အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း ၂၈၆-အင်မော်တယ်အဆင့်တာဝန်နှင့် ရင်ဆိုင်ရခြင်း...
~ထျဲ့မန်သည် သူ့ခေါင်းကို ကုတ်ရင်း ဖြူစင်စွာ ပြုံးပြလိုက်သည်။
ထိုစဉ် ကျန့်ဖန်လည်း.. အသာပြုံးရင်း ပြောလာ၏။
“ငါလည်း တိုးတက်မှုအချို့တော့ ရခဲ့ပါပြီ။ ဒါပေမဲ့ ညီလေးရဲ့ စွမ်းဆောင်မှုတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး”
ထိုစကားကို ကြားရသောအခါ ပိုင်ယွီလုံပင် ခေါင်းကို အသာညိတ်ကာ လုရီကို
အံ့ဩတကြီး စူးစိုက်ကြည့်ရင်း..ဖွင့်ဟလာ၏။
“လွန်ခဲ့တဲ့.. ခြောက်နှစ်ကတည်းက ညီလေးက ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူကို သုတ်သင်နိုင်ခဲ့တယ်ဆိုတာ တကယ်ကို စိတ်ကူးမယဉ်နိုင်စရ
ာပါပဲ။ ဒီသတင်းကို ပထမဆုံးကြားတုန်းက နားကြား မှားတယ်လို့တောင် ထင်ခဲ့မိတယ်”
ထိုအခါ လုရီသည် နူးညံ့စွာ ပြုံးရင်း ...
“အဲ့ဒါကလည်း အထူး နည်းလမ်းအချို့ကို သုံးခဲ့လို့ပါဗျာ၊ အစ်ကိုတို့၊ ကြွပါဦး၊ အထဲမှာ ထိုင်ပါ၊ ဒီရက်ပိုင်း ကျွန်တော် ဝိညာဉ် အစာသစ်တွေနဲ့ ဝိညာဉ် ဝိုင်အသစ်တွေ ဖန်တီးထားတယ်၊ အစ်ကိုတို့ သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်”
ထိုစကားသံကို ကြားရသည်နှင့် သုံးဦးသား၏ မျက်နှာများ ဝင်းခနဲ ဖြစ်သွားကြသည်။
ထျဲ့မန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အပြင်ရောက်နေတုန်းက အလွမ်းဆုံးက
ညီလေးရဲ့ဝိုင်ပဲ။ ဒီနေ့ ပြန်ရောက်ပြီဆိုတော့ နောက်ဆုံးတော့ ပြန်သောက်ရပြီပေါ့”
ထိုစဉ် ကျန့်ဖန်လည်း ပြုံးလျက် ခေါင်းညိတ်သည်။
“ဒါဆိုရင် ငါတို့လည်း အားမနာတော့ဘူး”
သုံးဦးသား ဂူစံအိမ်အတွင်းသို့ ခြေချဝင်ရောက်လာသည်နှင့် လုရီသည် ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာများကို ချက်ချင်းပင် တည်ခင်းလိုက်၏။
လေးယောက်သား ဝိုင်းဖွဲ့စားသောက်ရင်း မပြတ်စကားစမြည် ပြောဆိုနေကြသည်။ လုရီလည်း အစ်ကိုသုံးဦး၏ မကြာသေးခင်နှစ်များက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို စိတ်ဝင်တစား နားထောင်နေ၏။
သူသည် ပုံမှန်အားဖြင့် ပြင်းပြင်းထန်ထန် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်၊ တိုက်ပွဲဝင်ရန် အိမ်မှ ထွက်ခွာဖို့ပင် မလိုအပ်ခဲ့ပေ။ အကယ်၍ သူ ထွက်ခွာခဲ့ပါက အမြဲလိုလို ပြဿနာကြီးကြီးမားမား ဖြစ်တတ်သည်မို့ အများအားဖြင့် အိမ်တွင်သာ ဆိတ်ငြိမ်စွာ နေလိုခဲ့သည်။
သို့သော်လည်း ထိုအရာက ..လုရီကို အပြင်ဘက်ရှိ အခြားသော ကျင့်ကြံသူများ၏ ပုံမှန်ကျင့်ကြံမှု အတွေ့အကြုံများ၊ သိုင်းလောက၏ ညီနောင်သံယောဇဉ်၊ မကျေနပ်ချက်များအတွက် ချက်ချင်းလက်တုံ့ပြန်မှု၊ လွတ်လပ်ပေါ့ပါးသော ဘဝတို့အပေါ် ... စူးစမ်းလိုစိတ်ကို မတားဆီးနိုင်ခဲ့ပေ။
သူပင်လျှင် ထိုအရာများအပေါ် တစ်စုံတစ်ရာ တောင့်တစိတ် ခံစားနေရ၏။
သို့သော်လည်း ထိုအရာများသည် သူနှင့် အနည်းငယ် ကွာဝေးနေသေးသလို။
လူလေးယောက်သား ဝိုင်သောက်ရင်း ကျန့်ဖန်နှင့် အခြားနှစ်ဦးတို့သည် သူတို့၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို တစ်လှည့်စီ ပြောပြကြသည်။
သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့ ဂိုဏ်းတံခါးများ ပိတ်ပြီးနောက် သူတို့သုံးဦးသည် တိမ်ဖြူဂိုဏ်းမှ ခွာ၍ အရှေ့ဘက်သို့ ဦးတည်ကာ ကျင့်ကြံရေး ခရီးရှည်ကြီးကို စတင်ခဲ့ကြသည်။
ခရီး တစ်လျှောက်တွင် သူတို့သည် တကယ်ပင် အသက်နှင့်ဘဝ ရင်းနှီးရသော တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ တောင်တန်းများအတွင်း ကောင်းကင်နှင့် မြေကြီး ရတနာများကို ရှာတွေ့ခဲ့သောကြောင့် ရွှေအူတိုင် ကျင့်ကြံသူများ၏ သည်းကြီးမည်းကြီး
ဖမ်းဆီးခြင်းကိုပင် ခံခဲ့ကြရ၏။
“ဟူး....ညီလေး လုက အရင်က အဖိုးတန်တဲ့ မှော် ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကို ပေးခဲ့လို့ ကံကောင်းတာ။ မဟုတ်ရင် ငါတို့ အပြင်မှာ သေသွားတာ ..ကြာလှပြီ”
ပိုင်ယွီလုံက သက်ပြင်းချရင်း ပြောလိုက်ခြင်းပါ။
ထျဲ့မန်လည်း ခေါင်းညိတ်ကာ ဖွင့်ဟလာ၏။
“အပြင်ဘက်က အရမ်းကို အန္တရာယ် များတယ်။ ချင်းကျိုးမှာဆို ငါတို့ ဂိုဏ်းရဲ့ အကာအကွယ်
ရှိ သေးတယ်ကွာ၊ ဒါပေမဲ့ ချင်းကျိုးကနေ ထွက်သွားတာနဲ့ ငါတို့ ဂိုဏ်းကို ဘယ်သူမှ မသိကြဘူး လေကွာ၊ နည်းနည်းလောက်လေး. ဂရုမစိုက်တာနဲ့ ရွှေအူတိုင် ကျင့်ကြံသူတွေရဲ့ အမဲဖျက်ခံရနိုင်တယ်...”
ထိုစဉ် ကျန့်ဖန်က ထိုအရာကို အလေးအနက်မထားဘဲ တစ်ချက် ရယ်ပြီး...ဝင်ရောက်ပြောဆိုလာသည်။
“ဟီးဟီး...အဲဒီရွှေအူတိုင် ကျင့်ကြံသူတွေရဲ့ ဖိအားပေးတာသာ မခံရရင် ငါတို့ရဲ့အလားအလာတွေ ပေါ်လာမှာမဟုတ်ဘူး၊ ခုလောက် မြန်မြန် တိုးတက်လာမှာ မဟုတ်ဘူး လေကွာ”
ထိုစကားအား ပိုင်ယွီလုံနှင့် ထျဲ့မန်တို့သည်
စိတ်မပါလက်မပါ.. ခေါင်းညိတ်လိုက်ကြသည်။
ထိုသို့ ပြင်းထန်သော ဖိအားများအောက်တွင်
သူတို့တွေ မည်မျှလောက် အမြန် တိုးတက်လာခဲ့သည်ကို သဘာဝအတိုင်း နားလည်ထားကြကြသည်လေ။
ထို့နောက် ပိုင်ယွီလုံသည် ကူကယ်ရာမဲ့စွာ မှတ်ချက်ပေးလိုက်သည်။
“ငါတို့တွေက ဂျူနီယာညီလေးလို ထူးဆန်းတဲ့သူတွေမှ မဟုတ်တာ။ တိုးတက်ချင်ရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ”
ထို့နောက် သူတို့သည် စကားလက်စကို ဆက်လက် ပြောဆိုပြန်သည်။
မူလကတည်းက သုံးဦးစလုံးသည် ရွှေအူတိုင် နယ်ပယ်သို့ ရောက်ရှိရန် မဝေးတော့ပေ။ အဆက်မပြတ် ဖမ်းဆီးခံရမှုများ နှင့် သူတို့၏ အစွမ်းကုန် ကျင့်ကြံမှုများအပြီးတွင် နှစ်အနည်းငယ်အတွင်း ရွှေအူတိုင် နယ်ပယ်သို့
အဆင့် ချိုးဖြတ်နိုင်ခဲ့ကြသည်။
ရွှေအူတိုင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဘဝက အနည်းငယ် ပိုမို သာယာလာလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် သူတို့က အလွန်အကျွံ စဉ်းစားခဲ့ခြင်းသာ။
သာယာမှု လုံးဝမရှိခဲ့ပေ။ ရွှေအူတိုင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် သုံးဦးစလုံး သွားလာနိုင်သည့် နေရာများ ပိုများလာခဲ့သော်လည်း သူတို့ ကြုံတွေ့ရသည့် အန္တရာယ်များက ပိုမို ကြီးမားလာခဲ့ ၏။
တစ်ခါကပင် သားရဲတစ်သောင်း တောင်တန်းတွင် ရေမူလသစ်သီးကို ရရှိပြီးနောက် အခြေတည် ဝိညာဉ်ကျင့်ကြံသူ၏ လိုက်လံခြင်းကို ခံခဲ့ရပြီး သေလုမြောပါး အခြေအနေသို့ ရောက်ခဲ့ရ၏။
လုရီက အသက်ကယ် အဆောင်လက်ဖွဲ့များကို ကြိုတင်မပေးခဲ့ပါက သူတို့ အမှန်ပင် ကံဆိုးမိုးမှောင်ကျသွားလောက်ပြီ ဖြစ်သည်။
ကျန့်ဖန်အား ရေ စိတ်ဆန္ဒ နယ်ပယ်ကို နားလည်သဘောပေါက်စေခဲ့သော ရေမူလသစ်သီးကြောင့်.. အတော်လေး အကျိုးထူးခဲ့သည်။
ထို့နောက် သုံးဦးစလုံးသည် အရှေ့နယ်မြေ၏ အရှေ့ဘက်..အစွန်ဆုံးသို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။
အရှေ့ နယ်မြေ၏ အရှေ့ဘက်စွန်ဆုံးတွင်
အဆုံးအစမဲ့ ပင်လယ်တည်ရှိပြီး တောင်ပိုင်းနယ်မြေ၏ တောင်ဘက်ရှိ အဆုံးအစမဲ့ ပင်လယ်နှင့် ဆက်စပ်နေ၏။
အဆုံးအစမဲ့ ပင်လယ်သည် ကျွန်းများဖြင့် ပြည့်နှက်နေသည်၊ ဝိညာဉ်စွမ်းအင်များ ကြွယ်ဝပြီး အမျိုးမျိုးသော အရင်းအမြစ်များ ပေါများ၏။ သို့သော်လည်း ဂိုဏ်းတစ်ဂိုဏ်း အုပ်စိုးသော နယ်မြေအတွင်း မရှိသောကြောင့် ဒေသသည် များစွာ ပိုမို ရှုပ်ထွေးပွေလီသည်။
လူသားများ၊ မိစ္ဆာ မျိုးနွယ်စုများ၊ ပင်လယ်မျိုးနွယ်စုများ၊ နှင့် အခြားမျိုးနွယ်စုများစွာသည် ထိုနေရာတွင် တိုက်ခိုက်နေကြသည်။
သူတို့ သုံးဦးစလုံး အရှေ့ဘက်တွင် ကျင့်ကြံရန် ရွေးချယ်ခဲ့ခြင်းမှာ ထိုနေရာတွင် အရင်းအမြစ်များ ပေါများခြင်းကြောင့်ပင် ဖြစ်၏။
အဆုံးအစမဲ့ ပင်လယ် ဒေသတွင် အန္တရာယ်များစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကျန့်ဖန်၏ ရေစိတ်ဆန္ဒ နယ်ပယ်ကို နားလည်သဘောပေါက်မှုကြောင့် ပင်လယ်ထဲတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ရေစိတ်ဆန္ဒ နယ်ပယ်ကြောင့် ပေါက်ကွဲနိုင်ခဲ့၏။
လုရီက ပေးထားသော အရင်းအမြစ် အမျိုးမျိုးနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် ထိခိုက်မှုမရှိဘဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
သူတို့သည် ကျွန်းတစ်ကျွန်းကိုပင် ရှာတွေ့ခဲ့ပြီး အလွန် အဖိုးတန်သော အရင်းအမြစ်အချို့ကို သိမ်းပိုက်နိုင်ခဲ့၏။ ထို့ကြောင့်ပင် သူတို့သည် လက်ရှိအဆင့်သို့ ယခုလောက် မြန်မြန်ဆန်ဆန် တိုးတက်နိုင်ခဲ့သည်။
“အဲဒီတုန်းက အစွမ်း မထက်သေးတာ ဝမ်းနည်းစရာပဲ။ အဲ့ဒီကျွန်းရဲ့ အပြင်ဘက်ကိုပဲ ပတ်ကြည့်ရသေးတာတောင် မြေကြီးအနှစ်သာရသစ်သီးနဲ့ လေဒြပ်စင်သစ်သီးလို ရှားပါးတဲ့ကောင်းကင်နဲ့ မြေကြီးရတနာတွေ တွေ့ခဲ့တာ၊ အတွင်းထဲမှာဆို ပိုလို့ ရှားပါးတဲ့ရတနာတွေ ရှိနေဦးမှာပဲ”
ဟု ပိုင်ယွီလုံက နောင်တတစ်ဝက်ဖြင့် ဆို၏။
ထိုအခိုက်အတန့်မှာ လုရီသည် အနည်းငယ် အံ့အားသင့်သွားရသည်။
“အပြင်ဘက်မှာတောင် အဲဒီလို အဖိုးတန်တဲ့ ရတနာတွေ ရှိနေတာလား”
မြေကြီးအနှစ်သာရသစ်သီးနှင့် လေဒြပ်စင်သစ်သီးတို့သည် ရေမူလ သစ်သီးကဲ့သို့ပင် အလွန်အဖိုးတန်သော ကောင်းကင်နှင့် မြေကြီးရတနာများ ဖြစ်ကြ၏။ ရေမူလသစ်သီး တစ်လုံးအတွက် အခြေတည် ဝိညာဉ်ကျင့်ကြံသူ၏ အသေအကြေ ဖမ်းဆီးခြင်းကို ခံခဲ့ရသော ဖြစ်ရပ်ကို ကြည့်ပါလေ။
ထိုဝိညာဉ် သစ်သီးများသည် သက်ဆိုင်ရာ
တာအိုစွမ်းရည်နှင့် ပိုမို လိုက်လျောညီထွေ ဖြစ်စေကာ သက်ဆိုင်ရာ အယူအဆကို နားလည်သဘောပေါက်စေနိုင်၏။
ပိုင်ယွီလုံ နားလည်သဘောပေါက်ခဲ့သော လေစိတ်ဆန္ဒ နယ်ပယ်နှင့်
ထျဲ့မန် နားလည် သဘောပေါက်ခဲ့သော
မြေစိတ်ဆန္ဒ နယ်ပယ်တို့သည် ထိုသစ်သီးနှစ်မျိုးမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ယခုအခါ လုရီသည်ရှင်းရှင်းလင်းလင်း နားလည်လိုက်ရသည်။
လုရီပင် အနည်းငယ် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
“ ဒီလို ကျွန်းမျိုး ရှိနေတဲ့ အဆုံးအစမဲ့ ပင်လယ်ဟာ တကယ့်ကို ရတနာမြေပါလား”
ထိုအခါ ..ကျန့်ဖန်နှင့် အခြားသူများ ကိုယ်စီ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ကျန့်ဖန်က လုရီကို အလေးအနက်ပြောလာ၏။
“ပြောရရင် ညီလေး၊ မင်း မယုံနိုင်စရာ ဖြစ်လိမ့်မယ်ကွ”
လုရီသည် ဇဝေဇဝါဖြင့် သုံးဦးကို မေးခွန်းထုတ်သလို ပြန်ကြည့်မိရင်း မေးလိုက်သည်။
“ဘာဖြစ်ခဲ့လို့လဲဗျ”
“ဒီလိုကွ...အဲဒီကျွန်းကနေ ငါတို့ ထွက်လာပြီး
မကြာခင်မှာ အသည်းထိတ်စရာ မြည်ဟိန်းသံကြီး တစ်ခုကို ကြားလိုက်ရတယ်။ ငါတို့တွေလည်း လှည့်ကြည့်လိုက်ရော ကျွန်းပေါ်မှာ အရမ်းကို ကြီးလွန်းတဲ့ ကျောက်စိမ်းနဂါး ပုံရိပ်ယောင်ကြီးကွာ..ပြီးတော့ ကျွန်းပေါ်မှာ ဝေဝေဝါးဝါး မြူတွေ ရုတ်တရက် ပေါ်လာတယ်။ အဲ့ဒီမြူတွေလည်း ပျောက်သွားရော..ကျွန်းကလည်း ဘယ်နေရာမှာမှ မရှိခဲ့သလို ပျောက်သွားပါလေရောလား..”
ကျန့်ဖန်၏ မျက်နှာက ထိုနေ့က မြင်ခဲ့ရသည်ကို ပြန်လည် အမှတ်ရနေသည့်အလား အနည်းငယ် တုန်လှုပ်နေသေး၏။
အခန်း ၂၈၇- အင်မော်တယ် အဆင့်တာဝန်နှင့် ရင်ဆိုင်ရခြင်း...
~ထျဲ့မန်၏ မျက်နှာသည် တည်ကြည်လေးနက်နေပြီး သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“တစ်ချိန်တုန်းက သားရဲတစ်သောင်းတောင်တန်းမှာ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ဖိအားကို ငါ ဝေးဝေးကနေ ခံစားဖူးတယ်။ အဲ့ဒီတုန်းကတောင် ဒီလောက် ကြောက်စရာမကောင်းခဲ့ဘူး။ အဲ့ဒီနေရာမှာ ပေါင်းစည်းခြင်းအဆင့်ထက် ကျော်လွန်တဲ့ ကြောက်မက်ဖွယ်ရာ တစ်ခုခုတော့ အမှန်တကယ် ရှိကို ရှိရမယ်။ မဟာယာနအဆင့် ကျင့်ကြံသူတောင် ဒီလောက် မတုန်လှုပ်စရာ မကောင်းဘူး။ အဲ့ဒီအချိန်တုန်းက ကပ်ဘေးဖြတ်ကျော် အဆင့် သားရဲကြမ်း တစ်ကောင်များလားလို့ ငါ သံသယရှိခဲ့တယ်”
“နောက်ပိုင်းတော့ ငါတို့ သုံးယောက်သား အဲ့ဒီကျွန်းကနေ ထွက်ခွာခဲ့ကြတယ်။ နေရာအနှံ့ စုံစမ်းကြည့်တော့ အဆုံးမဲ့ပင်လယ်ထဲက မြူခိုးကျွန်းရဲ့ ဒဏ္ဍာရီကို ကြားခဲ့ရတယ်။ အဲ့ဒီမှာ
အင်မော်တယ် သားရဲတစ်ကောင် အိပ်စက်နေပြီး ကံကောင်းသူတွေပဲ ဝင်ခွင့်ရတယ်လို့ ပြောကြတယ်”
ထိုသို့ ကျန့်ဖန်က ထူးဆန်းသော အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ လုရီသည် မျက်လုံးလှန်၍ အေးစက်စက် လှောင်ပြောင်လိုက်သည်။
“ခင်ဗျားတို့ သုံးယောက်က ဒီဒဏ္ဍာရီတွေကို
ယုံနေကြတာလား။ တကယ်သာ နတ်သားရဲတစ်ကောင် ရှိနေခဲ့ရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလောက်ပြီ။”
တွေးကြည့်ပါ။ နှစ်သန်းပေါင်းများစွာ အိပ်စက်နေသည့် အင်မော်တယ်တစ်ပါး နိုးထရုံမျှဖြင့်ပင် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားနိုင်ပါလျှင် အသက်ရှင်နေသော အင်မော်တယ် သားရဲ တစ်ကောင်ဆိုလျှင် မည်မျှပင်... ကြီးမားသော ပျက်စီးမှုကို ဖြစ်စေနိုင်မည်နည်း။
ဤစကားကို ကြားသောအခါ ပိုင်ယွီလုံသည် ချက်ချင်း ကြောက်ရွံ့စွာ ပြောလိုက်သည်။
“ညီလေး၊ မင်းမသိသေးတာက တစ်ချိန်တုန်းက ကပ်ဘေးဖြတ်ကျော် အဆင့်မဟာစွမ်းအားရှင် တစ်ဦး မြူခိုးကျွန်းထဲကို မတော်တဆ ဝင်ရောက်သွားဖူးတဲ့ ဒဏ္ဍာရီ ရှိတယ်။ သူပြန်ထွက်လာပြီးနောက် ‘အင်မော်တယ်’ ဆိုတဲ့ စကားလုံးတစ်လုံးပဲ ပြောနိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်က သွေးနဲ့ အသားတွေအဖြစ် ပွင့်ထွက်သွားတယ်တဲ့။”
ဤစကားကြောင့် လန့်ဖြန့်သွားသည့် လုရီသည် အံ့အားသင့်စွာ မေးလိုက်သည်။
“ကပ်ဘေးဖြတ်ကျော် အဆင့် ကျင့်ကြံသူတောင် သေသွားတာလား။ အင်မော်တယ် သားရဲက တကယ်ပဲ ရှိနိုင်တာလား။”
လုရီ၏ ရင်ထဲ၌မူ သံသယများ အပြည့်အနှက် ရှိနေခဲ့၏။
ရုတ်တရက် လုရီ၌ အကြံတစ်ခု ရလာပြီး သူ့စိတ်ထဲ၌ ကြုံးဝါးလိုက်သည်။
“အရှေ့နယ်မြေရဲ့ အဆုံးမဲ့ပင်လယ်ထဲက မြူခိုးကျွန်းကို စူးစမ်းရှာဖွေမယ်။”
[အလုပ်]
အရှေ့ နယ်မြေ၏ အဆုံးမဲ့ပင်လယ်ထဲမှ မြူခိုးကျွန်းကို စူးစမ်းရှာဖွေပါ။ ဆုလာဘ်များသည် စူးစမ်းရှာဖွေမှု အတိုင်းအတာပေါ် မူတည်ပါမည်။
အလုပ်အား လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
အလုပ်၏ ဆုလာဘ်ကို မြင်သောအခါ လုရီ၏ အံ့အံ့အားသင့်မှုနှင့်အတူ မျက်ခုံးများ ပင့်တက်သွားသည်။
သူက ဆက်၍ သူ့ဘာသာ ရေရွတ်လိုက်၏။
“အရှေ့နယ်မြေရဲ့ အဆုံးမဲ့ပင်လယ်ထဲက မြူခိုးကျွန်းပေါ်က အင်မော်တယ် သားရဲကို သတ်ပစ်မယ်။”
[အလုပ်]
မြူခိုးကျွန်း၏ အင်မော်တယ် သားရဲကို သတ်ပစ်ပါ။
ဆုလာဘ်: အဆင့်နိမ့် အင်မော်တယ် လက်နက်
'ကောင်းကင်မိစ္ဆာဓား'၊ ကြယ်တာရာဝိညာဉ်အရည် ၁ စက်။
အလုပ်အား လက်ခံပါ-လက်ခံမည်လား/
ငြင်းမည်လား။
လုရီ- “???”
သူ၏ အမူအရာသည် ထူးဆန်းစွာ ပြောင်းလဲသွားသည်။
တကယ်ပဲ အင်မော်တယ် သားရဲ ရှိနေတာလား။
၎င်းမှာ လုရီ ရှာဖွေ တွေ့ရှိထားသော အလုပ်စာရင်းကို အသုံးပြုသည့် နည်းလမ်းအသစ်ပင်။ သူ တာဝန်များ ထုတ်ပေးကြည့်ရာ တကယ်ပင် တာဝန်တစ်ခု ထုတ်ပေးနိုင်ပါက ၎င်းသည် အောင်မြင်နိုင်သည်ဟု ဆိုလိုပေသည်။
ဤနည်းဖြင့် သူသည် အချို့အရာများကို အတည်ပြုနိုင်ပေလိမ့်မည်။
၎င်းမှာ လွန်ခဲ့သော အချိန်များက နိမိတ်ဖတ်ခံနေရစဉ်တွင် လုရီ စဉ်းစားမိခဲ့သော အကြံတစ်ခုပင်။ အကြိမ်များစွာ ကြိုးစားကြည့်ပြီးနောက် တကယ်ပင် အောင်မြင်ကြောင်း သူ တွေ့ရှိခဲ့သည်။
မေးခွန်းမှာ အဓိကပြဿနာ မဟုတ်ပေ။ အဓိကမှာ မြူခိုးကျွန်းပေါ်တွင် တကယ်ပင်
အင်မော်တယ် သားရဲ ရှိနေနိုင်ခြင်းရှိမရှိပင်။
အကယ်၍ ထိုအင်မော်တယ် သားရဲသာ ရူးသွပ်သွားခဲ့ပါက ကမ္ဘာကြီးတစ်ခုလုံး ဆက်လက်တည်ရှိနေဦးမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
လုရီသည် သူ၏ ဦးရေပြားများ တဆစ်ဆစ်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
လုရီ၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ ကျန့်ဖန်နှင့် အခြားသူများသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
“ညီလေး၊ ဘာဖြစ်တာလဲ” ဟု ကျန့်ဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
လုရီ သတိပြန်ဝင်လာပြီး ခေါင်းခါရင်း မေးလိုက်သည်။
“ခင်ဗျားတို့ သုံးယောက် မြူခိုးကျွန်းရဲ့ တည်နေရာကို သိကြလား။”
လုရီ သုံးသပ်ကြည့်မိသည်က..
အင်မော်တယ် သားရဲဆိုသည်မှာ... မည်သို့ပင်ဖြစ်စေ..အင်မော်တယ်အဆင့် တာဝန်များသည် ဆုလာဘ်များ အမြဲကောင်းမွန်ပေသည်။
အင်မော်တယ် လက်နက်နှင့် ကြယ်တာရာဝိညာဉ်အရည်ကို ကြည့်ရုံမျှဖြင့်ပင် သိနိုင်ပေ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် သာမန်ပစ္စည်းများ မဟုတ်ကြောင်း သိနိုင်ပေသည်။
ထိုအင်မော်တယ် သားရဲကို ယခုချက်ချင်း သတ်ဖြတ် မဟုတ်သေးသော်လည်း အချက်အလက်များ စုဆောင်းထားရုံဖြင့်ပင် အနာဂတ်၌ အမြဲ အသုံးဝင်ပေမည်။
ကျန့်ဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။
“ညီလေး၊ မင်း အဲ့ဒီဒဏ္ဍာရီကို ယုံနေတာလား။”
ထိုအခါ လုရီ မဆိုစလောက်ကလေး ပြုံးလိုက်သည်။
“မရှိဘူးလို့ မယုံတာထက် ရှိတယ်လို့ ယုံတာက ပိုကောင်းတယ်။”
ကျန့်ဖန် ခေါင်းညိတ်လိုက်ပြီးနောက် နောင်တရစွာ ပြောလိုက်သည်။
“ငါတို့က တစ်ချိန်တုန်းက ခရီးသွားခဲ့တဲ့ လမ်းကြောင်းကိုပဲ မှတ်မိတယ်။ ဒါပေမဲ့ ဒဏ္ဍာရီအရ မြူခိုးကျွန်းက ရွေ့လျားနေတာဖြစ်လို့ ကြုံတွေ့ရတာက ကံအပေါ်မှာပဲ လုံးဝ မူတည်တယ်။”
လုရီသည် ဤစကားများကို သူ၏ ရင်ထဲ၌ ခိုင်မာစွာ ယုံကြည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်တို့၏ တည်ရှိမှုနှင့် ပတ်သက်လာပါက သာမန်အားဖြင့် မဖြစ်နိုင်သော အရာများလည်း ဖြစ်နိုင်သောကြောင့်ပင်။
သူ့ခေါင်းထဲ၌ နောက်ထပ် အကြံတစ်ခု လင်းလက်လာပြီး ရင်တွင်း..ကြုံးဝါးလိုက်သည်။
“အရှေ့နယ်မြေရဲ့ အဆုံးမဲ့ပင်လယ်ထဲက မြူခိုးကျွန်းကို ရှာဖွေမယ်။”
[အလုပ်]
အရှေ့နယ်မြေရဲ့ အဆုံးမဲ့ပင်လယ်ထဲက မြူခိုးကျွန်းကို ရှာဖွေပါ။
ဆုလာဘ်: ကောင်းကင်ကြယ်တာရာသစ်ပင်၏ မျိုးစေ့ ၁ စေ့။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား/ငြင်းမည်လား။
ဆုလာဘ်ကြောင့် လုရီသည် အံ့အားသင့်သွားသည်။
ဆုလာဘ် မျိုးစေ့တစ်စေ့တဲ့လား။
ဤသို့သော ဆုလာဘ်မျိုးနှင့် လုရီ ကြုံတွေ့ဖူးခြင်းမှာ ဤသည် ပထမဆုံးပင်။ ၎င်းမှာ
အင်မော်တယ် သားရဲနှင့် ပတ်သက်သည့် တာဝန်တစ်ခုဖြစ်သောကြောင့် ဆုလာဘ်များသည် ထူးခြားကောင်း ထူးခြားနိုင်ပေသည်။
ထို ကောင်းကင်ကြယ်တာရာသစ်ပင်ဆိုသည်မှာ အင်မော်တယ်အဆင့် ရတနာ ဖြစ်နိုင်ပေသည်။
လုရီသည် ဝမ်းသာအားရ ဖြစ်သွားပြီး တာဝန်ကို တိတ်ဆိတ်စွာ လက်ခံလိုက်သည်။
သူ အချိန်ရသောအခါ မြူခိုးကျွန်းကို ရှာတွေ့နိုင်မလားဆိုသည်ကို သွားရောက်ကြည့်ရှုနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ မြူခိုးကျွန်း တည်ရှိနေသရွေ့ မည်မျှပင် ရွေ့လျားနေစေကာမူ ၎င်းအား သေချာပေါက် ရှာတွေ့နိုင်ပေသည်။
ကျန့်ဖန်နှင့် သူ၏ ရွှေအူတိုင် အဆင့် ကျင့်ကြံသူ နှစ်ဦးပင် ရှာဖွေတွေ့ရှိနိုင်သည်။ မျှော်လင့်ချက် ရှိသည်မှာ သေချာသည်။
ယခု ဝင်ရောက်မသွားစေကာမူ ရှာဖွေ၍ တာဝန်ပြီးမြောက်ရုံမျှဖြင့် လုံလောက်ပေသည်။
လုရီသည် ဤအချက်ကို သူ၏ စိတ်ထဲ၌ တိတ်ဆိတ်စွာ မှတ်သားထားလိုက်သည်။
သူသည် ဤအလုပ်ကို လက်ခံခဲ့သလို မြူခိုးကျွန်းကို စူးစမ်းရှာဖွေရန် နောက်ထပ် အလုပ်တစ်ခုကိုပါ လက်ခံခဲ့သည်။
မြူခိုးကျွန်း၏ အင်မော်တယ် သားရဲကို သတ်ပစ်ရန် အလုပ်မှာမူ လုရီ စဉ်းစားပြီး လက်မခံသေးရန် ဆုံးဖြတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မြူခိုးကျွန်း၏ နတ်သားရဲအတွက် ယခုချိန်၌ ပြိုင်ဘက်မဟုတ်သေးသောကြောင့် လက်ခံလျှင်လည်း အချည်းနှီး ဖြစ်နေမည်သာ။
လိုအပ်လာသောအခါမှ နောက်မှ ထုတ်ပေးခြင်းက ပို၍ ကောင်းမွန်ပေမည်။
ညီအစ်ကို သုံးဦးနှင့် စကားပြောရင်း
အင်မော်တယ် သားရဲနှင့် ပတ်သက်သည့် အလုပ် နှစ်ခုတောင် တွေ့ခဲ့ရသည်ဟု တွေးမိသောအခါ လုရီ အလွန်ပျော်ရွှင်သွားသည်။
သူသည် ညီအစ်ကို သုံးဦးထံ ဝိုင် ခွက်မြှောက်ရင်း ပြောလိုက်သည်။
“အစ်ကိုတို့ သုံးယောက်ရဲ့ အပြင်ဘက်က အတွေ့အကြုံတွေက တကယ်ကို ကြွယ်ဝပါတယ်၊ တကယ်ကို စိတ်ဓာတ်တက်ကြွစရာပဲ။ အခွင့်အရေးရရင် ကျွန်တော်လည်း အစ်ကိုသုံးယောက်နဲ့ အဆုံးမဲ့ပင်လယ်ကို ခရီးထွက်ချင်တယ်။ ..ကဲ ..အစ်ကို သုံးယောက်အတွက် ဂုဏ်ပြုသောက်မယ်”
“ညီလေး၊ မင်းက ချဲ့ကားပြောတာပဲ”
ကျန့်ဖန်က ကူကယ်ရာမဲ့စွာ ပြုံးလျက် ပြောလိုက်သည်။ “ငါတို့ရဲ့ အတွေ့အကြုံတွေက မင်းနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး။ မင်းက
အင်မော်တယ် တစ်ပါးကိုတောင် နိုးထစေခဲ့သူပဲ။”
ထိုအခါ ထျဲ့မန်ကပင် ချီးကျူးပြီး သက်ပြင်းချနေခဲ့သည်။
“ဟုတ်တယ်၊ အင်မော်တယ်တစ်ပါးနဲ့ ပတ်သက်မှု ရှိတာက တကယ်ကို အားကျစရာပဲ”
“အဲ့ဒီ အင်မော်တယ်နဲ့ ပတ်သက်မှု ရှိတာက ကောင်းတဲ့အရာတော့ မဟုတ်လောက်ဘူး။ အဲ့ဒီ အင်မော်တယ်က အရမ်းကို နက်နဲပါတယ်ဗျာ” ဟု လုရီ ခေါင်းခါလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အင်မော်တယ်ဓားဂိုဏ်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ယခုထိ သူ မသိသေးသောကြောင့်ပင်။
ဤသို့သော အင်မော်တယ်တစ်ပါးနှင့် ကံကြမ္မာဆက်စပ်မှု ရှိခဲ့ပြီးနောက် အနာဂတ်၌ မည်သည့်အရာများ ဖြစ်လာနိုင်သည်ကို မည်သူမျှ မသိနိုင်ပေ။
ခဏတာ သုံးဦးသား တိတ်ဆိတ်သွားပြီး လုရီအား ဝိုင်ခွက်မြှောက်၍ ဂုဏ်ပြုလိုက်ကြသည်။
သူတို့သည် ထို့နောက် ဆက်လက်၍ ပြောဆိုကြ လေ၏။
မြူခိုးကျွန်းမှ ထွက်ခွာပြီးနောက် ကောင်းကင်နှင့် မြေကြီး ရတနာမြောက်များစွာကို ရရှိခဲ့ကြပြီးနောက် သူတို့သည် တိတ်ဆိတ်သောနေရာတစ်ခု၌ အခြေချနေခဲ့ကြပြီး သုံးဦးသား နှစ်အတော်ကြာ တိတ်ဆိတ်စွာ ကျင့်ကြံခဲ့ကြသည် ဟူ၍။
သူတို့ ပြန်ထွက်လာသောအခါ အားလုံး
သိသာထင်ရှားသော တိုးတက်မှုများ ရခဲ့ကြသည်။ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့သည် အယူအဆအသစ်များကို နားလည်လာပြီး
သူတို့၏ ကျင့်ကြံမှုများသည် သိသိသာသာ တိုးတက်လာခဲ့၏။
တံခါးပိတ် ကျင့်ကြံရာမှ ပြန်လည် ပေါ်ထွက်လာပြီးနောက် သူတို့သည် တိမ်ဖြူဂိုဏ်းသို့ ပြန်ရန် စီစဉ်ခဲ့ကြသော်လည်း
မထင်မှတ်ဘဲ လမ်းခရီး၌ အကြီးအကျယ် ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ကြလေသည်။
အခန်း ၂၈၈-သေနတ်ကို အတူတူ ထမ်းပိုးခြင်း...
~ကျန်းဖန်၏ မျက်နှာတွင် စိုးရိမ်ရိပ်တို့ လွှမ်းခြုံလျက်၊ လေးနက်သော စကားသံတို့က လေထဲ၌ ပျံ့လွင့်လာ၏။
“ပင်လယ်နဂါးမျိုးနွယ်စုကြီးက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြပြီ။ အခု အရှေ့နယ်မြေရဲ့ နယ်နိမိတ်ဒေသတွေနဲ့ အဆုံးမဲ့ပင်လယ် အစွန်အဖျားဒေသတွေကို တိုက်ခိုက်နေပြီ”
ထိုသတင်းစကားကြောင့် လုရီ၏ ထူထပ်လှပသော မျက်ခုံးအစုံ မြင့်တက်သွား၏။
ထျန်းမင် တိုက်ကြီး၏ ကုန်းမြေအား
လူသား မျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့က လွှမ်းမိုးထားသော်လည်း အဆုံးမဲ့ပင်လယ်မှာမူ ပင်လယ်နဂါးမျိုးနွယ်စုကြီး၏ ပိုင်နက်ဖြစ်သည်ကို သူ ကောင်းစွာသိပါ၏။
ရှေးဘိုးဘေးတို့လက်ထက်မှစ၍ မျိုးနွယ်စုသုံးခုသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်စီးပစ်လောက်အောင် မရေမတွက်နိုင်သော စစ်ပွဲများကို ဆင်နွှဲခဲ့ကြဖူးသည်။
သို့ဖြစ်ကောမူ ခေတ်အဆက်ဆက် တိုက်ပွဲများစွာပြီးနောက် လူသား မျိုးနွယ်နှင့် မိစ္ဆာ မျိုးနွယ်ကြား ဆက်ဆံရေးသည် သိသိသာသာ ပျော့ပြောင်းလာခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြ၏။ ပင်လယ်နဂါးမျိုးနွယ်စုကြီးနှင့်လည်း ထိုနည်းနှင်နှင်ပင်။ ယခုအခါ အဆုံးမဲ့ပင်လယ်၌ ခိုအောင်းနေကြပြီး ကုန်းပေါ်သို့ ခြေချခြင်းမှာ ရှားပါးလှကာ သူတို့၏ တည်ရှိမှုသည် ပင်လယ်အတွင်းရှိ ကျွန်းများတွင်သာ ကန့်သတ်ထားလေသည်။
ပင်လယ်နဂါးမျိုးနွယ်စုကြီးသည် အရှေ့နယ်မြေကို ရုတ်တရက် ဤမျှ အကြီးအကျယ် တိုက်ခိုက်လိမ့်မည်ဟု လုရီ လုံးဝ တွေးမထားခဲ့ပေ။ ၎င်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို သူ
လုံးဝ နားမလည်နိုင်ပါ။
လုရီ အလွန် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်ရတာလဲ”
ထိုအခါ ကျန်းဖန်နှင့် ကျန်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ပြီး ခေါင်းခါရုံမှအပ အခြား
မည်သည့် အဖြေမျှ မပေးနိုင်ခဲ့ကြပါ။
“အကြောင်းရင်း အတိအကျကို ငါတို့လည်း
မရှင်းဘူး။ ပင်လယ်နဂါး မျိုးနွယ်စုကြီးက အဆုံးမဲ့ပင်လယ်ထဲက အစွမ်းထက် ဂိုဏ်းကြီးတစ်ခုကို လျှို့ဝှက်တိုက်ခိုက်ပြီး အကုန်လုံးကို သုတ်သင်ပစ်လိုက်တာကနေ စတာပဲ သိရတယ်။ အဲ့ဒီနောက် သူတို့က တခြားဂိုဏ်းတွေကို ဆက်တိုက်တိုက်ခိုက်ကြပြီး မဟာယာနအဆင့် ကျင့်ကြံသူတွေပါ အင်အားအလုံးအရင်းနဲ့ ချီတက်လာပြီး ကျွန်းတွေ အများကြီး နစ်မြုပ်သွားခဲ့တယ်” ဟု ကျန့်ဖန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဟမ်..ပင်လယ်နဂါးမျိုးနွယ်စုကြီးက စပြီး တိုက်ခိုက်နေတာလား။ စစ်ပွဲကို လှုံ့ဆော်နေကြတာလား”
လုရီ၏ အသံတွင် မယုံကြည်နိုင်ခြင်းတို့ ပါဝင်နေသည်။
“ သေချာ မရှင်းပါဘူး။ အခုချိန်မှာ အဆုံးမဲ့ပင်လယ်အနှံ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။
အဲ့ဒီက နေရာတိုင်းနီးပါး စစ်မြေပြင် ဖြစ်နေပြီ။ ဂိုဏ်းတွေက အစွမ်းကုန် တိုက်ခိုက်နေရတယ်၊ အခုတော့ ပင်လယ်နဂါးမျိုးနွယ်စုကြီးကို တိုက်ဖို့ အချင်းချင်း ပူးပေါင်းနေကြပြီ” ဟု ထျဲ့မန်က ခေါင်းကုတ်ရင်း စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ငါတို့လည်း ပြန်ဖို့ စီစဉ်ထားပြီးသား ဖြစ်တာ
ကံကောင်းသွားတယ်။ ပင်လယ်နဂါးမျိုးနွယ်စုကြီးရဲ့ မဟာစွမ်းအားရှင်တွေ ရူးသွပ်နေကြပြီ။ ပင်လယ်နဂါးမျိုးနွယ်စုကြီးက မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးက အကျိုးဆက်တွေကို
ဂရုမစိုက်ဘဲ ကမ်းရိုးတန်းက ရှေးဟောင်းမြို့ကြီးတစ်ခုကို လက်ဝါး ရိုက်ချက်တစ်ချက်နဲ့ ဖျက်ဆီးပစ်လိုက်လို့ အထဲက နေထိုင်သူ သန်းနဲ့ချီပြီး ဖုန်မှုန့်တွေ ဖြစ်သွားတယ်လို့ ပြောကြတယ်”
ထိုသို့ ပိုင်ယွီလုံက တွေးမိရင်း တုန်ရီစွာ ပြောလိုက်ရာ သူ၏ မျက်နှာမှာ ဖြူဖတ်နေလေသည်။
လုရီ၏ မျက်နှာမှာ ထူးဆန်းသော အရိပ်များ ထင်ဟပ်သွားရသည်။
ဤသည်မှာ အလွန်အမင်း ရိုင်းစိုင်းလှ၏။ ယေဘူယျအားဖြင့် ကြီးမားသော တိုက်ပွဲများ၌ပင် ကျင့်ကြံသူများသည် မြို့ကြီးများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံး၌ ကိုယ်ပိုင် ကြီးကျယ်ခမ်းနားသော မြို့များနှင့် မဟာစွမ်းအားရှင်များ ရှိသောကြောင့်ပင်။
ယနေ့ သင် တိုက်ခိုက်လျှင် မနက်ဖြန် ငါ ပြန်လည်လက်တုံ့ပြန်မည်ဆိုလျှင် အောက်ခြေလူများ အားလုံး သေဆုံးသွားပါက အဘယ်အရာမျှ ကျန်ရှိတော့မည်နည်း။
ပင်လယ်နဂါးမျိုးနွယ်စုကြီး၏ မဟာစွမ်းအားရှင်တစ်ဦးသည် ဤမျှ မဆင်မခြင် ပြုမူသည်မှာ သူတို့ အမှန်ပင် ရူးသွပ်သွားကြပြီ ဖြစ်ပေမည်။
လုရီသည် အရှေ့ နယ်မြေနှင့် ထိစပ်နေသော အဆုံးမဲ့ပင်လယ်သို့ မြူခိုးကျွန်းကို ရှာဖွေရန် ခဏအကြာမှ သွားရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ထိုအစီအစဉ်ကို တိတ်ဆိတ်စွာ ရွှေ့ဆိုင်းလိုက်တော့သည်။
မဟာယာနအဆင့် ကျင့်ကြံသူများ အကျိုးဆက်များကို မစဉ်းစားဘဲ သောင်းကျန်းနေခြင်း ဖြစ်၍ အလျင်စလို သွားရောက်၍ သေခြင်းတရားကို ဖိတ်ခေါ်လိုခြင်း မရှိပေ။
“တကယ်ပဲ ကံကောင်းတာက ငါတို့ ပြန်ဖို့ ရည်ရွယ်ထားပြီးသား ဖြစ်လို့ပါ။ အခု အဲ့ဒီမှာ
မငြိမ်မသက်ဖြစ်နေတော့ ငါတို့ ပြန်ရောက်ခဲ့ကြပြီ” ကျန်းဖန်လည်း ပြောနေစဉ် သူ၏ ရင်ထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။
မည်သည့် ကျင့်ကြံသူမဆို မဟာယာနအဆင့် မဟာစွမ်းအားရှင်များက သာမန်လူများနှင့် အားနည်းသော ကျင့်ကြံသူများကို အကျိုးဆက်များကို ဂရုမစိုက်ဘဲ သတ်ဖြတ်နေသည်ကို ကြားသိရသောအခါ စိတ်မသက်မသာ ဖြစ်မိမည်သာ။
ဤသည်မှာ ကျင့်ကြံသူတို့၏ ကိုယ်ကျင့်တရားကို လုံးဝ ဖောက်ဖျက်ခြင်းပင်။
ထိုအခါ လုရီက ပြုံးလျက် ပြောလိုက်သည်။
“အခုတော့ အစ်ကိုတို့သုံးယောက်
ပြန်ရောက်လာပြီဆိုတော့ ခဏလောက် တံခါးပိတ် ကျင့်ကြံဖို့ အချိန်ကောင်းပဲပေါ့နော်”
သူ၏ မျက်နှာတွင် ဉာဏ်ပညာရှိသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
ကျန့်ဖန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“အေးကွာ.. ငါတို့လည်း အဲ့လို တွေးထားတာပါပဲ”
ထို့နောက် သူသည် လေထဲမှ သစ်သီးနှစ်လုံးကို ထုတ်ယူကာ လုရီအား ပြုံးလျက် ပေးအပ်လိုက်သည်။
သစ်သီးနှစ်လုံးက ပတ်ပတ်လည်၌ ဓားစိတ်ဆန္ဒများ လှည့်ပတ်နေပြီး ကြည်လင်နေသည်။
“ဒါတွေက ငါတို့ မြူခိုးကျွန်းကနေ ရလာတဲ့
ဓားမူလသစ်သီးတွေ။ ညီလေးလု..မင်းအတွက် အသုံးဝင်နိုင်မယ်ထင်လို့ ယူလာခဲ့တာ”
လုရီ အံ့အားသင့်သွားပြီး အစ်ကိုသုံးဦးက သူ့အတွက် ကောင်းကင်နှင့် မြေကြီးရတနာများ ပြန်ယူလာသည်ကို အနည်းငယ် အံ့အားသင့်မိသည်။ ဤသည်မှာ သူတို့၏ စေတနာစစ်မှန်မှုကို ပြသခြင်းပင်။
ဓားမူလ သစ်သီးများသည် အခြားသော တာအို ဝိညာဉ်သီးများကဲ့သို့ပင် အလွန်တန်ဖိုးရှိလှပြီး နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူများပင် တောင့်တကြသည်။
အစ်ကိုသုံးဦးက သူ့အား နှစ်လုံး ပေးခြင်းသည် အမှန်ပင် စဉ်းစားပေးသည့် လုပ်ရပ် ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ယွီလုံက ရယ်မောရင်း ပြောလိုက်သည်။
“ညီလေး၊ မင်းက ငါတို့ကို အများကြီး ပေးခဲ့တာပဲ။ မင်းပေးတဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေသာ မရှိရင် ငါတို့ သေတောင် သေနေလောက်ပြီ။ ငါတို့ ပြန်ပေးနိုင်တာ ဒါတွေပဲ ရှိတယ်။ လက်ခံရမယ်နော်”
သူတို့၏ မျက်လုံးများတွင် ကျေးဇူးတင်ခြင်း အပြည့်အဝ ရှိနေသည်။
ခဏတာ စဉ်းစားပြီးနောက် လုရီက ၎င်းတို့ကို လက်ခံလိုက်သည်။ ၎င်းတို့သည် အထူးအသုံး
မဝင်လှသော်လည်း သူ၏ ဓားတာအို နယ်ပယ်အပေါ် နားလည်မှုကို အနည်းငယ် မြှင့်တင်ပေးနိုင်သေးသည်။ ဘာမှ မရှိခြင်းထက် အနည်းငယ်ရှိခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
ထို့အပြင် ဤသည်မှာ သူတို့၏ စေတနာပြမှု ဖြစ်ပြီး လုရီအနေဖြင့် ငြင်းပယ်ရန် မသင့်တော်ပေ။
လုရီ ပြုံးလိုက်သည်။ “ဒီအချိန်အတွင်းမှာ ကျွန်တော်လည်း ကျင့်ကြံဖို့ အရင်းအမြစ်တချို့ကို မတော်တဆ စုမိခဲ့တယ်ဗျ”
လုရီသည် ညီအစ်ကိုသုံးဦး ကျင့်ကြံနိုင်ရန် ဝိညာဉ်နှင်းစက်အချို့ကို ထုတ်ပေးလိုက်သည်။ ထိုဝိညာဉ်နှင်းစက်တို့မှ ထွက်ပေါ်လာသော အငွေ့အသက်သည် အခန်းတွင်း လွှမ်းခြုံသွားပြီး သာမန် ကျင့်ကြံသူများဆိုလျှင် သတိလစ်သွားနိုင်သည်။
သူတို့သည် အစပိုင်းတွင် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြသော်လည်း လုရီသည် ဝိညာဉ်ခြင်ဆီကို အသုံးပြုနေကြောင်း ကြားသိရသောအခါ အားလုံး စိတ်ပျက်အားငယ်သွားကြသည်။ သူတို့ အသက်ကို ပေါင်း၍ ရယူခဲ့သော အရင်းအမြစ်များသည် လုရီ၏ ကံကောင်းထောက်မမှုနှင့် နှိုင်းယှဉ်လျှင် မည်သို့မျှ
မစွမ်းဆောင်နိုင်ပေ။
ဤအကြောင်းကို မည်သူ့အား တိုင်တန်းရမည်နည်း။
ကံကြမ္မာ၏ ဆန်းကြယ်မှုကား မည်မျှ ကြီးမားလိုက်ပါသနည်း။
ထို့ကြောင့် သူတို့သည် ငြင်းဆန်ခြင်းကို ရပ်တန့်၍ လက်ဆောင်ကို လက်ခံလိုက်ကြသည်။
“အခု ခင်ဗျားတို့ ပြန်ရောက်ပြီဆိုတော့ သိုင်းပြိုင်ကြရအောင်။ အစ်ကိုတို့ သုံးယောက်ရဲ့ လက်ရှိစွမ်းအားကို ကျွန်တော် စမ်းသပ်ကြည့်ချင်တယ်” ဟု လုရီက ပြုံးလျက် ပြောလိုက်သည်။
သူ့မျက်လုံးများက တောက်ပနေပြီး စိန်ခေါ်လိုစိတ် ပြင်းပြနေသည်။
ဓားမူလ သစ်သီးများပင် လုရီအတွက် အစ်ကိုသုံးဦးနှင့် သိုင်း ဖလှယ်ရမည့် အလုပ်လောက် တန်ဖိုးမရှိပေ။
ယခု သူတို့ သုံးဦးသည် သူတို့ကိုယ်ပိုင်
အယူအဆများကို ကျွမ်းကျင်ပိုင်နိုင်ပြီဖြစ်၍
လုရီသည် သိုင်း ဖလှယ်ရမည့် အလုပ်ကို ထုတ်ပေးလိုက်ရာ ဆုလာဘ်အဖြစ် အယူအဆများပင် ဖြစ်နေ၏။
ကျန့်ဖန်၌ ရေစိတ်ဆန္ဒ နယ်ပယ်၊
ပိုင်ယွီလုံ၌ လေစိတ်ဆန္ဒ နယ်ပယ်နှင့် ထျဲ့မန်မှာ မြေကြီး စိတ်ဆန္ဒ နယ်ပယ်ရှိသည်။
ယှဉ်ပြိုင်တိုင်း အယူအဆများ တိုးတက်လာမည်ဖြစ်၍ အလွန်ပျော်ရွှင်ဖွယ်ကောင်းသည်။
ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စရပ်ပင်။
ထိုသုံးဦးသည် လုရီနှင့် ယှဉ်ပြိုင်ရန် သဘောကျကြသည်မှာ သဘာဝပင်။
အဘယ်ကြောင့်ဆိုသော် လုရီ၏ ကျင့်ကြံမှုအခြေခံနှင့် စွမ်းအားအရ သူနှင့် ယှဉ်ပြိုင်ခြင်းသည် သူတို့အတွက်လည်း အကျိုးရှိသောကြောင့်ပင်။
ထို့ကြောင့် လုရီသည် ညီအစ်ကိုသုံးဦးကို တစ်မွန်းလွဲလုံး ‘နှိပ်စက်’ ခဲ့ရာ ရေစိတ်ဆန္ဒ နယ်ပယ်အပေါ် သူ၏ နားလည်မှုကို အနည်းငယ် မြှင့်တင်နိုင်ခဲ့ပြီး လေစိတ်ဆန္ဒ နယ်ပယ်နှင့် မြေကြီး
စိတ်ဆန္ဒ နယ်ပယ် နှစ်ခုလုံးကို အောင်မြင်စွာ နားလည် သဘောပေါက်ခဲ့ကာ နှစ်တရာဝိညာဉ်ခြင်ဆီ အချို့ကို ရရှိခဲ့သည်။
ထို့နောက်မှသာ ပင်ပန်းနွမ်းနယ်နေသော အစ်ကိုသုံးဦးကို ပျော်ရွှင်စွာ လွှတ်ပေးလိုက်တော့သည်။ သူတို့၏ မျက်နှာများတွင် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ ရောင့်ရဲမှုများ ပေါ်လွင်နေ၏။
ရက်အနည်းငယ်မျှသာ ကြာမြင့်သေးသော်လည်း ပင်လယ်နဂါးမျိုးနွယ်စုကြီးက အရှေ့နယ်မြေ နယ်နိမိတ်တွင် ကြီးမားသော တိုက်ပွဲကြီးကို ဆင်နွှဲနေပြီဟူသော သတင်းများ တောမီးကဲ့သို့ မြန်ဆန်စွာ ပျံ့နှံ့လာသည်။
အရှေ့ နယ်မြေ၏ ကုန်းတွင်းပိုင်း ကျင့်ကြံသူများသည် အံ့အားသင့်ခဲ့ကြသည်။
ပင်လယ်နဂါးမျိုးနွယ်စုကြီးသည် ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်ပြီး အသွင်အပြင်နိမ့်ကျစွာ နေထိုင်လေ့ရှိသော်လည်း ယခုအခါ ပြင်းထန်သော သေကြေပျက်စီးစေမည့် စစ်ပွဲကို တက်ကြွစွာ စတင်နေခြင်းမှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေသောကြောင့်ပင်။
ကျင့်ကြံသူများစွာသည် ယခုအခါ အရှေ့နယ်မြေ ကမ်းရိုးတန်းကို သတိမပြတ် စောင့်ကြည့်နေကြပြီး ပင်လယ်နဂါးမျိုးနွယ်စုကြီးသည် အဘယ်ကြောင့် ဤသို့သော စစ်ပွဲကို ရုတ်တရက် ဆင်နွှဲခဲ့သည်ကို အံ့သြနေကြသည်။
သူတို့၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ပြည့်နှက်နေ၏။
ပင်လယ်နဂါးမျိုးနွယ်စုကြီးနှင့် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကမ်းရိုးတန်းတွင်သာ အာရုံစိုက်နေဆဲပင်။
သူတို့ ချင်းကျိုးပြည်သည် ဝေးကွာသဖြင့် လုရီ ခဏမျှ အံ့အားသင့်ပြီးနောက် သူ၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ဤစစ်ပွဲ၌ ပါဝင်ရန် သူ့အတွက် အချိန်မကျသေးပေ။