အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း ၂၇၁- ဒီလို မလုပ်ပါနဲ့..ဂျူနီယာ မောင်လေး...
~လုရီသည် ဤရက်များအတွင်း အလျင်စလို ကျင့်ကြံခြင်း မပြုခဲ့ဘဲ သောက်စားပျော်ပါးရန် .. ပျော်ရွှင်စွာ သွားခဲ့ပါသည်။
လုရီအား ဖိတ်ကြားခဲ့သူများမှာ နတ်ဓားဂိုဏ်း၏ ငယ်ရွယ်သော မျိုးဆက်မှ စစ်မှန်သော ပါရမီရှင်များဖြစ်ပြီး၊ နောင်တွင် မဟာယာန နယ်ပယ်သို့ ရောက်ရှိကြမည့်သူများသာ ဖြစ်သည်။ သူတို့ထဲမှ ကပ်ဘေးဖြတ်ကျော် နယ်ပယ် ပညာရှင်များပင် ပေါ်ထွက်လာနိုင်သေးသည်။ သူတို့သည် နတ်ဓားဂိုဏ်း၏ အနာဂတ် သခင်များပင်။
သူတို့နှင့် မိတ်ဆွေဖွဲ့ခြင်းက သူ့အတွက်
အကျိုးမယုတ်ပါချေ။
...
သုံးရက်ကြာပြီးနောက် လုရီ ကျင့်ကြံနေစဉ် ရုတ်တရက် အလွန် ထက်ရှသော ဓားစိတ်ဆန္ဒ တစ်ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် လုရီ၏ စိတ်ကူးထက် ကျော်လွန်ကာ နားမလည်နိုင်သော အဆင့်သို့ ရောက်ရှိနေသည်။
ရူယွီခန်းမမှ ထွက်လာသောအခါ သူသည် နတ်ဓားဂိုဏ်း၏ အလယ်ဗဟိုတွင် တိမ်တိုက်များကို ထိုးဖောက်၍ ရပ်နေသော ဧရာမ ကျောက်ဓားကြီးကို မြင်လိုက်ရသည်။ ယခုအခါ ၎င်းသည် မှိန်ဖျော့သော အစိမ်းရောင်အလင်းဖြင့် တောက်ပနေသည်။
နက်နဲသော ဓားပုံစံများသည် ဧရာမ ကျောက်ဓားကြီးပေါ်တွင် ထွက်ပေါ်လာပြီး အံ့မခန်း အစွမ်းထက်လှသည်။
လုရီ၏ နှလုံးခုန်သံ မြန်ဆန်လာသည်။
အင်မော်တယ်လက်နက်...
ဤကျောက်ဓားက... အင်မော်တယ်လက်နက် ဖြစ်ရမည်။
နတ်ဓားဂိုဏ်း၏ ဂိုဏ်း အစောင့်အရှောက်
အင်မော်တယ်လက်နက်ပင်တကား။
၎င်းသည် ဤနေရာတွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ထို့ပြင် ဤအင်မော်တယ် လက်နက်သည်
အင်မော်တယ်ဓားထက် မနိမ့်ကျပေ။
အင်မော်တယ်လက်နက် နိုးထလာသည်နှင့်အမျှ လုရီသည် နက်နဲသော စွမ်းအင်များ ကြယ်တာရာများ စုံသော မှ စုစည်းလာသည်ကို မြင်လိုက်ရသည်။ မိုးပြာ အလင်းဖြင့် လွှမ်းခြုံထားသော
ပုံရိပ်တစ်ခုသည် ကြယ်များဆီမှ ဆင်းသက်လာခဲ့သည်။
ကြယ်တာရာများက ထိုပုံရိပ်နှင့်အတူ ရွေ့လျားနေပြီး၊ ၎င်းက ကမ္ဘာ၏ ဗဟိုချက်ကဲ့သို့ ထင်ရ လေသည်။
ကြယ်တာရာများ စုံသော ကောင်းကင်တွင်
ရှင်းကျိုးကျောင်းနှင့် မဟာယာန နယ်ပယ်မှ အကြီးအကဲများအပြင် လောကနှင့်အဆက်ဖြတ်၍ နေတတ််သော မဟာ အကြီးအကဲ အများအပြားလည်း ရှိနေကြသည်ကို လုရီ တွေ့လိုက်ရသည်။ သူတို့အားလုံးသည်
ထိုပုံရိပ်ကို အလွန် ရိုသေသော အမူအရာဖြင့် ကြိုဆိုနေကြသည်။
ထိုပုံရိပ်နှင့် နတ်ဓားဂိုဏ်းမှ မြင့်မားသော အဆင့်ရှိသူများ ထွက်ခွာသွားမှသာ လုရီက သတိပြန်ဝင်လာသည်။
ဤသည်မှာ နတ်ဓားဂိုဏ်းကို ထောက်ပံ့ပေးနေသော အင်မော်တယ် ဖြစ်သည်မှာ သေချာပါသည်။
သို့သော် ၎င်းသည် စစ်မှန်သော ပုံစံဖြင့် ဆင်းသက်လာခြင်း မဖြစ်တန်ရာ။
“ဘိုးဘေးဆရာသခင်ကြီးပဲ!”
ကျန်းရူယွီ၏ အသံသည် သူ့ဘေးမှ ထွက်ပေါ်လာခြင်းပါ။
လုရီ ခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းရူယွီလည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့ရသည်။
သူသည် အင်မော်တယ်၏ ပုံရိပ်ယောင်အပေါ် အာရုံစိုက်လွန်းနေသဖြင့် ကျန်းရူယွီ ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
လုရီက အာမေဋိတ်ပြုလိုက်သည်။
“အင်မော်တယ်တစ်ပါး ဆင်းသက်လာမယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့မိဘူး။ ဘာတွေ ဖြစ်လာမလဲ မသိဘူး နော်”
ကျနရူယွီ ခေါင်းခါရင်း ဆိုလိုက်၏။
“အင်မော်တယ်တွေရဲ့ ကိစ္စတွေက ငါတို့နဲ့ အလှမ်းဝေးနေသေးတယ်”
ထို့နောက် သူမ တစ်ခုခုကို သတိရကာ မျက်လုံးများ ပုတ်ခတ်လိုက်ယရင်း လုရီအား ပြုံးပြကာ...
“ဒါပေမဲ့ ဂျူနီယာ မောင်လေးအတွက်တော့ ဒီလောက် အလှမ်းဝေးမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီ အင်မော်တယ်က မင်းရဲ့ ပါရမီကို အရမ်း သဘောကျတာပဲ”
ထိုအခါ လုရီ တေညက်ပသော အပြုံးတစ်ပွင့်နှင့်အတူ..ပြောလာသည်။
“ဂျူနီယာ မောင်လေးက အင်မော်တယ် ဖြစ်လာရင်တော့ အထက်ဘုံကို အစ်မကိုပါ တစ်ပါတည်း ခေါ်သွားမှာ ပါဗျာ”
“ဟားဟားဟား၊ သဘောတူတယ်..သဘောတူတယ်” ကျန်းရူယွီ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
...
နတ်ဓားဂိုဏ်း၏ အင်မော်တယ်နှင့် ပတ်သက်သော အဖြစ်အပျက်ပြီးနောက် ဂိုဏ်းသည် အလွန် တိတ်ဆိတ်သွားသည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ပို၍ပင် တုန်လှုပ်ဖွယ်ရာ သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။
အင်မော်တယ် ဂိုဏ်း မြင့်မြတ်နယ်မြေများအားလုံးနီးပါးတွင် အင်မော်တယ်များ သက်ဆင်းလာခဲ့သည် ဟူ၍....။
ဤသည်က အရှေ့ နယ်မြေတစ်ခုလုံးတွင် ဆူပူလှုပ်ရှားမှု ဖြစ်စေခဲ့သည်။
အင်မော်တယ်များသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များဖြစ်ပြီး၊ နှစ်သန်းပေါင်းများစွာအတွင်း တစ်ကြိမ်မှ မမြင်ဖူးဘဲ၊ ယခုမူ ရက်အနည်းငယ်အတွင်း ဆက်တိုက် ဆင်းသက်လာကြသည်တကား။
မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို မှန်းဆနိုင်ပါ၏။
သို့သော် အင်မော်တယ်များ ရောက်ရှိလာပြီးနောက် အရာရာသည် အလွန်တိတ်ဆိတ်နေခဲ့သည်။
...
အကြီးအကဲ တင်းချင်းသည် အလွန်ကြင်နာသော အမူအရာဖြင့် လုရီကို လာရှာသောအခါ ဝမ်းသာအယ်လဲ အပြုံးတစ်ခု ထုတ်ဖော်ကာ ပြောလိုက်သည်။
“ကလေးလု၊ သွားရအောင်။ မင်းကို နတ်ဓားကျောက်တိုင်မှာ ဓားသိုင်းပညာ ဉာဏ်အလင်းပွင့်ဖို့ ခေါ်သွားမယ်”
လုရီ၏ မျက်လုံးများ လင်းလက်သွားပြီး ခေါင်းညိတ်ကာ “ဟုတ်ကဲ့ပါ အကြီးအကဲ
တင်းချင်း” ဟု ဆိုလိုက်သည်။
တင်းချင်းသည် လုရီကိုသာ လာရှာခြင်း မဟုတ်ဘဲ ကျန်းရူယွီ၊ ဝမ်ချီဖုန်းနှင့် နတ်ဓားဂိုဏ်းမှ အခြားထူးချွန်သော ငယ်ရွယ်သူများ အပါအဝင် စုစုပေါင်း ဆယ်ဦးကိုပါ အကြောင်းကြားခဲ့သည်။
“ညီလေးလု” တုန်းဖန်းလင်လည်း ထိုနေရာတွင် ရှိနေပြီး သူသည် ခေါင်းညိတ်ကာ လုရီအား ပြုံးလျက် နှုတ်ဆက်သည်။
“ညီလေးလု၊ ဘာလို့ ဒီရက်ပိုင်း သေရည် သောက်ဖို့ မထွက်လာတာလဲ”
“ညီမလေးရူယွီနဲ့အတူ ရှိနေတော့ ပြန်သွားဖို့တောင် မေ့သွားတာလား ...မသိဘူး”
တစ်ဦးပြီး..တစ်ဦးဆိုသလို နတ်ဓားဂိုဏ်းမှ ယခင်မျိုးဆက် ပါရမီရှင်များက သူ့အား စနောက်လာကြသည်။
ကျန်းရူယွီ၏ အမူအရာ တည်ငြိမ်လာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် ကောလာဟလများစွာကို ကြားခဲ့ရပြီး ယခင်ကကဲ့သို့ ထိခိုက်ခံစားခြင်း မရှိတော့ဘဲ ယခုအခါ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်နေပြီ ဖြစ်ပါသည်။
လုရီကမူ သိမ်မွေ့စွာ ပြုံးလျက်..
ရှင်းပြလိုက်သည်။
“ဒီရက်ပိုင်း အခင်းအကျင်း တာအိုကို ဆင်ခြင်နေခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်နန်းတော်ရဲ့ အခင်းအကျင်း တာအို အမွေအနှစ်ကိုကျွန်တော် မကြာသေးခင်ကမှ ရခဲ့တာဆိုတော့လေ..”
အမှန်တကယ်ပင် အစီအရင် တာအို၏ ထိပ်တန်းအဆင့် ခွဲခြမ်းစိတ်ဖြာချက်များနှင့် ကောင်းကင်နန်းတော်မှ အမွေအနှစ်ကို ရရှိပြီးနောက် သူသည် ဤရက်များတစ်လျှောက်လုံး ၎င်းတို့ကို လေ့လာနေခဲ့လေသည်။
ထို့ပြင် သူသည် အစစ်အမှန်မီးဖြင့် သန့်စင်ခြင်းပညာရပ်ကိုလည်း သင်ယူနေခဲ့သည်။
သူကိုယ်တိုင်က မီးနယ်ပယ်၏ သုံးဆယ် ရာခိုင်နှုန်းကို ကျွမ်းကျင်ထားပြီးဖြစ်၍ အစစ်အမှန်မီးကို ဖွဲ့တည်ခြင်းမှာ လွယ်ကူသော ကိစ္စဖြစ်သည်။ လက်တွေ့လေ့ကျင့်မှုသာ လိုအပ်ပါသည်။
ပါရမီရှင်အုပ်စုသည် ထိုအခါတွင်မှ သဘောပေါက်သွားကြသည်။
လူအုပ်ကြီးသည် စကားပြောဆို ရယ်မောရင်း နတ်ဓားကျောက်တိုင် ဘက်သို့ ဦးတည်သွားကြသည်။
ထိုအင်မော်တယ်၏ ပုံရိပ်ယောင်သည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း လုရီ သိရှိခဲ့ရသည်။
၎င်းသည် ရောက်ရှိလာသည့်နေ့တွင် နတ်ဓားဂိုဏ်းမှ မဟာ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်တို့နှင့် လျှို့ဝှက်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် ထွက်ခွာသွားခဲ့လေသည်။
မည်သည့် အကြောင်းအရာတွေ ဆွေးနွေးခဲ့လဲဆိုတာကတော့ တင်းချင်းကိုယ်တိုင်တောင် မသိခဲ့ပေ။
ဤအချိန်တွင် ကျန့်ရူယွီသည် အနည်းငယ်
နားမလည်နိုင်ပုံဖြင့် မေးလိုက်သည်။
“အကြီးအကဲတင်း၊ ဒီတစ်ခါ ကျွန်မတို့ ဒီလောက်များများ နတ်ဓားကျောက်တိုင်ကို ဘာလို့ သွားကြတာလဲဟင်”
အခြားသူများလည်း နားမလည်နိုင်ဖြစ်နေကြသည်။ အကြောင်းမှာ သူတို့လို ပါရမီရှင်များပင် သာမန်နေ့ရက်များတွင် နတ်ဓားကျောက်တိုင်သို့ လာရောက်လည်ပတ်ရခြင်းမှာ အတော်ပင် ရှားပါးသောကြောင့်ပင်။
“ဒါက ဘိုးဘေးဆရာသခင်ကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ တိကျတဲ့ အကြောင်းရင်းကိုတော့ ငါ မသိဘူး။ ဒါပေမဲ့ ဒီနောက်ပိုင်း မင်းတို့တွေ ဂုဏ်ယူစရာ ကောင်းအောင် လုပ်နိုင်ရင် မင်းတို့ရဲ့ အရင်းအမြစ်တွေ အများကြီး တိုးလာလိမ့်မယ်..” ဟု တင်းချင်းက ပြောလိုက်သည်။
ထိုစကားကြောင့် လူအုပ်ကြီးမှာ တစ်ယောက်ကို တစ်ယောက် မတိုင်ပင်ထားဘဲ ပြန်ကြည့်လိုက်ကြပြီးနောက် ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
“တကယ်လားဗျာ!”
“ဟုတ်ပါတယ်။ မင်းတို့အားလုံး နှစ်စဉ် ဓားစိတ်ဆန္ဒမြက် တစ်ပင်စီ ရရှိမယ်။ ပြီးတော့ ဓားရေကန်က မင်းတို့ ခံနိုင်ရည်ရှိသမျှ အချိန်မရွေး ဝင်ရောက်နိုင်အောင် ဖွင့်ပေးထားမယ်။ မင်းတို့ ထူးချွန်ရင် ဝိညာဉ်ခြင်ဆီကိုလည်း ဆုလာဘ်အဖြစ် ရနိုင်သေးတယ်”
မျက်လုံးများ လင်းလက်လျက် တင်းချင်းသည် ဤသတင်းကို ကြားသိခဲ့ရစဉ်က အလွန်ပင် တုန်လှုပ်ခဲ့ရသေးသည်။
ဤအရင်းအမြစ်များက များပြားလှသည်။
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများပင် တပည့်များ၏ ထိုသို့သော ကျင့်ကြံမှုကို တတ်နိုင်မည် မဟုတ်ပေ။
လူတစ်ဦးတည်းကိုသာ ကျင့်ကြံရန်ဆိုလျှင် တစ်မျိုးတစ်မည် ဖြစ်မည်။ သို့သော် ပြဿနာမှာ တစ်ဦးတည်းမဟုတ်ဘဲ များစွာသောသူများ ဖြစ်နေခြင်းပင်။
နတ်ဓားဂိုဏ်းမှ ပါရမီရှင်အုပ်စုသည် ပျော်ရွှင်တက်ကြွနေကြသည်။ ဤသည်မှာ သူတို့အတွက် အလွန်အကျိုးရှိသည်တကား။
နားထောင်နေရင်း လုရီ၏ အတွင်းစိတ်တွင် မည်သည့် ထိခိုက်မှုမျှ မရှိပေ။ သူသည် ဝိညာဉ်ခြင်ဆီများကို သူ၏ အရင်းအမြစ်များအဖြစ် အသုံးပြုနိုင်သူ မဟုတ်ပါလော။
သူရရှိခဲ့သော ဝိညာဉ်နှင်းစက်နှင့် ဝိညာဉ်ခြင်ဆီများကို အခြားသူများနှင့် ဝေမျှပြီးနောက် လုရီတွင် ဝိညာဉ်ခြင်ဆီတို့အား လုံးဝ မရှားပါးတော့ပေ။
အခန်း ၂၇၂- ဒီလိုမလုပ်ပါနဲ့..ဂျူနီယာ မောင်လေး...
~လက်နက်များသည်လည်း ထိုနည်းလည်းကောင်း အတူတူပင်။
ဓားရေကန် ဘယ်လိုများလဲ ဆိုသည်ကိုတောာ့ လုရီ အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသည်။
သို့သော် သူ့အတွက် နတ်ဓားကျောက်တိုင်တွင် ဓားသိုင်းပညာ နားလည်သဘောပေါက်ခွင့်ရရုံဖြင့် လုံလောက်လှသည်။
---
မကြာမီ လုရီနှင့် အဖွဲ့ နတ်ဓားကျောက်တိုင်သို့ ရောက်ရှိလာကြသည်။
သူသည် နတ်ဓားကျောက်တိုင်ရှေ့တွင် ထိုင်နေသော သက်ကြီးပိုင်း အမျိသားများနှင့် အမျိုးသမီးများ အုပ်စုကို မြင်နေရဆဲပင်။
အချို့မှာ လုရီ ရက်အနည်းငယ်က မြင်တွေ့ခဲ့ရသော ကပ်ဘေးဖြတ်ကျော် နယ်ပယ်မှ မဟာအင်အားရှင်များ ဖြစ်ကြပြီး၊ အချို့မှာလည်း မဟာယာန နယ်ပယ်မှ အစွမ်းထက်သော ပုဂ္ဂိုလ်များပင်။
ဖန်ထျန်းယောင်လည်း သူတို့ထဲတွင် ပါဝင်သည်။
လုရီ ရောက်လာသည်ကို မြင်လျှင် ဖန်ထျန်းယောင်သည် ဖြူဖွေးသည့် သွားများ ပေါ်သော အားပါးတရ အပြုံးဖြင့် လုရီထံသို့ ချဉ်းကပ်လာကာ အဆက်မပြတ် စကားပြောဆိုရင်း လုရီအား နတ်ဓားဂိုဏ်း၏ တပည့် ဖြစ်လာရန် တိုက်တွန်းခဲ့ပြန်သည်။
လုရီ အတော်လေး ကူကယ်ရာမဲ့ ဖြစ်နေရှာသည်။
ကံကောင်းစွာဖြင့် သူတို့သည် နတ်ဓားကျောက်တိုင်ရှေ့တွင် ရှိနေသောကြောင့် လုရီသည် ဓားတာအိုကို နားလည်သဘောပေါက်ရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ကို အသုံးပြု၍ ဖန်ထျန်းယောင်ကို ရှောင်လွှဲ၍ ရသေးသည်။
ထို့နောက် လုရီသည် သူ၏ စုဆောင်းထားသော ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်း အခွင့်အလမ်းများထဲမှ တစ်ခုကို ထပ်မံ အသုံးပြုလိုက်တော့သည်။
ထိုသို့ လုရီ ရုတ်ချည်း ဉာဏ်အလင်းပွင့်နေစဉ် နတ်ဓားကျောက်တိုင်ရှေ့ရှိ သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများအပြင် ကျန်းရူယွီ၊ ဝမ်ချီဖုန်းနှင့် အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
လုရီပတ်လည်ရှိ ဓားတာအို ပိုင်နက်အတွင်း၌ လှည့်ပတ်နေသော နက်နဲဆန်းကြယ်သည့် ဓားစိတ်ဆန္ဒကို ခံစားမိသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဖန်ထျန်းယောင်က နှုတ်ခမ်းများ လှုပ်၍ ရေရွတ်လိုက်သည်။
“ဒီကောင်လေးမှာ အသိစိတ်မရှိဘူးလား။ ပြီးခဲ့တဲ့ တစ်ခေါက်က ဓားတာအိုကို နားလည်သဘောပေါက်နေရင်း ရုတ်တရက် ဉာဏ်ပွင့်ခဲ့သေးတာ။ အခု ဒီမှာ ထပ်လုပ်ပြန်ပြီလား”
ထိုအခါ သူ၏ဘေးတွင် ထိုင်နေသော သက်ကြီး အမျိုးသမီးတစ်ဦးက အံ့သြစွာဖြင့် ချီးကျူးလာသည်။
“မဆန်းပါဘူး... အဲ့ဒီအင်မော်တယ်က ဒီကောင်လေး ပါရမီထူးချွန်တယ်လို့ ပြောထားတာကိုး။ သူ ဓားတာအို ကျောက်တိုင်ကို လာတိုင်း နှစ်ကြိမ်တောင် ရုတ်ချည်း ဉာဏ်အလင်းပွင့်ခဲ့တာ... ဒီလို ဓားပါရမီက အစွမ်းထက်လွန်းတယ်”
“ဟုတ်ပါရဲ့” ဟု သက်ကြီးပိုင်းအမျိုးသားနှင့် အမျိုးသမီးများ အုပ်စုက အံ့သြစွာ အာမေဋိတ်ပြုကြသည်။
ဝမ်ချီဖုန်း လုရီကို ကြည့်လိုက်ရာ သူ၏အမူအရာ တောင့်တင်းသွားသည်။ သူလည်း လုရီ၏ ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်း နှစ်ကြိမ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သူ အနည်းငယ် မိမိကိုယ်ကို သံသယဝင်လျက်
“ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းက တကယ်ပဲ ဒီလောက် လွယ်သလား” ဟု ပြန်မေးမိလိုက် တော့သည်။
ကျန့်ရူယွီက သူ့ကို စကားမပြောနိုင်သော အကြည့်ဖြင့် ကြည့်ပြီး ပြောလာသည်။
“ဒါက ဂျူနီယာ မောင်လေးအတွက်မလို့ လွယ်တာပါ”
သူမလည်း အတွင်းစိတ်တွင် အတော်လေး တုန်လှုပ်နေခဲ့သည်ပင်။
---
တစ်ချိန်တည်းတွင် အခြားပါရမီရှင် တပည့်များအားလုံး အံ့အားသင့်နေကြသည်။ သူတို့သည်
လုရီ၏ ယခင်က နတ်ဓားကျောက်တိုင်တွင် ရုတ်ချည်း ဉာဏ်အလင်းပွင့်ခဲ့သည်ကို မသိခဲ့ကြပေ။
ယခုမူ အကြီးအကဲများ ပြောဆိုနေသည်ကို ကြားမှသာ အခြေအနေကို နောက်ဆုံးတွင် နားလည်ခဲ့ကြသည်။
“ဘာလို့ အင်မော်တယ် အံ့အားသင့်ခဲ့လဲဆိုတာ အခုမှ ငါ နားလည်ပြီ”
တပည့်များစွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တုန်းဖန်းလင်က ပြုံးစစဖြင့်ဆိုလိုက်ခြင်းပါ။
ဖန်ထျန်းယောင်က ဒေါသတကြီး ကြည့်ရင်း အခြားတပည့်များကို စိတ်ပျက်မှုနှင့် ဒေါသ ရောနှောလျက် ကြည့်လိုက်သည်။
“ဘာလို့ ဓားတာအိုကို မြန်မြန် မဆင်ခြင်ကြတာလဲ။ ညီလေးလုရဲ့ ရုတ်ချည်း ဉာဏ်အလင်းပွင့်နေချိန်မှာ မင်းတို့အားလုံးလည်း အကျိုးကျေးဇူး ရနိုင်တာပဲ။ ဘာလို့ စကား ဆက်ပြောနေကြသေးတာလဲ”
ထိုအခါ အခြားတပည့်များ ပခုံးတွန့်လိုက်ကြပြီး တစ်ဦးပြီးတစ်ဦး တာအိုကို စတင် ဆင်ခြင်ကြတော့သည်။
အကြီးအကဲအချို့ပင် ဓားတာအိုကို စဉ်းစားဆင်ခြင်ရန် မျက်လုံးများကို မှိတ်လိုက်ကြသည်။
အကြောင်းမှာ ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းမှ ထွက်ပေါ်လာသော တာအို၏ လှုပ်ရှားမှုများသည် သူတို့အတွက် များစွာ အကျိုးရှိနိုင်သောကြောင့်ပင်။
လုရီ ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးပြီး မျက်လုံးများ ဖွင့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ ဖန်ထျန်းယောင် သူ့ကို ကြည့်နေခြင်းပင်။ သူ၏မျက်လုံးများက အစိမ်းရောင်အလင်းဖြင့် လင်းလက်နေသည်။
ဖန်ထျန်းယောင်သာမက အခြား သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများလည်း ထို့အတူပင်။
အေးစက်မှုကို ခံစားမိသောအခါ လုရီက အလျင်အမြန်ပင် ပြောလိုက်သည်။
“စီနီယာတို့.., ကျွန်တော် အလုပ်ကိစ္စ တစ်ခု ကျန်ခဲ့တာ သတိရသွားလို့ အခု သွားရပါတော့မယ်၊ ခွင့်ပြုပါဦး”
သူသည် ပြောပြောဆိုဆိုနှင့် သူ့ကိုယ်အား
ဓားအလင်းအဖြစ် ဖန်တီးကာ ထွက်ပြေးခဲ့ပြီး
ရူယွီခန်းမသို့ အရင်ဆုံး ပြန်သွားခဲ့သည်။
ရူယွီခန်းမသို့ ပြန်ရောက်သောအခါ လုရီ နောက်ဆုံးတွင် ဟူးခနဲ သက်ပြင်းချလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
နတ်ဓားကျောက်တိုင် ဖြစ်ဖို့ အမှန်ပင် ထိုက်တန်သည်။ ၎င်းမှ ကိန်းဝပ်နေသော ဓားတာအို နိယာမများသည် အလွန် နက်နဲ၊ဆန်းကြယ်လှသည်။
ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းအောက်တွင်
လုရီသည် သူ၏ ဓားတာအို နယ်ပယ်ကို နောက်ထပ် ၁၀% တိုးတက်စေခဲ့ပြီး၊ ယခုအခါ ၎င်း၏ စွမ်းဆောင်ရည်၏ ၃၀% အထိ ရောက်ရှိသွားပြီဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ခန့် ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းဖြင့် ဓားတာအို နယ်ပယ်ကို အပြည့်အဝ ပြီးပြည့်စုံအောင် နားလည်သဘောပေါက်နိုင်မည်လားဟု သူ တွေးမိသည်။
သို့သော် လုရီ ခဏတာမျှသာ ထိုသို့ တွေးမိပြီး ထိုအတွေးကို ပယ်ချလိုက်သည်။
သည်လောက်ကြီး ရိုးရှင်းမည် မဟုတ်ပေ။
ဆက်လက် တိုးတက်လာသည်နှင့်အမျှ ရုတ်ချည်း ဉာဏ်အလင်းပွင့်ခြင်းမှာ ပို၍ပင် ခက်ခဲလာခဲ့ပါသည်။
...
နာရီပေါင်းများစွာ ကြာပြီးနောက် ကျန့်ရူယွီ နောက်ဆုံးတွင် ပြန်ရောက်လာလေသည်။
“ဂျူနီယာ မောင်လေး၊ နင် ဘာလို့ ဒီလောက်မြန်မြန် ထွက်ပြေးသွားတာလဲ” ကျန်းရူယွီ ညည်းညူသည်။
သူမမှာမူ မလွတ်မြောက်နိုင်ခဲ့ဘဲ
စီနီယာ အမျိုးသား၊ အမျိုးသမီးများ အုပ်စု၏ ဆုံးမစကားများကို နားထောင်ခဲ့ရသည်။ သက်ကြီး အမျိုးသမီးအချို့က သူမအား
ဆန်စေ့ကို ထမင်း ဖြစ်အောင် ပြောင်းလဲနည်းကိုပင် သင်ပေးခဲ့ရာ သူမ သေချင်စိတ်ပင် ပေါက်ခဲ့ရသည်တကား။
ကျန့်ရူယွီ၏ စိတ်ပျက်အားငယ်သော အမူအရာကို မြင်သောအခါ လုရီလည်း အနည်းငယ် ရှက်ရွံ့မိပြီး ရှက်ရွံ့စွာ ပြုံးလျက် ပြောလိုက်သည်။
“အဲ့ဒီစီနီယာတွေက အရမ်း ကြောက်စရာကောင်းတယ်”
ကျန်းရူယွီ နက်ရှိုင်းစွာ ခေါင်းညိတ် သဘောတူသည်။
လုရီ ခဏတာမျှ စဉ်းစားလိုက်သည်။ ဤနေရာတွင် ဆက်နေခြင်းသည် မသင့်တော်နိုင်ပေ။
နတ်ဓားဂိုဏ်းမှ စီနီယာများက သူ့ကို အတင်းအဓမ္မ ခေါ်ဆောင်သွားနိုင်ပြီး သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူ့ဦးနှောက်အား အလုပ်ပေးပြီးနောက် လုရီ ပြောလိုက်လေသည်က..
“စီနီယာအစ်မ၊ ကျွန်တော် မနက်ဖြန် ထွက်သွားဖို့ စီစဉ်ထားတယ်ဗျ”
ကျန်းရူယွီ ထိတ်လန့်သွားပြီး မချင့်မရဲဖြင့် ပြန်မေး လာသည်။
“မနက်ဖြန် ထွက်သွားမယ်.. ဒီလောက် မြန်မြန်ကြီးလား။ နတ်ဓားဂိုဏ်းမှာ ဆက်နေမယ်ဆိုရင် နောက်ထပ် အချိန်အနည်းငယ်ကြာရင် နတ်ဓားကျောက်တိုင်ကို ထပ်ပြီး ဆင်ခြင်နိုင်ဦးမယ် လေ”
လုရီ ခေါင်းခါရင်း
“စီနီယာအစ်မ၊ ကျွန်တော်က တိမ်ဖြူဂိုဏ်းကပဲလေ။ အခု ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ပြည့်မြောက်သွားပြီဆိုတော့ ပြန်ရမယ့်အချိန် ရောက်ပါပြီ”
ဤစကားကို ကြားသောအခါ ကျန်းရူယွီ ခဏတာမျှ တိတ်ဆိတ်သွားပြီး နောက်ထပ် မတိုက်တွန်းတော့ပေ။
သူမ အနည်းငယ် ခေါင်းညိတ်ကာ “ဒါဆိုရင်တော့ အကြီးအကဲတင်းချင်းက မင်းကို ပြန်လိုက်ပို့ပါစေ။ လမ်းခရီးမှာ ဘေးအန္တရာယ်တွေ ကင်းဝေးအောင်လို့ပေါ့”
အမှန်စင်စစ် လုရီ၏ နာမည်သည် ယခုအခါ ကြီးမားနေပြီဖြစ်ရာ သူ၏ပါရမီသည် ထူးချွန်ပြီး အင်မော်တယ် ကျမ်းကိုပင် ပိုင်ဆိုင်ထားသည်။
တစ်စုံတစ်ဦးက အင်မော်တယ်များကို လျစ်လျူရှုကာ အင်မော်တယ် ဓားကျမ်းကို တပ်မက်ခြင်းမျိုး ဖြစ်နိုင်ချေ ရှိသည်။
၎င်းသည် အင်မော်တယ် ဖြစ်လာအောင် ဦးတည်နိုင်သော ကျင့်ကြံမှုနည်းစနစ်တစ်ခု မဟုတ်ပါ လော။ ပါဝင်သော အကျိုးကျေးဇူးများက လူတစ်ဦးကို ရူးသွပ်စေလောက်အောင်ပင် လုံလောက်လှသည်။
လုရီက ပြုံးလျက်
“စိတ်မပူပါနဲ့ စီနီယာအစ်မ..
ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်နိုင်ပါတယ်”
များစွာသော တိုက်တွန်းမှုများနှင့် လုရီသည် ကျန်းရူယွီအား အသွင်ပြောင်း ပညာရပ်ကို ပြသပြီးမှသာ သူမက နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။
ထိုညတွင် လုရီနှင့် ကျန်းရူယွီတို့ ပျော်ရွှင်စွာ အတူတကွ သောက်စားခဲ့ကြသည်။
ဆွတ်ပျံ့သော လရောင်အောက်တွင်..,နှစ်ဦးစလုံး မူးယစ်နေပြီး လက်ချင်းချိတ်ကာ ပျော်ရွှင်စွာ ကျယ်လောင်စွာ သီဆိုကြရင်း ဂုဏ်ပြုသောက်စားခဲ့ကြရာ အလွန်ရင်းနှီးသော ညီအစ်ကိုများကဲ့သို့ပင် ပုံပေါ်နေသည်။
မိုးမလင်းမီတွင် လုရီသည် ကျန်းရူယွီ၏ နီမြန်းနေသော မျက်နှာကို ကြည့်လိုက်ပြီး ခဏတာမျှ စဉ်းစားကာ ပြောလိုက်သည်။
“စီနီယာအစ်မ၊ အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ်အကြောင်း စီနီယာအစ်မသာ
မပြောပြခဲ့ရင် ကျွန်တော် အင်မော်တယ် ဓားကျမ်းစာအုပ်ကို ရနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်မှာ ပစ္စည်းတစ်ခု ရှိတယ်။ စီနီယာအစ်မ ပေးမလို့ပါ”
ကျန်းရူယွီ၏ ရုပ်ခန္ဓာ ခွန်အားသည် လုရီ၏ ခွန်အားလောက် မကြီးမားဘဲ သဘာဝအတိုင်း ဝိညာဉ်ဝိုင်အရက်ကို စုပ်ယူနိုင်စွမ်းလည်း နိမ့်ကျသည်။ သူမ အနည်းငယ် မူးဝေနေလျက် “ဘာ ပစ္စည်းလဲ” ဟု မေးလိုက်သည်။
လုရီ ခြံဝင်းကို ဝေ့ကြည့်လိုက်ပြီး ခဏတာမျှ စဉ်းစားကာ ပြောလာသည်။
“ကျွန်တော့် အခန်းထဲ လိုက်ခဲ့ပါ”
ကျန့်ရူယွီ၏ ရုန်းကန်မှုများကို လျစ်လျူရှုကာ သူမ၏ နူးညံ့သော လက်ကို ဆွဲပြီး လုရီက အခန်းဘက်သို့ ခေါ်ဆောင်သွားသည်။
ကျန့်ရူယွီ၏ ရုပ်ခန္ဓာ ခွန်အားသည် လုရီ၏ ခွန်အားနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
သူမသည် မခုခံနိုင်သော အင်အားတစ်ခုက
သူမကို ရစ်ပတ် ဆွဲခေါ်သွားသည်ကိုသာ ခံစားရပြီး အလွန်အမင်း တုန်လှုပ်နေသွားရသည်။
လုရီတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာ ခွန်အားကို ကျန်းရူယွီ မြင်ဖူးသည်မှာ ဤသည် ပထမဆုံးအကြိမ်ပင်။
အခန်းအနီးသို့ ရောက်သောအခါ ကျန့်ရူယွီ တစ်ခုခုကို သတိရကာ သူမ၏ နှလုံးခုန်နှုန်း မြန်လာပြီး အလွန်ပင် စိတ်လှုပ်ရှားလာသည်။
“ဂျူနီယာမောင်လေး၊ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့၊ နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
လုရီက မဖြေပါ။
“ခဏနေရင် သိပါလိမ့်မယ်”
“နင်...” ကျန်းရူယွီ ခဏတာမျှ ရုန်းကန်သော်လည်း ခုခံနိုင်သော ခွန်အားကို မထုတ်နိုင်ဘဲ နောက်ဆုံးတွင် အခြေအနေကို လက်လျှော့လိုက်ရသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ လုရီသည် ၎င်းသည် လုံခြုံမှု မရှိသေးဟု ခံစားရဆဲဖြစ်ရာ သူ၏လက်ချောင်းများကို ဟင်းလင်းပြင်သို့ အကြိမ်ကြိမ် ထိတွေ့ကာ ဟင်းလင်းပြင် ထွင်းထု အခင်းအကျင်း တစ်ခုကို ဖန်တီးခဲ့ပြီး အခန်းကို လုံးဝ ပိတ်ဆို့လိုက်သည်။
ဤအရာကို မြင်သောအခါ ပုံမှန်အားဖြင့် တည်ငြိမ်သော ကျန်းရူယွီ၏ မျက်နှာပင် အလွန်နီရဲသွားသည်။
သူမ ကုလားထိုင်ပေါ် ထိုင်လျက် တုံ့ဆိုင်းစွာဖြင့်
မေးလိုက်၏။
“ဂျူနီယာ မောင်လေး၊ ငါတို့ အရမ်း မမြန်နေဘူးလား”
လုရီ အနည်းငယ် အံ့အားသင့်စွာဖြင့်
“ဘာကိုလဲ” ဟု ပြန်မေးလိုက်သည်။
သူသည် ကျန်ရှိနေသော ဓားနှလုံး သစ်သီးကို ထုတ်ယူကာ တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့၊ စီနီယာအစ်မ၊ ဒါက ကျွန်တော် စီနီယာအစ်မကို ပေးမယ့် ပစ္စည်းပါ”
“???”
ကျန်းရူယွီ တစ်ယောက် လုရီ၏လက်ထဲမှ ဓားနှလုံးသစ်သီးကို မြင်သောအခါ သူမ၏အမူအရာ ရုတ်တရက် တောင့်တင်းသွားလေသည်။
အခန်း ၂၇၃- မိုးထိတိုင်မြင့် လက်တစ်ဖက်...
~ကျန်းရူယွီသည် လုရီကို တစ်လှည့်၊ သူ့လက်ထဲရှိ ဓားနှလုံးသားသစ်သီးကို တစ်လှည့် စူးစိုက်ကြည့်ရင်း သူမ၏ လှပသော မျက်နှာပေါ်တွင် ဖတ်ရခက်သော ခံစားချက်များ လှုပ်ရှားနေသည်။
“နင် ငါ့ကို ပြချင်တဲ့ ရတနာက… ဒါပဲလား”
လုရီ ခေါင်းညိတ်သည်။
“ဟုတ်တယ်… ဒါပါပဲ”
…
ကျန်းရူယွီ အံကြိတ်ရင်း တိုးလျဖျော့တော့စွာ ဆိုသည်။
“ဒါဆို ဘာလို့ ငါ့ကို ဒီအခန်းထဲ ခေါ်လာပြီး ဒီလောက် ရှုပ်ထွေးနက်နဲလှတဲ့ အခင်းအကျင်းပုံစံ တွေ ချထားရတာလဲ”
ထိုအခါ လုရီက တည်ငြိမ်စွာ ပြန်ပြောလာသည်က....
“ဒါက ဓားနှလုံးသားသစ်သီးလေ။ ဒီလောက် တန်ဖိုးကြီးတာဆိုတော့ သတိထားမှ ဖြစ်မှာပေါ့။ တခြားသူတွေ မြင်သွားရင် မသင့်တော်ဘူးလေ”
ကျန်းရူယွီ မျက်နှာ တောင့်တင်းသွားပြီး ခဏတာမျှ စကားလုံးများ ဆွံ့အလျက်၊ နှုတ်မှ မည်သည့်အသံမျှ မထွက်နိုင်တော့ချေ။
ထိုအခိုက်အတန့်မှာ လုရီသည် ဓားနှလုံးသားသစ်သီးကို
ကျန်းရူယွီ၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးရင်း ပြောလိုက်သည်။
“အစ်မ၊ ဒီဓားနှလုံးသားသစ်သီးကို သေချာ ကျင့်ကြံနော်။ ကျွန်တော် ပြန်တော့မယ်”
ကျန်းရူယွီ စိတ်ငြိမ်သက်သွားဟန်ဖြင့် လက်တွင်းမှ ဓားနှလုံးသားသစ်သီးကို ကြည့်လိုက်၊ လုရီကို ကြည့်လိုက်ပြီး သက်ပြင်းချရင်း ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။
“ဟုတ်ပါပြီ…ဂျူနီယာမောင်လေး၊ လမ်းခရီးမှာ ဂရုစိုက်သွားပါ”
လုရီ ခေါင်းညိတ်ပြီးနောက် လှည့်၍ ထွက်ခွာသွားသည်။ အခန်းတံခါးကိုလည်း နောက်မှ ဖွဖွလေး ပိတ်လိုက်သည်။
ရူယွီခန်းမကို နောက်ဆုံးအကြိမ်မျှ လှည့်ကြည့်ပြီးနောက် လုရီသည် ခပ်သွက်သွက် လှည့်ထွက်သွားခဲ့သည်။ သူ့ကိုယ်ခန္ဓာသည် ဓားရောင်ခြည် အသွင်ဖြင့် ပြောင်းလဲသွားပြီး နတ်ဓားဂိုဏ်းမှ လေထဲသို့ ပျံတက်၍ အလျင်အမြန် ပျောက်ကွယ်သွားလေတော့သည်။
နတ်ဓားဂိုဏ်းမှ ထွက်ခွာပြီးနောက် လုရီသည်
သူ့ဂိုဏ်းဆီသို့ ချက်ချင်း ပြန်မသွားသေးပေ။ နတ်ဓားဂိုဏ်း တည်ရှိရာ အရပ်မှ အတော်အတန် ဝေးကွာသော တောတောင်ကြီးဆီသို့ ဦးတည်လာခဲ့ပါသည်။
ထိုအရပ်၌ သူ့အတွက် ကျဉ်းမြောင်းသော ဂူတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် အလွန်အမင်း ရှုပ်ထွေးနက်နဲလှသော အခင်းအကျင်းပုံစံများကို ပတ်လည်တွင် ဖြန့်ကျက် ချထားကာ တံခါးပိတ်ကျင့်ကြံရန် အလုံပိတ် လျှို့ဝှက်နေရာတစ်ခုကို ဖန်တီးလိုက်လေသည်။
သူ့ဆုလာဘ်များထဲတွင် အင်မော်တယ်နိယာမ စွမ်းအားမျှင်တစ်ခု ပါဝင်သည်ကို လုရီ
မေ့လျော့မနေခဲ့ပါ။ ၎င်းကို ပြန်မသွားမီ အပြီးသတ် စုပ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
လုရီသည် သူ၏ ဆုလာဘ်ကို ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ့စိတ်အာရုံထဲတွင် နက်နဲဆန်းကြယ်၍ အဓိပ္ပာယ်ဖော်မရသော ချီ စွမ်းအင်တစ်မျိုး တရိပ်ရိပ် ပေါ်ပေါက်လာသည်။ လုရီသည် သူ၏ အသိစိတ်ပင်လယ်ထဲ၌ ရှုပ်ထွေးလှပသည့် တာအိုပုံစံတစ်ခု ဖူးပွင့်နေသည်ကို မြင်လိုက်ရသည်။
နားလည် သဘောပေါက်မှု အမျိုးမျိုးတို့သည်
လုရီ၏ စိတ်အာရုံထဲသို့ ရေလှိုင်းပမာ တသီကြီး စီးဝင်လာတော့သည်။
ဤသည်ကား အင်မော်တယ်နိယာမနှင့် ပတ်သက်၍ ဤကမ္ဘာလောကနှင့် ကောင်းကင်ဘုံ၏ အမှန်တရားကို ရှင်းပြနေခြင်း ဖြစ်သည်။ နိယာမ စွမ်းအားမျှင်၏ လွှမ်းမိုးမှုအောက်တွင် လုရီသည် အဆုံးမဲ့သော ကာလများကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားရသည်။
ကြယ်တာရာများ မွေးဖွားခြင်းနှင့် ပျက်စီးခြင်း၊ အရာရာတိုင်း၏ သံသရာလည်ပတ်မှု၊ အရာရာတိုင်း အဆုံးသတ် ရှိသော်လည်း သူ၏ စစ်မှန်သောဝိညာဉ် ၏ အရိပ်အယောင်တစ်ခုကမူ ထာဝရ မပျက်စီးနိုင်ဘဲ ခိုင်မြဲတည်ရှိနေခြင်းတို့ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
...အရာအားလုံး ပျက်စီးသော်လည်း ငါသည်သာ အင်မော်တယ် ဖြစ်၏။...
လုရီ၏ ရုပ်ခန္ဓာ သည် ခြေချိတ်ထိုင်နေရင်း
ရှေးခေတ်များကတည်းက တည်ရှိခဲ့သကဲ့သို့ တည်ငြိမ်၍ ဂုဏ်သိက္ခာ ကြီးမားနေသည်။
သူ၏ ဒန်တျန် အတွင်း၌ အခြေတည်ဝိဉာဉ်သည် နက်နဲ ဆန်းကြယ်သော တာအိုအလင်းလွှာများဖြင့် ဝန်းရံလျက် ရှိပြီး အင်မော်တယ်နိယာမ စွမ်းအားမျှင်သည် လုရီ၏ 'တာအိုကိုယ်ပွား'ကို ပြင်းထန်စွာ လှုပ်ရှားစေကာ သူ့အတွင်းမှ ရှိရင်းစွဲတာအို သဘာဝကို ပေါက်ကွဲလာစေသည်။
သူ၏ အခြေတည် ဝိဉာဉ်သည် တာအို၏ စွမ်းအားဖြင့်သာ လုံးဝ ထုလုပ်ထား၍ မတွေးတတ်အောင် နက်နဲသည့် မှော်ဆန်မှုအား ပိုင်ဆိုင် ထားလေသည်။ တာအိုတေးသံများသည် သာယာနာပျော်ဖွယ် ပဲ့တင်ထပ်လာပြီး
အင်မော်တယ်နိယာမ နှင့် လုရီပတ်လည်တွင် နက်နဲဆန်းကြယ်သော တာအိုအလင်းရောင်အား ဖြည့်စွက်ပေးနေသည်။
တာအိုအလင်းရောင် သည် တောက်ပစွာ လင်းလက်နေပြီး ရှုပ်ထွေးနက်နဲလှသော အခင်းအကျင်းပုံစံ များ ပါဝင်သည်။ သာမန်လူသားတစ်ဦး လှမ်းကြည့်လိုက်သည်နှင့် ရူးသွပ်ကာ အသက်ပင် စွန့်ရနိုင်သည်။ ထိုပုံစံများအားလုံးသည် အင်မော်တယ် သစ္စာတရားနှင့် သက်ဆိုင်နေလေသည်။
ဖရိုဖရဲ စွမ်းအင်များကလည်း တာအိုအလင်းရောင်များကြားတွင်..စီးဆင်းနေပြီး ကြယ်တာရာများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထုတ်လွှတ်လာပြီး ကြမ်းကြုတ်သော လေပြင်း မုန်တိုင်းကြီးအသွင် ပတ်ဝန်းကျင် အရပ်မျက်နှာ အားလုံးသို့ တိုက်ခတ်တော့လေသည်။
လုရီ စီရင်ထားခဲ့သော အခင်းအကျင်း ပုံစံများသည် ထိုအသည်းထိတ်ဖွယ် ဖိအားကို တန်ပြန်ရင်း လှုပ်လီလှုပ်လဲ့ ဖြစ်နေသော်လည်း နေရာတစ်ခုလုံးကို တည်ငြိမ်အေးချမ်းစွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
လုရီသာ ဉာဏ်အလင်း မပွင့်မီ အမျှော်အမြင်နှင့် မပြင်ဆင်ခဲ့ပါက တောင်တန်း တစ်ခုလုံး လှုပ်ခါသွားပေလိမ့်မည်။
ထိုဆန်းကြယ် မြင်ကွင်းများကြားတွင် လုရီ၏ ကိုယ်ခန္ဓာမှ ရွှေရောင် ဖျော့ဖျော့ လင်းလက်နေပြီး သူ့ဆံနွယ်နက်များက လေထဲတွင် ခမ်းနားစွာကခုန်နေသည်။ ဆံပင်တစ်ချောင်းချင်းစီတိုင်းသည် တောက်ပ ပြောင်လက်နေပြီး သူကဆန်းကြယ် စွမ်းအားများကို ထုတ်လွှတ်နေပုံမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှယ်။
ကျင့်ကြံသူ တစ်ဦးသည် နိယာမ တစ်ခုကို နားလည်သောအခါ ကောင်းကင်နှင့် မြေကြီး၏ တိကျသော ဆန္ဒကို ဖော်ပြခြင်းဖြစ်ပြီး သာမန်လူသားများအတွက်မူ နတ်ဘုရားတစ်ပါးနှင့် တူညီလေသည်။
အချိန် ကုန်လွန်သွားသည်။ လုရီ အင်မော်တယ်နိယာမ စွမ်းအားမျှင် ကို အပြီးသတ် စုပ်ယူနိုင်ရန် တစ်လ တင်းတင်း အချိန်ယူခဲ့ရပေသည်။
လုရီ ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်၏။ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ပတ်လည်ရှိ ဆန်းကြယ်မြင်ကွင်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူ့မျက်ဝန်းနက်များတွင် ရှုပ်ထွေးနက်နဲသော အင်မော်တယ် တာအိုပုံစံ များ လင်းလက်နေပြီး သူ၏ အပြုအမူသည် ကောင်းကင်ဘုံမှ နှင်ချခံရသည့် အင်မော်တယ် တစ်ပါးအသွင် ဆောင်သည်။
လုရီ၏ မျက်နှာထားသည် အလွန် တည်ငြိမ်အေးဆေးလှ၏။ နိယာမ စွမ်းအားမျှင်တစ်ခုကို အပြည့်အဝ စုပ်ယူပြီးနောက် သူ့အနေဖြင့်ကြီးမားလှသော အပြောင်းအလဲကို ကြုံတွေ့ခဲ့ရကြောင်း နားလည်ခဲ့သည်သာ။
ပုံမှန်အားဖြင့်ဆိုလျှင် အင်မော်တယ် တစ်ပါးသာ နိယာမ ၏ စွမ်းအားကို နက်နဲစွာ ခံစားသိရှိနိုင်မည် ဖြစ်ပါ၏။ သူ့ကို ဖြစ်ပေါ်စေသော အပြောင်းအလဲသည် အဓိပ္ပာယ် ကြီးမားလှသည်။
အတွေးတစ်စအား ထုတ်ဖော်လိုက်လ်ုက်သည်နှင့်တပြိုင်နက်.. ဓားအလင်း တစ်ချက် ပြိုးပြိုးပြက်ပြက် လက်သွားသည်။
သူ့လက်မောင်းပေါ်တွင် အရိုးကိုပင် မြင်ရလောက်အောင် ဒဏ်ရာ အနက်ကြီး တစ်ခု ပေါ်လာလေသည်။
လုရီက သူ၏ စွမ်းအားအား စမ်းသပ်ကြည့်နေခြင်းဖြစ်ပါသည်။
နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများ၌ အင်မော်တယ် တာအိုပုံစံ များ လှုပ်ခတ်သွားပြီး ဒဏ်ရာမှ စီးထွက်နေသော သွေးများသည် ဖြည်းဖြည်းချင်း ပြောင်းပြန်စီးဆင်းကာ ဒဏ်ရာသည် မှော်ဆန်ဆန်ပင် တစ်မဟုတ်ချင်း ပျောက်ကင်းသွားသည်။
အင်မော်တယ် စိတ်ဆန္ဒ ၏ လွှမ်းမိုးမှုအောက်တွင် သူ့ ရုပ်ခန္ဓာ သည် မပြိုပျက်လုနီးပါး ဖြစ်တည်လာခဲ့ခြင်းပင်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော ပြန်လည်ဖြစ်တည်မှု စွမ်းရည်မျိုးကား
မဟာယာန အဆင့်၊ သို့မဟုတ်
ကပ်ဘေးဖြတ်ကျော် အဆင့်ရှိ မဟာစွမ်းအားရှင်တို့ပင် ရရှိရန် မစွမ်းသာသည့် အရာပင်တည်း။
ထိုမျှမကသေးပါ။ သူသည် အင်မော်တယ်နိယာမကို မည်သည့်အရာနှင့်မဆို ပေါင်းစပ်အသုံးချနိုင်ခဲ့သည်။ နိယာမ ကို ဆင့်ခေါ်လိုက်သည်နှင့် သိုင်းပညာ များဖြစ်စေ၊ ကျင့်ကြံခြင်းနည်းစနစ် များဖြစ်စေ၊ အရာရာတိုင်းသည် ကြီးမားလှသော
အပြောင်းအလဲကို ကြုံတွေ့ရပြီး မပျက်စီးနိုင်သော အင်မော်တယ်၏ အနှစ်သာရ အစစ်အမှန်ကို အပြည့်အဝ ဆောင်ကြဉ်းပေလိမ့်မည်။
ယခုအခါတွင် လုရီသည် ယခင်က အင်မော်တယ် တစ်ပါးက အငြိုးကြီး အလောင်းကောင်၏ ပျက်စီးနေသော ရုပ်ခန္ဓာ ကို လူ့ပုံစံအဖြစ် မည်သို့ ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော စွဲလမ်းမှုကို မည်သို့ နှိုးဆွပေးခဲ့ကြောင်း...တို့ကို အနည်းငယ် စတင်နားလည်လာခဲ့ပါသည်။
ဤသည်ကား အင်မော်တယ်နိယာမ၏ အသုံးချမှုပင် ဖြစ်လေ၏။
သို့သော် လုရီ၏ လက်ရှိ အင်မော်တယ်နိယာမ အပေါ် နားလည်မှုကား အပေါ်ယံမျှသာ ရှိနေသေးသည်။ အင်မော်တယ်နိယာမ စွမ်းအားမျှင် တစ်ခုတည်းကိုသာ နားလည်သေးသည်ဖြစ်ရာ ထို အင်မော်တယ် ကဲ့သို့သော အစွမ်းမျိုးကိုမူ
မပြသနိုင်သေးပေ။ သို့သော် ဤအရာပင်လျှင် သူ့အတွက် ကြီးမားလှသော တိုးတက်မှုတစ်ရပ် မဟုတ်ပါလော။
လုရီ သည် အင်မော်တယ်နိယာမကို သူ့ ကျင့်ကြံခြင်းနည်းစနစ် များထဲသို့ ပေါင်းစပ်ကာ ပိုမိုနက်ရှိုင်း၍ ပိုမိုအစွမ်းထက်သော နည်းစနစ်များကို ဖန်တီးရန်ပင် စတင် အကြံထုတ်နေမိပါ၏။
မည်သို့ပင်ဆိုစေ ဤအရာကား အချိန်ယူ၍ သန့်စင်ရဦးမည်ဖြစ်ရာ သူသည် အလျင်မလိုဘဲ
တည်တည်ငြိမ်ငြိမ်ပင် စောင့်ဆိုင်းနေပါသည်။
အင်မော်တယ်နိယာမ စွမ်းအားမျှင်ကို အပြီးသတ် စုပ်ယူပြီးနောက် လုရီ သည်
တံခါးပိတ်ကျင့်ကြံ ရာနေရာကနေ ထွက်ခွာခဲ့ တော့သည်။ ထို့နောက် တိမ်ဖြူဂိုဏ်းဆီသို့ ဆက်လက်၍ ပျံသန်းခဲ့လေ၏။
လမ်းခရီးတွင် လုရီသည် မြို့ကြီးအချို့ကို ဖြတ်သန်းခဲ့ရာ မကြာသေးမီက အဓိက ဖြစ်ရပ်ကြီးများ ပေါ်ပေါက်ခဲ့ခြင်း ရှိမရှိ စုံစမ်းမေးမြန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဓားဂိုဏ်း မှ အင်မော်တယ် တစ်ပါး ထွက်ပေါ်လာခြင်းနှင့် အင်မော်တယ်ဂိုဏ်းကြီးများ ၏ မြင့်မြတ်နယ်မြေ မှ အင်မော်တယ် တို့ ရောက်ရှိလာခြင်းသည် ကြီးမားသော မုန်တိုင်းတစ်ခု မကျမီ တည်ငြိမ်မှုနှင့် တူညီနေသည်ဟု သူ ခံစားမိသောကြောင့် ဖြစ်ပေသည်။
လုရီ သည် အခြေအနေကို လျင်မြန်စွာပင် ခြေရာခံမိသွားခဲ့သည်။
အမှန်စင်စစ်ပင် ပြီးခဲ့သည့် တစ်လတာကာလအတွင်း ကြီးမားသော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်သာ.....။