အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
အခန်း ၂၈၉-သေနတ်ကို အတူတူ ထမ်းပိုးခြင်း...
~ရက်အနည်းငယ် ကုန်လွန်ပြီးနောက်...
အရုဏ်ဦးလေညှင်းသည် လင်းလောင်တောင်ထိပ်ကို ညင်သာစွာ ပက်ဖျန်းနေလေသည်။
ဖြူစင် လတ်ဆတ်သော ရနံ့တစ်ခုက လေထဲတွင် ဝဲပျံ့လာခဲ့သည်။
ထိုရနံ့နှင့်အတူ လုရီ၏ တံခါးဝတွင် ချစ်စဖွယ်
ပုံရိပ်ငယ်လေးတစ်ခု ထင်ဟပ်လာခဲ့သည်။
“ယွင်ရှီး! မတွေ့တာ တစ်လကျော်လေးပဲ ရှိသေးတာကို၊ ဘာလို့ ပန်းတစ်သောင်းဂိုဏ်းကနေ ဒီလောက်မြန်မြန် ပြန်ရောက်လာရတာလဲ” လုရီသည် အံ့သြရိပ်သန်းသော မျက်ဝန်းအစုံဖြင့် မေးလိုက်သည်။
ယွင်ရှီးကား သူ့အား မမျှော်လင့်ဘဲ ပေါ်လာတတ်သည်မှာ အကျင့်ပင် ဖြစ်နေပြီ။
ယွင်ရှီးသည် သူမ၏ ဖြူစင်သော မျက်နှာလေးကို အနည်းငယ်စောင်းကာ ခဏမျှ စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက် သူမ၏ တည်ငြိမ်အေးဆေးသော မျက်ဝန်းအစုံဖြင့် လုရီကို စိုက်ကြည့်ရင်း ရိုးသားစွာ ဖွင့်ဟလိုက်သည်။
“နင့်ကို လွမ်းလို့ပေါ့”
လုရီ၏ ရင်ဘတ်ထဲမှ နှလုံးသားသည် ခုန်နှုန်းအနည်းငယ် မြန်ဆန်သွားခဲ့သည်။ တကယ်တမ်းဆိုလျှင် ထိုသို့သော ချိုမြိန်ဖွယ်စကားများကို အခြားမည်သည့် မိန်းကလေးကမျှ ဤမျှ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်မည်မဟုတ်ပေ။
သို့သော် ယွင်ရှီးကား သူမ၏ စိတ်ထဲရှိရာကို ဖုံးကွယ်မထားဘဲ အမြဲပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူပင်။
ဤစကားမျိုးကို သူ၏ ညီမငယ် သုန်းကုန်းမင်ယွဲ့သာဆိုလျှင် ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ။ သူမသာဆိုလျှင် “ဒီမမလေးက လာကြည့်တာ၊ ဘာဖြစ်လဲ” ဟုသာ ခပ်ပြတ်ပြတ် ပြောပေလိမ့်မည်။
လုရီတစ်ယောက် ထိုမြင်ကွင်းများကို သူ့စိတ်ထဲတွင် ပုံဖော်ကာ ပြုံးမိနေစဉ်မှာပင်…
ကောင်းကင်ယံမှ မိုးကြိုးအလင်းတန်းတစ်ခု ရုတ်တရက် ထိုးဆင်းလာပြီး သူတို့နှစ်ဦးကြား တည့်တည့်ကျရောက်ခဲ့သည်။
“ယွင်ရှီး! နင် ပန်းတစ်သောင်းဂိုဏ်းကို ပြန်ခဲ့တာ လေးဆယ့်နှစ်ရက်ပဲ ရှိသေးတယ်! ဘာလို့ ထပ်လာတာလဲ..” ခါးထောက်လျက် ရပ်နေသော တုန်းကုန်းမင်ယွဲ့၏ လှပသော မျက်နှာပေါ်တွင်
မယုံကြည်နိုင်စရာ အမူအရာက ထင်ရှားနေပြီး မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။
ယွင်ရှီးကမူ သုန်းကုန်းမင်ယွဲ့၏ မဖိတ်ခေါ်လိုသော ပုံစံကို မသိကျိုးကျွံ ပြုကာ သုန်းကုန်းမင်ယွဲ့အား လက်ပြရင်း ညင်သာစွာ ပြန်ပြောလိုက်သည်။
“အော်၊ ညီမလေး မင်ယွဲ့ပဲ။ ငါက လုရီကို
နည်းနည်းလွမ်းလို့ပါ”
တုန်းကုန်းမင်ယွဲ့၏ မျက်နှာအမူအရာ ချက်ချင်း တောင့်တင်းသွားသည်။ ယွင်ရှီးက သူမကို
‘ညီမလေး’ ဟု ခေါ်သည်ကိုပင် တုံ့ပြန်ခြင်းမပြုနိုင်တော့။ ပုံမှန်ဆိုလျှင် သူမသည် စိတ်တိုနေသော ကြောင်ကလေး တစ်ကောင်ကဲ့သို့ “ဘယ်သူက နင့်ညီမလဲ” ဟု ပြန်ပြောတတ်သည်။
သို့သော် ယွင်ရှီး၏ ပွင့်လင်းမှုက သူမကို တည့်တည့်မှန်သွားသောကြောင့် စကားလုံးပင်
ရှာမရအောင် ဖြစ်သွားရှာသည်။
သုန်းကုန်းမင်ယွဲ့သည် လှပသော အရုပ်လေးတစ်ရုပ်ကဲ့သို့ ငြိမ်သက်သွားသည်ကို မြင်သောအခါ လုရီသည် နှုတ်ခမ်းလှုပ်သွားပြီး ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။ သူ့ ညီမငယ်သည် ယွင်ရှီးနှင့် ဘယ်တုန်းကမှ စကားနိုင်မလုနိုင်ခဲ့ဖူးသော်လည်း သူမသည် ဘယ်တော့မှ အရှုံးမပေးတတ်သည်ကို သူ ကောင်းစွာ သိသည်။
ယွင်ရှီး ရောက်ရှိလာတိုင်း သုန်းကုန်းမင်ယွဲ့ အဘယ်ကြောင့် ပေါ်လာရသည်ဟူမူကား၊
သုန်းကုန်းမင်ယွဲ့သည် လင်းလောင်တောင်ထိပ်ခြေရင်းတွင် သူလျှိုများ စေလွှတ်ထားသောကြောင့် ဖြစ်သည်။ ယွင်ရှီး ရောက်သည်နှင့် တစ်စုံတစ်ယောက်က သူမအား အကြောင်းကြားလိမ့်မည်။
လင်းလောင်တောင်ထိပ်ပိုင်ရှင်၏ တိုက်ရိုက်တပည့်ဖြစ်သည့်အပြင် သူမကိုယ်တိုင်လည်း ထူးချွန်သော အရည်အချင်းရှိသူဖြစ်သောကြောင့် သူမအတွက် လုပ်ဆောင်ပေးလိုသူများစွာ ရှိပေသည်။ ထို့ကြောင့် ယွင်ရှီး ရောက်ရှိလာတိုင်း သုန်းကုန်းမင်ယွဲ့လည်း ပေါ်လာပြီးနောက် ယွင်ရှီးကို မီးထိုးနေတတ်သည်မှာ နယ်မြေပိုင်နက်ဗီဇ အားကောင်းသော တိရစ္ဆာန်ကလေးတစ်ကောင်နှင့် တူနေသည်။
ယွင်ရှီးနှင့် ခြောက်နှစ်ကြာ ရန်ဘက်ဖြစ်ခဲ့ပြီးနောက် သုန်းကုန်းမင်ယွဲ့သည် ခုခံနိုင်စွမ်း အနည်းငယ်တော့ တိုးတက်လာပေသည်။
သူမသည် မခံချင်စိတ်ဖြင့် စိုက်ကြည့်ရင်း
မောဟိုက်စွာ ပြောလိုက်သည်။
“နင်… နင် တကယ်ကို မျက်နှာပြောင်တိုက်တာပဲ!”
ယွင်ရှီးက နားမလည်ဟန်ဖြင့် ပြန်မေးသည်။
“ငါက လုရီကို လွမ်းရုံလေးပဲဟာ… ဘာလို့ ရှက်ရမှာလဲ”
သုန်းကုန်းမင်ယွဲ့၏ မျက်နှာ နည်းနည်းနီရဲလာပြီး စိတ်ရှုပ်ထွေးစွာဖြင့် စကားလုံးများ မပီမသ ရေရွတ်လိုက်သည်။
“ဘာ..ဘာလို့လဲဆိုတော့…”
တိုက်ပွဲတွင် ထိရောက်မှု မရှိသလောက်ဖြစ်နေသော သုန်းကုန်းမင်ယွဲ့ကို ကြည့်ရင်း လုရီသည် အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။
ဖြစ်နိုင်လျှင် သူမတို့ အဆင်ပြေပြေ ပေါင်းသင်းနိုင်ပါက ကောင်းလိမ့်မည်ဟု သူမျှော်လင့်မိသည်။
သို့သော် သူမတို့ တွေ့တိုင်း ရန်ဖြစ်နေသည်ကိုသာ တွေ့ရသည်။ ဤမိန်ကလေးများ၏ ဆက်ဆံရေးကို တိုးတက်စေမည့် နည်းလမ်းများ ရှိပါက အံ့ဩဖွယ်ကောင်းပေလိမ့်မည်။
ထိုအချိန်တွင် လုရီ၏ စိတ်ထဲတွင် အတွေး
တစ်ချက် လျှပ်တစ်ပြက် လင်းလက်သွားသည်။ သူ၏ အတိတ်ဘဝတွင် ခိုင်မာသော ခင်မင်ရင်းနှီးမှု သုံးမျိုးမှာ သေနတ်ကို အတူတူ ထမ်းပိုးခြင်း၊ အပျော် အိမ်များသို့ အတူတူ သွားရောက်ခြင်းနှင့် လုယက်ထားသော ပစ္စည်းများကို အတူတူ ခွဲဝေခံစားခြင်းတို့ဖြစ်သည်။
နောက်ဆုံးနှစ်ခုကတော့ မဖြစ်နိုင်ပေ။ သို့သော် သေနတ်ကို အတူတူ ထမ်းပိုးခြင်းကတော့ ဖြစ်နိုင်ပုံရသည်။ ပြင်းထန်သော တိုက်ပွဲကို အတူတကွ ရင်ဆိုင်ရခြင်းသည် ဆက်ဆံရေးကို အထောက်အကူပြုသည် မဟုတ်ပါလား။
လုရီသည် သူမတို့အတွက် ပြိုင်ဘက်အချို့ကို ရှာဖွေရန် စဉ်းစားနေခဲ့သည်။
ရုတ်တရက် တစ်ခုခုကို သတိရလိုက်သည်။
ထိုအရာမှာ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့ ယခုတိုင် ရှိနေသေးသည်ဟူသော အချက်ပင်။
လုရီသည် သူ့ကိုယ်သူ အတော်လေး လက်စားချေတတ်သူဟု ယူဆခဲ့သည်။ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံသူများကိုလည်း မှတ်သားထားသည်။ သူ့ကို အကောက်ကြံသူများကိုလည်း မမေ့ပေ။
အရှေ့တောအုပ် အပျက်အစီးတွင် ရှိနေစဉ်က ဂိုဏ်းနှစ်ခုလုံးက သူ့ကို ဝိုင်းဝန်းပိတ်ဆို့ရန် သူတို့၏ ထိပ်တန်းတပည့်များကို စေလွှတ်ခဲ့ပုံ၊ နောက်ပိုင်းတွင် သူ့ကို သတ်ရန်အလို့ငှာ ပန်းတစ်သောင်းဂိုဏ်းကိုပင် တိုက်ခိုက်ခဲ့ကြပြီး ညီအစ်ကိုမောင်နှမများစွာ သေဆုံးခဲ့ရပုံကို သူ ဘယ်တော့မှ မမေ့ခဲ့ပေ။
အခြားဂိုဏ်းများ နောက်ပိုင်းတွင် ပါဝင်ခဲ့သော်လည်း ဤနှစ်ဂိုဏ်းသည် အဆိုးဆုံး ပြစ်မှုကျူးလွန်သူများပင်။
အထူးသဖြင့် သွေးဝိညာဉ်ဂိုဏ်း။
အကြောင်းမူကား သွေးအဆီအနှစ်များကို ထုံးတမ်းစဉ်လာအတိုင်း စုပ်ယူကြသော သွေးဝိညာဉ်ကျင့်ကြံသူများကို သူ မူလကတည်းက
မနှစ်မြို့ခဲ့ပေ။
သူတို့ကို ဝိုင်းရံရန် ကြိုးစားခဲ့ခြင်းကို ဖော်ပြစရာပင် မလိုတော့ပေ။ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ လက်စားချေရန် လုံလောက်စွာ တတ်နိုင်ပေပြီ။
လုရီက သူ့ဘာသာ ကြိတ်၍ ကြုံးဝါးလိုက်သည်။
“ငါ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးချင်တယ်”
[အလုပ်]
သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပါ။
ဆုလာဘ်- ပေါင်းစည်းခြင်း နယ်ပယ် သိုင်း “ကောင်းကင်ခွဲစည်းတံဆိပ်”
တာဝန်လက်ခံပါ - လက်ခံမည်လား/ငြင်းမည်လား။
အလုပ် ဆုလာဘ်ကို မြင်လိုက်ရသောအခါ လုရီသည် ခဏမျှ ကြောင်သွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ဆုလာဘ်သည် သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသည်။ အမြင့်ဆုံး ကျင့်ကြံမှုအဆင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သာ ရှိသော ဂိုဏ်းတစ်ခုကို ဖျက်ဆီးရုံဖြင့် ပေါင်းစည်းခြင်း နယ်ပယ် သိုင်းပညာရပ်ကို ရနိုင်မည်လား။
ဤနေရာ၌ လုရီသည် သူကျင့်ကြံသော အင်မော်တယ်ဓားကျမ်းမှလွဲ၍ ယခုချိန်ထိ ပေါင်းစည်းခြင်း နယ်ပယ် သိုင်း ပညာရပ်ကို တစ်ခါမှ မရရှိသေးကြောင်း မှတ်သားရပေမည်။
၎င်းသည် သူ၏ ပထမဆုံးအကြိမ်ပင်။
လုရီ၊ အတော်လေး အံ့အားသင့်စွာဖြင့် တွေးမိသည်။
ဂိုဏ်းတစ်ခုကို ဖျက်ဆီးခြင်းအတွက် ဆုလာဘ်များသည် ၎င်း၏ ကျင့်ကြံသူများ၏ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်အပေါ် မူတည်၍ တွက်ချက်ခြင်းမဟုတ်နိုင်ပေ။
သူက သိပ်ပြီး စဉ်းစားမနေတော့ဘဲ စကားများနေဆဲဖြစ်သော ကောင်မလေး နှစ်ဦးကို ကြည့်လိုက်ပြီး ကြည်လင်သော အပြုံးတစ်ပွင့်ကို ပြသလိုက်သည်။
“ဂျူနီယာ ညီမလေးနဲ့ ယွင်ရှီး၊ငါ မင်းတို့နှစ်ယောက်နဲ့ ဆွေးနွေးစရာ တစ်ခု ရှိတယ်”
ထိုအခါ သုန်းကုန်းမင်ယွဲ့သည် ယွင်ရှီးကို စိုက်ကြည့်လိုက်ပြီးနောက် လုရီဘက်သို့ လှည့်လိုက်သည်။
“အစ်ကိုကြီး၊ ဘာများလဲ”
ယွင်ရှီးလည်း စိတ်ဝင်တစားဖြင့် လုရီကို စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်မှာ လုရီက ပြုံးလိုက်သည်။
“မင်းတို့နှစ်ယောက် ဂိုဏ်းထဲမှာပဲ ကျင့်ကြံနေခဲ့ကြတာ၊ အသက်အန္တရာယ်ရှိတဲ့ တိုက်ပွဲတွေကို သိပ်ပြီး မကြုံဖူးကြဘူး မဟုတ်လား။ ကြီးမားတဲ့ စစ်ပွဲတွေကို မခံစားရဘဲဆိုရင် လိုအပ်တဲ့ ခွန်အားကို ရရင်တောင်မှ အပြည့်အဝ အသုံးမပြုနိုင်ဘူး။ ဒီတော့ မင်းတို့နှစ်ယောက်ကို တိုက်ပွဲအတွေ့အကြုံတချို့ ရအောင် ခေါ်သွားဖို့ ငါစီစဉ်ထားတယ်”
ဤစကားကို ကြားသောအခါ ယွင်ရှီးနှင့်
သုန်းကုန်းမင်ယွဲ့ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားသည်။
“ငါတို့ ဘယ်ကို သွားကြမှာလဲ”
တုန်းကုန်းမင်ယွဲ့က စိတ်ဝင်တစား မေးလိုက်ခြင်းပါ။
လုရီ ကြည်လင်စွာ ပြုံးလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ အရင်ဆုံး စီနီယာအစ်မနဲ့ တခြားသူအားလုံးကို စုဆောင်းကြစို့၊ ပြီးရင် အတူတူ သွားကြမယ်”
လုရီက ‘အားလုံး’ ဟု ပြောသည်ကို ကြားသောအခါ သုန်းကုန်းမင်ယွဲ့သည် သူမ၏ နှာခေါင်းလေးကို တွန့်လိုက်သော်လည်း ဘာမှ ထပ်မပြောဘဲ ယွင်ရှီးကို ခိုးကြည့်လိုက်မိသည်။
အခန်း ၂၉၀ - သေနတ်ကို အတူတူ ထမ်းပိုးခြင်း...
~ယွင်ရှီး၏ မျက်နှာသည် တည်ငြိမ်အေးဆေးလျက်၊ စိုးရိမ်ပူပန်မှုအရိပ်အယောင်မရှိဘဲ ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု ပြောလိုက်၏။
သူတို့သုံးဦး လျိုနင်ရွှမ်း၏ ဂူစံအိမ် အပြင်ဘက်သို့ ရောက်ရှိလာသောအခါ လုရီက "စီနီယာအစ်မ၊ အခု အချိန်ရပါသလား" ဟု အသံပြုခေါ်လိုက်၏။
မကြာမီပင် လျိုနင်ရွှမ်း၏ ဟင်းလင်းပြင်ဥမင်အိမ်တော်၏ တံခါးကြီးများ ပွင့်လာပြီး၊ သူမကိုယ်တိုင်ပင် နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်စုံနှင့် အေးစက်သော ဟန်ပန်ဖြင့် ထွက်ပေါ်လာ၏။
လုရီနှင့် အခြားသူများကို မြင်သောအခါ သူမသည် ယွင်ရှီးကို မည်သို့မျှမပြောဘဲ ကြည့်လိုက်ပြီးနောက် လုရီဘက်သို့ အနည်းငယ်ပြုံးကာ ကြည့်၍ မေးလိုက်သည်။
"ဂျူနီယာမောင်လေး၊ ဘယ်ကိစ္စနဲ့ ရောက်လာလဲ"
ထိုအခါ လုရီက အသာ ပြုံးလျက် ပြန်တုံ့ပြန်လိုက်၏။
"စီနီယာအစ်မ၊ စစ်ပွဲကြီးတစ်ခုမှာ ပါဝင်ဖို့ စိတ်ဝင်စားလားဗျ"
ထိုအခါမှာ လျိုနင်ရွှမ်း အံ့အားသင့်သွားပြီး လုရီကို ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး
"ဂျူနီယာ မောင်လေး.. အခုအချိန်မှာ အရှေ့နယ်မြေက ကျင့်ကြံသူအားလုံး နင့်ကို စောင့်ကြည့်နေလောက်တယ်။ အရှေ့နယ်မြေကမ်းရိုးတန်းကို သွားဖို့ စဉ်းစားနေတာလား။ အတော်လေး အန္တရာယ်များတယ်..နက့်ကို လျှို့ဝှက်တိုက်ခိုက်ဖို့ ကြံနေတဲ့ မဟာတန်ခိုးရှင်တွေတောင် ရှိနိုင်တယ် နော်"
ဤစကားကို ကြားသောအခါ လုရီသည်
လျိုနင်ရွှမ်း နားလည်မှု လွဲမှားနေကြောင်း သဘောပေါက်လိုက်သည်။
"စီနီယာအစ်မက စိုးရိမ်လွန်နေတာပါ။ ကျွန်တော် အခြေအနေကို ကောင်းကောင်းနားလည်ပါတယ်။ ကမ်းရိုးတန်းကို ဘယ်လိုလုပ် သွားနိုင်ပါ့မလဲ" ဟု သူက အပြုံးမပျက်ဘဲ ပြန်ဖြေလိုက်၏။
လျိုနင်ရွှမ်း သက်ပြင်းချကာ ရယ်မောပြီး "ဒါဆို နင် ပြောတဲ့ စစ်ပွဲက ဘာလဲ" ဟု မေးလိုက် တော့၏။
လုရီ မျက်ခုံးပင့်ကာ ပြုံးသည်။
"သွေးဝိညာဉ်ဂိုဏ်း..."
ဤစကားကြောင့် လျိုနင်ရွှမ်း၏ မျက်ခုံးပင့်တက်သွားပြီး သူမ၏ အေးစက်သော မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လျှပ်စီးသွားသည်။
"သွားလို့ ရတာပေါ့။ ငါက နတ်ဘုရားအသွင်ပြောင်းဖို့ တစ်လှမ်းပဲ လိုတော့တာ။ စစ်ပွဲကြီးတစ်ခုက ငါ့ကို တိုးတက်အောင် ကူညီပေးနိုင်လိမ့်မယ်"
လုရီ သူမ၏ တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီပင် ပုံမှန်ဟု ခံစားလိုက်ရသည်။
သူသည် အခြေတည်နယ်ပယ်တွင် ရှိနေစဉ်ကပင် စီနီယာ အစ်မသည် အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်လေရာ သူမ အဆင့် ချိုးဖြတ်ရန် အချိန်ကျပြီ ဖြစ်သည်။
ကျင့်ကြံမှုအမြန်နှုန်းအရဆိုလျှင် သူ၏ စီနီယာ အစ်မသည် သူ့ထက်မနှေးပေ။ ကွာခြားချက်မှာ သူ ပိုင်ဆိုင်သည့် နက်နဲလှသည့် အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
လုရီ ဝမ်းသာသလို ပြုံးလိုက်သည်။
"ဒါဆို ပိုကောင်းတာပေါ့"
ဘေးတွင် ရှိသော သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့လည်း လုရီထံမှ သူတို့၏ ခရီးစဉ်ကို သိရှိခဲ့ရသည်
သုန်းကုန်းမင်ယွဲ့သည် သိသိသာသာ စိတ်လှုပ်ရှားနေပြီး သူမ၏ အသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"သွေးဝိညာဉ်ဂိုဏ်းကို သွားမယ်! အဲ့ဒီ မကောင်းဆိုးရွား ကျင့်ကြံသူတွေကို ငါ သတ်ပစ်ချင်နေတာ ကြာပြီ"
ယွမ်ရှီးလည်း အနည်းငယ် ခေါင်းညိတ်ကာ
"ပန်းတစ်သောင်း ဂိုဏ်းက အစ်မတွေ အများကြီး သေဆုံးခဲ့ရတာ သွေးဝိညာဉ်ဂိုဏ်းကြောင့်ပဲ၊ ငါလည်း အစ်မတွေအတွက် လက်စားချေချင်တယ်"
ထိုစဉ် လျိုနင်ရွှမ်း လုရီကို ကြည့်ကာ
မေးလိုက်၏။
"ဘယ်တော့ ထွက်ကြမလဲ"
လုရီ ခဏစဉ်းစားပြီးနောက် ပြုံးလျက် "ဒီည သွားကြမယ်" ဟု ပြန်ဖြေလိုက်လေ၏။
ထိုအခါ ..မိန်းကလေး သုံးဦးစလုံး သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြတော့သည်။
အချိန်က မြန်ဆန်လေသည်။ ညနေသို့ ရောက်ရှိလာ၏။
လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည် မည်သူ့ကိုမျှ သတိမပေးဘဲ တိမ်ဖြူဂိုဏ်းမှ တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။
တကယ်တော့ သူတို့ထဲက မည်သူကမှ သွေးဝိညာဉ်ဂိုဏ်းကို သွားမည်ဖြစ်ကြောင်း မည်သူ့ကိုမျှ မပြောခဲ့ကြပေ။
အင်မော်တယ်ဓားကျမ်းကို စိတ်ဝင်စားသူများ ထွက်ခွာသွားခဲ့သည်မှာ ခြောက်နှစ်ကြာပြီဖြစ်သော်လည်း တိမ်ဖြူဂိုဏ်းသို့ သူလျှိုများ ဝင်ရောက်နေခြင်း ရှိမရှိ မည်သူမျှ မသိကြပေ။
သတင်းများ ပေါက်ကြားသွားပါက အပြင်ဘက်တွင် မဟာတန်ခိုးရှင်များနှင့် တွေ့ဆုံပါက ကံဆိုးနိုင်သည်။
တိမ်ဖြူဂိုဏ်းမှ ထွက်ခွာပြီးနောက်တွင်ပင် လုရီသည် အိပ်မက်တိမ် ကျောက်စိမ်း ဆွဲကြိုးကို ဂရုတစိုက် ဆွဲထားဆဲဖြစ်ပြီး၊ ၎င်းကို ကောင်းကင် ယန္တရားကို ဖုံးကွယ်ရန် အသုံးပြုလေသည်။ သူတို့လေးဦးစလုံးသည်လည်း အသွင်ပြောင်း ပညာဖြင့် သူတို့၏ မျက်နှာများကို ပြောင်းလဲခဲ့ကြသည်။
လုရီသည် အသွင်ပြောင်း ပညာကို လျိုနင်ရွှမ်းနှင့် အခြားသူများအားလည်း ဝေမျှပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလျှို့ဝှက်ပညာသည် အလွန် အသုံးဝင်သောကြောင့် ဖြစ်သည်။
နောင်တရမိသည်မှာ အသွင်ပြောင်းပညာ၏ အဆင့်အတန်းသည် အနည်းငယ်နိမ့်ကျနေခြင်းပင်ဖြစ်သည်။ ပိုမို မြင့်မားသောအဆင့်ရှိ ပြေအသွင်ပြောင်း ပညာရပ် ရှိပါက ပို၍ကောင်းမွန်မည်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ယနေ့အထိ ထိုသို့သော အလုပ် ဆုလာဘ်များ မရှိခဲ့သေးပေ။
သူတို့လေးဦး အေးအေးဆေးဆေး သွားနေကြသည်။ တိမ်ဖြူဂိုဏ်းနှင့် အတန်အသင့် ဝေးကွာသွားသောအခါ လုရီသည် အသုံးမပြုရသေးသည့် ပျံသန်းရေး ရတနာတစ်ခုဖြစ်သည့်
အစိမ်းရောင် လှေကို ထုတ်ယူလိုက်သည်။
အစိမ်းရောင် လှေသည် အံ့မခန်း မြန်ဆန်လှပြီး၊ သူတို့သည် သွေးဝိညာဉ်ဂိုဏ်း၏ ယခင်နယ်မြေသို့ ခပ်မြန်မြန် ရောက်ရှိခဲ့ကြသည်။
မမှားယွင်းချေ။ ဤနယ်မြေက အခု တိမ်ဖြူဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။
သွေးဝိညာဉ်ဂိုဏ်းသည် နက်ရှိုင်းသော ချောက်ကြီးထဲရှိ ကြီးမားသော အက်ကြောင်းများ ပြည့်နှက်နေသည့် ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိပြီး၊ ပတ်ဝန်းကျင်သည် မြေဆီလွှာ မရှိသော မြေရိုင်းဖြစ်ကာ၊ သွေးညှီနံ့ အနည်းငယ် လေထဲတွင် ပျံ့လွင့်နေဆဲဖြစ်သည်။
ဤအရာများသည် သွေးဝိညာဉ်ဂိုဏ်းမှ ဤနေရာတွင် စုစည်းထားသော သွေးအဆီအနှစ်များ၏ အကြွင်းအကျန်များပင်။ ဂိုဏ်း၏ဌာနချုပ်သည် အတန်ငယ်ဝေးကွာပြီး ဂိုဏ်းသည် ၎င်း၏
တောင်ကို ဆယ်စုနှစ်နှစ်ခုနီးပါး ပိတ်ထားခဲ့သော်လည်း အညှီနံ့ကြီးမှာ ပျောက်ကွယ်မသွားသေးပေ။
ဤမြေသို့ ရောက်ရှိလာသောအခါ လုရီဖြစ်စေ၊ လျိုနင်ရွှမ်းတို့ သုံးဦးစလုံးဖြစ်စေ မျက်မှောင်ကြုံ့မိကြပြီး၊ သုန်းကုန်းမင်ယွဲ့က ရွံရှာစွာဖြင့်
ရေရွတ်သည်။
"သွေးဝိညာဉ်ဂိုဏ်းရဲ့ လုပ်ရပ်တွေက တကယ်ကို ရွံစရာကောင်းတယ်။ ဒီလောက် သွေးနံ့ပြင်းတာဆိုတော့ ဒီနေရာမှာ အပြစ်မဲ့ လူဘယ်နှစ်ယောက် သေဆုံးခဲ့လဲဆိုတာ စိတ်ကူးနဲ့တောင် မမှန်းဆနိုင်ဘူး"
အစိမ်းရောင် လှေသည် ဤခြောက်သွေ့သောမြေပြင်တွင် အသက်ရှင်သန်နေသည့် တစ်ခုတည်းသော လက္ခဏာဖြစ်ပုံ ရတော့သည်။
၎င်းက ကောင်းကင်ကို ဖြတ်ကျော်ကာ အလင်းတန်းစွပ်ကြောင်းကြီး တစ်ခုအား ဖန်တီးရင်း ချောက်နက်ကြီးဆီသို့ ဦးတည် ပျံသန်းသွားသည်။
"အောက်က သွေးဝိညာဉ်ဂိုဏ်းပဲ"
လျိုနင်ရွှမ်းက နက်ရှိုင်းပြီး မှောင်မိုက်သော ချောက်နက်ကြီးကို ငြိမ်သက်စွာ ငုံ့ကြည့်ကာ ပြောလိုက်ခြင်းပါ။
လုရီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး၊ သူ့စိတ်ကူးတစ်ချက်ထုတ်ဖော်လိုက်တော့ အစိမ်းရောင် လှေ ပျောက်ကွယ်သွားကာ
သူတို့လေးဦးသာ လေထဲတွင် လွင့်ဝဲနေကြသည်။
လုရီသည် သွေးရောင်အလင်းတန်းများ စီးဆင်းနေသော မှောင်မိုက်သည့် ချောက်နက်ကြီးကို ကြည့်ကာ ရယ်မောလျက်
"ချောက်ကြီးအပေါ်မှာ ကြီးမားတဲ့ အခင်းအကျင်း တစ်ခု ချထားတယ်။ လာ..
ကျွန်တော့်နောက်လိုက်ခဲ့၊ အတူတူ ဝင်ကြမယ်"
လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးတို့သည် ခေါင်းညိတ်ကြသည်။ လုရီ၏ အလွန် မြင့်မားသော အခင်းအကျင်းတာအိုအဆင့်အတန်းကို သူမတို့ ကောင်းစွာသိရှိကြသည်။ သူ့အတွက် သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းသည် ဟင်းလင်းပြင်ဥမင် နယ်ပယ် အဆင့်သာ ရှိသဖြင့် အခက်အခဲ မရှိပေ။
သူတို့လေးဦးသည် တိတ်ဆိတ်စွာပင် ချောက်နက်ကြီးဆီသို့ ပျံသန်းသွားကြပြီး မကြာမီပင် ၎င်းအပေါ်တွင် သွေးရောင် အလင်းတန်းများ ဖုံးအုပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။
လုရီသည် ဥယျာဉ်ထဲတွင် လမ်းလျှောက်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် လျှောက်လှမ်းသွားသည်။
သွေးရောင်အလင်းတန်းထဲသို့ ကျန် သုံးဦးကို ဦးဆောင်ကာ ကြီးမားသည့် အခင်းအကျင်းကို
မနှိုးဆွဘဲ အလွယ်တကူပင် သွေးရောင်အလင်းတန်းအလွှာများကို ဖြတ်သန်းကာ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြလေသည်။
ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း အတွင်းသို့ ဝင်ရောက်ပြီးမှသာ လုရီ အောက်ဘက်ရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။
ချောက်နက်ကြီးသည် အဆောက်အဦများ ပြည့်နှက်နေကာ အလွန်ကျယ်ဝန်းသည်။
နန်းတော်များကဲ့သို့သော အဆောက်အဦများသည် ကြီးမားလှပြီး လှပစွာ ဆောက်လုပ်ထားကာ၊ အပြင်ဘက်ရှိ ခြောက်သွေ့သော ပုံစံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ကောင်းကင်နန်းတော်ရှိ အဆောက်အဦများနှင့် ဆင်တူသော်လည်း သွေးမြူများ စီးဆင်းနေပြီး၊ သွေးနံ့ ပြင်းပြင်းက နေရာလပ် တစ်ခုလုံးကို ပြည့်နှက်နေလုနီးပါးပင်။
ဤသည်က သူတို့လေးဦးအား ပို၍ မျက်ခုံး ကျုံ့စေခဲ့သည်။
လျိုနင်ရွှမ်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊ မည်သူ့ကိုမျှ သတိမပေးမိစေရန် အလို့ငှာ လျှို့ဝှက် အသံလွှင့်လိုက်သည်။
"ဂျူနီယာ မောင်လေး၊ ငါတို့ ဘာလုပ်ရမလဲ"
"ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ခင်ဗျားတို့ကို စမ်းသပ်ဖို့ပဲ။ ကျွန်တော်က နောက်ကနေ ကူညီပေးမယ်၊ ခင်ဗျားတို့ လှုပ်ရှားလို့ရပြီ။ မတော်တဆမှုတွေ ရှောင်ရှားဖို့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ကြပါ"
လုရီက ပြုံးရင်း ပြန်လည် အသံပေးပို့လိုက်ခြင်းပါ။
သူ၏ ရည်ရွယ်ချက်မှာ မိန်းကလေး သုံးဦးအား အလုပ်များကို ခွဲဝေယူစေပြီး ဆက်ဆံရေးကို ပိုမိုကောင်းမွန်သွားစေရန် ဖြစ်သည်။
ဟုတ်ပါသည်။ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးခြင်းအ လုပ်အတွက် ဆုလာဘ်များသည်လည်း အလွန် မက်မောစရာ ဖြစ်လေသည်။
ထိုသို့ ပြောပြီးနောက် လုရီ လက်ဝါးဖြန့်လိုက်ရာ၊ သူ့လက်ဖဝါးပေါ်တွင် အဖြူရောင်စာလိပ်တစ်ခု ပေါ်လာသည်။
တစ်ချက်လှုပ်လိုက်သည်နှင့် စာလိပ်သည် ကန့်လန့်ကာတစ်ခုကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားကာ သွေးဝိညာဉ်ဂိုဏ်းတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။
စာလိပ်သည် ကောင်းကင်နှင့် ပေါင်းစပ်သွားပြီး၊ ရှုပ်ထွေးနက်နဲသော အခင်းအကျင်း ပုံစံများ ကောင်းကင်ယံတွင် လှုပ်ခတ်နေသည်။
၎င်းက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်သော ကောင်းကင်အခင်းအကျင်းမြေပုံပင်။
လုရီသည် သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများကို အသက် ချမ်းသာပေးရန် ရည်ရွယ်ချက်မရှိပေ။
ကောင်းကင်အခင်းအကျင်းမြေပုံ ကောင်းကင်သို့ ပျံတက်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် ဖိအားများ ပျံ့လွင့်သွားသည်။
အခင်းအကျင်းပုံစံများ လင်းလက်လာကာ ကောင်းကင်မိုးကြိုးများ ကျဆင်း၍ ကောင်းကင်တာအိုက သေမျိုး လောကသို့ ဆင်းသက်လာသည့်အလားပင်။
လုရီသည် အခင်းအကျင်းပုံစံများအောက်တွင် ရပ်နေပြီး၊ သူ့၏ အရှိန်အဝါသည် ကောင်းကင်အခင်းအကျင်းမြေပုံနှင့် ပေါင်းစပ်နေသည်။
သူ၏ အဖြူရောင်ဝတ်ရုံသည် နှင်းထက် ပိုမိုဖြူစင်၍၊ သူ၏ တည်ရှိမှုသည် ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းပြီး၊ စစ်မှန်သော အင်မော်တယ်တစ်ပါး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ပင်။
လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့သည် လုရီကို ကြည့်နေကြပြီး၊ သူမတို့၏ မျက်လုံးများ လင်းလက်နေကာ စိတ်များ လှုပ်ရှားနေသည်။
သူတို့သည် လုရီနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်လေ့ရှိသော်လည်း ဤမျှကြီးမားသော စွမ်းအားကို ပြသသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူတို့အားလုံး အံ့အားသင့်နေကြသည်
ဒုန်း! ဒုန်း! ဒုန်း!
ကောင်းကင်အခင်းအကျင်းမြေပုံ အသက်ဝင်လာသည်နှင့်အမျှ အောက်ဘက်ရှိ သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများ ၎င်းအား သတိပြုမိလိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များ လှိုင်းထန်လာပြီး အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"အလိုလေး...ပြင်းထန်တဲ့ ရန်သူ ကျူးကျော်လာပြီ"
တဆက်တည်းပင် အရိပ်များ ကောင်းကင်သို့ ပျံလွှား ရောက်ရှိလာကြသည်။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အနည်းဆုံး ဆယ်ဦးခန့်၊ အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ရာနှင့်ချီကာ၊ ရွှေအူတိုင်နှင့် အခြေတည်နယ်ပယ် ကျင့်ကြံသူ ထောင်နှင့်ချီသည်။ ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်နေလုနီးပါးပင်။ ကျင့်ကြံသူအားလုံး၏ စွမ်းအင်များ ရောယှက်ကာ ကောင်းကင်နှင့်မြေကြီးကြားတွင် လေမုန်တိုင်းကြီး ပြင်းထန်စေသည်။
ကျင့်ကြံသူအားလုံးသည် လုရီနှင့် အခြားသုံးဦးကို ဝိုင်းရံထားကြပြီး၊ သူတို့ကို ထောင်ပေါင်းများစွာသော စစ်တပ်တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။
ဤသို့မြင်ရသောအခါ လျိုနင်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာများသည် အလွန်လေးနက်သွားသည်။
အခန်း၂၉၁-သွေးဝိဉာဥ်ဂိုဏ်းရဲ့ ဘိုးဘေး...
~သွေးဝိဉာဥ်ဂိုဏ်း၏ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများသည် ရှေ့ဆုံးမှ ရပ်နေကြသည်။ ၎င်းတို့ကို ဦးဆောင်နေသူမှာ သွေးအိုင်ထဲမှ ဆယ်ယူထားသကဲ့သို့ နီရဲတောက်နေသော ဆံပင်များဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူကား သွေးဝိဉာဥ်ဂိုဏ်းချုပ် ရွှယ်ထျန်းဟိုပင်တည်း။
သူ့မျက်ဝန်းများက သွေးဆာနေသည့် အလား နီမြန်းလျက်၊ သူ့ကိုယ်မှ ထွက်ပေါ်နေသော ဝိဉာဥ်ဖိအားက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၏။
လုရီကို မြင်သည်နှင့် ကျွယ်ထျန်းဟို၏ မျက်နှာသည် တစ်မဟုတ်ချင်း ပြောင်းလဲသွားပြီး မိုးခြိမ်းသံနှယ် အော်ဟစ်လိုက်သည်။
"လုရီ၊ တကယ် မင်းလား!"
ထိုအသံသည် လေထုကိုပင် တုန်ခါသွားစေသည်။
လုရီ၏ မျက်နှာအမူအရာကမူ ပင်လယ်ပြင်ကဲ့သို့ အေးဆေးတည်ငြိမ်သည်။
မထီမဲ့မြင် ပြုံး၍ "ဟုတ်တယ်၊ ကျုပ်ပဲ" ဟု ပြန်ဖြေလိုက်သည်။
သူ့အသံက အေးစက်တည်ငြိမ်သော်လည်း လေထဲတွင် ခပ်ပါးပါးလေး ပဲ့တင်ထပ်သွားသည်။
ထိုအခါ ရွှယ်ထျန်းဟို၏ မျက်လုံးများတွင် အေးစက်သော မုန်းတီးမှုများ လှိုင်းထလာသည်။
မည်သို့ပင်ဖြစ်စေကာမူ လုရီသည် သူ့သားကို ရက်ရက်စက်စက် သတ်ခဲ့သူ မဟုတ်ပါလား။ ဤရန်ငြိုးသည် သူ့နှလုံးသား၌ သွေးကြွေးအဖြစ် စွဲထင်နေခဲ့သည်မှာ ကြာပြီ။
လုရီကို သားရဲတစ်ကောင်ပမာ စူးစိုက်ကြည့်ရင်း ခက်ထန်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
"အင်မော်တယ်သိုင်းကျမ်းကို ကိုင်ဆောင်ထားပြီး တိမ်ဖြူဂိုဏ်းက မင်း ထွက်လာတာကို စောင့်နေတဲ့ အင်အားကြီး ကျင့်ကြံသူတွေ အများကြီး ရှိနေတာတောင် မင်း ထွက်လာရဲသေးလား"
ထိုစကားများက သွားကြားမှ ထွက်လာသည့် ဓားသွားများနှယ် ပြတ်သားလွန်းလှသည်။
လုရီကမူ အေးဆေးတည်ငြိမ်စွာပင်
ပြန်ဖြေသည်။
"ကျုပ် ထွက်လာတာကို ဘယ်သူမှ မသိပါဘူး"
သူ့မျက်ဝန်းထဲတွင် လှောင်ပြောင်မှုအရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
"မင်းလို သားရဲလေးက၊ ငါတို့ သွေးဝိဉာဥ်ဂိုဏ်းကို တိုက်ခိုက်ဖို့ ဒီနေရာကို ရောက်လာတယ်ပေါ့လေ.. ငါတို့ သွေးဝိဉာဥ်ဂိုဏ်းက ဒီလောက် အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာပေါ့"
ထိုသို့ ရွှယ်ထျန်းဟို၏ နောက်က အကြီးအကဲတစ်ဦးက အေးစက်သော မျက်နှာဖြင့် ပြောရင်း လုရီကို မလိုမုန်းတီးစွာ စူးစိုက်ကြည့်လိုက်သည်။
သူ့ပတ်လည်တွင် ဝိဉာဥ်စွမ်းအင်များ လည်ပတ်နေသည်။ ထိုဝိဉာဥ်စွမ်းအင်များသည် သွေးရောင်အငွေ့အသက်များအဖြစ် လူးလှိမ့်နေကြသည်။
အခြား နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများလည်း အေးစက်သော မျက်နှာများဖြင့်
သူတို့၏ ကိုယ်တဝိုက်၌ သွေးရောင်အလင်းတန်းများ ရစ်သိုင်းနေပြီး လုရီကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏ မျက်နှာများသည် အလွန် တင်းမာနေကြသည်။
လုရီသည် သူတို့အတွက် ရန်သူသာမက ဖြေရှင်းရခက်သော ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်နေသည်။
လုရီ၏ သိုင်းစွမ်းရည်များမှာ ကောင်းကင်ယံကြယ်ပွင့်များကဲ့သို့ ထိန်ထိန်သာနေသည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူ ပုဂ္ဂိုလ်ကို သတ်ပစ်ခဲ့ဖူးသည်။
ယခုပင်လျှင် သွေးဝိဉာဥ်ဂိုဏ်း၏ ဌာနချုပ်၌ပင် သူတို့သည် လုရီကို ပေါ့ပေါ့တန်တန်
သဘောမထားရဲကြချေ။ အဘယ်ကြောင့်ဆိုသော် လုရီ၏ နာမည်သည် သေမင်း၏ နိမိတ်ပုံသဏ္ဍန်နှယ် သူတို့၏ နှလုံးသားထဲတွင် ကိန်းအောင်းနေသောကြောင့်ပင်။
လုရီက ခပ်ပြုံးပြုံးပင်။
"အဲ့ဒီတုန်းက လုပ်ခဲ့တဲ့ ကံအကျိုးပေးအတိုင်း
ဒီနေ့ ကျုပ် ရောက်လာမယ်ဆိုတာ ခင်ဗျားတို့ ကြိုသိထားသင့်တာပေါ့"
ထိုသို့ လုရီထံမှ အတည်ပြုချက် ရရှိသောအခါ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများနှင့် အခြေတည်ဝိဉာဥ် ကျင့်ကြံသူ အားလုံး၏ မျက်နှာများ မည်းမှောင်သွားကြသည်။
သူတို့၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။
အနောက်ဘက်ရှိ သွေးဝိဉာဥ်ဂိုဏ်းမှ တပည့်များသည် ဆူညံနေကြပြီး လုရီကို ကြောက်ရွံ့မှုနှင့် ဒေါသမျက်နှာများဖြင့် ကြည့်ကာ အော်ဟစ်ဆဲဆိုနေကြသည်။
ရွှယ်ထျန်းဟိုက လေထဲ၌ လက်ဟန်များ စတင်ဖန်တီးပြီး ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အသက်သွင်းရန် ကြိုးစားလိုက်သည်။
သို့သော် အခင်းအကျင်းက မည်သည့် တုံ့ပြန်မှုမှ မပြသသောကြောင့် နတ်ဘုရား အသွင်ပြောင်း ကျွမ်းကျင်သူများ၏ မျက်နှာများ ပိုမိုတင်းမာသွားကြသည်။ သူတို့၏ နှလုံးသားထဲတွင်
မကောင်းသော ခံစားချက်များ ဝင်ရောက်လာသည်။
လုရီက ပြုံးလျက် တုံ့ပြန်သည်။
"အားမစိုက်ထုတ်ပါနဲ့။ ကျုပ်ရဲ့
အခင်းအကျင်း တာအို ကျွမ်းကျင်မှုက ခင်ဗျားတို့ အားလုံး သိပြီးသားပဲမလား.. ခင်ဗျားတို့ရဲ့ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းဆိုတာ ကျုပ်အတွက် ရိုးရိုးလေးပဲ။ ပြီးတော့ ကျုပ်က လှုပ်ရှားမှာ မဟုတ်ဘူး၊ သူတို့က တိုက်ခိုက်မှာ"
ထိုအခါမှသာ အခြားသူများသည် လျိုနင်ရွှမ်း၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ထံ အာရုံပြောင်းလိုက်ကြသည်။
ထိုအမျိုးသမီးငယ် သုံးဦးသည် လုရီ၏ ဘေးတွင် ငြိမ်သက်စွာ ရပ်နေကြပြီး
အင်မော်တယ်ဘုံမှ ဆင်းသက်လာသော
နတ်မိမယ်များနှယ် လှပ ကျော့ရှင်းနေကြသည်။
၎င်းသည် သွေးဝိဉာဥ်ဂိုဏ်း၏ အင်အားကြီးသူများ၏ ဒေါသကို ပိုမို ဆွပေးလိုက်သည်။
ရွှယ်ထျန်းဟိုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများတွင် သွေးအလင်းတန်းများ တောက်ပနေကာ ဒေါသတကြီး အော်ဟစ်လိုက်သည်မှာ
"လုရီ! မင်းက ငါတို့ကို အလွန်အမင်း အထင်သေးလွန်းတာပဲ! ဒီကောင်မလေး သုံးယောက်က ငါတို့အားလုံးကို ရင်ဆိုင်နိုင်မယ်လို့ တွက်ထားတာလား!"
ထိုအသံက ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အခြားသူများလည်း အေးစက်သော မျက်နှာအမူအရာများ ပြသကြသည်။
လုရီက သူတို့ကို လုံးဝ အရေးမထားခြင်းပင်။ ဤသည်မှာ သူတို့အတွက် မျက်နှာ ဖြတ်ရိုက်လိုက်သည်နှင့် အလားတူပင်။
လုရီက တည်ငြိမ်နေစဉ် လျှိုနင်ရွှမ်းက တစ်လှမ်းရှေ့တိုးလိုက်သည်။ သူမ၏ အေးစက်သော မျက်နှာတွင် နှင်းခဲအငွေ့အသက်များ ရစ်ပတ်နေပြီး လေထဲတွင် နက်နဲသော ရေခဲနှင်းခဲပုံစံများ ပေါ်လာသည်။
အအေးဓာတ်က နေရာအနှံ့ အပြင်းအထန် တိုက်ခတ်နေပြီး သူမပတ်လည် မီတာ ရာပေါင်းများစွာ အထိ ပျံ့နှံ့သွားသည်။ နှင်းပွင့်လေးများလည်း တိတ်ဆိတ်စွာ ကျဆင်းလာကြလေ၏။ နှင်းလောက နယ်ပယ်တစ်ခုက သူမ ပတ်လည်တွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။
လျိုနင်ရွှမ်းသည် လေနှင့်နှင်းများကြားတွင် သူမ၏ အဖြူရောင်ဝတ်ရုံ လှုပ်ယမ်းလျက် ရပ်နေသည်မှာ နှင်းကမ္ဘာထဲက အင်မော်တယ်တစ်ပါးနှယ်။ သူမ၏ ဖြူစင်မှုက ပတ်ဝန်းကျင်ရှိ သွေးနီရောင်လေထုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ဒါက… နယ်ပယ်(ပိုင်နက်)တစ်ခုလား?!"
ရွှယ်ထျန်းဟိုနှင့် အခြားသူများ၏ မျက်နှာများသည် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်လျက် လျိုနင်ရွှမ်းကို စိုက်ကြည့်နေကြ၏။
သူမသည် သူမ၏ ကိုယ်ပိုင်နှင်းပြည်ထဲတွင် ပါဝင်နေသကဲ့သို့ပင်။
လုရီသည် ရွှေအူတိုင် အဆင့်၌ ဓားတာအိုနယ်ပယ်(ပိုင်နက်)ကို ဖန်တီးခဲ့သည်မှာ နေရာ အနှံ့ ကျော်ကြားသည်။ သို့သော် ထျန်းမင်ခေတ်နှင့် ယနေ့ခေတ်ကာလတစ်လျှောက် ပြန်ကြည့်လျှင် လုရီသည် ဤစွမ်းရည်ဖြင့် တစ်ဦးတည်းသာ ထူးချွန်ခဲ့သူ ဖြစ်သည်။
ယခုအခါတွင်မူ သူတို့သည် အခြေတည်ဝိဉာဥ်အဆင့်၌ နယ်ပယ်(ပိုင်နက်)တစ်ခုကို ထူထောင်ခဲ့သော နောက်ထပ် ထူးဆန်းသော ပါရမီရှင်
တစ်ဦးကို မြင်တွေ့နေရသည်လား။
အားလုံးက မယုံနိုင်လောက်အောင် ထူးဆန်းမှုကို ခံစားလိုက်ရသည်။ သူတို့၏ ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက် ဤသို့သော ဖြစ်ရပ်ကို မမြင်တွေ့ဖူးခဲ့ကြချေ။
လျှိုနင်ရွှမ်း၏ ကျင့်ကြံမှုအခြေခံသည် အခြေတည် ဝိဉာဥ် ဆယ့်သုံးလွှာသို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ ထုတ်လွှတ်လိုက်သော နယ်ပယ်နှင့် ပေါင်းစပ်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဥ်ဖိအားကပင် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများကို ကျောချမ်းစေသည်။
လျိုနင်ရွှမ်းဘေးတွင် သုန်းကုန်းမင်ယွဲ့သည် ဒေါသမျက်နှာဖြင့် ရန်တွေ့လိုက်သည်။
"ငါတို့ကို အထင်မသေးစမ်းနဲ့!"
သူမ၏ နက်မှောင်သော မျက်လုံးများသည် နက်နဲသော ခရမ်းရောင်အဆင်းကို ဆောင်သွားပြီး သူမပတ်လည်တွင် အဖျက်စွမ်းအား မိုးကြိုးမျှင်များ ဝန်းရံလာသည်။
မိုးကြိုး စိတ်ဆန္ဒနယ်ပယ်တစ်ခုက သူမပတ်လည်တွင် ရစ်ဝဲလာ၏။ မိုးကြိုးများအောက်တွင် သုန်းကုန်းမင်ယွဲ့သည် ကောင်းကင်ဘုံ
ကပ်ဘေးကို ကိုင်စွဲထားသော နတ်ဘုရားမတစ်ပါးနှယ် အမြင့်ဆုံး ဂုဏ်ကျက်သရေကို ဆောင်ထားသည်။
ယွင်ရှီး၏ မျက်နှာအမူအရာကမူ အလွန် တည်ငြိမ်နေပြီး သုန်းကုန်းမင်ယွဲ့လို ဒေါသများကို မပြသချေ။
သူမသည် လေထဲတွင် မြင့်မားစွာ ရပ်နေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲတွင် ပုံစံမျိုးစုံသော ပန်းများ ဖြည်းညှင်းစွာ ပွင့်လန်းလာကြသည်။
ပန်းရနံ့များကလည်း ပျံ့လွင့်သွားကြသည်။ မြေပြင်များ အက်ကွဲကာ စိမ်းပြာရောင်ကြာပန်းတစ်ပွင့် ကောင်းကင်သို့ ပျံတက်သွားသည်။
တဆက်တည်း၌ သဘာဝနယ်ပယ်တစ်ခုက သူမ၏ ကိုယ်ပိုင်နန်းတော်ပမာ ဖြစ်တည်လာ၏။
စိမ်းပြာရောင်ကြာပန်းသည် မီတာ ရာပေါင်းများစွာ မြင့်မားပြီး ယွင်ရှီသည် ၎င်းပေါ်တွင် ရပ်နေသည်။ သူမပတ်လည်တွင် သဘာဝ၏ နက်နဲသောတာအိုများ ဝန်းရံနေပြီး သူမသည် အယူအဆနှင့် တစ်ထပ်တည်း ကျသွားသကဲ့သို့ပင်။
"အယူအဆ... မိုးကြိုး စိတ်ဆန္ဒ နယ်ပယ်၊
သဘာဝနယ်ပယ်... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ!"
"သူတို့ ဒီလောက် အင်အားကြီးလား"
သွေးဝိဉာဥ်ဂိုဏ်း၏ အင်အားကြီး ကျင့်ကြံသူများသည် တစ်ဦးပြီး တစ်ဦး အံ့ဩမှုအသံများဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်ရိပ်များ အထင်အရှား ပေါ်နေသည်။
လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့၏ ပါရမီများမှာ ချင်ကျိုးတစ်ခွင်လုံးတွင် ထင်ရှားလှပြီး သွေးဝိဉာဥ်ဂိုဏ်းမှ ကျွမ်းကျင်သူများပင် ကြားဖူးထားကြသည်။
သို့သော် ဤ သုံးဦး၏ ထူးခြားသော ပါရမီများကို သိရှိထားသော်လည်း စွမ်းအားက ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမှ စိတ်ကူးမယဉ်မိခဲ့ကြချေ။ မိမိတို့၏ တွေးခေါ်နိုင်စွမ်းကိုပင် ကျော်လွန်နေခဲ့၏။
သုန်းကုန်းမင်ယွဲ့သည် ရွှေအူတိုင် အဆင့်၌သာ ရှိသေးသော်လည်း နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများပင် နားမလည်နိုင်အောင် နက်ရှိုင်းပြီး နက်နဲသော မိုးကြိုး စိတ်ဆန္ဒ နယ်ပယ်ကို ပိုင်ဆိုင်ထားသည်။
အခြေတည် ဝိဉာဥ်အဆင့်ရှိ ယွင်ရှီးမှာ ဆိုလျှင် သဘာဝတရားနှင့် ပေါင်းစပ်နေပြီး ကောင်းကင်နှင့်မြေကြီး၏ ချစ်ခင်သူ တစ်ဦးနှယ်ပင်။
သူမသည် နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများအတွက်ပင် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။
အားလုံးထဲတွင် အကြောက်ရဆုံးမှာ နယ်ပယ်ကို ထိန်းချုပ်ထားသော လျိုနင်ရွှမ်းပင်တည်း။
လျှိုနင်ရွှမ်းသည် လေနှင့် နှင်းများကြားတွင် ကျက်သရေရှိစွာ ရပ်နေသည်။ နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူများအဖွဲ့ပင်လျှင် သူတို့၏ နှလုံးသားများတွင် အေးစက်မှုကို ခံစားရပြီး သူမထံမှ သေစေနိုင်သော ခြိမ်းခြောက်မှုကို ခံစားမိကြသည်။
သူတို့ရှေ့မှ အမျိုးသမီးငယ် သုံးဦးသည်
သွေးဝိဉာဥ်ဂိုဏ်းတစ်ခုလုံးကို ခြိမ်းခြောက်ရန် လုံလောက်နေပြီတည်း။ ဤသည်မှာ သူတို့အတွက် အကြီးမားဆုံးသော အရှက်ရစရာပင်။
သွေးဝိဉာဥ်ဂိုဏ်း၏ အဆင့်အတန်းများအတွင်းတွင်လည်း ထူးချွန်သူများ ရှိကြပြီး လျှိုနင်ရွှမ်းကို ရင်ဆိုင်နိုင်သော သက်ကြီးပိုင်း မျိုးဆက်များပင် ရှိခဲ့ကြသည်။ ယခုအခါ သူမကို ကြည့်ရင်း
မယုံကြည်နိုင်စွာဖြင့် သူတို့၏ ဘဝများကိုပင် ဘယ်နေရာတွေ မှားယွင်းခဲ့ပါသလဲဟု မေးခွန်းထုတ်မိကြသည်။
သူတို့၏ ကွာဟချက်သည် တောက်ပသော လမင်းနှင့် ပိုးစုန်းကြူး၏ သေးငယ်သော အလင်းရောင်ကြားက နက်ရှိုင်းသော ချောက်ကြီးတစ်ခုနှယ်ပင်။
လျိုနင်ရွှမ်းသည် ကောင်းကင်ယံမှ ကြယ်တစ်ပွင့်ဖြစ်ပြီး သူတို့သည် မြေပြင်မှ သာမန်ဖုန်မှုန့်များနှယ်။
လုရီတစ်ဦးတည်းသာ အလွန် တည်ငြိမ်နေသည်။ သူသည် မိန်းကလေး သုံးဦးနှင့် မကြာခဏ တိုက်ခိုက်ဖူးသူ ဖြစ်သောကြောင့် သူမတို့၏ ခွန်အားကို အသိဆုံး ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် လုရီသည် ထို သုံးဦးကို သွေးဝိဉာဥ်ဂိုဏ်းသို့ ခေါ်လာပြီး သွေးဝိဉာဥ်ဂိုဏ်းကို ဖျက်ဆီးရန်အတွက် သူတို့ကို အေးဆေးတည်ငြိမ်စွာ လုပ်ဆောင်စေခြင်း ဖြစ်လေသည်။