားဂိုဏ်း၊ ထိုက်ရီ မြင့်မြတ်နယ်မြေ၊ လေ့ယင်အင်မော်တယ်ဂိုဏ်းနှင့် အခြား အင်မော်တယ်ဂိုဏ်းကြီးများ၊ မဟာဂိုဏ်းကြီးများအားလုံးသည် အလွန်ပင် စိတ်အားထက်သန်စွာဖြင့် လုရီအား သူတို့၏ဂိုဏ်းများသို့ ဧည့်သည်တော်အဖြစ် လာလည်ဖို့ ဖိတ်ခေါ်ခဲ့ကြတော့သည်။
အမှန်စင်စစ် ဤပါရမီရှင်သည် အင်မော်တယ်တစ်ပါး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူဖြစ်သည်။
စစ်မှန်သော အင်မော်တယ် အရည်အသွေးပင်။
ထျန်းမင် ဒေသတွင် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများ အတော်အတန်များပြားသော်လည်း၊ အမှန်တကယ် အထက်ဘုံသို့ တက်လှမ်းနိုင်သူမှာ အနည်းငယ်သာ ရှိသည်။
အထက်ဘုံ တက်လှမ်းခြင်း မိုးကြိုးဘေးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
အလွန်နည်းပါးသော ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတို့သည်သာ ယင်းကို ရင်ဆိုင်ရဲကြသည်။ အခြေခံ ခိုင်မာသူများပင် အလွန်သတိထားကြသည်။ အကြောင်းမှာ သူတို့၏ အထက်ဘုံတက်လှမ်းခြင်း မိုးကြိုးကပ်ဘေးအတွင်း၌ ပြာမှုန် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် လုရီမှာ မတူညီပေ။ အင်မော်တယ်ကြီးပင် သူ၏ပါရမီကို အံ့အားသင့်ခဲ့သည်။
လုရီ၏ ပါရမီ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြောစရာပင်မလိုတော့ချေ။
အနာဂတ်တွင် အထက်ဘုံ တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးကို ကျော်လွှားကာ သူက
အင်မော်တယ် ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ထိုမျှ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးအတွက် အခြားသူများနှင့် ရန်ငြိုးမရှိလျှင် သဘာဝအတိုင်း လူတိုင်းက သူနှင့် မိတ်ဖွဲ့လိုကြသည်သာ။
ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသာ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။
နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသော အမွေအနှစ်အား ပိုင်ဆိုင်သော အင်အားကြီး မြင့်မြတ်နယ်မြေအနေဖြင့် သူတို့တွင် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရန် အခြေခံအုတ်မြစ် လုံလုံလောက်လောက် ရှိ ချေသည်။
ဂိုဏ်းပေါင်းများစွာက လုရီအား လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သော်လည်း၊ သူသည် နတ်ဓားဂိုဏ်းနှင့်အတူ သွားရန်သာ ရွေးချယ်ခဲ့သည်။
အဓိက အကြောင်းရင်းမှာ နတ်ဓားဂိုဏ်းကိုယ်တိုင်က အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေဖြစ်ပြီး သူကိုယ်တိုက်ကလည်း သူတို့နှင့် ပတ်သက်၍ အလွန်ကောင်းမွန်သော ခံစားချက်ရှိသောကြောင့်ဖြစ်သည်။ ထို့ပြင် ကျန်းရူယွီမှာ နတ်ဓားဂိုဏ်းမှဖြစ်ပြီး သူ၏ ဆရာသည်လည်း နတ်ဓားဂိုဏ်းနှင့် ဆက်ဆံရေးကောင်းမွန်ပုံ ရသောကြောင့် သဘာဝအတိုင်း လုရီက နတ်ဓားဂိုဏ်းကို ရွေးချယ်ခဲ့ခြင်းပင်။
သူသည် နတ်ဓားဂိုဏ်းပိုင် ရှေးဟောင်း ဝိဉာဉ်သင်္ဘောဖြင့် ပြန်လာခဲ့လေသည်။
လမ်းခရီးတွင် နတ်ဓားဂိုဏ်း၏ ထိုကပ်ဘေးဖြတ်ကျော် အဆင့် ပညာရှင်သည်လည်း ခန်းမဆောင်ကြီး၌ ဖြစ်ပျက်ခဲ့သည်များကို ကြားသိခဲ့ရပြီး၊ ချက်ချင်းပင် လုရီ၏အခန်းသို့ အပြေးအလွှား ရောက်ချလာသည်။
ထိုပုဂ္ဂိုလ်က နတ်ဓားဂိုဏ်းသို့ ဝင်ရောက်ရန် သူ့အား နောက်တစ်ကြိမ် ထပ်မံ တိုက်တွန်းခဲ့ လေသည်။ လုရီနှင့် ကျန်းရူယွီတို့ ယင်းနေ့တွင်ပင် ပေါင်းဖက်နိုင်ရန် စီစဉ်ပေးမည်ဟုပင် ပြောခဲ့သည်။
လုရီ အံ့သြတုန်လှုပ်သွားသည်။
ဤစီနီယာကား အမှန်ပင် ပုံမှန် မဟုတ်ပေ။
လုရီသည် ထိုအကြီးအကဲ၏ အမည်ကိုလည်း သိခဲ့ရသည်။
သူက ဖန်ထျန်းယောင် ဖြစ်ပြီး နတ်ဓားဂိုဏ်းအတွင်း၌ မြင့်မားသော ရာထူး ရှိသူတစ်ဦးပင်။
နောက်ဆုံးတွင် ကျန်းရူယွီ၏ သတ်ဖြတ်လိုသော အကြည့်ကြောင့် ဖန်ထျန်းယောင် ဆက်မပြောနိုင်တော့ဘဲ မချင့်မရဲဖြင့် ထွက်ခွာသွားရ တော့သည်။
မထွက်ခွာမီ သူသည် လုရီသာ ပြည့်စုံသော နတ်ဘုံဓားကျမ်းကို မရရှိခဲ့လျှင် သူ၏နည်းစနစ်များကို ကျင့်ကြံရန် နတ်ဓားဂိုဏ်းသို့ ဝင်ရောက်စေနိုင်ခဲ့မည်ဟု ကြေကွဲစွာဖြင့် တီးတိုးရေရွတ်သွားသေးသည်။
လုရီ မျက်နှာပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းများဖြင့် နားထောင်နေခဲ့ရသည်။
မကြာမီပင် လုရီနှင့် ကျန်းရူယွီသာ အခန်းထဲတွင် ကျန်ရစ်ခဲ့သည်။
ဖန်ထျန်းယောင်၏ စကားများကြောင့် ကျန်းရူယွီကဲ့သို့ ရဲရင့်သော မိန်းကလေးပင် အနည်းငယ် မျက်နှာနီရဲနေပြီး၊ အခန်းအတွင်းရှိ လေထုမှာ အနည်းငယ် ကမောက်ကမ ဖြစ်လာချေတော့သည်။
မကြာမီပင် ကျန်းရူယွီက ထရပ်ပြီး ပြုံးကာ..
“ဂျူနီယာ မောင်လေး၊ နင် ကောင်းကောင်း အနားယူသင့်တယ်။ အခင်းအကျင်းတွေကို ဖြတ်ကျော်ရတာ တော်တော် ပင်ပန်းသွားပါပြီ ” ဟု ဆိုလိုက်သည်။
လုရီ ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ အစ်မ၊ အစ်မလည်း ကောင်းကောင်း အနားယူပါဦး။ ခုနက ဒဏ်ရာရခဲ့သေးတယ်လေ”
ထိုအခါ ကျန်းရူယွီက အသာ ပြုံးလျက် ခေါင်းညိတ်လိုက်၏။
ကျန်းရူယွီ ထွက်ခွာသွားပြီးနောက် လုရီသည် သူ့ခုတင်ပေါ် လဲလျောင်းကာ အလုပ်များ၏ မျက်နှာပြင်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သည်။
ဤတစ်ကြိမ်တွင် အလုပ်များစွာ ရှိပြီး ဆုလာဘ်များလည်း အလွန်ပင် ရက်ရောလှပေသည်။
.....
အလုပ်များ
အပျက်အစီးကို ရှာဖွေပါ (ပြီးစီးပါပြီ)
ကောင်းကင် နဂါး သူတော်စင် သားတော်ထက် ပိုမိုများပြားသော ရတနာများကို ရှာဖွေပါ (ပြီးစီးပါပြီ)
စိတ်ရှုပ်ထွေးစေသော ဝင်္ကပါမှ ရတနာများကို နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများထက် ဦးစွာ လုယူပါ (ပြီးစီးပါပြီ)
နတ်ဓားဂိုဏ်းနှင့် အင်ပါယာ ဓားဂိုဏ်းမှ ကျင့်ကြံသူများအား အခင်းအကျင်း တာအို ရှင်းပြပါ။ (ပြီးစီးပါပြီ)
စုစုပေါင်း အလုပ် လေးခု ရှိသည်တကား။
လုရီအား နောင်တရစေခဲ့သည်မှာ အင်မော်တယ် ဓားအမိန့်သည် နောက်ဆုံး အင်မော်တယ်
အခင်းအကျင်းကို ဖွင့်နိုင်မည်ဟု မသိခဲ့ခြင်းပင်။
ထို့ပြင် ထိုအင်အားကြီးမားသော
အင်မော်တယ်ကြီးကိုလည်း နိုးထစေနိုင်မည်ဟု မသိခဲ့ခြင်းပင်။
မဟုတ်ခဲ့ပါက ဤအလုပ် နှစ်ခုကို ထုတ်ပေးနိုင်လျှင် သူ အလွန်ပင် ပျော်ရွှင်နေရလိမ့်မည်။
ဤသည်တို့ကား အင်မော်တယ် အခင်းအကျင်းများနှင့် အင်မော်တယ်များနှင့် ပတ်သက်သော အလုပ်များပင်။
ယင်းကို စဉ်းစားရုံဖြင့် ထိုသို့သော လုပ်ငန်းတာဝန်များ၏ ဆုလာဘ်များ မည်မျှ ကြွယ်ဝမည်ကို ခန့်မှန်းနိုင်ပါသည်။
အင်မော်တယ် ပစ္စည်းများဖြင့် ဆုချခြင်းက
မဖြစ်နိုင်သည် မဟုတ်... မဟုတ်သေး၊ အလုပ်
မျက်နှာပြင်မှ ဆုလာဘ်များ၏ ရက်ရောမှုအရ ၎င်းသည် အင်မော်တယ် ပစ္စည်းတစ်ခု ဖြစ်မည်မှာ သေချာသလောက်ပင်။
အမှန်တကယ်ပင် နှမြောစရာ ကောင်းလှသည်။
လုရီ အပျက်အစီးမြေက ပြန်ရောက်လာပြီးနောက် ၎င်းကို စဉ်းစားမိတိုင်း အလွန်ပင် ကြေကွဲ သည်။
ဘီလီယံနှင့်ချီသော ငွေထုပ်..ကျပျောက်မိသလိုပါပင်။
လုရီ ခဏတာမျှ စိတ်ဓာတ်ကျနေခဲ့ပြီးမှ ပြန်လည်သက်သာရာ ရလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ၊ နောင်အနာဂတ်တွင် အခွင့်အလမ်းများစွာ ရှိလိမ့်မည်ဖြစ်သောကြောင့် ယခုလောလောဆယ် အလျင်စလိုလုပ်ရန် မလိုပေ။
ထို့နောက်.. သူက ဤခရီးစဉ်မှ ဆုလာဘ်များကို စတင်စုဆောင်းလိုက်ပါသည်။
...
အလုပ်
အပျက်အစီးကို ရှာဖွေပါ၊ ဆုလာဘ်သည် ရှာဖွေမှု အတိုင်းအတာပေါ် မူတည်သည်။ (ပြီးစီးပါပြီ)
ဆုလာဘ်: အင်မော်တယ် နိယာမ အပိုင်းအစ
တစ်မျှင်။
ဆုလာဘ်အား လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
“!!”
လုရီ အတွင်းစိတ်တွင် အလွန်တုန်လှုပ်သွားသည်။
ဆုလာဘ်က နည်းသော်လည်း လုရီ၏ နှလုံးသားကို အပြင်းအထန် တုန်လှုပ်စေခဲ့သည်။
နိယာမ...
ဤအလုပ်သည် သူ့အား နိယာမ အပိုင်းအစ တစ်မျှင်ကို အမှန်တကယ် ပေးသနားခဲ့သည်တကား။
သိသင့်သည်မှာ အင်မော်တယ် ဖြစ်မှသာ နိယာမကို နားလည်နိုင်မည်ဖြစ်သည်။
၎င်းသည် နယ်ပယ်တစ်ခု၏ မြင့်မားခြင်း၊ မိမိကိုယ်ကို ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစည်းခြင်း၊ ရိုးရိုးသာမန် ကိုယ်ခန္ဓာဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်းတို့ကို ကိုယ်စားပြုလေသည်။
၎င်းသည် လောက တစ်ခုလုံး၏ နည်းလမ်းနှင့် အကြောင်းတရားကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းပင်။
လုရီ၏ အစွမ်းအထက်ဆုံး ကဏ္ဍမှာ ဓားတာအို ပိုင်နက်၏ နှစ်ဆယ် ရာခိုင်နှုန်း သာ ရှိပြီး၊ ယခု အင်မော်တယ် နိယာမ အပိုင်းအစ တစ်မျှင်ကို အမှန်တကယ် ဖမ်းဆုပ်နိုင်ခဲ့သည်တကား။
မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် ၎င်းကို သိရှိပါက မနာလိုစိတ်ဖြင့် ရူးသွပ်သွားကြလိမ့်မည်။
လုရီ စိတ်ငြိမ်သွားရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သေချာ စဉ်းစားကြည့်သောအခါ အလုပ်တွင် ထိုမျှ ရက်ရောသော ဆုလာဘ်ရှိခြင်းသည် နားလည်နိုင်စရာပါပဲ။
အပျက်အစီး၌ ရှာဖွေခြင်းအတွက် ဆုလာဘ်သည် ရှာဖွေမှု၏ အတိုင်းအတာဖြင့် ဆုံးဖြတ်သည် မဟုတ်ပါလော။
စင်စစ်မှာတော့ သူသည် အပျက်အစီးအားလုံးကို ရှာဖွေခဲ့ပြီး၊ နောက်ဆုံးတွင် အင်မော်တယ်တစ်ပါးနှင့်ပင် ကြုံကြိုက်ခဲ့သည်လေ။
အင်မော်တယ်နှင့် သက်ဆိုင်နေသောကြောင့် အလုပ်သည် မရိုးရှင်းနေတော့ဘဲပေ။
အင်မော်တယ်အဆင့်နီးပါးရှိသော အရာတစ်ခုဖြင့် ဆုချခြင်းသည်လည်း နားလည်နိုင်ဖွယ် ဖြစ်ချေ၏။
လုရီ စိတ်နှလုံးတွင် အလွန်ပင် ပျော်ရွှင်နေသည်။
သူ ချက်ချင်း ဆုလာဘ်ကို မတောင်းဆိုခဲ့ချေ။
အကြောင်းမှာ ဤသည်မှာ အင်မော်တယ် နိယာမဖြစ်လေသည်။ စုပ်ယူပြီးနောက် ကြီးမားသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာပါက ရှင်းပြရန် ခက်ခဲလိမ့်မည်။
သူသည် နတ်ဓားဂိုဏ်း၏ ရှေးဟောင်းသင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်ပြီး ကပ်ဘေး ဖြတ်ကျော် ပညာရှင်များလည်း ရှိနေသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။
လုရီသည် နောက်ပိုင်းတွင် ဆိတ်ငြိမ်သောနေရာတစ်ခုကို ရှာဖွေပြီးမှသာ ဆုလာဘ်ကို တောင်းဆိုရန် ဆုံးဖြတ်လိုက်တော့သည်။
.....
ကောင်းကင်နဂါး သူတော်စင် သားတော်ထက် ပိုမို များပြားသော ရတနာများကို ရှာဖွေခြင်း လုပ်ငန်းတာဝန်အတွက် လုရီသည် အပျက်အစီးမှ ထွက်ခွာစဉ်က ကောင်းကင်နဂါး သူတော်စင် သားတော်နှင့်အတူ ၎င်းကို အတည်ပြုခဲ့သည်။
အခြားမည်သည့်အရာကိုမှ ဖော်ပြစရာမလိုဘဲ အင်မော်တယ် ဓားကျမ်း တစ်ခုတည်းဖြင့်ပင် ကောင်းကင်နဂါး သူတော်စင် သားတော်သည် သူ့ကို အမှန်တကယ် မယှဥ်နိုင်ဟု ဆိုလိုသည်။
ကောင်းကင်နဂါး သူတော်စင် သားတော်သည် ၎င်းကို လက်ခံရန် အလွန်ပင် မလိုလားသော်လည်း သူသည် ရိုးသားပြီး ရှုံးနိမ့်မှုကို ဝန်ခံခဲ့သည်။
သို့သော် ကောင်းကင်နဂါး သူတော်စင် သားတော်နှင့်အတူ ကောင်းကင် နဂါး မြင့်မြတ်နယ်မြေ ကျင့်ကြံသူအုပ်စုမှ ရရှိခဲ့သော အကြည့်များက သူ့အား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ထိုအချိန်က အကြီးအကဲ ဖန်ထျန်းယောင် မရှိခဲ့လျှင် သူတို့သည် သူ့ကို အတင်းအဓမ္မ လုယက်ရန် ရဲဝံ့ကြလိမ့်မည်ဟု ထင်မိပါသည်။
စဉ်းစားလိုက်သောအခါ မယုံနိုင်စရာပင်။ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကပ်ဘေးဖြတ်ကျော် ပညာရှင်များပင် လုပ်ဆောင်ရန် စိတ်အားထက်သန်ပုံ ရနေသည်။
ဤမြင့်မြတ်နယ်မြေသည် ဓားပြဂိုဏ်းမှ အမြစ်တည်ခဲ့သည်လားပင် မသိတတ်ပေ။
...
လုရီ ၎င်းကို ဆက်လက် မတွေးတော့ဘဲ..
အလုပ်ဆုလာဘ်အား တစ်ချက် စစ်ဆေးလိုက်သည်။
ကြီးကျယ်သော မဟာယာန အဆင့်'နဂါးပျံ ဖီးနစ်သံစဉ်သိုင်း'ဟူ၍....
"နဂါးပျံ ဖီးနစ်သံစဉ်" ၏ မည်သို့မည်ပုံ အသုံးပြုပုံကို နားလည်ပြီးနောက် လုရီ၏ အမူအရာသည် ဖော်မပြနိုင်အောင် တက်ကြွလာလေတော့သည်။
အခန်း ၂၇၀-ဒီလို မလုပ်ပါနဲ့..ဂျူနီယာ မောင်လေး...
~ဤ "နဂါးပျံ ဖီးနစ်သံစဉ်" သည် နှစ်ကိုယ်တူကျင့်ကြံခြင်း လျှို့ဝှက်ပညာရပ် ဖြစ်နေသည်တကား။
ကျင့်ကြံသူများအတွက် နှစ်ကိုယ်တူ ကျင့်ကြံခြင်းသည်လည်း ကျင့်ကြံမှု လမ်းကြောင်းတစ်ခုပင် ဖြစ်ချေ၏။ ၎င်း၏ အမြင့်ဆုံးအဆင့်တွင် ယင်ယန် တာအို၊ ရွှင်ပျော်ပျော် အစည်းအရုံး
တာအို၊ ရမ္မက် တာအို စသည်တို့အပါအဝင်
တာအိုအမျိုးမျိုးကိုပင် ဆင်းသက်နိုင်သေးသည်။
ထျန်းမင်တွင် နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်များဖြင့် ထူထောင်ထားသော ဂိုဏ်းများ အတော်အတန် များပြားလေသည်။
အချို့သော နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်များသည် ယင်ဓာတ် နှင့်ယန်ဓာတ်ကို မျှတအောင် ထိန်းညှိခြင်း အနှစ်သာရ ဖြစ်ပြီး၊ အချို့မှာမူ ယန်ဓာတ် ဆုံးရှုံး၍ ယင်ဓာတ် ဖြည့်ဆည်းခြင်း..သို့မဟုတ် ယင် ဓာတ် ဆုံးရှုံး၍ ယန်ဓာတ်ဖြည့်ဆည်းခြင်း.. အနှစ်သာရများ ပါဝင်သည်။
ပထမယင်ဓာတ် နှင့်ယန်ဓာတ်ကို မျှတအောင် ထိန်းညှိခြင်း အမျိုးအစားသည် နှစ်ဦးနှစ်ဖက် အကျိုးရှိပါသည်။ အမျိုးသား ကျင့်ကြံသူများနှင့် အမျိုးသမီး ကျင့်ကြံသူများသည် နှစ်ကိုယ်တူ ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်း ယင်ယန်
တာအိုကို နားလည်သဘောပေါက်ကြသည်။
ဒုတိယအမျိုးအစားမှာမူ ခေါင်းပုံဖြတ်ခြင်းဖြစ်ပြီး၊ တစ်ဖက်မှ အခြေခံကို ထုတ်ယူကာ အခြားတစ်ဖက်ကို အားဖြည့်ပေးသည်။ ဤအမျိုးအစား အနှစ်သာရသည် သဘာဝအားဖြင့် ပိုမိုမြန်ဆန်သော ကျင့်ကြံမှုကို ခွင့်ပြုသော်လည်း၊ ယင်ယန် ညီညွတ်ခြင်း၏ နယ်ပယ်သို့ မရောက်နိုင်ဘဲ မကောင်းဆိုးဝါး လမ်းစဉ်၏ နည်းစနစ်တစ်ခုဟု သတ်မှတ်ခံရလေသည်။
ဤအမျိုးအစား ကျင့်ကြံသူအချို့သည် ဤနည်းစနစ်ကို အသုံးပြု၍ အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူများကို ကျင့်ကြံရန်အတွက် ဆေးဒယ်အိုးသဘော အထူးပြု၍. အဓမ္မ လုယက်ကြသည်။ အချို့မှာမူ သာမန် အားမဲ့သည့် လူများကိုပင် မချန်လှပ်တတ်ကြပါ။
လုရီ ဆုချခံရသော "နဂါးပျံ ဖီးနစ်သံစဉ်" သည် ထိုနည်းစနစ်များ အမျိုးအစားတွင် မပါဝင်သော်လည်း လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်ပြီး၊ နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်ထက်ပင် ပိုမို အစွမ်းထက်လေသည်။
ဤလျှို့ဝှက်ပညာရပ်သည် နှစ်ကိုယ်တူ ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်း တစ်ဦးချင်း၏ ကျင့်ကြံမှု နည်းစနစ်ကို ဗဟိုပြုကာ၊ တစ်ဦးချင်း၏ ဝိညာဉ်စွမ်းအင် အရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး၊ နည်းစနစ်များကို နားလည်သဘောပေါက်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်။
ဤနည်းစနစ်သည် နဂါးနှင့် ဖီးနစ် တာအိုပုံစံကို အခြေခံထားသောကြောင့် ရုပ်ခန္ဓာ၏ ခွန်အားကိုပင် တိုးတက်စေနိုင်သည့် အလွန်ပြည့်စုံပြီး အစွမ်းထက်သော နှစ်ကိုယ်တူ ကျင့်ကြံခြင်း လျှို့ဝှက်ပညာရပ်တစ်ခုပင်တကား။
နည်းစနစ်၏ မိတ်ဆက်ကို ပြန်လည်သုံးသပ်ပြီးနောက် လုရီ အနည်းငယ် ပြုံးမိသည်။
ဤသိုင်းနည်းစနစ်သည် လုံးဝမဆိုးပေ။
သူသည် ၎င်းကို စမ်းသပ်ရန် အနည်းငယ် စိတ်အားထက်သန်နေသည်။
သူ၏ စီနီယာအစ်မ၊ ဂျူနီယာညီမလေးနှင့်
ယွင်ရှိီးတို့ကို သတိရမိသည်။
အားလပ်ချိန်များတွင် ထိုသို့သော နည်းစနစ်ကို သူမတို့နှင့်အတူ ကျင့်ကြံခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်လေသည်။
ထို့နောက် လုရီသည် သူ၏စီနီယာအစ်မနှင့် ဂျူနီညီမလေးတို့အား ယွင်ရှီး အကြောင်းကို မပြောရသေးသည်ကို သတိရမိသည်။
သူတို့သည် ယခင်က တံခါးပိတ်ကျင့်ကြံနေခဲ့ကြပြီး၊ ယခု ထွက်လာကြပြီလား မသိတတ်ပါ။
လုရီသည် နည်းစနစ်ကို ပုံဖော်ကာ ၎င်း၏အနှစ်သာရကို စတင် ဆင်ခြင်လိုက်၏။။
'နဂါးပျံ ဖီးနစ်သံစဉ်'နည်းစနစ်ကို အခြေခံအားဖြင့် နားလည်သဘောပေါက်ပြီးမှ အခြားအလုပ် ဆုလာဘ်များကို စစ်ဆေးကြည့်ရှုခဲ့သည်။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများထံမှ ဝင်္ကပါရှိ ရတနာများကို လုယူခြင်း လုပ်ငန်းတာဝန်အတွက် ဆုလာဘ်မှာ 'အစစ်အမှန်မီး'ဖြင့် သန့်စင်ခြင်းပညာရပ်" ဖြစ်သည်။
၎င်းသည် လက်နက်သွန်းခြင်းအတွက် အစစ်အမှန်မီးကို ကျင့်ကြံသော အစွမ်းထက် လက်နက်သွန်း နည်းစနစ် ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး ရတနာများ၏ ထူးခြားသော လက္ခဏာရပ်များအပြင် ၎င်းတို့၏ ထူးခြားသော ဂုဏ်သတ္တိများဖြင့် ကျင့်ကြံမှု ရတနာများကို သန့်စင်ခြင်းနည်းလမ်းများလည်း ပါဝင်ပါသည်။
၎င်းတွင် လက်နက် သွန်းခြင်းနည်းလမ်း အမျိုးမျိုးကိုလည်း မှတ်တမ်းတင်ထားသေး၏။
ဤသည်မှာလည်း အလွန် တန်ဖိုးရှိသော လျှို့ဝှက် ပညာရပ်တစ်ခုပင်။
လက်နက်သွန်း ပညာရှင်တစ်ဦးအား ပေးလိုက်ပါက သေလောက်အောင်ပင် ပျော်ရွှင်သွားလိမ့်မည်။
လုရီသည် ဤနည်းစနစ်ကိုလည်း သင်ယူခဲ့ပြီး ပြန်ရောက်သည်နှင့် ကျင့်ကြံဖို့ စိတ်ထဲ၌ တေးထားခဲ့သည်။
အမှန်စင်စစ် သူ့တွင် အလုပ် ဆုလာဘ်အမျိုးမျိုးမှ ရရှိထားသော ကောင်းကင်နှင့် မြေကြီးရတနာများ အတော်အတန်များပြားစွာ ရှိနေသည်တကား။
.....
နတ်ဓားဂိုဏ်းနှင့် အင်ပါယာဓားဂိုဏ်းမှ ကျင့်ကြံသူများအား အစီအရင် တာအိုကို ရှင်းပြခြင်း အတွက် အလုပ် ဆုလာဘ်မှာ "ထိပ်တန်းအဆင့် အခင်းအကျင်း တာအို ခွဲခြမ်းစိတ်ဖြာခြင်း" နှင့် အစီအရင် တာအို နယ်ပယ် တိုးမြှင့်ခြင်းပင်။
လုရီ ဆုလာဘ်ကို ပျော်ရွှင်စွာ လက်ခံခဲ့သည်။
ကောင်းကင်နန်းတော်မှ အခင်းအကျင်း ပညာရှင်များထံမှ ရရှိခဲ့သော အခင်းအကျင်း အမွေအနှစ်များနှင့် ပေါင်းစပ်လိုက်လျှင်၊ ၎င်းကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ပါက သူ၏ အခင်းအကျင်း တာအို စွမ်းရည်သည် သိသိသာသာ တိုးတက်လာနိုင်ပါမည်။
အင်မော်တယ် အခင်းအကျင်းများကို ချိုးဖျက်နိုင်ခြင်းအပြင် အနည်းဆုံးတော့ သူ၏ ဓားတာအို နယ်ပယ်နှင့် အလှမ်းမဝေးတော့သင့်ပါဘူး။
ဟုတ်တယ်မလား။
လုရီ အလွန်ပျော်ရွှင်နေသည်။
အလုပ်ဆုလာဘ်များအားလုံးကို စုဆောင်းပြီးနောက် လုရီသည် အခြားဘာမျှ လုပ်စရာမရှိတော့သဖြင့် စတင်ကျင့်ကြံခဲ့လိုက်ပါတော့သည်။
.....
ထိုနေ့တွင် အင်မော်တယ် ဓားဂိုဏ်း၏ အမွေအနှစ် သတင်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးအပြင် အနီးနားရှိ ရှေးဟောင်းမြို့ကြောင့် ဗဟိုဒေသသို့ပါ မုန်တိုင်းထန်သွားသည်။
အင်မော်တယ် ဓားဂိုဏ်းတွင် အင်မော်တယ်တစ်ပါး ပြန်လည်ပေါ်ထွက်လာခြင်းသည် ငလျင်တစ်ခုကဲ့သို့ပင် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအားလုံးကို ထိတ်လန့်စေခဲ့သည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများ၏ နောက်ကွယ်တွင် အင်မော်တယ်များ ရှိပေသည်။ ထိုသို့သော အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ပြန်လည်ပေါ်ထွက်လာခြင်းသည်
ထိုအင်မော်တယ်များအပေါ် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို မည်သူမျှ မသိကြပေ။
မြို့အသီးသီးရှိ ကျင့်ကြံသူများ ပါးစပ်ဖျားမှာ ဤကိစ္စကို စိတ်ဝင်တစား ဆွေးနွေးနေကြတော့၏။။
နှစ်သန်းပေါင်းများစွာက ဖျက်ဆီးခံခဲ့ရသော အင်မော်တယ် ဂိုဏ်းတစ်ခုဖြစ်သည့် အင်မော်တယ် ဓားဂိုဏ်းတွင် အင်မော်တယ်တစ်ပါး ပြန်လည်ပေါ်ထွက်လာပေသည်။
မည်သို့သော အဓိက အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်မည်ကို မည်သူမျှ မသိနိုင်ကြပေ။
အပျက်အစီးအတွင်း လုရီ၏ စွမ်းဆောင်ရည်သည်လည်း နာမည်ကြီး ဆွေးနွေးစရာ သတင်းတစ်ခု ဖြစ်လာခဲ့သည်။
သူ၏ အခင်းအကျင်းတာအို နယ်ပယ်သည် အစွမ်းထက်ပြီး၊ သူတစ်ဦးတည်းဖြင့် ကောင်းကင်နန်းတော်၏ အခင်းအကျင်း သခင်နှင့် ဟင်းလင်းပြင် ဥမင်ကျင့်ကြံသူနှစ်ဦးစလုံးကို ဖိနှိပ်နိုင်ခဲ့သည်က လူတိုင်းကို အံ့အားသင့်စေခဲ့ တော့သည်။
ပို၍ပင် အံ့သြစရာကောင်းသည်မှာ ပြန်လည်ပေါ်ထွက်လာသော အင်မော်တယ်သည် လုရီ၏ ပါရမီကို ချီးကျူးခဲ့ပြီး၊ အင်မော်တယ် ဓားမျိုးစေ့ကို အလွန်အစွမ်းထက်သော နယ်ပယ်သို့ ပေါင်းစည်းစေခဲ့ပြီး၊ ပြည့်စုံသော အင်မော်တယ် ဓားမျိုးစေ့ကိုပင် လုရီအား ကူးပြောင်းပေးခဲ့သည်။
ဤသည်က အရှေ့နယ်မြေနှင့် ဗဟိုနယ်မြေရှိ ကျင့်ကြံသူအားလုံးကို သောင်းသောင်းဖြဖြ
မှင်သက်စေခဲ့သည်။
အခင်းအကျင်း တာအိုနှင့် ဓားတာအို နှစ်မျိုးလုံးကို ကျင့်ကြံသည်။
မည်သည့် တာအိုကိုမဆို ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်သို့ ရောက်အောင် ကျင့်ကြံနိုင်သော နတ်ဆိုး.....။
လုရီ၏ အမည်သည် အင်မော်တယ်တစ်ပါး ပြန်လည်ပေါ်ထွက်လာခြင်း၏ နာမည်ကျော်မှုပြီးလျှင် ဒုတိယအဆင့် အနေဖြင့် ကျင့်ကြံသူအားလုံး သိရှိလာကြသည်။
အထူးသဖြင့် လုရီသည် ဂိုဏ်းငယ်လေးမှ တပည့်တစ်ဦးမျှသာ ဖြစ်သည်ဟု လူများ ကြားသိရသောအခါ၊ အင်မော်တယ် ဂိုဏ်းများစွာသည် အတွင်းစိတ်၌ပင် အကြံအစည်များ စတင်ကြံစည်လာကြသည်။
ဟုတ်ပါသည်။ လုရီ ကိုယ်တိုင်ကတော့ သည်အကြောင်းကို သိပ်မသိပါချေ။
ရက်အနည်းငယ်ကြာပြီးနောက် နတ်ဓားဂိုဏ်းမှ တပည့်များနှင့်အတူ လုရီသည် နတ်ဓားဂိုဏ်းသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာသည်။
အင်မော်တယ်တစ်ပါး ပြန်လည်ပေါ်ထွက်လာခြင်းကြောင့် ကိစ္စရပ်များမှာ အလွန်ပင် ဆိုးရွားလာသည်။
ဖန်ထျန်းယောင်နှင့် တင်းချင်းကဲ့သို့သော မဟာအင်အားရှင်များသည် ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားကြပြန်သည်။ ကိစ္စရပ်များကို ဆွေးနွေးရန် ဖြစ်လိမ့်မည်။
လုရီမှာမူ ကျန်းရူယွီနှင့်အတူ ရူယွီခန်းမသို့ ပြန်သရောက်လာခဲ့သည်။
လုရီ နောက်ဆုံး ရူယွီခန်းမသို့ ရောက်ခဲ့စဉ်က သူ၏စီနီယာအစ်မနှင့် အကြီးအကဲမင်တို့နှင့်အတူ ဖြစ်သည်။ ယခုမူ မမျှော်လင့်ဘဲ သူ တစ်ဦးတည်းသာ ရှိနေသည်။
“ဂျူနီယာမောင်လေး၊ နင် ဒီမှာ ခဏနေလို့ရတယ်။ မဟာအကြီးအကဲကလည်း နင့်ကို နတ်ဓားကျောက်စာတိုင်မှာ ဓားသိုင်းပညာ နားလည်သဘောပေါက်ဖို့ ခေါ်သွားမယ်လို့ ပြောတယ်” ဟု ကျန်းရူယွီ ပြုံးလျက် ပြောလိုက်သည်။
နတ်ဓားကျောက်စာတိုင်ကို နားလည်သဘောပေါက်ရန် အခွင့်အရေးအား လုရီ သဘာဝအတိုင်း ငြင်းဆိုဘဲ ခေါင်းညိတ်လိုက်သည်။
…
လုရီ၏ နာမည်သည် အရှေ့နယ်မြေနှင့် ဗဟိုနယ်မြေများတစ်လျှောက် ပျံ့နှံ့သွားသောကြောင့် နတ်ဓားဂိုဏ်းအတွင်းရှိ တပည့်များပင် သူ့အကြောင်းကို ကြားသိခဲ့ကြ၏။
ရူယွီခန်းမတွင် နေထိုင်ခဲ့သော ရက်များအတွင်း
နတ်ဓားဂိုဏ်းမှ ပါရမီရှင်လူငယ်များစွာနှင့် သက်ကြီးပါရမီရှင် တပည့်များပင် လုရီအား ကြိုဆိုရန် ပွဲများ ကျင်းပခဲ့ကြပြီး သူနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားခဲ့ကြပါသည်။