← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း ၂၈၀ -အရှေ့နယ်မြေ ဂယက်ရိုက်ပြီ ...

~လုရီသည် ခြေလှမ်းမရပ်၊ စိတ်ဝိညာဉ်စွမ်းအင်ကိုပင် အသုံးမပြုဘဲ၊ ဖုံးကွယ်အသက်ရှူသိုင်းကို ဆက်လက်အသုံးပြုသည်။ သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုသက်သက်ဖြင့် တောင်တောအနှံ့ ကျင်လည်သွားလာနေခဲ့သည်။

တစ်ချိန်တည်းမှာပင် လုရီသည် သူ၏အခြေအနေပြ ဇယားကို တစ်ချက်ကြည့်လိုက်၏။

ခုနက လုပ်ဆောင်ခဲ့သည့် အလုပ် ပြီးစီးလောက်ပြီဟု ထင်မိသည်။

[အလုပ်]

နောက်ကလိုက်လာသော လိုက်လံသူများကို ဖယ်ရှားပါ။

လုပ်ဆောင်ခဲ့သည့် အလုပ်အတွက် ဆုလာဘ်များကို သတ်ဖြတ်ခဲ့သူအရေအတွက်အလိုက် သတ်မှတ်ပါမည်။ (ပြီးစီး)

ဆုလာဘ် - အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်၊ အိပ်မက်တိမ်ကျောက်စိမ်း ဆွဲကြိုး

ဆုလာဘ် ထုတ်ယူလိုပါသလား- လက်ခံမည်/ငြင်းပယ်မည်။

လုရီသည် ဆုလာဘ်ကိုကြည့်ပြီးနောက် သူ့ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြည်လင်သော အပြုံးတစ်ပွင့် ဖြစ်တည်လာ၏။

အိပ်မက်တိမ်ကျောက်စိမ်း ဆွဲကြိုး...။

ဤအိပ်မက်တိမ် ကျောက်စိမ်း ဆွဲကြိုးသည် ကျင့်ကြံသူ တစ်ဦး၏ ချီကို တည်ငြိမ်စေပြီး ဖုံးကွယ်ထားနိုင်သည်။

အတိအကျပင် ဒါက ယခုအချိန်တွင် လိုအပ်နေသည့် အရာ မဟုတ်ပါလား။

လုရီသည် ဝမ်းသာအံ့ဩခဲ့ရသော်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့်လည်း ၎င်းအား ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။

အတိတ်က များစွာသော အလုပ်များကို ပြီးမြောက်ခဲ့ပြီးနောက်၊ ဆုလာဘ်များကို အလုပ်၏ သဘောသဘာဝအရ လျောက်ပတ်အောင် ချီးမြှင့်တတ်သည်ကို လုရီ သတိထားမိခဲ့သည်။

ဥပမာအားဖြင့်၊ ကောင်းကင်နဂါးသူတော်စင်သားတော်နှင့် အပြိုင်အဆိုင်တိုက်ခိုက်ရသည့် အလုပ်များတွင် အစစ်အမှန် နဂါးနှင့်ပတ်သက်သော ဆုလာဘ်များ ထုတ်ပေးတတ်သည်။

သူ၏ဆရာတူ ညီအစ်မများနှင့် သိုင်းပညာ ဖလှယ်ရသည့် အလုပ်များတွင်မူ ၎င်းတို့၏ ရေခဲ၊မိုးကြိုးစသည် အယူအဆများနှင့် ပတ်သက်သည့် နားလည်မှုများဖြင့် ဆုချလေ့ရှိသည်လေ။

ယခုတစ်ကြိမ် တာဝန်၏ ပစ်မှတ်များသည် နတ်ဘုရားမူလဂိုဏ်း၏ ပညာရှင်များဖြစ်ကြပြီး နတ်ပညာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဆုချခဲ့သည့် ဝိညာဉ်လက်နက်သည် ၎င်းတို့ကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်သည့် အရာ ဖြစ်သည်မှာ အဓိပ္ပာယ်ရှိပေသည်။

ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ၊ လုရီသည် အိပ်မက်တိမ်ကျောက်စိမ်းဆွဲကြိုးကို လည်ပင်းတွင် ဝတ်ဆင်လိုက်သည်။

ချက်ချင်းပင် ထိုကျောက်စိမ်းဆွဲကြိုးမှ ထူးဆန်းသော စွမ်းအားမျှင်များ စိမ့်ဝင်လာပြီး သူ့အား လုံးဝ ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရသည်။

ဤခံစားမှုသည် အလွန်ပင် နက်နဲဆန်းကြယ်လှပြီး၊ လုရီသာ တာအိုနှင့် တစ်သားတည်းမကျခဲ့ပါက ၎င်းကို သတိ ပြုမိမည် မဟုတ်ပေ။

ဒါက မိမိ၏ ချိီကို ဖုံးကွယ်ထားခြင်း၏ ခံစားမှု ဖြစ်နိုင်ပါသလော။

လုရီ သိမ်မွေ့စွာ ပြုံးလိုက်သည်။

ဤအိပ်မက်တိမ် ကျောက်စိမ်း ဆွဲကြိုးရှိနေသဖြင့် သူ၏ ချီအား တွေ့ရှိသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးကပင် သူ့နေရာကို နတ်ပညာဖြင့် ခန့်မှန်းရန် ကြိုးစားလျှင်ပင် များစွာသော အနှောင့်အယှက်များနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထို့အပြင်၊ အိပ်မက်တိမ်ကျောက်စိမ်းပြားသည် အသွင်ပြောင်း ပညာကိုလည်း မြှင့်တင်နိုင်သောကြောင့် လုရီသာ ဂရုပြုလျှင် သူ့အား အသိအမှတ်ပြုနိုင်ခြင်းကို မကြောက်ရတော့ပေ။

လုရီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် ချင်းကျိုးဘက်သို့ တစ်ဖန် ဦးတည်ထွက်ခွာလာခဲ့သည်။

သို့သော်လည်း၊ လုရီသည် သူ၏ခရီးလမ်းတွင် မျှော်လင့်မထားသော အဖြစ်အပျက်များကို ကြောက်ရွံ့သဖြင့် တည့်တည့်မသွားဘဲ တစ်ခါတစ်ရံ လမ်းကြောင်းကို ပြောင်းလဲသွားလာခဲ့လ်ုက်သည်။

ရှေးဟောင်းမြို့တစ်မြို့နှင့် တွေ့ကြုံသောအခါ၊ လုရီသည် ဖြစ်နိုင်ပါက ဝင်ရောက်ခြင်းမပြုဘဲ ကိုယ်ရောင်ဖျောက်ကာ နေခဲ့သည်။

မကြာမီအချိန်၌ပင် လုရီသည် ချင်းကျိုးနယ်မြေသို့ နောက်ဆုံးတွင် ပြန်ရောက်လာခဲ့လေပြီ။

ချင်းကျိုးသို့ ဝင်ရောက်လာသည်နှင့် လုရီသည် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။

ချင်းကျိုးသည် အရှေ့ နယ်မြေတစ်လျှောက်တွင် အတော်လေး အင်အားချည့်နဲ့သော နေရာတစ်ခုဖြစ်သည်။ ၎င်း၏ အင်အားအကြီးဆုံး ကျင့်ကြံသူမှာ ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူမျှသာရှိပြီး နတ်ဘုရား အသွင်ပြောင်း နယ်ပယ်သည် မဟာ အကြီးအကဲ ရာထူး ရှိသော နယ်မြေ ဖြစ်သည်။

သို့သော်လည်း မြို့ထဲသို့ မဝင်ရသေးသော်လည်း လုရီသည် ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူများ ကောင်းကင်ယံတစ်လျှောက် ပျံသန်းနေသည်ကို တစ်ခါတစ်ရံ မြင်တွေ့နေရသည်။

လုရီ ဘဝင်မကျစွာ မျက်မှောင်တွန့်လိုက်သည်။

ဤကျင့်ကြံသူများသည် အခြားနေရာများမှ လာကြခြင်းဖြစ်ပြီး သူ့၏ အင်မော်တယ် သိုင်းကျမ်းကို စွဲလမ်းနေကြသည်ဟု သူ ခန့်မှန်းမိသည်။

အဘယ်ကြောင့်ဆိုသော် လုရီ၏ဂိုဏ်းမှာ တိမ်ဖြူဂိုဏ်း ဖြစ်သည်။ ယခင်က မဟာယာန နယ်ပယ်အင်အားကြီး ကျင့်ကြံသူများနှင့် ပေါင်းစည်းခြင်း နယ်ပယ် အင်အားကြီး ကျင့်ကြံသူများ ပျောက်ကွယ်သွားခဲ့ခြင်းကြောင့် ကျင့်ကြံသူများစွာ ကြောက်ရွံ့ကာ တိမ်ဖြူဂိုဏ်း အတွင်းသို့ ဝင်ရောက်ရဲခြင်း မရှိကြသော်လည်း ချင်းကျိုးသည် ကျယ်ပြန့်သည် မဟုတ်ပါလော။

သူ့အား လမ်းတွင် ကြားဖြတ် အကောက်ကြံနိုင်ပါက တစ်စုံတစ်ရာ ရရှိနိုင်ပေလိမ့်မည်။

အခြေအနေကို နားလည်ပြီးနောက် လုရီသည် စိတ်ထဲမှ မဲ့ရွဲ့လိုက်သည်။

သူ၏ ကောင်းကင် ယန္တရားစနစ်ကို ဖုံးကွယ်နိုင်သည့် အိပ်မက်တိမ်ကျောက်စိမ်းဆွဲကြိုး ရှိနေခြင်းကြောင့် သည်လူတွေ ကံဆိုးပေသည်။

လုရီ ရှေ့သို့ ခြေလှမ်းလိုက်သည်။

ဝမ်ကျန်း စံအိမ် နယ်မြေကို ဖြတ်ကျော်ကာ ပန်းတစ်သောင်းဂိုဏ်း နယ်မြေကို ဆက်လက် ဖြတ်သန်းသွားလာခဲ့သည်။

ပန်းတစ်သောင်းတောင်တန်းကို ဖြတ်ကျော်စဉ် လုရီသည် ယွင်ရှီးကို သွားရောက်တွေ့ဆုံရန် စိတ်အားထက်သန်ခဲ့သည်။

သို့သော် သူ၏ လှုပ်လှုပ်ခတ်ခတ် ရှိသော အခြေအနေကို ထည့်သွင်းစဉ်းစားမိသည်။

ယွင်ရှီးကို တွေ့ဆုံခြင်းသည် ပန်းတစ်သောင်းဂိုဏ်းအား မကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သဖြင့် အနည်းငယ် စဉ်းစားပြီးနောက် သွားရောက်တွေ့ဆုံခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

ပန်းတစ်သောင်းဂိုဏ်း နယ်မြေကို ဖြတ်သန်းစဉ် လုရီသည် မတူညီသော နေရာများတွင် ပိုမိုအားကောင်းသည့် တည်ရှိမှုများ ရှိနေသည်ကို သတိပြုမိသည်။ သူသည် ပေါင်းစည်းခြင်းနယ်ပယ် အင်အားကြီး ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါတစ်ခု ရိပ်ခနဲ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရပြီး ပိုမို နက်ရှိုင်းပြီး အားကောင်းသော တည်ရှိမှုကိုပင် ထပ်မံ၍ ခံစားမိလိုက်သည်။

မဟာယာန ကျင့်ကြံသူများ လျှို့ဝှက် ပုန်းအောင်းနေကြသည်လော။

လုရီ မျက်နှာသုန်မှုန်သွားသည်။

အတော်လေး စိတ်အနှောင့်အယှက် ဖြစ်မိသည်။ သူ ပိုမိုအားကောင်းလာသောအခါ ဤလူများ ဆက်လက် ရစ်ဝဲနေကြဦးမည်လားဟု တွေးမိသည်။

ရှိနေပါက တစ်ယောက်ပြီး တစ်ယောက် ရှင်းပစ်မည်။

...

ပန်းတစ်သောင်းဂိုဏ်းနယ်မြေကို ဖြတ်ကျော်ပြီး တိမ်ဖြူဂိုဏ်းနယ်မြေသို့ ရောက်သောအခါ၊ လုရီသည် အင်အားကြီးမားသော တည်ရှိမှုများ မတွေ့ရသဖြင့် အံ့အားသင့်သွားသည်။

သို့သော်လည်း အကြောင်းရင်းကို ချက်ချင်းပင် သိမြင်လိုက်သည်။

တိမ်ဖြူဂိုဏ်းအတွင်း၌ အင်အားကြီးမားသော တည်ရှိမှုများ ရှိနေခြင်းကြောင့် အခြားကျင့်ကြံသူများ မည်မျှပင် ရဲရင့်ကြစေကာမူ ဂိုဏ်းအတွင်းမှ ပုန်းအောင်းနေသော အင်အားကြီးကျင့်ကြံသူများ၏ အကျိုးဆက်များကို ကြောက်ရွံ့သဖြင့် ၎င်း၏ နယ်မြေအတွင်း၌ မနေရဲကြပေ။

သို့သော်လည်း ထိုသူတို့သည် အရာများကို လွန်လွန်ကျူးကျူး ခန့်မှန်းနေသည်ဟု လုရီ ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာ၏ ပျင်းရိသော စိတ်နေသဘောထားကို သိရှိထားသောကြောင့်ပင်။

တံခါးဝအထိ လာခေါက်ခြင်းမခံရပါက သူမသည် အိပ်နေလောက်ဦးမည် ဖြစ်ပါသည်။

သူကြားခဲ့ရသော သတင်းများအရ တိမ်ဖြူဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သော အင်အားကြီး ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ဖြစ်စေခဲ့သည် ဟူ၍ ။

ဟုတ်ပါသည်။ ဒါက လုရီအတွက် အကျိုးရှိစေပြီး သူ့ခရီးကို သိသိသာသာ လွယ်ကူစေခဲ့ပါ၏။

သို့တိုင် လုရီသည် ဂရုတစိုက် ခရီးနှင်လာပြီး မကြာမီ တိမ်ဖြူဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာလေပြီ။

ထိုအခါမှသာ လုရီသည် သူ၏ မူလရုပ်ရည်ကို ပြန်ပြောင်းခဲ့သည်။

တိမ်ဖြူဂိုဏ်းအပြင်ဘက်တွင် များစွာသော အင်အားကြီးများ ကျင့်ကြံသူများ ရှိနေခြင်းကြောင့် ဖြစ်မည်။

အကြီးအကဲ ချီလင်ကိုယ်တိုင် ဂိုဏ်း၏ ဂိတ်ကို စောင့်ကြပ်နေလေသည်။

လုရီကို မြင်သည်နှင့် အကြီးအကဲ ချီလင်သည် တစ္ဆေသရဲ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"လုရီ! မင်း တကယ် အသက်ရှင်ရက် ပြန်လာခဲ့တာလား"

ထိုစကားကို ကြားသောအခါ လုရီ၏ ခေါင်းတစ်ခုလုံးတွင် အနက်ရောင်မျဉ်းများ ဖြတ်ပြေးလာပြီး ‌မအီမလည် ဖြစ်သွားရှာသည်။

"အကြီးအကဲ၊ ကျွန်တော့်ကို သေစေချင်တဲ့အတိုင်း ဘာလို့ ပြောနေရတာလဲဗျာ။"

"ဘယ်လိုလုပ် အဲလို ဖြစ်နိုင်မှာလဲ" ဟု အကြီးအကဲ ချီလင်သည် အသံမဝံ့မရဲဖြင့် ပြောသည်။

ထို့နောက် အံ့ဩစွာဖြင့် လုရီကို စစ်ဆေးကြည့်ရှုပြီး...

"ချင်းကျိုးမှာ မင်းကို ရှာနေတဲ့ အင်အားကြီးကျင့်ကြံသူတွေ ဘယ်လောက်များလဲဆိုတာ မင်း သိရဲ့လား။ မဟာယာနကျင့်ကြံသူတွေတောင် အများကြီးပဲ။ ငါတို့အားလုံး မင်းပြန်မလာတော့ဘူးလို့ ထင်ထားတာ၊ ဒါပေမယ့် မင်းက ဒီလိုအချိန်မှာ ရောက်လာတာပဲကွ။"

အကြီးအကဲ ချီလင်သည် ရင်သပ်ရှုမောလျက် တတွတ်တွတ်ပြောရင်း...

"မင်းက အင်အားကြီး ကျင့်ကြံသူအများကြီးရဲ့ ပိတ်ဆို့ထားတာတွေကို ဖြတ်ကျော်ပြီး ရောက်လာနိုင်တယ်ဆိုတာ..ရူးတာ...ရူးတာ. ဒါ လုံးဝ ရူးသွပ်တာပဲ။"

ခေါင်းတစ်ခုလုံး အနက်ရောင်မျဉ်းများဖြင့် ပြည့်နေသော လုရီသည် ထိုအဘိုးကြီးက သူ့ကို ချီးကျူးနေသည်လား သို့မဟုတ် ကျိန်ဆဲနေသည်လားဆိုတာ မပြောနိုင်ပေ။

"မင်း သိလား။ ငါတို့ဂိုဏ်းထဲကို ဝင်လာတဲ့ အင်အားကြီးကျင့်ကြံသူတွေကို တစ်စုံတစ်ယောက်က သတ်ပစ်လိုက်တယ်။ မဟုတ်ရင် တိမ်ဖြူဂိုဏ်းက အခုချိန်မှာ ဒုက္ခရောက်နေပြီပဲ"

အကြီးအကဲ ချီလင်က မရပ်မနား. ဆက်လက် ပြောပြန်သည်။

"ဘယ်သူက ထင်မှာလဲ ..ငါတို့ တိမ်ဖြူဂိုဏ်းထဲမှာ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ယောက် လျှို့ဝှက်ကျင့်ကြံနေတယ်ဆိုတာ။ ဝမ်းနည်းစရာကတော့ အကြာကြီး ရှာဖွေခဲ့ပေမယ့် ဘယ်သူလဲဆိုတာ ငါတို့ မသိရသေးဘူး။ မဟုတ်ရင် ငါတို့ မင်းကို ပြန်ခေါ်လာဖို့ အဲ့ဒီပုဂ္ဂိုလ်ကို သေချာပေါက် တောင်းပန်ကြတော့မလို့..."

အခန်း ၂၈၁-အရှေ့နယ်မြေ ဂယက်ရိုက်ပြီ ...

~လုရီသည် အတွင်းစိတ်တွင် အနည်းငယ် ဆန်းကြယ်စွာ ခံစားနေရ၏။ သူ့ဆရာ၏ စွမ်းအားအတိုင်းအတာကို မည်သူမျှ တကယ်မသိကြခြင်းက အံ့ဩစရာပင်။

ထိုအခိုက်တွင် အကြီးအကဲ ချီလင်သည် သူ၏နဖူးကို အလောတကြီး ရိုက်ကာ ပြောလေသည်။

"မေ့နေလိုက်တာ..ကလေး၊ အခုမှ ပြန်ရောက်တာ။ ပင်ပန်းနေမှာပေါ့ ၊ အရင်သွားနားနေလေ။ ငါကတော့ ဂိုဏ်းချုပ်နဲ့ တခြားသူတွေကို မင်းပြန်ရောက်ကြောင်း သွားအသိပေးလိုက်မယ်။ အကြီးအကဲ မင်က မင်းကို သွားရှာမယ် တကဲကဲ ဖြစ်နေတာ။ ငါတို့ မနည်းတားထားရတယ်။ သူ့အင်အားက ထည့်တွက်လို့တောင် မရဘူး၊ ဟင်းလင်းပြင်ဥမင် အဆင့်လေးနဲ့ အပြင်ဘက်မှာ အးဘာအခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူးလေကွာ..."

ချီလင်း၏ ဆုံးခန်းမတိုင်သော တတွတ်တွတ်ပြောဆိုသံများကို နားထောင်ရင်း လုရီသည် အနည်းငယ် ထုံထိုင်းလာကာ ချီလင်းကို အမြန် နှုတ်ဆက်၍ လစ်ခဲ့သည်။

သူ ဦးစွာ အိမ်သို့ပြန်ကာ အဘိုးကြီးလုနှင့် သူ့အမေကို တွေ့ခဲ့သည်။

ယခု ကိစ္စသည် အတော်လေး အရေးကြီးသောကြောင့် မိဘတွေ စိတ်ပူနေစေဖို့ သူ ဘေးကင်းကြောင်း အသိပေးရပေမည်။

လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် လုရီကို မြင်သောအခါ ပထမတော့ တုန်လှုပ်သွားကြပြီး

မယုံနိုင်ဖြစ်ခဲ့ကြသည်။ ထို့နောက်မှ သက်ပြင်းချကာ စိတ်အေးသွားကြသည်။

"လုရီ..သားလေး..မင်း ပြန်ရောက်လာတာ ကောင်းတယ်.. တကယ် ကောင်းလိုက်တာ!"

ဝမ်စီးချီသည် သူမသား လုရီကို ရင်ခွင်ထဲ ထည့်ဖက်ရင်း တဖွဖွ ပြောဆိုနေ၏။ သူမ၏ အသံသည် ဝမ်းသာလွန်း၍ ကွဲအက်နေသယောင်။

အဖေ ဖြစ်သူ လုကောင်းယန်၏ မျက်နှာပေါ်တွင်လည်း ကြည်နူးသောအပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံမှုအခြေခံများမှာ ရွှေအူတိုင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း လုရီကို မည်သို့မျှ အကူအညီမပေးနိုင်လောက်အောင် အင်အားချည့်နဲ့နေဆဲပင်။ သူတို့သည် တိမ်ဖြူဂိုဏ်းအတွင်း၌ ဆုတောင်းရုံသာ တတ်နိုင်ကြသည်။

လုရီ ပြန်လာသည်ကို မြင်သောအခါ သူတို့နှစ်ဦးစလုံး နောက်ဆုံးတွင် စိတ်အေးလက်အေး ရှိသွားကြတော့သည်။

သူတို့သည် လုရီနှင့် စကားများစွာ ပြောဆိုခဲ့ကြပြီး၊ ထိုနှစ်ဦး၏ စိုးရိမ်ပူပန်ပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာများကို မြင်သောအခါ လုရီလည်း သူတို့အား စိတ်ပူအောင် လုပ်မိသည့်အတွက် အနည်းငယ် နောင်တရမိသည်။

သို့သော် ယခုအခြေအနေမှာ အမှန်တကယ် ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။

လုရီသည် သူတို့နှင့် အတန်ကြာ စကားပြောဆိုခဲ့ပြီး အဘိုးကြီးလုနှင့် အမေ အသုံးပြုနိုင်ရန် ကောင်းကင်နှင့် မြေကြီးရတနာများ..ကျင့်ကြံမှုရတနာအချို့ကို ချန်ထားခဲ့သည်။ အိမ်တွင် အမေကိုယ်တိုင် ချက်ထားသော အရသာရှိသည့် ထမင်းကိုလည်း စားခဲ့သည်။

လုရီ ပြန်လာကြောင်း သတင်းကို အကြီးအကဲ ချီလင်မှ သတင်းဖြန့်ခဲ့ပြီး၊ မကြာမီပင် တိမ်ဖြူဂိုဏ်းတစ်ခုလုံးသို့ ရိုက်ခတ်သွားခဲ့ရာ ဂိုဏ်းချုပ် ဝူချင်းဖုန်း၊ အကြီးအကဲ မင်နှင့် အခြားမဟာ အကြီးအကဲ(အဓိပတိအကြီးအကဲ)များနှင့် အကြီးအကဲများအားလုံး တုန်လှုပ်အံ့အားသင့်ခဲ့ကြသည်။

ဂိုဏ်းသားအားလုံးလည်း သတင်းကို ရရှိခဲ့ကြပြီး အလွန်ပင် စိတ်လှုပ်ရှားခဲ့ကြသည်။

လုရီသည် အရှေ့တိုင်းနယ်မြေကို လှုပ်ခတ်စေခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်ပြီး၊ အင်မော်တယ်များကပင် သူ့အား ပြိုင်ဘက်ကင်းသော နတ်ဆိုးဟု ချီးကျူးဂုဏ်ပြုခဲ့ကြသည် မဟုတ်ပါလား။

သူသည် သူတို့၏ တိမ်ဖြူဂိုဏ်း၏ အင်မော်တယ်မျိုးစေ့ပင် ဖြစ်သည်။ ယခု သူ ဘေးကင်းစွာ ပြန်လာပြီဖြစ်သဖြင့် တိမ်ဖြူဂိုဏ်းတစ်ခုလုံးအတွက် ကြီးမားသော ဝမ်းမြောက်ဖွယ်ရာ ကိစ္စဖြစ်သည်။

နောက်ဆုံးတွင် ဂိုဏ်းချုပ် ဝူချင်းဖုန်း၊ အကြီးအကဲ မင်နှင့် တိမ်ဖြူဂိုဏ်းမှ အခြား အဆင့်မြင့်ပုဂ္ဂိုလ်များ လုရီ၏အိမ်သို့ ရောက်ရှိလာကြတော့သည်။ လုရီကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးနောက် လူတိုင်း၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ လုံးဝ ပြေပျောက်သွားကြတော့သည်။

"ကလေးလု၊ မင်း နောက်ဆုံးတော့ ပြန်လာခဲ့ပြီ။ ပြန်လာတာ ကောင်းတယ်၊ ဘေးကင်းစွာ ပြန်ရောက်လာတာ ကောင်းတယ်။" အကြီးအကဲ မင်သည် ဝမ်းသာလွန်း၍ တဟားဟားရယ်မောနေသည်။

ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြားသူများ၏ မျက်နှာများတွင်လည်း ပျော်ရွှင်သော အပြုံးများ ဝေဆာနေသည်။

ဤရက်များတွင် သူတို့အားလုံး ရတက်မအေးနိုင် ဖြစ်ခဲ့ရသည်။

လူတိုင်းသိကြသလ်ုပင် လုရီ၏ အသက်ကိုလိုချင်သော အင်အားကြီး ကျင့်ကြံသူများ လက်တစ်ဆုပ်စာထက်မက ရှိနေကြောင်း သိကြသော်လည်း ကံမကောင်းစွာပင် သူတို့၏ တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများသည် အလွန်ချည့်နဲ့သောကြောင့် သူ့ကို မကူညီနိုင်ခဲ့ကြပေ။

ပြီးတော့ သူတို့ဂိုဏ်းထဲမှာ ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားကြီးကျင့်ကြံသူအကြောင်းကို မည်သူမျှ မသိကြပေ။ ဂိုဏ်းတစ်ခုလုံးကို ခြေရာခံ ရှာဖွေခဲ့ပါသော်လည်း ထိုပုဂ္ဂိုလ်ကို ရှာမတွေ့ခဲ့ကြပါ။

သူတို့က ဒီလျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်က လုရီကို ပြန်ခေါ်လာပေးနိုင်ဖို့ ဆန္ဒရှိကြပေမယ့် စိုးရိမ်ပူပန်ရုံက လွဲ၍ မည်သို့မျှ မတတ်နိုင်ခဲ့ကြပါ။

ခုတော့ လုရီ ဘေးကင်းစွာ ပြန်ရောက်လာပြီဆိုတော့ သူတို့ရင်ထဲက တစ်တန်မျှသော ဝန်ကြီး ပြုတ်ကျသွားသလို ခံစားရပါတော့သည်။

"ငါတို့ တိမ်ဖြူဂိုဏ်းမှာ ဘယ်စီနီယာ ပုန်းအောင်းနေခဲ့လဲ မသိဘူး။ အဲဒီပုဂ္ဂိုလ်ကို သိပြီး ထွက်လာဖို့ တောင်းဆိုနိုင်ရင် ကောင်းမှာပဲ" ဟု ဆံပင်ဖြူသော်လည်း မျက်နှာက အလွန်နုပျိုနေသော

အဘိုးအိုတစ်ဦးက ပြောသည်။

သူ့၏ အရှိန်အဝါသည်လည်း ဟင်းလင်းပြင်ဥမင်အဆင့်တွင် ရှိနေသည်။

သူ၏အမည်မှာ လျူကျန့်ယန်ဖြစ်ပြီး လုရီကြားသိရသည်မှာ သူသည် အခြေတည်ဝိဉာဉ်အဆင့်သို့ ရောက်ရှိလာသောအခါ ရုတ်ချည်းဉာဏ်အလင်း ပွင့်လင်းလာသည်။ ထို့နောက် ခဏတာ တံခါးပိတ်ကျင့်ကြံကာ လွန်ခဲ့သော လဝက်ခန့်က ဟင်းလင်းပြင်ဥမင် အဆင့်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

၎င်းသည် သတင်းကောင်းဖြစ်သော်လည်း လုရီ အခြေအနေဆိုးရွားနေချိန်တွင် လူအနည်းငယ်သာ ပျော်ရွှင်နိုင်ခဲ့ကြသည်။

ထိုအခိုက်မှာ ဂိုဏ်းချုပ် ဝူချင်းဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"အဲဒီလို ပုဂ္ဂိုလ်တွေကို သူတို့ကိုယ်တိုင် မတွေ့စေချင်ရင် ကျွန်တော်တို့က ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲဗျာ"

လူတိုင်း အနည်းငယ် တိတ်ဆိတ်သွားကြသည်။

လုရီသည် အတွင်းစိတ်တွင် စကားမဲ့နေ၏။ လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးသူသည် သူ့ဆရာ ဖြစ်ပြီး အမြဲတမ်း အိပ်နေတတ်သူဖြစ်ကြောင်း သူတို့ သိရှိခဲ့ပါက သူတို့၏ မျက်နှာအမူအရာများ မည်သို့ ရှိကြပါမည်နည်း။

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ တူလေူလု ပြန်ရောက်လာတာပဲ အရေးအကြီးဆုံးပဲ။"

"ဟားဟားဟား၊ ပေါင်းစည်းခြင်း အင်အားကြီးကျင့်ကြံသူတွေတောင် မင်းကို မဖမ်းနိုင်ခဲ့ဘူးဆိုတော့ မင်းပြန်လာတာ ငါ့အတွက် လုံးဝ အံ့အားသင့်စရာ မဟုတ်ပါဘူး!" ဟု မဟာ အကြီးအကဲတစ်ဦးက အရွှန်းဖောက်လိုက်သည်။

လုရီသည် ကောက်းကင်မူလဂိုဏ်း၏ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ လက်မှ လွတ်မြောက်ခဲ့ကြောင်း သတင်းသည် အရှေ့ နယ်မြေတစ်ခုလုံးသို့ ရိုက်ခတ်သွားခဲ့ရာ တိမ်ဖြူဂိုဏ်းလည်း မလွဲမသွေပင် သတင်းကို ရရှိခဲ့ပေသည်။

လေထုသည် ပျော်ရွှင်စရာကောင်းသည်။

လုရီ၏ ပြန်ရောက်လာခြင်းသည် တိမ်ဖြူဂိုဏ်းရှိ လူတိုင်းအား သူတို့၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချစေကာ အလွန်ပျော်ရွှင်စေခဲ့သည်။

လုရီသည် ထိုနေ့ညက အိမ်တွင် အိပ်စက်အနားယူပြီး နောက်နံနက်တွင် လင်းလောင် တောင်ထိပ်သို့ ပြန်သွားရန် ထွက်ခွာခဲ့ပါသည်။

လင်းလောင် တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် လုရီ စဉ်းစားမိသည်မှာ သူ ဦးစွာ သူ့ဆရာကို သွားရောက်တွေ့ဆုံသင့်သည်ဟု ယူဆမိသည်။

အပြင်ဘက်မှ အင်အားကြီး ကျင့်ကြံသူများကို သူ့ဆရာကို ရိုက်နှက်ခိုင်းရန်တော့ မဟုတ်။ သူ့ဆရာ၏ သဘောသဘာဝကို သူအသိဆုံး ဖြစ်သည်။ သူမသည် အိမ်မှ ထွက်ခွာလိုမည် မဟုတ်သည့်အတွက် သည်အကြံက လက်တွေ့မကျပေ။

သူ ပြန်ရောက်ပြီဖြစ်သောကြောင့် ဘေးကင်းကြောင်း အနည်းဆုံးတော့ အစီရင်ခံသင့်သည်ဟု ခံစားရသည်။

သူ့ဆရာက သူပြန်ရောက်ကြောင်း သိနှင့်ပြီးသား ဖြစ်နိုင်သော်လည်းပေါ့။

ထို့အပြင်၊ သူ၏ ရုတ်ချည်း ဉာဏ်အလင်း ပွင့်လင်းခြင်းအကြိမ်များအားလုံး အသုံးပြုပြီးပြီဖြစ်ရာ လုရီသည် သူ့ဆရာမအား အနည်းငယ် တာအိုပို့ချခိုင်းဖို့ စိတ်ကူးထားသည်။

လုရီသည် လင်းလောင် တောင်ထိပ်သို့ ရောက်ရှိလာပြီး ဝါးအိမ်ရှေ့တွင် ရပ်ကာ

"ဆရာ... တပည့် လုရီ တွေ့ခွင့် တောင်းပါတယ်"

ဟု ရိုသေစွာ ခေါ်လိုက်သည်။

ဝါးအိမ်အတွင်းမှ လှုပ်ရှားမှု မရှိပေ။

လုရီ အံ့အားမသင့်မိပါ။

သူ့ဆရာသည် အမြဲတမ်း အိပ်နေတတ်သူဖြစ်ပြီး တစ်ခါတစ်ရံ သူက အကြိမ်ကြိမ် အော်ခေါ်မှသာ သူမကို တွေ့ခွင့် ရတတ်သည်။

လုရီသည် တည်ငြိမ်သော အမူအရာဖြင့် ဆက်လက်၍ "ဆရာ၊ မနက်စာ စားဖို့ ထဖို့ အချိန်တန်ပြီ!" ဟု စနောက်သလို ထပ်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင်.. လုရီရှေ့တွင် အဖြူရောင်အရိပ်တစ်ခု ရိပ်ခနဲ ပေါ်လာ၏။

၎င်းမှာ လင်းလောင် တောင်ထိပ်သခင်မ ဖြစ်သည်။

သူမသည် အိပ်ချင်မူးတူးဖြစ်နေပြီး မျက်လုံးနက်များမှာ အနည်းငယ် ဝေဝါးနေဆဲဖြစ်ကာ သူမ၏ လှပသောမျက်နှာတွင် စားချင်စိတ် အရိပ်အယောင်လေးများ ကပ်ညှိနေသည်။

သို့သော် လုရီကို မြင်သောအခါ သူမ ခဏတာ တောင့်တင်းသွားပြီး ခေါင်းကို ကုတ်လိုက်ရာ ဆံပင်အချို့ ပိုမိုထောင်ထွက်လာကာ သူမက ပျင်းရိပျင်းတွဲ အသံဖြင့် ပြောလိုက်လေသည်။

"...မင်းပဲ၊ ကောင်လေး"

"????"

လုရီသည် ခေါင်းတစ်ခုလုံးတွင် အနက်ရောင်မျဉ်းများဖြင့် စကားမဲ့စွာ ပြောလိုက်သည်။

"ဆရာ၊ တပည့် ခုလေးတင် သေခြင်းရှင်ခြင်း အခြေအနေကနေ ပြန်လာတာ၊ ဆရာ့ရဲ့ တုံ့ပြန်မှုက နည်းနည်း တည်ငြိမ်လွန်းတယ်လို့ မထင်ဘူးလား",

လင်းလောင် တောင်ထိပ်သခင်မသည် ပျင်းရိစွာ အညောင်း ဆန့်တန်းလိုက်သည်။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လက်မောင်းများနှင့် ဝမ်းဗိုက်တို့သည် ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး

လုရီ မြင်နိုင်သည်ကို ဂရုမစိုက်ပုံရသည်။

အလေ့အကျင့်ကြောင့် ဖြစ်နိုင်သည်။

သူမ သမ်းဝေလိုက်ပြီး ဝါးအိမ်ထဲသို့ ပြန်လှည့်ဝင်သွားကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်း ကောင်းကောင်းမွန်မွန် ရှိနေတာပဲ၊ အံ့သြစရာ ဘာရှိလို့လဲ"

သူ့ဆရာ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ လုရီသည် သူမသည် အမှန်တကယ် ထူးခြားသော သူဟု ထင်မိသည်။ သူသည် သူ့ဆရာမ ယခင်က ကြီးကျယ်သော ကံကြမ္မာပညာကို ကျင့်ကြံခဲ့ကြောင်း ပြောဖူးသည်ကို ပြန်လည်အမှတ်ရမိသည်။

ကောင်းကင် မူလဂိုဏ်း၏ နတ်ပညာဗေဒင်ပညာရပ်များကို သင်ယူပြီးနောက် ကြီးကျယ်သော ကံကြမ္မာပညာကို ကျင့်ကြံခြင်းသည် မည်မျှ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းကြောင်း လုရီ သဘောပေါက်ခဲ့သည်။

သူ၏ဆရာသည် ကြိုတင် တွက်ချက်ထားခဲ့တာ ဖြစ်နိုင်ချေ များသည်။

ဤသို့ တွေးမိသည်နှင့် လုရီသည် သူ့ဆရာကို စူးစမ်းစွာ ကြည့်ကာ မေးလိုက်သည်။

"ဆရာ၊ တိမ်ဖြူဂိုဏ်းထဲကို ဝင်လာခဲ့တဲ့

မဟာယာန ကျင့်ကြံသူတွေနဲ့ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ဆရာပဲ ရှင်းပစ်ခဲ့တာလား"

လင်းလောင် တောင်ထိပ်သခင်မက ဖုံးကွယ်မထားဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ

"အင်း"

လုရီ ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာပြီး သူ့ဆရာကို ကြည့်ရင်း သိချင်စိတ်ကို ထုတ်ဖော်လိုက်တော့သည်။

"ဆရာ..၊ ဆရာက တကယ်တော့ ဘယ်လောက် တောင် အင်အားကြီးတာလဲ"

အခန်း ၂၈၂- နှစ်ကိုယ်တူ ကျင့်ကြံလိုသလော...

~"ဘယ်လောက်တောင် အင်အားကြီးလဲ ဆိုတော့.."

" လင်းလောင်တောင်ထိပ် သခင်မက သမ်းဝေရင်း လုရီကို တစ်ချက်ဝေ့ကြည့်လိုက်၏။

"မင်းထက်တော့ နည်းနည်း သာမယ်ထင်တာပဲ။"

အမ်...ဒီလို စကားက ဘာမှမပြောတာနဲ့ ဘာများကွာခြားသေးလို့လဲ။

လုရီ၏ နဖူးတွင် နက်မှောင်သော အရေးအကြောင်းများ ထင်ရှားလာသည်။

သူ့ဆရာမက ထပ်မံရှင်းပြရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ လုရီလည်း ဆက်မမေးတော့ပေ။

မေးမြန်းလျှင်လည်း အကျိုးထူးမည် မဟုတ်ဟု သူ ထင်သည်။

လုရီက ပြုံးရင်း ဆို၏။

"ဆရာ.. တပည့်..တာအို နားထောင်ချင်ပါတယ်ခင်ဗျာ။"

ထိုအခါ လင်းလောင်တောင်ထိပ် သခင်မ၏ ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး မကျေနပ်စွာ ညည်းတွားလိုက်သည်။

"မင်းက ဘယ်လိုတပည့်လဲ.. ဆရာကို မရိုသေရုံသာမက အိပ်ရေးပါ ဖျက်ဆီးပြီး အမြဲတမ်း

တာအို ပို့ချပေးဖို့ပဲ လိုချင်နေတယ်။"

လင်းလောင်တောင်ထိပ် သခင်မ၏ ညည်းညူသံကို နားထောင်ရင်း လုရီ၏ နဖူးတွင် နက်မှောင်သော အရေးအကြောင်းများ ပြည့်နှက်နေပပြန်သည်။

"တပည့်တွေကို တာအို ပို့ချပေးတာက ပုံမှန်ဆရာ တစ်ယောက်ရဲ့ ဝတ္တရားပဲလေ၊ ဟုတ်တယ်

မလား၊ ဆရာရယ်"

လင်းလောင်တောင်ထိပ် သခင်မက ကူကယ်ရာမဲ့စွာ ..သဘောတူလိုက်တော့သည်။

"ဒါဆိုလည်း ငါ သင်ပေးမယ်။ ဒါပေမဲ့ နောက်ကျရင် မင်း ငါ့ကို အရသာရှိတဲ့ အစား တစ်ခုခုတော့ လုပ်ပေးရမယ်နော်။"

လုရီ နာခံစွာ ခေါင်းညိတ်လိုက်သည်။

လုရီ၏ ဝိညာဉ်အစားအစာချက်ပြုတ်ခြင်းနှင့် ဝိညာဉ်ဝိုင်ချက်ခြင်း စွမ်းရည်များ တိုးတက်လာသည်နှင့်အမျှ လင်းလောင်တောင်ထိပ် သခင်မလည်း သူ့ကို အစားအစာများ ပြင်ဆင်ခိုင်းလာသည်။

လုရီက သူ့ဆရာအတွက် တောပ်တိုမည်ရ အလုပ်လုပ်ပေးခြင်းမှ ရရှိသော ဆုလာဘ်များသည် သူ့အတွက် ချက်ပြုတ်ပေးခြင်းမှ ရရှိသော ဆုလာဘ်များလောက် အကျိုးအမြတ် မကြီးကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် လုရီသည် သူ့ဆရာမအတွက် ချက်ပြုတ်ပေးရန် အတော်လေး ဆန္ဒရှိခဲ့သည်။

ထို့နောက် နှစ်ဦးသား ဝါးအိမ်ငယ်အတွင်းသို့ ဝင်ရောက်သွားပြီး လုရီသည် လင်းလောင်တောင်ထိပ် သခင်မ၏ တာအိုပို့ချချက်များကို နာခံမှတ်သားခဲ့၏။

တာအို နာယူပြီးနောက် လုရီသည် ရုတ်ချည်း ဉာဏ်အလင်းများ ရရှိကာ ကျေနပ်ရောင့်ရဲစွာ ထွက်ခွာခဲ့၏။

သူ့ဂူအိမ်အပြင်ဘက်သို့ ရောက်သည်နှင့်

သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့က သူ့အိမ်အရှေ့မှာ ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။

လုရီ အံ့အားသင့်သွား၏။ သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေး နှစ်ဦးစလုံး တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ခွာလာလိမ့်မည်ဟု သူ

မမျှော်လင့်ခဲ့ပေ။

လုရီ မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ

သူမတို့ နှစ်ဦးစလုံးက သူ့ထံသို့ အကြည့်များ ရောက်ရှိလာသည်။

သုန်းကုန်းမင်ယွဲ့သည် ပြေးလာပြီး လုရီကို ဖက်လိုက်၏။ သူမ၏ မျက်လုံးများ နီရဲနေပြီး

အသံစူးစူးကလေးနှင့် စိုးရိမ်တကြီး ပြောလာသည်။

"အစ်ကိုကြီး၊ အပြင်မှာ မဟာ စွမ်းအားရှင်ကြီးတွေ အများကြီး အစ်ကိုကြီးကို ဒုက္ခပေးချင်နေတယ်လို့ ငါ ကြားတယ်။ အဟင့်... ငါ အရမ်းစိတ်ပူနေခဲ့တာ!"

လျိုနင်ရွှမ်းသည် အနည်းငယ် ရှေ့တက်လာပြီး သုန်းကုန်းမင်ယွဲ့ ပြေးသွားသည်ကို မြင်သောအခါ ရပ်လိုက်၏။

သူမ၏ ကြည်လင်အေးစက်သော မျက်ဝန်းများဖြင့် လုရီကို စူးစိုက်ကြည့်ရင်း ညင်သာစွာ ဆို၏။

"ဂျူနီယာမောင်လေး ပြန်လာတာ ကောင်းပါတယ်။"

လုရီက ပြုံးပြီး ..နှစ်ယောက်လုံးကို အသိပေးသည်။

" အဆင်ပြေပါတယ်။ ကျွန်တော့်မှာ လှည့်ကွက်တွေ အများကြီးရှိတယ်။ မဟာယာန ကျင့်ကြံသူတွေက ကျွန်တော့်ကို ဒုက္ခပေးချင်ရင်တောင်.. အန္တရာယ် ကင်းကင်းနဲ့ လွတ်မြောက်နိုင်တယ်။"

လုရီသည် သုန်းကုန်းမင်ယွဲ့၏ ခေါင်းကလေးကို ပွတ်သပ်ရင်း စနောက်လိုက်၏။

"မငိုတော့နဲ့ကွ..ဆက်ငိုနေရင် ကြောင်ကလေး ဖြစ်သွားလိမ့်မယ်။"

သုန်းကုန်းမင်ယွဲ့ နှာခေါင်းရှုံ့လိုက်ပြီး လုရီ၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူမ၏ မျက်လုံးများကို လက်ဖြင့် ပွတ်သပ်ရင်း မေးလာသည်။

"ကျွန်မကို လွမ်းလားဟင်.. ကျွန်မ မငိုပါဘူး! ကျွန်မက အစ်ကိုကြီးကို စိတ်ပူနေတာပါ! ဟွန့်! ကျွန်မ အင်မော်တယ် ဖြစ်တာနဲ့ အစ်ကိုကြီးကို ဒုက္ခပေးတဲ့သူအားလုံးကို သတ်ပစ်မယ်!"

သုန်းကုန်းမင်ယွဲ့သည် သတ်ဖြတ်လိုစိတ်များ

တဖွားဖွား ပေါ်ပေါက်နေသည်။

လျိုနင်ရွှမ်းက သုန်းကုန်းမင်ယွဲ့ကို တစ်ချက် ကြည့်ပြီး သူမ၏ အေးစက်သော အသံဖြင့် ဆို၏။

"ဒီအစ်မ.. ရေခဲနှလုံးသားရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းကို ပြီးမြောက်သွားပြီ။ နောက်တစ်ဆင့်ဆို ရေခဲပိုင်နက်(နယ်ပယ်)ကို ဖွဲ့တည်နိုင်ပါပြီ။"

ဤစကားကို ကြားသောအခါ လုရီ အံ့အားသင့်ပြီး အနည်းငယ် အံ့ဩသွားသည်။

လျိုနင်ရွှမ်းသည် နတ်ဘုရား အသွင်ပြောင်း အဆင့်သို့ပင် မရောက်သေးသော်လည်း သူမ၏ အယူအဆကို ကိုးဆယ့်ကိုး ရာခိုင်နှုန်း အထိ စုစည်းထားနိုင်သည်လား။ ဤသတင်းသာ ပျံ့နှံ့သွားပါက ထျန်းမင်တစ်ခွင်လုံးကို တုန်လှုပ်သွား ချေရော့မည်။

ရွှေအူတိုင်အဆင့်တွင် ပိုင်နက်ကို ဖွဲ့တည်သည့်လုရီထက် အနည်းငယ် နောက်ကျနေသော်လည်း ၎င်းက ထျန်းမင်တစ်ခွင်လုံးတွင် ရှေးခေတ်နတ်ဆိုးလို ထူးခြားသော တည်ရှိမှုအဖြစ် မှတ်သားခံရမည့် စွမ်းဆောင်ချက်တစ်ခုပင် ဖြစ်သည်။

လုရီက ပြုံးပြီး..

"ဂုဏ်ယူပါတယ် စီနီယာအစ်မ။ စီနီယာအစ်မရဲ့ ပါရမီနဲ့ဆိုရင် ရေခဲပိုင်နက်ကို အပြည့်အဝ ခိုင်မာအောင် လုပ်ဖို့ နောက်ထပ် ထိုးထွင်းသိမြင်မှု တစ်ခုပဲ လိုတော့မယ်ထင်တယ်။"

ထိုအခါ လျိုနင်ရွှမ်း၏ အေးစက်နူးညံ့သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

အယူအဆကို ကိုးဆယ့်ကိုး ရာခိုင်နှုန်း အထိ အလွန်လျင်မြန်စွာ တိုးတက်နိုင်ခဲ့ခြင်းက သူမကို စိတ်လှုပ်ရှားစေခဲ့သော်လည်း လျိုနင်ရွှမ်းသည် စိတ်ခံစားမှုများစွာ ထုတ်ပြတတ်သည့် သူမဟုတ်ပေ။

လုရီကို ကြည့်ရင်း သူမ၏ အေးစက်သော မျက်ဝန်းများတွင် နူးညံ့သောအလင်းရောင် လက်ကာဖြင့် ညင်သာစွာ ပြုံးလိုက်၏။

"ဒါတွေအားလုံးက ဂျူနီယာမောင်လေး ပေးခဲ့တဲ့ ရေခဲဝိညာဉ်ပုလဲကြောင့်ရယ်၊ ဂျူနီယာမောင်လေးရဲ့ အရင်အဆင့်တက်စဉ်က တာအိုအလင်းကြောင့်ရယ်ပါ။ အဲဒီတာအိုအလင်းရဲ့ ဉာဏ်အလင်းမရခဲ့ရင် ငါ့ရဲ့ အယူအဆကို ဒီလောက်မြန်မြန် တိုးတက်နိုင်မှာ မဟုတ်ဘူး။"

ထိုအခါ လုရီက ပြုံးပြီး ဆို၏။

" စီနီယာအစ်မမှာ ကိုယ်ပိုင်နားလည်နိုင်စွမ်း လုံလောက်လို့လည်း ပါပါတယ်။"

လျိုနင်ရွှမ်းက လုရီကို ကြည့်ပြီး ညင်သာစွာ ရယ်မောလိုက်သည်။

"နောက်တစ်ခါ ရန်သူနဲ့ ရင်ဆိုင်ရရင် ဒီအစ်မကဂျူနီယာမောင်လေး ကို ကူညီပေးနိုင်ပြီ။"

လျိုနင်ရွှမ်း၏ စကားများကြောင့် လုရီ ရင်ထဲ လှိုက်နွေးသွားပြီး လျိုနင်ရွှမ်း၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့မိပြီး သူမ၏ ရင်သပ်ရှုမောဖွယ် အေးစက်သော အလှကို ငေးလိုက်မိသည်။

လျိုနင်ရွှမ်း တောင့်တင်းသွားပြီး သူမ၏ မျက်နှာ အနည်းငယ် နီမြန်းသွားကာ အမြန်ပင် နောက်ဆုတ်ရင်း ဟန့်တား၏။

"ဂျူနီယာမောင်လေး "

ထိုအခါ လုရီက သတိပြန်ဝင်လာပြီး ကမောက်ကမအမူအရာနှင့် ရပ်ကျဲကျဲ လုပ်လိုက်သည်။

"အာ... မရည်ရွယ်ပါဘူး။ စီနီယာအစ်မက အရမ်းလှတယ်လို့ ထင်မိလို့ပါ။"

သူ၏ စကားကြောင့် လျိုနင်ရွှမ်း၏ နှုတ်ခမ်း ကလေးများ အနည်းငယ် ကွေးညွတ်သွားသည်။

ဘေးနားက သုန်းကုန်းမင်ယွဲ့သည် မျက်လုံးများ ပြူးကျယ်သွားပြီး လုရီ၏ ခေါင်းကို လှည့်ကာ သူမကို ကြည့်စေရင်း မကျေမနပ်ဖြင့်

"ဒီမှာ အစ်ကိုကြီး..ငါကရော မလှဘူးလား"

သုန်းကုန်းမင်ယွဲ့၏ ကလေးမျက်နှာလေးသည် နူးညံ့သိမ်မွေ့ပြီး ကျောက်စိမ်းကဲ့သို့ ချစ်စဖွယ်ကောင်း၏။

သူမ၏ ကြီးမားကြည်လင်သော မျက်လုံးတောက်တောက်များက စိတ်ဆိုးနေသည့်တိုင် ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေသည်။

လုရီက ပြန်ဖြေလိုက်သည်။

"လှတာပေါ့။"

"ဟွန့်!"

သုန်းကုန်းမင်ယွဲ့ ကျေနပ်စွာ ခေါင်းညိတ်လိုက် သည်။

သုန်းကုန်းမင်ယွဲ့ကို ကြည့်ရင်း လျိုနင်ရွှမ်းက အနည်းငယ် ပြုံးလိုက်ကာ

"ဂျူနီယာညီမလေးရဲ့ နားလည်နိုင်စွမ်းက မကြာသေးခင်က ဘယ်လိုရှိလဲ?"

သုန်းကုန်းမင်ယွဲ့၏ မျက်နှာ တောင့်တင်းသွားပြီး နှုတ်ခမ်းကလေးစူသွားကာ ယုံကြည်မှုမရှိစွာ

လျိုနင်ရွှမ်းကို ကြည့်လိုက်သည်။

"ကျွန်မလည်း ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံမှုမှာ ကျွန်မရဲ့ သဘောတရားကို ခုနစ်ဆယ် ရာခိုင်နှုန်း အထိ တိုးမြှင့်နိုင်ခဲ့တယ်။"

ဤစကားကို ကြားသောအခါ လုရီလည်း အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဂျူနီယာညီမလေး သုန်းကုန်းမင်ယွဲ့သည် ရွှေအူတိုင်အဆင့်တွင် ရှိနေသေးသော်လည်း သူမ၏ မိုးကြိုး စိတ်ဆန္ဒနယ်ပယ်ကို ခုနစ်ဆယ် ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်ခဲ့ခြင်းသည် အလားတူပင် အံ့မခန်းစရာ ဖြစ်သည်။

လျိုနင်ရွှမ်းက စိတ်ချလက်ချ ပြုံးလိုက်သည်။

"ဂျူနီယာညီမလေး၊ နင့်ရဲ့ ကျင့်ကြံမှုအခြေခံက နည်းနည်းနိမ့်နေတယ်။ အမြန်ဆုံး အခြေတည် ဝိညာဉ်အဆင့်ကို ရောက်ဖို့အတွက် ပိုပြီး တံခါးပိတ်ကျင့်ကြံဖို့ လိုတယ် နော်။"

ထိုအခါ သုန်းကုန်းမင်ယွဲ့၏ ဂုဏ်ယူမှုများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းစူကာ လျိုနင်ရွှမ်းကို မကျေမနပ် ကြည့်ရင်း

"စီနီယာအစ်မက ကျွန်မထက် နှစ်အနည်းငယ် ပိုကျင့်ထားတာပဲ ရှိတာ။ ကျွန်မ အဆင့်တက်တာနဲ့ စီနီယာအစ်မထက် သေချာပေါက် ပိုသန်မာလာမှာပါနော်..ဟွန့်"

လျိုနင်ရွှမ်းက ပြုံးလိုက်သည်။

"ဒါဆို အဲဒီနေ့ကို အစ်မ.. မျှော်လင့်နေပါ့မယ်။"

ထိုအချိန်တွင် လုရီသည် ယွင်ရှီးအကြောင်း တစ်ခုခုကို သတိရသွားပြီး စိတ်အားထက်သန်စွာ ဆို၏။

"စီနီယာအစ်မ၊ ဂျူနီယာညီမလေး၊ ကျွန်တော် မင်းတို့နဲ့ ဆွေးနွေးစရာ တစ်ခု ရှိပါတယ်။"

သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့ လုရီကို ပြိုင်တူ မျက်လုံးကလေးများ လှန်ကြည့်လိုက်ကြသည်။

"ဘာလဲ အစ်ကိုကြီး"

သုန်းကုန်းမင်ယွဲ့က သူမ၏ ကော့ရွှန်းနေသော မျက်တောင်ရှည်များအား ပုတ်ခတ်လိုက်သည်။

လျိုနင်ရွှမ်းလည်း သူ့ကို အာရုံစိုက်၍ ကြည့်နေသည်။

"ဘာများလဲ ဂျူနီယာမောင်လေး "

All Chapters