အခန်း (၂၉၂-၂၉၄)
Vol. 20 Ch. 292-294
အခန်း ၂၉၂- သွေးဝိညာဉ်ဂိုဏ်းရဲ့ ဘိုးဘေး...
~လေနှင်းတို့နှင့်အတူ ရှေ့ကို တလှမ်းချင်း နင်းလျှောက်လာသည့် လျိုနင်ရွှမ်း၏ သိမ်မွေ့ လှပသော မျက်နှာထက်မှာမူ အေးစက်စက် အမူအရာတစ်မျိုးက ကိန်းဝပ်လျက်သားပင်။
မျက်စိတမှိတ်အတွင်းမှာပင် သူမက
ရွှယ်ထျန်းဟိုနှင့် အခြား နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့၏ ရှေ့မှောက်သို့ ဆိုက်ရောက်လာခဲ့လေပြီ။
သူမ၏ လက်ချောင်းတို့က လက်ဟန် ဖန်ဆင်းလိုက်သည်နှင့် အမြင့်ပေ ရာချီရှိသော ရေခဲတောင်ကြီးတစ်လုံး ပေါ်ထွက်လာပြီး မိုးပျံကြယ်တာရာတစ်စင်းနှယ် ပြောင်းလဲကာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အုပ်စုထံသို့ ပြင်းထန်စွာ ထိုးဆင်းသည်။
ရေခဲတောင်ကြီး ဖြတ်သန်းသွားရာ နေရာတိုင်း၌ လေဟာနယ်ပင် တကျွီကျွီ မြည်ဟည်းသံတို့ဖြင့် အေးခဲ၍ သွားခဲ့သည်။ မြေပြင်အနှံ့အပြားနှင့် အောက်ဖက်ရှိ နန်းတော်တို့ပေါ်မှာမူ နှင်းဖွေးဖွေးတို့က ဖုံးလွှမ်း၍ နေလေ၏။
ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတို့ကြောင့် ကျွယ်ထျန်းဟိုနှင့် အပေါင်းအပါတို့မှာ တုန်လှုပ်ခြောက်ခြားကာ ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။
"တိုက်ကြ"
"ဒီကောင်မလေးက ဘယ်လိုရဲတာလဲ!"
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအုပ်စုကြီးသည် သူတို့၏ တန်ဖိုးကြီးလက်နက်တို့ကို အသည်းအသန် ဖော်ထုတ်လိုက်ကြ၏။
ရတနာလက်နက်ပေါင်း မြောက်များစွာ ကောင်းကင်ယံသို့ ပျံတက်လာပြီး သူတို့၏ အစွမ်းထက် သိုင်းပညာရပ်တို့နှင့် ရောနှောကာ ဧရာမရေခဲတောင်ကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။
ဒုန်း...
ကျယ်လောင်သော မြည်ဟည်းသံအောက်ဝယ်
မြောက်များစွာသော အဖိုးတန် လက်နက်တို့မှာ ရေခဲတောင်ကြီး၏ တစ်ချက်တည်း တိုက်ခိုက်မှုဖြင့်ပင် ကြေမွပျက်စီး၍ သွားခဲ့ရပြီ။
သိုင်းပညာရပ်အမျိုးမျိုးတို့လည်း ထိုရေခဲတောင်ပေါ်၌ပင် ချုပ်ငြိမ်းရကာ နောက်ဆုံးတွင်မူ ရေခဲတောင်ကြီးကိုယ်တိုင်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရလေတော့သည်။
လူသတ်လိုစိတ်တို့ဖြင့် ပြင်းထန်နေသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအုပ်စုကြီးသည် သူတို့၏ အဖိုးတန်လက်နက်တို့ဖြင့် လျိုနင်ရွှမ်းကို ဆက်လက်၍ ဖိအားပေး တိုက်ခိုက်နေကြလေသည်။
လျိုနင်ရွှမ်း၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ လေနှင်းတို့က သူမ ပတ်လည်ဝယ် ဝဲပျံ၍ နေပြီး လက်ချောင်းတို့ကလည်း လက်ဟန်များကို ဆက်တိုက် ဖန်တီး၍ နေခဲ့သည်။
နောက်ထပ် ရေခဲတောင်ကြီးတစ်လုံး ပေါ်ထွက်လာပြန်လေပြီ။
ထို့နောက် သူမ၏ လက်အစုံက ရပ်တန့်မသွားဘဲ လက်ဟန်များ ဆက်တိုက်ဖန်တီးရင်း ဒုတိယ၊ တတိယ ရေခဲတောင်များကို ထပ်မံ၍ ဖွဲ့တည်ခဲ့သည်။ စုစုပေါင်း ရေခဲတောင်ငါးလုံးကို ဖန်တီးပြီး နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့ဆီသို့ ပစ်ခွင်းလိုက်လေသည်။
ဤသည်ကား နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အုပ်စုကြီးကို မျက်လုံးများ ပြူးကျယ်လျက် မှင်သက်သွားစေခဲ့ရလေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဒီလို အစွမ်းထက်တဲ့ သိုင်းပညာရပ်တွေက ဒီကောင်မလေးကို အားမကုန်စေဘူးလား။ သူ ဘယ်လိုလုပ်ပြီး ဝိဉာဉ်စွမ်းအင် ဒီလောက်
များများ ပိုင်ဆိုင်နိုင်တာလဲ"
ရေခဲတောင်ကြီးတစ်လုံးတည်း၏ စွမ်းအားကပင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ရာ ငါးလုံးဆိုလျှင်ကား မည်မျှ ဆိုးရွားလှတော့မည်နည်း။
မိုးပျံ ကြယ်တာရာများနှယ် ရေခဲတောင်ကြီးတို့သည် ကောင်းကင်ယံအပြည့်က အဖိုးတန်လက်နက်များကို ထပ်ခါတလဲလဲ တိုက်ခိုက်ပြီး အပိုင်းအစများအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။
အဆင့်နိမ့် ရတနာနှစ်ခုသာ လုံးဝပျက်စီးခြင်းမရှိဘဲ အလင်းရောင် အနည်းငယ် မှိန်သွားရုံသက်သက်သာ ကျန်တော့၏။
သို့သော်လည်း သူတို့သည် လျိုနင်ရွှမ်း၏ အစွမ်းထက်လှသော ထိုးနှက်တိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။
ကျန်ရှိနေသေးသော ရေခဲတောင်နှစ်လုံးကတော့ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့အပေါ်သို့ ဖိချလာခဲ့သည်။ သူတို့ထဲမှ အချို့မှာ အသည်းအသန် နောက်ဆုတ်ပြေးလွှားသွားကြသော်လည်း နှစ်ယောက်ကတော့ ရေခဲတောင်များ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီ။ သူတို့ပတ်လည်ရှိ လေဟာနယ်သည် အေးခဲလို့သွားခဲ့ပုံရပြီး ထွက်မပြေးနိုင်အောင် ပိတ်မိလို့နေခဲ့သည်။
ရေခဲတောင်များ ရိုက်ခတ်သည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်တို့ဖြင့် အေးခဲလို့သွားကာ အပိုင်းပိုင်း ကြေမွသွားခဲ့တော့သည်။ ထိုအရာများမှာ အရပ်မျက်နှာအနှံ့ ပြန့်ကျဲလို့သွားပြီး သူတို့၏ အခြေတည်ဝိဉာဉ်များပင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရလေသည်။
"ဟူးးး..."
အခြား နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့မှာမူ ထိတ်လန့်တုန်လှုပ်လို့ သွားခဲ့ကြတော့၏။
ထို နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှစ်ဦးအနက် တစ်ဦးမှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် စတုတ္ထအလွှာ၊ ကျန်တစ်ဦးမှာ နတ်ဘုရားအသွင်ပြောင်း နယ်ပယ် တတိယအလွှာ ခွန်အားဖြစ်သော်လည်း အခြေတည်ဝိဉာဉ် အဆင့် ကျင့်ကြံသူတစ်ဦး၏ တစ်ချက်တည်း တိုက်ခိုက်မှုဖြင့် အရှင်း ဖျက်ဆီးခံရသည်ကို မြင်လိုက်ရတော့ သူတို့အတွက် လက်ခံဖို့ရာ ခက်ခဲလို့နေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံနှစ်ခု ထွက်ပေါ်လာပြီး မြေပြင်အောက်မှ သွေးရောင် အလင်းတန်းနှစ်ခု ကောင်းကင်ယံဆီသို့ တဟုန်ထိုး တက်လာခဲ့သည်။
ဤသည်ကား အသက်အရွယ် အလွန်အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် သက်ကြီးအကြီးအကဲနှစ်ဦးပင်။
သူတို့၏ အရေပြားများမှာ ကျုံ့ဝင်လို့နေပြီး အရိုးပေါ်အရေတင်မျှသာ ကျန်တော့သည်။ ဆံပင်များမှာလည်း ဖြူဆွတ်လို့နေကာ သေခြင်းတရား၏ အရိပ်အယောင်ပင် သူတို့ထံမှ ထွက်ပေါ်လို့နေခဲ့သည်။
"အကြီးအကဲ ရှာယွမ်!"
"အကြီးအကဲ မိုယွမ်!
နတ်ဘုရားအသွင်ပြောင်း အဆင့်မှ အကြီးအကဲအများအပြားမှာ အံ့အားသင့်သော မျက်နှာများဖြင့် အော်ဟစ်လိုက်ကြသည်။
ထိုသက်ကြီးအကြီးအကဲနှစ်ဦးမှာမူ သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ထက် မျိုးဆက် တစ်ဆက်နှင့် နှစ်ဆက်စီ ပို၍ကြီးကြ၏။
သူတို့သည် နတ်ဘုရားအသွင်ပြောင်း နယ်ပယ် အထွတ်အထိပ်ခွန်အားရှိ ထိပ်တန်းစွမ်းအားရှင်ကြီးများ ဖြစ်ကြပြီး ဟင်းလင်းပြင်ဥမင် အဆင့်၏ အတားအဆီးကို ချိုးဖျက်နိုင်ခြင်းမရှိဘဲ သူတို့၏ သက်တမ်းကုန်ဆုံးချိန်ကိုသာ စောင့်ဆိုင်းနေကြရသူများ ဖြစ်သည်။
ဟင်းလင်းပြင်ဥမင် အဆင့်ကို
မတက်လှမ်းနိုင်ကြသော်ငြားလည်း သူတို့၏ ရှည်ကြာလှသော သက်တမ်း တစ်လျှောက်ဝယ် သူတို့၏ စွမ်းရည်နှင့် ပညာရပ်များကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားခဲ့ကြသောကြောင့် သူတို့၏ ခွန်အားမှာ နတ်ဘုရားအသွင်ပြောင်း အဆင့်အတွင်း မေးခွန်းထုတ်စရာမလိုသော ဘုရင်တစ်ပါးနှယ် ဖြစ်သည်။
ဟုတ်ပေသည်။ သက်တမ်း ကုန်ဆုံးခါနီးပြီ
ဖြစ်သော ဤသက်ကြီးရွယ်အိုများအတွက် လှုပ်ရှားမှုတိုင်းက သေခြင်းတရားနှင့် ပိုမိုနီးစပ်စေခဲ့သည်။ မလှုပ်ရှားလျှင်တော့ သူတို့က သဘာဝအတိုင်းပင် လှုပ်ရှားကြလိမ့်မည် မဟုတ်ပါချေ။
ဤသည်ကား သွေးဝိညာဉ်ဂိုဏ်း၏ အမွေအနှစ်ပင်။
ယခုအခါ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှစ်ဦးကို လျိုနင်ရွှမ်းက အတင်းအကျပ် သတ်ဖြတ်ပစ်လိုက်ပြီဖြစ်ရာ သူတို့ ပါဝင်ရန်ကလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
သက်ကြီးအကြီးအကဲနှစ်ဦး၏ သွေးနှင့် စွမ်းအင်တို့သည် သူတို့ပတ်လည်၌ လွှမ်းခြုံပြီး မည်မျှများပြားသော သွေးစွမ်းအင်များကို စုပ်ယူထားသည် မသိသည့် သွေးတိမ်တိုက်များကို ပုံဆောင်လို့နေခဲ့သည်။
သူတို့၏ သွေးနီရဲနေသော မျက်လုံးတို့သည်
လျိုနင်ရွှမ်းကို စိုက်ကြည့်စဉ် ကြမ်းတမ်းသော အပြုံးတစ်ပွင့်က ထွက်ပေါ်လာတော့သည်။
"ကလေးမလေး၊ မင်း တော်လှချည်လား… ငါတို့ သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ရဲတယ်ပေါ့… ဒီနေ့ ဒီလူအိုကြီးက မင်းရဲ့ သွေးစွမ်းအင်ကို ကုန်စင်အောင် စုပ်ယူပစ်မယ်"
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအစွမ်းတွေကို ပိုင်ဆိုင်နေတယ်ဆိုတော့ ကောင်းကင်က မတရားလိုက်တာ… ဒီနေ့ ဒီလူအိုကြီး.. ဒီနတ်ဆိုးမလေးကို သတ်ပစ်မယ်"
လျိုနင်ရွှမ်းသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူနှစ်ဦး၏ ခွန်အားကို ခံစားမိလိုက်သည်နှင့် သူမ၏ အေးစက်စက် မျက်နှာလေးမှာလည်း လေးနက်သော အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
နတ်ဘုရားအသွင်ပြောင်း အဆင့်နှင့် အခြေတည်ဝိဉာဉ် အဆင့်ကြားက ကွာခြားချက်မှာ တကယ်ကို ကြီးမားလှသည်။ သက်ကြီးအကြီးအကဲနှစ်ဦးကို ရင်ဆိုင်ရသည့်အခါ သူမ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်တောင်
လျိုနင်ရွှမ်းက ဖိအားအနည်းငယ် ခံစားလိုက်ရသည်။
သူမပတ်လည်ဝယ် ဝိဉာဉ် စွမ်းအင်တို့အား အရှိန်ပြင်းစွာ ထုတ်ဖော်လိုက်၏။
သူမ၏ နဖူးပေါ်မှာ ရေခဲနှင့်နှင်းအမှတ်အသားတစ်ခု ပေါ်လာပြီး ဆံပင်နက်များမှာ နှင်းလိုဖြူဖွေးသော ဆံပင်များအဖြစ် ပြောင်းလဲလို့သွားကာ လျိုနင်ရွှမ်းသည် နှင်းနတ်ဘုရားမတစ်ပါးနှယ် ဖြစ်ပေါ်လာခဲ့သည်။
ထိုစဉ် သူမ၏ လက်ထဲမှာလည်း အေးခဲဖန်ဓား ပေါ်ထွက်လာသည်။
ဖြူဖွေးသော ဝတ်စုံပေါ်မှာလည်း တာအိုပုံစံများ စီးဆင်းသည်။
"အဆင့်မြင့်ရတနာလား"
"အဆင့်မြင့်ရတနာ..နှစ်ခုတောင် ရှိနေတယ်"
သက်ကြီးရွယ်အို နတ်ဘုရားအသွင်ပြောင်း အထွတ်အထိပ်ကျွမ်းကျင်သူနှစ်ဦး မျက်လုံးတွေ ပြူးကျယ်သွားပြီး လန့်သွားကြသည်။
လျိုနင်ရွှမ်းကမူ အေးစက်စွာ ပြောလိုက်သည်။
"နတ်ဘုရားအသွင်ပြောင်း အထွတ်အထိပ်ဆိုရင် ဘာဖြစ်လဲ၊ ငါ သတ်လို့ရတာပဲ"
သူမက ရှေ့ကို တလှမ်းတိုးလိုက်သည်။
ညာဘက်လက်မှာ အေးခဲဖန်ဓားကို ကိုင်ထားပြီး ဘယ်ဘက်လက်မှာ ရေခဲနတ်ဘုရား စည်းတံဆိပ်ကို ကိုင်ကာ နတ်ဘုရားအသွင်ပြောင်း သက်ကြီးနတ်ဆိုးနှစ်ပါးဆီသို့ ခပ်ကြမ်းကြမ်း ချဉ်းကပ်သွားသည်။
" ရောင်းရင်းတို့ သတ်ကြ"
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူအုပ်စုကြီးလည်း ဒေါသတကြီးကြိမ်းလိုက်ပြီး သူမထံ
တဟုန်ထိုး ပြေးဝင်သည်။
လျိုနင်ရွှမ်း၏ ရေခဲနှင့်နှင်းနယ်ပယ်တို့သည် သူမပတ်လည်ဝယ် လည်ပတ်လို့နေပြီး နှင်းလိုဖြူဖွေးသော ဆံပင်တို့မှာမူ လေထဲမှာ ဝဲပျံလို့နေသည်။ သူမက နတ်ဘုရားအသွင်ပြောင်း သက်ကြီးနတ်ဆိုးနှစ်ပါးနှင့် နတ်ဘုရားအသွင်ပြောင်း အင်မော်တယ်အုပ်စုကြီးကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေပြီး ထိတွေ့မှုတိုင်းက ပျက်စီးခြင်းကို ဖြစ်ပေါ်စေကာ နန်းတော်များလည်း နောက်ဆက်တွဲ သက်ရောက်မှုတို့ကြောင့် ပျက်စီးသွားလေသည်။
မှတ်သားဖွယ်ရာမှာ သွေးဝိညာဉ်ဂိုဏ်း၏ နန်းတော်များသည် အခင်းအကျင်း ပုံစံများဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားခြင်းကြောင့် အလွန်တရာ တောင့်တင်းခိုင်မာလှပေသည်။ သို့သော်လည်း နတ်ဘုရားအသွင်ပြောင်း အင်မော်တယ်တို့၏ တိုက်ခိုက်မှုများမှ ကျန်ရှိသော အားလှိုင်းများကိုမူ မခုခံနိုင်ရှာကြပေ။
သွေးဝိညာဉ်ဂိုဏ်းမှ ပို၍အားနည်းသော တပည့်အချို့ပင်လျှင် နောက်ဆက်တွဲ သက်ရောက်မှုတို့ကြောင့် ပြာမှုန့်ဘဝ ရောက်ရလေသည်။
ချီသန့်စင်အဆင့်နှင့် အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူအများအပြားမှာမူ အဆက်မပြတ်ပင် ကြောက်အားလန့်အား အော်ဟစ်နေကြပြီး ဖြတ်သန်းလာသော လှိုင်းလုံးများကို အသည်းအသန် ရှောင်တိမ်းနေရလေသည်။
အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတို့ကမူ ဓားပျံတို့ဖြင့် ပျံသန်းနိုင်တာကြောင့် ပိုမိုမြန်ဆန်စွာ လွတ်မြောက်နိုင်ခဲ့ကြသော်လည်း ချီသန့်စင်အဆင့် ပျံသန်းနိုင်စွမ်မရှိသူတို့ကတော့ နောက်ဆက်တွဲ အားလှိုင်းတို့ဖြင့် ဝါးမြိုခံခဲ့ရလေသည်။
ထိုသို့ လျိုနင်ရွှမ်းက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့နှင့် တိုက်ခိုက်နေစဉ်အတွင်း သွေးဝိညာဉ်ဂိုဏ်းမှ အခြေတည်ဝိဉာဉ် အဆင့် အကြီးအကဲများ၊ လူငယ်ပါရမီရှင်များနှင့် ရွှေအူတိုင် အဆင့် တပည့်များအားလုံးသည် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ထံ ပစ်မှတ်ထား၍
တဟုန်ထိုး တိုက်ခိုက်လာကြလေတော့သည်။
အခန်း ၂၉၃-သွေးဝိညာဉ်ဂိုဏ်းရဲ့ ဘိုးဘေး...
~“သတ်ကြစမ်း”
“သွေးနတ်ဓား...”
အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ရာပေါင်းများစွာမာန်သွင်းလျက် ကျင့်ကြံခြင်းရတနာများနှင့် သိုင်းပညာပေါင်းများစွာကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။ ရတနာတို့က လေထုကို ပြည့်နှက်၍ သိုင်းစွမ်းအားတို့က ကောင်းကင်ကို ဖုံးလွှမ်း၏။
သွေးနီရောင် အလင်းတန်းတို့က မြေနှင့်ကောင်းကင်ကို မှောင်မိုက်စေ၏။ ၎င်းတို့၏ ပြင်းထန်လှသော စွမ်းအားတို့ကြောင့် လေဟာနယ်တစ်ခုလုံးပင် တုန်ခါနေသည်။
အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ရာပေါင်းများစွာ၏ ပူးပေါင်းအားသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ တစ်ဦးပင်လျှင် ခေတ္တမျှ ရှောင်ရှားရလောက်အောင် ပြင်းထန်လှသည်။ ရွှေအူတိုင် ကျင့်ကြံသူ ထောင်သောင်းချီ ပါဝင်နေသည်ကိုလည်း ထည့်မတွက်သေး။ ဤစွမ်းအားကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ကျင့်ကြံသူတိုင်း ဒေါသအမျက်ဖြင့် တိုက်ခိုက်နေကြသည်။ ၎င်းတို့၏ ပစ်မှတ်မှာ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့သာ။
သုန်းကုန်းမင်ယွဲ့၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့်တူများထက် သာလွန်သော်လည်း ထိုသို့သော ထိုးနှက်မှုအောက်တွင် မျက်နှာထား ပြောင်းလဲသွားသည်။ ဤအရာကို ရိုးရိုးရှင်းရှင်း တားဆီး၍ မရနိုင်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော ယွင်ရှီးပင်လျှင် အလွန်တရာ တည်ကြည်သော မျက်နှာထား ဖြစ်လာသည်။
သူမ လက်နှစ်ဖက်ဖြင့် လေထဲတွင် လက်ဟန်
တစ်ခု ရေးဆွဲလိုက်လေ၏။
ကောင်းကင်ကြီးအား စိမ်းလန်းသော ကြာပန်းတစ်ပွင့် ဖုံးလွှမ်းသွားသည်။
၎င်း၏ စိမ်းပြာရောင်အလင်းတို့က ထူထပ်လှသော တိုက်ခိုက်မှုများကို ဧရာမထီးကြီးတစ်လက်ပမာ ပိတ်ဆို့ထားတော့သည်။
ထိုအခိုက် ယွင်ရှီး မြေပြင်သို့ ဆင်းသက်ရင်း ဆိုသည်။
“လူတွေ အရမ်းများလွန်းတယ်။ ပြောက်ကျားစနစ်နဲ့ တိုက်ကြရအောင်။”
ပုံမှန်အားဖြင့် ယွင်ရှီးနှင့် သိပ်အဆင်မပြေတတ်သော သုန်းကုန်းမင်ယွဲ့ပင် ယခုအချိန်တွင် သူမနှင့် စိတ်ဝမ်းမကွဲတော့။ သူမ၏ စီနီယာအစ်မသည် ထိုမျှ များပြားသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့ကို တစ်ဦးတည်းသော အားဖြင့် တားဆီးနိုင်ခဲ့သည်ကို မြင်ရသောအခါ၊ သုန်းကုန်းမင်ယွဲ့သည် သူမ၏ အစ်မလောက်
မသန်မာသော်လည်း သူမကိုယ်တိုင်လည်း မညံ့ကြောင်း ခံစားလိုက်ရသည်။
မိုးကြိုး၏ စွမ်းအားသည် မူလကတည်းက မြန်ဆန်သည်။ မိုးကြိုးစိတ်ဆန္ဒနယ်ပယ်တွင် အောင်မြင်မှုကြီးစွာ ရရှိထားသော
သုန်းကုန်းမင်ယွဲ့သည် သဘာဝအတိုင်း အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်၏။
သူမ၏ တစ်ကိုယ်လုံး မိုးကြိုးအလင်းတို့ဖြင့် ဖုံးအုပ်သွားသည်။ ခရမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲ၍ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဖျောင်း...ဖျောင်း...ဖျောင်း...”
သိုင်းပညာ အားလှိုင်းများနှင့် ကျင့်ကြံခြင်းရတနာ အားလုံးတို့သည် ကြာပန်းစိမ်းကို ထိမှန်သည်။ ယွင်ရှီး ဖန်တီးထားသော ကြာပန်းစိမ်းပင်လျှင် ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်ဘဲ ဒယိမ်းဒယိုင် တုန်ခါပြီးနောက် ကွဲကြေသွားတော့သည်။
ဝိဉာဉ်စွမ်းအင် အားလှိုင်း အကြွင်းအကျန်များ၏ အောက်တွင် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့
နှစ်ဦးစလုံးက မူလနေရာမှ ပျောက်ကွယ်သွား လေပြီ။
အဝေးတစ်နေရာတွင် ရောင်စုံ ပန်းပွင့်များ လေထဲ ဝဲလျက် ယွင်ရှီး၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူမ၏ ဦးခေါင်းအထက်တွင် စိမ်းလဲ့သော ကျောက်စိမ်းကြာပန်းတစ်ပွင့်က စိမ်းပြာရောင်အလင်းတို့ဖြင့် လည်ပတ်နေသည်။ ၎င်းဖြတ်သန်းရာ နေရာတိုင်းတွင် လှိုင်းလုံးများ ပျံ့နှံ့သွားကာ ထိမိသော ရွှေအူတိုင်နှင့်
အခြေတည်ဝိဉာဉ် ကျင့်ကြံသူတိုင်း သွေးမှုန်များအဖြစ် ကွယ်ပျောက်ရသည်။
ထိုအခိုက်အတန့်၌ သုန်းကုန်းမင်ယွဲ့က အခြားနေရာမှာ ပေါ်လာလေသည်။ သူမ၏ ခန္ဓာကိုယ်တခုလုံးမှာ လျှပ်စီးများ ပြိုးပြက်နေသည်။
နှစ်ဖက် ခွဲစည်းထားသော ဆံပင်သည် လေထဲတွင် ယိမ်းနွဲ့နေပြီး လက်ထဲ၌ ဓားတစ်လက်ပုံသဏ္ဍာန် ဖြစ်တည်လာသည်။
ထို့အပြင် ပိုမို ကြောက်မက်ဖွယ် ကောင်းပြီး အစွမ်းထက်သော မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေသည်။ ဤဓားကား လုရီက
သုန်းကုန်းမင်ယွဲ့အား ပေးထားသော ခရမ်းမိုးကြိုးဓား ဖြစ်သည်။ ၎င်းသည် မိုးကြိုးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အတွက် သူမနှင့် အသင့်တော်ဆုံးသော တိုက်ခိုက်ရေး လက်နက်ပင် ဖြစ်၏။
သူမက ဓားရှည်ကို မြှောက်၍ ပုံစံ
တစ်ခု ဖွဲ့လိုက်ရာ မိုးကြိုးတို့ ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားသည်။ ကောင်းကင်မိုးကြိုးဓားတို့သည် မိုးသီးမိုးပေါက်များ ရွာသွန်းသကဲ့သို့ ကောင်းကင်၏ ဧရိယာအများအပြားကို လွှမ်းခြုံတော့သည်။
ထိုနေရာရှိ ရွှေအူတိုင် ကျင့်ကြံသူတို့သည် မိုးကြိုးကြောင့် ရုတ်ချည်း ပြာကျသည်။ အခြေတည်ဝိဉာဉ် ကျင့်ကြံသူများပင် မျက်စိမျက်နှာ ပျက်သွားပြီး အဆက်မပြတ် ရှောင်တိမ်းနေကြရသည်။ မိုးကြိုးနှင့် ပွတ်ကာသီကာ ထိမိရုံမျှဖြင့် ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး နှစ်ချက်ထိလျှင် အသက်ပျောက်နိုင်သည်။
မိုးကြိုးစိတ်ဆန္ဒနယ်ပယ်ကို ကိုးဆယ်ရာခိုင်နှုန်း ကျွမ်းကျင်ပြီး ကောင်းကင် အကန့်အသတ်သုံးခုကိုပင် ချိုးဖြတ်ထားသော သုန်းကုန်းမင်ယွဲ့သည် အခြေတည်ဝိဉာဉ် ကျင့်ကြံသူတို့ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
တိုက်ကွက် တစ်ကွက်တည်းဖြင့် ကောင်းကင်ရှိ လူအင်အား သိသိသာသာ လျော့ကျသွားခဲ့သည်။
ရွှေအူတိုင် ကျင့်ကြံသူ တစ်ရာကျော် သေဆုံးပြီး အခြေတည်ဝိဉာဉ် ကျင့်ကြံသူ ငါးခြောက်ဦးပင် ပျက်စီးသွားရသည်။
“သူတို့ ရှောင်သွားပြီ! မြန်မြန်! တိုက်ကြ!”
“ဟိုကောင်မလေးနှစ်ယောက်! သူတို့က အရမ်းမြန်တယ်။”
အခြေတည်ဝိဉာဉ်နှင့် ရွှေအူတိုင် ကျင့်ကြံသူ အုပ်စုတစ်စု အဆက်မပြတ် ညာသံပေး၍
၎င်းတို့၏ ကျင့်ကြံခြင်းနည်းစနစ်များ ..ကျင့်ကြံခြင်းရတနာများကို အသုံးပြုလျက် သူမတို့ နှစ်ဦးအား ဆက်တိုက် တိုက်ခိုက်ကြတော့သည်။
သို့သော် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့ နှစ်ဦးစလုံး တိုက်ရိုက် တိုက်ခိုက်ရန် မရည်ရွယ်ပေ။ သူမတို့နှစ်ဦးစလုံး၏ ကိုယ်ဖော့သိုင်းတို့သည် အတော်အတန် ကောင်းမွန်စွာ ကျင့်ကြံထားပြီး လှုပ်ရှားမှုမှာ အလွန်လျင်မြန်သည်။ အခြေတည်ဝိဉာဉ် ကျင့်ကြံသူများပင် သူတို့နှင့် တပြေးညီ
မလိုက်နိုင်ဘဲ၊ အများစုမှာ ရွှေအူတိုင် ကျင့်ကြံသူများဆိုလျှင် ပြောရန်ပင် မလိုတော့။
ကောင်းကင်မှ မရေမတွက်နိုင်သော တိုက်ခိုက်မှုများ၌ အများစုကို ရှောင်တိမ်းနိုင်ခဲ့ပြီး
လုံးဝ ရှောင်မရသော အရာများကိုသာ ပိတ်ဆို့သည်။ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း သူမတို့သည် ပြန်လှန် မတိုက်ခိုက်ဘဲ လက်ခံနေခြင်းမျိုး မဟုတ်ဘဲ၊ ရံဖန်ရံခါ ပြန်လည် ထိုးဖောက်တိုက်ခိုက်မှုများကပင် သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာ ပျက်သုဉ်းစေခဲ့သည်။
သို့သော်လည်း ကောင်းကင်တခွင် သွေးဝ်ိဉာဉ်ဂိုဏ်းမှ ကျင့်ကြံသူ အင်အား အလွန်များပြားလေသည်။ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့ နှစ်ဦးစလုံး
မပေါ့ဆရဲကြ။ ရာပေါင်းများစွာသော တိုက်ခိုက်မှုများဖြင့် ထိမှန်ပါက သူ်တို့ပင် ဒဏ်ရာရနိုင်သည်။ ဤနေရာတွင် ရာဂဏန်းထက်မက ပိုများသော ကျင့်ကြံသူများ ရှိနေသည်ကိုလည်း ထည့်တွက်ရချေမည်။
ထောင်နှင့်ချီသော ရွှေအူတိုင် ကျင့်ကြံသူများ၊ သောင်းနှင့်ချီသော အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူများလည်း ရှိနေသေးသည်။
လုရီသည် ကောင်းကင်ရှိ ပြင်းထန်သော တိုက်ပွဲကို အံ့သြစွာ ကြည့်နေသည်။ သူ့စီနီယာ အစ်မ၏ စွမ်းရည်များဆိုလျှင် ပြောရန်ပင် မလိုအပ်။
အကြောင်းမှာမူ စီနီယာ အစ်မသည် ယခင်ကတည်းက အကြိမ်ကြိမ် ပြင်ပသို့ စွန့်စားဖူးသူ ဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်များကို သူ ယုံကြည်သည်။
သူ့ကို အံ့အားသင့်စေသည်မှာ
ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့၏ စွမ်းဆောင်ရည်ပင်။ ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူများစွာကို ရင်ဆိုင်နေရသော်လည်း သူမတို့သည် လိုက်လျောညီထွေစွာ ပြင်းထန်သော စွမ်းရည်များကို ပြသနေဆဲဖြစ်သည်။
တိုက်ရိုက်ရင်ဆိုင်ခြင်း မရှိ။ မိမိတို့၏ အားသာချက်များကို အသုံးပြုကာ ပြိုင်ဘက် အင်အားကြီးများစွာကြားတွင် စီးဆင်းရင်း ရန်သူ၏ အင်အားနှင့် စွမ်းရည်များကို တဖြည်းဖြည်း လျှော့ချနေသည်။ ဖြည်းဖြည်းချင်း အင်အားမျှခြေသည် သူမတို့ဘက်သို့ ပြောင်းလာပြီး တစ်စွန်းတစ်စ အသာစီးရလာသည်။
လုရီက ကောင်းကင်အခင်းအကျင်း မြေပုံကို ထိန်းချုပ်ထားသည်။
မူလက အကူအညီပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ အခြေတည်ဝိဉာဉ်နှင့် ရွှေအူတိုင် ကျင့်ကြံသူများ အလွန်များပြားသည့်အတွက် သူ၏ ဂျူနီယာညီမလေးနှင့် ယွင်ရှီး၏ ဘေးကင်းရေးကို စိတ်ပူနေခြင်းပင်။
သို့သော်လည်း သူ့အနေဖြင့် ဝင်ရောက်ရန် မလိုသည့် အခြေအနေကို မျှော်လင့်မထားခဲ့ပေ။
ဂျူနီယာညီမလေးနှင့် ယွင်ရှီးသည် အဆက်မပြတ် တိုက်ခိုက်နေသည်နှင့်အမျှ သေဆုံးသွားသော ကျင့်ကြံသူ အရေအတွက် ဆက်လက် တိုးပွားနေသည်။
ကောင်းကင်တစ်ခုလုံး သွေးနီရောင် ဆိုးနေပြီး မြေပြင်မှာ သွေးနှင့် အရိုးများ မြင်မကောင်းဘဲငရဲပွက်နေသည်။
ထိုအလောင်းများစွာသည် သွေးဝိညာဉ်ဂိုဏ်းမှ အခြေတည်ဝိဉာဉ်နှင့် ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ အများစုမှာ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနှင့် ချီသန့်စင်အဆင့် တပည့်များ ဖြစ်ကြသေးသည်။
သူတို့သည် အလွန်အားနည်းလွန်းသဖြင့် ထိုသို့သော စစ်မြေပြင်တွင် နောက်ဆက်တွဲ ရိုက်ခတ်မှုများကိုပင် ခံနိုင်ရည်မရှိ။
တစ်ချက်တည်း ထိမိရုံဖြင့် ထိုနေရာတွင်ပင် သေဆုံးရတော့သည်။
အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနှင့် ချီသန့်စင် အဆင့် ကျင့်ကြံသူ အချို့ မခံနိုင်တော့ဘဲ၊ ချက်ချင်း လဲကျကာ ထွက်ပြေးကြသည်။ အော်ဟစ်ငိုယိုကာ ခွင့်လွှတ်ရန် တောင်းပန်ကြကုန်သည်။
သို့သော်လည်း ကြီးမားသော တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့က သူတို့ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မရှိသော်လည်း အစုလိုက်အပြုံလိုက် ဆက်လက် သေဆုံးနေကြသည်။
အချိန်ကုန်လွန်သွားပြီး နာရီအနည်းငယ်ကြာပြီးနောက် ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့သည် အလွန်အစွမ်းထက်သော်လည်း ပြိုင်ဘက်များစွာကို ရင်ဆိုင်နေရသဖြင့် ဝိဉာဉ်စွမ်းအင်များ စတင် ကုန်ဆုံးလာပြီး အသက်ရှုသံများ ဖျော့တော့လာသည်။
ယခုအချိန်တွင် ကောင်းကင်ရှိ ကျန်ရှိသော ကျင့်ကြံသူ အရေအတွက်မှာ ရာဂဏန်းမျှသာ ရှိပြီး အများစုမှာ အခြေတည်ဝိဉာဉ် ကျင့်ကြံသူများ၊ ရွှေအူတိုင် ကျင့်ကြံသူ သုံးဆယ်ကျော်နှင့် အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူ အနည်းငယ်မျှသာ ဖြစ်သည်။
ကျန်သော ကျင့်ကြံသူများမှာ သေဆုံးသူက သေဆုံး၊ သို့မဟုတ် အလွန်အမင်း ကြောက်ရွံ့ကာ အသက်အောင့် ထွက်ပြေးကြပြီး သွေးဝိညာဉ်ဂိုဏ်းမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။
သို့သော်လည်း လုရီသည် ကောင်းကင်အခင်းအကျင်း မြေပုံဖြင့် လေဟာနယ်တစ်ခုလုံးကို ဖိနှိပ်ထားသည့်အတွက် မည်သူမျှ ထွက်ပြေးမလွတ်နိုင်ပေ။ ၎င်းသည် ၎င်းတို့၏ သေဆုံးချိန်ကို နှောင့်နှေးစေရုံမျှသာ ဖြစ်သည်။
ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့၏ ဝိဉာဉ်စွမ်းအင်များ အားနည်းလာပြီးနောက် သူမတို့သည် တစ်ဦးတည်း မတိုက်တော့ဘဲ ရန်သူကို ပူးပေါင်းတိုက်ခိုက်ကြသည်။ ထိုသို့ပင် အခြေတည်ဝိဉာဉ်နှင့် ရွှေအူတိုင် ကျင့်ကြံသူ ရာပေါင်းများစွာကို ရင်ဆိုင်ရချိန်တွင် အလျင်စလို မလုပ်ရဲဘဲ တည်ငြိမ်စွာ တိုက်ခိုက်လျက် ပြိုင်ဘက်များကို ဖြည်းဖြည်းချင်း တိုက်ထုတ်နေကြသည်။
ကံကောင်းစွာဖြင့် ထို အခြေတည်ဝိဉာဉ်နှင့် ရွှေအူတိုင် နယ်ပယ် ကျင့်ကြံသူတို့သည်လည်း ကြာရှည်စွာ တိုက်ပွဲကြောင့် သိသိသာသာ အင်အား ကုန်ခန်းနေကြပြီ။
မဟုတ်ပါက သူမတို့သည် အခြေအနေကို ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ လျိုနင်ရွှမ်းနှင့် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အုပ်စု၏ တိုက်ပွဲသည် အပြင်းအထန် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
အထွတ်အထိပ် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အကြီးအကဲကြီးနှစ်ဦးသည် အလွန်အစွမ်းထက်သည်။ ရေခဲ နယ်ပယ်ကို ကျွမ်းကျင်သော လျိုနင်ရွှမ်းကို ရင်ဆိုင်နေရသော်လည်း ၎င်းတို့သည် ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်ပြီး အခြား နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတို့၏ အကူအညီဖြင့် လျိုနင်ရွှမ်း၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့ကြသည်။
ယခုအချိန်အထိ မည်သူမျှ သေဆုံးခြင်း မရှိသေးဘဲ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အချို့သာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။
သို့သော်လည်း လုရီ သတိပြုမိသည်မှာ
ထိုနတ်ဆိုးကြီးနှစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအား စတင် ကျဆင်းလာပြီ ဖြစ်သည်။
သူတို့သည် အလွန်အိုမင်းနေကြပြီဖြစ်ပြီး အသက်စွမ်းအားသည် ပိုမို ငယ်ရွယ်သော
လျိုနင်ရွှမ်းကို မမီနိုင်။ ကြာရှည်စွာ တိုက်ပွဲအတွက် သူတို့ မသင့်လျော်ချေ။
ထိုမျှ ပြင်းထန်သော တိုက်ပွဲ နာရီပေါင်းများစွာ ကြာမြင့်ခြင်းသည် အဘိုးကြီးများအတွက် အမြင့်ဆုံး အစွမ်းကုန်ပင် ဖြစ်နေပြီ။
ယခုအခါ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအား လျင်မြန်စွာ ကျဆင်းလာပြီး လျိုနင်ရွှမ်းက တဖြည်းဖြည်း အသာစီး ရလာသည်။
“ဂျိမ်း...!”
ထိုစဉ် လျိုနင်ရွှမ်းက ရေခဲနတ်ဘုရားတံဆိပ်ကို ထုတ်ဖော်လိုက်ရာ အဘိုးကြီး ရှာယွမ်ကို ပစ်မှတ်ထားသည်။
ရှာယွမ် ဒေါသတကြီး ဟိန်းဟောက်၍ သွေးနီရောင် ချီစွမ်းအင် တစ်ခုကို အန်ထုတ်လိုက်ရာ ရေခဲနတ်ဘုရားတံဆိပ်နှင့် ထိပ်တိုက် တွေ့ဆုံသည်။
မိုးခြိမ်းသံကဲ့သို့သော ထိမှန်မှုအောက်တွင် ရေခဲနတ်ဘုရားတံဆိပ်သည် သွေးနီရောင် ချီစွမ်းအင်ကို ကွဲကြေစေပြီး ထိုအဘိုးကြီးကို ပြင်းထန်စွာ အထိနာစေသည်။ သူသည် ဝေါခနဲ သွေးအန်သွားရ၏။
“အကြီးအယဲ ရှာယွမ်!
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အားလုံး မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားသည်။
အဘိုးကြီးမှာ မထိန်းချုပ်နိုင်တော့ပေ။
သူတို့သည် နှင်းနှင့် လေတို့ဖြင့် လွှမ်းခြုံနေသော လျိုနင်ရွှမ်းကို ကြည့်လိုက်ကြသည်။
သူမ၏ လှပသော မျက်နှာထားက တည်ငြိမ်လှသည်။ မျက်နှာသည် အေးစက်နေသည်။ အသက်ရှုသံ အနည်းငယ် မြန်သော်လည်း သူမ၏ ဝိဉာဉ်စွမ်းအင်မှာမူ အပြည့်အဝ ရှိနေဆဲပင်။ နယ်ပယ်ကို ကျွမ်းကျင်ပြီး ကောင်းကင်နှင့်မြေကြီးနှင့် မူလကပင် ဆက်စပ်နေသူဖြစ်ရာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သူမအတွက် သုံးစွဲနိုင်ပြီး အခြား ကျင့်ကြံသူများထက် ကြာရှည်စွာ တိုက်ပွဲကို ခံနိုင်ရည်ရှိသည်။
ထို နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အများအပြားပင် ပင်ပန်းနွမ်းနယ်၍ သေဆုံးသွားမည်ဆိုလျှင်တောင် လျိုနင်ရွှမ်းကို မယှဉ်နိုင်ပေ။
ရွှယ်ထျန်းဟို၏ မျက်နှာ ဖြူဖျော့သွားသည်။ သူသည် သွေးဝိညာဉ်ဂိုဏ်း၏နန်းတော် အပျက်အစီးများ၊ အောက်ခြေရှိ အလောင်းများနှင့် သွေးနီရောင် မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး ဝမ်းနည်းကြေကွဲသော အသံကြီးဖြင့်အော်ဟစ်လိုက် လေသည်။
“ဘိုးဘေးကြီး၊ အကယ်၍ ဒီအချိန်မှာ ခင်ဗျား တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာရင် ကျွန်တော်တို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အမွေအနှစ်တွေ ပျက်စီးရပါတော့မယ်”
အခန်း ၂၉၄- မိစ္ဆာ ဂြိုလ်သားမျိုးနွယ်၊ ကျားဖြူ သတ်ဖြတ်ရေး အခင်းအကျင်း...
~သွေးဝိဉာဉ် ချောက်နက်ကြီးထဲတွင် ဝမ်းနည်းဖွယ် အော်ဟစ်သံများ ဟိန်းထွက်လျက် ကြာရှည်စွာ ပဲ့တင်ထပ်နေသည်။
ထိုအခိုက်အတန့်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲလာသည်။
ကောင်းကင်နှင့် မြေကြီး တိတ်ဆိတ်သွား၏။ သွေးဝိဉာဉ် ချောက်နက်ကြီး၏ နက်ရှိုင်းသော
ဂူအတွင်းမှ သွေးစီးများ လှိုင်းပုတ်လျက် ရေလှိုင်းပမာ ပန်းထွက်လာသည်။
ထူထဲ ပြင်းရှသော သွေးနံ့က လေထဲတွင် လွှမ်းခြုံ၍ စိတ်ပျို့အန်ဖွယ် အနံ့အသက်တစ်ခုကိုလည်း သယ်ဆောင်လာသည်။
နောက်တစ်ခဏတွင် သွေးရောင်အလင်းတန်းတစ်ခု ဂူထဲမှ ပွင့်ထွက်လာ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကောင်းကင်သို့
ဝဲတက်သွားသည်။
ထိုသူကား ဆံပင်ဖြူဖွေးနေသော အရပ်ပုပု
အဘိုးအိုတစ်ဦးပင်။
အဘိုးအိုမှာ ခါးကုန်းနေသည်။ မျက်နှာတွင် ဇရာ အရေးအကြောင်းများ ပြည့်နေ၏။ မျက်လုံးတို့မှာ မှုံမှိုင်းနေသော်လည်း သူ့အရှိန်အဝါကား ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။
ထိုအခါ လုရီ မျက်မှောင်ကြုတ်လိုက်သည်။ အဖိုးအိုကို တည်ကြည်သော မျက်နှာထားဖြင့်
စစ်ဆေးကြည့်၏။
အဘိုးအိုသည် ဟင်းလင်းပြင် ဥမင်နယ်ပယ်မှ ဖြစ်သည်။ သာမန် ဟင်းလင်းပြင် ဥမင်နယ်ပယ် နယ်ပယ်မျှ မဟုတ်။
သူပင်လျှင် သိသိသာသာ ခြိမ်းခြောက်မှုကို ခံစားရသည်။
သွေးဝိညာဉ်ဂိုဏ်းတွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး တစ်ဦး ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
လုရီ၏ ကိုယ်တစ်ကိုယ်လုံးတွင် ဝိဉာဉ်စွမ်းအင်များ လှိုင်းထနေသည်။ ကောင်းကင်ရှိ အခင်းအကျင်းပုံစံတို့ တဖျပ်ဖျပ် လင်းလက်လျက် ဟင်းလင်းပြင် ဥမင်နယ်ပယ်အဘိုးအိုအား ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့အား တိုက်ခိုက်နေရာမှ ပြန်လာရန် လျှို့ဝှက်အသံ ပေးပို့လိုက်သည်။
ထိုသုံးဦး နောက်ဆုတ်လာကာ လုရီဘေးသို့ ပြန်ရောက်လာသည်။ ပြိုင်ဘက်များဖြစ်သော သွေးဝိညာဉ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူတစ်ဦးမျှ သူမတို့နောက် လိုက်ရန် မဝံ့ရဲကြ။
အားလုံးသည် ကောင်းကင်ရှိ တဖျပ်ဖျပ် လင်းလက်နေသော အခင်းအကျင်းပုံစံတို့ကို
ခေါင်းနပမ်းကြီးစွာ ကြည့်နေကြသည်။
လုရီသည် ထို အခင်းအကျင်းပုံစံများကို အသုံးပြု၍ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးကိုပင် သတ်ဖူးကြောင်း သိထားကြသည်။
ခါးကုန်းသော အဖိုးအို မော့ကြည့်သည်။
သူ၏ မှုန်မှိုင်းနေသော မျက်လုံးတို့တွင်လည်း တည်ကြည်သော အရောင် ပေါ်လာ၍ ။ တဖျပ်ဖျပ် လင်းလက်နေသော အခင်းအကျင်းပုံစံများကို စူးစိုက်ကြည့်နေ၏။
သူသည် လုရီကို ကြည့်ကာ သက်ပြင်းချရင်း သူ့ဘာသာ ရေရွတ်သည်။
“တကယ်ပဲ သူရဲကောင်းဆိုတာ လူငယ်တွေဆီက ပေါ်ထွက်လာတာပဲ။ ဒီလောက် ငယ်ရွယ်ပြီး
ဒီလောက် အစွမ်းထက်တယ်။ ငါတို့က အမှန်ပဲ အိုကုန်ပြီ။”
ထို့နောက် သူသည် လုရီဘက်သို့ လက်များ ဆုပ်ကာ အရိုအသေပြုပြီး အလွန်နှိမ့်ချသော အနေအထားဖြင့် ဆိုလာသည်။
“ညီလေး လု၊ အရင်ဖြစ်ပျက်တာတွေက ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အမှားပဲ။ အခု ညီလေးတို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းက ပျက်စီးလုနီးပါး ဖြစ်နေပြီဆိုတော့ ကလဲ့စားကလည်း ပြန်လည်ပေးဆပ်ပြီးသားပဲ။ အရင်ကဖြစ်ခဲ့တာတွေကို မေ့လိုက်ကြရအောင်လား။”
ရွှယ်ထျန်းဟိုနှင့် ကျန်ရှိသော နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၊ အခြေတည်ဝိဉာဉ်များ၊ ရွှေအူတိုင် ကျင့်ကြံသူတို့သည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးနောက်တွင် ပျံသန်းလျက် လိုက်ပါလာ၏။ ၎င်းတို့၏ မျက်နှာများတွင် သတိထားနေဟန် ပေါ်နေပြီး လုရီကို ကြည့်နေသော မျက်လုံးများမှာမူ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
လုရီ၏ ထူးခြားသော ဝိဉာဉ်ခံစားမှုဖြင့် ၎င်းအား သဘာဝအတိုင်း သတိပြုမိပေသည်။
သူသည် ကျန်ရစ်သော သွေးဝိညာဉ်ဂိုဏ်း၏ အင်အားကြီးများကို ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်လိုက်သည်။
“ကြီးမားတဲ့ ရန်ငြိုး ဖန်တီးပြီးပြီပဲ၊ ဒီအတိုင်း ဘယ်လိုလုပ် လွှတ်ချလို့ ရမလဲ။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကိုပဲ မေးကြည့်ပါဦး။ ကျွန်တော် သူ့သားကို သတ်ခဲ့တာလေ၊ ဒီလို ကြီးမားတဲ့ ရန်ငြိုးကို သူ လွှတ်ပေးဖို့ ဆန္ဒရှိပါ့
မလား။”
“မင်း!”
ရွှယ်ထျန်းဟိုက လုရီကို အရှင်လတ်လတ် ဝါးမျိုတော့မလို စူးစိုက်ကြည့်တော့သည်။
ထိုအခါ အဘိုးအိုသည် ရွှယ်ထျန်းဟိုထံ
အကြည့်များ ရောက်ရှိသွားသည်။ ပြီးနောက် ရုတ်တရက် လက်တစ်ဖက်ဖြင့် သူ့ကိုယ်ခန္ဓာကို တိုက်ရိုက် ဆွဲကုပ်လိုက်သည်။
သွေးများ ပန်းထွက်လာခြင်း မရှိဘဲ သွေးများက ညှိုးခြောက်နေသော လက်တစ်လျှောက်
အဘိုးအို၏ ကိုယ်ထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားသည်။
ရွှယ်ထျန်းဟို မျက်လုံးပြူးသွားသည်။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ အဘိုးအိုအား ကြည့်ကာ ရေရွတ်သည်။
“အ...ဘိုးဘေး…”
သူ စကားအနည်းငယ်သာ ပြောလိုက်ရသေးသည်။ သူ၏ ရုပ်ခန္ဓာသည် သိသိသာသာ ညှိုးခြောက်သွားသည်။ ခြောက်သွေ့သော ရုပ်အလောင်းအဖြစ် ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကို မြင်လျှင် ကျန်လူများအားလုံး မျက်လုံးပြူးသွားကြပြီး ကြောက်ရွံ့စွာဖြင့် အဖိုးအိုထံမှ အလျင်အမြန် ခွာထွက်သွားကြသည်။
အဖိုးအိုက ၎င်းတို့ကို ဂရုမစိုက်။ သူ၏ လက်မောင်းကို လှုပ်လိုက်ရာ ခြောက်သွေ့သော ရုပ်အလောင်းသည် ပြာမှုန့်ဖြစ်သွားသည်။ သူသည် လုရီကို ကြည့်ကာ ဆိုသည်။
“ရွှယ်ထျန်းဟို.. သေသွားပြီ ညီလေး လု၊ အခု ပြေလည်ပြီလား။”
လုရီသည် အဖိုးအိုကို စူးစိုက်ကြည့်နေသည်။ သူ့ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။ ဤအဘိုးအိုကား ရက်စက်လှသည်။ ဂိုဏ်း၏
ဘိုးဘေးတစ်ဦးအနေဖြင့် ဂိုဏ်းခေါင်းဆောင်ကိုပင် မျက်တောင်မခတ်ဘဲ သတ်နိုင်သည်။
သတ်ရုံသာမက သူ၏ စွမ်းအားမျှင်အားလုံးကိုပါ စုပ်ယူသည်။ ဤအဘိုးအိုကား အမှန်ပင် ကြီးမားသော မိစ္ဆာတစ်ဦးပင်။
လုရီ၏ ရင်ထဲတွင် ကြက်သီးမွေးညင်း ထလာသည်။ ဤအရာကိုသာ လွှတ်ပေးလိုက်ပါက နောင်တွင် ဤအဘိုးအိုကလဲ့စားချေမည်လောဟု တွေးသည်။
ထိုမျှ ရက်စက်သော ရန်သူကို အသက်ရှင်စေခြင်းကို သူ လုံးဝ မကြိုက်။
လုရီက ကိုယ့်ကိုယ်ကိုယ် ကြိတ်၍ ကြုံးဝါးလိုက်သည်။
“သွေးဝိညာဉ်ဂိုဏ်းရဲ့ ဘိုးဘေးကို ငါ သတ်ရမယ်။”
[အလုပ်]
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကို သတ်ပါ။
ဆုလာဘ်: နှစ်တစ်ထောင် သွေးဂျင်ဆင်း
နှစ်ခု၊ လျှို့ဝှက်သိုင်းပညာ “ရုပ်သွင်တစ်ထောင် အသွင်ပြောင်းသိုင်းစွမ်းရည်”
အလုပ်ကို လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
လုရီ တစ်ယောက် ဆုလာဘ်များကို ဖတ်လိုက်ရသောအခါ အတွင်းစိတ်၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
ဆုလာဘ်တွေက ဒီလောက် ကောင်းတာလား။
သွေးဂျင်ဆင်းကို စွမ်းအားမျှင်အဖြစ် အသုံးပြုနိုင်သည်။
လုရီသည် ရှားပါးသော သွေးလောင်ကျွမ်းလျှို့ဝှက်သိုင်းနည်းစနစ်ကို ကျင့်ကြံသည်။ ၎င်းသည် အသက်ကယ်နည်းလမ်းတစ်ခုဖြစ်ပြီး စွမ်းအားမျှင်ကို အလွန်အကျွံ ထုတ်ယူ၍ အစွမ်းကို ထုတ်ဖော်နိုင်သည်။ သူ့တွင် နှစ်တစ်ထောင်သွေးဂျင်ဆင်း နှစ်ခု ရှိနှင့်ပြီးဖြစ်သော်လည်း ပိုများများရှိခြင်းက ပိုကောင်းသည်။
လျှို့ဝှက်သိုင်းပညာ တစ်ခု ဆုချီးမြှင့်သေးသည်ကိုတော့ပြောရန်ပင် မလိုတော့။
လုရီ အလုပ်ကို လက်ခံလိုက်သည်။
သူက အဘိုးအိုကို ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုသည်။
“စီနီယာ၊ အဲဒါတော့ မဖြစ်နိုင်လောက်ဘူး။ သွေးဝိညာဉ်ဂိုဏ်း ရှိနေသရွေ့ ကျုပ်က စိတ်အေးရမှာ မဟုတ်ဘူး။”
ဤစကားကို ကြားသောအခါ အဘိုးအို၏ မျက်နှာ မှောင်မိုက်သွားသည်။
ထူထဲ နက်ရှိုင်းသော သွေးစီးကြောင်းတစ်ခု သူ့ကိုယ်ခန္ဓာပတ်လည်တွင် စီးဆင်းနေသည်။
သွေးတို့ သူ့အရေပြားပေါ်တွင် စီးဆင်းနေသကဲ့သို့ပင်။
သူ ဖြည်းဖြည်းချင်း ဆိုသည်။
“ညီလေး လု၊ ငါ မင်းနဲ့ တကယ်ပဲ ပြန်လည်သင့်မြတ်ချင်ခဲ့တာပါ… ကံမကောင်းစွာနဲ့ပဲ အဲဒီလို ဖြစ်လာပြီဆိုတော့ ငါတို့ သေခြင်းတိုက်ပွဲပဲ တိုက်ရတော့မယ်။”
စကားများ ပြီးဆုံးသည်နှင့်တပြိုင်နက် သူ၏ ညှိုးခြောက်နေသော ခန္ဓာကိုယ်က တမဟုတ်ချင်း ကြီးထွားလာသည်။
အရပ် နှစ်မီတာကျော်မြင့်သော လူသန်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ဤလူသန်ကြီး၏ အရေပြားမှာ သွေးကြောများ ဖောင်းကြွလျက် နီရဲနေသည်။ ကြွက်သားများ ထုထည်ကြီးမားကာ နေမင်းပမာ တောက်ပ
သော စွမ်းအားတစ်ခုကို
ထုတ်လွှတ်နေသည်။
လူသန်ကြီး၏ မျက်နှာလည်း နုပျိုသွားသည်။ သူ၏ နဖူးပေါ်တွင် သွေးရောင်ချိုတစ်ခု ပေါ်လာသည်။ စိတ်ကူးမယဉ်နိုင်လောက်အောင် ထက်ရှသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်က ကွေးညွှတ်နေသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် လေဟာနယ်က အဘိုးအို၏ တည်ရှိမှုကို မခံနိုင်တော့သကဲ့သို့ပင်။
အဘိုးအို..လူသန်ကြီးအဖြစ် ပြောင်းလဲသွားသည်နှင့် လုရီ၏ ဦးရေပြား ထုံကျဉ်သွားသည်။ ကိုယ်ပေါ်ရှိ ကြက်သီးမွှေးညှင်းများ ထသွားသည်။ ဤသူကား အလွန်အမင်း အန္တရာယ်ရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ၏ စိတ်ခံစားမှုက ပြောပြနေသည်ပင်။
ယခင်က သူ ကြုံခဲ့ရသော ကောင်းကင်မူလဂိုဏ်းမှ ဟင်းလင်းပြင် ဥမင်နယ်ပယ် ကျင့်ကြံသူထက် အများကြီး သာလွန်ပြီး ကောင်းကင်မူလဂိုဏ်းမှ စုစည်းခြင်း မဟာအင်အားရှင်နှင့် နီးစပ်နေ၏။
“မိစ္ဆာမျိုးနွယ်လား”
လုရီ မျက်လုံးပြူးသွားသည်။
ထျန်းမင်တွင် လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်တို့မှာ အတော်လေး အများအပြား ရှိသည်။ အခြားသော မျိုးနွယ်များလည်း ရှိသည်မှာ သဘာဝပင်။
အချို့မျိုးနွယ်များမှာ ယခင်ကပင် မကြားဖူးသော မျိုးနွယ်များပင်။ လူသားမျိုးနွယ်၏ အမြင်အရ ၎င်းတို့ကို မိစ္ဆာမျိုးနွယ်များအဖြစ် သတ်မှတ်သည်မှာ သဘာဝပင်။
သူ၏ ရှေ့မှ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် မိစ္ဆာမျိုးနွယ် ဖြစ်သည်မှာ ထင်ရှားသည်။
သို့သော်ငြား လုရီ တစ်ခါမျှ မကြားဖူးသော မျိုးနွယ်တစ်ခုပင်။