အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း၂၉၈-ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးကို အပြစ်ပြုမိပြီလား...
~သို့သော်၊ လုရီ အတွင်းစိတ်၌ ငြိမ်သက်နေဆဲ။ သူ့မှာနှစ်တစ်ထောင်ဝိဉာဉ်ခြင်ဆီ ထောင်ပေါင်းများစွာ ရှိနေသည်ပဲ။ ဖြုန်းတီးပစ်ရန် လုံလောက်သည်အထိ ရှိသည်လေ။
ဓားသုံးချောင်းပေါင်းစည်းခြင်းမှ ရရှိလာသော ထက်မြက်သည့် စွမ်းအားသည် တိုက်ပွဲပုဆိန်၏ အလင်းရောင်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။ ဓားအလင်းသည် နယ်မြေကို ဂရုမစိုက်ဘဲ ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်ကာ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးထံ ချက်ချင်း ချဉ်းကပ်သွားသည်။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးခမျာ ထိတ်လန့်မှုအပြည့်ဖြင့် အော်ဟစ်လိုက်ရင်း တိုက်ပွဲပုဆိန်ကို တစ်ဖန် ဝှေ့ကာ သွေးရောင်ပုဆိန်အလင်းတစ်ချက် ထပ်မံထုတ်လွှတ်လိုက်တော့သည်။
ဒုန်း!!!
ကျယ်လောင်သည့် မြည်ဟိန်းသံအောက်တွင် ဓားအလင်းသည် မပျက်စီးသွားပေ။ ပုဆိန်အလင်း ကြေမွသွား၏။ ဓားအလင်းသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ ကိုယ်ပေါ်သို့ ထိမှန်သွားတော့သည်။
သူ၏ ခွန်အားကြီးမားသော ခန္ဓာကိုယ်သည် နှစ်ခြမ်းနီးပါး ခုတ်ပိုင်းခံလိုက်ရ၏။ ရင်ဘတ်တွင် ပြင်းထန်သော ဓားရာတစ်ခု ပေါ်လာပြီး၊ ထိုဓားရာမှ သွေးစိမ်းများပန်းထွက်လာတော့သည်။
ထိုအခိုက်အတန့်၌၊ ကျားဖြူ ပုံရိပ်ယောင်က တစ်ဖန် ဟိန်းဟောက်၍ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီး၏ နောက်တွင် ပေါ်လာ၍
ပြင်းထန်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်ကာ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးအား ဝါးမျိုလိုက်တော့သည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး အော်ဟစ်သံပေးကာ
မြေပြင်ပေါ်သို့ ပြန်လည် ပစ်ချခံရပြီး မြေပြင်တွင် မည်းနက်သော တွင်းနက်ကြီးတစ်ခု ပေါ်လာတော့သည်။
လုရီ၏ မျက်နှာထားမှာ တည်ကြည်နေဆဲ။ သူ၏ ဝိဉာဉ်စွမ်းအင် ပြန်လည် ပြည့်ဝလာသည်နှင့်အမျှ ဓားနှစ်ချက် ထပ်မံ ထုတ်လွှတ်ကာ ထိုတွင်းနက်ကြီးထဲသို့ ပစ်သွင်းလိုက်၏။
ဓားအလင်းနှစ်ခု ပေါင်းစည်းသွား၍ သွေးဝိညာဉ်ချောက်နက်ကြီး တစ်ခုလုံးကို နှစ်ခြမ်းခွဲမတတ် ဖြစ်သွားစေပြီး၊ အတိုင်းအဆမရှိသော အကွာအဝေးအထိ နက်ရှိုင်းစွာ ထိုးဖောက်သွားသည်။
တွင်းနက်ကြီးထဲတွင် သွေးအလင်းက မပျောက်ကွယ်သွားဘဲ မြင့်တက်လာ၏။
တဆက်တည်း၌ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးတွင်းနက်ထဲမှ ပေါက်ကွဲထွက်လာတော့သည်။
ဤအခိုက်အတန့်တွင် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးမှာ သနားစဖွယ် ဖြစ်နေ၏။ သူ၏ ခွန်အားကြီးမားသော ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားရာများ ပြည့်နေပြီး၊ သူ၏ သွေးစီးများက သူ့ကို နစ်မွန်းလုနီးပါးပင် ဖြစ်စေသည်။
အပြင်းထန်ဆုံး ဒဏ်ရာမှာ သူ၏ လက်မောင်းပင်။ လုရီ ခုတ်ပိုင်းလိုက်သော ဓားကြောင့် သူ၏ ဘယ်ဘက်လက်သည် ပြတ်တောက်သွားခဲ့ရသည်။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးသည် လုရီကို ခေါင်းမာစွာ စိုက်ကြည့်နေ၏။
“လုရီ၊ ဒီကိစ္စ မပြီးသေးဘူးကွ!” ဟု ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
အခင်းအကျင်းဖွဲ့စည်းမှုကို ဖျစ်ညှစ်လိုက်ရာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော သွေးရောင်အလင်းလွှာသည် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲကာ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွား၏။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ လုရီ၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွား၏။
သည်လူ ထွက်ပြေးဖို့ ကြံနေမှန်း သူ သဘောပေါက်လိုက်သည်။
လုရီသည် မိုင်ထောင်ချီ ခရီးသွား အဆောင်လက်ဖွဲ့ကဲ့သို့သော ပစ္စည်းများကို မြင်ဖူးသည်။ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ ခွန်အားကြီးမားသော ကျင့်ကြံခြင်းအခြေခံနှင့် ထူးခြားသော တိုက်ခိုက်ရေးစွမ်းအားတို့ဖြင့် ထိုသို့သော အသက်ကယ် အဆောင်လက်ဖွဲ့များ ရှိကောင်းရှိနိုင်သည်။
ဒီလူက ပြင်းထန်သော ရန်သူတစ်ဦးဖြစ်ပြီး သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ ထိုးတက်နေသည်။ သူ့အနေနှင့် ကျားကို တောင်ပေါ်သို့ ပြန်မလွှတ်လိုပါ။
လုရီ၏ မျက်နှာထားမှာ အေးစက်နေ၏။
“ပြေးဖို့ကြံနေတာလား”
လုရီသည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်၏။ ဝိဉာဉ်စွမ်းအင်များ တက်ကြွလာပြီး၊ အဖြူရောင်မြူခိုးများ အရပ်မျက်နှာအားလုံးသို့ ပေါ်လာ၏။
တန်ဖိုးကြီး အဆောင်လက်ဖွဲ့နှင့် ဆန္ဒ
များစွာ မြင်တွေ့ခဲ့ဖူးသော သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွား၏။
“ကောင်းကင်ဖျက်ဆီး အဆောင်လက်ဖွဲ့! မင်းမှာ ဒီလို အဆောင်လက်ဖွဲ့မျိုး ဘယ်လိုလုပ် ရှိနေတာလဲ?!”
လုရီ အဖြေမပေးဘဲ ခပ်ထေ့ထေ့ ပြုံးလိုက်၏။ သူ့မှာ အလုပ်များ ပြီးမြောက်ခြင်းမှ ရရှိထားသော အဆောင်လက်ဖွဲ့ များစွာ ရှိသည်ပဲလေ။
ဟုတ်ပါ၏။ လုရီတွင် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီးကို ကိုင်တွယ်နိုင်သော အခြားလက်ဖွဲ့အချို့ ရှိသေးသော်လည်း သူ ၎င်းတို့ကို အသုံးမပြုရန် ရွေးချယ်ခဲ့သည်။
အဓိကအားဖြင့် လုရီသည် တစ်ခုခုကို တွေးမိခဲ့သည်။ သူ၏ ဂျူနီယာ ညီမလေးကို သူ ပြောပြခဲ့သည့်အတိုင်းပဲ။ အချို့သော အသက်ဘေး
တိုက်ပွဲများသည် ကိုယ်ပိုင်စွမ်းရည်ကို နိုးဆွရန်နှင့် မိမိ၏ တိုက်ခိုက်ရေးစွမ်းအားကို ဖော်ထုတ်ရန် လိုအပ်သည် မဟုတ်လား။ သူ့အတွက်လည်း ထိုနည်းနှင်နှင်ပင်။
သူ၏ လက်ရှိ စွမ်းအားသည် အားကောင်းမောင်းသန်၏။ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီး၏ စွမ်းအားလည်း မနည်းလှသောကြောင့် ကောင်းမွန်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို နက်နက်နဲနဲ နားလည်လာစေရန်နှင့် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို ဖော်ထုတ်ရန် အကောင်းဆုံး သွေးကျောက်
တစ်ချပ် ဖြစ်နေသည်လေ။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ ပြင်ပပစ္စည်းများသည် ပြင်ပပစ္စည်းများသာ ဖြစ်၏။
ကျင့်ကြံသူတစ်ဦးအတွက် အရေးအကြီးဆုံးအရာမှာ မိမိကိုယ်တိုင်သာ ဖြစ်ချေသည်။
ရလဒ်များမှာ အတော်လေး စိတ်ကျေနပ်ဖွယ် ကောင်းလှသည်ပဲ။ ဤတိုက်ပွဲက လုရီအား သူ၏ ကျင့်ကြံခြင်း သိုင်းပညာများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေခဲ့ပြီး၊ ယခင် လေ့ကျင့်မှုများတွင် အသုံးချနိုင်မည့် အသိအမြင်သစ်များကို ပေးစွမ်းခဲ့၏။
ယခုမူ လုရီသည် ဘိုးဘေးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ခင်ဗျား ခုနက ကျုပ်ကို ပြောလိုက်တဲ့ စကားတွေကို ကျုပ် ပြန်ပြောမယ်။ ဒီချောက်နက်ကြီးက ခင်ဗျားရဲ့ သင်္ချိုင်းပဲ။”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ မျက်နှာထား မှုန်မှိုင်းသွား၏။ လုရီကို စူးစူးစိုက်စိုက် ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လုရီ၊ မင်း တကယ်ပဲ ငါနဲ့အတူ သေဖို့ ဆန္ဒရှိနေတာလား?!”
“ဟားဟား..ဒီအဆင့်ရောက်မှတော့ ဒီလိုစကားတွေ ပြောနေဖို့ ဘာလိုသေးလဲ?”
လုရီ၏ သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်မထားပေ။ ဘိုးဘေးကို လွှတ်ပေးရန် ရည်ရွယ်ချက်
လုံးဝ မရှိခြင်း ဖြစ်သည်။
လုရီထံမှ ထိုသို့သော ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကို ခံစားမိသောအခါ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ မျက်နှာထားသည် အလွန်ပင် အကျည်းတန်သွားသည်။
သူ၏ မျက်လုံးများ တဖျပ်ဖျပ် လင်းနေ၏။ ထို့နောက် သူ၏ မျက်နှာထားက ကြမ်းကြုတ်ရက်စက်သွားသည်။
“မင်းပဲ ငါ့ကို အတင်းအကျပ် တွန်းပို့လိုက်တာပဲ!”
နောက်တစ်ခဏတွင် သူ၏ ညာလက်ဖြင့်
လက်ဟန် ဖော်လိုက်၏။
ဘိုးဘေး၏ ကြွက်သားများ တဆတ်ဆတ်တုန်ခါပြီး သွေးများ ပန်းထွက်လာတော့သည်။ သူ၏ မျက်နှာတွင် နာကျင်မှုဝေဒနာများ အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။
“ဒီငယ်သားရဲ့ အနှစ်သာရသွေးကို ပူဇော်ပသ၍ ရာရှိုမွန် ဆင်းသက်စေသတည်း!”
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘိုးကြီး၏ ဟိန်းဟောက်သံနောက်တွင် စကြဝဠာကြီး တစ်ခဏမျှ တိတ်ဆိတ်သွားသကဲ့သို့ပင်။
ထို့နောက် သွေးအလင်းတန်းတစ်ခု နယ်မြေကို ဖြတ်တောက်ကာ မည်သည့်နေရာမှန်းမသိ ပေါ်လာ လေသည်။
ပြင်းထန်သော တည်ရှိမှုတစ်ခုက ဤနေရာကို စူးစိုက်ကြည့်လိုက်သကဲ့သို့ပင်။
ထိုအခိုက်အတန့်၌ လုရီ၏ ရင်ထဲတွင် စိမ့်ခနဲ အေးသွား၏။
ဤခံစားချက်… ။
သူ ယခင်က အင်မော်တယ်ဓားဂိုဏ်းတွင် ရှိစဉ်က ကြုံတွေ့ခဲ့ဖူးသည်ပဲ။
အင်မော်တယ်ဓားဂိုဏ်းမှ ထိုအတုမရှိသော အင်မော်တယ်က သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ စကြဝဠာကြီးလည်း တိတ်ဆိတ်သွားခဲ့သည်လေ။
တူညီမှုက အံ့သြစရာ ကောင်းလှသည်ပဲ!
လုရီ၏ ဦးရေပြား ကျဉ်တက်သွား၏။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဒီလူကြီး၊ အင်မော်တယ်တစ်ပါးကို ခေါ်လိုက်တာ မဖြစ်နိုင်လောက်ပါဘူး...
သို့သော် မကြာမီ ထူးဆန်းသော ခံစားချက် ပျောက်ကွယ်သွား၏။ သွေးအလင်းတန်းကသွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးပေါ်သို့ ကျရောက်လာရာ နာကျင်စွာ မြည်သံပြုလိုက်သည်နှင့် ဘိုးဘေး၏ အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာတော့သည်။
သူ၏ ကိုယ်ခန္ဓာ ကြီးမားလာ၏။ ကြွက်သားများ ကျယ်ပြန့်လာပြီး၊ သူ၏ ယခင် ဒဏ်ရာများမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ကုစားသွားသည်။ ပြတ်တောက်သွားသော လက်ပင် ပြန်လည်ပေါက်လာလေသည်။
ထို့ပြင် သူ၏ အရှိန်အဝါမှာ လျင်မြန်စွာ မြင့်တက်လာ၏။ မူရင်း သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် တိုက်ခိုက်ရေးစွမ်းအား မြင့်မားသော်လည်း သူ၏ ကျင့်စဉ်မှာ ဟင်းလင်းပြင် ဥမင် နယ်ပယ်တွင်သာ ရှိ၏။
သို့သော် ယခုမူ သူ၏ နယ်ပယ်သည် အဆင့်များစွာ ခုန်ပျံကျော်လွှားကာ ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားချေပြီ။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာ ဘာကို ဆိုလိုသနည်း။
သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် မဟာယာန နယ်ပယ်သို့ မရောက်ရှိနိုင်သေးသော်လည်း၊ ပေါင်းစည်းခြင်းနယ်ပယ်တွင် တန်ခိုးကြီးမားသော တည်ရှိမှု အနည်းငယ်ထဲမှ တစ်ပါး ဖြစ်နိုင်သည်သာ။
အခန်း၂၉၉- ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးကို အပြစ်ပြုမိပြီလား...
~လုရီ ခဏမျှ ကြောင်သွားခဲ့သည်။
သူ့မျက်လုံးများ ပြူးကျယ်လာသည်။
"ဒီဘိုးဘေးမှာ ဒီလို လျှို့ဝှက်ဖဲချပ်ကြီး ရှိနေခဲ့တာလား"
သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ကျင့်စဉ်ထက်ပင် အစွမ်းက ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။
ယခု အခိုက်အတန့်၌ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးသည် လုရီအား ပြန်မတိုက်ဝံ့သော ခံစားချက်ဖြစ်စေသည်။ အင်အားအပြည့်သုံးသော်ငြား မယှဉ်နိုင်သည်က သေချာသည်။
အလွန် သန်မာလွန်း၏။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး၏ မျက်နှာသည် နာကျင်မှုဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။ လုရီအား မုန်းတီးစွာ စိုက်ကြည့်ရင်း အံကြိတ်ကာ ကြိမ်းမောင်းသည်။
"မင်းကြောင့်... ငါ့အသက် နှစ်တစ်ထောင် လျော့သွားပြီ.. ငါ မင်းဝိညာဉ်ကို ပိတ်လှောင်ပြီး ထာဝရ ဝေဒနာ ခံစားအောင် လုပ်ပစ်မယ်"
ဤစကားကြားသော် လုရီ၏ မျက်နှာ တစ်ချက်မှ မပြောင်းလဲ၊ တည်ငြိမ်နေဆဲ။ နှုတ်ခမ်းပါးတစ်စ ကွေးညွတ်သွားသည်။ ပြုံး၍ ရေရွတ်သည်။
"ဟမ့်... ငါ့ကို အစအဆုံး သိတယ် ထင်နေတာလား"
၎င်းအား ကြားသည်နှင့် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး တစ်ကိုယ်လုံး တုန်ခါသွားသည်။ လုရီအား ပြင်းထန်စွာ စိုက်ကြည့်ရင်း ဒေါသတကြီး ဟိန်းခနဲ အော်သည်။
"ငါ မယုံဘူး! မင်းမှာ တခြား ဝှက်ဖဲ မကျန်တော့ဘူး!"
လုရီ ဖြည်းညှင်းစွာ ပြုံး၍ လက်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကို ဆွဲထုတ်လိုက်သည်။
ဝိဉာဉ်စွမ်းအင် ထည့်သွင်းလိုက်သည်နှင့် လုရီသည် အဆောင်လက်ဖွဲ့ကို ကောင်းကင်သို့ ပစ်လွှတ်လိုက်ရာ နောက်တစ်ခဏတွင် ကောင်းကင်တစ်ခုလုံး ကြီးမားသော အခင်းအကျင်းတစ်ခုဖြင့် လွှမ်းခြုံသွားသည်။
အခင်းအကျင်းပုံစံများသည် ရှုပ်ထွေးသိပ်သည်းစွာ ထိုးထွင်းဖောက်မြင်ရသည်။ ကောင်းကင် အခင်းအကျင်းမြေပုံကိုပင် ကျော်လွန်နေသည်။
ဓားစိတ်ဆန္ဒသည် လေထုကိုပင် ထိုးခွဲတော့သည်။ ကောင်းကင်ပြာမှ မြေပြင်အထိ ဓားသွားများ၏ တဝှီးဝှီး မြည်သံများ ဆူညံသွား၏။ အခင်းအကျင်းအလယ်ရှိ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး၏ အရေပြားပေါ်၌ပင် ဤဓားစိတ်ဆန္ဒ၏ ဖိအားကြောင့် ဓားရှရာလေးများ ပေါ်လာသည်။
သူ၏မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။ ထိတ်လန့်သည့် အမူအရာက မျက်နှာပေါ်၌ ထင်ဟပ်နေသည်။
"မဟာယာန နယ်ပယ်.. ဓားတစ်သောင်း အခင်းအကျင်းလား"
ထိုအခါ လုရီ မထီမဲ့မြင် ပြုံးသည်။
"ဒီဖဲချပ်က လုံလောက်ပြီလား... ဘိုးဘေး"
လက်ရှိ လုရီပင် ဤမျှ အင်အားကြီးမားသော အခင်းအကျင်း မဖန်တီးနိုင်။
သို့သော် အဆောင်လက်ဖွဲ့နှင့်ဆိုလျှင် လက်တစ်ချက် ညွတ်ကွေးရုံပင်။
အတွေးတစ်ချက် ဖော်ထုတ်လိုက်စဉ် သန်းနှင့်ချီသော ဓားရှည်များသည် ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့် စိုက်ဆင်းလာပြီး သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို အလုံးအရင်းလိုက် ဝါးမျိုပစ်လိုက်သည်။
ကောင်းကင်၌ အဆုံးမဲ့ အလင်းဖြူများ မျက်စိစူးလောက်အောင် လင်းလက်သည်။
နားကွဲမတတ် ပေါက်ကွဲသံများ၊ မြေပြင်တုန်ခါသွားအောင် ဟိန်းသံများ၊ မချိမဆန့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဤအခင်းအကျင်း မိနစ်အတော်ကြာ တည်ရှိနေပြီးနောက် အဆောင်လက်ဖွဲ့ ပျောက်ကွယ်ကာ ပုံစံများ ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွား၏။
အလင်းဖြူများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချိန်တွင် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးသည်
မသေသေးဘဲ ရှိနေဆဲ။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်ကာ မီးလောင်ထားသည့်အတိုင်း နွမ်းနယ်နေသည်။ အရင်က ပျောက်ကင်းခဲ့သော ဘယ်လက် အရိုးကျိုးသံများနှင့်အတူ ပြန်ကျိုးနေလေပြီ။
ညာခြေလည်း ကျိုးနေပြီး သူ့ခန္ဓာကိုယ်အနှံ့ ဓားရာ နက်ရှိုင်းစွာ ထွင်းထုထားသည့်အလား ပြည့်နှက်နေသည်။
သူ၏ဒဏ်ရာများ ဆိုးရွားလှသည်။ သွေးများ စီးကျ၍ သူ၏အရှိန်အဝါ အရင်ကထက် အများကြီး အားနည်းသွားသော်လည်း အံ့မခန်း အစွမ်းထက်နေဆဲပင်။ သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေသည်။
လုရီ၏ အတွင်းစိတ် အလွန်အမင်း တုန်လှုပ်သွားသည်။
...သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးက မသေသေးဘူးလား...
မဟာယာန နယ်ပယ်၏ ဓားတစ်သောင်းအခင်းအကျင်းကို ရင်ဆိုင်ပြီး ဤလူက အသက်ရှင်နေနိုင်သေးသည်။
..ဒီဂြိုလ်သားမျိုးနွယ်ရဲ့ ခံနိုင်ရည်က တကယ်ပဲ ထူးခြားတာပဲ..
ထိုအခိုက် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးက ပင်ပန်းစွာ အသက်ရှူသွင်းပြီး လုရီအား မဲမှောင်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
သူ့မျက်လုံးများ ရေခဲတမျှ အေးစက်သော အလင်း ရောင်ပြန်ဟပ်နေပြီး မေးသည်။
"လုရီ၊ မင်းမှာ ဖဲချပ်တွေ ကုန်နေပြီ မဟုတ်လား!"
ဤစကားကြားသော် လုရီက တိတ်ဆိတ်စွာပင် နောက်ထပ် အဆောင်လက်ဖွဲ့တစ်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။ ၎င်းအား မြင်သည်နှင့် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး၏ မျက်နှာ ရုတ်တရက် ဆိုးရွားစွာ ပြောင်းလဲသွားသည်။
"… ကျိန်စာသင့်တဲ့ ကောင်လေး…!"
လုရီသည် အဆောင်လက်ဖွဲ့အား အသက်သွင်းလိုက်ပြန်သည်။ အဆောင်လက်ဖွဲ့ ကောင်းကင်သို့ ပျံတက်သွားပြီး ကြီးမားသော နေမင်းကြီးအဖြစ် ပြောင်းလဲကာ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်ထွက်သွားသည်။ အရင်က မှိန်မှိန်ပျပျဖြစ်နေသော သွေးဝိညာဉ်ချောက်ကြီးသည် ဤနေမင်းကြီး၏ ထွက်ပေါ်လာမှုကြောင့် တစ်ခဏချင်း တောက်ပစွာ လင်းလက်လာသည်။
မြေပြင်နှင့် ကျောက်သားနံရံများက ပြင်းထန်သော အပူချိန်အောက်၌ မီးတောင်ချော်ရည်အဖြစ် အရည်ပျော်ကျသွားသည်။ သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီးသူများ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများဖြင့် နေမင်းကြီးကို ငေးကြည့်နေကြသည်။
လုရီနှင့် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးတို့၏ တိုက်ပွဲသည် သူတို့ကို ထုံကျင်နေစေသည်အထိ တုန်လှုပ်စေပြီ။ အခြေတည်ဝိဉာဉ် ကျင့်ကြံသူမျှသာဖြစ်သော လုရီ၌ နည်းလမ်းများ ဤမျှများပြားပြီး တစ်ခုချင်းစီ စိုးရွံ့ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်ဟု သူတို့ စိုးစဉ်းမျှ မထင်ခဲ့ဖူးချေ။
သိုင်းနည်းစနစ်တစ်ခုချင်းစီက သူတို့ အသက်တစ်ချောင်းကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်ခဲ့သည်။
ယခု လုရီက အဆောင်လက်ဖွဲ့ တစ်ခုပြီးတစ်ခု သုံးစွဲနေသည်ကို မြင်သောအခါ သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီးသူများ၏ မျက်နှာများ သွေးဆုတ်ဖြူလျော်ကာ လုံးဝ တောင့်တင်းသွားသည်။
"ဒီ ဂြိုလ်သားမျိုးနွယ်ဘဝတော့… ပြီးပြီ"
"ဂြိုလ်သားမျိုးနွယ်တင်မကဘူး၊ ငါတို့ သွေးဝိညာဉ်ဂိုဏ်းလည်း လုံးဝ ပျက်စီးတော့မယ်!"
"ကောင်းကင်က မျက်ကန်းပဲ! ဘာလို့ လုရီမှာ နည်းလမ်းတွေ ဒီလောက်များရတာလဲ! ရတနာတွေ ဒီလောက်များရတာလဲ! ဒီအဆောင်လက်ဖွဲ့တွေနဲ့ဆို မဟာယာန အထွတ်အထိပ် ကျင့်ကြံသူကို ရင်ဆိုင်ရင်တောင် ဘေးကင်းမှာပဲ! ဘာလို့
လုရီမှာ နှစ်ခုတောင် ရှိရတာလဲ?!"
"ဒီ ဂြိုလ်သားမျိုးနွယ်ရဲ့ အစွမ်းက တကယ်ပဲ ပြင်းထန်ပါတယ်၊ ဒါပေမဲ့ နည်းနည်းလေးတော့ ချို့ယွင်းနေတုန်းပဲ။"
သွေးဝိညာဉ်ဂိုဏ်းမှ အင်အားကြီးသူများ၏ ရင်ထဲရှိ တုန်လှုပ်မှုက စကားဖြင့် မဆိုနိုင်အောင် ကြီးမားသည်။
သူတို့တင်မက၊ လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ပါ ဤအချိန်၌ လုရီအား မျက်တောင်
မခတ်ဘဲ မမှိတ်မသုန်ကြည့်နေကြသည်။ သူတို့၏ လှပသော မျက်လုံးများ ထူးခြားသော အလင်းနှင့် တဖျပ်ဖျပ် လင်းလက်နေသည်။
"အစ်ကိုကြီးက တကယ် အံ့မခန်းပဲ!" ဟု သုန်းကုန်းမင်ယွဲ့ က အထင်ကြီးစွာ တီးတိုးရေရွတ်လိုက်သည်။
ယွင်ရှီးကလည်း ခေါင်းညိတ်၍ ချီးကျူးသည်။
"လုရီ... နင် အရမ်း မိုက်ပါတယ်!"
လျိုနင်ရွှမ်း၏ အမူအရာ တည်ငြိမ်ရန် ခက်ခဲလွန်းနေသည်။
"ဟုတ်တယ်"ဟု ထောက်ခံကာ သူမ ခပ်ဖွဖွ ခေါင်းညိတ်သည်။
ကြီးမားသော နေမင်းကြီး သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးဆီသို့ အရှိန်ပြင်းပြင်းဖြင့် နီးကပ်လာပြီ။ သူ ပိတ်မိနေသည်။ ထွက်ပြေးရန် လမ်းစမရှိ။ ကြောက်မက်ဖွယ်ကောင်းသော ထိုစွမ်းအားက သူ့ကိုယ်အား ဖိအားပေးလာသည်ကို ခံစားမိတော့ ဘိုးဘေးက နောက်ဆုံးအကြိမ်အဖြစ် ကြိမ်းမောင်းသည်။
"ငါ ကျေနပ်မနေဘူး!!"
ကြီးမားသော နေမင်းကြီး သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို အလုံးအရင်းလိုက် ဝါးမျိုပစ်လိုက်သည်။ နားကွဲမတတ် ပေါက်ကွဲသံများ ကြား၌ သူ တစ်ကိုယ်လုံး ပြာမှုန့်အဖြစ် ကြေမွသွားကာ သူ၏ခန္ဓာနှင့် ဝိညာဉ် လုံးဝ အစအနမကျန် ပျက်စီးသွားခဲ့သည်။ ကောင်းကင်၌ မှောင်မိုက်သော နေရာလပ် အက်ကွဲကြောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ မီးများ ပျောက်ကွယ်သည်နှင့်အတူ ဖြည်းဖြည်းချင်း မှေးမှိန် ပျောက်ကွယ်သွားသည်။
လုရီက နက်ရှိုင်းစွာ လေပူများ မှုတ်ထုတ်ပြီး တစ်ကိုယ်လုံး ပြေလျော့လိုက်သည်။
ထိုအချိန်၌ပင် လုရီသည် သူ့အပေါ်သို့ ရေခဲတမျှ အေးစက်သော အကြည့်တစ်ခု ရုတ်တရက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ် ကျောချမ်းသွားအောင် အေးစိမ့်သွားသည်။ အမြင့်မြတ်ဆုံး သတ္တဝါတစ်ပါးက သူ့အား စူးစူးစိုက်စိုက် စိုက်ကြည့်နေသကဲ့သို့ပင်။
လုရီက ၎င်းအကြည့်၏ ဦးတည်ရာကို မော့ကြည့်လိုက်သည်။ ထိုနေရာသည် ဗလာဖြစ်နေသော်လည်း သူ သတိရလိုက်သည်။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးက လျှို့ဝှက်ကျင့်စဉ် သုံးစဉ်က ထိုနေရာမှ သွေးရောင်အလင်းတစ်စင်း လျှပ်စီးပမာ ထွက်လာခဲ့သည်ကိုပင်။
"ဒါဟာ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးရဲ့ နတ်ဘုရားဆင်းသက်ခြင်း လျှို့ဝှက်နည်းစနစ်ရဲ့ နောက်ကွယ်က အင်အားကြီးတဲ့ တည်ရှိမှုလား!"
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားသည်။
လုရီ၏ ရင်ထဲ နည်းနည်း တုန်လှုပ်သွားသည်။
"သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို သတ်လိုက်တာက ငါ သူ့ကို ရန်စမိသွားတာလား!"
ထိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု၏ အပြုအမူကို ထောက်ရှုလျှင်၊ ၎င်းသည် အင်မော်တယ်ဓားဂိုဏ်း၏ အင်မော်တယ်တစ်ပါးထက်
မနိမ့်သော ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါး ဖြစ်နိုင်ပေသည်။
လုရီ ဤအကြောင်း စဉ်းစားပြီး သူ၏ရင်ထဲ ရေခဲတုံးလို အေးစိမ့်သွားသည်။
..ငါ အင်မော်တယ်တောင် မဖြစ်သေးဘူး! ဒီလို ပုဂ္ဂိုလ်ကို စော်ကားမိပြီ! ဘယ်လောက်တောင် ကံဆိုးသလဲ..
လုရီ၏ အတွင်းစိတ်သည် စကားတစ်ခွန်းမှ
မပြောနိုင်တော့။
သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို အပြစ်တင်လိုက်သည်။
..ဒီနေရာမှာ ဒီအဘိုးကြီးက ဂိုဏ်းထူထောင်ပြီး ငါ့ကို အနိုင်ကျင့်မယ်လို့ ဘယ်သူက ကြိုသိနေမှာလဲ...
လုရီ ရင်ထဲ ဒေါသထွက်နေစဉ် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေး သေဆုံးခဲ့သော နေရာ၌ တစ်ခုခု လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် နီညိုရောင် လက်စွပ်တစ်ခုပင်။
ယခုလောက် ပြင်းထန်သော ပေါက်ကွဲမှုများ ကြား၌ပင် ဤလက်စွပ် မပျက်စီးခဲ့သည်မှာ ၎င်းသည် ထူးခြားဆန်းကြယ်လှသည်ကို ပြသနေခြင်းပင်။
လုရီ နည်းနည်း အံ့သြသွားသည်။ သူ သုံးခဲ့သော အဆောင်လက်ဖွဲ့သည် ခြောက်ယန် အစစ်အမှန်မီး အဆောင်လက်ဖွဲ့ ဖြစ်ပြီး မဟာယာန နယ်ပယ်၏ စွမ်းအားကို ထုတ်လွှတ်ထားခြင်းပါ။ ဤလက်စွပ် မည်မျှ သန်မာရမည်ကို စိတ်ကူးကြည့်၍ရသည်။
လုရီ အနားသွား၍ လက်စွပ်ကို ကောက်ယူလိုက်သည်။ သူ၏ ဝိဉာဉ်စွမ်းအင် ထည့်သွင်း၍ လက်စွပ်ထဲသို့ စူးစမ်းလိုက်သောအခါ အဆုံးအစ မရှိ ကျယ်ပြောလှသော နေရာလွတ်ကို တွေ့လိုက်ရသည်။
ဤသည်မှာ သိုလှောင်လက်စွပ်ပင်။
လုရီ အနည်းငယ် မှင်သက်သွားသည်။
ဤဂြိုလ်သားမျိုးနွယ်သည် အင်မတန် အားကောင်းပြီး အင်မော်တယ်များနှင့် ဆက်စပ်မှု ရှိရမည်။
..လက်စွပ်ထဲမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိ
မလား..