အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း ၂၇၇- မှော်ကြယ်ခေါင်းလောင်း၊ ကောင်းကင် အခင်းအကျင်းမြေပုံ ၊ လုရီ၏ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည် ...
~နောက်တစ်ခဏတွင် မွေးရာပါ စစ်မှန်သောမီးလျှံများ စီးဆင်းလာကာ ဧရာမ မီးလျှံဖီးနစ်ငှက်တစ်ကောင်အဖြစ် ဖွဲ့တည်သည်။
ရုတ်ချည်းပင် မီးလျှံ ဖီးနစ်ငှက်ကြီးသည် ရှည်လျားစွာ မြည်သံ ပြု၍ မီးအတောင်ပံများအား ဖြန့်ကျက်ကာ ကျင့်ကြံသူများဆီသို့ တရကြမ်း ပျံသန်းလာလေပြီ။
မီးလျှံဖီးနစ်ငှက် ဖြတ်သန်းသွားရာတိုင်းတွင် လေထုအပူချိန်က အဆမတန် မြင့်တက်လာသည်။ အောက်ဘက်ရှိ တောင်များသည် ချော်ရည်အဖြစ်သို့ စတင် အရည်ပျော်ကုန်ကြပြီး ကောင်းကင်သည် စာလိပ်တစ်ရွက်ကို ဆုတ်ချေလိုက်သကဲ့သို့ လိမ်ယှက်သွားသည်။
ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူ အားလုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
မီးလျှံဖီးနစ်ငှက် တစ်ကောင်စီကပင် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူများကို သေခြင်းရှင်ခြင်း ကံကြမ္မာ၏ အန္တရာယ်ကို ခံစားရစေသည်။
“ခုခံကြ”
ဟင်းလင်းပြင်ဥမင်နယ်ပယ်နှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူများကဆက်တိုက် ဟစ်အော်၍ မီးလျှံဖီးနစ်ငှက်ကြီး၏ တိုက်ခိုက်မှုကို ခုခံရန် ၎င်းတို့၏ နောက်ဆုံးနည်းလမ်းများကို အသုံးပြုလိုက်ကြသည်။
ဝုန်း… …
ဝရော....
ကျယ်လောင်သော မြည်ဟိန်းသံများ မဆုတ်မနစ် ထွက်ပေါ်နေသည်။ မွေးရာပါ စစ်မှန်သောမီးလျှံ၏ အဖျက်စွမ်းအား ကိန်းဝပ်သော မီးလျှံဖီးနစ်ငှက်ကြီးသည် ဝေဟင်မှ ထိုးဆင်းလာပြီး ကြောက်မက်ဖွယ် မီးလျှံများဖြင့် လူတိုင်းအား
အလျင်အမြန် ဝါးမြိုလိုက်သည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူများက ခုခံထားနိုင်သေးသော်လည်း နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများ၏ အကာအကွယ်လွှာများမှာ မီးလျှံဖီးနစ်ငှက်ရှေ့တွင် စက္ကူကဲ့သို့ပင် ချက်ချင်း ဆုတ်ဖြဲခံလိုက်ရသည်။
နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူတို့သည် မွေးရာပါ စစ်မှန်သောမီးလျှံ၏ ဝါးမြိုခြင်းကို
ခံလိုက်ရသည်နှင့်အမျှ တစ်ယောက်ပြီး
တစ်ယောက် အသံနက်ကြီးများဖြင့် အော်ဟစ်ကြသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ၎င်းတို့၏ အစွမ်းထက်သော ခန္ဓာကိုယ်များ မီးလောင်ကျွမ်းပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။
မီးတောက်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာငယ်တစ်ခု အလားပင်...။
ယခုအခါ စောစောက လူဒါဇင်များစွာအနက်မှဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူလေးဦးနှင့် ကာကွယ်ခံထားရသော နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ သုံးဦးသာ အသက်ရှင်ကျန်ရစ်တော့သည်။
လူတိုင်း ကျောက်ရုပ်ကဲ့သို့ တောင့်တင်းကုန်ကြသည်။
“လုရီ… မင်း ရက်စက်လှချည်လား”
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
လုရီသည် အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူများကို စူးရှသော မျက်လုံးများဖြင့် ကြည့်ရှုကာ မဲ့ပြုံး ပြုံးပြီး..
“ခင်ဗျားတို့က အင်မော်တယ်ကျမ်းကို လုယူချင်တယ်ဆိုမှတော့ သေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့။ အခုမှ စကားလုံးအပိုတွေ ဘာလို့ ပြောနေမလဲ..."
ပြောပြောဆိုဆိုနှင့် လုရီက လက်ညှိုးထိုးပြပြန်ရာ ကောင်းကင်အခင်းအကျင်းမြေပုံပေါ်ရှိ အခင်းအကျင်းပုံစံများ ထပ်မံ လင်းလက်လာသည်။
ပြီးခဲ့သည့်တစ်ကြိမ်က ကောင်းကင်အခင်းအကျင်းမြေပုံ၏ အခင်းအကျင်းပုံစံများ၏ ထောင့်တစ်နေရာသာ ဝိုးတဝါး လင်းလက်ခဲ့ခြင်းသာ။
ယခုအခါမူကား... အခင်းအကျင်းပုံစံများ၏ လေးပုံတစ်ပုံ နီးပါး တောက်ပလာကာ ၎င်းခြိမ်းခြောက်နိုင်သည့် စွမ်းအားက ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူအားလုံး၏ ရင်ထဲတွင် လှိုင်းထန်ရလေပြီ။
ထိုအခိုက်အတန့်တွင်...
ထန်…
ကြည်လင်သော ဓားသံ တစ်သံ ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပျံ့လွင့်သွားပြီး နောက်တစ်ခဏတွင် နက်ပြာရောင် ဓားရှည်များ လေဟာနယ်ထဲတွင် ဖွဲ့တည်သည်။ ဓား တစ်လက်စီက လေဟာနယ်ကိုပင် အေးခဲစေမည့်အလား အဆုံးအစမဲ့... ရေခဉဓာတ်ကို ဆောင်ကြဥ်းလာသည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူများအားလုံး ၎င်းတို့၏ ရင်ထဲနှင့် ခန္ဓာကိုယ်များတွင် တောင့်ခဲသော အေးစက်မှုကို ခံစားလိုက်ရသည်။
“ဒီလို မဖြစ်နိုင်ဘူး..အခြေတည်ဝိညာဉ်နယ်ပယ်အဆင့် ကောင်စုတ်လေးက အလယ်အလတ်အဆင့် ဝိညာဉ်ရတနာကို ဒီလောက်အထိ ဘယ်လိုများ ထိန်းချုပ်နိုင်ရတာလဲ”
“ဒီကောင်စုတ်လေးရဲ့ အခင်းအကျင်းတာအိုမှာ ကျွမ်းကျင်မှုက အံ့သြစရာကောင်းတယ်ဆိုရင်တောင် ဒီလောက် အခြေအနေက..”
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတိုင်း..ဒေါသထွက်ပြီး အံတကြိတ်ကြိတ်ဖြစ်နေကြသည်။
အလယ်အလတ်အဆင့် ဝိညာဉ်ရတနာကို ကိုင်စွဲရန် ကြီးမားသော ဝိညာဉ်စွမ်းအင် လိုအပ်ကြောင်း ၎င်းတို့ ကောင်းစွာ သိကြသည်။
ယခု အခင်းအကျင်း၏ စွမ်းအားက သာမန်ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ၏ စွမ်းအားကိုပင် ကျော်လွန်သွားသည် မဟုတ်လား။
ဒီ ကောင်စုတ်လေးလုရီက ဘယ်လိုများ အသက်သွင်းနိုင်သလဲ။
လူတိုင်း အံ့အားသင့်နေကြသည်။
သို့သော် ၎င်းတို့တွင် ထိုမေးခွန်းကို ဆက်လက် အဖြေရှာရန် အခွင့်အရေး မရှိတော့ပေ။
ကောင်းကင်တစ်ခွင်၌ အလွန်အေးစက်သော
ဓားများ တဝီဝီ ဖြတ်ပိုင်းလာပြီး ပိတ်ကားတစ်ခု ပြေလျော့ကျလာသည့်အသွင် ကျန်ရှိသော ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူအားလုံးနှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူ အနည်းငယ်ကို ဓားချီများဖြင့် ဝါးမြိုလိုက်လေပြီ။
ကျင့်ကြံသူ အားလုံး ကြောက်အားလန့်အား အော်ဟစ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်း ရတနာများ ပစ်လွှတ်ရင်း အသည်းအသန် ခုခံလိုက်သည်။
သို့သော် ရုတ်တရက်ဆိုသလို ကောင်းကင်တစ်ခွင်ရှိ ကျင့်ကြံခြင်း ရတနာများမှာ တို့ဟူးတုံးများပမာ လှီးဖြတ်ခံလိုက်ရလေပြီ။ အဆင့်နိမ့် ရတနာနှစ်ခုလည်း မကျန်ရစ်ပါ။
နောက်တစ်ခဏတွင် ရန်သူ ကျင့်ကြံသူများအားလုံး ရေခဲဓားရှည်များဖြင့် တိုက်စားခံရပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားသည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ နှစ်ဦး၏ အခြေတည်ဝိညာဉ်များသာ အသက်ရှင်ကျန်ရစ်ပြီး ၎င်းတို့၏ အခြေတည်ဝိညာဉ်များတွင် သွေးပျက်သည့်အမူအရာ ဖြစ်နေသည်။
အခြေတည်ဝိညာဉ်များက အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်အခင်းအကျင်းမြေပုံ၏ နယ်နမိတ်မှ ထွက်ပြေးရန် ကြိုးစားကြသည်။
သို့သော် လုရီက ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်ရာ ကောင်းကင်ကို ဖိနှိပ်လိုက်သဖြင့် လောကမှာ လှောင်အိမ် တစ်ခုလို ခံစားလာရသည်။ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ အခြေတည်ဝိညာဉ်များကို အတွင်း၌ ချုပ်နှောင်ထားပြီး မလှုပ်ရှားနိုင်တော့ပေ။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ အခြေတည်ဝိညာဉ်များတွင် စိတ်ပျက်အားငယ်သော မျက်နှာများဖြင့် အဝေးရှိ လုရီကို အကဲခတ်နေကြသည်။
လုရီသည် မှော်ကြယ်ခေါင်းလောင်းအောက်တွင် မားမားမတ်မတ် ရပ်နေပြီး ကြယ်ရောင်ခြည်များ ဝန်းရံလျက် နှင်းထက် ဖြူစင်သော အဝတ်ဖြူများ ဝတ်ဆင်ထားကာ သူ၏ ဆံပင်နက်များက ပိုးသားလို တောက်ပနေသည်။
ကောင်းကင် အခင်းအကျင်းမြေပုံအောက်တွင် သူသည် သူ့ကိုယ်ပိုင်ကမ္ဘာ၌ ရပ်တည်နေသော နတ်ပြည်မှ နှင်ထုတ်ခံရသည့် အင်မော်တယ်တစ်ပါးကဲ့သို့ ဂုဏ်အသရေ ထည်ဝါလှသည်။
ထိုအခိုက်အတန့်၌ လုရီသည် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူနှစ်ဦး၏ အခြေတည်ဝိညာဉ်များဆီသို့ လျှောက်သွားပြီး ၎င်းတို့၏ စိတ်ပျက်အားငယ်မှုကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးကာ သက်ပြင်းချလိုက်သည်။
“ခင်ဗျားတို့ ဘာလို့ ဒီလို အဆုံးသတ်ရတာလဲ”
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူနှစ်ဦးသည် လုရီ၏ သနားဟန် အကြည့်ကို မြင်သောအခါ ရင်တွင်း အောင့်သက်သွားရသည်။
“ငါတို့ မင်းကို တကယ်ပဲ လျှော့တွက်မိသွားတယ်။”
“ဟားဟားဟား။ အင်မော်တယ်တွေကတောင် ချီးကျူးခံရတဲ့ အင်မော်တယ် နတ်ဆိုးဘွဲ့ရဖို့ တကယ်ကို ထိုက်တန်ပါတယ်။ အခြေတည်ဝိညာဉ်နယ်ပယ်မှာတောင် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ နှစ်ခုကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်တာ။ ငါတို့ ရှုံးသွားတာ မတရားတာတော့ မဟုတ်ဘူးပဲ”
၎င်းတို့၏ အခြေတည်ဝိညာဉ်များသာ ကျန်ရှိနေသော်လည်း ဟင်းလင်းပြင်ဥမင်နယ်ပယ်
ကျင့်ကြံသူနှစ်ဦးတွင် မြင်တတ်သော မျက်လုံးများ ရှိနေသေးသည်။
လုရီ၏ ဝိညာဉ်စွမ်းအင်သည် တည်ငြိမ်ပြီး ပင်ပန်းနွမ်းနယ်သည့် လက္ခဏာ မရှိပေ။ ရွှေရောင်အလင်းတန်းတစ်မျှင် သူ့နဖူးကို ဝန်းရံထားပြီး သူ၏ ဝိညာဉ်စွမ်းအင်သည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်ကာ စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်ပုံ ရသည်။
ထိုမျှ အခြေခံကောင်းရှိသူသည် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူများထက် မသာလွန်လျှင်တောင်များစွာ နိမ့်ကျမည် မဟုတ်ပေ။
ထို့ပြင် အရေးကြီးဆုံးအချက်က ထိုကျင့်ကြံသူသည် အခြေတည် ဝိညာဉ် နယ်ပယ်တွင်သာ ရှိ နေသေးသည်။
လုရီသည် တည်ငြိမ်စွာပင် အခြေတည် ဝိညာဉ်
နှစ်ခုကို ကြည့်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။ ကျုပ်ကို ဘယ်လို ရှာတွေ့တာလဲ။ ကျုပ်က ပုံစံကို ပြောင်းလဲထားတာပဲဟာ”
ထိုစကားကို ကြားသောအခါ ဟင်းလင်းပြင်ဥမင်နယ်ပယ် တန်ခိုးရှင်နှစ်ဦး မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။
“ဟီးဟီးဟီး..မင်း ငယ်ပါသေးတယ်”
“ဒီကမ္ဘာမှာ ထူးခြားတဲ့လူ ဘယ်နှစ်ယောက်များ ရှိလိုက်လဲ။ နတ်ပညာနဲ့ ဇာစ်မြစ်ကို နားလည်သူတွေ ရှိတာပေါ့။ ရုပ်ရည်ပြောင်းလဲတာက ဘာထူးခြားသေးလဲ”
“မင်းရဲ့ အသွင်ပြောင်းကျင့်စဉ်က တကယ်ကို ထူးခြားပြီး လုံးဝခြေရာခံမရအောင် ကောင်းတယ်ဆိုရင်တောင် လုံးဝ ဖောက်ထွင်းမရတာတော့ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ လုရီ အံ့အားသင့်သွားသည်။
သူသည် ဤကျင့်ကြံခြင်း ကမ္ဘာရှိ လူများကို
အမှန်ပင် လျှော့တွက်ခဲ့မိပေသည်။
တစ်စုံတစ်ယောက်က သူ့တည်နေရာကို နတ်ပညာဖြင့် ခန့်မှန်းနိုင်ပြီး သူ့ အသွင်ပြောင်းကျင့်စဉ်ကို ဖောက်ထွင်းမြင်နိုင်ပါက သူ့အတွက် ပုန်းကွယ်ရန် အမှန်ပင် ခက်ချေရော့မည်။
လုရီသည် သူ၏ အသွင်ပြောင်းကျင့်စဉ်ကို အမြင့်ဆုံးအထိ ကျင့်ကြံထားပြီး မည်သူမျှ သူ့ကို မှတ်မိနိုင်မည်မဟုတ်ဟု အမြဲတမ်း ယူဆခဲ့သည်။
ယခု စဉ်းစားကြည့်သောအခါ သူ အနည်းငယ် ရိုးအလွန်းခဲ့သည်သာ။
မည်သို့ပင် ဆိုစေကာမူ အသွင်ပြောင်းကျင့်စဉ်သည် ရွှေအူတိုင်နယ်ပယ်၏ လျှို့ဝှက်ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။ ၎င်းကို ဖောက်ထွင်းနိုင်သော နည်းလမ်းများ ဧကန်အမှန် ရှိနေပေလိမ့်မည်။
ထို့အပြင် တစ်စုံတစ်ယောက်က သူ၏ စွမ်းအင်ကို တကယ်ပဲ နတ်ပညာဖြင့် ခန့်မှန်းနိုင်ပြီး သူ၏တည်နေရာကို သိရှိပါက အချိန်မရွေး ရှာဖွေတွေ့ရှိခံရနိုင်ပေသည်။
ထိုသို့ လုရီ ငြိမ်ကျသွားသည်ကို မြင်သောအခါ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ နှစ်ဦး ဆက်တိုက် ...မထီမဲ့မြင် ကဲ့ရဲ့ကြသည်။
“ငါတို့က နောက်ဆုံးလူတွေ မဟုတ်ဘူး။အဟီးဟီး.. လုရီ… မင်းက အစွမ်းထက်လို့ ဟင်းလင်းပြင် ဥမင်အဆင့်ကို သတ်နိုင်ပေမယ့်..., ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးကိုရော သတ်နိုင်မှာလား၊ ဟားဟားဟား....”
"ဟားဟားဟား၊ နောက်တကြိမ်က မင်းရဲ့ သေလမ်းပဲ.."
ထိုအခါ...လုရီသည် တည်ငြိမ်စွာပင် လက်ညှိုးထိုးလိုက်ရာ ကြီးမားသော ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီး ထိုနှစ်ဦး၏ ဝိညာဉ်များကို ဖိအားပေး၍ ရှာဖွေလိုက်သည်။
ထို့နောက်...အခြေအနေကို သေချာနားလည်ပြီးနောက် လုရီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
အခန်း ၂၇၈- မှော်ကြယ်ခေါင်းလောင်း၊ ကောင်းကင် အခင်းအကျင်းမြေပုံ ၊ လုရီ၏ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည် ...
~စင်စစ်အားဖြင့် ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို ခန့်မှန်းနိုင်သော ကျင့်ကြံသူများ ရှိသည်။ သို့သော် ထိုပုဂ္ဂိုလ်တို့သည် ကိုယ်တိုင်က ကောင်းကင်ယန္တရားနှင့် ဆက်စပ်ပြီး ကံကြမ္မာ၏ လမ်းကြောင်းကိုပါ ပတ်သက်နေသည်။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် တန်ခိုးရှင်တစ်ဦး၏ တိကျသော တည်နေရာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ အများဆုံး
လုရီရှိရာ ဦးတည်ရာ၏ ခန့်မှန်းခြေ ကိုသာ သိရှိနိုင်သည်။ ကျင့်ကြံမှု ခွန်အား နိမ့်ကျလေလေ၊ ကွာခြားမှုက ပိုကြီးလေလေ ဖြစ်သည်။
၎င်းတို့၏ ခွန်အားက လုရီထက်ပင် ပိုမိုအားနည်းပါက ၎င်းတို့ ခန့်မှန်းသော တည်နေရာသည်
မမှန်ကန်နိုင်ပေ။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများက
လုရီ၏တည်နေရာကို ခန့်မှန်းလျှင်ပင် ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးအတွင်းသာ
အနီးစပ်ဆုံး မှန်းနိုင်လိမ့်မည်။
ဤတန်ခိုးရှင်များအားလုံးသည် ကောင်းကင်မူလဂိုဏ်းဟုခေါ်သော အစွမ်းထက်ဂိုဏ်းမှ ဖြစ်ကြသည်။ ၎င်းတို့ဂိုဏ်းအတွင်းရှိ မဟာယာန ကျင့်ကြံသူများသည် ခန့်မှန်းခြင်းပညာတွင် အထူးကျွမ်းကျင်ကြသည်။ ထိုပညာရှင်တို့က
လုရီ၏တည်နေရာကို 'ကီလိုမီတာ ထောင်ပေါင်းများစွာ' အကွာအဝေးအတွင်းသာ အဖြေထုတ်နိုင်ခဲ့ကြသည်။
ဤအခြင်းအရာကြောင့် ကျင့်ကြံသူများသည် သူ့ကို နောက်ဆုံးတွင် ရှာတွေ့နိုင်ရန် အချိန်အတော်ကြာ စိုက်ထုတ်ခဲ့ရသည်။
ဤအချက်ကို ကြားသောအခါ လုရီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ မည်သူမျှ သူ၏ တိကျသော တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိသရွေ့ သူ သိပ်ပြီး စိုးရိမ်ရန် မလိုအပ်ပေ။
ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေးအတွင်း၌ပင် လူတစ်ဦးကို ရှာဖွေရန် မလွယ်ကူလှပေ။
သူ၏ အသွင်ပြောင်းကျင့်စဉ်သာ ပိုမိုအားကောင်းပါက ရှာဖွေ တွေ့ရှိခံရမည် မဟုတ်ပေ။
သို့မဟုတ် သူ၏ ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားနိုင်ပြီး ခန့်မှန်းခြင်းကို တားဆီးနိုင်ပါကလည်း အလုပ်ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူ၌ ထိုသို့သော နည်းလမ်းများ မရှိသေးပေ။
ထို့အပြင် ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် ရရှိခဲ့သော အချက်အလက်များအရ ကောင်းကင်ယန္တရားကို ခန့်မှန်းရာတွင် ကျွမ်းကျင်သူများသည် အလွန်ထူးခြားဆန်းပြားသော နည်းလမ်းများ ပိုင်ဆိုင်ထားကြသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို ဖုံးကွယ်ထားလျှင်ပင် လုံးဝ ရှောင်ရှားနိုင်မည် မဟုတ်ပေ။
သို့သော် အားလုံးကို ထည့်သွင်းစဉ်းစားပါက အခြေအနေက အနည်းငယ် ဆိုးရွားသော်လည်း လက်ခံနိုင်လောက်သည့် အခြေအနေအတွင်းမှာပင် ရှိနေသေးသည်။
လုရီသည် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ နှစ်ဦး၏ အခြေတည်ဝိညာဉ်များကို မျက်လုံး တစ်ချက်ဝေ့ကြည့်လိုက်သည်။ ၎င်းတို့သည် လုရီက ဝိညာဉ်ရှာဖွေမှု ပြုလုပ်ခဲ့ခြင်းကြောင့် များစွာ အားနည်းသွားကြပြီ ဖြစ်သည်။
လုရီ သူ့လက်ချောင်းကို တစ်ချက် ခါလိုက်ရာ အခြေတည် ဝိညာဉ်များ ပြာကျသွားသည်။
သူသည် လေပူတစ်ချို့ မှုတ်ထုတ်လိုက်ပြီး ကောင်းကင်အခင်းအကျင်းမြေပုံကို ပြန်လည်သိမ်းဆည်းလိုက်ရာ ကောင်းကင်ကို လွှမ်းခြုံထားသော အခင်းအကျင်းပုံစံများမှာ အလင်းတန်းများအဖြစ် ပြောင်းလဲကုန်သည်။
အလင်းတန်းများ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လုရီ၏ လက်ထဲသို့ ကျရောက်လာသော စာလိပ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
စင်စစ်တော့ ကောင်းကင်အခင်းအကျင်းမြေပုံသည် သူ့အတွက် တကယ်ပင် သင့်လျော်သော အလယ်အလတ် အဆင့် ဝိညာဉ် လက်နက် ဖြစ်၏။
ဝိဉာဉ်စွမ်းအင် အလွန်အမင်း စားသုံးမှုများမှလွဲ၍ အသုံးပြုရန် အလွန်လွယ်ကူသည်။
လုရီသည် လက်ရှိအချိန်တွင်
ဤအလယ်အလတ်အဆင့် ဝိညာဉ် လက်နက်၏ စွမ်းအား အပြည့်အဝ မထုတ်ဖော်နိုင်သေးသည်ကိုပင် များပြားသော ဝိညာဉ်စွမ်းအင်ကို ကုန်ခမ်းနေဆဲဖြစ်သည်။
တာအို စွမ်းအားမျှင်ကို အသုံးပြု၍ နယ်ပယ်များကို အဆင့်ချိုးဖြတ်ခဲ့ခြင်းကြောင့် လုရီ၏ အခြေခံသည် အလွန်ခိုင်မာပြီး သူ၏ ဝိညာဉ်စွမ်းအင်သိုလှောင်မှုသည် ဟင်းလင်းပြင်ဥမင်နယ်ပယ် တန်ခိုးရှင်တစ်ဦးထက် သိပ်မနည်းပေ။
ထိုသို့သာ မဟုတ်ပါက လက်နက် နှစ်ခုကို ထိန်းသိမ်းရန် ဝေးစွ၊ တစ်ခုတည်းကိုပင် မတတ်နိုင်မည် မဟုတ်ပါပေ။
ထိုသို့ပင်ဖြစ်လင့်ကစား ခဏတာမျှ အသုံးပြုရုံဖြင့် လုရီ၏ ဝိညာဉ်စွမ်းအင်၏ သုံးပုံတစ်ပုံ ကုန်ဆုံးသွားပြီ ဖြစ်သည်။
သူသည် ကြာရှည်စွာ တိုက်ခိုက်နိုင်စွမ်း မရှိပေ။
ထိုသို့ တွေးတောလိုက်ပြီးနောက် လုရီသည် မှော်ကြယ် ခေါင်းလောင်းကိုပါ သိမ်းဆည်းလိုက်သည်။ သူသည် အဝေးမှ များပြားသော တန်ခိုးရှင်များ ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ ဤနေရာရှိ ဆူညံသံက အလွန်ကြီးမားသောကြောင့် များစွာသော အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖွယ် ရှိသည်။
သူ၏ လက်ရှိ အခြေအနေက ထိလွယ်ရှလွယ်ဖြစ်နေလေပြီ။ ကြာရှည်စွာ နေထိုင်ရန် မတတ်နိုင်ပေ။
လုရီ ထွက်ခွာတော့မည် အပြု ...ရုတ်တရက်ဆိုသလို..သူ့နောက်မှ တစ်စတုရန်း မီတာမျှ ကျယ်ဝန်းသော ကြီးမားသည့် တံဆိပ်တုံးကြီးသည် လေထဲမှ လျင်မြန်စွာ ထိုးဆင်း ကျရောက်လာပြီး အဖြူရောင်အလင်းတန်းများ ဖြာထွက်ကာ သူ၏ နောက်ကျောသို့ ကြမ်းကြုတ်စွာ ဖိချလိုက်သည်။
ထိုအခိုက်အတန့်တွင် မှော်ကြယ်ခေါင်းလောင်းသည် လုရီ၏ ခေါင်းထက်ဝယ် တစ်ဖန် ထွက်ပေါ်လာ၏။ ကြယ်ရောင်ခြည်များ သွန်ကျလာပြီး သူ့နှင့် တံဆိပ်တုံးအကြားတွင် တားဆီးပေးထားသည်။
ဒေါင်....
ခေါင်းလောင်းသံတစ်သံ ကောင်းကင်နှင့်မြေကြီးတစ်ခွင် ပျံ့လွင့်သွားသည်။ မီးလျှံဖီးနစ်ငှက်က မီးတောက်များ အန်ထုတ်ကာ တောင်တန်းအား အရည်ပျော်စေသည်။ တစ်ဖန် အေးခဲသော ရေခဲမြှားများက တောင်တန်းအား ရေခဲတောင်တန်း အဖြစ် အေးခဲစေသည်။ ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်း ထိတိုက်မှုအောက်တွင် တောင်တန်းကြီးသည် ရုတ်ချည်း ပြိုကျသွားသည်။ မြေပြင်ပေါ်တွင် ကီလိုမီတာ အများအပြား ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာပြီး အနီးဝန်းကျင်ရှိ ရေခဲများနှင့် ဆီးနှင်းများပါ အက်ကွဲသွားသည်။
လုရီသည် နောက်သို့ ဘုန်းခနဲ လွင့်စင်သွားပြီး မှော်ကြယ်ခေါင်းလောင်းက သူ့ကို ကာကွယ်ပေးထားသော်ငြား လတ်ဆတ်သော သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။
ထိုအခိုက်..လုရီ ရပ်နေခဲ့သည့် နေရာတွင် ပုံမှန် ခန္ဓာကိုယ် အချိုးအစားရှိသော လူတစ်ဦး ပေါ်ထွက်လာသည်။ သူ့ကိုယ်တဝိုက်အား နက်နဲသော တာအိုအလင်းဖြင့် ဖုံးအုပ်ထားပြီး လေထဲတွင် မျောလွင့်နေသည်က သူသည် စကြဝဠာနှင့် တစ်ထပ်တည်းဖြစ်သွားသကဲ့သို့ပင်။
ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးပင်။
ထိုအချိန်တွင် မျက်နှာပေါ်၌ တာအိုအလင်းရောင်များ ဖုံးအုပ်ထားသော ပေါင်းစည်းခြင်းနယ်ပယ် တန်ခိုးရှင်သည် မကွယ်ဝှက်နိုင်အောင် အံ့အားသင့်နေပုံရသည်။
ထိုသူက တည်ငြိမ်သော အသံဖန်တီးကာ ပြောလိုက်သည်။
“မင်း ငါရောက်နေတာကို ဘယ်လိုများ သိတာလဲ။ ဝမ်ယွမ်တောင် ငါရောက်နေတာကို မသိဘူး”
ဝမ်ယွမ်ဟူသည် လုရီ ဝိညာဉ်ရှာဖွေခဲ့သော ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူ ၏ အမည်ဖြစ်သည်။ ရရှိခဲ့သော အချက်အလက်များဖြင့် လုရီ သိရှိခဲ့ရခြင်းသာ။
လုရီ၏ မျက်နှာထားက တည်ငြိမ်နေဆဲပင် ။
မကြောက်မရွံ့.. ပြုံးပြီး ပြောလိုက်သည်။
“ကျုပ်က အင်မော်တယ်ကျမ်းကို ဆောင်ထားသူလေ။ ဒါက အရေးကြီးတဲ့ ကိစ္စပဲ။ ကောင်းကင်မူလဂိုဏ်းက ပိုမြင့်တဲ့ အဆင့်ကို တက်ချင်တယ်ဆိုတော့ အင်မော်တယ်ကျမ်းကို ရအောင် ယူကို ယူရမယ်။ ကောင်းကင်မူလဂိုဏ်းမှာ အစွမ်းအထက်ဆုံးသူတွေက မဟာယန နယ်ပယ်မလား၊ကျုပ်ကို တားဖို့အတွက် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျွမ်းကျင်သူတွေကိုပဲ လွှတ်လိုက်မယ်လို့ မယုံကြည်နိုင်ခဲ့ဘူး။ ဒါပေါ့၊ အချိန်တိုင်း ကျုပ်နိုးကြားနေရမှာပေါ့”
လုရီသည် သူ၏ နှုတ်ခမ်းထောင့်ရှိ သွေးများကို ထိလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ရိုးရိုးသားသားပြောရရင် ကျုပ် နည်းနည်း အံ့အားသင့်တယ်။ မဟာယနနယ်ပယ်က လာမယ်လို့ ထင်ခဲ့တာ။ နောက်ယောင်ခံ လိုက်လာသူက ပေါင်းစည်းခြင်း ကျင့်ကြံသူ သက်သက်ပဲ ဖြစ်နေရောလားဗျာ”
ဤအရာကို ကြားသောအခါ ပေါင်းစည်းခြင်းနယ်ပယ် တန်ခိုးရှင်သည် မည်သို့ ဆက်လက်ပြောဆိုရမှန်း မသိသဖြင့် စကားရပ်တန့်သွားပြီးမှ...
“လူတိုင်း မင်းကို လျှော့တွက်မိကြတာပဲ၊ အစောက ငါ့ရဲ့ အင်အားအပြည့် တိုက်ခိုက်မှုဟာ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူအလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို ကိုင်စွဲထားရင်တောင် သူ့ရုပ်ခန္ဓာ..ကြေမွလိမ့်မယ်။ မင်းကတော့ သွေးတစ်ပွက်ပဲ အန်ထွက်လာတယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကျင့်စဉ် တာအိုက မင်းရဲ့ ဓားတာအိုနဲ့ အခင်းအကျင်းတာအိုထက်
မနိမ့်ကျဘူး။ မင်းရဲ့တည်နေရာကို နတ်ပညာနဲ့ ခန့်မှန်းဖို့ ကြိုးစားရင်း ဘိုးဘေးကြီးရဲ့ အသက်စွမ်းအင် ပျက်စီးသွားတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် သူကိုယ်တိုင် လာခဲ့မှာ”
ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ၏
အသံနေအထားသည် ထိတ်လန့်တကြားဖြစ်နေကြောင်း ထင်ရှားသည်။
မမှားနိုင်၊ လုရီ၏ စွမ်းဆောင်ရည်က အကြီးအကျယ် ထူးခြားနေ၍ပင်။
ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူက သူ့ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ
လည်ပတ်
စေလိုက်ပြီး... ပြောလာ၏။
“ရိုးရိုးသားသား ပြောရရင် အခု ငါ နည်းနည်း နောင်တရနေပြီ။ ဘိုးဘေးကြီးက မင်းကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့ရမှာ..မင်းသာ အသက်ရှင်ခဲ့ရင် ကောင်းကင်မူလ ဂိုဏ်းအတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့်မယ်”
ထိုအခါ လုရီက မထုံတက်တေး ပြုံးလိုက်သည်။
“ကံမကောင်းစွာနဲ့ ခင်ဗျား မလုပ်နိုင်ရင်ရော၊
တိုက်ခိုက်ပြီဆိုမှတော့ သက်ဆိုင်ရာ အကျိုးဆက်တွေကို စဉ်းစားထားသင့်တာပေါ့”
ပေါင်းစည်းခြင်းနယ်ပယ် တန်ခိုးရှင်က ဖြည်းလေးစွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ မင်းမှာ ဘယ်လို ဝှက်ဖဲတွေပဲ ရှိနေပါစေ၊ ဒီနေ့ မင်းကို ဒီနေရာမှာ ငါ သတ်ပစ်မယ်။ မဟုတ်ရင် ငါက ကောင်းကင်မူလဂိုဏ်းရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်”
လုရီသည် အလွန်တည်ငြိမ်စွာပင် ပြုံးပြီး
“ခင်ဗျား ကျုပ်ကို မသတ်နိုင်ဘူး”
“တွေ့ကြတာပေါ့”
ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူက
ကြုံးဝါးလိုက်ပြီး ဝိညာဉ်စွမ်းအင်များ အရူးအမူး ထုတ်ဖော်နေစဉ် နောက်တစ်ခဏတွင် ကောင်းကင်က ပိုမို မှောင်မိုက်လာသည်။
လုရီ အံ့အားသင့်သွားပြီး ကောင်းကင်မှ ဆင်းသက်လာသော ဖော်ပြမရနိုင်သည့် စွမ်းအင်ကို ခံစားလိုက်ရသည်။
ကောင်းကင်နှင့်မြေကြီးကို ဖီဆန်နေသကဲ့သို့ပင် သူ၏ တည်ရှိမှုကို စကြဝဠာက လက်မခံနိုင်သကဲ့သို့ပင်။
ဤသည်မှာ ကောင်းကင် တာအိုဖိအားနှင့် အနည်းငယ် ဆင်တူသည်။
ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူသည် ကောင်းကင်နှင့်မြေကြီးနှင့် လုံးဝပေါင်းစည်းသွားသကဲ့သို့ပင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်ဖို့၊ ကောင်းကင်ယန္တရားကို ဖော်ထုတ်ဖို့၊ ကောင်းကင်ကံကြမ္မာကို သိဖို့က ငါတို့ကောင်းကင်မူလဂိုဏ်းရဲ့ ရည်မှန်းချက်ပဲ၊ ကောင်းကင်နဲ့ မြေကြီးက ငါ့လက်ဖဝါးထဲက ပစ္စည်းတွေလိုပဲ။ မင်း.. ငါ့လက်ထဲကို ကျရောက်နေပြီ၊ ဘယ်လိုများ ထွက်ပြေးနိုင်မှာလဲ”
ထိုအခါ လုရီက ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
“ကြီးကျယ်လိုက်တာ။ ပေါင်းစည်းခြင်းနယ်ပယ်လေးက ကောင်းကင်ယန္တရားကို ဖော်ထုတ်ပြီး ကောင်းကင်ကံကြမ္မာကို သိဖို့ ရည်ရွယ်နေတယ် ဟုတ်စ...။ခင်ဗျား ကောင်းကင်မိုးကြိုးပစ်ခံရမှာ
မကြောက်ဘူးလား”
ပေါင်းစည်းခြင်းနယ်ပယ်ကျင့်ကြံသူက အလွန်တည်ငြိမ်နေသည်။
“ငါ ခဏခဏ ပစ်ခံရတယ်၊ အသားကျနေပြီ”
လုရီ: “…”
ကောင်းကင်မူလဂိုဏ်းက တကယ်ပင် ထူးခြားဆန်းပြားကြောင်း တွေ့ရှိရသည်။
ယခင်က ရခဲ့သော အချက်အလက်များအရ ကောင်းကင် မူလဂိုဏ်းသည် ထိပ်တန်းဂိုဏ်းကြီးများထဲတွင် မပါဝင်သော်လည်း ၎င်းတို့၏ ကောင်းကင်မူလ ရတနာကျမ်းစာတွင် လိုက်စားသော စစ်မှန်သော ရည်ရွယ်ချက်မှာ ကောင်းကင်ကံကြမ္မာဘက်သို့ ဦးတည်နေပြီး ကံကြမ္မာ၏ လမ်းကြောင်းဘက်သို့ပင် ဆိုက်ရောက်လုနီးပါး ရှိနေချေသည်။
အလွန်အမင်း ရည်မှန်းချက်ကြီးလှသည်။
လုရီတွင် ထပ်မံ၍ စိမ်ပြေနပြေ စဉ်းစားရန်
အချိန်မရှိပေ။
ထိုအခိုက်အတန့်၌... ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူက သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးသည် သူနှင့်အတူ ဖိချလိုက်သကဲ့သို့ပင်။
ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြောင့်
လုရီ၏ အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာလေသည်။
မှော်ကြယ်ခေါင်းလောင်းက သူ့ခေါင်းပေါ်တွင် ရှိနေလျှင်ပင် တန်ပေါင်းထောင်ချီလေးသော တောင်ကြီးတစ်လုံး သူ့ကို ဖိချနေသကဲ့သို့ ခံစားရ၏။
လုရီ၏ မျက်နှာထားကား တည်ငြိမ်နေဆဲပင်။
သူသည် ရုတ်တရက် အဆောင်လက်ဖွဲ့ တစ်ခုကို လေထဲမှ ထုတ်ယူလိုက်သည်။
အခန်း ၂၇၉ - အရှေ့နယ်မြေ ဂယက်ရိုက်ပြီ...
~လုရီ၏ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး
မြင့်တက်လာသည်နှင့်အမျှ သူ့လက်ထဲမှ အဆောင်လက်ဖွဲ့ပေါ်ရှိ အခင်းအကျင်းပုံစံများသည် နေရောင်ခြည်ကဲ့သို့ မျက်စိကျိန်းစရာ အလင်းများ ထုတ်လွှတ်လာသည်။
ဒုန်းးး
ထိုစဉ် ကောင်းကင်အခင်းအကျင်းမြေပုံက ဖန်တီးခဲ့ဖူးသည့် မီးလျှံဖီးနစ်ငှက်ထက်ပင် ပိုမိုပူပြင်းသော အပူချိန်တစ်ခု လှိုင်းလုံးများပမာ ရိုက်ခတ်လာ၏။
မီးလျှံဖြူများက မုန်တိုင်းတစ်ခုသဖွယ် ကောင်းကင်သို့ တရှိန်ထိုး တက်သွားကာ ကောင်းကင်နှင့်မြေကြီးကို ဖြတ်ကျော်တိုက်စားရင်း မီးတိုင်ကြီးများအဖြစ် ရုပ်လုံးပေါ်လာသည်။
၎င်းသည်ကား ယန်သုံးမျိုးအစစ်အမှန်မီးအဆောင်လက်ဖွဲ့ပင်။
ဤသည်မှာ လုရီ လွန်ခဲ့သည့်ကာလက ရရှိခဲ့သော အဆောင်လက်ဖွဲ့တစ်ခုဖြစ်ပြီး ၎င်း၏ စွမ်းအားသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှကာ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ယန်သုံးမျိုးအစစ်အမှန်မီး အဆောင်လက်ဖွဲ့သည် မိုင်ရာပေါင်းများစွာအတွင်းရှိ နေရာတစ်ခုလုံးကို မီးလျှံဖြူကမ္ဘာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သကဲ့သို့ပင်။ ဖွဲ့စည်းထားသော ကောင်းကင်မူလဂိုဏ်း၏ ကြီးကျယ်သည့် စွမ်းအားနယ်ပယ်ကို ချိုးဖျက်ပစ်လိုက်ပြီး မီးတိုင်များသည် ကောင်းကင်မူလဂိုဏ်း၏ ပေါင်းစည်းခြင်း ကျင့်ကြံသူကို ဝါးမျိုပစ်လိုက်သည်။
ကောင်းကင်မူလဂိုဏ်းမှ ကျင့်ကြံသူ၏ မျက်နှာတွင် တာအိုအလင်းများ တဖျပ်ဖျပ်လက်နေပြီး သူ၏ နှလုံးသားသည် အလွန်အမင်း
မတင်မကျ ဖြစ်နေပုံရသည်။ သူသည် လက်များဖြင့် မန္တန်များကို ဆက်တိုက် ရေးဆွဲနေသည်။ သူ၏ ခေါင်းပေါ်တွင် ကြီးမားသော တံဆိပ်ဖြူကြီးတစ်ခု ပေါ်လာကာ ထိုတံဆိပ်မှ အလင်းဖြူမျှင်များသည် စုစည်းကာ အကာအကွယ်လွှာတစ်ခု ဖြစ်တည်လာသည်။
အုန်းးး
ယန်သုံးမျိုးအစစ်အမှန် မီးအဆောင်လက်ဖွဲ့
ဖိကြိတ်လာသောအခါ ကြယ်တစ်လုံး ပေါက်ကွဲသကဲ့သို့ပင် ဖြစ်သည်။ အလင်းတိုင်ဖြူတစ်ခုသည် ကြယ်များဆီသို့ တရှိန်ထိုးတက်သွားပုံက အဝေးဆုံးဒေသများမှပင် မြင်တွေ့နိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ပင် ရှိသည်။
အဝေးမှ ကျင့်ကြံသူအသီးသီး၏ မျက်နှာများသည် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အလင်းတိုင် လားရာနေရာကို စူးစိုက်ကြည့်နေကြသည်။
"အလိုလေး..ဒီလောက် ကြီးမားတဲ့ စွမ်းအားက"
"အင်အားကြီး ကျင့်ကြံသူတစ်ဦး တိုက်ပွဲဝင်နေတာလား"
ခဏအကြာတွင် အလင်းတိုင်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ကောင်းကင်မူလဂိုဏ်းမှ ပေါင်းစည်းခြင်း ကျင့်ကြံသူ ခုန်ပျံ ထွက်ပေါ်လာသည်။
သူ၏ ခေါင်းပေါ်ရှိ တံဆိပ်ကြီးသည် သိသိသာသာ မှိန်ဖျော့ပြီး သူ၏ ညာဘက်ဝတ်ရုံ လက်အနားစမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကာ အရေပြားများ မီးလောင်ကျွမ်းထားသည်ကို မြင်တွေ့နိုင်သည်။
သူသည် အားနည်းနေပြီး သွေးတစ်ပွက်ကို
ဝေါ့ခနဲ အန်ထုတ်လိုက်ရသည်။
ဘေးဘီကို စစ်ဆေးလိုက်သောအခါ လုရီကား
ပျောက်ခြင်းမလှ ပျောက်နေတော့သည်။
ပေါင်းစည်းခြင်း ကျင့်ကြံသူသည် အထက်သို့ မော့ကြည့်ကာ မကျေမချမ်း ဟိန်းဟောက်လိုက်သည်။
"လုရီ! မင်း မလွတ်နိုင်ဘူး!!"
သူသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ချင်းကျိုးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသည်။
တိုက်ပွဲနေရာနှင့် မနီးမဝေးတွင် များစွာသော ကျင့်ကြံသူများသည် ဤဘက်သို့ စုရုံးလာနေကြသည်။ သူတို့သည် လုရီနှင့် ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူအချို့၏ ယခင်တိုက်ပွဲကြောင့် ဆွဲဆောင်ခံခဲ့ရခြင်းပင်။
ထိုသို့ ပေါင်းစည်းခြင်း ကျင့်ကြံသူ၏ ဟိန်းဟောက်သံကို ကြားရသောအခါ သူတို့၏ မျက်နှာများ အရောင် ပြောင်းလဲသွားကြသည်။
"လုရီလား..အင်မော်တယ်သိုင်းကျမ်းကို အမွေဆက်ခံတဲ့ ကျင့်ကြံသူလား.. မွေးရာပါ ဓားနတ်ဘုရားလေ"
"သူ တကယ်ပဲ ဒီမှာ ရှိနေတာလား"
"ခုနက အရှိန်အဝါက ပေါင်းစည်းခြင်းကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်! သူက တကယ်ပဲ ပေါင်းစည်းခြင်း ကျင့်ကြံသူကြီးရဲ့ လက်ထဲကနေ ထွက်ပြေး လွတ်မြောက်ခဲ့တာလား?!"
လူတိုင်း အလွန်အမင်း အံ့အားသင့်နေကြပြီး စုံစမ်းရန် ရှေ့တူရှုသို့ ပျံသန်းသွားကြသည်။
တိုက်ပွဲ မြေပြင်သို့ ရောက်ရှိသောအခါ သူတို့အား ကြိုဆိုနေသည်မှာ
မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော မီးလောင်ကွင်းပြင်ကြီး..
အလယ်ဗဟိုတွင် ဆယ်မိုင်ကျော် နက်ရှိုင်းသော အနက်ရောင်တွင်းနက်ကြီး...
လူတိုင်း မသိစိတ်ကပင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လုံးဝ အံ့ဩတုန်လှုပ်သွားကြသည်။
"ဘယ်လို နည်းလမ်းမျိုးက ဒီလောက်ကြီးမားတဲ့ ဖျက်ဆီးမှုကို ဖြစ်စေတာလဲ"
"အဲဒီ အင်မော်တယ် မျိုးစေ့ပဲပေါ့.. သူ့ရဲ့ နည်းလမ်းတွေက လူတိုင်းရဲ့ စိတ်ကူးထက် ကျော်လွန် နေပြီ။ ပေါင်းစည်းခြင်း ကျင့်ကြံသူတောင် သူ့ကို မဖမ်းနိုင်ဘူး"
ဤသို့ဤပုံနှယ်..လူအုပ်ကြီးက အသက်ဝင်စွာ ဆွေးနွေးနေကြသည်။
ကောင်းကင်မူလဂိုဏ်းမှ ဟင်းလင်းပြင် ဥမင် နယ်ပယ်နှင့် နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ကျွမ်းကျင်သူများ အနောက်သို့ အစောပိုင်းက လိုက်လံခဲ့သော ကျင့်ကြံသူအချို့သည် ထိုပုဂ္ဂိုလ်များ သဲလွန်စ..မကျန် ပျောက်ကွယ်သွားသည်ကို သတိပြုမိကြပြီး သူတို့၏ စိတ်ထဲတွင် မယုံနိုင်စရာ မှန်းဆမှုများ ပေါ်ပေါက်လာသည်။
လုရီသည် ထို ဟင်းလင်းပြင် ဥမင်နှင့် နတ်ဘုရား အသွင်ပြောင်းကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး ပေါင်းစည်းခြင်း စွမ်းအားရှင်တစ်ဦး၏ လက်ထဲမှပင် လွတ်မြောက်ခဲ့ခြင်း ပေလော။
ဤသတင်းသည် ခဏတာအတွင်း လူတိုင်းကို တုန်လှုပ်စေခဲ့ပြီး မုန်တိုင်းတစ်ခုသဖွယ် ပျံ့နှံ့သွားခဲ့သည်။
အင်မော်တယ်ဓားဂိုဏ်းမှ အင်မော်တယ်တစ်ဦး ပေါ်ထွက်ပြီး တစ်လကျော်အကြာတွင် လုရီသည် အရှေ့နယ်မြေ ကျင့်ကြံသူများ၏ မြင်ကွင်းတွင် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နည်းလမ်းများဖြင့် လူတိုင်းအား မှင်သက်စေခဲ့ကာ ဟင်းလင်းပြင် ဥမင်နှင့် နတ်ဘုရား အသွင်ပြောင်းနယ်ပယ်ကျင့်ကြံသူအချို့ကို သတ်ဖြတ်ခဲ့ပြီး ပေါင်းစည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးထံမှပင် လွတ်မြောက်ခဲ့ ပေသည်။
ဤသတင်းကို ကြားရသောအခါ ကျင့်ကြံသူများသည် အံ့အားသင့်ခြင်းများစွာဖြင့် အကြိတ်အနယ် ငြင်းခုန်ခဲ့ကြ၏။
"ပေါင်းစည်းခြင်း ကျင့်ကြံသူတောင် ကိုယ်တိုင်လှုပ်ရှားခဲ့ပြီး သူ့ကို မထိန်းထားနိုင်တာ တကယ်ပဲ အံ့သြစရာပဲ။ လုရီရဲ့ ကျင့်စဉ်က အခြေတည်
ဝိဉာဉ်လေးပဲဆိုတာ ထည့်စဉ်းစားကြည့်ပါဦး!"
"ဒါပေမယ့် ဘယ်စွမ်းအားစုတွေက လုရီကို တိုက်ခိုက်ခဲ့တာလဲ ..ငါ အတွေးရကြပ်နေတယ်။ အင်မော်တယ်ဓားဂိုဏ်းရဲ့ အင်မော်တယ်ကို
မဆိုထားနဲ့ဦး..,အရှေ့နယ်မြေတစ်ခွင်က အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတွေက ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လေကွာ.. ဘယ်သူတွေက ဒီလောက် လှုပ်ရှားရဲတာလဲ?"
"ဟဲဟဲ၊ အင်မော်တယ်သိုင်းကျမ်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေက အရမ်းများတာကိုးဗျာ၊ အကျိုးဆက်တွေကို သိရင်တောင် သူတို့ရဲ့ သက်တမ်းကုန်ခါနီး ကျင့်ကြံသူတွေက စွန့်စားရဦးမှာပဲ။ ဒါ့အပြင် ဘယ်သူ လှုပ်ရှားခဲ့လဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး မဟုတ်လား?"
"ဒါပေမယ့် လုရီကို ဒီလို မဖမ်းနိုင်ခဲ့တော့ သူဟာ အလေးအနက်ထားရမယ့် အင်အားတစ်ခု ဖြစ်လာပြီ။ နောက်ထပ် နှစ်တစ်ထောင် ကြာရင် အရှေ့နယ်မြေကို သူ အတားအဆီးမရှိ လျှောက်သွားနိုင်လိမ့်မယ်။"
"အမှန်ပဲ..အမှန်ပဲ..အင်မော်တယ်ကတောင် ချီးကျူးခံရတဲ့ ထူးခြားထက်မြက်တဲ့ ပါရမီရှင်လို့ ခေါ်ထိုက်တယ်။"
...
ဤအချိန်တွင် လုရီသည် ဤဆွေးနွေးမှုများကို
မသိရှာခဲ့ပေ။
ယန်သုံးမျိုးအစစ်အမှန်မီး အဆောင်လက်ဖွဲ့ကို အသုံးပြုပြီးနောက် ရလဒ်များကို လေ့လာ မနေဘဲ ချက်ချင်းပင် ထူးကဲအဆင့် မူလလွတ်မြောက်ဓားကို အလျင်စလို ထုတ်ဖော်ခဲ့သည်။
အခြေတည် ဝိညာဉ်နယ်ပယ်ပညာရပ်တစ်ခုအနေဖြင့် ထူးကဲ အဆင့်သို့ ကျင့်ကြံပြီး လုရီ၏ ဓားတာအိုနယ်ပယ်က ထောက်ကူပေးထားသည့်အခါ မူလလွတ်မြောက်ဓား ထွက်ပြေးနည်းသည် ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော အမြန်နှုန်း ဖြစ်လာခဲ့သည်။
ယန်သုံးမျိုးအစစ်အမှန်မီးအဆောင်လက်ဖွဲ့ ပေါက်ကွဲချိန်တွင် သူသည် အဝေးသို့ ပြေးထွက်ခဲ့ပြီးလေပြီ။ ထို့နောက် လုရီသည် သူ၏ ရုပ်သွင်ကို ပြောင်းလဲပြီး အသက်ရှူ ဖုံးကွယ်ပညာကို အသုံးပြုကာ သစ်တောတစ်ခုထဲသို့ တိုက်ရိုက် ရောနှောဝင်ရောက်သွား၏။
လုရီသည် ချင်းကျိုးဘက်သို့ ဦးတည်မသွားဘဲ လမ်းလွှဲကာ မြောက်ဘက်သို့ မိုင်သောင်းချီ ခရီးနှင်၏။ နောက်ဆုံးတွင် တောင်တန်းတစ်ခုပေါ်၌ ရပ်နားခဲ့လိုက်တော့သည်။
လုရီ လေပူတချို့ မှုတ်ထုတ်လိုက်သည်။
ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် သူစုဆောင်းခဲ့သော အချက်အလက်များအရ ကောင်းကင်မူလဂိုဏ်းသည် သူ၏ တည်နေရာကို တစ်ကြိမ်သာ ခန့်မှန်းခဲ့ပြီး ၎င်းက အချိန်မရွေး ပြုလုပ်နိုင်သော ကိစ္စလည်း မဟုတ်ပေ။
ခေတ္တခဏအတွင်း လုရီသည် ထိုပေါင်းစည်းခြင်းကျင့်ကြံသူ သူ့ကို ဖမ်းမိမှာကို စိတ်ပူစရာ
မလိုသေးပေ။
သို့သော်လည်း ကောင်းကင်မူလဂိုဏ်း၏
မဟာယနကြီးသည် ဆက်လက် ခန့်မှန်းနိုင်ဖွယ် ရှိသည်။ ထိုပုဂ္ဂိုလ် ထပ်မံ ခန့်မှန်းမည်ဆိုပါက ကောင်းကင်မူလဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့၏ လိုက်လံမှုကို ပြန်လည်စတင်နိုင်ဖွယ်ရှိသည်။
အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံး ကိစ္စမှာ တည်နေရာ ခန့်မှန်းခြင်းပညာတွင် ကျွမ်းကျင်သူများသည် ကောင်းကင်မူလဂိုဏ်းမှသာမကဘဲ အခြားဂိုဏ်းများမှလည်း ဖြစ်နိုင်ခြင်းပင်။
ခရီးစဉ်တစ်လျှောက်လုံးတွင် လုံခြုံဖို့က ဝေးလေပြီ။
လုရီ၏ နှလုံးသားထဲတွင် အနည်းငယ်မျှ ကူကယ်ရာမဲ့သလို ခံစားနေရသည်။
အင်မော်တယ်သိုင်းကျမ်း။
အင်မော်တယ်သိုင်းကျမ်းကို ပိုင်ဆိုင်ထားခြင်းသည် စည်ကားသော ဈေးထဲတွင် ရွှေတုံးကို ကိုင်ထားမိသော ကလေးတစ်ဦး အဖြစ်နှင့် တူပြီး အလွယ်တကူ လောဘကြီးသော အကြည့်များကို ဆွဲဆောင်နေတော့သည်။
သူသာ ခန့်မှန်းခြင်း ပညာအကြောင်း တစ်စုံတစ်ရာ နားလည်ခဲ့လျှင် သူ၏ ချီအမှတ်အသားကို ဖုံးကွယ်နိုင်လိမ့်မည်ဟု လုရီ မချင့်မရဲ တွေးနေမိသည်။