← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း ၂၈၃-နှစ်ကိုယ်တူ ကျင့်ကြံလိုသလော...

~လုရီသည် လည်ချောင်းရှင်းကာ မျက်နှာကို တည်ကြည်လေးနက်စွာ ထားပြီး စကားဆိုလေသည်။

"ဒီလိုပါ၊ မင်းတို့ ယွင်ရှီးကို သိပါတယ်နော်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းတို့ တံခါးပိတ်ကျင့်ကြံနေတုန်း ယွင်ရှီး ကျွန်တော့်ဆီ ရောက်လာခဲ့တယ်။ ပြီးတော့လေ... အကြောင်းအမျိုးမျိုးကြောင့် ငါလည်း သူ့နဲ့ တာအို လက်တွဲဖော် ဖြစ်ဖို့ စီစဉ်နေတာ..."

လုရီ ရင်ထဲ၌ မရိုးမရွ ခံစားမှုများ လှုပ်ရှားနေခဲ့သည်။ သူ စကားပြောလေလေ၊ စီနီယာ အစ်မ လျူနင်ရွှမ်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး၊ ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့၏ မျက်နှာအမူအရာမှာမူ ပို၍ပင် စိတ်ဆိုးမာန်ဆိုးလေး ဖြစ်လာခဲ့လေသည်။

စီနီယာ အစ်မ လျူနင်ရွှမ်းထံမှ အေးစက်သော စွမ်းအင်လှိုင်းများ ပျံ့နှံ့လာသည်နှင့်အမျှ

ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့ ပတ်လည်တွင် မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ် စီးဆင်းနေခဲ့သည်။

လုရီသည် သူ့စီနီယာ အစ်မ၏ အကြည့်များက သူ့ကိုကြည့်နေသည်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု အမြဲခံစားရပြီး သူ့လည်ပင်းမှာ ချမ်းစိမ့်စိမ့်ပင်။

ထို့နောက် သူ သတိရလိုက်သည်ကား လွန်ခဲ့သော ရက်အနည်းငယ်က ကိုယ်ခန္ဓာမာကျောမှုပညာရပ်များကို အားသွန်ခွန်စိုက် ကျင့်ကြံနေခဲ့ခြင်းပင်။ ယခုအခါ သူ့ခန္ဓာကိုယ်သည် အေးခဲဖန်ဓား၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိနေပြီဖြစ်၍ မည်သူမျှ လွယ်လွယ်ကူကူ စိန်ခေါ်နိုင်တော့မည် မဟုတ်ပေ။

ဤအချက်ကို သတိရလိုက်သည်နှင့် လုရီ ကြိတ်၍ သက်ပြင်းချလိုက်သည်။

"အဟင်း..."

စီနီယာ အစ်မ လျူနင်ရွှမ်း၏ ရယ်သံမှာ ကြက်သီးထဖွယ် အေးစက်နေ၏။

"ဂျူနီယာ မောင်လေးက တော်တော် စွမ်းဆောင်နိုင်တာပဲနော်။ ယွင်ရှီးက အရမ်းလှတယ်၊ ပါရမီလည်း ထူးချွန်တယ်။ ပြီးတော့ နင့်ကိုလည်း သဘောကျနေပြီပေါ့။"

လုရီ အနည်းငယ် ရှက်ရွံ့သွားပြီး

"ကျွန်တော့် ဆွဲဆောင်မှုက နည်းနည်းပြင်းထန်လွန်းလို့ ဖြစ်မယ်" ဟု ပြန်ဖြေလိုက်ရာ...

လျူနင်ရွှမ်း၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။

လုရီ၏ ရှက်ရွံ့နေသည့်ပုံစံကို ကြည့်ရင်း သူမ သွားကို တိတ်တဆိတ် ကြိတ်လိုက်သည်။

သူမ ရင်ဘတ်ကလည်း ပြင်းထန်စွာ လှုပ်ရှားနေပြီး လျူနင်ရွှမ်းကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့လေသည်။

သူမက ခပ်အေးအေး နှာခေါင်းရှုံ့လိုက်သည်။

"ငါ တရားအားထုတ်ပြီး ရေခဲနှလုံးသားကို နားလည်သဘောပေါက်အောင် လုပ်တော့မယ်။"

"အကျင့်မကောင်းတဲ့ အစ်ကိုကြီး! ငါလည်း ကျင့်ကြံဖို့ ပြန်တော့မယ်!"

ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့မှာမူ အလွန်မကျေမနပ်ဖြစ်နေကာ နှုတ်ခမ်းစူပုပ်လျက် လက်သီးဆုပ်လေးများကို လုရီဘက်သို့ ဝှေ့ယမ်းလိုက်သည် ။

နှစ်ယောက်သား ထွက်ခွာရန် ပြင်ဆင်လိုက်စဉ် လုရီက သူတို့ကို လှမ်းခေါ်လိုက်သည်။

"ဪ၊ ဟုတ်သားပဲ၊စီနီယာ အစ်မနဲ့ ဂျူနီယာညီမလေးနဲ့ကို တိုင်ပင်ချင်တာ တစ်ခုရှိသေးတယ်။"

ဤစကားကို ကြားသည်နှင့် နှစ်ယောက်သား တောင့်တင်းသွားပြီး လုရီကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စူးစူးရဲရဲ ကြည့်လိုက်ကြသည်။

စီနီယာ အစ်မ လျူနင်ရွှမ်းက ဖြည်းဖြည်းချင်း စကားဆို၏။

"နင့်ရဲ့ တာအို လက်တွဲဖော် ဖြစ်ချင်တဲ့ ပြိုင်ဘက်ကင်း အလှပဂေး နောက်တစ်ယောက် ရှိသေးတယ်လို့ မပြောနဲ့နော်။"

"မဟုတ်ပါဘူး"

လုရီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဒီလိုပါ၊ ကျွန်တော် မကြာသေးခင်က ခရီးထွက်တုန်း မမျှော်လင့်ဘဲ နှစ်ကိုယ်တူ ကျင့်ကြံနည်း လျှို့ဝှက်ကျမ်းတစ်အုပ် ရခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ကိုယ်တူ ကျင့်ကြံကြည့်ရအောင်လား။ ဒါက ခင်ဗျားတို့ကို သဘောတရားတွေ နားလည်ဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ။ ပြီးတော့ ဒီလျှို့ဝှက်ကျမ်းက သုံးယောက်ပေါင်းပြီးတောင် ကျင့်ကြံလို့ရတယ်ဗျ။"

လုရီ၏ စကားကို ကြားလိုက်သည်နှင့် စီနီယာ အစ်မ လျူနင်ရွှမ်းနှင့် ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့ နှစ်ဦးသား မျက်နှာများ ရဲရဲနီရဲသွားကာ ရှက်ရွံ့ခြင်းနှင့် စိတ်တိုခြင်းရောယှက်နေသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

"ဟွန့်!"

"နှာဘူးအစ်ကိုကြီး!"

ဂျန်းး!

မိုးခြိမ်းသံကြီးတစ်ခု ဟိန်းထွက်လာပြီး လုရီပတ်လည်တွင် လျှပ်စီးကြောင်းများ တဖျတ်ဖျတ်လင်းကာ နှင်းခဲများလည်း ဖုံးလွှမ်းသွားလေသည်။

လုရီ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။

စီနီယာ အစ်မ လျူနင်ရွှမ်းနှင့် ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့တို့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

နှစ်ဦးသား ထွက်ခွာသွားသည်ကို မြင်သောအခါ လုရီ အနည်းငယ် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများနှင့် နှင်းခဲများလည်း ပျောက်ကွယ်သွားသည်။

သူ အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။

သူက သူ့စီနီယာ အစ်မနှင့် ဂျူနီယာ ညီမလေးတို့နှင့် နှစ်ယောက်တွဲကျင့်ကြံဖို့ ရည်ရွယ်ခဲ့သည်လေ။... သူမတို့ ယခုလောက် ရှက်တတ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပါ။

လုရီ သူ့နဖူးကို ပွတ်သပ်လိုက်ပြီး နောက်တစ်ကြိမ်ကျမှ ထပ်မံပြောဆိုရန် စီစဉ်လိုက်သည်။

တကယ်တမ်းတော့ သူက မှားပြောခဲ့ခြင်း မရှိပေ။

နဂါးပျံ ဖီးနစ်သံစဥ် ပညာရပ်သည် ကိုယ်ပိုင်ကျင့်ကြံမှုပညာရပ်များကို အဓိကထားပြီး နှစ်ဦးစလုံး သဘောတရားများ ပိုင်ဆိုင်ပါက ထိုသဘောတရားများကိုပါ နားလည်သဘောပေါက်နိုင်သည်မှာ သေချာသည်။ ၎င်းသည် သူတို့၏ နားလည်သဘောပေါက်မှုအတွက် အကျိုးသက်ရောက်မှု မရှိဟု မဆိုနိုင်ပေ။

သူ့ကို ရိုက်နှက်ပြီး ထွက်ပြေးသွားကြသည်မှာ စိတ်မကောင်းစရာပင်။

လုရီ အတော်လေး နောင်တရနေခဲ့သည်။

သူမတို့နှစ်ဦးနှင့် သိုင်းဖလှယ်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ထွက်ပြေးသွားခဲ့ကြသည်တကား။

သူမတို့၏ တိုးတက်မှုနှုန်းကို ကြည့်လျှင် သိုင်းဖလှယ်ခြင်းမှ ရရှိမည့် ဆုလာဘ်များသည် မနည်းလောက်ဟု ထင်ရသည်။

နောက်တစ်ကြိမ်ကျမှ သူတို့ကို ရှာဖွေရုံသာ တတ်နိုင်တော့သည်။

သို့သော်လည်း Animeထဲကလို ပုဆိန်ဖြင့် တိုက်ခိုက်မခံရသည်ကို လုရီ အနည်းငယ် စိတ်အေးမိသည်။ တကယ်ပင် ပျော်ရွှင်ဖွယ် အကြောင်းရင်းတစ်ရပ်တည်း။

လုရီ ပျော်ရွှင်စွာ သူ၏ ဂူအိမ်သို့ ပြန်ဝင်ကာ ကျင့်ကြံမှု စတင်လိုက်တော့သည်။

ဤတစ်ခေါက် ခရီးထွက်ခဲ့သည်မှာ အတော်လေး အကျိုးများခဲ့သော်လည်း သူ အခြေချပြီး အချိန်အတန်ကြာ ကျင့်ကြံရန် လိုအပ်သေးသည်။

အထူးသဖြင့် အခုချိန် သူ အပြင်ထွက်ပါက ထိုအကောက်ကြံသော စွမ်းအားကြီး ကျင့်ကြံသူများ၏ ထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သောကြောင့်ပင်။

ဟုတ်သည်။ ပြည့်စုံသော အင်မော်တယ်ဓားကျမ်းကို ရရှိပြီးနောက် သူ အပြင်ထွက်ရန် မလိုအပ်တော့ပေ။ ဖြစ်နိုင်ပါက သူ့ဂူအိမ်တွင်ပင် အင်မော်တယ်ဘဝသို့ တက်လှမ်းသည်အထိ ကျင့်ကြံမည်။

မဟုတ်သေး၊ သူ ကပ်ဘေးဖြတ်ကျော် နယ်ပယ်သို့ ရောက်သောအခါမှ တစ်ခေါက်ထွက်ပြီး ကောင်းကင်မူလဂိုဏ်းကို ချေမှုန်းမည်။ ထိုဂိုဏ်းက သူ့ကို ထိပါးခဲ့ပြီးဖြစ်သောကြောင့် အကျိုးဆက်များကို ရင်ဆိုင်ရန် အသင့်ပြင်ထားရမည်။

ထို့အပြင် လုရီသည် သွေးဝိဉာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့ကိုလည်း မမေ့သေးပေ။

သူ့၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ဤဂိုဏ်းနှစ်ခုကို လုံးဝ ဖျက်ဆီးပစ်နိုင်သော်လည်း အပြင်ဘက်တွင် စွမ်းအားကြီး ကျင့်ကြံသူများ ချောင်းမြောင်းနေသည်ဖြစ်ရာ သူ အပြင်ထွက်ဖို့ အဆင်မပြေသေးပေ။

လုရီက အလျင်လိုနေသည် မဟုတ်ပေ။ သူ့မှာ အချိန်များစွာ ရှိသေးသည်တကား။

လုရီ အခြေချပြီး စိတ်ရင်းမှန်ဖြင့် ကျင့်ကြံမှု စတင်လိုက်သည်။

သူသည် အင်မော်တယ်ဓားကျမ်း၏ အခြေတည်ဝိဉာဉ် အခန်းကို ထူးကဲ အဆင့်ထိ ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။

ခင်းကျင်းမှုတာအို နယ်ပယ်တွင် လုရီသည် ထိပ်တန်း ခင်းကျင်းမှုတာအို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကောင်းကင်နန်းတော် ခင်းကျင်းမှုတာအို အမွေအနှစ်များကို အစွမ်းကုန် ကျင့်ကြံရန် ကျန်ရှိနေသေးသည်။

လက်နက် သန့်စင်ခြင်းနှင့် ပတ်သက်၍ လုရီသည် အစစ်အမှန် မီးသန့်စင်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်သေးသည်။

အလားတူပင် ဝိဉာဉ်အစားအစာ ချက်ပြုတ်ခြင်းနှင့် ဝိဉာဉ်အရက်ချက်လုပ်ခြင်း နယ်ပယ်များတွင်လည်း သူ ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်သော ချက်နည်းအချို့ ကျန်ရှိနေသေးသည်။

အထူးသဖြင့် စိတ်ဝိဉာဉ်ပြောင်းလဲခြင်း နယ်ပယ်အတွက် ဝိဉာဉ်အရက်ဖြစ်သော မင်ရှင်း

ဝိဉာဉ်ဝိုင်သည် နှလုံးသားနတ်ဆိုးများကို ကာကွယ်ပေးနိုင်ရာ လုရီသည် ၎င်းကို အမြန်ဆုံး ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး နောက်ပိုင်းတွင် နှလုံးသားနတ်ဆိုးနှင့် ရင်ဆိုင်ရမည့် ဒုက္ခမှ ကင်းဝေးစေမည်။

ထို့အပြင် လုရီသည် အင်မော်တယ် နိယာမကို သူ၏ ကျင့်ကြံမှု ပညာရပ်များနှင့် ပေါင်းစပ်ပြီး ကျင့်ကြံမှုပညာရပ် အသစ်တစ်မျိုး ဖန်တီး

နိုင်မလားဆိုတာကိုလည်း စီစဉ်နေခဲ့သည်။

လုပ်စရာများ အစုံအလင် ရှိနေသောကြောင့် လုရီမှာ အချိန်ပင် မလောက်သလို ခံစားနေရသည်။

လုရီသည် အချိန်အတန်ကြာ ကျင့်ကြံမှုအပေါ် အာရုံစိုက်ရန် စီစဉ်နေစဉ် တိမ်ဖြူဂိုဏ်းသို့ သူ ပြန်ရောက်လာခြင်းသတင်းသည်လည်း အပြင်ဘက်သို့ ပြန့်နှံ့သွားခဲ့သည်။

ကောင်းကင်မူလဂိုဏ်းမှ စွမ်းအားကြီး ကျင့်ကြံသူသည် တိမ်ဖြူဂိုဏ်းအတွင်းရှိ နယ်မြေခံ စွမ်းအားရှင်များကို စိုးရိမ်သဖြင့် တိမ်ဖြူဂိုဏ်းမှ တပည့်များအပေါ် တိုက်ခိုက်ရန် ရဲစွမ်းမရှိခဲ့။

တပည့်များသည် အရင်အတိုင်း ကျင့်ကြံမှုများ ပြုလုပ်ကြပြီး တာဝန်များကို ထမ်းဆောင်နေကြဆဲပင်။

သတင်းမှာ သဘာဝအတိုင်းပင် ပြန့်နှံ့သွားခဲ့သည်။

မဟာယာနနှင့် ပေါင်းစည်းခြင်း စွမ်းအားကြီး ကျင့်ကြံသူများ၊ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် ဝိုင်းရံထားနိုင်ချေ.. ရှိသည့်ကြားမှ လုရီသည် မည်သူမျှ မသိလိုက်ဘဲ တိမ်ဖြူဂိုဏ်းသို့ ပြန်လာနိုင်ခဲ့သည်ဟု ကြားသိရသောအခါ အရှေ့နယ်မြေ တစ်ခုလုံး ဂယက်ရိုက်သွားတော့သည်။

သည်တစ်ခါ လုရီ ဖန်တီးခဲ့သော ဂယက်က တော်တော်ကြီးမားလေသည်။

ပေါင်းစည်းခြင်းစွမ်းအားကြီး ကျင့်ကြံသူ တစ်ဦး၏ လက်ဖဝါးထဲကနေ လွတ်မြောက်လာခဲ့ပြီးနောက် ကျင့်ကြံသူ အားလုံး၏အာရုံစိုက်မှုကို ခံခဲ့ရသည်။

အခန်း ၂၈၄-နှစ်ကိုယ်တူ ကျင့်ကြံလိုသလော...

~လုရီသာ ချင်းကျိုးသို့ ပြန်ရောက်ခဲ့လျှင် အင်အားကြီးဂိုဏ်းကြီးများ၏ ဝိုင်းရံဖမ်းဆီးခြင်းမှ မည်သို့လျှင် လွတ်မြောက်ကာ တိမ်ဖြူဂိုဏ်းသို့ ဘေးမသီ ၊ရန်မခဘဲ ပြန်ရောက်နိုင်မည်နည်း။

အရှေ့နယ်မြေတစ်ခွင်ရှိ ကျင့်ကြံသူအပေါင်းတို့သည် ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံလျက် အမျိုးမျိုး ခန့်မှန်းနေခဲ့ကြသည်။

သို့သော် သူတို့ ခန့်မှန်းနေဆဲတွင် လုရီမှာ အသံတိတ် ဆိတ်ဆိတ်ပင် ပြန်လည်ရောက်ရှိနှင့်နေပြီတည်း။

ဤအရာကား မည်သူမျှ မမျှော်လင့်ထားခဲ့သော ဖြစ်ရပ်တစ်ခုပင်။

ချင်းကျိုးတွင် တပ်စွဲနေသော အင်အားကြီးဂိုဏ်းကြီးများပင် ဤရလဒ်ကို လက်ခံရန် ခက်ခဲနေခဲ့ကြသည်။

သတင်းပျံ့နှံ့ပြီးနောက် ချင်းကျိုးရှိ တိမ်ဖြူဂိုဏ်းနယ်မြေပြင်ပမှ တောင်ကုန်းများ၊ မြေရိုင်းများစွာတို့သည် ဒေါသအမျက်ထွက်၍ မကျေမနပ်ဖြစ်နေသော အင်အားကြီးဂိုဏ်းကြီးများ၏ တိုက်ခိုက်မှုကြောင့် ပြန့်ပြူးညီညာသွားခဲ့ရသည်ဟု ဆို၏။

ကံမကောင်းအကြောင်းမလှစွာပင် မည်မျှပင် ဒေါသထွက်နေစေကာမူ လုရီ တိမ်ဖြူဂိုဏ်းသို့ ပြန်ရောက်နေပြီဟူသော အမှန်တရားကို မည်သူမျှ ပြောင်းလဲ၍မရနိုင်ချေ။

တိမ်ဖြူဂိုဏ်းအတွင်း၌ ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးတစ်ပါး ပုန်းအောင်းနေသည်ဟူသော ကောလာဟလများ ရှိနေသောကြောင့် လုရီအား တိုက်ရိုက် ရန်စရန် မည်သူမျှ မရဲကြပေ။

အချိန်ကြာလာသည်နှင့်အမျှ အင်အားကြီးဂိုဏ်းမှ ကျင့်ကြံသူတို့သည်လည်း ချင်းကျိုးမှ စတင်ထွက်ခွာလာကြကုန်၏။

အမှန်စင်စစ် ချင်းကျိုးတွင် ဆက်လက်နေထိုင်ခြင်းသည် အချည်းနှီးပင်တည်း။

လုရီသည် တိမ်ဖြူဂိုဏ်းသို့ ပြန်ရောက်နှင့်ပြီးဖြစ်၍ အလွယ်တကူ ထွက်ခွာဖွယ်မရှိသောကြောင့် ဆက်နေခြင်းသည် အကျိုးမရှိပေ။

အများဆုံးအားဖြင့် အချို့က စောင့်ကြည့်သူများကို ချန်ထားခဲ့ပြီး လုရီ ဂိုဏ်းမှ ထွက်ခွာလျှင် အကြောင်းကြားစေရန် စီစဉ်ခဲ့ကြ၏။

ခဏတာအတွင်း၌ လုရီကြောင့် ဆူပူလှုပ်ရှားခဲ့သော ချင်းကျိုးသည် ပြန်လည်တည်ငြိမ်အေးချမ်းလာခဲ့လေ၏။

ကျင့်ကြံသူအများအပြား နှစ်သက်စွာ ဆွေးနွေးနေကြသည့်အရာမှာ လုရီသည် အင်အားကြီးဂိုဏ်းကြီးများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို မည်သို့မည်ပုံ ထိုးဖောက်၍ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည်ကို မည်သူမျှ မသိခြင်းပင်တည်း။

အချို့သော အချိန်ကြာမြင့်ပြီးနောက် ဗေဒင်ပညာတွင် ကျွမ်းကျင်သော ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးတစ်ပါးသည် လုရီပတ်လည်ရှိ ကောင်းကင်ယန္တရားကို မြူခိုးများ ဖုံးလွှမ်းနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ တွက်ချက်ရန် ပိုမိုခက်ခဲပြီး စိတ်ကို အတော်လေး ပင်ပန်းစေကြောင်း သတင်းအရင်းအမြစ် တစ်ခုမှ ထုတ်ဖော်ခဲ့၏။

အစွမ်းထက်သော ကာကွယ်ပေးသူတစ်ဦးက လုရီ၏ ကောင်းကင်ယန္တရားကို ကာကွယ်ပေးထားခြင်းကြောင့် သူ တိမ်ဖြူဂိုဏ်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဤ ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးက ‌မိန့်ကြားခဲ့သည်။

ဤသို့ ရှင်းပြချက်ကြောင့် ကျင့်ကြံသူအများအပြားသည် အခြေအနေကို နားလည်သဘောပေါက်ခဲ့ကြပြီး ၎င်းသည် တစ်ခုတည်းသော အဓိပ္ပာယ်ရှိသည့် ရှင်းပြချက် ဖြစ်ခဲ့လေသည်။

အချိန်ကြာသည်နှင့်အမျှ လုရီသည် တိမ်ဖြူဂိုဏ်းအတွင်း၌ ဆိတ်ဆိတ်နေထိုင်လျက် အများပြည်သူရှေ့သို့ ပေါ်မလာတော့သောအခါ သူ့အကြောင်းသတင်းများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ထိတ်လန့်ဖွယ်ရာ သတင်းများ မည်သည့်အခါမျှ မရှားပါးသောကြောင့် လူတို့၏ အာရုံစိုက်မှုသည် တဖြည်းဖြည်း အခြားနေရာများသို့ ပြောင်းလဲသွားခဲ့လေ၏။

တခါတရံမှသာ ကျင့်ကြံသူတို့သည် ထမင်းစားရင်း သို့မဟုတ် လက်ဖက်ရည်သောက်ရင်း လုရီအကြောင်းကို ပြောဆိုကြကုန်၏။

...

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ခြောက်နှစ်တာ ကာလကုန်ဆုံးသွားခဲ့ပြီတည်း။

အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက် လုရီသည် အင်မော်တယ်ဓားသိုင်းကျမ်း အခြေတည် ဝိညာဉ်အခန်းကို နှစ်တစ်ရာ ဝိညာဉ်ခြင်ဆီနှင့် နှစ်တစ်ထောင်ဝိညာဉ်ခြင်ဆီ တို့ကို အသုံးပြု၍ အဆင့်မြင့်သည်အထိ ကျင့်ကြံခဲ့သော်လည်း သူ၏ အဆင့်ချိုးဖြတ်မှုနှုန်းသည် အရင်ကကဲ့သို့ မမြန်ဆန်တော့ချေ။

ခြောက်နှစ်ကြာပြီးနောက် လုရီသည် အခြေတည် ဝိညာဉ် သတ္တမအလွှာသို့သာ အဆင့်ချိုးဖြတ်နိုင်ခဲ့၏။

အခြားကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်မူ ဤအမြန်နှုန်းသည် မှော်ဆန်ဆန် မြန်ဆန်ဆဲပင် ဖြစ်၏။

ဤခြောက်နှစ်တာကာလအတွင်း လုရီ၏ အောင်မြင်မှုတို့ကား ကြီးမားလှပေစွ။

သူသည် အင်မော်တယ်ဓားသိုင်းကျမ်း အခြေတည် ဝိညာဉ်အခန်းကို ဉာဏ်အလင်းပွင့်ကာ ထူးကဲ အဆင့်အထိ တိုးတက်နိုင်ခဲ့လေပြီ။

ထိုမျှမက သူစုဆောင်းထားခဲ့သော ကောင်းကင်နှင့်မြေကြီး ရတနာ အားလုံးကို အကုန်အစင်အသုံးပြု၍ သူ၏ အစစ်အမှန်မီးသန့်စင် စွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ခဲ့သည်။ သူသည် သူ့ကိုယ်ပိုင် အရင်းအမြစ်များကို အသုံးပြုကာ အဆင့်မြင့်လက်နက် အစုံအလင်ကိုပင် သွန်းလောင်းခဲ့၏။

လက်နက်များကို သွန်းလောင်းနိုင်ခြင်းသည် ဤအချိန်တွင် လုရီ၏ လက်နက်သွန်းလောင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ မည်မျှမြင့်မားနေပြီဖြစ်ကြောင်း ဖော်ပြနေပေ၏။

လုရီသည် လျိုနင်ရွှမ်းအတွက် အဆင့်မြင့်လက်နက်တစ်စုံ၊ သုန်းကုန်းမင်ယွဲ့အတွက် အဆင့်နိမ့်လက်နက်တစ်စုံနှင့် ယွင်ရှိီးအတွက် အလယ်အလတ်အဆင့်လက်နက် တစ်စုံတို့ကို သွန်းလောင်းပေးခဲ့သည်။

လုရီက ထိုသုံးဦးအား တူညီသော အရည်အသွေးရှိသည့် လက်နက်များ မပေးလို၍ မဟုတ်ပေ။

သူတို့၏ အစွမ်းအစများ ကွဲပြားကြသောကြောင့် သူတို့ အသုံးပြုသော လက်နက်များမှာလည်း သဘာဝအတိုင်း ကွာခြားမည်ပင်။ သုန်းကုန်းမင်ယွဲ့အား အဆင့်မြင့် လက်နက်များ ပေးခြင်းသည် လက်တွေ့မကျပေ။ သူမသည် ထိုလက်နက်များကို ကြာရှည် အသုံးပြုနိုင်မည် မဟုတ်သဖြင့် အဆင့်နိမ့် လက်နက်များကသာ ပိုမို အသုံးဝင်လိမ့်မည်။

ထို့အပြင် လုရီသည် မင်ရှင်းဝိုင်၏ အဆင့်ကိုအဆင့် ခုနစ် အထိ မြှင့်တင်ခဲ့ပြီး အနီရောင် မီးတောက်ဝိုင်၏ အဆင့်ကိုလည်း အမြင့်ဆုံးအထိ တိုးမြှင့်နိုင်ခဲ့သည်။

အဆင့် ခုနစ် မင်ရှင်းဝိုင်ကို သောက်ပြီးနောက် လုရီသည် သူ့စိတ်အာရုံများ ရှင်းလင်းလန်းဆန်းသွားကာ သူ့ဝိညာဉ် သန့်စင်သွားသကဲ့သို့ ခံစားရ၏။ သူ့မှာ နှလုံးသားနတ်ဆိုး အများအပြား မရှိခဲ့သော်လည်း စိတ်ငြိမ်းချမ်းမှုကို ရှာဖွေခြင်းသည် အမြဲတစေ ကောင်းမွန်သော ကိစ္စပင်။

အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသောအနီရောင် မီးတောက်ဝိုင် ကမူ လုရီအား မီးနယ်ပယ်ကို နားလည်သဘောပေါက်ရာတွင် အကြီးအကျယ် အထောက်အကူပြုခဲ့သည်။ ခြောက်နှစ်အတွင်း သူ၏ မီးနယ်ပယ်နှင့် ပတ်သက်သော ဆက်နွှယ်မှုသည် သုံးဆယ် ရာခိုင်နှုန်း မှ ခြောက်ဆယ် ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့၏။ သူ၏ အစစ်အမှန်မီးသန့်စင် စွမ်းရည်သည် ဤမျှတိုတောင်းသော အချိန်အတွင်း ခပ်မြန်မြန် တိုးတက်လာခြင်းမှာ သူ၏ မီးနယ်ပယ်ကို နားလည်သဘောပေါက်ခြင်းကြောင့် ဖြစ်ပါသည်။

ဤအရာများအပြင် လုရီသည် သူ စားတတ်သော ဝိညာဉ်အစားအစာအချို့ကိုလည်း အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ခဲ့သည်။

အလားတူပင် သူ၏ အခင်းအကျင်းပညာ တိုးတက်မှုသည်လည်း အတော်ပင် ကြီးမားခဲ့သည်။ ထိပ်တန်းအဆင့် အခင်းအကျင်း ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကောင်းကင်နန်းတော်၏ အခင်းအကျင်း တာအို အမွေအနှစ်များကို အပြည့်အဝ နားလည်သဘောပေါက်ပြီးနောက် လုရီသည် အားလုံးကို အဆင့်မြင့်သည်အထိ မြှင့်တင်ခဲ့သည်။ သူ၏ လက်ရှိ အခင်းအကျင်း တာအို နယ်ပယ်သည် သူ အင်မော်တယ်ဓားသိုင်းဂိုဏ်း အပျက်အစီးများအတွင်းသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ်ကထက် ပိုမို အစွမ်းထက်ခဲ့လေပြီ။

ဤအောင်မြင်မှုများအပြင် အင်မော်တယ်နိယာမကို သူ၏ သိုင်းစွမ်းရည်များအတွင်းသို့ ပေါင်းစပ်ခဲ့ရာ၌ နည်းစနစ်အသစ်များ ထုတ်ယူခြင်းနှင့် တီထွင်ဖန်တီးခြင်းများတွင် ကနဦးအောင်မြင်မှုများ ပြသခဲ့၏။

အင်မော်တယ်နိယာမသည် သူ၏ ရုပ်ခန္ဓာနှင့် ကောင်းစွာ ကိုက်ညီသောကြောင့် သဘာဝအတိုင်းပင် ကောင်းကင်မိုးကြိုး အစစ်အမှန် နဂါး သိုင်းနည်းစနစ်ကို ပြုပြင်ပြောင်းလဲရန် လုရီ၏ ပထမဆုံး ပစ်မှတ် ဖြစ်လာခဲ့သည်။

လုရီသည် ရုတ်ချည်း ဉာဏ်အလင်း ရရှိမှုအားအကြိမ်ကြိမ် အသုံးပြုခဲ့ပြီး၊ အင်မော်တယ်ဓားကျမ်း၏ စစ်မှန်သောရည်ရွယ်ချက်ကိုပါ ကိုးကား၍၊ ကောင်းကင်မိုးကြိုး အစစ်အမှန်နဂါးကျမ်းနှင့် ကနဦးပေါင်းစပ်ပြောင်းလဲခြင်းကို အောင်မြင်ခဲ့သည်။

ပြောင်းလဲပြီးသော ကောင်းကင်မိုးကြိုးအစစ်အမှန်နဂါး ကျမ်းသည် ယခုအခါ ကောင်းကင်မိုးကြိုး၏စွမ်းအား၊ အစစ်အမှန် နဂါး၏ခန္ဓာကိုယ်နှင့် အင်မော်တယ်ခန္ဓာကိုယ်တို့ကိုပါ ပိုင်ဆိုင်သွားလေပြီ။

လက်ရှိ ပြောင်းလဲထားသော ကောင်းကင်မိုးကြိုး အစစ်အမှန် နဂါးကျမ်းကို မူလ ကောင်းကင်မိုးကြိုးအစစ်အမှန် နဂါး ကျမ်းအဖြစ် မမှတ်ယူနိုင်တော့သောကြောင့် လုရီသည် ၎င်းအား နာမည်ပြောင်းလဲခဲ့သည်။ သူသည် ထိုကျမ်းကို အင်မော်တယ်မိုးကြိုးနဂါးကျင့်စဉ်ဟု ခေါ်ဆိုခဲ့သည်။

အင်မော်တယ်နိယာမ စွမ်းအားမျှင်ကို ပေါင်းစပ်ပြီးနောက် အင်မော်တယ်မိုးကြိုး နဂါးကျင့်စဉ်သည် ပိုမို၍ပင် အစွမ်းထက်လာခဲ့သည်။

အင်မော်တယ်ကျမ်းနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း၊ ၎င်းသည် အဆင့်အမြင့်ဆုံး ကိုယ်ခန္ဓာသန့်စင်ရေး ကျင့်စဉ်တစ်ရပ်ပင် ဖြစ်နေဆဲပင်။

အကယ်၍ လုရီသည် နောင်တွင် ကံကြမ္မာကောင်းများ ကြုံတွေ့ရပါက၊ သူ၏ကိုယ်ခန္ဓာသန့်စင်ရေး အင်မော်တယ်ကျမ်းကို ဖန်တီးနိုင်ပေလိမ့်မည်။

ဤအတွေးနှင့်အတူ လုရီသည် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားခဲ့သည်။

မည်သည့် ကျင့်ကြံသူက အခြေတည် ဝိညာဉ်အဆင့်တွင် အင်မော်တယ်သိုင်းကျမ်းကို စတင်ဖန်တီးနိုင်မည်နည်း။

ကျင့်စဉ်တစ်ခုကို ဖန်တီးခြင်းလုပ်ငန်းစဉ်သည် ဉာဏ်အလင်းရရှိခြင်း လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ လုရီသည် တာအိုကို နားလည်ပြီး ကောင်းကင်နှင့် မြေကြီးနှင့်ပေါင်းစည်းသောအခါ၊ သူသည် သူ၏ယုံကြည်မှုကိုပါ တည်ဆောက်ခဲ့သည်။

နောင်တွင် သူသည် သေချာပေါက် ပိုမို၍ပင် တိုးတက်လာလိမ့်မည်။

အင်မော်တယ်မိုးကြိုး နဂါးကျင့်စဉ်ကို ဖန်တီးပြီးနောက် လုရီ၏ရုပ်ခန္ဓာ၏ ကြံ့ခိုင်မှုသည် တစ်ဖန်ပြန်လည်တိုးတက်လာခဲ့သည်။ ယခုမည်မျှအထိ သန်မာလာသည်ကို လုရီပင် အသေအချာမသိသေးပေ။

ဤခြောက်နှစ်တာကာလအတွင်း လုရီသည် သူ၏ ပုံမှန် သိုင်းပညာဖလှယ်မှု အလုပ်များကိုလည်း လျစ်လျူမရှုခဲ့ပေ။

ဤ သိုင်းပညာဖလှယ်မှု အလုပ်များအတွက် အဓိက လက်တွဲဖော်တို့မှာ သဘာဝအတိုင်း သူ၏ စီနီယာ အစ်မနှင့် ဂျူနီယာညီမငယ်တို့ပင် ဖြစ်ကြ၏။ သူတို့၏ ကျင့်စဉ်နှင့် အယူအဆများသည်လည်း တိုးတက်လာခဲ့ပြီး သိုင်းပညာဖလှယ်မှုအလုပ်များမှ ရရှိသော ဆုလာဘ်များသည်လည်း အကြိမ်တိုင်း တိုးမြင့်လာခဲ့သည်။

မိုးကြိုးနှင့် ရေခဲနယ်ပယ်တို့မှ သိုင်းပညာဖလှယ်မှုအလုပ် ဆုလာဘ်တိုင်းသည် ယခင်ကထက် သာလွန်နေခဲ့သည်။

လုရီ.. သူ၏ ချဉ်းကပ်မှု မှန်ကန်သည်ကို နားလည်သွားသည်။ သူ၏ စီနီယာ အစ်မနှင့် ဂျူနီယာညီမငယ်ကို ကူညီပေးခြင်းဖြင့် သူတို့သည် သိုင်းပညာဖလှယ်မှု အလုပ်များမှတစ်ဆင့် အကောင်းမြင် တုံ့ပြန်မှုများ ပြန်လည်ပေးခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသော စက်ဝန်း တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ခြောက်နှစ်တာ ကျင့်ကြံမှုနှင့် လေ့ကျင့်မှုက

လုရီ၏ ရေခဲနယ်ပယ်ကို ရေခဲ ပိုင်နက် အဆင့်အထိ ရောက်ရှိစေခဲ့သည်။သူ၏ ဒုတိယမြောက် ပိုင်နက် စွမ်းအားပင်တည်း။

သူ၏ မိုးကြိုးနယ်ပယ်သည်လည်း ကိုးဆယ့်ရှစ် ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီ ဖြစ်၍ နယ်မြေတစ်ခု ရရှိရန် သိပ်မဝေးတော့ချေ။

သို့သော် မိုးကြိုးနယ်ပယ်ကို နားလည်သဘောပေါက်ခြင်းမှာ ရေခဲနယ်ပယ်ထက် အနည်းငယ် နှေးကွေးခဲ့ပြီး ၎င်းကို မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ အမှန်စင်စစ် သူ၏ စီနီယာအစ်မ၏ ရေခဲနယ်ပယ်သည် ဆက်တိုက် ဉာဏ်အလင်းပွင့်ခဲ့သည်။ တနှစ်အစောပိုင်းကတည်းက ပိုင်နက်အဆင့်သို့ ရောက်ရှိနေပြီး သူ၏ ညီမငယ်ထက် ပိုမိုအစွမ်းထက်ခဲ့သဖြင့် စီနီယာအစ်မ၏ ဆုလာဘ်များသည် သဘာဝအတိုင်း ပိုမို ကြွယ်ဝခဲ့ပါသည်။

ဤသို့ဆိုခြင်းအတွက် လျိုနင်ရွှမ်းတွင် အရည်အချင်း ပိုမိုများပြားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

သုန်းကုန်းမင်ယွဲ့သည် ကျင့်ကြံမှုအတွက် အချိန်နည်းနည်းသာ ပေးခဲ့၍သာ ဖြစ်၏။

သို့ဖြစ်လင့်ကစား သုန်းကုန်းမင်ယွဲ့၏ မိုးကြိုးနယ်ပယ်သည် ကိုးဆယ့်ရှစ် ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပြီး ရွှေအူတိုင် ဆယ့်သုံးလွှာသို့ အဆင့်တက်ခဲ့သေးသည်။

သုန်းကုန်းမင်ယွဲ့၏ နားလည်သဘောပေါက်မှုနှုန်းသည် လျိုနင်ရွှမ်း၏ အစောပိုင်းနေ့များကထက်ပင် သာလွန်ခဲ့သည်။ အမှန်စင်စစ် လျိုနင်ရွှမ်းသည် အခြေတည် ဝိညာဉ်အဆင့်တွင် ရှိစဉ်က သူမ၏ ရေခဲနယ်ပယ်၌ ရှစ်ဆယ် ရာခိုင်နှုန်း သာ ရောက်ရှိခဲ့သေးသည်။

ဟုတ်ပါသည်၊ ဤအတွက် အဓိက အကြောင်းရင်းတစ်ခုမှာ လုရီက သုန်းကုန်းမင်ယွဲ့အတွက် ပံ့ပိုးပေးခဲ့သော အရင်းအမြစ်များ အကူအညီလည်း အပါအဝင်ပါပဲ။ လျိုနင်ရွှမ်းသည် ရွှေအူတိုင်အဆင့်တွင် ရှိစဉ်က ထိုသို့သော အရင်းအမြစ်များ မသုံးစွဲခဲ့ရပေ။

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့အပြင် ယွင်ရှိီးသည်လည်း သဘာဝအတိုင်း လုရီ၏ အခြားသော ကျင့်ကြံဖော် တစ်ဦးပင် ဖြစ်သည်။

အခန်း ၂၈၅-အင်မော်တယ်အဆင့်တာဝန်နှင့် ရင်ဆိုင်ရခြင်း...

~ချင်ကျိုးတိုက်ပွဲကြီး ပြီးဆုံးသွားသည့်နောက် ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲဆောင်းရာသီတောင်ကြား၊ ဝမ်ကျန်းစံအိမ်နှင့် တိမ်ဖြူဂိုဏ်းတို့အကြား ချစ်ကြည်ရင်းနှီးမှု ကြိုးများ ပိုမိုခိုင်မာလာခဲ့သည်။

ထိုအခါ ဂိုဏ်းအသီးသီးမှ တပည့်တို့သည် အခါအားလျော်စွာ တွေ့ဆုံကြကာ၊ ကိုယ်စီပိုင်ဆိုင်သည့် အသိပညာ ဗဟုသုတတို့ကို ပွင့်ပွင့်လင်းလင်း ဖလှယ်၊ ဝေမျှလေ့ရှိကြ၏။

လုရီ ပြန်ရောက်လာပြီးနောက်ပိုင်းတွင် ယွင်ရှီး သည် တိမ်ဖြူဂိုဏ်းသို့ အခါအားလျော်စွာ လည်ပတ်လာတတ်သည်။

ယွင်ရှီး ၏ နှုတ်ဖျားမှ ထွက်ကျလာသော စကားလုံးတို့မှာမူ "လွမ်းလို့၊ တွေ့ချင်လို့" ဟူသော ရိုးရှင်းလှသည့် စကားလုံးများသာ။

သို့သော် ယွင်ရှီး လာရောက်လည်ပတ်တိုင်း

သုန်းကုန်းမင်ယွဲ့မှာ အေးစက်စက် မျက်နှာထားဖြင့် ကြိုဆိုတတ်သည်ဖြစ်ရာ ထိုနှစ်ဦးသား မကြာခဏဆိုသလို အချေအတင် ငြင်းခုံကြသည်။

ယွင်ရှီး က တည့်တည့်မတ်မတ် စကားပြောတတ်သူပီပီ၊ သုန်းကုန်းမင်ယွဲ့ကို စကားတစ်ခွန်းမှ ပြန်မပြောနိုင်အောင် မှတ်ချက်များ ပေးတတ် လေသည်။

သို့သော် လုရီ က ယွင်ရှီး အတွက် ပြင်ဆင်ပေးထားခဲ့သော သစ်သားဝိဉာဉ်ပုလဲ ၏ အစွမ်းသတ္တိကြောင့် ယွင်ရှီး၏ သဘာဝနယ်ပယ် သည် ကိုးဆယ်ရာခိုင်နှုန်း ကျော်အထိ လျင်မြန်စွာ တိုးတက်လာခဲ့ပါသည်။

ဤအကြောင်းကြောင့်ပင် သိုင်းပညာ ဖလှယ်ခြင်း ဆုလာဘ် များသည်လည်း များစွာ တိုးပွားလာခဲ့ရချေပြီ။

လုရီ ၏ သဘာဝနယ်ပယ် မှာလည်း ထိုသိုင်းပညာ ဖလှယ်ခြင်းများအတွင်း သိသိသာသာ အားကောင်းလာခဲ့ရာ ကိုးဆယ့်ကိုး ရာခိုင်နှုန်း သို့ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့လေပြီ။

ယွင်ရှီး က တိမ်ဖြူဂိုဏ်းတွင် မကြာခဏဆိုသလို ပျောက်ကွယ်နေတတ်သည်ဖြစ်၍ သူ၏ ညီမငယ်များနှင့် ယှဉ်လျှင် သိုင်းဖလှယ်မှု နည်းပါးခဲ့သည်သာ မဟုတ်ပါက၊ သူ့၏ သဘာဝနယ်ပယ် သည် အနည်းဆုံး ပြည့်စုံခြင်းအဆင့်သို့ ကူးပြောင်းနိုင်ပါမည်။ ပိုင်နက်အဆင့်သို့ပင် တက်လှမ်းရန် စတင် ကြိုးစားနိုင်လိမ့်မည်။

သို့သော်လည်း သူ့လက်ရှိ အခြေအနေကို အတော်အတန် ကျေနပ်နေပါသည်။

ထို့အပြင် ဟန်ယွီသည်လည်း လုရီ နှင့် တစ်ခါတစ်ရံ ကြုံလျှင် ကြုံသလို လာရောက်ကာ ဝိုင်သောက်၊ စကားပြောတတ်ပါသည်။

သူတို့နှစ်ဦးသား သိုင်းဖလှယ် တတ်ကြပါသည်။

လုရီ က အရင်က ပေးခဲ့သော ရေခဲဝိဉာဉ်အရည်၏ ကျေးဇူးကြောင့် ဟန်ယွီ၏ ရေခဲနှလုံးသား သည် သိသိသာသာ တိုးတက်လာ၏။လုရီ ၏ ရေခဲပိုင်နက်သို့ မြန်မြန်ဆန်ဆန်အဆင့်တက်မှုအတွက် ဟန်ယွီက အရေးပါသော တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ စီနီယာအစ်မ

ကျင့်ကြံရန် တံခါးပိတ်ကျင့်ကြံနေချိန်တိုင်း လုရီသည် ဟန်ယွီနှင့် သိုင်းဖလှယ်ရင်း ရေခဲနှလုံးသား ၏ နက်နဲသော သဘောတရားကို ပိုမိုနားလည်သဘောပေါက်အောင် ကြိုးပမ်းခဲ့သောကြောင့်ပင်။

ထို့မှတစ်ပါး လုရီ သည် တိမ်ဖြူဂိုဏ်းမှ အစ်ကိုမောင်နှမအချို့၊ အထူးသဖြင့် နန်းကုန်းမိုယွီတို့နှင့်လည်း အခါအားလျော်စွာ သိုင်းဖလှယ်လေ့ရှိသည်။ လုရီ အဆင့်တက်စဉ်က တာအိုအလင်းရောင်မှတစ်ဆင့် မီးနယ်ပယ် ကို သိမြင်ခဲ့ရာ နန်းကုန်းမိုယွီနှင့် သိုင်းဖလှယ်ခြင်းသည် လုရီ အား မီးနယ်ပယ် ကို ပိုမိုနားလည်စေရန် အထောက်အကူပြုခဲ့သည်။

ဟုတ်ပါသည်၊ ဤသဘောတရားများအပြင် သိုင်းပညာ ဖလှယ်ခြင်း ဆုလာဘ် ၏ အဓိက အကျိုးကျေးဇူးများမှာ အမျိုးမျိုးသော ဝိဉာဉ်ခြင်ဆီနှင့် ဝိဉာဉ်နှင်းရည်များ ပါဝင်ပါသေးသည်။

သူ၏ ကျင့်ကြံရေးအရင်းအမြစ်များအားလုံးကို ဤနည်းလမ်းဖြင့် ရရှိခဲ့ခြင်းသာ ဖြစ်၏။

ဤမျှ အဖိုးတန်သည့် အရင်းအမြစ်များ မရှိခဲ့ပါက လုရီ ၏ ကျင့်ကြံမှုအမြန်နှုန်းသည် ဤမျှ လျင်မြန်နိုင်မည်မဟုတ်သည်မှာ သေချာလှသည်။

လက်ရှိအချိန်တွင် လုရီ သည် ကျင့်ကြံမှုတာဝန်များမှ ရရှိသော အမြင့်ဆုံး ကျင့်ကြံမှုအရင်းအမြစ်ကို လျူနင်ရွှမ်းထံမှ ရရှိခဲ့သည်။

၎င်းမှာ နှစ်တစ်ထောင် ဝိဉာဉ် ခြင်ဆီဖြစ်ပြီး လုရီ ၏ လက်ရှိ ကျင့်ကြံမှုလိုအပ်ချက်များနှင့် တထပ်တည်းကျနေခဲ့သည်။

လင်းလောင်တောင်ထိပ် မှ အခြားသော အခြေတည်ဝိဉာဉ် အဆင့် ညီအစ်ကိုမောင်နှမများထံမှ ရရှိသော သိုင်းပညာ ဖလှယ်ခြင်း ဆုလာဘ် များသည်လည်း နှစ်တစ်ထောင် ဝိဉာဉ်အရိုးခြင်ဆီများပင်ဖြစ်သော်လည်း ပမာဏမှာ သူ့စီနီယာအစ်မထံမှ ရရှိသည်နှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးလှသည်။ စီနီယာအစ်မထံမှဆိုလျှင် တစ်ကြိမ်လျှင် အစက်ငါးဆယ်ခန့် ရရှိနေသည်တကား။

အခြားညီအစ်ကိုမောင်နှမများထဲတွင်

နန်းကုန်းမိုယွီထံမှ အများဆုံးရရှိသော်လည်း ငါးစက်ခန့်သာဖြစ်ရာ များစွာကွာခြားလှသည်။

မည်သို့ပင်ဆိုစေ လုရီ ၏ ကျင့်ကြံရေးအတွက်မူ လုံလောက်သည်ထက်ပင် ပိုခဲ့သည်။

ဤသည်မှာ လုရီ ၏ ကျင့်ကြံမှု တည်ငြိမ်အေးချမ်းစွာ တိုးတက်နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေတော့သည်။

တစ်နေ့တွင် လုရီ တရားထိုင် ကျင့်ကြံနေစဉ် အပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ညီလေးလု၊ ငါပြန်ရောက်ပြီ! ဂူစံအိမ်ထဲမှာလား"

လုရီ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ဝိဉာဉ်အလင်းတန်းများ စူးရှစွာ ဖြာထွက်လာသည်။ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။ ဤအသံကို သူ အလွန်ရင်းနှီးနေသည်။

၎င်းသည် အစ်ကိုကြီး ကျန့်ဖန်၏ အသံပင်။

ကျန့်ဖန်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က အစ်ကိုကြီး ပိုင်ယွီလုံနှင့် ထျဲ့မန်တို့ကို ခေါ်ပြီး အပြင်ဘက်ကို အတွေ့အကြုံရှာဖို့ ထွက်သွားခဲ့တာလေ။

အခု ပြန်ရောက်လာပြီလား။

လုရီ ၏ ရင်ထဲ၌ အံ့သြမှုလှိုင်းလုံးတစ်ခု ရိုက်ခတ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အစ်ကိုကြီး

ကျန့်ဖန်၊ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့နှင့်အတူတကွ အပြင်စည်းမှ အတွင်းစည်းဂိုဏ်းသို့ တက်လှမ်းခဲ့ကြသည်ဖြစ်ရာ သူတို့အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။ သူတို့ပြန်လာသည်ကို လုရီ အလွန်ပင် ဝမ်းမြောက်မိ၏။

သူ နေရာမှ ပျောက်ကွယ်သွားကာ ဂူအိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ကျန်းဖန်၊ ပိုင်ယွီလုံနှင့် ထျဲမန်တို့ သုံးယောက်သား တံခါးဝတွင် မတ်မတ်ရပ်နေကြသည်ကို တွေ့မြင်လိုက်ရသည်။

သုံးယောက်သား၏ ပုံပန်းသဏ္ဍာန်မှာ သိပ်မပြောင်းလဲသေးပေ။ ကျန့်ဖန်သည် ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်း၊ မျက်နှာတွင် ပျင်းရိသော အပြုံးနှင့် စိတ်နေသဘောထား နူးညံ့သိမ်မွေ့နေဆဲပင်။

ပိုင်ယွီလုံသည်မူ အရင်အတိုင်း ခမ်းနားထည်ဝါကာ ခေါင်းမှ ခြေဖျားအထိ အဖြူရောင်ဝတ်စုံနှင့် ဖိနပ်၊ ဆံထိုးအထိကို အဖြူရောင်ပင် ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်ကို အမြဲတစေ ဝှေ့ယမ်းနေတတ်သည်။

ထျဲ့မန်သည်မူ အမြဲလိုလို ရိုးသားဖော်ရွေသော အသွင်ရှိကာ သူ၏ အရပ်အမောင်း မြင့်မားသော ကိုယ်လုံးကိုယ်ထည်သည် ပို၍ပင် ခံ့ညားထွားကျိုင်းလာသည်။ လူ့ဘီလူးတစ်ပါးနှယ် ထင်မှတ်ရ၏။

သို့သော် သူတို့၏ စွမ်းအင်အရှိန်အဝါများတွင်မူ သိသာထင်ရှားသော ပြောင်းလဲမှုများ ရှိနေခဲ့သည်။ ကျန့်ဖန်သည် နက်ရှိုင်းသော ရေကန်ကဲ့သို့ ငြိမ်သက်တည်ငြိမ်နေပြီး ပိုင်ယွီလုံသည် သူ့ပတ်လည်တွင် လေပြေညင်းလေးများ ဝဲပျံနေသည်။ ထျဲ့မန်သည်မူ တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်ခိုင်မာပြီး မြေကြီးနှင့် ပေါင်းစပ်နေသကဲ့သို့ပင်။

ဆယ်စုနှစ်တစ်ခု ကုန်လွန်သွားခဲ့ပြီဖြစ်ရာ သုံးယောက်သားစလုံး ရွှေအူတိုင် အဆင့် သို့ ရောက်ရှိနေကြပြီ။

ကျန့်ဖန်သည် အမြင့်ဆုံး ကျင့်ကြံမှုအခြေခံကို ပိုင်ဆိုင်ထားပြီး ရွှေအူတိုင် ပဉ္စမအလွှာ သို့ ရောက်နေပြီ။ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့မှာ ရွှေအူတိုင် စတုတ္ထ အလွှာတွင် ရှိနေပြီး သူတို့၏ စွမ်းအင်အရှိန်အဝါများ မတည်မငြိမ်ဖြစ်နေသည်မှာ မကြာသေးမီကမှ အဆင့်တက်ထားခြင်းကို သက်သေပြနေသကဲ့သို့ပင်။

လုရီ ကို အံ့သြစေဆုံးမှာမူ ထိုသုံးယောက်စလုံးက အယူအဆများကို နားလည်သဘောပေါက်ထားခြင်းပင်။

ကျန့်ဖန်အတွက်မူ ဖြစ်သင့်သည်ပင်။

သူသည် မူလကတည်းက ရေဝိဉာဉ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ရေဓါတ်အယူအဆကို နားလည်သဘောပေါက်သည်မှာ မဆန်း။ သို့သော် ပိုင်ယွီလုံနှင့် ထျဲ့မန်တို့၏ သာမန်ကိုယ်ခန္ဓာများကပါ မမျှော်လင့်ဘဲ အယူအဆများကို နားလည်သဘောပေါက်နေကြသည်မှာ အံ့အားသင့်ဖွယ်ရာပင်။

သူတို့၏ အယူအဆများမှာ အားနည်းနေသေးပြီး ကျန့်ဖန်၏ သဘောတရားမှာ တစ်ဆယ်ရာခိုင်နှုန်း ခန့် ပိုမိုအားကောင်းနေသည်။ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့မှာမူ ယခုမှ အယူအဆများကို စတင်နားလည်စသာ ရှိသေးပြီး တစ်ဆယ် ရာခိုင်နှုန်းတောင် မပြည့်သေးသော်လည်း ၎င်းမှာ အံ့သြစရာပင်။

အဘယ်ကြောင့်ဆိုသော် ရွှေအူတိုင် အဆင့် တွင် အယူအဆများကို ယခုမှ စတင်နားလည်သဘောပေါက်လျှင်ပင် အရှေ့တိုင်းနယ်မြေ တစ်ခုလုံး၌ ပါရမီရှင်များအဖြစ် ဂုဏ်ယူစွာ သတ်မှတ်နိုင်သောကြောင့်တည်း။

ထိုသုံးဦး၏ မွေးရာပါ အရည်အချင်းများသည် အားမနည်းသော်လည်း တိမ်ဖြူဂိုဏ်းမှ တပည့်များနှင့် နှိုင်းယှဉ်လျှင် ပုံမှန်အဆင့်ထက် အနည်းငယ်သာ မြင့်သည်။ အရှေ့နယ်မြေ တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင်မူ အတော်အတန် သာမန်ဆန်သည်။ သို့သော်ငြားလည်း သူတို့၏ ပြောင်းလဲသွားမှုက ပို၍ပင် အံ့အားသင့်ဖွယ်ရာ ကောင်းစေခဲ့သည်။

လုရီ သည် ကျန်းဖန်ကို ကြည့်ရင်း ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။

'ဖန်' ဟူသော အမည်နှင့် လိုက်အောင်ပင် ထိုသုံးဦးသည် သူတို့၏ စွန့်စားခန်းများအတွင်း ကြီးမြတ်သော အရာများစွာကို ရရှိခဲ့ပုံရသည်။

လုရီ၏ ချောမောခန့်ညားသော မျက်နှာထက်ဝယ် နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

"အစ်ကိုကြီးတို့၊ ကြာပြီနော် မတွေ့တာ။ ခင်ဗျားတို့ရဲ့ အတွေ့အကြုံတွေက ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပုံရတယ်။ ခင်ဗျားတို့ သုံးယောက်စလုံး ရွှေအူတိုင်အဆင့် ကို ရောက်ရုံသာမက အယူအဆတွေကိုပါ နားလည်သဘောပေါက်နေပြီ။ အရှေ့နယ်မြေတစ်ခုလုံးရဲ့ စံနှုန်းတွေနဲ့တောင်ဆို ခင်ဗျားတို့ကို ပါရမီရှင်တွေလို့ ဂုဏ်ယူစွာ သတ်မှတ်နိုင်ပါတယ်ဗျာ။"

သုံးယောက်သားလည်း လုရီကို မြင်သောအခါ ပြန်လည်ပြုံးပြကြသည်။

လုရီ ၏ စကားကို ကြားသောအခါ ပိုင်ယွီလုံသည် သူ၏ ခေါက်ယပ်တောင်ကို အားပါးတရ ခတ်လိုက်ပြီး အနည်းငယ် ဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။

"ဟားဟားဟား၊ ငါတို့ ညီလေး အံ့သြသွားမယ်လို့ ငါမပြောခဲ့ဘူးလား။ ဒီနှစ်တွေရဲ့ အသက်နဲ့လဲရတဲ့ အတွေ့အကြုံတွေက အလကား မဖြစ်ခဲ့ပါဘူးကွာ။"

All Chapters